အခန်း (၃၆၁-၃၆၃)
Vol. 25 Ch. 361-363
အခန်း(၃၆၁) လုချင်းရွှမ်၏ တိမ်များကို မှောက်ကာ မိုးရွာသွန်းစေနိုင်သည့် နည်းလမ်းများ
ဤပုံစံကို ဆေးကုမ္ပဏီကြီးများက လက်ခံကျင့်သုံးလာကြသည်။ အများအားဖြင့် ပြင်ပမှ ဆေးပညာရှင်များသည် အလွန်ရေပန်းစားသော ဆေးများကို ဖော်စပ်ရန် တာဝန်ရှိကြသည်။
ဤနည်းအားဖြင့် ဆေးပညာရှင်များသည် အမှာစာများရရှိရုံသာမက၊ ၎င်းတို့၏အရည်အချင်းများကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် တဖြည်းဖြည်းတိုးတက်လာမည်ဖြစ်၍ လူ့အသိုင်းအဝိုင်း၏ ဆေးပညာစံနှုန်းများလည်း မြင့်တက်လာမည်ဖြစ်သည်။
တရားဝင်စာချုပ်တစ်ခုချုပ်ဆိုသောအခါ၊ တရားဝင်ဆေးပညာရှင်များအတွက် အကျိုးခံစားခွင့်များစွာနှင့် အခြေအနေများစွာကို ထောက်ပံ့ပေးရမည်ဖြစ်သောကြောင့် ထိုဆေးကုမ္ပဏီကြီးများအတွက်မူ ၎င်းတို့သည် ဆေးပညာရှင်အများအပြားကို ထောက်ပံ့နိုင်စွမ်းမရှိပေ။
ဤသည်မှာ ဆေးပညာရှင်များနှင့် ဆေးကုမ္ပဏီများအတွက် နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် အခြေအနေဖြစ်သည်။ ဆေးပညာရှင်များအတွက် ဆေးဖော်စပ်ခြင်း၏ အောင်မြင်နှုန်းသည် အလွန်မြင့်မားခြင်းမရှိသောကြောင့် ခပ်များများရကြလိမ့်မည်မဟုတ်ပေ။ တကယ်တမ်းတွင် ၎င်းတို့သည် ပိုက်ဆံပင် ဆုံးရှုံးသွားနိုင်ကြသည်။ သို့သော် အမှာစာမရှိကာ၊ ငွေမရှာနိုင်သည်ထက် ဤသည်ကပိုကောင်းသည်။
ဆေးကုမ္ပဏီကြီးများအတွက် ဆေးတစ်လုံးစီမှ အမြတ်ကို ကန့်သတ်ထားသဖြင့် အများစုကို ဆေးပညာရှင်များထံသို့ ပေးဆောင်ကြရသည်။ ဝယ်ယူရန် ပစ္စည်းများမှာ အမျိုးအစားစုံလင်သော်လည်း ပမာဏအလွန်များပြားလှသည်။
ဤသည်က ယခုခေတ်၌ လူကြိုက်အများဆုံးသော ပုံစံဖြစ်သည်။ ဆေးဖော်မြူလာ၏ အဓိကအချက်မှလွဲ၍ အခြားကျန်သမျှကို ဆေးပညာရှင်များဆေးဖော်စပ်နိုင်ရန် လူသိရှင်ကြားကြေညာပေးနိုင်၏။ ကုမ္ပဏီများသည် နောက်ဆုံ အရည်အသွေးစစ်ဆေးခြင်းအတွက်သာ တာဝန်ယူကြရမည်ဖြစ်သည်။
အခြေခံဆေးတချို့ကို ဆေးပညာရှင်တိုင်းမှ ဖော်စပ်ပေးနိုင်သည်။ မည်သူဖော်စပ်ပါစေ ယင်းတွင် တူညီသော အကျိုးရလဒ်ရှိပေလိမ့်မည်ဖြစ်သည်။
သို့သော် ထိုပမာဏသည် ထိုကြီးမားသောစျေးကွက်အတွက်လုံလောက်သော ပမာဏနှင့် ဝေးနေသေးသည်။ ဤသို့သော အခြေအနေတွင် ဆိုးရွားသော ကောလဟာလများထွက်ပေါ်လာသည်။ အချို့သောမီဒီယာများသည် ရှန်ဟဲဆေးကုမ္ပဏီအား၊ ဆေးလုံးဖော်မြူလာ၏ မူပိုင်ခွင့်ကို လူ့အဖွဲ့အစည်းထံသို့ လွှဲပြောင်းပေးရန် တောင်းဆိုလာကြသည်။ ဤသည်က လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို အကျိုးပြုနိုင်၏။
မှန်သည်။ ဤသည်က မဖြစ်နိုင်ကြောင်း လူတိုင်းသိကြသည်။ ထို့အပြင် လက်ရှိ ပြည်ထောင်စုအစိုးရသည်လည်း ထိုသို့သော လုပ်ရပ်များကို တွန်းအားမပေးပေ။ ဤသည်က ပြည်ထောင်စုအစိုးရနှင့်၊ လူသားမျိုးနွယ်တစ်ခုလုံးအတွက် အကျိုးအမြတ်ရနိုင်သော်လည်း တကယ့်လက်တွေ့တွင် ယင်းသည် ရေငတ်ပြေစေရန် အဆိပ်သောက်ခြင်းနှင့် ဆင်တူသည်။
ပြည်ထောင်စုအစိုးရသည် ဤသဘောတရားကိုနားလည်ခဲ့ကြသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ရှန်ဟဲကုမ္ပဏီကို ဖော်မြူလာလွှဲပြောင်းပေးရန် အတင်းအကြပ်ခိုင်းစေပါက၊ ၎င်းသည် လူ့အဖွဲ့အစည်းအတွက် နက်ရှိုင်းသော ဒဏ်ရာတစ်ခုဖြစ်လာမည်ဖြစ်ကာ၊ အနာဂတ်တွင် မည်သူမျှ ၎င်းတို့၏ ဆေးဖော်မြူလာများကို ကြေညာ၍ မူပိုင်ခွင့်များ မှတ်ပုံတင်ကြလိမ့်မည်မဟုတ်ပေ။
သို့သော် ရှန်ဟဲဆေးပညာအအတွက်မူပိုင်ခွင့်ကိုလွှဲပြောင်းပေးရန် ဆော်သြနေသော လူတစ်စုရှိသည်။ မှန်သည် လု့ချင်းရွှမ်သည် ၎င်းတို့ကို မညှာတာခဲ့ပေ။ ပေါ်လာသော ပညာရှင်များနှင့် ပရော်ဖက်ဆာဟု ခေါ်သော သူများကို တစ်ယောက်ပြီးတစ်ယောက်ထိုးနှက်ခဲ့သည်။ ဖော်မြူလာကို ပေးအပ်ရန် ဆော်သြနေရသည့်သူများကို ရှာဖွေဖော်ထုတ်ခဲ့သည်။
ဤလူ့အဖွဲ့အစည်းတွင် ငွေ့ရှိနေသရွေ့ ဖုံးကွယ်ထားနိုင်သော အရာ၊ ခပ်များများမရှိပေ။ ဤပညာရှင်နှင့် ပါမောက္ခများအားလုံးတွင် ညစ်ညမ်းသော လျှို့ဝှက်ချက်များစွာရှိကြသည်။ ၎င်းတို့သည် နှစ်ပေါင်းများစွာကြာသည်အထိ အခြားသူများထံမှ ပိုက်ဆံယူကာ၊ ညွှန်ကြားသည့်အတိုင်း လှုံ့ဆော်ခဲ့ကြသည်။
ကျွမ်းကျင်သူများနှင့် ပရော်ဖက်ဆာများစွာသည် လုချင်းရွှမ်ထံသို့ပင်ရောက်ရှိလာကာ၊ ရှန်ဟဲကုမ္ပဏီဘက်မှထောက်ခံပြောဆိုပေးရန် ငွေညှစ်၍ မောက်မာစွာ ပြောဆိုခဲ့ကြသည်။
သို့သော် လုချင်းရွှမ်သည် ထိုလူများကိုတွေ့သည်နှင့် အဆက်အသွယ်ဖြတ်ပစ်ခဲ့သည်။ ဤကျွမ်းကျင်သူများနှင့် ပါမောက္ခများသည် ပုံမှန်အားဖြင့် များစွာသော ငွေညှစ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူခြင်းကိစ္စများတွင် ပါဝင်ကြသည်။ လုချင်းရွှမ်ကဲ့သို့ အကျိုးအကြောင်းနားမလည်သော၊ ဤလောက၏ စည်းမျဥ်းများကို မလိုက်နာသောသူမျိုးကို တွေ့ကြုံရလိမ့်မည်ဟု ၎င်းတို့မမျှော်လင့်ထားကြပေ။
အကြိမ်အနည်းငယ်ထိပ်တိုက်တွေ့ပြီးနောက် လုချင်းရွှမ်၏ ကုမ္ပဏီသည် အဆင်ပြေခဲ့သည်။ ဤကျွမ်းကျင်သူများနှင့် ပါမောက္ခအများအပြားသည် ထောင်ထဲသို့ပိုခံခဲ့ကြရ၏။
ထိုမှသာ ကုမ္ပဏီကြီးများကို အန္တရာယ်ပြုပုံပေါက်သော ဤလူများသည် တကယ်တမ်းတွင် ပိုးမွှားများသာဖြစ်နေကြောင်း ၎င်းတို့ ယခုမှ အမှန်တကယ်နားလည်လာကြသည်။ ထိုကော်ပိုရေးရှင်းကြီးများသည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းရန် ဆန္ဒမရှိသောကြောင့် ၎င်းတို့ကို ဖယ်ရှားရန် ငွေအနည်းငယ်ပေးခဲ့သည်။ သို့သော် ၎င်းတို့သာ ထိုလူများကို ကိုင်တွယ်ဖြေရှင်းချင်လျှင် ဤသည်မှာ အလွန်လွယ်ကူသော ကိစ္စတစ်ခုဖြစ်သည်။ ၎င်းတို့၏ တိုက်ခိုက်မှုများ၊ အခွန်ရှောင်တိမ်းသည်ဟူသော သွားပုတ်လေလွင့်အတင်းစကားများ၊ အစရှိသဖြင့် ထိုအရာများအားလုံးသည် ရှန်ဟဲဆေးပညာကုမ္ပဏီအတွက် အဓိပ္ပါယ်မရှိပေ။
ရှန်ဆေးပညာကုမ္ပဏီသည် အခွန်ရှောင်ရန်မဆိုနှင့် ၎င်းတို့ အခွန်ရှောင်ခဲ့လျှင်ပင် ၎င်းတို့သည် မြို့တော်၏ အာဏာနှင့် ရရင်ဆိုင်ရလျှင် အလွန်နိမ့်ကျနေသေးသည်။ အရေးအကြီးဆုံးမှာ တည်ငြိမ်သမုဒ္ဒရာမြို့၏ မြို့တော်ကောင်စီသည် ရှန်ဟဲကုမ္ပဏီကို ကာကွယ်ရန်ပါဝင်လာခြင်းဖြစ်သည်။ မြို့ကောင်စီသည် အလွန်ရိုးရှင်းစွာတွေးထားခဲ့ခြင်းပင်ဖြစ်သည်။ ရှန်ဟဲကုမ္ပဏီသည် မကြာခင်တွင် မြို့တွင် ဧရာမဖွံ့ဖြိုးလာမည်ဖြစ်သဖြင့် မြို့တော်ကို မရေမတွက်နိုင်သော အကျိုးအမြတ်များပေးနိုင်လိမ့်မည်ဖြစ်သည်။
တစ်ချိန်တည်းတွင်ပင် ရှန်ဟဲ ဆေးကုမ္ပဏီ၏ တည်ရှိမှုသည် မြို့တော်၏ ယှဥ်ပြိုင်မှုကို မြင့်တက်စေသည်။ အကယ်၍ ဆေးဖော်မျူလာကို လူသိရှင်ကြား ဖော်ထုတ်လိုက်လျှင် လူသားမျိုးနွယ်တစ်ခုလုံးအတွက် အကျိုးရှိမည်မှာ သေချာသည်။ သို့သော် မည်သို့ အသုံးဝင်လိမ့်မည်နည်း။ အကျိုးရလဒ်များအားလုံးကို အခြားမြို့များသို့ပေးပစ်လိုက်ပါက၊ သူတို့အတွက် မည်သည့် အကျိုးအမြတ်ကျန်လိမ့်မည်နည်း။
ထို့အပြင် ရှန်ဟဲကုမ္ပဏီသည် ဖော်မြူလာကို ထိန်းချုပ်ထားလျှင် လူသားမျိုးနွယ်ကို အဘယ်ကြောင့် အကျိုးမပြုနိုင်မည်နည်း။
ဤသည်က မှားယွင်းနေသော အချက်တစ်ခုပင်ဖြစ်သည်။
ထို့ကြောင့် တည်ငြိမ်သမုဒ္ဒရာမြို့တော် ကောင်စီသည် လျင်မြန်စွာ ပေါ်ထွက်လာခဲ့သည်။ ပြည်ထောင်စုအစိုးရ အုပ်ချုပ်သည့် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အစိုးရမှ လူရှေ့ထွက်ပြလိုက်သည်နှင့် ထို သွားပုတ်လေလွင့်ပြောသောလူများသည် လူရွှင်တော်များကဲ့သို့ပင် မကြာမီတွင် လေထဲတွင် ကွယ်ပျောက်သွားကြလိမ့်မည်ဖြစ်သည်။
သို့သော် လုချင်းရွှမ်သည် ချက်ချင်းပင် ကျွမ်းကျင်သူများနှင့် ပါမောက္ခများသည် လူရွှင်တော်များသာဖြစ်ကြောင်း သဘောပေါက်ခဲ့သော်လည်း ၎င်းတို့နောက်တွင် မီးထဲသို့ လောင်စာထည့်နေကြသော ဆေးကုမ္ပဏီကြီးများရှိနေသည်။
နောက်ဆုံးတွင် ထိုသူများသည် ရှန်ဟဲကုမ္ပဏီ၏ ချီပြည့်ဝဆေးမှ စျေးကွက်ခိုးယူခြင်းခံထားရကာ၊ ရှန်ဟဲကုမ္ပဏီကြောင့် နှစ်စဥ်ကြီးမားသော ဆုံးရှုံးမှုများစွာကို ခံစားနေကြရသည်။ ထိုကြီးမားသော အမြတ်ငွေသည် ဆေးကုမ္ပဏီကြီးများပင် အလွန်အားကျမနာလိုစိတ်နှင့် သွေးဆောင်ခံရသောအရာဖြစ်သည်။ ထို့ကြောင့် ဤကိစ္စများအားလုံးသည် ဤသို့ဖြစ်လာခဲ့ရခြင်းဖြစ်၏။
လုချင်းရွှမ်က ချက်ချင်းပင်ဆုံးဖြတ်ချက်ချလိုက်သည်။ ရှန်ဟဲဆေးကုမ္ပဏီ၏ လက်ရှိ ထုတ်လုပ်မှုစွမ်းရည်ဖြင့် ဆေးပညာရှင်ရာဂဏန်းခန့်မှ စာချုပ်ချုပ်ဆိုထားကြသော်လည်း ဤပင်လယ်တမျှများပြားသော ဝယ်လိုအားကို အပြည့်အဝ မရောင်းနိုင်ပေ။ ထို့ကြောင့် သူမသည် ဆေးကုမ္ပဏီများစွာနှင့် ထောက်ပံ့ရေးနှင့် စျေးကွက်ချဲ့ထွင်ရေးစာချုပ်ကို ရိုးရှင်းစွာ ချုပ်ဆိုခဲ့သည်။ ဖော်မျူလာအကြောင်း လူများသိနှင့်ကြပြီးဖြစ်သဖြင့် ထိုကုမ္ပဏီများသည် ၎င်တို့ကို လျှို့ဝှက်မဖော်စပ်နေလောက်ဟု သူမမထင်ပေ။ ထို့ကြောင့် မည်သို့ပင်ဆိုစေကာမူ၊ ထိုကုမ္ပဏီများသည် ရှန်ဟဲဆေးပညာသို့ ဆေးများ ပြန်လည်ရောင်းချစေကာ၊ စျေးကွက်ကို ထိန်းချုပ်ထားနိုင်ခြင်းက ပို၍ကောင်းသည်။
ဤနည်းဖြင့် ရှန်ဟဲကုမ္ပဏီသည် ထိုသူများကို အကျိုးအမြတ်၏တစ်စိတ်တစ်ဒေသကို ပေးကမ်းခြင်းနှင့်ညီမျှကာ၊ ရှန်စဲဆေးပညာသည် မည်သည့်ဆုံးရှုံးမှုမျှရှိလိမ့်မည်မဟုတ်ပေ။ ထိုပမာဏသည် မူလက ၎င်းတို့ မပေးကမ်းနိုင်သည့်ပမာဏဖြစ်သော်လည်း၊ အခြားကုမ္ပဏီများဖြင့် ပူးပေါင်းဆောင်ရွက်ပြီးနောက် ရှန်ဟဲသည် ပို၍ပင် ဝင်ငွေရရှိခဲ့သည်။
အစပိုင်းတွင် ထိုဆေးကုမ္ပဏီကြီးများသည် လုချင်းရွှမ်၏ အတွေးကို ကြားသောအခါ အလွန် ဒေါသထွက်ခဲ့ကြသည်။ ၎င်းတို့သည် မည်သို့သော ကုမ္ပဏီမျိုးဖြစ်သနည်း။ ရှန်ဟဲဆေးပညာသည် အသစ်ပေါ်လာသောကုမ္ပဏီတစ်ခုမျှသာဖြစ်သည်။ ၎င်းတို့ အမှန်တကယ်ပင် ထိုသို့တောင်းဆိုရဲသည့် သတ္တိရှိကြသလား။ ယင်းသည် သေရန်တောင့်တနေခြင်းမဟုတ်သလော။
လုချင်းရွှမ်သည် ဆေးကုမ္ပဏီကြီးများအပြုအမူနှင့် အသားမကျသေးသော်လည်း သူမနောက်မဆုတ်ခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ၊ ဤကုမ္ပဏီကြီးများမှ လက်မခံခဲ့လျှင် အခြား ကုမ္ပဏီငယ်များက အားတက်သရော လုပ်ဆောင်ကြပေလိမ့်မည်ဖြစ်သည်။
စျေးကွက်အလွန်ကြီးမားလာသည်ကို မြင်သောအခါ၊ ၎င်းတို့သည် ရှန်ဟဲဆေးကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည်ပင် လျင်မြန်စွာ အကျိုးအမြတ်ရလာနိုင်ကြောင်း သိလာကြသည်။ ထို့အပြင် ၎င်းတို့သည် ရေရှည်ပူးပေါင်းရန် စာချုပ်ချုပ်ဆိုထားလျှင် အစပိုင်းတွင် နှေးကွေးသော ဝင်ငွေသည် နောက်ဆုံး၌ ၎င်းတို့၏ ရေရှည်ဝင်ငွေဖြစ်လာပေလိမ့်မည်ဖြစ်သည်။
အသေးစားနှင့် အလတ်စားဆေးကုမ္ပဏီများသည် ရှန်ဟဲကုမ္ပဏီဘက်သို့ ပြောင်းလဲရပ်တည်လာကြသည်ကို မြင်သောအခါ ဆေးကုမ္ပဏီကြီးများသည်လည်း လက်လျှော့ရန်မှတပါးအခြားရွေးချယ်စရာဟူ၍မရှိတော့ပေ။ မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့သည် ရှန်ဟဲဆေးပညာ၏ စျေးကွက်ရှယ်ရာများကို လုယူနိုင်လိမ့်မည်မဟုတ်ပေ။ အကယ်ဿ ၎င်းတို့ ဆေးထုတ်လုပ်ရေးစာချုပ်ချုပ်ဆိုချင်ပါက၊ ၎င်းသည် အလွန်များပြားသော ငွေပမာဏဖြစ်ပေလိမ့်မည်ဖြစ်သည်။
တစ်လခန့်အကြာတွင် လေပြင်းများသည် ပြောင်းလဲသွားသည်။
လုချင်းရွှမ်၏ နည်းလမ်းများသည် တိမ်များကို လှန်ကာ မိုးရွာစေနိုင်ခဲ့သည်။
အခန်း(၃၆၂) နောက်ဆုံးတွင် ပြည်ထောင်စုတက္ကသိုလ်သို့ ရောက်ရှိခြင်း
လုချင်းရွှမ်မှပေးပို့သောစာများစွာကိုဖတ်၍ အဖြစ်အပျက်များကို ခွဲခြမ်းစိတ်ဖြာပြီးနောက်၊ ချူးယွင်ဖန်းသည် လုချင်းရွှမ်၏ကောင်းကင်ဘုံကိုလှန်ပစ်သည့်နည်းလမ်းများကြောင့် ထိတ်လန့်သွားသည်။
ထိုတိုတောင်းသောလအတွင်းတွင်၊ လုချင်းရွှမ်သည် အရာများစွာ၊ တိုက်ခိုက်မှုများစွာနှင့် ထိုေဆးဝါးကုမ္မဏီကြီးများမှ ဖိအားများစွာကို ရင်ဆိုင်ခဲ့ရသည်။ လုချင်းရွှမ်သည် ဤဂိမ်းတွင် ခဏတာမျှသာ ပါဝင်ခဲ့သော်လည်း သူမသည် ဤတိုက်ခိုက်မှုအားလုံးကို ချေမှုန်းနိုင်ခဲ့သည်။
လုချင်းရွှမ်သည် ပြိုင်ပွဲကို အနိုင်ယူခဲ့သည်။
ချူးယွင်ဖန်းသည် လုချင်းရွှမ်၏ လုပ်ငန်းကျွမ်းကျင်မှုကို အံ့သြစွာဖြင့် သူ့လျှာသူ ကိုက်လိုက်မိသည်။ သူမ၏ ကျင့်ကြံရေးစွမ်းရည်သည် ပျမ်းမျှသာဖြစ်သော်လည်း၊ သူမစီးပွားရေးလုပ်ဆောင်နိုင်စွမ်းရည်သည် အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းလှသည်။
အချိန်တိုအတွင်းတွင်၊ လုချင်းရွှမ်သည် ဆေးပညာရှင်များစွာကို အလုပ်အပ်နိုင်ခဲ့ရာ၊ နောက်ဆုံးတွင်၊ ၎င်းတို့သည် အမြတ်အစွန်းတူညီစွာရရှိသဖြင့်၊ မြို့တော်ကောင်စီ၏ အထောက်အပံ့ကိုလည်းရခဲ့သည်။
တည်ငြိမ်သမုဒ္ဒရာမြို့သည် သြဇာခံမြို့တော်တစ်ခုသာဖြစ်သော်လည်း လူဦးရေ ဆယ်သန်းကျော်ရှိနေဆဲဖြစ်သည်။ ထိုသို့သောမြို့မှ အုပ်ချုပ်ရေးအင်အားသည် သံသယဖြစ်ဖွယ်မလိုအောင်ပင် ကြီးမား၏။ တည်ငြိမ်သမုဒ္ဒရာမြို့၏ မြို့တော်ကောင်စီသည် လုချင်းရွှမ်၏ မဟာမိတ်ဖြစ်လာပြီးနောက် ကုမ္ပဏီသည် ၎င်း၏ ကြိုးပမ်းမှုများတွင် အောင်မြင်လာကာ ကောင်စီ၏ ထိပ်တန်းအရာရှိများကို အတင်းအကျပ် ဖိအားပေးခြင်းဖြင့် ဆေးကုမ္ပဏီကြီးများ၏ လက်ဝါးကြီးအုပ်ရန် ကြိုးစားမှုကို တားဆီးနိုင်ခဲ့သည်။
ထို့အပြင် အမြတ်အစွန်းမျှဝေရန် အသေးစားနှင့် အလတ်စားဆေးကုမ္ပဏီများကို စုဖွဲ့လိုက်ခြင်းကြောင့် ကြီးမားသော ကုမ္ပဏီကြီးများ၏ ရှန်ဟဲကုမ္ပဏီကို ဆန့်ကျင်လိုသော အတွေးအခေါ်သည် လျင်မြန်စွာ ပြိုကွဲသွားသည်။ အခြေအနေသည် အခိုင်အမာဖြစ်ခဲ့ပြီဖြစ်သဖြင့် ဆေးကုမ္ပဏီကြီးများသည် လျှပ်စီး၏အလျင်ဖြင့် ၎င်းတို့၏ ဦးများကို ညွတ်လာကြသည်။
အနည်းဆုံး နှစ်ပေါင်းတစ်ရာကျော် သမိုင်းကြောင်းရှိသည့သည့် ကျော်ကြားသော ကုမ္ပဏီများသည် ရှန်ဟဲဆေးကုမ္ပဏီ၏ ဆောက်လုပ်ရေးလုပ်ကွက်များ ဖြစ်လာခဲ့သည်။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ယင်းသည် ရှန်ဟဲကုမ္ပဏီတွင်သာ မူတည်၏။
လုချင်းရွှမ်သည် သူမ၏ လှုပ်ရှားကွက်တိုင်းကို ကောင်းစွာ ကစားနိုင်ခဲ့သည်။ ထိုသို့သော စွမ်းအားကြီးသည့် စီအီးအိုတစ်ယောက်ဖြင့် ရှန်ဟဲကုမ္ပဏီသည် တစ်ဟုန်ထိုးတိုးတက်လာရန် မည်သို့ ခက်ခဲလိမ့်မည်နည်း။
လုချင်းရွှမ်သည် ဤအရာများအားလုံးကို အကောင်အထည်ဖော်ရန် ငွေအမြောက်အမြားသုံးစွဲခဲ့သည်မှာ သေချာသည်။ ချူးယွင်ဖန်းရင်းနှီးမြုပ်နှံထားသော သန်းငါးရာသည် အကုန်ကုန်သွားပြီဖြစ်သည်။ လုချင်းရွှမ် သည်လည်း ယခုလ၏ အကျိုးအမြတ်များကိုလည်း သုံးစွဲခဲ့ရသည်။ သူမသည် ကွန်ရက်ချိတ်ဆက်ခြင်း၊ ကြော်ငြာခြင်း၊ ကုန်ပစ္စည်းတည်ဆောက်ခြင်း၊ လမ်းဖောက်ခြင်းစသည်ဖြင့် အများအပြားသုံးစွဲခဲ့သည်။ လုချင်းရွှမ်၏ ပြောစကားအရ၊ အရင်းကြေရန်ပင် တစ်နှစ်ခွဲခန့် အနည်းဆုံးလိုအပ်လိမ့်မည်ဖြစ်သည်။
ကြီးမားသော ရောင်းဝယ်ရေးလမ်းကြောင်းများ၊ အဆက်အသွယ်များနှင့် ဂုဏ်သိက္ခာရှိသည့် ကုမ္ပဏီတစ်ခုရှိသည့် ပိုင်ဟုန်သာဖြစ်လျှင် ဤအရာများအားလုံးကွာခြားသွားပေလိမ့်မည်။
ဤသို့သော ကိစ္စများအတွက် သူစိတ်ပူနေရန် လိုအပ်လိမ့်မည်မဟုတ်ပေ။
တစ်ဖက်တွင် ရှန်ဟဲကုမ္ပဏီသည်မူ ဗလာကျောက်တုံးတစ်ခုဖြစ်သည်။ အစစအရာရာ အစမှ အဆုံးထိ လုပ်ဆောင်ကြရမည်ဖြစ်ရာ၊ ဤသည်မှာ မိမိကိုယ်တိုင် ရင်းနှီးရမည့် မြှုပ်နှံမှုတစ်ခုဖြစ်သည်။ ရှန်ဟဲကုမ္ပဏီသည် အရာများကို တစ်ဆင့်ပြီးတစ်ဆင့် ပြီးမြောက်ရန် အချိန်များစွာမရှိပေ။ အချိန်တိုအတွင်း၊ ၎င်းတို့၏ အခြေခံအုတ်မြစ်ကိုတည်ဆောက်ရန် ငွေအမြောက်အများအသုံးပြုကြရသည်။
ချူးယွင်ဖန်း သည် စိတ်မပူပါ။ ထိုသို့ဖြစ်ခြင်းတွင် အသုံးမဝင်ကြောင်း သူသိသည်။ ကုမ္ပဏီ တည်ထောင်ပြီးသည်နှင့် ၎င်းသည် ချူးယွင်ဖန်း အတွက် ကြီးမားသော အထောက်အပံ့ ဖြစ်လာမည်ဖြစ်သည်။ ကုမ္ပဏီက ဘယ်လောက်ပဲ သုံးစွဲခဲ့ပါစေ၊ ပမာဏ ဘယ်လောက်ပဲ ကြီးပါစေ ချူးယွင်ဖန်း က အရာအားလုံး ထိုက်တန်တယ်လို့ ခံစားမိပါတယ်။
သို့သော် ချူးယွင်ဖန်းသည် နောက်ထပ်ပြဿနာတစ်ခုကို သတိပြုမိသည်။ ထိုဆေးကုမ္မဏီကြီးများသည် ၎င်းတို့ကို လောဘကြီးစွာ ကြည့်နေကြသည်။ သမားရိုးကျနည်းလမ်းများဖြင့် အလုပ်မဖြစ်ပါက၊ ၎င်းတို့သည် ပို၍ပြင်းထန်သော နည်းလမ်းများကို အသုံးချနိုင်ဖွယ်ရှိသည်။ ဥပမာအားဖြင့် လုပ်ကြံသတ်ဖြတ်မှုများကို ကျူးလွန်လာနိုင်ကြသည်။
ဤအရာသည် သူတစ်ဦးတည်း အာရုံစိုက်ရမည့်ကိစ္စမဟုတ်ပေ။ ရှယ်ယာရှင်တစ်ဦးအနေဖြင့်၊ ကုမ္ပဏီ၏ လက်ရှိ စီအီးအိုဖြစ်သည့် လုချင်းရွှမ်သည်လည်း ၎င်းကို အာရုံစိုက်ရန်လိုသည်။ သက်တော်စောင့်အနည်းငယ်ခန့်ငှားထားလျှင် အကောင်းဆုံးဖြစ်ပေလိမ့်မည်ဖြစ်သည်။ မဟုတ်လျှင် အကျိုးရလဒ်များကို မှန်းဆ၍ပင်ရနိုင်မည်မဟုတ်ပေ။
လုချင်းရွှမ်၏ ကျင့်ကြံရေးအဆင့်သည် အလွန်နိမ့်ကျသည်။ သူမသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသည်။ ပိုင်ဟုန်သာဖြစ်လျှင် သူကိုယ်တိုင်သည် သိုင်းပညာရှင်ဖြစ်သဖြင့် ကိုယ်ရံတော်များ လိုအပ်လိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် ထိုကုမ္ပဏီကြီးများမှ လူများ၏ ကျင့်ဝတ်သိက္ခာနှင့် အောက်ခြေစိတ်ဓာတ်ကို လွန်ကဲစွာ တွက်ဆထားခြင်းမဟုတ်ပေ။
သူသည် လူတစ်ဦး၏ အဆိုးဆုံးပုံစံနှင့် ဖြစ်နိုင်ချေရှိသောအရာကို တွက်ဆရာတွင် လျှော့တွက်ခြင်းမရှိပေ။ ငါးတစ်ကောင်သည် သစ်ပင်တက်နိုင်သည်ဟု ယုံကြည်ခြင်းထက် မိမိ၏ ပင်ကိုယ်သိစိတ်ကို ယုံကြည်ခြင်းက ပို၍ကောင်းကြောင်း လက်တွေ့ဘဝတွင် အကြိမ်ပေါင်းများစွာ သက်သေပြခဲ့ပြီးဖြစ်သည်။
ချူးယွင်ဖန်းသည် သူ၏အမြင်များကို လုချင်းရွှမ်ထံသို့ မက်ဆေ့ချ်များပေးပို့ပြီးနောက် ခဏတာ စိတ်သက်သာရာရသွားသည်။ ဤလပြီးလျှင် လုချင်းရွှမ်အပေါ်သို့ ယုံကြည်မှုအပြည့်အဝထားနိုင်လိမ့်မည်ဖြစ်ကြောင်း သူသိသည်။ သူမအားကျောထောက်နောက်ခံပေးခြင်းဖြင့် လုချင်းရွှမ်၏ စီးပွားရေးနှင့် ပတ်သက်သော အရည်အချင်းများ လုံးလုံးလျားလျားပေါ်ထွက်လာသည်။ ယခင်က ကုမ္ပဏီငယ်လေးသည် သူမ၏ အရည်အချင်းအစစ်အမှန်ကို ပြသရန် အခွင့်အလမ်းမပေးထားခဲ့ပေ။
ယခုမူ ချူးယွင်ဖန်းသည် သူ၏ စွမ်းအင်အားလုံးကို လေ့ကျင့်ခြင်းသို့ စိတ်နှစ်ထားနိုင်ပြီဖြစ်သည်။
မေပယ်လ်ရွက်မြို့တော်မှ ထွက်ခွာသွားပြီးနောက် ချူးယွင်ဖန်းသည် အိမ်သို့ ပြန်လာခဲ့သည်။ သူ့မိသားစုနှင့် ရက်အနည်းငယ်ကြာ အတူတကွနေထိုင်ပြီးနောက်၊ ပြည်ထောင်စုတက္ကသိုလ်သို့ ထွက်လာခဲ့သည်။ အစောပိုင်းက ချူးယွင်ဖန်းတို့ မိသားစုနှင့်အတူ ညစာစားရန် အဘိုးမှ ဖိတ်ကြားခဲ့သော်လည်း ချူးယွင်ဖန်းက ၎င်းတို့ကို ငြင်းပယ်ခဲ့သည်။ သူသည် ထိုသူများကို မျက်နှာပင် ထပ်မကြည့်ချင်တော့ပေ။ အတိတ်နှင့်ပတ်သက်၍ မကောင်းသော ခံစားချက်မျိုး မရှိနေရန် ချူးယွင်ဖန်းအတွက်မဖြစ်နိုင်ပေ။ သူ့အဘိုး၏ လုပ်ရပ်ကို နားလည်နိုင်သော်လည်း မတူညီကွဲပြားစွာ ဆက်ဆံခံရသောသူသည် သူဖြစ်နေသဖြင့် ၎င်းတို့ကို လက်မခံနိုင်ခဲ့တော့ပေ။
သို့သော် သူ့အဖိုးနှင့် ကျန်သူများအားလုံးသည် ဘက်လိုက်ခဲ့ကြသော်လည်း သူ့ကို အမှန်တကယ်မထိခိုက်စေခဲ့ပေ။ ထို့ကြောင့် ချူးယွင်ဖန်းသည် ၎င်းတို့အပေါ်မည်သည့် နာကြည်းမှုကိုမျှ အငြှိုးအတေးထားမည်မဟုတ်ပေ။ ထိုသူများအားလုံးကို လျစ်လျူရှု့ထားရန်သာ သူတတ်နိုင်သည်။ ထို့အပြင် အချိန်သည် အရာခပ်သိမ်းကို ပျော့ပြောင်း မှေးမှိန်သွားစေနိုင်သည်ဖြစ်သည်။ သို့သော် ဤအချိန်မဟုတ်သည်မှာ ထင်ရှား၏။
ချူးယွင်ဖန်းသည် ညစာစားပွဲသို့မသွားခဲ့သော်လည်း သူ့မိဘများသည် ချူးချင်ရွှမ်ကိုခေါ်၍ သွားရောက်ကြသည်။ သူ့အမေယန်ယာယွင်သည် စိတ်အလှုပ်ရှားဆုံးပင်ဖြစ်သည်။ ဤနှစ်များတစ်လျှောက်လုံးတွင် သူမဒေါသကို မျိုသိပ်ထားခဲ့သည်။ အထူးသဖြင့် ချူးယွင်ဖန်း၏ အဒေါ် ယန်ဘင်းအပေါ်တွင်ဖြစ်၏။ ထိုအချိန်က ယန်ဘင်းသည် ချူးယွင်ရှင်းမှာ ချူးယွင်ရှင်းထက်သာလွန်သည်ဟူသော အချက်ကို အသုံးပြုကာ၊ ယန်ယာယွင်ကို ဖိနှိပ်ခဲ့သည်။
ယခုမူ၊ ချူးယွင်ဖန်းသည် ယန်ယာယွင်ဂုဏ်ယူနိုင်ရန် နောက်ဆုံးတွင်လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။ မူလက မိသားစုတွင်အကောင်းဆုံးဖြစ်သော ချူးယွင်ရှင်း သည် ချူးယွင်ဖန်း၏အနိုင်ယူခြင်းကိုခံခဲ့ရသည်။
ချူးယါင်ဖန်းသည် သူ၏ ဝမ်းကွဲအစ်ကိုကို အနိုင်ယူခဲ့စဥ်က ယန်ယာယွင်သည် မြင်ကွင်းအနီး၌ မရှိနေခဲ့ပေ။ သို့သော် သူမကြားသိပြီးသည့်နောက်၊ သူမနှလုံးသားထဲမှ ပျော်ရွှင်မှုကို ဖိနှိပ်မထားနိုင်တော့ပေ။
ချူးယွင်ဖန်းသည် ဤအရာကိုတွေးကာ၊ သူ့နှလုံးသားထဲတွင် နာကျင်မှုတစ်ခုကို ခံစားမိခဲ့သည်။ အတိတ်တွင် သူ့မိဘများ မည်မျှပင် ခံစားခဲ့စေကာမူ၊ သူတို့၏ ဆွေမျိုးများနှင့် သူငယ်ချင်းများရှေ့တွင် ခေါင်းမထောင်နိုင်ခဲ့ပေ။ သားဖြစ်သူတစ်ယောက်အနေဖြင့် သူသည် အမှန်တကယ်ပင် ကျရှုံးခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် အရာအားလုံးသည် ယခု ကွာခြားခဲ့ပြီဖြစ်၏။ ချူးယွင်ဖန်းသည် ယခုမူ သူတို့တစ်မိသားစုလုံး၏ ဂုဏ်ယူဖွယ်ဖြစ်လာခဲ့သည်။
လွန်းပျံယာဥ်သည် ကမ္ဘာနှစ်ခုကြားရှိ လမ်းကြောင်းကို ဖြတ်သန်းပြီးနောက်၊ ချူးယွင်ဖန်းသည် ခွန်းလွန်နယ်မြေသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။ နောက်ထပ်သုံးနာရီကြာပျံသန်းပြီးနောက် လွန်းပျံယာဥ်သည် လွင်ပြင်တစ်ခုပေါ်တွင်တည်ရှိသည့် ပြည်ထောင်စုတက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။
သင်တန်းပို့ချသူများ၊ ကျောင်းသားများနှင့် ဤနေရာတွင် အခြေချနေထိုင်ရန် စီစဥ်ထားသော အခြားသူများအပါအဝင် ပြည်ထောင်စုတက္ကသိုလ်တွင်ရှိသော ထောင်နှင့်ချီသည့် လူများကြောင့် ပြည်ထောင်စုတက္ကသိုလ်အနီးတစ်ဝိုက်တွင် အနည်းဆုံး လူသန်းနှင့်ချီ၍ နေထိုင်ကြသည်။ ထို့ကြောင့် ဤနေရာသည် တဖြည်းဖြည်းနှင့် ကြီးမားသော မြို့ကြီးတစ်ခုအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။ ဤမြို့၏အစွန်အဖျားတွင် တိမ်တိုက်များကြားထိတိုင် မြင့်များသော တံတိုင်းများရှိသည်။ အဝေးမှ တံတိုင်းကြီးတွင် လက်နက်မျိုးစုံတပ်ဆင်ထားရာ၊ အကြီးစား ခံတပ်မြို့တစ်ခုလည်းဖြစ်သည်။
ဤနေရာသည် မလွဲဧကန်ပင် ပြည်ထောင်စုတက္ကသိုလ်၏ ကင်းစခန်းများအနက်တစ်ခုဖြစ်သည်။ ၎င်းသည် ပြည်ထောင်စုတက္ကသိုလ်တစ်ခုလုံးတွင် အပြင်းထန်ဆုံးသော ခံတပ်များရှိသည့် နေရာများအနက်တစ်ခုဖြစ်၏။
ဤနေရာသည် တက္ကသိုလ်တစ်ခုဖြစ်သော်လည်း ဤနေရာ၌ ဝင်ခွင့်ရခဲံသော ကျောင်းသားများသည် အကောင်းတကာ့အကောင်းဆုံးကျောင်းသားများဖြစ်ကြသည်။ မရေမတွက်နိုင်သော ကျွမ်းကျင်သူများရှိရာ၊ အကြိုအဆင့်မှ မွေးဖွားခြင်းနယ်မြေအဆင့် ကျောင်းသားများပင်ရှိသည်။ နှစ်မျးတစ်လျှောက်၊ ဤနေရာသည် လူသားမျိုးနွယ်၏ ခုခံစစ်တစ်ခုဖြစ်သည့်အပြင်၊ ပြည်ထောင်စုတက္ကသိုလ်သည် မည်သည့်အချိန်တွင်မျှ မပြိုကွဲမကျဆုံးခဲ့ပေ။ ဤတံတိုင်းကြီးများသည် မွန်းစတားများစွာ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသော်လည်း တစ်ကြိမ်တစ်ခုမှ မပျက်စီးခဲ့ပေ။ ဤနေရာသည် လူသားမျိုးနွယ်၏ အထင်ကရနေရာတစ်ခုဖြစ်လာခဲ့သည်။
လွန်းပျံယာဥ်သည် မြို့တော် လေဆိပ်သို့ ဆင်းသက်လာခဲ့သည်။
ချူးယွင်ဖန်း နောက်ဆုံးတွင် ရောက်ရှိခဲ့ပြီဖြစ်၏။
အခန်း(၃၆၃) စာရင်းပေးသွင်းခြင်း
ချူးယွင်ဖန်းသည် လူများပြည့်ကြပ်နေသည့် လေဆိပ်ဧည့်ခန်းကို ဖြတ်လျှောက်သွားရာ၊ လမ်းတစ်ဝက်တွင် သူ့ရှေ့၌ လှပသော အသွင်သဏ္ဍာန်တစ်ခုကို မြင်လိုက်ရသည်။
“ချူးယွင်ဖန်း”
ချူးယွင်ဖန်းက အနီးကပ်ကြည့်လိုက်သည်။ ပိုင်လင်အာမှတပါး အခြားမည်သူဖြစ်နိုင်လိမ့်မည်နည်း။ သူမသည် အောက်အထိရှည်နေသော တီရှပ်တစ်ထည်နှင့် သူမ၏ သွယ်လျသော ခြေတံရှည်များကို ပေါ်လွင်စေသော ဘောင်းဘီရှည်ဝတ်ထားသည်။ ဦးခေါင်းထပ်မှ အပြာရောင်ဦးထုပ်သည်လည်း သူမကို အလွန် ပေါ့ပေါးကာ ဟစ်ဟော့ဆန်စေလျက်ရှိသည်။
ပိုင်လင်အာသည် လက်ထဲတွင် ခရီးဆောင်အိတ်အသေးတစ်လုံးကိုကိုင်ထား၍ ကာတွန်းကျောပိုးအိတ်ငယ်ကို သူမ၏နောက်ကျောတွင် လွယ်ထားသည်။
"သေစမ်း ငါဘာလို့ မင်းနဲ့တည့်တည့်တိုးရတာလဲ”ချူးယွင်ဖန်းသည် အနည်းငယ်ပြောစရာစကားပျောက်သွားသည်။
“ဘာလို့လဲ။ ရှင် ကျွန်မကို တွေ့ရတာ စိတ်မချမ်းသာဘူးလား။ အကြီးအကဲက ရှင် ကျွန်မကို ဂရုစိုက်ပေးဖို့ မှာထားလို့၊ ကျွန်မ ဒီမှာလာစောင့်နေတာ။ မဟုတ်ရင် ရှင်ဒီလို ‘တိုက်တိုက်ဆိုင်ဆိုင်’တွေ့လိမ့်မယ်လို့ ရှင်ထင်နေတာလား။ ရှင် ရုပ်သံ မှာ သရုပ်ဆောင်နေတယ်လို့ ရှင်ထင်နေတာလား” ပိုင်လင်အာက ပြောင်ပြောင်ဘွင်းဘွင်းပြောလိုက်ပြီးနောက် သူမ၏ ခရီးဆောင်အိတ်ကို ချူးယွင်ဖန်းထံသို့ ပေးလိုက်သည်။
“ရှင်အသုံးဝင်အောင်လို့ အခွင့်အရေးတစ်ခုပေးမယ်။ ကျွန်မ လက်ဆွဲအိတ်ကို ကူကိုင်ပေးပါ”
“မင်းငါ့ကို ငတုံးထင်နေတာလား” ချူးယွင်ဖန်းကပြောသည်။
“ချူးယွင်ဖန်း၊ ရှင်မကျေနပ်ဘူးလား။ ရှင်ကျွန်မကို ကူညီပေးချင်တဲ့လူတွေ ဘယ်လောက်ရှိလဲမသိပေမယ့်၊ သူတု့ိကို အခွင့်အရေးတောင်မပေးခဲ့ဘူး” ပိုင်လင်အာကပြောသည်။
“အဲ့တာဆို မင်ပြောတဲ့ အဲ့လူတွေကို ရှာလိုက်ပါ” ချူးယွင်ဖန်းက လှည့်ထွက်သွားသည်။ သူ၏ ပြည်ထောင်စုတက္ကသိုလ်ပထမနေ့တွင် အဘယ်ကြောင့် ပိုင်လင်အာနှင့် ထိပ်တိုက်တွေ့ရသနည်း။ မည်သို့ပင်ကြည့်စေကာမူ ယင်းသည် အဆင်မပြေပေ။
“ဟူး… ရှင့်မှာ ဒီလောက်တောင် အမျိုးသမီးတွေအပေါ် ညှာတာထောက်ထားတဲ့စိတ်မရှိဘူးလား” ပိုင်လင်အာသည် သူမ၏ ခရီးဆောင်အိတ်ကို ကောက်ယူကာ၊ ချူးယွင်ဖန်းနောက်သို့ ပြေးလိုက်လာသည်။ သူမသည် ငယ်ရွယ်သေးသော်လည်း မိန်းကလေးတစ်ယောက်ဖြစ်နေသေးသည်။ သို့သော် ခွန်းလွန်ခေတ် မိန်းကလေးများနှင့် မျက်မှောက်ခေတ်မိန်းကလေးများသည် မတူညီသော ခေတ်များမှ သတ္တဝါများဖြစ်ကြသည်။ ခွန်းလွန်ခေတ်မိန်းကလေးများသည် ကျင့်ကြံရေးအခြေခံအုတ်မြစ်များရှိကြသည့်အတွက် ပေါင်ဆယ်ဂဏန်းမှ ရာဂဏန်းအထိအလေးချိန်ရှိသော ပစ္စည်းများကို မယူခြင်းသည် လေထဲတွင် အရုပ်တစ်ရုပ်ကို ပစ်ဆော့ကစားသကဲ့သို့ပင် လွယ်ကူသည်။
ထို့အပြင် ပိုင်လင်အာသည် ချူးချင်ရွှမ်နှင့် အသက်အရွယ်တူညီသော်လည်း ချူးချင်ရွှမ်ထက် အရပ်မြင့်ရာ၊ အနည်းဆုံး ငါးပေငါးလက်မခန့်ရှိသဖြင့် နှစ်အနည်းငယ်အတွင်းတွင် ငါးပေခုနှစ်လက်မခန့်အထိရောက်ရန် ခက်ခဲလိမ့်မည်မဟုတ်ပေ။
ခွန်းလွန်လူမျိုးများသည် အရပ်အမြင့်ကြသည်။ မိန်းကလေးများသည် ယေဘုယျအားဖြင့် ငါးပေငါးလက်မထက် ပိုမြင့်ကာ၊ ယောက်ျားလေးများသည် ခြောက်ပေထက် ပိုမြင့်ကြ၏။
“အမျိုးသမီးတွေအပေါ် ညှာတာထောက်ထားတဲ့စိတ်ဆိုတာဘာလဲ။ ငါအဲ့တာကို စားလို့ရလား” ချူးယွင်ဖန်းက ပိုင်လင်အာကို ကြည့်ကာပြောသည်။
“ရှင် ဘာပြောတယ်… ထားပါတော့။ ရှင့်ဆီမှာ ဒီလိုသဘောထားမျိုးပဲရှိမယ်မှန်း ကျွန်မသိပါတယ်” ပိုင်လင်ကာက အော်ပြောလိုက်သည်။ ဤခရီးဆောင်အိတ်အသေးလေးသည် ပြဿနာမကြီးမားသောကြောင့် သူမတကယ်ဂရုမစိုက်ခဲ့ပေ။
“ဘာလို့ ခရီးဆောင်အိတ်မယူလာတာလဲ။ ရှင်ပို့ပြီးပြီလား” ပိုင်လင်အာကပြောသည်။ သူမနှင့်အတူ ခရီးဆောင်အိတ်အသေးလေးတစ်ခုသာယူလာခဲ့သည်။ မှန်သည် ယင်းမှာ သူမတွင် ရှိသမျှမဟုတ်ပေ။ သူမ၏ ကျန်သော ပစ္စည်းများကို သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှတစ်ဆင့် အဆောင်သို့ ပို့နှင့်ပြီးဖြစ်သည်။
“ဟူတ်တယ်” ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သော်လည်း ဤသည်မှာ အမှန်တရားမဟုတ်ပေ။ သူ၏ ခရီးဆောင်အိတ်သည် တောင်မြစ်ပန်းချီကားတွင် ရှိနေသောကြောင့် ပို့ဆောင်ရေးကုမ္ပဏီ၏ အကူအညီကို မလိုအပ်ပေ။
"ချူးယွင်ဖန်း၊ ကောလိပ်ကျောင်းဘဝက ဘယ်လိုဖြစ်မယ်ထင်လဲ။ ကျွန်မမှာ အတွေ့အကြုံမရှိဘူး”
"တိုက်ဆိုင်လိုက်တာ ငါ့မှာလည်း အတွေ့အကြုံမရှိဘူး။" ချူးယွင်ဖန်းက ချက်ချင်းပြန်ပြောလိုက်သည်။
"ကျွန်မမှာ အထက်တန်းကျောင်းအတွေ့အကြုံ မရှိဘူး။ ကျွန်မ ကျောင်းကို ရက်နည်းနည်းပဲတက်ခဲ့ဖူးတယ်။ အိမ်မှာပဲ အများဆုံး တက်ခဲ့တာ”
ချူးယွင်ဖန်းသည် ပိုင်လင်အာ၏ တက်ကြွနေသော အမူအရာသည် ရုတ်တရက် မှိန်ဖျော့သွားသည်ကို မြင်လိုက်ရသည်။ ပိုင်လင်အာ၏ ပါရမီရှင် မိန်းကလေးတစ်ယောက်၏ဘဝသည် အနစ်နာခံခြင်းမရှိက၊ မရနိုင်ပေ။
ပိုင်လင်အာသည် ငယ်စဥ်တည်းက အိမ်ကျူရှင်တက်ခဲ့ကြောင်း သူ့အားပြောပြခဲ့ဖူးသည်။ သူမသည် ကျောင်းတွင် အချိန်များစွာ မကုန်ဆုံးခဲ့ရသောကြောင့် သူငယ်ချင်းအလွန်နည်းပါးကာ၊ မကြာခဏ တစ်ယောက်တည်းနေခဲ့ရသည်။
“ကောင်းပြီ၊ မင်းရဲ့ အကြီးအကဲက မင်းအတွက် အားလုံးစီစဥ်ပေးထားသားပဲ။ စိတ်မပူပါနဲ့။ အစီအစဥ်အတိုင်းလိုက်လုပ်ပါ” ချူးယွင်ဖန်းကပြောသည်။ “ကောလိပ်က မင်းထင်သလောက် ကြောက်ဖို့ မကောင်းပါဘူး။ လူတိုင်းက သက်တူရွယ်တူတွေပဲဆိုတော့ ပြဿနာမရှိလောက်ပါဘူး”
“ရှင်ပြောတာမှန်တယ်။” ပိုင်လင်အာက ခေါင်းညိတ်ကာ၊ တောက်ပစွာပြုံးလိုက်သည်။ သူမသည် အထူးဝင်ခွင့်ရသူဖြစ်၍ အခြားကျောင်းသာများထက် အသက်အနည်းငယ်ငယ်သော်လည်း အမှန်တကယ်တွင်ကွာခြားချက်မရှိပေ။
ဤအပိုင်းအပြီးတွင် ချူးယွင်ဖန်းသည် သူ့အနောက်သို့ တစ်ယောက်ယောက်လိုက်နေခြင်းကို စိတ်ထဲမထားတော့ပေ။
လေဆိပ်မှ ထွက်ခွာသွားပြီးနောက် ချူးယွင်ဖန်းနင့် ပိုင်လင်အာတို့သည် ကျောင်းသားအုပ်စုများထဲသို့ လမ်းလျှောက်သွားလိုက်ကြသည်။ မတူညီသော ဌာနများမှ သက်ဆိုင်ရာ ကြီးမားသော ဆိုင်းဘုတ်ကြီးများကို ချိတ်ဆွဲထားကြသည်။
ကံကောင်းထောက်မစွာဖြင့် ဆေးဇာနသည် သေးငယ်သော ဌာနတစ်ခုမဟုတ်ပေ။ ခဏအကြာတွင် ၎င်းတို့နှစ်ဦးသည် ၎င်းတို့နှင့် တွေ့ရန် ညွှန်ကြားထားသူနှင့် တွေ့ကြသည်။ သူမသည် ဒုတိယနှစ်ကျောင်းသူဖြစ်ကာ၊ သာမန်ပုံပေါ်သော်လည်း အလွန် အရပ်ရှည်ကာ၊ ဆွဲဆောင်မှုရှိသည်။
သူမ၏ ကျင့်ကြံရေးအဆင့်သည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာရှိသောကြောင့် သူမသည် စာပေအနုပညာ ကျောင်းသူတစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။ သို့သော် စာပေအနုပညာ ကျောင်းသားများကြားတွင်၊ သူမသည် ထိုအရာများကို အများအားဖြင့် ဂရုမစိုက်သောကြောင့် သူမကို အဆင့်အတန်းမြင့်သူဟု သတ်မှတ်ထား၏။
“ကျောင်းသားသစ်နှစ်ယောက်လား" ဒုတိယနှစ်ကျောင်းသူလေးသည် ချူးယွင်ဖန်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပိုင်လင်အာကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် အကုန်အဆင်ပြေသော်လည်း ပိုင်လင်အာသည် အရပ်ရှည်သည့်တိုင် ကလေးဆန်သောမျက်နှာကိုမူ ဖုံးကွယ်ထား၍ မရချေ။
“ဟုတ်တယ်၊ ဟုတ်တယ်။ ကျွန်တော်က ဒီနှစ် သိုင်းပညာတန်းကျောင်းသားပါ။ သူက အထူးဝင်ခွင့်ရကျောင်းသူမို့ နည်းနည်းငယ်သေးတယ်”
ချူးယွင်ဖန်းက ဤစီနီယာသည် သူသံသယရှိနေကြောင်းသတိထားမိသဖြင့် ပြောလိုက်သည်။
ဤသည်ကို ကြားပြီးနောက် ဒုတိယနှစ်ကျောင်းသူသည် ပိုင်လင်အာကို မထင်မသေးတော့ပေ။ သူတု့ိအား အလေးအနက်ထား၍ ကြည့်လာကြသည်။
ဤဒုတိယနှစ်ကျောင်းသူသည် စာပေပညာကျောင်းသူဖြစ်သည်။ သိပ္ပံနှင့် သိုင်းပညာသည် ယနေ့ခေတ်၌ အရေးကြီးသော ဘာသာရပ်များဖြစ်ကြသော်လည်း သူမသည် ကွဲပြားခြားနားချက်ကို သိသည်။ သိုင်းပညာတန်းသို့ ဝင်ခွင့်ရသော ကျောင်းသားများသည် ကြောက်မက်ဖွယ်ကောင်းသည်။ ၎င်းတို့သည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရန် စာပေပညာကျောင်းသားများထက် ပို၍ခက်ခဲခဲ့သည်။
စာပေပညာကျောင်းသားများသည် စာသင်ခန်းအတွင်း၌ မေးခွန်းများကို ဖြေရန်သာလိုအပ်သော်လည်း နှိုင်းယှဥ်ကြည့်လျှင် သိုင်းပညာကျောင်းသားများသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ရန် ရှင်ခြင်းနှင့် သေခြင်းအကြား တိုက်ခိုက်ခဲ့ရသည်။
ဤသည်မှာ ပုံမှန်မျှသာဖြစ်သည်။ တကယ်တမ်းတွင် နှစ်စဥ်နှစ်တိုင်း ပြည်ထောင်စုတက္ကသိုလ်သို့ဝင်ခွင့်ရရန် သိုင်းပညာကျောင်းသားများ တန်းစီနေကြသည်။ ဒုတိယနှစ်ကျောင်းသူအား အမှန်တကယ်သုန်လှုပ်စေခဲ့သူမှာ ပိုင်လင်အာသာဖြစ်သည်။ သူမသည် ဆယ်ကျော်သက်လေးတစ်ယောက်သာဖြစ်သော်လည်း ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရခဲ့ရသည်။ ဤသည်ကသာ အမှတ်တကယ် သာမန်ထက် လွန်ကဲနေသော အရာဖြစ်၏။
ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရန်အလွန်ခက်ခဲ၏။ နှစ်စဥ်နှစ်တိုင်း ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရသော ကျောင်းသားများ ရာထောင်ချီရှိသော်လည်း အထူး ဝင်ခွင့်သည်မူ ဤလူရာကျော်ခန့်ကိုသာ ပေးအပ်ခြင်းဖြစ်သည်။ ထို့ကြောင့် ဤအရာ၏ အချိုးကို ခွဲခြားသိရှိနိုင်၏။
အထူးဝင်ခွင့်ရသော ကျောင်းသားများအားလုံးသည် အလွန်အမင်းအရည်အချင်းရှိခြင်းသို့မဟုတ်၊ အလွန်အမင်း စွမ်းအားကြီးသော ကျောထောက်နောက်ခံရှိခြင်းကြောင့်ဖြစ်သည်။ ဖြစ်နိုင်ချေအရှိဆုံးအရာမှာ ၎င်းတို့တွင် အံ့ဖွယ်အရည်အချင်းနှင့် အံ့ဖွယ်နောက်ခံနှစ်မျိုးလုံး ရှိခြင်းကြောင့်လည်းဖြစ်နိုင်၏။
၎င်းတို့တွင် ကျော်ထော်ကနောက်ခံမရှိလျှင်ပင် ထိုလူများသည် ထိပ်တန်းဆရာများ၏ ရွေးချယ်ခြင်းခံထားရသူများဖြစ်သည်။ ဤနည်းဖြင့် ၎င်းတို့တွင် ကျောထောက်နောက်ခံမရှိလျှင်ပင် ကြီးမားသော နောက်ခံတစ်ခုရှိ၏။
ထို့ကြောင့် အထူးဝင်ခွင့်ရသော ကျောင်းသားများသည် ပုံမှန်အားဖြင့် ရန်မစသင့်သည့် ကျောင်းသားများပင်ဖြစ်သည်။
“ငါသိပြီ။ ပြည်ထောင်စုတက္ကသိုလ်က ကြိုဆိုပါတယ်။ ငါက မင်းတို့ရဲ့ ဒုတိယနှစ်စီနီယာပါ။ ငါ့နာမည်က ကျန်းယန်။ နောင်မှာ ပြဿနာတစ်ခုခုရှိရင် ငါ့ကို အကြောင်းကြားလို့ရတယ်”