← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း(၃၃၇) ပဋိပက္ခဖြစ်ပွားခြင်း

ခပ်သုတ်သုတ်ခြေသံများနှင့်အတူ၊ လုံခြုံရေးအဖွဲ့တစ်ဖွဲ့ရောက်လာသည်။ အစောင့်တစ်ဦးစီတွင် အလွန် ပြင်းထန်ရဲရင့်သော ကိုယ်ရောင်ကိုယ်ဝါများပေါ်ထွက်နေသည်။ တစ်ဦးစီသည် ရာနှင့်ချီသော တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ဖူးသည့် စစ်သည်တော်များဖြစ်ကြသည်။ ချူးယွင်ဖန်းသည် သူ့မိသားစုတွင် အလားတူလူများကို ငှားရမ်းခဲ့စဥ်တည်းက ၎င်းတို့၏ သြဘာများနှင့် ရင်းနှီးနေခဲ့သည်။

ဤအစောင့်တပ်ဖွဲ့သည် လက်ရွေးစင်များဖြစ်ကြသော်လည်း ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာ ရှိကြသေးကာ၊ အသင်းခေါင်းဆောင်သည်မူ သန့်စင်ခြင်းအဆင့်တွင်ရှိ၏။ ချူးယွင်ဖန်း၏ မိသားစစုသည်၎င်းတို့၏ လုံခြုံရေးအဖွဲ့ကို ငွေကြေးဖြင့်သာ လုံးလုံးလျားလျားဆောက်တည်ထားခဲ့ခြင်းဖြစ်သော်လည်း ယခုပေါ်လာသောသူများသည်မူ စွမ်းအားကြီးလှသည်။ ထို့အပြင် ၎င်းတို့သည် ချူးယွင်ဖန်းတို့အိမ်ကြီး၌ ရှိနေကြခြင်းဖြစ်သည်။ ဤနေရာတွင် သေခြင်းတရားကို စိန်ခေါ်နေသည့်သူများမှတပါး မည်သူမျှ မောက်မာဝံ့မည်မဟုတ်ပေ။

လုံခြုံရေးမှုးက ရှေ့သို့ခြေတစ်လှမ်းတိုး၍ လူအုပ်ကို ကြည့်ကာ မေးလိုက်သည်။

“နှိုးစက်ကို ဘယ်သူနှိပ်လိုက်တာလဲ”

ဤနေရာတွင်ရှိသောသူများသည် ဘိုးဘေးကန်တော့ပွဲအခမ်းအနားသို့ လာခဲ့ကြသည့် ဧည့်သည်တော်ကြီးများဖြစ်ကြသည်။ အခြားသော မိသားဟုများ၊ အဖွဲ့များ သို့မဟုတ် ချူးမိသားဟု၏ VIP များပင်ဖြစ်စေ၊ ကိစ္စများကြီးမားလာကာ ကိုင်တွယ်ရခက်ခဲလာပါက ပြဿနာကြီးတစ်ခုဖြစ်လာပေလိမ့်မည်ဖြစ်သည်။ ဤသို့သော အခြေအနေမျိုးကို ရင်ဆိုင်ထိန်းချုပ်ရန် မလွယ်ကူသောကြောင့် နှိုးဆက်သံကြားသည်နှင့် ချက်ချင်း လုံခြုံရေးအဖွဲံတစ်ဖွဲ့လုံးရောက်လာခြင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် လုံခြုံရေးမှုးမှ အခင်းဖြစ်ပွားရာနေရာသို့ရောက်သောအခိုက်အတန့်တွင် ချူးယွင်ဖန်းနှင့် အခြားသူများ ထိပ်တိုက်တွေ့နေကြပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။

“အဲ့တာကျုပ်ပဲ၊ ကျုပ် နှိုးစက်ကို နှိပ်လိုက်တာ” ချူးယွင်ဖန်းက လက်ကိုမြှောက်၍ ပြောလိုက်သည်။

“မင်းကဘယ်သူလဲ၊ ဘာလို့ နှိုးစက်ကို နှိပ်တာလဲ” လုံခြုံရေးမှုက မေး၏။

“ဘိုးဘွားကန်တော့ပွဲအခမ်းအနားကို တက်ရောက်ဖို့ ကျုပ်ကို ချူးမိသားစုက ဖိတ်ထားတာပါ၊ ဒါပေမယ့် ဒီလူတွေက ကျုပ်ကို ဒဏ်ရာရအောင်လုပ်ဖို့ ကြိုးစားနေကြလို့ နှိုးစက်ကို နှိပ်လိုက်ရတာပဲ”

ချူးယွင်ဖန်းမှ ဤနည်းလမ်းကိုရွေးခဲ့ပြီဖြစ်သည့်အတွက်၊ သူမည်သို့ မပြင်ဆင်ထားဘဲလျက်ရှိလိမ့်မည်နည်း။ ချူးကျိကောနှင့်အခြားသူများ သူ့ထံသို့ရောက်လာသည်နှင့် နှိုးဆက်ကို နှိပ်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် အစောင့်များ၏ အကူအညီကို အမျှော်အမြင်ကြီးစွာဖြင့်ရှာခဲ့သည်။ မဟုတ်လျှင် သူသည် မိုးကြိုးတောင်ပံသားရဲကို အသုံးပြု‌ရတော့မည်ဖြစ်၏။

“ခင်ဗျားတို့က ဘယ်သူတွေလဲ၊ ဘာလို့ သူ့ကို ဒုက္ခပေးချင်နေကြတာလဲ” လုံခြုံရေးမှုးက ကမန်းကတမ်းမေးလိုက်သည်။

ချူးယွင်ဖန်းကို ဤငယ်ရွယ်လှသော အရွယ်၌ ဘိုးဘွားကန်တော့ပွဲအခမ်းအနားသို့ ဖိတ်ကြားခဲ့ကြသည့်အကြောင်းအရင်းမှာ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည့် လက်ရွေးစင်တစ်ဦးဖြစ်သောကြောင့်ဖြစ်သည်။

လူတစ်ယောက်သည် တွေးခေါ်တတ်ပါက ဤသို့သော လက်ရွေးစင်များကို စော်ကားလိမ့်မည်မဟုတ်ပေ။ ယခုအချိန်တွင် မသိသာသော်လည်း နောင် ဆယ်စုနှစ်အနည်းငယ်အတွင်းတွင် ၎င်းတို့မိသားစု၏ အုပ်ချုပ်ရေးအသိုင်းအဝိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပေလိမ့်မည်ဖြစ်သည်။ ထိုအခိုက်အတန့်တွင် ချူးဟုန်သဲ့သည် ရှေ့သို့လှမ်းလာ၍ ပြောလိုက်သည်။

“ကျုပ်က ချူးမိသားစုအကြီးအကဲ ချူးဟုန်ယဲ့ပါ”

ချူးမိသားစုအတွင်း၌ လူများစွာရှိသောကြောင့် လုံခြုံရေးမှုးမှ သူ့အား အသိအမှတ်မပြုသည့်အပေါ် ချူးဟုန်ယဲ့ အံ့သြနေခြင်းမရှိပေ။ သူ့ကဲ့သို့ အကြီးအကဲများအရေအတွက်သည် အလွန်များပြားလှသဖြင့် သူမည်သူမည်ဝါဖြစ်ကြောင်း မည်သူမျှမသိကြပေ။

လုံခြုံရေးမှု၏ ဦးရေပြားထုံကျဥ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ဖက်ကိုမျှ သူစော်ကားနိုင်လိမ့်မည်မဟုတ်ကြောင်း သိသည်။ သူသည် သန့်စင်ခြင်းအဆင့်သို့ သိပ်မကြာခင်ကမှ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သဖြင့် ချူးဟုန်ယဲ့ကဲ့သို့ အကြီးအကဲတစ်ယောက်နှင့် နှိုင်းယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ တစ်ဖက်တွင်မူ၊ ချူးယွင်ဖန်းသည် သာလွန်ကောင်းမွန် ထက်မြက်ကာ၊ အနာဂတ်သည်လည်း အကန့်အသတ်မရှိပေ။ လုံခြုံရေးမှုသည် ၎င်း၏ တရားစစီရင်ပိုင်ခွင့်နယ်မြေတွင် ကြောက်မက်ဖွယ်ရာတစ်စုံတစ်ရာဖြစ်ပွားခဲ့ပါက၊ အလုပ်ပြုတ်သွားရမည်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် သူမည်သို့ မည်ပုံပြုမူဆောင်ရွက်သင့်သည်ကို မစဥ်းစားတတ်တော့ပေ။

ထို့နောက် ချူးဟုန်ယဲ့က မောက်မာစွာဖြင့် ပြောလိုက်သည်။

“သူ့မှာ ယုတ်မာတဲ့ရည်ရွယ်ချက်တွေရှိတယ်လို့ ကျုပ်ထင်တယ်။ ဘိုးဘွားကန်တော့ပွဲအခမ်းအနားကို သူဖျက်ဆီးဖို့ရောက်လာတာ။ အခု သူ့ကို ဖမ်းလိုက်”

“တောင်းပန်ပါတယ် ဆရာ၊ ခင်ဗျားက အကြီးအကဲတစ်ယောက်ဖြစ်ပေမယ့် လုံခြုံရေးအတွက် တာဝန်မရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျားမှာ ကျုပ်ကို အမိန့်ပေးပိုင်ခွင့်မရှိဘူး။ ဒီလူတွေက ချူးမိသားစုရဲ့ အရေးပါတဲ့ဧည့်သည်တွေမို့လို့ ဒီလိုအမိန့်မျိုးကို ကျုပ်လက်မခံနိုင်ပါဘူး။ ဒါ့ကြောင့် ခင်ဗျားကို မနာခံတဲ့အတွက် ခွင့်လွှတ်ပါ”

“မင်းငါ့ကို အံတုဖို့ သတ္တိတွေရှိနေတယ်ပေါ့လေ။ ငါမင်းကို စကားတစ်လုံးတည်းနဲ့ အလုပ်ပြုတ်အောင်လုပ်ပစ်လို့ရတယ်ကွ”

“ဒီလိုလုပ်လို့ရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်၊ ဒါပေမယ့် ကျွန်တော်က ဒီနယ်မြေအတွက် တာဝန်ယူထားရတုန်းမို့လို့ ကျေးဇူးပြုပြီး ဝင်မစွက်ဖက်ပါနဲ့”

ချူးဟုန်ယဲ့၏ စကားများသည် လုံခြုံရေးမှုးကို ဒေါသထွက်စေခဲ့သည်။ သူသည် ချူးဟုန်ယဲ့ထက် အဆင့်အတန်းနိမ့်သော်လည်း သန့်စင်ခြင်းအဆင့်တွင်ရောက်ရှိနေပြီဖြစ်သဖြင့် အနာဂတ်တွင် အကြီးအကဲဖြစ်လာရန် အခွင့်အရေးရှိသည်။ ယခုလက်ရှိတွင် လုံခြုံရေးတစ်ဦးသာဖြစ်သော်လည်း ဤအမ်းအနားသည် ပွဲကြီးပွဲကောင်းတစ်ခုဖြစ်သည်။ ချူးမိသားစုသည် ထိုသို့သော အခြေအနေမျိုးကို ကိုင်တွယ်ရန် လက်ရွေးစင်မဟုတ်သူများကို စေလွှတ်ခဲ့လိမ့်မည်မဟုတ်ပေ။

မနက်ဖြန်တွင် တန်ဒါအဖွဲ့မှ ဆုံးရှုံးရမည့် ငွေပမာဏကို တွေး၍ ချူးဟုန်ယဲ့မှ အလွန်အမင်းဒေါသဖြစ်လျက်ရှိသည်။

“ငါသူ့ကို သတ်ချင်ရင်ဘယ်လိုလုပ်မလဲ၊ မင်းငါ့ကို တားမှာလား”

လုံခြုံရေးက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။

“ကျုပ်တားမှာပေါ့၊ ကျုပ်တာဝန်က ဒီနေရာက လူတိုင်းကို ကာကွယ်ပေးဖို့ပဲလေ၊ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာအောင်လုပ်ခွင့်မပြုနိုင်ဘူး” ချူးဟုန်ယဲ့သည် ပြင်းပြင်းထန်ထန်ပြုမူနေသောကြောင့် သူနောက်မဆုတ်သွားနိုင်ပေ။ အနည်းဆုံး လုံခြုုံရေးမှုးသည် ချူးယွင်ဖန်းအတွက် သူ့ကိုယ်သူ စတေးရပေလိမ့်မည်ဖြစ်သည်။

ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတစ်ဦး၏ အနာဂတ်သည် အကန့်အသတ်မရှိပေ။

“မင်းလိုမျိုး လုံခြုံရေးမှုး ပေါက်စလေးက ငါ့ကို ဘယ်လိုတားမလဲဆိုတာကြည့်ချင်သေးတယ်” ချူးဟုန်ယဲ့က အော်ဟစ်၍ ချူးယွင်ဖန်းထံသို့ ချီတက်သွားသည်။

ဘွန်း

ချူးဟုန်ယဲ့သည် သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦး၏ ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ပေါက်ကွဲထွက်လာကာ၊‌ ခြောက်ခြားဖွယ်လေလှိုင်းလုံးများကို ဖြစ်ပေါ်လာစေသည်။ ယင်းသည် သူ့ကိုယ်သူ ထိန်းထားချိန်နှင့်မူတပေ။ ယခုမူကား၊ ဒေါသ၏ တောက်လောင်နေသောမီးတောက်များအောက်တွင် သူသည်လည်း အထိန်းအကွပ်ကင်းမဲ့စွာ လောင်ကျွမ်းနေ၏။

ဘမ်း

သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူနှစ်ဥိးသည် လေထဲ၌ ထိတိုက်သွားကြရာ၊ ကြောက်မက်ဖွယ်ပြင်းထန်သော လှိုင်းလုံးတစ်ခု လွင့်ထွက်လာ၏။ ချူးယွင်ဖန်းသည် လုံခြုံရေး၏အနောက်တွင် ရပ်နေခြင်းဖြစ်သော်လည်း ပြင်းထန်သော လေတိုက်ခတ်မှုကို ခံစားလိုက်ရကာ၊ အနည်းငယ်နာကျင်သွားရသည်။

ဤသည်ကား သန့်စင်ခြင်းအဆင့် ကျင့်ကြံသူ၏ စစ်မှန်သော စွမ်းအားပင်ဖြစ်သည်။

“ကောင်းလိုက်တာ၊ မင်းလုပ်ခဲ့တာတွေအတွက် ငါမင်းကို ပြန်ပေးဆပ်ခိုင်းမယ်” လုံခြုံရေးမှုးနှင့် စတင်တိုက်ခိုက်ရသောအခါ၊ သူ၏ ဒေါသများပိုတိုးလာခဲ့သည်။

ဘမ်း

ဘမ်း

ဘမ်း

တိုက်ခိုက်မှုတစ်ခုစီတိုင်းသည် လုံခြုံရေးမှုးကို ဆုတ်ခွာစေ၏။ လုံခြုံရေးမှုးသည်လည်း သန့်စင်ခြင်းအဆင့်တွင်ရှိနေသည့်တိုင် သူနှင့် ချူးဟုန်သဲ့အကြားတွင် ကွာခြားချက်ကြီးတစ်ခုရှိနေ၏။

သို့သော် ချူးဟုန်ယဲ့မှ ချူးယွင်ဖန်း၏ရှေ့တွင်ပေါ်လာသောအခိုက်အတန့်၌ ကြည်လင်သောအသံတစ်ခု ပဲ့တင်ထပ်လာသည်။ အသံသည် မှော်အစွမ်းများရှိနေပုံပေါ်ကာ၊ နှစ်ဖက်စလုံးကို ရပ်တန့်သွားစေ၏။ လူတိုင်းလှမ်းကြည့်လိုက်သောအခါ၊ အစိမ်းရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားသည့် အသက်နှစ်ဆယ်ဝန်းကျင်ခန့်ရှိမည့် လူငယ်တစ်ဦးကိုတွေ့လိုက်ရသည်။

သူသည် ရှေ့သို့လျှောက်လာကာ၊ ချူးဟုန်ယဲ့နှင့် ချူးယွင်ဖန်းတို့ကြားတွင် ရပ်နေ၏။

လူငယ်သည် ထက်မြက်သော ထူထဲထဲမျက်ခုံးများနှင့် တောက်ပကြည်လင်သော မျက်လုံးများရှိသည်။ သူသည် မယုံကြည်နိုင်ဖွယ် ရဲရင့်ပုံပေါ်၏။ မျက်မှောင်အနည်းငယ်ကြုတ်နေသည့်တိုင် ဂုဏ်သိက္ခာနှင့်ပြည့်စုံသောခံစားချက်ကို ပေးစွမ်းနိုင်၏။

အခန်း(၃၃၈) ပြင်းထန်သော ပြစ်ဒဏ်

ထူထဲသော မျက်ခုံးများ၊ ကြည်လင်တောက်ပနေသောမျက်လုံးများရှိသည့် လူငယ်ကို မြင်သောအခါ မိမိတို့မည်သူမည်ဝါပင်ဖြစ်နေစေကာမူ အားလုံးရပ်တန့်သွားကြသည်။ ဤနေရာတွင် ဤလူငယ်အားတွေ့ဆုံရလိမ့်မည်ဟု ၎င်းတို့မမျှော်လင့်ထားကြပေ။

“မင်္ဂလာပါ ခေါင်းဆောင်လေး” အားလုံးက ပြိုင်တူပြောလိုက်ကြသည်။

သို့မှသာ ချူးယွင်ဖန်းသည်လည်း တုံ့ပြန်၏။ ဤမျက်ခုံးကောင်းကောင်း၊ မျက်လုံးတောက်တောက်ဖြင့် လူငယ်တွင် မည်သည့်နောက်ခံမျိုးရှိသနည်း။

သူသည် ချူးမိသားစု၏ ငယ်ရွယ်သော မျိုးနွယ်စုခေါင်းဆောင် ချူးဟောက်ယွဲ့ဖြစ်သည်။ သူသည် ချူးမိသားစု၏ လက်ရှိမျိုးနွယ်စုခေါင်းဆောင်၏ သားဖြစ်၍ ချူးမိသားစုရှိ လူငယ်များအကြားတွင် အထူးချွန်ဆုံးသူတစ်ဦးလည်းဖြစ်ရာ၊ ချူးမျိုးနွယ်စုခေါင်းဆောင်ရာထူးကို ရယူရန် အခွင့်အလမ်းမြင့်မားသူတစ်ဦးလည်း ဖြစ်သည်။

မျိုးဆက်သစ် လူငယ်များအကြားတွင် မည်သူမျှ သူနှင့်ယှဉ်ပြိုင်နိုင်သောသူမရှိပေ။ ချူးဟောက်ယွဲ့သည် ချူးမိသားစု၏ မျိုးဆက်သစ်လူငယ်များအကြားတွင် ပြောင်မြောက်သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သဖြင့် ချူးယွင်ဖန်းမှ သူ့အား သတိမထားမိရန် မဖြစ်နိုင်ပေ။

“ဒီမှာ ဘာဖြစ်နေတာလဲ” ချူးဟောက်ယွဲ့က ရှေ့သို့တိုးလာ၍မေးလိုက်သည်။

လူတိုင်းသည် သူ့စကားလုံးများထဲမှ အာဏာကိုခံစားမိကြသဖြင့် ၎င်းတို့၏ နှလုံးသားထဲတွင် ပြင်းထန်သော ဖိအားများကို ခံစားလိုက်ရသည်။

ချူးယွင်ဖန်းက မျက်ခုံးပင့်လိုက်သည်။ ဤချူးဟောက်ယွဲ့သည် သိုင်းပညာရှင်တစ်ဦးဖြစ်သည်။ ချူးဟောက်ယွဲ့သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ ဝင်ရောက်ပြီးခြင်း ရှိမရှိ မသိရသေးပေ။

သို့သော် ချူးဟောက်ယွဲ့သည် သိုင်းပညာရှင်မဟုတ်ပါက ချူးမိသားစု၏ ဆက်ခံသူဖြစ်လာရန် အခွင့်အလမ်းရှိလိမ့်မည်မဟုတ်ပေ။ ချူးမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်သည် အသက်ရှင်နေသောသူများအနက် အသန်မာဆုံးနှင့် စွမ်းအားအကြီးဆုံးပုဂ္ဂိုလ်မဟုတ်သော်လည်း ၎င်းတို့သည် ချူးမိသားစုထဲတွင် အသန်မာဆုံးပုဂ္ဂိုလ်များဖြစ်မည်မှာ သေချာ၏။

ချူးမိသားစုသည် မိသားစုကိုလည်ပတ်စေရန် သိုင်းပညာကို မှီခိုထားသည်။ လုံလောက်သည့် အင်အားမရှိပါက လူထုကို မည်သို့ စည်းရုံးနိုင်လိမ့်မည်နည်း။

“ခေါင်းဆောင်ငယ် ဒီကောင့်ကို သူလျှိုလို့ ကျုပ်ဆို့ သံသယရှိတယ်။ သူက ကျုပ်တို့ ဘိုးဘွားကန်တော့ပွဲအခမ်းအနားကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနှောက်ယှက်ဖို့လာခဲ့တာ” ချူးဟုန်ယဲ့သည် အံကြိတ်၍ အရဲစွန့်ပြောလိုက်သည်။

ချူးဟုန်ယဲ့၏ ဒေါသလှိုင်းများ ပျောက်ကွယ်သွားပြီးနောက် လက်ထဲတွင် မည်မျှကြီးမားသော ပြဿနာဖြစ်လာသည်ကို သဘောပေါက်နားလည်လိုက်သည်။ ယခင်က သူဒေါသဖြင့် တောက်လောင်နေချိန်တွင် မည်သည်ကိုမျှ ဂရုစိုက်ခြင်းမရှိ တိုက်ခိုက်ခဲ့သည်။ ယခုခူ သူ၏ ဒေါသများအားလုံး ချူးဟောက်ယွဲ့ထံမှ ခြောက်လှန့်ခြင်းခံခဲ့ရပြီးနောက် အခြားနည်းလမ်းသုံးရုံမှတပါး ရွေးချယ်ရန်နည်းလမ်းမရှိတော့ပေ။

သို့သော် ချူးဟုန်ယဲ့သည် ချူးဟောက်ယွဲ့၏ အေးစက်သော နှာမှုတ်သံကိုသာကြားလိုက်ရသည်။ ထို့နောက် ချူးဟုန်သဲ့သည် ပြင်းထန်စွာ နောက်ပြန်လွင့်ထွက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အရူး ခင်ဗျားက ကျုပ်ရှေ့မှာ လာလိမ်ရဲတာလား” ချူးဟောက်ယွဲ့က ရိုင်းစိုင်းစွာပြောလိုက်သည်။ သူသည် အငယ်တန်းမျိုးနွယ်စုခေါင်းဆောင်တစ်ဦးဖြစ်ကာ၊ မျိုးနွယ်စုခေါင်းဆောင်မဖြစ်လာသေးသော်လည်း ၎င်းတွင် အာဏာမရှိဟုမဆိုလိုပေ။

ချူးမိသားစု၏ မျိုးနွယ်စုခေါင်းဆောင် ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် ချူးဟောက်ယွဲ့၏ အဆင့်အတန်းသည် မျိုးနွယ်စုခေါင်းဆောင်နှင့် အချို့သော ထိပ်တန်းအကြီးအကဲများ၏ အောက်တွင်သာရှိသည်။ သာမန်အကြီးအကဲတစ်ဦးဖြစ်သည့် ချူးဟုန်ယဲ့အား အနည်းငယ်မျှပင် သက်ညှာပေးလိမ့်မည်မဟုတ်ပေ။

‘ဘာဖြစ်နေလဲပြောပြ” ချူးဟောက်ယွဲ့က ချူးရှန်ကျုံးကို လက်ညှိုးထိုး၍ အမိန့်ပေးလိုက်သည်။

ချူးယွင်ဖန်း၏ အရှေ့တွင် အလွန်သတ္တိရှိ၍ ရိုင်းပျခဲ့သော ချူးရှန်ကျုံးသည် ချူးဟောက်ယွဲ့ကိုမူ ပုန်ကန်ရန် ရည်ရွယ်ချက်မရှိပေ။ ချူးရှန်ကျုံးသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည့်တိုင် ချူးဟောက်ယွဲ့၏အရိပ်အောက်တွင်မူ ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်သည်။ ချူးဟောက်ယွဲ့သည် တစ်ချိန်က သိုင်းပညာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ထိပ်တန်းအမှတ်အများဆုံးသူတစ်ဦးဖြစ်ခဲ့ဖူးရာ၊ ၎င်းတို့သည် ကောင်းကင်နှင့် မြေကြီးတမျှကွာခြား၏။

ချးရှန်ကျုံးသည် ထင်ရှားကျော်ကြားသော မိသားစုမှ ဆင်းသက်လာခဲ့သော်လည်း ၎င်းတို့ထက် အဆင့်မြင့်သော၊ ရာထူးကြီးသော ပုဂ္ဂိုလ်များစွာရှိနေသေးသည်။ ချူးဟုန်ယဲ့နှင့် ချူးကျိကောတို့အတွက်မူ၊ ၎င်းတို့သည် အလွန်မြင့်မြတ်၍ စွမ်းအားကြီးသော်လည်း ချူး‌ဟောက်ယွဲ့အတွက်မူ၊ စကားထဲထည့်ပြောရန်ပင် အသုံးမဝင်ပေ။

ချူးရှန်ကျုံးသည် အမှန်တရားကို ဖုံးကွယ်ရန် ကြိုးစား၍ သတိကြီးစွာပြောလိုက်သည်။ သူသည် ဖြစ်ရပ်မှန်ထက် အနည်းငယ် လျှော့ချ၍ ပြောပြခဲ့ရာ၊ ဤပြဿနာရပ်ထဲမှ သူ့ကိုယ်သူ ဖယ်ထုတ်ရန် ကြိုးစားခဲ့သော်လည်း ချူးဟောက်ယွဲ့သည် ဤကိစ္စ၏ အမှန်တရားကို ချက်ချင်းရှာဖွေတွေ့ရှိသွား၏။

“ဒါမင်းတို့ ကိစ္စရပ်တွေကို ကိုင်တွယ်တဲ့ပုံစံလား” ချူးဟောက်ယွဲ့က ခပ်တိုးတိုးပြောလိုက်သည်။

“ကျုပ်တို့ မျိုးနွယ်စုကလူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ခြိမ်းခြောက်ပြီးလုယူနေတယ်ပေါ့”

ချူးယွင်ဖန်းသည် စကားပြောရင်းဖြင့် အလွန်အမင်းစိတ်ဆိုးဒေါသထွက်လာသည်။

“ဒါကလုံးဝစောက်ရေးမပါတာပဲ၊ ချူးဟုန်ယဲ့၊ ခင်ဗျားကို အကြီးအကဲရာထူးကနေ ထုတ်ပယ်လိုက်ပြီ၊ ရှေ့တန်းမှာ သုံးနှစ်တာဝန်ထမ်းဆောင်ရလိမ့်မယ်၊ သုံးနှစ်ပြီးမှသာ ခင်ဗျားပြန်လာခွင့်ရမယ်။ ချူးရှန်ကျုံး၊ မင်းက ငယ်သေးတဲ့အတွက်ကြောင့် ငါမင်းကို အပြစ်မပေးတော့ဘူး၊ ဒါပေမယ့် မင်းအဖေကတော့ ရှေ့တန်းမှာ သုံးနှစ်တာဝန်ထမ်းဆောင်ဖို့ စေလွှတ်ခံရလိမ့်မယ်။ ချူးဟုန်ယဲ့နဲ့ ချူးကျိကော၊ ခင်ဗျားတို့နှစ်ယောက်က ချူးမိသားစုနာမည်နဲ့ ပြဿနာရှာခဲ့တဲ့အပြင်၊ ချူးမိသားစုရဲ့ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေတယ်။ ဒီနေ့ကစပြီးတော့ ခင်ဗျားတို့ကို မိသားစုကနေ အပြီးအပိုင် ထုတ်ပယ်လိုက်ပြီ”

ချူးဟုန်ယဲ့အပါအဝင် လူတိုင်း ကြောင်အသွားကြသည်။ ဤသို့ဖြစ်လေ့ဖြစ်ထမရှိသဖြင့် ချူးဟောက်ယွဲ့သည် ဤကဲ့သို့ ပြင်းထန်သော အပြစ်ဒဏ်များပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

“ခေါင်းဆောင်ငယ်၊ အကုန်လွဲနေပြီ”

“ခေါင်းဆောင်ငယ် ကျုပ်တို့ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ဘူး”

ချူးဟုန်ယဲ့သည် အံကြိတ်၍ မည်သည့်စကားတစ်ခွန်းမျှ ပြောမထွက်ခဲ့ပေ။ သူသည် ချူးဟောက်ယွဲ့ကို မဆန့်ကျင်ရဲသဖြင့် ချူးယွင်ဖန်းကိုသာ အစိတ်စိတ်အမွှာမွှာဆုတ်ဖြဲပစ်နိုင်ရန် ဆုတောင်း၍ ချူးယွင်ဖန်းအား စိုက်ကြည့်လျက်ရှိသည်။

ချူးဟုန်ယဲ့နှင့် ချူးကျိ‌ေကာတို့သည်မူ၊ သတိလစ်လုနီးပါးဖြစ်နေကြသည်။ ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းသော ပြစ်ဒဏ်ကို ခံရလိမ့်မည်ဟု သူတို့မမျှော်လင့်ထားခဲ့ကြပေ။ ၎င်းတို့ ပုန်းကွယ်နိုင်သည့် တစ်ခုတည်းသော နေရာမှာ ချူးမိသားစုပင်ဖြစ်သည်။ အကယ်၍ သူတို့သာ မိသားစုစာရင်းထဲမှဖယ်ထုတ်ခံလိုက်ရလျှင် နောက်ဆက်တွဲဆိုးကျိုးများကို ခန့်မှန်း၍ပင်ရလိမ့်မည်မဟုတ်ပေ။

တန်ဒါအဖွဲ့အားတည်ထောင်ကာစတွင် ၎င်းတို့သည် မြောက်များစွာသော အင်အားကြီးမားသည့်ရန်သူများကို ဆန့်ကျင်ခဲ့ကြသော်လည်း ချူးမိသားစုကို မှီခိုအားထား၍ လွတ်မြောက်ခဲ့ကြသည်။ ၎င်းတို့တွင်သာ ချူးမိသားစု၏ အကာအကွယ်မရှိတော့ပါက၊ အဆုံးသတ်သွားရလိမ့်မည်ပင်ဖြစ်၏။

သို့သော် ၎င်းတို့ မည်သို့ပင်ပြောစေကာမူ၊ ချူးဟောက်ယွဲ့သည် ဂရုမစိုက်ပေ။

“ကျုပ်တို့ လက်ရှိ ဘိုးဘွားကန်တော့ပွဲအခမ်းအနားကျင်းပနေတာ၊ ဧည့်သည်တွေဘယ်နှစ်ယောက်လာမလဲဆိုတာ ဘယ်သူသိလဲ။ ဒီကာလအတွင်းမှာ ခင်ဗျားတို့က တကယ်ပြဿနာရှာရဲကြတယ်။ ကျုပ် ခင်ဗျားတို့ကို မကာကွယ်ပေးနိုင်တော့ဘူး”

ထို့နောက် ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းကို ကြည့်လိုက်သည်။

“မင်းက ချူးယွင်ဖန်းမလား။ ငါမင်းကိုသိပါတယ်။ မင်းကို ဖိတ်ကြားခဲ့တာငါပဲ၊ ငါတို့မိသားစုကို နောက်ထပ် အရည်အချင်းရှိလူငယ်တစ်ယောက်ရစေချင်တာ၊ ကြည့်ရသလောက်တော့ မင်းက သိပ်ပြီးကောင်းလှတဲ့ ပြိုင်ပွဲဝင်ကောင်းတစ်ယောက်မဟုတ်လောက်ဘူး”

“ငါသူတို့ကို ပြစ်ဒဏ်ပေးတာ မင်းကို ဘက်လိုက်ပြီးပေးတာမဟုတ်ဘူး။ မျိုးနွယ်စုထဲက လူတွေကို ယုတ်မာတဲ့နည်းလမ်းတွေသုံးပြီး တိုက်ခိုက်ရင် ဘယ်လို ရလဒ်တွေဖြစ်လာမလဲဆိုတာ အသိပေးချင်တာကြောင့်ပဲ၊ ဒီကိစ္စက မိသားစုအတွက် ဘယ်လိုကောင်းကျိုးကို ယူဆောင်လာပေးနိုင်မလဲ၊ ဒီကိစ္စက လူသားမျိုးနွယ်အတွက် ဘယ်လိုမျိုး ကောင်းကျိုးကို ယူဆောင်လာနိုင်မလဲ”

“မင်း တန်ဒါအဖွဲ့ရဲ့ ဖော်မြူလာနဲ့ပတ်သက်ပြီး တစ်ခုခုလုပ်လုပ်မလုပ်လုပ် ငါဂရုမစိုက်ဘူး။ ငါ့မှာလည်း သက်သေမရှိဘူး။ တစ်နေ့ကျရင် မင်းလည်း မင်းလူတွေကို ထိခိုက်အောင်မလုပ်ဖို့ ငါမျှော်လင့်တယ်”

ချူးယွင်ဖန်းသည် ချူးဟောက်ယွဲ့နှင့် အကြည့်ချင်းဆုံသွားသည်။

“အကြောင်းပြချက်မရှိဘဲ ကျုပ်ဘာမှလုပ်မှာမဟုတ်ဘူး။ ကျုပ်ကိုယ်ကို ကျုပ်ကာကွယ်ဖို့ပဲ လုပ်ခဲ့တာ၊ အခြားသူတွေက ကျုပ်မိသားစု ဒါမှမဟုတ် ကျုပ်ကို ခြိမ်းခြောက်ရင်တော့ ကျုပ်တန်ပြန်တိုက်ခိုက်ဖို့ပဲ ရွေးချယ်စရာရှိတော့တယ်”

မည်သူမျှ ချူးဟောက်ယွဲ့၏ရှေ့တွင် ဤကဲ့သို့အမူအရာဖြင့် မပြောဆိုရဲသည့်အတွက်၊ လုံခြုံရေးမှုး ဆွံ့အသွားရသည်။ လုံခြုံရေးမှုးမှ နတ်ဘုရားဟုယူဆထားသော ချူးဟောက်ယွဲ့အား မျက်နှာချင်းဆိုင်၍၊ ချူးယွင်ဖန်းသည် အားနည်းချက်အနည်းငယ်မျှပင် ပြသလိုစိတ်မရှိပေ။

“ဘယ်လိုပဲ မင်းအကြောင်းပြချက်ခိုင်လုံနေနေ၊ မင်းက ဒီအဓိကရုဏ်းရဲ့ အဓိကအကြောင်းအရင်းပဲ၊ ဘိုးဘွားကန်တော့ပွဲအခမ်းအနားမစခင်အထိ မင်းကို သုံးရက် ချုပ်နှောင်ထားမယ်။ အချိန်ကိုအသုံးချပြီး ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပါ”

ထိုသို့ပြောပြီးနောက် ချူးဟောက်ယွဲ့သည် ခဏတာမျှပင် တုံ့ဆိုင်းနေခြင်းမရှိ၊ လှည့်ထွက်သွားသည်။

“ငါတို့ ပြီးသွားပြီ” ချူးဟုန်ယဲ့ လဲကျသွားသည်။ သူယခင်က ဤမျှထိ စွမ်းအားမရှိသကဲ့သို့ မခံစားဖူးခဲ့ပေ။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အခေါင်းပေါက်ဖြစ်သွားသကဲ့သို့ ခံစားနေရသည်။

ချူးဟုန်ယဲ့၏ မျက်လုံးများသည် ရေခဲတမျှ အေးစက်နေ၏။ သူသည် ချူးယွင်ဖန်းအား အချိန်ခဏတာမျှ စိုက်ကြည့်နေပြီးနောက်၊ ချူးရှန်ကျုံးနှင့်အတူ လှည့်ထွက်သွားသည်။

အခန်း(၃၃၉) ဘိုးဘွားကန်တော့ပွဲ အခမ်းအနားစတင်ခြင်း

ချူးဟောက်ယွဲ့၏ ပြင်းထန်သော ပြစ်ဒဏ်များသည် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ သို့သော် မည်သူကမျှ သူ၏ စီရင်ချက်ကို အထွန့်မတက်ဝံ့ကြပေ။ ချူး‌ဟောက်ယွဲ့သည် မျိုးနွယ်စုခေါင်းဆောင်၏ သားမဟုတ်လျှင်ပင်၊ သူ့အားကျော်နိုင်သူအများအပြားရှိလိမ့်မည်မဟုတ်ပေ။ သူ၏ ဆုံးဖြတ်ချက်သည်သာ နောက်ဆုံးဆုံးဖြတ်ချက်ပင်ဖြစ်သည်။ အထက်လူကြီးများကို သိထားလျှင်ပင် အသုံးဝင်လိမ့်မည်မဟုတ်ပေ။

ရာထူးနိမ့်သော လူအနည်းငယ်ကြောင့် အထက်လူကြီးများသည် ချူး‌ဟောက်ယွဲ့အားဆန့်ကျင်ကြလိမ့်မည်မဟုတ်ပေ။ အရေးအကြီးဆုံးသောအရာမှာ ချူးဟုန်ယဲ့နှင့်အခြားသူများသည် ၎င်းတို့ မှားနေကြောင်းသိကြသောကြောင့်ဖြစ်ရာ၊ မျိုးနွယ်စုခေါင်းဆောင်ထံသို့ ရောက်ရှိသွားလျှင်ပင် ရလဒ်သည် ကွဲပြားခြားနားလိမ့်မည်မဟုတ်ပေ။

ဆန့်ကျင်ဘက်အနေဖြင့် ရာထူးမြင့်ပုဂ္ဂိုလ်ကြီးများ၏ ၎င်းတို့အပေါ်သို့ အမြင်သည် ပို၍ပင် ပြင်းထန်ဆိုးရွားလာနိုင်သည်။ ထိုအချိန်ရောက်လျှင် ဤမျှလောက်သော ပြစ်ဒဏ်ကိုသာ ခံစားကြရလိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းအား သုံးရက်ကြာ တစ်ကိုယ်တည်း ချုပ်နှောင်ထားခဲ့သည်။ သော့ခတ်ခံထားရသည့်နေရာသည် သူနေထိုင်သည့် အိမ်ရာပင်ဖြစ်သဖြင့် တစ်ယောက်တည်း ချုပ်နှောင်ခံထားရသော်လည်း အဆင်ပြေ၏။ သူသည် ဤသုံးရက်ကို အသုံးပြု၍ သူ၏ ကျင့်ကြံရေးအခြေခံကို ပိုမိုခိုင်မာလာစေရန် အနှောက်အယှက်ကင်းစွာဖြင့် ကျင့်ကြံနိုင်ခဲ့သည်။

ချူးယွင်ဖန်းမသိခဲ့သည်မှာ၊ မူလကတည်းက သူ့ဆီသို့ လာလည်ရန် စီစဥ်ထားကြသူ အများအပြားရှိနေခြင်းပင်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရှိသူများသည် အကန့်အသတ်မရှိသောအနာဂတ်ရှိကြောင်း လူတိုင်းသိကြသည်။ ဤအချိန်သည် ရင်းနှီးမြှုပ်နှံရန် အသင့်တော်ဆုံးအချိန်မဟုတ်သော်လည်း၊ ၎င်းတို့တောက်ပလာပြီးနောက်မှ ချည်နှောင်ရန်ကြိုးစားခြင်းထက် များစွာသာလွန်၏။

ချူးမိသားစုသည် အလွန်ကြီးမားသောကြောင့် စည်းလုံးညီညွတ်ရန်မဖြစ်နိုင်ပေ။ ဂိုဏ်းကွဲများစွာ ကွဲထွက်လျက်ရှိကြရာ၊ ဤအဖွဲ့များကို သွေးသစ်များဖြင့် ဖြည့်ရန်လိုအပ်သည်။ ချူးယွင်ဖန်းသည် မည်သည့်နေရာမှ ဆင်းသက်လာခဲ့ခြင်းမဟုတ်ဘဲ သူ၏ နောက်ခံသည် စာရွက်တစ်ရွက်ကဲ့သို့ ဖြူစင်နေ၏။ မိသားစုအတွင်းရှိ မည်သည့်ဂိုဏ်းကမှ သူ့ကို ထောက်ပံ့ ပံ့ပိုးပေးထားခြင်း မရှိပေ။

မိသားစုမှ ထောက်ပံ့ပံ့ပိုးမှုမရှိသော တစ်စုံတစ်ယောက်သည် ဤအဆင့်သို့ရောက်လာနိုင်ခဲ့ခြင်းသည် အမှန်တကယ်ပင် စွမ်းအားကြီး၍ ထက်မြက်သောကြောင့်ပင်ဖြစ်သည်။ ချူးဟောက်ယွဲ့သည် ချူးယွင်ဖန်းအား ရက်အနည်းငယ်အကြာ တစ်ယောက်တည်း ချုပ်နှောင်မထားခဲ့လျှင် ချူးယွင်ဖန်းသည် ဤလူများ၏နှောက်ယှက်ခြင်းကို ခံရပေလိမ့်မည်ဖြစ်သည်။ ဤအကျဥ်းချခံရချိန်သည် ချူးယွင်ဖန်း လိုချင်သည့် အရာတစ်ခုပင်ဖြစ်၏။

သုံးရက်တာသည် လျှပ်တပြတ်အတွင်း ကုန်ဆုံးသွားသည်။ ချုပ်နှောင်မှုမှ ချူးယွင်ဖန်းလွတ်မြောက်လာသောအခါတွင် ချူးမိသားစု၏ ဘိုးဘွားကန်တော့ပွဲအခမ်းအနား စတင်နေပြီဖြစ်သည်။ အိမ်ရာဝင်ပေါက်တွင် ချူးယွင်ဖန်းအားစောင့်ဆိုင်းနေသည့် ပျံကားတစ်စီးရှိ၏။ ချူးယွင်ဖန်းသည် အခမ်းအနားကျင်းပရာနေရာသို့ မကြာမီတွင်ပင် ရောက်ရှိခဲ့သည်။ ဤနေရာသည် အလွန်အမင်းကြီးမားလျက်ရှိရာ၊ မေပယ်လ်ရွက်မြို့တော်ရှိ အကြီးဆုံးသော မိသားစုအနေဖြင့် ချူးမိသားစုသည် ၎င်းတို့၏ ဘိုးဘွားဝတ်ပြုပွဲအခမ်းအနားသို့ မရေမတွက်နိုင်သော နိုင်ငံရေးပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ အစရှိသည့် ထင်ရှားကျော်ကြားသူများကို ဖိတ်ခေါ်နိုင်ခဲ့သည်။ နေရာတိုင်းတွင် သတင်းထောက်များပင်ရှိနေ၏။ အဆိုပါသတင်းထောက်များကို ခန်းမအတွင်းသို့ ဝင်ခွင့်မပြုသော်လည်း ဤကြီးမားခမ်းနားသည့် အခမ်းအနားကြီး၏ သတင်းသည် မြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွား၏။

အစီစဥ်မှူးများ၏ လမ်းညွှန်မှုအောက်တွင် ချူးယွင်ဖန်းသည် ခန်းမထဲသို့ အမြန်ဝင်လာခဲ့သည်။ အထူးဧည့်သည်တော်ဖြစ်သည့် ချူးယွင်ဖန်းသည် ခန်းမထဲသို့ လွယ်ကူစွာ ဖြတ်သန်းခွင့်ရ၏။ ထို့နောက် သီးသန့်ခန်းထဲသို့ အလျင်အမြန် ခေါ်ဆောင်ခြင်းခံခဲ့ရသည်။ အခန်းတွင်းမှ မြင်ကွင်းသည် အခမ်းနားတစ်ခုလုံးကို ရှင်းလင်းစွာကြည့်ရှု့နိုင်သည့်အပြင်၊ ထိုနေရာတွင်ပင် အနားယူနိုင်သဖြင့် အလွန်ကောင်းမွန်၏။

အခမ်းအနားကို အပိုင်းနှစ်ပိုင်းခွဲထားသည်။ အပိုင်းတစ်ပိုင်းကို အများပြည်သူအတွက် ဖွင့်လှစ်ပြသထားကာ၊ ချူးမိသားစုသည် တစ်မြို့လုံးရှိ နိုင်ငံရေးနှင့် စီးပွားရေးတွင် ထင်ပေါ်ကျော်ကြားသူများစွာကို ဖိတ်ကြားထားသည်။ ဒုတိယအပိုင်းသည်မူ ချူးမိသားစုရှိ ထူးချွန်သော မျိုးဆက်များအကြားရှိ ပြိုင်ပွဲတစ်ပွဲဖြစ်ရာ၊ ချူးမိသားစုဝင်များအတွက်သာ ဖွင့်လှစ်ပေးထား၏။

ချူးယွင်ဖန်း အနားယူရန် မျက်လုံးမှိတ်လိုက်ပြီးနောက် များမကြာမီတွင် ခန်းမတစ်ခုလုံးအား ပျံ့နှံ့သွာသည့် ကျယ်လောင်သော ရှေး‌ခေါင်းလောင်းသံတစ်ခု ရုတ်တရက်ပေါ်ထွက်လာသည်။ ထိုအချိန်တွင် ယင်းသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့ကာ၊ အခမ်းအနားစတင်တော့မည်ဖြစ်ကြောင်း လူတိုင်းသိလိုက်ကြသည်။

လူများစွာသည် ကျယ်ဝန်းသော ရင်ပြင်ထဲသို့ စနစ်တကျ လမ်းလျှောက်လာကြသည်။ ၎င်းတို့အားလုံးသည် ရှေးခေတ် တရုတ်ဝတ်စုံများကို ဝတ်ဆင်ထားကြ၏။ ဦးဆောင်သူများသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများရှိကြသည်။ မှန်သည်။ အဝေးမှ ချူးယွင်ဖန်းသာလျှင် ၎င်းတို့၏ ထူးခြားသော အငွေ့အသက်များကို ခံစားနိုင်၏။

ချူးယွင်ဖန်းသည် ရင်းနှီးသော ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရသဖြင့် အနည်းငယ်အံ့သြသွားသည်။ ၎င်းသည်ကား ချူးဟောက်ယွဲ့မှတပါး အခြားသူမဟုတ်ပေ။

ချူးဟောက်ယွဲ့သည် ရှေးဟောင်းတရုတ်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် အလွန်ရဲရင့်ထက်မြက်ပုံပေါ်၏။ သူ့ဘေးတွင်မူ သူ့ထက်အဆင့်မနိမ့်သော၊ ထူးခြားသည့် လူငယ်အချို့ရှိ၏။ ၎င်းတို့သည် မျိုးနွယ်စုခေါင်းဆောင်ရာထူးအတွက် ပြိုင်ဖက်များဖြစ်သည့် အခြားသော လက်ရွေးစင်လူငယ်များဖြစ်ကြောင်းထင်ရှားသည်။

ချူးမိသားစုကဲ့သို့သော ဆွေကြီးမျိုးကြီးများသည် ၎င်းတို့၏ အငယ်များကို ပျိုးထောင်မှုအား အလွန်တန်ဖိုးထားကြသည်။ အငယ်များကို ကောင်းမွန်စွာပြုစုပျိုးထောင်နိုင်ပါက၊ ၎င်းတို့မျိုးနွယ်စု၏ နောင်လာနောက်သားများ ပို၍ ကြီးပွားတိုးတက်နိုင်မည်ဖြစ်သည်။

ထိုလူများအနက်၊ ခေါင်းဆောင်သည် အသက် ငါးဆယ်၊ ခြောက်ဆယ်ကြားရှိ လူလတ်ပိုင်းတစ်ဦးဖြစ်သည်။ သူသည် အလွန်ခမ်းနားထည်ဝါသော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူ့မျက်ခုံးများသည် ချူးဟောက်ယွဲ့၏ မျက်ခုံးများကဲ့သို့ထူထဲသည်။ သူ၏ ကိုယ်မှ အလွန်ခံ့ညားထည်ဝါသောအရှိန်အဝါကို ထုတ်လွှတ်လျက်ရှိရာ၊ လူအများ၏ အာရုံစိုက်ခြင်းကိုလည်း ခံရ၏။

ဤသည်ကာ၊ ချူးမိသားစုတစ်ခုလုံး၏ ခေါင်းဆောင်၊ ချူးယန်ဖြစ်သည်။

ဘိုးဘွားကန်တော့ပွဲအခမ်းအနားကို ချူးယန်မှ ဦးဆောင်ကျင်းပခဲ့ရာ၊ အခမ်းအနားတစ်ခုလုံးသည် တစ်မနက်ကြာမြင့်ခဲ့၏။ နိုင်ငံရေးပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် နေ့လယ်စာစားပြီးနောက် ထွက်ခွာသွားကြသည်။ နောက်ဆုံးတွင် ၎င်းတို့၏ အချိန်သည်တန်ဖိုးရှိစွာ ကုန်ဆုံးခဲ့ခြင်းဖြစ်၏။

နေ့လယ်စာစားပြီးနောက်၊ ချူးမိသားစု အတွင်းရေးအစီအစဥ်များကို တရားဝင်စတင်ခဲ့သည်။ အစီအစဥ်များ ဆက်တိုက်ပြုလုပ်ပြီးနောက်၊ လူငယ်မျိုးဆက်များ သိုင်းကွက်ဖလှယ်ရန် အချိန်ကျရောက်လာခဲ့သည်။ ချူးမိသားစုတွင် မျိုးဆက်များစွာရှိသည်။ ထို့ကြောင့်၊ ထူးချွန်ထက်မြက်သော ကိုယ်စားလှယ်များသည်သာ၊ ၎င်းတို့မျိုးဆက်၏ မရေမတွက်နိုင်အောင်များပြားလှသော လူများကို ကိုယ်စားပြုနိုင်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် စတုရန်းသဏ္ဍာန်ကွင်းထဲသို့သွားရန် အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။

ကျယ်ဝန်းသော ကွင်းပြင်ကြီးထဲတွင် ကြီးမားသော တိုက်ခိုက်ရေးကွင်းငါးခုကို တည်ဆောက်ထားရာ၊ တစ်ပြိုင်နက်တည်းတွင် ပြိုင်ပွဲငါးခုကျင်းပနိုင်မည်ဖြစ်သည်။ အရေအတွက် အနည်းငယ်သာရှိသည်ဟု ထင်ရသော်လည်း ဤပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်သူဦးရေ နှစ်ရာခန့်ရှိ၏။ ၎င်းတို့အနက်၊ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရှိသူ၊ အယောက် ငါးဆယ်ဝန်းကျင်သာရှိသည်။ ကျန်ကျောင်းသားများအားလုံးသည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုသို့ ဝင်ရောက်နိုင်ခဲ့သည့် လက်ရွေးစင်ကျောင်းသားများဖြစ်ကြသည်။

ထိပ်တန်းတက္ကသိုလ်ဆယ်ခုသည် ပြည်ထောင်စုတက္ကသိုလ်ထက် အဆင့်နိမ့်သော်လည်း ၎င်းတို့သည် လက်ရွေးစင်များအနက် အကောင်းတကာ့အကောင်းဆုံးများဖြစ်ကြကြောင်း ထင်ရှားသိသာ၏။ ချူးမိသားစုသည် ထိုသူများကို ထိုကဲ့သို့ လျစ်လျူမရှုထားနိုင်ပေ။

လမ်းတစ်ဝက်တွင် ချူးယွင်ဖန်းသည် ချူးယွင်ရှင်းနှင့်တွေ့ဆုံ၏။

“ဒီနေ့ ငါတို့ကြားကအငြှိုး နောက်ဆုံးတော့ ရပ်တန့်သွားရတော့မယ်” ချူးယွင်ဖန်းက ချူးယွင်ရှင်းကိုကြည့်၍ ပြောသည်။

“မင်း ငါ့ကို မရှုံးခင် အရှုံးမပေးနဲ့ မဟုတ်ရင် ငါအရမ်း စိတ်ပျက်ရလိမ့်မယ်”

“ငါက ရှုံးမယ်ဟုတ်လား ဟားဟား” ချူးယွင်ရှင်းက ရယ်မော၍ နှစ်ဦးသားသည် တစ်လမ်းစီသွားလိုက်ကြသည်။

တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်သည်အထိ အခမ်းအနားကျင်းပနေရသော ချူးမိသားစု၏ အထက်ပိုင်းမှ ရာထူးကြီး ပုဂ္ဂိုလ်ကြီးများ ပေါ်ထွက်လာသည်။ ဤလူများသည် ချူးမိသားစု၏အနာဂတ်ကို ကိုယ်စားပြုကာ၊ ၎င်းတို့၏ အနာဂတ်နှင့် ချူးမိသားစု၏ အနာဂတ်သည် ပတ်သက်ဆက်နွယ်နေ၏။ တကယ်တမ်းတွင် ၎င်းတို့ထဲမှ အများစုသည် ၎င်းတို့၏ မျိုးဆက်များဖြစ်သောကြောင့် ထိုသူများကို ဂရုမစိုက်ရန်မဖြစ်နိုင်ပေ။

၎င်းတို့မှ လွဲ၍ အာရုံစိုက်ခံရသောသူများသည် ချူးမိသားစု၏ မျိုးဆက်သစ်များဖြစ်သည်။ အများစုသည် ထိပ်တန်းတက္ကသိုလ်ဆယ်ခု ဝင်ခွင့်စာမေးပွဲကို အောင်မြင်ခဲ့ကြသူများဖြစ်ကြရာ၊ ဝင်ခွင့်မရသူများသည် ပြိုင်ပွဲတွင်ပါဝင်ရန် အရည်အချင်းမပြည့်မီကြပေ။ ထိုသူတို့သည် စင်မြင့်ထက်မှသူများကို မနာလိုစိတ်ဖြင့်သာ ကြည့်နေနိုင်ကြ၏။

ခေါင်းလောင်းသံကြားပြီးနောက်၊ ဘိုးဘေးကန်တော့ပွဲ မျိုးဆက်သစ်လူငယ်များပြိုင်ပွဲသည် နောက်ဆုံးတွင် စတင်ခဲ့ပြီဖြစ်၏။

All Chapters