Chapter 80
Vol. 7 Ch. 80
ချင်းရှန်းက ကျန်းမာရေးစင်တာ၏ ခေါင်းဆောင်ဖြစ်လာပြီး တစ်လအကြာတွင် နွေဦးပွဲတော်အချိန် ရောက်လာတော့၏။
နွေဦးပွဲတော်မတိုင်မီ သုံးရက်အလိုတွင် ဟဲလျန်ရှန်းက တက္ကသိုလ်ဝင်ခွင့်စာရရှိခဲ့၏။
ဒီနှစ်ကောလိပ်စာမေးပွဲက ကျောင်းသားများကို လျှောက်လွှာအရင်တင်စေပြီးမှ အမှတ်ထုတ်ပြန်ခြင်းဖြစ်သည်။ မိသားစုကို စောင့်ရှောက်ရမည့်ကိစ္စနှင့် မစ္စတာချန်၏ ဓာတ်ခွဲခန်းကို ဂရုစိုက်ရန်အတွက် သူက ရှီးလန်တက္ကသိုလ်ကိုသာ လျှောက်ခဲ့သည်။ ယခု ၉၈၅နှင့် ၂၁၁ကဲ့သို့ ကိစ္စများမရှိသော်လည်း ရှီးလန်တက္ကသိုလ်က အလယ်ပိုင်းနှင့် အနောက်ပိုင်း လုံကောဒေသများတွင် အကောင်းဆုံးတက္ကသိုလ်ဖြစ်သည်။ မိသားစုတစ်ခုလုံးက ရလဒ်နှင့်ပတ်သက်၍ စိတ်ကျေနပ်ကြသည်။
တစ်ချိန်ထဲမှာပဲ အိုက်လန်ကလည်း လျိုကျီရှန်းထံမှ စာတစ်စောင်ရခဲ့ပြီး ထိုစာတွင် သူက ရှီးလန်စိုက်ပျိုးရေးတက္ကသိုလ်ဝင်ခွင့်ရပြီး နှစ်သစ်တွင်သတင်းသွားပို့ရမည်ဟု ရေးထားသည်။ သူက မကြာခင်မှာပဲ မိဘများနှင့်တွေ့ရန် ဟိုင်ချန်ကိုပြန်လာမည်ဖြစ်သည်။
ယခုရက်ပိုင်းတွင် ပညာတတ်လူငယ်အမြောက်အများက မြို့သို့ပြန်လာကြသည်။ သူကလည်း မြို့သို့ပြန်သည်။ လျိုမိသားစုက သူ့ကိုလမ်းပေါ် အလုပ်သမားအဖြစ် ယာယီအလုပ်ပင် ရှာပေးထားသေးသည်။ သူပြန်ရောက်သည်နှင့် အလုပ်လုပ်၍ ရသော်လည်း သူက ငြင်းခဲ့သည်။
အကြောင်းပြချက်ကတော့ ကောလိပ်ကျောင်းသားဖြစ်လိုပြီး ပိုကောင်းသည့်ဘဝတွင် နေလိုသည်မှလွဲပြီး အခြားသော စိတ်ခံစားချက်များပါဝင်သည်။
သူနှင့်အိုက်လန်က ယခင်နှစ်များတွင် အဆက်အသွယ်ရှိခဲ့ပြီး ဆက်ဆံရေးကတည်ငြိမ်သည်။ အဘွားချင်းကလည်း အလိုမကျခြင်းမရှိတော့ပေ။ ယခု ရှောင်လျို၏ စာထဲတွင် သူကဟိုင်ချန်ပြန်ပြီး လက်ထပ်မည့်ကိစ္စ မိသားစုနှင့်တိုင်ပင်ကာ လာတောင်းရမ်းမည်ဟုပြောထားသည်။
သူ ကျောင်းဝင်ခွင့်ရသည်ဟု အိုက်လန်ကြားချိန်တွင် သူ့အတွက်ပျော်ရွှင်သွားခဲ့သည်။ သူသာ ယခင်က အိုက်လန်ဆိုလျှင် သူမက ဟိုင်ချန်မြို့သား၊ ကောလိပ်ကျောင်းသားတစ်ယောက်၏ ဇနီးဖြစ်ရန်မတန်ဟု ထင်မိလိမ့်မည်။ သို့သော် ယခင်နှစ်နှစ်တွင် ချန်းလောင်၏ အကူအညီကြောင့် သူမ၏ ကိုယ်ပိုင်စွမ်းရည်များ တိုးတက်လာပြီး ပို၍ယုံကြည်မှူရှိလာသည်။
မစ္စတာချန်ပြောသည့်အတိုင်း အမျိုးသမီးတစ်ယောက်၏ နောက်ဆုံးပန်းတိုင်က လက်ထပ်ခြင်းမဟုတ်ပေ။ သူမက လက်ထပ်သည်ဖြစ်စေ မထပ်သည်ဖြစ်စေ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိသည်။
ဒါကြောင့် ချင်းကွေ့ဟွားက သူမကို လူသိရှင်ကြား သို့မဟုတ် တိတ်တဆိတ် လက်ထပ်ရန် တ်ိုက်တွန်းနေချ်ိန်တွင် သူမက ဘာမှမလုပ်ဘဲ လျိုကျီရှန်းတက္ကသိုလ်ဝင်ခွင့်ရသည့်အချိန်နှင့် မိဘများကို ပြောပြနိုင်သည့်အချိန်အထိ လက်ထပ်ခွင့်တောင်းသည်ကို စောင့်နေခဲ့သည်။
ပထမလပြည့်၏ ခြောက်ရက်မြောက်ညတွင် ချင်းမိသားစုအိမ်တွင် တံခါးခေါက်သံကြားရသည်။ နှင်းများဖုံးနေသော လျ်ိုကျီရှန်းက ဟိုင်ချန်မှပြေးလာခြင်းဖြစ်သည်။
သူက အဖာအစပ်များဖြင့် ဝတ်စုံကိုဝတ်ထားပြီး မရိတ်ထားသော မုတ်ဆိတ်မွှေးများဖြင့် အအေးဒဏ်ကြောင့် တုန်ရီနေလေသည်။ ချင်းရှန်းက တံခါးဖွင့်လိုက်သည်နှင့် သူ့ကိုမမှတ်မိဘဲ ဆေးကုသမှု ခံယူရန်လာသော လူနာဟုသာထင်ခဲ့သည်။ လွန်ခဲ့သည့်နှစ်နှစ်တွင် သူမ၏ဂုဏ်သတင်းကြောင့် ဆေးရုံအလုပ်သမားများနှင့်မိသားစုများအပြင် လန်ဟဲရှိနေထိုင်သူများကပါ သူမထံမှဆေးကုသမှုလာခံယူကြပြီး ကီလိုအနည်းငယ်ဝေးသည့်နေရာမှလူများကပင် ဆေးကုသမှုလာခံယူကြသည်။
ဆေးဘက်ဆိုင်ရာအခြေအနေ ကန့်သတ်ချက်များကြောင့် သူမက ယခု ခန္ဓာကိုယ်အတွင်း ဆေးကိစ္စများကိုသာ မက သားဖွားမီးယပ်၊ ကလေးရောဂါကု၊ ခွဲစိတ်မှုများလည်းလုပ်ရသည်။
သူမက အရိုးအဆစ်များပြန်ဆက်ပေးနိုင်သလို သွေးတိတ်အောင်လုပ်ပြီး ဒဏ်ရာချုပ်ခြင်းများလည်း လုပ်ရသည်။ လူနာများကို မြန်မြန်ကုသပေးနိုင်စေရန် အိမ်တွင် ဆေးသေတ္တာနှစ်ခု ထားရှိပြီး ဆေးပစ္စည်းနှင့် ကိရိယာအစုံရှိသလို ဆရာဟဲပေးထားသည့်ရွှေအပ်လည်းရှိသည်။ သူမက ပြင်းထန်သော ရောဂါအတော်များများကို ကုသပေးခဲ့ပြီးဖြစ်သည်။
အခြားနည်းမရှိပေ။ လန်ဟဲမြို့တွင် ဆေးရုံကြီးများမရှိပေ။ သူမက ဘယ်လိုလုပ်ရမည် မသိလျှင်တောင် စာအုပ်များဖတ်ပြီး လေ့လာရသည်။ သူမက ယခုပို၍သတ္တိရှိလာပြီး အခြေအနေမျိုးစုံ ဖြေရှင်းနိုင်ကာ တရုတ်တိုင်းရင်းဆေးပညာအတွက် အကန့်အသတ်မရှိတော့ပေ။
"လိုင်တိ အစ်ကို့ကိုမှတ်မိရဲ့လား?"
ချင်းရှန်းက အံ့သြသွားသည်။ "အစ်ကိုကြီးလျိုလား?"
"မြန်မြန်ဝင်လာပါ။ ဘာလို့ဒီအချိန်ကြီး ရောက်လာရတာလဲ?" အပြင်ဘက်တွင် နှင်းများထူထပ်စွာကျနေ၏။
လျိုကျီရှန်းက အပြင်ခန်းသို့ဝင်သွားလိုက်ပြီး အတွင်းခန်းမှလူများအားလုံးက အပြင်ထွက်လာပြီး အံ့သြသွားကြသည်။
ချင်းကွေ့ဟွားက သူ့ကိုအပေါ်ဝတ်ချွတ်ရန်ပြောလိုက်ပြီး အလျင်အမြန်မီးဖိုဖိုလိုက်၏။
"မြန်မြန် နွေးအောင်လုပ်လိုက်။ ဘာလို့ ညလယ်ခေါင်မှာ အရေးတကြီး ပြေးလာရတာလဲ။"
လျ်ိုကျီရှန်း၏ မျက်နှာက အအေးဓာတ်ကြောင့်လား ရှက်၍လားမသ်ိဘဲ နီရဲနေ၏။
ချင်းဖန်က သူ့ကိုကြည့်လိုက်ပြီး "အစ်ကိုကြီးလျို"ဟုခေါ်ကာ ရေနွေးထည့်ပေးလိုက်၏။ သူမက မှတ်ဉာဏ်ကောင်းသည့်အတွက် အတိတ်မှအဖြစ်အပျက်များကို မှတ်မိ၏။ အစ်ကိုကြီးလျိုက သူတို့အပေါ်အလွန်ကြင်နာသူဖြစ်ပြီး မကြာခဏထင်းခွဲပေး ရေခပ်ပေးလေ့ရှိသည်။
လျိုကျီရှန်းက အဆင်မပြေဖြစ်မည့်တိုက်ပွဲအတွက် အဆင်သင့်ပြင်ထားခဲ့သော်လည်း ချင်းမိသားစုထံမှ ဒီလိုဆက်ဆံခံရမည်ဟု မထင်ထားပေ။သူက ပို၍အားနာမိလာသည်။
"ကျွန်တော် မအေးပါဘူး။ မြို့ပေါ်ကနေ ရထားစီးလာပြီး ဒီကိုထောက်ပို့ကားစီးပြီးလာခဲ့တာပါ။"
ပုံမှန်ဆိုလျှင် ထောက်ပို့ကားက အလုပ်သမားများနှင့် မိသားစုဝင်များကိုသာ ခေါ်ပြီး သူစိမ်းများ ကားပေါ်တက်၍မရပေ။ သို့သော် ကံကောင်းသည်က ယနေ့ကားမောင်းသူမှာ ရှောင်ကျန်းဖြစ်နေသည်။ သူက ချင်းအိုက်လန်ကို ရှာနေသည်ဟုကြားသောအခါ သူနှင့်ချင်းမိသားစု၏ ဆက်ဆံရေးအကြောင်းကို မေးလိုက်ပြီး တစ်ရွာထဲသားများဖြစ်သည်ကို သိရသောကြောင့် သူကခေါ်လာပေးခဲ့ခြင်းဖြစ်သည်။
အတိတ်အကြောင်း ပြန်ပြောနေချိန်တွင် ချင်းရှန်းက သူ့အတွက် ချက်ပြုတ်ပေးလိုက်သည်။ သူတို့က အိမ်တွင်ရှိသမျှအားလုံးကို ညစာအတွက် သုံးလိုက်ပြီဖြစ်ပြီး မနက်မှဝယ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သူမက ကြက်ဥနှစ်လုံးဖောက်ထည့်ကာ ခေါက်ဆွဲပြုတ်ပေးလိုက်၏။
"အစ်ကိုကြီးလျို အခုတော့ တစ်ပန်းကန်အရင်စားထားလိုက်ပါ။ မနက်ဖြန်မှ အသီးအရွက်တွေ ဝယ်လို့ရမှာမလို့ပါ။"
ခေါက်ဆွဲပြုတ်က ပူနေပြီး ကြက်ဥအရသာပြင်းပြင်းရသည်။ သူ၏ဗိုက်ထဲ နွေးထွေးသွားသောကြောင့် သူက ကျေးဇူးတင်စကားပြောလိုက်သည်။
ချင်းရှန်းက ပြံးလိုက်သည်။ သူတို့က မိသားစုဖြစ်တော့မည့်အတွက် ဘာလို့ယဉ်ကျေးနေရမှာလဲ?
ထိုနေရာတွင် စည်ကားလာ၏။ သို့သို့က ဆူညံသံများကြောင့် အိပ်ယာမှနိုးလာပြီး မျက်လုံးများပွတ်ကာ အမေကို ခေါ်နေသည်။
ချင်းရှန်း လာခေါ်မည်က်ို စောင့်မနေဘဲ သူမကအိပ်ယာအစွန်းမှဖြည်းဖြည်းချင်း လျှောဆင်းလာ၏။ သူမကအကွာအဝေးများကို ကောင်းကောင်းသိသလို အမြင့်ဘယ်လောက်ရှိသည်နှင့် ခြေလှမ်းဘယ်လောက်လျှောက်ရမည် ဆိုသည်ကိုလည်းသ်ိသည်။ သူမက အချိန်မှန်ကို မှန်းဆနိုင်ပြီး တစ်ခါမှပြုတ်မကျဖူးပေ။
သူမက အပြင်ခန်းသို့ထွက်လာပြီး အားလုံးပြုံးနေသည်က်ို မြင်လိုက်ရ၏။ သူမက အလယ်မှလူကို မသိသည့်အကြည့်နှင့်ကြည့်လိုက်ပြီး သူမအဒေါ်၏ နောက်မှ သံယောင်လိုက်ပြောလိုက်သည်။
"အစ်ကို!"
အားလုံးက ရယ်လိုက်ကြသည်။
"ငါ့ကို အစ်ကိုလို့ခေါ်လို့မရဘူးလေ။"
မျိုးရိုးစဉ်ဆက်က စိတ်ရှုပ်စရာမကောင်းဘူးလား။ အဘွားချင်းက စိတ်ရှုပ်သည်လား တကယ်ပျော်သည်လား မသိသော်လည်း အရင်ဆုံးပြောလိုက်၏။
"သို့ပေါင်က ဦးလေးလို့ ခေါ်သင့်တာမလား။"
လျိုကျီရှန်း၏ မျက်နှာက နီရဲလာခဲ့သည်။ သူက စိတ်လှုပ်ရှားနေသည့် ခွေးပေါက်လေးကဲ့သို့ ထိုင်လိုက်ထလိုက်လုပ်နေ၏။
နောက်နေ့မနက်တွင် ချင်းကွေ့ဟွားက အိုက်လန်ကို သူမနှင့်အတူစျေးဝယ်ထွက်ရန် ခေါ်သွားသည်။ သွားသည့်လမ်းတွင် တိုက်ရိုက်မေးလိုက်၏။
"စာမေးပွဲက ပြီးသွားပြီ။ ဘယ်တော့လက်ထပ်မယ် တွေးထားလဲ။"
အိုက်လန်က ချိုသာစွာပြုံးလိုက်၏။ "အဘွားစကား နားထောင်မှာပါ။"
"ရှောင်လျိုရဲ့မိသားစုက ဘာပြောလဲ။"
"အဘိုးကြီးကတော့ ဒီမှာအရင်လက်ထပ်ပွဲလုပ်ပြီး ရင်းနှီးတဲ့သူလောက်နဲ့ နွေဘက်ရောက်တော့မှ အဲ့ဒီမှာလုပ်မယ်ပြောတယ်။"
ဒါက အတော်ပွင့်ပွင့်လင်းလင်းရှိသည်။ ရှောင်လျို၏ မိဘများက သူတို့သား၏ မင်္ဂလာကိစ္စနှင့် ပတ်သက်၍ပွင့်ပွင့်လင်းလင်းရှိသည်။ သူတို့က သားကိုယခင်နှစ်များတွင် ငွေမပေးခဲ့သည်သာမက သူတို့သား၏ ငွေများကို သူတို့၏ဂုဏ်သိက္ခာအတွက် အသုံးချခဲ့သည်။ သူတို့က လျိုကျီရှန်းအပေါ် အားနာမိသည့်အတွက် သူ၏ အိမ်ထောင်ရေးကို ဝင်မစွက်ဖက်ခဲ့ပေ။
လျိုကျီရှန်းက ပွင့်လင်းသူဖြစ်ပြီး အိုက်လန်က ကွာရှင်းဖူးထားသူဟု ပြောပြထား၏။ သူ၏မိဘများက မငြင်းဆန်ခဲ့သလို အချင်းချင်းအားပေးခဲ့သည့်အတွက် အစမှအဆုံးအထိ အရာအားလုံး ချောမွေ့နေ၏။
"ဟုတ်ပြီ ဒါဆို ပထမလပြည့်ရဲ့ ၁၆ရက်နေ့က နေ့ကောင်းနေ့မြတ်ပဲ။"
ချင်းရှန်းက ရက်များကို လက်ချိုးရေလိုက်သည်။ ဒါက နောက်ထပ် ကိုးရက်နေရင်မလား။ အဘွားက အရမ်းအားထုတ်ထားတာပဲ။
သို့သော်လည်း ပြန်တွေးကြည့်လိုက်ရာ ၁၉၇၇ ဖေဖော်ဝါရီလတွင် တက္ကသိုလ်များဖွင့်တော့မည့်အတွက် ထိုအချ်ိန်က လက်ထပ်ပွဲလုပ်ရန် အချိန်ကောင်းဖြစ်သည်။
"တစ်ပတ်ပဲ ကျန်တော့တာမလို့ လိုတာတွေကို မြန်မြန်ပြင်ထားလိုက်။"
"ဆရာချန်က မင်္ဂလာပွဲမတိုင်ခင် ခွင့်ရက်ပေးမယ်ပြောတာမလို့ သွားပြီးချက်ပြုတ်စရာမလိုဘူး။ "
အိုက်လန်က ရပ်ပြီး ဆက်ပြောလိုက်သည်။"သူက ကျွန်မတို့ကို လက်ထပ်ရင် လက်ဖွဲ့ငွေမပေးဘူး။ ဒါပေမဲ့ အသင့်နေလို့ရတဲ့ အိမ် ငှားပေးမယ်လို့ပြောတယ်။ တစ်လကို သုံးယွမ်ပဲကျမယ်တဲ့ ပြီးတော့ ကိုယ်ပိုင်အိမ်မရခင်အထိ အဲ့မှာနေလို့ရတယ်လို့ပြောတယ်။"
ဘယ်ခေတ်မှာပဲဖြစ်ဖြစ် လက်ထပ်ပြီးနေရန် အိမ်တစ်လုံးလိုအပ်သည်။ လျိုကျီရှန်းက အိမ်တစ်လုံးပိုင်ဆိုင်နိုင်သည့် အနေအထားမရှိပေ။ အိုက်လန်က စက်ရုံမှ အလုပ်သမားတစ်ယောက်ကဲ့သို့ ဆိုသော်လည်း တရားဝင်အလုပ်သမား မဟုတ်သည့်အတွက် အိမ်မရနိုင်ပေ။ မစ္စတာချန် တောင်းဆိုသည့်အတွက် စက်ရုံကအိမ်စီစဉ်ပေးသော်လည်း အလကားမဟုတ်ဘဲ တစ်လကိုသုံးယွမ်ပေးရသည်။
ချင်းကွေ့ဟွားက စကားကိုနားထောင်လိုက်ပြီး ဘာမှတော့မပြောခဲ့ပေ။ အဘိုးကြီးက အိုက်လန်နှင့်ပတ်သက်ပြီး ဘာမှပြောစရာမရှိပေ။
ဒါကြောင့် မြေးအဘွားသုံးယောက်နှင့် မြေးသမက်နှစ်ယောက်က အရာအားလုံးကို စီစဉ်ပြီးဖြစ်သည်။ အိမ်ရပြီးနောက် မိသားစုများက အိမ်တွင် မင်္ဂလာဧည့်ခံပွဲအခန်း၊ မိသားစုခန်းစသည်ဖြင့် သတ်မှတ်ကာ သန့်ရှင်းရေးလုပ်ကြသည်။
သူတို့လမ်းလျှောက်လာရင်းနှင့် ထောက်ပံ့ရေးနှင့်စျေးကွက်ရှာဖွေရေး သမဝါယမမှလူများကို မြင်လိုက်ရသောကြောင့် ကြည့်ရန်သွားလိုက်သည်။ သူမက ဆောင်းရောက်လာသည်နှင့်အမျှ ဝါဂွမ်းများစုထားသည်။ သူမလိုအပ်သည်က အနီရောင်စောင်နှင့် အိပ်ယာခင်းများ၊ ဓာတ်ဘူးနှင့် ကြွေ ခွက်များဖြစ်သည်။
ယခုသူမတွင် ငွေရှိသည့်အတွက် သူမ၏မြေးမအတွက် ခန်းဝင်ပစ္စည်းလက်ဖွဲ့ရန် နှမြောမနေတော့ပေ။ ထိုအချိန်က ပစ္စည်းများကလည်း စျေးကြီးနေပြီး ရှားပါးနေ၏။ ဒါကြောင့် လူတိုင်းအတွက် လိုအပ်သည့်ဓာတ်ဘူးနှင့် ကြွေခွက်များကဲ့သို့ ပစ္စည်းများကိုပင် သမဝါယမတွင်အများကြီးမရှိသည့်အတွက် တန်းစီ၍ဝင်ရသည်။
မှောင်ခိုစျေးကွက်တွင်တော့ အချို့ရှိနိုင်ပေမဲ့ စျေးမြင့်သည်။ မဟုတ်ရင် ဘာလို့မှောင်ခိုစျေးကွက်ကလူတွေက စွန့်စားပြီး ရောင်းချနေမှာလဲ။
ချင်းရှန်းကလည်း သူ့အစ်မကြီးကို မင်္ဂလာလက်ဖွဲ့ပေးလိုသည်။ ဘဝ၏ နှစ်ကြိမ်မြောက်တွင် သူ့အစ်မက ပျော်ရွှင်မှု ရှာတွေ့သွားခဲ့လေပြီ။ သူမ ဘာပေးသင့်လဲ။သူ့တွင် အစားအသောက်နှင့် အဝတ်အထည်များလည်းလုံလောက်သည့်အတွက် ထိုအရာများပေးလျှင် အဓိပ္ပါယ်မရှိပေ။ ချင်းရှန်းက သူ့အစ်မကိုမေးလိုက်၏။
"အစ်မ လိုအပ်တာဘာရှိလဲ။ ဘာမှမလိုအပ်ဘူးလို့မပြောပါနဲ့။"
သူမက ငယ်ငယ်ကကဲ့သို့ ထက်မြက်နေသေးသောကြောင့် အိုက်လန်၏ ရင်ထဲနူးညံ့သွားသည်။ သူမက သူမဘာသာတွေးလိုက်သည်။ "ငါလည်း ပုံမှန်အလုပ်ရှိရင်ကောင်းမယ်။"
သူမ ယခုမပြောလိုက်သည့်စကားက သူမ၏ ပျားရည်စမ်းခရီးအတွက် ခွင့်ရက်နှင့် အိမ်ရရန်ကူညီခြင်းများအတွက် မစ္စတာချန်က တစ်ခုပြောလိုက်သေးသည်။ သူမက အလုပ်ပါပြုတ်သွားနိုင်သည်။
မစ္စတာချန်က ယခုလန်ဟဲမြို့၏ စားသောက်ပုံများကို ကျင့်သားရနေသည့်အပြင် ဓာတ်ခွဲခန်းအထိအစားအသောက် လာပို့ပေးသူ ရှိနေသည့်အတွက် အိုက်လန်က ချက်ပြုတ်ပေးရန် မလိုအပ်တော့ပေ။ အိုက်လန်က အသက်လည်း မငယ်တော့သည့်အပြင် လက်ထပ်ပြီးလျှင် အမျိုးသားနှင့်ကလေးများကို ဂရုစိုက်ရမည်။ သူက သူမကိုအစားအသောက်ချက်ပြုတ်ရန်အတွက် အနားတွင် ခေါ်မထားနိုင်တော့ပေ။ သူက သူမကို ပို၍ကျယ်ပြန့်သော လောကကြီးကို ထွက်စေချင်ပြီး သူမနှင့်သင့်လျော်သော အလုပ်ကို ရစေလိုသည်။
ဒါကြောင့် ချင်းအိုက်လန်က သူမ၏အနာဂတ်အလုပ်နှင့်ပတ်သက်၍ အနည်းငယ်စိတ်ပူနေ၏။
သူမ ထုတ်ပြောလျှင်တောင် လိုင်တိက သူမကို အလုပ်မပေးနိုင်မည်ကို စိုးရိမ်နေမိသည်။ ပြီးတော့ ဒီလိုခေတ်မှာ ဘယ်သူက အလုပ်တိုက်ရိုက်ပေးလို့လဲ။
လိုင်တိက ငယ်ရွယ်သော်လည်း လုပ်ရည်ကိုင်ရည်ရှိပြီး အသက်ငယ်ငယ်တွင် ကျန်းမာရေးစင်တာ၏ ဒါရိုက်တာဖြစ်လာသည်ဆိုပေမဲ့ သူမအတွက်တော့ အလုပ်မရှာပေးနိုင်သေးပေ။
မထင်မှတ်ထားစွာပဲ ချင်းရှန်း၏ မျက်လုံးများက အရောင်လက်သွားသည်။ "ဟုတ်ပြီ၊ ကျွန်မလုပ်န်ိုင်တယ်။"
"ဘာကိုပြောတာလဲ။"
ချင်းရှန်းက ပြုံးပြီးသူ့အစ်မနှင့် အဘွားကိုကြည့်လိုက်သည်။ "အစ်မကြီးက အလုပ်လုပ်ချင်တယ်ဆိုရင် ကျွန်မမှာနည်းလမ်းရှိတယ်။"
ချင်းရှန်းက မကြာမီလများထဲတွင် နွေဦး ပြန်လည်တည်ထောင်ဖွင့်လှစ်ခြင်းက တောင်ဘက်မှစလာတော့မည်ကိုသိသည်။ အတွင်းပိုင်းဒေသများတွင် အချ်ိန်အတော်ကြာလိုအပ်သည်ဆိုသော်လည်း ဒါကစတင်ရန်အချိန်ကောင်းဖြစ်သည်။
အစ်မကြီးက အဘွား၏ ဟင်းချက်အစွမ်းကိုလိုက်မီပြီးဟင်းချက်ကျွမ်းသည်။ ချင်းရှန်းက ယခင်ဘဝ လျိုကျားဝေ့ထံမှ အသတ်မခံခဲ့ရလျှင် ပြန်လည်ထူထောင်ကာလအပြီးတွင် ဟုန်ရှင်းမြို့တွင် စားသောက်ဆိုင်ဖွင့်ရန်တွေးထားသည်။ မချမ်းသာနိုင်သော်လည်း အနည်းဆုံးတော့ အစားအသောက်အဝတ်အထည်ကောင်းကောင်းဝတ်နိုင်သည်။
"သူမက ဟုန်ရှင်းမြို့တွင် စားသောက်ပွဲများ၌ ဟင်းချက်ကူခဲ့သည်သာမက စားသောက်ဆိုင်တွင်လည်း အလုပ််ဝင်လုပ်ဖူးတယ်လေ။ အစ်မကြီး လန်ဟဲမြို့မှာရှိနေချိန်ကလည်း စားသောက်ပွဲပြင်ပေးလို့ ရတယ်မလား။ အစ်မကြီးက အတွင်းရေးမှုးကုန်းနဲ့ ဒါရိုက်တာလီတို့အိမ်လည်း ရောက်ဖူးတယ်လေ။ အစ်မကြီးက အခြားနေရာတွေမှာသွားလုပ်မယ့်အစား ကိုယ်တိုင်စားသောက်ဆိုင်ဖွင့်သင့်တယ်။ အစ်မချက်တဲ့စားစရာ စားချင်ရင် ဆိုင်ကိုလာပြီးစားရမယ်။ ဒီလိုသာဆိုရင် ပိုပြီးရသလို လွတ်လပ်တယ်လေ။"
မြေးအဘွားများက နားမလည်နိုင်ဖြစ်သွားသည်။
"သာမန််လူတစ်ယောက်က ဘယ်လိုလုပ် စားသောက်ဆိုင်ဖွင့်မှာလဲ။"
ချင်းရှန်းက ဖြစ်မလာသေးသည့်အရာကို ရှင်းမပြနိုင်သေးပေ။ သူမက အနာဂတ်တွင် ကိစ္စကြီးတစ်ခုဖြစ်လာမည်ကို သတင်းစာတွင်ဖတ်မိထားသည်ဟု ပြောလိုက်သည်။
ချင်းကွေ့ဟွားက သူမအဓိပ္ပါယ်မရှိသော စကားများ ပြောနေသည်ဟု ထင်သော်လည်း အိုက်လန်က သေချာတွေးကြည့်လိုက်သည်။ တတိယမောင်လေးအတွက် ကောလိပ်ဝင်ခွင့်ပြန်ဖြေရမည်ဟု သူမပြောခဲ့သည်ကိုမှတ်မိနေသေးသည်။ ထိုအချိန်ကလည်း မဖြစ်နိုင်ဟု သူမထင်ခဲ့သော်လည်း မစ္စတာချန်ကတောင် ဘာမှမပြောရဲပေ။ သို့သော် သူမက ယုံကြည်ပြီး လျိုကျီရှန်းအတွက် သင်ထောက်ကူများရှာပေးခဲ့သည်။ မကြာခင်တွင် တကယ်ပဲပြန်ဖြေရသည်။ ကြိုလေ့ကျင့်ထားသောကြောင့် သူက ကောင်းကောင်းဖြေနိုင်ခဲ့သည်။
အတော်ကြာတော့ အိုက်လန်က နှုတ်ခမ်းကိုက်ပြီးပြောလိုက်သည်။ "ကောင်းပြီ စကားနားထောင်လိုက်ပါမယ်။"
"ဒါဆို အစ်မ ရက်နည်းနည်းလောက်နေရင် စားသောက်ဆိုင်မှာ အလုပ်သွားလုပ်ပါ။ တစ်နှစ်လောက်လုပ်ပြီး ငွေစုထားရင် နေက်နှစ်နှစ်လောက်ဆိုရင် ဆိုင်ဖွင့်လို့ရပြီ။"
အိုက်လန်၏ မျက်လုံးများထဲ အရောင်လက်သွား၏။
"တကယ်လား။"
ချင်းရှန်းက နှစ်နှစ်အတွင်း အကောင်အထည်ပေါ်လာမည်ဟု တွေးမိထားသည်။