← Chapters

အိမ်အသစ်

Vol. 1 Ch. 13

အိမ်အသစ်

Vol. 1 Ch. 13

ရဲရှင်းဟွေ့သည် ကျိုးလင်၏အိမ်သို့ စိတ်ပျက်လက်ပျက်ဖြင့် ပြန်လာခဲ့သည်။ ထိုအချိန်တွင် အန်တီကျိုးက မနက်စာကို အဆင်သင့်ပြင်ဆင်ပြီးနေပြီဖြစ်သည်။

ထမင်းစားပွဲတွင် ဝမ်ကျားယန်၊ ကျိုးလင်နှင့် တည်ကြည်သော မျက်နှာထားရှိသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးတို့ မနက်စာစားနေကြသည်။

ရဲရှင်းချန်နှင့် ရဲရှင်းဟွေ့တို့ ပြန်လာသည်ကိုမြင်သောအခါ ကျိုးလင်က ပြုံးလျက် မိတ်ဆက်ပေးသည်။ "ဒါက မင်းတို့ရဲ့ဦးလေး ဝမ်ခို့ဟိုင်ပဲ။"

ဝမ်ခို့ဟိုင်ကို မိတ်ဆက်ပေးပြီးနောက် ကျိုးလင်က သူတို့နှစ်ယောက်ကိုလည်း ဝမ်ခို့ဟိုင်အား ပြန်လည်မိတ်ဆက်ပေးသည်။ "သူတို့က စုချင်းရဲ့ သားနှစ်ယောက်လေ... ရဲရှင်းချန်နဲ့ ရဲရှင်းဟွေ့တဲ့။"

စုချင်း၏သားဟု ကြားလိုက်ရသောအခါ ဝမ်ခို့ဟိုင်၏ တည်ကြည်နေသော မျက်နှာသည် ရုတ်တရက် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ပဲနို့သောက်နေသော ဝမ်ကျားယန်မှာ သီးမတတ်ပင် ဖြစ်သွားသည်။

သူမသိသည်မှာ သူမ၏အဖေသည် အထူးသဖြင့် အငယ်များကိုဆိုလျှင် အမြဲတင်းမာတတ်သူဖြစ်သည်။ သူတို့ကို ဆူပူကြိမ်းမောင်းခြင်းမပြုသည်ကိုပင် ကံကောင်းသည်ဟု မှတ်ယူရမည်။ ဒီလိုအပြုံးနှင့် နှုတ်ဆက်လိမ့်မည်ဟု ဘယ်လိုမှ မထင်ထားခဲ့။ ရဲရှင်းဟွေ့ကတော့ သူ့ဦးလေး၏ အပြုံးမျက်နှာကို သိပ်ပြီး သဘောမကျချေ။

အခြားအကြောင်းကြောင့်တော့ မဟုတ်၊ သူ့ခေါင်းပေါ်ရှိ သဘောကျနှစ်သက်မှု ပမာဏပြဘားက ၃၀ ရာခိုင်နှုန်းကျော်ကျော်လေးသာ ရှိနေသောကြောင့်ဖြစ်သည်။ ကျိုးလင်၏ သဘောကျမှုပမာဏကတော့ ၈၀ ကျော်နေသည်။

ထမင်းစားပွဲတွင် ရဲရှင်းဟွေ့နှင့် သူ့အစ်ကိုတို့သည် သူ၏အိမ်တွင်မနေကြောင်း သိလိုက်ရသောအခါ ဝမ်ခို့ဟိုင်က မျက်မှောင်ကြုတ်သွားပြန်သည်။

ဝမ်ခို့ဟိုင်သည် စုချင်းနှင့် သူမ၏ခင်ပွန်းတို့၏ တိကျသောဂုဏ်ပုဒ်ကို မသိသော်လည်း စုချင်းတွင် ကြီးမားသောသြဇာအာဏာရှိသည်ကို သူသိသည်။ အကယ်၍ စုချင်းသာမရှိခဲ့ပါက သူသည် ကူယန်မြို့သို့ ဤမျှလောက်များသော ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်မည်မဟုတ်သလို၊ အချိန်တိုအတွင်း ဒုတိယမြို့တော်ဝန်၏ အတွင်းရေးမှူးမှ ဒုတိယမြို့တော်ဝန်အဖြစ် ရာထူးတိုးနိုင်မည် မဟုတ်ပေ။

ဝမ်ခို့ဟိုင်က သူ၏ဇနီး ကျိုးလင်ကိုလည်း ရဲချန်နှင့် စုချင်းတို့၏ ဂုဏ်ပုဒ်များအကြောင်း မေးမြန်းခဲ့ဖူးသည်။ သို့သော် ကျိုးလင်က ဘာတစ်ခုမှ ထုတ်မပြောဘဲ စုချင်း၏ ဂုဏ်ပုဒ်ကို ကူယန်မြို့ရှိ မည်သူ့ကိုမျှ မပြောရန် ကတိပေးထားကြောင်းသာ ပြောခဲ့သည်။

.

"ရှင်းချန်၊ ရှင်းဟွေ့၊ မင်းတို့နှစ်ယောက် ဒီမှာနေရတာ အဆင်မပြေလို့လား။"

ဝမ်ခို့ဟိုင်က သူတို့ကို နေရန်တော့မည်ကို မြင်သောအခါ ရဲရှင်းဟွေ့က အမြန်ဖြတ်ပြောလိုက်သည်။ "အဆင်မပြေတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ အပြင်မှာနေတာက ပိုအဆင်ပြေမယ်လို့ ထင်လို့ပါ။ ပြီးတော့ အစ်ကိုက သူ့ကောင်မလေးကို အိမ်ခေါ်လာတာမျိုး... ဒီမှာဆို သိပ်အဆင်မပြေဘူးလေ ဟုတ်တယ်မလား။"

ရဲရှင်းဟွေ့၏စကားကို ကြားပြီးနောက် ဝမ်ခို့ဟိုင်သည် တိတ်ဆိတ်စွာ စားသောက်နေသော ဝမ်ကျားယန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ နှစ်ပေါင်းများစွာ အစိုးရအရာရှိလောကတွင် ကျင်လည်ခဲ့သူပီပီ သူသည် အဖြစ်အပျက်အချို့ကို ရိပ်စားမိလိုက်သည်။ ကိုယ့်သမီးကံမကောင်းပါလားဟုလည်း သက်ပြင်းချမိလိုက်သည်။

မနက်စာစားပြီးနောက် ဝမ်ခို့ဟိုင် အလုပ်သွားခဲ့ပြီး၊ ကျိုးလင်က ရဲရှင်းဟွေ့အတွက် ဖုန်းနံပါတ်နှစ်ခု ထားခဲ့ပြီးနောက် ထွက်သွားသည်။ ထိုဖုန်းနံပါတ်နှစ်ခုထဲမှ တစ်ခုက ကျိုးလင်၏ ကိုယ်ပိုင်မိုဘိုင်းဖုန်းနံပါတ်ဖြစ်ပြီး နောက်တစ်ခုက သူတို့အတွက် အိမ်ရှာပေးသူ၏ မိုဘိုင်းဖုန်းနံပါတ်ဖြစ်သည်။ ရဲရှင်းဟွေ့သည် အိမ်ရှာပေးသူထံမှ ဖုန်းကို စောင့်ရမည်ဖြစ်သောကြောင့် အပြင်မထွက်ခဲ့ပေ။

နေ့လယ်ရောက်မှသာ အိမ်ရှာပေးသူက နောက်ဆုံးတွင် ရဲရှင်းချန်ကို ဆက်သွယ်လာခဲ့သည်။ ရဲရှင်းချန်သည် ဖုန်းထဲမှလူနှင့် စကားအနည်းငယ်ပြောပြီးနောက် ရဲရှင်းဟွေ့နှင့်အတူ ဗီလာအိမ်မှ ထွက်ခွာခဲ့သည်။

"ကျွန်တော်တို့ အခုဘယ်သွားကြမလို့လဲ။" ဟု ရဲရှင်းဟွေ့က မေးလိုက်သည်။

"ဗီလာဝင်းရဲ့ အဝင်ဝကိုပဲ။ ငါတို့အတွက် အိမ်ရှာပေးတဲ့သူက တံခါးဝမှာ စောင့်နှင့်နေပြီ။" သူတို့နှစ်ယောက် အောက်ထပ်ဆင်းလာသည်နှင့် သပ်ရပ်စွာဝတ်စားထားသော ဝမ်ကျားယန် အိမ်ထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ကျိုးလင်၏ ဗီလာအိမ်တံခါးဝတွင် အနီရောင်ကားတစ်စီး ရပ်ထားပြီး ယာဉ်မောင်းခုံတွင် သာမန်ပေါ့ပေါ့ပါးပါးဝတ်စုံနှင့် လူငယ်တစ်ဦး ထိုင်နေသည်။ ထိုလူငယ်က ဝမ်ကျားယန်ကို မြင်သောအခါ ချက်ချင်းပြုံး၍ လက်ပြနှုတ်ဆက်သော်လည်း ရဲရှင်းချန်ကို မြင်သောအခါ သူ့မျက်နှာက အေးစက်သွားသည်။

ထိုလူငယ်၏ မကျေနပ်သောပုံကိုမြင်၍ ဝမ်ကျားယန်က ရဲရှင်းချန်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဘေးခုံတွင်ဝင်ထိုင်ကာ လူငယ်၏နားနားကပ်၍ တိုးတိုးလေး တစ်စုံတစ်ခု ပြောလိုက်သည်။ ဝမ်ကျားယန်၏စကားကို ကြားပြီးနောက် လူငယ်၏မျက်နှာထားမှာ အများကြီး ပိုကောင်းသွားပုံရသည်။

လူငယ်က ဝမ်ကျားယန်၏ပါးကို ညင်သာစွာနမ်းလိုက်ပြီးနောက် ရဲရှင်းချန်ကို ပြောင်စပ်စပ်ဖြင့် ကြည့်လိုက်သည်။ ရဲရှင်းချန်ကတော့လား။ သူက ထိုလူငယ်၏ စိန်ခေါ်မှုကို လေထဲက ဖုန်မှုန့်တစ်မှုန်လို သဘောထားသည်။ ပိုတိတိကျကျပြောရလျှင် သူသည် ထိုလူငယ်ကို လူလို့တောင်မြင်ဘဲ တစ်ချက်လေးတောင် လှည့်မကြည့်ခဲ့ပေ။

ထိုအဖြစ်ကိုမြင်သောအခါ လူငယ်မှာ စိတ်ပျက်သွားပြီး ဝမ်ကျားယန်နှင့်အတူ ကားမောင်းထွက်သွားတော့သည်။ မောင်းထွက်သွားသော အနီရောင်ကားကို ကြည့်ရင်း ရဲရှင်းဟွေ့က ဘေးရှိ ရဲရှင်းချန်ကို လှည့်မေးလိုက်သည်။

"အစ်ကို... သူက အစ်ကို့ကို ဒီလောက်တောင် ရန်စနေတာကို စိတ်မဆိုးဘူးလား။"

ထိုအခါ ရဲရှင်းချန်က တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

"ပုရွက်ဆိတ်တစ်ကောင်အတွက် ငါက ဘာလို့ ဂရုစိုက်နေရမှာလဲ။"

ထိုစကားကိုကြားသော် ရဲရှင်းဟွေ့က စိတ်ထဲမှ လက်မထောင်လိုက်မိသည်။ "မသေမျိုးဧကရာဇ်ဘွဲ့နဲ့ ထိုက်တန်ပါပေတယ်၊ ပုရွက်ဆိတ်တွေကို ဘယ်တော့မှ အရေးမလုပ်ဘူးပဲ။"

ရဲရှင်းချန်က ပုရွက်ဆိတ်များကို အရေးမလုပ်သော်လည်း ရဲရှင်းဟွေ့ကတော့ ထိုပုရွက်ဆိတ်ကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်သွားသည်။ နောက်တစ်ခါ ဒီမောက်မာတဲ့ကောင်ကို တွေ့ရင် လူမြင်ကွင်းမှာ အဝတ်ချွတ်ပြီး ကခိုင်းမည်ဟု သူစိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။

သူတို့နှစ်ယောက်သည် ခရီးဆောင်သေတ္တာများကို ဆွဲ၍ ဗီလာဝင်း၏အဝင်ဝသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် ဗီလာဝင်းအဝင်ဝ၌ လုပ်ငန်းသုံးကားတစ်စီး စောင့်နေပြီး ကားအပြင်ဘက်တွင် အမျိုးသမီးတစ်ဦးက အမျိုးသမီးသုံးစီးကရက်ကို ဖွာရှိုက်နေသည်။ ထိုအမျိုးသမီးတွင် ဝိုင်နီရောင် ကောက်ကောက်ကွေးကွေးဆံပင်၊ စွဲမက်ဖွယ်ကောင်းသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဖြူဖွေးသော အသားအရေရှိသည်။

သူမ၏မျက်နှာကို မကြည့်ပါက အမှတ် ၉၀ အထက်ပေးနိုင်သော်လည်း မျက်နှာကိုပါ ထည့်တွက်လိုက်လျှင် အမှတ် ၇၀ ဝန်းကျင်သာ ပေးနိုင်တော့သည်။ အဓိကအကြောင်းရင်းမှာ သူမ၏မျက်နှာက အရမ်းရိုးရှင်းလွန်းပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် လုံးဝမလိုက်ဖက်သောကြောင့်ဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ဘာမှပြုပြင်မထားသော မူလရုပ်ရည်မှန်း သိသာလှသည်။

ထိုအမျိုးသမီးသည် ခရီးဆောင်သေတ္တာများဆွဲလာသော လူနှစ်ယောက်ကို မြင်သောအခါ စီးကရက်ကို ငြိမ်းသတ်လိုက်ပြီး မေးလိုက်သည်။ "တဆိတ်လောက် ရှင့်တို့က ရဲရှင်းချန်နဲ့ ရဲရှင်းဟွေ့လား"

"ဟုတ်ပါတယ်။" ရဲရှင်းချန်က ခေါင်းညိတ်ပြီး "ကျွန်တော်တို့ အရင်က ဖုန်းပြောဖူးပါတယ်။"

"သြော်...ဒါဆို ကားပေါ်တက်ပါ... ကျွန်မ အိမ်လိုက်ပြပေးပါမယ်။"

ထိုသို့ပြောပြီးနောက် အမျိုးသမီးက ယာဉ်မောင်းခုံသို့ အရင်ဝင်ထိုင်လိုက်သည်။

မြို့ထဲသို့သွားရာလမ်းတွင် ရဲရှင်းဟွေ့သည် ထိုအမျိုးသမီး၏အမည်မှာ ယောင်တန်ဖြစ်ပြီး သူမသည် ကျိုးလင်၏ အတွင်းရေးမှူးဖြစ်ကြောင်း သိလိုက်ရသည်။

ယောင်တန်က ရဲရှင်းဟွေ့နှင့် သူ့အစ်ကိုအတွက် ရှာပေးထားသောအိမ်သည် မြို့ထဲတွင်တည်ရှိပြီး ကူယန်အလယ်တန်းကျောင်းအနီးမှာပင် ဖြစ်သည်။ ကူယန်အလယ်တန်းကျောင်းနှင့် လမ်းနှစ်လမ်းသာ ခြားသောကြောင့် ကျောင်းတက်ရန် အလွန်အဆင်ပြေသည်။

မိနစ်နှစ်ဆယ်ကျော်ကြာပြီးနောက် လုပ်ငန်းသုံးကားသည် နောက်ဆုံးတွင် အဆင့်မြင့်လူနေရပ်ကွက်တစ်ခုအတွင်းသို့ မောင်းဝင်သွားသည်။

ရပ်ကွက်၏အမည်မှာ ကျင်းတူးမန်ရှင်းဖြစ်သည်။ အပြင်ဘက်မှကြည့်လျှင် လုံခြုံရေး၊ စိမ်းလန်းစိုပြေမှုနှင့် သန့်ရှင်းရေးတို့တွင် ပြဿနာမရှိသည်ကို တွေ့နိုင်ပြီး ဤရပ်ကွက်၏ စီမံခန့်ခွဲမှုက တော်တော်ကောင်းမွန်ကြောင်း ပြသနေသည်။

ရပ်ကွက်အပြင်ဘက်တွင် စူပါမားကတ်ကြီးတစ်ခုကိုလည်း တွေ့မြင်နိုင်သည်။ ထိုမျှသာမက၊ အခြားလမ်းတစ်ခုပေါ်တွင် အင်တာနက်ဆိုင်များ၊ ခြေနှိပ်ခန်းများ၊ KTV များ၊ ဘားများနှင့် အခြားဖျော်ဖြေရေးနေရာများစွာ ရှိနေသည်။

"ရှင့်တို့က အပေါ်ဆုံးထပ်ကို လိုချင်တယ်လို့ပြောလို့ ကျွန်မက အပေါ်ဆုံးထပ်ရော ထပ်ခိုးကိုပါ ဝယ်ထားလိုက်တယ်။ နေရာအကျယ်ကြီးပဲ၊ ရှင့်တို့မိဘတွေနဲ့ ကောင်မလေးကိုခေါ်လာနေရင်တောင် ပြဿနာမရှိဘူး။"

ယောင်တန်က မိတ်ဆက်ရင်း ဓာတ်လှေကားထဲသို့ ဝင်သွားသည်။

ရဲရှင်းဟွေ့နှင့် ကျန်တစ်ယောက် ဓာတ်လှေကားထဲဝင်လာသည်ကို မြင်ပြီးနောက် ယောင်တန်က အပေါ်ဆုံးထပ်ခလုတ်ကို နှိပ်လိုက်သည်။

မကြာမီ သူတို့သုံးယောက် အပေါ်ဆုံးထပ်သို့ ရောက်ရှိလာကြသည်။

အပေါ်ဆုံးထပ်သို့ ရောက်သောအခါ ယောင်တန်က ဘာကြောင့် အပေါ်ဆုံးတစ်ထပ်လုံးကို ဝယ်ထားသည်ကို ရဲရှင်းဟွေ့ နောက်ဆုံးတွင် နားလည်သွားသည်။ အကြောင်းမှာ အပေါ်ဆုံးတစ်ထပ်လုံးကို ဆက်သွယ်ဖွင့်ထားသောကြောင့်ဖြစ်သည်။

အခန်းတစ်ခုလုံးတွင် ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများ အပြည့်အစုံပါရှိပြီး ဧည့်ခန်းထဲတွင် အမိုးပေါ်ရှိ လသာဆောင်သို့ တက်ရန် လှေကားတစ်ခုရှိသည်။

"ဒီအမိုးပေါ်က လသာဆောင်ကိုလည်း ပြင်ဆင်ပြီးသားပဲ။ ညစာစားပွဲ ဒါမှမဟုတ် ပါတီလုပ်ချင်ရင် အမိုးပေါ်လသာဆောင်မှာ လုပ်လို့ရတယ်။"

ယောင်တန်၏ မိတ်ဆက်စကားကို နားထောင်ပြီးနောက် ရဲရှင်းဟွေ့နှင့် ရဲရှင်းချန်တို့သည် အမိုးပေါ်လသာဆောင်သို့ အတူတူတက်သွားကြသည်။

All Chapters