← Chapters

Chapter 84

Vol. 7 Ch. 84

Chapter 84

Vol. 7 Ch. 84

အကြောင်းကတော့ လန်ဟဲမြို့တွင် လျှို့ဝှက်ချက်မရှိခြင်းပင်။ ချင်းရှန်းက ဓာတ်ခွဲခန်းတည်ဆောက်ကာ စိုက်ပျိုးမြေသစ်များအတွက် အလုပ်ရှုပ်နေသည့်သတင်းက အနီးအနားရှိ စစ်အခြေစိုက်စခန်းများသို့ပြန့်သွားသည်။ တပ်မှူးကျူး၏ ချစ်သူက ချင်းရှန်း၏ သစ္စာရှိလူနာဖြစ်သလို ချင်းရှန်းက သူမ၏ အဆစ်ရောင်ရောဂါကို ကုသပေးခဲ့သည်သာမက အစားအသောက်စားရန်လည်း စနစ်တကျ ညွှန်ကြားပေးခဲ့သည်။ ယခု သူမနေမကောင်းလျှင် ကျန်းမာရေးစင်တာမသွားဘဲ ၄၂ ထံသာလာသည်။

ချင်းရှန်းက မြေပြန်ပြင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အလုပ်ရှုပ်နေတာကြားတော့ တပ်ရင်းမှာ ထွန်စက်တွေရှိတာ သတိရမိသည်။ ပြီးတော့ ရှီးလန်နယ်မြေနဲ့ ပတ်သက်ပြီး မြေအနေအထားအရ အဆင်ပြေတဲ့စက်ဖြစ်နေသည်။

သူက အကူအညီပေးခဲ့ပြီး ချင်းရှန်းကလည်း ပျော်သည်။ သို့သော်လည်း ရာထူးကြီးသူများ၏ ခွင့်ပြုချက်မပါဘဲ သုံးမရပေ။ ဒါကြောင့် သူမက အတွင်းရေးမှူးကုန်းကို လူကြီးနှစ်ယောက်နှင့် အဆက်အသွယ် ရှာပေးရန်ပြောခဲ့သည်။ စက်ပစ္စည်း ရလာသည်သာမက နေရာကို စောင့်ကြပ်ပေးရန် လူငယ်တပ်သားများပါ ပါဝင်လာသည်။ စက်များက ရှေ့ပြေးအနေနှင့်သွားကာ လူအများက နောက်မှလုပ်ရ၏။ အားစိုက်မှူက ပြင်းလွန်းတယ်မလား။

အရာအားလုံး ဒီလောက်ထိချောမွေ့မည်ဟု ချင်းရှန်းထင်မထားပေ။ တစ်နေ့ပြီးတစ်နေ့ ပြောင်းလဲနေသော လန်ဟဲမြို့ကိုကြည့်ကာ အဆုံးမရှိသည့် စွန့်ပစ်မြေများက ယခုမြေပြန့်အဖြစ် ပြန်ပြောင်းလိုက်ရသည်ကိုကြည့်ရင်း သူမက ပျားရည်သောက်နေရသလို ခံစားရသည်။ သို့သို့ကတောင်မှ ခပ်လှမ်းလှမ်းမှ စွန့်ပစ်မြေများကို သ်ိ၍ ပင်းပင်းဟုခေါ်ခဲ့သည်။

အနီရောင် မိုးမခရွက်များက စွန့်ပစ်မြေများပေါ်တွင်ပေါက်နေပြီး ကလေးများက ပိတ်ရက်များတွင် သွားခူးလေ့ရှိသည်။ အိမ်တွင်အခြောက်ခံပြီးလျှင် ချက်ပြုတ်ရန်သုံးပြီး သူတို့က ရှီးလန်မြောက်ပိုင်းတွင် ရှားပါးသည့် မီးစာများဖြစ်သည်။

ချင်းမိသားစုတွင် ထင်းမရှားပေ။ ချင်းရှန်းက ကိုယ်ပိုင်ငွေဖြင့် တောင်ပိုင်းမှထင်းများဝယ်ပြီး အလုပ်လုပ်နေသည့်စုံတွဲများအတွက် မီးသွေးများလည်းရှိသည်။သို့သော်လည်း ချင်းကွေ့ဟွားက သူမ မခူးလျှင် အခြားတစ်ယောက် ခူးသွားမည်ဖြစ်ပြီး သူမရှူံးရလိမ့်မည်ဟုသာထင်နေသည်။ ဒါကြောင့် သူမက ထ်ိုအရာများကို ခူးရန် သို့သို့အား နေ့တ်ိုင်းသင်ပေးနေသည်။

ချင်းရှန်းကလည်း သို့ပေါင်ကို တစ်ခုခုလုပ်နေစေလိုသည့်အတွက် မတားခဲ့ပေ။ သူမက ဦးထုပ်လေးဆောင်းပေးကာ ဘောင်းဘီရှည်လေးဝတ်ပေးပြီး ခြင်းတောင်းလေးလွယ်ပေးကာ လေ့ကျင့်ခန်းလုပ်သကဲ့သို့ လွှတ်ထားလိုက်သည်။

သို့သော်လည်း ရက်အတော်ကြာ အမှိုက်ကောက်ပြီးနောက်မှာတော့ ချင်းရှန်းက ပြဿနာရှာတွေ့ခဲ့သည်။

အခြောက်ခံထားသော အမြစ်များကိုကြည့်ကာ သူမအနည်းငယ် စိုးရိမ်မိသည်။

အမြစ်တိုင်းက အရွယ်တူနေပြီး ကွေးမနေဘဲ ဆန့်နေ၏။

အထူကိုဖယ်ထားလျှင် ဖြောင့်နေသည့် အမြစ်များက အရွယ်တူသည့်အတွက် သို့ပေါင်က ထိုအမြစ်များက်ို မတိုမရှည်မကွေးသွားစေရန် ခြင်းထဲသေချာထည့်လာသည်ကို ချင်းရှန်းသတိထားမိသည်။

"သို့ပေါင်၊ အမေ့ကိုပြော ဘာလို့ အမြစ်တွေကို အရွယ်အတူတူခူးတာလဲ။"

သူမက အခြားကလေးများကို မေးခဲ့သည်။ သူမ၏ သို့ပေါင်က အမြစ်များကို အရွယ်တူတူခူးသည်သာမက သူတို့နှင့်လည်း လဲလှယ်ခဲ့သေးသည်။ ဒါက ရွေးချယ်စရာမလိုသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။

သို့ပေါင်က ခေါင်းငုံ့ပြီး အမြစ်များကိုကြည့်နေလိုက်သည်။ "မီးခြစ်ဆံတွေကလည်း တစ်ရွယ်ထဲပဲလေ။"

ချင်းရှန်းက အိမ်မှမီးခြစ်ဆံများအကြောင်း တွေးမိသည်။ ယခင်နှစ် လောင်ဟဲ ဝင်ခွင့်စာမေးပွဲဖြေချိန်က သူမက ဘေးတွင်စာအုပ်လှန်နေခဲ့သည်။ သူမစိတ်ကျေနပ်စေရန် လောင်ဟဲက မီးခြစ်ဆံများဖြင့် စာအုပ်ထဲမှအတိုင်း ပုံစံအမျိူးမျိုးဖော်ပြပြီး သူမ၏ဦးနှောက်ကို အလုပ်ပေးခဲ့သည်။

ဘာ? နှစ်နှစ်အရွယ်ကလေးကို ဒါတွေပြောခဲ့တာလား။

အသက်ကြီးသူဖြစ်သော်လည်း ပျော်ရွှင်နေသည့်အသံတစ်ခုက ဖုန်းထဲမှထွက်ပေါ်လာသည်။ "လိုင်တိ အရင်တစ်ခါက ဒန်ဒိုလီယမ်စိုက်ချင်တယ် ပြောခဲ့တယ်မလား။ ဦးလေး နည်းနည်းယူခဲ့မယ်။"

ရွာသားများအားလုံးက သူ(မ)ကို လိုင်တိဟုခေါ်ပြီး ထိုအခေါ်အဝေါ်နှင့်သာ ရင်းနှီးနေခဲ့ကြသည်။

"ဦးလေးဝူ၊ ကျွန်မအခုပဲ ဒန်ဒိုလီယမ်က ကျွန်မတို့လန်ဟဲမြို့နဲ့မသင့်တော်ဘူးဆိုတာ ပြောတော့မလို့ပါ။ ဦးလေး ကိုယ့်ဘာသာကိုယ်ပဲ စိုက်လိုက်ပါတော့။ မဖြုန်းလိုက်ပါနဲ့ နှမြောစရာကြီး။"

"မင်း တကယ်မလိုချင်တာလား။" ဦးလေးကွေ့က တကယ်စိတ်ပျက်သွားသည်။ သူက တူးရန်ပင် အဆင်သင့်ပြင်ထားလေပြီ။

ချင်းရှန်းက အသေးစိတ်ရှင်းပြပြီး သူ၏ကြင်နာမှုအတွက် ကျေးဇူးတင်လိုက်သည်။ သူမ ယခင်နှစ်က ပြောခဲ့သည်မှာ အပင်များ ပြောင်းရွှေ့ရန်အဆင်မပြေသည့် ရာသီဖြစ်နေသောကြောင့် နောက်ကျသွားခဲ့ခြင်းဖြစ်သည်။ သူက ဒီနှစ်အစောပိုင်းတွင် ပို့ပေးမည်ဟုပြောခဲ့သေး၏။

"ရပါတယ်။ ဦးမှာ အခြားမျိုးစေ့တွေ ရှိသေးတယ်။ အဲ့ဒါကတော့ မင်းတို့စိုက်ပျိုးမြေအတွက် သင့်တော်မယ်ထင်တယ်။ နောက်ရက်တွေမှာ မင်းတို့အားတယ်ဆိုရင် လာယူပါ။ ဦးက တစ်ခါမှ အပြင်မထွက်ဖူးတော့ မင်းနေရာကိုလာရင် လမ်းပျောက်နေမှာစိုးလို့ပါ။

ချင်းရှန်းက ပြုံးလိုက်သည်။ သူက လျှို့ဝှက်ထားသည်ကိုသိရသည့်အတွက် သူမက မေးခွန်းဆက်မမေးတော့ပေ။ လျှို့ဝှက်ချက်အချို့ထားသည်က ပိုကောင်းသည်။

"ဟုတ်ပါပြီ။ ကျွန်မ ခဲအိုကိုယူခိုင်းလိုက်ပါမယ်။ သူကလည်း ကလေးမွေးစာရင်းလုပ်ဖို့ ပြန်ရမှာလေ။"

လက်ထပ်ပြီးနောက် မကြာခင်မှာပဲ အိုက်လန်က ကိုယ်ဝန်ရှိခဲ့ပြီး မွေးတော့မည်ဖြစ်သည်။ သူမတို့ရွာသားများက ဘာမှမပြောသော်လည်း လျိုကျားဝေ့ကသာ ပြဿနာရှိခဲ့သူဟု သူတို့အားလုံး သ်ိသွားခဲ့ကြပြီး အိုက်လန်က မွေးဖွားရန် နှစ်အတော်ကြာ နှောင့်နှေးခဲ့ရသည်ကိုလည်း သိသွားခဲ့ကြပြီဖြစ်သည်။

"ဟုတ်ပြီ။ အိမ်မှာ ကြက်ဥတွေရှိတယ်။ ဦးပညာတတ်လူငယ်လျ်ိုကို အိုက်လန်ရဲ့ကျန်းမာရေး တိုးတက်စေဖို့အတွက် ပေးလိုက်ပါမယ်။"

ချင်းရှန်းက စကားအရလက်ခံခဲ့သော်လည်း သူတို့ကိုတော့ ဆုံးရှုံးမှုမဖြစ်စေလိုပေ။ သွားမည့်အချိန်ရောက်လျှင် ဦးလေးကွေ့နှင့် အဒေါ်လိဖန်၏ အိမ်သို့ အစားအသောက်အချို့ယူသွားပေးရန် သူမတွေးထား၏။

အိုက်လန်၏ သန်းခေါင်စာရင်းက ဝူလိဖန်တွင်ဖြစ်သောကြောင့် ကလေးက သူမနောက်သာလိုက်မည်။ ယခု သူမက ကလေးမွေးစာရင်းအတွက် ဝူလိဖန်သို့သွားရမည်။ ဝန်လိဖန်က အလုပ်ရမှတ်များအတွက် ယခင်နှစ်များတွင် သူမကိုကူညီထားခဲ့သည့်ကျေးဇူးရှိသလို ဆန်စပါနှင့် ရန်ပုံငွေကိစ္စများအတွက်လည်း သူမကိုပေးရဦးမည်။

တစ်ပတ်အကြာမှာတော့ လျိုကျီရှန်းက အထုပ်ကြီးတစ်ထုပ်သယ်ကာ အိမ်ပြန်ရောက်လာသည်။

"ဟုန်းကျင်ထျန်း"

ချင်းရှန်းက အံ့သြသွားပြီးနောက် အသိပြန်ကပ်သွားခဲ့သည်။

"တကယ်ပဲ ဟုန်းကျင်ထျန်း လား?"

"ဦးလေးကွေ့က တော်ဝင်မိသားစုကို ဆက်သခဲ့ရဖူးတယ်ဆိုတဲ့ မှော်ဆေးပင်ရှိတယ်လို့ပြောတဲ့ ချမ်းဒိုက ကုန်သည်တစ်ယောက်နဲ့ တွေ့ခဲ့တယ်တဲ့။ ဦးလေးကွေ့က မင်း လိုအပ််မယ်ထင်လို့ ဒန်ဒိုလီယမ်နဲ့လဲခဲ့တာ။"

ယခုခေတ်တွင် ဟုန်းကျင်ထျန်းက ယခင်ကဲ့သို့ ဆေးဆိုင်များတွင် အလွယ်ရှာမရတော့ပေ။ ယခု ထိုအပင်များက အနောက်ဘက်တောင်တန်းများတွင်သာ စိုက်၍ရပြီး အများစုက မြေရိုင်းများတွင်သာ ပေါက်ကြသည်။ အထွက်နှုန်းမတည်ငြိမ်သလို စျေးလည်းမြင့်သည်။

ထပ်ပြောရလျှင် ဟုန်းကျင်ထျန်းက နှလုံးရောဂါနှင့်ပတ်သက်၍ ထူခြားသည့်အစွမ်းရှိသည်ဟု အခြားနိုင်ငံများမှ ရှာဖွေတွေ့ရှိထားခဲ့ပြီး လုံနိုင်ငံ၏ အချို့နေရာများတွင်သာ ရနိုင်သည်။ နိုင်ငံခြားဆေးလုပ်ငန်းအများစုက ဒါက်ိုမျက်စိကျနေပြီး စျေးကြီးပေးဝယ်လိုကျသည်။ ချင်းရှန်းက ငွေဝင်မည့်လမ်းစများ မြင်နေလေပြီ။

"ဘယ်လောက်လဲ။"

"တစ်ရာ့နှစ်ဆယ် ကျင်းလောက်ပါပဲ။ တစ်လျန်ထက် မနည်းပါဘူး။"

ချင်းရှန်းက အံ့သြသွားခဲ့သည်။ သူမက ဦးလေးကွေ့ဝူကို ကျွမ်းကျင်မှုကို လေးစားသည့်အနေနှင့် ဆက်ဆံခဲ့ပြီး သူမကောင်းကျိုးအတွက်သာ ဒန်ဒိုလီယန် စိုက်လိုခဲ့ခြင်းဖြစ်သည်။ နှစ်အတော်ကြာပြီးသည်အထိ ကွေ့မိသားစုက သူမ၏ကြင်နာမှုကို မှတ်မိနေကာ ထိုသို့သောလက်ဆောင်ကြီးပေးမည်ဟု မထင်ထားပေ။

ဟုန်းကျင်ထျန်းက သွေးလည်ပတ်မှုကောင်းစေသော ဆေးဖြစ်ပြီး သွေးလည်ပတ်မှုကောင်းစေပြီး အဆုတ်ကိုသက်သာစေကာ အသက်ရှူချို့ယွင်းမှုကိုလည်း သက်သာစေသည်။ ထိုဆေးဖက်ဝင်ပင်က မူလအားဖြင့် ချင်းဟိုင်း-တိဘက် ကုန်းမြင့်ဒေသတွင်သာ တွေ့ရှိရပြီး အောက်ဆီဂျင်ချို့တဲ့မှုကို သက်သာစေနိုင်သည်။

ချင်းရှီ ဘုရင် တပ်မတော်ခေါင်းဆောင်သောအခါအနောက်မြောက်ကုန်းမြင့်ပိုင်းဒေသသို့ရောက်သည်နှင့် အောက်ဆီဂျင်ချို့တဲ့မှုကြောင့် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူခြင်းခက်ခဲမှု၊ ကိုယ်အောင့်မှုနှင့် အန်ခြင်းများဖြစ်ပွားလာခဲ့တာ။ ဒေသခံများကပေးသည့် ဟုန်းကျင်ထျန်း ဝိုင်ကြောင့် အလွန်အကျိုးရလဒ်ရှိိသည်ကို တွေ့ရှိခုဲ့ည်။ ဒါကြောင့် ချင်းရှီဘုရင်က ထိုဆေးကို "ရှန်းစီချောင်" ဟုအမည်ပေးပြီး နန်းတွင်းသုံးဆေးအဖြစ် သတ်မှတ်ခဲ့သည်။

လျိုကျီရှန်းက ထိုအကြောင်းအရာများကို အလွန်စိတ်ဝင်စားပြီး ချင်းရှန်းက မသိသည်လားဟု အထင်ဖြင့်အမြန်ရှင်းပြလိုက်သည်။

ချင်းရှန်းက ခေါင်းညိတ်၍ပြောလိုက်၏။

"အနာဂတ်မှာ ဆေးဝါးကုန်သည်များစွာက ဟုန်းကျင်ထျန်းက အောက်ဆီဂျင်ချို့တဲ့မှုကိုသာမက အဆုတ်နှင့် နှလုံးရောဂါများ (ဥပမာ- အင်ဖီဇီမာ၊ နှလုံးသွေးကြောအဆို့ပြတ်ရောဂါ) ကိုပါ ကုသနိုင်ကြောင်း တွေ့ရှိလာမယ်။ ထို့အပြင် ပင်ပန်းနွမ်းနယ်မှုများကိုပါ သက်သာစေနိုင်တယ်ဆိုတာ သိသွားကြမှာ။"

ဒာထက်မက ဟုန်းကျင်ထျန်းက အသားအရေကိုလှပစေပြီး အလှကုန်ထုတ်ကုန်များတွင် ပါဝင်လာနိုင်သည်ကို တွေ့ရှိကြသည်။ ထိုသို့ဖြစ်သည့်အတွက် ပစ္စည်းများ စျေးကွက်ထဲ ပိုများလာကာ စီးပွားရေးတန်ဖိုးမှာ ပိုမိုမြင့်တက်လာလိမ့်မည်။

သို့သော် ယခုအခါတွင် ပြည်ပဆေးဝါးကုမ္ပဏီအချို့ကသာ ထိုအပင်၏ တန်ဖိုးကို သိရှိထားပြီးဒီအခွင့်အရေးက အစ်ကိုကြီးလုံအတွက် အတော်အကျိုးရှိမယ်။

ချင်းရှန်းက လက်နှစ်ဖက်ကို ချင်းချင်းပွတ်၍ အလွန်စိတ်လှုပ်ရှားမှုဖြင့် ပြောသည်။ " ဟုန်းကျင်ထျန်း အစေ့ ၁၂၀ ကီလိုဂရမ်ရတာက တကယ်လက်ဆောင်ကြီးပဲ။"

မကြာသေးမီက ဆေးဖက်ဝင်ပင်စိုက်ပျိုးနေစဉ်တွင် သူမက ပရော်ဖက်ဆာ ကျုံးဝေ့မင်ထံသို့ ထိုအပင်များ ဝယ်ယူနိုင်မလားဆိုသည့်အကြောင်းကို မေးခဲ့သည်။ သူမတွင် ငွေမရှိလျှင်လည်း ချေးသုံး၍ရသည်။

လတ်တလောတွင် ဟုန်းကျင်ထျန်းကို တိဘက်ဒေသများတွင်သာ အများဆုံး တွေ့ရှိရသော်လည်း ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ရှီးလန် ပြည်နယ်မြောက်ပိုင်း၌လည်း စိုက်ပျိုးနိုင်ကြောင်း သူမ မှတ်မိလာသည်။ ထိုဒေသ၏ မြေဆီလွှာမှာ ပိုမိုထူထပ်ပြီး ညနေခင်းနှင့် မနက်ခင်းအပူချိန် ကွာခြားမှုကလည်း ပို၍ကြီးမားသဖြင့် ထွက်ရှိသည့် ဆေးဖက်ဝင်ပစ္စည်းများ၏ အရည်အသွေးမှာ ပိုမိုကောင်းမွန်လာမည်။

ကျုံးဝေ့မင်က ဟုန်းကျင်ထျန်း အစေ့ များစွာမြင်သည့်အခါ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။

သူက တခြားအလုပ်များကို ခဏထားခဲ့ပြီး ထိုအပင်များ မည်သို့စိုက်ပျိုးရမည်ကိုသာ အာရုံစိုက်နေလိုက်သည်။

သူက အားလုံးကို တစ်ပြိုင်နက်တည်း အသုံးမပြုရဲဘဲ သုံးပုံတစ်ပုံကိုသာ အသုံးပြုခဲ့သည်။ ထိုအပင်များ ကိုယ်တိုင်စိုက်ပြီး မျိုးစေ့များ ကြီးထွားလာသည်ကို မြင်ရသည့်အခါ ကျန်ရှိသည့် သုံးပုံနှစ်ပုံကို တူညီသော နည်းလမ်းဖြင့် စိုက်လိုက်၏။

ချင်းရှန်းက ရောဂါကုသခြင်းနှင့် အရေးကြီးသော အလုပ်များကို ဆောင်ရွက်နေရသောကြောင့် နေ့ခင်းအလုပ်ချိန်များတွင် မအားလပ်ပေ။ အလုပ်ပြီးသည်နှင့် တနင်္ဂနွေနေ့များတွင် ဆေးစိုက်ခင်းတွင် ကူညီရသည်။ သူမက အလွန်အလုပ်များနေသဖြင့် အားလပ်ချိန်ပင်မရှိခဲ့ပေ။ လောင်ဟဲက နွေရာသီအားလပ်ရက်ရခဲ့သော်လည်း ညတွင်သာ သူမနှင့် တွေ့ဆုံခဲ့ရသည်။

သို့သော်လည်း ချင်းရှန်း အလုပ်ရှုပ်နေသလို သူလည်း အားလပ်မနေခဲ့ပေ။ ရှန်းလောင်၏ ဓာတ်ခွဲခန်းတွင် နေ့တိုင်း ကူညီလုပ်ကိုင်နေရသည်။ လူတိုင်းက သူ့နောက်မှ လိုက်နေသော ကလေးလေးနှင့် ရင်းနှီးနေကြလေပြီ။

"မစ္စတာဟဲရဲ့ကလေးက ငယ်သေးပြီးအိမ်မှာ လူမရှိတာကြောင့် အဖေက ထိန်းနေရတာလို့ ကြားမိတယ်။"

"အိုး၊ မဟုတ်ဘူးထင်တယ်။ မစ္စတာဟဲရဲ့ အဖွားက ငယ်ငယ်ရွယ်ရွယ်ပဲမလို့ ကလေးကို ထိန်းပေးတယ်လို့ကြားတယ်နော်။"

သို့ပေါင်က ခေါင်းကိုလှည့်ပြီး.အဖြူရောင်အဝတ်အစားနှင့် မျက်နှာဖုံး တပ်ထားသော ဦးလေးများကို ကြည့်ပြီးပြောလိုက်သည်။

"သမီးရဲ့ အဖွားက ဆေးရုံမှာ အဒေါ့်ကို ဂရုစိုက်နေရတယ်။ အဖေနဲ့သမီးက အလုပ်လုပ်ဖို့လာတာ။ သမီး ပြဿနာမရှာပါဘူး။"

သူမက အပြစ်မရှိကြောင်း သက်သေပြရန် လက်ဗလာများကိုလှုပ်ခါ ပြလိုက်သည်။ ထို့နောက် တံခါးအပြင်၌ ထိုင်နေလိုက်၏။

အီလက်ထရောနစ် ပစ္စည်းများ ထုတ်လုပ်ရာတွင် များသောအားဖြင့် ဖုန်မှုန့်ကင်းစင်သော စမ်းသပ်ခန်းးတွင်သာ အလုပ်လုပ်ရပြီး အလုပ်ဝတ်စုံ ပြောင်းပြီးမှသာ ၀င်ရသည်။ သို့ပေါင်က ထိုအခန်းထဲသို့ မ၀င်ရကြောင်း သိပြီးဖြစ်သဖြင့် တံခါးရှေ့ခုံပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ကစားနေလိုက်၏။

သူမက စာအုပ်နှစ်အုပ်ကို ကိုင်ကာ ထိုင်ဖတ်နေသည်။ မကြာခဏ သူမ ယူလာသော ရေဗူးလေးထဲမှ ရေသောက်သည်။ ခဏနားပြီး သန့်စင်ခန်းသွားသည်၊ ခဏလောက် ထပ်ဖတ်ပြန်ပြီး ပြတင်းပေါက်ထံသွားကာ ပြင်ပမြင်ကွင်းကိုကြည့်လိုက်ပြန်သည်။

စာအုပ် အကြာကြီးဖတ်ခြင်းက မကောင်းဟု သူမ၏ အမေနှင့်အဒေါ်က ပြောထားသည်။ အဝေးနှင့် စိမ်းစိုသောရှုခင်းများကို ကြည့်ခြင်းက စိတ်ပြေပျောက်စေသည်ဟု သူတို့ကပြောထားသည်။

ဟုတ်သည်။ သို့ပေါင်က အလွန်သေချာပြီး၊ စည်းကမ်းထိန်းသိမ်းနိုင်သော ကလေးတစ်ဦး ဖြစ်သည်။

အဲ့ဒီနေ့မှာ ရှင်းချန်းက ဆေးစိုက်ခင်းမှ ပြန်ရောက်လာချိန် ရုံးခန်းထဲတွင် သို့ပေါင်က ခြေနှစ်ချောင်းကို လှုပ်နေပြီး ရေဗူးတစ်လုံးကို ခန္ဓာကိုယ်ပေါ် ဆွဲထားပြီး မနက်ပိုင်းထွက်သွားသည့်အတိုင်းပဲ ဆံပင်နှစ်ဖက်စည်းကာ ထိုင်စောင့်နေသည်။

သို့ပေါင်က သန့်ရှင်းသပ်ရပ်မှု ရှိပြီးထိုအရာက သူမ၏ ရုပ်ရည်တွင် ထင်ဟပ်နေသည်။ မညီညာသည့်အရာတွေကို မကြိုက်တဲ့သူဖြစ်သလို ဂျီဩမေတြီပုံစံတွေအပါအဝင် သူမ၏ဆံပင်နှစ်ဖက်မညီလျှင်လည်း မကြိုက်ပေ။

ဆံပင်ကိုချည်သည့်အမြင့် တူရမည်၊ ချည်ထားတဲ့ ဆံပင်အရေအတွက်ကလည်းတူရမည်၊ ကြိုးရောင်ကလည်းတူရမည်။ မဟုတ်ဘူးဆိုရင် သူမကိုယ်တိုင်ပြန်ချည်တတ်သည်။

ရှင်းချန်းက သူမသမီး ဦးရေပြားမနာစေရန် မနက်တိုင်းသူမကိုယ်တိုင် ဆံပင်ချည်ပေးရသည်။ တစ်ခါတစ်ရံအလုပ်များသည့်အခါ လောင်ဟဲက ချည်ပေးသည်။ ဒါက အတော်ဆိုးသည်။ OCD ရှိနေသည့်သမီးတစ်ယောက်နှင့် OCD ရှိသည့် အဖေတို့ဆုံသောအခါ ဆံပင်ချည်ဖို့ ပေတံနှင့်ပင် တိုင်းချင်ကြလိမ့်မည်။

"သို့ပေါင် အမေ့ကို စောင့်နေတာလား။ အဖေအလုပ်မပြီးသေးဘူးလား?"

"ဟုတ်တယ်။ အမေ့ကို သတင်းကောင်းတစ်ခု မဟုတ်ဘူး နှစ်ခုပြောရမယ်။"

ချင်းရှန်းက ရယ်လိုက်သည်။

"အင်း ပြောလေ။"

"ပထမ သတင်းကောင်းကတော့ အဒေါ်ပြန်ရောက်လာပြီ။"

ချင်းဖန်က သိပ္ပံဘာသာရပ်တွင် ထူးချွန်မှုကြောင့် အတန်းကျော်သွားပြီး ယခုအခါ အထက်တန်းတက်နေလေပြီ။ သင်ကြားမှု ပြင်းထန်သည့်အချိန်ဖြစ်သည့်အတွက် နာမည်ကြီးကျောင်းတစ်ခုတွင် တက်နေသည်။ တစ်လ ဒါမှမဟုတ် နှစ်လတစ်ခါလောက် အိမ်ပြန်လာတတ်သည်။

သူက သိပ္ပံပညာမှာ ထူးချွန်တာကြောင့် ချင်းရှန်းက နာမည်ကြီးဆရာတစ်ဦးကို မြို့တော်မှာရှာလိုက်ပြီး သူမအတွက် အထူးသင်ကြားပေးရန်ငှားထား။ သင်တန်းကြေးက အခြားလူများ၏လခ နှစ်လစာတန်ဖိုးနှင့်ညီသည်။

ချင်းရှန်းက သူမကိုယ်တိုင် ပညာရေးညံ့ဖျင်းသူ ဖြစ်နေသည့်အတွက် သူမ၏ထူးချွန်သော ညီမအတွက် ငွေသုံးရမည်ကို နှမြောမနေပေ။

ချင်းဖန်ကတော့ တတိယအစ်မကို ဝန်ပိုစေသည်ဟူသောစိတ်ဖြင့် ပို၍စာကြိုးစားခဲ့သည်။ ကျောင်းမှကားက သူမကို အိမ်ပြန်ရန် လာခေါ်လျှင်တောင် သူမက ပြန်မည်မဟုတ်ပေ။

ယခုက နွေရာသီပိတ်ရက်ဖြစ်ပြီး သူမတို့ကျောင်းမှ သင်္ချာပြိုင်ပွဲအတွက် ပေကျင်းသို့လွှတ်သော အဖွဲ့တစ်ခုတွင် သူမပါနေခြင်းဖြစ်သည်။ သို့သော် ပြိုင်ပွဲအတွက် ပြင်ဆင်နေရသည့်အတွက် အိမ်ပြန်မလာနိုင်ခဲ့ပေ။

"သမီးအဒေါ်ပြန်လာတာ တကယ်ရှားတယ်နော်။"

ချင်းရှန်းက ဘာစားရမည်ကိုတွေးနေရင်း ရုတ်တရက်သတိရသွားသည်။

"ဒုတိယ သတင်းကောင်းက ဘာလဲ?"

ထိုကလေးမလေးက သူမအပျော်ဆုံးဖြစ်မည့်သတင်းကို နောက်ဆုံးမှ ပြောလောက်သည်။

"အဒေါ် ကလေးမွေးပြီးပြီလို့ အဖွားဖုန်းဆက်တယ်။"

ချင်းရှန်းက ငြိမ်သက်သွားခဲ့သည်။ ရက်တွက်ကြည့်လိုက်ရာ မွေးမည့်ရက်နှင့် တစ်ပတ်လောက်အကြာပင်။ သူ့အစ်မကြီးက ကျန်းမာရေးကောင်းပြီး အစားအသောက်ကောင်းသည့်အတွက် ကလေးက ထွားနေလိမ့်မည်။ ဒါကြောင့် တစ်ပတ်ခန့်ကြိုတင်ပြီး ခရိုင်ဆေးရုံတွင် မီးဖွားရန်သွားခဲ့ခြင်းဖြစ်သည်။

"ဒီနေ့မွေးတာလား? မောင်လေးလား၊ ညီမလေးလား?"

"အင်း နေ့လည်စာစားချိန်က မွေးတာလို့အဖွားပြောတယ်။ ပြီးတော့ မောင်လေး။"

ချင်းရှန်းက အလွန်ဝမ်းသာသွားသည်။ ကလေးက မိန်းမဖြစ်ဖြစ်၊ ယောက်ျားဖြစ်ဖြစ် သူ့အစ်မကြီးမွေးသည့်ကလေးဆိုလျှင် သူမချစ်မည်ဖြစ်သည်။ သို့သော် ချင်းကွေ့ဟွားအတွက်တော့ သူမ လိုချင်နေခဲ့သည့် မြေးယောက်ျားလေးဖြစ်သည်။ ချင်းမျိုးရိုး မဟုတ်သော်လည်း သူမ၏သွေးသားရင်းဖြစ်၏။

All Chapters