← Chapters

Chapter 81

Vol. 7 Ch. 81

Chapter 81

Vol. 7 Ch. 81

ပထမလပြည့်၏ ဆယ်ရက်မြောက်နေ့အပြီးတွင် ချင်းမိသားစုကအလုပ်ရှုပ်နေခဲ့သည်။ အမှန်တော့ အိုက်လန်၏ မင်္ဂလာခန်းက ယခင်ကပဲ ပြင်ဆင်ခဲ့ပြီး ဆိုသော်လည်း အားလုံးကနေ့တိုင်းသွားကြည့်နေကြပြီး ထပ်ထည့်စရာတစ်ခုခုရှိနေသလို အမြဲခံစားရသည်။

အိမ်က ချင်းရှန်းတို့အိမ်၏ မျက်နှာချင်းဆိုင် သုံးအိမ်အကွာတွင်ရှိနေသည်။ ချင်းရှန်းတို့အိမ်နှင့် အရွယ်အစားတူသော်လည်း ခပ်ဝေးဝေးတွင်ရှိနေသည်။ မျက်နှာချင်းဆိုင်လမ်းတွင် အစိမ်းရောင်ဆေးစိုက်ခင်းများရှိသောကြောင့် ရှူခင်းက အတော်လှပသည်။

အပြင်ခန်းက ပင်မအခန်းဖြစ်ပြီး ဆေးအသစ်များ သုတ်ထားပြီးမျက်စိထဲတွင် အာရုံစိုက်မိနေစေသည်။ စတိုးဆိုင်မှ ပြန်ဝယ်ထားသော တစ်ပတ်ရစ်ဗီရိုနှစ်လုံး၊ ကြိမ်ထိုင်ခုံနှင့်ဆိုဖာများ၊ နံရံဘေးတွင် အဝတ်တင်သည့် စားပွဲခုံရှိနေသဖြင့် နွေးထွေးသည့်ပုံစံပေါ်နေသည်။ အာရုံစိုက်မှုအဓိက အရဆုံးနေရာကတော့ ဆီအနံ့များရနေသော အပ်ချုပ်စက်အသစ်ဖြစ်သည်။

ထိုအချိန်က ရေဒီယို၊ အပ်ချုပ်စက်နှင့် စက်ဘီးများက အလွန်ချမ်းသာသည့် မိသားစုများကသာ ခန်းဝင်အဖြစ်လက်ဖွဲ့ခြင်းဖြစ်သည်။ ချင်းကွေ့ဟွားက ဒါကိုဝယ်လာသောအခါ စက်ရုံရှိလူတိုင်း ဆွံ့အသွားကြတော့သည်။

မနာလိုသူများ၊ အားကျသူများလည်းရှိသလို အပျော်သဘောဖြင့် ကြည့်ကြသူများလည်းရှိသည်။ စက်ရုံရှိ အတွင်းရေးမှူး၊ လက်ထောက်နှစ်ယောက်နှင့် အာဏာရှိသော အလုပ်ရုံ ဒါရိုက်တာတို့တွင်သာ ဤသို့သော ပစ္စည်းမျိုးရှိသည်။ ချင်းအိုက်လန်ကဲ့သို့ နောက်တစ်ကြိမ်လက်ထပ်သည့် အလုပ်သမားပင် မဟုတ်သူက ယခုလို လက်ဖွဲ့ပစ္စည်းကောင်းရသဖြင့် လူအများက တကယ်ကို အံ့သြနေမိကြသည်။

ချင်းကွေ့ဟွားကတော့ ဂရုမစိုက်ပေ။ သူမက သူမ၏ မြေးမကို ကမ္ဘာပေါ်တွင်အပျော်ရဆုံး သတို့သမီးဖြစ်စေချင်သည်။

ထို့အပြင် သူမ၏မြေးမကြီးက စက်ချုပ်ရသည်ကို သဘောကျသည့်အတွက် အနာဂတ်တွင် သူမနှင့်သို့သို့အတွက် အဝတ်အထည်များ ချုပ်ပေးနိုင်သည်။ အပ်ချုပ်စက်မရှိလျှင် လက်နှင့်ချုပ်ရသောကြောင့် မျက်လုံးကောင်းလျှင်တောင် အာရုံစိုက်နိုင်ရန်ခက်ခဲသည်။

အတွင်းခန်းကတော့ ချင်းရှန်းတို့နှင့် ဆင်တူသည်။ ခုတင်ကြီးပေါ်တွင် အနီရောင်အိပ်ယာခင်းများရှိနေပြီး အိပ်ယာအဆုံးတွင် လက်ဖွဲ့အဖြစ်ရထားသော စောင်အသစ်များရှိနေလေသည်။ ထိုအခန်းထဲတွင် စားပွဲခုံကြီးနှင့် ထိုင်ခုံများသာရှိသည်။

ယခင်ဘဝက သူမမြင်ခဲ့ရသော မင်္ဂလာခန်းနှင့်ယှဥ်လျှင် ဒီတစ်ခုကရိုးရှင်းသော်လည်း ပျော်ရွှင်မှုကတော့ အတူတူပင်ဟု ချင်းရှန်းထင်မိသည်။

ဒါက ချင်းမိသားစု ပြောင်းလာပြီးချိန်မှစ၍ ပထမဆုံးလုပ်သော မင်္ဂလာပွဲဖြစ်၏။ ချင်းကွေ့ဟွားက ငွေအတော်များများ သုံးထားသည်။ ခန်းဝင်လက်ဖွဲ့များအပြင် သူမက အနီးရှိရွာမှ ဝက်သားဝယ်ပြီး ဟင်းအဖြစ် အသားသုံးမျိုးနှင့် အသီးအရွက် ဟင်းသုံးမျိုးလုပ်ကျွေးခဲ့သည်။ စားပွဲတိုင်းတွင် ဝိုင်နှစ်မျိုးရှိသည်။ ဒါက အကောင်းဆုံးဖြစ်သည်။ အလွန်အေးမနေလျှင် သူမက အအေးစာဟင်းနှစ်မျိုးပါ လုပ်ဖြစ်ဦးမည်။

မင်္ဂလာပွဲကြောင့် ချင်းယောင်တိနှင့် နျိုသာ့ကန်းကလည်း နှစ်ရက်အကြိုကပင် ကူညီရန်ရောက်နေသည်။ ရှောင်ရှန်းယုံက ကျောင်းမဖွင့်သေးသောကြောင့် အတူလာခဲ့သည်။ သုံးနှစ်လောက်အထိ မတွေ့ခဲ့ရသောစုံတွဲက ကောင်းကောင်းမွန်မွန် ဝတ်စားထားသည်။ သူတို့က ပိန်နေပြီး ယခင်ထက်ပို၍ တက်ကြွလန်းဆန်းနေပုံပေါ်သည်။ သူတို့က လယ်လုပ်ငန်းများ အကောင်းဆုံးဖြစ်ရန် ကြိုးစားသင့်သည်။

သူတို့အကောင်းဆုံးကြိုးစားသည်ဆိုသော်လည်း တကယ်ခက်ခက်ခဲခဲ ကြိုးစားသည်တော့ မဟုတ်ပေ။ သူတို့က ကြိုးကြိုးစားစား စိတ်နှစ်၍ လုပ်မရသောကြောင့် ပျင်းရိမှုကတော့ ရှောင်လွှဲ၍မရပေ။

သို့သော်လည်း သူတို့၏ယခင်ဘဝတွင် လယ်အလုပ်က ပင်ပန်းသောကြောင့် သူတို့က စားသောက်ဆိုင်အသေးစားဖွင့်ခဲ့သည်။ သူတို့၏ဘဝတွင် အနိမ့်အမြင့် အတက်အကျများရှိနေပြီး ရှန်းယုံကျောင်းမှ ဘွဲ့ရပြီး အိမ်ထောင်ကျကာ ကလေးရတော့မှ ကောင်းမွန်သည့်ဘဝစခဲ့လေသည်။

သူတို့စုံတွဲက လယ်အလုပ်မကျွမ်းကျင်သော်လည်း လူမှုရေးကိစ္စများနှင့် ပွဲလမ်းသဘင်စီစဉ်မှုများတွင် ကျွမ်းကျင်သည်။ ယခု အိုက်လန်က သတို့သမီးအပ်နှံပွဲအခမ်းအနားများတွင် မပါဝင်နိုင်သောကြောင့် သူတို့ကသာ မင်္ဂလာပွဲကိုစီစဉ်သူများဖြစ်၏။

ထင်း၊ ဆန်၊ ဆီ၊ ဆားနှင့် ဝက်သားများက ယခင်ထဲကဝယ်ထားသည့်အရာများဖြစ်သည်။ သူတို့ရောက်သည်နှင့် ဧည့်ခံပွဲအတွက် ပြင်ဆင်ကြတော့သည်။ ပထမဆုံးအနေနှင့် သူတို့စုံတွဲက ချင်းကွေ့ဟွားကို အသုံးစရိတ်ကိစ္စမေးမြန်းပြီး စျေးနှင့်ကိုက်ညီသော ဟင်းပွဲများစီစဉ်ခဲ့ပြီး အဘွားနှင့် အစ်မကြီးကို ရွေးချယ်ခိုင်းလိုက်သည်။ရွေးချယ်ပြီးနောက် သူတို့က မိသားစုနယ်မြေမှ အကူအညီပေးနိုင်မည့် လူများကိုခေါ်ပြီး ကျွမ်းကျင်မှုအရ တာဝန်ခွဲပေးလိုက်သည်။

ချင်းယွမ်တိက ကျန်းယွဲ့ဟုန်နှင့် အခြားအမျိုးသမီးအချို့ကို ဟင်းသီးဟင်းရွက်များ ဆေးကြောသန့်ရှင်းရန်ခေါ်သွားပြီး နျိုသာ့ကန်းကတော့ ဆရာကျန်းနှင့်အခြားသူများနှင့်အတူ ဝက်သားများကို ဆေးကြောသန့်စင်ပြီး ဘဲသုံးကောင်ကိုလည်း ချက်ပြုတ်ရန်ပြင်ဆင်ကြသည်။

ဝက်သားကို အဆီများသည့် နေရာများကို ဝက်သားနှပ်လုပ်ပြီး ကြာဇံနှင့်ဂေါ်ဖီချဉ်စွပ်ပြုတ်လည်းလုပ်ခဲ့သည်။ ပြီးနောက် ဘဲသားနှပ်လည်းပါသေးသည်။ အလွန်အရသာရှိသည့် စားစရာများအနံ့ကို မိသားစုနယ်မြေ အဝင်ဝတည်းက ချင်းရှန်းရနေမိသည်။

"အမေ အသားတွေက အရမ်းအနံ့မွှေးတယ်နော်။"

သို့သို့က ရှန်းယုံကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး အခြားတစ်ဖက်တွင် ဘဲပေါင်တစ်ဖက်ကိုင်ထားသည်။

ပုံစံကိုကြည့်ရလျှင် ဓားနှင့်လှီးဖြတ်ထားပုံပေါ်သည်။

"တတိယအဒေါ်။"

ရှန်းယုံက သူမကိုဂရုတစိုက်ကူညီပေးနေပြီး ပေကျံနေသည်များကိုလည်း သုတ်ပေးကာ လေကြောင့်ပုံစံပျက်သွားသည့်ဆံပင်များကိုလည်း ပြင်ပေးနေသည်။

"လိမ္မာတယ် ရှန်းယုံက ညီမလေးကို ဂရုစိုက်ပေးနေတာပဲ။ ဘဲပေါင်က ကြီးလွန်းတယ်။ ထက်ဝက်ခွဲပေးမယ် နှစ်ယောက်လုံးစားကြပေါ့။"

"အမေက ညီမလေးကိုပေးတာပါ။ ကျွန်တော်က အကြီးမလို့ မလိုပါဘူး။"တကယ်တော့ သူ၏အမေက သူ့အတွက်လည်း တစ်ခုပေးသော်လည်း သူက ဧည့်ခံပွဲအတွက်မလောက်မည်စိုးသောကြောင့် ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

သူက နျိုရှန်းယုံဖြစ်သော်လည်း အလွန်စည်းကမ်းကြီးသောကလေးဖြစ်သည်။ သူ၏မိဘများနှင့်မတူဘဲ သူက ဘဲခြေထောက်နှင့် လည်ပင်းများကို စားသောက်ပွဲမတိုင်မီစားခဲ့ပြီးဖြစ်သည်။

ချင်းရှန်းက ပြောစရာစကားမရှိဖြစ်သွားရသည်။ သူမ၏ ဒုတိယအစ်မက တကယ်ကို အတည်ပေါက်လုပ်နေခြင်းဖြစ်သည်။ ဒီလိုဘဲပေါင်ကို အခြားကလေးများက မြင်သွားခဲ့လျှင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာမယ်ဆိုတာ ဘယ်သူသိမှာလဲ။ ခွေးရိုင်းတစ်ကောင်ဆိုလျှင်တောင် တစ်ကိုက်ထဲနှင့် လုစားသွားလိမ့်မည်။

ယခင်နှစ်နှစ်အတွင်း စက်ရုံ၏ လူနေဧရ်ိယာတိုးချဲ့ထားသောကြောင့် လေလွင့်ခွေးနှင့်ကြောင်များက ဘယ်နေရာကမှန်းမသိ ပေါ်လာသည်။ ထိုတိရစ္ဆာန်များက ပုံမှန်ဆိုလျှင် အနားမကပ်သော်လည်း လက်ထဲတွင်အသားကိုင်ထားသည့် ကလေးနှစ်ယောက်ထဲဆိုလျှင်တော့ အန္တရာယ်ပြုနိုင်သည်။

ဘဲပေါင်ကို နှစ်ပိုင်းပိုင်းလိုက်ပြီး အသားများသည့်အပေါ်ပိုင်းကို ရှန်းယုံကိုပေးလိုက်ပြီး ကိုင်၍ရသောအချောင်းပါသည့်အောက်ပိုင်းကိုတော့ သို့သို့ကိုပေးလိုက်သည်။ သူတို့မောင်နှမက ပို၍ပျော်ရွှင်သွားပြီး သူတို့အမေ(တတိယအဒေါ်)၏ စကားကိုနားထောင်ကာ အပြင်မထွက်ဘဲ အိမ်ထဲတွင်သာ လှည့်ပတ်ဆော့ကစားနေလိုက်၏။ ယုန်ကလေးက သူတို့ကို ကြောက်နေသောကြောင့် အနားမကပ်ဘဲ အဝေးတွင်သာနေသည်။

ဘဲပေါင်က နှပ်ထားပြီးသားဖြစ်ပြီး ငန်ပြီးမွှေးနေသည်။ ကလေးများက စားရလျှင် ကြွားချင်သည့်အတွက် သို့သို့လည်း ထိုအတိုင်းပင်။ သူမက အရသာရှိသည့်ပုံစံနှင့်အသံမျိုးစုံလုပ်ပြနေသည့်အတွက် မကြာခင်မှာဘဲ ဘေးအိမ်မှ အိမ်စာလုပ်နေသည့် ကျောက်ဟိုင်ယန်းတို့မောင်နှမက မနာလိုဖြစ်ပြီး စားချင်လာကြသည်။

ဟိုင်ယန်က နှုတ်ခမ်းဆူလိုက်သည်။ "စားချင်တယ် အစ်ကို။"

ကျောက်ဟိုင်ယန်းက တံတွေးမြိုချပြီး ပြောလိုက်သည်။

"ပါးစပ်ပိတ်ပြီး အိမ်စာလုပ်တော့။"

သူ့အဖေ ကွာရှင်းပြီးချိန်ကပဲ ဘယ်သူကမှ သူတို့ကို အဝတ်လျှော်၊ ချက်ပြုတ်ခြင်းများတွင် ကူညီပေးမည့်သူမရှိသလို လူကြီးများက သူတို့အဖေက အဒေါ်ပေါင်ကျူးကို စိတ်ဆိုးအောင် လုပ်သောကြောင့် ထွက်သွားရသည်ဟုပြောကြသည်။ ဟိုင်ယန်ကလည်း ထိုသို့ခံစားရသည်။ သို့သော်လည်း ဟိုင်ယန်းကတော့ မတူညီပေ။ သူက သူ့အဖေကိုသာ အလေးပေးသည်။ အဒေါ်ပေါင်ကျူးကသာ သူ၏အဖေကို တန်ဖိုးမထားဘဲ ဘဝကိုအကျိုးရှိရှိ အသုံးမချသူဟု ထင်မိသည်။ ယခုသူမက သူတို့ကို ထားသွားသောကြောင့် အနာဂတ်တွင် ကျောက်ဟိုင်ယန်းက သူမကိုပြန်မကြည့်ပေ။

ဒါကိုတွေးမိရင်း သူက အင်္ကျီလက်ကို ခေါက်တင်ကာ တံတွေးမြိုချလိုက်ပြီး အိမ်စာဆက်လုပ်လိုက်သည်။

သူက အဆင့်အတန်းမြင့် အရာရှိတစ်ဦးဖြစ်အောင်လုပ်ပြီး သူ့အဖေ ဂုဏ်ယူရအောင်လုပ်ပေးမည်။

ကံတရားကိုတွေးနေရင်းဖြင့် သူက ဗိုက်မဆာတော့သလို အေးလည်း မအေးတော့ဘဲ အပြင်ဘက်တွင်ဘာဖြစ်နေသည်ကို မသိတော့သကဲ့သို့ဖြစ်သွားသည်။

စက်ရုံက ၅နာရီခွဲ အလုပ်ဆင်းပြီး ပွဲက ၆နာရီတွင်စတင်သည်။ အနီးအနားရှိ ချင်းမိသားစုမိတ်ဆွေများလည်း လာလည်ကြသည်။

အမေ့ဘက်မိသားစုအနေနှင့် ချင်းရှန်းက အလုပ်ရှုပ်နေသည်။ ချင်းကွေ့ဟွားက နှစ်သစ်အတွက် ဝတ်စုံသစ်များကိုဝတ်ထားပြီး ထက်ဝက်လောက်ဖြူနေပြီဖြစ်သောဆံပင်များကို ဆံထုံးထုံးထားသည်။ သူမက ပင်မခန်းတွင်ထ်ိုင်နေပြီး လူများလာနှုတ်ဆက်မည်ကိုစောင့်နေသည်။ သူမကိုမြင်သူတိုင်းက "ဂုဏ်ပြုပါတယ် အဒေါ်ချင်း"ဟုလာနှုတ်ကြသည်။ ဒီလိုလေးစားမှုမျိုးကို သူမအသက်၅၀ အစောပိုင်းတွင်မရခဲ့ပေ။

စက်ရုံက ကြီးမားပြီး လူအတော်များများက ရင်းနှီးပြီးသားဆိုသော်လည်း ငွေကြေးအထောက်အပံ့များကတော့ ကန့်သတ်ချက်ရှိသည့်အတွက် စားသောက်ပွဲအတွက် စားပွဲရှစ်ဝိုင်းသာရှိသည်။ ထိုသို့ဖြစ်နေသော်လည်း ဘေးအိမ်မှ ကျောက်ချင်းစုန့်အပါအဝင် အခြားသောမိတ်ဆွေများလည်း လူစုံကြသည်။

သို့သော်လည်း သူတို့အတွက် ထူးဆန်းသည့်အရာကတော့ ကျောက်ချင်းစုန့်က စိတ်ဓာတ်ကျသည့်ပုံစံဖြင့်လာကာ ပုံမှန်လိုပဲအစားစားပြီး ဝိုင်တစ်ငုံမျှမသောက်ဘဲ ပြန်သွားခြင်းဖြစ်သည်။ ဟိုင်ယန်းနှင့်ဟိုင်ယန်တို့မောင်နှမကတော့ ဘယ်သူပဲခေါ်ခေါ် ဗိုက်ပြည့်နေပြီဟုသာပြောပြီး ထိုနေရာမှထွက်မလာပေ။

အားလုံးက သူတို့ယခုနေရသည့်ဘဝကို သိသော်လည်း ကလေးက ဒီလိုပြုမူနေသည့်အတွက် ထူးဆန်းသလိုခံစားနေရသည်။

ချင်းရှန်းကတော့ ဂရုမစိုက်ဘဲ လုပ်ချင်ရာသာလုပ်ခိုင်းထားသည်။

စားသောက်ပွဲအပြီးမှာတော့ စစ်ဝတ်စုံဝတ်ထားသည့် သတို့သားနှင့် အနီရောင်ဝတ်ထားသော သတို့သမီးက ယမကာတိုက်ရန်ရောက်လာပြီး ပတ်ဝန်းကျင်ကို စည်ကားသွားစေသည်။

စားသောက်ပြီးချိန်မှာတော့ စက်ရုံတစ်ခုလုံးအတွက်ပျော်စရာဖြစ်သော သတို့သမီးအိပ်ခန်းမဝင်မီ စနောက်ခြင်းဖြစ်သည်။

ချင်းရှန်းက ယခင်ဘဝတွင် ဒီလိုမြင်ကွင်းမျိုး မကြာခဏမြင်ဖူးထားသည်။ တစ်နေ့လုံး အလုပ်ရှုပ်ထားရသည့်အတွက် သူက လှဲအိပ်ချင်သော်လည်း သို့သို့ကအပျော်တမ်း စပ်စုချင်နေသည်။

ရှောင်ဟဲက မစ္စတာချန်နှင့် လုပ်ဖော်ကိုင်ဖက်များကို စကားပြောနေရသည့်အတွက် ထွက်သွားလို့မရပေ။ ဒုတိယအစ်မကလည်း ကလေးကို ဂရုစိုက်ရန်မအားပေ။ သူမက အခြားသူများနှင့် ကလေးကို မထားခဲ့နိုင်သည့်အတွက် သူမကိုယ်တိုင်သာစောင့်နေရသည်။

မိန်းမနှင့်အတူ ပန်းသီးကိုက်၍ လှည့်ခြင်းတို့ကဲ့သို့ ကိစ္စမျိုးကဲ့သို့ လူအများကစိတ်ဝင်စားသော်လည်း အမျိုးသမီးနှင့်အမျိုးသားတို့ ဘယ်လိုအဆင်ပြေနေကြသည် မစူးစမ်းသင့်သည့်အရာဟု နားလည်သည်။ မင်္ဂလာပွဲနေ့မှာတော့ အရာအားလုံးကို ခွင့်ပြုထားပုံရပြီး အားလုံးက "နမ်းလိုက်" ဟုသာအော်နေကြသည်။

ရှန်းယုံနှင့်သို့သို့က ရှက်သော်လည်း ကြည့်ချင်နေသည်။ သူတို့က နားကိုလက်နှင့်အုပ်ရုံသာလုပ်နေပြီး လက်များကာပြီး လက်ချောင်းများကြားမှ ခိုးကြည့်နေသည်။

"နမ်းတယ် ရှက်စရာကြီး.."

"အဖေ အဒေါ်..."

ချင်းရှန်းက ပြုံး၍ကြည့်နေလိုက်သည်။ ဘဝ၏ဒုတိယအကြိမ်မြောက် အချိုးအကွေ့တွင် သူမ၏ အစ်မကြီးက သူမကိုချစ်ခင်လေးစားသည့် ခင်ပွန်းကောင်းနှင့်တွေ့သွားခဲ့လေပြီ။

လက်ထပ်အပြီး ငါးရက်မြောက်နေ့တွင် ဟဲလျန်ရှန်းနှင့် လျ်ိုကျီရှန်းက ထောက်ပို့ကားနှင့် ခရိုင်မြို့သို့သွားကာ တက္ကသိုလ်သတင်းပို့ရန်သွားသည်။

သူတို့နှစ်ဦးက ကျောင်းမတူသော်လည်း လမ်းတစ်လမ်းသာခြားသည်။ တစ်ခုခုဆိုလျှင်လည်း အချင်းချင်း ဂရုစိုက်၍ရသည်။ ချင်းကွေ့ဟွားက ပို၍စိတ်အေးချမ်းရသည်။

သူမကိုပိုပျော်စေသည့်အရာက လက်ထပ်ပြီးတစ်ပတ်အကြာတွင် အိုက်လန်က စက်ရုံစားသောက်ဆိုင်တွင် အလုပ်ရသွားခြင်းဖြစ်သည်။

သူမ၏ မြေးမက ဘယ်လောက်တောင်လုပ်နိုင်လိုက်သလဲ? စားသောက်ဆိုင်တွင် လုပ်ချင်သူအများကြီးရှိသော်လည်း သူမမိသားစုဝင်တစ်ယောက်၏ စကားတစ်ခွန်းကြောင့် အစ်မကြီးက အားစိုက်စရာမလိုဘဲ အလုပ်ရသွားသည်။

ဒါကလည်း သူမကို ပျော်ရွှင်စေမည့်နည်းလမ်းဖြစ်သည်။ သူမက အပြင်လူများထံမှ အမုန်းစကားများမကြားလိုပေ။ ယခု သူမ၏ မြေးသမက်နှစ်ဦးလုံးမှာ ကောလိပ်ကျောင်းသားများဖြစ်ကြပြီး လိုင်တိကခေါင်းဆောင်တစ်ယောက်ဖြစ်ကာ သတိပြုရမှုများရှိသောကြောင့် ခေါင်းဆောင်၏ မိသားစုဝင်တစ်ယောက်အနေနှင့် အရာအားလုံးကို အားလုံးအား ပြောနေ၍မရပေ။

သေချာပေါက် ချင်းရှန်းက သူမကခေါင်းဆောင်တစ်ယောက်ဖြစ်သောကြောင့် အစ်မဖြစ်သူကို အလုပ်ပေးနိုင်ခြင်းမဟုတ်ဘဲ သူမ၏ လုပ်သက်ကြောင့်သာဖြစ်သည်။ စားသောက်ဆိုင်က လက်ထောက်လျို၏ လက်အောက်မှဖြစ်သည်။ လက်ထောက်လျိုမိဘများတွင် သွေးတိုးရောဂါရှိပြီး အစားအသောက်မဆင်ခြင်သည့်အတွက် သွေးမကျပေ။ ယခင်နှစ်များတွင် သူမက တ်ိုင်းရင်းဆေးနှင့် ထိန်းချုပ်ပေးခဲ့သည်။ ဆေးမသောက်တော့သည့်တိုင် ပို၍နေကောင်းလာပြီး ရောဂါများလည်း မရှိတော့ပေ။

လက်ထောက်လျိုက ကျေးဇူးသိတတ်သူဖြစ်သည်။ ချင်းရှန်းက စားသောက်ဆိုင်တွင် ဝန်ထမ်းလိုမလိုမေးရုံဖြင့် သူက အိုက်လန်ကို အလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ဒါက ယာယီအလုပ်ဆိုသော်လည်း ချင်းရှန်းကျေနပ်သည်။

အိုက်လန်က ယခု စားသောက်ဆိုင်သို့သွား၍ ဟင်းချက်စွမ်းရည်တိုးလာပြီး ဖောက်သည်များ ရလာနိုင်သည်။ သူမက ကြာကြာနေရမည် မဟုတ်သည့်အတွက် ရာထူးတစ်ခုရထားရန်မလိုပေ။

သူမအစ်မကြီး ကိစ္စဖြေရှင်းပေးပြီး ဒုတိယအစ်မတို့ကိုပြန်ပို့ပြီးချိန်မှာတော့ ချင်းရှန်းက ဆေးပင်များထံအာရုံစိုက်ခဲ့သည်။

ပထမတစ်ခါ စိုက်ပျိုးပြီးသည့် တရုတ်ရိုးရာဆေးအားလုံးက ရောင်းထွက်သွားပြီး ချင်းရှန်းက စာရင်းစာအုပ်ယူကာ ချန်ကွေ့ယင်းကို အားလုံးရှေ့တွင် ကျယ်ကျယ်ဖတ်ပြခိုင်းလိုက်သည်။

"အခုလက်ရှိ ၁၉၇၈ခုနှစ် မတ်လ ၃၁ရက်တွင် မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အခြားအရာများအတွက် ကုန်ကျစရိတ်များဖ ယ်လိုက်ပြီး ဌာနက အမြတ်ငွေစုစုပေါင်း ၁၁၂၈ယွမ်နဲ့ ၄ ဆင့်ရထားပါတယ်။"

သူမရှေ့တွင် ဘာဖတ်ပြခဲ့သည်ကို မသိတော့ဘဲ ဂဏန်းများကြောင့်သာ အားလုံးအံ့သြသွားကြသည်။

ဒါက ယွမ်၁၁၀၀၀ ထက်ပိုများသည်။ တရုတ်နှစ်သစ်ကူးတွင် အပိုဆုကြေးများအပြင် ကျန်ခဲ့သည့်ငွေဖြစ်သည်။

"နားကြားမမှားပါဘူးနော်။ အဲ့လောက်အများကြီး စာရင်းထဲရှိနေတာလား။"

"ဘယ်အချိန်က ဒီလောက် ငွေအများကြီးရှိသွားတာလဲ။ ဘာလို့ မသိခဲ့ရတာလဲ။"

"ငွေတွေ ဒီလောက်အများကြီးနဲ့သာဆိုရင် နောက်နှစ်အတွက်နွားဆယ်ကောင်လောက်တောင် ဝယ်နိုင်တယ်မလား။"

"ဆယ်ကောင်က ဘာမှမဟုတ်ပါဘူး။ အကောင်နှစ်ဆယ်။"

ချင်းရှန်းက အားလုံးအံ့သြနေကြသောကြောင့် စိတ်ကျေနပ်မိသည်။ သူမ လိုချင်သည်က ဒါဖြစ်သည်။ သူမက လောင်ချန်နှင့် မတူပေ။ လောင်ချန်က အကျိုးအမြတ်ဖြစ်ဖြစ် အကြွေးဖြစ်ဖြစ် လက်ထောက်များမှလွဲ၍ လူသိမခံဘဲ တ်ိတ်တဆိတ်ဖြေရှင်းသည်။ သူက တစ်ကိုယ်ကောင်းဆန်၍မဟုတ်ဘဲ အခြားသူများ အလုပ်အပေါ် ခံစားချက် ကမောက်ကမဖြစ်မည်ကို စိုးရိမ်နေခြင်းသာဖြစ်သည်။

ချင်းရှန်းကတော့ မတူပေ။ သူမက အလုပ်သမားများပျော်ရွှင်စွာ အလုပ်လုပ်ကြစေရန် ဂဏန်းများကိုပြောပြသည်။

"အားလုံး တိတ်ကြပါတော့။"

အစည်းအဝေးခန်းက အပ်ကျသံမရှိလောက်အောင်တိတ်သွားပြီး အားလုံးက သူမကိုကြည့်နေကြသည်။

"အားလုံးက ဒီငွေတွေ ဘယ်လိုရတယ်ဆိုတာ သိမယ်ထင်ပါတယ်။ အချိန်ပိုတွေ အလုပ်လုပ်ပြီး သွေးတွေချွေးတွေ ရင်းပြီး ရလာတာတွေပါ။ ဒါတွေကို ဘယ်လိုသုံးမယ်ဆိုတဲ့ အကြံပြုချက်လေးတွေကြားချင်ပါတယ်။"

All Chapters