← Chapters

မသေမျိုးဧကရာဇ်၏ ပြန်လည်မွေးဖွားခြင်း (၂)

Vol. 1 Ch. 9

မသေမျိုးဧကရာဇ်၏ ပြန်လည်မွေးဖွားခြင်း (၂)

Vol. 1 Ch. 9

တက္ကစီကားပေါ်တွင် ရဲရှင်းဟွေ့က ရဲရှင်းချန်ကို စိုးရိမ်တကြီး ကြည့်နေသည်။

သို့သော် ရဲရှင်းချန်က ခေါင်းခါပြရင်း "ငါ ဘာမှမဖြစ်ပါဘူး» ဟု ပြောလိုက်သည်။

ရဲရှင်းချန်၏ စကားကိုကြားပြီး သူ၏တည်ငြိမ်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ ရဲရှင်းဟွေ့လည်း သက်ပြင်းတစ်ချက် ချလိုက်နိုင်သည်။

"ဟူး… သူက သူ့အစ်ကိုဖြစ်တဲ့ ငါဆီမှာ ဘာမှထူးခြားတာကို သတိထားမိမှာ မဟုတ်လောက်ပါဘူး"

စိတ်တည်ငြိမ်သွားပြီးနောက် ရဲရှင်းဟွေ့သည် ရဲရှင်းချန် အဘယ်ကြောင့် ချောက်ကမ်းပါးပေါ်မှ ခုန်ချခိုင်းခံခဲ့ရသည်ကို စတင်စဉ်းစားမိတော့သည်။

ထိုအချိန်က အဖေနဲ့အမေ ဘာလုပ်နေကြတာလဲ။ သားတစ်ယောက်က လူသတ်သမားလက်ချက်ဖြင့် အသတ်ခံရပြီး နောက်တစ်ယောက်က ချောက်ကမ်းပါးပေါ်က ခုန်ချခိုင်းခံရတယ်လား။ တကယ်တမ်း ဘာတွေဖြစ်ခဲ့တာလဲ။

ထိုအချိန်မှာပင် ရဲရှင်းချန်သည်လည်း ရဲရှင်းဟွေ့ကဲ့သို့ တူညီသောမေးခွန်းများကို စဉ်းစားနေခဲ့သည်။ ရဲရှင်းဟွေ့နှင့် နှိုင်းယှဉ်လျှင် ရဲရှင်းချန်၏ အတွေးများသည် ပို၍ရှုပ်ထွေးနေသည်။

သူ၏အမှတ်တရထဲတွင် ကျွန်းနိုင်ငံတစ်ခုရှိ ယာစုကုနီနတ်ကွန်းကို ဇနီးမောင်နှံတစ်တွဲက မီးရှို့ခဲ့ကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြပြီးနောက် တစ်စုံတစ်ယောက်က သူ့ထံသို့ ရောက်လာခဲ့သည်။

ရဲရှင်းချန်သည် ပုံမှန်အားဖြင့် သတင်းမကြည့်တတ်သော်လည်း ထိုသူရောက်လာပြီးနောက် သူ၏ရှေ့တွင် အဆိုပါသတင်းအကြောင်း အသေးစိတ်အစီရင်ခံစာကို တိုက်ရိုက်ချပြခဲ့သည်။

ယာစုကုနီနတ်ကွန်းကို မီးရှို့ခဲ့သူများမှာ သူ၏မိဘများဖြစ်ကြောင်း မြင်လိုက်ရသောအခါ သူ လုံးဝအံ့အားသင့်မှင်တက်သွားခဲ့သည်။

သတင်းအချက်အလက်ကို ယူဆောင်လာပေးသူက ရဲရှင်းချန်အား သူ၏မိဘများကို ကယ်တင်လိုလျှင် သူနှင့်အတူ လိုက်ခဲ့ရန် ပြောခဲ့သည်။

ထိုအချိန်က ရဲရှင်းချန်သည် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်နေပြီဖြစ်သော်လည်း သူ၏မိဘများမည်သူမည်ဝါဖြစ်ကြောင်းကို သိပ်မသိသည့်အပြင် သူတို့၏လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတို့နှင့်ပေါင်းစပ်ကာ ထိုသူနောက်သို့ သိပ်မစဉ်းစားဘဲ လိုက်သွားခဲ့သည်။

အထက်တန်းကျောင်းသားတစ်ယောက်က ပြဿနာရှာနိုင်မည်မဟုတ်ဟု သူတို့က မစိုးရိမ်သောကြောင့်လည်း ဖြစ်နိုင်သည်။ ရဲရှင်းချန်ကို ခေါ်ဆောင်သွားသောသူသည် ဖုန်းပြောသည့်အခါ ဘာကိုမှ ဖုံးကွယ်မထားခဲ့ပေ။

ဖုန်းပြောဆိုသံကို ကြားလိုက်ရသောအခါ ရဲရှင်းချန်သည် ထိုသူက သူ့မိဘများကို ကယ်တင်ရန် သူ့ကိုလာရှာခြင်းမဟုတ်ဘဲ သူ၏အသက်ကိုအသုံးချ၍ မိဘများကို အညံ့ခံခိုင်းရန်ဖြစ်ကြောင်း သိရှိသွားသည်။

ထိုအချိန်က ရဲရှင်းချန်သည် ကျင့်ကြံခြင်းလောကထဲသို့ မဝင်ရောက်သေးသော်လည်း သူ၏စိတ်ထဲတွင် ရဲရင့်ပြတ်သားသောစိတ်ဓာတ် ရှိနှင့်နေပြီဖြစ်သည်။ ထိုသူများက သူ့ကိုအသုံးချ၍ မိဘများ၏လုံခြုံရေးကို ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန် သူသည် ကားပေါ်မှအစောင့် အာရုံလွှဲနေစဉ် အခွင့်ကောင်းယူကာ တိုက်ရိုက်ခုန်ထွက်ပြီး ချောက်ကမ်းပါးအောက်သို့ လိမ့်ကျသွားခဲ့သည်။

ဤသည်မှာ သူ ချောက်ကမ်းပါးပေါ်မှ ခုန်ချခဲ့ရသည့် အဖြစ်အပျက် အစီအစဉ်ပင်ဖြစ်သည်။

"အချိန်မတိုင်ခင်မှာ ငါ့မှာ လုံလောက်တဲ့စွမ်းအားကို ပိုင်ဆိုင်ထားဖို့ လိုအပ်တယ်"ကားသည် တဖြည်းဖြည်း ရပ်တန့်လာသည်ကို ခံစားမိရင်း ရဲရှင်းချန်က သူ့ဘာသာသူ တွေးလိုက်သည်။

.....

ရဲရှင်းဟွေ့မှာမူ ဖြစ်လာသည့်အတိုင်း ရင်ဆိုင်သွားရန်သာ တွေးလိုက်သည်။ သူတခြားဘာလုပ်နိုင်ဦးမည်လဲ။ ယခု ရဲရှင်းချန်ထံ သွားပြီး အနာဂတ်တွင် ဘာတွေဖြစ်ခဲ့သလဲ၊ ဘာကြောင့် ချောက်ကမ်းပါးပေါ်က ခုန်ချခဲ့ရသလဲ၊ မိဘတွေရဲ့ အခြေအနေက ဘယ်လိုလဲဟု ပွင့်ပွင့်လင်းလင်း သွားမေးလို့မှမဖြစ်ပေ။

ဒီလောက်အများကြီး စဉ်းစားနေမည့်အစား သူ့ရဲ့ တီဗီလေး လိုင်းမိဖို့အတွက် အခြေအနေတွေကို စဉ်းစားတာက ပိုကောင်းသည်။

တီဗီမှာ လိုင်းအမြဲရှိနေသရွေ့ သူသည် စွမ်းရည်အသစ်များကို အဆက်မပြတ် ရရှိနေနိုင်သည်။ တစ်နေ့နေ့မှာ မယုံနိုင်စရာကောင်းတဲ့ လူတစ်ယောက်ရဲ့စွမ်းရည်ကို ရလာနိုင်ပြီး အဲ့ဒီအခါ အခက်အခဲအားလုံးကို အလွယ်တကူ ဖြေရှင်းနိုင်လိမ့်မည်။

......

ကားသည် ဗီလာတစ်လုံး၏ ကားဂိုဒေါင်ထဲတွင် ရပ်တန့်သွားသည်။

"ကဲ ကလေးတို့၊ ရောက်ပြီ"

ကျိုးလင်က ကားပေါ်မှဆင်းကာ ကားနောက်ဖုံးကို ဖွင့်လိုက်ပြီး နောက်ခန်းတွင် အတွေးကိုယ်စီဖြင့် ထိုင်နေသော ညီအစ်ကိုနှစ်ယောက်ကို ပြောလိုက်သည်။

ကျိုးလင်၏ စကားကိုကြားသောအခါ ရဲရှင်းချန်နှင့် ရဲရှင်းဟွေ့တို့သည် တစ်ချိန်တည်းမှာပင် ကားပေါ်မှဆင်းလိုက်ကြပြီး သူတို့၏ ခရီးဆောင်အိတ်များကို ကောက်ကိုင်ကာ ကျိုးလင်နောက်မှ ဗီလာထဲသို့ လိုက်ဝင်သွားကြသည်။

သူတို့နှစ်ယောက် ဗီလာ၏ပင်မတံခါးပေါက်သို့ ဝင်ခါနီးမှာပင် ရဲရှင်းချန်၏လက်မောင်းကို သူ၏နောက်မှ လျှောက်လာသော ဝမ်ကျားယန်က ဆွဲထားလိုက်သည်။

ထိုမြင်ကွင်းကိုတွေ့သောအခါ ရဲရှင်းဟွေ့သည် ရှေ့ဆက်မသွားဘဲ ရပ်လိုက်သည်။ ဤဝမ်ကျားယန်နှင့် သူ၏အစ်ကိုကြားတွင် ဘာတွေဖြစ်နေသည်ကို သူ သိချင်နေသည်။

.....

"ရဲရှင်းချန် နင် ငါ့အိမ်ကို ပြောင်းလာနေရုံနဲ့ နင့်ကို ငါကသဘောတူမယ်လို့ မထင်နဲ့။ အဲ့ဒီအတွေးကို ဖျောက်ထားလိုက်"

"ငါ့အမေက စာရင်းဝင်ကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာရှင်၊ ငါ့အဖေက ခွန်းယန်မြို့ရဲ့ ဒုတိယမြို့တော်ဝန်... နင်ကကော ဘာလဲ... နင့်မိဘတွေက စူပါမားကတ်တစ်ခု ဖွင့်ထားတာ.... နင့်မိသားစုမှာ ဘာပိုင်ဆိုင်မှုမှလည်းမရှိဘူး။ ငါတို့မိသားစုနှစ်ခုက ကမ္ဘာနဲ့ချီပြီး ကွာခြားတယ်....."

ဝမ်ကျားယန် စကားမဆုံးခင်မှာပင် ရဲရှင်းဟွေ့က လျင်မြန်စွာ ဖြတ်ပြောလိုက်သည် "ခဏလေး ငါနင့်ကို အကြံတခုပေးမယ်.... ဒီစကားတွေကို နင့်အမေရှေ့မှာ သွားမပြောမိစေနဲ့"

ရဲရှင်းဟွေ့၏ စကားကိုကြားသောအခါ ဝမ်ကျားယန်က ကြောင်အသွားပြီး သူဘာကိုဆိုလိုသည်ကို နားမလည်ဖြစ်သွားသည်။

သူမ နားမလည်သည်မှာလည်း သဘာဝကျပါသည်။ သူမ၏အမေ ကျိုးလင်၏ လက်ထဲတွင်ရှိသော ရှယ်ယာများနှင့် ငွေများအားလုံးသည် စုချင်းက ပေးထားခြင်းဖြစ်သည်။ ကျိုးလင်၏ခင်ပွန်း ဝမ်ယဲ့ဟွေးသည်လည်း စုချင်း၏အဆက်အသွယ်များဖြင့် ခွန်းယန်မြို့သို့ ရင်းနှီးမြှုပ်နှံသူများစွာကို ခေါ်ဆောင်လာနိုင်ခဲ့သောကြောင့်သာ ဒုတိယမြို့တော်ဝန်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ ဝမ်ကျားယန်၏ မိသားစု ချမ်းသာကြွယ်ဝမှုအားလုံးသည် စုချင်း၏ ကျေးဇူးကြောင့်ဟု ဆိုနိုင်သည်။

ယခုအခါ ရဲရှင်းဟွေ့လည်း ယခင်က ရဲရှင်းချန် ချစ်ခွင့်ပန်စာရေးခဲ့သော ကျောင်း၏အလှဘုရင်မသည် ဤဝမ်ကျားယန်ဖြစ်ကြောင်း သတိရသွားသည်။ သေချာကြည့်လိုက်တော့ ဒီဝမ်ကျားယန်က သိပ်မလှပါ။ ဘယ်လိုလုပ်ပြီး ကျောင်းရဲ့အလှဘုရင်မ ဖြစ်သွားရတာလဲ။

ထိုစဉ်မှာပင် ဝမ်ကျားယန်က ထပ်ပြောပြန်သည်။ "ရဲရှင်းချန် မိဘချင်းသဘောတူ စေ့စပ်ထားတာတစ်ခုရှိရုံနဲ့ ငါက နင်နဲ့အတူရှိမယ်လို့ မထင်နဲ့။ အခုခေတ်က မိဘတွေရဲ့ အမိန့်အာဏာနဲ့ အောင်သွယ်တော်ရဲ့ စကားအတိုင်း လိုက်လုပ်ရတဲ့ခေတ် မဟုတ်တော့ဘူး"

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ရဲရှင်းချန်သည် မောက်မာနေသော ဝမ်ကျားယန်ကို လျစ်လျူရှုသလို တစ်ချက်ကြည့်လိုက်သည်။ သူ၏အကြည့်သည် သူ့ရှေ့တွင် ဖျော်ဖြေပြနေသော လူပြက်တစ်ယောက်ကို ကြည့်နေသည့်အလားပင်။

"စိတ်မပူပါနဲ့ အဲ့ဒီ မိဘချင်းသဘောတူ စေ့စပ်ထားတာကို ငါ တစ်ခါမှ ဂရုမစိုက်ခဲ့ဘူး"

"ဒီလိုဆိုမှတော့..." စကားပြောနေရင်း ဝမ်ကျားယန်သည် မြေပေါ်တွင်ချထားသော ရဲရှင်းချန်၏ ခရီးဆောင်အိတ်ကို တစ်ချက်ကြည့်လိုက်ပြီး "ဒါဆို ငါ့အိမ်မှာမနေနဲ့တော့။ နင့်ကိုမြင်ရတာ ငါ စိတ်ရှုပ်တယ်"ဟု ပြောလိုက်သည်။

ဝမ်ကျားယန်၏ စကားကိုကြားသောအခါ ရဲရှင်းချန်က ဘာမှမပြောရသေးခင်မှာပင် ရဲရှင်းဟွေ့က မကျေမနပ်ဖြစ်သော မျက်နှာထားဖြင့် ရှေ့သို့တက်လာပြီး "ဟေ့.. ငါတို့က အန်တီကျိုးလင်ရဲ့အိမ်မှာ လာတည်းတာ ဘာလို့ နင့်ရဲ့ခွင့်ပြုချက် လိုရမှာလဲ။ နင်က ဘယ်သူမို့လို့လဲ....."

"ဟမ့် ငါက ဘယ်သူမို့လို့လဲ ဟုတ်လား။ ဒါ ငါ့အိမ်လေ"

ဝမ်ကျားယန်၏ အမူအရာကိုမြင်သောအခါ ရဲရှင်းဟွေ့သည် မိသားစုနှစ်ခု၏ အမှန်တရားကို ဖွင့်ချပစ်ချင်စိတ်ပေါက်သွားသော်လည်း တစ်ချက်ပြန်စဉ်းစားပြီးနောက် ထိုသို့မလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူ့ရှေ့က ဒီကောင်မလေးသည် ဘာမှနားမလည်သော ကလေးမတစ်ယောက်သာ ဖြစ်သည်။

"နင်က ငါတို့ နင့်အိမ်မှာနေတာကို စိတ်အနှောင့်အယှက်ဖြစ်နေမှတော့ ငါကပိုပြီးနေမှာပဲ။ နေရုံတင်မကဘူး၊ အန်တီကျိုးလင်က ငါ့အစ်ကိုကို သူ့ရဲ့သားမက်အဖြစ် အသိအမှတ်ပြုလာအောင် ငါကြိုးစားပြီး ချော့မြှူဦးမှာ"

ရဲရှင်းဟွေ့၏ စကားဆုံးသွားသည်နှင့် သူ၏ အလုံးစုံသိမြင်ခြင်းမျက်လုံး ဖြင့် ကြည့်လိုက်သောအခါ ဝမ်ကျားယန်၏ ခေါင်းပေါ်ရှိ အပြာရောင် အချက်အလက်ဇယားသည် အစိမ်းရောင်သို့ ပြောင်းသွားပြီးနောက် ချက်ချင်းပင် ရာခိုင်နှုန်းနှစ်ဆယ်ကျော် တိုးတက်သွားသည်ကို သူတွေ့လိုက်ရသည်။

"အစိမ်းရောင်လား။ ဒီအစိမ်းရောင်က နှစ်သက်မှုရဲ့ ဆန့်ကျင်ဘက်တန်ဖိုးဖြစ်ပုံရတယ်။ ငါပြောလိုက်တဲ့စကားတွေက ဝမ်ကျားယန်ကို ငါ့အပေါ် မကျေမနပ်ဖြစ်သွားစေတာ သေချာသွားပြီ"

ရဲရှင်းဟွေ့က သူ၏ အလုံးစုံသိမြင်ခြင်းမျက်လုံး အကြောင်း စဉ်းစားနေစဉ်မှာပင် သူ၏ဘေးတွင်ရှိသော ရဲရှင်းချန်က နောက်ဆုံးတွင် စကားတစ်ခွန်း ထပ်ပြောလိုက်သည်။

"ငါ့ ညီလေးကိုခေါ်ပြီး ထွက်သွားမယ်"

ထိုသို့ပြောပြီးနောက် သူသည် ဗီလာဘက်သို့ လျှောက်သွားသည်။ ထိုစဉ်မှာပင် ကျိုးလင်က အိမ်ထဲမှထွက်လာပြီး "ဘာလို့ မဝင်လာကြသေးတာလဲ။ ညစာအဆင်သင့်ဖြစ်ပြီ" ဟု နားမလည်သလို မေးလိုက်သည်။

"လာပြီ" ဝမ်ကျားယန်က ပြန်ဖြေလိုက်ပြီးနောက် ရဲရှင်းဟွေ့ကို မကျေမနပ်တစ်ချက်စိုက်ကြည့်ကာ ဗီလာထဲသို့ ဝင်သွားသည်။

"ဘာပဲဖြစ်ဖြစ် ထွက်သွားရတော့မှာပဲ ငါနင့်ကို လက်ဆောင်တစ်ခု ထားခဲ့မယ်။ ငါတို့ထွက်သွားပြီးတဲ့နောက်မှာ ကျိုးလင်က နင့်တင်ပါးကို မရိုက်ခဲ့ရင် ငါ နင့်နာမည်ပြောင်းမယ်"

ထိုသို့ တစ်ယောက်တည်း ရေရွတ်လိုက်ပြီးနောက် ရဲရှင်းဟွေ့လည်း ဝမ်ကျားယန်နောက်သို့ လိုက်ကာ ဗီလာထဲသို့ ဝင်သွားလေသည်။

All Chapters