← Chapters

Chapter 89 (ဇာတ်သိမ်း)

Vol. 7 Ch. 89

Chapter 89 (ဇာတ်သိမ်း)

Vol. 7 Ch. 89

လန်ဟဲတစ်မြို့လုံးတွင် ဆောက်လုပ်ရေးလုပ်ငန်းများ မြန်နှုန်းမြင့်မြင့်ဖြင့် ဆောက်လုပ်နေကြသည်။ လက်ရှိတည်ဆောက်လျက်ရှိသော လန်ဟဲဆေးရုံအပြင် စက်ရုံ ၄၁၂ မှ အသစ်တည်ဆောက်နေသော အခြားအဆောက်အဦးများလည်းရှိသေးသည်။

ထိုအဆောက်အဦးများတွင် နေအိမ်များသာမက စျေးဆိုင်များ၊ ဘတ်စ်ကားဂိတ်နဲ့ လမ်းများလည်း ပါသည်။ အစားအသောက်၊ အဝတ်အစား၊ နေထိုင်ရေးနဲ့ သယ်ယူပို့ဆောင်ရေးနယ်ပယ်နှင့် ပတ်သက်သည့်နေရာများက်ို သွားလာနိုင်သည်။

လမ်းမဘေးတွင် မြက်ခင်းစိမ်းများနှင့် အနီရောင်အလှပန်းများလေးလည်း စိုက်ထားသည်။ ထိုအပင်များကလည်း လန်ဟဲမြို့၏ ရေ၊ မြေဆီလွှာနှင့် မိုးလေဝသအခြေအနေများဖြင့် ကိုက်ညီအောင် လျိုကျီရှန်း၏ အသင်းကလုပ်ထားခဲ့သည့် မျိုးစိတ်များဖြစ်ပြီး ရှင်သန်မှုနှုန်းလည်း အလွန်မြင့်သည်။

တက္ကသိုလ်မှဘွဲ့ရပြီးနောက် လျိုကျီရှန်းက ခရိုင်စိုက်ပျိုးရေး သိပ္ပံအဖွဲ့အစည်းတွင် အလုပ်လုပ်ခဲ့ပြီး အရည်အသွေးမြင့် စပါးမျိုးများ စိုက်ပျိုးခြင်းကို အထူးလေ့လာခဲ့သည်။

သူ၏ကြိုးစားမှုကြောင့် လန်ဟဲမြို့က စိုက်ပျိုးရေးသိပ္ပံအဖွဲ့အစည်း၏ ပထမဆုံးစမ်းသပ်ရေး အခြေစိုက်စခန်းအဖြစ် အသုံးချခွင့်ရလာခဲ့ပြီး လန်ဟဲမြို့ကိုအကျိုးရှိစေသည်သာမက သူ၏အိမ်နှင့်အနီးမှာပဲ အလုပ်လုပ်ခွင့်ရခဲ့သည်။

တက္ကသိုလ်ဘွဲ့ရပြီးတဲ့နောက် ဟဲလျန်ရှန်းက ဆရာချန်နှင့် ချင်းရှန်းတို့၏ အားပေးမှုကြောင့် ဘွဲ့လွန်ဆက်တက်ခဲ့၏။ သူက မိန်းမနှင့်သမီးတို့နှင့် ဝေးကွာနေတုန်းဆိုသော်လည်း တစ်ပတ်တစ်ခါ အိမ်ပြန်ခွင့်ရသည့်အတွက် ချင်းရှန်းကလည်း ကန့်ကွက်လိုစိတ် မရှိပေ။

အဓိကအကြောင်းအရင်းကတော့ သူမက အလွန်အလုပ်များနေခြင်းဖြစ်သည်။ သို့ပေါင်တောင်မှ နေ့လည်နှင့် ညနေမှာသာ ခဏတွေ့ရသည်။ လောင်ဟဲ တစ်ပတ်တစ်ခါပြန်လာရသည်က အဆင်ပြေသည်။

အစမှာတော့ သူတို့က သို့ပေါင်က မိဘများနှင့်အတူမနေရသည်ကြောင့် အထီးကျန်နေမည်က်ို စိုးရိမ်ခဲ့သော်လည်း သူတို့က မလိုအပ်ဘဲ စိုးရိမ်နေခြင်းဖြစ်သည်ကို သဘောပေါက်လာကြသည်။

သို့ပေါင်က ကျောင်းတက်နေပြီး နေ့လည်စာစားချိန်မှသာ အိမ်သ်ို့ပြန်လာသည်။ ထိုအချိန်တွင် မိသားစုတစ်ခုလုံရော သူမအမေပါ ရှိနေသည့်အတွက် အထီးကျန်မည်မဟုတ်ပေ။ ကျောင်းဆင်းလျှင်လည်း လုပ်စရာများရှိသည်။ သူမက မောင်နှမများနှင့် စမ်းသပ်မှုများကစားလေ့ရှိသလို ဆေးစိုက်ခင်းသို့လည်းသွားလေ့ရှိသည်။သူမနောက်ကို နေ့တိုင်း လူကြီးများလိုက်နေရန် မလိုပေ။

ချင်းရှန်းက ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် သူမ၏ အိမ်စာများကို နေ့တိုင်းစစ်ပေးကာ တစ်နေ့တာ ဘာလုပ်ခဲ့သည့်အကြောင်းပြန်မေးသည်။ ဒီလောက်ဆိုလျှင် လုံလောက်နေလေပြီ။ မေးခွန်း အများကြီးမေးလျှင်လည်း သူမသဘောကျတော့မည်မဟုတ်ပေ။

သို့သို့က ယခုအရွယ်ရောက်သူဖြစ်လာသည့်အတွက် သူမ၏ ကိုယ်ပိုင်အတွေးအခေါ်များ ရှိနေပြီဖြစ်သလို မိဘများက သူမလုပ်သည့်အရာများကို ကြည့်ပေးရမည်ဖြစ်သည်။

ဒါက ဝမ်းနည်းစရာကောင်းသည်ဟု လောင်ဟဲက အကူအညီမဲ့သည့်လေသံဖြင့် ပြောခဲ့သည်။

ချင်းရှန်းက ထိုမြင်ကွင်းကို တွေးမိတိုင်း ရယ်ချင်လာသည်။

"ဘာလို့ရယ်နေတာလဲ ရှောင်ချင်း။" ကျုံးဝေ့မင်က ဆေးစိုက်ခင်းမှထ၍ ကောက်ရိုးဦးထုပ်ကိုချွတ်ကာ မျက်နှာမှချွေးသုတ်လိုက်သည်။

"ကျွန်မသမီးအကြောင်းတွေးမိလို့ပါ။ သူမက လူကောင်သေးပေမဲ့ အတွေးအခေါ်ကြီးတယ်။"

"မိန်းကလေးတွေက ဒီလိုပါပဲ။သူတို့က ငယ်ငယ်ရွယ်ရွယ်မှာ စကားနားထောင်ပေမဲ့ အရွယ်ရောက်လာရင် ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်ကမ္ဘာတည်ဆောက်လာကြတယ်။"

သူ၏သမီးကလည်း ထိုအတိုင်းပင်။ ကျွန်းပေါ်မှ အရာရှိတစ်ဦးနှင့် ချစ်ကြိုက်ခဲ့ပြီးနောက် သူမက တပ်ထဲလိုက်သွားချင်သည်ဟုပြောကာ သွားခဲ့သည်။ ယခု သူ့တွင် မြေးသုံးယောက်ရှိနေပြီး အိမ်သို့သုံးကြိမ်သာ ပြန်လာရသေးသည်။

ကံကောင်းစွာဖြင့် သမီးက အမေထက်ပို၍ လိုက်လျောညီထွေရှိသည်။ သူမက သူနှင့်အဆက်အသွယ် မဖြတ်ခဲ့ပေ။ ယခင်နှစ်များတွင် သူမက မကြာခဏ သူ့ထံစာရေးလေ့ရှိသလို သူမထိုးထားသော လည်စီး၊ စွယ်တာများနှင့် ကျွန်းရှိ ပစ္စည်းများကို ပေးလေ့ရှိသည်။ ဒီလိုသိတတ်သည့်မိန်းကလေးနှင့်ပတ်သက်၍ နှမြောမိသည်က မကြာခဏတွေ့၍မရခြင်းသာဖြစ်သည်။

လောင်ကျုံးက သက်ပြင်းချကာ ချင်းမိသားစုအကြောင်းပြန်ပြောလိုက်သည်။

"မင်းရဲ့သမီး သို့သို့က အရမ်းထက်မြက်တယ်။ ဘူတာရုံက စက်ပျက်သွားတဲ့နေ့က သူပြင်ခဲ့တာလေ။ ကလေးမလေးတစ်ယောက်က စက်ပြင်ရတာကို သဘောကျတယ်တဲ့လား။"

ထိုအချိန်က ဝန်ထမ်းအချို့က ပြင်ပေးရန်ကြိုးစားသော်လည်း မရသောကြောင့် အနီးအနားရှိ စက်ပြင်တတ်သောအရာရှိတစ်ဦးကို ရှာခိုင်းလိုက်သည်။ ခဏအကြာမှာတော့ ကလေးမလေးတစ်ဦးက ထိုစက်များကို ဖြုတ်လိုက်တပ်လိုက်လုပ်ကာ စက်ထဲပြန်ဆင်လိုက်သည်။

စက်ပညာရှင်က လာကြည့်သောအခါ စက်ကကောင်းနေပြီဖြစ်သည်။ ထိုအခါ သူပြန်ကြည့်လိုက်ရာ လှပသည့်မိန်းကလေးတစ်ဦး ဆယ်နှစ်အရွယ်ပင် မရှိသေးသူက ပြင်ထားကြောင်းသိရ၍ အံ့သြမှင်သက်သွားခဲ့ရသည်။

ထိုအချိန်က အားလုံးက သို့သို့ကို အံအားသင့်စွာ ဝိုင်းကြည့်နေခဲ့ကြသည်။

ထိုနေ့က လူအများ ချင်းရှန်း၏ အနီးဝိုင်းနေကာ သို့သို့ကို ဤပညာမျိုးဘယ်သူသင်ပေးထားသည်ကို မေးကြသည်။ သူမ မသိပေ။ သူမလည်း သူမသမီးကို ဘယ်သူနှင့်တူသည်ကို တွေးမရပေ။

သူမက လောင်ဟဲနှင့်တူသည်ဟု ပြောလျှင်လည်း လောင်ဟဲထက် သူမက ပို၍တော်သည်။ သူမနှင့်တူသည်ဟုပြောလျှင်လည်း သူမက အထက်တန်းပင်မအောင်ခဲ့သူဖြစ်သည်။

"သူက သူ့အဒေါ်နဲ့တူတာထင်တယ်။"

ချင်းရှန်းက အံ့သြသွားသည်။ "ချင်းဖန်လား။"

"ဟုတ်တယ်။ ငါ မင်းရဲ့ညီမကို မကြာခဏတွေ့ဖူးတယ်။သို့သို့က သူ့လိုပဲ ထက်မြက်ပြီး စိတ်သဘောထားနူးညံသိမ်မွေ့တဲ့သူဖြစ်မယ်။"

ချင်ဖန်က အတော်ကြာကြာတည်းက တက္ကသိုလ်ဘွဲ့ရခဲ့ပြီးဖြစ်သည်။ သူမ၏ ထူးချွန်သောအဆင့်များကြောင့် သူမက စာသင်ကြားပေးရန် ကျောင်းတွင်နေရသည်။ယခု သူမက ဘွဲ့လွန်ဆက်တက်နေပြီး စာလုပ်ရန်လည်း အလုပ်မထွက်ခဲ့ပေ။ သူမမိသားစုကလည်း ကန့်ကွက်ခြင်းမရှိဘဲ သူမရှီးလန်ကို ပြန်လာနိုင်ရန်သာမျှော်လင့်နေသည်။

သူမ အသက်ငယ်ငယ်နှင့် ပေကျင်းတွင်တစ်ယောက်တည်း နေရသည်ကို သူတို့က သနားမိသည်။ အဖွားက သူမအကြောင်းတွေးတိုင်း မျက်ရည်ကျကာ ဒီလိုဖြစ်မည်ကို ကြိုသိလျှင် သူမက်ို ဒီလို ထူးချွန်အောင်မထားခဲ့ဟု ပြောခဲ့သည်။ သူမ၏ ချမ်းသာမှုက နိုင်ငံအတွက်ထောက်ပံ့ရန်ပင် လုံလောက်နေလေပြီ။

ချင်းရှန်းက ပို၍အကောင်းဖက်မှတွေးနိုင်သည်။ချင်းဖန်ကို အဖွား၏ စကားများကြောင့် စိိတ်အနှောင့်အယှက်မဖြစ်ဘဲ သူမ၏ စိတ်ကူးအတိုင်း လိုချင်သည်ကို ရအောင်လုပ်ရန် အားပေးခဲ့သည်။ ယခင်ဘဝက သူမက အဖွား၏ ထိန်းချုပ်မှုကြောင့် ဘဝတစ်ခုလုံး လုပ်ချင်ရာမလုပ်ခဲ့ရသည့်အတွက် သူမအတွက် မမျှတပေ။

ဒါကြောင့်ပဲ သူမက သူ့အတွက် အတော်ဆုံးသောဆရာများကို ငွေများများသုံး၍ခေါ်ကာ သူမ၏ပညာရေးအဆင့်အတန်းကို မြှင့်ပေးနေခြင်းဖြစ်သည်။ ချင်းရှန်းက သူမ၏ ယခင်ဘဝကို နှမြောသည့်အတွက်ပင်။

ထိပ်တန်းကျောင်းသားက အသက်ငယ်ရွယ်သည်။ သူမ ကျောင်းနေသေးလျှင်တောင် အတန်းထဲတွင် အငယ်ဆုံးဖြစ်မည်။ လမ်းပေါ်သွားလျှင်လည်း ပထမနှစ်ကျောင်းသားဟု အထင်မှားခံရသည်။ သူမနှင့်အတူ ခင်မင်ရင်းနှီးချင်သော အမျိုးသားကျောင်းသားများရှိသော်လည်း သူမက ဆရာမဆိုသည်ကိုသိရတော့ သူတို့ အံ့သြသွားကြသည်။

ချင်းဖန်က ထိုဟာသအဖြစ်အပျက်ကို ဖုန်းဖြင့်ပြောပြသည်။ ချင်းရှန်းက ဗိုက်နာသည်အထိ ရယ်မောခဲ့သည်။ ဆရာမလေးတွင် စိတ်ဝင်စားသူများရှိနေလေပြီ။ အချိန်များ ကုန်ဆုံးသွားခဲ့ပြီ။

ချင်းရှန်းက အသက်သုံးဆယ်ကျော်ပြီဖြစ်သည်။ ခရီးများဆက်တိုက်သွားနေရသောကြောင့် သူမက ငယ်ငယ်ကကဲ့သ်ို့ အသားဖြူဖြူ မဟုတ်တော့ပေ။ သို့သော် သူမကိုယ်သူမတော့ သဘောကျသည်။ ယခု သူမက ရဲရင့်ကျန်းမာသလို ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်းအလုပ်ရှိပြီး သူမ၏ဘေးတွင် ချစ်ရသူနှင့်သမီးလေးလည်းရှိသည်။ ဒါက သူမယခင်ဘဝက မက်ခဲ့ရသည့်အိပ်မက်ဖြစ်သည်။

"စကားမစပ် စတုတ္ထကလေးက နောက်ပိုင်း ရှီးလန်ကို ပြန်မလာဘူးမလား။"

ချင်းရှန်းကပြုံးလိုက်သည်။ "ထင်တာပဲ။ သူတို့ဌာနမှုးက သူ့ကို ဒေါက်တာဘွဲ့အတွက် နိုင်ငံခြားပို့မယ်လုပ်နေတာ။သူ နောက်ထပ်ဘယ်နှနှစ်ကြာမှ ပြန်ရောက်လာနိုင်မယ်ဆိုတာ ကျွန်မလည်းသေချာမသိဘူး။"

ချင်းဖန်က ဘွဲ့ရရန်နောက်ဆုံးနှစ်ဖြစ်သည်။သူမက စာသင်ခြင်းနှင့် စာလေ့လာခြင်းတို့ဖြင့်တစ်ချိန်တည်း အလုပ်ရှုပ်နေသည်။ သူမက နောက်နှစ်ဘွဲ့ယူပြီးလျှင် န်ိုင်ငံခြားသွားရဦးမည်။ သူမပြန်ရောက်လာလျှင် အဖွားက သူမအတွက် လက်တွဲဖော်ကောင်းရှာကာ အိမ်ထောင်ချပေးလိမ့်မည်။

ကျုံးဝေ့မင်က ပြုံး၍ချီးကျူးစကားဆိုလိုက်သည်။

"အစိုးရက ထောက်ပံတဲ့ ဒေါက်တာဘွဲ့ပညာသင်ခွင့်ရတာ ကောင်းတာပဲလေ။ အနာဂတ်မှာ နိုင်ငံ့အားကိုးရာဖြစ်လာမှာ။"

ချင်းရှန်းက ဂုဏ်ယူစွာဖြင့် ရင်ကော့လိုက်၏။

အခြားသော ကျောင်းသားများကဲ့သို့ ချင်းဖန်က နိုင်ငံရပ်ခြားထွက်သွားပြီး ပြန်မလာနိုင်မည်ကို သူမ မစိုးရိမ်ပေ။ ထိိုမိန်းကလေး၏ စိတ်ထဲတွင် တိုးတက်ရေးအပြင် နိုင်ငံ၊ အိမ်နှင့် ဆွေမျိုးများလည်းရှိသည်ကို သူမသိသည်။

သူတို့နှစ်ဦးက ခေတ္တစကားပြောခဲ့ပြီး ချင်းရှန်းက အိမ်အမြန်ပြန်လာခဲ့သည်။ စက်ရုံဝင်ပေါက်ရောက်သောအခါ ဆောက်လုပ်ရေးဧရိယာသို့သွားကြည့်ခဲ့သည်။ လက်တလောတွင် ချင်းမိသားစုက အလုပ်ရှုပ်နေသည်။

အိုက်လန်က ယခင်လ စားသောက်ဆိုင်အလုပ်မှ ထွက်ခဲ့ပြီးနောက် ယခုကိုယ်ပိုင် စားသောက်ဆိုင်ဖွင့်ရန်ကြိုးစားနေသည်။

စက်ရုံရှေ့တွင် ဆိုင်အသစ်လေးများ ဖွင့်ထားသည်။စက်ရုံက သူတို့အတွက် ငှားရမ်းခနည်းနည်းနှင့် မိသားစုနေထိုင်ရေး အဆင်ပြေစေရန် လုပ်ပေးထားသည်။ ချင်းရှန်းက ထိုသတင်းကိုကြားသည်နှင့် အိုက်လန်ကိုပြောခဲ့သည်။ သူမက လျှောက်လွှာတင်ပြီး နေရာကောင်းကောင်းတစ်ခုတွင် ဆိုင်ခန်းငှားခဲ့သည်။ ယခု သူမက အပြင်အဆင်များဖြင့်အလုပ်ရှုပ်နေခြင်းပင်။

အသက်လေးဆယ်ဖြစ်တော့မည့် အိုက်လန်က ဟောင်းနွမ်းသည့်အဝတ်အစားများ ဝတ်ထားသည့်တ်ိုင် လှပတောင့်တင်းသည့်ခန္ဓာကိုယ်ကို ဖုံးကွယ်မထားနိုင်ပေ။ သူမက အန္တရာယ်ကင်းစေမည့် ဦးထုပ်ကိုဆောင်းထားကာ ပြင်ဆင်သည့်အဖွဲ့မှလူများကို ညွှန်ကြားချက်အချ်ို့ပေးနေ၏။ သူမ၏ ကိုယ်ပိုင်အတွေးအခေါ်များအကြောင်း ပြောနေခြင်းဖြစ်မည်။ ချင်းရှန်းလာနေသည်ကိုပင် သူမသတိမထားမိပေ။

"တတိယကလေး၊ နင် ငါ့ကိုလှန့်နေတာပဲ။ ဘယ်လိုလုပ် ဒီနေ့ရောက်လာတာလဲ။"

"လမ်းကြုံလို့ သူဌေးချင်းကိုလာတွေ့တာပါ။"

အိုက်လန်က သူမကိုရိုက်လိုက်သည်။ "အစ်မကို လာနောက်နေသေးတယ်။"

လျိုကျီရှန်း၏ အလုပ်ကလည်း အကျိုးခံစားခွင့်များစွာရှိသည့်အတွက် သူက ဟိုင်ရှန်းရှိမိဘနှစ်ပါး၏ နေစရိတ်ကိုသာ လတိုင်းပေးရန်လိုအပ်သည်။ အိုက်လန်က သူမ၏သူဌေးကို ကူညီ၍ စားသောက်ပွဲများ လုပ်ပေးသည့်အတွက် ပုံမှန်လစာထက်ပိုရသည်။ သူမတွင် ရှောင်ပါးကျင်းတစ်ဦးကိုသာ ပေးစရာရှိသည့်အတွက် ငွေအများစုဆောင်းမိသည်။ သူမက ချမ်းသာသည့်အတွက် အပြင်အဆင်များကို ပေါ်လွင်စေရန် ပစ္စည်းကောင်းများသုံးနိုင်ရန်အတွက် ငွေသုံးလိိုစိတ်ရှိ၏။

ချင်းရှန်းက ပတ်ကြည့်လိုက်၍ စိတ်ကျေနပ်သွားသည်။

"ရက်ရွေးပြီးပြီလား။"

"နောက်လ ပထမရက်က အမျိုးသားနေ့ပဲ။"

"နာမည်ရော ရွေးပြီးပြီလား။"

"နင့်ခဲအိုကတော့ အစ်မရဲ့နာမည်ကိုပဲ သုံးဖို့ပြောတယ်။"

"အိုက်လန်စားသောက်ဆိုင်။" ချင်းရှန်းက နှစ်ခါထပ်ပြောလိုက်၏။ နားထောင်ရ ကောင်းသည်။သူမ၏ အစ်မကြီးကဲ့သို့ ရိုးသားကြိုးစားပြီး တစ်ဖက်လှည့်ကြည့်လိုက်လျှင်လည်း သူမ၏ မွှေးရနံ့ကို ခံစားမိလိမ့်မည်။

"စကားမစပ် ဒုတိယကလေးက ဆေးစိုက်ခင်းမှာအလုပ်မလုပ်တော့ဘူး ကြားတယ်။ အဖွားကို ပြန်မေးတော့မလို့။ အဲ့နှစ်ယောက် ဘာဖြစ်ပြန်တာလဲ။"

ချင်းရှန်းက ရယ်လိုက်သည်။ "ဒီတစ်ခါတော့ ဒုတိယအစ်မကို မှားစွပ်စွဲတာပဲ။"

လန်ဟဲဆေးရုံဆောက်လုပ်ရေးက ပြီးတော့မည်ဖြစ်သည့်အတွက် နျိုတာ့ကန်း၏ ချင်းရှန်းနှင့်အတူလုပ်သည့်အလုပ်က ပြီးတော့မည်ဖြစ်သည်။ မြို့ထဲတွင်လယ်သမားစျေးကွက်လုပ်မည်ဟု သူကြားမိသည့်အတွက် ဒါက အစိုးရအလုပ်မဟုတ်ဘဲ ကိုယ်တိုင်လုပ်ရမည့်အလုပ်ဖြစ်ရာ လူတ်ိုင်းက ယှဉ်ပြိုင်ရောင်းချနိုင်သဖြင့် သူက ထိုအလုပ်ကိုသဘောကျသည်။

"လွန်ခဲ့တဲ့နှစ်နှစ်မှာ ဒုတိယအစ်မက အဖွားနဲ့ အခြားအမျိုးသမီးတွေ စျေးရောင်းတာမှာ ကူပေးခဲ့တယ်။ အစကတော့ အကူပဲဆိုပေမဲ့ နောက်ပိုင်းကိုယ်တ်ိုင်လည်း ရောင်းခဲ့တယ်လေ။ ဒါကြောင့်သူတို့က လယ်သမားစျေးကွက်မှာ နေရာတစ်နေရာယူပြီး သူတို့ဘာသာစျေးရောင်စချင်တာ။"

"ဒုတိယခဲအိုက လူတွေနဲ့အတူ သောက်လေ့ရှိပြီး လူအတော်များများနဲ့ သိတဲ့အတွက် ဝက်ပေါ်လို့လည်းရတယ်။ဒါကြောင့် သူတို့က တစ်ခန်းမှာအသီးအရွက်ရောင်း နောက်တစ်ခန်းမှာ ဝက်သားရောင်းဖို့အတွက် စျေးဆိုင်နှစ်ခန်းငှားမယ်တဲ့။"

အိုက်လန်က မျက်မှောင်ကြုတ်ထားရာမှ ပြေသွားသည်။

"ဒါက ကောင်းတာပဲ။"

လွန်ခဲ့သည့်၂နှစ်အတွင်း သမဝါယမအသင်းစျေးကွက်ကိုဖျက်သိမ်းခြင်းခံလိုက်ရသဖြင့် စားသုံးသူများကမှောင်ခိုစျေးကွက်မှ ဝယ်ကြသည်။ အစိုးရကလည်းလယ်သမားစျေးကွက် ထောင်ရန်အားပေးသည်။ တရားဥပဒေနှင့်ညီသောပစ္စည်းများဖြစ်နေသရွေ့ရောင်းချ၍ရသည်။ သူတို့က ဆိုင်ခန်းခနှင့် အခွန်ခကိုသာ ပေးရန်လိုသည်။ ဆိုင်ခန်းကောင်းကောင်းငှားနိုင်လျှင်ကောင်း၏။

အားလုံးကအသားနှင့် အသီးအရွက်များကိုစားကြသည်။

ဒါကနေ့စဉ်ဘဝ လိုအပ်ချက်လည်းဖြစ်သည်။

ယွီတိက ချင်းရှန်းကို ဒီကိစ္စကူညီပေးရန်ပြောသည်။ချင်းရှန်းက သူမအတွက် နည်းလမ်းရှာပေးပြီးပြီဖြစ်သည်။ သူတို့ကတော့ နှစ်ရက်အတွင်း မြို့အစိုးရထံသွားကာမဲနှိုက်ရမည်။ ဒါကြောင့် သူတို့စုံတွဲက ယခုအလုပ်ရှုပ်နေကြသည်။

ကျွမ်းကျင်သည့်အလုပ်ကို တွေ့သွားပြီးနောက် သူတို့ကပို၍ ရည်မှန်းချက်ကြီးလာကာ အိမ်တွင်လည်းပြဿနာမရှာတော့ပေ။

အိုက်လန်က ဦးထုပ်ချွတ်ကာ ချင်းရှန်းနှင့်အတူ အိမ်ပြန်လာရင်း မိသားစုနယ်မြေ၏ နာမည်ကြီး ကျောက်ချင်းစုန့်အကြောင်း ပြောနေကျသည်။

ကျောက်ချင်းစုန့်က လျိုပေါင်ကျူးနှင့် ကွာရှင်းပြီးနောက် သူမပြန်လာတောင်းပန်မည်ကို မျှော်လင့်နေခဲ့သည်။ သို့သော်လည်း သူမက ကွမ်ကျိုးတွင်အိမ်ထောင်အသစ်ပြုကာ စီးပွားရေးလုပ်နေပြီဖြစ်သည်။ ဗီလာတစ်ခုဝယ်ထားသည်ဟုလည်း သိရသည်။ သူမက ယခုဟောင်ကောင်သို့သွားကာ နိုင်ငံခြားထွက်သွားပြီဖြစ်သည်။

သူမ ပြန်မလာတော့သည်ကိုသိရပြီးနောက် ကျောက်ချင်းစုန့်က အလျှော့ပေးကာ အိမ်ထောင်အသစ်ပြုရန်ပြင်ဆင်နေသည်။

သူက သူ့ကိုယ်သူ နာမည်ကြီးသေးသည်ဟုထင်နေသော်လည်း လူအများအမြင်မှာတော့ သူက အသက်၄၀ကျော်ပြီး ကလေးပြဿနာနှင့်လူဖြစ်၍ သားကြောလဲဖြတ်ထားရာမှာ ဘယ်လိုအမျိုးသမီးမျိုးကဝင်စားမည်လဲ။

ထိုသို့သော အခြေအနေမျိုးဖြင့် သူကအသက်၂၈နှစ်အောက် အပျိုစင်မိန်းကလေးကိုလိုချင်သည်။ မြို့ထဲရှိအောင်သွယ်များက သူ့ကြောင့်စိတ်အနှောက်အယှက် ဖြစ်နေကာ သူ့အကြောင်းမကောင်းသတင်း ပြောကြသည်။ ထို့ကြောင့် သူကဇာတိသို့ပြန်ကာ တစ်ယောက်ရှာခဲ့သည်။ ရလဒ်အနေဖြင့် သူကအနီးရှိ တောင်ဘက်ရွာမှတစ်ယောက်က်ို တကယ်ပင်ရှာတွေ့ခဲ့သည်။

ပေါင်ကျူးက အိမ်ပြန်ရောက်ချိန်တော့ ကြင်နာတတ်၍ သူ့အကြောင်း မကောင်းမပြောခဲ့ပေ။ သူ၏ ဇနီးသစ်ကလည်း သူသားကြောဖြတ်ထားသည်ကို မသိထားဟု ကြားမိသည်။

အိုက်လန်က ရွာသားများထံမှ ကြားထားခြင်းဖြစ်သည်။ သူတို့က ညီအစ်မသုံးယောက်က မြို့ပေါ်တွင်အဆင်ပြေနေသည်ကိုသိကြပြီး ဆုံမိလျှင် အတိတ်အကြောင်း ပြောကြခြင်းသာဖြစ်သည်။

သို့သော်လည်း ယွီတိနှင့် ချင်းရှန်းကတော့ ကောင်းသည့်သတင်း ကြားရရန်မမျှော်လင့်ထားပေ။

ရွေးမှအသစ်ကြောင့်၂၇နှစ်သာ ရှိသေးပြီးတော့လှသည်။ အိမ်ထောင်မှုဟာလည်း နိုင်နင်းသည်။ သူမကတော့ အိမ်တွင်းရောအိမ်ပြင်ပါ အလွန်ကောင်းသည်။

ချင်းရှန်းက ထိုလူ အလွန်ကံကောင်းသည်ဟုတွေးမိသည်။

" ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျောက်ချင်းစုန့်က ဟိုင်ယန်းနှင့်ဟိုင်ယန်ကို လက်ထက်ပွဲအတွက်ရွာခေါ်သွားခဲ့တယ်။ ဘာဖြစ်ခဲ့တယ်ထင်လဲ။"

"ဘာဖြစ်ခဲ့လဲ။"

"အဲဒီ အပျိုဆိုတဲ့ မိန်းကလေးက သားသုံးယောက် ရှိနေပြီးထိုသုံးယောက်ကလည်း အဖေမတူဘူး။ ဝူလိထန်က လူတွေသာ သတို့သမီးသွားမခေါ်ခဲ့လျှင် သိမှာမဟုတ်ဘူး။"

အဲ့လိုနဲ့ သူက အသက်ကြီးတဲ့ မိန်းကလေးတစ်ယောက်ကိုထပ်ရှာပြီးတော့ သူ့ရဲ့သား‌ကြောဖြတ်တာကို ဖုံးကွယ်ထားချင်သည်။ သူမက သားသုံးယောက်ရှိနေပြီးဖြစ်တဲ့အတွက် ထိုအရာကို ဂရုမစိုက်တော့ဘဲ သူမကလက်ထပ်ပွဲအကြောင်းပြောသောအခါ ချက်ချင်းလက်ခံသည်မှာအံ့သြစရာမရှိတော့ပေ။ သူ့ကိုလက်ထက်စာချုပ် အမြန်ပြင်ရန်ပြောပြီး နှစ်သစ်တွင်လန်ဟဲသို့ပြန်ရန်ပြောခဲ့သည်။ သူက အနာဂတ်အတွက် အားလုံးကို အစီအစဉ်ဆွဲထားပြီးဖြစ်သည်။

ဒါပေမဲ့ လက်ထက်စာချုပ်က တရားဝင်ဖြစ်သွားပြီဖြစ်ပြီး မင်္ဂလာပွဲလည်း ကျင်းပပြီးပြီဖြစ်သည့်အတွက် ထိုမိန်းမကို သွားရှုပ်၍မရတော့ပေ။ သူမက သူမ၏သားသုံးယောက်ကို စောင့်ရှောက်မပေးဘူးဆိုလျှင် ပြဿနာရှာမည်။ လိမ်လည်လက်ထပ်သည်ဟုဆိုကာ သူ့ကိုအလုပ်ပြုတ်အောင်လုပ်မည်ဟု ခြိမ်းခြောက်သည်။ကျောက်မိသားစုက သူတို့၏ငွေကြေး များဆုံးရှုံးမည့်အတွက် စိတ်ပူကာ ထိုထိုကလေးသုံးယောက်ကို လက်ခံရန်တိုက်တွန်းခဲ့သည်။

ချင်းရှန်းက အော်ရယ်လိုက်သည်။ ဒါကဘယ်လိုကိစ္စမျိုးလဲ။ သူကအခြားသူများကို သူ၏ကလေးအားစောင့်ရှောက်စေလိုသည်။ တိုက်ဆိုင်စွာပဲ အခြားတယောက်ကလည်း ထိုသို့တွေးမိသည်။

"အဒေါ်ကျောက်က အော်ငိုနေတယ်။ ကျောက်မိသားစုမှာ ယောကျာ်းလေး တစ်ယောက်ပဲရှိတဲ့အတွက် ဆုံးရှုံးမှုဖြစ်ပြီး တစ်ဖက်မှာတော့ သုံးယောက်တောင်ရှိတယ်ဆိုပြီးငိုနေတာ။"

ချင်းရှန်းက ကျောက်အဖွားကြီး၏ မျက်နှာကို တွေးမိကာ ဝမ်းသာမိသည်။ ကျောက်မိသားစုပြန်လာလျှင် သုံးယောက်မှ ခုနစ်ယောက်ဖြစ်သွားပြီးတော့ ပို၍အသက်ဝင်လာလိမ့်မည်။

ယွီတိတို့စုံတွဲက အမျိုးသားနေ့ မတိုင်ခင်တစ်လအတွင်းဆိုင်ခန်းငှားထားသည်။ ချင်းမိသားစုက မကြာခဏသွားရောက်လာခဲ့သည်။ သွားသည့်အခါတိုင်း သူမက ဆိုင်ခန်းတွင်ဖြစ်ကာ အသီးအရွက်များကို ပြင်စည်းလျှင်စည်း မဟုတ်လျှင်အာလူးများ ခွာနေတတ်သည်။

သူမက အမြဲအလုပ်ရှုပ်နေပြီး ပါးစပ်ကလဲအနီးအနားများနှင့်စကားပြောနေ၍ အလုပ်ရှုပ်နေသည်။ နျိုတာ့ကန်းက ဝက်ဝယ်ပြီး ခုတ်ထစ်ကာ အသီးအရွက်များ သယ်လာရန်သာ တာ၀န်ရှိသည်။ သူက မနက် ၁နာရီထ၍ အလုပ်လုပ်ရသည်။ နေမထွက်မီ ရောင်းမည့်အရာများကို ဈေးသို့ပို့ရ၏။ ပြီးနောက် နေ့ခင်းအိပ်ကာ နောက်တစ်သုတ်အတွက် ပြင်ရသည်။

ချင်းရှန်းက အလုပ်ရှုပ်နေသည်။ သူမက နေ့ရှည်အလုပ်လုပ်ရသလို ညလည်းဘအိပ်ရေးပျက်သည့်အတွက် ရူးမလိုဖြစ်နေသည်။ သို့သော် နျိုတာ့ကန်းကတော့ မတူပေ။ သူက ရွာတွင်ရှိစဉ်ကပဲ ထိုသို့နေရသည်ကို သဘောကျသည်။ ယခု သူက အိပ်ရာကနိုးလာတိုင်းငွေထိုင်ရေရသည်။ ထိုဘဝကို အလွန်သဘောကျ၏။

ချင်းကွေ့ဟွားက ရှန်းယုံကို သို့ပေါင်နှင့် ရှောင်ပါးကျင်းတို့နှင့်အတူ ခေါ်ထားသည်။ သူမက အားလပ်နေပြီးကျန်းမာရေးကလည်း ကောင်းသည်။ ဒါကြောင့် ထမင်းသုံးနပ်စားရသည်ကိုလည်းမပင်ပန်းပေ။

ချင်းရှန်းက အိုက်လန်၏ စားသောက်ဆိုင်ဖွင့်ပွဲမှ ပြန်လာသည်နှင့် ကလေးသုံးယောက်က ပေါက်စီများစားနေကြသည်။

"အမေ"

"တတိယအဒေါ်"

"လိမ္မာတဲ့ကလေး၊ ဒီနေ့က အမျိုးသားနေ့လေ၊ ပိတ်ရက်ရတာလား"

" နေ့တစ်ပိုင်းပိတ်တာပါ ဒါကြောင့်ညနေပိုင်းသွားစရာမလိုဘူး။" ရှန်းယုံက သူ၏အဒေါ်ကိုမြန်မြန်ဖြေပေးလိုက်၏။

"ကောင်းပါတယ်။ အိမ်စာကောင်းကောင်းလုပ်ရဲ့လား။ ပြီးသွားရင် အပြင်ထွက်ပြီး ဆော့လို့ရပြီ။ သို့သို့က မင်းတို့မောင်နှမကို ခေါ်သွားပြီးဆော့လိမ့်မယ်။"

"ဟုတ်ကဲ့။"

သို့ပေါင်၏ အိမ်စာကပုံမှန်ဆိုလျှင်မ်ိနစ်၂၀အတွင်းပြီးသည်။ သူမက အလယ်တန်းရောက်ပြီဖြစ်သည့်အတွက် ချင်းရှန်းက စာမစစ်နိုင်တော့ပေ။ လောင်ဟဲက ဓာတ်ခွဲခန်းမပြန်လာတိုင်း စစ်ပေးသော်လည်းသူမက အမှန်များရေးထားသည့်အတွက် စစ်ပေးရသည်မှာအကျိုးမရှိပေ။

"အိမ်စာပြီးသွားရင် အဖေ့ကို သွားကူရမယ်။" ရှန်းယုံက အကူအညီမဲ့သောအသံဖြင့်ပြောလိုက်သည်။

"ဘာတွေအလုပ်ရှုပ်နေတာလဲ"

"ပိုက်ဆံရေနေတာ။"

ပြဿနာက ထိုအရာပင်။ သူတို့ကအသီးအရွက် ရောင်းရာမှ ငွေများရသည်မှာ အကြွေများဖြစ်သည်။ နျိုတာ့ကန်းက အိပ်ရန်အချိန်လိုအပ်သဖြင့် သူ၏သားကို လုပ်ပေးရန် အကူအညီတောင်းထားခြင်း ဖြစ်သည်။ ချင်းယွီတိကလည်း တစ်ရက်နှစ်ရက် စိတ်လှုပ်ရှားခဲ့ပြီး ယခုပျင်းရိကာ မလုပ်ချင်တော့ပေ။

"မနေ့က ကျွန်တော် တစ်ရာသုံးဆယ့်ငါးဒေါ်လာနဲ့ ခြောက်ဆယ့်သုံးစင့် ရေခဲ့ရတယ်။"

"အများကြီးပါလား။"

သူမ သိသလောက်ဆိုလျှင် အသီးအရွက်နှင့်ဝက်သားများက အကျိုးအမြတ်အတော်များသည်။

"ဒါကအများဆုံး မဟုတ်သေးဘူး။ ဆောင်းဦးလည်ပွဲတော်တုန်းက ကျွန်တော် နှစ်ရာငါးဆယ့်သုံးယွမ် ရေခဲ့ရတယ်။"

"မိသားစုက အခုပိုက်ဆံရှိသွားပြီမလို့ ကျွန်တော့်ကိုစာကြိုးစားပြီးတော့ အဒေါ်နဲ့သို့သို့လိုမျိုး ပေကျင်းမှာတက္ကသိုလ်တက်နိုင်အောင် လုပ်ရမယ်လို့အဖေကပြောတယ်။ ဘွဲ့လွန်ဆက်တက်ပြီး နိုင်ငံခြားသွားလို့လည်းပြောသေးတယ်။"

သူမ တွေးမိသည်က မလုံလောက်ဟု ချင်းရှန်းခံစားမိလာသည်။ သူတို့၏တစ်ရက်ရငွေက သူမနှင့်လောင်ဟဲ၏ တစ်လရငွေနှင့်တူနေသည်။

ယခု ချင်းရှန်းက ခံစားချက် မကောင်းတော့ပေ။ သူမ၏ ဒုတိယအစ်မနှင့်ခဲအိုက မိသားစုထဲတွင် အရင်ချမ်းသာမည့်သူများ ဖြစ်လာကြတော့မည်။

"သူအပိုတွေ ပြောနေတာပါ။ စုစုပေါင်းရငွေ ရများပေမဲ့ အသီးအရွက်က ပျက်စီးနိုင်ပြီးတော့ အသားကလည်းမရောင်းရရင် ပုတ်သွားလိမ့်မယ်။ အရည်သွေးကို ထိန်းထားဖို့ကခက် တယ်။ အမျိုးသားနေ့နဲ့ ဆောင်းဦးလည်ပွဲတော်နဲ့ တိုက်ဆိုင်သွားလို့ပါ။ အခြားနေ့တွေဆိုအရမ်းရုန်းကန်ရတယ်။"

ချင်းကွေ့ဟွားက ဝက်သားနှပ်အိုးကိုကိုင်ကာ အိမ်ထဲဝင်လာသည်။။"အခုသူတို့မှာ အသီးအရွက်နဲ့အသားဆိုင်တန်းပဲရှိတာ။ နောက်ပိုင်းဆိုရင် ကုန်သည်တွေ များလာရင် စီးပွားရေးကောင်းတော့မှာ မဟုတ်ဘူး။"

အသားက နျိုတာ့ကန်း ယူလာပေးသည့်အသားပင်။ ရှန်းယုံက သူတို့နှင့်စားသည့်အတွက် သူကပဲ တစ်မိသားစုလုံးစာပေးမည်ဟု ပြောခဲ့သည်။ သူတို့က နေ့တိုင်း လတ်ဆတ်သော အသီးအရွက်နှင့်အသားများကို မနက်စောစောလာပို့ပေးသည်။

"ဒါက နည်းတဲ့ပမာဏတော့ မဟုတ်ဘူး။" အဖွားက မိသားစုအစည်းအဝေး လုပ်ထားပြီးဖြစ်သည်။ ဒုတိယအစ်မနဲ့ ခဲအို၏ ရငွေထက်ဝက်ကို သူမက သိမ်းဆည်းထားပေးသည်။ လတိုင်း ငွေပေးသည့်အရှိန်တွင် သူမကစာရင်းစာအုပ်ဖွင့်ကာ အတိုးနှုန်းကိုလည်း တွက်လေ့ရှိသည်။

အဓိကကတော့ သူတို့ငွေအသုံးကြမ်းမည်ကိုကြောက်၍ ဖြစ်သည်။ ထိုငွေများကို ရှန်းယုံ၏ စာသင်စရိတ်နှင့် အိမ်ထောက်ပြုရန် စရိတ်များအဖြစ် ချန်ထားရမည်။

ချင်းကွေ့ဟွားက ပြောလိုက်သည်။ "ဘယ်အချိန်ထိ ပိုက်ဆံရှာနိုင်မယ်တော့ မသိဘူး။ အခုမှဖွင့်စဆိုတော့အများကြီး ပြောလို့မရဘူးလေ။ စကားမစပ် မင်းအစ်မရဲ့စားသောက်ဆိုင်ရောဘယ်လိုလဲ။"

ဧည့်သည်တွေ များသည်ကြောင့် သူမနှင့်ကလေးတွေကဒီကိုတောင် ထမင်းစားရန် မလာနိုင်ပေ။

"ကောင်းပါတယ်။ အစ်မနဲ့ခဲအိုက အလုပ်များနေလို့ ကျွန်မတောင် မတွေ့ခဲ့ရဘူး။ ကျွန်မအရင်ပြန်လာခဲ့တာ။"

"ဘုရားသခင်ကောင်းချီးပေးပြီး ကြွယ်ဝချမ်းသာမှုတွေ ရလာပါစေ။"

ချင်းရှန်းက ရယ်လိုက်၏။ "ဘာလို့ တတိယမြေးနဲ့ မြေးသမက်အတွက်ကို အကူအညီမတောင်းတာလဲ။"

"သွားစမ်းပါ။ မင်းတို့အတွက် တောင်းစရာလိုသေးလို့လား။"

ချင်းရှန်းကလည်း သူမပြောသည်မှာ မှန်သည်ဟုတွေးမိသည်။ ယခု သူမက လန်ဟဲဆေးရုံတွင် ဒါရိုက်တာဖြစ်သည်။ လောင်ဟဲကလည်း အင်ဂျင်နီယာဖြစ်သွားပြီး လောင်ချန်၏ အလုပ်တာဝန်ကို ယူထားသည်။ သူက ဓါတ်ခွဲခန်းတွင် လေ့ကျင့်ပြီးသူဖြစ်သည်။ သူမအစ်မနှင့်အခြားသောသူဌေးများ အလုပ်လုပ်နေသော်လည်း ‌ငွေအများမရသည့်တိုင သူတို့၏ အသက်မွေးဝမ်းကျောင်းကလည်း ကျေနပ်အားရဖွယ် ကောင်းသည်။

သူတို့က နှစ်စတွင် သို့ပေါင်အတွက် မြေကွက်ဝယ်ပေးဖြစ်သည်။ ယခုပိုက်ဆံအများကြီး မရှိသော်လည်း မြေကွက်ရှိသည့်အတွက် အနာဂတ်တွင် ဈေးဆိုင်သို့မဟုတ် အိမ်ဆောက်၍ရသည်။ နောက်တစ်နှစ် လောင်ဟဲ ပရောဂျက်မှ ဆုငွေရလျှင် ပေကျင်းတွင် သို့ပေါင်အတွက် အိမ်ဝယ်ပေးမည်။ နှစ်အနည်းငယ်လောက်ငှားထားပြီး သူမ ကောလိပ်တက်လျှင် သူတို့ပြောင်းမည်ဖြစ်သည်။

ခရိုင်မြို့မှအိမ်ကိုတော့ သူတို့က ယခင်နှစ်က ဝယ်ခဲ့သည်ဖြစ်ပြီး နေရသည့်အချိန်လည်းနည်းသည့်အတွက် ငှားထားပြီးဖြစ်သည်။

သို့ပေါင်က ယခု မြေပိုင်ရှင်မလေးဖြစ်နေလေပြီ။

ထိုအကြောင်းတွေးမိကာ မြေးအဖွားနှစ်ယောက်က ပြုံးမိသည်။ မိသားစုတစ်စုလုံးက ပို၍ကောင်းမွန်လာကာ တစ်နေ့ထက်တစ်နေ့ မျှော်လင့်ထားသည့်အတိုင်းဖြစ်လာကြသည်။

"ဘာတွေရယ်နေတာလဲ။" လောင်ဟဲက ဘယ်သူမှသတိမထားမိခင် အိမ်ပြန်ရောက်လာခဲ့သည်။

ဆယ်စုနှစ်တစ်ခုလောက်အလုပ်နှင့် စာများကြိုးစားခဲ့ရပြီးနောက် သူက အများကြီး ရင့်ကျက်သွားကာ ဆံပင်ဖြူများလည်း ရှိနေလေပြီ။ သူက မျက်ခုံးတွန့်ထားသည်ကို မြင်ရသည်မှာ ချင်းရှန်းကို မူးဝေစေ၏။

လောင်ဟဲထုန်ပြန်ရောက်လာလေပြီ။ ကျန်းမာပြီး အောင်မြင်သောအလုပ်ကိုင်နှင့် ပြီးပြည့်စုံသော မိသားစုရှိသည့် လောင်ဟဲထုန်ဖြစ်၏။ သူတို့အတူတကွ ကလေးတစ်ယောက်ကို ပျိုးထောင်ကာ ထိုကလေးအရွယ်ရောက်လာပြီး အတောင်အလက်များစုံလာသည်ကို ကြည့်နေရသည်မှာ.... အလွန်ကောင်းမွန်၏။

ပြီးပါပြီ

All Chapters