← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အပိုင်း ၃၁၉

ချူးယွင်ရှင်းအတွက်လွယ်ကူသောလုပ်ဆောင်မှုမဟုတ်သောကြောင့် ပြည်ထောင်စုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရပြီးနောက်ချူးမိသားစု၏ ဘိုးဘေးကန်တော့ပွဲအခမ်းအနားသို့ ဖိတ်ကြားခံရမည်မှာ သေချာသည်။ ချူးသည် ကြီးမားသောမိသားစုတစ်ခုဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ပါဝင်ဖြေဆိုကြမည်ဖြစ်သည်။ သို့သော် အများအပြား ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် ပြည်ထောင်စုတက္ကသိုလ်သို့ အရပ်ဘက်ဖြစ်စေ စစ်ဘက်ဖြစ်စေ မည်သူမဆို ဝင်ရောက်နိုင်သူသည် ချူးမိသားစုမှ အလွန်တန်ဖိုးထားခံရမည်ဖြစ်သည်။ ထိုသို့သော ကလေးမွေးသော မိသားစုအတွက်ချူးမိသားစုထဲသို့ ဝင်ခွင့်လက်ခံရန် ၎င်းတို့အတွက် ခက်ခဲမည်မဟုတ်ပေ။ အခု သူတို့နှစ်ယောက်ရှိတော့ ချူးဒင်ဂေါင် ငိုချင်နေပြီ။

ချူးယွင်ဖန်းသည် သူ့အဘိုးကို တောင်းပန်စကားကြားရသည်မှာ ပထမဆုံးအကြိမ်လည်းဖြစ်သည်။ ချူးယွင်ဖန်းအံ့အားသင့်သွားသည်။ သူ့နှလုံးသားမှာ အတိတ်က နာကြည်းမှုတွေနဲ့ ပြည့်နှက်မနေတော့ဘဲ ယခုအချိန်တွင် သူခံစားလိုက်ရသည်မှာ သူ့အဖိုးသည် ပြင်းထန်သော စွဲလမ်းမှုရှိသော အဘိုးအိုဖြစ်သည်။

ချူးယွင်ဖန်းသည် အတိတ်ကဖြစ်ခဲ့သည့်အရာအားလုံးကို ခွင့်မလွှတ်သေးသော်လည်း မှတ်သားမထားချင်တော့ပါ။ လွှတ်ထားလိုက်ပီး သူ့တွင် ဒီ့ထက် အရေးကြီးတာတွေ ရှိ‌ေနခဲ့သည်။

လူတိုင်းက သူ့ကို ချီးကျူးဂုဏ်ပြုကြပြီးနောက် ချူးယွင်ဖန်းသည် အထက်တန်းကျောင်းအုပ် ဟွာချန်ရှင်း ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့သည်။

“ချူးယွင်ဖန်းဂုဏ်ယူပါတယ်။ မင်းကို ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပြီ။”

ဖုန်းမျက်နှာပြင်၏ အခြားတစ်ဖက်တွင် ဟွာချန်ရှင်း၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသလို သူ့ကိုယ်သူ ဂုဏ်ယူနေမိသည်။ နံပါတ် 13 အထက်တန်းကျောင်းက အောက်ခြေမှာဆိုရင်ကော ယခုအခါ ၎င်းတို့သည် ပြည်ထောင်စုအဖွဲ့ချုပ် တက္ကသိုလ်အဆင့် ကျောင်းသား သုံးဦးကို တစ်ထိုင်တည်း မွေးထုတ်ပေးနိုင်ခဲ့သည်။ နံပါတ် 5 ၊ နံပါတ် 7 နှင့် ယုကိုင် အထက်တန်းကျောင်းတို့ပင်လျှင် ထိုအဆင့်တစ်ခုစီ၏ ကျောင်းသားတစ်ဦးကို မွေးထုတ်‌ေပးနိုင်ခဲ့သည်။

ယခု အမှတ် ၁၃ အထက်တန်းကျောင်းက တန်းတူရင်ဘောင်တန်း မြေပြင်ပေါ်တွင် ရပ်တည်နေခဲ့သည်။ဟွာချန်ရှင်းဟာ ဒါကို ဂုဏ်ယူမဆုံးခဲ့ဘဲ ဒါဟာချူးယွင်ဖန်းရဲ့ အဓိက ကျေးဇူးပဲဆိုတာ သူသိ၏။

ပုံမှန်အခြေအနေအရ တန်စီယု ကောင်းနေပေမယ့် ဂေါင်ဟုန်ချီကတော့ ပြည်ထောင်စုတက္ကသိုလ်ကို ဝင်နိုင်စရာ အကြောင်းမရှိပေ ။ဂေါင်ဟုန်ချီ သည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုတွင် တစ်ခုပင် ပါဝင်နိုင်ဖို့ ခက်ခဲလှပီးချူးယွင်ဖန်းသည် ဤအံ့ဖွယ်အမှုကို ဖန်တီးခဲ့သူဖြစ်သည်။ထို့ကြောင့် ဟွာချန်ရှင်း ပထမဆုံးလုပ်ခဲ့သော အရာမှာ ချူးယွင်ဖန်းကို ချီးကျူးဂုဏ်ပြုရန် ဖုန်းခေါ်ဆိုခြင်းဖြစ်သည်။

“ဂုဏ်ယူပါတယ်။ ဒါတွေအားလုံးက မင်းရဲ့ ပြုစုပျိုးထောင်မှုရဲ့ ကျေးဇူးကြောင့်ပဲ” ဟု ချူးယွင်ဖန်းက ယဉ်ကျေးစွာပင် ပြောလြိက်၏။ ဟွာချန်ရှင်း ၏အကူအညီအတွက်မဟုတ်ပါက ချူးယွင်ဖန်းသည် သူသည် ပြည်ထောင်စုတက္ကသိုလ်သို့ဆက်လက်ဝင်ရောက်နိုင်မည်ဟု သတ္တိရှိရှိပြောနိုင်‌ေပမယ့် လွယ်ကူမည်မဟုတ်ပေ။

“မင်းက ယဉ်ကျေးလွန်းတယ်။ ဒါတွေက မင်းရဲ့ကြိုးစားမှုရဲ့ရလဒ်တွေပဲ။ ငါတို့က မင်းကို လမ်းပြဖို့ ဒီမှာပဲရှိတယ်”

ဟွာချန်ရှင်းက “ဒါကို ငါတို့ ဟောပြောပွဲတစ်ခု လုပ်ချင်တယ်။ မင်းရဲ့ ကျောင်းသား အငယ်တွေကို ကြိုးကြိုးစားစားလုပ်ကြဖို့ မင်းကို မိန့်ခွန်းပြောချ‌င်‌ေစတယ် ဘယ်လိုသဘောရလဲ "

"ဟုတ်ရပါတယ်" ချူးယွင်ဖန်းချက်ချင်း သဘောတူလိုက်သည်။ အားလပ်ရက် နှစ်လလောက်ရှိတော့ သူ့မှာ အချိန်ရှိ၏။

"ဘယ်အချိန် ဟောပြောပွဲလုပ်မယ်ဆိုတာ ပြောပြပေးပါ"

သို့သော် ထိုလူငယ်လေးများထဲတွင် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်နိုင်သူ တစ်ယောက်မျှ ရှိမည်မဟုတ်ကြောင်း ချူးယွင်ဖန်းသိသည်။ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေက ပြင်းထန်လွန်း၏။

ဤအကဲဖြတ်မှုကြိ ပါဝင်ပြီးနောက်မှသာ ချူးယွင်ဖန်းသည် လူ့အဖွဲ့အစည်း၏ အထက်တန်းလွှာအားလုံးကြားတွင် ပြိုင်ဆိုင်မှုတစ်ခုဖြစ်ကြောင်း နားလည်ခဲ့သည်။ မူလက ကျောင်းတွင် နံပါတ်တစ် ဖြစ်သော အို့ယန်ကဲ့သို့ တစ်စုံတစ်ယောက်သည် အကဲဖြတ်မှုတွင် ပါဝင်ခဲ့လျှင်ပင် ဖယ်ထုတ်ခံရခြင်း ဖြစ်နိုင်သည်။

ဤကွာဟချက်သည် အလုံးစုံ လွှမ်းခြုံထားသည်။ ချူးယွင်ဖန်း၏အကူအညီဖြင့်ပင် မဖြစ်နိုင်ပေ။ အို့ယန်ကို သိပေမယ့် ဂေါင်ဟုန်ဂျီကဲ့သို့ နဲ့ ခွန်အားများစွာ အသံုးပြုကာကူညီဖို့က သူ့အတွက် မဖြစ်နိုင်ပါဘူး။လူတိုင်းမှာ မတူညီတဲ့ ဆက်ဆံရေးတွေ ရှိကြသည်။

"အဲဒါအရမ်းကောင်းတယ် အချိန်တန်ရင် အကြောင်းကြားပါ့မယ်။" ဟွာချန်ရှင်း ခေါင်းညိတ်လိုက်သည်။ချူးယွင်ဖန်းခေါင်းညိတ်လိုက်သဖြင့် အရာအားလုံး ပြေလည်သွားသည်။ ကောင်းသောအရာများ နောက်မှကပ်၍ အတွဲလိုက်လာမည်။

ဖုန်းချပြီးနောက် ချူးယွင်ဖန်းသည် ဆေးဝါးပညာရှင် ပိုင်ဟုန်ထံမှ ဖုန်းလက်ခံရရှိခဲ့သည်။

“သူငယ်ချင်းလေး အဖွဲ့ချုပ်တက္ကသိုလ်ဝင်ခွင့်အတွက် ဂုဏ်ယူပါတယ်။ မင်းက အခု ငါ့ရဲ့ အငယ်တန်း ဖြစ်နေပုံပဲ။" ပိုင်ဟုန် ၏ ရယ်မောသံကို တစ်ဖက်စွန်းမှ ကြားနိုင်သည် ။ ပရောဂျက်မပေါ်ခင်မှာပင် သူ့အသံကို ကြားနေရသည်။

“သေချာပါတယ် ဆရာကြီးပိုင် ” ချူးယွင်ဖန်းက ရယ်မောရင်း ပြောလိုက်သည်။

"ဒါက ဘာမှမဟုတ်ပါဘူး" ပိုင်ဟောင် က ပြုံးပြီးပြောသည်။

"ဒါ့အပြင် ငါ့လက်တွဲဖော်ဖြစ်တဲ့ မင်းအတွက် ငါလည်း စိတ်ပူတယ်။ မင်းကို ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ပေးလိုက်တာ ငါတို့အတွက် ကောင်းပါတယ်။”

"မင်းရဲ့ ကြင်နာတဲ့စကားအတွက် ကျေးဇူးတင်ပါတယ်" ဟု ချူးယွင်ဖန်းက ပိုင်ဟုန်ကို လက်အုပ်ချီ အလေးပြုရင်း ပြောခဲ့သည်။

“ရည်ရွယ်ချက်သုံးခုနဲ့ ခုဖုန်းကို ခေါ်ဆိုတာ ပထမတစ်ခုကတော့ အဖွဲ့ချုပ်တက္ကသိုလ်ဝင်ခွင့်အတွက် ဂုဏ်ပြုပါတယ်။ ဒုတိယအချက်မှာ ငါတို့ထုတ်လုပ်သော ခန္ဓာကိုယ်သန့်စင်ဆေးများအကြောင်းဖြစ်သည်။ ယခု ဖြန့်ဖြူးမှု၏ ပထမအဆင့် ပြီးသွားသဖြင့် သင်ရရှိမည့်အမြတ်မှာ ယွမ်တစ်ဘီလီယံခန့်ဖြစ်သည်။ အစသာရှိသေးသောကြောင့် အမြတ်အစွန်းအများစုကို အမျိုးမျိုးသောစျေးကွက်များနှင့် ဆက်ဆံရေးများတွင် မြှုပ်နှံထားသည်။ နောက်ထပ် ဆေးဝါးဆရာများ စုဆောင်းခြင်း ၊ ကြော်ငြာခြင်းနှင့် အခြားကုန်ကျစရိတ်များလည်း ရှိပါသည်။ ဒါတွေအားလုံးပြီးရင် အမြတ်က တစ်ဘီလီယံရှိတယ်။ အကောင့်မိတ္တူတစ်စောင် ပို့ပေးပါ့မယ်။ မင်း သူတို့ကို ကြည့်လို့ရတယ်” ပိုင်ဟုန်က ပြောသည်။

ချူးယွင်ဖန်းခေါင်းညိတ်လိုက်သည်။ သူသည် ဟန်ဆောင်နေခြင်းမဟုတ်ပေ။ စီးပွားရေးက စီးပွားရေးပဲ။ အများသူငှာနဲ့ ပုဂ္ဂလိကကိစ္စတွေကို ခွဲခြားသိမြင်တတ်ဖို့ လိုအပ်သည်။

တစ်ဘီလီယံက မများပေမယ့် ဒီဈေးကွက်က စတင်ပြီး အမြတ်အစွန်း အများကြီး ကျန်ရှိ၏။ ဤပထမကာလတွင် တစ်ဘီလီယံ၏ အမြတ်ငွေကို တည်ငြိမ်စွာ ဖြည့်ဆည်းပေးနိုင်ခြင်းသည် သေးငယ်သောပမာဏမဟုတ်ပေ။ ပိုင်ဟုန် သည်ချူးယွင်ဖန်းကြိုပြောထားသည့် အပိုင်းကိုလည်း ဖြတ်တောက်ခဲ့ရသည်။

ပိုင်ဟုန်က တော်တော်ရိုးသားပီး ဒီငွေတွေကို သူ လွှဲပြောင်းပေးဖို့ မနှောင့်နှေးခဲ့‌သည့် အတွက် လက်တွဲဖော်ကောင်းတစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။

“ပထမဆန္ဒကို ခံယူပြီး ဒုတိယအချက်ကို နားလည်ပါတယ်။ တတိယအချက်က ဘာလဲ။” ချူးယွင်ဖန်းက မေးသည်။

“တတိယအချက်ကတော့ ကိုယ်ရေးကိုယ်တာ တောင်းဆိုချက်ပဲ” ဟု ပိုင်ဟုန်က ဆိုသည်။

"ဆရာကြီး ပိုင်မင်းနောက်နေတာဖြစ်မယ် မင်းလိုအပ်တာရှိရင် ငါ့ကိုပြောပါ အစွမ်းကုန်လုပ်‌ေပးမှာပါ” လို့ ချူးယွင်ဖန်းက ပြုံးပြီး ပြောလိုက်၏။

"ချူးယွင်ဖန်း ”

ရုတ်တရက် အခြားရုပ်ပုံပေါ်လာပီး ပုံ၏အခြားတစ်ဖက်တွင် လှပသောမျက်နှာတစ်ခု ပေါ်လာသည်။ပိုင်လင်အာကလွဲရင် ဘယ်သူဖြစ်နိုင်မလဲ။

ချူးယွင်ဖန်းက သူ့ရင်ဘတ်ကို ပွတ်သပ်ပြီး ထိတ်လန့်ဟန်ဆောင်သည်။ “မင်း သရဲလား ဘယ်ကနေ ပေါ်လာတာလဲ!”

“မင်းက သရဲပဲ။ မင်းမိသားစုတစ်စုလုံးက သရဲတစ္ဆေတွေပဲ" ပိုင်လင်အာက ရိုင်းရိုင်းစိုင်းစိုင်း ပြန်ပြောတယ်။

"ဆရာကြီးပိုင် မင်း‌ေပြာစရာရှိလို့ ပြောတာ။ သူမနဲ့ သက်ဆိုင်နိုင်မလား" ချူးယွင်ဖန်းက ပြောသည်။

"မှန်တယ်" ပိုင်ဟုန် ကပြောသည် ။

ချူးယွင်ဖန်းက ထူးဆန်းတဲ့အမူအရာနဲ့ "ဒီကဏ္ဍမှာ မင်းအတွက် ငါလုပ်ပေးနိုင်တာ ဘာတစ်ခုမှ ရှိမရှိမသိဘူး ဆရာကြီး ပိုင်”

“အဘိုးကြီး၊ငါ ပြောပါရစေ။ ချူးယွင်ဖန်းငါတို့က အနာဂတ်မှာ အတန်းဖော်တွေ ဖြစ်လိမ့်မယ်။ ကျွန်တော်လည်း ပြည်ထောင်စုတက္ကသိုလ်ကို ၀င်ခွင့်ရခဲ့ပါတယ်” ပိုင်လင်အာ က ပြောလိုက်သည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ ငါ့ကိုမလိမ်နဲ့။ မင်းက အထက်တန်းကျောင်းတောင် မတက်ခဲ့ဘူး ဟုတ်တယ်မလား ဒါကိုငါ့ကို ပြည်ထောင်စုတက္ကသိုလ်ကို တိုက်ရိုက်ဝင်ခွင့်ရတယ်လို့ မင်းပြောနေတာလား။" ချူးယွင်ဖန်းက မယုံကြည်နိုင်စွာနဲ့ ပြောလိုက်သည်။

"မင်းဟာ အထူးဝင်ခွင့်ရသူ လား"

“မှန်ပါတယ်၊ ငါက အထူးဝင်ခွင့်ပါ။ ဒါကို မင်း မမျှော်လင့်ခဲ့ဘူးလား အငယ်တန်း ဆေးဝါးဆရာဖြစ်ဖို့ ဝင်ခွင့် စာမေးပွဲ ဖြေပြီးသွားပြီ။” ပိုင်လင်အာက ဂုဏ်ယူစွာပြောသည်။

wunzinnos

အခန်း(၃၂၀) ဆေးပညာဌာန၏ အထူးဝင်ခွင့်

ပိုင်လင်အာ၏ လှပသောမျက်လုံးများသည် ရေကန်၏ မျက်နှာပြင်ကဲ့သို့ ကြည်လင်တောက်ပနေသည်။ ချူးယွင်ဖန်းကိုကြည့်လျက် သူ့မျက်တောင်ရှည်များ တဖျပ်ဖျပ်ခတ်နေရာ၊ သူ့မျက်နှာကို ထိတ်လန့်တကြားကြည့်နေမိသည်

ပြီးခဲ့သည့်နှစ်များအတွင်း သူမ ကြိုးစားအားထုတ်ခဲ့ရာ နောက်ဆုံးတွင် ဆေးသင်တန်းသားအဖြစ်မှ အငယ်တန်း ဆေးပညာရှင် အဖြစ်သို့ ခုန်တက်ခဲ့သည်။ ထိုမှတစ်ဆင့် သူမသည် ပြည်ထောင်စုတက္ကသိုလ်၏ အထူးဝင်ခွင့်များစာရင်းတွင် နေရာတစ်နေရာရခဲ့သည်။ ထို့အပြင် တက္ကသိုလ်သည် အထူးခေါ်ယူထားသော ကျောင်းသားများအတွက် နေရာများကို ပေါ့ပေါ့တန်တန် ပေးဆောင်သည့် အလေ့အထမရှိပေ။

ပိုင်လင်အာသည် ဆေးပညာရှင် ပိုင်ဟုန်၏မြေးဖြစ်သော်လည်း ပြည်ထောင်စုတက္ကသိုလ်သည် ဤကိစ္စအတွက်သာ အထူးသီးသန့်ဖွင့်ထားခြင်းမဟုတ်ပေ။ ပိုင်ဟုန်သည် စွမ်းအားကြီး အာဏာရှိပုဂ္ဂိုလ်တစ်ဦးဖြစ်သည့်အလျောက် ကမ္ဘာပေါ်တွင် အခြားစွမ်းအားကြီး ပုဂ္ဂိုလ်များ ရှိသေးသည်။ အကယ်၍ တက္ကသိုလ်သည် ၎င်းတို့အားလုံးအတွက် လျှို့ဝှက်တံခါးဖွင့်ပေးထားမည်ဆိုပါက၊ လက်ရှိပိုင်ဆိုင်ထားသော ဂုဏ်သတင်းရှိမည်မဟုတ်ပေ။

ပိုင်လင်အာသည် သူမ၏ အရည်အချင်းကြောင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ သူမ၏အသက်အရွယ်တွင်၊ အငယ်တန်းဆေးပညာရှင်တစ်ယောက်ဖြစ်လာခြင်းသည် အံ့ဖွယ်တစ်ခုဖြစ်သည်။ ထို့ကြောင့် ပိုင်ဟုန်တွင် မျိုးဆက်များစွာရှိသော်လည်း ပိုင်လင်အာကိုသာ သွန်သင်ဆုံးမခဲ့သည်။ သူမ၏ ဆေးပညာသည် အလွန်ထူးချွန်လွန်းသောကြောင့် ခန့်မှန်းကြည့်ရန်ပင်မဖြစ်နိုင်ပေ။

ပိုင်လင်အာသည် နောက်ဆုံးတွင် သူမ၏ စိတ်ပျက်မှုများကို ဖယ်ရှားနိုင်ခဲ့ပြီဖြစ်သည်။ ထိုအချိန်က သူမသည် ချူးယွင်ဖန်းထံတွင် အလွယ်တကူ ဖိနှိပ်ခံခဲ့ရသည်။ ယခု သူသည် ဆေးသင်တန်းသားသာဖြစ်နေသေးကာ၊ သူမသည် အငယ်တန်း ဆေးပညာရှင်ဖြစ်လာခဲ့၏။ သူမသည် သူမကိုယ်ပေါ်မှ ချူးယွင်ဖန်း၏အရိပ်ကို ဖယ်ထုတ်လိုက်နိုင်ပြီဖြစ်သည်။

ပိုင်လင်အာသည် ဆေးပညာတွင် လူတစ်ယောက်ကို အနိုင်မယူချင်ခဲ့ဖူးပေ။ ထို့ကြောင့် ချူးယွင်ဖန်း၏ မျက်နှာထက်တွင် ပေါ်လာမည့် ထိတ်လန့်အံ့ဩမှုကို သူမ စောင့်မျှော်နေခဲ့သည်။

သို့သော် အလွန်ထိတ်လန့်ဖွယ်ကောင်းလောက်မည်ဖြစ်သော ဤသတင်းကို ရင်ဆိုင်ရသောအခါတွင် ချူးယွင်ဖန်းသည်

“အိုး” ဟုသာ ဘာသိဘာသာ ပြန်ဖြေခဲ့သည်။

"အိုး ဟုတိလား၊ ဘာအိုးလဲ”

ပိုင်လင်အာသည် သူ့ကိုဖုန်းထဲမှတစ်ဆင့် လက်လှမ်း၍ ဤ ဟန်ဆောင်တတ်စော လူရမ်းကားကောင်ကို လည်ပင်းညှစ်သတ်ချင်နေခဲ့သည်။

“ငါက အငယ်တန်းဆေးပညာရှင်ပါ၊ နင့်လို သင်တန်းသားမဟုတ်ဘူး။ ငါက တကယ့် ဆေးပညာရှင်” ပိုင်လင်အာကဆိုသည်။

“ဟုတ်ပြီ ငါသိပြီ။” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။ သူ အံ့ဩနေခဲ့သည်။ ပိုင်လင်အာသည် ဆေးပညာတွင် ထူးချွန်သည်။ ယခု အထူးကျောင်းဝင်ခွင့်ကိုမဆိုနှင့် သူမကို နောက်ထပ်နှစ်အနည်းငယ်အတွင်း အငယ်တန်း ဆေးပညာရှင်အဖြစ် ဆက်လက်အသိအမှတ်ပြုခံရမည်ဆိုသည်ကပင် အံ့ဩထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်သည်။

ချူးယွင်ဖန်း၏ မှတ်ဉာဏ်ထဲတွင် ဆေးဧကရာဇ်သည် ဤအသက်အရွယ်၌ ထိုကဲ့သို့သော အောင်မြင်မှုများ ရရှိခဲ့သည်။ ပိုင်လင်အာသည် ပိုင်ဟုန်၏ သင်ပြမှုသာရှိခဲ့သော်လည်း ဆေးဧကရာဇ်၏ နောက်၌မူ ဆေးတပ်ကြီးတစ်တပ်လုံးရှိနေခဲ့သည်။

အပြင်ပန်းမှကြည့်လျှင် ပိုင်လင်အာ၏ အရည်အချင်းများသည် အမှန်တကယ်ပင် ထူးခြားလှသည်။ သူမ၏ အနာဂတ်သည် အကန့်အသတ်မရှိပေ။ သို့သော် ချူးယွင်ဖန်း၏ မှတ်ဉာဏ်ထဲတွင် ဆေးဧကရာဇ်တစ်ဦးရှိနေသည့်အတွက် ကလေးတစ်ယောက်သည် ၎င်းကို မည်သို့ ကျော်နိုင်လိမ့်မည်နည်း။

ပိုင်လင်အာသည် သူ့မစိတ်ထဲတွင် တွေးလိုက်သည်။

‘ငါ့ကို ဘယ်သူမှတားလို့မရဘူး၊ ငါဒီကောင့်ကိုသတ်မယ် ငါ သူ့ကို အနိုင်ယူပစ်မယ်’

"မင်း အရွယ်မရောက်သေးဘူး ဟုတ်လား ဒီအောင်မြင်မှုက တော်တော်ကောင်းပါတယ်။”

ချူးယွင်ဖန်းသည် ဤစကားကို အတွေ့အကြုံရှိ စီနီယာတစ်ယောက်ကဲ့သို့ ဂရုမစိုက်သော အမူအရာဖြင့်ပြောလိုက်ခြင်းဖြစ်သည်။ သို့သော် ဤအကြည့်ကို ပိုင်လင်အာ အမုန်းဆုံးပင်ဖြစ်၏။

အံ့ဩသွားတဲ့အမူအရာပြရင် နင့်ကို သတ်မှာမို့လို့လား။

“ငါက ဆယ့်ငါးနှစ်ရှိပြီ၊” ပိုင်လင်အာက သူ့ကို တည်ငြိမ်သော မျက်နှာထားဖြင့်ပြောသည်။ “ငါ အရွယ်မရောက်သေးပေမယ့်၊ ရောက်ခါနီးနေပြီ”

"မဆိုးပါဘူး ဆရာကြီး ပိုင်၊ ခင်ဗျားပြောခဲ့တဲ့ တတိယအချက်နဲ့ သူနဲ့ သက်ဆိုင်သလား” ချူးယွင်ဖန်းကမေးသည်။

ပိုင်ဟုန်က ခေါင်းညိတ်လျက်ပြန်ဖြေသည်။ "မှန်တယ်၊ ဒါက သူ့အကြောင်းပဲ။ လင်အာက ပြည်ထောင်စုတက္ကသိုလ်ရဲ့ ဆေးဌာနကို အထူးဝင်ခဲ့သည်။ ငါစစ်ဆေးကြည့်လိုက်တော့ မင်းလည်း ဆေးဌာနကို လျှောက်ထားနေတာ တွေ့ရတယ်။ အချိန်တန်ရင် မင်းသူ့ကို စောင့်ရှောက်ပေးမယ်လို့ ငါမျှော်လင့်ပါတယ်။ တကယ်တော့ လင်အာက သူ့ရဲ့ စွမ်းအင်အများစုကို ဆေးပညာအတွက် အသုံးပြုတယ်။ သူမှာ သိုင်းပညာနဲ့ပတ်သက်ပြီး အရည်အချင်းနည်းနည်းရှိပေမယ့် ချီပြည့်ဝခြင်းအဆင့်ကိုပဲရောက်သေးတယ်။ သူ တက္ကသိုလ်က စာပေကျောင်းသားတွေနဲ့တောင် မယှဉ်နိုင်မှာစိုးတယ်။ ကျေးဇူးပြုပြီး သူ့ကို ကူညီစောင့်ရှောက်ပေးပါဦး။"

ချူးယွင်ဖန်းသည် ပိုင်ဟုန်ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ပိုင်လင်အာသာ အနိုင်ကျင့်ခံရလျှင် ၎င်းသည် သမိုင်းဝင် ဖြစ်ရပ်တစ်ခု ဖြစ်လာပေလိမ့်မည်ဖြစ်သည်။ ပိုင်ဟုန်ကဲ့သို့ အကြီးအကဲတစ်ဦးနှင့်အတူ သူမသည် လူချမ်းသာလူတန်းစား၏ ထိပ်တန်း ဒုတိယမျိုးဆက်အဖြစ် သတ်မှတ်ခံရသည်။ လူများစွာ စုစည်းထားသည့် ပြည်ထောင်စုတက္ကသိုလ်ကဲ့သို့ နေရာမျိုးတွင်ပင် သူမကို ရန်စရဲသူ အလွန်နည်းပါးသည်။

ဤဒုတိယမျိုးဆက် အမျိုးအနွယ်အုပ်စုကို အဆင့်များ ခွဲခြားထားရာ ပိုင်လင်အာသည် အထက်တန်းအဆင့်တွင်ရှိကြောင်း ထင်ရှား၏။ ပိုင်ဟုန်၏ ချိတ်ဆက်မှုနှင့် သူမ၏ အရည်အချင်းများကြောင့် သူမကို မည်သူကမှ ရန်စဝံ့သည်မဟုတ်သော်လည်း လုပ်နိုင်သူ အများအပြားလည်း မရှိပေ။ ထို့အပြင်၊ လူတစ်ဦးတွင် ထိုသို့လုပ်ဆောင်နိုင်စွမ်းရှိလျှင်ပင် ရန်သူတစ်ယောက်ကို အကြောင်းပြချက်မရှိ ဖန်တီးဝံ့မည်မဟုတ်ပေ။ ထို့အပြင် ရန်သူသည် ပိုင်ဟုန်ကဲ့သို့ ဆေးပညာရှင်ကြီးတစ်ယောက်ဖြစ်ပေလိမ့်မည်။

ပိုင်ဟုန်သည် ပြည်ထောင်စုတွင် နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့သည်။ ပညာရှင်မည်မျှ သူ့အပေါ်သို့ အကြွေးတင်နေမည်ကို ဘုရားသခင်သာ သိပေလိမ့်မည်။ မကြာသေးမီက သူသည် ဆေးတုံ့ပြန်မှုဖော်မြူလာ၏ အစိတ်အပိုင်းတစ်ခုကို ထုတ်ပြန်ခဲ့ကာ၊ ပြီးပြည့်စုံသော ခန္ဓာကိုယ်သန့်စင်ဆေးများကို ဖန်တီးခဲ့သည်။ သူသည် လက်ရှိတွင်အလွန်ကျော်ကြားလျက်၊ လူ့အဖွဲ့အစည်းကြားတွင် သူ၏ဂုဏ်သိက္ခာသည် အချိန်တိုင်း မြင့်တက်လျက်ရှိသည်။ မည်သူက စုံလုံးကန်း၍ သူ့ကို ရန်စဝံ့လိမ့်မည်နည်း။

ပိုင်ဟုန်က ကိုယ်တိုင်ကိုယ်ကျမေးနေခြင်းဖြစ်သော်လည်း ချူးယွင်ဖန်းသည် သူ့နားသူမယုံကြည်နိုင်သေးပေ။

“အဲလိုတော့ မလိုဘူးထင်တယ်။ ခင်ဗျားရဲ့ ဂုဏ်သိက္ခာနဲ့၊ ဆရာပိုင် သူ ကျွန်တော့်ကို ကာကွယ်တာကမှ ပိုသင့်တော်ဦးမယ်ထင်တယ်” ချူးယွင်ဖန်းက တည့်တိုးပြောလိုက်သည်။

“အနည်းဆုံးတော့ နင့်မှာ အသိစိတ်ရှိသေးသားပဲ” ပိုင်လင်အာက ဝင်ခနဲ့သည်။

“တကယ်တော့ သူ တက္ကသိုလ်တက်ရင် သူဘယ်သူလဲဆိုတာ ဖုံးထားဖို့ ငါစီစဉ်ထားတယ်” ပိုင်ဟုန်က ပြောသည်။

ချူးယွင်ဖန်းက ပိုင်ဟုန်ကို နားမလည်မှုများဖြင့် ကြည့်လိုက်သည်။ မည်သည့်အရာများဖြစ်နေသနည်း။

‘ဖုံးကွယ်ပြီးဝင်မယ် ဟုတ်လား’

မြို့သားများသည် အမှန်တကယ်ပင် မည်သို့ ကစားရမည်ကို သိကြသည်။

“ဘာလို့လဲ” ချူးယွင်ဖန်း နောက်ဆုံးတွင် မေးလိုက်သည်။

“ဘာလို့လဲဆိုတော့ သူကာငယ်သေးလို့လေ။ သူ့ကို ငယ်ငယ်တည်းက ငါနဲ့အတူတူခေါ်လာခဲ့တယ်။ အဲ့တာကြောင့် သူ အခြားလူတွေဆီကနေ ဘယ်လိုကာကွယ်ရမလဲဆိုတာမသိဘူး။ ငါက ကြီးကြီးမားမားမဟုတ်ပေမယ့် သူ့အထောက်အထားကို သိရင် သူနဲ့ တမင်တကာရင်းနှီးဖို့ ကြိုးစားလာကြမှာ စိုးတယ်။ သူ့မှာ အမှားအမှန်ကို ဆုံးဖြတ်နိုင်စွမ်းမရှိတဲ့အတွက် ပြည်ထောင်စုတက္ကသိုလ်ကို အမည်ဝှက်နဲ့ဝင်တာ ပိုကောင်းပါတယ်။ အဲ့တာက တကယ်တော့ အကာအကွယ်ပုံစံတစ်ခုပဲလေ” ပိုင်ဟုန်က ပြောသည်။

“အကြီးအကဲ၊ လူကောင်းနဲ့လူဆိုးကို သမီးခွဲနိုင်တယ်လို့ ပြောပြီးပြီလေ” ပိုင်လင်အာက ကတ်သတ်၍ပြောသည်။

“အရူးထမနေနဲ့တော့၊ နင့်မှာ ဘယ်လောက်တောင် ဉာဏ်မရှိလဲဆိုရင် ရောင်းစားခံရရင်တောင် မသိလိုက်ဘဲ ပြန်ပေးဆွဲတဲ့လူတွေကို ပိုက်ဆံရေပေးနေမှာ” ပိုင်ဟုန်က ပြတ်သားစွာပြောသည်။

ချူးယွင်ဖန်းသည် ထိုစကားကိုကြားသောအခါ နောက်ဆုံး သဘောပေါက်နားလည်သွားသည်။ ပိုင်လင်အာသည် ငယ်ရွယ်လွန်းသောကြောင့် မိမိကိုယ်မိမိကာကွယ်နိုင်စွမ်းမရှိသေးပေ။ ထို့ကြောင့် သူမကို အခွင့်ကောင်းယူရန် စိတ်ကူးသူတိုင်းအတွက် လွယ်ကူပေလိမ့်မည်ဖြစ်သည်။

ဤသို့သောအခြေအနေမျိုးတွင် ပိုင်ဟုန်၏ မြေးမလေးဖြစ်ကြောင်း သူမ၏ အထောက်အထားကို ဖုံးကွယ်ထားခြင်းက ပို၍ကောင်းမွန်ပေလိမ့်မည်ဖြစ်သည်။ သို့သော် ပိုင်ဟုန်သည် စိတ်အေးသပ်သာ အနားမယူနိုင်သေးသောကြောင့် ချူးယွင်ဖန်းကိုရှာကာ ၎င်းတို့ ကျောင်းဝင်းထဲရှိနေချိန်တွင် ပိုင်လင်အာကို ဂရုစိုက်ပေးရန် မှာကြားခြင်းဖြစ်သည်။

ပိုင်ဟုန်သည် သူ၏ မြေးမထက် ချူးယွင်ဖန်းကို ပို၍ ယုံကြည်မှုရှိသည်။ ချူးယွင်ဖန်းတွင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အမျိုးမျိုးကို ကြည့်လျှင် ပေါင်းသင်းရန် လွယ်ကူပုံမပေါ်သောလည်း အလွယ်တကူ လှည့်စားခံရမည့်ပုံမပေါ်ပေ။ အရေးအကြီးဆုံးမှာ ချူးယွင်ဖန်းသည် ယုံကြည်စိတ်ချ၍ရသူဖြစ်သည်။

“အဲ့တာဆို ပြဿနာမရှိပါဘူး ကျွန်တော်တို့က ဌာနတစ်ခုတည်းမှာ အတန်းဖော်တွေဖြစ်လာကြမှာပါ” ချူးယွင်ဖန်းက ခဏတာမျှ တွေးပြီးနောက် သဘောတူလိုက်သည်။

အခန်း(၃၂၁) ရင်ဘက်ပြားတဲ့ မကောင်းဆိုးဝါး

ပိုင်ဟုန်နှင့် ဖုန်းခေါ်ဆိုမှု အဆုံးသတ်ပြီးနောက် ချူးယွင်ဖန်းသည် ပိုင်လင်အာနှင့် တွေ့ဆုံခဲ့ပုံကို ပြန်လည် သတိရမိသွားသည်။ ပိုင်လင်အာသည် ပြည်ထောင်စုတက္ကသိုလ်သို့ အထူးဝင်ခွင့်ခေါ်ယူခံရလိမ့်မည်ဟု မည်သည့်အချိန်ကမျှ မမျှော်လင့်ထားခဲ့ပေ။

ဟိုစဉ်က ပိုင်လင်အာ၏ အရည်အချင်းသည် အလွန်ထက်မြက်သည်ဟုသာ သူထင်ခဲ့သည်။ တကယ်တမ်းတွင် သူမသည် ငယ်ရွယ်စဉ်တည်းကပင် ဆေးသင်တန်းသားဖြစ်နေပြီဖြစ်ရာ၊ ယခု သူတွေးကြည့်မိသောအခါတွင်မူ ၎င်းသည် သူမ၏ ကတန့်သတ်ချက်အဆုံးသတ်ဖြစ်လိမ့်မည်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် တစ်နှစ်ခွဲအတွင်းတွင် ပိုင်လင်အာတစ်ယောက် အငယ်တန်းဆေးပညာရှင်အဖြစ်သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ဤသည်မှာ အရည်အချင်းကို အားကိုးရုံဖြင့် မအောင်မြင်နိုင်သောအရာတစ်ခုဖြစ်သည်။

ကျွန်းကျင်မှုအမွေများရရှိခဲ့သော ချူးယွင်ဖန်းကဲ့သို့လူများမှလွဲ၍ အခြားဆေးပညာရှင်တိုင်းသည် ဆေးပညာကို မကျွမ်းကျင်မီ ထောင်ပေါင်းများစွာသော ငြီးငွေ့ဖွယ် လေ့ကျင့်ခန်းများလုပ်ခဲ့ကြရသည်။

ပိုင်လင်အာ၏ ပင်ကိုယ်စရိုက်သည် အလွန်တက်ကြွသဖြင့် ဆေးပညာနှင့် ပတ်သက်သောအခါ သူမ တည်ငြိမ်နေနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပိုင်ဟုန်သည် ပိုင်လင်အာကို စောင့်ရှောက်ပေးရန် ချူးယွင်ဖန်းအား တောင်းဆိုခဲ့သည်မှာ ရိုးရှင်းသော အမူအရာတစ်ခုဖြစ်သော်လည်း ၎င်းတို့ မည်မျှရင်းနှီးကြောင်း ပြသနေသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ပိုင်ဟုန်သည် သူ့မြေးမ၏ အထောက်အထားကို လျှို့ဝှက်ထားရန်နှင့် သူမကို စောင့်လျှောက်ပေးရန် အခြားသူတစ်ယောက်ကို စီစဉ်ပေးနိုင်လိမ့်မည်လော။ ယင်းသည် မဖြစ်နိုင်ပေ။

သို့သော် ပိုင်ဟုန်သည် ချူးယွင်ဖန်းကို ယွမ်တစ်ဘီလျံ ပေးပို့ခဲ့သည်။ ချူးယွင်ဖန်း၏ လက်ထဲတွင် ရုတ်ချည်း ငွေအမြောက်အများရှိသွားသဖြင့် လာမည့်လတွင် ကိစ္စအမြောက်အများကို လုပ်ဆောင်နိုင်ပေလိမ့်မည်ဖြစ်သည်။

ဘိုးဘွားကန်တော့ပွဲအခမ်းအနားသည် ၎င်းတို့ မိသားစု ပင်မချူးမိသားစုသို့ ပြန်သွားနိုင်မည့် အဓိကသော့ချက်ဖြစ်သည်။ ချူးယွင်ဖန်းသည် ငယ်စဥ်တည်းက သူ့မိသားစု၏ ပံ့ပိုးကူညီမှုကို မရရှိခဲ့ကာ ကိုယ်အစွမ်းအစဖြင့်ကိုယ် ဤအတိုင်းအတာအထိ ကြိုးစားနိုင်ခဲ့သည့်အတွက် ဤကိစ္စနှင့်ပတ်သက်၍ အလွန်အမင်းစိတ်အားထက်သန်ခြင်းမရှိခဲ့ပေ။ သို့သော် သူသာ ချူးမိသားစု၏ အကူအညီရလျှင်၊ ပြဿနာများစွာကို ရှောင်တိမ်းနိုင်မည်ဖြစ်ကကြောင်း သူသိထားသည်။ အကယ်၍ သူသာ ချူးမိသားစု၏ အဓိကမျိုးဆက်ဖြစ်လာပါက ကျန်းမိသားစုသည် သူ့အား ဆက်လက်၍ ငမ်းငမ်းတက်ဖြစ်နေလိမ့်မည်မဟုတ်ပေ။

ဤသည်ကား မိမိနောက်တွင် သစ်ပင်ကြီးတစ်ပင်ရှိခြင်း၏ အကျိုးကျေးဇူးပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုအရာများကို အမှန်တကယ်ဂရုမစိုက်သော်လည်း ကျန်းမိသားစုသည် သူ့မိဘများနှင့် သူ့ညီမတို့ကို ခြိမ်းခြောက်ခဲ့သည်။ ၎င်းတို့ကို စောင့်ကြည့်ရန် လက်နက်ကိုင်လုံခြုံရေးများကို ငွေအမြောက်အများသုံး၍ ငှားရမ်းရုံမှတပါးအခြားရွေးချယ်ဖွယ်မရှိပေ။ သူသာ ပင်မချူးမိသားဟု၏ ဝတ်ရုံကို ရရှိမည်ဆိုပါက၊ ၎င်းသည် သူ့အား ဒုက္ခများစွာမှ ကင်းဝေးစေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူ၏ ပင်ကိုယ်စရိုက်အရ၊ ၎င်းကို လုပ်မည်ဟု ဆုံးဖြတ်လိုက်သည်နှင့် ကောင်းစွာ လုပ်လိမ့်မည်ဖြစ်သည်။

အကယ်၍ သူအနိုင်မရလျှင် ၎င်းသည် အဓိပ္ပါယ်မဲ့ပေလိမ့်မည်ဖြစ်သည်။

ထို့အပြင် တစ်လအတွင်း သူနှင့် ချူးယွင်ရှင်းတို့ကြားရှိ တိုက်ပွဲ ဖြစ်လာပေလိမ့်မည်။ ချူးယွင်ရှင်းကို အနိုင်ယူခြင်းကသာလျှင် ဤကိစ္စကို သူ အပြည့်အဝလက်လွှတ်လိုက်နိုင်ပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ရှင်း တစ်ယောက် အလွန်စွမ်းအားကြီးသည်မှာ အသိသာပင်ဖြစ်ရာ၊ ချူးယွင်ဖန်းတွင် အချိန်အမြောက်အများမကျန်တော့ပေ။

အိမ်ရာ၏ ပင်မတံခါး ရုတ်တရက် ပွင့်လာကာ၊ မိန်းကလေးငယ်လေးနှစ်ယောက်သည် စကားပြောလျက်၊ ရယ်လျက် ဝင်လာကြ၏။

“ငါ ဆယ်ရက်အတွင်း နောက်ထပ် တိုက်ရိုက် ထုတ်လွင့်မှုတွေ လုပ်မှာ၊ ငါ့မွေးနေ့ရောက်ရင် နင်လာရမယ်နော်”

“ကိစ္စမရှိပါဘူး။ ငါသေချာပေါက် လာဖြစ်မှာ”

ချူးယွင်ဖန်းက ၎င်းတို့ထံသို့ ကြည့်လိုက်သည်။ နှစ်ယောက်ထဲမှ တစ်ယောက်သည် သူ့ညီမလေး ချူးချင်ရွှမ်ဖြစ်ကာ၊ အခြားမိန်းကလေးတစ်ယောက်သည် အသက်ဆယ့်ခုနှစ်နှစ် ဆယ့်ရှစ်နှစ် ဝန်းကျင်ရှိလောက်မည်ထင်ရ၏။ သူမသည် တီရှပ်ခပ်ပွပွတစ်ထည်ကို ဝတ်ထားကာ၊ သူမ၏ သွယ်လျသော ခြေထောက်များကို အထင်းသားမြင်နေစေနိုင်သည့် ဘောင်းဘီတစ်ထည်ဝတ်ထားသည်။ နှဖူးထက်မှ ဆံနွယ်များသည် ဆံမြိတ်အဖြစ်ကျနေကာ၊ ဆံနွယ်ရှည်များကိုမူ၊ အနောက်ဘက်တွင်စုစည်းထား၏။ ထိုမိန်းကလေးသည် သန့်ရှင်းသပ်ရပ်နေလျက်၊ ခပ်ဖောင်းဖောင်း ပါးပြင်ဝိုင်းလေးများလည်းရှိသည်။

“ကိုကို ဒီရောက်နေတာပဲ” ချူးချင်ရွှမ်က ချူးယွင်ဖန်းကို တွေ့သည်နှင့် ပြေးလာ၍ သူ့အား ခေါ်လိုက်သည်။

“အင်း ဟုတ်တယ်၊ ဒါဘယ်သူလဲ” ချူးယွင်ဖန်းကမေးသည်။

“ဒါက ညီမလေးတို့ ကုမ္ပဏီက အခြား streaner တစ်ယောက်ပဲ သူက ပုံမှန်တော့ ဂိမ်းတွေဆော့ပြပြီး ရုပ်သံလွှင့်တာ၊ သူက လက်ရှိရေပန်းစားနေတဲ့ ရှောင်ဟဲ ပဲ ” ဟု ချူးချင်ရွှမ်က အလျင်အမြန်မိတ်ဆက်ပေးလိုက်သည်။

“ဒီရက်ထဲ ကျရောက်မယ့် ညီမလေးရဲ့ မွေးနေ့ပွဲကို ဖိတ်နေတာ”

ချူးယွင်ဖန်းက ခဏတာ အံ့အားသင့်လျက်၊ ရှုက်ရွံ့စွာပြုံး၍ ပြန်ဖြေလိုက်သည်။

“တောင်းပန်ပါတယ်၊ ကျွန်တော်က ရုပ်သံလွှင့်တာတွေ သိပ်မကြည့်ဖြစ်လို့”

ချူးယွင်ဖန်းသည် stream များကို ကြည့်ရှု့သည့်အလေ့အထမရှိသော်လည်း ရုပ်သံလွှင့်လုပ်ငန်းသည် လက်ရှိအချိန်တွင် အပြည့်အဝလည်ပတ်နေပြီဖြစ်ကြောင်း သူသိသည်။ နှစ်စဥ်နှစ်တိုင်း ဤလုပ်ငန်းတွင် လူသစ်အများအပြား ဝင်ရောက်လာသော်လည်း ထူးချွန်ထက်မြက်သူများမှာ နည်းပါးလှသည်။ ချူးယွင်ဖန်းသည် ချူးချင်ရွှမ် ဤနယ်ပယ်ထဲသို့ ဝင်ရောက်ပြီးနောက်၊ အလွန်နာမည်ကြီးလာသည့်အတွက် အံ့အားသင့်ခဲ့ရသသည်။ ရှောင်ဟဲ သည် နာမည်ကြီး streamer တစ်ယောက်ဖြစ်သောကြောင့် သူမ အရည်အချင်းရှိမည်မှာ သေချာ၏။

“ငါ့အစ်ကိုကို လျစ်လျူရှု့လိုက်ပါ။ ဒါ သူ့စရိုက်ပဲလေ၊ သူတစ်ခုတည်းသော ဂရုစိုက်တာက လေ့ကျင့်ဖို့နဲ့ အလုပ်လုပ်ဖို့ပဲ” ချူးချင်ရွှမ်ကအလျင်အမြန် ရှင်းပြသည်။

“ရပါတယ် အဆင်ပြေပါတယ်” ရှောင်ဟဲ သည် ဤကိစ္စကို သိသာစွာပင် အသားကျနေခဲ့ပြီဖြစ်သည်။

ရှောင်ဟဲ သည် အိမ်တစ်ဝိုက်ကို လှည့်ကြည့်ပြီးနောက်၊ အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားသည်။ ဤအိမ်သည် ဝိညဥ်စွမ်းအင်ဖြင့် ပြည့်နေခြင်းမဟုတ် ငွေဖြင့် ပြည့်နေသကဲ့သို့ ဖြစ်၏။

ဒီဗီလာ မည်မျှ ကုန်ကျသနည်း။

ရှောင်ဟဲ သည် ရေပန်းစားသော streamer တစ်ဦးဖြစ်သော်လည်း သူမတစ်သက်တာတွင် ထိုသို့သောနေရာကို မည်သို့မျှ တတ်နိုင်တော့မည်မဟုတ်ကြောင်း။ သူမသည် ချူးချင်ရွှမ်ကို နှစ်အနည်းငယ်ကြာ သိခဲ့သော်လည်း ချူးချင်ရွှမ်သည် မကြာသေးမီကမှ တွေ့ဆုံရန် ဆန္ဒရှိခဲ့သည်။ ထို့အပြင် ယနေ့တွင် ရှောင်ဟဲ မှာ ချူးချင်ရွှမ် အမှန်တကယ် ချမ်းသာကြောင်း သိလိုက်ရသည့်နေ့ဖြစ်သည်။

“ကောင်းပြီ၊ မင်းတို့ မင်းတို့အစီအစဥ်အတိုင်း ဆက်လုပ်ကြ။ ငါ့မှာ တခြားကိစ္စရှိလို့ ငါအရင်သွားလိုက်မယ်" လို့ ချူးယွင်ဖန်းကပြောလိုက်သည်။ "ဟုတ်ပြီ မွေးနေ့အတွက် ဘာလိုချင်လဲ"

“ကိုကို သင့်တော်မယ်ထင်တာဝယ်ပါ၊ ညီမလေး ဘာလိုချင်လဲဆိုတာ ပြောရရင် ဘာအံ့သြစရာမှ ကောင်းတော့မှာမဟုတ်ဘူး”

"ကောင်းပြီ ဒါဆို ငါအဆင်ပြေသလိုလုပ်မယ်"

ထိုစကားကိုပြောပြီးနောက်ချူးယွင်ဖန်းလှည့်ထွက်သွားသည်။

ချူးယွင်ဖန်း ဗီလာမှ ထွက်သွားသည်ကို မြင်လိုက်ရသည်နှင့် နောက်ဆုံးတွင် ရှောင်ဟဲ သည် သူမ၏ အာရုံများဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ သူမသည် ချူးချင်ရွှမ်ကို ဂရုတစိုက်ကြည့်ကာ "နင်ပြောခဲ့တဲ့ နင့်အစ်ကိုက ပြည်ထောင်စုတက္ကသိုလ်ဝင်ခွင့်ရခဲ့တာလား "

"ဟုတ်​တယ်​ ဒါ ငါ့ အစ်ကို" ချူးချင်ရွှမ်က ပြောသည်။ "သူ တက္ကသိုလ် အခုတလောမှ ဝင်ခွင့်ရထားတာ၊ သူက တည်ငြိမ်သမုဒ္ဒရာမြို့မှာ ဒီနှစ် အထက်တန်းကျောင်းသားလေ”

ချူးချင်ရွှမ်သည် ချူးယွင်ဖန်းကို သာမန်ကျောင်းသားအဖြစ်မှ ကျောင်း၏ ထိပ်တန်းကျောင်းသားအဖြစ်၊ ထို့နောက်၊ ခရိုင်တစ်ခုလုံး ပထမအဆင့်၊ ထို့နောက်၊ တည်ငြိမ်သမုဒ္ဒရာမြို့ နံပါတ်တစ်ကျောင်းသားအဖြစ် တက်လှမ်းနိုင်ခဲ့သည်ကို အသားကျလျက်ရှိသည်။ သုန် ဟွာမြို့တွင် အလွန်စွမ်းအားကြီးသည့် ကျောင်းသားသုန်ဖန်းဟောက်သာ မရှိနေခဲ့လျှင်….။

ချူးယွင်ဖန်းသည် သုန်ဟွာမြို့တွင် ထိပ်တန်းနေရာသို့ အဆင့်တက်သွားလျှင်ပင် ချူးချင်ရွှမ် အံ့သြမိလိမ့်မည်မဟုတ်ပေ။

“သူ တကယ့်ကို ချောတာပဲ” ရှောင်ဟဲ က မျက်နှာကို ကွယ်၍ ပြောလိုက်သည်။

ရှောင်ဟဲ သည်လည်း ဤနှစ်တွင် တတိယတန်းကျောင်းသူတစ်ဦး ဖြစ်သဖြင့် တစ်နိုင်ငံလုံးတွင် ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သည့် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခြင်း၏ အဓိပ္ပါယ်ကို နားလည်သည်။ သူမ၏ ကျောင်းမှ ကျောင်းသားများ ပြည်ထောင်စုတက္ကသိုလ်သို့ မဝင်နိုင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ရာ၊ ပြည်ထောင် စုတက္ကသိုလ်မှ အခြားဘာသာရပ်များအတွက် သူမဝင်ခွင့်ရခဲ့သည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။

ဤကိစ္စသည် ဆရာများ ကြွားလုံးထုတ်ခဲ့ကြသည်မှာ နှစ်ချီ၍ ကြာခဲ့ပြီဖြစ်သည်။ ရှောင်ဟဲ သည် သိုင်းပညာတန်းတက်ရန် ပြည်ထောင်စုတက္ကသိုလ်သို့ တက်ရောက်နိုင်ခဲ့ပါက၊ သူမနာမည်သည် ကျောင်းသမိုင်းတွင် အသေအချာပင် မှတ်တမ်းတင်သွားပေလိမ့်မည်ဖြစ်သည်။

“နှာဗူးထမနေနဲ့” ချူးချင်ရွှမ်က ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။

“နင်စဥ်းစားကြည့် ငါသာ နင့်ယောင်းမဖြစ်လာရင် ဘယ်လိုနေမလဲ၊ ငါ့ခန္ဓာကိုယ်နှင့် အသွင်အပြင်ကို ကြည့်ကြည့်၊ ငါက နေရာတိုင်းမှာ ပြည့်စုံပါတယ်။၊ နင့်ယောင်းမဖြစ်ဖို့ လုံလောက်တာထက် အများကြီးပိုပါတယ်”

ရှောင်ဟဲ သည် အနည်းငယ်မျှပင် တွန့်ဆုတ်နေခြင်းမရှိ ချက်ချင်း ပြောလိုက်သည်။

“ဟီးဟီး နင့်လို ရင်ဘက်ပြားပြားနဲ့ မွန်းစတားက” ချူးချင်ရွှမ်သည် ရှောင်ဟဲ ၏ ပြားနေသော ရင်ဘက်ကို ကြည့်ကာ၊ သူမမျက်နှာတွင် အထင်သေးမှုများ ပြည့်နှက်သွားသည်။

“နင်က ငါ့အကြောင်း ပြောချင်တယ်ပေါ့၊ နင်လည်း ပြားတာပဲလေ” ရှောင်ဟဲ က ချက်ချင်း ပြန်ပြောသည်။

“နင် ငါနဲ့ ဘယ်လိုလုပ်ယှဥ်လို့ရမှာလဲ၊ ငါ ငယ်သေးတယ်၊ အခုမှ ဖွံ့ဖြိုးနေတုန်းရှိသေးတာ” ချူးချင်ရွှမ်ကပြန်ပြောသည်။

“ကိုယ့်ကိုယ်ကိုယ် မြှောက်ပင့်မနေပါနဲ့၊ နင် တော်တော်အသက်ကြီးနေပြီး ပြားနေပါသေးတယ်၊ ငါနဲ့ကွာတယ်ထင်လို့လား” ရှောင်ဟဲက ပြောလိုက်သည်။

“ငါနင့်ကို ညှစ်ပစ်မယ်”

“ဒါဆို ငါ့ကို ရအောင်လာဖမ်း”

“မဖမ်းနိုင်ဘူးထင်နေလား”

နှစ်ဦးသားသည် ချက်ချင်းပင် ဗီလာထဲ၌ ပတ်ပြေးလျက်ရှိကြသည်။

All Chapters