← Chapters

Chapter 82

Vol. 7 Ch. 82

Chapter 82

Vol. 7 Ch. 82

အားလုံးက ယခင်နှစ်များက ဆေးစိုက်ခင်းတွင် ပင်ပန်းစွာလုပ်ခဲ့ရသည့်အချိန်များကို ပြန်တွေးမိကာ ရင်ထဲထိသွားကြသည်။ အားလုံးက နေပူမရှောင် မိုးရွာမရှောင် ခက်ခက်ခဲခဲ အလုပ်လုပ်ခဲ့ရသောကြောင့် ယခုသုံးနှစ်အတွင်း အသားအရောင်များ ပို၍ညိုသွားကြသည်။ စရောက်စက မြို့ပေါ်မိန်းကလေးတစ်ယောက်အဖြစ် အသားအရည် အသင့်အတင့်ရှိခဲ့သော ချင်းရှန်းကပင် ယခုညိုသွားလေပြီ။ သူမ၏သေးသွယ်သော ခါးလေးကလည်း ယခုဆိုလျှင် တုတ်ခိုင်သန်မာနေလေပြီ။

"ဒါရိုက်တာစကား နားထောင်ပါ့မယ်။"

ချန်ကွေ့ယင်းက အရင်ပြောလိုက်ခြင်းဖြစ်သည်။

အစမှာတော့ သူမက ချင်းရှန်းကို ကျောထောက်နောက်ခံနှင့် ဝင်လာသူဟုထင်မိကာ သဘောမကျခဲ့ဘဲ အကြည့်ချင်းပင်မဆုံမိခဲ့ပေ။ သို့သော် နှစ်အနည်းငယ် သိကျွမ်းပြီးနောက်မှာတော့ ချင်းရှန်းက စကားတည်သူဖြစ်ကာ လူမှုရေးနှင့် အလုပ်ကို ရောထွေးတတ်သူမဟုတ်ပေ။

ချင်းရှန်းလို လူသစ်ကပင် ကိုယ်ကျိုးမကြည့်ဘဲ အများအတွက်ကြည့်ပေးသည့်အတွက် သူမက လုပ်သက်ကြာသူဖြစ်ပြီး ဘာလို့ကောင်းအောင်မလုပ်နိုင်ရမှာလဲ။

သူမက အရင်ဆုံးစကားစပြောသူဖြစ်သည်။

လောင်ဝမ်နှင့် လောင်လျိုတို့က လူအများရှေ့ ချင်းရှန်းထံမှ အဆူခံရဖူးသော်လည်း ပြီးခဲ့သည့်အရာများသာဖြစ်သည်။ သူတို့က သူမထက်ကြီးသူများဖြစ်ပြီး ဘာလို့ဒီလိုမလုပ်နိုင်ရမှာလဲ။

ဒါကြောင့် သူတို့ကလည်း ထင်မြင်ချက်များထုတ်ပြောကြသည်။ "ကျွန်တော်တို့လည်း ဒါရိုက်တာစကားနားထောင်ပါ့မယ်။"

အခြားသော သူနာပြုများကလည်း အပိုဆုငွေများများရမလားဟု တွေးနေကြသည်။ သူတို့၏ နှစ်သစ်အချိန်က ထက်ဝက်စီပေးသော ဝက်သားများကြောင့် ခင်ပွန်းမိသားစုများရှေ့တွင် ခေါင်းမော့ရင်ကော့၍ နေနိုင်သည်။ ထပ်ဖြစ်လျှင် ပို၍ဂုဏ်ယူရလိမ့်မည်။ သို့သော်လည်း လူသုံးယောက်က ဒေါက်တာချင်း၏ စကားကို နားထောင်မည်ဟုပြောသည်။ သူတို့က အချင်းချင်းကြည့်၍သာ ခံစားချက်များဖော်ပြလိုက်သည်။

ချင်းရှန်းက စိတ်ကျေနပ်သွားသည်။ "ကောင်းပြီ။ ကျွန်မရဲ့အတွေးကိုပြောပြမယ်။ ကျွန်မက စိုက်ပျိုးမြေကို တိုးချဲ့ချင်တာပါ။"

"ဘယ်လောက်ထိလဲ?"

"ဧကသုံးထောင်။"

"ဘန်း!" လောင်ဝမ်၏ လက်ဖက်ရည်ခွက်အဖုံးက ပြုတ်ကျသွားပြီး မြေပေါ်လိမ့်သွားသည်။

ရာဇဝင်တစ်ခုတွင်ရန် ခြေလှမ်းတစ်လှမ်း တိုးတော့မည်ဖြစ်သည်။ ယခုပဲ သူမက အထက်လူကြီးများကို တရုတ်တိုင်းရင်းဆေး၏ အလားအလာကောင်းများမြင်ထားပြီး အရင်ဆုံးကြိုးစားလိုသောကြောင့် စိုက်ပျိုးမြေချဲ့ထွင်ရန်တောင်းဆ်ိုခဲ့သည်။

အစည်းအဝေးခန်းက တိတ်ဆိတ်သွားပြန်သည်။

နှစ်မိနစ်လောက် တိတ်ဆိတ်သွားပြီးနောက်မှာတော့ ချန်ကွေ့ယင်းက တံတွေးမျိုချပြီး ခက်ခက်ခဲခဲပြောလိုက်၏။

"ဒါပေမဲ့ ဒီလိုအပင်အများကြီး စိုက်မယ်ဆိုရင် တရုတ်ဆေးအဖွဲ့အစည်းက လက်ခံပါ့မလား။"

ဒါရိုက်တာလုံက ဒါရိုက်တာချင်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိသောကြောင့် ရိတ်သိမ်းလိုသည့်အချိန်တိုင်း ရိတ်၍ရသော်လည်း ဆေဝါးစက်ရုံကတော့ လုံဝမ်တစ်ဦတည်းအပိုင် မဟုတ်ပေ။ အမှန်အတိုင်းပြောရလျှင် ခရိုင်ဆေးဝါးစက်ရုံက သယ်ယူပို့ဆောင်ရေး၊ ပစ္စည်းထားသိုရေးနှင့် ခရီးနေရာဝေးနေသည့်အတွက် ကျန်းမာရေးစင်တာမှ ဆေးများဝယ်ယူရာတွင် ငွေအမြောက်အများတော့ မရပေ။ အနာဂတ်တွင် စျေးတက်လာလျှင် ထိုကုန်ကျစရိတ်များကို ပစ်ပယ်ထား၍မရပေ။

သဘောကျမှုကို ပို၍များများအသုံးချလေလေ အကျိုးရလဒ်ပို၍ နည်းလာလေလေဖြစ်၏။

ချန်ကွေ့ယင်း ဘယ်လိုနားလည်သွားသည်ကို ချင်းရှန်းသိသည်။ စိုက်ပျိုးမြေဧရိယာများကို တိုးချဲ့ခြင်းက အားလုံး အပိုဝင်ငွေများရရန် သူမလုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာတော့ မဟုတ်ပေ။ သူမတွင် ဆေးဖက်ဝင်အပင်များစိုက်ပျိုးရန် ရေရှည်အစီအစဉ်ရှိသေးသည်။

အနာဂတ်တွင် တရုတ်ဆေးပညာ ကျဆင်းလာခြင်း၏ အကြောင်းအရင်းတစ်ခုက တရုတ်ဆေးဝါးပြတ်လတ်မှူများကြောင့်ဖြစ်သည်။

"ဒါရိုက်တာချင်းပြောတာက တရုတ်တိုင်းရင်းဆေးပစ္စည်းတွေရဲ့ အရည်အသွေးက ပိုပြီးတော့ ဆိုးသထက်ဆိုးလာမယ်တဲ့။ ဘာလို့လဲ?"

"ကြက်သွန်နီတွေက မြေရိုင်းမှာပေါက်နေတာနဲ့ အိမ်မှာစိုက်တာနဲ့ဆိုရင် ဘယ်နေရာမှာ ပိုအနံ့မွှေးမယ်ထင်လဲ။"

နေ့တိုင်းချက်ပြုတ်နေရသော ချန်ကွေ့ယင်းက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်၏။ "မြေရိုင်းမှာဖြစ်မှာပေါ့ အရသာကအရမ်းမိုက်တယ်လေ။"

"ဆေးပင်တွေလည်း အဲ့လိုပဲ။ လုပ်ယူစိုက်ပျိုးထားတာတွေက မြေရိုင်းက ဟာတွေလောက် မကောင်းဘူး။ စျေးကွက် တိုးတက်လာမှုအရဆိုရင် ဆေးပင်စိုက်ပျိုးသူတွေက အပင်ကြီးထွားမှုနှုန်းကို မြင့်စေဖို့အတွက် နည်းပညာအကူအညီတွေကို သုံးကြမှာပဲ။ သက်ရောက်မှုများတဲ့ ဆေးတွေက နည်းသွားမယ်။ လူနာတွေက အကျိုးသက်ရောက်မှုမရှိတဲ့ ဆေးတွေကိုသာ သုံးစွဲရမယ်ဆိုရင် ဆေးတွေမကောင်းဘူးလို့ အပြစ်တင်ကြမလား။"

ချင်းရှန်းက သူမဘာသာပြန်ဖြေလိုက်၏။ "မဟုတ်ဘူးလေ သူတို့က တိုင်းရင်းဆေးတွေက အကျိုးမရှိဘဲ တိုင်းရင်းဆေးဆရာတွေက လူလိမ်တွေလို့ပြောကြလိမ့်မယ်။"

တရုတ်တိုင်းရင်းဆေး နည်းလမ်းတွေက နှစ်အတော်ကြာအထိမပြောင်းလဲခဲ့ဘဲ ပိုပြီးတိုးတက်ကောင်းမွန်လာနေသည်။ ဆေးပင်တွေရဲ့အရည်အသွေးကိုလည်း လစ်လျူရှုထားလို့ မရဘူးလေ။

"တစ်ချိန်ထဲမှာပဲ အဲ့ဒီဆေးပင်တွေမှာ ပါဝင်လာတဲ့ ဓာတုပညာတွေနဲ့ မြေသြဇာတွေက လူတွေရဲ့ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်။"

ချင်းရှန်းက တရုတ်တိုင်းရင်းဆေးပညာ၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်စေရန် အကောင်းဆုံးကြိုးစားမည်ဖြစ်သည်။ ထိုနယ်ပယ်တစ်ခုလုံးကို သူမကဲ့သို့လုပ်ရန် မပြောနိုင်သော်လည်း သူမက ဓာတုဆေးဝါးများနှင့် မြေသြဇာများကို လျှော့သုံးခြင်းဖြင့်တော့ ကာကွယ်ထိန်းချုပ်နိုင်သည်။ ဆေးပင်များကို သူမစိုက်ပျိုးနေသ၍ ထိုသို့လုပ်မည်ဖြစ်သည်။ ဥပမာ ယခင်နှစ်က ပထမအသုတ်စိုက်ပျိုးသော အပင်များတွင်လည်း မြေသြဇာကို တတ်နိုင်သလောက် လျှော့သုံးခဲ့သည်။ အထွက်နှုန်းနည်းနိုင်သော်လည်း အရည်အသွေးက စိတ်ချရပြီး အာမခံချက်ရှိသည်။

လုံဝမ်က သူတို့စိုက်ပျိုးသမျှကို ရိတ်သိမ်းနိုင်သည်မှာ ပုဂ္ဂိုလ်ရေးပတ်သက်မှုကြောင့် ဖြစ်နိုင်သော်လည်း ပို၍အရေးကြီးသည်က သူတို့၏အပင်များက အကျိုးသက်ရောက်မှုကောင်းသည့်အတွက်ဖြစ်သည်။

သူက အရူးမဟုတ်ပေ။ အပင်၏ စိုက်ပျိုးသက်တမ်းနှင့် မြေသြဇာဘယ်လောက်ထိ သုံးမသုံးကို သူအနံ့ခံကြည့်ရုံဖြင့်သိနိုင်သည်။ ဆေးပင်များလာယူသော ဝန်ထမ်းများက ဒါရိုက်တာလုံက သူတို့၏ဆေးပင်များကို အလွန်သဘောကျကြောင်း ချင်းရှန်းကို ပြောခဲ့သည်။ တရုတ်တိုင်းရင်းဆေးဆေးရုံကပင် သူတို့ထံမှဆေးပင်များတောင်းဆိုခဲ့သည်။ ဒါက သူတို့ကိုလက်ခံခြင်းမဟုတ်ဘူးလား။

ချင်းရှန်း အမှတ်မမှားဘူးဆိုလျှင် နှစ်နှစ်အတွင်း ပြန်လည်ထူထောင်ဖွင့်လှစ်ရေးအချိန် ကျရောက်တော့မည်ဖြစ်ပြီး လူအများစုက ဆေးပင်များပိုစိုက်လာကာ စျေးကွက်ပြိုင်ဆိုင်မှု ပြင်းထန်လာလိမ့်မည်။ သူမက လူတိုင်း ဒီမြေနီဒေသကို ရှာမတွေ့မီတွင် လန်ဟဲမြို့အား ဆေးဝါးထုတ်လုပ်သည့်နေရာအဖြစ် ပြောင်းလဲနိုင်ရမည်။

"သေချာပေါက် ပြည်တွင်းဆေးပင်စိုက်ပျိုးခြင်းက နှစ်နည်းနည်းနဲ့တော့ မရဘူးပေါ့။ ကျွန်မက ဥပမာပေးတာပါ။"

"ပြောချင်တာက ဆေးပင်စိုက်ပျိုးမြေကို တိုးချဲ့ချင်ရုံသာမက အကျိုးသက်ရောက်မှုကိုလည်း ကောင်းအောင်လုပ်မယ်လို့ပြောချင်တာလား။" လောင်ဝမ်က နားမလည်နိုင်သည့်ပုံစံဖြင့်မေးလိုက်၏။

"ဟုတ်တယ် ကျွန်မတို့က အနာဂတ်မှာ လန်ဟဲမြို့ကထွက်တဲ့ဆေးပင်တိုင်းက အရည်အသွေးကောင်းပြီး အကျိုးသက်ရောက်မှု များတယ်ဆိုတာ လူတိုင်းကိုသိစေချင်တယ်။"

သူမက အကျိုးသက်ရောက်မှုမှာ မည်သို့ဖြစ်ရမည်ဆိုသည်နှင့် ဘယ်လိုစီစဉ်ရမည်ဆိုသည်ကိုလည်း အသေးစိတ် ရှင်းပြခဲ့ပြီး အနာဂတ်တွင် ဘယ်လို အကျိုးကျေးဇူးများ ရရှိမည်က်ိုပြောနေရင်း မနက်ခင်းတစ်ခုလုံး ကုန်သွားတော့သည်။

အားလုံးက သူမပြောသမျှ၏ ထက်ဝက်လောက်သာ နားလည်၏။ သူမပြောသမျှက အလွန်ရှင်းလင်းလှပလွန်းသည့်အတွက် မယုံနိုင်စရာ ဖြစ်နေခြင်းပင်။ ဒါကြောင့် အားလုံးက သူမပြောသမျှ၏ ထက်ဝက်လောက်ကိုသာ နားလည်ခြင်းဖြစ်သည်။

သို့သော်လည်း ကိစ္စမရှိပေ။ သူတို့က ချင်းရှန်းပြောသမျှ နားထောင်မည်ဖြစ်သည်။

အဖွဲ့အစည်းမှ ဝန်ထမ်းများက သူမကိုအားပေးထောက်ခံနေသ၍ အနာဂတ်အလုပ်တွင် အနှောင့်အယှက်နည်းသည်။ ချင်းရှန်းက နောက်တစ်နေ့တွင် လောင်ချင်၏ အိမ်သို့သွားခဲ့သည်။ သူက ဆေးရုံမှဆင်းပြီးနောက် ကျန်းမာရေး အခြေအနေ ဆိုးရွားလာခဲ့သော်လည်း ချင်းရှန်းက ပုံမှန်သွားလည်နေပြီး သူ့ကိုနှိပ်ပေးခြင်း၊ အပ်စိုက်ပေးခြင်းနှင့် အခြားသောကုသမှုများလုပ်ပေးကာ အခြေအနေ ကောင်းမွန်စေမည့် ဆေးများလည်းညွှန်းပေးခဲ့သည်။ သူက ယခုမှ အားပြန်ပြည့်လာသည်ဆိုသော်လည်း ယခင်က ဝှီးလ်ချဲတွင် ထိုင်ရသူက ယခုလမ်းလျှောက်နိုင်ပြီဖြစ်သည်။

အနည်းဆုံးတော့ သူကိုယ်တိုင်သန့်စင်ခန်းသွားလာနိုင်သောကြောင့် အဒေါ်ချင်ကို ဝန်ပေါ့သွားစေသည်။

အဒေါ်ချန်က သူမကိုတွေ့လိုက်သည်နှင့် ပြုံးလိုက်သည်။

"ဟေ့! ရှောင်ချင်း ရောက်နေပြန်ပြီ။ လောင်ချန် ရှောင်ချင်း လာတွေ့တယ်နော်။"

သူမသိသည်က သူမခင်ပွန်း လောင်ချန်သည် တသက်လုံး ကြောက်ရွံ့တုန်လှုပ်တတ်သူတစ်ဦး၊ ခေါင်းဆောင်ကောင်းတစ်ယောက် မဟုတ်ခဲ့ဘူး ဆိုပေမယ့် နောက်ဆုံးမှာ အလုပ်အတွက် အနစ်နာခံပြီး ကျန်းမာရေးပျက်စီးသွားခဲ့တာတောင် ခေါင်းဆောင်တွေက တခါတလေပဲလာကြည့်ကြသလို ဆေးခန်းက သူ၏လုပ်ဖော်ကိုင်ဖက်များကလည်း အလုပ်များသည့်အတွက် မလာနိုင်ခဲ့ကြပေ။ ဒါပေမယ့် ရှောင်ချင်း တစ်ယောက်တည်းကပဲ တစ်ပတ်လျှင် နှစ်ကြိမ်လာပြီး လောင်ချန်ကို အခမဲ့ ဆေးကုသပေးခဲ့သည်။

အဒေါ်ချန်က ဒီကျေးဇူးကိုဘယ်တော့မှ မမေ့ပေ။ သူမက လူတိုင်းကို ရှောင်ချင်းက သနားကြင်နာတတ်သူ၊ သစ္စာရှိသူတစ်ဦးဟု ချီးမွမ်းပြောဆိုလေ့ရှိသည်။

ချင်းရှန်းက အဒေါ်ချန်နှင့် ခဏလောက်စကားပြောပြီးနောက်မှာ အိမ်ထဲကိုဝင်ကာ လောင်ချန်ကို စစ်ဆေးပေးလိုက်သည်။

" ဦးလေးချန်က ကောင်းနေပါပြီ။ ဒါပေမယ့် မလောပါနဲ့ စိတ်ရှည်ရမယ်နော်။"

လောင်ချန် ကပြုံးပြီး ပြောလိုက်သည်။

"မင်းလည်း အလုပ်များနေရင် မလာပါနဲ့။ ဆေးခန်းက မင်းမပါဘဲ မရဘူးလေ။"

"ဒီနေ့တော့ တစ်ခုလောက် အကြံဉာဏ်တောင်းချင်လို့ပါ။"

လောင်ချန်က သေချာထိုင်လိုက်သည်။ သူ အလုပ်နားနေပြီးနောက် တစ်ယောက်ယောက်က အကြံဉာဏ်လာမတောင်းခဲ့သည်မှာ ကြာပြီဖြစ်သည်။

"ဟုတ်ပြီ၊ ပြောပါ။"

"ကျွန်မတို့ အနားမှာရှိတဲ့ အသုံးမပြုတဲ့မြေတွေကို စက်ရုံနဲ့ရွာထဲက လူတွေကို ပြောပြီး ကျွန်မတို့ အဖွဲ့ကိုအသုံးပြုခွင့်ပေးဖို့ ပြောကြည့်မလားလို့ပါ။"

လောင်ချန်က နံရံမှာကပ်ထားသည့်မြေပုံကို လှမ်းညွှန်ပြလိုက်သည်။ ၄၁၂ စက်ရုံအနားတွင် တကယ်ပဲ များစွာသော အသုံးမပြုသည့်မြေများ ရှိနေလေသည်။ ယခင်တုန်းကလည်း သူက ထိုမြေများကို မြေသစ်ဖန်တီးဖို့ ကြံစည်ဖူးသည်။ ဒါပေမဲ့ စိုက်ပျိုးရန် လုပ်ကိုင်လိုစိတ်မရှိကြသည့်အတွက် အသုံးမပြုခဲ့ခြင်းဖြစ်သည်။ လန်ဟဲအဖွဲ့အစည်းမှ လူများကလည်း အခြားတစ်ဖက်ရှိမြေများက ရေပိုရရှိသည်ဟု ပြောခဲ့သည်။ စက်ရုံကလည်း စိုက်ပျိုးရေးကို စိတ်မဝင်စားခဲ့သည့်အတွက် ထိုမြေများက နှစ်အတော်ကြာထိ အသုံးမပြုဘဲ ပစ်ထားသောမြေများဖြစ်နေခဲ့ရလေသည်။

"စဉ်းစားကြည့်ပါဦး။ အဲ့ဒီမြေတွေကို ဆေးပင်စိုက်လိုက်ရင် ဘယ်လိုလဲ။ နွေဦးမှာပွင့်ပြီး နွေရာသီမှာ အသီးထွက်မယ်။ တစ်နှစ်လုံး စိမ်းနေမယ်လေ။ အလုပ်သမားတွေနဲ့ မိသားစုတွေ ကြည့်လိုက်ရင်လည်း မျှော်လင့်ချက်တွေမြင်န်ိုင်မယ်မလား၊ မကောင်းဘူးလား?"

"အဲ့လိုသာဆိုရင် စက်ရုံက လူငယ်တွေလည်း လက်ထပ်နိုင်ပြီး အခြားအခြေချ နေထိုင်ချင်တဲ့ မိသားစုတွေလည်း များလာမယ်လေ။"

လောင်ချန်က တွေးကြည့်လိုက်သည်။ "ဟုတ်တယ်။ အခု စက်ရုံမှာလက်မထပ်ရသေးတဲ့ လူငယ်တွေ အများကြီးရှိတယ်။ အခြေအနေက ခက်ခဲလို့လေ။ လက်ထပ်ထားတဲ့သူတွေကလည်း အခြေချနေချင်တဲ့သူ မရှိဘူး။ လက်မထပ်ရသေးတဲ့သူတွေကလည်း နေရာတိုင်းမှာ စွန့်ပစ်မြေတွေပဲရှိနေပြီး သဲတွေကိုပဲ စားနေရတယ်။ ဘယ်လိုလူငယ်တွေက ဒီလိုအထီးကျန်မှုမျိုးကို သည်းခံနိုင်မှာတဲ့လဲ။"

"အရင်က အစမ်းလေ့ကျင့်စိုက်ပျိုးခဲ့မှုတွေအရ ဆေးပင်များစိုက်ပျိုးခြင်းက ကန္တာရကိုပင် အိုအေစစ်အဖြစ်ပြောင်းပေးနိုင်တာကို သက်သေပြနိုင်ခဲ့တယ်။ သဲထိန်းချုပ်မှုကို လုပ်ဆောင်နိုင်မယ်ဆိုတဲ့ သဘောလည်းဖြစ်တယ်လေ။"

ယခု လောင်ချန်က ပို၍စိတ်ပါလာ၏။ သူသည် ယခင်က စစ်သားဟောင်းတစ်ဦး ဖြစ်ခဲ့သည့်အတွက် သဲထိန်းချုပ်မှုကို ပြုလုပ်ချင်ပြီး သဲကန္တာရကို အိုအေစစ်အဖြစ် ပြောင်းလဲပေးချင်လိုသည်။

ချန်မိသားစုမှ ထွက်လာပြီးနောက် ချင်းရှန်းက သတင်းစကားစောင့်နေခဲ့သည်။ နှစ်ရက်အကြာမှာတော့ အချိန်ကောင်းရောက်ပြီ ဖြစ်သောကြောင့် သူမက ဒါရိုက်တာလီကိုရှာပြီး သူမ၏ အကြံအစည်ကိုပြောခဲ့သည်။

တကယ်တော့ ကျန်းမာရေးစင်တာက အတွင်းရေးမှူးကုန်း၏ ဆုံးဖြတ်ချက်အောက်တွင် ရှ်ိသော်လည်း ချင်းရှန်းက သူ့ကိုတိုက်ရိုက်မပြောဘဲ ဒါရိုက်တာလီထံ အရင်သွားခဲ့သည်။ သူမတွင်လည်း အကြောင်းပြချက်ရှိသည်။

ဒါရိုက်တာလီနှင့် လောင်ချန်က အလွန်ရင်းနှီးသည်။ သူတ်ို့က ရဲဘော်ရဲဘက်များဖြစ်သည်။ ချင်းရှန်းက လောင်ချန်ကို အရင်ပြောပြီး ဒါရိုက်တာလီကို စည်းရုံးခိုင်းပြီးမှ သူမ ထပ်သွားခြင်းဖြစ်သည်။ သူမ လူထုရှေ့တွင် စိုက်ပျိုးမြေချဲ့ထွင်မည့်အကြောင်း ပြောသည့်အချိန်တွင် ဒါရိုက်တာလီက သူမဘက်မှ ရပ်တည်ပြောဆိုပေးခဲ့သည်။ ဒါရိုက်တာက လက်ခံသည့်ပုံစံရှိသည့်အတွက် အခြားသူများက မငြင်းလိုတော့ပေ။

အဓိကအချက်က စက်ရုံခေါင်းဆောင်များက ဆေးပင်စိုက်သည့်ကိစ္စကို အရေးတယူ မလုပ်ခြင်းဖြစ်သည်။လစာအရ ယှဉ်လိုက်လျှင် သုံးနှစ်လောက် နေပူထဲတွင်ခက်ခက်ခဲခဲ အလုပ်လုပ်ခဲ့ပြီးမှ ရလာသည့်ငွေက တကယ်ကိုဘာမှမဟုတ်ပေ။ ဒီလိုကိစ္စလေးအတွက် အားလုံးက ဒါရိုက်တာလီကို မျက်နှာသာပေးလိုက်ခြင်းပင်။

အတွင်းရေးမှူးကုန်းက အထက်လူကြီးများကို တင်ပြကာ ချင်းရှန်းကို လျှောက်လွှာပေးမည်ဟု ပြောခဲ့သည်။ သူက ရှေးရိုးဆန်သူဖြစ်ပြီး လုပ်သမျှအားလုံးက ဥပဒေနှင့်အညီ စာရွက်စာတမ်းများဖြင့် ဖြစ်ရမည်။

ချင်းရှန်းက အလုပ်ဆင်းသည်နှင့် လျှောက်လွှာရေးခဲ့သည်။

သို့သော်လည်း သူမက စာအရေးအသား သိပ်မကျွမ်းသည့်အတွက် ယခုလို စနစ်တကျ လျှောက်လွှာမျိုးရေးရသည့်အခါ ခက်ခဲနေသည်။ သူမ အလုပ်မှအ်ိမ်သို့်ပြန်ရောက်ချိန်ကပဲ ညစာမစားခင်အထိ ရေးသည်မှာ စာလုံးရေ၁၀၀ ကျော်သာရခဲ့သည်။

ဒါက တကယ်ကိုခက်တာပဲ။

"အမေ အဖွားက ထမင်းစားဖို့ခေါ်နေတယ်။"

ယခု သို့သို့က စကားကောင်းကောင်းပြောနိုင်နေလေပြီ။ ယခု သူမက အိမ်တွင် အလုပ်ရှုပ်သောသူဖြစ်သည်။ တစ်ယောက်ယောက် တစ်ခုခုလိုအပ်လျှင် သူမက အပြေးအလွှား လုပ်ပေးသည်။

အစကတော့ ချင်းကွေ့ဟွားက သူမကို ထိုသို့လုပ်မနေစေချင်သော်လည်း ချင်းရှန်းကတော့ ကောင်းသည့်အရာဟု ထင်မိသည်။ သူမ လုပ်နိုင်သလောက် ကိစ္စသေးသေးလေးများကို လုပ်ခြင်းက သူမ၏လုပ်နိုင်စွမ်းကိုမြှင့်ပေးပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်လည်း ရှိလာစေသည်။

သူမက ယခုယုံကြည်ချက်ဘအလွန်ပြည့်ကာ ကမ္ဘာပေါ်တွင် အခက်ဆုံးအရာများကိုတောင် လုပ်နိုင်သည်ဟုထင်နေသည်။

သူမက အမေ၏ လက်ကို အရင်ကိုင်လိုက်သည်။ ပတ်ပြေးနေတတ်သည့် အခြားကလေးများနှင့်မတူဘဲ သူမ၏ ခြေလှမ်းတိုင်းက တည်ငြိမ်သည်။ "အမေ အဖေပြန်ရောက်နေပြီ။"

"သို့ပေါင် ပျော်ရဲ့လား။"

"အဖေနဲ့ ဦးလေးပြန်ရောက်လာလို့ ပျော်ပါတယ်။"

အခန်းထဲတွင် လျိုကျီရှန်းနှင့် ဟဲလျန်ရှန်းက စကားပြောရင်း ရယ်မောနေလေသည်။ သူတို့ဝင်လာသည်ကိုမြင်တော့ လျိုကျီရှန်းက သ်ို့သို့ကို အပေါ်မြှောက်ချီကာ ရယ်မောစေရန် ကျီစယ်လိုက်သည်။

သူတို့က ကောလိပ်တက်နေသော်လည်း သ်ိပ်တော့မဝေးပေ။ စနေနေ့ နေ့လယ်ခင်းတိုင်း သူတို့က စက်ရုံမှထောက်ပို့ကားနှင့် လန်ဟဲမြို့သို့ ပြန်လာသည်။ တနင်္ဂနွေနေ့ ညနေတွင်တော့ ခရိုင်မြို့သို့ ပစ္စည်းပို့သည့်ကားဖြင့် ပြန်လိုက်သွား၏။ တနင်္လါနေ့ အတန်းမရှိလျှင်တော့ ထိုနေ့မနက်မှ သွားလျှင်လည်း မှီသည်။ ဒါကြောင့် ချင်းရှန်းက လောင်ဟဲကို လွမ်းမနေရဘဲ လျှောက်လွှာဖြည့်မည့်အကြောင်းသာ တွေးနေသည်။

"တနင်္လါနေ့က ရုံးမှာမိတ်ဆွေတစ်ယောက်နဲ့ တွေ့ခဲ့တယ်။" လျိုကျီရှန်းက သို့ပေါင်ကို ချီထားရင်း ပြောလိုက်သည်။

"ဘယ်သူလဲ? ကျွန်မတို့ သိတဲ့သူလား?" အိုက်လန်က ဟင်းပွဲများချပေးလိုက်ပြီး အေပရွန်ကိုချွတ်လိုက်၏။ သူမက စားသောက်ဆိုင်မှ စားဖိုမှူးထံမှ သိုးသားနှပ်နှင့်အခြားသော ဟင်းပွဲအသစ်များ လုပ်တတ်နေလေသည်။ အိုက်လန်က ၉၀ ရာခိုင်နှုန်းလောက်သာ တူအောင်လုပ်ပြီး ဒီနေ့ကတော့ သူမ၏ ခင်ပွန်းနှင့် မတ်ဖြစ်သူကိုအရသာမြည်းခိုင်းခြင်းဖြစ်သည်။

"ပါမောက္ခကျုံးလေ။" သူက နောက်ကျမှရောက်လာပြီး ပါမောက္ခကျုံးက အားလုံးကို မြေယာများကို အသစ်အဖြစပြန်အသုံးချရန် ပြောခဲ့သည်ကို မကြားခဲ့ရပေ။ ဒါပေမဲ့ အိုက်လန် လက်ထပ်ချိန်မှာတော့ ချင်းရှန်းက သူ၏အလုပ်သမားများ ကြိုးစားအားထုတ်မှုရလဒ်ကို မြင်စေရန် ပါမောက္ခကျုံးကို ဖိတ်ခဲ့သည်။ မထင်ထားလောက်အောင်ပဲ သူက တကယ်ကိုရောက်လာခဲ့သည်။

တူရာစုသည်ဆိုသကဲ့သို့ အပင်စိုက်ကျွမ်းကျင်သူ လျိုကျီရှန်းက ပါမောက္ခကျုံးကို စိတ်သဘောထားကောင်းကြင်နာတတ်သူဟု သဘောထားပြီး အထင်ကြီးမိသည်ယ

"ဘာလို့သူက ရှင့်ဌာနခေါင်းဆောင်နဲ့အတူ ရှိနေတာလဲ။"

"ကျောင်းက သူ့ကိုစာသင်ဖို့ခေါ်ချင်ပေမဲ့ သူကတော့ သိပ်စိတ်မပါဘူးကြားတယ်။"

All Chapters