← Chapters

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း (၃၄၀-၃၄၂)

Vol. 23 Ch. 340-342

အခန်း(၃၄၀) တစ်ချက်ပဲ၊ တစ်ချက်ပဲ တိုက်ရသေးတယ်

ပွဲမစခင်၌ ချူးယန်သည် ကြီးမားသော ဖန်သားပြင်ကြီးပေါ်တွင် ပေါ်လာ၏။

“ချူးမိသားစုရဲ့ အငယ်တွေ၊ မင်းတို့အားလုံးက ငါတို့မိသားစုရဲ့ အကောင်းတကာ့အကောင်းဆုံးသူတွေပဲ၊ ပြည်ထောင်စုရဲ့ ထိပ်တန်းတက္ကသိုလ် ဆယ်ခုအပြင် ပြည်ထောင်စုတက္ကသိုလ်ကိုပါ ဝင်ခွင့်ရခဲ့ကြတာက ဒီအချက်ကို သက်သေပြလိုက်တာပဲ။ ဒီနှစ် ဘိုးဘွားကန်တော့ပွဲ အခမ်းအနားမှာ လူတိုင်း ဆုငွေ ယွမ် တစ်သန်းရရှိမှာပဲဖြစ်တယ်။ ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူပြီးတိုင်း ယွမ်တစ်သန်းရမယ်။ ထိပ်တန်းသုံးယောက် အဲ့ထက်ပိုများတဲ့ ဆုကြေးကို ရရှိမှာပဲဖြစ်တယ်။ ငါတို့ ချူးမိသားစုက အရည်အချင်းရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်တဲ့လူတွေကို ပြုစုပျိုးထောင်ဖို့ ဘယ်တော့မှ မတွန့်တိုဘူး”

ချူးမိသားစု၏ သားမြေးများသည် ရုတ်ရုတ်သဲသဲဖြစ်လာကြသည်။ ထိပ်တန်းတက္ကသိုလ်ဆယ်ခုအနက် တစ်ခုကို ဝင်ခွင့်ရရှိပါက၊ ဆုငွေယွမ်တစ်သန်းရရှိလိမ့်မည်ဖြစ်သည်။ ထို့အတူ၊ ၎င်းတို့ အနိုင်ယူနိုင်သော ပြိုင်ဘက်အရေအတွက်ပေါ်တွင် မူတည်၍ ဆုငွေ ယွမ်တစ်သန်းစီရရှိဦးမည်ဖြစ်ရာ၊ လူတိုင်းသည် ကြီးမားသော အပြောင်းအလဲကြီးကို လက်ခံရရှိကြပေလိမ့်မည်ဖြစ်သည်။

ထိပ်တန်းသုံးယောက်သည် မည်သို့သော ဆုကြေးများကို ရရှိကြမည်ကို လူများစွာက စိတ်ဝင်စားကြသည်။ သာမန်လူတစ်ဦးသည် ဤသို့သော ကြွယ်ဝသော ဆုလာဘ်များကို ရရှိနိုင်ပါက၊ ထိုထိပ်တန်းသုံးဦးရရှိမည့် ဆုကြေးကို တွေးကြည့်၍ မရနိုင်ပေ။ ကြီးမားသော ဆုလာဘ်ကြီးတစ်ခုဖြစ်လိမ့်မည်မှာ သေချာ၏။

လူအများက မနာလိုဖြစ်ခဲ့ကြသည်။ ပျမ်းမျှလစာ ယွမ်တစ်ထောင်ခန့်သာရှိသော ဤခေတ်တွင် ဆုငွေတစ်သန်းသည် ၎င်းတို့ကို နေ့ချင်းညချင်း ချမ်းသာစေလိမ့်မည်ဖြစ်သည်။

ဤခွန်းလွန်ခေတ်တွင် စီးပွားရေးစနစ် နှစ်မျိုးရှိသည်။ သာမန်လူများသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာကကဲ့သို့ မြို့ထဲတွင် နေထိုင်ကြသည်။ ပျမ်းမျှလစာသည် ယွမ်ထောင်ဂဏန်းမှ သောင်းဂဏန်းအကြားတွင်ရှိသည်။ သို့သော် ရှေ့တန်းတွင် တိုက်ပွဲဝင်ကြသော စစ်သည်တော်များနှင့် မိသားစုကြီးများသည်မူ၊ ယွမ်ထောင်ပေါင်းများစွာမှစ၍ ယွမ်သန်းပေါင်းများစွာအထိ အလွယ်တကူရရှိနိုင်၏။

သာမန်အားဖြင့် ဤသို့ထူးဆန်းသည့် စီးပွားရေးစနစ်သည် ဟိုးအရင်မှစ၍ ပြိုလဲပျက်ဆီးသွားသင့်သည်။ ခွန်းလွန်ခေတ်မှ ချမ်းသာကြွယ်ဝသူများသည် အလွန်ကြွယ်ဝချမ်းသာကြသော်လည်း ကျင့်ကြံရေးနည်းလမ်းများ၊ ဆေးများ၊ လက်နက်များ၊ တိုက်ပွဲသံချပ်ကာများ၊ အစရှိသဖြင့် အရာများအားလုံးအတွက် အလျင်အမြန် သုံးဖြုန်းခဲ့ကြသည်။ ဤအရာများအားလုံးသည် ကြီးမား၊ များပြားသော အသုံးစရိတ်များဖြစ်၏။

ယင်းကြောင့် အောက်ခြေလူတန်းစားနိုင်ငံသားများထံသို့ ငွေကြေးအမြောက်အများစီးဆင်းစေမည်ဖြစ်ရာ၊ ဤထူးဆန်းသော စီးပွားရေးစနစ်အား ဆက်လက်လည်ပတ်စေနိုင်ခဲ့သည်။ သို့သော် ယင်းသည် ချမ်းသာကြွယ်ဝသူများနှင့် ဆင်းရဲသူများအကြား ကွာဟချက်ကို ပိုမို ကြီးမားကျယ်ပြန့်လာစေ၏။

ထို့ကြောင့် ထိုသန်းပေါင်းများစွာသည် သာမန်ကျောင်းသားများအတွက် မည်မျှ ဆွဲဆောင်မှုရှိကြောင်း တွေးကြည့်နိုင်၏။ ထို့အပြင် အောင်ပွဲတိုင်းတွင် ၎င်းတို့သည် ယွမ်တစ်သန်းထပ်ဆောင်းရရှိကြမည်ဖြစ်သဖြင့် လူတိုင်းသည် အလွန်စိတ်လှုပ်ရှားလျက်ရှိကြသည်။ စင်မြင့်ပေါ်သို့တက်ရန် ပြင်ဆင်နေကြသည့် မျိုးဆက်များသည်ပင် အသက်ရှုမြန်လာသကဲ့သို့ ခံစားလာရသည်။

ဤပြိုင်ပွဲသည် အလှည့်ကျစနစ်ပေါ်တွင် အခြေခံထားသည်။ လူတိုင်းသည် နောက်ဆုံးအောင်နိုင်သူအား မဆုံးဖြတ်မီအထိ ကျွမ်းကျင်သူများစွာနှင့် အပြန်အလှန်တိုက်ခိုက်ကြရမည်ဖြစ်သည်။

တစ်နည်းအားဖြင့်၊ လူတစ်ဦးသည် ဆုငွေ ဆယ်သန်းပင်ရရှိနိုင်ရာ၊ လူတစ်ဦးသည် နေ့ချင်းညချင်း ချမ်းသာကြွယ်ဝလာနိုင်သည်ဟု ပြောလျှင်ပင် ချဲ့ကားပြောဆိုခြင်းဖြစ်လိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည်ပင်လျှင် သန်းပေါင်းများစွာသော ဆုလာဘ်နှင့်ရင်ဆိုင်ရသောအခါတွင် ဂရုမစိုက်၊ မနေနိုင်တော့ပေ။

မိသားစုကြီးဟူသည် တကယ်ကိုပင် မိသားစုကြီးဖြစ်ကာ၊ ကျောင်းနှင့်လုံးလုံးလျားလျားကွဲပြားခြားနားသည်။ ထိပ်တန်းကျောင်းသားအယောက်နှစ်ဆယ်ခန့်ကို ဆုချီးမြှင့်ရန် ယွမ်သန်းပေါင်းများစွာစိုက်ထုတ်နိုင်ခြင်းသည်ပင် အမှတ်(၁၃) အထက်တန်းကျောင်းအတွက် ကြီးမားသော စွမ်းဆောင်မှုတစ်ခုဖြစ်နေပြီဖြစ်သည်။ သို့သော် ချူးမိသားစုသည်မူ၊ ပြိုင်ပွဲတစ်ချီအတွက် ယွမ်သန်းရာချီ၍ ပေးကမ်းနိုင်၏။ ၎င်းတို့သည် တူညီသောအဆင့်တွင်မရှိကြပေ။

ချူးယွင်ဖန်းသည် ချူးယွင်ရှင်း ကို အနိုင်ယူရန် ရည်ရွယ်ချက်ဖြင့်သာ ရောက်လာခြင်းဖြစ်သဖြင့် မထင်မှတ်ထားသော အကျိုးအမြတ်များကို ရရှိလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ထိပ်တန်းသုံးဦးကို မည်သို့ ဆုများပေးစေကာမူ၊ ထိုအရာကို သူရရမည်ဖြစ်သည်။

“အခု ပြိုင်ပွဲစလိုက်ကြရအောင်” ကျန်းယန်သည် ပြိုင်ပွဲကို စကားတစ်ခွန်းတည်းဖြင့် စတင်လိုက်သည်။

လူနှစ်ရာကျော်ရှိသောကြောင့် လူအားလုံး ချက်ချင်းယှဥ်ပြိုင်ရန် မဖြစ်နိုင်ပေ။ ချူးယွင်ဖန်းသည် တင်ပျဥ်ခွေထိုင်လျက်၊ သူ့အလှည့်ကို စောင့်ဆိုင်းနေ၏။

ချူးယွင်ဖန်းသည် သူရရှိထားသော အချက်အလက်များကိုလိုက်နာ၍ ငါးခုမြောက်ကွင်းထဲသို့ ဝင်လိုက်သည်။ သူနှင့်သူ့ပြိုင်ဘက်တို့သည် ဤပထမအချီတွင် နောက်ဆုံးအသုတ်ဖြစ်သည်။

ချူးယွင်ဖန်း၏ ပြိုင်ဘက်သည် အသက် ဆယ့်ရှစ်၊ ဆယ့်ကိုးဝန်းကျင်ရှိမည်ထင်ရသည့် လူငယ်တစ်ဦးဖြစ်ကာ၊ အနက်ရောင်လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားသည်။

“ပြည်ထောင်စုတက္ကသိုလ်ကို ဝင်ခွင့်ရတာလား” လူငယ်က ချူးယွင်ဖန်းကို ကြည့်၍မေးလိုက်သည်။

ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားများဧရိယာ၌ ချူးယွင်ဖန်းအား ဝိုးတဝါးမြင်ခဲ့ဖူးသည်။

ချူးယွင်ဖန်းသည်လည်း ဖုံးကွယ်ထားလိုစိတ်အလျင်းမရှိ ခေါင်းညိတ်ပြလိုက်သည်။

လူငယ်သည် ချက်ချင်းပင် သူ့နေရာသူသိသဖြင့် အလေးအနက်ထားလာ၏။ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရသော၊ ကံကောင်း၍ ဝင်ခွင့်ရခဲ့သည်ဟု ပြောကြသော ချူးရှန်ကျုံးကဲ့သို့သောသူအပါအဝင်၊ ဤလူများသည် ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြောင်း သူနားလည်သည်။ ဤလူငယ်ကဲ့သို့သော လူများအတွက်မူ၊ ထိုသို့ဝင်ခွင့်ရခြင်းသည် ဤလူများ၏ ခွန်အားကြောင့်သာဖြစ်၏။

အကယ်၍ ၎င်းတို့သာ အင်အားအလုံအလောက်မရှိလျှင် ကံကောင်းရန် အခွင့်အလမ်းပင်ရှိလိမ့်မည်မဟုတ်ပေ။

“မင်းအရင်စတိုက်ပါ၊ ငါအရင်တိုက်လိုက်ရင် မင်းသိုင်းကွက်တစ်ကွက်တောင် မသုံးလိုက်ရမှာစိုးလို့”

လူငယ်က လန့်သွားသည်။ သူ့မျက်နှာထက်တွင် စိတ်ဆိုးဒေါသထွက်သော အရိပ်အယောင်များ ပေါ်လာသည်။ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်နိုင်သူအားလုံးသည် ထူးခြားသူများဖြစ်ကြောင်း သူလက်ခံ၏။ သို့သော် ချူးယွင်ဖန်းသည် သူအားအထင်သေး၊ လျှော့တွက်ကာ၊ တန်ပြန်တိုက်ခိုက်နိုင်လိမ့်မည်မဟုတ်ဟုပင် တွေးခဲ့ခြင်းဖြစ်သည်။

“ကောင်းပြီ၊ ဒါဆို ခွင့်ပြုပါ၊ မင်းနောင်တရလိမ့်မယ်” လူငယ်က ချူးယွင်ဖန်းထံသို့ ခြေတစ်လှမ်းတိုး၍ အော်လိုက်သည်။ သူ့လက်ထဲတွင် ဓားတစ်ချောင်းပေါ်လာကာ၊ ချူးယွင်ဖန်းထံသို့ ဝှေ့ယမ်းလိုက်သည်။ ဓားဖျားတွင် ချီစွမ်းအင်များ ရောထွေးနေလျက်၊ ချူးယွင်ဖန်းထံသို့ တိုက်ရိုက်ဦးတည်နေ၏။

ဓားအလင်းတန်းတစ်ခု ရုတ်တရက် လင်းထွက်လာကာ၊ လျှပ်စီးလက်သို့ ချူးယွင်ဖန်း၏ လည်ပင်းဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။

“အရမ်းနှေးတယ်”

ချူးယွင်ဖန်းက လက်ကို မြှောက်လိုက်သောအခါ၊ မည်သူမျှ သတိမထားလိုက်မိခင်တွင်ပင် သူ့လက်ထဲ၌ ဓားတစ်ချောင်းပေါ်လာသည်။ ထို့နောက် ချူးယွင်ဖန်းသည် လက်ညှိုးကို ကွေးလိုက်၏။ ယင်းသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း ပေါင်တစ်ထောင်ကျော်၏ ဖိအားကို ခံနိုင်ရည်ရှိသည်။

ချွင်

သတ္တုတိုက်မိသံများ ပေါ်ထွက်လာသည်။ လူငယ်သည် သူ့လက်ထဲရှိ ဓားမှတစ်ဆင့် တန်ပြန်လာသည့် ကြောက်မက်ဖွယ်စွမ်းအင်ကို ချက်ချင်းခံစားမိလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ သူအရမ်းသန်မာလွန်းတယ်”

လူငယ်က အံ့သြခြင်းကြီးစွာဖြင့် ပြောလိုက်သည်။ ချူးယွင်ဖန်းသည် မည်သည့်လှုပ်ရှားမှုကြီးကြီးမားမားကိုမျှ လုပ်လိုက်သည်ကို သူမမြင်လိုက်သော်လည်း သူ့လက်နက်သည် လွင့်ထွက်လုနီးပါးဖြစ်သွားခဲ့ရသည်။ ယခု သူသည် သူ၏ ဓားကိုပင် ခက်ခက်ခဲခဲ ကိုင်ထားရကာ၊ သူ့ဓားအလင်းသည် ချူးယွင်ဖန်းထံသို့ရောက်ခဲ့သော်လည်း ပစ်မှတ်နှင့် တစ်မီတာခန့်ကွာဝေးနေရာ၊ လုံးလုံးလျားလျားလွဲချော်သွားခဲ့သည်။

မည်သူကမျှ လူငယ်၏ လွဲချော်မှုကို မအံ့သြကြသော်လည်း သူထိန်းချုပ်ထားခြင်းမရှိ၊ အားကုန်သုံးလိုက်ခြင်းဖြစ်ကြောင်း သူကိုယ်တိုင်သာသိသည်။ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားတစ်ဦးနှင့် ရင်ဆိုင်ရသည်မှာ၊ အရာအားလုံးကို သတိရှိရန်လိုအပ်၏။

သို့သော် ၎င်းသည် အသုံးမဝင်ခဲ့ပေ။ ဤလူငယ်သည် သူ့ဓားကို လွတ်ကျလုနီးပါးဖြစ်သွားခဲ့ရာ၊ လက်နက်ကို ပြန်ထိန်း၍ နောက်ထပ်တိုက်ခိုက်မှုတစ်ခုမပြုလုပ်နိုင်ခင်တွင် ချူးယွင်ဖန်းသည် သူ့ရှေ့သို့ ခုန်ဝင်လာ၏။

ချူးယွင်ဖန်းသည် အလွန်လျင်မြန်လှသဖြင့် တစ်ခဏအတွင်းတွင် လူငယ်၏ ရှေ့တွင်ပေါ်လာကာ၊ ထိုလူငယ်အား ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။

ဘမ်း

ချူးယွင်ဖန်း၏ ကန်ချက်သည် လူငယ်၏ ရင်ဘက်တည့်တည့်သို့ ထိမှန်သွားသည်။ ထို့နောက်၊ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ကျိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ ကွင်းပြင်ဘက်သို့ လွင့်ထွက်သွားရာ၊ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ကွင်းအပြင်ဘက်မှ ဒိုင်လူကြီးများသည် ခဏတာမျှ ရပ်တန့်သွားပြီး နောက်ဆုံးတွင် တုံ့ပြန်ခဲ့သည်။ ချူးယွင်ဖန်းသည် အလွန်လျင်မြန်၏။ သူ၏ လှုပ်ရှားမှုများ လျင်မြန်ရုံသာမက၊ ပြိုင်ဘက်ကို အဆုံးသတ်ရာတွင်လည်းလျင်မြန်၏။

ချူးယွင်ဖန်းသည် သိုင်းကွက်တစ်ကွက်တည်းကို အသုံးပြုခဲ့သည်။

အခန်း(၃၄၁) သုံးပွဲဆက်တိုက်အနိုင်ရခြင်း

ကွင်းထဲမှ ချူးယွင်ဖန်းလှည့်ထွက်သွားသောအခါမှ လူအများအသိပြန်ဝင်လာကြသည်။ အထူးသဖြင့် ကျောင်းသားများသည် ပွက်ပွက်ဆူနေသော ရေကဲ့သို့ ပေါက်ကွဲသွားကြသည်။ လူအများသည် တော်သင့်ရုံ ပြိုင်ပွဲမျိုးဖြစ်လာလိမ့်မည်ဟုပင် မမျှော်လင့်ထားကြပေ။ ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ ကျောင်းသားတစ်ဦးသည် ချူးယွင်ဖန်း၏ သိုင်းကွက် တစ်ခုကိုပင် မတားဆီးနိုင်ခဲ့ပေ။ ၎င်းတို့သည်၊ ယခင်က ချူးယွင်ဖန်းပြောခဲ့သည့် စကားကို ပြန်အမှတ်ရသွားကြသည်။

“မင်းအရင်စတိုက်ပါ၊ ငါအရင်တိုက်လိုက်ရင် မင်းသိုင်းကွက်တစ်ကွက်တောင် မသုံးလိုက်ရမှာစိုးလို့”

ချူးယွင်ဖန်းသည် မောက်မာနေသည်ဟုသာ ၎င်းတို့ထင်ထားခဲ့ကြသည်။ သို့သော် ၎င်းကို ကြည့်လျှင် ချူးယွင်ဖန်းသည် မောက်မာခြင်းမရှိ၊ အလွန်ထက်မြက်လွန်းနေခြင်းသာဖြစ်၏။

“ဒါ … ဒါ တော်တော်ကြီးမားတဲ့ ခြားနားချက်ပဲ။ ဒါက ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားတွေနဲ့ ထိပ်တန်းတက္ကသိုလ်ဆယ်ခုက ကျောင်းသားတွေကြား ခြားနားချက်ဖြစ်နိုင်လား။ သူချူးယွင်ဖန်းရဲ့ သိုင်းကွက် တစ်ခုကိုမှ မခုခုံနိုင်လိုက်ဘူး။ ဒါကြီးက အရမ်းကြောက်ဖို့ကောင်းလွန်းတယ်”

“ကွာခြားချက်က တကယ့်ကို ကြီးမားလွန်းတယ်၊ ဒါပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတွေရဲ့ စံနှုန်းလား”

“ငါတော့မထင်ဘူး။ အဲ့လိုမလုပ်နိုင်တဲ့ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတွေရှိတယ်မလား” ကျောင်းသားတစ်ဦးက ယခင်တိုက်ပွဲကို ထောက်ပြသည်။ အစောပိုင်းတွင် ၎င်းတို့ပြိုင်ဘက်ကို ရှုံးနိမ့်ခဲ့ကြသည့် ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများရှိခဲ့သည်။ နှစ်ဖက်စလုံးမျ ခွန်အားသည် အတူတူပင်ဖြစ်၏။ ၎င်းတို့နှစ်ဦးလုံးသည် စွမ်းအင်သန့်စင်ခြင်း စတုတ္ထအဆင့်တွင်ရှိနေခြင်းဖြစ်ရာ၊ နှစ်ဦးလုံးအနိုင်ရနိုင်ခြေများ၏။

“ဒါဆို တက္ကသိုလ်တွေကြားက ကွာခြားချက်မဟုတ်တဲ့ပုံပဲ။ တက္ကသိုလ်နှစ်ခုကြားကွာခြားချက်က တကယ်ရှိပေမယ့် အရေးအကြီးဆုံးက သူတို့ စွမ်းအားတွေရဲ့ကွာခြားချက်ပဲ”

ချူးယွင်ဖန်းသည် နောက်ပြန်လှည့်ကြည့်ရန်ပင် စိတ်မဝင်စားပေ။ သူအနိုင်ရကြောင်း သိသောကြောင့် ကွင်းထဲမှ ထွက်ခဲ့သည်။ လှည့်ကြည့်ရန်ပင် မလိုအပ်ပေ။ ထိုကျောင်းသား၏ ခွန်အားသည် စွမ်းအင်သန့်စင်ခြင်း တတိယအဆင့်ရှိ အို့ယန်ထက်ပင် ပိုမို သန်မာ၏။

ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ ကျောင်းသားများအနက်၊ ဤလူငယ်သည် အကောင်းဆုံးများထဲမှ တစ်ယောက်ဟု ယူဆနိုင်သော်လည်း ချူးယွင်ဖန်းနှင့် တွဲဖက်ခံခဲ့ရသည်။ ချူးယွင်ဖန်းအနေဖြင့်မူ၊ သူ၏ စွမ်းအားအပြည့်အဝကို အသုံးမပြုခဲ့လျှင်ပင် ဤအဆင့်ပြိုင်ဘက်ကို ဓားချက်တစ်ချက်တည်းဖြင့် အလွယ်တကူ ချေမှုန်းအနိုင်ယူနိုင်၏။

ဤကိစ္စနှင့်ပတ်သက်၍ မေးခွန်းထုတ်ရန် မရှိပေ။

ချူးယွင်ဖန်းသည် သူ၏ ထိုင်ခုံပေါ်သို့ ပြန်လာကာ၊ တင်ပျဥ်ခွေထိုင်၍ တရားစမှတ်လိုက်သည်။ ထိုအခါ၊ သူ့ပတ်ဝန်းကျင်မှ ဆူညံသံများသည် သူ့အတွက် အနှောက်အယှက်မဖြစ်တော့ပေ။ အခြားကျောင်းသားများသည်လည်း ဤသို့ပင်လုပ်ကြ၏။ ထိုင်ခုံ ကိုယ်စီသို့ ပြန်သွားပြီးနောက်၊ အခွင့်အရေးကို အသုံးချ၍ ၎င်းတို့၏ ကုန်ဆုံးသွားသော ချီစွမ်းအင်များကိုပြန်လည်ဖြည့်တင်းလိုက်ကြသည်။ ၎င်းတို့အားလုံးသည် တိုက်ပွဲများစွာကို ဆက်တိုက်ဖြတ်သန်းခဲ့ကြရာ၊ ဤသည်ကား ၎င်းတို့၏ ခံနိုင်ရည်အတွက် စမ်းသပ်မှုတစ်ခုလည်းဖြစ်သည်။ တကယ်တမ်းတွင် လူတိုင်းသည် ပြိုင်ဘက်များကို ချူးယွင်ဖန်းကဲ့သို့ အလွယ်တကူချက်ချင်းမသတ်နိုင်ပေ။

နောက်ထပ် နာရီဝက်ခန့်အကြာ စောင့်ဆိုင်းပြီးသောအခါ၊ ချူးယွင်ဖန်းကို ဒုတိယအချီအတွက် ခေါ်ယူခဲ့သည်။ ပြိုင်ဘက်သည် ဆယ့်ခုနှစ်နှစ် သို့မဟုတ် ဆယ့်ရှစ်နှစ်ရှိသော အခြားလူငယ်တစ်ဦးဖြစ်ကာ၊ ချူးယွင်ဖန်းနှင့် ယှဥ်ပြိုင်ရန် ရည်ရွယ်ချက်မရှိပေ။

“ငါအရှုံးကို ဝန်ခံတယ်၊ ငါက မင်းရဲ့ပြိုင်ဘက်မဟုတ်ဘး။ မင်းကို တိုက်ခိုက်ဖို့ ငါ့ရဲ့ ခွန်အားနဲ့ ချီစွမ်းအင်ကို မဖြုန်းတီးချင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါရှုံးမှာပဲ။ ငါနဲ့ အဆင့်တူတဲ့လူတွေနဲ့ ရင်ဆိုင်ဖို့ ငါ့ ချီစွမ်းအင်ကို ထိန်းသိမ်းထားချင်သေးတယ်”

ဤလူငယ်သည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ ထိပ်တန်းကျောင်းသားတစ်ဦးဖြစ်သောကြောင့် အလိုအလျောက်ပင် ထက်မြက်သည်။ ချူးယွင်ဖန်းသည် သူ့ပြိုင်ဘက်ကို ဓားချက်တစ်ချက်တည်းဖြင့် အပြီးသတ်လိုက်သည်ကို မြင်ဖူးသောကြောင့် ချူးယွင်ဖန်းကို မတိုက်ခိုက်ဝံ့ပေ။

ဤကျောင်းသားများသည် ဉာဏ်ကောင်းကြသည်။ ၎င်းတို့သည် ရှုံးနိမ့်ရန် ကံပါလာပြီဖြစ်သောကြောင့် အချိန်မဖြုန်းချင်ကြပေ။ အကယ်၍ ၎င်းတို့သာ အပြင်းအထန်ဒဏ်ရာများရရှိခဲ့လျှင် ၎င်းတို့၏ အဆင့်ကို လျော့ကျစေနိုင်ရုံသာမက၊ အခြားသူတစ်ဦးထံတွင်လည်းဆုံးရှုံးရနိုင်ကာ၊ ဝင်ငွေ တစ်သန်းကိုလည်း လက်လွှတ်ရလိမ့်မည်ဖြစ်သည်။ ပိုက်ဆံမည်မျှ ဆုံးရှုံးရမည်ကို တွေးကြည့်ရုံဖြင့်ပင် ၎င်းတို့၏နှလုံးသား နာကျင်သွားရသည်။

ချူးယွင်ဖန်းသည် သူ့အတွက် ခက်ခဲသောအရာများကို မလုပ်ခဲ့ပေ။ ခေါင်းညိတ်ပြကာ၊ ကွင်းထဲမှ လှည့်ထွက်သွားခဲ့သည်။ သူ့စွမ်းအင်ကို အမြန်ပြန်ဖြည့်တင်းနိုင်သည် မှန်သော်လည်း ဤသည်ကာ ချွေတာရာရောက်သဖြင့် ချူးယွင်ဖန်းပျော်မိသည်။

များမကြာမီတွင် ချူးယွင်ဖန်း၏ အလှည့်ရောက်လာပြန်၏။ သို့သော် ယခုတစ်ကြိမ်တွင် သူ့ပြိုင်ဘက်သည် ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ ကျောင်းသားတစ်ယောက်မဟုတ်ပေ။ ယခုနှစ်တွင် သူနှင့်အတူ ပြည်ထောင်စုတက္ကသိုလ်ဝင်ခွင့်အောင်မြင်ခဲ့သည့် ကျောင်းသားတစ်ဦးနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်အကဲဖြတ်မှုအောင်မြင်ခဲ့သော ကျောင်းသားများသည် မိမိတို့ကိုယ်မိမိတို့ ဂုဏ်ယူဝံ့ကြွားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းအား လက်မြှောက်အရှုံးပေးကြလိမ့်မည်မဟုတ်ပေ။

ဤလူငယ်သည် ဆံပင်ကို ဦးစမုတ်ကေညှပ်ထားကာ၊ ပေါက်ကွဲတော့မည်ထင်ရသည့် ကြွက်သားများရှိသည်။ သူ့လက်ထဲတွင်ကား၊ တင်းပုတ်ရှည်တစ်လတ်ကိုင်ထားကာ၊ အလွန်သန်မာပုံပေါ်၏။

ချူးယွင်ဖန်း ကွင်းထဲဝင်လာသည်ကို မြင်သောအခါ လူငယ်က ပြုံဂ၍ ပြောသည်။

“မင်း အရှုံးပေးဖို့ ငါအကြံပေးချင်တယ်။ ငါ့တင်းပုတ်က မင်းကို သက်ညှာပေးမှာမဟုတ်ဘူး။ မင်းဒါကြောင့် ဒဏ်ရာရရင် ငါဘာမှလုပ်လို့ရမှာမဟုတ်ဘူး”

“မင်းအရိုးတွေကျိုးသွားရင် ကံမကောင်းဘူးလို့မှတ်လိုက်ပါ”

ဤစကားကိုကြားသောအခါ ချူးယွင်ဖန်းသည် အနည်းအကျဥ်းမျှ ထိတ်လန့်၊ တုန်လှုပ်နေခြင်းမရှိပေ။ ဤလူငယ်တွင် အရည်အချင်းရှိကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သည်။ တကယ်တမ်းတွင် သူသည် အလွန်သန်မာသည်ဟုပင် ယူဆနိုင်၏။ ဤလူငယ်သည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့် အထွဋ်အထိပ်သို့ပင် ရောက်နေပြီဖြစ်သည်။ သူသည် သတ္တမအဆင့်နှင့် ခြေတစ်လှမ်းသာလိုတော့ကာ၊ ချူးယွင်ဖန်းတွေ့ဆုံခဲ့သော ချူးရှန်ကျုံး၏ နောက်တွင်ရှိ၏။

လက်နက်ကြီးတစ်ခုကို အသုံးပြုသည် ကျွမ်းကျင်သူတစ်ဦးအတွက်၊ သာမန်စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်တွင်ပင်ရောက်ရှိနေပါက၊ ၎င်းတို့၏ ပြိုင်ဘက်ကို အလွန် ဒုက္ခပေးနိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် ၎င်းတို့သည် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားတတ်ကြသည်။

သို့သော် ချူးယွင်ဖန်းသည်မူ ကွဲပြား၏။

“ဒါဆို့ စမ်းကြည့်လိုက်ကြရအောင်၊ လေကြီးလေကျယ်ပြောနေလို့ အသုံးမဝင်ဘူး” ချူးယွင်ဖန်က လူငယ်ကိုကြည့်၍ပြောလိုက်သည်။

“ဒါဆို နောက်ဖြစ်လာမဲ့အရာအတွက် ငါ့အဆိုးမဆိုနဲ့” ကြွက်သားသန်မာသောလူငယ်က အော်ဟစ်၍ တင်းပုတ်ကို ဆွဲကာ ချူးယွင်ဖန်းထံသို့တည့်တည့် ပစ်ချလိုက်သည်။

တင်းပုတ်မှ မြေပြင်ပေါ်သို့ မကျခင်တွင်၊ ယင်းထဲရှိ ခြောက်ခြားဖွယ်စွမ်းအားသည် ချူးယွင်ဖန်း၏ အဝတ်များကိုလွင့်နေစေသည့် ခြောက်ခြားဖွယ်၊ စွမ်းအားပြင်းသော လေလှိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ သံမဏီဓားတစ်လက်ကဲ့သို့ တိုက်ခိုက်နေသော ပြင်းထန်သည့်လေသည် မျက်နှာကို စုတ်ဖြဲ၍ အရေပြားများကို လောင်ကျွမ်းသွားစေနိုင်၏။

ချူးယွင်ဖန်းသည် တင်းပုတ်ဖြင့် ထိခါနီးဆဲဆဲတွင် သူ၏ အရိပ်မဲ့ဓားကို ဆွဲထုတ်၍ ကာလိုက်သည်။

ဘမ်း

ကျယ်လောင်သော အသံဖြင့်အတူ၊ ချူးယွင်ဖန်းသည် တစ်လက်မမှပင် မရွေ့ခဲ့သော်လည်း တင်းပုတ်သည် ပစ်မှတ်ကို မထိမှန်ခဲ့ပေ။ သူသည် လုံးလုံးလျားလျားမရှောင်တိမ်းခဲ့ပေ။ ဝင်လာသောတိုက်ခိုက်မှုကို တားဆီးရန် သူ၏ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ဓားသည် သာမန်ဓားတစ်စင်းမျှသာဖြစ်ကာ၊ လေးလံသော လက်နက်ကြီးတစ်ခုမဟုတ်ပေ။ ချူးယွင်ဖန်းသည် သူ၏လက်နက်ကို လက်တစ်ဖက်ဖြင့်ကိုင်၍ ပေါင်တစ်ထောင်ကျော်သော ဤတင်းပုတ်၏ ပြင်းထန်သော ရိုက်ခတ်မှုကို တားဆီးနိုင်ခဲ့သည်။

လူငယ်သည် ယုံကြည်နိုင်ဖွယ်မကောင်းသော မြင်ကွင်းကို မြင်ကာ၊ မျက်နှာထက်မှ မောက်မာဝံ့ကြွားသည့် အမူအရာများ ပျောက်သွားသည်။ ချူးယွင်ဖန်းသည် သူ၏ တိုက်ခိုက်မှုကို လက်တစ်ဖက်တည်းဖြင့် တားဆီးခဲ့၏။

‘ချူးယွင်ဖန်းမှာ ခွန်အား ဘယ်လောက်ရှိလဲ’

ထိုအတွေးကြောင့် လူငယ်၏ စိတ်ထဲတွင် တောက်လောင်သွားသည်။ သူအံ့အားသင့်နေသော အခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သူ့ထံသို့ ချီတက်လာ၏။

ချူးယွင်ဖန်းသည် သူ၏ ခန္ဓာကိုယ်ကို လှည့်၍ ကြာပွတ်ရှည်တစ်စင်းကဲ့သို့ ခြေထောက်ကို ဆန့်ထုတ်ကာ၊ ထိုကြွက်သားတောင့်တင်းသော လူငယ်ကို ကန်လိုက်သည်။ ခြောက်ပေအကွာတွင်ရပ်နေသော ဤလူငယ်သည် ကြိုးပြတ်သွားသည့် စွန်တစ်စင်းကဲ့သို့ လွင့်ထွက်သွားကာ၊ တုံ့ပြန်ရန်ပင် အချိန်မရှိလိုက်ပေ။

ချူးယွင်ဖန်းသည် အလွန်သန်မာရုံသာမက၊ သူ၏တိုက်ခိုက်မှုသည်လည်း လျှပ်စီးတစ်စင်းကဲ့သို့ မြန်ဆန်၏။ ထို့ကြောင့် မည်သူမျှ ခုခံရန် မဖြစ်နိုင်ပေ။ ကြွက်သားသန်မာသော လူငယ်သည် လုံးလုံးလျားလျား မတုံ့ပြန်နိုင်ခဲ့ပေ။

“ချူးယွင်ဖန်း နိုင်သွားပြီ”

ချူးယွင်ဖန်းသည် သုံးကြိမ်ဆက်တိုက် အနိုင်ရခဲ့၏။

အခန်း(၃၄၂) ချူးအကြီးအကဲများကို ထိတ်လန့်စေခြင်း

တစ်ချက်တည်းသာ လှုပ်ရှားလိုက်ခြင်းဖြစ်သည့်အပြင် ဤသည်ကား ရှင်းလင်းပြတ်သားသော တိုက်ပွဲတစ်ခုဖြစ်ခဲ့သည်။ ဤသို့သော ရိုးရှင်းသည့် တိုက်ပွဲပုံစံသည် လူအများ၏ အာရုံကို ဆွဲဆောင်ခဲ့သည်။ စိတ်လှုပ်ရှားဖွယ်ရာတိုက်ခိုက်မှုများတွင်ပါဝင်နေကြသော အခြားသူများနှင့် နှိုင်းယှဥ်ပါက၊ ချူးယွင်ဖန်း၏ ရိုးရှင်းသော ချေမှုန်းခြင်းပုံစံသည် မြင်မြင်ချင်းစိတ်လှုပ်ရှားဖွယ်မကောင်းလှသော်လည်း သေချာတွေးကြည့်ပြီးနောက် ပရိတ်သတ်များသည် ဤသို့သော တိုက်ပွဲမျိုးကို ကြည့်ရခြင်းအား ပို၍ ကြိုက်နှစ်သက်ကြသည်။

“ပြည်ထောင်စုတက္ကသိုလ်က ကိုယ်ခန္ဓာသန့်စင်တဲ့ ကျောင်းသားကရှုံးသွားတာ ထိပ်တန်းတက္ကသိုလ်က နာမည်ကြီးကျောင်းသားနဲ့အတူတူပဲ၊ ဒါကိုကြည့်ရင် ဒါဟာ တက္ကသိုလ်တွေကြားက ကွာခြားချက်မဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။ ဆိုရရင် ဒီလူက သန်မာတာကြောင့်ပါပဲ။ သူ့နာမည်ဘယ်လိုခေါ်တာပါလိမ့်” ကျောင်းသားများစွာသည် ချူးယွင်ဖန်းကို စိတ်ဝင်စားလာကြသည်။

“သူ့နာမည်က ချူးယွင်ဖန်းပါ၊ သူက ကမ္ဘာမြေပေါ်က မိသားစုခွဲကနေ ဆင်းသက်လာတာပဲ၊ အခုအချိန်အထိတော့ မျိုးဆက်သစ်စာရင်းမသွင်းရသေးဘူး။ သူ့မိတ်ဆက်စာကို မင်းတို့မဖတ်ကြဘူးလား၊ စက်ခရင်ကြီးပေါ်မှာ အကုန်ရေးထားတာကို”

“ငါက ဘာလို့ တကူးတကကြီးကြည့်မိမှာတုန်း၊ သူစွမ်းအားကြီးတယ်လို့ ဘယ်သူက ခန့်မှန်းမိမှာလဲ။ ကမ္ဘာမြေပေါ်ကလာတယ်ဆိုတော့ ငါ စိတ်သိပ်မဝင်စားတော့ဘူး။ ကမ္ဘာမြေပေါ်က ဝိဉာဥ်စွမ်းအင်က အရမ်းနည်းလွန်းလို့ အဲ့ကလူတွေက အားအရမ်းနည်းတယ်ကွ”

“မှန်တယ်။ ကမ္ဘာပေါ်မှာ ကျွမ်းကျင်သူတွေမရှိဘူးလို့ပြောတာမဟုတ်ပေမယ့် သိပ်များများစားစားတော့မရှိဘူး။ ဒါပေမယ့် ချူးယွင်ဖန်းက ကမ္ဘာပေါ်က ထိပ်တန်းကျွမ်းကျင်သူတွေထဲက တစ်ယောက်ထင်တယ်”

ကျောင်းသားအများအပြားသည် စိတ်ဝင်တစား၊ တက်ကြွစွာ စတင်ဆွေးနွေးကြသည်။ ချူးမိသားစု၏ အခြေစိုက်စခန်းကို ခွန်းလွန်နယ်မြေတွင် တည်ဆောက်ထား၏။ ကမ္ဘာပေါ်တွင် ချူးဟုန်ယဲ့နှင့် ချူးကျိကောတို့ကဲ့သို့ လူများစွာရှိကြသော်လည်း ချူးမိသားစုမှ အများစုသည် ခွန်းလွန်နယ်မြေတွင် နေထိုင်ကြသည်။

ခွန်းလွန်နယ်မြေသည် ပို၍ အန္တရာယ်များကာ၊ ကမ္ဘာမြေထက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်သည်။ ကမ္ဘာမြေထက် များစွာသော ပညာရှင်များရှိနေသည်ကို ငြင်းဆို၍ မရပေ။

ကျောင်းသားအများစုအတွက် ကမ္ဘာမြေသည် ၎င်းတို့၏ မွေးရပ်မြေဖြစ်သော်လည်း ဤသည်ကား ဝေးကွာသော ကိစ္စရပ်တစ်ခုဖြစ်သည်။ ၎င်းတို့ထဲမှအများစုသည် ကမ္ဘာမြေပေါ်သို့ တစ်ကြိမ်တစ်ခါမျှမရောက်ဖူးခဲ့ကြသဖြင့် ယင်းနှင့်ပတ်သက်၍ မည်သည့်ခံစားချက်မျှမရှိကြပေ။ တကယ်တမ်းတွင် ကမ္ဘာမြေဟူသည် လူအများအတွက် ပထဝီဝင် အသုံးအနှုန်းတစ်ခုမျှသာဖြစ်သည်။

ချူးယွင်ဖန်းအတွက်မူ၊ ဤပြိုင်ဘက်များအားလုံးသည် မဆိုးလှသော်လည်း မလုံလောက်သည်မှာထင်ရှား၏။ သူအနားယူသောနေရာနှင့် မနီးမဝေးတွင်မူ၊ ချူးယွင်ရှင်းးသည် ဒဏ်ရာကင်းမဲ့စွာဖြင့် ကြည့်နေ၏။ ဤပြိုင်ဘက်များသည် သူ့အား မခြိမ်းခြောက်နိုင်သည်မှာ ရှင်းလင်းသိသာ၏။

နောက်ထပ်နာရီဝက်ကြာပြီးနောက် စတုတ္ထအချီကို စတင်ခဲ့သည်။ ယခုအချိန်တွင် ချူးယွင်ဖန်း၏ ပြိုင်ဘက်မှာ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်သည်။ သို့သော် ဤလူသည် ချူးယွင်ဖန်းထံမှ သိုင်းကွက်တစ်ခုကိုပင် မတားဆီးနိုင်ဘဲ ရှုံးနိမ့်သွားခဲ့ရသည်။

စတုတ္ထအချီအပြီးတွင် ချူးယွင်ဖန်းသည် ၎င်း၏ ပဥ္စမအချီ၊ ဆဠမအချီနှင့် သတ္တမအချီတို့ကို အလွယ်တကူ အနိုင်ရခဲ့ရာ၊ အကုန်လုံးကို သိုင်းကွက်တစ်ကွက်တည်းဖြင့် ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်၏။

သူ၏ အနိုင်ရမှုအရေအတွက်တိုးလာသည်နှင့်အမျှ လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ လူအများသည် သူ့အားနာမည်အရင်းပင်မခေါ်ကြတော့ဘဲ သိုင်းတစ်ကွက်ရှင်ချူးဟု အမည်ပြောင်ပေးထားကြသည်။

မည်မျှပင်ပြင်းထန်သော ပြိုင်ဘက်ကို ရင်ဆိုင်နေရစေကာမူ ချူးယွင်ဖန်းသည် သူ့အား သိုင်းကွက်တစ်ကွက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့ရာ၊ တစ်စက္ကန့်မျှပင် မကြာခဲ့ပေ။

ချူးယွင်ဖန်း၏ ပြိုင်ဘက်များထဲတွင် ပြည်ထောင်စုတက္ကသိုလ်နှင့် ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ ကျောင်းသားမျာအပါအဝင်၊ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများလည်းပါဝင်သည်။ သို့သော် နောက်ဆုံးရလဒ်သည် ကွဲပြားခြားနားမှုမရှိပေ။ သာမန်ကျောင်းသားများကို အလွယ်တကူချေမှုန်းအနိုင်ယူနိုင်ခဲ့သော ကျောင်းသားများကိုပင် ချူးယွင်ဖန်းသည် အလွယ်တကူ ချေမှုန်းပစ်လိုက်နိုင်သည်။

ချူးယွင်ဖန်း၏ ပြောင်မြောက်သော စွမ်းဆောင်မှုသည် ချူးမိသားစု၏ အထူးသဖြင့် ချူးယွင်ရှင်းအပါအဝင်၊ ရာထူးမြင့်များ၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ချူးယွင်ရှင်းသည်မူ ချူးယွင်ဖန်းကဲ့သို့ မိမိ၏ ပြိုင်ဘက်များကို သိုင်းကွက်တစ်ကွက်အတွင်းမသတ်နိုင်ခဲ့သော်လည်း သူ့ပြိုင်ဘက်များကို သိုင်းကွက်အနည်းငယ်အတွင်းတွင် လက်နက်ချစေနိုင်ခဲ့သည်။

၎င်းတို့နှစ်ဦး၏ တိုက်ခိုက်ရေးပုံစံသည် ဤထက်ပို၍ မကွဲပြားနိုင်တော့ပေ။

ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများသည် လျင်မြန်၊ တိကျကာ၊ ကြမ်းတမ်းရက်စက်သည်။ သူ၏ခွန်အားသည် အကန့်အသတ်မရှိပေ။ သူ့ပြိုင်ဘက်များ မတုံ့ပြန်နိုင်ခင်တွင်ပင်၊ တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်ခဲ့၏။

ချူးယွင်ရှင်း၏တိုက်ခိုက်မှုများသည် ရက်စက်မှုအပြည့်ဖြင့် ထိရောက်၏။ တစ်ဖက်သူကို လျင်မြန်စွာဖြင့် လက်နက်ချစေနိုင်ခဲ့သည်။

ဝေးလံခေါင်သီသော နေရာမှလာသော ဝမ်းကွဲညီအစ်ကိုနှစ်ယောက်ကြားရှိ ဆက်ဆံရေးသည် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ စင်မြင့်ထက်မှ ချူးမိသားစုအကြီးအကဲများသည် သက်တောင့်သက်သာရှိသော ခုံများတွင်ထိုင်လျက်၊ ကွင်းထဲမှ လူများကိုကြည့်နေကြသည်။

“ဒီနှစ်မှာ အသန်မာဆုံးကျောင်းသားတွေမလား။ ဟူး အရင်နှစ်တွေထက် တော်တော်လေး အားနည်းတယ်လို့ ငါခံစားရတယ်” အကြီးအကဲတစ်ဦးသည် သက်ပြင်းချ၍ပြောလိုက်သည်။

“အရင်နှစ်တွေက တကယ့်ကို စွမ်းအားကြီးတဲ့မျိုးဆက်တွေပဲ၊ သခင်လေးချူးဟောက်ယွဲ့က အဲ့မျိုးဆက်ကပဲမလား”

“ဒီအခြေအနေက နှစ်နည်းနည်းကြာနေပြီ၊ ငါတို့ ချူးမိသားစုက ကော်လိပ်ဝင်ခွင့်စာမေးပွဲမှာ သန့်စင်ခြင်းအဆင့်ကျောင်းသားတစ်ယောက်ကိုတောင် မမွေးထုတ်ပေးနိုင်ခဲ့ဘူး။ ပြောရတာတောင် ရှက်ဖို့ကောင်းတယ်”

“အဲ့တာနဲ့ ပတ်သက်ပြီးတော့ ကျုပ်တို့ ဘာမှမလုပ်နိုင်ဘူးလေ၊ ကျုပ်တို့ မိသားစုတင်မဟုတ်ဘဲ၊အခြားမိသားစုတွေလည်း ဒီလိုပဲမလား။ နှစ်တိုင်းကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်းနေရာအတွက် ပြိုင်နိုင်တဲ့ကျောင်းသားတွေရှိမယ်လို့ ဘယ်သူက အာမခံနိုင်မှာလဲ”

အကြီးအကဲအချို့သည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ချူးမိသားစု တဖြည်းဖြည်း ကျဆင်းလာခဲ့သည်ဟု တွေးမိကြသည်။ ၎င်းတို့၏ ဘုန်းအသရေလှိုင်းလုံးကြီးသည် ချူးဟောက်ယွဲ့ဖြင့် အဆုံးသတ်သွားခဲ့၏။

“ဒီဝမ်းကွဲညီအစ်ကို နှစ်ယောက်က တစ်နှစ်တည်းက ဝမ်းကွဲတွေဖြစ်တဲ့ပြင် ကမ္ဘာမြေပေါ်က ဆင်းသက်လာကြတာ။ ပြောရရင် လွတ်လွတ်လပ်လပ် ပျိုးထောင်ထားတယ်လို့ ယူဆလို့ရတယ်။ လွတ်လွတ်လပ်လပ် ပျိုးထောင်ထားတဲ့ မျိုးနွယ်စုလူငယ်တွေထဲမှာ တကယ်ထူးချွန်တဲ့ ပျိုးပင်ကောင်းလေးတွေပဲ။ ငယ်ငယ်ကတည်းကသာ ငါတို့ ပျိုးထောင်ခဲ့မယ်ဆိုရင် သူတို့ထဲက တစ်ယောက်က သန့်စင်ခြင်းအဆင့်လွန်ကို တက်လှမ်းနိုင်နေလောက်ပြီ” အကြီးအကဲတစ်ဦးက မသေမချာမရေမရာပြောလိုက်သည်။

သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်သည့် ကျောင်းသားများသည် အခြေခံအားဖြင့် အကောင်းတကာ့အကောင်းဆုံးများဖြစ်ကြသည်။ ချူးမိသားစုနှင့် ကျန်းမိသားစုကဲ့သို့ မွန်းစတားများအတွက် နှစ်အနည်းငယ်လျှင် တစ်ကြိမ်သာ ပေါ်ထွက်လာလေ့ရှိသည်။ ၎င်းတို့အားလုံးသည် အနည်းဆုံး ဆယ်နှစ်တစ်ကြိမ်သာ ခက်ခက်ခဲခဲပေါ်ထွက်လာကြသော ပါရမီရှင်များဖြစ်ကြသည်။

“ကျုပ် ချူးယွင်ရှင်းကိုတော့ နည်းနည်း အထင်ကြီးမိတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း သူ့စွမ်းဆောင်မှုက အရမ်းကောင်းတာကြောင့် မိသားစုရဲ့အာရုံစိုက်မှုကို ခံခဲ့ရတယ်။ တစ်ဖက်မှာကျ၊ ချူးယွင်ဖန်းက နေ့ချင်းညချင်းပေါ်လာသလိုပဲ၊ ဒီမတိုင်ခင် သူ့မှာ ဘာအလားအလာမှ မရှိခဲ့ဘူး”

“သူဉာဏ်အလင်းရသွားတာ ဖြစ်နိုင်ပါ့မလား။ အရင်က ဒီလိုမျိုး ဘယ်သူမှ မဖြစ်ဖူးတာတော့မဟုတ်ဘူးလေ” ချူးယွင်ဖန်းသည် ရုတ်တရက် ဉာဏ်အလင်းပေါက်သွားခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။ ရှေးခေတ်ကတည်းက ဤကဲ့သို့သော အဖြစ်အပျက် များစွာရှိခဲ့သောကြောင့် ဤသည်က မထူးဆန်းပေ။

“ချူးယွင်ဖန်းရဲ့ အချက်အလက်တွေကို တစ်ယောက်ယောက်ယူလာခဲ့”

အကြီးအကဲတစ်ဦးမှ တောင်းဆိုပြီးနောက်၊ ချူးမိသားစု၏ ထောက်လှမ်းရေးစနစ်သည် အလျင်အမြန် ရှာဖွေလိုက်၏။ နာရီဝက်မပြည့်မီတွင် ချူးယွင်ဖန်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်မျိုးစုံကို ကမ္ဘာမြေမှ ပေးပို့လာ၏။ ချူးမိသားစု၏ ထောက်လှမ်းရေးကွန်ရက် မည်မျှ ထိရောက်သည်ကို တွေးကြည့်နိုင်၏။

မကြာမီတွင် ချူးယွင်ဖန်းနှင့် ပတ်သက်သော အချက်အလက်မျိုးစုံသည် ဤအကြီးအကဲများရှေ့၌ ပေါ်လာသည်။ ပေါ့ပေါ့ပါးပါးလှန်ကြည့်ပြီးနောက် အကြီးအကဲများ၏ မျက်လုံးများသည် ပို၍ အရောင်တောက်လာသည်။ အချက်အလက်များအရ၊ ချူးယွင်ဖန်းသည် ယမန်နှစ်မတိုင်ခင်အထိ အခြေခံအားဖြင့် အသုံးမဝင်သောသူတစ်ဦးဖြစ်ခဲ့သည်။ အထက်တန်းကျောင်းတတိယနှစ်မတိုင်ခင်အထိ သာမန်လူတစ်ဦးသာဖြစ်ခဲ့သည်။

ဤသို့သောလူမျိုးသည် သူတို့အာရုံစိုက်ရန် မထိုက်တန်သော်လည်း တတိယနှစ်တွင် အရာအားလုံဂပြောင်းလဲသွားသည်။ ချူးယွင်ဖန်းသည် အတန်းထိပ်တန်းကျောင်းသားအဖြစ်မှ၊ ကျောင်းထိပ်တန်းအဆင့်သို့ရောက်ခဲ့ရာ၊ ယွင်နင်ခရိုင်ရှိ အထက်တန်းကျောင်းများအားလုံး၏ ထိပ်တန်းကျောင်းသားဖြစ်လာခဲ့သည်။ ထို့နောက်၊ တည်ငြိမ်သမုဒ္ဒရာမြို့၏ ထိပ်တန်းကျောင်းသားများစာရင်းဝင်ခဲ့ရာ၊ ပြည်ထောင်စုတက္ကသိုလ်သို့ ထိပ်တန်းအမှတ်များဖြင့်ဝင်ခွင့်ရခဲ့သည်။

သာမန်လူတစ်ဦးသည် ၎င်းတို့၏ တစ်သက်တလုံးတွင် ထိုသို့သော အောင်မြင်မှုမျိုးကို ရရှိနိုင်လိမ့်မည်မဟုတ်သော်လည်း ချူးယွင်ဖန်းသည် ၎င်းတို့ကို တစ်နှစ်မပြည့်မီပြုလုပ်နိုင်ခဲ့သည်။

All Chapters