အခန်း (၃၄၃-၃၄၅)
Vol. 23 Ch. 343-345
အခန်း(၃၄၃) မိသားစု၏ ကောင်းချီး
အချက်အလက်ကို ကြည့်၍ ချူးယွင်ဖန်း၏ ဘဝသည် နှစ်ပိုင်းကွဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ဘဝ၏ ပထမဆုံးဆယ်နှစ်တွင် မည်သည့်သိသာသော အောင်မြင်မှုကိုမျှ မပြုလိုက်နိုင်ခဲ့သော်လည်း နောက်နှစ်ဝက်ခန့်တွင် သူ့ဘဝ၏ ပထမပိုင်းနှစ်များတွင် လုပ်ရန်လိုအပ်သည့်အရာများအားလုံးကို အပြီးပြတ်လုပ်နိုင်ခဲ့သည်။
ဤကွဲပြားမှုသည် အလွန်ပြင်းထန်လွန်းကာ၊ သိသာလှသဖြင့် အကြီးအကဲများ သတိပြုမိသွားကြသည်။
ချူးယွင်ဖန်းနှင့် ယှဥ်လျှင် ချူးယွင်ရှင်း၏ ကိုယ်ရေးအကျဥ်သည် ပို၍ သာမန်ကျသည်။ ချူးယွင်ရှင်းသည် ငယ်စဥ်ကတည်းက အရည်အချင်းများကို ပြသနိုင်ခဲ့ခြင်းဖြစ်ကာ၊ ထို့နောက်၊ အထူးအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများကို တက်နိုင်ခဲ့သည်။ သူ့သည် သုန်ဟွာမြို့ အမှတ်(၁) အထက်တန်းကျောင်းသို့ပင် ဝင်ခွင့်ရခဲ့ကာ၊ သုန်ဟွာမြို့တွင် အထူးချွန်ဆုံး ကျောင်းသားတစ်ဦးဖြစ်လာခဲ့သည်။
ဤသည်ကား၊ အကြီးအကဲများနှင့် အရင်းနှီးဆုံးသော ကိုယ်ရေးအကျဥ်းပုံစံတစ်ခုပင်ဖြစ်သည်။ ယင်းကြောင့် ချူးယွင်ဖန်းသည် ကံကြမ္မာကောင်းတစ်ခုကို ရရှိခဲ့ကာ၊ ဉာဏ်အလင်းပေါက်ခဲ့ခြင်းဖြစ်နိုင်သည်ဟု အကြီးအကဲအများက ယုံကြည်ခဲ့သည်။ ၎င်းတို့ထဲမှအများစုသည်မူ၊ ၎င်းကို အလွန်ကျေနပ်ကြသည်။
ထိုလူကြီးများ၏ အနေအထားသည် ခိုင်မာလွန်းလှသဖြင့် အငယ်တန်းတစ်ယောက်ကို စိတ်မဝင်စားကြပေ။ ကံကြမ္မာကောင်းဖြင့်ကြုံတွေ့ကာ၊ ယနေ့ ရောက်ရှိနေသည့် နေရာသို့ ရောက်ရှိနေကြခြင်းသည် သာမန်သာဖြစ်သည်။ ချူးယွင်ဖန်းသည် အခြားသူများ ဆယ်နှစ်ကျော်ကြာလျှောက်လှမ်းရမည့်ခရီးကို နှစ်တစ်ဝက်တာအချိန်ကာလအတွင်း အောင်မြင်ပြီးမြောက်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် အလွန်ထူးချွန်နေသည်မှာ သိသာနေခြင်းဖြစ်၏။
ခွန်အားနှင့် ပတ်သက်၍ ချူးယွင်ဖန်းသည် အလွန်ထူးချွန်သည်ဟု ယူဆ၍ရသော်လည်း သူသည် အထူးတလည် ရင်သပ်ရှု့မောဖွယ်မရှိပေ။ အကယ်၍ သူသည် တစ်ချိန်က ကောလိပ်ဝင်ခွင့်စာမေးပွဲ၌ အမှတ်အများဆုံးဖြစ်ခဲ့သော ချူးဟောက်ယွဲ့ကဲ့သို့ဖြစ်လျှင်၊ ချူးယွင်ဖန်းသည် တစ်မိသားစုလုံး၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်ဖြစ်သည်။
ချူးမိသားစုတွင် ထိုသို့သောသူ အများအပြားမရှိပေ။ နောက်ဆုံးတွင်မူ၊ မိသားစုများစွာသည် ခွန်အားနှင့် ပတ်သက်၍ ချူးမိသားစုထက်အဆင့်မနိမ့်ကြပေ။ ထို့အပြင် သာမန် ပြည်သူလူထုအကြားတွင် ပါရမီရှင်ဦးရေသည် ပို၍ တိုးမြင့်လာသဖြင့် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ထိပ်တန်းအမှတ်အများဆုံးရရှိရန် ခက်ခဲ၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ချူးမိသားစုသည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် အမှတ်အများဆုံးနေရာအတွက် ယှဥ်ပြိုင်ရန် အရည်အချင်းပြည့်မီသူ မည်သသူ့ကိုမျှ မတွေ့ခဲ့ဖူးပေ။ ချူးမိသားစု၏ ပံ့ပိုးမှုကို အပြည့်အဝရရှိထားသော ချူးမိသားစု၏ တိုက်ရိုက်မျိုးဆက်များနှင့် ကွဲပြားစွာ ချူးယွင်ဖန်းနှင့် ချူးယွင်ရှင်းတို့သည် ထောက်ပံ့မှုအနည်းအကျဥ်းသာရှိခဲ့ကြသည်။ မိသားစုသည် ချူးယွင်ရှင်းကို စောင့်ရှောက်ခဲ့ကြသော်လည်း သူရရှိခဲ့သည့်အရင်းအမြစ်များသည် တိုက်ရိုက်မျိုးဆက်များနှင့် နှိုင်းယှဥ်လျှင် များစွာလျော့နည်း၏။
ချူးယွင်ဖန်းအနေနှင့်မူ သာမန်မိသားစုဝင်တစ်ဦးအနေဖြင့် မည်သည့်အရာကိုမျှ မရရှိခဲ့ခြင်းသည် သာမန်မျှသာဖြစ်သည်။ သူသည် ဤအဆင့်ထိရောက်သည်အထိ သူ့ကိုယ်တိုင် ကျင့်ကြံပျိုးထောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤအရာက သူ၏အောင်မြင်မှုများကို ပို၍ ကြီးကျယ်စေခြင်းဖြစ်သည်။
အကြီးအကဲများက သက်ပြင်းချလိုက်ကြသည်။
“သူတို့နှစ်ယောက်ကို အစောကတည်းက ရှာတွေ့ပြီး လေ့ကျင့်ပေးနိုင်ခဲ့မယ်ဆိုရင် သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ အခွင့်အလမ်းရှိလောက်တယ်”
သက်ပြင်းချပြီးနောက် အားလုံးတွေးလိုက်မိကြသည်။ ဝမ်းကွဲညိအစ်ကိုနှစ်ယောက်သည် ကမ္ဘာပေါ်ရှိ လေးလံခေါင်သီသောအရပ်များမှ ဆင်းသက်လာခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင် ၎င်းတို့သည် အခြားဂိုဏ်းများနှင့် ပေါင်းစည်းခြင်းမရှိသေးပေ။ ဤအချိန်တွင် ၎င်းတို့သည် မိမိတို့၏ လူဖြစ်နေသေးသည်။ ၎င်းတို့နှစ်ဦးကို ငယ်စဥ်တည်းက မပျိုးထောင်ပေးခဲ့ရသော်လည်း ယခုအချိန်မှ ချည်နှောင်၍ ပျိုးထောင်ပေးရန် အချိန်မနှောင်းသေးပေ။
ချူးမိသားစုသည် အခြားမိသားစုများ၊ ကြီးမားသော စီးပွားရေးလုပ်ငန်းကြီးများနှင့် ပြည်ထောင်စုအစိုးရကိုပင် ယှဥ်ပြိုင်ရမည်ဖြစ်ရာ၊ မိသားစုအတွင်းမှ ဂိုဏ်းပေါင်းစုံအကြားပြိုင်ဆိုင်မှုသည်လည်း မည်သည့်အခါမှ မရပ်တန့်ခဲ့ပေ။ အတွင်းပိုင်းပြိုင်ဆိုင်မှုဖြစ်စေ၊ အပြင်ပိုင်းပြိုင်ဆိုင်မှုဖြစ်စေ၊ ပါရမီရှင်များသည် နံပါတ်တစ်အရေးပါသောအရာဖြစ်သည်။
ချူးယွင်ဖန်းနှင့် ချူးယွင်ရှင်းတို့ကို တစ်ပြိုင်နက် ချီးကျူးခြင်းသည် ရှားပါးသောအခိုက်အတန့်ဖြစ်သည်။ ချူးယွင်ဖန်း၏ လက်ထဲတွင် မိမိတို့ မျိုးဆက်များ ရှုံးနိမ့်ခဲ့ရသည့် အကြီးအကဲများမှလွဲ၍ အခြားသူများအားလုံးသည် သူ့အားချီးကျူးကြသည်။
ချူးယန်သည် ချူးယွင်ဖန်း၏ အချက်အလက်များကို ကြည့်၍ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ကျန်းမိသားစုက ငါတို့ ပါရမီရှင် မျိုးဆက်ရဲ့ ခေါင်းကို ဆုငွေ သန်းငါးဆယ်နဲ့ မှောင်ခိုစျေးကွက်မှာ ဝရမ်းထုတ်ရဲတယ်ပေါ့။ ငါတို့ မိသားစုနဲ့ စစ်ဖြစ်ချင်တာလား။ ရယ်စရာကောင်းလိုက်တာ၊ အမိန့်ပေးပြီးတော့ ကျန်းမိသားစုကို ဝရမ်းပိတ်သိမ်းခိုင်းလိုက်။ ငါတို့ချူးမိသားစုက အနိုင်ကျင့်လို့ကောင်းတယ်လို့ ထင်နေကြတာလား”
“ဒါက ဘာမှမဟုတ်ပါဘူး” ချူးယန်၏ အနားရှိ ချူးဟောက်ယွဲ့က ခေါင်းညိတ်၍ပြောလိုက်သည်။
“ကျန်းမိသားစုက မတန်မရာလုပ်ရဲတဲ့ကောင်တွေပဲ၊ ငါတို့ မိသားစုဝင်တစ်ယောက်ရဲ့ ခေါင်းကို ဆုကြေးဖွင့်ပြီး ဝရမ်းထုတ်ရဲတယ်ပေါ့”
ယခုအချိန်တွင် ချူးယွင်ဖန်းသည် သူ၏ ရှစ်ယောက်မြောက်ပြိုင်ဘက်ကို ရင်ဆိုင်ရပြီဖြစ်သည်။ သူ့ပြိုင်ဘက်သည် ချူးရှန်ကျုံးမှတပါးအခြားသူမဟုတ်ကြောင်း ရုတ်တရက် သိလိုက်ရသည်။
လက်ထဲတွင်ဓားတစ်ချောင်းကိုင်ထားသော ချူးရှန်ကျုံးသည် ချူးယွင်ဖန်းကို ကြည့်၍ လက်သီးများကို ကျစ်ကျစ်ပါဆုပ်ထားလိုက်သည်။ ချူးယွင်ဖန်းကြောင့် သူ့အဖေ ရှေ့တန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသဖြင့် သူ၏ မျက်လုံးများသည် အမုန်းတရားများနှင့် ပြည့်နှက်နေသည်။
ရှေ့တန်းသည် မွန်းစတာားများနှင့် လူသားများအကြားစစ်ပွဲဖြစ်သည့်နေရာသဖြင့် စက္ကန့်တိုင်းတွင် လူတစ်ဦးသေဆုံးရသည်။ ရှေ့တန်းတွင် လူတစ်ယောက်သေဆုံးရန် အလွန်လွယ်ကူ၏။ သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများပင်လျှင် ၎င်းတို့ကိုယ်၎င်းတို့ ကာကွယ်ရန် ခက်ခဲပေလိမ့်မည်ဖြစ်ရာ၊ တစ်ခဏသတိလက်လွတ်ဖြစ်သွားလျှင် သေဆုံးသွားနိုင်၏။
ချူးယွင်ဖန်းကြောင့်သာ မဟုတ်လျှင် ဤသို့ဖြစ်လာလိမ့်မည်မဟုတ်ပေ။ ဤအရာများအားလုံးသည် ချူးယွင်ဖန်းကြောင့်သာဖြစ်သည်။
ထိုပြစ်ဒဏ်ကို ပေးခဲ့သူသည် ချူးဟောက်ယွဲ့ဖြစ်သော်လည်း ချူးရှန်ကျုံးသည် သူ့အား အပြစ်မတင်ဝံ့ပေ။ ၎င်းတို့နှစ်ယောက်ကြားအခြေအနေသည် ကောင်းကင်နှင့် မြေကြီးတမျှ ဝေးကွာလွန်း၏။ ချူးရှန်ကျုံးသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သော်လည်း ယင်းသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ချူးရှန်ကျုံးသည် သူ၏ အမုန်းတရားအားလုံးကို ချူးယွင်ဖန်းထံသို့ ပုံချထားသည်။ ၎င်းတို့၏ လောဘဇောနှင့် ချူးယွင်ဖန်း၏ ဖော်မြူလာကို လုယူလိုစိတ်ကြောင့်သာ မဟုတ်လျှင် ကိစ္စများသည် ၎င်းတို့လုပ်ခဲ့သကဲ့သို့ ဖြစ်လာလိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် ချူးရှန်ကျုံးကို ခံစားချက်ကင်းမဲ့စွာကြည့်နေသည်။ ချူးရှန်ကျုံး၏ မျက်လုံးများထဲမှ အမုန်းတရားများကို သူခံစားမိနိုင်၏။ သို့သော် မည်သည့်အရေးနည်း။ စိတ်သဘောထားပျော့ပြောင်းနူးညံ့ခြင်းသသည် ချူးယွင်ဖန်း၏ ပုံစံမဟုတ်ပေ။
“ချူးယွင်ဖန်း” ချူးရှန်ကျုံးက အံ့ကြိတ်၍ ပြောလိုက်သည်။
“မင်းအရှုံးကို ဝန်ခံလိုက်သင့်တယ်၊ အချိန်မဖြုန်းသင့်ဘူး” ချူးယွင်ဖန်းက ပေါ့ပေါ့တန်တန်ပြောလိုက်သည်။
နှစ်ဦးသား၏ စကားသံများသည် ပတ်ဝန်းကျင်ရှိ လူအများ၏ နားထဲသို့ရောက်သွားကာ၊ လူအားလုံး အနည်းငယ်စိတ်ရှုပ်ထွေးသွားရသည်။ သူတို့အားလုံးသည် ချူးရှန်ကျုံးကိုသိကြသည်။ သူသည် ချူးမိသားစု၏ အပြောင်မြောက်ဆုံးသော မျိုးဆက်တစ်ယောက်ဖြစ်ကာ၊ သူ၏ အကြွင်းမဲ့ခွန်အားဖြင့် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့၏။
ယခု သူတို့ မည်သည့်အရာများကို ကြားနေရသနည်း။
ချူးယွင်ဖန်းက ချူးရှန်ကျုံးကို အရှုံးကိုဝန်ခံ၍ အချိန်မဖြုန်းရန်ပြောနေခြင်းလော။
သူတို့ ရာနှုန်းပြည့် နားကြားမှားခြင်းဖြစ်ပေလိမ့်မည်။ ဤသည်က မည်သို့ဖြစ်နိုင်လိမ့်မည်နည်း။ ၎င်းတို့ ယခင်က တိုက်ခိုက်ဖူးကြသလော။ ချူးယွင်ဖန်းသည် အဘယ်ကြောင့် ဤမျှ တည်ငြိမ်နေ၍ သူနိုင်မည်ဟု သေချာနေရသည်ကို သူတို့ နားမလည်နိုင်ကြပေ။
သို့သော် ကြည့်ရသည်မှာ၊ သူ့စိတ်ထဲတွင် ပန်းတိုင်တစ်ခုရှိပုံပေါ်၏။ သူသည် ပေါက်ကရပြောနေရုံသာမဟုတ်ပေ။ မည်သည့်အရာများဖြစ်ပျက်ဖူးခဲ့သည်ကို လူအများ သိချင်လာကြသည်။
“အရှုံးကို ဝန်ခံရမယ်ဟုတ်လား။ မဖြစ်နိုင်ဘူး။ ချူးယွင်ဖန်း၊ မင်း ငါ့ကို အရမ်း စိတ်ဒုက္ခရောက်အောင်လုပ်ခဲ့တာပဲ။ မင်းကို ဒီလောက်လွယ်လွယ်နဲ့ ငါဘာလို့ အနိုင်ပေးရမှာလဲ။ ဒီနေ့ ငါမင်းကို ပေးဆပ်ခိုင်းမယ်” ချူးရှန်ကျုံးသည် ချူးယွင်ဖန်းအား အေးစက်စွာကြည့်လိုက်သည်။ ထို့နောက် သူကြိုတင်ပြင်ဆင်ထားသော အနီရောင်ဆေးပြားကို မျိုချလိုက်သည်။
ချူးရှန်ကျုံးသည် အစွမ်းထက်ဆေးကို လူမြင်ကွင်း၌ သိသိသာသာ သောက်သုံးလိုက်ခြင်းဖြစ်သော်လည်း ဤပြိုင်ပွဲတွင် ထိုဆေးသောက်ခြင်းကို တားမြစ်ထားခြင်းမရှိပေ။ ခွန်အားတိုးနိုင်သည့် ဆေးတစ်လုံးကို ရရှိနိုင်ခြင်းသည်လည်း စွမ်းရည်တစ်မျိုးဟု သတ်မှတ်၍ရ၏။ ဤပြိုင်ပွဲ၏ ရည်ရွယ်ချက်သည်ကား၊ စစ်မှန်သောတိုက်ပွဲတစ်ပွဲနှင့် အနီးစပ်ဆုံးတူညီရန်ဖြစ်သည်။ တကယ့်တိုက်ပွဲတွင် ရန်သူကို ဆေးမသောက်ရန် တားမြစ်နိုင်လိမ့်မည်လော။
ထိုသို့သော အဖြစ်အပျက်များသည် အချိန်အတော်ကြာ တည်ရှိခဲ့ပြီးဖြစ်သဖြင့် ယင်းနှင့်ပတ်သက်၍ မတရားသောအရာမရှိပေ။ လက်နှက်မှသည် သံချပ်ကာအထိ၊ ကျင့်ကြံရေးနည်းလမ်းများအထိ၊ ပြိုင်ပွဲဝင်တို့ရရှိထားသော အရင်းအမြစ်များအားလုံးသည် တရားမျှတမှုမရှိပေ။
အခန်း(၃၃၄) ချူးရှန်ကျုံးကို လက်တစ်ဖက်တည်းနှင့် အနိုင်ယူခြင်း
ဘမ်း
ချူးရှန်ကျုံးထံမှ ကြောက်မက်ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်များထွက်လာကာ၊ ချက်ချင်းပင် လွင့်ထွက်သွားနိုင်သည့် အရှိန်ပြင်းသော လေလှိုင်းတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ချူးယွင်ဖန်းသည် ချူးရှန်ကျုံး၏ စွမ်းအားမှာ၊ သာမန် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်မှ အထွဋ်အထိပ်သို့ မြင့်တက်လာသည်ကို ချက်ချင်းခံစားလိုက်ရသည်။
ထိုအနီရောင်ဆေးလုံးသည် ချူးရှန်ကျုံး၏ စွမ်းအားကို သိသိသာသာတိုးမြင့်လာစေနိုင်၏။ သို့သော် အကျိုးသတ်ရောက်မှုအားဖြင့် ဆိုရလျှင် ချူးယွင်ဖန်းဖော်စပ်ခဲ့ဖူးသော ဆေးကြိုးအစင်းတခုပါ ခရမ်းရွှေဆေး နှင့် များစွာကွာခြားကာ၊ ဆေးနှစ်ခု၏ အာနိသင်များခြားနားချက်သည် အလွန်ကြီးမားလှသည်။
သို့သော် ဤသည်က ချူးယွင်ဖန်း မည်သူမည်ဝါဖြစ်ကြောင်း အချက်ပေါ်တွင်လည်း မူတည်၏။ အကယ်၍ သာမန်လူတစ်ဦးအတွက်သာဆိုလျှင် အနီရောင်ဆေး၏ အာနိသင်သည် လုံလောက်ပေလိမ့်မည်ဖြစ်သည်။
“ချူးယွင်ဖန်း၊ မင်း ငါ့မိသားစုကို ဒုက္ခတွင်းထဲရောက်အောင်လုပ်ခဲ့တယ်။ ဒီနေ့ ငါမင်းကို ဒီတိုင်းလွှတ်ပေးမယ်လို့ မင်းထင်နေလား။ ငါ့ခွန်အားကို တိုးမြှင့်ပေးနိုင်တဲ့ ဒီဆေးကိုရဖို့ ငါပိုက်ဆံအများကြီး ထုတ်သုံးခဲ့ရတယ်။ ဒီနေ့ ငါမင်းဆီက တန်ရာတန်ကြေးကို ရအောင်ပြန်ယူမယ်” ချူးရှန်ကျုံးက အံကြိတ်၍ပြောသည်။ ဖခင်ဖြစ်သူသည် ရှေ့တန်းသို့ပို့ဆောင်ခြင်းခံရကာ၊ အန္တရာယ်တောထဲသို့ ကျေရောက်နေပြီဖြစ်ကြောင်း တွေးမိသောအခါ၊ သူ့နှလုံးသားသည် ဒေါသစိတ်ဖြင့် လောင်ကျွမ်းလာသည်။
“မင်းအရမ်းလောဘကြီးပြီး ငါ့လက်ထဲက ဖော်မြူလာကို မလုယူချင်ခဲ့ဘူးဆိုရင် မင်းဒီလိုအခြေအနေမျိုးရောက်ရမှာမဟုတ်ဘူး” ချူးယွင်ဖန်းက အေးစက်စွာပြုံး၍ ပြောသည်။
“မင်း ငါ့ကို လှောင်ပြောင်ရဲတယ်ပေါ့” ချူးရှန်ကျုံးက ချူးယွင်ဖန်း၏ လှောင်ပြုံးကို မြင်လိုက်ရသဖြင့် ပို၍ ဒေါသထွက်လာသည်။ သူသည် ရှေ့သို့ချီတက်၍ နောက်ကျောတွင်ထည့်ထားသော ဓားကို ဆွဲထုတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းတစ်ခုပေါ်လာပြီးနောက်၊ ယင်းအလင်းတန်းသည် ချူးယွင်ဖန်းထံသို့ ဦးတည်သွား၏။
သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများသာလျှင် ၎င်းတို့ကိုယ်ထဲမှ စွမ်းအင်ကို အပြည့်အဝ အသုံးချနိုင်လိမ့်မည်ဖြစ်သည်။ ထိုသို့သော အရာတစ်ခုကို ပြုလုပ်နိုင်သောအခါ၊ ၎င်းသည် အဝေးမှ ရန်သူအားတိုက်ခိုက်နိုင်ရုံသာမက၊ အဝေးတိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် ညီမျှ၏။ ထိုသို့လုပ်နိုင်သော သိုင်းပညာရှင်သည် နောင်တွင် ပို၍ ကြောက်မက်ဖွယ်ကောင်းလာပေလိမ့်မည်ဖြစ်၏။
သို့သော် ထိုသိုဆိုလျှင်ပင်၊ လက်ရှိ ချူးရှန်ကျုံးသည် အလွန် ကြောက်မက်ဖွယ်ကောင်း၏။
သူသည် ပုံမှန်မဟုတ်သော သွေးရောင်ချီစွမ်းအင်များကို ထုတ်လွှတ်လျက်ရှိသည်။ ၎င်းသည် အလွန်အနှိုင်းမဲ့ ပြင်းထန်သော အရှိန်ဖြင့် ခန္ဓာကိုယ်ထဲမှ အဆတ်မပြတ် တိုးထွက်လာ၏။ သူ၏အရှိန်သည်လည်း အလွန်လျင်မြန်လျက်ရှိကာ၊ မျက်စိတစ်မှိတ်အတွင်းတွင် ချူးယွင်ဖန်းအရှေ့သို့ ရောက်ရှိလာ၏။
ချူးရှန်ကျုံး၏ ဓားသည် ချူးယွင်ဖန်း၏ လည်ပင်းသို့ ထိုးစိုက်လုနီးနီးတွင်၊ ချူးယွင်ဖန်း၏ နောက်ကျောဘက်ရှိ အရိပ်မဲ့ဓား လှုပ်ရှားသွားသည်ကို မြင်လိုက်ရ၏။
ချွင်
ဓားနှစ်စင်းသည် လေထဲ၌ တိုက်မိသွားကြသည်။ တစ်ခဏအတွင်းတွင်ပင် ချူးရှန်ကျုံး၏ သွေးရောင်လွှမ်းနေသော ချီစွမ်းအင်များနှင့် ချူးယွင်ဖန်း၏ သိပ်သည်းသော ချီစွမ်းအင်များ တိုက်မိကာ၊ လေလှိုင်းငယ်တစ်ခု ထွက်ပေါ်လာသည်။
ချူးရှန်ကျုံးသည် သူ၏ တိုက်ခိုက်မှု မအောင်မြင်သည်ကို မြင်သော်လည်း သူပို၍ သန်မာလာသည်ကို ခံစားနိုင်သည်။ တိုက်ခိုက်မှုတိုင်းသည် ယခင်ကထက် အနည်းဆုံးနှစ်ဆ ပို၍ပြင်းထန်လာ၏။ သူယခင်ကခန္ဓာကိုယ်သည် လက်ရှိခန္ဓာကိုယ်နှင့်သာ တိုက်ခိုက်ရပါက ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ ထို့ကြောင့် ချူးယွင်ဖန်းသည် သူ့အား အလွယ်တကူတားနိုင်လိမ့်မည်ဟု သူမမျှောင်လင့်ထားခဲ့ပေ။ ဤအဆင့်တိုက်ပွဲသည် ချူးယွင်ဖန်းအတွက် မည်သို့မျှမဟုတ်ပုံပေါ်၏။
မှန်သည်။ ချူးရှန်ကျုံး၏ စွမ်းအင်သည် အနည်းဆုံး နှစ်ဆခန့်တိုးမြင့်လာသော်လည်း ချူးယွင်ဖန်းနှင့်ယှဥ်လျှင် မည်သည့်အဆင့်မျှမရှိသေးပေ။ ချူးယွင်ဖန်းသည် အလေးစီးဝတ်စုံကို ဝတ်ဆင်ထားကာ၊ ဆွဲငင်အားနှစ်ဆကို ထိန်းထားရသော်လည်း သူသည် စွမ်းအင်သန့်စင်ခြင်းသတ္တမအဆင့် အထွဋ်အထိပ်ရှိသူတစ်ဦး၏ ခွန်အားဖြင့် ပေါက်ကွဲတိုက်ခိုက်နိုင်သေး၏။
သာမန်စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် ကျွမ်းကျင်သူများသည် သူ့လက်ထဲတွင် အလွယ်တကူရှုံးနိမ့်မည်ဖြစ်ရာ သူနှင့်ယှဥ်ပြိုင်နိုင်လိမ့်မည်မဟုတ်ပေ။
“ချူးရှန်ကျုံး၊ မင်း ဆေးသောက်လိုက်ရုံနဲ့ ငါနဲ့ မင်းကြားက ကွာခြားချက်တွေကို ပိတ်နိုင်မယ်လို့ထင်နေတာလား။ ချူးယွင်ဖန်းသည် ယခင်တိုက်ပွဲကို စွဲစွဲမြဲမြဲ မှတ်သားထားကြောင်း ချူးယွင်ဖန်းသိသည်။ သူ့အား လက်စားချေရန်အတွက် ချူးရှန်ကျုံးသည် ဤသို့သော ဆေးပြားများကို ဝယ်ယူ၍ ငွေအမြောက်အများသုံးစွဲခဲ့သည်။
ထိုသို့ငွေအမြောက်အများအသုံးပြုခဲ့သည့်တိုင် ချူးရှန်ကျုံးသည် ချူးယွင်ဖန်း၏အဆင့်ကို မမှီသေးပေ။ ချူးယွင်ဖန်း၏ ကန့်သတ်ချက်သည် မည်မျှ ခြောက်ခြားဖွယ်ကောင်းသည်ကို ချူးယွင်ဖန်းသာလျှင်သိသည်။ နတ်ဘုရားစိတ်ဝိဉာဥ်၏ မွမ်းမံမှုနှစ်ခုကို ခံယူကာ၊ သူသည် သာမန်လူများ တွေးကြည့်နိုင်သည်ထက် အဆပေါင်းများစွာ စွမ်းအားကြီးမား၏။
ဤသို့ပြောပြီးနောက်၊ ချူးယွင်ဖန်းသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ၊ ချူးရှန်ကျုံးကို အရိပ်မဲ့ဓားဖြင့် တိုက်ခိုက်လိုက်သည်။
“မင်းဒီလောက် မောက်မာရဲသေးတယ်ပေါ့” ချူးရှန်ကျုံးသည် ချက်ချင်းပင် ဒေါသမီးများ လောင်ကျွမ်းလာသည်။ ချူးယွင်ဖန်းသည် သူ့အား ဆင်ခြင်တုံတရားကင်းမဲ့သောအခြေအနေအထိ လှုံ့ဆောင်နေသကဲ့သို့ ခံစားလိုက်ရကာ၊ ချူးယွင်ဖန်းကို တိုက်ခိုက်ရန် အရူးအမူးပြေးလာ၏။
ချွမ်
ချွမ်
ချွမ်
၎င်းတို့နှစ်ဦးသည် ကွင်းအတွင်းတွင် အဆက်မပြတ် တိုက်ခိုက်ဖလှယ်ခဲ့ကြသည်။ နှစ်ယောက်လုံးသည် အပြင်းအထန်တိုက်ခိုက်ကြရာ၊ မည်သူမျှ အလျှော့ပေးခြင်းမရှိပေ။ ချူးယွင်ဖန်းသည် စစ်သည်တစ်ဦးအလား အရိပ်မဲ့ဓားဖြင့် ဓားချက်ပေါင်းများစွာတိုက်ခိုက်လျက်ရှိသည်။ သို့သော် ချူးရှန်ကျုံးသည် ဆေးသောက်ခဲ့ပြီးနောက်၊ မရေမတွက်နိုင်အောင်များပြားသော ကြောက်မက်ဖွယ်စွမ်းအားများ သူ့တစ်ကိုယ်လုံး စီးဆင်းလာသည်ကို ခံစားလိုက်ရသောကြောင့် ထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။
ကွင်းတစ်ခုလုံးသို့ ခြောက်ခြားဖွယ်ဓားသံများစွာ ပေါ်ထွက်လျက်ရှိသည်။ ကြည့်ရှု့သူ ထက်ဝက်ကျော်ခန့်သည် ဤတိုက်ပွဲကို စိတ်ဝင်စားလာခဲ့ကြသည်။ ထိုလူငယ်များသည် ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားများမဟုတ်ကြသကဲ့သို့ ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ ကျောင်းသားများမဟုတ်သော်လည်း အခြေခံပိုင်းခြားသိမြင်နိုင်စွမ်းရှိကြသည်။
၎င်းတို့နှစ်ဦးသည် မည်မျှ အန္တရာယ်ကြီးသည်မှာ သိသာမြင်သာ၏။ ဓားရောင်ခြည်များသည် တစ်ခုနှင့်တစ်ခုထိတိုက်၍ ကွင်းအတွင်းတွင် အမှတ်အသားတစ်ခုပြီးတစ်ခု ကျန်ရစ်ခဲ့သည်။ အကယ်၍ ဓားချက်တစ်ချက်ထိမှန်လျှင်ပင် သံချပ်ကာဝတ်ထားစေကာမူ လွင့်ထွက်ပျံတက်သွားနိုင်၏။
“ထင်ထားတဲ့အတိုင်း ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတွေကြားက တိုက်ပွဲပီသပါပေတယ်။ ဒါ ပြည်ထောင်စုတက္ကသိုလ် ကျောင်းသားတွေရှိသင့်တဲ့စံနှုန်းပဲ၊ ချူးယွင်ဖန်းက တစ်ချက်တည်းနဲ့အနိုင်ယူခဲ့တဲ့သူတွေကလည်း ပြည်ထောင်စုတက္ကသိုလ် ကျောင်းသာတွေပဲပေမယ့် သူ သူတို့ကို အလွယ်တကူအနိုင်ယူခဲ့တာပဲ။ ဟာသတစ်ခုလို့တောင် ခံစားရတယ်”
“အဲ့လူတွေနဲ့ ချူးယွင်ဖန်းကြားမှာ ကွာဟချက်ကြီးကြီးမားမားရှိတယ်ဆိုတာ ထင်ရှားတယ်။ ချူးရှန်ကျုံးက ဆေးကို အားကိုးထားပေမယ့် သူတကယ်သန်မာတယ်”
“အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတယ်။ သူတို့ရဲ့ သိုင်းကွက်တွေရော ကျင့်ကြံရေးအဆင့်ရောက ညီတူမျှတူပဲ”
သို့သော် မကြာမီတွင် ဤကျောင်းသားများ၏ မျက်နှာထက်ရှိ စိတ်အေးသက်သာရနေသော အမူအရာများအားလုံး ပျောက်ကွယ်သွားသည်။ မကြာသေးမီကပင်၊ ဤလူနှစ်ဦးသည် အညီအမျှ သန်မာသဖြင့် မည်သူအနိုင်ရမည်ကို ဆုံးဖြတ်ရန်ခက်ခဲမည်ဟု ထင်မြင်ခဲ့ကြသော်လည်း ချူးယွင်ဖန်းသည် လူတိုင်းမှားယွင်းနေခြင်းဖြစ်ကြောင်း ချက်ချင်းပြောပြလိုက်၏။
ချူးရှန်ကျုံး၏ စွမ်းအားသည် စွမ်းအင်သန့်စင်ခြင်း သတ္တမမြောက်အဆင့်သို့ တက်လာသော်လည်း သူသည် ချူးယွင်ဖန်းလက်ထဲတွင် ဖိနှိပ်ခြင်းခံနေရဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် အထွဋ်အထိပ် ကျွမ်းကျင်သူတစ်ဦး၏ ခွန်အားကို ပိုင်ဆိုင်ထား၏။
ချူးရှန်ကျုံးသည် မည်မျှပင် ရုန်းကန်နေစေကာမူ၊ သူ၏ ဓားရောင်ခြည်သည် ချူးယွင်ဖန်း၏ ဓားအလင်းအောက်တွင် မှိန်ဖျော့ဖုံးလွှမ်းနေ၏။ သူမည်မျှပင် ရုန်းကန်နေပါစေ၊ အသုံးမဝင်ပေ။
ဘမ်း
ဘမ်း
ဘမ်း
ချူးယွင်ဖန်းသည် သူ့ဓားကို လက်တစ်ဖက်ဖြင့်ကိုင်ကာ ချူးရှန်ကျုံးကို နှိမ်နင်းလိုက်သည်။ ချူးရှန်ကျုံး၏ တိုက်ခိုက်ရေးပုံစံသည် အလွန်ကြမ်းတမ်းသည်။ သူသည် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်ထားသော်လည်း ရလဒ်သည် ဓားချင်းထိတိုက်မှုများသာဖြစ်သည်။ သူ၏ လက်ဖဝါးတစ်ခုလုံးပွင့်ထွက်ကာ၊ သွေးများ ပန်းထွက်လာကာ၊ လက်တ်စဖက်လုံးထုံကျင်နေ၏။ ခဏအကြာတွင် သူသည် အလွန်ဆိုးရွားသောအခြေအနေသို့ ရောက်ရှိသွားရသည်။
“မဖြစ်နိုင်ဘူး။ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ငါ့စွမ်းအားတွေ သိသိသာသာတိုးလာတယ်လေ။ ဒါတောင် ငါမင်းနဲ့ မယှဥ်နိုင်သေးဘူးလား”
ချူးရှန်ကျုံးသည် သူ၏ စွမ်းအားတိုးမြင့်လာမှုကို ခံစားမိသော်လည်း မည်မျှပင် တိုးလာစေကာမူ၊ ချူးယွင်ဖန်းသည် သူ့ထက် သန်မာနေဆဲဖြစ်ကာ၊ သူ့အားအလွယ်တကူ ဖိနှိပ်ချေမှုန်းထားနိုင်၏။ ဤအရာက ချူးရှန်ကျုံးကို လူသားတစ်ယောက်နှင့် ရင်ဆိုင်နေရခြင်းမဟုတ်၊ ကျယ်ပြန့်သော သမုဒ္ဒရာတစ်ခုနှင့် ရင်ဆိုင်နေရခြင်းဟု ခံစားမိစေသည်။ ဤလူ၏ စွမ်းအားသည် အကန့်အသတ်မဲ့ကာ၊ ကိုင်တွယ်ဖြေရှန်မဖြစ်နိုင်ပေ။
“မဖြစ်ဘူး။ ဒီတိုင်းသာဆက်သွားရင် ငါထပ်ရှုံးလိမ့်မယ်။ ငါလက်မခံနိုင်ဘူး” ချူးရှန်ကျုံးက အော်ဟစ်လိုက်ပြီးနောက်၊ သူ့စွမ်းအားများ ထပ်တိုးလာပြန်၏။
ဤအကြိမ်တွင် ချူးရှန်ကျုံးသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်မှ အဠမအဆင့်သို့ ခုန်တက်သွားခဲ့ပြီဖြစ်ရာ၊ အချိန်တိုမျှသာဖြစ်သော်လည်း ၎င်းသည် သူ့အတွက်လုံလောက်၏။
အခန်း(၃၄၅) ချူးရှန်ကျုံးကို ဒူးထောက်ကျစေသည့် ဓားချက်သုံးချက်
ဘွန်း
ချူးရှန်ကျုံး၏ အလွန်ပြင်းထန်သော စစ်မှန်သည့်စွမ်းအင်များ တစ်ဖန် မြင့်တက်လာကာ၊ စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်သို့ရောက်ရှိသွားသည်။ သူ၏ ခွန်အားသည် နောက်ဆုံးသောအကန့်အသတ်သို့ရောက်ရှိသွားပြီဖြစ်ကာ၊ ဤအဆင့်သို့တက်ခဲ့ခြင်းသည် ထိုအကန့်အသတ်ကို ကျော်လွန်သွားခြင်းပင်ဖြစ်သည်။
ချူးရှန်ကျုံး၏ ခန္ဓာကိုယ်သည် ဖိအားကို ခံနိုင်ရည်အားမရှိသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအားသည် ရုတ်တရက်အတွင်း ကြောက်မက်ဖွယ်ပမာဏကို ကျော်လွန်သွားသဖြင့် သူ့ဆဲလ်များ ကွဲထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ထို့အပြင် ဤသည်ကား ထင်မြင်ခြင်းတစ်ခုသာမဟုတ်၊ အမှန်တကယ်ဖြစ်ပျက်နေသောအဖြစ်အပျက်တစ်ခုဖြစ်သည်။
စွမ်းအားတိုးရန်အသုံးပြုသော ဆေးအများစုသည် ထိုသို့သော ဘေးထွက်ဆိုးကျိုးများရှိသည်။ လူတစ်ဦး၏ ခွန်အားကို အချိန်တိုအတွင်း မြှင့်တင်ရန် ဤဆေးများကို အသုံးပြုကြသဖြင့် ၎င်းတို့၏ စွမ်းအားသည် ကြမ်းတမ်းကာ၊ နူးညံ့ခြင်းမရှိပေ။
သို့သော် ချူးရှန်ကျုံးသည် အံ့သြရမည့်အစားပျော်နေမိသည်။ သူ၏ လက်ရှိအခြေအနေသည် အထွဋ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် ချူးယွင်ဖန်းကိုကြည့်၍ ယခင်ကကဲ့သို့ စိတ်ဓာတ်မကျနေတော့ပေ။ ယခုမူ သူသည် သားကောင်ကို ဖမ်းရန်စောင့်ကြည့်နေသော ရက်စက်ကြမ်းကြုတ်ကာ၊ သွေးဆာနေသည့် သားရဲတစ်ကောင်နှင့် တူသည်။
“ချူးယွင်ဖန်း၊ ဒီနေ့ မင်းရပ်နေတဲ့နေရာမှာပဲ မင်းသွေးတွေကို ဖောက်ထုတ်ပစ်မယ်” ချူးရှန်ကျံးသည် သူ့တစ်ကိုယ်လုံး၌ အဆုံးမဲ့သော စွမ်းအင်များ စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။ သူ့ရှေ့တွင်ရပ်နေသော ရန်သူမှန်သမျှကို အနိုင်ယူနိုင်မည်ဟု ခံစားရ၏။
လွန်ခဲ့သည့် သုံးရက်အတွင်း ချူးရှန်ကျုံးသည် ဤမြင်ကွင်းကို သူ့ခေါင်းထဲတွင် တွေးနေခဲ့သည်။ လူငယ်ခေါင်းဆောင် ချူးဟောက်ယွဲ့ကြောင့် ပွင့်လင်းစွာ လက်စားမချေဝံ့ခဲ့သဖြင့် ယနေ့ ဘိုးဘွာားကန်တော့ပွဲအခမ်းအနားကိုအသုံးချ၍ ချူးယွင်ဖန်းကို လက်စားချေရန်ကြိုးစားရုံသာတတ်နိုင်တော့၏။
ဤသို့မလာခင်၊ ချူးယွင်ဖန်းနှင့်တွေ့ရရန် သူဆုတောင်းနေခဲ့သည်။ မဟုတ်လျှင် သူမည်သို့ လက်စားချေနိုင်လိမ့်မည်နည်း။
“သူတကယ် အဆင့်တက်သွားတယ်ပေါ့။ ဒီလိုဆေးကို သူ ဘယ်ကရခဲ့တာလဲ။ အကျိုးသက်ရောက်မှုက အရမ်းကောင်းတယ်” အဝေးမှ အကြီးအကဲတစ်ဦးက အော်ပြောသည်။
“ပြီးသွားပါပြီ၊ ချူးယွင်ဖန်း ပြီးသွားပြီ၊ သူဒဏ်ရာအပြင်းအထန်ရလိမ့်မယ်။ ချူးရှန်ကျုံးက ကြမ်းကြုတ်ရက်စက်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာခဲ့တာပဲ သူ အစတည်းက ချူးယွင်ဖန်းကို ပစ်မှတ်ထားနေတာ”
“ချူးရှန်ကျုံး အဆင့်ကျော်ဖြတ်သွားလိမ့်မယ်လို့ ငါမထင်ထားဘူး။ ချူးယွင်ဖန်း အခုတော့ အသာစီးမရတော့ဘူး”
“ဒါပေမယ့် သူရှုံးရင်တောင် ဆုံးရှုံးမှုမရှိပါဘူး။ သူရဲ့ စွမ်းဆောင်မှုကို ကျုပ်တို့ မြင်ခဲ့ရပြီးပြီပဲ။ သူ့အနာဂတ်က အကန့်အသတ်မရှိဘူး။ သူဒီနေရာမှာ ရှုံးခဲ့ရင်တောင် သူ့အစွမ်းက ဆေးတွေမသုံးထားတဲ့ ချူးရှန်ကျုံးထက်တော့ သာသေးတယ်လေ”
“ချူးယွင်ဖန်းက တယ်ထူးချွန်လှပါတယ်။ ငါ သူလိုလူမျိုးကို ခေါ်ပြီး ကောင်းကောင်းပျိုးထောင်ပေးချင်တယ်” အကြီးအကဲတစ်ဦးက ပွင့်ပွင့်လင်းလင်းပြောသည်။
“ကျုပ်မှာလည်း အကြံတူတစ်ခုရှိတယ်ဗျ။ ကြည့်ရတာ ကျုပ်တို့ အတွေးတူကြတဲ့ပုံပဲ” အခြားအကြီးအကဲတစ်ဦးက ပြောသည်။ သူသည် ချူးယွင်ဖန်းအား သူတို့လက်ထဲတွင် ဖမ်းဆုပ်ထားသည်ဟု လူတိုင်းကို ခံစားသိရှိစေချင်သည်။ အချိန်ကျလာလျှင် ချူးယွင်ဖန်းသည် မည်သည့်နေရာသို့ ပြေးသွားလိမ့်မည်နည်း။
ဤသည်ကား အခြားသူများ ချူးယွင်ဖန်းအား ထောက်လှမ်းခြင်းမှ တားဆီးရန်ဖြစ်သည်။ ဤကဲ့သို့ တွေးထားသူ များစွာရှိသည်။ ရုတ်တရက် အသံများစွာထွက်ပေါ်လာ၏။
“စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်” ချူးယွင်ဖန်းက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။ သူ့ရှေ့တွင် ချူးရှန်ကျုံး၏ အင်အားသည် နောက်ထပ်တစ်ဆင့်သို့တိုးသွားခဲ့ရာ၊ ချူးရှန်ကျုံးသည် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်သို့ရောက်ရှိသွား၏။
ချူးယွင်ဖန်း၏ လက်ရှိအင်အားဖြင့် ချူးရှန်ကျုံးကို အနိုင်ယူရန် ခက်ခဲပေလိမ့်မည်ဖြင့်သဖြင့် အမြန်ဆုံးနည်းလမ်းဖြင့် ချူးရှန်ကျုံးအား အနိုင်ယူရမည်ဖြစ်သည်။
“သေစမ်း”
ချူးရှန်ကျုံးသည် သူ့ဓားကို ဝှေ့ယမ်း၍ ချူးယွင်ဖန်း၏ ဓားချက်ကို တားဆီးလိုက်ကာ၊ ချူးယွင်ဖန်းအား နောက်သို့ ဆုတ်ခွာသွားစေသည်။ ဤသည်ကား နှစ်ဦးသား အပြန်အလှန် တိုက်ခိုက်ထိုးနှက်ချိန်မှစ၍ ပထမဆုံးအကြိမ် ချူးယွင်ဖန်း ဆုတ်ခွာရခြင်းဖြစ်သည်။
ချူးရှန်ကျုံး အလွန်ဝမ်းသာသွားရသော်လည်း ပျော်ရွှင်မှုသည် မကြာမြင့်ခဲ့ရပေ။ ချူးယွင်ဖန်းသည် အနည်းငယ်မျှပင် စိတ်အနှောက်အယှက်အဖြစ်သွားကြောင်း သူမြင်လိုက်ရသည်။
“ဒီအထိရောက်လာပြီဆိုတော့၊ ငါမင်းကို ပြရတော့မှာပေါ့။ ချူးယွင်ရှင်းကို အနိုင်ယူဖို့ ငါဒါကိုသိမ်းထားတာ။ မင်း ပထမဆုံး မျက်မြင်တွေ့ရအောင်လုပ်ပေးမယ်” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။
ဘွန်း
သူ၏ နောက်ဆုံးကန့်သတ်ချက်သို့ရောက်ရှိနေပုံပေါ်ကာ၊ စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် အထွဋ်အထိပ်၌ရှိနေသော ချူးယွင်ဖန်း၏ ခွန်အားများသည် ရုတ်တရက် ကြောက်မက်ခြောက်ခြားဖွယ်ကောင်းစွာ တိုးလာသည်။ သူ၏ ကျင့်ကြံရေးအဆင့်သည် တိုးလာခြင်းမဟုတ်၊ အလေးချိန်စီးဝတ်စုံ၏ ချုပ်တည်းမှုကို ပိတ်ပစ်လိုက်ခြင်းဖြစ်သည်။ သူ၏ စွမ်းအားနှင့် ပြန်လည်ထူထောင်ရေးအမြန်နှုန်း နှစ်ခုလုံးသည် အခြားအဆင့်သို့ရောက်ရှိသွား၏။
ချူးယွင်ဖန်း၏ စွမ်းအားသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်မှ စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်သို့ ရုတ်ချည်းမြင့်တက်လာသည်။
ဤသည်ကား ချူးယွင်ဖန်း၏ စစ်မှန်သော ခွန်အားဖြစ်သည်။ သူသည် ဤခွန်အားကို တစ်ချိန်လုံးဖုံးကွယ်ထားခဲ့သည်။ ချူးယွင်ရှင်းကို ရင်ဆိုင်ရသောအခါတွင်မှအသုံးပြုရန် မူလကစီစဥ်ထားသော်လည်း ယခုအခါ၊ ၎င်းကို လုံးလုံးလျားလျား လွှတ်ပေးလိုက်သည်။
“ဆေးသောက်ရင် အကျိုးရှိမယ်လို့ မင်းထင်နေတာလား။ ငါ့ရဲ့ အကြွင်းမဲ့ စွမ်းအားတွေအောက်မှာ၊ မင်းဆေးသောက်ရင်တောင် ရှုံးမှာပဲ” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။
“ငါရဲ့ စစ်မှန်တဲ့ ခွန်အားကို ထုတ်သုံးရအောင်လုပ်တဲ့ မင်းအတွက် ဆုလာဘ်အနေနဲ့ မင်းကို ဓားချက်သုံးချက်အတွင်း ချေမှုန်းပေးမယ်”
“ဘာ၊ သုံးချက်ဟုတ်လား၊ ဟားဟားဟား ချူးယွင်ဖန်း မင်းက စောက်ရမ်း မောက်မာနေတာပဲ”
ချူးရှန်ကျုံးသည် ချူးယွင်ဖန်း၏ အင်အား ရုတ်တရက် တိုးလာမှုကြောင့် ထိတ်လန့်သွားသော်လည်း သူသည်လည်း စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်သို့ တက်လှမ်းခဲ့ပြီဖြစ်သဖြင့် ယုံကြည်ချက်ရှိနေဆဲဖြစ်သည်။
သူ၏ ယုံကြည်ချက်များ ပေါက်ကွဲထွက်နေသည်။ ချူးယွင်ဖန်းကို သူအဘယ်ကြောင့် လွယ်လွယ်နှင့် ကြောက်နေရမည်နည်း
ချူးရှန်ကျုံးက ဦးဆောင်၍ ချူးယွင်ဖန်းထံသို့ ချီတက်လာလိုက်သည်။ သူ့ဓားသည် ချူးယွင်ဖန်း၏ လည်ပင်းသို့ တိုက်ရိုက်ဖောက်ထွင်းသွားလုနီးပါးဖြစ်နေ၏။
ယင်းသည် လျှပ်စီးကြောင်းကဲ့သို့ အလွန်လျင်မြန်ကာ၊ တစ်ခဏအတွင်း၌ပင် အနိုင်၊ အရှုံးကို ဆုံးဖြတ်ပေးနိုင်လောက်၏။ ချူးရှန်ကျုံးသည် ချူးယွင်ဖန်းကို အနိုင်ယူတော့မည်။
သို့သော် ချူးယွင်ဖန်းသည် သူ့ထက်လျှင်မြန်နေလိမ့်မည်ဟု ချူးယွင်ဖန်း မမျှော်လင့်ထားပေ။ ချူးယွင်ဖန်း၏ လက်ထဲမှ အရိပ်မဲ့ဓားသည် ချူးရှန်ကျုံး၏ ဓားကို အံ့အားသင့်ဖွယ်အရှိန်ဖြင့် တားဆီးလိုက်သည်။
ခွန်အားအပြည့်အသုံးပြုနေသော ချူးယွင်ဖန်းသည် အရိပ်မည်းတစ်ခုကဲ့သို့ လျင်မြန်သည်။ သူသည် ချူးရှန်ကျုံ၏နောက်မှ တိုက်ခိုက်ခြင်းဖြစ်သော်လည်း သူ၏ဓားချက်သည် ဦးစွာရောက်ရှိသွားကာ၊ ချူးရှန်ကျုံး၏ ဓားချက်ကို လမ်းတစ်ဝက်တွင် တားဆီးလိုက်သည်။
ချွမ်
ဓားနှစ်စင်း လေထုအလယ်တွင် တိုက်မိကာ၊ ယခင်ကထက် ပို၍ ကြောက်မက်ခြောက်ခြားဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဓားနှစ်စင်းထိပ်တိုက်တွေ့သောနေရာကို ဗဟိုတည်၍ လှိုင်းလုံးကြီးထွက်လာကာ၊ လေပြင်းသည် ၎င်းတို့နှစ်ဦး၏ မျက်နှာများသို့ ရိုက်ခတ်သွား၏။
“နောက်ထပ် နှစ်ချက်”
ချူးယွင်ဖန်း၏ အသံသည် အေးစက်လာကာ၊ သူ့လက်ထဲမှ အရိပ်မဲ့ဓားသည် လဲပြိုကျသွားသည်။ တစ်ချိန်တည်းတွင်ပင် သူထပ်မံတိုက်ခိုက်ခဲ့ရာ၊ အရိပ်မဲ့ဓား၏ဓားအလင်းသည် အဆုံးမဲ့သော စွမ်းအင်များဖြင့် ပေါ်ထွက်လာ၏။
ထိုအချိန်တွင် ချူးရှန်ကျုံးသည် ယခင်ကထက်ပို၍ ပြင်းထန်ကာ၊ ကြောက်မက်ခြောက်ခြားဖွယ်ကောင်းသော ချူးယွင်ဖန်း၏ ထူးဆန်းသော စွမ်းအားကို ဆက်လက်တောင့်ခံခဲံသည်။ လုံးလုံးလျားလျား လွတ်သွားသော ချူးယွင်ဖန်းသည် ယခင်ကထက် နှစ်ဆထက်ပိုသန်မာလာ၏။
သို့သ်ော ချူးရှန်ကျုံး၏ ဓားတစ်စင်းလုံး ပေါက်ကွဲထွက်လာသည်။ သူ့ဓားကို တန်ပြန်တိုက်ခိုက်ရန်ပင် မမြှောက်နိုင်တော့ပေ။ ရုတ်တရက်၊ သူ့ဓားသည် သူ့ဓားမဟုတ်ဟုပင် ခံစားလိုက်ရကာ၊ နောက်သို့ လွင့်ပျံလုမတက်ဖြစ်နေ၏။ သူ့လက်ဝါးပေါ်ရှိ ဒဏ်ရာသည်လည်း ထပ်မံကွဲထွက်သွားသဖြင့် ပြန်ကောင်းလာခြင်းမရှိသေးပေ။
ဒုတိယဓားချက်ကို လုံးလုံးလျားလျားမတားဆီးနိုင်မီတွင် ချူးယွင်ဖန်းသည် လျှပ်စီးတစ်စင်း၏ အလျင်ဖြင့် တတိယအကြိမ် ထပ်မံခုတ်ထစ် တိုက်ခိုက်လိုက်၏။
ချူးရှန်ကျုံးက သူ့လက်ထဲမှ ဓားကို မည်သို့ ထိန်းထားနိုင်လိမ့်မည်နည်း။ ထိုအချိန်တွင် ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသည် နောက်ထပ်တစ်ကြိမ်ပေါ်ထွက်လာကာ၊ ချူးရှန်ကျုံး၏ ဓားသွားကို ထိမှန်သွားသည်။
ယင်းသည် ဓားသွားကိုသာ ထိမှန်သွားခြင်းဖြစ်သော်လည်း ဓားချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းနေသေးသည်။ ချူးရှန်ကျုံးသည် ကျိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ အဝေးသို့ လွင့်ထွက်သွား၏။
ချူးရှန်ကျုံး ကျရှုံးသွားသည်။
ထို့အပြင် ချူးယွင်ဖန်းသည်မူ သူ့စကားကို တည်လိုက်နိုင်၏။
သုံးချက်သာဖြစ်သည်။ အမှန်တကယ်ပင် ဓားချက်သုံးချက်အတွင်းတွင် ချေမှုန်းနိုင်ခဲ့သည်။