အခန်း (၃၂၈-၃၃၀)
Vol. 22 Ch. 328-330
အခန်း(၃၂၈) ချူးကျိကောကို နှိပ်စက်ခြင်း
“ကျုပ်လည်း ခင်ဗျားကို ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ လတ်တလောတွင် သူအလွန် အလုပ်များနေခဲ့သဖြင့် ဤလူကို မေ့မေ့ပျောက်ပျောက်ရှိနေခဲ့သည်။
ချူးကျိကောသည် ချူးယွင်ဖန်းကို အေးစက်စွာကြည့်၍
“ကောင်းကင်ကို သွားဖို့ မင်းအခွင့်အရေးရခဲ့ပေမယ့် မယူခဲ့ဘူ။ မင်းက အဲ့အစား ငရဲကို သွားဖို့ ရွေးချယ်ခဲ့တာပဲ”
“ဟားဟားဟား၊ ခင်ဗျားပဲလား” ချူးယွင်ဖန်းက ကျယ်လောင်စွာရယ်မော၍ ချူးကျိကောကို ကြည့်လိုက်သည်။
“ခင်ဗျားကို နောက်ဆုံးတွေ့တုန်းက ကျင့်ကြံရေးအဆင့်မှာရှိနေသုန်းပါပဲလား။ ဒါပေမယ့် ဒီကိုတော့ ရောက်အောင် လာနိုင်ခဲ့တယ်ပေါ့။ အလကားဖြစ်ပြီ”
“မင်းဘာပြောလိုက်တာလဲကွ” ချူးကျိကော၏ မျက်လုံးများ ပြားကျယ်သွားသည်။
“ခင်ဗျား နားတွေအလုပ်မလုပ်တော့ဘူးလား” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။
“မင်းလွယ်ကူတဲ့လမ်းကိုမရွေးရင် ခက်ခဲတဲ့လမ်းကို မင်းလျှောက်လှမ်းရလိမ့်မယ်။ မင်းသာ ချီဖြည့်တင်းဆေးကို ငါ့ကိုပေးရင် ငါမင်းအသက်ကို ချမ်းသာပေးမယ်လို့ တွေးထားတာ၊ အခုတော့ အခြားမည်းလမ်းမရှိတော့ဘူးထင်တယ်” ချူးကျိကောက ချူးယွင်ဖန်းကို ကောက်ကျစ်သောအပြုံးပြုံးလျက် ပြောလိုက်သည်။
“အဲ့အကြောင်း ခင်ဗျားသိတာလား” ချူးယွင်ဖန်းက ချူးကျိကောကို စိုက်ကြည့်၍ မေးလိုက်သည်။
“သိတာပေါ့၊ မင်းဘယ်ကရလဲဆိုတာ ငါသိပ်ဂရုမစိုက်ဘူး။ ဒါပေမယ့် လွှဲပြောင်းပေးဖို့တော့ သိပ်နောက်မကျသေးဘူး။ မဟုတ်ရင် မင်းနောင်တရလိမ့်မယ်” ချူးကျိကောက ခြိမ်းခြောက်သည်။
“ခင်ဗျားရဲ့ ဦးနှောက်က ဖွံ့ဖြိုးမှုနောက်ကျနေတာမလား။ ကျုပ်ကဘာလို့ ဖော်မြူလာကို ခင်ဗျားဆီလွှဲပေးရမှာလဲ” ချူးယွင်ဖန်းကပြောသည်။ သူ ရှန်ဟဲကုမ္ပဏီ၏ ကျောထောက်နောက်ခံနှင့် အကာအကွယ်ဖြစ်လာရန် ဆုံးဖြတ်ခဲ့ပြီးစဥ်မှစ၍ သူ၏ တည်ရှိမှုကို ချူးကျိေကာသိနေနိုင်သည့်အတွက် ထိုကိစ္စနှင့် ပတ်သက်၍ အံ့သြနေခြင်းမရှိပေ။ မှန်သည် သူ လိုက်ကာနောက်ကွယ်၌ ပုန်းကွယ်နေ၍ မရပေ။
ချူးယွင်ဖန်းသည် ပြောင်းလဲမှုကြီးတစ်ခုဖြစ်ပေါ်လာစေရန် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားအဖြစ် သူ၏ ဖြစ်တည်မှုကို အသုံးချခဲ့သည်။ ပိုင်ဆိုင်မှု လွှဲပြောင်းယူခြင်းအပါအဝင်၊ ဝယ်ယူမှုလုပ်ငန်းစဥ်သည်လည်း လွယ်ကူချောမွေ့စွာပင် ပြီးစီးခဲ့သည်။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားအဖြစ် သူ၏အထောက်အထားသည် အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့၏။။
“အချို့အရာတွေက မင်းနဲ့မဆိုင်ဘူး” ချူးကျိကောက လှောင်ပြောင်၍ စကားဆုံးသည်နှင့် ချူးယွင်ဖန်းကို စတင်တိုက်ခိုက်သည်။
ချူးကျိကောသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်ရှိသည်။ ချီပင်လယ်အဆင့်တွင်သာရှိခဲ့သော ချူးယွင်ဖန်းသည် ချူးကျိကောနှင့်ရင်ဆိုင်ရသောအခါတွင် ထွက်ပြေးရုံမှ တပါးအခြားရွေးချယ်စရာမရှိခဲ့သော်လည်း ယခုမူ ကိစ္စများသည် ကွဲပြားခဲ့ပြီဖြစ်၏။
ဘမ်း
ချူးကျိကော၏ လက်များသည် ချူးယွင်ဖန်းတားဆီးခြင်းခံခဲ့ရသဖြင့် လည်ပင်းသို့ မတိုက်ခိုက်နိုင်ခဲ့ပေ။
“ဘာ” ချူးယွင်ဖန်းသည် သူ၏တိုက်ခိုက်မှုကို လွယ်ကူစွာတားဆီးလိုက်သည့်အတွက် ချူးကျိကော
မျက်စံများ အနည်းငယ်ကျုံ့သွားသည်။
“လွန်ခဲ့တဲ့ နှစ်ဝက်က ခင်ဗျားတို့လိုက်ဖမ်းခဲ့တဲ့ ငါက အဲ့အတိုင်းရှိနေဦးမယ်ထင်လို့လား” ချူးယွင်ဖန်းသည် သက်ပြင်းရှည်တစ်ချက်ချလိုက်ကာ၊ လက်သီးကို ကျစ်ကျစ်ပါသည်အထိ ဆုပ်၍ ပြင်းထန်စွာထိုးလိုက်သည်။
ဘွန်း
လက်သီးချက်သည် လေထဲတွင် ပေါက်ကွဲ၍ တုနှိုင်းမရလောက်သည်အထိ ကြီးမားပြင်းထန်သော ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာသည်။ ၎င်းကြောင့် လေထုသည် သုန်ခါလျက် လေလှိုင်းများထွက်ပေါ်လာရာ၊ ချူးကျိကောထံသို့ အလွန်ပြင်းထန်သော တိုက်ခိုက်မှုအဖြစ်ပြောင်းလဲသွားသည်။
ချူးကျိကောက နောက်သို့ပြန်ဆုတ်လိုက်ကာ၊ ချူးယွင်ဖန်း၏ လက်သီးကို ရှောင်တိမ်းလိုက်သော်လည်း လက်သီး၏ တွန်းအားကြောင့်ဖြစ်ပေါ်လာသော လေပြင်းသည် သူ့မျက်နှာသို့ထိမှန်၍ နာကျင်သွားရသည်။
“သေစမ်း” ချူးကျိကောက အော်ဟစ်၍ ပြန်လည်တိုက်ခိုက်ရန်ကြိုးစားလိုက်သော်လည်း ချူးယွင်ဖန်းသည် သူ့ကို အခွင့်အရေးမပေးခဲ့ပေ။ ချူးယွင်ဖန်းသည် ရှေ့သို့ ခြေတစ်လှမ်းထပ်တိုး၍ ဒုတိယအကြိမ်ထိုးလိုက်သည်။
ဘွန်း
ဘွန်း
ဘွန်း
လက်သီးတစ်ချက်စီသည် ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများထွက်ပေါ်လာစေသည်။ ချူးယွင်ဖန်း၏လက်ထဲမှ ကျားဆိုးလက်သီးများသည် ပြည့်စုံခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်ရာ၊ ပြင်းထန်သော စွမ်းအားများဖြင့် ပေါက်ကွဲလျက်ရှိ၏။ စွမ်းအားသည် သူယင်းကို စတင်လေ့လာခဲ့သည့်အချိန်ကနှင့် လုံးလုံးလျားလျား ကွာခြားလျက်ရှိသည်။ သို့သော် သိုင်းကွက်တွင်မူပြောင်းလဲမှု အနည်းငယ်မျှမရှိပေ၊ ချူးယွင်ဖန်းသည်သာ ယခင်ကထက် ဆယ်ဆမက သန်မာလာခြင်းဖြစ်၏။
သူလက်ရှိထုတ်လွှတ်လျက်ရှိသော စွမ်းအားသည်လည်း အဆပေါင်းများစွာ တိုးမြင့်လာလျက်ရှိသည်။ ဤသည်ကား ရှင်သန်ခြင်းနှင့် သေဆုံးခြင်းနှစ်ခုလုံးကို ကျင့်ကြံခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူသည် သိုင်းပညာကို နားလည်သဘောပေါက်ရန်နှင့် ကျင့်ကြံရေးအဆင့်ကိုမြှင့်တင်ရန်သာ အာရုံစိုက်၍မရပေ။ ကျင့်ကြံသူ၏ ခွန်အားသည် ခွန်အားအားလုံး၏ မူလဇစ်မြစ်ဖြစ်သည်။
လူတစ်ဦး၏ ခွန်အားသည် အတိုင်းအတာတစ်ခုအထိတိုင်များနေပါက၊ ၎င်းသည် အခြေခံကျသော သာမန်သိုင်းပညာတစ်ခုဖြစ်လျှင်ပင် မယုံကြည်နိုင်လောက်သော စွမ်းအားများကို ထုတ်သုံးနိုင်မည်ဖြစ်သည်။ ချူးကျိကောသည် ယင်းစွမ်းအင်အပြည့်၏ ပြင်းထန်မှုကို ခံစားနိုင်သည်။ ချူးယွင်ဖန်း၏ လက်သီးတိုင်းသည် လှံရှည်တစ်စင်း၏ ပြင်းထန်သော တိုက်ခိုက်မှုနှင့်တူ၏။ ထို့ကြောင့် တန်ပြန်တိုက်ခိုက်ချင်သော်လည်း မဖြစ်နိုင်ကြောင်း သူ လျင်မြန်စွာ သဘောပေါက်နားလည်ခဲ့သည်။ ချူးယွင်ဖန်းသည် အလွန်လျင်မြန်ကာ၊ သူ၏ခွန်အားသည်လည်း အလွန်ကြီးမား၏။
လက်သီးချက်တိုင်းသည် ချူးကျိကောကို ထိမှန်လျက်ရှိရာ၊ တန်ပြန်မတိုက်ခိုက်နိုင်တော့ပေ။ အချိန်တိုအတွင်းတွင် သူ့လက်များသည် မည်းနက်ပြာနှမ်းလာ၏။ မကြာမှီတွင်ရှေ့သို့တိုး၍ တန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိတော့သဖြင့် နောက်သို့သာ အဆက်မပြတ်ဆုတ်ခွာနေရသည်။
“မဖြစ်နိုင်ဘူး”
ချူးကျိကောသည် မယုံမကြည်နိုင်ဖြစ်လျက်ရှိသည်။ ချူးယွင်ဖန်း၏ ယခင်စွမ်းအားကို သူသေချာသိထားရာ၊ ထိုစဥ်က ချူးယွင်ဖန်းကို သူ ခွေးတစ်ကောင်ဖမ်းသကဲ့သို့ လိုက်ဖမ်းခဲ့ဖူးသည်။ အကယ်၍ မွန်းစတားအုပ်၏ နှောက်ယှက်မှုကြောင့်သာမဟုတ်ခဲ့ပါက၊ ချူးယွင်ဖန်း သေနှင့်ပြီးဖြစ်လောက်၏။
လက်ရှိ ချူးယွင်ဖန်းသည် တောင်ပေါ်မှ သွေးပွက်ပွက်ဆူနေသော ကျားတစ်ကောင်နှင့်တူရာ၊ အလွန်ကြောက်မက်ဖွယ်ကောင်း၍ စွမ်းအားကြီးလှသည်။ နောက်ဆုံးတွင် ချူးယွင်ဖန်းသည် ချူးကျိကောကို ချောင်ပိတ်၍ နောက်ထပ် လက်သီးတစ်ချက်ထိုးလိုက်သည်။
ချူးကျိကောသည် နောက်သို့လွင့်ထွက်၍ မြေပြင်သို့ရိုက်မိသွားသည်။ ထို့နောက် နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် အော်ဟစ်လူးလိမ့်လျက်ရှိသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် သူ၏ရင်ဘက်သို့ တည့်တည့်ထိမှန်ခဲ့ရာ၊ ရင်ဘက်တစ်ခုလုံး ကြေမွသွားသကဲ့သို့ နာကျင်စွာ ညည်းညူနေ၏။
ချူးယွင်ဖန်း၏ လက်သီးချက်သည် အလွန်ပြင်းထန်လွန်းသည်။ ချူးကျိကောသည် ၎င်းတို့ မတားဆီးနိုင်သဖြင့် မြေပြင်ပေါ်သို့ ပစ်ပေါက်ခံလိုက်ရခြင်းပင်ဖြစ်သည်။
ချူးကျိကောကို ကြည့်သော ချူးယွင်ဖန်း၏ မျက်လုံးများထဲတွင် အထင်သေးမှုများ ပြည့်နှက်နေသည်။
“ကျုပ်တို့သာ တောထဲမှာဆိုရင် ကျုပ်ခင်ဗျားကို သတ်ပစ်လိုက်ပြီ။ ခင်ဗျားရဲ့ အသက်နဲ့ ကျင့်ကြ့ရေးအရ၊ ကျုပ်ရှေ့မှာ ရှက်တဲ့စိတ်မဖြစ်ဘူးလား”
ချူးယွင်ဖန်း၏ စကားများသည် ချူးကျိကောကို စိတ်ကိုဆွပေးလျက်ရှိရာ၊ ချူးကျိကော၏ အတွင်းအင်္ဂါများ ဒဏ်ရာရ၍ ပါးစပ်အပြည့်သွေးများ အန်ထွက်လာသည်။
ချူးကျိကော၏ သနားဖွယ်အခြေအနေကို ကြည့်၍ ချူးယွင်ဖန်းသည် ထိုစဥ်က သူ့နောက်သို့ ချူးကျိကော လိုက်ဖမ်းခဲ့သည်ကို ပြန်လည်သတိရကာ၊ အနည်းငယ်မျှပင် သနားစိတ်မဖြစ်ပေါ်မိပေ။ အကယ်၍ သားရဲအုပ်ပေါ်လာခြင်းကြောင့်သာမဟုတ်ခဲ့လျှင် ချူးယွင်ဖန်းသည် ထိုတောအုပ်ထဲ၌ သေဆုံးခဲ့လောက်မည်မှာ သေချာ၏။
ခဏအကြာတွင် ရပ်ကွက်ထဲရှိ လုံခြုံရေးအစောင့်များရောက်လာသည်။ ဧည့်သည်နှစ်ယောက်ကို ချူးမိသားစုမှ ဖိတ်ကြားထားခြင်းဖြစ်သဖြင့် လုံခြုံရေးဝန်ထမ်းများသည် ခဏကြာမျှ အကြပ်ရိုက်နေကြသည်။
သို့သော် ဖြစ်စဥ်တစ်ခုလုံးကို လျင်မြန်စွာပင်ရှာဖွေတွေ့ရှိသွားကြသည်။ ဤအဖွဲ့အစည်းတွင် ကင်မရာများ နေရာတိုင်း၌ တပ်ဆင်ထားသဖြင့် ချူးကျိကောသည် ချူးယွင်ဖန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ချူးယွင်ဖန်းသည် ခုခံခြင်းမျှသာဖြစ်ကြောင်း သိရှိသွားကြသည်။
လုံခြုံရေးဝန်ထမ်းများသည် ချူးကျိေကာကို အထင်သေးစွာကြည့်လိုက်ကြသည်။ သူသည် စွမ်းအားအလုံအလောက်မရှိသော်လည်း ချူးယွင်ဖန်းကို ရန်စ၍ စတင်တိုက်ခိုက်ခဲ့သည်။ ယင်းမှာ သူ့သေတွင်းကို တူးနေခြင်းပင် ဖြစ်၏။ အကယ်၍ ချူးကျိကောသာ ဤအတွေးများကို ကြားလျှင် နောက်ထပ်တစ်ကြိမ် သွေးများအန်မိပေလိမ့်မည်ဖြစ်သည်။
သူသည် သူ့ကိုယ်သူ အထင်ကြီးခဲ့ခြင်းမဟုတ်ပေ။ ချူးယွင်ဖန်းသည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ချူးကျိကောနှင့် မယှဥ်နိုင်ခဲ့သဖြင့် တစ်နှစ်ခွဲအတွင်းတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းစွာ စွမ်းအားကြီးလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။
ထို့နောက်ချူးယွင်ဖန်းကို ကြိုလာခဲ့သူသည် သူ့အား အိမ်ရာတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ချူးယွင်ဖန်းသည် ရက်အနည်းငယ်အကြာတွင် ကျင်းပမည့် ဘိုးဘွားကန်တော့ပွဲကို အိမ်ရာတွင်နေ၍ စောင့်ဆိုင်းရမည်ဖြစ်သည်။
အခန်း(၃၂၉) အဖေနှင့်သား၏ အစီအစဥ်
ချူးကျိကောသည် ဆေးရုံတစ်ခုရှိ ကုတင်ပေါ်တွင် လဲလျောင်းလျက်ရှိသည်။ သူဆေးကုသမှုခံယူပြီးသောအခါ၊ အသက်လတ်ပိုင်းယောကျ်ားတစ်ယောက်သည် ဆေးခန်းအတွင်းသို့ လမ်းလျှောက်ဝင်လာ၏။
အသက်လတ်ပိုင်းယောက်ျား၏ မျက်နှာသည် ချူးကျိကော၏ မျက်နှာနှင့်ဆင်တူသော်လည်း အသက်ပို၍ ကြီးရာ၊ အသက်ငါးဆယ်ဝန်းကျင်ရှိမည်ထင်ရ၏။ ချူးကျိကော ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသည်ကို မြင်သောအခါ၊ သူ့အမူအရာသည် အနည်းငယ် ရင်ထဲနင့်သွားသကဲ့သို့ ထင်ရသည်။
“ဘယ်လိုနေလဲ ချူးကျိကော”
“အဖေ၊ သား ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက ဘာမှမဟုတ်ဘူး။ ဒါပေမယ့် သား ဒါကို ငြိမ်ခံမနေနိုင်ဘူး။ အဲ့ခွေးကောင်က ကျွန်တော့်ကို လူအများရှေ့မှာ အရှက်ခွဲ လှောင်ပြောင်ခဲ့တယ်။ သားသူ့ကို အလွှတ်မပေးဘူး။ သူ့ကို သေစေချင်တယ်” ချူးကျိကောက ဒဏ်ရာရနေသော သားရဲတစ်ကောင်ကဲ့သို့ အော်ဟစ်၍ ချူးယွင်ဖန်းကို အသေသတ်ပစ်ချင်လျက်ရှိသည်။ သို့သော် သူမည်သို့မျှ လုပ်နိုင်စွမ်းမရှိခဲ့ပေ။
လူလတ်ပိုင်းအရွယ်အမျိုးသားသည် တန်ဒါအဖွဲ့၏ လက်ရှိဥက္ကဌ ချူးဟုန်ယဲ့ဖြစ်သည်။ သူ့သားတွင် ဒဏ်ရာအပြင်းအထန်မရရှိခဲ့ကြောင်း အတည်ပြုပြီးနောက် စိတ်သက်ရာရသွားသည်။ ထို့နောက် သူက အေးစက်စွာ ဆူပူကြိမ်းမောင်းလိုက်သည်။
“မင်း သူ့ကို ဘာလို့သတ်ချင်ရတာလဲ။ အခုတင်း ရှက်ဖို့ကောင်းနေပြီ၊ မင်း အသက်သုံးဆယ်ရှိနေပြီကွ၊ ဒါတောင် ဆယ်ကျော်သက်ကလေးတစ်ယောက်ဆီမှာရှုံးသွားတယ်တဲ့။ နောက်ပြီး မင်းက ပြန်ကို မတိုက်နိုင်ဘဲ ရှုံးသွားတာ။ မင်းမရှက်ပေမယ့် ငါရှက်တယ်ကွ”
ချူးဟုန်ယဲ့သည် ထိုဗီဒီယိုဖိုင်ကို မြင်ခဲ့ပြီးဖြစ်ရာ အလွန်ရှက်ဖွယ်ကောင်းသည်။ သူ့သားသည် ချူးယွင်ဖန်းကို လုံးလုံးလျားလျား တန်ပြန်မတိုက်ခိုက်နိုင်သည်ကို သူမြင်သည်။ ချူးကျိကောလုပ်ခဲ့သမျှသည် အထိုးခံရုံသာဖြစ်၏။
ချူးမိသားစုသည် ရန်ဖြစ်တိုက်ခိုက်ခြင်းကို မကြောက်၊ ရှုံးနိမ့်မှုကိုသာ ကြောက်ကြသည်။ သိုင်းပညာဖြင့် တည်ဆောက်ထားသည့် မိသားစုအတွက် ယင်းသည် အလွန်အမင်းရှက်ဖွယ်ကောင်းလှသည်။ ထို့အပြင် ချူးကျိကောသည် သူ့ထက်ငယ်သော မျိုးဆက်ကိုဆုံးရှုံးခဲ့သည်။ ဤကဲ့သို့သော အရှက်ရဖွယ်ရှုံးနိမ့်မှုမျိုးကို သူလက်မခံနိုင်ပေ။
မျက်မှောက်ခေတ်တွင် လူအားလုံးသည် သိုင်းပညာကျင့်ကြံကြသောကြောင့် အပြင်ပိုင်းတွင် နုပျိုပုံပေါက်သည်။ ချူးယွင်ဖန်း၏ မိဘများသည် အမြင်တွင် အသက်နှစ်ဆယ်ကျော်ခန့်သာရှိသေးသည်ဟု ထင်ရသော်လည်း အသက်ငါးဆယ်နားသို့ ကပ်နေပြီဖြစ်သည်။ ချူးကျိကောသည် အသက်နှစ်ဆယ်ကျော်ဟု ထင်ရသော်လည်း အသက်သုံးဆယ်ဝန်းကျင်ရှိနေပြီဖြစ်ရာ၊ ရှေးဟောင်းလူသားများကာလတွင် အသက်သုံးဆယ်ရှိသူများသည် လူအများအလယ်တွင် ထင်ပေါ်နေသင့်သည်ဟုဆိုကြသော်လည်း ချူးကျိကောသည် အသက်သုံးဆယ်ရှိသည့်တိုင် ထိုသို့မလုပ်နိုင်သေးပေ။
ချူးဟုန်ယဲ့ အနည်းငယ် နောင်တရနေမိသည်။ သူသည် ချူးကျိကောကို လုံလောက်စွာ ကြီးကြပ်၍ မှန်ကန်သော ကျင့်ကြံရေးလမ်းကြောင်းသို့ရောက်အောင် မပျိုးထောင်နိုင်ခဲ့ပေ။ သူ့သားသည် သန့်စင်ခြင်းအဆင့်သို့ပင်မရောက်သေးသည့်အပြင် မိမိ၏ အငယ်တစ်ယောက်ထံတွင် အနိုင်ကျင့်ခံခဲ့ရသည်။ ဤသည်မှာ အမှန်တကယ်ပင် ကြီးမားသော အရှက်ခွဲမှုတစ်ခုဖြစ်၏။
“နှစ်ဝက်လောက်ပဲကြာသေးလို့ အဲ့ခွေးကောင် ဒီလောက် ကြောက်ခမန်းလိလိသန်မာလာလိမ့်မယ်လို့ မထင်ထားမိဘူး။ သူက သား အရင်သုန်းက လမ်းဘေးခွေးသာသာပဲရှိတာ၊ အခုတော့ အရမ်းစွမ်းအားကြီးနေပြီ၊ သားဂရုမစိုက်ပါဘူး။ သားသူ့ကို သေစေချင်တယ်” ချူးကျိကောက ကြိမ်းမောင်းသည်။
“မင်းက သူ့ကို သေစေချင်တယ်ဟုတ်လား။ ဘယ်လိုလုပ်မှာလဲ။ သူက ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားကွ၊ အဲ့တာ ဘာအဓိပ္ပါယ်လဲဆိုတာ မင်းသိလား။ ပြည်ထောင်စုတက္ကသိုလ်တင်မက ချူးမိသားစုကပါ သူ့ကို ကာကွယ်ပေးမှာ” ချူးဟုန်ယဲ့က အေးစက်စွာပြောသည်။
သူ့သားမဆိုနှင့် ချူးဟုန်ယဲ့သည်ပင် ပြည်ထောင်စုတက္ကသိုလ်မှ ဘွဲ့ရခဲ့ခြင်းမဟုတ်ပေ။ ထိပ်တန်းတက္ကသိုလ်များ၏ ဝင်ပေါက်ကိုပင် မထိတွေ့နိုင်ခဲ့ဘဲ သာမန်အထူးတက္ကသိုလ်တစ်ခုမှ ဘွဲ့ရခဲ့ခြင်းဖြစ်သည်။ ယင်းသည် သာမန်လူများအတွက် လုံလောက်သော်လည်း ၎င်းတို့သည် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများနှင့်ယှဥ်လျှင် မည်သည့်အဓိပ္ပါယ်မျှမရှိပေ။
တစ်ယောက်သည် ကောင်းကင်ဘုံမှ ဂုဏ်ယူဖွယ်သားဖြစ်၍ တစ်ယောက်သည် မြေပြင်ပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ဖြစ်သည်။ ချူးကျိကောသည် ချူးယွင်ဖန်းနှင့် မနှိုင်းယှဥ်နိုင်ပေ။ ချူးမိသားစုမှ ကာကွယ်ရန် မည်သူ့ကို ရွေးချယ်မည်မှာ ထင်ရှားသည်။ သားအဖနှစ်ယောက်သည် ချူးမိသားစုအတွက် ငွေအနည်းငယ်ရှာပေးနိုင်ခဲ့သည့်တိုင် ချူးယွင်ဖန်းနှင့် မယှဥ်နိုင်ကြပေ။
ချူးမိသားစုသည် ချူးဟုန်ယဲ့နှင့် ချူးကျိကောကဲ့သို့သောလူများကို မိနစ်ပိုင်းအတွင်းရှာဖွေနိုင်သော်လည်း ပြည်ထောင်စုတက္ကသိုလ်သို့ဝင်ခွင့်ရသူမှာမူ အနည်းငယ်သာရှိသည်။ ချူးမိသားစု၏ ပုဂ္ဂိုလ်ကြီးများသည် ပြည်ထောင်စုတက္ကသိုလ်မှ ဘွဲ့ရခဲ့ကြရာ၊ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်း၏ စီနီယာများဖြစ်ကြသည်။ ထို့ကြောင့် မည်သူက နီးစပ်၍ မည်သူက ဝေးကွာသည်မှာ သိသာ၏။
ထိုအခိုက်အတန့်တွင် ချူးကျိကောသည် မိမိ၏ မျှော်လင့်ချက်များကို မဖြည့်ဆည်းနိုင်ခဲ့သည့်အတွက် ပို၍ နောင်တရလျက်ရှိသည်။ ချူးကျိကောသာ ကောင်းမွန်စွာ ဆောင်ရွက်နိုင်ခဲ့လျှင် ဤအခြေအနေတွင်ပြီးဆုံးသွားလိမ့်မည်မဟုတ်ပေ။ ချူးဟုန်ယဲ့သည် ငယ်စဥ်က ချူးကျိကောအပေါ် မျှော်လင့်ချက်ကြီးကြီးမားမား ထားရှိခဲ့သည်။ ချူးကျိကောသည် မွေးရကျိုးမနပ်သော သားတစ်ယောက်ဖြစ်လာကြောင်း သူနောက်ပိုင်းမှ သိခဲ့ရသည်။ သူ့သားသည် မိန်းမများကိုသာ စိတ်ဝင်စား၏။
ချူးကျိကောသည် ငွေကြေး၊ စွမ်းအားနှင့် မိန်းမများသည် မိမိ၏ ခွန်အားပေါ်တွင်မူတည်ကြောင်း နားလည်သည်။ ခွန်အားမရှိပါက သားအဖနှစ်ယောက်လုံးသည် ပြာဖြစ်သွားမည့် အိပ်မက်တစ်ခုထက် ပိုလိမ့်မည်မဟုတ်ပေ။
ချူးဟုန်ကျဲသည်လည်း ဤသဘောတရားကို နားလည်သည်။ သို့သော် သူ့သား၏ အရည်အချင်းများသည် အကန့်အသတ်ရှိသည်။ ချူးဟုန်ကျဲ မျည်မျှ ရင်းနှီးစိုက်ထုတ်၍ သူ့အားပျိုးထောင်ခဲ့ခြင်းဖြစ်ကြောင်း မည်သူမျှ သိလိမ့်မည်မဟုတ်ပေ။ ချူးကျိကောသည် သန့်စင်ခြင်းအဆင့်သို့ပင် မတက်လှမ်းနိုင်သေးသည့်အပြင် အသုံးမဝင်ပေ။ ထို့ကြောင့် ချူးဟုန်ယဲ့ အလွန် စိတ်ပျက်လျက်ရှိသည်။
“အဲ့တာဆို သားဘာလုပ်ရမလဲ။ သူ့ကို ဒီတိုင်းလွှတ်ပေးလိုက်ရမှာလား၊ အဲ့ခွေးကောင်လေးက သား လုပ်ရင်တောင် အဲ့ကိစ္စကို မေ့မှာမဟုတ်ဘူး။ သူ့ဆီက သတ်ပစ်ချင်စိတ်ကို သားသေချာခံစားရတယ်။ သားတို့တောထဲမှာသာရှိနေရင် သူသတ်ပစ်မှာ သေချာတယ်။ သားသူ့ကို သတ်ဖို့နည်းလမ်းစဥ်းစားရမယ်။ သား သူ့ကို သတ်ရမယ်၊ မဟုတ်ရင် သားလွယ်လွယ်နဲ့ အနားယူနိုင်မှာမဟုတ်ဘူး” ချူးကျိကောက ကြုံးဝါးသည်။
ချူးဟုန်ယဲ့၏ မျက်လုံးများသည် ပြင်းထန်သော ကြောက်မက်ဖွယ်လူသတ်ချင်စိတ်ဖြင့် လင်းလတ်သွားသည်။ တန်ဒါအဖွဲ့သည် အထက်တန်းကျောင်းသားအချို့ကို လိုက်ဖမ်းနေသည့်အကြောင်း ချူးကျိကောထံမှ သူကြားခဲ့ဖူးသော်လည်း ယင်းကို စိတ်ထဲမထည့်ခဲ့ပေ။ ချူးကျိကောသည် ၎င်းတို့ကို မသတ်နိုင်ခဲ့သော်လည်း ၎င်းတို့သည် သာမန်အထက်တန်းကျောင်းသားများဖြစ်ကြသည်။
ထို့အပြင် ၎င်းတို့သည် လူမသိသူမသိ အထက်တန်းကျောင်းသားများဖြစ်ကြသဖြင့် ချူးဟုန်ယဲ့ပို၍ပင် ဂရုမစိုက်ခဲ့ပေ။ ချူးကျိကောသည် သူတစ်ချိန်က လိုက်ဖမ်းဖူးသည့်လူတစ်ယောက်သည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရမည်ဟု မည်သည့်အချိန်ကမှ မတွေးခဲ့ဖူးပေ။ ဖြစ်စဥ်သည် သူမတုံ့ပြန်နိုင်လောက်သည့်အတိုင်းအတာအထိ ပြောင်းလဲသွားခဲ့သည်။
သို့သော် ချူးကျိကော အသေအချာသိသည့်အရာတစ်ခုရှိသည်။ ချူးယွင်ဖန်းသည် သူမသတ်နိုင်သည့် မြွေတစ်ကောင်နှင့်တူသည်။ ယင်းကို သတ်နိုင်မည့်အစား၊ သူသာလျှင် ဒဏ်ရာရခဲ့၏။
သူ့နှလုံးသားကို လက်ဖြင့်ဖိ၍ ရက်ရက်စက်စက်လိုက်ဖမ်း၍ သတ်ခံရလျှင်ပင် သူ့ကို အလွှတ်ပေးမည်မဟုတ်ကြောင်း ချူးကျိကောကျိန်ဆိုခဲ့သည်။ တစ်နည်းအားဖြင့် ဤအခြေအနေသည် သေစေနိုင်လောက်သည့် ရန်ငြှိုးတစ်ခုဖြစ်လာမည်မှာသေချာ၏။ ချူးကျိကောသည် အခြားရွေးချယ်ရန်လမ်းကြောင်းမရှိပေ။ သူနှင့် ချူးကျိကော ရင်ကြားမစေ့နိုင်လျှင် ချူးယွင်ဖန်းကို သတ်ရန် နည်းလမ်းရှာရမည်ဖြစ်သည်။
ချူးဟုန်ယဲ့၏ မျက်လုံးများသည်လည်း ဖျပ်ခနဲလတ်၍
“မှန်တယ်၊ ငါတို့ ချူးယွင်ဖန်းကြီးထွားလာတာကို ဒီတိုင်းကြည့်နေလို့မရဘူး။ ကျန်းမိသားစုက သူ့ခေါင်းကို ယွမ်သန်းငါးဆယ်နဲ့ ကြေးဖွင့်ထားတယ်မလား။ အချိန်ကျလာရင် ငါတို့လည်း သူ့ကိုသတ်ဖို့ တစ်ယောက်ယောက် ငှားလို့ရပါတယ်။ အဲ့ကျရင် ကျန်းမိသားစုကို အပြစ်ပုံချလိုက်မယ်။ ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး”
“ဒါပေမယ့်၊ ချူးယွင်ဖန်း မသေခင် သားတို့ သူ့ဆေးဖော်မြူလာကို ရအောင်ယူဖို့ နည်းလမ်းစဥ်းစားရမယ်။ အကယ်၍ တန်ဒါအဖွဲ့က အဲ့ဖော်မြူလာကိုရရင် ချူးမိသားစုကို ကျောထောက်နောက်ခံထားပြီးတော့၊ စွမ်းအားကြီး ထိပ်တန်းဆေးပညာအဖွဲ့မျိုး ဖွံ့ဖြိုးလာအောင် လုပ်လို့ရတယ်။ အဲ့လိုမျိုး ကုမ္ပဏီသာ လက်ထဲမှာရှိရင် ချူးမိသားစုထဲမှာတောင် ဘယ်သူမှ သားတို့ကို အထင်သေးရဲမှာမဟုတ်ဘူး”
အခန်း(၃၃၀) မကောင်းသော ရည်ရွယ်ချက်ဖြင့် ရောက်လာသည်။
ချူးဟုန်ယဲ့သည် ဆေးလုပ်ငန်းတွင် နှစ်ပေါင်းများစွာကြာ လုပ်ကိုင်ခဲ့သည်။ သူသည် ချူးမိသားစု၏ အာဏာကို အားကိုးသော်လည်း မည်သည့်နည်းဖြင့်မျှ အလယ်အလတ်တန်းစားသူမဟုတ်ပေ။ ဆေးကုမ္ပဏီတစ်ခုအတွက် ဆေးဖော်မြူလာတစ်ခု၏ အရေးကြီးပုံကို သူမြင်နိုင်၏။
အဝေးမှ မြို့များသည် ယင်းကို မခံစားဖူးကြလိမ့်သော်လည်း တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ဆေးကုမ္ပဏီများသည်မူ ၎င်းတို့ပေါ်သို့ဖြတ်သန်းသွားလာနေသည့် ဝံပုလွေအုပ်ကို ခံစားမိကြသည်။
ထိုသို့သော မူပိုင်ခွင့်ကို ဆုပ်ကိုင်ထားသည့်ကုမ္ပဏီများသည် နောင်အနှစ်နှစ်ဆယ်တွင် မြင့်မားဖွံ့ဖြိုးလာလိမ့်မည်။ ဤသို့သော ဆေးဖြင့် ကမ္ဘာပေါ်တွင် အကောင်းဆုံးထိပ်တန်းဆေးကုမ္ပဏီတစ်ခုဖြစ်လာနိုင်၏။ တန်ဒါအဖွဲ့အတွက်မူ၊ ယင်းသည် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ထိပ်တန်းကုမ္ပဏီများထဲမှ တစ်ခုသာဖြစ်လာနိုင်၏။ ကမ္ဘာအကောင်းဆုံးဖြစ်လာရန် ဝေးကွာလှသေးသည်။
ဤသည်ကား အရွယ်အစားအားဖြင့် တည်ရှိမှုမဟုတ်သော်လည်း ဤဖော်မြူလာကို လုယူနိုင်ပါက ထင်ရှားကျော်ကြားလာမည့်အဖွဲ့မှာ တန်ဒါအဖွဲ့ဖြစ်သည်။
တန်ဒါအဖွဲ့ကဲ့သို့သော အဖွဲ့တစ်ဖွဲ့က ၎င်းတို့ကို ကျောထောက်နောက်ခံပြုခြင်းဖြင့် ချူးမိသားစုတွင် ၎င်းတို့၏ အဆင့်သည် ပို၍ မြင့်မားလာလိမ့်မည်။ သို့သော် ပြဿနာမှာ ချူးယွင်ဖန်းမှ မူပိုင်ခွင့်မှတ်ပုံတင်ထားခြင်းဖြစ်သည်။ ဤသည်မှာ အလွန်ရူးနှမ်းသော နည်းလမ်းတစ်ခုဖြစ်သည်။ ကုမ္ပဏီကြီးများမှ မည်သူမျှ ဤသို့ လုပ်ရန်ရွေးချယ်လိမ့်မည်မဟုတ်ပေ။
မူပိုင်ခွင့်မှတ်ပုံတင်ခြင်းသည် ၎င်းတို့၏ အကျိုးစီးပွားကို ထိရောက်စွာ ကာကွယ်နိုင်သော်လည်း ဆယ်စုနှစ် သို့မဟုတ် ရာစုနှစ်များအထိ ရနိုင်သည့်အကျိုးကျေးဇူးသည် ယခုအခါ အနှစ်နှစ်ဆယ်ဆိုသည့် အချိန်တိုအတွင်းသာ တည်တံ့နေလိမ့်မည်ဖြစ်သည်။
ထို့နောက်တွင် ဖော်မြူလာကို လူ့အဖွဲ့အစည်းကို ချပြမည်ဖြစ်၏။ ထိုသို့သော အမြတ်ငွေဆုံးရှုံးမှုသည် တွေးကြည့်၍ပင် မရနိုင်ပေ။ ချူးဟုန်ယဲ့သည် ယင်းကို တွေးမိ၍ ချူးဟုန်ယဲ့ ခေါင်းကိုက်လာရသည်။ ယင်းကို တွေးမိရုံဖြင့်ပင် ခေါင်းကိုက်ရ၏။
ချူးဟုန်ယဲ့သည် ဖော်မြူလာကို မရနိုင်သေးသော်လည်း သူ့အပိုင်ဟု မှတ်ယူထားပြီးဖြစ်သည်။ အခြားသူတစ်ယောက်၏ အပိုင်ဟု သူမတွေးထားခဲ့ပေ။
ချူးကျိကောသည် ၎င်းကို အသေအချာနားမလည်ခဲ့ပေ။
“အဲ့ ခွေးကောင်က ပါးစပ်လုံတယ်။ သူလွယ်လွယ်နဲ့ အလျှော့မပေးမှာစိုးတယ်။ သူအဲ့တာကို လက်မလွှတ်ရင် သားတို့ ဖော်မြူလာရရင်တောင် အသုံးမဝင်ဘူး။ မူပိုင်ခွင့်က အဲ့ခွေးကောင်ရဲ့ နာမည်နဲ့။ သူက မူပိုင်ခွင့်တင်ထားတဲ့သူပဲဆိုတော့ သားတို့သာ သူ့ကုမ္ပဏီကို မဝယ်နိုင်ရင် အသုံးမဝင်ဘူး။ အခွံလွတ်ကြီးပဲဖြစ်နေမှာပဲ၊ ဖော်မြူလာကဘာအရေးကြီးလို့လဲ”
“ဟား ငါတို့ အဲ့ခွေးကောင်လေးရဲ့ လျှာကြောမတင်းအောင်လုပ်လို့မရဘူးဆိုပေမယ့်၊ ဘယ်သူမှ လုပ်လို့မရတာတော့မဟုတ်ဘူး” ချူးဟုန်ယဲ့က အေးစက်စွာပြုံး၍ပြောလိုက်သည်။ “တန်ဒါအဖွဲ့ရဲ့ ရှယ်ယာဝင် ငါတို့နှစ်ယောက်တည်းမဟုတ်ဘူး။ ငါတို့ကုမ္ပဏီမှာ ချူးမိသားစုကလူတွေအများကြီးမဟုတ်ဘူးလား။ အတိတ်မှာသုန်းက သူတို့ ထိုင်ပြီး ရှယ်ယာတွေကို ခံစားခဲ့ကြတာ၊ အခု သူတို့ ဝင်ပါဖို့အချိန်ရောက်ပြီ။ သူ့ပါးစပ်ကို တစ်သက်လုံးပိတ်ထားနိုင်မယ်လို့ငါမထင်ဘူး”
“ဒါပေမယ့် ဖေဖေ၊ လက်မလျှော့ရင် သားတို့ဘာလုပ်ရမလဲ”
“ကြည့်ကြသေးတာပေါ့ကွာ၊ သူလက်လျှော့ရင် အကျိုးအမြတ်တွေက ငါတို့ဟာဖြစ်လာလိမ့်မယ်။ တကယ်လို့ သူလက်မလျှော့ဘူးဆိုရင်တော့၊ ချူးမိသားစုရဲ့ ကာကွယ်မှုကို ဆုံးရှုံးရမှာပဲ။ အဲ့လိုဖြစ်လာရင် ငါတို့ သူ့ကို ဘယ်လိုလုပ်လုပ်ရပြီ။ ငါတို့ ပါးစပ်နဲ့ပြောရုံပဲ။ သူက စွမ်းအင်သန့်စင်ခြင်းအဆင့်ကလေးတစ်ယောက်ပဲရှိသေးတာ။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားဖြစ်ရင်တောင်၊ ပါရမီရှင်မဖြစ်သေးရင် သာမန်ကျောင်းသားနဲ့ဘာမှမကွာဘူး” ချူးဟုန်ယဲ့ကပြောသည်။ “သူက ကမ္ဘာတစ်ခုလုံးသုန်လှုပ်စေလောက်မဲ့နာမည်ကျော် ပါရမီရှင်တစ်ယောက်ဖြစ်လာရင်တောင်၊ သူအရွယ်မရောက်သေးသရွေ့အသုံးမဝင်ဘူးဆိုတာ မင်းနားလည်ထား”
“တစ်နည်းပြောရရင် ဘယ်လိုဖြစ်ဖြစ် သေလမ်းသွားရမှာပဲပေါ့၊ အဖေ အရမ်းဉာဏ်ကောင်းတယ်။ ဟားဟားဟား ဒီတစ်ကြိမ်တော့၊ သူသေတာကို သားမြင်ရတော့မယ်” ချူးကျိကောက ကျယ်လောင်စွာရယ်မောလိုက်သည်။
အခြားတစ်ဖက်တွင် ချူးယွင်ဖန်းသည်မူ အိမ်ရာထဲ၌ သူ့မိသားစုကို ဗီဒီယိုကောခေါ်နေ၏။
ချူးဝမ်ချန်းနှင့် ယန်ယာယွင်တို့သည် ချူးယွင်ဖန်း ဘေးကင်းစွာရောက်ရှိသွားခြင်းရှိမရှိကိုသာ စိတ်ပူနေကြရာ၊ သူအဆင်ပြေနေသည်ကို မြင်သဖြင့် စိတ်သက်သာရာရသွားကြသည်။
တစ်ဖက်တွင်မူ နောက်ကျမှ ရောက်လာသည့် ချူးချင်ရွှမ်သည် ချူးယွင်ဖန်းကမျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။
“ဘာလဲ၊ ပါးစပ်နဲ့ပြော” ချူးယွင်ဖန်းသည် မျက်နှာတည်၍ ပြောလိုက်သည်။
“ကိုကို ညီမလေးနဲ့ လိုက်ဖ်(live) လွှင့်တဲ့ ရှောင်ဟေးရော ဘယ်လိုလဲ” ချူးချင်ရွှမ်သည်လည်း မျက်နှာတည်ဖြင့်ပြောလိုက်သည်။
“ဘာကိုဆိုလိုချင်တာလဲ”
“သူ တကယ် ညီမလေးရဲ့ ယောင်းမဖြစ်ချင်နေတယ်။ ကိုကိုဘယ်လိုထင်လဲ” ချူးယွင်ရွှမ်ကပြောသည်။
“သူက နည်းနည်းပြားပေမယ့် ကိစ္စမရှိဘူး။ ခေတ်သစ်နည်းပညာက တိုးတက်နေပြီ၊ သူ့ကို ကယ်နိုင်ပါသေးတယ်”
ချူးယွင်ဖန်းသည် မျက်ခုံးတွန့်၍
“အဲ့တာနဲ့ နင်ဘာလို့အရမ်းအားနေတာလဲ၊ ဒီနေ့လေ့ကျင့်ပြီးပြီလား”
“အိုး ကိုကို၊ ညီမလေး ကိုကို့ မင်္ဂလာပွဲအကြောင်းတွေးနေတာ၊ ကိုကို မငယ်တော့ဘူး။ ရှောင်ဟေးက ညီမလေးသိသမျှထဲမှာ အထူးချွန်ဆုံးမိန်းကလေးပဲ၊ ရုပ်ရည်နဲ့ပတ်သက်ပြီး ချေးများနေလို့မရဘူး ကိုကိုရဲ့၊ ဒါနဲ့ ဘယ်လိုထင်လဲ” ချူးချင်ရွှမ်ကပြောသည်။
“နင် ငါ့ကို စိတ်ပူနေရဲ့မယ့်အနေအထားတောင် ငါရောက်နေပြီလား။ ချူးယွင်ဖန်း၏ စိတ်ထဲတွင် ဆံမြိတ်ချထားကာ ပါးဖောင်းဖောင်းနှင့် ကလေးမလေးတစ်ယောက်၏ ပုံရိပ်ပေါ်လာသည်။ သူ လူအများနှင့် မတွေ့ဆုံဖူးသော်လည်း ရှောင်ဟေးသည် အလွန်လှပသည်။
“နင်အခု ငါပြန်လာပြီးသင်ခန်းစာပေးတာမခံချင်ရင် ထွက်ပြေးတာကောင်းလိမ့်မယ်”
သူမအစ်ကို ဒေါသထွက်လာသည်ကို ကြည့်၍ ချူးချင်ရွှမ်က လျှာထုတ်ပြလျက်ဖုန်းချလိုက်သည်။ ငယ်စဥ်တည်းက သူမသည် သူ့အစ်ကို၏ အကျင့်စရိုက်ကို သဘောပေါက်နားလည်သည်။ သူသည် အလွယ်တကူ ဒေါသထွက်ခဲသည်။ သို့သော် သူ့မျက်နှာပျက်သွားသောအခါတွင်မူ သတိထားရမည်ဖြစ်သည်။
“ဒီကောင်မလေး” ချူးယွင်ဖန်းက ပြုံး၍ပြောလိုက်သည်။ သူအမှန်တကယ်ပင်ပြုံးနေခဲ့သည်။ ချူးချင်ရွှမ် ပို၍ တက်ကြွ လန်းဆန်းလာသည်ကို သူခံစားနိုင်သည်။ တကယ်တမ်းတွင် သူမသည် သူ့အစ်ကိုအတွက် ဇနီးတစ်ယောက်ရှာရန် စိတ်အားထက်သန်နေခြင်းဖြစ်၏။
ချူးယွင်ဖန်း အနားယူခါးနီးတွင် အခြားသူများ တံခါးလာခေါက်သည်ကို ကြားလိုက်ရသည်။ သို့သော် သူ ထိုသူများကို မြင်သောအခါ၊ ဤလူများသည် ကောင်းသော ရည်ရွယ်ချက်များဖြင့် ရောက်လာကြခြင်းမဟုတ်သည်ကို သူသိလိုက်ရသည်။
အလည်လာသူ စုစုပေါင်း လေးယောက်ရှိရာ၊ လေးယောာက်ထဲမှ တစ်ယောက်သည် ချူးယွင်ဖန်း အပြင်းအထန်ဒဏ်ရာရစေခဲ့သည့် ချူးကျိကောဖြစ်သည်။ ချူးကျိကောသည် ယခုလေးတင်မှ သူ၏ဒဏ်ရာများကို ကုသပြီးကာစသာဖြစ်သော်လည်း သူ့ထံသို့ ရောက်ရှိလာခဲ့သည်။ အခြားသူသည်မူ ချူးကျိကော၏ ဖခင် ချူးဟုန်ယဲ့ဖြစ်သည်။
ချူးယွင်ဖန်းသည် ချူးဟုန်ယဲ့ကို သတိထားမိသည်။ နောက်ဆုံးတွင် သူသည် ချူးကျိကောကို ဆန့်ကျင်သည်နှင့် တန်ဒါအဖွဲ့တစ်ဖွဲ့လုံးနှင့် ရင်ဆိုင်ရမည်ကို သူနားလည်ထားသည်။ တန်ဒါအဖွဲ့၏ ပတ်ဝန်းကျင်အခြေအနေကို သူကောင်းစွာသိထားသည်။
သို့သော် ဖခင်နှင့် သားအနောက်တွင် မတ်တပ်ရပ်နေကြသည်မှာ အခြား လူနှစ်ယောက်ဖြစ်သည်။
တစ်ဦးသည် အသက်ရှစ်ဆယ် ဝန်းကျင်ရှိ အဘိုးအိုတစ်ဦးဖြစ်၍ တရုတ်ဝတ်လုံကိုဝတ်ဆင်ထားကာ ခေါင်းကို မြှင့်၍ ကြီးမြတ်ပုံပေါ်သည်။ သူ့ဘေးတွင်ကား၊ ဆယ့်ခုနှစ်နှစ်၊ ဆယ့်ရှစ်နှစ်ဝန်းကျင်ရှိသော လူငယ်တစ်ဦးရှိသည်။ ဤလူငယ်သည် လှပသော ဝတ်စုံကို ဝတ်ဆင်ထားရာ၊ သူသည်လည်း လူချမ်းသာ သိုမဟုတ် မြင့်မြတ်သောသူတစ်ယောက်ဖြစ်ပုံပေါ်သည်။ သူသည် ခြေလှမ်းကြီးများဖြင့် အိမ်ထဲသို့ ဝင်လာ၏။
၎င်းတို့လေးဦးသားသည် အတွင်းသို့လျှောက်လာ၍ ထိုင်ချလိုက်ကြသည်။ မျက်လုံးလေးစုံသည် ချူးယွင်ဖန်းကို စိုက်ကြည့်နေကြ၏။
ထိုလူများသည် လက်ဆောင်များပေးရန် ရောက်လာကြခြင်းမဟုတ်ကြောင်း ချူးယွင်ဖန်းပြောနိုင်သည်။
“လူကြီးမင်းတို့ ဘာလို့ ကျုပ်ကို လာရှာတာလဲ သိလို့ရမလား”