← Chapters

Chapter 83

Vol. 7 Ch. 83

Chapter 83

Vol. 7 Ch. 83

ကျုံးဝေ့မင်က ယခင်လက သူ၏ယခင်အလုပ်နှင့် အကျိုးခံစားခွင့်များကို ပြန်ရပြီဖြစ်သော်လည်း ယခင်လုပ်ဖော်ကိုင်ဖက်များကြောင့် စိတ်ဒဏ်ရာများရထားသည့်အတွက် သူက တရုတ်တိုင်းရင်းဆေးကောလိပ်ကို အလုပ်လုပ်ရန် ပြန်မသွားလိုပဲ အလုပ်မှသာထွက်လိုသည်။ ထိုအချိန်တွင် စိုက်ပျ်ိုးရေးတက္ကသိုလ်က သူ့ကိုအလုပ်ခန့်လိုသည်က ကောင်းသောအရာဖြစ်သည်။

သို့်သော်လည်း အဓိကအချက်က သူ၏ဇနီးဟောင်းသည်လည်း စိုက်ပျိုးရေးတက္ကသိုလ်တွင် လုပ်နေပြီး ကျုံးဝေ့မင်က သူ၏ဇနီးဟောင်းနှင့် ပျော်ရွှင်စွာကွာရှင်းခဲ့သူမဟုတ်သလို ယခု သူက ဇနီးဟောင်း၏ နေရာတွင် အလုပ်လုပ်ရမည်။ သူဘယ်လိုပဲ စိတ်သဘောထားကြီးပါစေ အနည်းငယ်တော့ တွေးမိနေသည်။ သို့သော် စိုက်ပျိုးရေး တက္ကသိုလ်က်ိုမသွားလျှင် ဘယ်နေရာကိုသွားရမည်လဲ။

ချင်းရှန်းက နားထောင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

ချင်းရှန်း စိတ်ပူနေသည်ကို ဟဲလျန်ရှန်းက သိသည့်အတွက် ညစာစားပြီးနေက် သို့သို့ကိုလမ်းလျှောက်ထွက်ရန် ခေါ်သွားခဲ့သည်။ သူ မေးခွန်းဘယ်လိုဖြေခဲ့သည်ကို မသိသော်လည်း ချင်းရှန်းညက ခေါင်းကုတ်ကာ ဘောလ်ပင်ကောက်ကိုင်သည်ကို မြင်ရသည့်အတွက် သူက သူမကို စာရွက်နှစ်ရွက်ပေးခဲ့သည်။

ချင်းရှန်း ကြည့်လိုက်သောအခါ တိကျသောအကြောင်းအရာများဖြင့် လျှောက်လွှာစာရွက်ဖြစ်သည်။

သူမကိုယ်တိုင်က ပညာအရည်အချင်း မပြည့်မှီမှုကြောင့် စာအရေးအသား မကျွမ်းသော်လည်း စာတော့ဖတ်နိုင်သည်။ ချင်းရှန်းက နှစ်ခါလောက် ဂရုတစိုက်လုပ်ကာ လက်ခုပ်တီးလိုက်သည်။ "တော်လိုက်တာ လောင်ဟဲ၊ ရှင်က တကယ်တော်တာပဲ။"

"စုတ်တံနှစ်ချောင်းက ဘာအဓိပ္ပါယ်လဲ အမေ။"

ချင်းရှန်းက သို့ပေါင်၏ နားကိုဆိတ်လိုက်ပြီး ပြောလိုက်သည်။ "အဲ့ဒါက သူအရမ်းတော်တယ်ဆိုတဲ့သဘောပေါ့။"

"အဖေက အရမ်းတော်တာပဲ။" သူမက ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။ "အစ်ကို ဟိုင်ယန်းထက် ပိုတော်သေးတယ်။"

လောင်ဟဲ၏ မျက်လုံးများ လှုပ်သွားလေသည်။ "ကျောက်ဟိုင်ယန်း ဘာဖြစ်လို့လဲ။"

"ရှင်မသိလောက်ပေမဲ့ ကျောက်ဟိုင်ယန်းက စာတော်တယ်။ သူက ဒီနှစ်မှာ စာသင်နှစ် နှစ်နှစ်ကျော်သွားခဲ့တယ်လေ။ လန်ဟဲက လူတွေက သူက စာပေဆရာသမားဖြစ်ပြီး အနာဂတ်မှာ အောင်မြင်မယ်လို့ပြောနေကြတယ်။"

ဒါက မိသားစုနယ်မြေမှပြန့်သွားသည့် စကားများမဟုတ်သည်ကိုတော့ ချင်းရှန်း သေချာသိသည်။ လီယွိဟွာခေါင်းဆောင်သော မိသားစုနယ်မြေမှ အမျိုးသမီးများက ဒီကလေးကို သိပ်သဘောမကျပေ။ ကျောက်ချင်းစုန့်က ရာထူးတိုးနိုင်ချေ မရှိတော့တဲ့အတွက် သူ့သားကိုပဲ အာရုံစိုက်ပြီး ပျိုးထောင်နေသည်ဟု သူတို့က ခန့်မှန်းထားကြသည်။

လောင်ဟဲက ဆယ်ကျော်သက်အရွယ်နှင့် တူနေပြီဖြစ်သော ကလေးအကြောင်းတွေးမိကာ ရင်ထဲတွင်အလိုမကျမှူများပြည့်သွားသည်။ "သို့ပေါင် ကိုယ့်ဘာသာကစား၊ သူတို့နဲ့ သွားမရောနဲ့ လိမ်လိမ်မာမာနေပါ။"

သို့ပေါင်က ခေါင်းညိတ်လိုက်သည်။ "သို့ပေါင်က လိမ်မာပြီး အစ်ကိုဟိုင်ယန်းနဲ့ ကြောင်နဲ့ကြွက် လုပ်မကစားတော့ပါဘူး။"

ကျောက်ဟိုင်ယန်း၏ ပညာအရည်အချင်းက ယခုကောင်းမွန်နေသော်လည်း သူက မကောင်းသောသူဟုသာ ချင်းရှန်းထင်နေမိသည်။ မိသားစုနယ်မြေမှ လူအများက သူကြက်ကလေးများကို အနိုင်ကျင့်သည်ကိုမြင်ပြီး ကျောက်ချင်းစုန့်ကို တိုင်ပြောသော်လည်း ကျောက်ချင်းစုန့်က နှစ်နှစ်အတွင်းအစွန်းရောက်လာကာ ကလေးများကို ဂရုမစိုက်နိုင်တော့ပေ။ ယခု သူက ကြက်ကလေးများကို အနိုင်ကျင့်သည်သာမက လမ်းဘေးခွေးကြောင်များကိုလည်း ရိုက်နှက်သည်။ ယခင်ရက်များက သူက ကိုယ်ဝန်ရှိနေသည့် ကြောင်မတစ်ကောင်ကို လည်ချိုးပစ်ခဲ့သည်ဟုကြားရသည်။

အားလုံးက သူနှင့်ပတ်သက်၍ တစ်ခုခုမှားနေသည်ဟု ထင်သော်လည်း ကျောက်ချင်းစုန့်ကတော့ တိရစ္ဆာန်လေးများကို ရိုက်သည်က ကိစ္စကြီးမဟုတ်ဟုပြောခဲ့သည်။

မိသားစု နယ်မြေမှလူများက စိတ်ပူသော်လည်း အခြားသူ၏ကလေးနှင့် ပတ်သက်၍ ဘာမှမလုပ်ပေးနိုင်ပေ။ သူတို့၏ကလေးများကို သူနှင့်မကစားရန်သာပြောနိုင်သည်။ သို့သို့နှင့် အခြားမိန်းကလေးများကိုလည်း မိဘများက လိုက်ကြည့်နေရသည်။

လောင်ဟဲက သူ့သမီးကိုချီကာ မေးစေ့ဖြင့်ပွတ်လိုက်သည်။ "လိမ်မာအောင်နေပါ၊ အဖေက အကောင်းဆုံးပဲ။ ကျောက်ဟိုင်ယန်းက အဖေ့လက်တစ်ချောင်းစာတောင်မကောင်းဘူး။"

"ဟုတ်ကဲ့။"

သို့သို့က ငယ်သေးသော်လည်း ထိုကလေးနှစ်ယောက်နှင့် ကစားရသည်ကိုတော့ မကြိုက်ပေ။ အထူးသဖြင့် ကျောက်ဟိုင်ယန်းဖြစ်သည်။ "သို့သို့က သူ့ကိုမကြောက်ပါဘူး။ သို့သို့က အားရှိတယ်။ အဖေက ပိုပြီးအားရှိတယ်။"

သူက လက်သီးပင်ဆုပ်လိုက်သေးသောကြောင့် လူကြီးများက ရယ်မောခဲ့ရသည်။

သို့သော်လည်း သူတို့၏ရယ်မောမှုအပြီးတွင် ရင်ထဲတွင်ပူပန်မိသည်။ ကျောက်ဟိုင်ယန်းက ဖြည်းဖြည်းချင်း လမ်းမှားပေါ်ရောက်လာလေပြီ။

သူ၏အဖေအရင်းက ပညာရေးအဆင့်ကောင်းနေလျှင် အခြားအရာများကို ထည့်မစဉ်းစားသည့်အတွက် သူတို့က ဝင်ပါ၍မရပေ။ သို့သော်လည်း ထိုအန္တရာယ်ကို အနားတွင် ထားရသည့်အတွက် မိဘများက စိတ်မအေးနိုင်ခဲ့ပေ။

"ဒါကို ကိုယ် ဂရုစိုက်လိုက်မယ်။ မင်းတို့က ကိုယ်အ်ိမ်မှာမရှိတုန်း သို့သို့ကိုပဲ ဂရုစိုက်ပေးပါ။"

ချင်းရှန်းက ခေါင်းညိတ်လိုက်၏။ ယောက်ျားတိုင်းတွင် ကိစ္စများဖြေရှင်းသည့် ကိုယ်ပိုင်နည်းလမ်းရှိသည်။ "ဟုတ်ပြီ၊ သို့ပေါင်ကို မမြင်စေနဲ့နော်။"

နောက်တစ်နေ့ လျှောက်လွှာတင်ချိန်တွင် အတွေးရေးမှူးကုန်းကပင် ချီးကျုးရသည်။

ယခု ကိစ္စအားလုံး အဆင်ချောသွားလေပြီ။ လဝက်အတွင်း အထက်လူကြီးများက မြေပြန်လည်အသုံးချရန် ခွင့်ပြုချက်ပေးလိုက်သည်။ ထို့အပြင် ဧရိယာကလည်း ချင်းရှန်း လျှောက်ထားသည်ထက် ပိုများပြီး ဧက ၅၀၀ ဖြစ်သည်။

ဒါက အသင်းသားအားလုံးကို ပျော်ရွှင်သွားစေသည်။ သူတို့ ဆေးပင်များစိုက်နေသ၍ အပိုကြေးများရကာ ဘဝကောင်းတွင်နေရမည်ကို အားလုံးသိသည်။

တစ်ဖက်တွင်တော့ ချန်ကွေ့ယင်းက အနည်းငယ် စိတ်ပူမိသည်။ "အသစ်ပြန်လုပ်ရင်တောင် ဘယ်သူက ဆေးပင်စိုက်ပျိုးရေးမှာ ပူးပေါင်းပါဝင်မှာလဲ။"

"မပူပါနဲ့ အားလုံးကိုစည်းရုံးနိုင်မယ့် လူတော်တစ်ယောက် ခေါ်မှာပါ။"

"ဘယ်သူလဲ။"

"ပါမောက္ခက ကျုံးလေ မှတ်မိရဲ့လား။"

လောင်ကျုံးက စိုက်ပျိုးရေးသမားထက် ပိုပြီးစိုက်ပျိုးရေးသမားဆန်သူဖြစ်သည်။ ချင်းရှန်းက သူ့ကိုအထွက်နှုန်းများ ပို့ပေးသည်ကို ဘယ်သူမေ့နိုင်မှာလဲ။အစမှာတော့ ချင်းရှန်းက သူ့ကိုအပိုကြေးပေးချင်သော်လည်း သူက လက်မခံခဲ့ပေ။ ဒါကြောင့်ချင်းရှန်းက ဆန်၊ ဆီ၊ ဂျုံ၊ အဝတ်အစားနှင့် နေ့စဉ်လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။

ထိုငွေများအားလုံးက အစီအစဉ်များမှ ရရှိခြင်းဖြစ်ပြီး အားလုံးကလည်း သိသည်။

"ကျွန်မတို့မှာ ကျွမ်းကျင်သူတွေရှိရင် ဘာတွေစ်ိုက်ကြမှာလဲ။"

"နွယ်လိမ္မော်တွေပဲ စိုက်ကြမလား။ အမြတ်ရပြီး သက်တမ်းတိုတယ်လေ။"

သူတို့က နွယ်လိမ္မော်နှင့် အခြားတရုတ်ဆေးပုလဲပင်များစိုက်ပျိုးမည်ဆိုသော်လည်း ဧက၅၀၀ ကျော်ကတော့များလွန်းသည်။ သူတို့က အချိန်တိုအတွင်း ရိတ်သိမ်းရောင်းချ၍မရပေ။ သူမက ရင်းနှီးမြှုပ်နှံမှူနှင့် ငွေကြေးစီမံခန့်ခွဲမှုက်ို မသိသော်လည်း သူမက ခြင်းတစ်လုံးထဲတွင်တော့ ကြက်ဥအားလုံး မထည့်န်ိုင်ပေ။

"အရင်နှစ်တွေက စိုက်ထားတာတွေထက် ဒန်ဒရိုဗီယမ် ထပ်စိုက်ကြတာပေါ့။"

"အဲ့ဒီဆေးပင်က အရမ်းရှားတယ်မလား။ မျိုးစေ့ဘယ်ကရမှာလဲ။ ပါမောက္ခကျုံးပြောတာတော့ သူတို့အသင်းမှာလည်း မရှိဘူးတဲ့။" လောင်ဝမ်က ထပ်ပြောလိုက်သည်။

ချင်းရှန်းက သူမ၏မွေးရပ်မြေမှ မြက်ပင်နှင့် မြေဆီလွှာများကို သားသမီးကဲ့သို့ ချစ်ခင်တတ်သော ဦးလေးကွေ့ဆိုသော လယ်သမားကြီးကို သတိရမိသွားသည်။

ကျုံးဝေ့မင်က ခုရက်ပိုင်းတွင် အလုပ်ကိစ္စနှင့်ပတ်သက်၍ စိတ်ပူပန်နေရသည်။ သူက ပင်စင်ယူရမည့်အသက်အရွယ် မဟုတ်သေးသည့်အတွက် အလုပ်လုပ်ရမည်။ သို့သော်လည်း သူ၏မူလအသင်းနှင့် စိုက်ပျိုးရေးတက္ကသိုလ်ကို ပြန်သွားရန်ကတော့ ပထမဦးစားပေးမဟုတ်ပေ။ ထပ်ပြောရလျှင် ရုက္ခဗေဒဌာနတွင်လည်း ကျွမ်းကျင်ဆရာကြီးများ ပြန်ရောက်နေပြီဖြစ်သောကြောင့် သူဆက်နေစရာအကြောင်း မရှိတော့ပေ။

အဆက်အသွယ်အတော်ကြာ လုပ်ပြီးနောက်မှာတော့ ကျုံးဝေ့မင်က အခက်အခဲများကို ရင်ဆိုင်နိုင်သော လက်တွေ့ကျသူတစ်ဦးဟု ချင်းရှန်းသိခဲ့ရသည်။ သို့သော်လည်း သူက လူအများနှင့် ပေါင်းသင်းဆက်ဆံရသည်ကိုတော့ သဘောမကျပေ။ ထပ်ပြောရလျှင် သူက လူအများကြီးနှင့် အသင်းတွင် ရှုပ်ထွေးစွာ အလုပ်လုပ်ရသည်ကို သဘောမကျပေ။

ဒါကြောင့် ချင်းရှန်းက သူမတို့ယခု ဆေးစိုက်ခင်းနယ်မြေထပ်ချဲ့မည်ဖြစ်ပြီး သူ့ကိုတာဝန်ရှိသူအဖြစ် ဦးစီးစေလိုကာ အနာဂတ်တွင်လည်း တာဝန်ခံအဖြစ်ထားချင်သည်ဟု ပြောလာချိန်တွင် ချက်ချင်းလက်ခံလိုက်ခြင်းဖြစ်သည်။

"လုပ်ရမဲ့ အလုပ်အကြောင်း မမေးတော့ဘူးလား။ ကျွန်မက လှည့်စားပြီး ခက်ခဲတဲ့အလုပ်တွေခိုင်းရင်ရော။"

ချင်းရှန်းက ကျီစယ်ပြီးမေးလိုက်ခြင်းပင်။

ကျုံးဝေ့မင်က ပြုံးလ်ိုက်ပြီးနောက် သက်ပြင်းချလိုက်၏။

"ငါ့ရဲ့ တစ်ဦးတည်းသောသမီးက လက်ထပ်ပြီး အခု စစ်တပ်နဲ့အတူ ကျွန်းပေါ်သွားနေတယ်။ ငါ့မှာ မြို့ပေါ်မှာ ဆွေမျိုးလည်းမရှိဘူး မှီခိုစရာလည်း မရှိတာမလို့ ကိုယ်ကျွမ်းကျင်တာကို အာရုံစိုက်လုပ်လို့ရတဲ့ နေရာတစ်ခုမှာနေတာက ကောင်းမှာပါ။"

ချင်းရှန်းက သူ့က်ိုကြည့်ပြီးတွေးလိုက်သည်။ "မပူပါနဲ့။ လန်ဟဲမြို့ကို ရောက်တာနဲ့ ရှင်နဲ့အတူ ဆေးပင်စိုက်မဲ့အကြောင်း ဆွေးနွေးမှာပါ။ ရှင်က အလုပ်ပဲလုပ်ပြီး အခြားပုဂ္ဂိုလ်ရေးအရ ဘယ်သူနဲ့မှဆက်ဆံပြောဆိုစရာမလိုဘူး။"

"လန်ဟဲမြို့..."

ကျုံးဝေ့မင်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုနေရာက ယခုမှ ဖွံ့ဖြိုးဆဲဒေသဖြစ်သည်။ သူက ထိုနေရာသို့ရောက်ဖူးသည့်အတွက် ထိုနေရာတွင် စွမ်းအင်ရင်းမြစ် အများကြီးရှိသည်ကို သိထားသော်လည်း ထိုနေရာနှင့်သင့်တော်သည့် သီးနှံပင်များကိုတော့ မတွေ့ခဲ့ပေ။

"အလုပ်ကိစ္စနဲ့ပတ်သက်ရင်တော့ အဖွဲ့အစည်းရောကို ငါယုံကြည်တာမလို့ လုပ်ရမဲ့အရာကိုလုပ်မှာပါ။ ငါက လူအိုကြီးတစ်ယောက်မလို့ ငွေတွေအများကြီးမသုံးနိုင်ပါဘူး။" သူက သူ၏ငွေပိုများကို ကျွန်းပေါ်ရှိ သမီးနှင့်မြေးထံ ပို့ပေးလိုသည်။

လန်ဟဲမြို့က နေရာကောင်းပဲ။ ငွေရှိပေမဲ့ သုံးမရဘူးလေ။ ဒါကြောင့် ငွေစုမဲ့နေရာကောင်းပဲ။

ချင်းရှန်းက ရယ်မော၍ ပြောလိုက်ခြင်းပင်။ ပါမောက္ခကျုံး ထိုသို့ပြောသည်မှာ သူမကို ဝန်မပိစေလိုခြင်းဖြစ်သော်လည်း သူမက သူ့အပေါ်ဘယ်တော့မှ မတရားမလုပ်ပေ။ အတိတ်တွင် အချိန်ကန့်သတ်ချက်ကြောင့် သူငွေမရှာနိုင်ခဲ့သော်လည်း အနာဂတ်တွင်တော့ မတူနိုင်တော့ပေ။

ပြောင်းရွှေခြင်းနှင့်အတူ ကားတစ်စီးနှင့်အတူ ကျုံးဝေ့မင်၏ ပစ္စည်းများကို ပြောင်းကာ လန်ဟဲမြို့သို့ ကျွမ်းကျင်ပညာတစ်ဦးကို ချင်းရှန်းခေါ်လာသည်။ နေရသည့်နေရာက အိုက်လန်၏ အိမ်ကဲ့သို့ အိမ်မျိုးဖြစ်သည်။ အစမှာတော့ သူက အလုပ်သမားများနှင့်အတူ အဆောင်နေရန်ပြောကာ ငြင်းဆန်သော်လည်း ချင်းရှန်းက လက်မခံခဲ့ပေ။

ထိုက်တန်သည့် ဆက်ဆံခံရမှု လိုသေးသည့်အတွက် လိုအပ်သည် မလိုအပ်သည်က မေးစရာတော့မလိုပေ။

သူ၏ပစ္စည်းများကို သိမ်းဆည်းရန်အတွက် ချင်းရှန်းက ဆေးစိုက်ခင်းဘေးရှိ မြေနေရာလွတ်နှစ်ခုကို တောင်းဆိုလိုက်သည်။ ထိုနေရာများက ရေမီးအစုံရှိပြီး ရုက္ခဗေဒဌာနမှ ဓာတ်ခွဲခန်းကဲ့သ်ို့ဖြစ်သည်။ လိုအပ်သည့် ဖန်ပြွန်နှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းအစုံပါဝင်သည်။သူတောင်းဆိုသမျှအားလုံးကို ချင်းရှန်းလိုက်လျောပေးမည်ဖြစ်သည်။

ယခု သူတို့အသင်းတွင် ကိုယ်ပိုင်ပိုက်ဆံရှိသည့်အတွက် စက်ရုံမှစိုက်ထုတ်ပေးရန် မလိုအပ်သည့်အတွက် စက်ရုံမှကန့်ကွက်စရာအကြောင်းမရှိပေ။

မထင်ထားလောက်အောင်ပဲ အလုပ်ပြီးသည်နှင့် ကျောက်ဟိုင်ယန်းနှင့် ပတ်သက်သည့် သတင်းကြီးတစ်ခုကြားလိုက်ရသည်။

"ဘာလို့ လူကောင်းတစ်ယောက်က လမ်းဘေးခွေးနောက်က လိုက်နေတာလဲ။" ချင်းကွေ့ဟွားက ဂျုံနှယ်နေရင်း ချင်းရှန်းကိုပြောလိုက်ခြင်းဖြစ်သည်။

အဲ့ဒါ လူကောင်းတစ်ယောက်တဲ့လား။ ချင်းရှန်းက လက်မခံလိုပေ။ သူမက အဘွား ဒီညဂျုံနှင့်ကြော်မည့်မုန့်ကိုသာ ပို၍စိတ်ဝင်စားနေသည်။

အဖွဲ့အစည်းက ဝေစုခွဲပေးသည့်အတွက် သူမက အနားရှိ ခြံမှ မြင်းဆီများဝယ်ခဲ့သည်။ သို့မှသာ သူမအဘွားက ဂျုံနှင့်မုန့်အချို့ကြော်နိုင်မည်ဖြစ်သည်။ သူမ၏ယခင်ဘဝတွင် အချို့သောနည်းလမ်းများကို အင်တာနက်ပေါ်မှမြင်ဖူးပြီး ခေါက်ဆွဲထဲသို့ မြင်းဆီအချို့ထည့်သည်က ကြော်သည့်အချိန်တွင် ပို၍အရသာရှိစေသည်ဟု သိရသည်။ ထိုအချိန်က သူမတွင် ပစ္စည်းမရှိသောကြောင့် မစမ်းခဲ့ရပေ။

ယခင်ခြောက်လအတွင်း ဘဝက ပိုအဆင်ပြေလာကာ ချင်းကွေ့ဟွားက ဂျုံကြော်မုန့်များ ပိုလုပ်လာနိုင်ပြီဖြစ်သည်။ ပဲနီပေါင်မုန့်၊ သကြားဖြူ၊ ဆိတ်နို့၊ နွားနို့နှင့် အခြားသောအရာများ ပါဝင်၍ဖြစ်သည်။ အကြီးများက နူးညံ့မွှေးကြိုင်ပြီး အသေးများကတော့ ကြွပ်ရွသည်။ ထိုအရာများမှာ သို့သို့အကြိုက်ဆုံး အရာများဖြစ်ပြီး တစ်ခါထဲနှင့် အများကြီးစားနိုင်သည်။

"ပြောပါဦး။ သူက ငှက်ကလေးတွေလို တိရစ္ဆာန်လေးတွေကို ပစ်ပြီး အကောင်ငယ်လေးတွေကို အနိုင်ကျင့်လို့ရတယ် ထင်နေတာ။ အခု နံရံကိုဝင်တိုက်လိုက်တာမလား။"

ကျောက်ဟိုင်ယန်းက ခွေးနှင့်ကြောင်များနောက်လိုက်နေချိန် ကိုယ်ဝန်ဆောင်ခွေးမနှင့်တွေ့သည်ဟု သိရသည်။ သူက အဲ့ဒီခွေးမကို ရိုက်ချင်ပေမဲ့ အဲ့ဒီခွေးက ဝံပုလွေဖြစ်နေတာက်ိုတော့ မသိခဲ့ဘူးလေ။

ဒါက ရှားပါးသော ဝံပုလွေမျိုးစိတ်ဖြစ်ပြီး သူက ထိုဝံပုလွေကို လိုက်ရိုက်ခဲ့သည်။ ဝံပုလွေမိခင်ကြီး၏ မိခင်စိတ်ဖြင့် အော်ဟစ်သံကြောင့်လား မသိသော်လည်း အတော်ကြောအူလိုက်ပြီးချိန်မှာတော့ ဝံပုလွေပေါက်အရွယ် ဆယ့်နှစ်ကောင်လောက် ထွက်လာခဲ့သည်။ အားလုံးက ဝံပုလွေများ ကိုက်သောကြောင့် သူသေပြီဖြစ်ပြီး အရိုးပင်မကျန်လောက်ဟု ထင်သော်လည်း ထိုဝံပုလွေလေးများက သူ၏တင်ပါးနှင့် ညာလက်ကိုသာကိုက်ခဲ့သည်။

ကျောက်ချင်းစုန့်က သူ့ကိုအဖွဲ့အစည်းထံခေါ်လာစဉ်က တင်ပါးတွင် အပေါက်ကြီးနှစ်ပေါက် ဖြစ်နေသည်သာမက ညာလက်လည်း အရိုးလွဲသွားသောကြောင့် စာသင်ကြားမှုနှောင့်နှေးနေသည်ကို ချင်းရှန်းမှတ်မိနေသည်။

"ဝံပုလွေလေးက သူ့အသက်ကို ချမ်းသာပေးတယ်လို့ အားလုံးက ပြောကြပေမဲ့ ဘာလို့မဟုတ်သေးသလို ခံစားရတာပါလိမ့်။" ချင်းကွေ့ဟွားက နှယ်ထားသည့်ဂျုံကိုအိုးထဲပစ်ထည့်လိုက်သည်။

ချင်းရှန်းက အလျင်အမြန်ပြောလိုက်သည်။ "ဘာမှားနေတာလဲ။ မြန်မြန်ပြောပါ။"

"သူ အကိုက်ခံရပြီးတဲ့နေ့ကပဲ ဝံပုလွေတွေ သူ့နောက်လိုက်နေတယ်လို့ သူပြောနေတာ။ သူက ဝံပုလွေအကိုက်ခံရတဲ့အကြောင်း အိပ်မက်တွေမက်ပြီး ပိုဆိုးလာတယ်။"

"စက်ရုံမှာ လူတွေအများကြီးရှိတာမလို့ ဘယ်က ဝံပုလွေရှိမှာလဲ။ သူ အကြောက်လွန်နေတာနေမယ်။"

သိပြီ။

ကျောက်ချင်းစုန့်က သူ့ကိုမကြာခဏ ဆေးခန်းသို့ခေါ်လာသည်။ တစ်ခါတစ်ရံ သူက မစားနိုင်ဖြစ်ပြီး၊ အိပ်မက်ဆိုးများ မက်သလို တစ်ခါတစ်ခါ အိပ်ယာကိုလည်းစိုအောင်လုပ်သည်။

သူ၏အသက်အရွယ် ယောက်ျားလေးတစ်ယောက်အတွက် အိပ်ယာပေါ်တွင်ဘဆီးသွားသည်က မဖြစ်နိုင်ပေ။ ချင်းရှန်းက သူ့သွေးကြောများစမ်းကြည့်သောအခါ ကျောက်ကပ်အားနည်းခြင်းတော့ မဟုတ်ပေ။ ယခု သူမက အကြောင်းပြချက်ကိုသိပြီ။ အိပ်မက်ဆိုးများကြောင့် အိပ်ယာစိုအောင်လုပ်မိသည်ဟု သူမခန့်မှန်းမိသည်။

သူ တိရစ္ဆာန်လေးများကို အနိုင့်ကျင့်ချိန်က သူ့ကိုယ်သူ သခင်လို့ သတ်မှတ်ခဲ့တဲ့အတွက် အခု ဝံပုလွေကိုက်ခံရဖူးနဲ့အခါမှာတော့ သူထိန်းချုပ်ထားခဲ့သော အရာအားလုံးပျောက်သွားကာ သူ့ကို ကြွက်လေးတစ်ကောင်ကဲ့သို့သာမြင်ကြပြီး ချင်းဖန်၏ ယုန်လေးကတောင် သူ့ကိုမကြောက်တော့ပေ။

"ဒါက ထိုက်တန်တဲ့အရာပဲ။ ဝဋ်လည်တာလေ။"

ချင်းရှန်းကတော့ ဝဋ်လည်သည်ဟု မထင်ပေ။ ဘဝအားလုံးက အတူတူသာဟု လောင်ဟဲက သူ့ကိုဆုံးမခြင်းဖြစ်မည်။ လူသားတွေ ဘယ်လောက်ပဲကြီးမြတ်ပါစေ လူတွေထပ်ပိုအင်အားရှိတဲ့ မျိုးစိတ်တွေနဲ့တွေ့ရင်တော့ အမှိုက်သာသာပဲ။

ဓာတ်ခွဲခန်း ဆောက်ပြီးသွားသည့်အတွက် အလုပ်သမားများက မြေပြုပြင်သည့်အလုပ်စရန် အဆင်သင့်ဖြစ်နေလေပြီ။

သို့သော်လည်း ယခင်နှစ်များက ရိုးရှင်းသည့် သာမန်နည်းလမ်းများအရ မဟုတ်ဘဲ စျေးကွက်ထဲမှအကောင်းဆုံး ထွန်စက်များကို သုံးထားသောကြောင့် အားစိုက်မှုက အံသြစရာကောင်းသည်။

All Chapters