← Chapters

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း (၃၂၂-၃၂၄)

Vol. 22 Ch. 322-324

အခန်း(၃၂၂) ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားဖြစ်ခြင်း၏ လှည့်ဖြားမှု

ချူးယွင်ဖန်းသည် အိမ်မှ ထွက်သွားပြီးနောက်၊ သူအချိန်မဖြုန်းနိုင်တော့ပေ။ အချိန်သည် အဓိကအနှစ်သာရဖြစ်သဖြင့် သူသည် လုချင်းရွှမ်၏ ကုမ္ပဏီဆီသို့ တိုက်ရိုက်ဦးတည်လိုက်၏။

ချူးယွင်ဖန်းသည် လွန်ခဲ့သော တစ်နှစ်ခွဲ့ခန့် သူဤသို့ ပထမဆုံးရောက်လာသည့်အချိန်နှင့် မတူတော့ပေ။ ကုမ္ပဏီသည် ပိတ်လုနီးနေပြီဖြစ်သည်။ ယခု လုချင်းရွှမ်သည် အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။ ဤသည်မှာ ဥပဒေဖြင့် အုပ်ချုပ်သော လူ့အဖွဲ့အစည်းဖြစ်သည်။ ချူးကိျကော၏ အာဏာဖြင့် လုချင်းရွှမ်၏ လမ်းကြောင်းကို တားဆီးချင်လျှင်ပင် ကောင်းကင်တစ်ခုလုံးကိုမူ ဖုံးအုပ်ထားနိုင်လိမ့်မည်မဟုတ်ပေ။

လုချင်းရွှမ်က သတိထား၍ ဆောင်ရွက်လျက်ရှိရာ၊ ကုမ္ပဏီ၏ တိုးတက်မှုသည် နောက်ဆုံးတွင် မှန်ကန်သော လမ်းကြောင်းပေါ်တွင်ရှိနေပြီဖြစ်သည်။

ချူးယွင်ဖန်းရောက်ရှိလာမှုသည် လုချင်းရွှမ်၏ အာရုံကို ဆွဲဆောင်လိုက်သည်။ နောက်ဆုံးတွင် သူမ၏ ကုမ္ပဏီသည် ချူးယွင်ဖန်းကြောင့် သေခြင်းတရားမှပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ရာ၊ ယခုအချိန်ထိတိုင် သူ၏ စွမ်းအားပေါ်သို့ မှီခိုရန်လိုသေးသည်။ ချူးယွင်ဖန်း၏ အကူအညီကြောင့်သာမဟုတ်လျှင် သူမ သေဆုံးသွားနိုင်သည်မှာ အသေအချာပင်ဖြစ်၏။ ချူးယွင်ဖန်းသာမရှိလျှင် သူမ မည်သူကိုမျှ ရှာနိုင်လိမ့်မည်မဟုတ်ပေ။

လုချင်းရွှမ်သည် လုပ်ငန်းခွင်ဝတ်စုံကို ဝတ်ဆင်ထားလျက် လမ်းလျှောက်လာသည်။ သူမ၏ သွယ်လျပိန်ပါးကာ၊ ကျက်သရေပြည့်ဝသော ပုံရိပ်သည် လွန်ခဲ့သော တစ်နှစ်ခန့်ကနှင့် နှိုင်းယှဥ်ပါက၊ ယခု ပို၍ တောက်ပလျက်ရှိသည်။

“ဆရာချူး၊ ရှင်ဒီကိုရောက်ပြီပဲ” လုချင်းရွှမ်က ကိုယ်တိုင်ကိုယ်ကျ ချူးယွင်ဖန်းကို လာရောက် နှုတ်ဆက်ကြိုဆိုလိုက်သည်။ ထို့ကြောင့် ကုမ္ပဏီမှ ဝန်ထမ်းအသစ်များသည် သူ့အကြောင်း ပို၍ သိချင်လာကြသည်။ သို့သော် ဝန်ထမ်းဟောင်းများသည်မူ ဤကိစ္စနှင့် ပတ်သက်၍ ကျင့်သားရနေကြပြီဖြစ်သည်။ ဝန်ထမ်းဟောင်းများသည် လုချင်းရွှမ်နှင့်အတူ ခက်ခဲသော အချိန်များကို ဖြတ်သန်းခဲ့ကြသည်။ ဤအခိုက်အတန့်တွင် ၎င်းတို့သည် ဒဏ္ဍာရီလာဆရာချူးကို အသစ်အသစ်သော ဝန်ထမ်းများနှင့် မိတ်ဆက်ပေးနေကြသည်။

ဧည့်ကြိုခန်းထဲသို့ဝင်ရောက်ပြီးနောက်၊ ချူးယွင်ဖန်းသည် ဆိုဖာပေါ်တွင်ထိုင်ကာ လုချင်းရွှမ်ပြင်ပေးထားသော လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။

“လတ်တလောကိစ္စတွေက ကောင်းကောင်းမွန်မွန်ဖြစ်နေတာပဲ” ချူးယွင်ဖန်းက ဘာသိဘာသာပြောသည်။

“အဲ့တာတွေအားလုံး ရှင့်ကျေးဇူးကြောင့် ပါ ဆရာချူး၊ ရှင့်ကြောင့်သာ မဟုတ်ရင် ကျွန်မဒီနေရာရောက်မနေမမှာ တောင် ကြောက်တယ်” လုချင်းရွှမ်က လေးစားစွာပြောသည်။

“ဆရာချူး၊ ရှင်ဒီနေ့ ဘာလို့လာခဲ့တာလဲ” လုချင်းရွှမ်က ခဏတာမျှသာ ရပ်ပြီးနောက်၊ တည့်တိုးမေးလိုက်သည်။

မှန်သည်၊ သူမ ချူးယွင်ဖန်းရောက်ရှိလာခြင်းကို ကြိုဆိုသည်။ လွန်ခဲ့သော နှစ်တစ်ဝက်ခန့်တွင် ချူးယွင်ဖန်းသည် မကြာခဏလာလေ့မရှိခဲ့ပေ။ သို့သော် သူရောက်လာသည့်အချိန်တိုင်းတွင် အကျိုးအမြတ်များဏွာ ပေးလေ့ရှိသည်။ ထို့ကြောင့် သူမ၏ လုပ်ငန်းမှာ ခုန်ပျံကျော်လွှားသကဲ့သို့ တိုးတက်လာခြင်းဖြစ်သည်။ သို့မှမဟုတ်လျှင် မည်သို့ပင်ဖြစ်စေ၊ သူမ ဤအတိုင်းအတာအထိ တိုးတက်လာလိမ့်မည်မဟုတ်ပေ။

“ကျွန်တော် လာရင်းကိစ္စကို တည့်တိုးပဲပြောပါ့မယ်။ ကျွန်တော် ခင်ဗျားကုမ္ပဏီကို ဝယ်ချင်တယ်” ချူးယွင်ဖန်းက တုံ့ဆိုင်းနေခြင်းအလျင်းမရှိပြောလိုက်သည်။

“ဘာ”

ချူးယွင်ဖန်းကို သူမကြည့်ကာ၊ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ချူးယွင်ဖန်းတွင်ယခင်က ယွမ်သိန်းဂဏန်းမျှပင်မရှိခဲ့သည်ကို မှတ်မိသည်။ ယခုမူ သူမ၏ ကုမ္ပဏီကိုပင်ဝယ်ယူရန် ပြောနေခြင်းဖြစ်၏။

လွန်ခဲ့သော ခြောက်လပြီးနောက် သူမ၏ကုမ္ပဏီ၏ အမျိုးမျိုးသော ပိုင်ဆိုင်မှုတန်ဖိုးသည် သန်းတစ်ရာကျော်၏။ ချူးယွင်ဖန်း မည်သို့တတ်နိုင်လိမ့်မည်နည်း။

တစ်ချိန်တည်းတွင်ပင် သူမ၏ နှလုံးသားထဲ၌ ကွဲလွဲနေသော ခံစားချက်အချို့ရှိသည်။ ဤကုမ္ပဏီသည် သူမနှင့် သူမဖခင်တို့၏ လုံ့လဝိရိယ၊ သွေး၊ ချွေးများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သဖြင့် ယင်းကို အခြားသူများဝယ်ယူသွားမည်ကို သူမမလိုချင်ခဲ့ပေ။

“ရှင်နောက်နေတာလား ဆရာချူး” လုချင်းရွှမ်က ကြိုးစား၍ ပြုံးလျက် ပြောသည်။

“မဟုတ်ဘူး” ချူးယွင်ဖန်းသည် မတ်တပ်ထရပ်၍ လုချင်းရွှမ်ကို စိုက်ကြည့်ကာ

“လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ ခင်ဗျားက မြန်မြန်ဆန်ဆန်နဲ့ တိုးတက်လာခဲ့တယ် မိန်းကလေးလု။ ကုမ္ပဏီရဲ့ တန်ဖိုးက သန်းဆယ်ဂဏန်းကနေ ရာဂဏန်းအထိ ခုန်တက်သွားခဲ့တယ်။ ဒါပေမယ့် ဒိတိုးတက်မှုရဲ့ အောက်ခြေကို ခင်ဗျား မြင်ပြီးပြီထင်ပါတယ်”

လုချင်းရွှမ် ကြောင်အသွားသည်။ ချူးယွင်ဖန်း၏ စကားလုံးများသည် သူမနားထဲတွင်ပဲ့တင်ထပ်လျက်ရှိသည်။ ကုမ္ပဏီ ဤအဆင့်အထိ တိုးတက်လာခဲ့သော်လည်း သူမအမှန်တကယ်ပင် အနည်းငယ် စွမ်းအားမရှိဟု ခံစားခဲ့ရသည်။

ယခင်က လုချင်းရွှမ်၏ ကုမ္ပဏီသည် အခြားကုမ္ပဏီကြီးများစွာအကြားရှိ အမှုန်အမွှားလေးတစ်ခုသာဖြစ်သည်။ တစ်နည်းအားဖြင့် သူမသည် ငါးကြီးများအကြားမှ ပုဇွန်ကွေးလေးတစ်ကောင်သာဖြစ်သည်။ သို့သော် သူမ၏ကုမ္ပဏီသည် ပုဇွန်တစ်ကောင်အဆင့်မှ ငါးကြီးအဆင့်သို့ တိုးတက်လာသောအခါတွင်မူ၊ အရာအားလုံးပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ သူမသည် လက်ရှိတွင် ထိုကုမ္ပဏီကြီးများနှင့် တိုက်ရိုက်ယှဥ်ပြိုင်နေရပြီဖြစ်၏။

အကယ်၍ လုချင်းရွှမ်သာ အမှုန်အမွှားများကို စားလျှင် ကုမ္ပဏီကြီးများသည် စိတ်ရှုပ်ခံလိမ့်မည်မဟုတ်ပေ။ သို့သော် သူမ ၎င်းတို့၏ ကိတ်မုန့်ဆီသို့ ရောက်လာသည်နှင့် တစ်ပြိုင်နက်၊ ဖိအားမျိုးစုံသည် အဘက်ဘက်မှ ဝင်ရောက်လာသည်။

ယင်းကြောင့် လုချင်းရွှမ် လဲကျသွားလိမ့်မည်မဟုတ်သော်လည်း သူမ နောက်ထပ် မဖွံ့ဖြိုးရန် တားဆီးထားသည့် မမြင်နိုင်သော မျက်နှာကျက်တစ်ခုရှိနေသည်မှာ သေချာသည်။ သာမန်ကုမ္ပဏီတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုအရသာဆိုပါက၊ သူမ အနည်းဆုံး နောက် ဆယ်နှစ်ခန့်ကြာသည်အထိ ရုန်းကန်ရဦးမည်ဖြစ်သည်။ သူအ၏ အဆက်အသွယ်များ တည်ငြိမ်လာသောအခါတွင်မှ သူမ၏ ကုမ္ပဏီ တစ်ဟုန်ထိုး ကြီးထွားလာမည်ဖြစ်သည်။

လုချင်းရွှမ်၏ ကုမ္ပဏီသည် လွန်ခဲ့သည့် တစ်နှစ်ခွဲအတွင် ချောမွေ့စွာ ကြီးထွားလာခဲ့သည်။ သူမသည် ကမ္ဘာကြီး၏ ရက်စက်ကြမ်းကြုတ်မှုကို စတင်ခံစားလာရသည်။

“ခင်ဗျား ဒီ့ထက်ပိုပြီး တိုးတက်ချင်တယ်ဆိုရင် မိန်းကလေးလု၊ နည်းလမ်းတစ်ခုပဲရှိတယ်။ အဲ့တာကတော့ ကျောထောက်နောက်ခံရှိဖို့ပဲ” ချူးယွင်ဖန်းက လက်ညှိုးထိုးလျက်ပြောသည်။

“ကဲ၊ ကောင်းပြီ၊ ကျွန်တော် ခင်ဗျားကို ထောက်ပံ့ပေးနိုင်တယ်။ ကျွန်တော့် အကူအညီနဲ့ ခင်ဗျားကုမ္ပဏီက ချက်ချင်း တစ်ဘီလီယံ၊ ဆယ်ဘီလီယံ တစ်ရာဘီလီယံလောက်အထိ တန်ဖိုး မြင့်တက်လာလိမ့်မယ်” ချူးယွင်ဖန်းကပြောသည်။

“ဆယ်ဘီလီယံ၊ တစ်ရာဘီလီယံ…”

လုချင်းရွှမ်သည် ချူးယွင်ဖန်း၏ ကြီးမားသော ရည်မှန်းချက်ကြောင့်ထိတ်လန့်သွားသည်။ ဆယ်ဘီလီယံခန့်အထိ သူမတွေးခဲ့သော်လည်း ဘီလီယံတစ်ရာဟူသည် သူမမတွေးဖူးသော ပမာဏတစ်ခုဖြစ်သည်။ ထိုကဲ့သို့သော စွမ်းဆောင်မှုသည် ဖီးနစ်ငှက်၏အမွှေး သို့မဟုတ် ယူနီကွန်း၏ ဦးချိုကဲ့သို့ ရှားပါးလှသည်။

လုချင်းရွှမ်က အသက်ပြင်းပြင်းရှုလျက်

“ကျွန်မတို့ စီးပွားရေးကိစ္စပြောနေကြတာဆိုတော့ ကျေးဇူးပြုပြီးပြောပါ ဆရာချူး၊ ရှင် ကျွန်မရဲ့ ကျောထောက်နောက်ခံ ဘယ်လိုဖြစ်လာနိုင်မလဲ။ ကျွန်မသိသလောက်တော့ ရှင့်မိသားစုက သိပ်မချမ်းသာဘူးမလား ဆရာချူး”

“ချမ်းသာတဲ့ မိသားစု ဟုတ်လား။ ကျွန်တော်ကိုယ်တိုင်ချမ်းသာနေပြီးသားမို့ အဲ့လိုမိသားစုမျိုးရှိစရာမလိုဘူး။” ချူးယွင်ဖန်းက ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

“ကျွန်တော် အခုပြောနိုင်တဲ့ သတင်းတစ်ခုရှိတယ်၊ ကျွန်တော် ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ရတယ်”

“ဘာ” လုချင်းရွှမ်က ထိတ်လန့်စွာပြောသည်။ ချူးယွင်ဖန်း၏ စကားကို သူမကြားလိုက်သောအခါ၊ ပြဿနာကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။

ပြည်ထောင်စုတက္ကသိုလ်သည် ကျောင်းသား‌ထောင်သောင်းချီ၍ လက်ခံသော်လည်း လက်တွေ့တွင် ဝင်ခွင့်ရသူရှားပါးသည်။ လူဦးရေဆယ်သန်းကျော်ရှိသည့် တည်ငြိမ်သမုဒ္ဒရာမြို့ကဲ့သို့ ကြီးမားသော မြို့ကြီးတွင် လူနှစ်ဆယ်ခန့်သာ ဝင်ခွင့်ရနိုင်၏။

ပြည်ထောင်စုတ္ကသိုလ်သို့ ဝင်ခွင့်ရသူများသည် ခြွင်းချက်မရှိ လူအများကြားတွင် နဂါးများနှင့် ဖီးနစ်များ ဖြစ်ကြသည်။ ၎င်းတို့၏ အနာဂတ်အောင်မြင်မှုများသည် အကန့်အသတ်မရှိပေ။ ပြည်ထောင်စုတက္ကသိုလ်မှ ထွက်လာသော စီနီယာများအားလုံးသည် လူ့အဖွဲ့အစည်းအတွင်း ရာထူးကြီးများကို သိမ်းပိုက်ထားကြသည်။ ဤကွန်ရက်သည် စိတ်ကူး၍ မရနိုင်သော စည်းစိမ်ဥစ္စာများကို ပိုင်ဆိုင်ထားကြ၏။

၎င်းတို့မျှ ဂရုစိုက်ခံကြရခြင်းမရှိကြသော်လည်း တက္ကသိုလ်မှ ဂျူနီယာများသည် အခြားလူ့အဖွဲ့အစည်းထက် အလိုအလျောက်ပင် အရင်းအမြစ်များပိုမိုရရှိကြသည်။

ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတစ်ဦးသည် ကော်ပိုရေးရှင်းကြီးတစ်ခုတွင် အလုပ်လုပ်ရန် ဆန္ဒရှိနေပါက၊ အနည်းဆုံး မန်နေဂျာအဆင့်မှ စတင်ရမည်ဖြစ်သည်။ အကယ်၍ ၎င်းတို့ကိုယ်ပိုင်စီးပွားရေးကို စတင်မည်ဆိုလျှင် မိနစ်ပိုင်းအတွင်းတွင် ယွမ်သန်းရာချီခန့် ရှာနိုင်လိမ့်မည်ဖြစ်သည်။ လူအများသည် ထိုသို့သော လက်ရွေးစင်များတွင် အရင်းအနှီးစိုက်ချင်ကြသည်။

အတိုချုံးပြောရလျှင် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားဖြစ်ခြင်းသည် လှည့်စားမှုတစ်ခုကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့လုပ်ချင်သည်ကို လုပ်နိုင်ကြသည်။ အစိုးရထဲသို့ ဝင်ချင်လျှင် တိုင်းဒေသကို အုပ်စိုး၍ စစ်တပ်ထဲဝင်ချင်လျှင် ဗိုလ်မှုးကြီးအဆင့် အရာရှိဖြစ်လာရန် အချိန်ကြာမြင့်လိမ့်မည်မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် စီးပွားရေးတွင် ဝင်ရောက်လုပ်ကို်ငမည်ဆိုပါက ၎င်းတို့ကို ရင်းနှီးမြုပ်နှံရန် စောင့်မျှော်နေကြသူများ အဆင်သင့်ရှိနေလိမ့်မည်ဖြစ်သည်။

ထိုအရာသည် အားကျဖွယ်ကောင်းလှသည်။ ထို့ကြောင့် လူအများသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခြင်းကို နဂါးတံခါးဝမှ ခုန်ထွက်လာသည့် ငါးကြင်းနှင့် ခိုင်းနှိုင်းကြသည်။

ငါးကြင်းနှင့် နဂါးသည် မတူညီသော မျိုးစိတ်နှစ်ခုဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်နှင့် အခြားတက္ကသိုလ်များကြား ကွာခြားချက်သည် ငါးကြင်းနှင့် နဂါးတို့အကြားကွာခြားချက်နှင့် များစွာ ကွာခြားမှုမရှိပေ။

၎င်းတို့သည် ၎င်းတို့၏ ပညာရေးဆိုင်ရာ အရည်အချင်းများနှင့် ပတ်သက်၍ မျက်စိစုံမှိတ်ကာ မောက်မာနေကြခြင်းကြောင့် မဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်မှကျောင်းသားများသည် အမှန်တကယ်ပင် အရည်အချင်းရှိသူများဖြစ်ကြသည်။ အများစုသည် မောက်မာကြသော်လည်း ၎င်းတို့၏ အရည်အချင်းနှင့် အချိတ်အဆက်များလည်းရှိနေသေးသည်။ ထို့ကြောင့် ၎င်းတို့ကို လူအများမှ မယှဥ်နိုင်ကြခြင်းဖြစ်သည်။

ဤအခိုက်အတန့်တွင် လုချင်းရွှမ်သည် ချူးယွမ်ဖန်း အဘယ်ကြောင့် ဤမျှ ယုံကြည်ချက်ပြင်းပျနေရသည့်အကြောင်းကို နားလည်သဘောပေါက်သွား၏။

အခန်း(၃၂၃) လုချင်းရွှမ်၏ ကုမ္ပဏီကို သိမ်းယူခြင်း

ပြည်ထောင်စုတက္ကသိုလ်ဝင်ခွင့်ဖြေဆိုနိုင်သူ တစ်သောင်းတွင် တစ်ယောက်သည်သာ ဝင်ခွင့်ရနိုင်၏။ ဤလူများသည် အရည်အချင်းရှိသော ကလေးများ၊ ငယ်ရွယ်သော ပါရမီရှင်များနှင့် လူ့အဖွဲ့အစည်းအတွင်း အောင်မြင်မှုရနေကြသူများဖြစ်ကြသည်။ ၎င်းတို့ထဲမှ အဆိုးဆုံး၊ အညံ့ဖျင်းဆုံးများသည်ပင် လူ့အဖွဲ့အစည်း၏ လက်ရွေးစင် လူလတ်တန်းစားထဲသို့ ရောက်နိုင်၏။ ဤသည်မှာ ၎င်းတို့အတွက် ခက်ခဲသော ကိစ္စမဟုတ်ပေ။

ထို့အပြင် ယခုလည်း ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်တွင် နေရာတစ်ခုရနိုင်ခဲ့သည်။ စီပွားရေးလုပ်ငန်းစတင်ပါက၊ ဆယ်နှစ်အတွင်း ဘီလျံနာတစ်ဦးဖြစ်လာရန် ခက်ခဲမည်မဟုတ်ပေ။

လုချင်းရွှမ်သည် ချူးယွင်ဖန်းကဲ့သို့ တစ်စုံတစ်ဦးကို သူမ၏ ကျောထောက်နောက်ခံအဖြစ်ရရှိမည်ဆိုပါက၊ ကိစ္စများသည် ပို၍ အံ့ဖွယ်ကောင်းလာပေလိမ့်မည်။ သူမ၏ အနာဂတ်သည် အကန့်အသတ်မဲ့ဖြစ်လာပေလိမ့်မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်း၏ အမြင်တွင်မူ ဤသည်ကား အဆုံးသတ်မဟုတ်ပေ။ လုချင်းရွှမ်သည် အထက်တန်းစားအဆင့်သို့ ရောက်ရှိနေပုံပေါ်သော်လည်း စင်စစ်လက်တွေ့တွင်မူ၊ သူမသည် အခြားသူများကဲ့သို့ပင်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ပြည်ထောင်စုတက္ကသိုလ်သည် လူတိုင်းကို ခိုင်မာတောင့်တင်းသော နောက်ခံထောက်ပံ့ပေးလိမ့်မည်ဖြစ်သည်။

သာမန်တက္ကသိုလ်မှ ဘွဲ့ရခဲ့သော လုချင်းရွမ်နှင့် နှိုင်းယှဥ်လျှင် ပြည်ထောင်စုတက္ကသိုလ်မှ ထောက်ပံ့နိုင်သည့် အကျိုးအမြတ်များသည် များစွာပို၍ ကြီးမားသည်။ ဤကျောထောက်နောက်ခံဖြင့် သူမအတွက် သူမကုမ္ပဏီဖွံ့ဖြိုးတိုးတက်စေရန် ပိုမို လွယ်ကူလာပေလိမ့်မည်ဖြစ်သည်။

လုချင်းရွှမ်က အနည်းငယ် စိတ်ရောထွေးလျက်ရှိသည်။ ဤအခိုက်အတန့်တွင် သူမ ရှေ့သို့ ဆက်လက်လျှောက်လှမ်းရန် လွန်စွာပို၍ ခက်ခဲလျက်ရှိသည်။ သို့သော် အကယ်၍ သူသာ ချူးယွင်ဖန်း၏ အကူအညီကို ရနိုင်လျှင် ကိစ္စများ ပို၍ လွယ်ကူချောမွတ်လာမည်မှာ သေချာ၏။

“ခင်ဗျားကုမ္ပဏီကို ကျွန်တော့်ကို အခု ဝယ်ခိုင်းလိုက်ရင် ခင်များ အရှုံးရှိမှာမဟုတ်ဘူး။ နောင်အနာဂတ်မှာ ပိုများတဲ့ အကျိုးအမြတ်တွေ ခင်ဗျားခံစားရလိမ့်မယ်”

အချိန်များစွာကြာမြင့်ပြီးနောက် လုချင်းရွှမ်က ခါးသက်စွာ ပြုံး၍ ပြောသည်။

“ဆရာချူး၊ အဲ့မှာ အရှုံးရှိမယ်လို့ ကျွန်မမထင်ပါဘူး။ ကုမ္ပဏီက ဒီထက်ပိုပြီး အများကြီး တိုးတက်လာမှာကို တောင် ကျွန်မမြင်ယောင်မိနေသေးတယ်။ ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေက ကျုံ့သွားမှာမဟုတ်ဘဲ ပိုပြီးများလာအောင် ကျွန်မလုပ်လို့ရနိုင်ပါသေးတယ်။ အခု ကျွန်မ တွန့်ဆုတ်နေရတဲ့အကြောင်းက ဒီကုမ္ပဏီက ကျွန်မအဖေနဲ့ ကျွန်မအပါအဝင် မျိုးဆက်နှစ်ခုရဲ့ ကြိုးစားအားထုတ်မှုနဲ့ တည်ဆောက်ထားရတာကြောင့်ပါ။ ကျွန်မ ကုမ္ပဏီကို ဒီလိုမျိုး မလွှဲပြောင်း ပေးချင်ဘူး။

ချူးယွင်ဖန်းက ဤစကားကို ကြားသောအခါ လုချွင်းရွှမ်မှ ခံစားချက်များကို အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း သိသည်။ သူသည် လုချင်းရွှမ်ကို ဤမျှထိ ထိန်းချုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် အနည်းငယ်ပင် အံ့သြမိသွားသည်။

“စိတ်ပူစရာမလိုပါဘူး။ ကျွန်တော့ရည်မှန်းချက်က ကုမ္ပဏီတစ်ခု ဦးစီးဖို့မဟုတ်ဘူးဆိုတာ ခင်ဗျားသိမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်ရည်မှန်းချက် စွမ်းအားကြီး သိုင်းပညာရှင်တစ်ယောက်ဖြစ်ဖို့ပါပဲ၊ ဒါပေမယ့် အကယ်၍ ကျွန်တော်ဆက်သွားချင်ရင် လုံလောက်တဲ့ ငွေကြေးအထောက်အပံ့တစ်ခု လိုအပ်တယ်။ အဲ့တာကြောင့် ကျွန်တော် ခင်ဗျားကုမ္ပဏီကို ဝယ်ချင်တာပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော် ဘယ်ကုမ္ပဏီကို ဝယ်ဝယ်ရတယ်။ ခင်ဗျားဆီလာရတဲ့ အကြောင်းအရင်းက ကျွန်တော် ခင်ဗျားကို ယုံကြည်လို့ပါ။ ဒီနေ့ခေတ် ကမ္ဘာမှာ ဘယ် ထိပ်တန်း အာဏာရှိပုဂ္ဂိုလ်တွေက သူတို့နောက်မှာ ကော်ပိုရေးရှင်းကြီးတွေ မထားကြလို့လဲ။ တစ်ဦးချင်းတိုက်တိုက်ပွဲခေတ် ကုန်သွားပြီ”

“ကျွန်တော် ခင်ဗျားကို ကုမ္ပဏီနဲ့ ခွဲခွာလိုက်တာလို့ မထင်ဘူး။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ ကိစ္စပဲလို့ မထင်ဘူးလား။ ဘဝဆိုတာ ခါးသီးတဲ့ ပင်လယ်ပါ။ ကျွန်တော် ခင်ဗျားကို ကူညီမယ်။ စည်းစည်းလုံးလုံးရှိမှ ကျွန်တော်တို့ရဲ့ အဆုံးသတ်ပန်းတိုင်ကို ရောက်နိုင်မှာပါ”

“ကောင်းတယ်၊ ဆရာချူးက ကျွန်မကုမ္ပဏီမှာ ရှယ်ယာဘယ်လောက် ယူဖို့ စဥ်းစားထားလဲ။ လက်ရှိအချိန်မှာတော့ ကျွန်မအဖေနဲ့ ကျွန်မပဲ ကုမ္ပဏီရဲ့ တစ်ဦးတည်းသော ရှယ်ယာဝင်တွေပေါ့။ ကျွန်မကုမ္ပဏီကို ဒီနည်းနဲ့ ကိုယ်စားပြုနိုင်ပါတယ်” လုချင်းရွှမ်က အံကိုကြိတ်လျက် ပြောသည်။ ယခုမှသာ သူမ၏ ထိန်းချုပ်ထားသည့် ပြင်းပျသော ဆန္ဒကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ လူအများ ဝေဖန်သည်ကို မကြိုက်ကြသော်လည်း ချူးယွင်ဖန်း သူမအား ဖော်ပြခဲ့သည့် အနာဂတ်သည် ဆွဲဆောင်မှုအားကောင်းလွန်းလှသည်။ သူမသည် ထိုအနာဂတ်ကတိကြောင့် စိတ်လှုပ်ရှားသွားခြင်းဖြစ်၏။

“ခင်ဗျား ကုမ္ပဏီရှယ်ယာရဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်းကို ကျွန်တော်ဝယ်ဖို့ ယွမ်သန်းတစ်ရာပေးမယ်။ အဲ့တာဆို ကျွန်တော်က ခင်ဗျားကုမ္ပဏီရဲ့ အကြီးဆုံး ရှယ်ယာရှင်ဖြစ်လာမယ့်အပြင် သူဌေးလည်းဖြစ်လာမှာပါ” ချူးယွင်ဖန်းကပြောသည်။ “ဒါပေမယ့် ကျွန်တော် အဲ့တာကိုမစီစဥ်နိုင်တဲ့အတွက်ကြောင့် ခင်‌ဗျားကို စီအီးအိုအဖြစ်ခန့်ထားမယ်။ ဒါပေမယ့် စာရင်းကိုင်တစ်ယောက်ကို စာရင်းတွေ ပုံမှန်စစ်ပေးဖို့ ကျွန်တော်ခိုင်းထားမှာပါ။ မေးခွန်းရှိလား”

လုချင်းရွမ် အနည်းငယ် ချင့်ချိန်စဥ်းစားကြည့်လိုက်သည်။ ရှယ်ယာ ခုနှစ်ဆယ်ရာခိုင်နှုန်းအတွက် ငွေသန်းတစ်ရာဟူသည် အမှန်တကယ်ပင် ပရီမီယံစျေးနှုန်းဖြစ်သည်။ ချူးယွင်ဖန်းသည် သူ၏ စွမ်းအားကို အသုံးပြု၍ အခြားသူများကို အနိုင်ကျင့်ရန်ရည်ရွယ်ချက်မှရှိပေ။ လိုလည်းမလိုအပ်ပေ။ ချူးယွင်ဖန်း ပြောခဲ့သည့်အတိုင်းပင် ၎င်းတို့ကဲ့သို့ ကုမ္ပဏီအမြောက်အများရှိသဖြင့် အချိန်မရွေးအခြားကုမ္ပဏီတစ်ခုကိုရှာနိုင်၏။

ချူးယွင်ဖန်းမှ လုချင်းရွှမ်ကို ရှာရသည့်အကြောင်းအရင်မှာ သူမ၏စရိုက်ကြောင့်ပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် အစမှစတင်၍ အခြားကုမ္ပဏီတစ်ခုကို စတင်ရန် အချိန်မရှိပေ။ ထိုသို့လုပ်လျှင် အချိန်ပေါင်းများစွာ ပေးရပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် မိမိယုံကြည်ရသော တစ်စုံတစ်ယောက်ကို ရွေးချယ်၍ အာဏာလွှဲပြောင်းပေးအပ်ထားခြင်းသည် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။

ဥပဒေနှင့် စည်းမျဥ်းများသည် ယခုအချိန်တွင် အလွန်ပြည့်စုံနေပြီဖြစ်သည်။ အထူးသဖြင့် အစုရှယ်ယာရှင်များနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်သည့်နေရာတွင်ဖြစ်ရာ၊ ဥပဒေများသည် အလွန်ပြီးပြည့်စုံနေပြီဖြစ်သဖြင့် လုချင်းရွှမ်မှ သူ့နောက်ကျောသို့ ဓားထိုးနိုင်ချေသည် အလွန်နည်းပါးသည်။

“ကောင်းပြီ ဒါဆို ဒီကိစ္စကို ဒီလိုထားလိုက်ကြရအောင်” လုချင်းရွှမ်က ချက်ချင်းသဘောတူလိုက်သည်။ သူမသည် ထိုသို့သော အခြေအနေများကိုသဘောမတူလျှင် လူမိုက်တစ်ယောက်ဖြစ်ပေလိမ့်မည်။

ချူးယွင်ဖန်းက ပြောသည်။

“‌နောက်ရက်အနည်းငယ်အတွင်း ခင်ဗျားဆီကို နောက်ထပ် သန်းငါးရာထပ်လွှဲပေးမယ်။ ဒီအရင်းအနှီးကို ထည့်သုံးပြီးတော့ ခင်ဗျား နောက်ထပ် ဆေးပညာရှင်တွေ တိုးချဲ့ စုဆောင်းလို့ရလိမ့်မယ်။ တတ်နိုင်သလောက် အချိန်တိုအတွင် ကုမ္ပဏီကို ပိုကြီးပြီး ပိုခိုင်မာအောင်လုပ်ဖို့ လိုတယ်”

“ပိုက်ဆံက ကိစ္စမဟုတ်ပါဘူး။ အချိန်တိုအတွင်းမှာ လုပ်ငန်းချဲ့ထွင်ဖို့က ခက်ခဲလိမ့်မယ်” လုချင်းရွှမ်က ပြောသည်။

“ကျွန်တော်တို့ ဘာလို့ အချိန်တိုအတွင်းမှာ လုပ်ငန်းချဲ့ဖို့ မဖြစ်နိုင်ရမှာလဲ။ ကျွန်တော့်မှာ အထူးဆေးဖော်မျူလာတွေရှိတယ်။ ကျွန်တော် တစ်ခု ခင်ဗျားဖို့ ရွေးပေးပါ့မယ်။ အချိန်ကျလာရင် ကျွန်တော်တို့ မရောင်းရဘဲနေမှာမဟုတ်ဘူး” ချူးယွင်ဖန်းက သူရဲကောင်းဆန်စွာပြောသည်။

မှန်သည်။ ချူးယွင်ဖန်းသည် ထိုသို့သော ဆုံးဖြတ်ချက်ကို စိတ်အားထက်သန်မှုတစ်ခုတည်းဖြင့် ချခဲ့ခြင်းမဟုတ်ခဲ့ပေ။ ယင်းသည် အလုပ်ဖြစ်လိမ့်မည်ဖြစ်ကြောင်း သူယုံကြည်မှု အပြည့်အဝရှိသည်။ သူနှင့် ပိုင်ဟုန်သည် အရည်အသွေးမြင့်ဆေးများ၏ စျေးကွက် ဝယ်လိုအားကို မြင်ခဲ့ကြပြီးဖြစ်သည်။ ချူးယွင်ဖန်းသည် အဆင့်မြင့်သော ဆေးဖော်မြူလာများကို လက်ဝယ်ကိုင်ဆောင်ထားသည်။ ၎င်းတို့ထဲမှ တစ်ခုသည် ကုမ္ပဏီကို လက်ရှိထက် ပို၍ ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ပေးလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုဆေးဖော်မျူလာများစွာ လက်ဝယ်ရှိသဖြင့် ကုမ္ပဏီမဖွံ့ဖြိုးမည့်အခြေအနေမျိုး ရှိလာလိမ့်မည်မဟုတ်ပေ။

လုချင်းရွှမ်၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ သူမ ဤနယ်ပယ်ထဲတွင်နေခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ချူးယွင်ဖန်း၏ ဆိုလိုရင်းကို မည်သို့ နားမလည်ဘဲနေလိမ့်မည်နည်း။ ထိုကုမ္ပဏီကြီးများ၏ ခြေကုပ်မှာ ပြင်ပလူများမရရှိနိုင်သည့် အထူးဆေးဖော်မြူလာများပင်ဖြစ်သည်။

ဆေးဖော်မြူလာများသည် ယခုအခါ လူ့အဖွဲ့အစည်းတွင် ယေဘုယျအချက်အလက်များဖြစ်လာခဲ့သော်လည်း ထိုအဖြွ့အစည်းကြီးများတွင် ဆေးဖော်မျူလာများစွာ ရှိနေသေးသည်။ အကယ်၍ လုချင်းရွှမ်သာ ထိုဆေးဖော်မြုူလာတစ်ခုကို ရရှိနိုင်လျှင် ကုမ္ပဏီ ကြီးထွားလာရန် လွယ်ကူပေလိမ့်မည်။ သမိုင်းတစ်လျှောက်တွင် ကုမ္ပဏီကြီးများစွာသည် ၎င်းတို့၏ တည်ထောင်သူများ ဤအထူးဆေးဖော်မြူလာများထဲမှ တစ်ခုကို ကံကောင်း၍ ရရှိခဲ့ပြီးနောက်၊ ကြီးမားသော တိုးတက်ပြောင်းလဲမှုများကို ပြုလုပ်နိုင်ခဲ့ကြသည်။

“အရမ်းကောင်းတယ်” လုချင်းရွှမ်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။ ချူးယွင်ဖန်း၏ အာမခံချက်ကြောင့် သူမသည် သဘောတူညီချက်အပေါ်ပို၍ ယုံကြည်လာခဲ့သည်။ သူမ ချူးယွင်ဖန်းအားကြည့်သော အကြည့်များထဲတွင် လေးစားမှုများ အပြည့်ရှိ၏။

လုချင်းရွှမ်သည် ချူးယွင်ဖန်းတွင် ပိုမိုနက်ရှိုင်းသော နောက်ခံရှိနေသည်ဟု သံသယဝင်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူ၏ အံ့ဖွယ်ဆေးပညာကျွမ်းကျင်မှု သို့မဟုတ် သူထုတ်နိုင်သည့် ဆေးဖော်မြူလာများဖြစ်စေ၊ ယင်းတို့သည် သာမန်လူတစ်ဦး ပိုင်ဆိုင်ထားသည်ထက် များစွာ သာလွန်၏။

ချူးယွင်ဖန်းသည် အချိန်တိုအတွင်း ယွမ်သန်းခြောက်ရာခန့် အသုံးပြုခဲ့သည်။ ဤသို့သော သုံးဖြုန်းမှုအရှိန်သည် ရယ်ဖွယ်ကောင်းလှသည်။

ပိုင်ဟုန်ထံမှ ရရှိသော တစ်ဘီလီယံယွမ်သည် အဖိုးတန်လှသည်။ သို့‌သော် ဤသည်မှာ လိုအပ်သော အသုံးစရိတ်တစ်ခုဖြစ်သဖြင့် ချူးယွင်ဖန်း ရှောင်လွှဲ၍ မရပေ။

အခန်း(၃၂၄) ကုမ္ပဏီတည်ထောင်မှုနှင့် ယင်း၏ အနာဂတ်အလားအလာ

ရှယ်ယာဝယ်ယူခြင်း စာချုပ်ကို လျင်မြန်စွာပင် လက်မှတ်ထိုးခဲ့ကြသည်။ နောက်နေ့မနက်၊ အရာအားလုံး ပပြီးဆီးသွားသောအခါတွင် ချူးယွင်ဖန်းသည် ကုမ္ပဏီကို အောင်မြင်စွာ လွှဲပြောင်းယူလိုက်သည်။

မှန်သည်။ ချူးယွင်ဖန်းသည် အုပ်ချုပ်ရေးပိုင်းတွင် ပါဝင်မည်မဟုတ်ပေ။ သူ့တွင် အချိန်နှင့် စွမ်းအင် အလုံအလောက်မရှိပေ။

ဝယ်ယူမှုပြီးဆီးသွားသောအခါ ချူးယွင်ဖန်းသည် လုချင်းရွှမ်အား သူကြိုပြင်ထားသည့် ချီပြည့်ဝဆေး ဖော်မြူလာတစ်ခုကို ပေးလိုက်သည်။ ဤဆေးသည် ချီစွမ်းအင်ပြည့်ဝနှုန်းကို ပို၍ မြန်ဆန်စေသည်။ မည်သူကမျှ ချူးယွင်ဖန်းကဲ့သို့ နတ်ဘုရားကျင့်စဉ်ကို ကျင့်ကြံ၍ စွမ်းအင်ကို အမြန်အဆန် ပြည်လည် ဖြည့်တင်းနိုင်မည်မဟုတ်ပေ။ ၎င်းတို့အတွက်မူ ချီပြည့်ဝဆေးကို လိုအပ်၏။

ချီပြည့်ဝဆေးဖော်မြူလာသည် စျေးနှုန်းအားဖြင့် လက်ရှိစျေးကွက်ထဲတွင် ကျော်ကြားကာ လူသိများ ချီပြည့်ဝဆေး ဖော်မျူလာများနှင့် အတူတူပင်ဖြစ်သော်လည်း အကျိုးသက်ရောက်မှုသည်မူ နှစ်ဆကျော်မည်ဖြစ်သည်။

ချီပြည့်ဝဆေးများသည် စျေးမကြီးလှသော်လည်း တောထဲသို့အမြဲတစေသွားနေရသည့် မွန်းစတားအမဲလိုက်မုဆိုးများနှင့် ကုန်သည်များအတွက်မူ လိုအပ်သောအရာတစ်ခုဖြစ်သည်။ အရေးကြီးသော အခိုက်အတန့်များတွင် ယင်းသည် ၎င်းတို့၏ အသက်ကို ကယ်နိုင်၏။ ထို့ကြောင့် ရောင်းအားသည် အလွန်မြင့်မားမည်ဖြစ်ရာ၊ အကယ်၍ ထိုကဲ့သို့ ဆေးဖော်မြူလာကို ရနိုင်ပါက မိမိတို့၏ လုပ်ငန်း တိုးတက်မြင့်မားလာရန် ခက်ခဲမည်မဟုတ်ပေ။

လက်ရှိတွင် ဤဖော်မြူလာသည် လုချင်းရွှမ် ခြေကုပ်ရရန်အတွက် လုံလောက်သည်။ အခြားအရာများ ထပ်မံမစိုက်ထုတ်သင့်ပေ။ မဟုတ်လျှင် အခြား လုပ်ငန်းကြီးများသည် စည်းမျဉ်းများကို ချိုးဖောက်၍ ၎င်းတို့ကို ချိုးနှိမ်ရန် လုပ်ကြပေလိမ့်မည်ဖြစ်သည်။ အခြားစစ်မှန်သော လုပ်ငန်းကြီးများမဆိုနှင့် ချူးကျိကော၏ တန်ဒါအဖွဲ့သည်ပင် ၎င်းတို့ကို ကျရှုံးလုနီးပါးဖြစ်စေနိုင်ခဲ့သည်။

ဖော်မျူလာကို ရရှိပြီးနောက် လုချင်းရွှမ် အလွန်ပျော်ရွှင်နေခဲ့သည်။ ၎င်းကို ကြည့်ရှု့ပြီးနောက် ချူးယွင်ဖန်းအတွက် ကုမ္ပဏီ၏ တန်ဖိုးကို ဘီလီယံများစွာအထိ တိုးမြှင့်ရန်မျှော်လင့်ချက်ရှိကြောင်း သူမခံစားမိသည်။

အကယ်၍ လျှို့ဝှက်ဆေးဖော်မြူလာသာမရှိလျှင် ယင်းပိုက်ဆံများအားလုံးသုံးစွဲခြင်းသည် အသုံးမဝင်ပ‌ေ။ ဆေးကုမ္ပဏီများသည် လက်ရှိတွင် များပြားလွန်းသဖြင့် ပြိုင်ဆိုင်မှု ပြင်းထန်သည်။ လျှို့ဝှက်ဖော်မြူလာမရှိလျှင် ၎င်းတို့ကို ခုခံရန် မဖြစ်နိုင်ပေ။ ဤသည်မှာ ကုမ္ပဏီတန်ကြေး သန်းတစ်ရာအထိ ရောက်ရှိပြီးနောက်၊ အဘယ်ကြောင့် လုချင်းရွှမ်၏ ကုမ္ပဏီ ရုန်းကန်နေရသည့် အခြေခံအကြောင်း ပြချက်ပင်ဖြစ်သည်။

ဤအဆင့်တွင် လုချင်းရွှမ်သည် သူမ၏ အခြေခံအုတ်မြစ်ကို နက်ရှိုင်းသည်အထိ လုပ်ဆောင်ရန် လိုအပ်သည်။ လူကြိုက်များသော ဆေးများကိုအားကိုး၍ ခပ်ဝေးဝေးသို့ ရောက်ရန် ခက်ခဲသည်။ သို့သော် အထူးဖော်မြူလာများရရှိရန်မူ အားထုတ်မှုများစွာလိုအပ်သည်။ သူမသည် ၎င်းတို့ကို စုဆောင်းရန် အချိန်များစွာ လိုအပ်သည့်အပြင်၊ တောတွင်းစူးစမ်းရှာဖွေရေးအဖွဲ့များကို ထောက်ပံ့ရန်လည်း လိုအပ်မည်ဖြစ်သည်။ တောတွင်းကို စူးစမ်းလေ့လာခြင်းဖြင့် အသုံးပြုနိုင်သော ဆေးဖော်မြူလာများကို ရှေးဟောင်းအမွေအနှစ်များမှ ရှာဖွေနိုင်မည်ဖြစ်သည်။

စူးစမ်းရှာဖွေရေးအဖွဲ့များ အလွန်ရေပန်းစားလာသည့်အကြောင်းမှာ ကုမ္ပဏီကြီးများ၏ ပံ့ပိုးကူညီမှုကြောင့်ဖြစ်သည်။ သို့သော် ထိုအဖွဲ့များတွင် ကျောထောက်နောက်ခံများ ကိုယ်စီရှိနှင့်ပြီဖြစ်သဖြင့် ယွမ်ဘီလီယံနှင့်ချီ၍ တန်ကြေးရှိသည့် ကုမ္ပဏီကြီးများမှလွဲလျှင် ဂရုမစိုက်ကြပေ။ စူးစမ်းရှာဖွေရေးအဖွဲ့ငယ်များသည်မူ ငွေကြေးမလုံလောက်သော်လည်း ၎င်းတို့တွင် အရည်အချင်းအလုံအလောက်မရှိပေ။ ထို့ကြောင့် အချိန်ကြာမြင့်သည်အထိ ၎င်းတို့ထံမှ အကျိုးအမြတ်ရနိုင်လိမ့်မည်မဟုတ်ပေ။

ဤသည်မှာ စုဆောင်းမှုဖြစ်စဥ်တစ်ခုဖြစ်သည်။ နာမည်အကြီးဆုံး ငွေကြေးအဖွဲ့များနှင့် ကုမ္ပဏီကြီးအများစုတွင် နှစ်ဆယ်ချီ၊ ရာချီသော သမိုင်းကြောင်းများရှိကြသည်။ ကျန်းမိသားစုကဲ့သို့ အသိုင်းအဝိုင်းကြီးများသည် ကပ်ဆိုးကြီးတစ်ခုအပြီးတွင် နှစ်ပေါင်းရာနှင့်ချီ၍ တိုးတက်ဖွံ့ဖြိုးလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့တွင် လက်ရှိအာဏာရှိနေခဲ့သောကြောင့်ဖြစ်သည်။

ချူးယွင်ဖန်း၏အကူအညီဖြင့် ဤဖြစ်စဥ်တစ်ခုလုံးကို သိသာစွာ အချိန်တိုပစ်လိုက်နိုင်သည်။ ထို့ကြောင့် အချိန်တိုအတွင်းတွင် ၎င်းတို့ ကုမ္ပဏီဖွံ့ဖြိုးတိုးတက်လာရန်ပြဿနာမရှိပေ။

ဤပုံသေနည်းဖြင့် လုချင်းရွှမ်သည် စိတ်အားထက်သန်မှုအပြည့်ရှိသည်။ သူမသည် အချိန်ပိုအလုပ်လုပ်၍ ကုမ္ပဏီတိုးချဲ့မည့်အစီအစဥ်ကို အလျင်အမြန်ရေးဆွဲခဲ့သည်။ နောက်တစ်နေ့တွင် ၎င်းကို ချူးယွင်ဖန်းကြည့်ရန် ပို့ပေးလိုက်သည်။

ချူးယွင်ဖန်းသည် ဤအစီအစဥ်ကို လေ့လာကြည့်လိုက်သည်။ ၎င်းသည် အလွန့်အလွန်ပင် ကောင်းမွန်သော်လည်း အစီအစဥ်အောင်မြင်နိုင်မည်၊ မအောင်မြင်နိုင်မည်ဟူသည် လုချင်းရွှမ်၏အပေါ်၌သာ မူတည်၏။ ၎င်းသည် ပြဿနာမရှိပေ၊ ပြည်ထောင်စုတက္ကသိုလ်တွင် ချူးယွင်ဖန်း ကောင်းစွာ ကြိုးစားသရွေ့ လုချင်းရွှမ်ဘက်မှ မည်သူမျှ သူ့ကို ပြဿနာရှာဝံ့မည်မဟုတ်ပေ။

ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတစ်ယောက်၏ သြဇာကို မည်သူမျှ လျှော့တွက်ဝံ့ကြလိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်း လုပ်ရမည့်အရာမှာ ပင်ပန်းစွာ လေ့လာ၍ပို၍ သန်မာလာရန်သာဖြစ်သည်။ သူ ပို၍ အင်အားကြီးလာလေလေ၊ ပို၍ အကာအကွယ်ပေးနိုင်လေဖြစ်သည်။

ကုမ္ပဏီကို စတင်တိုးချဲ့ခဲ့သဖြင့် လုပ်ဆောင်ရမည့်အရာများစွာ ရှိလာခဲ့သည်။ ကိစ္စအများစုကို လုချင်းရွှမ်က ဖြေရှင်းပေးခဲ့သော်လည်း ချူးယွင်ဖန်း အဖြေရှာရမည့်အရာများစွာရှိသည်။ ဂီယာများနေရာကျ၍ စတင်လည်ပတ်သောအခါ၊ ကိစ္စများ ပို၍ ကောင်းမွန်လာ၏။

ဆယ်ရက်ကြာပြီနောက်၊ ကုမ္ပဏီသည် ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ချူးယွင်ဖန်းသည် ၎င်းကို ရှန်ဟဲဆေးကုမ္ပဏီဟု အမည်ပေးခဲ့သည်။

ကုမ္ပဏီဝန်ထမ်း‌ခေါ်ယူမှုသည် နောက်ဆုံးတွင်ပြီးမြောက်ခဲ့သည်။ ဆေးသင်တန်းသားအများစုကို လစာမြင့်မြင့်ဖြင့် ငှားရမ်းခဲ့သည်။ ၎င်းတို့ထဲတွင် တရားဝင်ဆေးပညာရှင် နှစ်ယောက်ပင်ပါဝင်၏။ ဤနှစ်ယောက်သည် ကုမ္ပဏီ၏ ကျောက်တုံးများဖြစ်ရာ၊ ဆေးဖော်စပ်သည့် ဖြစ်စဥ်တွင် ဖြစ်ပေါ်လာသည့် ကိစ္စများကို ကိုင်တွယ်ရန် တာဝန်ရှိသည်။

ချူးယွင်ဖန်းသည် လုချင်းရွှမ်ကို ချီဖြည့်တင်းဆေးဖော်မြူလာအတွက် မူပိုင်ခွင့်တင်ခွင့်ပြုခဲ့သည်။ ဤနည်းဖြင့် အခြားသူမျာသည် ဤဆေးဖော်မြူလာကို ရရှိခဲ့ကြလျှင်ပင် ၎င်းကို ပြန်လည် ထုတ်လုပ်ရောင်းချနိုင်လိမ့်မည်မဟုတ်ပေ။

ခေတ်သစ်လူ့အဖွဲ့အစည်းတွင် မူပိုင်ခွင့်အကာအကွယ်များသည် အလွန်ပြင်းထန်သည်။ စီးပွားရေးကုမ္ပဏီကြီးများသည်ပင် စည်းကို အလွယ်တကူမကျော်ဝံ့ကြပေ။ စည်းကျော်မိ၍ လျော်ရမည့် လျော်ကြေးငွေသည် ကြီးမားသော လုပ်ငန်းကြီးများကို ပင် အကြီးအကျယ်ဒုက္ခရောက်စေနိုင်သည်။

မှန်သည်။ မူပိုင်ခွင့်များအတွက် သက်တမ်းကုန်ဆုံးရက်ဟူ၍လည်းရှိသည်။ ပုံမှန်အားဖြင့် မူပိုင်ခွင့်သည် အနှစ်နှစ်ဆယ်သက်တမ်းရှိမည်ဖြစ်ရာ၊ အနှစ်နှစ်ဆယ်အတွင်းတွင် ယင်းကို ရှန်ဟဲကုမ္ပဏီကသာ ထုတ်လုပ်ခွင့်ရှိသည်။ အခြားကုမ္ပဏီများက ၎င်းက ထုတ်လုပ်မည်ဆိုပါက မူပိုင်ခွင့် ချိုးဖောက်ခြင်းဖြစ်လိမ့်မည်။ အခြားကုမ္ပဏီကြီးများသည် ဆေးများကို လျှို့ဝှက်ထုတ်လုပ်နိုင်မည်ဖြစ်သော်လည်း အမြောက်အများ ရောင်းချနိုင်လိမ့်မည်မဟုတ်ပေ။ သို့သော် ၎င်းတို့သည် ပမာဏအနည်းငယ်ကို တိတ်တဆိတ်ထုတ်လုပ်လျှင်မူ၊ ပြဿနာမရှိပေ။

နှစ်ပေါင်းနှစ်ဆယ်ခန့်ကြာပြီးနောက်၊ လူတိုင်း ဤဆေးကို ထုတ်လိုက်နိုင်သောအခါ၊ ချူးယွင်ဖန်းသည်‌ ဖော်မြူလာကို လူသိရှင်ကြား ကြေညာ၍ လူသားမျိုးနွယ်တစ်ခုလုံးကို အကျိုးပြုရန် စီစဥ်ထားသည်။ ထိုအချိန်တွင် ရှန်ဟဲကုမ္ပဏီသည် လုပ်ငန်းကြီးများထဲမှ တစ်ခုဖြစ်လာပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ၎င်းကို ထာဝရလျှို့ဝှက်ထားရန် အစီအစဥ်မရှိပေ။ နောက်ဆုံးတွင်မူ သူ၏ မှတ်ဉာဏ်ထဲ၌ ဤဖော်မြူလာများစွာရှိသဖြင့် အမြတ်ရရန် စိတ်ပူနေရန်မလိုအပ်ပေ။

ဤသည်ကလည်း သူ့အတွက် အန္တရာယ်များကို ရှောင်ရန်နည်းလမ်းတစ်ခုဖြစ်သည်။ တကယ်တမ်းတွင် ၎င်းတို့သည် ထိုလုပ်ငန်းကြီးများ၊ မိသားစုကြီးများနှင့်မတူပေ။

အခြားကုမ္ပဏီကြီးများနှင့် လုပ်ငန်းစုကြီးများကို တားဆီးရန် မူပိုင်ခွင့်ကိုသာ အသုံးပြုနိုင်သည်။ ကမ္ယာတစ်ဝှမ်းရှိ သူငယ်ချင်းများရှိသည့်ပိုင်ဟုန်ကဲ့သို့သော ပညာရှင်ကြီးများသည် ပြီးပြည့်စုံသော ကိုယ်ခန္ဓာသန့်စင်ဆေးများကို ထုတ်ပေးချင်သော်လည်း ယင်းကို အကောင်အထည်ဖော်ရန် ဤနည်းလမ်းကို အသုံးပြုရမည်ဖြစ်သည်။

မှန်သည်။ ရှန်ဟဲကုမ္ပဏီသည် ပိုင်ဟုန်ကုမ္ပဏီ၏ အပိုင်းတစ်ပိုင်းစာမျှပင်မရှိပေ။ ထို့ကြောင့် ကနဦးတိုးတက်မှုသည် သိသာလိမ့်မည်မဟုတ်သည့်အပြင် အလွန်နှေးကွေးပေလိမ့်မည်ဖြစ်သည်။ သို့သော် အခြားတစ်ဖက်တွင်မူ၊ ထိခိုက်မှသည်လည်း ကြီးမားလိမ့်မည်မဟုတ်ပေ။ နှစ်အနည်းငယ်အတွင်းတွင် မည်သူမျှ သူ့အား စော်ကားပုန်ကန်နိုင်တော့လိမ့်မည်မဟုတ်ဟု ချူးယွင်ဖန်း ယုံကြည်မှုရှိသည်။

ချူးယွင်ဖန်းသည် နောက်ရက်အနည်းငယ်ကို အသုံးချ၍ သူ့ကိုယ်သူအနားပေးရန်နှင့် အလည်အပတ်သွားရန် စီစဥ်ထားသည်။ မှန်သည်။ ဤအလည်အပတ်သည် သူ၏ ဆွေမျိုးများထံသို့သွားရန်ပင်ဖြစ်၏။

ဤကာလအတွင်းတွင် ချူးယွင်ဖန်းသည် သူ၏ညီမကို အခြေခံအုတ်မြစ်တည်ဆောက်မှု အပြီးသတ်ရန် ကူညီပေးခဲ့သည်။ သူမအတွက် အကောင်းဆုံးသော မရီးဒျန်ဆေးလုံးကို ကိုယ်တိုင်ကိုယ်ကျ ဖော်စပ်ပေးခဲ့သည်။ သူရောင်းသည့် အရည်အသွေးပြည့်မီသော မရီးဒျန်ဆေးများမဟုတ်ပေ။ ဤဆေးကို စံဖော်မြူလာအရ ဖော်စပ်ထားခြင်းဖြစ်သည်။ ကုန်ကျစရိတ်မည်သို့ပင်ရှိစေကာမူ၊ သူသိထားသည့်အကောင်းဆုံးအရာများနှင့် အကောင်းဆုံး မရီးဒျန်ဆေးကို ဖော်စပ်ခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ဤမရီးဒျန်ဆေးကြောင့် ယွမ်သန်းသုံးဆယ်ခန့်အသုံးပြုခဲ့ရသည်။ ၎င်းက ချူးချင်ရွှမ်ကို မရီးဒျန်သန့်စင်ခြင်းဖြစ်စဥ်ကို ပြီးမြောက်အောင်မြင်စေနိုင်ခဲ့သည်။ အချိန်တိုအတွင်းတွင် ချူးချင်ရွှမ်သည် သွေးအသစ်ဖြစ်ပေါ်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ချူးချင်ရွှမ်သည် ချီပြည့်ဝခြင်းအဆင့်ကို အချိန်တိုအတွင်းတွင် ဖြတ်ကျော်နိုင်မည်ဖြစ်သည်။ ဤသည်က ချူးယွင်ဖန်းထက် များစွာပို၍အစွမ်းထက်ရာ၊ သူမ၏အနာဂတ်သည် အကန့်အသတ်မရှိပေ။

All Chapters