← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း(၃၂၅) ဆယ်ရက်အတွင်း ငွေကို ရေကဲ့သို့ သုံးခြင်း

နေသာသော နေ့တစ်နေ့တွင် ချူးယွင်ဖန်းသည် ကိစ္စများစွာကို ပြီးမြောက်ပြီးနောက်၊ ချူးမိသားစု၏ ဘိုးဘေးဝတ်ပြုရေးအမ်းအနားပြင်ဆင်သည့် ကော်မတီမှ ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သည်။ ဤဖိတ်ကြားချက်ဖြင့် သူသည် ချူးမိသားစု၏ ထူးချွန်သော မျိုးဆက်အဖြစ် ဘိုးပွားကန်တော့ပွဲအခမ်းအနားသို့ တက်ရောက်နိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းအပြင် ချူးယွင်ရှင်းသည်လည်း ဖိတ်စာကို လက်ခံရရှိခဲ့သည်။ သူ့အဘိုးသည် ထိုသို့သော ဖိတ်စာမျိုး လက်ခံမရရှိခဲ့သော်လည်း သူ စိတ်မပျက်ခဲ့ပေ။ သူ၏မြေးနှစ်ယောက် ကောင်းစွာ ဆောင်ရွက်နိုင်လျှင် ၎င်းတို့မိသားစုသည် သိပ်မကြာခင်တွင် ပင်မမိသားစုထဲသို့ ရောက်ရှိနိုင်လိမ့်မည်ဖြစ်သည်။ ထိုအချိန်ကျလာလျှင် ဘိုးဘွား ကန်တော့ပွဲအခမ်းအနားများကို တက်ရောက်ရန် အခွင့်အလမ်း များစွာရလာပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုကဲ့သို့သော ဖိတ်ကြားချက်မျိုးကို ပထမဆုံးအကြိမ်ရရှိခဲ့ခြင်းဖြစ်သည်။ သူ ကောင်းစွာ စွမ်းဆောင်နိုင်လျှင်ပင် ပြည်ထောင်စုတက္ကသိုလ်ကို မတက်ရောာက်နိုင်ခဲ့ပါက၊ ထိုသို့သော ပွဲမျိုးကို ဖိတ်ကြားခံရလိမ့်မည်မဟုတ်ပေ။ ကမ္ဘာပေါ်တွင် လက်ရွေးစင်များစွာရှိသော်လည်း သူသာ အခြားသူများ၏ အမြင့်သို့ မရောက်နိုင်လျှင်၊ အဓိပ္ပါယ်မဲ့နေပေလိမ့်မည်ဖြစ်သည်။

ဖိတ်ကြားချက်ကို လက်ခံရရှိပြီးနောက်၊ ဘိုးဘွားကန်တော့ပွဲအခမ်းအနားရှိ မျိုးဆက်သစ်လူငယ်ပြိုင်ပွဲတွင် ချူးယွင်ဖန်း ပါဝင်ခြင်းရှိမရှိ အတည်ပြုရန် လူတစ်ယောက်မှ ဖုန်းခေါ်ခဲ့သည်။ ချူးယွင်ဖန်းသည် တုံ့ဆိုင်းနေခြင်း အလျင်းမရှိ ချက်ချင်းသဘောတူလိုက်၏။ ထို့ကြောင့် သူလုပ်မည်ဟု ဆုံးဖြတ်ပြီးနောက်၊ အစွမ်းကုန်ကြိုးစားရတော့မည်ဖြစ်သည်။

သူသာ ချန်ပီယံဖြစ်မလာလျှင် အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် ယခုလက်ရှိတွင် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်သို့ရောက်ရှိနေပြီဖြစ်သရာ၊ အကယ်၍ သူ ခြေတစ်လှမ်းတက်နိုင်ပါက၊ စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်သို့ ရောက်ရှိလာလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ သူသည် စွမ်းအင်သန့်စင်ခြင်း အထက်ပိုင်းအဆင့်များသို့ရောက်ရှိနေပြီဟုဆိုလိုခြင်းဖြစ်သည်။

ဘဝတစ်လျှောက်လုံး ကျင့်ကြံခဲ့သူအများအပြားသည် ဤအဆင့်တွင်ရှိနေကြပြီဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့ မရောက်ဖူးသည့် စစ်မြေပြင်များဆီသို့ မရောက်ဖူးသေးသည့် သာမန်လူများဖြစ်ကြသည်။

ချူးယွင်ဖန်းနှင့် ချူးယွင်ရှင်းတို့ကြားမှ ရန်ငြှိုးကို ဤတိုက်ပွဲတွင် ဖြေရှင်းနိုင်လိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ပုံမှန်အားဖြင့် အနိုင်နှင့်အရှုံးကို ဂရုစိုက်လေ့မရှိသော်လည်း ဤပွဲတွင်ရှုံးနိမ့်ရန် သူ့ကိုယ်သူ ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

လက်ရှိ သူ၏ ခွန်အားဖြင့် ချူးယွင်ရှင်းကို အနိုင်ယူနိုင်လိမ့်မည်ဟု ရာနှုန်းပြည့်မသေချာပေ။ ချူးယွင်ရှင်းသည် အလွန်သန်မာသည်။ ကျန်းလဲ့ပင်လျှင် ချူးယွင်ရှင်းထံတွင် လုံးလုံးလျားလျားဖိနှိပ်၊ ချေမှုန်းခံထားရခြင်းဖြစ်ရာ၊ ချူးယွင်ရှင်းသည သုန်ဖန်းဟောက်တမျှ မသန်မာသော်လည်း သူသည် ထိပ်တန်းပုဂ္ဂိုလ်နှင့်ယှဥ်လျှင် ဒုတိယသာဖြစ်သည်။

မိမိကိုယ်ကိုယ်အပြည့်အဝယုံကြည်မှုရှိစေရန် ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်သို့ ကျော်ဖြတ်ရန် လိုအပ်သည်။ သို့မှသာ သူသည် ကြီးမားသော ခွန်အားကို ရရှိမည်ဖြစ်ရာ၊ ထိုအချိန်ရောက်သောအခါတွင် စစ်မှန်သော တိုက်ပွဲဖြစ်ပေါ်လာပေလိမ့်မည်ဖြစ်သည်။

ကံကောင်းစွာဖြင့် ရက်နှစ်ဆယ်ကျန်သေးသဖြင့် လေ့ကျင့်ကာ၊ အဆင့်တက်ရန် သူ့အတွက်လုံလောက်သည်။

အဆင့်တက်ရန် ချူးယွင်ဖန်းသည် ချီပြည့်ဝဆေးဆယ်လုံးကို ဝယ်ယူခဲ့သည်။ သူကိုယ်တိုင်ဖော်စပ်နိုင်သော်လည်း လက်ရှိတွင် အချိန်သည် ပိုက်ဆံထက်ပို၍ အရေးကြီး၏။

ချူးယွင်ဖန်းသည် ယခုအခါ ထိုချမ်းသာ၍ သြဇာအာဏာကြီးမားသော ကလေးများ၏ အကျိုးကျေးဇူးများကို ခံစားလျက်ရှိသည်။ သာမန်လူများစိတ်ကူးယဥ်၍ရသော အရာတစ်ခုမဟုတ်ပေ။

လေ့ကျင့်ရေးအခန်းထဲတွင် လာရောက်ကျင့်ကြံသူများလျော့နည်းလာပြီးနောက်၊ ချူးယွင်ဖန်းသည် အပြည့်အဝ သီးသန့်လေ့ကျင့်မှုကို စတင်ခဲ့သည်။

ချူးယွင်ဖန်းသည် ဆယ်ရက်ကြာခန့် အဆက်မပြတ်လေ့ကျင့်ခဲ့သည်။ သူ၏ကိုယ်ခံအားသည် နတ်ဘုရား၏ ပြုပြင်မွမ်းမံခြင်းကိုခံထားရပြီးဖြစ်သောကြောင့် သူ၏အလားအလာသည် ယခင်ကထက် ပို၍မြင့်မားလာသည်။ နောက်တစ်ဆင့်သို့မတက်ခင်၊ သူ၏ အလားအလာကို ယခုထက်ပို၍ မြှင့်တင်ရမည်ဖြစ်သည်။ မဟုတ်လျှင် သူ၏ ကြိုးစားမှုများအားလုံး အလကားဖြစ်သွားပေလိမ့်မည်ဖြစ်ရာ၊ အကယ်၍ သူသည် ယခု အဆင့်တစ်ဆင့်ထပ်မံ၍ တက်လှမ်း၍ စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်သို့ရောက်လာနိုင်သော်လည်း ရှေ့ဆက်၍မည့်ခရီးလမ်းသည် ပို၍ ခက်ခဲပေလိမ့်မည်။

ဆယ်ရက်အတွင်း ချူးယွင်ဖန်းသည် ငွေကို ရေကဲ့သို့ အသုံးပြုခဲ့သည်။ သူသည် နေ့စဥ်နေ့တိုင်း သူ၏ ကုန်ဆုံးသွားသော ချီစွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် ချီပြည့်ဝဆေးတစ်လုံးကို သောက်သုံးရန်လိုအပ်သည်။ ထို့အပြင်၊ နေ့စဥ်နေ့တွင် စွမ်းအင်ဖြည့်ဆေးရည် အနည်းဆုံး ပုလင်းတစ်ဒါဇင်ခန့်ကို သောက်သုံးရန်လိုအပ်သည်။ ဤငွေပမာဏသည် အတိတ်တွင် သူခန့်မှန်း၍ မရသော ပမာဏတစ်ခုပင်ဖြစ်၏။

ထို့အပြင် ချူးယွင်ဖန်းသည် အတိတ်တွင် စားရန်အခခွင့်အရေးမရခဲ့သော မွန်းစတားအသားများကို နေ့စဥ်သုံးဆောင်လာခဲ့ရာ၊ ၎င်းတို့သည် စွမ်းအင် ပမာဏမြောက်များစွာပါဝင်သဖြင့် ဤမွန်းစတားများကို စားသုံးခြင်းဖြင့် သူ၏ ခွန်အား အလျင်အမြန်တိုးတက်လာလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏ အစာစားချင်စိတ်အလွန်မြင့်တက်လာသည်ကို တွေ့ရှိခဲ့သည်။ ထို့အပြင် နေ့စဥ်နေ့တိုင်း မွန်စတားသားအမြောက်အများ စားသုံးရသည့် မိုးကြိုးတောင်ပံသားရဲလည်းရှိသေးသည်။

ယခင်က မိုးကြိုးတောင်ပံသားရဲသည် တောထဲတွင်ရှိနေခဲ့သဖြင့် လွတ်လပ်စွာ အစာရှာဖွေနိုင်သည်။ ယခုမူ ချူးယွင်ဖန်းအား ထောက်ပံ့ရန်သာအားကိုးနိုင်တော့သည်။ စျေးကွက်ပေါက်စျေးအရ၊ ၎င်းသည် နေ့စဥ်သိန်းနှင့်ချီ၍ တန်ဖိုးရှိသော မွန်းစတားအသားများကိုစားသုံးခဲ့ရသည်။ ချူးယွင်ဖန်း၏ မိသားစုတစ်ခုလုံး စားသုံးသည့်ပမာဏထက် များစွာပို၏။

ထိုသို့သော အခြေအနေများအောက်တွင် ချူးယွင်ဖန်း မိုင်းထဲမှရရှိခဲ့သော စွမ်းအင်ကျောက်တုံးများမှ စွမ်းအင်များကိုစုပ်ယူခြင်းအပြင်၊ မိုးကြိုး‌တောင်ပံသားရဲသည် သန့်စင်ခြင်း တတိယအဆင့်သို့ ဖြတ်သန်းတက်လှမ်းနိုင်ခဲ့သည်။ ဤသည်မှာ အချိန်ခဏတာသာကြာခဲ့၏။

ချူးယွင်ဖန်းအပြင် သူ့မိသားစုသည်လည်း မွန်းစတားအသားများနှင့် စွမ်းအင်ဖြည့်ဆေးရည်များကို နေ့စဥ်သုံးဆောင်လျက်ရှိကြသည်။ အထူးသဖြင့် ထိုအချိန်က ချူးယွင်ဖန်းထက် ကျင့်ကြံရေးပတ်ဝန်းကျင်ကောင်းသော ချူးချင်ရွှမ်သည် သွေးအသစ်ဖြစ်ခြင်းအဆင့် အထွဋ်အထိပ်သို့ ရောက်ရှိခဲ့ရာ နောက်ဆယ်ရက်အတွင်းတွင် နောက် အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။

အခြားအဆင့်များနှင့်နှိုင်းယှဥ်လျှင် ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်သည် စွမ်းအင်ပမာဏအမြောက်အမြားလိုအပ်သည်။ အကယ်၍ ကျင့်ကြံသူသည် ဤမျှ အကုန်အကျခံနိုင်၍ သင့်တော်သောနည်းလမ်းဖြင့် ကျင့်ကြံပါက၊ ၎င်း၏အဆင့်တက်နှုန်းသည် အလွန်လျင်မြန်ပေလိမ့်မည်ဖြစ်သည်။

ချူးချင်ရွှမ်သည် သူမကျောင်းမှ ကျောင်းသားအများစုကို အမှီလိုက်နိုင်ခဲ့ပြီဖြစ်ရာ၊ သူမ ဆက်လက်၍ အရေးမနိမ့်တော့ပေ။ ချူးယွင်ဖန်းသည်မူ၊ လက်ထဲတွင် ယွမ်သန်းရာဂဏန်းခန့်သာ ကျန်ရှိတော့သဖြင့် အရေးနိမ့်လျက်ရှိသည်။ သူ ဤသို့သော ရူးနှမ်းဖွယ်သုံးဆွဲမှုကို ကြာရှည်ထိန်းထားနိုင်လိမ့်မည်မဟုတ်ပေ။ သူသည် နေ့စဥ်နေ့တိုင်း ယွမ်သန်းနှင့်ချီ၍ အသုံးပြုနေရ၏။

ပိုင်ဟုန်၏ အမြတ်ဝေစုကို အားကိုးရုံဖြင့် သူ့ကိုယ်သူ ထိန်းသိမ်းရန်မလိုအပ်ပေ။ ကံကောင်းစွာဖြင့် လုချင်းရွှမ်၏ ကုမ္ပဏီသည် စတင်၍ ကြော်ငြာခဲ့သည်။

ရှန်ဟဲကုမ္ပဏီကို အမျိုးမျိုးသော ပလက်ဖောင်းများတွင် စတင်ကြော်ငြာခဲ့ရာ၊ ချူးယွင်ဖန်းသည် အရင်းအနှီးအဖြစ် ယွမ်သန်းငါးရာခန့် ရင်းနှီးမြှုပ်နှံခဲ့သည်။ ယခု နောက်ဆုံးတွင်မူ ၎င်း၏ အစွမ်းအစကို ပြသခဲ့ပြီဖြစ်သည်။ တည်ငြိမ်သမုဒ္ဒရာမြို့မှ လူအများအပြားသည် ၎င်းတို့ လက်ရှိ အသုံးပြုနေသည်ထက် နှစ်ဆပိုမို အစွမ်းထက်သည့် စွမ်းအားကြီး ချီဖြည့်တင်းဆေးများကို ထုတ်လုပ်တော့မည့် ကုမ္ပဏီအသစ်အကြောင်း သိလာကြသည်။

ဤသည်က နေရာတိုင်းရှိ မွန်းစတားမုဆိုးများနှင့် ကြေးစားသမားများ၏အာရုံကို ဆွဲဆောင်နိုင်မည်မှာ သေချာ၏။ အထူးသဖြင့် ဧရာမမုဆိုးအဖွဲ့များနှင့် လူထုခေါင်းဆောင်အဖွဲ့များဖြစ်ရာ၊ ၎င်းတို့သည် မွန်းစတားများကို တိုက်ခိုက်၍ အပျက်အဆီးအကြွင်းအကျန်များကို စူးစမ်းလေ့လာကြသည်။ ထို့ကြောင့် သဘာဝအလျောက်ပင် ဤချီဖြည့်ဝင်းဆေးများ၏ ဝယ်လိုအားသည် များပြားလှသည်။ အကယ်၍ ဆေးသည် အမှန်တကယ်အသုံးဝင်သည်ဟု ၎င်းတို့ ယူဆပါက၊ ၎င်းတို့သည် အချိန်ကြာမြင့်သည်အထိ ၎င်းကို ဝယ်ယူကြလိမ့်မည်မှာသေချာ၏။

ဤအဖြစ်အပျက်သည် ဆေးကုမ္ပဏီများစွာ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ လူများသည် ရှန်ဟဲကုမ္ပဏီ၏ အနီးဝန်းကျင်တွင် ပုန်းအောင်းနေကြသော်လည်း ဖော်မြူလာကို မူပိုင်ခွင့်တင်ထားကြောင်း ကြားသိလိုက်ကြရသည့်အခါတွင်မူ၊ ၎င်းတို့၏ အတွေးများကို ဖျောက်ပစ်လိုက်ကြသည်။ ဖော်မြူလာကို ရယူနိုင်ကြလျှင်ပင် ထုတ်လိုက်နိုင်မည်မဟုတ်သည့်အတွက် အသုံးဝင်လိမ့်မည်မဟုတ်ပေ။

ဤသူခိုးများသည် သက်ပြင်းချလိုက်ကြသည်။ ဤကုမ္ပဏီ၏ သူဌေးသည် အလွန်ရက်စက်သည်။ ၎င်းတို့ကို တားဆီးရန် သူဌေးသည် ဆေးဖော်မြူလာကို မူပိုင်ခွင့်တင်ခဲ့သည်။ ဤသည်မှာ ကုမ္ပဏီကြီးများအားလုံး ၎င်းတို့၏ လက်ထဲတွင် ဖော်မြူလာကို မြဲမြံစွာ ဆုပ်ကိုင်ထားချင်ပါက လုပ်ဆောင်ရမည့်အရာဖြစ်သည်။

အချို့သည် ရှန်ဟဲကုမ္ပဏီ၏ အမြင်ကျဥ်းမှုကို လှောင်ပြောင်ကြသည်။ ကုမ္ပဏီသည် အနှစ်နှစ်ဆယ် မူပိုင်ခွင့်အတွက်သာ လျှောက်ထားခဲ့သည်။ ဤအနှစ်နှစ်ဆယ်အတွင်းတွင် ၎င်းတို့ ငွေမည်မျှရှာနိုင်လိမ့်မည်နည်း။

ရှန်ဟဲကုမ္ပဏီသည် တရားဝင်စျေးကွက်သို့ ဝင်ရောက်လာခဲ့သည်။ ၎င်းတို့စတင်ရောင်းချသည်နှင့် အမြတ်များသည် ချူးယွင်ဖန်းထံသို့ လစဥ် ကြီးမားသော အထောက်အပံ့တစ်ခုဖြစ်လာလိမ့်မည်ဖြစ်သည်။

အခန်း(326) စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်သို့ တက်လှမ်းခြင်း

၎င်းတို့သည် ယခုမှစတင် ကြော်ငြာခဲ့ကြသော်လည်း ရှန်ဟဲကုမ္ပဏီ၏ အလားအလာကို လူများစွာက မြင်နိုင်ကြသည်။ နောက်ဆုံးတွင်မူ ၎င်းတို့သည် ဆေးဖော်မြူလာကို မူပိုင်ခွင့်တင်ထားနှင့်ပြီးသားဖြစ်သည်။ ၎င်းတို့ ယင်းကို ပြန်ယူကာ၊ ဖော်မြူလာအတိုင်း ဆေးအချို့ ဖော်စပ်လျှင်ပင် ယင်းသည် အမှန်တကယ် မှန်ကန်ကြောင်း သိကြပေလိမ့်မည်။ အချိန်ကျလာပါက၊ ချီဖြည့်တင်းဆေးမှ ရရှိလာမည့် အကျိုးအမြတ်သည် အလွန်အင်မတန် များပြားပေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် အကျိုးတူအရင်းအနှီးကုမ္ပဏီကြီးများနှင့် လုပ်ငန်းကြီးများမှ အကြံပေးကမ်းလှမ်းမှုများစွာသည် နောက်ဆယ်ရက်အတွင်း ပေါ်ထွက်လာသည်။ နောက်ဆုံးကုမ္ပဏီသည် ရှယ်ယာနှစ်ဆယ်ရာခိုင်နှုန်းကို ယွမ်နှစ်ဘီလီယံနှင့် ဝယ်ယူရန်လေလံဆွဲခဲ့သည်။

လုချင်းရွှမ်၏လက်ထဲမှ ရှယ်ယာများသည် ရက်အနည်းငယ်အတွင်းတွင် အဆနှစ်ဆယ်ခန့်တိုးမြင့်လာသည်။ အခြားတစ်ဖက်မှ ရှန်ဟဲကုမ္ပဏီသည် ဆယ်ဘီလီယံတန်ကြေးရှိ ကုမ္ပဏီ သို့မဟုတ် တစ်ရာဘီလီယံတန်ကြေးရှိကုမ္ပဏီဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ဤသို့ ကမ်းလှမ်းခဲ့ကြခြင်းဖြစ်၏။

သို့သော် ဤသည်မှာ အစသာရှိသေးသည်။ နောင်တွင် အစုရှယ်ယာများ

တန်ဖိုးသည် ပို၍ နည်းပါးလာလိမ့်မည်မဟုတ်ပေ။

လုချင်းရွှမ်သည် ရောထွေးနေသောခံစားချက်များကို ခံစားခဲ့ရကာနောက်ဆုံးတွင် သူမတွင် အားနည်းချက်ရှိနေသည်ကို ခံစားခဲ့ရသည်။ သူမနှင့် သူမ၏ ဖခင်တို့ မျိုးဆက်နှစ်ဆက်၊ အနှစ်နှစ်ဆယ်ကြာ ကြိုးစားအားထုတ်မှုနှင့် ရက်အနည်းငယ်အတွင်း ချူးယွင်ဖန်းရရှိခဲ့သော အကျိုးအမြတ်များ နှိုင်းယှဥ်၍ မရပေ။

အချို့သောလူများ၏ ခွန်အားသည် လုံးလုံးအဓိပ္ပါယ်မရှိပေ။

ချူးယွင်ဖန်း ပြောခဲ့သည့် နှစ်ဦးနှစ်ဖက် အကျိုးရှိသော အခြေအနေသည် စပင်မစတင်သေးသော်လည်း လုချင်းရွှမ်သည် ၎င်းကို ခံစားကြုံတွေ့နေရပြီဖြစ်သည်။ အကယ်၍ သူမ၏ ရှယ်ယာများကိုသာ ကပ်တွယ်နေခဲ့မိလျှင် ထိုသို့သော အောင်မြင်မှုမျိုးကို သူမမြင်နိုင်လိမ့်မည်ပင်မဟုတ်ပေ။

ချူးယွင်ဖန်းအတွက်မူ၊ ဤသည်မှာ မိမိကိုယ်ကိုယ်ပြောင်းလဲခြင်းဖြစ်စဥ်တစ်ခုပင်ဖြစ်သည်။ ထု့ိနောက်တွင် စွမ်းအင်မြင့်မားသောအရာများသည် သူ့ဘဝအလားအလာတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်နိုင်၏။

“သင်စားတဲ့အရာက သင်ပဲ” ဆိုသည့် ဆိုရိုးစကားတစ်ခုရှိသည်။

လေ့ကျင့်ရေးခန်းတွင် ချူးယွင်ဖန်းသည် ထိုင်ဖုံထက်၌ တင်ပျဥ်ခွေထိုင်လျက် နတ်ဘုရားကျင့်စဥ်ကို စတင်လည်ပတ်စေလိုက်သည်။ သူ၏ ချီစွမ်းအင်သည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်အတားအဆီးကို စတင်တိုက်ခိုက်လျက်ရှိသည်။

ချူးယွင်ဖန်းသည် ဤဖြစ်စဥ်ကို ယခုမှစတင်လိုက်ခြင်းမဟုတ်ပေ။ လွန်ခဲ့သော ရက်အနည်းငယ်တည်းက လုပ်ဆောင်လျက်ရှိရာ၊ ယခုမူ၊ သူ့ရှေ့မှတံခါးကို ဖွင့်ရန်သာလိုအပ်တော့သည်။

ဆယ်ရက်ကြာပြင်ဆင်ပြီးသည့်နောက် သူသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်၏ ဝင်ပေါက်ကို ဖျက်ဆီးနိုင်လုနီးပါးဖြစ်နေပြီဖြစ်သည်။

ချူးယွင်ဖန်းသည် စစ်နတ်ဘုရားကျင့်စဥ်ကို ဆယ်ကြိမ်ခန့်လည်ပတ်စေပြီးနောက်၊ စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်၏ အတားအဆီးကို ကျော်ဖြတ်ကာအဆင့်တက်လှမ်းနိုင်ခဲ့သည်။

ကျင့်ကြံရေးတိုင်းသည် ယခင်ကကဲ့သို့ ခုန်ပျံကျော်လွှား၍ အဆင့်တက်သွားခြင်းမျိုးမဟုတ်ပေ။ ခချူယွင်ဖန်း အသုံးပြုသည့် ကျင့်ကြံရေးစနစ်များစွာရှိရာ၊ ၎င်းတို့သည် ပြီးမြောက်ရန် အချိန်နှင့် အားထုတ်မှုများစွာလိုအပ်သည်။

ဤကျင့်ကြံရေးအမျိုးအစားများ၏ အထင်ရှားဆုံးသော အားသာချက်မှာ အခြေခံအုတ်မြစ်သည် အနှိုင်းမဲ့ တောင့်တင်းခိုင်မာနေရမည်ဖြစ်၍ အဆင့်ကျော်ဖြတ်ခြင်းလုပ်ငန်းစဥ်သည်လည်း အလွန်ချောမွေ့မည်ဖြစ်သည်။ အခြေခံအုတ်မြစ်သည် ထိုနေရာ၌ ရှိနေပြီးဖြစ်သဖြင့် ၎င်းကို ခိုင်မာတောင့်တင်းစေရန် လုပ်ဆောင်ရန်မလိုအပ်ပေ။

ဤအဆင့်သာရှိသေးသော်လည်း ချူးယွင်ဖန်းသည် အဆင့်ကျော်ဖြတ်ပြီး‌နောက် သူ၏ခွန်အားသည် အဆမတန်တိုးတက်လာသည်ဟု ခံစားမိသည်။

ဆယ်ရက်။

နောက်ထပ် ဆယ်ရက်ရှိသေးသည်။ သူ့ကိုယ်သူ လေ့ကျင့်ပေးရန် အချိန်အလုံအလောက် ကျန်သေး၏။

ဆယ်ရက်အကြာတွင် ဗီလာရှိ တိုက်ခိုက်ရေးကွင်းထဲတွင် လူနှစ်ဦး လျင်မြန်စွာ တိုက်ခိုက်၍ ခုခံကာကွယ်လျက်ရှိကြသည်။ အတိအကျဆိုရလျှင် ၎င်းတို့ထဲမှတစ်ယောက်သည် ခံစစ်ဘက်တွင် အဆက်မပြတ်တိုက်ခိုက်နေခြင်းဖြစ်၏။

၎င်းတို့ထဲမှ တစ်ဦးသည် တိုက်ခိုက်နေသူချူးယွင်ဖန်းဖြစ်ရာ၊ သူ့လက်ထဲမှ အရိပ်မဲ့ဓားသည် နဂါးရှည်တစ်ကောင်ကဲ့သို့ ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ပြိုင်ဘက်ကို ဖုံးကွယ်သွားသည့် ဓားအရိပ်တစ်ခုပေါ်လာသည်။

တစ်ဖက်တွင် ချူးယွင်ဖန်း၏ ဓားရိပ်အောက်တွင်ရှိနေသော လူတစ်ယောက်သည် အလားတူ ဓားကို ကိုင်ထား၏။ ချူးယွင်ဖန်းသည် ဘက်ပေါင်းစုံမှ အဆက်မပြတ်တိုက်ခိုက်နေသော်လည်း မည်မျှပင်ကြိုးစားနေစေကာမူ၊ ပြိုင်ဘက်၏ ခံစစ်ကို မကျော်ဖြတ်နိုင်ပေ။

ထိုပုဂ္ဂိုလ်သည် အငြိမ်းစားအထူးတပ်ဖွဲ့မှ စစ်သူတစ်ဦးမှတပါးအခြားသူမဟုတ်ပေ။ ချူးယွင်ဖန်းသည် ၎င်းတို့ကို အသုံးမပြုလျှင် ဖြုန်းတီးရာကျမည်ဟုတွေးမိသောကြောင့် ထိုတပ်သားဟောင်းများကို သူ၏ လေ့ကျင့်ဖော်များအဖြစ်အသုံးပြုခဲ့သည်။

အဆိုပါတပ်သားဟောင်းတိုင်းတွင် ထူးခြားသော အရည်အချင်းများရှိကာ၊ ၎င်းတို့ကိုယ်စီတွင် ကျွမ်းကျင်မှု နယ်ပယ် ရှိကြသည်။ ၎င်းတို့ထဲတွင် လေးလံသော ပေါ့ပါးသော အစရှိသဖြင့် အမျိုးမျိုးသော လက်နက်များရှိကြသည်။ ဤတပ်သားဟောင်းများသည် တိုက်ပွဲအဖွဲ့တစ်ခုကို အလွယ်တကူဖွဲ့နိုင်ကြသည်။ ဤမတူညီသော ထူးခြားချက်များရှိသည့် ကျွမ်းကျင်သူများနှင့်တိုက်ခိုက်ရခြင်းသည် ချူးယွင်ဖန်းအတွက် ရှားပါးသော အကူအညီတစ်ခုဖြစ်ပေလိမ့်မည်ဖြစ်သည်။

ဆယ်ရက်အတွက် ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ၊ ၎င်းကိုလည်း အပြည့်အဝထိန်းချူပ်နိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်မှ အလေးစီးဝတ်စုံကို အသက်သွင်းလိုက်သောအခါတွင် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် ခွန်အားအပြည့်အဝကို ထုတ်ဖော်ပြသနိုင်ရာ၊ ဆွဲငင်အားနှစ်ဆကို ပိတ်လိုက်သောအခါတွင်မူ၊ သူ၏ တိုက်ပွဲစွမ်းအားသည် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်သို့ရောက်သွားပေလိမ့်မည်ဖြစ်သည်။

ဤသည်မှာ ချူးယွင်ဖန်း၏ ဝှက်ဖဲဖြစ်သည်။ အရေးကြီးအခိုက်အတန့်တွင် ၎င်းသည် အရေးပါသော အပိုင်းကဏ္ဍမှ ပါဝင်ပေလိမ့်မည်ဖြစ်သည်။

ချွင်

ချွင်

အနှိုင်းမဲ့ကျယ်လောင်သော သတ္တုသံများ အဆက်မပြတ်ပဲ့တင်ထပ်လျက်ရှိသည်။

အချိန်များစွာကြာပြီးနောက် ချူးယွင်ဖန်းသည် ရေထဲမှ ထွက်လာသကဲ့သို့ ချွေးများရွှဲနစ်လာသည်။

သူ၏ ပြိုင်ဘက်သည် ရာနှင့်ချီသော တိုက်ပွဲများစွာကိုကျော်ဖြတ်လာခဲ့သည့် သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူဖြစ်သဖြင့် ချူးယွင်ဖန်းသည် သူ့အား မတော်တဆ တိုက်ခိုက်မိလိမ့်မည်ကို မစိုးရိမ်ပေ။ သူ စိတ်ကျေနပ်သည်အထိ တိုက်ခိုက်နိုင်သည့်အပြင် စိတ်ပူနေရန်လည်း မလိုအပ်ပေ။

ချူးယွင်ဖန်း သူ၏စွမ်းအားအားလုံးဖြင့် တိုက်ခိုက်နိုင်လျှင်ပင်၊ ဤတပ်သားဟောင်းများသည် သူ့ထက် အဆင့်တစ်ခုလုံးစာမြင့်သောကြောင့် ဤတပ်သားများကို ဒဏ်ရာရစေနိုင်လိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သူ၏တိုက်ခိုက်မှုများ၏ ကန့်သတ်ချက်များနှင့်တကွ ကျိုးပဲ့ဓားကွက် ၏ စွမ်းအားကိုလည်း စမ်းသပ်ကြည့်နိုင်ခဲ့သည်။ သူ ကျိုးပဲ့ဓားကွက် ဖြင့်တိုက်ခိုက်ခဲ့သူများသည် ပုံမှန်အားဖြင့် ဒူးထောက်ကျသည်အထိ ရှုံးနိမ့်ကျလေ့ရှိသည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှု၏ အကန့်အသတ်ကို မှန်းဆကြည့်နေခြင်းဖြစ်ရာ၊ အကြမ်းဖျင်းသာမှန်းဆနိုင်သည်။ ယခု သူသည် စစ်မှန်သော တိုက်ပွဲတွင် သူ၏ အကန့်အသတ်များကို စမ်းသပ်ရန် ဤအခွင့်အရေးကို အသုံးချနေခြင်းဖြစ်၏။

“ကျိုးပဲ့ဓား”

ချူးယွင်ဖန်း အော်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ အတူတကွထွက်ပေါ်လာသည်ကို ခံစားမိ၏။ ဓားချက်တစ်ချက်ဖြင့်၊ သူသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ပြသနိုင်ရာ၊ အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်အထိ၊ အဆက်မပြတ် ခုတ်ပိုင်းလျက်ရှိသည်။

ဘမ်း

ဓားချက်သက်ဆင်းသောအခါ၊ ချူးယွင်ဖန်းရှေ့မှ တပ်သားဟောင်းသည် ဓားချက်ကို ဖမ်းမိသော်လည်း နောက်သို့ ခြေလှမ်းအနည်းငယ်ခန့်ဆုတ်လိုက်ရသည်။ ယခင်ကကဲ့သို့ ပေါ့ပေါ့ပါးပါး နေနိုင်မည်မဟုတ်ကြောင်း သူသိသည်။

ချူးယွင်ဖန်းသည်မူ လဲကျသွား၏။ သိုင်းကွက်၏ စွမ်းအင်အသုံးပြုမှုသည် အလွန်ကြီးမားလွန်းသည်။ သို့ထိတိုင် သူသည် အလေးစီးဝဝတ်စုံကိုဖယ်ရှားလိုက်ပါက၊ စွမ်းအင်ပြန်လည်သန့်စင်ခြင်း အဠမအဆင့် စွမ်းအင်ဖြင့် ပေါက်ကွဲတိုက်ခိုက်နိုင်ဦးမည်ဖြစ်သည်။ ကျိုးပဲ့ဓားချကိ ကို အသုံးပြုလျှင် သူ၏ စွမ်းအား ပို၍ မြင့်မားလာမည်ဖြစ်ရာ၊ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်နှင့်ပင်နှိုင်းယှဥ်၍ရ၏။

အကယ်၍ ချူးယွင်ဖန်းသာ ၎င်းကို ကောင်းစွာအသုံးပြုနိုင်ပါက ယင်းသည် အလွန်အဆင်ပြေမည့် ဝှက်ဖဲတစ်ခုဖြစ်မည်မှာသေချာ၏။

အခန်း(၃၂၇) ချူးမိသားစု၏ ဘိုးဘွားပိုင်နယ်မြေ

ချူးယွင်ဖန်းသည် မြေပြင်ပေါ်တွင် လဲလျောင်းလျက်ရှိသည်။ အချိန်အတော်ကြာသည်အထိ အနားယူပြီးနောက်၊ သူ ပြန်ထလိုက်သည်။ ထို့နောက်၊ သာမန်ကျသော အဝတ်အစားများပြောင်းဝတ်၍ လေဆိပ်သို့ ထွက်ခွာလာခဲ့၏။ သူ၏ ပစ္စည်းများအားလုံးကို တောင်မြစ်ပန်းချီကားထဲတွင် သိမ်းဆည်းထားရာ၊ အချိန်မရွေး ပြန်လည် ထုတ်ယူနိုင်သဖြင့် သူစိတ်ပူနေရန် မလိုအပ်ပေ။

ယခုမူ၊ ချူးမိသားစု၏ ဘိုးဘွားပိုင်မြေသို့ လွန်းပျံယာဥ်စီး၍ သွားရန် အချိန်ကျရောက်ပြီဖြစ်သည်။

ချူးမိသားစု၏ ဘိုးဘွားပိုင်မြေသည် မြေပြင်ပေါ်တွင်မဟုတ်၊ ခွန်းလွန်နယ်မြေတွင်ဖြစ်သည်။ ဤသည်မှာ မိသားစုတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ဖြစ်သည်။ ခွန်းလွန်နယ်မြေတွင် ဖွားမြင်ကြသော ကလေးများသည် ကမ္ဘာပေါ်တွင် ဖွားမြင်သည့် ကလေးများထက် များစွာ ထက်မြက်ထူးချွန်ကြသည်။ ဤသည်မှာ ငြင်း၍မရသော အချက်တစ်ချက်ဖြစ်၏။

ကမ္ဘာမြေကြီးပေါ်တွင် မွေးဖွားလာသောကလေးများအနက်၊ ထူးချွန်ထက်မြက်သော ပါရမီရှင်များမရှိလာနိုင်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ကမ္ဘာပေါ်ရှိ ပျိုးပင်ကောင်းများ၏ပမာဏ လျော့နည်းခြင်းမျှသာဖြစ်သည်။ ခွန်းလွန်နယ်မြေတွင် ဝိဉာဥ်စွမ်းအင်ပို၍ ပေါများသဖြင့် ပြိုင်ဆိုင်မှုသည် ပိုမိုပြင်းထန်သည်။ ဤသည်မှာ မိသားစုကြီးတစ်ခု ပိုဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် လှုပ်ရှားမှုတစ်ခုဖြစ်သည်။

သို့သော် ကမ္ဘာမြေပေါ်၍ ဝိဉာဥ်စွမ်းအင်များ ပိုမို သိပ်သည်းလာသည်နှင့်၊ အနာဂတ်တွင် ယင်းသည် ခွန်းလွန်နယ်မြေကို အမှီလိုက်နိုင်လာလိမ့်မည်ဖြစ်သည်။ သို့သော် ယေဘုယျအားဖြင့်ပြောရလျှင် ခွန်းလွန်နယ်မြေသည် ဖွံ့ဖြိုးတိုးတက်မှုများအတွက် နေရာပို၍ ပေါများသည်။ ဤသည်က အနာဂတ်တွင် လူသားတို့ ကိုလိုနီပြုခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကဦးတည်ချက်ဖြစ်သည်။

နာရီအနည်းငယ်ကြာပြီးနောက် ချူးယွင်ဖန်းသည် ခွန်းလွန်နယ်မြေသို့ ရောက်ရှိခဲ့သည်။ ဤသည်မှာ သူ၏ ဒုတိယအကြိမ်ရောက်ရှိမှုဖြစ်ကာ၊ တားမြစ် စွန့်ပစ်‌မြေ ၆၆နှင့် တူညီမှုမရှိ၊ ခွန်းလွန်နယ်မြေရှိ အခြားနေရာာများသည် ခမ်းနားလှပသည်။

ယာဥ်ပေါ်မှ အောက်သို့ ငုံ့ကြည့်လျှင် အဝေးမှ တောင်တန်းများနှင့် လျှိုမြောင်များကို မြင်နိုင်သည်။ ခမ်းနားထည်ဝါသော တောင်ထိပ်များသည် ကောင်းကင်ကို ထိုးဖောက်၍ မရေမတွက်နိုင်သော သစ်တော၊ တောင်တန်းများကို ကောင်းကင်ယံ၌ ဖြစ်ပေါ်နေစေသည်။

ချူးမိသားစုသည် အခြေစိုက်မြို့ကြီးတစ်ခုတွင်တည်ရှိရာ၊ ဤအခြေစိုက်မြို့ကို ချိုင့်ဝှမ်းကြီးတစ်ခုအတွင်းတည်ဆောက်ထားသောကြောင့် ၎င်းကို မေပယ်လ်ရွက်မြို့တော်ဟု ခေါ်သည်။ ဤချိုင့်ဝှမ်းသည် မေပယ်ရွက်နှင့် ပုံစံတူသောကြောင့် ၎င်း၏ အမည်မှာ မေပယ်လ်ရွက်ဖြစ်နေခြင်းဖြစ်သည်။

ဤနေရာတွင် တည်ဆောက်ပုံများသည် ကမ္ဘာမြေနှင့်ဆင်တူသည်။ နေရာတိုင်းတွင် စွမ်းအားကြီး မွန်းစတားများ လှည့်လည်သွားလာနေကြသောကြောင့် လူသားမြို့များသည် မြို့အစုများဖြစ်လာကာ၊ အခြေစိုက်မြို့ကြီးတစ်ခုအဖြစ်ဖြစ်ပေါ်လာသည်။ ဤသည်က မြို့များသည် ကြယ်များကဲ့သို့ ပြန့်ကျဲနေသည့် မျက်မှောက်ခေတ်နှင့် လုံးလုံးလျားလျား ကွာခြားသည်။

လွန်းပျံယာဥ်ပေါ်မှ ဆင်းပြီးနောက် ချူးယွင်ဖန်းသည် သူ့ထံသို့ ပြင်းထန်သော ဝိဉာဥ်စွမ်းအင်များ စီးဆင်းလာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။ ၎င်းသည် ကမ္ဘာမြေပေါ်ရှိ စွမ်းအင်များထက် များစွာ ပိုမို သိပ်သည်းနေသော်လည်း စွန့်ပစ်မြေ ၆၆ နှင့် နှိုင်းယှဥ်၍ မရနိုင်ပေ။ ၎င်းသည် စွန့်ပစ်မြေ၆၆မှ ဝိဉာဥ်စွမ်းအင်ထက် များစွာနူးညံ့၍ တိုက်ရိုက်စုပ်ယူနိုင်သည်။

ချူးယွင်ဖန်းလှည့်ပတ်ကြည့်လိုက်သည့်အခါ လေဆိပ်တွင် လူအများစည်ကားလျက်ရှိသည်။ ၎င်းတို့အနက်၊ စွမ်းအားကြီး သိုင်းပညာရှင်များ၊ ရုံးအလုပ်သမားများ၊ လုပ်ငန်းရှင်ကြီးများရှိကြသော်လည်း ၎င်းတို့သည် ကမ္ဘာမြေပေါ်ရှိ နေထိုင်သူများထက် များစွာပို၍ စွမ်းအားကြီးသည်။

မကြာမီတွင် ချူးယွင်ဖန်းသည် “ချူးယွင်ဖန်း” ဟူသော စကားလုံးများပါသည့် ဆိုင်းဘုတ်တစ်ခုကိုကိုင်ထားသည့် အနက်ရောင်ဝတ်စုံပြည့်ဝတ်ထားသော လူတစ်ယောက်ကို သတိထားမိလိုက်သည်။ ၎င်းသည် သူ့အားလာကြိုရန် ချူးမိသားစုမှ လွှတ်လိုက်သောသူဖြစ်သည်။

ချူးယွင်ဖန်းသည် အလျင်အမြန်ပင် ရှေ့သို့လျှောက်သွားလိုက်သည်။ ထိုသူသည် ချူးယွင်ဖန်းကို ချက်ချင်း သတိထားမိသဖြင့် လျင်မြန်စွာ ဦးညွတ်မိတ်ဆက်လိုက်သည်။

“ကြိုဆိုပါတယ် သခင်လေး ချူးယွင်ဖန်း၊ မိသားစုက သခင်လေးကို ကြိုဖို့ပို့လိုက်တာပါ”

သခင်လေး ဟုတ်လား။

ချူးယွင်ဖန်း၏ နှုတ်ခမ်းထောင့်စွန်းများ အနည်းငယ် ကွေးသွားသွားသည်။ ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် သူ့အား တစ်ယောက်ယောက်မှ သခင်လေးဟု ရည်ညွှန်းခေါ်ဆိုလိုက်ခြင်းဖြစ်သည်။ သို့သော် ခဏတာတွေးပြီးနောက်၊ ဘိုးဘွားကန်တော့ပွဲသို့ ဖိတ်ကြားခံရသူများသည် အထူးချွန်ဆုံးသော ပါရမီရှင်များဖြစ်ကြကြောင်း သူနားလည်သဘောပေါက်ခဲ့သည်။ ၎င်းတို့၏ အနာဂတ်အောင်မြင်မှုများသည် အကန့်အသတ်ရှိလိမ့်မည်မဟုတ်ပေ။ မိသားစုသည် ၎င်းတို့ကို မင်းမျိုးမင်းနွယ်များကဲ့သို့ မဆက်ဆံလိုသော်လည်း ရန်သူများအဖြစ်လည်း သဘောမထားကြပေ။ ဤသည်ကား အခြေခံဆက်ဆံမှုမျှသာဖြစ်ရာ၊ ချူးယွင်ဖန်း အတိတ်နှစ်များတွင် မရရှိခဲ့သည့် ဆက်ဆံမှုများနှင့်ယှဥ်လျှင် များစွာ ကွာခြားနေသေး၏။

“သွားရအောင်” ချူးယွင်ဖန်းကပြောသည်။

“ဟုတ်ကဲ့ သခင်လေး” ထိုလူက လျင်မြန်စွာ ပြန်ဖြေသည်။ ချူးယွင်ဖန်း လေဆိပ်မှ ထွက်ခွာလာသောအခါ အပြင်ဘက်တွင် ဇိမ်ခံကားပျံတစ်စင်းက သူ့ကို စောင့်နေ၏။

ဇိမ်ခံကားပျံသည် မြို့၏ အလယ်သို့ ဦးတည်ပျံသန်းသွားသည်နှင့် ချူးယွင်ဖန်းသည် ထိုင်လျက်၊ မျက်လုံးများကို မှိတ်၍ အနားယူလိုက်သည်။

ချူးမိသားစု၏ ဘိုးဘွားပိုင်မြေသည် မေပယ်လ်ရွက်မြို့တော်၏ အလယ်တွင်တည်ရှိသည်။ ချူးမိသားဟု

သမိုင်းကြောင်းများသည် ဤမြို့၏ သမိုင်းနှင့် ဆက်စပ်နေသည်။ မေပယ်လ်ရွက်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးကာလအတွင်းတွင် ချူးမိသားစုသည် များစွာ ပံ့ပိုးကူညီခဲ့သည်။ ချူးမိသားစုသည် မေပယ်လ်ရွက်မြို့တွင် အခြေစိုက်၍ ဖွံ့ဖြိုးလာရာ၊ မြို့တွင်း၌ ၎င်းတို့ သြဇာအာဏာကြီးမားလာကြသည်။

ဤသို့သော အခြေအနေသည် မိသားစုကြီးများ အခြေတည်ထားသည့် အခြေစိုက်မြို့များတွင် ဤသို့သော အခြေအနေမျိုး အဖြစ်များသည်။ ကမ္ဘာမြေကို ပြန်ကြည့်လျှင် ၎င်းမြို့များတွင်မူ ပြည်ထောင်စုအစိုးရ၏ အာဏာသည် အနည်းငယ်ပိုများ၏။ သာမန်လူများသည် ဤကိစ္စကို ရှင်းလင်းစွာ မသိကြသဖြင့် အဆက်အသွယ်မလုပ်နိုင်ကြပေ။

သိပ်မကြာခင်တွင် ကြီးမားသော မြို့ကြီးသည်ချူးယွင်ဖန်း၏ ရှေ့တွင်ပေါ်လာသည်။ ဤမြို့လယ်ခေါင်သည် အလွန်ကြီးမားကျယ်ပြန့်ရာ အမှန်စင်စစ် မြို့လယ်ခေါင်ကြီးတစ်ခုကဲ့သို့ထင်ရသည်။ ကောင်းကင်ယံထက်တွင် ပျံသန်းနေသည့် ကားအရေအတွက် ရုတ်တရက် များပြားလာသည်။ ၎င်းတို့အားလုံးသည် ရေပန်းစားသောဇိမ်ခံကားဘရန်းများဖြစ်ကြသည်။

ချူးယွင်ဖန်းသည် ဤပျံသန်းနေသည့်ကားများထဲမှ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ်နေသည်ကို အနည်းငယ် ခံစားမိသည်။ ၎င်းတို့သည် အနည်းငယ်ဝေးကွာ၍ သူရှင်းလင်းစွာ ကောက်ချက်မချနိုင်သော်လည်း ချူးမိသားစု ဘိုးဘွားပိုင်မြေတွင် ပညာရှင်အရေအတွက်သည် တိမ်များကဲ့သို့ များပြားစွာရှိကြောင်း သူသိသည်။

မကြာမီတွင် ပျံသန်းနေသည့် ဇိမ်ခံကားသည် ရပ်ကွက်ငယ်တစ်ခုတွင် ဆင်းသက်သွားသည်။ နေရာတိုင်းတွင် ဇိမ်ခံအိမ်ရာများရှိရာ၊ ရပ်ကွက်သည်အလွန်ကြီးမားလှသဖြင့် အိမ်ရာပေါင်းရာချီခန့်ရှိသည်။ ဤသည်ကား ချူးမိသားစု ဘိုးဘွားပိုင်မြေရှိ ဧည့်ကြိုရပ်ကွက်တစ်ခုဖြစ်သည်။ ပြည်ပဧည့်သည်များအားလုံးသည် ဧည့်ကြိုရပ်ကွက်တွင်နေကြရ၏။

ထိုသို့သော ဧည့်ကြိုခရိုင်များစွာရှိသော်လည်း ဧည့်သည်များ၏ စွမ်းအားပေါ်မူတည်၍ ၎င်းတို့ နေရမည့်ရပ်ကွက်၏ အဆင့်ကို ဆုံးဖြတ်ပေးသည်။ ဤရပ်ကွက်ကို အမြင့်ဆုံးအဆင့်ဟု သတ်မှတ်၍မရသော်လည်း အနိမ့်ဆုံးဟုလည်း သတ်မှတ်၍မရပေ။

ချူးယွင်ဖန်းသည် လာကြိုသူ၏ လမ်းညွှန်မှုအောက်တွင် ရပ်ကွက်ထဲသို့ ဝင်လာခဲ့သည်။ ၎င်းတို့ လမ်းတစ်ဝက်သို့ရောက်သောအခါတွင် သူ၏မိတ်ဆွေဟောင်းတစ်ယောက်ကို တွေ့၏။

၎င်းသည် လုချင်းရွှမ်ကို ယခင်က ဖိနှိပ်ရန် ကြံစည်ခဲ့သည့် ချူးကျိကောမှ တစ်ပါးအခြားသူမဟုတ်ပေ။

ချူးကျိကောပေါ်လာသည်ကို မြင်သောအခါ ချူးယွင်ဖန်း အံ့သြသွားသည်။ ချူးကျိကောသည် တစ်ချိန်တည်းတွင် ချူးယွင်ဖန်းကို တွေ့လိုက်ရသည့်အတွက် နှစ်ယောက်လုံး ခဏတာမျှ ရပ်တန့်သွားကြသည်။

“ခင်ဗျားလည်း ချူးမိသားစုဝင်လား”

နှစ်ယောက်လုံး တစ်ချိန်တည်း မေးလိုက်ကြသည်။ သူတို့နှစ်ယောက်လုံး၏ မျိုးရိုးနာမည်များသည် ချူးဖြစ်ကြရာ၊ တစ်ချိန်တည်းတွင် ဤနေရာ၌ ပေါ်လာခြင်းဖြစ်သဖြင့် ကိစ္စများသည် အလိုလိုပင်ရှင်းလင်းသွား၏။

နှစ်ဦးသားလုံးသည် ချူးမိသားစုဝင်များဖြစ်ကြရာ၊ ချူးမိသားစုသည် အလွန်ကြီးမားလှသဖြင့် ၎င်းတို့တစ်ယောက်နှင့်တစ်ယောက်မမြင်ဖူးကြသည့်အပြင်၊ ကြားလည်းမကြားဖူးကြပေ။

သို့သော် ၎င်းတို့တစ်ယောက်နှင့်တစ်ယောက် မတိုက်ခိုက်ဝံ့ကြသော်လည်း တစ်ယောက်ကိုယ်တစ်ယောက် စူးစိုက်ကာ၊ ဒေါသတကြီးကြည့်နေကြသည်။

ချူးကျိကောအတွက်မူ၊ ချူးယွင်ဖန်းသည် လုချင်းရွှမ်ကို အတင်းအကြပ်ချိုးနှိမ်မည့် သူ၏အကြံကို ပျက်ပြားစေခဲ့သည်။ ထို့ကြောင့် အလိုလိုပင် ချူးကျိကောသည် ချူးယွင်ဖန်းကို မုန်းတီးလျက်ရှိ၏။

ချူးယွင်ဖန်းအတွက်မူ၊ ချူးကျိကောသည် သူ့အားလိုက်ဖမ်းရန်နှင့် သေလုနီးပါးဖြစ်စေသည်အထိ လူများ လွှတ်ခဲ့သည်။ ဤသို့သော ရန်ငြှိုးသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအကြား ရန်ငြှိုးပင်ဖြစ်၏။

အကယ်၍ ၎င်းတို့ တောထဲတွင် တွေ့ဆုံခဲ့ကြလျှင် ချူးယွင်ဖန်း၏အဦးဆုံး တုံ့ပြန်မှုသည် ချူးကျိကောကို ဇီဝိန်ချုပ်ပစ်ရန် ဖြစ်ပေလိမ့်မည်။

“ငါမင်းကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး ဟား”

ချူးကျိကောသည် ချူးယွင်ဖန်းကို မြင်သောအခါ အစိမ်းလိုက်ဝါးစားပစ်ချင်လာသည်။ ချူးယွင်ဖန်းအကြောင်း သူတွေးမိသောအခါ၊ တန်ဒါအဖွဲ့၏ရှာဖွေရေးအဖွဲ့ လုံးလုံးလျားလျားပျောက်ဆုံးသွားရသည့်အချိန်ကို တွေးမိသည်။ အရာအားလုံးသည် သူ့ရှေ့မှ ဤကောင်လေးကြောင့်ပင်ဖြစ်၏။

All Chapters