အခန်း (၃၀၄-၃၀၆)
Vol. 21 Ch. 304-306
အခန်း ၃၀၄
သန့်စင်ခြင်းအဆင့်ခြောက်သို့ ရောက်ရှိသည်နှင့် ချူးယွင်ဖန်း၏ ခွန်အားသည် ယခင်ကနဲ့တူတော့ပေ။ ကျန်းရွှမ်နှင့် တိုက်ခိုက်ဖို့ အချိန်ရောက်ပီး ယခင်ကဲ့သို့ ပြန်လည် မတိုက်ခိုက်နိုင်မဲ့ အခြေအနေ မဟုတ်တော့ချေ။
တောင်မြစ် ပန်းချီကားမှ ထွက်လာပီးနောက် ချူးယွင်ဖန် ဆက်တိုက် သတ်ဖြတ်ခြင်းများကို ပြုလုပ်လိုက်သည်။ နေ့တွင် အကျဉ်းသားများကို သတ်ဖြတ်ပီး ညအချိန်တွင် သားရဲများကို လေ့ကျင့်ရန်နှင့် အစားအသောက်အတွက် လို့ငါ သတ်ဖြတ်နေသည်။ ထိုကဲ့သို့ သတ်ဖြတ်မှုများအပြီး တရက်ကြာတွင် ချူးယွင်ဖန်း နေရာတခုကို ထပ်မံရှာတွေ့ခဲ့သည်။
ရွှပ်
ချူးယွင်ဖန်း သူ၏ရှေ့မှ အကျဉ်းကျ ရာဇဝတ်သားကို ဓားတချက်ထဲဖြင့် ခုတ်သတ်လိုက်သည်။ သို့ပေမယ့် သူ၏ ပတ်ဝန်းကျင်တွင် အကျဉ်းသား တဒါဇင်ခန့်အား တွေ့ မြင်နိုင်ခဲ့သည်။ သူတို့အားလုံးသည် ကျွမ်းကျင်သူများ ဖြစ်သလို ဖမ်းဆီးခံရသော အကျဉ်းသားများအားလုံးထဲတွင် အကောင်းဆုံးဖြစ်သည်။ အညံ့ဆုံးဆိုသည့် လူပင် ချီသန့်စင်ခြင်း အဆင့်လေးတွင် ရှိနေသည်။
ခေါင်းဆောင်ဖြစ်သူသည် အရပ်ခြောက်ပေခွဲနီးပါးရှိပီး သူ၏ မျက်နှာမှာ ကြီးမားသောဒဏ်ရာသည် မျက်နှာမှ လက်မောင်းအထိ ရှည်လျားသည်။ ထိုဒဏ်ရာသည် သူ့အား ထက်ပိုင်း ပိုင်းဖြတ်လုနီးပါး ဖြစ်ပြီး ထိုကဲ့သို့ တိုက်ခိုက်ခဲ့သူမှာ ချူးယွင်ဖန်းကိုယ်တိုင်ဖြစ်သည်။
ခေါင်းဆောင်ဖြစ်သူမှာ ချူးယွင်ဖန်းကို မြင်သော အခါကြီးမားသော အပြုံးတခု ဖြစ်ပေါ်လာသည်။ ထိုအပြုံးကြောင့် ဒဏ်ရာနှင့် သူ၏ မျက်နှာက ကြောက်စရာ ပိုကောင်းလာသည်။ သူသည် ချူးယွင်ဖန်း၏ ကျိုးပဲ့ဓားကြောင့် ရှောင်တိမ်းလိုက်ရသည်။ မရှောင်တိမ်းခဲ့လျှင် သေဆုံးသွားနိုင်သည်။
တိုက်ပွဲတွင် ချူးယွင်ဖန်းနှင့် သူတို့ နှစ်ဉီးစလုံး ဒဏ်ရာ အပြင်းအထန် ကိုယ်စီရရှိကြသည်။ သူ့လို အကျဉ်းသားတယောက်အတွက် ယခုလို တစုံတယောက်ကြောင့် သေလု နီးပါး အပြင်းအထန် ဒဏ်ရာရရှိတာ ပထမဆုံးအကြိမ် ဖြစ်သည်။ အမဲလိုက်နေတဲ့ အကောင်ကြောင့် ပထဆုံးဒဏ်ရာရရှိတာက သူ့အတွက် အရှက်ရစရာ ကောင်းလှသည်။ သူက ကုသမှု ပြုလုပ်ပီးနောက် ချူးယွင်ဖန်းကို ရှာဖွေခဲ့ပီး ယခုတော့ တွေ့ရှိခဲ့ပီ။
ဝံပုလွေတကောင်လို အငြိုးတကြီး လိုက်လံ လက်စားချေခြင်ပင် ဖြစ်၏။
“မင်းသေသွားပီ ငါထင်ခဲ့တာ “ အကျဉ်းသားခေါင်းဆောင်က ချူးယွင်ဖန်းကို ကြည့်ကာ အံအားသင့်စွာ ပြောလိုက်သည်။ သူတို့ တိုက်ခိုက်ခဲ့ချိန်က သူကိုယ်တိုင် ကြီးမားစွာ ဒဏ်ရာရသလို ချူးယွင်ဖန်းကိုယ်တိုင်လည်း ဒဏ်ရာ အပြင်းအထန် ရခဲ့သည်။ နှစ်ဖက်စလုံး ပြင်းထန်စွာ ဒဏ်ရာရခဲ့ပီး ချူးယွင်ဖန်း မသေဆုံးသည့်အတွက် အံအားခြင်းဖြစ်သည်။
“ မင်းတောင် မသေသေးတာ ငါသေဖို့ ဘယ်လိုဖြစ်နိုင်မလဲ၊ ကိုယ်တပိုင်းဖြတ်နီးပါး ဒဏ်ရာရပေမယ့် မသေဆုံးတဲ့ မင်းကမှ အံအားသင့်စရာ အစစ်အမှန်ပါ” ချူးယွင်ဖန်းက လှောင်ပြောင်ပြောဆိုလိုက်သည်။
“မင်းမသေတာ ကောင်းတယ် မင်းခေါင်းကို ငါကိုယ်တိုင်ဖြတ်ပစ်မယ် မင်းခေါင်းက ငွေတွေ အများကြီးတန်ကြေး ရှိတာကွ တိတိကျကျပြောရရင် သန်းငါးဆယ်တောင်ပဲ “ အကျဉ်းသားခေါင်းဆောင်က ပြောလိုက်သည်။
“မင်းမှာ သေဖို့ ကံကြမ္မာဆိုးကြီးရှိပီးသားလေ ဒီငွေတွေကိုကုန်အောင် သုံးနိုင်တာလည်း မဟုတ်ဘူး ၊ဟားဟား မင်းမိသားစုကို ထားခဲ့ချင်တယ်လို့တော့ မပြောနဲ့နော် မင်းက အဲ့လိုလူမျိုးဖြစ်မယ်တော့ ငါမထင်ဘူး” ချူးယွင်ဖန်းက အကျဉ်းသားခေါင်းဆောင်ကို အေးစက်စွာ ကြည့်ကာ ပြောလိုက်သည်။ အကျဉ်းသားများက သူ့အား ဝန်းရံထားပေမယ့် ချူးယွင်ဖန်းက စိတ်ပူဟန် မပြပေ။
“မင်းမသိဘူးလား ကျန်းပိုင်ဖေးက မင်းကို ငါတို့ထဲက ဘယ်သူကသတ်သတ် သတ်ဖြတ်ပေးရွေ့ ကျန်းတွေက ငါတို့ကို လွတ်ငြိမ်းချမ်းသာခွင့်ရအောင် လုပ်ပေးမယ်လို့ ကတိပေးထားတယ်၊ လူသားနယ်မြေထဲကို ပြန်သွားချင်တယ် ငါဒီမှာ မပျော်နိုင်ဘူး ဒီလိုအခြေနေနဲ့လည်း ငါမသေချင်ဘူး”
အကျဉ်းသားခေါင်းဆောင်တွင် စကားပြောနေစဉ်မှာပင် မျှော်လင့်ချက် အရိပ်အယောင်များ ရစ်ဝိုင်းလာသည်။ ဒီတားမြစ်နယ်မြေမှာ နေခဲ့ရမှ ယခင်သူတို့ဘဝများ ဘယ်လောက်အဖိုးတန်တယ်ဆိုတာ နားလည်နိုင်ခဲ့သည်။ လူသားများ သဘာဝသည် ထိုအတိုင်းပင်ဖြစ်ပီး တစုံတခုကို မဆုံးရှုံးရခင်အထိ မည်ကဲ့သို့ တန်ဖိုးထားရမည်ကို မသိကြပေ။
“မင်း တကယ်ကို ကျန်းပိုင်ဖေးပြောတာကို ယုံကြည်တာလား သူက ဘယ်သူမလို့လဲ ကျန်းမိသားစုက လူကြီးတယောက်မလို့လား သူက မင်းကို လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်မယ်ထင်နေတာလား “ ချူးယွင်ဖန်း ရယ်မောရင်း ပြော၏။
ခေတ်သစ် လူမှုအဖွဲ့အစည်းတွင် တင်းကျပ်သော တရားဉပဒေ စည်းမျဉ်းများ ရှိပီး ဉပဒေအထက်မှာ ကျော်လွန်အောင် လုပ်ဆောင်နိုင်ပေမယ့် ပေးချေရမည့် စေ◌ျနှုန်းသည်လည်း များပြားလှသည်။ ကျန်းမိသားစု လွှမ်းမိုးမှုနှင့် အတူ သဘာဝအတိုင်း လူတယောက်ကို လွတ်မြောက်အောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများရှိသည်။ သို့သော် များပြားသည့် အရင်းအမြစ်များနှင့် ချိတ်ဆက်မှုများ ပြုလုပ်ဖို့က လျော့တွက်ဆ၍ မရပေ။
အကျဉ်းကျခံ ရာဇဝတ်သား တယောက်အတွက် ထိုကဲ့သို့ နည်းလမ်းများ အသုံးပြုမည်ဟု ချူးယွင်ဖန်း တယောက် မယုံကြည်ပေ။
“ ကျန်းပိုင်ဖေး တယောက်တည်းနဲ့ မလုံလောက်ပါဘူး ဒါပေမယ့် မင်းကို ဖမ်းဆီးချင်နေတဲ့ ကျန်းလဲ့လည်းရှိတယ် ၊ မင်းက ကျန်းမိသားစုကို ဘယ်လောက်တောင် စော်ကားခဲ့တာလဲမသိဘူး အခုချိန်အထိ မင်းရှင်သန်နေတာက တော်တော် အရည်အချင်းရှိတာပဲ ၊မျှော်လင့်ရှိနေတုန်းပဲလေ”
“မင်းက စိတ်ပျက်အားငယ်မှုဆိုတာကို မကြုံဖူးသေးပါဘူး ဒါ့ကြောင့် မျှော်လင့်ချက် အလင်းတန်း တခုကလည်း ရှင်သန်ဖို့အတွက် ဘယ်လောက် အရေးပါတယ်ဆိုတာ မင်းမနားလည်နိုင်ပါဘူးကွာ”
“မင်းမှာ လွတ်မြောက်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး ငါဆီမှာ မဟုတ်ရင်တောင် မင်းမလွတ်မြောက်နိုင်မဲ့ အတူတူ မင်းခေါင်းကို ငါ့ကိုပေးသင့်တယ်၊ မင်းသေတော့မှာပဲ ငါ့ဆန္ဒ မဖြည့်ပေးချင်ဘူးလား”
အကျဉ်းသား ရာဇဝတ်ခေါင်းဆောင်က ရယ်မောရင်း သူ၏ ခန္ဓာကိုယ်မှ လူသတ်အငွေ့အသက်များ ထွက်ပေါ်လာသည်။ ပြည်ထောင်စု အစိုးရ၏ တိုက်ခိုက်မှုမှ လွတ်မြောက်ရန် ချူးယွင်ဖန်းကို သတ်ပစ်ရမည်။
“ ဟားဟား မင်းက ငါ့ခေါင်းကို လိုချင်တာလား ၊ ဒါက ဖြစ်နိုင်မယ်ထင်လား” ချူးယွင်ဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။
ရာဇဝတ်ကောင်က ချက်ချင်းဆိုသလို လှုပ်ရှားလိုက်သည်။ သူ၏ ဓားကို ဆွဲထုတ်ကာ ချူးယွင်ဖန်းကို ခုတ်ပိုင်းလိုက်သည်။
“ပုံမှန်ဆို လူသေတယောက်က ဒါကို သိဖို့ မလိုအပ်ဘူး ၊ ဒါပေမယ့် မင်းက ငါ့ထက်ကျင့်ကြံမှု နိမ့်ပီး ငါကို ပြင်းထန်စွာ ဒဏ်ရာရစေတဲ့ ပထမဆုံးလူမလို့ မင်းက ငါ့နာမည်ကို သိဖို့ အရည်အချင်း ပြည့်မှီတယ်၊ ငရဲဘုရင်ကို ပြောဖို့ မမေ့လိုက်နဲ့ မင်းကို သတ်တဲ့လူက ငါ ရှီဖေးယင်ပဲ”
ရာဇဝတ်ကောင် စကားမပြောဆုံးမှာပင် ချူးယွင်ဖန်း၏ ရှေ့သို့ရောက်လာသည်။ ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားက လျှပ်စီးတခုလို ထွက်ပေါ်လာပီး တခဏအတွင်းမှာပင် တိုက်ခိုက်မှုကို ပိတ်ဆို့ကာလိုက်သည်။
ကလန်…
“လူသေတယောက်နာမည်ကို ငါလဲ စိတ်မဝင်စားဘူး” ချူးယွင်ဖန်းက ပြန်အော် ပြောလိုက်သည်။
“မင်းအဆင့်တက်သွားပီ” ရှီဖေးယင် မျက်ဝန်းများတွင် ထိတ်လန့်မှု ထွက်ပေါ်လာသည်။ ယခင်တခေါက်ကထက် ချူးယွင်ဖန်းက သိသားစွာ တိုးတက်လာပီး ယခင်ကလို မဟုတ်တော့ပေ။ ရက်အနည်းငယ်အတွင်း သိသိသာသာပြောင်းလဲ သွားသည်။
“မှန်သွားပီ အားလုံးအတွက် ကျေးဇူးတင်လို့ မင်းကို သတ်ဖို့ ငါပြန်လာခဲ့တာ” ချူးယွင်ဖန်းက ချက်ချင်း ဝန်ခံလိုက်သည်။
“ဘာလဲ မင်းအဆင့်တက်သွားတာနဲ့ ငါ့ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပီ ထင်နေတာလား” ရှီဖေးယင် အော်လိုက်သည်။ ချူးယွင်ဖန်းက သူ့အား အထင်သေးနေလို ခံစားရသည်။ သူက အဆင့်မတက်နိုင်သည်မှာ နှစ်အတော်ကြာနေပီး ချူးယွင်ဖန်းကတော့ အဆင့်တက်နိုင်ခဲ့သည်။
“မင်းကို သတ်ဖို့ကတော့ ဒါက လုံလောက်တယ်”
ချူးယွင်ဖန်းက တိုက်ခိုက်ဖို့ ပြင်ဆင်ပေမယ့် ရှီဖေးယင်နှင့် သူ၏ လက်အောက်ငယ်သားများက စုပေါင်းကာ အတူ တိုက်ခိုက်လိုက်ကြသည်။ ချူးယွင်ဖန်း၏ မျက်လုံးများ တောက်ပသွားပီး ရှီဖေးယင်၏ လက်အောက်ငယ်သားများကို အရင်မသတ်ဖြတ်ပါက ပြဿနာ တက်လာနိုင်သည်ကို သိလိုက်သည်။
မင်းတို့အားလုံးက သေဖို့ ရွေးချယ်မှတော့ မင်းအရင်သေလိုက်” ချူးယွင်ဖန်းက သန့်စင်ခြင်းအဆင့်လေးရှိ အကျဉ်းသားထံသိုံ့ တိုးဝင်တိုက်ခိုက်လိုက်သည်။ သူတို့အားလုံး တပြိုင်နက်တည်း တိုက်ခိုက်ချိန်တွင် ရှောင်တိမ်းဖို့ မဖြစ်နိုင်ဘူးထင်ခဲ့ပေမယ့် ချူးယွင်ဖန်းက ခြေလှမ်းသိုင်းကို အသုံးပြုကာ ပန်းခြံထဲအလား ေလျှာက်လှမ်းနေသလို ရှောင်တိမ်းရင်းတိုက်ခိုက်နေသည်။
ရွှပ်
ရာဇဝတ်ကောင် အကျဉ်းသားသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ရှောင်တိမ်း တုံ့ပြန်နိုင်ချင်းမရှိပေ။ သေခါနီးအချိန်တွင် သူ၏ မျက်နှာတွင် အံအားသင့် အရိပ်ယောင်များ ထွက်ပေါ်နေသည်။
အခန်း 305
"သွားကြ သူ့ကိုသတ်တဲ့သူက ဒီေနရာလှောင်အိမ်ထဲကနေ လွတ်မြောက်ပြီး ဘဝသစ်ကို ရရှိနိုင်မှာပါ” ရှီဖေးယင် အော်ဟစ်ေပြာဆိုလိုက်သည်။ သူ့လက်အောက်ငယ်သား အသတ်ခံရလို့ မျက်တောင်တောင် မခတ်သလို သူဘာမှမခံစားရေပ။
လွန်ခဲ့သည့်ရက်အနည်းငယ်က သူတွေ့ခဲ့သော လက်အောက်ငယ်သားများသည် အကျိုးအမြတ်အတွက် အတူတကွစုရုံးခဲ့ကြသည်။ ကျန်း မိသားစုရဲ့ အကျိုးကျေးဇူးကြောင့်မဟုတ်ရင် သူတို့ဘာကြောင့်ဒီလောက် နာခံကြမည် မဟုတ်ေပ။
ဟိုကောင်က သူတို့ကို သတ်လိုက်ပါစေ၊ ရာဇဝတ်ခေါင်းဆောင်က 'ငါတစ်ယောက်ထဲ ကျန်ခဲ့ရင် ပိုကောင်းလိမ့်မယ်' ဒီလိုနည်းနဲ့ ဆုတွေအားလုံးကို သူတေယာက်ထဲ သိမ်းထားနိုင်မည်။
ရာဇ၀တ်ကောင်များသည် ထိုစကားကိုကြားသောအခါ ချူးယွင်ဖန်းကို အလျင်အမြန် တိုက်ခိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် တုနှိုင်းမရသော လောဘများဖြင့် ပြည့်နှက်နေသည်။ သူတို့အတွက် ချူးယွင်ဖန်းသည် ငွေကိုကိုယ်စားပြုရုံသာမက လွတ်မြောက်ရန်နှင့် ကောင်းကင်ဘုံသို့တက်လှမ်းရန် မျှော်လင့်ချက်လည်းဖြစ်၏။
ငွေနှင့် ရှင်သန်ခြင်းအတွက်။
အကျဉ်းကျခံ ရာဇ၀တ်ကောင်များသည် ဘီလူးအရူးများလိုရက်စက်ကြမ်းကြုတ်သူများနှင့်တူသည်။
သို့ပေမယ့် ချူးယွင်ဖန်းက ဘယ်သူက ရက်စက်သည်ဆိုတာ ပြသလိုက်သည်။ တခါတရံမှာ ခွန်အားနဲ့ ကွာခြားချက်တွေဟာ ဘယ်လောက်ရက်စက်ကြမ်းကြုတ်လဲဆိုတာကို မဖန်တီးပြနိုင်ချေ။
ရာဇ၀တ်ကောင်များ၏ ဒီရေကဲ့သို့ တိုက်ခိုက်မှုကို ရင်ဆိုင်ရသောအခါ ချူးယွင်ဖန်းသည် အနည်းငယ်မျှ မကြောက်ခဲ့ပေ။ သူ၏ ကျွမ်းကျင်လှသော လှုပ်ရှားမှုနည်းပညာသုံးမျိုး—ကောင်းကင်ဘုံနတ်ဘုရား အသွင်ကူးပြောင်းခြင်း၊ ပုံရိပ်ကိုးသွယ် နှင့် လေပြင်းတိုက်ခိုက်ခြင်းတို့ကို အားအပြည့်ဖြင့် အသုံး ပြုကာ ပြန်လည်တိုက်ခိုက်ခဲ့သည်။
ချူးယွင်ဖန်းက တိုက်ခိုက်ရန် ကြံုရတိုင်း သူတို့သည် ၎င်းအား အမြဲတမ်း ရှောင်လွှဲနိုင်မည် မဟုတ်ကြောင်း ဤရာဇ၀တ်ကောင်များက သိရှိခဲ့သည်။
ချူးယွင်ဖန်း ရှောင်ထွက်သွားတိုင်း တန်ပြန်တိုက်စစ်ဆင်သည်။ ၎င်းတို့နှင့်မတူညီစွာ ချူးယွင်ဖန်းသည် တိုက်ခိုက်မှုတစ်ခုတည်းကို လက်လွတ်မခံခဲ့ပေ။ သူတိုက်ခိုက်တိုင်း ဓားခုတ်မှုတစ်ခုစီသည် ရာဇ၀တ်ကောင်တစ်ဦးကို သတ်ဖြတ်ခဲ့သည်။
သူတိုက်ခိုက်လိုက်တိုင်း လျှပ်စီးလက်သလို မြန်တယ်။ သူ့အရှိန်က မိုးကြိုးမုန်တိုင်းလို တိုက်ခိုက်မှုတစ်ခုသာဖြစ်သည်။ တိုက်ခိုက်မှုတစ်ခုသည် သူ၏ပြဿနာများကို ဖြေရှင်းရန် လုံလောက်သည်။
ရာဇ၀တ်ကောင်များထဲမှ တစ်ဦးတစ်ယောက်မျှ ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပေ။
သူတို့ရဲ့ ခွန်အားနဲ့ ချူးယွင်ဖန်း အင်အားက ကွာလွန်းတယ်။ သူတို့ မတုံ့ပြန်ခင်မှာ သူတို့ အသတ်ခံခဲ့ရတယ်။ အချိန်မီ တုံ့ပြန်နိုင်ခဲ့သော်ငြားလည်း သူ၏ဓားတွင် မလွတ်မြောက်နိုင်ဘဲ နောက်ဆုံးတော့ သေခြင်းတရားနဲ့ ဆုံတွေ့ကြတုန်းပင်။
ချပ်ဝတ်တန်ဆာ အကာအကွယ်မရှိရင် ဒီရာဇ၀တ်ကောင်တွေက အားနည်းပီး အထူးသဖြင့် ဒီလိုဘဝနဲ့ သေခြင်းတိုက်ပွဲမှာ အမှားတစ်ခုက သေခြင်းကို ရရှိစေသည်။
ခဏအကြာတွင် ထက်ဝက်ကျော် သေဆုံးခဲ့ပီးကျန်သူများသည် ချူးယွင်ဖန်း၏ ပြင်းထန်သော တိုက်ပွဲနည်းဗျူဟာကြောင့် ထိတ်လန့်သွားကြသည်။ သူတို့ ရှင်သန်ပြီး ဝင်ငွေရှာချင်ပေမယ့် အဲဒီအတွက် အသက်စွန့်ဖို့ မလိုအပ်ဘူးလို့ ခံစားခဲ့ရ၏။ သူတို့နှင့် ချူးယွင်ဖန်းအကြား ကွာဟချက်မှာ အနည်းငယ် ကြီးလွန်းကြောင်း သူတို့ လျင်မြန်စွာ နားလည်ခဲ့ကြသည်။ သူတို့သည် ချူးယွင်ဖန်း၏ လှုပ်ရှားမှုတစ်ခုတည်းကိုပင် မတားဆီးနိုင်ခဲ့ပေ။
ရာဇ၀တ်ကောင်များသည် ၎င်းတို့၏ ဗျူဟာကို ချက်ချင်းပြောင်းလဲခဲ့သည်။ အဓိက တိုက်ခိုက်သူများအဖြစ်မှ ၎င်းတို့သည် ဘေးချင်းယှဉ်ရန် အနေအထားကို ပြောင်းလဲခဲ့သည်။ သူတို့သည် ချူးယွင်ဖန်းနှင့် ထိပ်တိုက်တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်သည်။
ရှီဖေးယင်သည် အဓိက တိုက်ခိုက်သူအဖြစ် တာဝန်ယူခဲ့သည်။ သူ့လက်ထဲကဓားဟာ ချူးယွင်ဖန်းကို ဦးတည်ထားတဲ့ စပါးအုံးမြွေကြီးလိုပင်။
ချူးယွင်ဖန်း၏ ဓားသွားတုံ့ပြန်မှုသည် နှေးကွေးခြင်းမရှိပေ။ ၎င်းသည် အနက်ရောင် ရေလွှမ်းမိုးနေသော နဂါးကြီးနှင့်တူသည်။
ကလန်
ချွမ်
ထိတ်လန့်တုန်လှုပ်သော အသံများကို ကြားနေရပီး နှစ်ဦးအကြား တိုက်ပွဲက ပိုမြန်လာတယ်။ ရှီဖေးယင်၏ဓားရိုးနည်းစနစ်သည် လျင်မြန်ပြီး အနှိုင်းမဲ့ ထက်မြက်သည်။ ချူးယွင်ဖန်းနောက်မကျဘဲ နှစ်ဖက်စလုံးက အလွန်မြန်တယ်။
နောက်ထပ် ထိတ်လန့်ဖွယ်ရာ တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပီး ရှီဖေးယင်သည် နောက်ဆုတ်သွားခဲ့သည်။ ခြေထောက်များက မရပ်တန့်နိုင်ဘဲ သူ၏လက်နှစ်ဖက်စလုံး တုန်ခါသွားသည်။
တိုက်မိမှုများ ဆက်တိုက် ပြင်းထန်နေပုံရသည်။ သို့သော် လက်တွေ့တွင်၊ တိုက်မိတိုင်း ရှီဖေးယင်သည် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။ အကယ်၍ သူသည် ယခင်က ရာနှင့်ချီသော တိုက်ပွဲများကို မကြုံဖူးခဲ့ပါက၊ သူသည် ယခုအချိန်တွင် သူ့လက်ထဲတွင် ဓားကို လွှတ်ချ မိသွားပေလိမ့်မည်။
ကျန်ရာဇ၀တ်ကောင်များအတွက်မူ ၎င်းတို့သည် ဤပြင်းထန်သော အပြန်အလှန်တိုက်ခိုက်မှုများကိုသာ ကြည့်ရှုနိုင်ကြသည်။ မီးပွားများသည် ဓားသွားနှစ်ခုမှ ပျံထွက်သွားပြီး ရှီဖေးယင်၏ လက်ဖဝါးသည် သွေးစွန်းနေပြီဖြစ်သည်ကို တွေ့လိုက်ရသည်။
သူတို့အားလုံး အံ့အားသင့်စွာ ကြည့်နေကြသည်။ ရှီဖေးယင်ရဲ့ စွမ်းဆောင်ရည်က ဒီလို မဖြစ်သင့်ေပ။
၎င်းသည် စွမ်းအင်သန့်စင်မှုအဆင့်၏ သတ္တမအဆင့်နှင့် စွမ်းအင်သန့်စင်မှုအဆင့်၏ ဆဋ္ဌမအဆင့်ကြား တိုက်ပွဲဖြစ်သည်။ စွမ်းအင်သန့်စင်မှုအဆင့်၏ ဆဋ္ဌမအဆင့်သည် အနိုင်ရရှိခဲ့သည်။ ဘယ်လိုပဲကြည့်ကြည့် ဒီဇာတ်လမ်းက မမှန်သလိုပင်။
"ရက်အနည်းငယ်အတွင်းမှာ မင်းကို ဒီလောက်အဆင့်ထိ တိုးလာဖို့ ငါ မမျှော်လင့်ထားဘူး။" ရှီဖေးယင် သည် ချူးယွင်ဖန်းကို ကြည့်ပြီး မယုံကြည်နိုင်မှု အပြည့်ဖြင့် သူ့မျက်လုံးများတွင် ရှိနေပီး သူတို့ တိုက်ခိုက်ချိန်တွင် အရာအားလုံးက သူ့အတွက် ရှင်းသွားသည် ။
နှစ်ဖက်စလုံးသည် ယခင်က ဒဏ်ရာများ ပြင်းထန်ခဲ့သော်လည်း တခဏတာ ဒဏ်ရာဖြစ်ခဲ့သည်။ သူလုံးဝအဆင်သင့်မဖြစ်သေးတာကို အခွင့်ကောင်းယူပြီး ချူးယွင်ဖန်းဟာ ရှီဖေးယင်ထံမှ ကြီးမားတဲ့ လှုပ်ရှားမှုကို အသုံးပြုပြီး အောင်မြင်စွာ လွတ်မြောက်ခဲ့ဖို့ ကြိုးစားရမည်။ သို့ပေမယ့် အခုက အဲဒီလိုမဟုတ်ပေ။
တိုတောင်းသောရက်အနည်းငယ်အတွင်း ချူးယွင်ဖန်းသည် မယုံနိုင်လောက်အောင် တိုးတက်အောင်မြင်ခဲ့သည်။ချူးယွင်ဖန်းသည် ရှီဖေးယင်ကို တိုက်ခိုက်ရန်နှင့် နှစ်ယောက်စလုံးကို ဒဏ်ရာများရရှိရန် မလိုအပ်တော့ဘဲ ယခုတွင် ဒဏ်ရာကို အလွယ်တကူ ရအောင်လုပ်နိုင်ခဲ့သည်။
“ရက်အနည်းငယ်က အရာအားလုံးပြောင်းလဲဖို့ လုံလောက်ပါတယ်။ မင်းငါ့ကိုသတ်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုတော့ မင်းလည်း သေဖို့ပြင်ဆင်ထားသင့်တယ်!" ချူးယွင်ဖန်းက လှမ်းအော်ပြီး ရှေ့ကို ထပ်တိုး တိုက်ခိုက်လိုက်သည်။ သူ့လက်ထဲက ဓားရှည်က ပြင်းပြင်းထန်ထန် ခုတ်ထစ်သွားတယ်။
သူ့လက်ထဲကဓားကို နောက်တစ်ကြိမ် တိုက်ခိုက်လိုက်တာကြောင့် ရှီဖေးယင်က အော်ဟစ်ကာ ပြန်လည်တိုက်ခိုက်လိုက်သည်။
ဓားသွားအလင်းတန်းနှစ်ခုသည် လေထဲ၌ တစ်ခုနှင့်တစ်ခု တိုက်မိသွားသည်။
ရှီဖေးယင်၏ လက်မောင်းများ ပြင်းထန်စွာ တုန်လှုပ်သွားသဖြင့် နောက်ထပ် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ သွေးထွက်သံယိုနှင့်အတူ သူသည် သူ့လက်ထဲတွင် ဓားသွားကို မကိုင်နိုင်တော့ဘဲ လွင့်ပျံသွားလေသည်။
ရှီဖေးယင် အလျင်အမြန်ပင် ဆုတ်သွားသည် ။ သူသည် တိုက်ပွဲအတွေ့အကြုံကြွယ်ဝပြီး ဤအချိန်သည် အန္တရာယ်အရှိဆုံးအချိန်ဖြစ်သည်ကို သိသည်။ သို့သော် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် သူထင်ထားသည်ထက်ပင် ပိုမြန်သည်။
ချူးယွင်ဖန်းသည် ကောင်းကင်ဘုံနတ်ဘုရားအသွင်ပြောင်းခြင်းကို ခေါ်ဆိုလိုက်ပြီး ခြေလှမ်းတစ်လှမ်းဖြင့် ရှီဖေးယင် ရှေ့တွင် ပေါ်လာသည်။ သူ၏ အရိပ်မဲ့ ဓားသွား အနက်ရောင်က ဓားသွား အလင်းနှင့်အတူ လွင့်ပျံသွားသည်။
ခုတ်ချလြိက်
ရှီဖေးယင် သည် နောက်တစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြန်သည်။ ဒီတစ်ခါတော့ သူ သိပ်ကံကောင်းတာ မဟုတ်သလိုသူ မလွတ်မြောက်နိုင်ဘဲ သူ့ကို နှစ်ခြမ်းကွဲကာ သွေးများ ထွက်လာ၏။
သွေးများက မြေပြင်တစ်ခုလုံး ပြန့်ကျဲသွားသည်။
“ပြေး!”
ကျန်ရာဇ၀တ်ကောင်များသည် ချက်ချင်းအမြီးလှည့်ကာ ပြေးကြသည်။ မနေရဲတော့ဘဲ လမ်းကြောင်းအမျိုးမျိုးသို့ ကမန်းကတန်း ပြေးသွားကြသည်။ သူတို့အားလုံးဟာ အတွေ့အကြုံရှိတဲ့ လူဟောင်းတွေဖြစ်ပြီး အတူတူမပြေးသင့်ဘူးဆိုတာ သိ၏။ ထိုသို့လုပ်လျှင် ချူးယွင်ဖန်းကဲ့သို့သော လူသတ်နတ်ဘုရားကြီးနှင့် တွေ့ဆုံပီး ၎င်းတို့၏ အဆုံးသတ်ကို ကြုံတွေ့သွားရမည်။
သီးခြားစီထွက်ပြေးလျှင် ဤရာဇ၀တ်ကောင်များ လွတ်မြောက်ရန် အခွင့်အလမ်းပိုများသည်။ ချူးယွင်ဖန်းက ဘယ်သူ့ကို ဖမ်းမိထားလဲဆိုရင် သူတို့ရဲ့ ကံကြမ္မာကိုသာ အပြစ်တင်နိုင်ပြီး တခြားသူကို အပြစ်မတင်နိုင်ေပ ။ လုံးဝ သတ်ဖြတ်ခံရခြင်းထက် အများကြီး ပိုကောင်း၏။
သို့သော်လည်း ဤရာဇ၀တ်ကောင်များသည် ချူးယွင်ဖန်း၏အရှိန်ကို လျှော့တွက်ခဲ့ကြသည်။ချူးယွင်ဖန်း၏ ကောင်းကင်နတ်ဘုရားအသွင်ေပြာင်းခြင်းသည် ပဉ္စမမြောက် အသွင်ကူးပြောင်းမှုဆီသို့ တိုးလာနေပြီဖြစ်သည်။ စွမ်းအင်သန့်စင်မှုအဆင့်တွင်၊ သူ၏ မြန်ဆန်မှု အရှိန်အဟုန် ယှဉ်ပြိုင်နိုင်သည့်သူမရှိသလောက်ပင်။
ခုတ်
ချူးယွင်ဖန်းသည် ဤပြစ်ဒဏ်ချခံထားရသော ရာဇ၀တ်ကောင်များကို ဖမ်းဆုပ်ပြီး အားလုံးကို သတ်ပစ်လိုက်သည်။
အခန်း 306
ချူးယွင်ဖန်းသည် ရှီဖေးယင်ကို အလွယ်တကူ အစပိုင်းတွင်သာသတ် နိုင်ခဲ့တာဖြစ်သည်။
နောက်ရက်များတွင် ချူးယွင်ဖန်းသည် လူအမျိုးမျိုး၏ ခြုံ ခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ အကျဉ်းချသော ရာဇ၀တ်ကောင်များသည် ရူးသွပ်သွားပုံ ရသည်။ အကြိမ်တိုင်းတွင် ချူးယွင်ဖန်းသည် သတ်ဖြတ်ခြင်းများကိုကြုံတွေ့နေရသည်။
ကျန်းတွေပေးသောဆု သန်း50သည် ဤရာဇ၀တ် ကောင်များအတွက် အလွန်ဆွဲဆောင်မှုရှိ ပြီး ဖြစ်သည်။သန်း 50 မျှသာရှိသော ချူးယွင်ဖန်းကို ကြားဖြတ် သတ်ပစ်ရန် အနှောက်အယှက် ပေး မည်မဟုတ်ပေ။ သူတို့အတွက် တကယ် ဆွဲဆောင်မှုရှိတဲ့ အရာက လွတ်မြောက်ပြီး အကုန်အဆင်ပြေနိုင်စေမယ့် ကတိပင်ဖြစ်၏။ကျန်းများအတွက်ဤအရာသည် အောင်မြင်ရန် အရင်းအမြစ် အနည်းငယ်သာ လိုအပ်သော အရာဖြစ်သည်။ ဒါပေမယ့် ဒီ ရာဇ၀တ်ကောင်တွေအတွက်တော့ ဒါဟာ အသက်ရှင်ဖို့ တစ် ခုတည်းသော ဖြစ်နိုင်ခြေပင်။
အသက်ရှင်နေသရွေ့ ဘယ်သူကမှ သေဖို့ရွေးချယ်မှာမဟုတ်ေပ။ အထူးသဖြင့် သေခါနီးဆဲဆဲ ရာဇ၀တ်ကောင်များအတွက် မှန်၏ ။ သူတို့သည် သေမင်း၏တံခါးဝတွင် ရပ်နေကြပြီး သူတို့၏ဘဝသည် အဆုံးသတ်ရန်နီးနေပြီ ဖြစ်သည်။
ဒီကတိကြောင့် သူတို့အားလုံး ရူးသွားကြ၏။
ချူးယွင်ဖန်း နောက်ထပ်ကြိုးစားသွားလေလေ ကျွမ်းကျင်ပညာရှင်တွေ များများထွက်လာသည်။ ချူးယွင်ဖန်းသည် သေခါနီးခြင်းမှ သီသီလေး လွတ်မြောက်ခဲ့သည်။
သို့သော် ချူးယွင်ဖန်းသည် ဤထိပ်တိုက်ရင်ဆိုင်မှုများကို မရှောင်ခဲ့ပါ။ သူ့ဒဏ်ရာတွေ သက်သာလာတာနဲ့အမျှ သူချက်ချင်းပြန်ပေါ်လာပြီး ဆက်သွားခဲ့သည်။
စစ်မှန်သောအသက်နှင့်သေခြင်းတိုက်ပွဲတစ်ခုပြီးနောက် ချူးယွင်ဖန်းသည် ပို၍ကောင်းမွန်လာခဲ့သည်။ သူသည် စွမ်းအင်သန့်စင်မှုအဆင့်၏ ဆဋ္ဌမအဆင့်သို့ ခြေလှမ်းစခဲ့ပြီး ၎င်း၏ ကျင့်ကြံခြင်း သည် တည်ငြိမ်ရုံသာ ရှိသေးသည်။ ဒါပေမယ့် ရက်အနည်းငယ်အကြာမှာတော့ သူလုံးဝတည်ငြိမ်သွားပါပြီ။ ထို့အပြင် သူသည် သိုင်းပညာနှင့် နည်းစနစ်များ ကျွမ်းကျင် ပိုမိုနားလည်လာခဲ့သည်။
ချူးယွင်ဖန်းလျှောက်လှမ်းလိုက်သော ခြေလှမ်းတိုင်းသည် တိုက်ပွဲအကြောင်းကို နားလည်သဘောပေါက်လာခဲ့သည်။ သူက ဆေး်ဧကရာဇ်နဲ့ လုံးဝမတူတဲ့လမ်းကို လျှောက်ချင်ခဲ့သည်။ ဆေးဧကရာဇ်၏ လမ်းကြောင်းသည် အတော်လေး လွယ်ကူသော်လည်း သူ၏ အနာဂတ် အောင်မြင်မှုများမှာလည်း အကန့်အသတ် ရှိနေသည်။
ရက်အနည်းငယ်ကြာပြီးနောက်ချူးယွင်ဖန်းသည် သူ၏အမှတ်များများစွာရရှိလာသည်ဟု ခံစားလိုက်ရပြီး တဖြည်းဖြည်း မြင့်တက်လာသည်။ သူ၏ လက်ရှိ နာမည်ကောင်းကြောင့် ရာဇ၀တ်ကောင်များ အများအပြား ရောက်လာသည်။ ၎င်းတို့အထဲတွင် စွမ်းအင်သန့်စင်မှုအဆင့်၏ ရှစ်ခု သို့မဟုတ် ကိုးခုမြောက်အဆင့်ကဲ့သို့သော အထွတ်အထိပ်တည်ရှိမှုများပင် ဖြစ်သည်။
ရက်အနည်းငယ်အကြာတွင် ချူးယွင်ဖန်း သည် သူပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ ဒါဟာ သူ့ခွန်အားအတွက် ခင်္တာမဟုတ်ဘဲ သူ့အခြေအနေနဲ့သူ ပြောင်းလဲသွားတာဖြစ်၏။ သူ၏ ခွန်အားသည် များစွာ မတိုးတက်သေးသော်လည်း သူ၏ အခြေအနေနှင့် စိတ်ဆန္ဒ ပြောင်းလဲမှုကြောင့် ယခုအခါ သူ၏ ခွန်အားကို အလွယ်တကူ ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။ စွမ်းအင်သန့်စင်မှုအဆင့် ဆဋ္ဌမအဆင့်ကို ရောက်ခါစကထက် သူသည် ပိုမိုအားကောင်းခဲ့သည်။
ချူးယွင်ဖန်းသည် ဤကဲ့သို့ လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်ရန် စီစဉ်နေသကဲ့သို့ ပြည်ထောင်စုတက္ကသိုလ်၏ အကဲဖြတ်မှုသည် ပြီးဆုံးလုနီးပါးဖြစ်နေပြီဖြစ်သည်။ သူသည် တန်စီယု နှင့် ဂေါင်ဟုန်ချီတို့ကို ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့သည် အလွန်အထင်ကြီးစရာကောင်းပီး အထူးသဖြင့် တန်စီယုက အမှတ်များစွာ ရရှိခဲ့ကြောင်း သိရှိခဲ့သည်။
ချူးယွင်ဖန်းထွက်သွားပြီးနောက် တန်စီယုသည် ပို၍ပင် လေ့ကျင့်ခဲ့သည်။ သူမရဲ့ ကျင့်ကြံမှုအဆင့်လည်း တိုးလာ၏။ သူမသည် စွမ်းအင်သန့်စင်မှုအဆင့်၏ ပဉ္စမအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီး ဂေါင်ဟုန်ချီ နှင့် အခြားသူများကို ချန်ထားခဲ့သည်။
ဂေါင်ဟုန်ချီနှင့် အခြားသူများသည် စွမ်းအင်သန့်စင်မှု အဆင့်၏ တတိယအဆင့်တွင်သာ ရှိသည်။ အကဲဖြတ်မှုအပြီးတွင်သူတို့သည် အများဆုံး စတုတ္ထအဆင့်သို့သာ တက်လှမ်းနိုင်မည်ဖြစ်သည်။
ယောင်ရွယ်ရိ သည် သူ့ကတိကို ဖြည့်ဆည်းပေးပြီး ချူးယွင်ဖန်း၏ အသင်းဖော်များကို ပြုစုစောင့်ရှောက်ခဲ့သည်။ ကျန်းပိုင်ဖေးသည်လူကိုယ်တိုင်ရောက်ပြီး ချူးယွင်ဖန်းကို သစ္စာဖောက်ရန် ယောင်ရွယ်ရိ ကို စည်းရုံးရာတွင် မအောင်မြင်ခဲ့ပေ။
ယောင်ရွယ်ရိသည် အမှန်တကယ်ပင် သူ့စကားကို လိုက်နာသူကောင်းတစ်ယောက်ဖြစ်သည်။ မြင့်မြတ်သူကျက်သရေရှိသူတယောက်ဖြစ်သည်။သုန်ဖန်းဟောက်
ဒီအချိန်မှာ ကျောင်းသားတွေကြားထဲမှာ သတင်းတစ်ပုဒ် ပျံ့နှံ့လာခဲ့ပါတယ်။
သုန်ဟွာမှ သုန်ဖန်းဟောက် ၊ အိုဟွာမှ ကျန်းပိုင်ဖေး နှင့် နန်းဟွာ မှ လိန်ဟောင်ယုတို့ဤပညာရှင်သုံးဦးသည် ပူးပေါင်းပြီး ကျောင်းသားများအား ပြည်ထောင်စုတက္ကသိုလ် အကဲဖြတ်မှုတွင် ရရှိနိုင်သည့် နောက်ဆုံးအခွင့်အရေးကို အခွင့်ကောင်းယူရန် စွန့်ပစ်နယ်မြေ 66 ဝိညာဉ်ကျောက်မိုင်း၏ အလယ်ဗဟိုရှိ ရှုတ်ချခံထားရသော ရာဇ၀တ်ကောင်များ၏ နောက်ဆုံးစခန်းကို တိုက်ခိုက်မည်ဖြစ်သည်။
ဝိဉာဉ်ကျောက်မိုင်းသည် တဖြည်းဖြည်း ခန်းခြောက်လာပြီး သိပ်တန်ဖိုးမရှိတော့သော်လည်း ၎င်းသည် အဖွဲ့ချုပ်အစိုးရအတွက် ရတနာတစ်ခုဖြစ်နေဆဲဖြစ်သည်။ အတိအကျပြောရလျှင် ဤဝိညာဥ်ကျောက်တွင်းရှိ ကျန်ဝိညာဥ်ကျောက်တုံးများသည် ကြီးမားသောကံကြမ္မာဖြစ်နေဆဲပင်။
ကြိုးတိုက်ရာဇ၀တ်ကောင်များ ပုန်ကန်ပြီးနောက် အကျဉ်းကျခံရသော ရာဇ၀တ်ကောင်များသည် မိုင်းတွင်းကို သိမ်းပိုက်ခဲ့သည်။ အခြားနေရာများနှင့်မတူဘဲ အဆင့်မြင့်ရာဇ၀တ်ကောင်များစွာသည် ဤသတ္တုတွင်းတစ်ဝိုက်တွင် စုဝေးခဲ့ကြသည်။ ကျောင်းသားများသည် တစ်ဦးတည်းမဟုတ်သော်လည်း ထိုနေရာတွင် သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူများစွာရှိကြောင်း တွေ့ရှိခဲ့သည်။
ကျန်းပိုင်ဖေး နဲ့ သုန်ဖန်းဟောက်တို့လို ထိပ်တန်း ကျွမ်းကျင်သူတွေတောင်မှ ဒီဝိညာဉ်ကျောက်မိုင်းကို သူတို့ကိုယ်တိုင် မဖြိုဖျက်နိုင်ခဲ့ကြပါဘူး။ ထို့ကြောင့် ပညာရှင်ကြီး သုံးဦးသည် ကျောင်းသားများကို စုစည်း၍ တိုက်ခိုက်ရန် ပြင်ဆင်နေတော့သည်။ ၎င်းတို့ သုံးဦးသည် သက်ဆိုင်ရာမြို့များတွင် အံ့အားသင့်ဖွယ် ဖိတ်ခေါ်မှုများပြုလုပ်ခဲ့သည်။ သူတို့အားလုံးဟာ ဂုဏ်သိက္ခာကြီးမားတဲ့ အင်အားကြီး ပါရမီရှင်များ ဖြစ်သည်။
သူတို့ သုံးယောက် ခေါ်သံကြားတာနဲ့ မရေမတွက်နိုင်တဲ့ လူတွေက တုံ့ပြန်ကြ၏။ သက်ဆိုင်ရာမြို့များမှ ကျောင်းသား ထောင်ပေါင်းများစွာသည် ထွက်ခွာလာကြပြီး နတ်ကျောက်မိုင်းဆီသို့ ပြေးကြသည်။စွန့်ပစ်နယ်မြေ 66 သည် ယခုအခါ အခြေခံမြို့သုံးမြို့မှ ကျောင်းသားများ၏ အုပ်ချုပ်မှုအောက်တွင် ရှိနေပါသည်။ အချိန်အတော်ကြာ ကြိုးပမ်းအားထုတ်မှုနဲ့အတူ အရပ်ရပ်သို့ လှည့်လည်သွားလာနေသော ရာဇ၀တ်ကောင်များကို ဖယ်ရှားရှင်းလင်းခဲ့သည်။
နောက်ဆုံးလက်ကျန် ရာဇဝတ်ကောင် အမာခံနယ်မြေအဖြစ်အခိုင်မာဆုံးသော နတ်ကျောက်မိုင်းသည် ရာဇ၀တ်ကောင်ပေါင်း သုံးထောင်ကျော်ကို ထိန်းသိမ်းထားသ ည်။
တစ်လတာ အကဲဖြတ်မှုအပေါ် နှစ်ဘက်အကြား အကြီးမားဆုံး တိုက်ပွဲကြီး လာတော့မည်။ တစ်ဖက်တွင် ရာနှင့်ချီသော တိုက်ပွဲများကို ကြုံတွေ့ခဲ့ရသည့် ရာဇ၀တ်ကောင်များ ရှိသလို တစ်ဖက်တွင် လွန်ခဲ့သည့်လက အသွင်ပြောင်းသွားသော ကျောင်းသားများက ရပ်တည်နေသည်။
ကြောက်စရာအကောင်းဆုံး တိုက်ပွဲကြီး ဖြစ်ပွားတော့မည်။
သို့သော် ကျောင်းသားများက ယုံကြည်ကြသည်။ သူတို့၏အမြင်တွင် ဤရာဇ၀တ်ကောင်များသည် ၎င်းတို့၏ ရှောင်လွဲမရသော သေဆုံးမှုများကို ကြံုနေရတာဖြစ်သည်။ ကျောင်းသားများသည် ရာဇ၀တ်ကောင်များကို ထက်ဝက်ကျော် အင်အားသာလွန်ပြီး ရာဇ၀တ်ကောင်များသည် ရိုးရှင်းသော လက်နက်အနည်းငယ်သာ ပိုင်ဆိုင်ကြသည်။ အများစုမှာ ချပ်ဝတ်တန်ဆာပင် မရှိကြပေ။ ကျောင်းသားများ၏ တိုက်ခိုက်မှုကို မည်သို့ ခုခံမည်မသိသလို အချိန်မည်မျှ တောင့်ခံနိုင်မည် မသိပေ။
ထောင့်တစ်နေရာသို့ အတင်းအကြပ် ခိုင်းစေခြင်းခံခဲ့ရသော ဤရာဇ၀တ်ကောင်များသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော အမူအရာများကို ထုတ်ဖော်ပြီး အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။ သူတို့သေသွားရင်တောင်မှ ဒီအထက်တန်းစားကျောင်းသားတွေကို သူတို့နဲ့အတူ ဆွဲခေါ်သွားကြမည်။
ချူးယွင်ဖန်းလည်း ဒီသတင်းကို လက်ခံရရှိခဲ့၏။ သုန်ဖန်းဟောက်၊ ကျန်းပိုင်ဖေး နှင့် လ န်ဟောင်ယုတို့၏ ဆင့်ခေါ်စာကို ကျောင်းသားတိုင်းထံ ပေးပို့ခဲ့ပြီးသူလည်း လက်ခံရမိခဲ့သည်။
ပူပြင်းတဲ့နေရောင်အောက်မှာ ချူးယွင်ဖန်း က မိုးကြိုးတောင်ပံသားရဲရဲ့ နောက်ကျောပေါ်ကို ခုန်ဆင်းပြီး “ဘယ်လောက်တောင် တုန်လှုပ်စရာကောင်းလဲ။ ငါပါဝင်ဖို့ လိုပုံရတယ်။"
ဤတစ်ကြိမ်တွင် ချူးယွင်ဖန်းသည် ရွှံ့ရေထဲသို့ ဆင်းချင်လာသည်။ အကယ်၍ သူသည် ရုန်းရင်းဆန်ခတ်တွင် ပါဝင်လိုပီး ကိစ္စ၏ အဓိကအချက်မှာ ထိုဝိညာဉ်ကျောက်တုံးဖြစ်သည်။ အဖွဲ့ချုပ်အစိုးရအတွက်မူ မိုင်းသည် ကြက်အရိုးနှင့်တူသည်။ အရသာမရှိပေမယ့် စွန့်ပစ်လိုက်တာကလည်း နှမျောစရာပါ။
အစိုးရအတွက် နတ်ကျောက်မိုင်းသည် ကြီးမားသော ကံကြမ္မာတစ်ခု ဖြစ်နေဆဲပင်။ ထို့ကြောင့် သုန်ဖန်းဟောက် နှင့် အခြားသူများသည်သွေးဆောင်မှုကို မခုခံနိုင်ဘဲ မိုင်းတွင်းကို တိုက်ခိုက်ရန် လူတိုင်းကို စုရုံးစေခဲ့သည်။
တခြားကျောင်းသားတွေမှာတော့ သူတို့အားလုံးဟာ အထက်တန်းစားနဲ့့ ပါရမီရှင်များဖြစ်ပီး ဘယ်သူကမှ အမြောက်စာ ဖြစ်ချင်စိတ် မရှိဘဲ သူတို့လည်း အမြတ်ဝေစုကို ရချင်ကြတယ်။
မိုးကြိုးတောင်ပံသားရဲသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကြည်ပြာရောင်မိုးကြိုးကဲ့သို့ အဝေးသို့ ချက်ချင်း ပျံသန်းသွားသည်။ အကွာအဝေးတွင်ရှိ တားမြစ်နယ်မြေ၆၆ နှလုံးသားဖြစ်သည့်—ဝိညာဥ်ကျောက်မိုင်းသို့ ဖြစ်သည်။