Chapter 88
Vol. 7 Ch. 88
သူတို့ ဆန္ဒရှိသည် မရှိသည်ကို ချင်းရှန်းညဂရုမစိုက်ပေ။ သူမအဖွားက ပါးစပ်ပိတ်ထားဟု ခြိမ်းခြောက်ပြောဆိုမှုကြောင့် သူမ အားလုံးကိုခေါ်ကာ ထွက်လာခဲ့သည်။
အခန်းထဲသို့ ဝင်လိုက်သည်နှင့် အဖွားက ကုတင်ပေါ်ထိုင်နေကာ အနီးအနားတွင် အခြားသူများ ဝိုင်းထိုင်နေကြသဖြင့် သူမကို ကြယ်နှင့်လများဝန်းရံထားသလို ခံစားနေရသည်။
"ညစာ အရင်စားကြရင်ရော?" အိုက်လန်က သူမအဖွားမျက်နှာကို ကြည့်လိုက်သည်။ အဖွားက စိတ်တိုပြီး တစ်ခုခုပြောနေမည်ကိုလည်း စိုးရိမ်နေ၏။
"ငါလည်း စားချင်တယ်။ ဒီဒုက္ခပေးတဲ့နှစ်ယောက်ကြောင့် အရမ်းစိတ်တိုနေရပေမဲ့ စားတာတော့ စားရမှာပဲ။ စားပြီးရင်တောင် စိတ်တိုပြီးသေမှာကြောက်ရတယ်။"
ချင်းကွေ့ဟွားက ထိုသို့ပြောလိုက်ပြီး မြေပေါ်သို့ လက်ညှိုးထိုးလိုက်သည်။
"ရှန်းယုံ အဖွားကို ဖိနပ်ပေးပါဦး။"
နျိုရှန်းယုံက သူ၏အဖေကိုကြည့်လိုက် အမေကိုကြည့်လိုက်လုပ်ကာ ယူချင်သော်လည်း မယူပေးရဲဖြစ်နေသည်။
ချင်းရှန်းက သူကြောက်လန့်တကြားငိုမည်ကိုကြောက်၍ သိို့ပေါင်အား သူ့အစ်ကိုကိုခေါ်ကာ အခန်းထဲတွင်ဆော့ရန်သွားရန် ပြောခဲ့သည်။
ချင်းကွေ့ဟွားက ချင်းယွီတိနှင့် နျိုတာ့ကန်းကို ဒေါသဖြင့်ကြည့်၍ပြောခဲ့သည်။ "ပြောစမ်းပါ ခိုးဝှက်တဲ့အလုပ်တွေကို ဘယ်သူသင်ပေးတာလဲ။"
သူတ်ို့စုံတွဲက ခေါင်းငုံ့လိုက်သည်။ ထိုအကျင့်က သူတို့မိသားစုနှစ်ခုလုံးတွင် မရှိခဲ့သော်လည်း သူတို့စုံချိန်မှပေါ်လာခြင်းဖြစ်၏။
"ကျွန်မတို့ ဘယ်လိုခက်ခဲတဲ့ဘဝမှာနေရတယ်ဆိုတာ အဖွားမသိပါဘူး။ ကျွန်မတို့ မနေ့က အဖွားအိမ်မှာထမင်းစားခဲ့တဲ့အချိန်ကလွဲရင် တစ်ရက်မှ အသားကိုမထိခဲ့ရဖူးဘူး။"
ယွီတိက တကယ်ကိုငိုနေ၏။ သူမ လုပ်ကြံပြောဆိုနေခြင်း မဟုတ်ပေ။ သူမတို့က တစ်ရွာလုံးတွင် အဆင်းရဲဆုံးဖြစ်ပြီး ခွေးများဝက်များထက် ပိုဆိုးသည်။
သို့သော် အရာအားလုံးက ယခင်ကအဆင်ပြေနေခဲ့ပြီး မိသားစုအိမ်ခွဲနေလိုက်တော့မှ ဆိုးသွားခြင်းပင်။ သူတို့ထံမှ ကောင်းသည့်အရာများက ယောက္ခမများမှတစ်ဆင့် ယောင်းမများထံရောက်သွားပြီး သူတို့က မလုပ်သင့်သောအရာများ လုပ်ခဲ့ရသည်။
အစမှာတော့ ယောက္ခမများက သူတို့ကိုဂရုစိုက်ခဲ့သော်လည်း ထိုပျင်းရိသူနှစ်ယောက်က အလုပ်လုပ်ရမည်ထက် အိပ်နေရမည်ကိုသာ ပိုအားသန်သဖြင့် ယောက္ခမများက မသိသလိုဟန်ဆောင်ကာ ဆာလောင်နေစေရန် ပစ်ထားလိုက်တော့၏။
တဖြည်းဖြည်းနှင့် ဘဝက ပို၍ဆိုးလာခဲ့သည်။
အဓ်ိက အချက်ကတော့ ချင်းယွီတိနှင့် နျိူတာ့ကန်းနှစ်ယောက်လုံးတွင် ပြဿနာရှိနေခြင်းဖြစ်သည်။ ရိုးသားစွာပြောရလျှင် သူတို့နှစ်ယောက်လုံးက စားရသည်ကိုကြိုက်ပြီး လောဘကြီးကြသည်။ မြင်သမျှအားလုံးကို စားချင်သည်။
ရွာရှိသစ်သီးခြံကို အရင်နှစ်က ရောင်းချခဲ့ပြီး ငွေများကိုလည်း အားလုံးထံ ခွဲဝေခဲ့ပြီးဖြစ်သည်။ အဖွား၊ အိုက်လန်နှင့် ချင်းရှန်းတို့ ပြန်ခွဲဝေပေးမှုကြောင့် သူတို့တွင် အနည်းဆုံး ယွမ်၂၀၀၊ ၃၀၀ လောက်တော့ လက်ထဲတွင်ရှိသည်။ ရှန်းယုံကို ကျောင်းထားရန်ပင် မတတ်နိုင်ဆိုသည်မှာ အဓိပ္ပါယ်မရှိပေ။
"ဒုတိယအစ်မ၊ ဒုတိယခဲအို အခုက မိသားစု အစည်းအဝေးရဲ့ ပထမအဆင့်ပဲ။ အမှန်ပြောပါ။ ငွေတွေ ဘယ်ရောက်သွားတာလဲ။"
"ငါတို့မှာ ငွေမရှိဘူး။ ရွာမှာနေရတဲ့ဘဝက အရမ်းခက်ခဲတယ်။"
"စကားကောင်းကောင်းပြောစမ်းပါ။"
"အဘွား မသိပါဘူး၊ ကျွန်မ ကျိန်ရဲပါတယ် ကျွန်မတို့..."
"ပါးစပ်ပိတ်ထားစမ်း။"
အဖွားကြီးက ခေါင်းအုံးယူ၍ သူမမျက်နှာသို့ ပစ်ပေါက်လိုက်သည်။ တကယ်ကို မျက်နှာနှစ်ဖက်နှင့်လူအား ကောင်းကောင်းဆက်ဆံ၍မရပေ။ သူမကို ရောင်စုံပေးလိုက်လျှင် အရောင်ဆိုးသည့်စက်ရုံပင် ထောင်၍ရသည်။
"ကျွန်မတို့ စားလိုက်တာ။" သူတို့စုံတွဲက အသံတိုးတိုးဖြင့် ပြောလိုက်၏။
ချင်းရှန်းက ထိတ်လန့်သွား၏။ "အကုန်လုံးကို စားလိုက်တာလား။"
"နင်တို့မသိပါဘူး။ အိမ်ထောင်စု တာဝန်ယူတဲ့စနစ် ချပြီးတဲ့နောက် ငါတို့ရတဲ့လယ်မြေက အဝေးဆုံးမှာပဲ။ ရှန်းယုံရဲ့ အဘိုးအဘွားတွေက ငါတို့ကို ဂရုမစိုက်ဘူး။ ပြီးတော့ ဒီကောင်လေးကလည်း ငွေတွေကုန်တဲ့အထိစားတယ်။ ရှန်းယုံက ငါတို့ထက် ပိုပြီးစားသေးတယ်။ သူက ထမင်းဖြူသုံးပန်းကန်နဲ့ ပေါက်စီတွေကို တစ်နပ်တည်းမှာ အကုန်စားနိုင်တယ်။"
ချင်းဖန်က ပို၍အံသြသွားသည်။ "အစ်မတို့ ရွာမှာ ဆန်အချောစားကြတာလား။ ကျွန်မတို့က ပုံမှန်ပြောင်းဆန်ပဲစားတာ။ ဧည့်သည်ရှိတော့မှ ဆန်အချောစားကြတာ။"
အခြားသော အိမ်နီးချင်းများ၏ ကလေးများကလည်း လောဘကြောင့် ငိုလေ့ရှိသော်လည်း နှစ်လလောက်မှ တစ်ခါသာဖြစ်သည်။ လူကြီးများက ပုံမှန်ဆိုလျှင် ပြောင်းဆန်ကိုသာစားကြပြီး အစားအသောက်လက်မှတ်အချို့ကလည်း ကြာကြာမခံပေ။ လတိုင်း သို့သို့အတွက် ဆန်ချော ၉ကီလိုထားရသည်။ လွန်ခဲ့သည့်နှစ်နှစ်ကမှ စျေးကွက်ထဲတွင် ဆန်ချောများ သေချာရခဲ့ခြင်းဖြစ်သည်။ ထိုမတိုင်ခင်က သူတို့က အစားကောင်း မစားချင်၍မဟုတ်ဘဲ မဝယ်နိုင်သဖြင့်ဖြစ်သည်။
နောက်ဆုံးမှာတော့ သူတို့စုံတွဲက အစားအသောက်အတွက်သာတွေးပြီး ကလေးကျောင်းတက်နိုင် မတက်နိုင်သည်ကိုမတွေးဟု ချင်းရှန်းက နားလည်သွားသည်။
"ထွက်သွားကြစမ်း လောဘကြီးတဲ့လူတွေ ငါ့ကိုသတ်နေကြတာလား။"
အဖွားက ယခင်တည်းက အပြောကြမ်းသူဖြစ်ပြီး ယခုစိတ်တိုနေသည့်အတွက် သူမက ဘယ်သူ့မျက်နှာကိုမှမကြည့်ဘဲ ပို၍ကြောက်စရာကောင်းအောင် စကားပြောနေ၏။
ချင်းယွီတိကတော့ ကြောက်လန့်ခြင်းမရှိပေ။
နျိုတာ့ကန်းကတော့ သူ့ဇနီးက ဘာမှမပြောသဖြင့် သူလည်း ခေါင်းငုံ့ထားလိုက်သည်။ ဒီမိသားစုမှ မည်သူ့ကိုမှ လျှော့တွက်၍မရဟု သူတွေးမိသည်။
"အခု စားပြီးပြီဆိုတော့ ဘာမှလုပ်မရတော့ဘူး ပြီးတော့ တစ်ယောက်ယောက်က ဓားပြတိုက်သွားသေးတယ်။ အပြင်မှာနေပြီး အိမ်ခြေရာမဲ့လုပ်နေလို့မရဘူးလေ။"
အဖွားက သူတို့ကိုကြည့်ပင်မကြည့်ဘဲ အိုက်လန်ကိုသာ ထမင်းစားပွဲပြင်ပြီး ကလေးသုံးယောက်ကို ထမင်းစားရန်ခေါ်လိုက်ဟု ပြောခဲ့သည်။
သေချာပေါက် သူတို့တွင် စားစရာလည်းမရှိသလို ထွက်သွားခွင့်လည်းမရှိပေ။ သူတို့က အခြားသူများပေါက်စီနှင့် ဆီမပါသည့် မုန်လာဥစွပ်ပြုတ်စားနေသည်ကိုသာ ကြည့်နေရသည်။ မောင်နှမသုံးယောက်က ကြက်ဥပေါင်းတစ်ခွက်စီရသည်။
ပေါက်စီိကို ပြောင်းဆန်နှင့် လုပ်ထားသည့်အတွက် အိုက်လန်၏ အချက်အပြုတ်စွမ်းရည် ဘယ်လောက်ပဲကောင်းနေပါစေ ပေါက်စီကို မုန့်လုပ်သည့်ဂျုံမှုန့်နှင့်လုပ်သကဲ့သို့ နူးညံ့အောင်တော့ မလုပ်နိုင်ပေ။ ကြမ်းတမ်းပြီး ကိုက်လိုက်သည့်အခါ စိုစွတ်အိစက်မနေပေ။ သို့သော် ဒါက အတိတ်ကဖြစ်သည်။ ယခု ချင်းယွီတိနှင့် နျိုတာ့ကန်းက ညဘက်ကပေါက်စီနှစ်လုံးစားပြီးချိန်ကပင် ဗိုက်ဆာနေပြီဖြစ်သည်။
ပြီးတော့ ပြောင်းဂျုံပေါက်စီကလည်း စားလို့ကောင်းသည် အထူးသဖြင့် အချဉ်နှင့်တွဲစားလျှင် ပိုကောင်းသည်။
အဖွားကြီးက အချဉ်ကို ကိုယ်တိုင်လုပ်ထားပြီး သူမကိုယ်တိုင်စိုက်ထားသော မုန်လာဥနီ၊ ငရုတ်သီးများဖြင့် ရှာလကာရည်၊ သကြားနှင့် ဆားအနည်းငယ်ထည့်ထားသည်။ အရသာက ချဉ်စပ်ဖြစ်ကာ လန်းဆန်းစေသည်။
သူတို့က ပေါက်စီစားသံများကိုသာ ကြားနေရပြီး တံတွေးမျိုချနေရသည်။
"ခဏနေဦး အိုက်လန် မင်းကို ငါးသေတ္တာဘူးကို အပူပေးဖို့ပြောထားတယ်မလား။"
"ဟုတ်တယ် အခုထိ အိုးထဲမှာပဲရှိသေးတယ် မေ့နေတာ။"
မကြာခင်မှာ နေ့လည်စာ ထမင်းဘူးအရွယ်ရှိသော သံသေတ္တာဘူးရောက်လာက ပင်လယ်စာရနံ့က လေထဲသင်းပျံ့နေလေသည်။ ချင်းယွီတိတို့ အစားကြိုက်သောစုံတွဲဲအတွက်တော့ ဘိန်းစားဆေးငတ်သကဲ့သို့ဖြစ်နေသည်။
"အစ်မ စည်သွပ်ဘူး အစားအသောက်တွေက စားလို့ကောင်းလား။ ကျွန်မ တစ်ခါမှမစားဖူးဘူး။"
သူမကို ဘယ်သူမှဂရုမစိုက်ပေ။ အဖွားကြီးက တူတစ်စုံယူကာ ငါးသေတ္တာနှစ်ဖဲ့စီ တစ်ယောက်ချင်းကို လိုက်ထည့်ပေးလိုက်သည်။
ထိုငါးသေတ္တာငါးကို အိနေအောင်လုပ်ထားခြင်းဖြစ်ပြီး အရိုးများကိုလည်း စား၍ရသည်။ ဟင်းရည်ထဲထည့်ထားသဖြင့် အလွန်အရသာရှိသည်။
"ရှန်းယုံ ဘယ်လိုအနံ့ရလဲ အမေ့ကိုပြောပါဦး။"
ရှောင်ရှန်းယုံက သူတို့ကို လုံးဝလျစ်လျူရှုလိုက်ပြီး ညီမဖြစ်သူကိုသာ အခြားသူများအား ငါးမပေးမိစေရန် ကာကွယ်နေခဲ့သည်။
သို့သို့က အလွန်အလုပ်ရှုပ်နေခဲ့သည်။ သူမ အဖေက ငါးအရိုးတိုင်းကို ရှင်းပေးပြီးသားမို့ သူကတော့ အသံအကျယ်နဲ့သာ စားနေလိုက်သည်။ ဒီလောက်အရသာရှိတဲ့အစားအစာကို အခြားသူတွေကို မပေးနိုင်ဘူး။
ချင်းယွီတိနှင့် နျိုတာ့ကန်းတို့က ဆာလောင်မှုကြောင့် သေမလိုဖြစ်နေသည်။ ဤငါးက ဘယ်လို အရသာရှိမလဲဆိုတာ သိချင်လောက်တော့တာပဲ။ အထူးသဖြင့် ဤငါးက ဝက်သားနှပ်ထက် ပို၍အရသာရှိမရှိကို ပိုသိချင်သည်။
သို့သော် အစားအသောက်များ ကုန်သွားပြီးနောက် သူတို့အတွက် အရိုးတစ်ချောင်းတောင် မကျန်ခဲ့ပေ။
အစားကြိုက်သူများအတွက် ဒါထက်ပိုဆိုးသောနှိပ်စက်မှု မရှိနိုင်ပေ။
အဖွားကြီးကတော့ ဂရုမစိုက်ဘဲ ညစာကိုတောင် ကြိုတင်စီစဉ်လိုက်သေးသည်။ "အိုက်လန် ညနေစာစားဖို့ ပြန်လာလိမ့်မယ်။ ဈေးသွားပြီး အမဲသား ရနိုင်မလား ကြည့်လိုက်မယ်။ ဟော့ပေါ့ လုပ်စားကြတာပေါ့။"
"ငါ့စိုက်ခင်းမှာ စမုန့်စပါးနဲ့ ဂန္ဓမာပန်းတွေက ကြီးထွားနေပြီ။ ငါ ကြာဆံသွားယူလိုက်မယ်။"
အမဲသား ရှာဘူ-ရှာဘူ!
အမွှေးရနံ့ထွက်ရန် စမုန့်စပါးစေ့နှင့် ဂန္ဓမာပန်းခြောက်များထည့်ရမည်။
ကြာဆံ တစ်ပေါင်လည်းထည့်ရဦးမည်။
ဘယ်လိုမိသားစုမျိုးက ဒီလောက်စားနိုင်တာလဲ။ ချင်းယွိီတိနှင့် နျိုတာ့ကန်းတို့က တံတွေးမျိုချပြီး လန်ဟဲမြို့ကိုအထင်သေးမိကြောင်း နောင်တရနေသည်။
ယခင်က အကြီးဆုံးအစ်မ မင်္ဂလာဆောင်သောအခါ ချင်းရှန်းက လယ်မြေအလုပ် ပင်ပန်းမည်စိုးသဖြင့် ဆေးစိုက်ခင်းတွင် ကူညီရန်ပြောခြင်းဖြစ်သည်။ တစ်ရက်ကို တစ်ရက်စာရနိုင်ပြီး အလုပ်မပျင်းလျှင် ကျေးရွာထက် ပိုအဆင်ပြေမည်။ သို့သော် သူတို့က ဤနေရာကို ခေတ်နောက်ကျသည့်နေရာဟုထင်ကာ ငြင်းခဲ့သည်။
သို့သော် ယခုအခါတွင် ရာသီပြောင်းလဲမှုကြောင့်လား ဤနေရာက တကယ်တိုးတက်လာ၍လား မသိပေမဲ့ တစ်နေရာလုံးသည် ရွှေရောင်စိုက်ခင်းများပြည့်နေပြီး အားလုံးက ပြုံးပျော်နေကာ ချီလိထန်တွင် မမြင်နိုင်လောက်သည့်အပြုံးမျိုး ပြုံးနေကြသည်။
လင်မယားနှစ်ဦးစလုံး နောင်တရလာကြသည်။
ညနေပိုင်းတွင် ချင်ကွေ့ဟွားက အမဲသား နှစ်ပေါင်ကို သယ်ဆောင်လာသည်။ သူမက ထိုနှစ်ယောက်ကိုမကြည့်ဘဲ ပထမဆုံး အဆီနည်းသော အမဲသားတစ်ဖဲ့ကိုဖြတ်၍ တစ်ပေါင်ဝက်ခန့်ကို ဟော့ပေါ့အတွက် သိမ်းထားသည်။ ကျန်အပိုင်းများကို လက်တစ်ဝါးစာအရွယ်ဖြတ်ပြီး ဆား၊ အချိုမှုန့်၊ ငရုတ်ကောင်းမှုန့်နှင့် ငရုတ်သီးမှုန့်တို့ဖြင့်လူးကာ နှစ်ရက်ကြာ အခြောက်လှန်းထားလိုက်သည်။ ဒါကတော့ အမဲသားဆားနယ်ခြောက်ဖြစ်သည်။
ဒီလိုအမဲခြောက်ကို အစိမ်းစား၍ မရပေ။ ဒါကို မကြော်လျှင် မီးဖိုပေါ်တွင် ထည့်၍မီးဖုတ်ရမည်။ ဒါက ယခင်က ရှီးလန်လူမျိုးတို့ ဧည့်ခံသည့် အမြင့်ဆုံးစံနှုန်းဖြစ်သည်။
ချင်းကွေ့ဟွားက တစ်ကြိမ်တည်းတွင် အမဲအများကြီး ဝယ်ခဲ့သည်။ သူမက သက်သက်လွတ်စားသူမဟုတ်ဘဲ အသားအရိုးကြိုက်သူဖြစ်၏။
ထိုအရိုးများတွင် နီရဲသောအသားမရှိဘဲ အရိုးဖြူများသော်လည်း အမဲသားအနံ့ကို ခံစားနိုင်သေးသည်။ ၂၀ နာရီကျော်လောက် အစားအသောက် မစားခဲ့သော ချင်းယွီတိနှင့် နျိုတာ့ကန်းတို့က သည်းမခံနိုင်ဘဲ လျှာသပ်နေလိုက်သည်။
"အဖွား ကျွန်မတို့မှားပါတယ်။ တစ်ကိုက်လောက်ပဲ ကျွေးပါ။ ဗိုက်ဆာတာ သည်းမခံနိုင်တော့ဘူး။"
"မင်းတို့ ဘာမှားလဲ?"
"လောဘမကြီးသင့်ဘူး၊ မပျင်းရိသင့်ဘူး၊ သားသမီးရဲ့ ပညာရေးကို နှောင့်နှေးအောင် မလုပ်သင့်ဘူး။"
"ဟုတ်ကဲ့၊ အဖွား၊ ကျွန်တော် မှားခဲ့ပါတယ်။ ယွီတိကို တားခဲ့သင့်ပါတယ်။ မကောင်းမှုကို မထောက်ခံခဲ့သင့်ပါဘူး။"
ချင်းကွေ့ဟွားက ပြုံးမိသော်လည်း၊ မကြာမီ မီးဖိုချောင်သုံးဓားကို လှမ်းယူလိုက်သည်။
ချင်းယွိီတိနှင့် နျိုတာ့ကန်းတို့ ထိတ်လန့်သွားပြီး ခြေထောက်များ တုန်သွားသည်။ ရှောင်ရန် အချ်ိန်မမီတော့ပေ။ ချင်းမိသားစု ဆယ်စုနှစ်လောက် သုံးထားသည့်ဓားက ချွန်နေပြီး သံကိုပင် ရွှံ့ကဲ့သို့ဖြတ်နိုင်သည်။ ထိုအရာက သူတို့ထံလာနေ၏။
ယွိီတိက သူမ အဖွား ရွာရှိ မကောင်းသော ရည်ရွယ်ချက်များရှိသည့် ယောကျာ်းများကို ထိုဓားဖြင့် ဘယ်လို ထိတ်လန့်အောင်လုပ်ခဲ့သည်ကို မှတ်မိနေသည်။ တစ်ယောက်က အဖွားကိုစကာ နှစ်ဆယ်အရွယ်သာရှိသေးသော်လည်း အမျိုးသမီးတစ်ယောက်၏ အသွင်အပြည့်အစုံပေါ်နေသော သူမ၏အစ်မကြီးကို ထိကိုင်ရန်လုပ်ခဲ့သည်။ သူမ၏ အဖွားက ထိုဓားကို ထုပ်ပြီး ထိုယောကျာ်း၏ လက်မက်ိုထက်ဝက် ပိုင်းလိုက်သည်။
နောက်ပိုင်းတွင် ထိုလူက သူမှားသွားကြောင်း နားလည်ခဲ့ပြီး ကိစ္စကြီးမလုပ်ခဲ့သောကြောင့် အမှုက ပြေလည်သွားခဲ့သည်။
ထိုအခါမှစ၍ အနီးအနားရွာများရှိ လူဆိုးများက မုဆိုးမချင်းသည် ရက်စက်သူဟုသိသွားကြသည်။ သူမက ငယ်ငယ်ကပင် ရက်စက်သည်မက ကြီးသည်ထိ ရက်စက်နေသေးသည်။ သူမ မြေး၏ဆံပင်တစ်ချောင်းကိုပင် ထိလိုသူရှိလျှင် သူမက သူ့ကိုသေသည်အထိ တိုက်ခိုက်လိမ့်မည်။
အဖွား၏ မီးဖိုချောင်သုံးဓားကြောင့် လှပတဲ့ညီအစ်မများက အနိုင်ကျင့်မှုများကို ရှောင်နိုင်ခဲ့ပြီး ကျန်းမာဘေးကင်းစွာ ကြီးပြင်းလာနိုင်ခဲ့သည်။
ဒီဟာက သွေးစွန်းနေတဲ့ မီးဖိုချောင်သုံးဓားတစ်လက်ဖြစ်သလို သူတို့ကို ကြီးပြင်းလာစေခဲ့တဲ့ ဓားလည်းဖြစ်သည်။ ချင်းယွိီတိ၏ မျက်လုံးများ နီရဲသွားပြီး မျက်ရည်များကျလာခဲ့သည်။
နျိုတာ့ကန်းက မိန်းမစကားကိုပဲ နားထောင်တတ်သူဖြစ်သည်။ သူမ ငိုနေသည်ကို မြင်ရသည့်အခါ အဖွားက တကယ်လုပ်တော့မည်ဟုတွေးကာ တုန်လှုပ်သွားပြီး ခြေထောက်ခွေကျသွားတော့သည်။
"အဘွား၊ ကျွန်တော်တို့ ထပ်မလုပ်တော့ပါဘူး။ ကျွန်တော်တို့ကို သနားပါ။"
သို့သော် မျှော်လင့်ထားသလို နာကျင်မှုဖြစ်မလာဘဲ အမဲပေါင်က အလယ်မှကွဲသွားကာ အနီရောင်နှင့်အဖြူရောင်အရိုးတွင်းအဆီများပေါ်လာသည်။
"နှစ်ယောက်လုံးက ငကြောက်တွေပဲ။"
နျိုတာ့ကန်း - "..."
အခုကတော့ ကွာရှင်းဖို့နောက်ကျသွားပြီမလား။ သူက ချင်းမိသားစုရဲ့သားမက် မဖြစ်ချင်တော့ပေ။ ကြောက်စရာကောင်းသည်။
ဒါပေမယ့် ဒီကိစ္စပြီးနောက် သူတို့နှစ်ယောက်က ပို၍ရိုးသားလာကြသည်။ မိသားစုအစည်းအဝေးများတွင် မကြာခဏ သုံးသပ်စဉ်းစားကြည့်ပြီး အနာဂတ်တွင် ကောင်းကောင်းနေမည်ဟု ကတိများ ထပ်တလဲလဲ ပေးခဲ့ကြသည်။ သူတို့က ဒီမှာဆက်မနေဘဲ အိမ်ပြန်လိုကြသည်။
မိသားစုအားလုံးက သူတို့နှစ်ယောက် ဆာလောင်နေချိန်တွင် ပျော်ရွှင်စွာ စားသောက်နေကြသည်။ မကြာခဏ ဆုံးမခံရပြီး အမှားဆင်ခြင်နေရသည်။ လယ်ယာလုပ်နေရသည်က ပိုကောင်းသည်။
လယ်လုပ်ရသည်က ပို၍ကောင်းသလို သူတို့ကလည်း လယ်လုပ်ရသည်ကို လွမ်းမိသည်။
နောက်ဆုံးမှာ မိသားစုအစည်းအဝေး သုံးကြိမ် လုပ်ပြီးနောက် ပေကျင်းမှ ချင်းဖန်က ဖုန်းဆက်ပြီး၊ ရှန်းယုံ၏ အတွေးအရ မိသားစုအားလုံးက သူတို့ကို နေခွင့်ပေးရန် ဆုံးဖြတ်လိုက်ကြသည်။ ပထမဆုံးအနေဖြင့် ရှန်းယုံသည် ထက်မြက်သူဖြစ်ပြီး သင်ကြားရေးကို အရေးမပေးသည့် ရွာကြောင့် အခွင့်အလမ်းများ ဆုံးရှုံးနေသူ ဖြစ်သည်။ သူ့ဉာဏ်ရည်က ယခုဆိုလျှင် ခြောက်နှစ်အရွယ် သို့ပေါင်လောက်မရှ်ိတော့ပေ။
ချင်းဖန်က ဒါကိုအန္တရာယ်ရှိသောအရာဟုပြောခဲ့သည်။
ဒုတိယအကြောင်းမှာ သူတို့ကို စောင့်ကြည့်ကူညီရန်ဖြစ်သည်။ အားလုံး၏ လမ်းညွှန်မှူဖြင့် သူတို့က ပိုကောင်းမွန်လာလိမ့်မည်။ သူတို့ကို ပြန်ခွင့်ပေးလိုက်ရင် တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာလိမ့်မည်။
သူတို့ကို မုန်းသော်လည်း မိသားစုသာဖြစ်သလို သူတို့ကိုဆာလောင်နေစေရန် မလွှတ်ထားနိုင်ပေ။
သူက ဒီမှာနေပြီး မောင်နှမများနှင့်အတူ စာသင်နိုင်ပြီဖြစ်သည့်အတွက် ရှန်းယုံက ငိုကြွေးကာ တတိယအဒေါ်၏ ပေါင်ကိုဖက်ပြီး သူ၏သားဖြစ်ချင်သည့်ပုံစံလုပ်ပြနေသည်။
ဒါကြောင့် ယွီတိနှင့် သူ့ခင်ပွန်းက ပို၍ဒေါသထွက်လာရသည်။
ချီလိထန်တွင် ပိုင်ဆိုင်မှုများ သိပ်မရှိပေ။ မိသားစုအိမ်ခွဲစဉ်က အိမ်နှစ်လုံးထဲကတစ်လုံးကို မနှစ်က ရောင်းခဲ့ပြီး ယခုတစ်လုံးသာ ကျန်တော့သည်။ သူတို့ရသည့် စိုက်ပျိုးမြေများသည် ခြောက်သွေ့ပြီး ဝေးလံသော နေရာတွင်ရှိနေပြီး သီးနှံ အနည်းငယ်သာ စိုက်ပျိုးနိုင်သောကြောင့် စွန့်ပစ်ခံရမလို ဖြစ်နေသည်။
မိသားစု၏ လမ်းပြမှုနှင့် သူမအစ်မ၏ ဦးဆောင်မှု၊ ရှန်းယုံ၏ အပြောများကြောင့် ယွီတိက အသိစိတ်ပြန်ဝင်လာသည်။ သူမက ပြန်မသွားတော့ပဲ ယောက္ခမများကို သာ စိုက်ပျိုးမြေကို စိုက်ပျိုးခိုင်းတော့မည်။ သူတို့က တစ်နှစ်လျှင် ပြည်သူ့ငွေပေးချေမှုနှင့် အခွန်ဆောင်ရန်ငွေပေးရန်သာလိုသည်။
နျိုမိသားစုမှ လူကြီးနှစ်ယောက်က အံ့အားသင့်ပြီး ချက်ချင်း ပြန်လာရန်ပြောကြသည်။ အိမ်ခြေရာမဲ့များကို ဖမ်းမိလျှင် ထောင်ချခံရမည်ဟု ဆိုကြသည်။ မိဘများထံ ပြန်လာလျှင် အလုပ်မလုပ်ချင်လျှင်လည်းထောက်ပံ့မည်ဟု ဆိုကြသည်။ နျိုတာ့ကန်းက အလွန်အံ့သြသွားသည်။
တကယ်လို့ မိဘများက ထောက်ပံ့ပေးနေသည်ဆိုလျှင် သူတို့ကာလရှည်နေထိုင်နေရသည်မှာ လွယ်လိမ့်မည်။သို့သော် ချင်းယွီတိက သူ့ကိုအခွင့်မပေးခဲ့ပေ။ သူမက ငြင်းဆန်ပြီး သူ သွားလိုပါက သူတို့ကွာရှင်းမည်၊ ရှန်းယုံကို သူမ ယူထားကာ သူက တစ်ယောက်တည်း ပြန်သွားရမည်ဟု ခြိမ်းခြောက်ခဲ့သည်။
နျိုတာ့ကန်းက ဘယ်လ်ိုလုပ်ရဲမှာလဲ။ ဆေးဖက်ဝင်ပင်များ စိုက်ပျိုးရာတွင် အလုပ်သမားများလိုအပ်နေသောကြောင့် ချင်းရှန်းက သူ၏ ဒုတိယအစ်မကို ဝင်ခွင့်ပေးပြီး ကျန်းယွဲ့ဟုန်က သင်ကြားပေးရန် တာဝန်ယူခဲ့သည်။ သူမ ဒုတိယညီခဲအိုက သူမနှင့်အတူ သွားလာကာ ဆေးရုံဆောက်လုပ်ရေးတွင် အလုပ်လုပ်ခဲ့သည်။
ယခုကာလအတွင်း သူတို့ကို အစီစဉ်ချပေးကာ အလုပ်များနေခဲ့သည်။ အထက်မှ တာဝန်ပေးသော စာထွက်လာပြီး ကျန်းမာရေးစင်တာနှင့် ဆေးခန်းကို ပေါင်းစည်းရန်သာမက ချင်းရှန်း၏ မူလအစီအစဉ်ကိုချဲ့ထွင်ရန်လည်း ခွင့်ပြုသည်။ လန်ဟဲမြို့တွင် လူဦးရေ အလွန်မြင့်တက်လာသဖြင့် ဆေးကုသမှု လိုအပ်ချက်များ တိုးလာလေသည်။
စီမံခန့်ခွဲမှု အဆင်ပြေစေရန် ခရိုင်ကျန်းမာရေးဌာနက အနာဂတ်လန်ဟဲ ဆေးရုံအတွက် အလုပ်သမားများတာဝန်ခွဲချပေးထားသည်။ ချင်းရှန်းက ဒါရိုက်တာနှင့် အတွင်းရေးမှူးအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ယခင် ကျန်းမာရေးစင်တာ ဒါရိုက်တာက ဒုတိယဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်မည်။ 412 စက်ရုံ ကျန်းမာရေးစင်တာတွင် ရုံးချုပ်ထားမည်ဖြစ်ပြီးအလွန် အလုပ်ရှုပ်ရဦးမည်။
ချင်းရှန်းက အလုပ်များလွန်းသဖြင့် တချို့ရိုးရှင်းသည့်ကိစ္စများကို ဆောင်ရွက်ရန် နျိုတာ့ကန်း ကို တာဝန်ပေးခဲ့သည်။ ဒါက သူလုပ်ချင်သည့်အရာလည်းဖြစ်၏။ သူက ခန္ဓာကိုယ်အသုံးပြုရသည့်အလုပ်တွင် မတော်သော်လည်း စာပို့သည့်ကိစ္စကဲ့သို့ ကိစ္စသေးသေးလေးများကို လုပ်ရသည်ကတော့ သူ့ကိုနေ့တိုင်းပျော်ရွှင်စေသည်။