← Chapters

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း(၃၆၄) ဆရာများအတွက် ပြိုင်ပွဲ စတင်ခြင်း

ဆေးကျောင်းသားတစ်စု အလွန်လျင်မြန်စွာ စုစည်းပြီးနောက် ကျောင်းဘက်စ်ကား စတင်ထွက်ခွာခဲ့သည်။ ဤဖြစ်စဥ်အတွင်းတွင် ကျောင်းကားပေါ်မှ ကျောင်းသားများသည် ပိုင်လင်အာ၏အလှကြောင့် စတင် စကားစမြည်ပြောလာကြသည်။

အရပ်ဘက်မှဖြစ်စေ၊ တပ်မတော်မှဖြစ်စေ၊ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရသူများသည် အကောင်းတကာ့အကောင်းဆုံးသူများဖြစ်ကြသည်။ ဤခေတ်မီလူ့အဖွဲ့အစည်းသည် လူမှုရေးအရ အဆင်မပြေသော နိုင်ငံသားများကို မမွေးထုတ်ပေးပေ။ ထို့ကြောင့် ရုပ်ရည်မလှပသည်ဖြစ်စေ၊ လှသည်ဖြစ်စေ၊ ယောက်ျားလေးတိုင်းသည် မိမိကိုယ်မိမိယုံကြည်မှု ပြင်းပျကြသည်။ ၎င်းတို့၏ ကျောင်းများတွင် အကောင်းတကာ့အကောင်းဆုံးကျောင်းသားများဖြစ်ကြသဖြင့် ပိုင်လင်အာထံသို့လမ်းလျှောက်လာကာ၊ စကားစပြောဝံ့ကြသည်။

သို့သော် ပိုင်လင်အာအတွက်မူ ၎င်းတို့သည် သိသာထင်ရှားစွာပင် မလုံလောက်ပေ။ ဤယောကျ်ားလေးများသည် ထက်မြက်ကြသော်လည်း ပိုင်လင်အာ၏သဘောထားမှာ သိသာသဖြင့် ၎င်းတု့ိက ဆက်လက်မနှောက်ယှက်ကြတော့ပေ။ အကယ်၍ သူမကို ဆက်လက်နှောက်ယှက်ပါက သူမထံမှ မကောင်းမြင်ခြင်းကိုသာ ခံရမည်ကို ၎င်းတို့သိကြသည်။

ပိုင်လင်အာနှင့် ချူးယွင်ဖန်းတို့သည် လမ်းတစ်လျှောက်လုံး မည်သည့်စကားမျှမပြောကြပေ။ နောက်ဆုံးတွင် ၎င်းတို့သည် တက္ကသိုလ်နယ်မြေသို့ ရောက်သွားကြသည်။ ခေတ်မီလူ့အဖွဲ့အစည်း၏ ကျောင်းများသဘ် ကြီးမားလှသော်လည်း ပြည်ထောင်စုတက္ကသိုလ်အား ဝန်းရံထားသည့်မြို့နှင့် နှိုင်းယှဥ်ပါက ၎င်းတို့သည် မြေပဲနှင့်တူသည်။

မတူညီသော ဌာနများစွာသည် နေရာအနှံ့တည်ရှိနေရာ၊ ကျယ်ပြောသော နယ်မြေတစ်ခုလုံး ပြည့်သိပ်နေသည်။ စာရင်းပေးသွင်းပြီးနောက် ချူးယွင်ဖန်းသည် သူ့အဆောင်ရှိရာသို့သွား၍ ပိုင်လင်အာနှင့် ခွဲခွာခဲ့သည်။

တက္ကသိုလ်နယ်မြေ မည်မျှကြီးမားသည်ကို ကြည့်ခြင်းအားဖြင့် ကျောင်းသားတစ်ဦးစီသည် ၎င်းတို့ကိုယ်ပိုင်အိမ်ရာကို ရရှိကြရာ၊ ဤကျယ်ပြောသော ပြည်ထောင်စုတက္ကသိုလ်၏ လေထုသည်ပင် သက်သေဖြစ်သည်။ အခြားထိပ်တိုင်းတက္ကသိုလ်များသည် လူအနည်းငယ်ခွဲ၍ ပူးတွဲနေထိုင်ရန် တိုက်ခန်းတစ်ခန်းသာ ချပေးနိုင်သည်။ ၎င်းသည်ပင် အလွန် စေတနာရှိလှပြီဟု ယူဆ၍ ရ၏။

ခေတ်မီလူ့အဖွဲ့အစည်း၏ နည်းပညာသည် အမြဲတစေတိုးတက်လာသော်လည်း လက်တွေ့တွင် လူသားမျိုးနွယ်ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်သည် အလွန်ဆိုးရွားသည်။ ကမ္ဘာ၏ နေရာအများစုကို မွန်းစတားများက သိမ်းပိုက်ထားသဖြင့် မြေစျေးသည် အဆက်မပြတ် မြင့်တက်လာခဲ့သည်။

တိုက်ခန်းများစွာ ဆောက်ရသည့်အကြောင်းအရင်းမှာ ပြည်ထောင်စုတက္ကသိုလ်ကျောင်းအုပ်မှ ဆုံးဖြတ်ချက်ချခဲ့သောကြောင့်ဖြစ်သည်။ သူ၏ စကားများအရ၊ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရသော ကျောင်းသားများသည် ပြည်ထောင်စု၏ အနာဂတ် လက်ရွေးစင်များဖြစ်ကြသည်။ ၎င်းတို့သည် လက်ရွေးစင်များဖြစ်ကြဖြင့် ထိုသို့ ဆက်ဆံသင့်သည်။ အထူးသဖြင့် သိုင်းပညာတန်းမှ ကျောင်းသားများသည် လေ့ကျင့်ရန် ကိုယ်ပိုင်နေရာလိုအပ်သဖြင့်ပင်ဖြစ်သည်။

ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်သည် အလွန်ရက်ရောမှုရှိကြောင်းကို ညွှန်ပြနေခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် အိမ်ရာဧရိယာသို့ ရောက်သောအခါ ကျောင်းသားအများအပြား ပြောင်းရွှေ့နေထိုင်နေကြပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သူအား ချမှတ်ပေးထားသည့် အိမ်ရာသို့ရောက်သောအခါ သူ့မျက်လုံးအိမ်များ၊ လက်ဖွေများကို စကန်ဖတ်ကာ၊ အချက်အလက်များကို ရေးပေးရသည်။ ထို့နောက် ဤသုံးထပ်အိမ်ရာကို သူ့အပိုင်ဟု ယူဆနိုင်ပြီဖြစ်သည်။ ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်တွင် နောက်ထပ်လေးနှစ်ကြာနေထိုင်ရမည့် သူ့နေရပ်ဖြစ်လာမည်ဖြစ်သည်။

သူ၏ ခရီးဆောင်အိတ်ကို တောင်မြစ်ပန်းချီကားမှ ထုတ်ယူပြီးနောက် ချူးယွင်ဖန်းသည် မက်ဆေ့ချ်တစ်စောင် လက်ခံရရှိခဲ့သည်။ မနက်ဖြန် မနက်ကိုးနာရီတွင် ဆရာများအတွက် ပြိုင်ပွဲ၌ ပါဝင်ယှဥ်ပြိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ သို့သော် ဤပြိုင်ပွဲသည် ပုံရိပ်ယောင် နက်ဝေါ့တွင်သာ ကျင်းပမည်ဖြစ်၍ လက်တွေ့ကမ္ဘာတွင် ကျင်းပမည်မဟုတ်ပေ။ ဤပြိုင်ပွဲတွင် ကျောင်းသားထောင်ပေါင်းများစွာ ပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်သဖြင့် လက်တွေ့လောကတွင်သာဖြစ်ပျက်ပါက၊ အလွန် အလုပ်များရပေလိမ့်မည်ဖြစ်၏။

တက္ကသိုလ်သည် သုံးရက်အတွင်းတရားဝင်အတန်းများ စတင်ပို့ချမည်ဖြစ်ရာ၊ ကျောင်းသားတစ်ဦးစီအတွက် ဆရာများကို အတည်ပြုပြီးမှသာ အတန်းစတင်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် တန်စီယုနှင့် ဂေါင်ဟုန်ချီတို့ကို ဆက်သွယ်ရန် အလျင်မလိုနေခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ၊ ပြန်ဆုံကြမည်မှာ သေချာနေသဖြင့် အခွင့်အရေးကို အခွင့်ကောင်းယူကာ၊ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့ တက်လှမ်းနိုင်ရန် စီစဥ်ထားသည်။ သူဤသို့သာ လုပ်နိုင်ပါက ပြိုင်ပွဲတွင် အနိုင်ရရန် ရာနှုန်းပြည့်သေချာ၏။

တိတ်ဆိတ်သော ညတစ်ညကုန်ဆုံးသွားပြီးနောက် ချူးယွင်ဖန်းသည် အဆင့် မကျော်ဖြတ်နိုင်ခဲ့သော်လည်း စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။

နောက်နေ့မနက်စောစောတွင် ချူးယွင်ဖန်းသည် အိမ်ရာတွင် ထောက်ပံ့ပေးထားသည့် စက်မှတစ်ဆင့် ပုံရိပ်ယောင် နက်ဝေါ့ သို့ ချိတ်ဆက်လိုက်သည်။ ၎င်းသည် ကွန်ရက်ထဲသို့ ပထမဆုံးအကြိမ်ဝင်ရောက်ခြင်းဖြစ်သဖြင့် အဦးဆုံးအနေဖြင့် အပ်ဒိတ်လုပ်ရန် လိုအပ်သည်။ သူ၏ နောက်‌ဆုံးအခြေအနေကို ပုံရိပ်ယောင် နက်ဝေါ့ တွင် မွမ်းမံပြီးနောက်၊ ကြီးမားသော နေရာတစ်နေရာသို့ ပို့ဆောင်ခြင်းခံလိုက်ရ၏။

ထောင်ပေါင်းများစွာသော လူများစုဝေးနေနိုင်သည့် နေရာသည် စိတ်ကူးယဥ်နိုင်သည်ထက် များစွာသာလွန်ကာ၊ သုန်လှုပ်ဖွယ်ကောင်းလှသည်။ ထိုနေရာသည် ပြည့်ကြပ်ကော၊ လူပင်လယ်ကြီးကိုသာမြင်နေရ၏။

မကြာမီတွင် ချူးယွင်ဖန်းသည် တန်စီယုနှင့်ဂေါင်ဟုန်ချီထံမှ မက်ဆေ့ချ်တစ်စောင် လက်ခံရရှိခဲ့သဖြင့် ချက်ချင်းပင် ၎င်းတို့ဘက်သို့ နေရာကူးပြောင်းခံလိုက်ရသည်။ တစ်လကျော်ကြာပြီးနောက်တွင် သူတို့နှစ်ဦးသည် လွန်စွာပြောင်းလဲလာခဲ့ကြသည်။

ဂေါင်ဟုန်ချီ၏ ကိုယ်ရောင်ကိုယ်ဝါသည် ပို၍ တည်ငြိမ်လာသည်။ သူသည် စွမ်းအင်သန့်စင်ခြင်း ဆဠမအဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ၊ ဤနှစ်လအတွင်းတွင် များစွာတိုးတက်လာခဲ့သော်လည်း သူနှင့် ချူးယွင်ဖန်းအကြားရှိ ကွာဟချက်သည် ယခင်ကထက် ပိုမိုကြီးမားလာသည်။

“သေစမ်း၊ မင်း ဘယ်လောက်တောင် စွမ်းအားကြီးလာတာလဲ” ဂေါင်ဟုန်ချီက ယုံကြည်မှုအပြည့်အဝရှိခဲ့သည်။ ဤနှစ်လအတွင်းတွင် အလွန်အမင်းတိုးတက်လာခဲ့သော်လည်း သူသည် ချူးယွင်ဖန်းနှင့် မယှဥ်နိုင်သေးကြောင်း သူသိသည်။ ချူးယွင်ဖန်းထံမှ ဓားချက်တစ်ချက်ကိုပင် မခံနိုင်လောက်မည်ကိုစိုးရိမ်ရ၏။

ဂေါင်ဟုန်ချီသည် အချို့သူများသည် သူတပါးကို တိုက်ခိုက်ရန်သာ မွေးဖွားလာခဲ့ကြသည်ဟု စိတ်ပျက်စွာ ဝန်ခံလိုက်ရသည်။

ထိုအချိန်တွင် ချူးယွင်ဖန်းသည် တန်စီယုကို ကြည့်လျက်ရှိသည်။ တန်စီယု၏ တိုးတက်မှုသည် ပို၍ပင်ကြီးမားလာသည်။ သူမသည် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်သို့ တက်လှမ်းခဲ့ကာ၊ ဤအဆင့်တက်နှုန်းသည် အလွန်အံ့သြဖွယ်ကောင်းလှ၏။

“ကဲ၊ အဲ့ကောင်အကြောင်းမေ့ထားလိုက်ရအောင်၊ စီယု နင်ဘာကစားနေတာလဲ” ဂေါင်ဟုန်ချီက တည့်တိုးမေးလိုက်သည်။

“ငါနင်တို့ကို ပြောတော့မလို့ပဲ။ ငါဒီကို လုပ်ငန်းစဥ်အတိုင်းလုပ်ဖို့ ရောက်နေတာ။ ငါ့မှာ ဆရာတစ်ယောက်ရှိနေပြီ။ ရလဒ်က ဘာပဲဖြစ်ဖြစ်ဆုံးဖြတ်ပြီးသားပါ” တန်စီယုသည် သိသာထင်ရှားစွာပင် ပျော်ရွှင်မနေခဲ့ပေ။

“ဆရာကို နင့်မိသားစုကရွေးပေးထာလား ဒါမှမဟုတ်၊ ကျန်းမိသားစုကများလား” ချူးယွင်ဖန်းက မေးသည်။

“သူက ငါ့ ဝမ်းကွဲတွေထဲက တစ်ယောက်ပါ။ မွေးဖွားခြင်းနယ်မြေအဆင့်ကျင့်ကြံသူပဲ။ သူကအခု ပြည်ထောင်စုတက္ကသိုလ်မှာ သင်တန်းပေးနေတာ။ အရင် နှစ်လလောက်သုန်းက ငါ့ကို အထူးလေ့ကျင့်ရေးဆင်းပေးခဲ့တယ်” တန်စီယုကပေါ့ပါးစွာပြောသည်။

ချူးယွင်ဖန်းနှင့် ဂေါင်ဟုန်ချီက ချက်ချင်းပင်နားလည်သွားသည်။ တန်စီယု ဤသို့ သိသာထင်ရှားသော တိုးတက်မှုများလုပ်ဆောင်နိုင်သည်မှာ အံ့သြဖွယ်မဟုတ်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးမှ သူမကို ကိုယ်တိုင်ကိုယ်ကျလမ်းညွှန်သင်ကြားပေးခဲ့သည်ဖြစ်ရာ၊ သူမ၏ တိုးတက်မှုသည် မကြီးမားနေသည်ကသာ ထူးဆန်းနေပေလိမ့်မည်။

မွေးဖွားခြင်းနယ်မြေအဆင့် ဆရာသည် ပြည်ထောင်စုတက္ကသိုလ်တွင် အကောင်းဆုံးဆရာတစ်ဦးဖြစ်သည်။ ထို့အပြင် တန်မိသားစုသည် ၎င်းတို့၏ အရင်းအမြစ်များအားလုံးကို တန်စီယုပေါ်တွင် ပုံအပ်ထားသည့်အတွက် လျင်မြန်စွာတိုးတက်လာခြင်းသည် သူမအတွက်ပုံမှန်သာဖြစ်သည်။

ယခင်က တန်စီယုသည် သူမ၏ ကြိုးစားအားထုတ်မှုကြောင့် ဤအဆင့်သို့ရောက်ရှိနိုင်ခဲ့သည်။ ယခုမူ သူ့မိသားစု၏ အကူအညီဖြင့် သူမသည် အတောင်ပါသော ကျားတစ်ကောင်ကဲ့သို့ပင် အလျင်အမြန်တိုးတက်လာခဲ့၏။

“မင်းတို့နှစ်ယောက်မှာ ခိုင်မာတဲ့ ကျောထောက်နောက်ခံမိသားစုရှိတယ်လို့ ပြောပြနေတာလား” ဂေါင်ဟုန်ချီက မှုန်သုန်ကာပြောသည်။

“ငါက ကမ္ဘာပေါ်မှာ အချမ်းသာဆုံးကလေးလို့ ထင်ခဲ့တာ။ အခုတော့ မင်းတို့နဲ့ယှဥ်ရင် ငါက ချီးလို့ခံစားနေရပြီကွ”

‘လူတိုင်းက သူတို့ရဲ့ ဦးချိုတွေကို သွေးနေကြတာလို့ ငါထင်ခဲ့ပေမယ့် မင်းတို့ကောင်တွေ ကြယ်တွေဖြစ်လာတော့၊ ဦးချိုကို သွေးနေတဲ့ကောင်က ငါတစ်ယောက်တည်းပဲဖြစ်နေသလိုပဲကွ’

‘ဒါပေမယ့် နင့်မိသားစုက နင့်ကို အမြဲထိန်းချုပ်ဖို့ကြိုးစားနေကြတာမဟုတ်ဘူးလား။ ဘာလို့ ချက်ချင်းစိတ်ပြောင်းသွားကြတာလဲ” ချူးယွင်ဖန်းကမေးသည်။

တန်စီယုက ခါးသက်စွာပြုံး၍ ပြောသည်။ “ကျန်းမိသားစုရဲ့ တောင်းဆိုချက်ကြောင့်လေ။ ရှင်းပါတယ်၊ ငါက ကျန်းလင်းရှောင်နဲ့ ထိုက်တန်ရမယ်”

“ဖာ့ခ် ဒီကောင်တွေ လူရောဟုတ်ကြသေးရဲ့လား” ဂေါင်ဟုန်ချီက ကျိန်ဆဲရုံမှတပါးအခြားမတတ်နိုင်တော့ပေ။

၎င်းတို့၏ စိုးရိမ်နေသော အမူအရာများကို မြင်သောအခါ၊ တန်စီယုက

“စိတ်မပူပါနဲ့၊ ငါ ကျေးဇူးမကန်းပါဘူး။ အဲ့တာကလည်း ငါ့အတွက်ကောင်းတဲ့အရာပဲလေ။ ငါပိုသန်မာလေလေ၊ ငါ့မိသားစုက ငါ့ကို ချုပ်ထားတဲ့ သံကြိုးတွေကို ရှင်းပစ်ဖို့ ပိုလွယ်လေလေပဲ”

တန်စီယု၏ အကောင်းမြင်ပုံကို မြင်သောအခါ ချူးယွင်ဖန်း စိတ်သက်သာရာရသွားသည်။ သိပ်မကြာခင်တွင် ၎င်းတို့သုံးဦးသည် ပြိုင်ပွဲစတော့မည်ဟူသော အချက်ကို လက်ခံရရှိခဲ့ကြသည်။ ၎င်းတို့၏ နေရာများကို အတည်ပြုပြီးနောက်၊ သူတို့သုံးဦးသည် ပျောက်ကွယ်သွားကာ၊ သက်ဆိုင်ရာတိုက်ပွဲနယ်မြေများသို့ ဝင်ရောက်သွားကြသည်။

အခန်း(၃၆၅) ပျင်းစရာကောင်းလောက်အောင် အားနည်းလွန်းတယ်

တိုက်ပွဲနယ်မြေသည် အားကစားကွင်းကြီးတစ်ခုကဲ့သို့ ကြီးမားသည်။ ပတ်ဝန်းကျင်တွင် ထိုင်ခုံများဖြင့် ပြည့်နေသည်။ ဤနေရာသို့ တယ်လီပို့ဖြင့် ရောက်လာကြသော သင်တန်းသားများအပြင် တိုက်ပွဲကို ကြည့်ရှု့ရန် ရောက်နေကြသော အခြားတက္ကသိုလ်များမှ ကျောင်းသားအများအပြားလည်းရှိသေးသည်။

ချူးယွင်ဖန်း၏ မျက်လုံးများတောက်ပလာကာ၊ ကွင်းထဲတွင်ပေါ်လာသည်။ နေရာတိုင်းတွင် မိုးခြိမ်းသံများနှင့် အော်ဟစ်သံများကို သူကြားနေရရာ၊ ၎င်းသည် လက်တွေ့နှင့် လုံးလုံးကွာခြားမှုမရှိပေ။

သူ့ရှေ့တွင် အခြားလူတစ်ယောက်သည်လည်း ကွင်းထဲသို့ရောက်လာသည်ကို မြင်လိုက်ရသည်။ ယင်းမှာ တရုတ်‌ရှေးဟောင်းဝတ်စုံအဖြူကို ဝတ်ထားသည့် လူငယ်တစ်ဦးဖြစ်ကာ၊ လက်ထဲတွင်ဓားရှည်တစ်ချောင်းကို ကိုင်ဆောင်ထား၍ ကြောက်မက်ဖွယ်ကောင်းသော ကိုယ်ရောင်ကိုယ်ဝါများ ပေါ်ထွက်လျက်ရှိသည်။

ထိုလူငယ်၏ မျက်နှာပေါ်တွင် မောက်မာသော အမူအရာတစ်ခုထင်ဟပ်လျက်ရှိသည်။ သူသည် ချူးယွင်ဖန်းကို ကြည့်လိုက်သော်လည်း ချူးယွင်ဖန်းဖြစ်ကြောင်း မရိပ်မိပေ။

“အရှုံးပေးလိုက်ပါ။ ငါ့အချိန်တွေကို မဖြုန်းတီးပါနဲ့”

ဤလူငယ်သည် အစပိုင်းတွင်တည်းကပင် အလွန်မောက်မာလျက်ရှိကာ၊ ချူးယွင်ဖန်းကို လက်မြှောက်အရှုံးပေးခိုင်းသည်။

ချူးယွင်ဖန်းသည် ဤလူငယ်ကို မည်သို့မျှ အထင်မကြီးပေ။ နောက်ဆုံးတွင် ပြည်ထောင်စုတက္ကသိုလ်သို့ ကျောင်းသား ထောင်ပေါင်းများစွာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သူသည် ၎င်းတို့ထဲမှအနည်းငယ်ကိုသာ မှတ်မိ၏။

“ဘယ်လောက်တောင် မာနကြီးလိုက်လဲ။ ဒီကောင်က ဘယ်သူလဲ။ ချူးယွင်ဖန်းကို အရှုံးပေးဖို့ သူတကယ်ပြောရဲတာလား။ ဟမ်”

လူငယ်၏ မာနကြီးကာ မောက်မာဝံ့ကြွားသော စကားလုံးများသည် အနားရှိပွဲကြည့်သူများကို ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။ ပြိုင်ပွဲကို လာရောက်ကြည့်ရှု့သူများမှာ စာပေပညာတန်းမှ ကျောင်းသားများနှင့် ၎င်းတို့အလှည့်မကျသေးသော သိုင်းပညာတန်းမှ ကျောင်းသားများဖြစ်ကြသည်။

ပွဲကြည့်ပရိသတ်အနည်းငယ်မှလွဲ၍ အနီးအနားရှိ ကျောင်းသားအများစုသည် ကွင်းထဲရှိ တိုက်ခိုက်တော့မည့် ၎င်းတို့နှစ်ဦးကြောင့်ဖြစ်သည်။ ၎င်းတို့သည် ကွင်းထဲမှ လူနှစ်ယောက်ကို အလွန်အာရုံစိုက်လျက်ရှိကြသည်။ အကယ်၍ အာရုံမစူးစိုက်မိပါက၊ တိုက်ပွဲသည် ၎င်းတို့ သတိမထားမိခင်တွင် ပြီးဆုံးသွားပေလိမ့်မည်ဖြစ်သည်။

ပထမဆုံး ပြောရမည့်သူများမှာ တည်ငြိမ်သမုဒ္ဒရာမြို့မှ ကျောင်းသားများဖြစ်ကြသည်။ စာပေပညာတန်းသည် သိုင်းပညာတန်းနှင့် ကွဲပြားသော်လည်း လူများစွာသည် တည်ငြိမ်သမုဒ္ဒရာမြို့မှ နံပါတ်တစ်ကျောင်းသားဖြစ်သည့် ချူးယွင်ဖန်းကို မျက်စိဖြင့် မမြင်ဖူးကြသည့်တိုင်၊ သူ့အကြောင်း ကြားဖူးကြသည်။

တည်ငြိမ်သမုဒ္ဒရာမြို့သည် သြဇာခံမြို့တစ်မြို့သာဖြစ်သော်လည်း လူဦးရည် ဆယ်သန်းကျော်နေထိုင်သည့် မြို့ကြီးတစ်မြို့ဖြစ်သည်။ ထိုသို့သော မြို့တွင် နံပါတ်တစ်ကျောင်းသားဖြစ်လာသူများသည် သဘာဝအားဖြင့် သာမန်မဟုတ်ပေ။

“သူ ချူးယွင်ဖန်း ဘယ်သူမှန်း မသိဘူးထင်တယ်”

“ဒါမယ့် ပြောရရင် ဒါ ငါ့အတွက်တော့ ချူးယွင်ဖန်းကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ။ သူက တိုးတက်လာတာအရမ်းမြန်တယ်”

“သူ့အထက်တန်းတတိယနှစ်မှာ ဉာဏ်အလင်းရခဲ့တာပဲ”

လူများစွာသည် အားတက်သရော ဆွေးနွေးလျက်ရှိကြသည်။

သို့သော် တည်ငြိမ်သမုဒ္ဒရာမြို့မှ ချူးယွင်ဖန်းအား ထောက်ပံ့အားပေးသူများရှိသကဲ့သို့ ပြိုင်ဘက်တွင်လည်း သူ့ကိုယ်ပိုင် ထောက်ခံအားပေးသူများရှိ၏။

“တည်ငြိမ်သမုဒ္ဒရာမြို့က နံပါတ်တစ် ဟုတ်လား။ သူက ကမ္ဘာ့ပေါ်က ဝေးလံခေါင်သီနေတဲ့နေရာက နံပါတ်တစ်လေးပါပဲကွာ၊ အဲ့တာဘာမို့လို့လဲ။ ထောင်ရှန်ဟန်က ချွမ်နင်မြို့က ပါရမီရှင်တစ်ယောက်ပဲ။ သူ လူတွေ ဘယ်လောက် အနိုင်ယူခဲ့လဲ ငါမသိပေမယ့် ကမ္ဘာပေါ်က သာမန်သိုင်းသမားတစ်ယောက်ထက်တော့ ဘာမှမပိုဘူး”

ဤလူများသည် ခွန်းလွန်နယ်မြေမှ ကြီးပြင်းလာသော ကျောင်းသားများဖြစ်ကြောင်း ထင်ရှားသည်။ ၎င်းတို့သည် ကမ္ဘာမြေပေါ်မှ ကျောင်းသားများကို အထင်သေးသည်။ သိုင်းပညာလေ့လာခြင်းသည် ဘာသာစကားလေ့လာခြင်းနှင့် အလွန်ကွဲပြားခြားနားသည်။ သိုင်းပညာလေ့ကျင့်သည့် ပတ်ဝန်းကျင်သည် အလွန်အရေးကြီးသည်။ ထို့ကြောင့် ကမ္ဘာမြေသည် ခွန်းလွန်နယ်မြေနှင့် မယှဥ်နိုင်ခြင်းပင်ဖြစ်၏။

“မှန်တယ်။ သူတို့ ကမ္ဘာကြီးအကြောင်း သေချာမသိကြသေးဘူးထင်တယ်။ ထောင်ရှန်ဟန်ရဲ့ သွေးသောက်ဓားသိုင်းက တကယ်မယုံနိုင်လောက်အောင် မြန်တယ်”

“အဲ့တာ စိတ်ကြီးဝင်တာမဟုတ်ဘူး အမှန်တရားပဲ။ ချူးယွင်ဖန်း ခုခံလေလေ၊ သူ့အချိန်တွေ ဖြုန်းတီးပစ်လေလေဖြစ်မှာပဲ”

“ငါ့ကို အရှုံးပေးစေချင်တာလား။ မင်းအဲ့အရာမျိုး ပြောနိုင်လောက်တဲ့အထိ အရည်အချင်းမရှိမှာစိုးတယ်” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။ သူသည် ထောင်ရှန်ဟန်ကို လုံးဝပင် အလေးအနက်မထားပေ။

“ခေါင်းမာတဲ့ကောင်၊ နောက်ဖြစ်လာမယ့်အရာအတွက် ငါ့အဆိုးမဆိုနဲ့” ထောင်ရှန်ဟန်က အေးစက်စွာပြောလိုက်သည်။ “မင်းဘယ်ကလာလာ၊ ငါ့လက်ထဲမှာတော့ မင်း ငါ့ဓားချက်တစ်ချက်တောင် ခံနိုင်မှာမဟုတ်ဘူးကွ”

ထောင်ရှန်ဟန်သည် ဤစကားများကို ပြောပြီးသည်နှင့် စတင်တိုက်ခိုက်ခဲ့သည်။ သူ့လက်ထဲမှ ဓားသည် ချက်ချင်းပင် လေကို ခွင်းသွားသည်မှာ အရည်အချင်းရှိကာ ရဲရင့်သော လူတစ်ယောက်၏ စံပုံစံပင်ဖြစ်သည်။ သူ့တွင် အမှန်တကယ်ပင် ထိုသို့ လုပ်နိုင်သော စွမ်းအင်နှင့် ယုံကြည်ချက်ရှိ၏။

ထောင်ရှန်ဟန်သည် စွမ်းအင်သန့်စင်ခြင်း အဌမအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။ ထိုကဲ့သို့သော စွမ်းအင်ဖြ်င့ ဤပြိုင်ပွဲတွင် ချန်ပီယံတစ်ယောက်ဖြစ်လာနိုင်၏။

အမှန်တကယ် ကျင့်ကြံအားကောင်းသူများကို ဆရာများက ရွေးချယ်ခဲ့ထားခြင်းဖြစ်သဖြင့် ဤကျန်ရှိသော လူများထဲတွင် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်သို့ ရောက်ရှိနေသူများသည် ဤပြိုင်ပွဲ၏ချန်ပီယံဖြစ်လာနိုင်ချေရှိ၏။

ထောင်ရှန်ဟန်၏လက်ထဲမှ ဓားရောင်ခြည်သည် သွေးရောင်သန်းနေကာ၊ သွေးရနံ့များပင် လေထဲတွင် ပျံ့နှံ့နေ၏။ ဤသည်မှာ အလွန်ထူးခြားသော ဓားသိုင်းတစ်မျိုးဖြစ်ကာ၊ အလွန်ဆိုးယုတ်သော ဓားသိုင်းတစ်ခုပင်ဖြစ်နိုင်၏။

ရှေးဟောင်းလူသားများကာလနှင့် ကွဲပြားစွာ၊ ခေတ်သစ်လူ့အဖွဲ့အစည်းသည် မွန်းစတားများ၊ နတ်ဆိုးများနှင့် မှော်နက်သိုင်းပညာများကို မငြင်းပယ်ခဲ့ပေ။ ပင်လယ်ကြီးသည် မြစ်ပေါင်းရာချီဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သဖြင့် သူတပါးကို မထိခိုက်သရွေ့ မည်သည့် သိုင်းပညာကို သုံးသည်ဖြစ်စေ ခွဲခြားဆက်ဆံခံရလိမ့်မည်မဟုတ်ပေ။ ခေတ်သစ်လူ့အဖွဲ့အစည်းသည် ဤရှု့ထောင့်နှင့်ပတ်သက်၍ ယခင်က ရှိခဲ့သော ရှေးဟောင်းလူသားများကာလထက် ပိုသာလွန်၏။

တစ်ခဏအတွင်းတွင် ထောင်ရှန်ဟန်၏ သွေးရောင်လွှမ်းနေသော ဓားသည် ချူးယွင်ဖန်းထံသို့ ရောက်သွား၏။ ၎င်းတို့သည် ပုံရိယောင် နက်ဝေါ့ တွင်ရှိနေကြခြင်းဖြစ်သောကြောင့် သေခြင်းကို ကြောက်ရန်မလိုအပ်ဘဲ၊ စိတ်တိုင်းကျတိုက်ခိုက်နိုင်သည်။

“ပြီးပါပြီ” ထောင်ရှန်ဟန်၏ မျက်နှာထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ ဤအချိန်တွင် ချူးယွင်ဖန်း မည်မျှပင်လျင်မြန်စေကာမူ၊ ရှောင်တိမ်းရန် အလွန်နောက်ကျလွန်းနေပြီဖြစ်၏။

“အင်း ပြီးပါပြီ” ချူးယွင်ဖန်းက တည်ငြိမ်စွာပြန်ဖြေသည်။ အဖြစ်အပျက်ကို ထောင်ရှန်ဟန်သတိမထားမိလိုက်ခင်တွင်င် သူ့ဓားချက်သည် ချူးယွင်ဖန်းကို ဖြတ်ကျော်သွားသော်လည်း မထိုးဖောက်နိုင်ခဲ့ပေ။

ချူးယွင်ဖန်း၏ ကိုယ်ခန္ဓာသည် သုံးကိုယ်ကွဲကာ၊ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်၏။

“အဲ့တာ ရွေ့လျားခြင်းနည်းစနစ်ပဲ” ထောင်ရှန်ဟန်၏ မျက်လုံးများ အံ့သြထိတ်လန့်မှုနှင့်အတူ ပြူးကျယ်လာသည်။ ချူးယွင်ဖန်း၏ ပုံရိပ်ကိုးသွယ်ကိုယ်ပွားရွေ့လျားမှုစနစ်ကို တွေ့ရှိသွားသော်လည်း အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်း၏ အရိပ်မဲ့ဓားသည် စတင်တိုက်ခိုက်လိုက်၏။

ဓားသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ လေကို ခွင်းကာ၊ ထောင်ရှန်ဟန်ကို ထိမှန်သွားသည်။ သူ၏ အမြင်အာရုံများ မည်းမှောင်သွားသကဲ့သို့ ခံစားလိုက်ရကာ၊ အလင်းတန်းအဖြစ်ပြောင်းလဲ၍ ပျောက်ကွယ်သွားသည်။

‘တစ်ချက်တည်းနဲ့ သတ်လိုက်တယ်’

ကွင်းတစ်ခုလုံးသည် ရုတ်ချည်းတိတ်ဆိတ်သွားသည်။ လူတိုင်းသည်တိုက်ခိုက်မှု၏ အမြန်နှုန်းကြောင့် ထိတ်လန့်သွားကြသည်။ ချူးယွင်ဖန်းနှင့် ထောင်ရှန်ဟန်တို့ကြား မည်သူက ပို၍ စွမ်းအားကြီးကြောင်း ဆွေးနွေးချိန်မရလိုက်ခင်တွင်ပင် အရာအားလုံးပြီးဆုံးသွားခဲ့သည်။

စုစုပေါင်းသိုင်းကွက်နှစ်ခုသာ အသုံးပြုခဲ့ကြသည်။ ပထမတစ်ခုမှာ ထောင်ရှန်ဟန်မှဖြစ်ကာ၊ ၎င်းသည် ပစ်မှတ်ကို လွဲချော်ခဲ့သည်။ ဒုတိယတစ်ချက်မှာမူ၊ ချူးယွင်ဖန်းမှလုပ်ခဲ့ခြင်းဖြစ်သည်။ ထောင်ရှန်ဟန်သည် ချက်ချင်းပင် အသတ်ခံခဲ့ရ၏။

နှစ်ဖက်လုံး၏ လှုပ်ရှားမှုများသည် အရှိန်အဟုန်ဖြင့် တောက်လောင်နေခဲ့သည်။ ၎င်တို့နှစ်ဦးလုံးသည် အလွန်ကြမ်းကြုတ်ပုံပေါ်သော်လည်း ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်သော လှုပ်ရှားမှုများနောက်ကွယ်တွင် အန္တရာယ်ရှိသော လူသတ်လိုစိတ်များရှိနေခဲ့သည်။

“အရမ်းအားနည်းလွန်းတယ်။ ပျင်းစရာကောင်းလိုက်တာ” ချူးယွင်ဖန်းက ရေရွတ်လိုက်သည်။ ထောင်ရှန်ဟန်၏ စွမ်းအားသည် မပျော့ညံ့ပေ။ ၎င်းသည် လွန်ခဲ့သော တစ်လခန့်က၊ ချူးရွှယ်လန်၏ စွမ်းအားနှင့်မကွာခြားလှပေ။ တစ်လတာအတွင်းတွင် စွမ်းအင်ကွာခြားချက်သည် အလွန်ကြီးမား၏။

ထိုသို့ပြောပြီးနောက် ချူးယွင်ဖန်းသည် ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

“ဘယ်လိုလဲ။ မင်းကမ္ဘာပေါ်က လူတွေကို အထင်သေးရဲသေးလား”

တည်ငြိမ်သမုဒ္ဒရာမှကျောင်းသားများသည် အလွန်အရုပ်ဆိုးသောအမူအရာများရှိနေသည့် အခြားကျောင်းသားများကို ကြည့်၍ ပြောလိုက်သည်။ ၎င်းတို့သည် ပိုးကောင်များ မျိုချလိုက်သကဲ့သို့ပင်ထင်ရ၏။

ကမ္ဘာမြေပေါ်မှ ကျောင်းသားများသည် အမြဲတစေကွဲပြားစွာ ဆက်ဆံခံခဲ့ရရာ၊ ယခုမူ ချူးယွင်ဖန်းသည် ၎င်းတို့ကို လက်စားချေခဲ့ပြီဖြစ်၏။

အခန်း(၄၆၆) ဆရာများ တိုက်ခိုက်နေသည့် ပစ်မှတ်များ

ချူးယွင်ဖန်း မျက်လုံးများကို ဖွင့်လိုက်သောအခါ၊ ကြိုးဝိုင်းအပြင်ဘက်သို့ ပို့ဆောင်ခြင်းခံထားရသည်ကို တွေ့လိုက်ရသည်။ ဂေါင်ဟုန်ချီနှင့် တန်စီယုတို့သည်မူ ပေါ်လာခြင်းမရှိကြသေးပေ။ ပြိုင်ဘက်ကို အနိုင်မယူနိုင်သေးသည်မှာ ထင်ရှား၏။

တကယ်တမ်းတွင် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရသူများသည် အကောင်းတကာ့အကောင်းဆုံးများဖြစ်ကြသည်။ ချူယွင်ဖန်းကဲ့သို့ တစ်စုံတစ်ယောက်မှလွဲ၍ အခြားသူများသည် ၎င်းတို့၏ ပြိုင်ဘက်များကို တစ်ချက်တည်းဖြင့် မည်သို့ သတ်နိုင်လိမ့်မည်နည်း။

အခြားသူများအားလုံး အလွန်သုန်လှုပ်နေကြသော်လည်း ချူးယွင်ဖန်းသည် မည်သို့မျှမခံစားရပေ။ သူ၏ ရည်မှန်းချက်သည် ဤပြိုင်ပွဲတွင် ချန်ပီယံဖြစ်ရန်ဖြစ်သဖြင့် ၎င်းသည် သူရှေ့ဆက်ရမည့်လမ်းကို တားဆီးထားသည့် သေးငယ်သော အတားအဆီးတစ်ခုမျှသာဖြစ်သည်။ ချူးယွင်ဖန်းမသိခဲ့သည်မှာ ထောင်ရှန် ဟန်ကို သူတစ်ချက်တည်း အသေသတ်လိုက်ခြင်းသည် ဆရာအချို့ကြားတွင် အကြီးအကျယ်ရုန်းရင်းဆန်ခတ်ဖြစ်လျက်ရှိသည်။

“ထောင်ရှန်ဟန်က မအောင်မြင်ဘူးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒါ ပထမအကျော့ပဲရှိသေးတယ်။ သူ့အစွမ်းနဲ့ဆို သူအဆုံးထိတိုက်နိုင်သင့်တယ်လေ။ ဘယ်လိုလုပ် ပထမအချီမှာတင် ရှုံးသွားရတာလဲ။ မဖြစ်နိုင်ဘူး” ဆရာများထဲမှတစ်ယောက်က မယုံကြည်နိုင်ဖြစ်ကာပြောသည်။ ဤလူတွင် အလွန် အစွမ်းထက်သော ကိုယ်ရောင်ကိုယ်ဝါရှိကာ၊ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ထောက်ရှန်ဟန်သည် သူမျှော်လင့်ချက်များထားခဲ့ရသူဖြစ်သည်။

ကောလိပ်စာမေးပွဲများမတိုင်ခင်တွင် ဆရာများသည် ကျောင်းသားများကို ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း လက်တစ်ဆုပ်စာခန့်သာ ရွေးချယ်ကြရသေးသည်။ ထို့ကြောင့် ၎င်းတို့ရွေးချယ်ထားသည့်လူတိုင်းကို အာရုံစိုက်ရန် မဖြစ်နိုင်ပေ။ အရွေးခံရသူများသည် အံ့သြဖွယ်ကောင်းသော အရည်အချင်းများကို ပြသနိုင်ကြသည့် ကျောင်းသားများဖြစ်ကာ၊ ဥပမာအားဖြင့် သုန်ဖန်းဟောက်နှင့် ကျန်းဖန်ဖေတို့ဖြစ်ကြသည်။ သို့သော် ကျန်ကျောင်းသားအများအပြားရှိနေသေးသဖြင့် အရွေးချယ်မခံရသေးသော ပါရမီရှင်များစွာလည်းရှိကြသေးသည်။

ကောလိပ်ဝင်ခွင့်စာမေးပွဲများအတွင်းတွင် ဆရာများ၏ မျှော်မှန်းချက်များနှင့် ကိုက်ညီသည်အထိ‌ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သော ကျောင်းသားများစွာရှိသေးသည်။ ထောင်ရှန်ဟန်သည် ထိုသို့သော မျှော်လင့်ချက်များစွာ ထားခံထားရသည့် ကျောင်းသားတစ်ယောက်ဖြစ်ကာ၊ အထူးသဖြင့် မွေးဖွားခြင်းနယ်မြေအဆင့် ကျောင်းသားများသည် သူ့အား အလွန်မျှော်လင့်ထားကြ၏။

ကျောင်းသားများသည် ဆရာကောင်းများထံတွင် သင်ယူလေ့လာချင်ကြသော်လည်း ဆရာကောင်းများသည်လည်း အရည်အချင်းရှိကျောင်းသားများကို တပည့်တော်ချင်ကြသည်။ ဤကျောင်းသားများကို သင်ကြားပေးခြင်းဖြင့် အမှတ်များရနိုင်ကာ၊ ပြည်ထောင်စုတက္ကသိုလ်တွင် အမှတ်များသည် ကြွယ်ဝမှုကို ကိုယ်စားပြုရာ၊ အရာများစွာနှင့် အလဲအထပ်ပြုလုပ်နိုင်၏။

ထောင်ရှန်ဟန်သည် သူ့အား ပထမအချီ၌ပင် ရှုံးနိမ့်ခဲ့သည်မှာ စိတ်ကူးယဥ်၍ မရနိုင်သော အရာတစ်ခုပင်ဖြစ်၏။

“မဖြစ်နိုင်ဘူး။ ထောင်ရှန်ဟန်က ကံကောင်းပြီး ရှေးဟောင်းလူသားကာလက သွေးသောက်ဓားသိုင်းကို ရခဲ့တယ်။ ရွယ်တူတွေကြာမှာ သူအမြဲတမ်းနိုင်နေတာပဲလေ။ သူ့ကို အနိုင်မယူနိုင်တဲ့ ကျင့်ကြံရေးအဆင့်တူတွေ မရှိဘူးလို့ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့်၊ ပထမအချီမှာတင် သူ့ကို အနိုင်ယူနိုင်တဲ့လူတစ်ယောက်ကို တွေ့ဖို့ကြတော့… ဒါအစပဲရှိသေးတာလေ။ သူ ဘယ်လိုလုပ်လွယ်လွယ်နဲ့ ရှုံးသွားနိုင်မှာလဲ”

အခြား မွေးဖွားခြင်းနယ်မြေအဆင့် ဆရာတစ်ဦးက၊ သတင်းများကို လက်ခံရရှိပြီး‌နောက် စောင့်ကြည့်ရေးအခန်းသို့ရောက်လာသည်။ စောင့်ကြည့်ရေး အခန်းသည် အလွန်ကြီးမားကာ အလွန်ကြီးမားသော ပုံရိပ်ယောင် နယ်မြေတခုလည်းဖြစ်သည်။ ထိုနေရာတွင် မရေမတွက်နိုင်သော နည်းပြဆရာများစွာ စုရုံးလာကြသည်။ နည်းပြဆရာများသည် အနည်းဆုံး သန့်စင်ခြင်းအဆင့်အထွဋ်အထိပ်တွင်ရှိကြသည်။ ၎င်းတို့အနက်၊ မွေးဖွားခြင်းနယ်မြေအဆင့်ကျင့်ကြံသူများပင်ရှိကြရာ၊ ထိုသူများ စုရုံးလိုက်ပါက မည်မျှ ထိတ်လန့်ဖွယ်ကောင်းနေမည်ကို တွေးကြည့်နိုင်၏။

“အချက်အလက်တွေယူလာပေးပါ။ သူဘယ်လိုရှုံးသွားလဲဆိုတာ ငါကြည့်ချင်တယ်” ဆရာများထဲမှ တစ်ယောက်က မကျေမနပ်ပြောလိုက်သည်။ သို့သော်ထောင်ရှန်ဟန်ကို မည်သူအနိုင်ယူခဲ့ကြောင်း သူသိချင်သည်။ ထောင်ရှန်ဟန်သည် ဆရာများစွာ၏ ပစ်မှတ်ဖြစ်သဖြင့် သူရှုံးလျှင် သူ့ကို အနိုင်ယူခဲ့သူသည် ပို၍ စွမ်းအားကြီးနေသည်မှာ သေချာ၏။ မှန်သည်။ ထို့ကြောင့် ၎င်းတို့ အလွန်အမင်း စိတ်ဝင်စားနေကြသည်။

မကြာမီတွင်ပင် အချက်အလက်များ ပေါ်ထွက်လာသည်။ ၎င်းတို့၏ မျက်လုံးများရှေ့တွင် တိုက်ပွဲမြင်ကွင်းတစ်ခု ပေါ်ထွက်လာ၏။ ချူးယွင်ဖန်းသည် ထောင်ရှန်ဟန်ကို ဓားချက်တစ်ချက်တည်းဖြင့် အနိုင်ယူလိုက်ကြောင်းတွေ့လိုက်ရသောအခါ အားလုံး မျက်လုံးပြူးသွားကြသည်။

၎င်းတို့၏ ကျင့်ကြံအားဖြင့် ‌ထောင်ရှန်ဟန်၏စွမ်းအားသည် သူ၏ဂုဏ်သတင်းနှင့် အမှန်တကယ်ထိုက်တန်းကြောင်း ၎င်းတို့သိကြသည်။ သူ့လက်ထဲမှ သွေးသောက်ဓားသိုင်း၏ အရှိန်သည် သွေးရောင်တောက်နေသော အလင်းတန်းတစ်ခုကဲ့သို့ပင်ဖြစ်၏။ ထိုကဲ့သို့ စွမ်းအားဖြင့် စွမ်းအင်သန့်စင်ခြင်းအဠမအဆင့် အထွဋ်အထိပ်ရှိသူကိုပင် အနိုင်ယူနိုင်စွမ်းရှိသည်။

ချန်ပီယံဖြစ်ရန်မဆိုနှင့်၊ ကျောင်းသားထောင်ပေါင်းများစွာအနက်မှ ထိပ်တန်းကျောင်းသားတစ်ယောက်ဖြစ်သည်မှာ သေချာ၏။ ထို့ကြောင့် ကျောင်း၏ ထိပ်တန်းကျောင်းသားအယောက်တစ်ရာကို လွယ်ကူစွာ အနိုင်ယူနိုင်ချေရှိသည်။

သို့သော် ယခုမူ၊ ထောင်ရှန်ဟန်သည် တစ်စုံတစ်ယောက်လက်ထဲတွင် ဓားတစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရပြီဖြစ်သည်။

“အဲ့ကျောင်းသားရဲ့ အချက်အလက်ဘယ်မှာလဲ။ သူ့နာမည်ဘယ်သူလဲ”

ဤနည်းပြဆရာများသည် ချက်ချင်းပင် ထောင်ရှန်ဟန်ကို ၎င်တို့၏ စိတ်ထဲမှထုတ်ကာ၊ ချူးယွင်ဖန်းနောက်သို့ လိုက်လာကြသည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှုဖြင့် ထိပ်တန်းအယောက်တစ်ရာစာရင်းသို့ဝင်ရန်ပင် ပြဿနာရှိလိမ့်မည်မဟုတ်ပေ။

“သူက တကယ်ပဲ ကမ္ဘာမြေပေါ်ကဖြစ်ပြီးတော့၊ အခြေစိုက်မြို့ကြီးတွေရဲ့ ထိပ်တန်းကျောင်းသားတောင်မဟုတ်ဘဲ၊ သြဇာခံမြို့ရဲ့ နံပါတ်တစ်ကျောင်းသားပဲ။ အရမ်းအထင်ကြီးဖို့ကောင်းတယ်။ ပြောရရင် သုန်ဟွာမြို့က သုန်ဖန်ဟောက်ဆိုတဲ့တစ်ယောက်ရှိတယ်မဟုတ်လား”

“မှန်တယ်။ သုန်ဖန်းဟောက်လိုပဲ၊ ချူးယွင်ဖန်းကလည်း သုန်ဟွာမြို့က ကျောင်းသားတစ်ယောက်ပဲ။ သုန်ဖန်းဟောက်က တကယ်ကို အံ့သြဖို့ကောင်းတယ်။ သူက အခု သန့်စင်ခြင်းအဆင့်တောင်ရောက်နေပြီဆိုတော့၊ ဘွဲ့ရရင် မွေးဖွားခြင်းနယ်မြေအဆင့်ကို သူသေချာပေါက်ဝင်မယ်လို့ ငါပြောရဲတယ်။ ဒီလိုလူမျိုးက အကန့်အသတ်မရှိတဲ့ အနာဂတ်မျိုးရှိတာ အသေအချာပဲကွ”

“သေချာတာပေါ့။ ဒါပေမယ့် သူ့ကို အခြားတစ်ယောက်က ကြိုရွေးထားပြီးသွားပြီ။ သုန်ဖန်းဟောက်က ဒီနှစ်စာမေးပွဲမှာ အမှတ်အများဆုံးမဟုတ်ပေမယ့် ထိပ်တန်းဆယ်ယောက်ထဲပါတယ်” ဆရာတစ်ဦးကပြောသည်။

အခြားသူများလည်း ခေါင်းညိတ်သဘောတူကြသည်။ ထိပ်တန်းဆယ်ယောက်ထဲသို့သာ သုန်ဖန်းဟောက်ဝင်ရောက်နိုင်ခဲ့သည့်အကြောင်း ပြောပုံသည် နှိမ်ချပြောဆိုပုံမျိုးမဟုတ်၊ ချီးမွမ်းခြင်းပင်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်စာမေးပွဲများတွင် အမှတ်အများဆုံးဖြစ်ရန် ကြိုးစားနိုင်သူများသည် ပြည်ထောင်စုတစ်ခုလုံး၏ နှလုံးသားနှင့် စိတ်ဝိဉာဥ်များဖြစ်လာသည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

ထိပ်တန်းဆယ်ယောက်ထဲသို့ ဝင်ခွင့်ရခြင်းသည် မယုံကြည်နိုင်ဖွယ်ရာကောင်းသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ဤဆရာအများစုသည်ထိပ်တန်းအယောက်တစ်ရာအတွင်းသို့ပင် မဝင်ရောက်နိုင်ကြပေ။ အကယ်၍ သုန်ဖန်းဟောက်သည် ၎င်းတို့နှင့် တူညီသော အသုတ်တွင်သာရှိနေခဲ့လျှင် သူ့အား ကြည့်ရန်ပင် အရည်အချင်းပြည့်မီကြလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ၎င်းတို့ကြားရှိကွာဟချက်ပင်ဖြစ်သည်။

“ဒါပေမယ့် ဒီချူးယွင်ဖန်းက အရင်က ဘယ်သူမှသတိမထားမိတဲ့ ပျိုးပင်ကောင်းပဲ”

သူစကားပြောနေစဥ်တွင် မွေးဖွားခြင်းနယ်မြေအဆင့် ဆရာ၏ မျက်လုံးများ တောက်ပလာသည်။ သုန်ဖန်းဟောက်နှင့် အခြားသူများကို တပည့်အဖြစ်မသတ်မှတ်နိုင်တော့သော်လည်း ချူးယွင်ဖန်းအတွက် တိုက်ခိုက်နိုင်ကြသေးသည်။ သူ၏ အနာဂတ်အောင်မြင်မှုများကို သုန်ဖန်းဟောက်နှင့် နှိုင်းယှဥ်၍မရနိုင်သော်လည်း သူ၏အနာဂတ်သည် ထင်ရှားကျော်ကြားလိမ့်မည်မှာ သေချာ၏။

ပြည်ထောင်စုတက္ကသိုလ်၏ ဆရာများကို မည်သူမျှ မနှောင့်ယှက်ရဲကြသည့် အကြောင်းအရင်းမှာ ကမ္ဘာပေါ်တွင် များစွာသော စွမ်းအားကြီးပုဂ္ဂိုလ်အများအပြားရှိခြင်းကြောင့်ဖြစ်သည်။ မည်သည့်နည်းပြသည် ပြည်ထောင်စု ဗိုလ်မှုူးသို့မဟုတ်၊ ကမ္ဘာကျော် ထိပ်တန်း ကျွမ်းကျင်သူများကို သင်ကြားပျိုးထောင်ပေးခဲ့ကြောင်း မသိနိုင်ကြပေ။

“အဘိုးကြီးလီ၊ ချူးယွင်ဖန်းကို ငါ့ဆီက လုဖို့မကြိုးစားနဲ့”

“ဒါက လုတဲ့ကိစ္စမဟုတ်ပါဘူး။ အဲ့တာအားလုံးက မင်းရဲ့နည်းလမ်းတွေအပေါ်မူတည်လိမ့်မယ်”

“ဟေး အချိန်ကျရင် ငါတို့ က ကိုယ့်နည်းကိုယ့်ဟန်ကို အားကိုးရမှာပဲ ဒါပေမယ့် ချူးယွင်ဖန်းကတော့ ငါတို့အားလုံးအာရုံစိုက်ထားသင့်တဲ့လူပဲ”

အခြားပါမောက္ခတစ်ယောက်က ပြုံး၍ ချူးယွင်ဖန်းကို ၎င်တို့ အာရုံစိုက်သင့်သည့် ကျောင်းသားများစာရင်းထဲသို့ တိတ်တဆိတ်ထည့်လိုက်သည်။ အကယ်၍ ချူးယွင်ဖန်းထက်တစ်ယောက်ယောက်သာလွန်ခဲ့ပါက၊ နည်းပြများသည် ထိုသူကို ချက်ချင်း အာရုံစိုက်မည်မှာ သေချာသည်။

အခြားဆရာများ ဤမြင်ကွင်းကို မြင်သောအခါ ချူးယွင်ဖန်းသည် ကောက်ကျစ်သည်ဟု တိတ်တဆိတ်တွေးလိုက်မိကြသော်လည်း ၎င်းတို့၏ အထူးကျောင်းသားစာရင်းထဲသို့ ထည့်လိုက်ကြသေးသည်။ တစ်ချိန်တည်းတွင်ပင် ဤလူများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ၊ စကားပြောရပ်သွားကြသည်။ ချူးယွင်ဖန်းနှင့် ပတ်သက်သည့် အရာအားလုံးကို ဆွေးနွေးနေရာမှ ရပ်တန့်လိုက်ကြသည်။

ဤသည်ကို လူတိုင်းက သဘောတူသည်။ ထိုသိုသော လူတစ်ယောက်အပေါ်တွင် အခြားဆရာများ၏ အာရုံစိုက်မှုကို လျော့ကျစေရန် ကြိုးစားခြင်းသည် အကောင်းဆုံးဖြစ်သည်။ မဟုတ်လျှင် အမှန်စင်စစ် နာမည်ကြီးသော ဆရာများသာ ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြလျှင် ၎င်းတို့ ကွင်းပြင်ထုတ်ခံလိုက်ရမည်မှာ သေချာ၏။

ဤကိစ္စသည် ၎င်းတု့ိ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာစေရန် ကံက စီရင်ထားခြင်းဖြစ်ရုံသာဖြစ်၏။

All Chapters