အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
အခန်း(၃၅၂) ချူးယွင်ရှင်းကို အနိုင်ယူခြင်း
ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စွမ်းအားများ အသက်ဝင်လာသကဲ့သို့ပင်ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော စွ၎်းအင်တစ်ခုသည် ချူးယွင်ဖန်း၏ဓားသွားအတွင်းသို့ စိမ့်ဝင်သွားကာ၊ အံ့အားသင့်ဖွယ် ကျိုးပဲ့ဓားချက်ဖြင့် တိုက်ခိုက်ပစ်လိုက်သည်။
ဘွန်း
ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံတစ်ခု ပေါ်ထွက်လာ၍ ကမ္ဘာတစ်ခုလုံးသည် ဤကြောက်မက်ဖွယ် ဓားချက်ထဲတွင် နစ်မြုပ်သွားသည်။
“ဒီဓားချက်” ချူးဟောက်ယွဲ့၏ မျက်လုံးများ ချက်ချင်းပြူးကျယ်သွားသည်။ ဤဝမ်းကွဲနှစ်ယောက်ကြားမှ တိုက်ပွဲ စတင်ခဲ့စဥ်တည်းက သူတုန်လှုပ်ခြောက်ခြားသွားရသည်မှာ ဤသည်ကား ပထမဆုံးအကြိမ်ဖြစ်သည်။
ကျင့်ကြံရေးအစမှ မွေးဖွားခြင်းနယ်မြေအဆင့်အထိလူတိုင်းသည် ၎င်းတို့၏ အတွင်းအားကို တိုက်ခိုက်ရန်အတွက် အသုံးပြုကြကြောင်း လူတိုင်းသိကြသည်။ သိပ္ပံနည်းပညာအရ၊ ဤသီအိုရီကို ဇီဝစွမ်းအင်ဟု ခေါ်သည်။
ဤဇီဝစွမ်းအင်သည် သက်ရှိသတ္တဝါများကိုယ်တိုင်မှ ဆင်းသက်လာကြခြင်းဖြစ်သည်။ သို့ရာတွင်လူတစ်ဦးသည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်ရှိလာသောအခါသည်မူ အလွန်ခြားနားသော ကိစ္စတစ်ခုဖြစ်သည်။ သတ်မှတ်ထားသော တံခါးပေါက်ကို ဖြတ်ကျော်ပြီးလျှင် ၎င်းတို့၏ ပတ်ဝန်းကျင်နှင့် ချိတ်ဆက်နိုင်မည်ဖြစ်ရာ၊ တစ်နည်းဆိုရလျှင် ၎င်းတို့၏ တိုက်ပွဲများကို တိုက်ခိုက်ရန်အတွက် ကောင်းကင်နှင့် ကမ္ဘာမြေသို့ ဖြတ်သန်းစီးဆင်းနေသော စွမ်းအင်များကို စုစည်းနိုင်မည်ဖြစ်သည်။
ဤသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် ပညာရှင်များ အလွန်စွမ်းအားကြီးရသည့် အကြောင်းအရင်းတစ်ခုလည်းဖြစ်သည်။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏စွမ်းအင်သည် အဆုံးမဲ့သော်လည်း လူသားစွမ်းအင်သည်မူ အကန့်အသတ်များရှိသည်။ ကောင်းကင်နှင့် မြေကြီးနှင့်နှိုင်းယှဥ်လျှင် လူသားတို့၏ စွမ်းအင်သည် ကောင်းကင်ယံ၌ မည်သည့်လှိုင်းမှ မခတ်စေနိုင်ပေ။
ချူးယွင်ဖန်းသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို စုစည်းရန် သူ၏ စွမ်းအားကို အသုံးပြုကာ ကြောက်မက်ဖွယ်ကောင်းသော ဓားချက်ကို ဖြစ်ပေါ်စေခဲ့သည်။ ဤသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် ကျင့်ကြံသူများသာ လုပ်နိုင်သည့် အရာဖြစ်သည်။
မှန်သည် ဤသည်မှာ မွေးဖွားခြင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ဦး၏ စွမ်းအင်၏ အဆုံးသတ်မဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းအတွက်မူ ဤအဆင့်အထိ အောင်မြင်နိုင်ခြင်းသည်ပင် သာမန်ထက် များစွာသာလွန်နေပြီဖြစ်၏။
ချူးယွင်ဖန်းတွင် လျှို့ဝှက်ချက် များစွာရှိသည်။ ထို့ကြောင့် ၎င်းတို့အားလုံးကို ဤအချက်အလက်တစ်ခုတည်းမှ ကြည့်ရန်မဖြစ်နိုင်ပေ။
ချူးယွင်ရှင်းသည် ဤဓားချက်၏ကြောက်မက်ဖွယ်စွမ်းအားကို ချက်ချင်းခံစားလိုက်ရသော်လည်း သူသည် တိုက်ပွဲ၏ အလယ်တွင်ရှိခြင်းဖြစ်သဖြင့် ရှောင်တိမ်းရန် လမ်းမရှိတော့ပေ။
‘ရှောင်ဖို့ လမ်းမရှိဘူးဆိုမှတော့၊ ငါအကုန်ထုတ်သုံးလိုက်တော့မယ်’ ချူးယွင်ရှင်းက ဤသို့တွေးကာ အံကို ကြိတ်ထားသည်။ ထို့နောက် သူ့ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များအားလုံးကို ဓားထဲသို့ စုစည်းလိုက်ကာ၊ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်၏ ကြောက်မက်ဖွယ်စွမ်းအင်သည် အပြည့်အဝပေါ်ထွက်လာ၏.
ချူးယွင်ရှင်းသည် ဝင်လာသောတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ဘွန်း
ကြောက်မက်ဖွယ် တိုက်မိသံတစ်ခု ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ပြင်းထန်သော လှိုင်းတစ်ခုလည်း လွင့်ထွက်လာသည်။ ယင်းသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ အဖက်ဖက်သို့ ပျံ့နှံ့သွား၏။
“ဘာဖြစ်သွားတာလဲ”
လူအားလုံး၏ မျက်လုံးများသည် ကွင်းပြင်ကို ကြည့်လျက် ပြူးကျယ်သွားကြသည်။ ၎င်းတို့သည် ဖြစ်ပျက်သွားသကမျှကို မြင်ချင်ကြ၏။
အရေးကြီးဆုံးအရာမှာ မည်သူနိုင်၍ မည်သူရှုံးသနည်းပင်ဖြစ်သည်။
အံ့ဖွယ်ညီအစ်ကိုနှစ်ဦးကြားမှ တိုက်ပွဲ၏ ရလဒ်ကို နောက်ဆုံးတွင် အဆုံးအဖြတ်ပေး၍ရပြီလော။
တစ်ယောက်တစ်လေမျှ မျက်တောင်မခတ်ဝံ့ကြပေ။ ၎င်းတို့အားလုံးသည် ဤအရေးကြီးသော အခိုက်အတန့်ကို လွတ်သွားမည်ကို စိုးရိမ်လျက်ရှိကြရာ၊ ရာစုနှစ်တစ်ခုကြာမည်ထင်ရသော မြင်ကွင်းသည် တစ်ခဏချင်းတွင် ပျောက်ကွယ်သွား၏။ လူတစ်ယောက်လွင့်ထွက်လာသည်။
လူတိုင်းက နီးကပ်စွာကြည့်လိုက်ကြသည်။ ချူးယွင်ရှင်းမှတပါး မည်သူဖြစ်နိုင်လိမ့်မည်နည်း။
ချူးယွင်ရှင်းသည် မြေပြင်ပေါ်သို့ သူ့ခြေထောက်ဖြင့် မကျမီ၊ လေထဲတွင် အကြိမ်အနည်းငယ်ခန့် ကျွမ်းထိုးလိုက်သော်လည်း မြေပြင်ပေါ်သို့ ဆင်းသက်လာချိန်တွင် ကောင်းမွန်စွာ မရပ်တည်နိုင်ခဲ့ပေ။ သူ့ကိုယ်သူ ဟန်ချက်ထိန်းရန် အကြိမ်ခဏကြာမျှ ယိုင်တိယိုင်တိုင်ဖြစ်နေ၏။
ဗျစ်
ချူးယွင်ရှင်း၏ ပါးစပ်မှ သွေးအပြည့်အန်ထွက်လာသည်။ ထိပ်တိုက်တွေ့မှုတွင် သူချက်ချင်းမသေသွားခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
ချူးယွင်ဖန်းသည် ဤသည်ကို သူအိမ်တွင်ရှိစဥ်က စမ်းသပ်ကြည့်ခဲ့ဖူးသည်။ သူ၏ ကိုယ်ပိုင်စွမ်းအင်ဖြင့် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်ကျင့်ကြံသူကို အနိုင်ယူရန် မခက်ခဲပေ။ ထို့ကြောင့် ကျိုးပဲ့ဓားသိုင်းကို အသုံးပြုလိုက်သည်နှင့် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်ကျင့်ကြံသူ၏ စွမ်းအားဖြင့် နှိုင်းယှဥ်နိုင်မည်ဖြစ်သည်။
ထို့အပြင် ချူးယွင်ရှင်းသည် မကြာသေးမီမှ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သဖြင့် ဤမျှ ကြောက်မက်ဖွယ်တိုက်ခိုက်မှုနှင့် ကြုံတွေ့ရသောအခါတွင် သတိလက်လွတ်ဖြစ်ကာ၊ အပြင်းအထန်ဒဏ်ရာရသွားခဲ့သည်။
တစ်ချိန်တည်းတွင်ပင် ပြင်းထန်သော လှိုင်းများကြားထဲမှ လူတစ်ယောက်ပေါ်ထွက်လာရာ၊ ထိုသူသည် တစ်ခဏအတွင်းတွင် ချူးယွင်ရှင်း၏ရှေ့၌ပေါ်လာ၏။
ဤသူမှာ ချူးယွင်ဖန်းမှလွဲ၍ အခြားသူမဟုတ်ပေ။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ယခင်ကကဲ့သို့ မတည်ငြိမ်တော့ပေ။ ရေကန်ထဲမှ ခုန်ထွက်လာသကဲ့သို့ သူ့တစ်ကိုယ်လုံး ရွှဲရွှဲစိုလျက်ရှိသည်။ ဤတိုက်ခိုက်မှုသည် သူ့စွမ်းအားထက်ဝက်ခန့်ကို ကုန်ဆုံးစေခဲ့သည်။
နတ်ဘုရားစိတ်ဝိဉာဥ်၏ ဒုတိယအကြိမ် စွမ်းအားကြီးလာမှုနှင့် သူ၏ ကိုယ်ခန္ဓာပြောင်းလဲခြင်းကြောင့်မဟုတ်လျှင် ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှုအပြီးတွင် စွမ်းအားကျန်ပေလိမ့်မည်မဟုတ်ပေ။
ယခုအချိန်တွင် ချူးယွင်ဖန်းသည် သူ၏ အမြင့်ဆုံးကို မစွမ်းဆောင်နိုင်တော့ပေ။ ကံကောင်းစွာဖြင့် ချူးယွင်ရှင်းသည်လည်း အမြင့်ဆုံးအခြေအနေတွင်မဟုတ်ပေ။ ၎င်းတို့နှစ်ဦးလုံးသည် ယခု ၎င်းတို့၏ အမြင့်ဆုံးသောအခြေအနေများတွင် မဟုတ်ကြတော့ပေ။
“ကောင်းကင်မိုးကြိုး” ချူးယွင်ဖန်းက အော်လိုက်သည်။ သူ့လက်ထဲမှ ရှည်မြောသော ဓားကို လျှပ်စီးကဲ့သို့အရှိန်ဖြင့် အလွန်ပြင်းထန်စွာခုတ်ပိုင်းချလိုက်သည်။
ချူးယွင်ရှင်းသည် အသာမပေးချင်သဖြင့် သူ၏ ဓားကို မြှောက်ကာ ဝင်လာသော ဓားချက်ကို ကာလိုက်သည်။
ဘမ်း
ဘမ်း
ဘမ်း
ဤအခိုက်အတန့်တွင် နှစ်ဖက်လုံးသည် ၎င်းတို့၏ အမြင့်ဆုံးသော အခြေအနေများတွင် မဟုတ်ကြပေ။ တစ်ချိန်တည်းတွင်ပင် ၎င်းတို့၏ ကိုယ်ခံအားအရည်အသွေးကိုလည်း ထုတ်ဖော်ပြသလိုက်သကဲ့သို့ပင်ဖြစ်သည်။ ချူးယွင်ဖန်း၏ ခွန်အားနှင့် စွမ်းအင်သည် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာ၏။
ချူးယွင်ရှင်းသည်လည်း ငရဲမီးေတာက်ဓားသိုင်းဖြင့် အဆက်မပြတ် ခုတ်ထစ်လျက်ရှိသည်။ သို့သော် ချူးယွင်ဖန်း၏ စွမ်းအင်ပြန်လည် ပြည့်တင်းမှုနှုန်းသည် သူ့ထက် များစွာ လျင်မြန်နေကြောင်းရှာတွေ့လိုက်ရသည်။ ချူးယွင်ဖန်း၏ ဓားချက်တစ်ချက်စီသည်လည်း ယခင်ထက်ပိုမို စွမ်းအားကြီး၏။ ဓားချက်တစ်ချက်စီတိုင်းသည် ပို၍စွမ်းအားကြီးကာ၊ ကြောက်မက်ဖွယ်ကောင်း၏။
သို့သော် ဤပြင်းထန်သော တိုက်ပွဲတွင် ခပ်များများမစဥ်းစားနိုင်တော့ပေ။ ချူးယွင်ဖန်း၏ ချွေးစိုစွတ်နေသော အဝတ်များ ပြန်လည်ခြောက်သွားသည်ကို သူမြင်နိုင်၏။ အခြေအနေသည် ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာရာ၊ ချူးယွင်ရှင်းသည် ထောင့်တစ်နေရာသို့ တွန်းပို့ခံလိုက်ရသည်။
ဗျစ်
ချူးယွင်ရှင်းသည် ထပ်မံ၍ ပါးစပ်အပြည့်သွေးများအန်ထွက်လာသည်။ အဆက်မပြတ် တိုက်ခိုက်ကြပြီးနောက်၊ သူ့တွင် ကျင့်ကြံရေးအဆင့်၌ အားသာချက်ရှိသော်လည်း ယခုမူ အရေးနိမ့်လျက်ရှိသည်။ ချူးယွင်ဖန်းသည် ချူးယွင်ရှင်း အပြင်းအထန်ဒဏ်ရာရသွားနိုင်မည့် ပြင်းထန်သော အခြေအနေအထိ ဖိအားပေးတိုက်ခိုက်လျက်ရှိသည်။
ဘမ်း
နောက်ဆုံးတွင် ချူးယွင်ရှင်းသည် သူ့ကိုယ်သူ ဆက်လက်၍ မထိန်းနိုင်တော့ဖြင့် ကွင်း၏ အပြင်ဘက်သို့ လွင့်ထွက်သွားသည်။
အနိုင်ရရှိသူနှင့် ရှုံးနိမ့်သူကို နောက်ဆုံးတွင် အဆုံးအဖြတ်ပေးနိုင်ပြီဖြစ်သည်။
လူတိုင်းသည် အလွန်အံ့သြတုန်လှုပ်လျက်ရှိကြသည်။ လူတိုင်းသည် တိုက်ပွဲ၏ ရလဒ်ကို စောင့်မျှော်လျက်ရှိကြကာ၊ မည်သူနိုင်၍ မည်သူရှုံးမည်ကို သိချင်ကြသော်လည်း ထိုအခိုက်အတန့်သို့ရောက်လာသော အခါတွင်မူ ၎င်းတု့ိ အနည်းငယ် အံ့သြသွားကြသည်။
ဤဝမ်းကွဲ ညီအစ်ကိုနှစ်ယောက်၏ လုပ်ဆောင်ချက်သည် အလွန်အံ့ဖွယ်ကောင်းလှသည်။ ပြိုင်ပွဲတွင် နှစ်ဦးလုံး အနိုင်ရနိုင်ပုံပေါ်၍ ၎င်းအတွက် ခိုင်လုံသော အထောက်အထားများလည်းရှိသည်။
ချူးယွင်ရှင်း၏ စွမ်းဆောင်ရည်သည် ယခုအချိန်ထိ အံ့မခန်းဖြစ်လျက်ရှိသည်။ မည်သူကမျှ သူ့ထက် သာလွန်သည်အထိ မစွမ်းဆောင်နိုင်ခဲ့ကြပေ။ သူ၏ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ကျင့်ကြံရေးသည် ချူးမိသားစုမှ ယခုနှစ် မျိုးဆက်များအားလဒ့းကို ချေမှုန်းနိုင်ရန် လုံလောက်၏။ ယခင်က နောက်ဆုံးတွင် အောင်ပွဲရယူခဲ့ကြသည့် စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်ကျွမ်းကျင်သူ ဥပမာ၊ သာဓကများစွာရှိသည်။
သို့သော် ထိုသို့ဆိုလျှင်ပင် ချန်ပီယံရှစ်ကို အနိုင်ရနိုင်သည့် အရည်အချင်းများရှိသည့် ချူးယွင်ရှင်းသည် ချူးယွင်ဖန်း၏ လက်တွင် ရှုံးနိမ့်ခဲ့ရပြီဖြစ်သည်။
ဤအရာများအားလုံးသည် ကျိုးကြောင်းဆီလျော်သော်လည်း ကျိုးကြောင်းမဆီလျော်ပေ။
အဆုံးသတ်တွင် ချူးယွင်ဖန်းသည် ချူးယွင်ရှင်းထက် သာလွန်နေသေး၏။
လူအားလုံး ထိတ်လန့်တုန်လှုပ်နေရာမှ ပြန်လည်အသိဝင်လာကြသောအခါတွင် စွမ်းအင်များပြန်လည်ပြည့်ဝလာနေသည့် ချူးယွင်ဖန်းကို ငေးကြည့်လိုက်ကြသည်။
ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့်ကျင့်ကြံရေးဖြင့် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်ရှိ စွမ်းအားကြီး ကျင့်ကြံသူကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် သတ္တဝါဆန်းကြီးတစ်ကောင်နှင့်တူ၏။
“သနားဖို့ကောင်းလိုက်တာ၊ သူတို့နှစ်ယောက်သာ အတိတ်မှာဆိုရင် နှစ်ယောက်လုံး ချန်ပီယံရှစ်ကို အနိုင်ရနိုင်ချေရှိတာကို။ အခုတော့ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေကြတာ၊ တကယ်ကို သနားစရာကောင်းတယ်”
“ဒါပေမယ့် ဒါက ငါတို့ ချူးတွေမှာ အဆုံးမရှိတဲ့ ပါရမီရှင်တွေရှိတယ်ဆိုတာကို သက်သေပြနေတာပဲကွ။ အဲ့မှာ ပါရမီရှင်တွေအများကြီးဆိုတော့ ငါတို့ မိသားစုက ကြီးပွားတိုးတက်တော့မှာပဲ”
“တကယ်တော့ ဒီအချိန်မတိုင်ခင်အထိ ချူးယွင်ရှင်းရဲ့ အနိုင်ရနိုင်ချေက မြင့်ပါတယ်။ ဒါပေမယ့် အဆုံးသတ်ကျတော့ ကျိုးပဲ့ဓား လို့ခေါ်တဲ့ သိုင်းကို သုံးလိုက်တဲ့ ချူးယွင်ဖန်းက အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တာပဲ။ ဒီလိုမျိုးတိုက်ပွဲမျိုးက ထူးထူးခြားခြား မမြင့်မားပေမယ့်၊ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်”
အကြီးအကဲများသည် စိတ်လှုပ်ရှားစွာ စတင်ဆွေးနွေးနေကြသည်။
အခန်း(၂၅၃) အခမ်းအနား၏ အဆုံးသတ်နှင့် ပထမနေရာ
အကြီးအကဲများသည် စတင်၍ အသက်ဝင်စွာ ဆွေးနွေးလျက်ရှိကြသည်။ သူတို့တွင် ချူးယွင်ရှင်းနှင့် ချူးယွင်ဖန်းတို့အတွက် ချီးကျူးစကားများမှတပါးအခြား ရွေးချယ်စရာမရှိကြပေ။ ယင်းသည် ၎င်းတို့၏ အကျိုးစီးပွားကို မထိခိုက်စေကြပေ။ ချူးယွင်ရှင်းနှင့် ချူးယွင်ဖန်း၏ လက်ရှိအဆင့်ဖြင့် ၎င်းတို့၏အကျိုးစီးပွားကို ထိခိုက်စေနိုင်ရန် မလွယ်ကူပေ။
အကျိုးစီးပွားဖြင့် ပဋိပက္ခမရှိသောကြောင့် အကြီးအကဲများသည် ၎င်းတို့ကို ကြိုးဆွဲချင်ကြသည်။ ထို့ကြောင့် အလိုအလျောက်ပင် သူတို့၏ ချီကျူးစကားများကို မနှမျောမတွန့်တိုနေကြပေ။
အရေးအကြီးဆုံးမှာ မိသားစုခေါင်းဆောင် ချူးယန်သည် ဤညီအစ်ကိုနှစ်ယောက်ကို အလွန် လေးစားကြောင်း သူတို့တွေ့မြင်နိုင်ကြ၏။
ထို့ကြောင့် သဘာဝအလျောက်ပင် ၎င်းတို့ ပူးပေါင်းဆောင်ရွက်ရန်လည်း မတွန့်တိုကြပေ။
ချူးယွင်ဖန်းသည် ချူးယွင်ရှင်းကို အနိုင်ယူပြီးသည့်နောက် ထိုနေရာ၌ပင် အလှုပ်အရှားကင်းမဲ့စွာ မတ်တပ်ရပ်လျက်ရှိသည်။
‘အနိုင်ရပြီ၊ ချူးယွင်ဖန်းက ချူးယွင်ရှင်းကို အနိုင်ရပြီ’
ချူးယွင်ဖန်းသည် သူ့နှလုံးသားထဲတွင် တစ်စုံတစ်ခုပေါက်ပြဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ၎င်းသည် သူ၏ စွဲလမ်းမှုဖြစ်သည်။ သူ၏ အစွဲအလမ်းများပျောက်သွားသည်နှင့် သူ့စိတ်အခြေအနေသည် ချက်ချင်းပင် သန့်စင်ခြင်းအဆင့်သို့ရောက်သွား၏။
စွဲလမ်းမှု၏ အတွင်းစိတ်နတ်ဆိုးသည်ကြောက်မက်ဖွယ်ကောင်းသော အရာဖြစ်သော်လည်း ကျိုးပျက်သွားလျှင်မူ ၎င်းသည် အောင်မြင်မှုတစ်ခုဖြစ်လာပေလိမ့်မည်။ ရှေးဟောင်းလူသားများကာလတွင် ၎င်းတို့၏ အတွင်းစိတ်နတ်ဆိုး ကဲ့သို့သော ကျင့်ကြံရေး၌ အထူးပြုထားသည့် ဂိုဏ်းများပင်ရှိခဲ့သည်။ သာမန်လူများသည် ယင်းကို ရှောင်ရှားခဲ့ကြသော်လည်း ဤဂိုဏ်းများသည် စွဲလမ်းမှု၊ အတွင်းစိတ်ဝိဉာဥ်ဆိုးများ ဖန်တီးရာတွင် အထူးပြုလေ့လာကြကာ ပိုမိုသာလွန်သော ဉာဏ်ပညာကိုရရှိရန် ၎င်းတို့အသုံးပြုကြသည်။ အသည်မှာလည်း ကျင့်ကြံရေးလမ်းစဥ်တစ်ခုဖြစ်သည်။ သို့သော် ဤလမ်းကြောင်းသည် အလွန်အန္တရာယ်များကာ၊ ၎င်းတို့ကို ပြီးမြောက်ခြင်းသည် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ယင်းလမ်းစဥ်များကို အောင်မြင်စွာ ကျင့်ကြံနိုင်ကြသူများသည် အများအားဖြင့် ဒဏ္ဍာရီဆန်သော
ထိပ်တန်းကျွမ်းကျင်သူများဖြစ်ကြသည်။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်များနှင့် ပေါင်းစပ်လိုက်သောအခါ ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုတစ်ခုကို ခံစားမိနိုင်၏။ ရှေးလူကြီးများသည် ကျင့်ကြံရေးကို များစွာ အလေးထားခဲ့ကြသည်။ ကျင့်ကြံရေးအတွက် မသင့်တော်ခဲ့စဥ်၊ ရှေးဟောင်းတရုတ်ပြည်တွင်ပင်၊ သိုင်းသမားများစွာမွေးဖွားခဲ့သည်။
ထိုသို့သောလူများအားလုံးသည် အံ့ဖွယ်ပုဂ္ဂိုလ်များဖြစ်ကြသဖြင့် ၎င်းတို့၏ စိတ်အခြေအနေနှင့် ကျင့်ကြံရေးဖြင့် မိနစ်ပိုင်းအတွင်းတွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်ရန် ပြဿနာမရှိပေ။
ရှေးဟောင်းလူသားများကာလတွင် စိတ်၏ကျင့်ကြံရေးကို အထူးပြုထားကြသည်။ သို့သော် ၎င်းသည် ခေတ်မီလူ့အဖွဲ့အစည်းနှင့် ကွဲပြား၏။ ခေတ်မီကျင့်ကြံရေးသီအိုရီသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းနှစ်ခုလုံးပေါ်တွင် အထူးပြုထားသည်။ စိတ်အခြေအနေသည်မူ အတွင်းပိုင်းဖြစ်ကာ၊ သိုင်းပညာကျင့်ကြံရေးသည် ပြင်ပဖြစ်သည်။ အတွင်းနှင့် အပြင်နှစ်မျိုးလုံး ကျင့်ကြံထားမှသာလျှင် ကြီးကျယ်သော စွမ်းအင်ကို ရနိုင်မည်ဖြစ်၏။
စိတ်ကို ကျင့်ကြ့ခြင်းတစ်ခုတည်းဖြင့် ရှင်သန်ခြင်းကို မကျင့်ကြံနိုင်ပေ။ ဤသည်မှာ ကျင့်ကြံရေးရှိ နံပါတ်တစ် အားနည်းချက်ပင်ဖြစ်သည်။
ချူးယွင်ဖန်း၏ နှလုံးသားထဲတွင်မူ သူသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းနှစ်မျိုးလုံးကို ကျင့်ကြံခြင်း၊ တစ်နည်းအားဖြင့် အတွင်းပိုင်းနှင့် ပြင်ပကျင့်ကြံခြင်းနှစ်မျိုးလုံးကို လက်ခံထားသည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် ရှေးဟောင်းလူသားများကာလအတွင်း လူများစွာသည် မတူညီသော ကျင့်ကြံရေးများကို ကြိုးစားခဲ့ကြသည်။ ဆေးများ ဖော်စပ်ခဲ့သည့် ဆေးဧကရာဇ်ကဲ့သို့ လူများရှိသကဲ့သို့၊ ပြိုင်ဘက်ကင်း ကျင့်ကြံရေးအခြေခံများရှိသော စွမ်းအားကြီး ပုဂ္ဂိုလ်များလည်းရှိသည်။ ထို့ကြောင့်ဘဝတစ်လျှောက်လုံး ကျင့်ကြံမှုတွင် အမြင့်ဆုံးကိုရောက်စေရန် ကြိုးပမ်းသူများလည်း ရှိခဲ့ကြသည်။ တစ်နေ့တွင် ၎င်းတို့သည် ဉာဏ်အလင်းရကာ၊ ကောင်းကင်သို့တက်လှမ်း၍ ၎င်းတို့၏ ကျင့်ကြံမှုအခြေခံသည် တစ်နေ့လျှင် မိုင်သုံးထောင်နှုန်းဖြင့် မြင့်တက်လာခဲ့ကြသည်။
သို့သော် ၎င်းတို့၏ ကျင့်စဥ်များအားလုံးတွင် အားနည်းချက်ကိုယ်စီရှိခဲ့ကြသည်။ သူတို့ထဲတွင် ကြောက်မက်ဖွယ်အကောင်းဆုံးမှာ အတွင်းစိတ်နှင့် ပြင်ပကိုယ်ခန္ဓာ၌ပါ ကျင့်ကြံထားသော သူများဖြစ်မည်မှာ သေချာ၏။ ဤအချက်သည် ရှေးခေတ်နှင့် ယခုခေတ်ကာလတစ်လျှောက်လုံးတွင် တည်ရှိခဲ့သည်။ ထိုသို့သော အံ့အားသင့်ဖွယ်အဆင့်သို့ရောက်လာခဲ့သည့် ဆေးဧကရာဇ်အတွက်မူ သူပြုလုပ်နိုင်ခဲ့သောအရာသည် အံ့ဖွယ်ဟု ယူဆ၍ရနိုင်ပြီဖြစ်၏။
အချိန်တိုအတွင်းတွင် ချူးယွင်ဖန်း၏ စိတ်ထဲ၌ အတွေးပေါင်းများစွာ ဖြတ်ခနဲလတ်သွားသည်။ လူအားလုံး၏ စိတ်ဝင်တစားစိုက်ကြည့်မှုအောက်တွင် သူသည် အနည်းငယ်မျှ မလှုပ်ရှားပေ။ သို့သော် ဤအခိုက်အတန့်တွင် လူတိုင်းသည် ချူးယွင်ဖန်း၏ ချူးယွင်ရှင်းအားအောင်နိုင်ခဲ့မှုတွင် အံ့သြနစ်မြုပ်လျက်ရှိကြသေးသဖြင့် ၎င်းတို့သည် ချူးယွင်ဖန်း၏ ထူးဆန်းသော အမူအရာကို သတိမထားမိကြပေ။
ချူးယွင်ဖန်း သတိပြန်ဝင်လာသော အခိုက်အတန့်တွင် ချူးယွင်ရှင်းသည် ကွင်းထဲသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးများစီးကျလာကာ၊ သူရှုံးနိမ့်သွားပြီဖြစ်ကြောင်း မယုံကြည်နိုင်သေးပေ။
ချူးယွင်ရှင်းသည် ချူးယွင်ဖန်းထံ၌ သူ့အား အမှီလိုက်နိုင်မည့် အရိပ်အခြေမြင်သော်လည်း ချူးယွင်ဖန်းသည် တစ်ရက်ရက်တွင် သူ့အား အနိုင်ယူနိုင်လိမ့်မည်ဟု မည်သည့်အချိန်တွင်မှ မတွေးခဲ့ဖူးပေ။ သူ့ကဲ့သို့ မိမိကိုယ်ကိုယ် ဂုဏ်ယူသော လူတစ်ယောက်အနေဖြင့် ချူးယွင်ဖန်းသည် သူနှင့်တန်းတူဖြစ်ကြောင်း ဝန်ခံရခြင်းသည်ပင် သူ၏ကန့်သတ်ချက်များကို ကျာ်လွန်နေပြီဖြစ်၏။ သူ့အားအနိုင်ယူနိုင်သည်ဆိုသည်မှာ သူမည်သည့်အချိန်တွင်မျှ မတွေးခဲ့ဖူးသည့် အံ့ဖွယ်တစ်ခုဖြစ်သည်။
“မင်းရှုံးသွားပြီ” ချူးယွင်ဖန်းက ရိုးရှင်းစွာပြောသည်။
“အင်း ငါရှုံးသွားပြီ။ ဒါပေမယ့်…”ချူးယွင်ရှင်းက စကားဆက်ပြောမည့်ဆဲဆဲတွင် ချူးယွင်ဖန်းသည် သူ့အား လုံးလုံးဥပက္ခာပြုထားသည်ကို မြင်လိုက်ရ၏။ ချူးယွင်ဖန်းသည် ချူးယွင်ရှင်း၏ ရှုံးနိမ့်မှုကို သံသယဖြစ်ဖွယ်မရှိသကဲ့သို့ လှည့်ထွက်သွားသည်။
ချူးယွင်ရှင်းသည် ချူးယွင်ဖန်း၏ စိတ်အခြေအနေအပြောင်းအလဲကို ခံစားမိနိုင်သည်။ ချူးယါင်ဖန်းသည် သူ့အား အနိုင်ယူရန် လုံးဝစိတ်မဝင်စားတော့ပေ။ ချူးယွင်ရှင်းသည် အပြည့်အဝပင်လျစ်လျူရှု့ခံလိုက်ရ၏။
သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ချူးယွင်ရှင်းသည် ကြေကွဲဝမ်းနည်းမှုကို ခံစားခဲ့ရသည်။ သူနှင့်အသက်တူသော သူ၏ဝမ်းကွဲညီကို အမြဲတစေ လျစ်လျူရှု့ခဲ့သည်။ ချူးယွင်ဖန်းက သူ့ကို မည်သည့်အချိန်မှစ၍ ဤကဲ့သို့ လျစ်လျူရှု့နိုင်ခဲ့သနည်း။
သို့သော် ချူးယွင်ရှင်းတွင် ပြောစရာဟူ၍ မရှိပေ။ သူရှုံးနိမ့်သွားခဲ့ပြီးဖြစ်သည်။ ဤစကားလုံးများသည် အရာအားလုံးကိုရှင်းပြရန် လုံလောက်၏။ ချူးယွင်ဖန်း၊ ဤနှစ်များတစ်လျှောက် ကြံ့ကြံ့ခံခဲ့ရသည့် အရာမှန်သမျှကို သူနောက်ဆုံးတွင် နားလည်လိုက်သည်။ အခြားမိသားစုမှ ကလေးတစ်ယောက်သည် သူ့ထက်ပို၍ စွမ်းအားကြီးကာ၊ သူ့အကြောင်း လုံးဝစိတ်မဝင်စားပေ။
“ဒီတိုက်ပွဲရဲ့ ရလဒ်က ပြီးသွားပြီလို့ မတွေးလိုက်နဲ့ဦး။ ငါမင်းကို နောက်တစ်ကြိမ် သေချာပေါက် ပြန်အနိုင်ယူပြမယ်” ချူးယွင်ရှင်းက အံကိုကြိတ်ကာ ပြောသည်။
“ငါစောင့်နေပါ့မယ်” ချူးယွင်ဖန်းက အရှိန်မြင့်၍ ကွင်းထဲမှ ထွက်လာခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် ပီတိဖြစ်ကာ၊ တိမ်ကိုးလွှာပေါ်၌ လမ်းလျှောက်နေရသကဲ့သို့ ခံစားလိုက်ရသည်။
မကြာမီတွင်၊ ယခုနှစ် ချူးမိသားစု ဘိုးဘွားကန်တော့ပွဲအခမ်းအနား၊ လေ့ကျင့်ရေးပြိုင်ပွဲတွင် ထိပ်တန်းသုံးဦးနေရာကို အဆုံးအဖြတ်ပေးခဲ့သည်။ ပထမနေရာသည် ချူးယွင်ဖန်းဖြစ်၍ ဒုတိယနေရာသည် ချူးယွင်ရှင်းဖြစ်ကာ၊ တတိယနေရာသည်မူ ချူးမိသားစု၏ ပင်မမျိုးဆက်များထဲမှ တစ်ဦးဖြစ်သည့် ချူးရွှယ်လန်ဖြစ်သည်။
အခမ်းအနားသည် အဆုံးတွင် အပြီးသတ်သို့ရောက်ရှိခဲ့ပြီဖြစ်သည်။
၎င်းတို့သုံးဦးသည် ချူးဟောက်ယွဲ့၏ အရှေ့တွင်ရှိနေကြသည်။ ချူးဟောက်ယွဲ့သည် သူတို့သုံးဦးကို ကြည့်ကာ အနည်းငယ်မျှ စိတ်ထိခိုက်လွယ်သွားသကဲ့သို့ ခံစားမိလျက်ရှိသည်။ ထိုနှစ်များတွင် သူ ဤကဲ့သို့ ပထမနေရာကို ရရှိခဲ့ဖူးသည်ကို ပြန်တွေးကြည့်မိသွားသည်။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် အရာအားလုံးပြောင်းလဲသွားခဲ့၏။
“မင်းတို့သုံးယောက် ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ကြတယ်” ချူးဟောက်ယွဲ့ကပြောသည်။
“ဒါပေမယ့် မင်းတို့ အနာဂတ်မှာရင်ဆိုင်ရမယ့် ရန်သူတွေက မင်းတို့ထင်ထားတာထက် အများကြီး သာလွန်နိုင်လို့ ငါမင်းတို့ကို ဒီလောက်နဲ့ မကျေနပ်နေစေချင်ဘူး။ ပြည်ထောင်စုတက္ကသိုလ်ကာ ကျွမ်းကျင်သူတွေ အများကြီးကို ဖယ်ထားလိုက်၊ လက်ရှိ လူ့အဖွဲ့အစည်းရဲ့ လက်ရှိအခြေအနေကတောင် မင်းတို့ အမြန်တိုးတက်လာဖို့ လိုတဘ်။ ဒီနေ့တိုက်ပွဲရဲ့ ရလဒ်က အရေးမကြီးဘူး။ ဒီ အချိန်ခဏတာပဲကြာတဲ့ ရှုံးနိမ့်မှု ဒါမှမဟုတ် အနိုင်ရမှုက ဘဝအတွက်မဟုတ်ဘူး။ လူတစ်ယောက်က သူ့ပြိုင်ဘက်တွေ စွမ်းအားကြီးတာ မကြီးတာပေါ်မူတည်ပြီးတော့ ဘယ်လောက် ဝေးဝေးရောက်နိုင်မှာလဲ။ မင်းတို့အားလုံး တစ်ယောက် တိုးတက်မှုအတွက် တစ်ယောက်က တွန်းအားဖြစ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”
“အမျှော်အမြင်ကြီးတဲ့ စကားလုံးတွေအတွက် ကျေးဇူးတင်ပါတယ် အငယ်တန်းခေါင်းဆောင်” သုံးဦးသား ပြိုင်တူပြောလိုက်ကြသည်။
“စောစောက ထိပ်တန်းသုံးယောက်က သူတို့ရထားတဲ့ ဆုကြေးတွေအပြင် အထူးဆုတွေရမယ်လို့ငါ့အဖေက ပြောထားတယ်။ မင်းတို့သုံးယောက် ငါနဲ့လိုက်ခဲ့၊ ဒီဆုငွေတွေကို မင်းတို့အကောင့်တွေထဲ လွှဲပေးမယ်။ အထူးဆုလာဘ်ကတော့ မင်းတို့သီးသန့်ဖို့ဖြစ်မှာပဲ” ချူးဟောက်ယွဲ့ကပြောသည်။
သုံးဦးသား ခေါင်းညိတ်လိုက်ကြသည်။ ချူးယွင်ဖန်းသည် သူ့အကောင့်ထဲသို့ ငွေ ဆယ်သန်းခဲ့ လက်ခံထားရကြောင်း စာတိုတစ်စောင်ရခဲ့ပြီးဖြစ်သည်။
ဤပမာဏသည် ယခုအချိန်တွင် သူ့အတွက် များပြားသော ပမာဏမဟုတ်သော်လည်း ချူးများ ငွေပမာဏမြောက်များစွာကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ သို့သော် ချူးယွင်ဖန်းပို၍ စိတ်ဝင်စားသည်မှာ ထိပ်တန်းသုံးဦးအတွက် ဆုလာဘ်များသာဖြစ်သည်။
ချူးဟောက်ယွဲ့၏ ဦးဆောင်မှုအောက်တွင် ၎င်းတို့သည် ချူးမိသားစု၏ ဘိုးဘွားပိုင်မြေ၏ နက်နဲရာသို့ လျင်မြန်စွာ ဝင်ရောက်လာကြသည်။ အငယ်တန်းခေါင်းဆောင်သည် လမ်းကို ဦးဆောင်နေသဖြင့် လမ်းတစ်လျှောက်တွင် အတားအဆီးတစ်ခုမျှမကြုံတွေ့ခဲ့ရပေ။ ချူးမိသားစု၏ ဘိုးဘွားပိုင်မြေသို့ သူတို့ နီးကပ်လာလေလေ၊ သူတို့အပေါ်သို့ ထောက်လှမ်းနေသော စွမ်းအားကြီးသည့် အကြည့်များကို ပိုမိုခံစားလာရလေလေဖြစ်နေ၏။ ဆောင်းခိုနေသော ကြီးမားသော နဂါးကြီးများကဲ့သို့ စွမ်းအားကြီးဖြစ်တည်မှုများသည် အလွန်ပြင်းထန်သော အရောင်အဝါများထုတ်လွှတ်လျက်ရှိ၏။
ချူးမိသားစု၏ အခြေခံအုတ်မြစ်သည် အပြင်ပိုင်းထင်ရသည်ထက် ပိုမိုနက်ရှိုင်းသည်။
၎င်းတို့သုံးဦးသည် ချိုင့်ဝှမ်းတစ်ခုကို ဖြတ်သွားကြသည်။ ဤနေရာသည် ကုန်းတွင်းပိုင်းဖြစ်ခဲ့သော်လည်း ချိုင့်ဝှမ်းသည် မထင်မှတ်ဖွယ်ကောင်းစွာ ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းခံထားရကာ၊ မည်သည့် ပြင်ပ အကြောင်းတရားများကြောင့်မျှ ထိခိုက်မှုမရှိထားပေ။
အခန်း(၃၅၄) ပထမဆုံးဘိုးဘေး ဉာဏ်အလင်းရရှိသည့်နေရာ
ချူးဟောက်ယွဲ့က ချိုင့်ဝှမ်းကို ညွှန်ပြ၍ပြောလိုက်သည်။
“ချူးယွင်ဖန်းနဲ့ ချူးယွင်ရှင်းတို့က ဒီချိုင့်ဝှမ်းအကြောင်း မသိလောက်ပေမယ့် ချူးရွှယ်လန်၊ မင်းကတော့ ချူးမိသားစုရဲ့ အဓိကမျိုးဆက်ဖြစ်တဲ့အတွက် ဒီအကြောင်း နှစ်ခု၊ သုံးခုလောက်တော့ သိတယ်မလား”
“ကျွန်တော် ဒီကို တစ်ခါမှ မရောက်ဖူးပေမယ့် ဒါက သိထားသင့်တဲ့အရာတစ်ခုမို့လို့ …” ချူးရွှယ်လန်က ခဏတာ ရပ်တန့်ပြီးနောက်မှ ဆက်ပြောသည်။
“ဒါ ကျွန်တော်တို့ ဘိုးဘေးတွေ ဉာဏ်အလင်းရတဲ့ ချိုင့်ဝှမ်းမလား”
“အင်း မှန်တယ်” ချူးဟောက်ယွဲ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ချူးမိသားစုရဲ့ သားမြေးအများစုက ဒီချိုင့်ဝှမ်းအကြောင်းကို ကြားဖူးကြပေမယ့် ချူးယွင်ဖန်းနဲ့ ချူးယွင်ရှင်းတို့ကတော့ ဒီအကြောင်း မသိကြလို့ သူတို့သိရအောင် ငါပြောပြမယ်”
“လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက၊ ငါတို့ မိသားစုရဲ့ ပထမဆုံးဘိုးဘေးက အခု မေပယ်လ်ရွက်မြို့တော်ဖြစ်တဲ့ ဒီမြေကို ပထမဆုံးရောက်လာခဲ့တယ်။ အဲ့တုန်းက သူက သာမန် မွန်းစတားမုဆိုးတစ်ယောက်ဖြစ်ပေမယ့် နောက်ပိုင်းမှာ ဒီချိုင့်ဝှမ်းကိုရှာတွေ့ခဲ့ပြီး ဒီနေရာမှာ ဉာဏ်အလင်းရခဲ့တယ်။ အဲ့ဒီနောက် သူက ငါတို့ ချူးမိသားစုက အမှီအခိုပြုအားထားခဲ့ရရတဲ့ ကောင်းကင်လောင်ကျွမ်းခြင်းသိုင်းကို ဖန်တီးဖို့ ဒါကို သုံးပြီး ကမ္ဘာပေါ်မှာ ခြေကုပ်ရယူထားတာပဲ။ ဒီနေရာမှာ ငါတို့မိသားစုရဲ့ အခြေခံအုတ်မြစ်ကို တည်ထောင်ခဲ့တယ်။ နှစ်တွေအများကြီးကြာတော့ ချူးမိသားစုရဲ့ ဘိုးဘွားပိုင်မြေနဲ့ ဒီကြီးမားတဲ့ မေပယ်လ်ရွက်မြို့ကို ဖန်တီးခဲ့တယ်။ ဒီချိုင့်ဝှမ်းက ငါတို့ မေပယ်လ်ရွက်မြို့ရဲ့အစလို့ပြောလို့ရတယ်”
“ကောင်းကင်လောင်ကျွမ်းသိုင်း” ချူးယွင်ဖန်းသည် ချူးမိသားစု၏ အမြင့်မြတ်တကာ့အမြင့်မြတ်ဆုံးသော ကျင့်စဥ်ကို သူ့အဖိုးပြောပြစဥ် အမှတ်မထင်ကြားခဲ့ရဖူးကြေင်း သတိရမိသွားသည်။ ချူးများသည် ယနေ့ သူတို့ရောက်ရှိနေသည့်နေရာသို့ ရောက်နိုင်ရခြင်းအကြောင်းရင်းမှာ ဤသိုင်းပညာ၏ အစွမ်းကြောင့်ဖြစ်သည်။
ကောင်းကင်လောင်ကျွမ်းဓားသိုင်းသည် ချူးမိသားစုအတွင်း၌ပင် ဒဏ္ဍာရီတစ်ခုသဖွယ် သတ်မှတ်ထားရသည်။ မျိုးဆက်တစ်ခုစီတွင် သင်ယူလေ့လာမည့်သူ လက်စစ်ဆုပ်စာမျှသာရရှိရာ၊ ထိုသူများအားလုံးသည် မျိုးဆက်တစ်ခုစီတွင် အကောင်းဆုံးများဖြစ်ကြသည်။
မိသားစုစာရင်းထဲတွင်မဝင်သော ချူးမိသားစုမှ ဆင်းသက်လာသူ ချူးယွင်ဖန်းအတွက် ၎င်းသည် ဒဏ္ဍာရီတစ်ခုပင်ဖြစ်သည်။ ထိုအကြောင်းကို အကြောင်းအရာတိုက်ဆိုင်သောအကြိမ်များတွင်သာ ကြားခဲ့ဖူး၏။
“ဒီအချိန်အထိ ဒီချိုင့်ဝှမ်းက ငါတု့ိမိသားစုရဲ့ တားမြစ်နေရာတစ်ခုဖြစ်နေတုန်းပဲ။ ငါတို့ရဲ့ ပထမဆုံးဘိုးဘေးတွေက ဒီနေရာမှာ ဉာဏ်အလင်းရခဲ့ရုံသာမက ဒီနေရာက အထူးနေရာတစ်ခုလည်းဖြစ်တယ်”
“ဒီအကြောင်းကို မင်းတို့ကျောင်းမှာ သင်ခဲ့ဖူးလောက်မှာပါ။ ငါတို့ခေါ်တဲ့ ဝိဉာဥ်စွမ်းအင်က တကယ်တော့ ကောင်းကင်နဲ့ မြေကြီးကြားမှာ စီးဆင်းနေတဲ့စွမ်းအင်တစ်မျိုးကို ယေဘုယျခေါ်တာပဲ။ အဲ့တာက သန့်စင်တဲ့စွမ်းအင်လို့ထင်ရပေမယ့် တကယ်တော့ မဟုတ်ဘူး။ ရှေးဟောင်းလူသားများကာလက အပျက်အစီးတွေမှာ ငါတို့ရှာတွေ့ခဲ့ရသလောက် ငါတို့ ခေတ်မီလူ့အဖွဲ့အစည်းရဲ့ စွမ်းအင်နဲ့ မှန်ကန်တဲ့အခြေအနေတွေရှိတယ်။ ငါတို့မှာ ဒီစွမ်းအင်ကို သိပ္ပံနည်းကျရှာလို့ရတဲ့ နည်းလမ်းတွေရှိတယ်” ချူးဟောက်ယွဲ့ကပြောသည်။
“လက်ရှိသိပ္ပံနည်းလမ်းတွေနဲ့ ရှာတွေ့နိုင်တဲ့စွမ်းအင်တွေပေါ် အခြေခံပြီးတော့ ကောင်းကင်နဲ့ မြေကြီးကြားက ဝိဉာဥ်စွမ်းအင်ကို သတ္တု၊ သစ်သား၊ မီး၊ ရေ၊ နဲ့ မြေကြီးဆိုပြီး ဒြပ်စင်ငါးမျိုးခွဲလို့ရတယ်။ အဲ့မှာ အလင်း၊ အမှောင်၊ လေ၊ မိုးကြိုးနဲ့ အခြားစွမ်းအစ်အမျိုးအစားတွေလည်းရှိပေမယ့် အဓိကကတော့ သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေကြီးပဲ”
“ကောင်းကင်နဲ့ မြေကြီးကြားမှာရှိတဲ့ စွမ်းအင်တွေက ဒြပ်ရောတွေပုံစံနဲ့တည်ရှိကြပေမယ့် ဒါတွေအကုန်လုံးက ပကတိမဟုတ်ဘူး။ အချို့ထူးခြားတဲ့အခြေအနေတွေအောက်မှာ ဒီစွမ်းအင်က သန့်စင်တဲ့ပုံစံအဖြစ်ပြောင်းလဲတည်ရှိနိုင်တယ်။” ချူးဟောက်ယွဲ့က ဆက်လက်ရှင်းပြသည်။
“အဲ့တာဆိုရင် ဒီချိုင့်ဝှမ်းထဲမှာ မီးဝိဉာဥ်စွမ်းအင်က ဘာလို့အရမ်းများနေတာလဲ” ချူးယွင်ဖန်းကမေးသည်။ သူသည် ချူးဟောက်ယွဲ့ဆိုလိုသည်ကို နားလည်သည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်ထဲတွင် အရာအားလုံးရှိသော်လည်း ရှေးဟောင်းလူသားများကာလတွင် ပြုလုပ်ခဲ့သော သုသေတနများသည် ခေတ်မီလူ့အဖွဲ့အစည်းနှင့် များစွာ ကွဲပြားသည်။ ရှေးဟောင်းလူသားများကာလ၏ ရှည်လျားသော သမိုင်းအရ၊ သာမန်လူများသည် ယင်းကိစ္စနှင့်ပတ်သက်၍ နက်ရှိုင်းစွာနားမလည်ကြပေ။ သို့သော် ဆေးဧကရာဇ်ကဲ့သို့ ကမ္ဘာ့အထွဋ်အထိပ်ထိရောက်အောင်ကျင့်ကြံနိုင်ခဲ့သောသူသည် ဝိဉာဥ်စွမ်းအင်ကို မည်ကဲ့သို့ နားမလည်လျက်ရှိလိမ့်မည်နည်း။
ထို့အပြင် ချူးမိသားစု ပထမဆုံးဘိုးဘေးကျင့်ကြံခဲ့သော ကောင်းကင်လောင်ကျွမ်းခြင်းကျင့်စဥ်သည် မီးစနစ်ကျင့်ကြံရေးစနစ်တစ်ခုကဲ့သို့ထင်ရသည်။ ထို့ကြောင့် ချူးယွင်ဖန်း ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။
“အရမ်းတော်တယ်” ချူးဟောက်ရွယ်၏ မျက်လုံးများထဲတွင် အထင်ကြီးမှုအရိပ်အယောင်များအနည်းငယ်ပေါ်လာသည်။ ထို့နောက် သူက ဆက်ပြော၏။
“ဒီတောင်ကြားမှာ မီးဝိဉာဥ်စွမ်းအင်အများကြီးရှိတယ်။ တကယ်တော့ အဲ့တာက ချော်ရည်နဲ့လုပ်ထားတာပဲ။ ဒီမီးဝိဉာဥ်စွမ်းအင်က ကမ္ဘာမြေကြီးရဲ့ သွေးကြောတွေက ဖြာထွက်လာတာဆိုတော့ အရမ်းကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်စေတာမို့လို့ သက်ရှိသတ္တဝါတွေအတွက် မသင့်တော်ဘူး။ သိုင်းပညာက ချွင်းချက်မရှိဘူး။ ဒါပေမယ့် ငါတို့ကာ သာမန်သတ္တဝါတွေနဲ့မတူဘူး။ ဒီ မီးနဲ့ မြေကြီးဝိဉာဥ်စွမ်းအင်က ချီစွမ်းအင်တစ်မျိုးပဲ။ အဲ့တုန်းက ပထမဆုံး ဘိုးဘေးက ဒီနေရာမှာ ဉာဏ်အလင်းရောက်ခဲ့တယ်။ အဲ့တာကြောင့် မင်းတို့ကောင်တွေလည်း သူ့လိုလုပ်နိုင်မှာပါ။ တကယ်တော့ ငါတို့ ဘိုးဘေး ဉာဏ်အလင်းရတုန်းက သူ့ကျင့်ကြံရေးအခြေက မင်းတို့လောက်တောင်မမြင့်သေးဘူး”
သုံးယောက်သား ခေါင်းညိတ်လိုက်ကြသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက အမှန်တကယ်ပင် ကပ်ဆိုးကြီးတစ်ခု အစပြုခဲ့သည်။ လူသားများသည် ရှေးဟောင်းလူသားများကာလ၏ အပျက်အဆီးအကြွင်းအကျန်များကို ထိုအချိန်မှတွေ့ရှိခဲ့ကြရာ၊ ကျင့်ကြံရေးလမ်းစဥ်သို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုအချိန်က ကျင့်ကြံရေးအဆင့်မြင့်သည့်လူများစွာမရှိပေ။ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်ဖြင့် ၎င်းတို့သည် ထိုခေတ်တွင် အမှန်တကယ်ပင် ကြေက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်သူများဖြစ်ကြသည်။ ၎င်းတို့ကို အနှိုင်းမဲ့ဟု ယူဆ၍မရခဲ့သော်လည်း အမှန်တကယ်ပင် အံ့ဖွယ်ကောင်းလှသည်။
“ချိုင့်ဝှမ်းရဲ့အလယ်မှာ အဆုံးမဲ့မီးပင်လယ်ရှိတယ်။ သက်ရှိသတ္တဝါတွေဝင်လို့မရဘူး။ ဒါပေမယ့် ချိုင့်ဝှမ်းရဲ့အစွန်းမှာ စည်းချိပ်တစ်ခုရှိတယ်။ ငါတို့ရဲ့ မှတ်တမ်းတွေအရ၊ အဲ့တာက သာမန်လူတွေကို မထိခိုက်အောင်ရယ်၊ ကမ္ဘာမြေကြီးအတွင်းက ချော်ရည်တွေပေါက်ကွဲထွက်တာကို ဖိနှိပ်တားဆီးထားဖို့ရယ် ရှေးဟောင်းလူသားများကာလက စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် တည်ဆောက်ထားတာပဲ” ချူးဟောက်ယွဲ့က ဆက်ပြောသည်။
“သိပ်ကြာနေပြီလားမသိပေမယ့်၊ အဲ့စည်းချိပ်ပေါ်မှာ အက်ကွဲကြောင်းတစ်ခုပေါ်လာတယ်။ အဲ့အက်ကွဲကြောင်းကနေ ဝိဉာဥ်စွမ်းအင်တွေအများကြီးထွက်လာတယ်။ ငါတို့ ပထမဆုံးဘိုးဘေးက ဒီစည်းချိပ်မှာ ဉာဏ်အလင်းရပြီး ချူးမိသားစုတွေက ဒီနေရာကို ငါတို့ ဘိုးဘွားနယ်မြေအဖြစ်ရွေးခဲ့တာ။ ပထမဘိုးဘားတွေ ဉာဏ်အလင်းရတဲ့ နေရာဖြစ်တဲ့အပြင် ဒီစည်းချိပ်ကို ပြန်ပြုပြင်ဖို့ ပြည်ထောင်စုအစိုးရမသိအောင် ငါတို့ ဒီနေရာကို လျှို့ဝှက်ထားတယ်။ တကယ်လို့ ဒီစည်းချိပ်ကနေ ချော်ရည်တွေထွက်လာရင် ဘယ်လိုအကျိုးဆက်တွေဖြစ်လာနိုင်တယ်ဆိုတာ နားလည်ကြတယ်မလား။ မေပယ်လ်သစ်ရွက်မြို့လိုမျိုး ကြီးမားတဲ့ မြို့ကြီးမှာတောင် လူသန်းတစ်ရာကျော်လောက် ချက်ချင်း မီးအိုင်ထဲ နစ်မြုပ်သွားကြရလိမ့်မယ်”
“ငါတို့ မိသားစုက ပြည်ထောင်စုအစိုးရမှာ ချမ်းသားတဲ့မိသားစုအဆင့်ကနေ၊ ထိပ်တန်းအဆင့်ကို ရယူနိုင်ခဲ့တာကြောင့် အစိုးရက ငါတို့ကို တိတ်တဆိတ်သဘောတူခဲ့တယ်။ ဘာလို့လဲသိလား။ ဟုတ်တယ်။ ငါတို့ ဘိုးဘေးတွေက လူသားတွေအတွက် ကြိုးကြိုးစားစားလုပ်ခဲ့ကြလို့ပဲလို့ သူတို့ ပြောခဲ့တယ်။ ဒီစကားက အရမ်းကျယ်ပြန့်လွန်းတယ်လို့ မင်းတို့မထင်ကြဘူးလား။ တရားဝင်ဝါဒဖြန့်တဲ့လေသံနဲ့မတူဘူးလား”
“ဒါပေမယ့် အဲ့တာက အမှန်တရားပါပဲ” ချူးဟောက်ယွဲ့ကပြောသည်။
“ချော်ရည်တွေ အလုံပိတ်နေတဲ့ နေရာလေးမှာ အခြားအရာတွေဖယ်ထားလိုက်ရင် သဘာဝလွန်စွမ်းအားတွေကို တီထွင်ခဲ့တဲ့ ငါတို့ ပထမဆုံးဘိုးဘေးအပါအဝင် ကျွမ်းကျင်သူနှစ်ယောက်က ဒီနေရာမှာ နှစ်ပေါင်းရာချီသက်တမ်းနေခဲ့ပြီး သေဆုံးသွားခဲ့ကြတယ်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူနှစ်ဆယ်ကျော်နဲ့ မရေမတွက်နိုင်လောက်အောင် များတဲ့ သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေက သူတို့ အသက်ကို ဒီနေရာမှာ ပေးဆပ်ခဲ့ကြတယ်”
“ငါတို့ မေပယ်လ်ရွက်မြို့မှာရှိတဲ့လူတွေအားလုံးရဲ့ လုံခြုံရေးအတွက် ငါတို့မိသားစုရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေက အပြင်လူတွေအတွက် မထင်မှတ်စရာပဲ။ မဟုတ်ရင် ငါတို့ မိသားစုက မေပယ်လ်မြို့မှာ အဲ့လိုထူးခြားတဲ့ အဆင့်အတန်းကို ဘယ်လိုလုပ်ရနိုင်မှာလဲ။ ငါတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်တစ်ခုအမြဲရှိတယ်”
ချူးဟောက်ယွဲ့၏ စကားများသည် သုံးယောက်သား၏ ရင်ဘက်ပေါ်မှ လေးလံသော တူကြီးတစ်ယောက်နှင့်တူသည်။ ဤစကားများသည် သူတို့နှင့် အလွန်ဝေးကွာ၍ ဤကိစ္စရပ်ကို ၎င်းတို့ ပထမဆုံးအကြိမ်ကြားသိကြရခြင်းဖြစ်သည်။ သို့သော် ဤလုပ်ငန်းစဥ်တွင် ချူးမိသားစု ဘိုးဘေးများ မည်မျှ ဆုံးပါးခဲ့ကြကြောင်း တွေးခြင်းမှ မရပ်တန့်နိုင်ကြပေ။ ဤနေရာတွင် ဘိုးဘေးမည်မျှ ကျရှုံးခဲ့သနည်း။
“နောက်လ မင်းတို့ ပြည်ထောင်စုတက္ကသိုလ်အတန်းတွေမစခင် မင်းတို့အားလုံးကို ဒီနေရာမှာ ကျင့်ကြံဖို့ ခွင့်ပြုတယ်။ ဒီမှာ ကျင့်ကြံတာက မင်းတို့ဘာသာကျင့်ကြံတာထက် အများကြီးသာပါတယ်။ အဲ့အပြင် မီးဝိဉာဥ်စွမ်းအင်က မင်းခန္ဓာကိုယ်ကို တက်ကြွစေတယ်။ အနာဂတ်မှာ မင်းတို့ရလာမယ့် အကျိုးကျေးဇူးတွေကို စိတ်ကူးယဥ်လို့တောင်ရမှာမဟုတ်ဘူး”