← Chapters

Chapter 79

Vol. 7 Ch. 79

Chapter 79

Vol. 7 Ch. 79

သူမကိုယ်တိုင်ကတော့ အထက်တန်းကျောင်းကို တစ်ရက်သာတက်ပြီး ကျောင်းထွက်ခဲ့သည်။ ဘွဲ့ရလက်မှတ်မရှိဘဲ သူမ၏ ပညာရေးအချက်အလက်ဖိုင်တွင် မူလတန်းအဆင့်သာရှိနေသည်။

ချင်းရှန်းက နှစ်စောစောမွေးမလာသည်ကိုပင် အပြစ်တင်နေမိသည်။ သူမက ကျောင်းမထွက်မီတစ်နှစ်တွင် မွေးဖွားလာလျှင်တောင် ဒူးပင်ထောက်ရပါစေ ဘွဲ့ရအောင်ကြိုးစားမည်ဖြစ်သည်။ ဒါပေမဲ့ လူငယ်များ၏ ကံတရားကို ပြောင်းလဲနိုင်သည့် အခွင့်အရေးကြီးကိုတော့ သူမဘာမှမလုပ်နိုင်ပေ။

ဒါပေမဲ့လည်း ဒုတိယတစ်နည်းတွေးမိလျှင် လောင်ဟဲကိုယ်တိုင်က အထက်တန်းကျောင်းပြီးထားပြီး စစ်တပ်မှထွက်ထားသူဖြစ်သည့်အတွက် သူက စာမေးပွဲအတွက် လျှောက်ထားနိုင်သောကြောင့် သူတို့စုံတွဲအတွက် ကိုယ်စားပြုဖြစ်နိုင်သည်။

ဖုန်းချလိုက်ပြီးနောက် သူမက ဟဲလျန်ရှန်းထံသို့ ပျော်ရွှင်စွာပြေးသွားလိုက်သည်။

"လောင်ဟဲ ရှင့်ကံကြမ္မာကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးလာပြီ။"

"ဟမ်?"

"ကျွန်မ ရှင့်ကို လျှိို့ဝှက်ချက်တစ်ခုပြောပြမယ်။ မကြာခင် ကောလိပ်ဝင်ခွင့် ပြန်ဖြေရတော့မယ်။"

သူမက နောက်နေသည်မဟုတ်ဘဲ မျက်နှာတည်နှင့်ပြောနေသောကြောင့် သူက လွန်ခဲ့သည့်ရက်များက သူမ သူ့ကိုစာအုပ်များ ပြန်ဖတ်ခိုင်းသည်ကို မှတ်မိသွားသည်။ ဒီနေ့ရောက်လာမည်ကို သူမ ကြိုသိပုံရသည်။

အချိန်အတော်ကြာ အတူနေလာသည့်အတွက် သူက အရူးမဟုတ်ပေ။ ရဲဘော်ရှောင်ချင်းနှင့် သာမန်လူများ၏ ကွာခြားချက်ကို သူသိသလို ဒါက ဘုရားသခင်ပေးသော ဆုလာဘ်ဟု သူလက်ခံထားသည်။ လျှို့ဝှက်ချက်ပေါ်သွားလျှင် သူမကို ဆုံးရှုံးလိုက်နိုင်သည့်အတွက် သူက မသိသလိုသာ နေသည်။ သူမ ဘာမှမပြောလျှင် သူ မမေးပေ။

အောက်တိုဘာလတွင် ကောလိပ်ဝင်ခွင့်ပြန်ဖြေမည့်ကိစ္စက တစ်နိုင်ငံလုံးပျံနှံ့သွားသည်။ မစ္စတာချန်းနှင့် သူ့အသင်း၏ အကြောင်းကြားစာကိုရပြီးနောက် ဟဲလျန်ရှန်းက အလုပ်ထွက်လိုက်သည်။ ချင်းရှန်းက သူ့အတွက် စာသင်ထောက်ကူများ ရှာပေးသည်။ ညတိုင်း သူ့ကို တရုတ်စာနှင့်သမိုင်းဘာသာ မှတ်မိစေရန် မှတ်သားခိုင်းသည်။ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒကတော့ သူကျွမ်းသည့် စိတ်ပူစရာမလိုပေ။

ယခု အဖေက နေ့တိုင်းစာအုပ်ဖတ်သည်ကို သို့ပေါင်ပင်သိနေလေပြီ။

သူမက သူမအဖေနှင့်အတူ စာအုပ်ဖတ်ရသည်ကို သဘောကျသည်။ အထူးသဖြင့် သင်္ကေတများ၊ ပုံစံများနှင့် ဓာတုဓာတ်ပြုခြင်းပုံများကို ကြည့်ရသည်ကိုပိုသဘောကျသည်။ သူမက ထိုအရာများကို မပျင်းမရိ တစ်နာရီလောက်ကြည့်နိုင်သည်။

သူမ တကယ်စာဖတ်နိုင်သည်ဟု မိသားစုထဲမှ မည်သူမျှမထင်ပေ။ သူမက ပျော်စရာလုပ်နေသည်ဟုပဲ သူတို့ထင်ကြသည်။ ချင်းရှန်းလည်း ထိုသို့ပဲတွေးမိသည်။ သို့သော်လည်း ဆေးပညာစာအုပ်များအရ နှစ်နှစ်အရွယ်ကလေးများက စာအုပ်ကို အလျင်အမြန်စာမျက်နှာများလှန်နိုင်သည်။ သူမ၏ဦးနှောက်က ထုံထိုင်းသော တိရစ္ဆာန်များကဲ့သို့ မဟုတ်သလို ယုန်လေးလောက်လည်း မထက်မြက်သေးပေ။

ဟဲလျန်ရှန်းပြောပုံအရ လျိုကျီရှန်းကလည်း ကောလိပ်ဝင်ခွင့်လျှောက်ထားသည်။ ချင်းရှန်းက သင်ထောက်ကူများရှာနေချိန်တွင် သူ့ကိုလည်း တစ်ခုရှာပြီး ပို့ပေးခဲ့သည်။ သူနှင့် သူမအစ်မ ပြန်လည်ပေါင်းစည်းနိုင်မည်က သူ၏လုပ်ဆောင်ချက်အပေါ်မူတည်သည်။

၁၉၇၇ ခုနှစ် ဒီဇင်ဘာလနှစ်ဆုံးပိုင်းတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ကျင်းပခဲ့သည်။ ချင်းရှန်းက လွန်ခဲ့သည့်နှစ်ပေါင်းများစွာက ဖြစ်ရပ်ကိုမြင်မိသည်ကို ပြန်မှတ်မိနေသည်။ လောင်ဟဲ စာမေးပွဲဖြေရန်သွားသည့်နေ့တွင် ဆေးခန်း၌ ကိစ္စကြီးတစ်ခုဖြစ်ခဲ့သည်။

နှင်းကျထားသောကြောင့် လမ်းများချော်နေပြီး လောင်ချန်က ထောက်ပို့ကားနှင့် ဆေးယူရန်လိုက်သွားခဲ့သည်။ ကံမကောင်းစွာနဲ့ပဲ အပြန်လမ်းတွင် ကားဘီးက နှင်းထဲကျွံနေပြီး ရွှေ့မရတော့ပေ။ ထိုနေရာက အနီးအနားတွင် ရွာမရှိသလို ကားရပ်လို့ရမည့်နေရာလည်းမရှိပေ။ မြို့ သို့မဟုတ် ခရိုင်ဒေသများနှင့်လည်း ဝေးနေသည်။ ဒါကြောင့် ဆရာရှောင်ကျန်းနှင့် လောင်ချန်က ကားထဲတွင်နေ၍သာ ကယ်ဆယ်ရေးစောင့်နေရသည်။

စက်ရုံကတော့ နှစ်ကုန်ပိုင်းဖြစ်သည့်အတွက် အလုပ်ရှုပ်နေလေသည်။ ထောက်ပို့ကားပြန်မလာသည့်အတွက် သူတို့က ခရိုင်မြို့တွင် တစ်ညတည်းခိုနေသည်ဟု အားလုံးက ထင်မိကြပြီး သိပ်ဂရုမစိုက်မိကြပေ။

တစ်ခုခုမှားနေသည်ကို ပထမဆုံးသိခဲ့သူက ရှင်းချန်းဖြစ်သည်။

သူမက လောင်ချန်နှင့်အတူ နှစ်ပေါင်းများစွာ အလုပ်လုပ်လာသည့်အတွက် သူ၏အကျင့်ကို ကောင်းကောင်းသိသည်။ နှင်းဘယ်လောက်ကျကျ ဓားမိုးများပင်ရွာချလာစေကာမူ စက်ရုံတွင် ဆေးဝါးများကို စောင့်နေသူများရှိသည့်အတွက် သူက အလျင်အမြန် ပြန်လာလိမ့်မည်။

ပုံမှန်ဆိုလျှင် သူမက နှစ်နာရီသုံးနာရီဆိုလျှင် ရုံးခန်းသို့ပြန်လာနိုင်ပြီး ဒီတစ်ခါမှာတော့ သူမက ညဘက်အိပ်ယာဝင်ချိန်ထိ စက်ရုံထဲသို့ ကားဝင်လာသံမကြားပေ။ သူမက ပို၍တွေးလေလေ တစ်ခုခုမှားနေသလို ခံစားရလေလေဖြစ်ပြီး စိတ်မသက်မသာဖြစ်မိနေသည်။ နှင်းများကလည်း ပုံမှန်မဟုတ်ဘဲ အလွန်ထူထပ်နေ၏။

ပို၍ဆိုးသည်က ဒီတစ်ခေါက် ဆေးဝယ်ထွက်သည်မှာ အနည်းငယ် စွန့်စားရာရောက်သည်။ မြို့ထဲရှိ လယ်သမားတစ်ယောက်က ပေါက်ပြားဖြင့် ခြေထောက်ကိုထိခိုက်မိသွားပြီး အရေးပေါ် ဆေးကုသရန်နှင့် ၂၄ နာရီအတွင်း ထိုးသွင်းရမည့် မေးခိုင်ကာကွယ်ဆေးလိုအပ်သည်။ လောင်ချန် ဒီတစ်ခေါက် အလျင်အမြန်ထွက်သွားရသည့် အကြောင်းပြချက်က ဆေးယူရန်ဖြစ်သည်။

သူက တိကျပြီး တာဝန်သိသူတစ်ယောက် ဖြစ်သည့်အတွက် အပြင်တွင် အချိန်ကြန့်ကြာနေမည့်သူ မဟုတ်ပေ။

ချင်းရှန်းက တွေးကြည့်လေလေ မှားနေသလို ခံစားလာရလေလေဖြစ်သည်။ သူမက ဘေးမှလူကိုနှိုးရန်လုပ်လိုက်သော်လည်း လောင်ဟဲက မနက်ဖြန် စာမေးပွဲဖြေရမည်ဖြစ်၍ နှောင့်ယှက်၍မရပေ။ သူမက အဝတ်အစားများ အလျင်အမြန်ဝတ်ကာ ကျောက်ချင်းစုန့်ကိုခေါ်ရန် ဘေးခန်းသို့သွားလ်ိုက်၏။

သူမက ကျောက်ချင်းစုန့်ကို အထင်သေးပြီး ကွာရှင်းသည့်ကိစ္စအပြီးတွင် သူ့ကိုမြင်လျှင် စိတ်ရှုပ်မိသော်လည်း သူက ထောက်ပံပို့ဆောင်ရေးနှင့် လုံခြုံရေးတွင် ကျွမ်းကျင်သည်ကိုတော့ သူမ မငြင်းနိုင်ပေ။

ကျောက်ချင်းစုန့်က ဒါကိုကြားတော့ အလွန်စိတ်ပူမိသည်။ အသက်နှစ်ချောင်းကိစ္စဖြစ်သည်။ သူက လုံခြုံရေးဌာနမှ လူများကို အလျင်အမြန်ခေါ်လ်ိုက်၏။ကားမရှိသည့်အတွက် သူက စက်ဘီးစီးသွားလိုက်ပြီး လူရှာရန်ဓာတ်မီးယူသွားလိုက်သည်။

ချင်းရှန်း အိမ်သို့ပြန်ရောက်လာသောအခါ လောင်ဟဲကနိုးနေပြီဖြစ်သည်။ "ဘာဖြစ်လို့လဲ?"

သူက အိပ်ချင်နေသည့်မျက်လုံးများဖြင့် မေးလိုက်သည်။ ဒီလိုအခြေအနေတွင် သူ့အတွက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရန်ကမဖြစ်နိုင်ပေ။ အဓိက အကြောင်းအရင်းကတော့ သူက မအိပ်ခင်တွင် ချင်းရှန်းလုပ်ပေးသည့် စိတ်ငြိမ်စေသည့်ရေနွေးကြမ်း သောက်ထားသောကြောင့်ဖြစ်ပြီး အကျိုးသက်ရောက်မှုများက တကယ်ကိုကောင်းသည်။

"လောင်ချန် တစ်ခုခုဖြစ်နေပြီထင်တယ်..."

ဒီလိုကိစ္စကြီးဖြစ်နေသည်ကို သူ့ကိုဘယ်သူမှမနှိုးသည့်အတွက် လောင်ဟဲက အနည်းငယ်စိတ်ရှုပ်မိသွားသည်။

"အဆင်ပြေပါတယ်။ ကျောက်ချင်းစုန့်က လူတွေခေါ်ပြီး သွားရှာနေတယ်။ ရှင် မြန်မြန်အိပ်တော့။"

ဟဲလျန်ရှန်းနှင့် ကျောက်ချင်းစုန့်၏ ဆက်ဆံရေးက ယခင်ကဲ့သို့ မဟုတ်တော့သော်လည်း သူ၏အစွမ်းအစကိုတော့ ယုံကြည်သည်။ "ကောင်းပြီလေ။"

သူက လှဲလိုက်ပြီးနောက် စိတ်တည်ငြိမ်စေသည့်ရေနွေးကြမ်းကြောင့် မကြာမီမှာပဲ အသက်ကောင်းကောင်းရှူ၍ အိပ်ပျော်သွားတော့၏။ ချင်းရှန်းကတော့ အိပ်မပျော်နိုင်ပေ။ သူမက သူ့ကိုစောင်ခြုံပေးပြီး သိို့သို့၏လက်နှင့်ခြေထောက်လေးများကိုလည်း စောင်ထဲထည့်လိုက်သည်။ သူတို့၏အိပ်ရာက အလွန်ပူနေပြီး ကလေးကလည်း ပူသောကြောင့်သည်းမခံနိုင်ဘဲ မျက်နှာက နီနေပြီး တစ်ကိုယ်လုံး ပူလောင်နေသည်။

ပုံမှန်ဆိုလျှင် သို့သို့က သူ့အမေရင်ခွင်ထဲ တိုးဝှေ့၍နေတတ်ပြီး ချင်းရှန်းကလည်း ပူသလိုခံစားရသည်။ဒါပေမဲ့ ဒီညမှာတော့ မတူညီပေ။ နွေးထွေးသည့်ခံစားချက်က ချင်းရှန်း၏ နှင်းနှင့်ရေခဲများအပေါ် အကြောက်တရားကိုမယှဉ်နိုင်ပေ။

ယခင်က လူသားများတွင် ရာသီဥတုနှင့် သဘာဝကိုပြောင်းလဲနိုင်သည့် ခွန်အားရှိသည်ဟု ချင်းရှန်းထင်ခဲ့မိသည်။ ဒါပေမဲ့ ဒီညမှာတော့ သဘာဝအပေါ် လူသားတို့၏ လုပ်နိုင်စွမ်းက မလုံလောက်သည်ကို သိလိုက်ရသည်။

မနက်ခြောက်နာရီလောက်တွင် လုံခြုံရေးဌာနမှလူများ မိသားစုနယ်မြေတွင် အကူအညီလာတောင်းသည်ကို ရှင်းချန်း ကြားလိုက်ရသည်။ အိမ်တိုင်းတွင် မီးထွန်းထားပြီး ယောက်ျားများအားလုံး အပြင်ထွက်လာသည်။ကားက လန်ဟဲမြို့နှင့် ကီလို၃၀ အကွာတွင် ရှိနေသည်။လောင်ချန်နှင့် ဆရာရှောင်ကျန်းက သတိလစ်နေသည့်အတွက် သူတို့ကိုအရင်ကယ်ရမည်။

ရှင်းချန်းက ကူညီချင်သော်လည်း လောင်ဟဲက စာမေးပွဲ ဖြေရမည်ဖြစ်သလို သို့သို့ကလည်း ငယ်သေးပြီး သူမကအမျိိုးသမီိးတစ်ယောက်ဖြစ်သလို မသန်မာသည််အတွက် ဘာမှမလုပ်ပေးနိုင်ပေ။ လောင်ချန်နှင့် ရှောင်ကျန်းနယ၏ လက်ရှိအခြေအနေကိုသာ မေးကြည့်နိုင်ခဲ့သည်။ သူတို့၏ခန္ဓာကိုယ် အပူချိန်ကျနေသည်ကိုသိရသည်နှင့် ကျန်းမာရေးစင်တာသို့ အလျင်အမြန်သွားကာ သူတို့ရောက်သည်နှင့်ကုသနိုင်ရန် ဆေးဝါးများပြင်ဆင်ထားလိုက်သည်။

တစ်ချိန်တည်းမှာပဲ သူမက လောင်ဝမ်နှင့် လောင်လျိုကို လိုရမယ်ရခေါ်လိုက်ပြီး အနောက်ပိုင်း ဆေးများယူသွားကာ ထ်ိုနေရာသို့လိုက်သွားရန်ပြောလိုက်သည်။

ဟဲလျန်ရှန်းကလည်း မအိပ်နိုင်တော့ဘဲ စက်ဘီးစီးကာ စားမေးပွဲခန်းသို့ သွားလိုက်သည်။

လန်ဟဲမြို့က သေးငယ်သော်လည််း လူထူထပ်သည်။ ခရိုင်မြို့တော်က မြိို့၏အထက်တန်းကျောင်းဘေးတွင် အထူးတလည် စားမေးပွဲခန်းမ ဖွင့်လှစ်ပေးထားသည်။ ဒါကြောင့် သူက ထိုနေရာသို့ မြန်မြန်ပဲရောက်သွားသည်။

ချင်းရှန်းက လူနာများကိုကယ်ရန်ဆေးကြိုအပြီးတွင် အနွေးဓာတ်ရအောင် လုပ်ထားပြီးသည်နှင့် လူနာများရောက်လာသည်။ ကံကောင်းစွာနှင့် သူမက လောင်ဝမ်နှင့် လောင်လျိုကိုလွှတ်ရန် ဆုံးဖြတ်ချက် ချလိုက်မိသည်။ အနောက်တိုင်းဆေးဝါးများ အကူအညီဖြင့် လူနာများက အခြေအနေ အရမ်းဆိုးမနေပေ။ သူတို့နှစ်ယောက်လုံးက အသက်ရှူမှန်နေပေမဲ့ ကိုယ်အပူချိန်ကျနေကာ သတိမလည်လာသေးပေ။

ချင်းရှန်းက လူအချို့က်ို သူတို့ကိုမပြီး ဆေးတိုက်ခိုင်းလိုက်သည်။ အခန်းထဲတွင် အနွေးဓာတ်ရအောင်လုပ်ပြီး စောင်များလည်း ခြုံပေးထားလိုက်သည်။ ရှောင်ကျန်းက အရင်နိုးလာပြီး ဖြစ်စဉ်ကို ဖြည်းဖြည်းချင်းပြောပြနေသည်။

"ကျွန်တော်တို့ မြို့တော်ကထွက်လာတော့ လန်ဟဲမြို့မှာ နှင်းတွေကျနေတာကို သတင်းကြားမိတယ်။ ဆေးဝါးစက်ရုံကလူတွေက စောင့်နေဖို့ပြောပေမဲ့ ဒါရိုက်တာချန်က ဆေးပို့ဖို့ အလျင်လိုနေတယ်။ ကူညီရမဲ့ လူတွေအများကြီးရှိတယ်လို့ သူကပြောတယ်။"

သူတို့က တစ်လမ်းလုံး ထိတ်လန့်နေခဲ့ကြပြီး လန်ဟဲမြို့ကိုရောက်တော့မဲ့အချိန်မှာပဲ ကားရပ်သွားပြီး သူတို့နှစ်ယောက်က ကားဆင်းတွန်းခဲ့ရသည်။

ဒါပေမဲ့ ထောက်ပို့ကားက ကျဲ့ဖန်ကားဖြစ်ပြီး လူနှစ်ယောက်အားနှင့်မရွေ့သည့်အတွက် တွန်းမရပေ။နာရီဝက်လောက် ကြိုးစားသည့်တိုင် ဘာမှမထူးသည်သာမက ဘာကြောင့်မှန်းမသိဘဲ ကားထဲမှအပူချိန်ကလည်း ကျသထက်ကျလာခဲ့သည်။

ကိုယ်တွင်းအပူချိန် ကျဆင်းခြင်းဆိုသည်မှာ အရာနှစ်ခုကိုဆိုလိုသည်။ ထိုလူနှစ်ယောက်၏ သွားများမှာ အေးစက်မှုကြောင့် တုန်ရီနေပြီး ခန္ဓာကိုယ်အပူချိန်က ကျသထက်ကျလာကာ အသက်အန္တရာယ်ပင်ဖြစ်စေနိုင်သည်။

ဒုတိယတစ်ခုမှာ ကာကွယ်ဆေးဖြစ်သည်။ ကာကွယ်ဆေးများကို အပူချိန်နိမ့်နိမ့်တွင် ထားရမည်ဟု လူတိုင်းသိသော်လည်း အပူချိန်က အလွန်နိမ့်၍မရသလို အေးခဲသွား၍လည်း မဖြစ်ပေ။

"မေးခိုင်ကာကွယ်ဆေးက ခဲသွားလို့မဖြစ်ဘူးလို့ ဒါရိုက်တာချန်က ပြောတယ်။ ခဲသွားရင် အလုပ်မဖြစ်တော့ဘူးတဲ့။ ဒါကြောင့်မလို့ သူက ဆေးကို သူ့ခန္ဓာကိုယ်ထဲထည့်ထားပြီး အရမ်းလည်း ပူလို့မရတာမလို့ နှင်းထဲထွက်ရပ်နေခဲ့တယ်။ ဘယ်လောက်ပဲခေါ်ခေါ် ကားထဲမဝင်ဘူး။"

ဒါကြောင့် သူက အအေးဒဏ်ကိုအများဆုံးခံခဲ့ရသူဖြစ်သည်။ ချင်းရှန်းက အချိန်မီမသိဘဲ ကျောက်ချင်းစုန့်သာ သွားမရှာခဲ့လျှင် လောင်ဝမ်နှင့်လောင်လျိုသာ အရေးပေါ်ဆေးပစ္စည်းများ မပြင်ထားခဲ့လျှင် ယခု ဒီနေရာတွင်လှဲနေသူက...

အားလုံးက မျက်ရည်ဝဲလာကြသည်။

လောင်ချန်နှင့်ပတ်သက်၍ ဘာပြောရမည်ကိုမသိပေ။

ချင်းရှန်းတွင် စိတ်မကောင်းဖြစ်နေရန် အချိန်မရှိပေ။ ကာကွယ်ဆေးက သုံး၍ရသေးလားကို အလျင်အမြန်စစ်ဆေးပြီး ဒဏ်ရာရထားသူကို အရေပြားစစ်ဆေးချက်လုပ်လိုက်သည်။ ဓာတ်မတည့်မှု မရှိတော့မှ သူမက အလျင်အမြန် ကာကွယ်ဆေးထိုးပေးလိုက်ရသည်။ ဒါက ထိုကိစ္စ၏ အဆုံးသတ်ဖြစ်သည်။

ဟဲလျန်ရှန်း စာမေးပွဲဖြေရာမှပြန်လာသည့် နေ့လယ်ခင်းအချိန်အထိ လောင်ချန်က သေချာမနိုးသေးပေ။

"သူက အပူချိန်ကျနေတာ အတော်ကြာသွားတာမလို့ အတွင်းအင်္ဂါတွေ ပျက်ဆီးသွားလားတော့ သေချာမသိဘူး။ အခြေအနေတည်ငြိမ်သွားရင် ခရိုင်မြို့ဆေးရုံပို့ရမယ်။"

အတွင်းရေးမှူးကုန်းက ညွှန်ကြားလိုက်သည်။

ချင်းရှန်းကလည်း လက်ခံလိုက်သည်။

ဌာနမှဝန်ထမ်းများက ဆေးပစ္စည်းများကို ကားထဲမှအစီအစဉ်တကျ ရွှေ့နေသည်ကိုမြင်ရသောကြောင့် အတွင်းရေးမှူးကုန်းက ကျေနပ်မိသည်။ အချို့က စစ်ဆေးရန်တာဝန်ကျပြီး အချ်ို့က စာရင်းများကြည့်ကာ အချို့က ဂိုထောင်ထဲထည့်ပြီး အချ်ို့က ဗီရိုထဲထည့်နေကြသည်။ အားလုံးက အလုပ်ကိုယ်စီလုပ်နေကြ၏။

ယခင်က ဒီဆေးခန်းကဘယ်လိုပုံစံဆိုသည်ကို သူမှတ်မ်ိနေသေးသည်။ လူကြီးများက ပင်ပန်းနေပြီး လူငယ်များက အတွေ့အကြုံမရှိသေးပေ။ မစ္စတာချန်ကသာ အကောင်းဆုံးကြိုးစားပြီး အခြေခံဆေးပစ္စည်းများကို ဆေးခန်းတွင်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ရဲဘော်ချင်းရောက်လာပြီးချိန်မှာတော့ အားလုံးပြောင်းလဲသွားသည်။ သူ၏ ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်စွမ်း ပြောင်းလဲသွားသည်သာမက ပြင်ပလူနာဌာန၏ လူနာအရေအတွက်လည်း များလာခဲ့သည်။ သူက အပြင်မြေကွက်တွင် ဆေးပင်များစိုက်ထားပြီး စျေးကွက်လည်းရှာပေးခဲ့သည်။ ထပ်ပြောရလျှင် သူတို့ အလုပ်သမားများ၏ဘဝကို တိုးတက်စေခြင်းနှင့် စက်ရုံ၏ ဖိအားကိုလျှော့ချခြင်းအပြင် အစပိုင်းတွင် မမျှော်လင့်ထားခဲ့သည့် စက်ရုံအတွက် ဝင်ငွေအမြောက်အများကိုလည်း ပေးစွမ်းနိုင်သည်။

ယခင်နှစ်များတွင် စိုက်ပျိုးမြေအသစ်လိုချင်သည်ဟု ပြောသူများရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မစတင်ဖြစ်ခဲ့ပေ။

ရဲဘော်ရှောင်ချင်းကတော့ အလွန်သတ္တိရှိပြီး အတွေးအခေါ်ကောင်းသူဖြစ်သည်။သူက ချင်းရှန်း၏ပုခုံးကိုပုတ်ပြီး ပြောလိုက်သည်။

"လောင်ချန်က ခဏလောက်အနားယူရမယ်ထင်တယ်။မင်းကတော့ ဝန်ပိနေတော့မှာပဲ။"

ထိုစကားများတွင် အဓိပ္ပါယ်အပြည့်ပါသည်။ အနီးရှိ စက်ရုံအလုပ်သမားအချို့က အနည်းငယ်အံ့သြသွားပြီး အရှေ့မှ အမျိုးသမီးရဲဘော််လူငယ်ကိုကြည့်လိုက်သည်။

အတွင်းရေးမှူးကုန်းက အမြဲတမ်း ရည်ရွယ်ချက်ရှိရှိစကားပြောသည်။ သူပြောလိုသည်မှာ အလုပ်ပိုလုပ်ရလျှင် ရာထူးတိုးနိုင်သည်ဆိုသည့်သဘောပင်။ ဒါပေမဲ့ ချင်းရှန်းက လက်ထောက်ဒါရိုက်တာဖြစ်နေပြီဖြစ်သည်။ အကယ်၍ ထပ်ပြီးရာထူးတိုးလျှင် ဒါရိုက်တာဖြစ်လာမည်လား။ သူက လောင်ချန်၏နေရာကို အစားဝင်နိုင်မည်လား။

စက်ရုံ ၄၂၁ ၏အခြေအနေအရဆိုလျှင် ယခုလောင်ချန်က ဌာနခွဲအဆင့်ရှိ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ရဲဘော်ရှောင်ချင်းက ငယ်ရွယ်စဉ်မှာပဲ ထ်ိုအကျိုးခံစားမှုများကိုရရှိသွားနိုင်မည်လား။

အားလုံးက ဒါကိုတွေးမ်ိပြီး ချင်းရှန်းအပေါ် အကြည့်ပြောင်းသွားကြသည်။

ချင်းရှန်းက မစ္စတာချန်ကိုစိတ်ပူနေရသောကြောင့် အတွင်းရေးမှူးကုန်း ပြောသည့်စကားကို စိတ်ထဲမထားခဲ့ပေ။ သို့သော်လည်း ထိုပုံစံကြောင့် သူမက စိတ်ငြိမ်ပြတ်သားနေသည်ဟု လူအများထင်ကြသည်။ အတွင်းရေးမှူးကလည်း စိတ်ထဲမှခေါင်းညိတ်နေပြီး ဒီလူငယ်လေးက အနာဂတ်တွင် အတော်အသုံးဝင်မည်ဟု တွေးမိနေသည်။

ရက်အနည်းငယ်အကြာတွင် လောင်ချန်၏ သွေးခုန်နှုန်းနှင့်နှလုံးခုန်နှုန်းများ တည်ငြိမ်သွားသောကြောင့် ခရိုင်ဆေးရုံသို့ရောက်သွားသည်။ ကံကောင်းစွာနှင့် ချင်းရှန်း၏ တရုတ်ရိုးရာတိုင်းရင်းဆေး အစွမ်းကြောင့် အတွင်းအင်္ဂါများ အများကြီးပျက်စီးမသွားပေ။ သို့သော် သူ၏ခြေထောက်များကတော့ ထိခိုက်သွားလေသည်။

သူက ငယ်ရွယ်စဉ်အချိန်တွင် ဂျပန်စစ်သားများနှင့်ပုန်ကန်သူများနှင့် တိုက်ခိုက်ခဲ့ရသောကြောင့် ခြေထောက်က ကျည်ဆန်မှန်ခဲ့ရသည်။ တော်လှန်ရေးကာလအပြီးတွင် သူက စွန့်ပစ်နယ်မြေကိုထိန်းသိမ်းရန် မြောက်ပိုင်းဒေသသို့သွားခဲ့သည်။ အအေးဓာတ်လွန်ကဲသော ဆောင်းရာသီနှင့် အပူချိန်လွန်ကဲသောနွေရာသီတို့ကြောင့် သူ၏ခန္ဓာကိုယ်က အပြည့်အဝပြန်မကောင်းနိုင်သေးပေ။

သူ့ဘဝက တည်ငြိမ်နေသော်လည်း မကြာခဏဆိုသလို လူမှုရေးကိစ္စများနှင့် ပတ်သက်၍ သွားလာနေရပြီး သူ့ခန္ဓာက်ိုယ်က ပျက်စီးနေသည်။ ထပ်ပြောရလျှင် သူက ခြေထောက်ကျိုးဖူးပြီး ခါးအဆစ်လည်း လွဲဖူးသည်။ သေသေချာချာဂရုမစိုက်လျှင် အကျိုးဆက်က ဆိုးရွားလိမ့်မည်။

လောင်ချန်ရဲ့မိသားစုတွေက သတ်သေဖို့ခြိမ်းခြောက်ခဲ့သည်ဟု ကြားမိသည်။ သူက အလုပ်ကိုမနားမနေလုပ်နေသေးလျှင် သူမက သူနှင့်ကွာရှင်းပြီး သူ့ကိုထားခဲ့မည်ဟု ပြောထားသည်။

သူ၏မိသားစုထံမှ ပြင်းပြသော တောင်းဆိုချက်ကြောင့် စက်ရုံက သူ့ကိုခွင့်ပေးခဲ့သည်။ ထိုသတင်းကို ချင်းရှန်းကြားရသောအချိန်မှာ သို့ပေါင်ကို ခေါင်းဖြီးပေးနေသည့်အချိန်ဖြစ်သည်။

သို့ပေါင်၏ ဆံပင်က နက်မှောင်ထူထဲပြီးတောက်ပနေသည်။ သူမက နွေရာသီတွင် ပူအိုက်သောကြောင့် အတိုညှပ်ပေးခဲ့ပြီး ဆောင်းရာသီတွင်တော့ ဆံပင်ရှည်ထားပြီး ဆံပင်စည်းပေးထားသည်။ ဆံပင်များပြီး ထူသည့်အတွက် နှစ်ဖက်ခွဲစည်းရုံနှင့် မလုံလောက်ပေ။ ဒါကြောင့် သူမက ဟိုဟိုဒီဒီခွဲ၍ စည်းပေးထားသည်။ ဒါကြောင့် သူမက ချစ်စရာကောင်းနေသည်။

ချင်းရှန်းက မှန်ယူ၍ သူမကိုပြလိုက်သည်။

"ကြည့်လိုက် နောက်မှာနှစ်ခုရှိသေးတယ်။ အိပ်တော့မယ်ဆိုရင် အဘွားကို ဖြုတ်ပေးဖို့ပြောနော်။ မဟုတ်ရင် အိပ်ရာကနိုးရင် ခေါင်းကိုက်နေမယ်။"

သို့သို့က ထိုဆံပင်များကိုထိလိုက်သည်။ "ဟုတ်"

စိတ်ခံစားချက် တည်ငြိမ်သော ကလေးများက ဆက်ဆံရလွယ်သည်။ သို့သို့က သူမ၏ မိဘများအစားပြန်ရောက်လာသည်ဟု ချင်းရှန်းထင်မိသည်။ သူမက ငိုယိုပြဿနာရှာခြင်းများမရှိသလို လူတိုင်းပြောသမျှကို နားလည်ပေးနိုင်သည်။ သူမ၏ဆန္ဒများကို သေချာပြောပြနိုင်ပြီး တစ်ယောက်ထဲလည်း ဆော့ကစားနေနိုင်သည်။ မိဘများ အနားတွင်မရှိလျှင်တောင် အရုပ်လေးတစ်ရုပ် စာအုပ်လေးတစ်အုပ်ဖြင့် သေချာဆော့ကစားနေနိုင်သည်။

ဒီလိုအလေ့အကျင့်မျိုးက သူမထံမှဆင်းသက်လာသည်မဟုတ်သည်ကိုတော့ ချင်းရှန်းသေချာသိသည်။

သူမ ထိုသို့တွေးနေချိန်မှာပဲ စက်ရုံမှလူတစ်ယောက်က သူမထံလာ၍ စာတစ်စောင်လာပေးသည်။ "ဂုဏ်ပြုပါတယ် ဒေါက်တာချင်း။"

ချင်းရှန်း အပြင်ထွက်ကြည့်လိုက်ရာ ယခင်တစ်ခါက သူမကို ဖုန်းပြောရန်လာခေါ်သည့် စာရေးဖြစ်နေလေသည်။ သူမက ပြုံးပြ၍နှုတ်ဆက်လိုက်ပြီး ဝင်ထိုင်ရန်ပြောလိုက်သည်။

"မထိုင်တော့ပါဘူး။ ရုံးမှာအလုပ်လေးတွေရှိသေးလို့ပါ။ ဒီကိုလာတာက ဒီစာပို့ပေးဖို့အတွက်ပါ။" သူက လက်နှစ်ဖက်ဖြင့် စာအိတ်ကိုကမ်းပေးလိုက်သည်။

ချင်းရှန်းက သူမအတွက်ပေးလာသောစာဆိုသည့်အတွက် စိတ်လှုပ်ရှားမိနေပြီး စာအိတ်ကိုဖွင့်လိုက်ချိန်မှာတော့ မျက်လုံးပြူးသွားရသည်။

ယနေ့မှစ၍ ချင်းရှန်းက စက်ရုံ ၄၂၁ ၏ ကျန်းမာရေးစင်တာတွင် ဒါရိုက်တာအဖြစ် ရာထူးတိုးသွားပြီဖြစ်သည်။

All Chapters