← Chapters

Chapter 85

Vol. 7 Ch. 85

Chapter 85

Vol. 7 Ch. 85

သူမပြောသည်ကတော့ ချင်းမိသားစုတွင် အမျိုးသမီးသီးသန့်မဟုတ်တော့ဘဲ သို့ပေါင်ကို စောင့်ရှောက်မည့် မောင်လေးရပြီ ဟူ၍ဖြစ်သည်။

ကလေးက ၈ပေါင်ခွဲရှိသည်။ မွေးပြီးနောက်မှာ ခန္ဓာကိုယ်ပေါ်မှာ အသားတစ်လေးတွေ ရှိနေတာကြောင့် သူ့နာမည်ကို ရှစ်ပေါင်လေးလို့ ပေးထားကြသည်။

အိုက်လန်က နောက်ကျမှ မင်္ဂလာဆောင်ခဲ့သည့်အတွက် ကိုယ်ဝန်ရရန် မဖြစ်နိုင်ဘူးလို့ ထင်ခဲ့သည်။ ကိုယ်ဝန်ရှိသည်ဟု သိရစဉ်ကပဲ အထူးဂရုတစိုက်နေခဲ့သည်။ အာဟာရဖြစ်မည့်အရာဟု ချင်းရှန်းက ပြောလိုက်လျှင် သူတို့စုံတွဲက ဝယ်လိုက်ကြသည်။

အခြားလူများက ကိုယ်ဝန်စစချင်းတွင် အစာမစားနိုင်မှုကြောင့် ကိုယ်အလေးချိန် ကျခဲ့ကြသော်လည်း သူမက အားလုံးစားနိုင်ခဲ့သည့်အတွက် ကိုယ်ဝန်ဆောင်အကြိုအဆင့်တွင် သတိမထားမိခဲ့ပေ။ သို့သော် ကိုယ်ဝန်ရောက်နောက်ပိုင်းတွင် သူမ၏ ကိုယ်အလေးချိန်သည် နှစ်ရက် သုံးရက်တိုင်း အတူတူရှိနေပြီး လူတိုင်းက သူမသည် ရက်အနည်းငယ်အတွင်း သိသိသာသာတက်လာသည်။

သူမက မြို့ထဲရှိ နာမည်ကြီးလက်သည်တစ်ယောက်ခေါ်လာ၍ သူမ၏ဗိုက်ကို ကိုင်ကြည့်ခိုင်းလိုက်သည့်အခါ သူမအစားမလျှော့လျှင် ကလေးက ၁၈ကီလိုလောက်ဖြစ်နိုင်သည်ဟု ထိုလက်သည်က ပြောလိုက်၏။

ယနေ့ခေတ်တွင် ၁၅ ကီလိုဂရမ်လောက်ရှိသော ကလေး မရှိသည့်တိုင်ထိုသို့ ကြီးထွားနိုင်ခြင်းကို ကောင်းမွန်သည်ဟု ယူဆကြသည်။ ချင်းရှန်းက အလွန်စိတ်ပူပြီး အသီးအရွက်များများစား၍ အလေးချိန်ထိန်းရန် ပြောခဲ့သော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။

ကံကောင်းစွာဖြင့် ခရိုင်ဆေးရုံတွင် ခွဲမွေး၍ရသည့်အတွက် အရာအားလုံး အဆင်ပြေပြေပြီးသွားခဲ့၏။

ချင်းရှန်းက စိတ်ပူနေခဲ့သည်။ "အဖွား၊ ကလေးကိုပဲ အာရုံစိုက်မနေဘဲ အစ်မကြီးကိုလည်း ဂရုစိုက်ပါနော်။ သူက ပင်ပင်ပန်းပန်း မွေးထားရတာပါ။"

"စိုးရိမ်စရာမလိုပါဘူး၊ သမီးခဲအိုက ကလေးကို ပိုဂရုစိုက်ပါသေးတယ်။ သူ့အမေကိုတောင် ဟိုင်းချင်းကခေါ်လာပြီး ကလေးကို ထိန်းခိုင်းမယ်တဲ့။ အဖွားက သမီးအစ်မကြီး ဆေးရုံကဆင်းလာရင်ပဲ ဂရုစိုက်ပေးရတော့မယ်။"

"အမဲသား၊ ငါးတွေ မစားနဲ့။ အဆီနည်းတဲ့ အသီးအရွက်နဲ့ ကြက်ဥတွေပဲစားနော်။"

အဖွားက ပြုံးလိုက်သည်။ မီးဖွားပြီးရင် ဘယ်သူက အစားအသောက်ကောင်း မစားချင်ဘဲ နေမှာလဲ။ အဆီများသည့် အစားအသောက်များက ကောင်းသည်။ သူတို့ဆိုလျှင်လည်း အဆီများသည့်အရာနှင့် စွပ်ပြုတ်များကိုသောက်လိုကြသည်။ သို့သော်လည်း မိသားစုတွင် တတိယကလေးက အဓိကဖြစ်နေသည်ကို သူမသိသည့်အတွက် သူမက ပြောစကားနားထောင်မည်ဖြစ်သလို အိုက်လန်ကိုလည်း ထိခိုက်အောင် လုပ်မည်မဟုတ်ပေ။

သူတို့နှစ်ဦးက အတော်ကြာစကားပြောခဲ့ပြီး အားလုံးအဆင်ပြေသည်ကို သိသည့်အတွက် ချင်းရှန်းက စိတ်မပူတော့ပေ။

အဖွားက ခရိုင်မြို့ရောက်စဉ်ကပဲ သို့သို့ကိုသတိရသောကြောင့် အိပ်မပျော်နိုင်ဖြစ်ခဲ့ပြီး အစားအသောက်စားတိုင်းလည်း သို့သို့နှင့် မကစားပေးရဘဲ အစားအသောက်မစားချင်ဟု ပြောသည်။ သူမက အသက်ကြီး၍အပြောမတတ်သူ တစ်ယောက်သာဖြစ်သည်။

အဘွားက ဤသို့ဖြစ်သည်။ သူမက သူတို့ကလေးများကို ကျွေးမွေးထိန်းကျောင်းပေးပြီး လူငယ်များက သူမပင်ပန်းမည်စိုးသည့်တိုင် သူမကတော့ မြေးများကို မကူညီနိုင်မည်ကိုသာ စိုးရိမ်မိသည်။

ချင်းဖန်က အ်ိမ်ပြန်လာပြီးနောက် အစ်မကြီးက ၈ပေါင်ရှိသော ကလေးမွေးကြောင်းသိရသည့်အတွက် အလွန်ဝမ်းသာမိသည်။ သူမက အိမ်နှင့်အဝေးတွင် စာလေ့လာနေခဲ့သော်လည်း ဆက်ဆံရေး ကောင်းနေသေးသည်။

သူမက ရုတ်တရက်အိတ်ထဲမှ သတင်းစာတစ်စောင်ကို ထုတ်ပြလိုက်သည်။

"တတိယအစ်မ ဒီကိုကြည့်လိုက်။"

"ဘာလဲ?"

"ကိုယ့်ဘာသာ ကြည့်လိုက်ပါ။"

သူမက နှုတ်ခမ်းကိုစေ့ထားပြီး တောက်ပသည့်မျက်ဝန်းများဖြင့် ကြည့်နေသည်။

"သမီးကြည့်မယ်။" သို့သို့က မစောင့်နိုင်တော့ပေ။ အခုပဲ သတင်းစာကို မြင်နေရသည်ကို သူမအမေ ဖွင့်ဖတ်ရန် စောင့်ရဦးမည်။ဒါက အံ့သြစရာတစ်ခုဖြစ်၍ ကြည့်ချင်နေပြီဖြစ်သည်။

"ဟေး အဒေါ်ပဲ။"

သူမက သတင်းစာပေါ်ရှိ ဓာတ်ပုံကို ကြည့်လိုက်ရာ သူမ၏ ညီမချင်းဖန်က ထိိပုံထဲတွင် ဆုတံဆိပ်ကိုင်ထားပြီး အလယ်တွင်ရပ်နေလေသည်။ ကင်မရာကိုကြည့်နေသည့်အကြည့်များက တောက်ပနေလေသည်။

သို့ပေါင်က ကျောင်းမတက်ရသေးသော်လည်း တရုတ်စာလုံးများ သိနေသည့်အတွက် တစ်ခုလုံးကိုကြည့်ကာ စာသားကို ရှာတွေ့ခဲ့သည်။

"အဒေါ်က သင်္ချာပြိုင်ပွဲမှာ ပထမရပြီး အုပ်စုပြိုင်ပွဲမှာ ဒုတိယရတာပဲ။"

ချင်းရှန်းက သတင်းစာကို နှစ်ကြိမ်သေချာဖတ်ပြီးမှသို့သ်ို့ဖတ်သည်မှာ မှန်သည်ကိုသိသွားကာ ချင်းဖန်အား ဖက်၍ နမ်းလိုက်သည်။

"ငါတို့ရဲ့ စတုတ္ထလေးက တကယ်စာတော်တာပဲ။"

ချင်းဖန်၏ ရုပ်သွင်မှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ နွေးထွေးနေလေသည်။ သူမက တတိယအစ်မကို စိတ်မပျက်ရအောင် လုပ်နိုင်ခဲ့လေပြီ။ ဒါက ကောင်းသောအရာပင်။

ချင်းရှန်းတို့ သတင်းမှ ပုံကိုမြင်လိုက်ရပြီး ရက်အနည်းငယ်အကြာတွင် သူတို့က ဖုန်းအဝင်တစ်ခု လက်ခံရခဲ့ပြီး ချင်းဖန်၏ ပညာရေးထူးချွန်မှုကို ချင်းဒေါင်တက္ကသိုလ် သင်္ချာဌာနမှ အာရုံစိုက်မိသဖြင့် ကျောင်းဝင်ခွင့်အတွက် ပြောရန်ခေါ်ဆိုခြင်းဖြစ်သည်။

တကယ်တော့ သူမက ဆောင်းဦးတွင် အထက်တန်းတက်ရမည်ဖြစ်သော်လည်း သူတို့၏ ကျောင်းဝင်ခွင့်ခေါ်စာနှင့်ဆိုလျှင် အထက်တန်းတက်စရာ မလိုတော့ပေ။

ကျောင်းရော မိသားစုဝင်များကပါ ဝမ်းသာကြသော်လည်း ချင်းဖန်ကသာ အိမ်နှင့်စောစောမခွဲလိုသည့်အတွက် မပျော်ရွှင်နိုင်ဖြစ်နေရသည်။

ဘယ်လိုပဲဖြစ်ဖြစ် စာသင်ခြင်းနှင့်အတူ သူမ၏အဘွား၊တတ်ိယအစ်မ၊ သို့သို့တို့နှင့်အတူ အချိန်ကုန်ဆုံးချင်သေးသည်။

ချင်းကွေ့ဟွားက သူမကို ဆူပူခဲ့ပြီး တုံ့ဆိုင်းနေခြင်းက ချင်းဒေါင်တက္ကသိုလ်နှင့် ဝင်ခွင့်စာအပေါ် မလေးစားရာရောက်သည်ဟု ပြောခဲ့သည်။

သို့ပေါင်ကလည်း သူမအဒေါ်ကို ပေကျင်းသို့ အရင်သွားခိုင်းပြီး သူမအရွယ်ရောက်လာမှ အဒေါ်နှင့်အတူ ပေကျင်းသို့ လိုက်ခဲ့မည်ဟု ပြောခဲ့သည်။

"မင်းက အခုထိ မူလတန်းတောင် မတက်ရသေးဘူး။"

ထိုအချိန်မှ ချင်းရှန်းနှင့် လောင်ဟဲတို့က သို့ပေါင်၏ အသက် ၄နှစ်ရှိပြီဖြစ်သည့်အတွက် မူလတန်းကြိုကျောင်းထားရန် အချိန်ရောက်ပြီကို သတိရသွားကြသည်။

ရှီးလန်ဒေသရှိ မူလတန်းကြိုကျောင်းများက တစ်နှစ်သာကြာသည့်အတွက် သူတို့က ကျောင်းထားရန် သူမအသက် ငါးနှစ်၊ ခြောက်နှစ်ဖြစ်မည့်အချိန်ကိုစောင့်နေကြသည်။ အသက်ငယ်ငယ်နှင့်ကျောင်းတက်လျှင် အခြားအတန်းဖော်များနှင့်အတူတူ ပေါင်းသင်းဆက်ဆံ ပြောဆိုနိုင်ခြင်းမရှိမည်ကို သူတို့စိတ်ပူနေကြသည်။သို့သော်လည်း သို့ပေါင်က ကျောင်းစောစောတက်လိုပြီး မူလတန်းကျောင်းတက်ချင်နေပြီဖြစ်၏။

ချင်းရှန်းနှင့်လောင်ဟဲက အချင်းချင်းကြည့်လိုက်၍ သဘောတူလိုက်ကြသည်။

သူတို့အားလုံးက သဘောတူလက်ခံခဲ့ကြသည်။

အဆုံးမှာတော့ သ်ို့ပေါင်က ဒီနှစ်တွေအတွင်းမှာ အတွေးအခေါ်နှင့် သင်ယူမှုစွမ်းရည်များ တိုးတက်လာခဲ့လေသည်။

မကြာခင်မှာပဲ ချင်းဖန်ကို ပစ္စည်းများနှင့်အတူ ကျင်းရှီကျောင်းသို့ တတိယခဲအိုက လိုက်ပို့ခဲ့သည်။ ထို့နောက် ချင်းရှန်းက သို့ပေါင်ကို မူလတန်းပထမနှစ်ထားပေး၍ တရားဝင် မူလတန်းကျောင်းသား ဖြစ်စေခဲ့သည်။

ဒီတစ်ခါတွင် ဟဲလျန်ရှန်းကလည်း သူ၏အကိုကြီး၊ မရီးနှင့် ရှောင်းဟူတို့ထံ သွားလည်ပတ်ခဲ့သည်။ ဟဲပေါင်ရှန်း၏ စက်ရုံက ယခင်နှစ်ဆုံးပိုင်းတွင် စာချုပ်စာတမ်းစနစ်ပြောင်းလဲသွားခဲ့သည်။ ယန်ချန်စီးပွားရေးလုပ်ငန်းနှင့် စာချုပ်ချုပ်ဆိုပြီးနောက် သူ၏လစာ တိုးသွားသည်သာမက ကာလရှည်ကြာ တာဝန်ထမ်းဆောင်ခဲ့မှုကြောင့် အိမ်တစ်လုံးပင် ရခဲ့သေးသည်။ သူတို့မိသားစုသုံးဦးက ချွန်းဟွာဟူထုန်မှ ထွက်ကာ သန့်ရှင်းသပ်ရပ်သောပတ်ဝန်းကျင်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပြီဖြစ်သည်။

အန်းရှူးကျန့်၊ သူမ၏ မောင်နှမများနှင့် ဆယ်ကျော်သက်အရွယ် ကစားဖော်များက ဇာတိမြို့ မြောက်ပိုင်း ဟဲပိုင်ဒေသရှိ တောင်ပေါ်မြေရိုင်းအချို့ကိုစာချုပ်ချုပ်ပြီး အပင်များ စတင်စိုက်ပျိုးခဲ့သည်။ သူမက မြောက်ပိုင်းနယ်မြေရိုင်းတွင် နေခဲ့ရသကဲ့သို့ ပိန်လှီ၍ အသားအရောင် ညစ်နွမ်းနေသော်လည်း သူမ၏စိတ်ကတော့ ယခင်နှင့်မတူဘဲ အေးချမ်းပေါ့ပါးနေ၏။

သူမထွက်သွားစဉ်က သူက သူမကို ယွမ်သုံးရာပေးခဲ့သည်။ အတော်ကြာကြာ ငြင်းခဲ့ပြီးမှ သူမလက်ခံလိုက်သည်။ သို့သော် သူက တောင်ပေါ်ဒေသထွက် ပစ္စည်းအတော်များများနှင့် သို့ပေါင်အတွက် အဝတ်ဖိနပ်တစ်ရံ ရခဲ့သေးသည်။

"ဒီတစ်စုံက မင်းဦးလေးရဲ့ တတိယမြေးမအတွက်။ သူက သို့သို့နဲ့ရွယ်တူပဲဆိုတော့ သူလည်း စီးလို့ရလောက်တယ်။"

ဟဲလျန်ရှန်း၏ အကြည့်များက တည့်မတ်နေသည်။ သူက "အင်း" ဟုသာပြောခဲ့ပြီး သူမလုပ်ထားသော ဖိနပ်များကိုယူလိုက်သည်။ ဒါက ဟဲလျန်ရှန်း၏ နှစ်ပေါင်းများစွာ မက်ခဲ့သော အိပ်မက်ဖြစ်ပြီး တစ်ခါမှတော့ မရနိုင်ခဲ့ပေ။

သို့သော်လည်း သူမ သူမဘဝနှင့်သူမ နေနိုင်သရွေ့ ဒါက အရေးမပါတော့ပေ။

ကွာရှင်းလိုက်ပြီးနောက် ဟဲရုန်ဘယ်သွားသည်ကိုတော့ ဘယ်သူမှ မသိပေ။ သို့သော်လည်း အသုံးစရိတ်အတွက် သူက လတိုင်းတော့ ဟဲပေါင်ရှန်း၏အိမ်ရှေ့ ပေါ်လာတတ်သည်။ သူက အသက်ရှင်နေသေးသည်။ အသက်ရှင်နေသေးသည်ကို သိရလျှင်ပင် လုံလောက်ပြီဖြစ်သည်။

အချိန်များက လျင်မြန်စွာကုန်ဆုံးသွားပြီး ဆေးခန်းမှ ဝန်ထမ်းများအားလုံး၏ ကြိုးစားမှုကြောင့် သုံးနှစ်အကြာ ၁၉၈၁ ဆောင်းဦးတွင် ဆေးစိုက်ခင်းအသစ် ဧက ၅၀၀ ကို ပထမဆုံးအနေဖြင့် အောင်မြင်စွာ ရိတ်သိမ်းနိုင်ခဲ့လေပြီ။

ယခင်ထဲက စိုက်ပျိုးထားခဲ့သော တရုတ်ဆေးပင်များအပြင် ယခု ဟုန်းကျင်ထျန်းက ဒီတစ်ခါ နာမည်အကြီးဆုံးဖြစ်သည်။

အခြားသော ဆေးပစ္စည်းများနှင့်ယှဉ်လျှင် ချင်းကျောက်ဦးဆောင်သော ကျန်းမာရေးလုပ်သားများက ဟုန်းကျင်ထျန်း အပေါ် ဆယ်ဆလောက်ပို၍ စိတ်ရှည် အာရုံစိုက်သည်။ အဆုံးမှာတော့ ထိုအပင်များကို စိုက်ခဲ့ရသည်မှာ တကယ်ကိုဒုက္ခများခဲ့ရသည်။ ပထမနှစ်တွင် အင်းဆက်အန္တရာယ်ကြုံသည်။ ဒုတိယနှစ်တွင် ရာသီဥတုပူသောကြောင့် နှင်းများ အရည်ပျော်တော့မလို ဖြစ်ခဲ့သည်။ စက်ရုံမှ အလုပ်သမားတိုင်းက ညဖက်ကြီး အင်းဆက်ထဖမ်းရသည့်အဖြစ်ကို ကြုံဖူးကြသည်။

ကံကောင်းစွာနဲ့ပဲ အရာအားလုံးက ချောချောမွေ့မွေ့ ပြီးမြောက်သွားပြီး နောက်ဆုံးမှာ ဝက်များစျေးကွက်ပေါ် တရားဝင်ရောက်သည့်နေ့တွင် ပြီးဆုံးအောင်လုပ်နိုင်ခဲ့သည်။

ဟုန်းကျင်ထျန်းက တန်ဖိုးရှိသော တရုတ်ဆေးတစ်မျိုးဖြစ်သည်။ စိုက်ပြီးသည်နှင့် လောင်ဝမ်းက သတင်းကြားရသည့်အတွက် ကိုယ်တိုင်လာကြည့်ခဲ့သည်။ ယခင်နှစ်များအတွင်း ပြင်ပဆေးလုပ်ငန်းများကလည်း မကြာမကြာ လာကြည့်ကြသည်။ ချင်းကျောက်က သုံးပုံတစ်ပုံကို တွဲဖက်ဟောင်းဖြစ်သူ လောင်ဝမ်းအတွက်ဖယ်ထားပြီး ကျန်သည်ကိုတော့ စျေးအမြင့်ဆုံးပေးသည့်သူကို ရောင်းမည်ဖြစ်သည်။ ယခု အားလုံးက စျေးကွက်စီးပွားရေးဖြစ်ပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအပေါ် အခြေခံသည်။

ဆေးဝါးကုမ္ပဏီများ ဝင်ရောက်လာသည့်အတွက် မြို့တွင်နေထိုင်သူများက စျေးကွက်ထဲတွင် လိုအပ်သည့်ဆေးဝါးများ မရနိုင်တော့မည်ကို တွေးပူစရာ မလိုတော့ပေ။ လူသွားလူလာအရ သွားလာရေးအခြေအနေလည်း ကောင်းမွန်လာပြီဖြစ်သည်။ အနီးအနား လယ်သမားများစိုက်ပျိုးထားခဲ့သော အစားအသောက်အသီးအရွက်များ၊ ကျွဲနွားများ၊ သိုး၊ ကြက်နှင့်ဘဲများကလည်း မြို့ပြင်သို့ရောင်းချ၍ ရသဖြင့် အိမ်တိုင်းတွင် ဝင်ငွေအတော်အသင့်ရှိသည်။

အားလုံးတွင် ငွေရှိသည်တော့မဟုတ်ဘဲ အချို့က အိမ်များဆောက်သလို အချို့က ကားဝယ်ကာ အချို့က ငွေများကို သတို့သမီးတင်တောင်းငွေအတွက် သုံးလိုကြသည်။ သူတို့အနားမှ လူတိုင်းက သူတို့၏သမီးများကို လန်ဟဲမြို့တွင် အိမ်ထောင်ချပေးနိုင်လျှင် သူတို့၏ဘဝ အဆင်ပြေပြီဟု တွေးကြသည်။

လန်ဟဲမြို့မှ မိန်းကလေးများက မိဘအိမ်များမှ ပြင်ပသို့ လက်ထပ်၍ မသွားကြတော့ပေ။ ခေတ်သစ်တွင် သားရော၊ သမီးရောက တူညီသောအခွင့်အရေးရှ်ိသည့်အတွက် အားလုံးက မိဘအမွေများကို အညီအမျှခွဲယူကြကာ သားမက်အိမ်ပေါ်တင်သည့်ဓလေ့က ခေတ်စားလာခဲ့သည်။

လန်ဟဲမြို့မှ မိန်းကလေးများကို လက်ထပ်လိုသူများက ထိုသို့စနစ်နှင့်သာ လက်ထပ်၍ရသည်။

ထိုအရာက အားလုံးကို ပျော်ရွှင်စေသည်။ ချင်းကွေ့ယင်း၏ အကြီးဆုံးသမီးက ဒီနှစ်တွင် အသက်ဆယ့်ငါးနှစ်သာရှိသေးသော်လည်း စေ့စပ်ကြောင်းလမ်းစကားဆိုလာသူများ ရှိနေလေပြီ။ ဒါက အရမ်းပိုလွန်းသည်။

ချင်းရှန်း အစည်းအဝေးခန်းထဲသို့ မဝင်မီ အစ်မကြီးများ ပျော်ရွှင်စွာ ရယ်မောနေသည်ကို ကြားလိုက်ရသည်။

ချင်းကွေ့ယင်း၏ သမီးသာမက လောင်ဝမ်း၏ ၄၅နှစ်အရွယ် မုဆိုးမဖြစ်နေသည်မှာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်သော ညီမကိုပင် အောင်သွယ်တော်များက စေ့စပ်ကြောင်းလမ်းစကားများ လာပြောနေကြသည်။

ချင်းရှန်းက အပြင်မှကြားလိုက်ရပြီး ရယ်ရမလိုငိုရမလိုဖြစ်နေသည်။ လန်ဟဲမြို့က ယခုလူသိများသော နေရာကောင်းတစ်ခု ဖြစ်နေပြီး အဓိကကတော့ လွန်ခဲ့သည့်နှစ်များအတွင်း မြေပြင်ဆင်မှုများကြောင့်ဖြစ်သည်။ လယ်သမားတိုင်း၏ အိမ်တွင် စိုက်ပျိုးမြေဧကကျယ်များရှိပြီး သူတို့က ကျန်းမာရေးစင်တာကဲ့သ်ို့ တူညီသောအရာများ စိုက်ပျိုးကာ သူတို့၏ဘဝက ပို၍ကောင်းမွန်လာသည်။

မြို့ထဲတွင် အပြင်လူများလည်း အမြောက်အများရှိနေပြီး အားလုံးက လုပ်ကိုင်စားသောက်ရန် လာကြခြင်းဖြစ်သည်။ လူဦးရေ များလာသည်နှင့်အမျှ စားသောက်စရိတ်များကလည်း မြင့်တက်လာသည်။ အဒေါ်ကျန်းက မြို့ထဲတွင် ဆ်ိုင်တန်းရှည်လေးဖွင့်ထားပြီး ကြက်ဥပန်ကိတ်များရောင်းကာ တစ်လအတွင်း ငွေအမြောက်အများရှာနိုင်နေသည်။

အစည်းအဝေးခန်းထဲတွင် အားလုံး၏ ခေါင်းစဉ်က နေ့ရက်ကောင်းများအကြောင်းမှ လက်ရှိအမြတ်ငွေဖက်သို့ အာရုံရောက်သွားကြသည်။ ပုံမှန်ဆိုလျှင် သူတို့က ဒေါက်တာချင်းကို ကြောက်သည့်အတွက် ဘာမှမမေးရဲကြပေ။ ဒီနေ့မှာတော့ ချင်းကွေ့ယင်း တစ်ယောက်တည်း ကျန်ခဲ့သည်။ တစ်ယောက်က တီးတိုးပြောလိုက်သည်။

"အစ်မ ကွေ့ယင်း ကျွန်မတို့ကို အရိပ်အမြွက်ပြောပြပါလား။ ဆေးပင်ကို ရောင်းလိုက်ပြီလေ။ အားလုံးပေါင်း ထုတ်ကုန်အရေအတွက်က ဘယ်လောက်လဲ။"

သူမက ယခင်ကဲ့သို့ နှုတ်လုံမည်ကို ကြောက်သည့်အတွက် အချို့က ခန့်မှန်းကြသည်။ "အနည်းဆုံး တန်သုံးဆယ်တော့ကျော်တယ်မလား။"

"ဘယ်လိုဖြစ်နိုင်မှာလဲ? အနည်းဆုံး တန်လေးဆယ်ပဲ။တစ်ရက်က ဆေးကုမ္ပဏီတစ်ခုကို မေးကြည့်တော့ သူတို့က အဲ့ဒီရက်တစ်ရက်တည်းက ၃၅၀၀ ကီလိုဂရမ် ရခဲ့တာတဲ့။"

အားလုံး အံ့သြသင့်သွားကြသည်။ ဒီအတိုင်းသာဆိုလျှင် လေးဆယ်ဖြစ်လောက်သည်။

ချင်းကွေ့ယင်းက ပြုံးပြီးလက်နှစ်ချောင်း ပြလိုက်သည်။ "ဒီလောက်"

အားလုံး၏ မျက်ဝန်းများ အရောင်လက်သွားခဲ့သည်။

"တကယ်ကြီး တန်ခြောက်ဆယ်? တကယ်ဟုတ်ရဲ့လား။"

"စျေးနှုန်းကရော။"

တကယ်တော့ စျေးကပုံသေရှိမနေပေ။ လန်ဟဲကို ရောင်းသည်က တစ်စျေးဖြစ်ပြီး ပြင်ပမြိို့များကိုရောသည်ကို တစ်စျေးဖြစ်သည်။ အနာဂတ်တွင် လက်တွဲရန်လိုသည့် စက်ရုံများကိုတော့ ချင်းရှန်းက သူတို့ကို အမြတ်၏ တချို့တဝက်ပေးခဲ့သည်။

"ခန့်မှန်းစျေးက အရည်အသွေးထည့်မစဉ်းစားရင်တောင် တစ်ပေါင်ကို ၂ယွမ်ပဲ။"

အချို့လူများက လက်များဖြင့် ရေတွက်နေကြပြီး အချိူ့က ချင်းကွေ့ယင်ထံမှ အတိအကျသိရရန် စကားနှိုက်နေကြသည်။

"ဒါဆို ၂၆၄၀၀၀ ထပ် ပိုတာပေါ့။."

"ငါ့ကို စိတ်ဆွဲလိုက်စမ်းပါ တကယ်အဲ့လောက်ပမာဏလား။"

"အမယ်လေး သွေးတိုးသွားပြီ။ မြန်မြန်လေး ခေါင်းဆောင်ချင်းရဲ့ သွေးကျလက်ဖက်ရည် ယူခဲ့ပေးပါ။ နည်းနည်း သောက်ဖို့လိုနေပြီ။ ခေါင်းဆောင်ချင်း...ဒီကို ရောက်နေပြီပဲ။"

ချင်းရှန်းက ပြုံး၍အခန်းထဲဝင်သွား လိုက်ပြီး မစ္စတာဟဲပေးသေ ရွှေအပ်လေးနှင့် သူ့လက်ကိုနှစ်ကြိမ်ထိုးပေးလိုက်သည်။ အပ်စိုက်လိုက်ပြီးသည်နှင့် မစ္စတာလျို၏ မျက်နှာက နီမနေတော့ဘဲ သွေးဖိအားကျကာ မူးမနေတော့ပေ။

အားလုံးက ထိုထိရောက်သည့်ကုသမှုကို အာရုံစိုက်ကြသော်လည်း ယခုပိုစိတ်ဝင်စားနေကြသည်က ဟုန်းကျင်ထျန်း ဖြစ်သည်။

ချင်းရှန်းက ရွှေအပ်ကိုဖယ်ကာ အားလုံးကိုခေါင်းညိတ်ပြလိုက်သည်။

"ဟုတ််တယ်။ ကျွန်မတို့ ခြောက်ဆယ်လောက်ရှိပေမဲ့ အားလုံးရိတ်မပြီးသေးဘူး။ အချိိူ့ကသေးလို့ ရဲဘော်လျိုရဲ့ စက်ရုံတွေက မယူကြဘူး။ " သူက ကံစမ်းသည့်အနေဖြင့် တောင်ဘက်သို့ ရောင်းချင်နေသည်။ ယခု တောင်ဘက်တွင် နိုင်ငံခြား ရင်းနှီးမှုများပေါ်လာနေပြီဟု ကြားရသည်။

လျိုကျီရှန်း၏ကောလိပ်ပညာသင်ကာလက အချိန်အလကားမကုန်ခဲ့ပေ။ သူက ဗဟုသုတအသိဉာဏ်များစွာရကာ ရေရှည်ကြိုတွေးနိုင်သည်။

"လတ်တလော ရောင်းစျေးက လက်ကျန်ဖြတ်စျေးပဲ။ ရဲဘော်လျိုပြန်လာရင် အားလုံးဝေစုရတော့မယ်။"

ဒါဆို နှစ်သစ်ကို အားလုံးအဆင်ပြေပြေနဲ့စနိုင်ကြမည်။

"နောက်ဆုံးငွေပမာဏ အပါအဝင် အမြတ်ဝင်ငွေစုစုပေါင်းက ၂၇၀၀၀၀ ယွမ် ဒါပေမဲ့ အသားတင်အမြတ်တော့မဟုတ်ပေ။ ဟုန်းကျင်ထျန်းက စိုက်ရခက်ပြီး စိုက်ပျိုး စရိတ်ကလည်း အခြားအပင်ထက် ပိုများတယ်။ ကြီးထွားချိန်ကလည်း နှေးတယ်။ တစ်နှစ်မှာနှစ်ကြိမ် မြေသြဇာ ချရတယ်။ အထွေထွေစရိတ်များ ဖယ်အပြီးတွင် အသားတင်အမြတ်က ၂၀၀၀၀၀ယွမ်"

အားလုံးက အံ့သြသွားကြသည်။

၂၀၀၀၀၀?

သေချာပေါက် ဒါက ဟုန်းကျင်ထျန်း တစ်မျိုးတည်းဖြစ်ပြီး အခြားဆေးပင်များထံမှလည်း တစ်နှစ်ပြီးတစ်နှစ် ရနေမည်ဖြစ်သည်။ သုံးနှစ်စာအားလုံး ပေါင်းလိုက်လျှင် အကြွေးများဖယ်အပြီး အကောင့်အတွင်း စုစုပေါင်း ၄၀၀၀၀၀ ယွမ်ရှိနေသည်။ စက်ရုံလေးတစ်ခုအတွက်တော့ ဒါက ကြီးမားသော ငွေပမာဖြစ်သည်။

မနက်ခင်းတွင် ချင်းရှန်းက အတွင်းရေးမှူးကုံးနှင့် ဒါရိုက်တာလီထံ သတင်းတင်ပြရန်သွားနေပြီး စက်ရုံတွင် သိန်းချီပိုက်ဆံများမြင်ဖူးနေကျ သူတို့ကပါ အံ့သြနေကြသည်။ ဒေါက်တာလီက ရေနွေးကြမ်းသီးကာ အတော်ကြာ ချောင်းဆိုးသွားသေးသည်။ အဆုံးမှာတော့ ချောင်းဆိုးရပ်စေရန် ချင်းရှန်းက အပ်စိုက်ပေးခဲ့ရသည်။

အားလုံး၏ တစ်နှစ်ဝင်ငွေက ၁၀၀၀၀ယွမ် ရှိသော ခေတ်ဖြစ်သည့်အတွက် ပါတီပွဲများတက်ကာ ကြွယ်ဝမှုပြနေကြပြီး လူဆယ်ယောက်တောင်မရှိသော ဌာနလေးတစ်ခုကသုံးနှစ်အတွင်း ၄၀၀၀၀၀ယွမ် ရှာနိုင်ခဲ့သည်။ သူတို့က မျက်လုံးနှင့်သာ မမြင်လျှင် ယုံနိုင်ဖွယ်မရှိပေ။

ချင်းရှန်းက သူမဖြန့်ဝေရေး အစီအစဉ်ကို မကြေညာမီအထိ အားလုံး သတင်းမပြန့်စေရန် စောင့်နေခဲ့သည်။ ထိုနှစ်ကနှင့် အတူတူသာဖြစ်ပြီး သူတို့က နာမည်ရလာပြီး လူသိလည်း များလာပြီဖြစ်သည့်အတွက် သူမက အလုပ်သမားများ အားလုံးအပေါ် ရက်ရောနိုင်ခဲ့လေပြီ။ လူတိုင်းက တစ်ထောင်ထက်ပိုရပြီး အားလုံး၏ တစ်နှစ်လစာထက်ပိုသော အနည်းဆုံး ခုနစ်ရာ ရှစ်ရာတော့ရကြသည်။

ချင်းရှန်းက နှစ်ဆုံးတွင် ကျန်းမာရေးစင်တာအမည်ဖြင့် သိုးဝယ်ကာ သိုးသားများ ခွဲဝေပြီး မိသားစုတိုင်းကိုပေးမည်ဟု ကတိပေးခဲ့သေးသည်။

အားလုံးက ဝမ်းသာသွားခဲ့ကြသည်။

စက်ရုံအတွင်းရေးမှုးနှင့် ဒါရိုက်တာပင်လျှင် ထိုအခွင့်အရေးမျိုး မရနိုင်ပေ။ အများဆုံးတော့ ရလျှင်လည်း သိုးခြေထောက်တစ်ချောင်းသာ ဖြစ်လိမ့်မည်။

အားလုံး ပျော်ရွှင်နေချိန်တွင် ချင်းရှန်းက နောက်ထပ်တစ်ကြိမ် သူမ၏အစီအစဉ်ကို ထုတ်ပြောခဲ့သည်။

"အခု လုပ်အားနဲ့ပဲ ကျွန်မတို့ဆေးခန်းကို ချဲ့ဖို့တွေးထားတယ်။ နောက်တစ်ကြိမ် ဆေးမျိုးစေ့တွေ ထိန်းသိမ်းထားဖို့ လုံလောက်တဲ့အထိပေါ့။ "

"ဘယ်လို တိုးချဲ့မှာလဲ။"

"အခုကစပြီး ၄၁၂ စက်ရုံ ကျန်းမာရေးစင်တာလို့ မခေါ်တော့ဘဲ လန်ဟဲဆေးရုံလို့ ခေါ်တော့မယ်။"

All Chapters