← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း(၃၆၇) အရပ်ရှည်တာကြောင့် မဟုတ်ဘူး

သူ၏စွမ်းဆောင်မှုသည် ဆရာများ၏ အာရုံကို ဆွဲဆောင်ခဲ့ကြောင်း ချူးယွင်ဖန်းမသိခဲ့ပေ။ ထောင်ရှန်ဟန်ကို အာရုံစိုက်ပြီးနောက် ချူးယွင်ဖန်းကို အာရုံစိုက်လာကြသည်။

သို့သော် ချူးယွင်ဖန်း သိလျှင်ပင် သူစိတ်လှုပ်ရှားလိမ့်မည်မဟုတ်ပေ။ သူ၏ရည်မှန်းချက်မှာ ချန်ပီယံဖြစ်ရန်ဖြစ်သဖြင့် ဤသည်မှာ မျှော်လင့်ထားရမည့်အရာတစ်ခုပင်ဖြစ်သည်။ သူအဆုံးထိတိုင် အောင်မြင်နိုင်ခဲ့လျှင် ဆရာများ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ၎င်းတို့ သူ့ကို အာရုံစိုက်လာကြရမည်ဖြစ်၏။

ချူးယွင်ဖန်း တိုက်ပွဲမှ ထွက်လာပြီးနောက် တန်စီယုလည်း ပြန်လာခဲ့သဖြင့် သူမသည်လည်း အနိုင်ရခဲ့ကြောင်း သူကြားသိခဲ့သည်။ ဂေါင်ဟုန်ချီ ထွက်လာသောအခါတွင်မူ သူ့အမူအရာသည် မကောင်းလှပေ။ သူ့ခန္ဓာကိုယ်ထက်တွင် ဒဏ်ရာများမရှိနေသော်လည်း သူ့ထက်များစွာ စွမ်းအားကြီးသော ပြိုင်ဘက်နှင့်ကြုံတွေ့ခဲ့ရသဖြင့် ပြိုင်ဘက်၏လက်ချက်ဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့ရသည်။

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ဤသို့ဖြစ်လာမည်ဖြစ်ကြောင်း သူခန့်မှန်းထားခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဂေါင်ဟုန်ချီ၏ စွမ်းအားသည် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားထောင်ပေါင်းများစွာအကြားတွင် ပျမ်းမျှဟုသာ ယူဆနိုင်သည်။ ဂေါင်ဟုန်ချီသည် သူ့ထက်များစွာ စွမ်းအားကြီးသည့် ထောင်ပေါင်းများစွာသောလူများကို အလွယ်တကူတွေ့ဆုံနိုင်၏။

ထို့ကြောင့် ဂေါင်ဟုန်ချီ အကြိတ်အနယ်ရှုံးနိမ့်ခဲ့ရခြင်းသည် သာမန်မျှသာဖြစ်သည်။ ယင်းမှာ သူ့၌အရည်အချင်းမရှိခြင်းကြောင့် မဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်တွင် ကျွမ်းကျင်သူများစွာ ရှိနေသောကြောင့် ဖြစ်ရာ၊ အကယ်၍ ၎င်းသည် ထိပ်တန်းနာမည်ကြီး တက္ကသိုလ်ဆယ်ခုတွင်သာဖြစ်လျှင် ဂေါင်ဟုန်ချီ၏ ကျင့်ကြံရေးအဆင့်သည် အကောင်းဆုံးဖြစ်နေပြီဖြစ်၏။

“ဒီမှာ ဆရာကြီးတွေ အရမ်းများလွန်းတယ်”

ဂေါင်ဟုန်ချီက အချိန်အတော်ကြာမှ ဤစကားကို ထုတ်ပြောလိုက်သည်။

“ငါ အခု နောင်တစရနေပြီ။ ငါ ထိပ်တန်းတက္ကသိုလ်ဆယ်ခုထဲက တစ်ခုကို သွားလိုက်ရမှာ။ အဲ့မှာမှ ငါကြွားလို့ရမှာ။ အခု ဒီနေရာမှာ ငါဘယ်တော့မှ အောင်မြင်မှုကို ခံစားရမှာမဟုတ်ဘူး”

“တကယ်လို့ မင်းက ထိပ်တန်းတက္ကသိုလ်ဆယ်ခုထဲက တစ်ခုကို တက်ရင်လည်း အဲ့တာ ကိုယ့်ကိုယ်ကိုယ် သိက္ခာချနေတာနဲ့အတူတူပဲ။ အဲ့ကျရင် မင်းနဲ့ ငါတို့ကြားက အဆင့်ကွာခြားချက်က ပိုကြီးလာလိမ့်မယ်” ချူးယွငဖန်းက ဂေါင်ဟုန်ချီကို လေးနက်စွာကြည့်ရင်းပြောလိုက်သည်။

“ကောင်းပြီ၊ ငါနားလည်ပါတယ်။ ငါအာချောင်တာပါကွာ။ ဒါက ပြည်ထောင်စုတက္ကသိုလ်ကြီးလေ။ ငါဘယ်လိုလုပ်ထွက်သွားရဲမှာလဲ။ ပြည်ထောင်စုတက္ကသိုလ်ကို ငါဝင်ခွင့်ရတာက၊ ငါ့ဘိုးဘေးတွေရဲ့ ကောင်းချီးတွေကြောင့်လို့ ငါ့အဖေကပြောပေမယ့် အဲ့တာ မင်းနဲ့ စီယုကြောင့်မှန်းငါသိပါတယ်။ မင်းတို့နှစ်ယောက်ကြောင့်သာမဟုတ်ရင် ငါပြည်ထောင်စုတက္ကသိုလ်ကို တက်နိုင်မှာမဟုတ်ဘူး”

ဂေါင်ဟုန်ချီက စိတ်ရင်းအတိုင်းပြောလိုက်သည်။ သူ၏ အရည်အချင်းဖြင့် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်မရနုငိ်ကြောင်း သူသိသည်။ ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ တစ်ခုကို ဝင်ခွင့်ရလျှင်ပင် ကံကောင်းခြင်းဖြစ်ပေလိမ့်မည်။ ခူျးယွင်ဖန်းနှ၍့် တန်စီယုတို့သည် သူ့ကို ဤအဆင့်သို့ဆွဲခေါ်လာခဲ့ခြင်းဖြစ်ကာ၊ ဆရာကောင်းနှင့် မိတ်ဆွေကောင်းဟူသည် အမှန်ပင်အရေးကြီးလှသည်။

သို့သော် နောက်ဆုံးတွင် ဂေါင်ဟုန်ချီသည် ဤနှစ်ဦးနှင့် သူ့ကြားရှိကွာဟချက်သည် ပို၍ ကြီးမားလာသည်ကို တွေ့ရှိခဲ့ရသည်။ လူတစ်ယောက် ကြိုးစားအားဖုတမှုသည် ထိုသူရှေ့သို့ ဆက်သွားနိုင်၊ မသွားနိုင်ကို ဆုံးဖြတ်နိုင်သည်။ သို့သော် လူတစ်ဦး၏ အမြင့်ကို သတ်မှတ်သောအရာမှာ ၎င်းတို့၏မွေးရာပါအရည်အချင်းပင်ဖြစ်သည်။

တန်စီယု၏ အရည်အချင်းသည် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းသားများစွာကြား၌ပင် အလွန်ထွန်းတောက်နေခဲ့သည်။ ဤသို့မျှမဟုတ်ပါက၊ သူမ အထက်တန်းကျောင်းတက်ပြီး နှစ်နှစ်အကြာတွင် ဤအဆင့်သို့ရောက်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် သူ့စိတ်ထဲမှ နတ်ဘုရားစိတ်ဝိဉာဥ်နှင့် ပြန်လည်နိုးကြားလာခဲ့ရာ၊ ထိုနေ့မှစ၍ သူ စတင်အောင်မြင်လာခဲ့သည်။

၎င်းတို့ သုံးဦးသည် ဒုတိယအကျော့သို့ ဝင်ရောက်ရန် အလှည့်သို့ရောက်တော့မည်ဖြစ်သဖြင့် အချိန်ကြာမြင့်စွာ ညည်းညူနေချိန်မရှိပေ။ ဝင်ရောက်လာသောအခါတွင် ချူးယွင်ဖန်း၏ ပြိုင်ဘက်မှာ အမျိုးသမီးတစ်ဦးဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ သူမသည် သန်မာထွားကျိုင်းကာ၊ ခြောက်ပေခွဲခန့်မြင့်သည်။ ချူးယွင်ဖန်းထက် ခေါင်းတစ်လုံးစာမျှ အရပ်ပိုရှည်၏။

ဤအမျိုးသမီးသည် သူမထက်ပို၍ မြင့်မားသော တင်းပုတ်ကြီးကို ကိုင်ထားကာ၊လူသန်မ နှင့်ပင်တူ၏။

“ဒါက ချူးယွင်ဖန်းပြန်တိုက်ရမယ့်အလှည့်ပဲ။ သေစမ်း၊ အဲ့တာ လူသန် ကြီးလား”

ချူးယွင်ဖန်း တောင်ရှန်ဟန်ကို ဓားတစ်ချက်တည်းဖြင့် အပြီးသတ်တိုက်ခိုက်ခဲ့ပြီးနောက်၊ ချူးယွင်ဖန်း၏ ဒုတိယမြောက်ပွဲကို လူအများအပြားလာရောက်ကြည့်ရှု့ခဲ့ကြသည်။ နောက်ဆုံးတွင်မူ၊ ထောင်ရှန်ဟန်သည် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက်ြဖစ်သဖြင့် လူများစွာသည် ထောင်ရှန်ဟန်ကို ချက်ချင်းချေမှုန်းနိုင်သူကို မြင်ချင်ကြသည်။

၎င်းတို့ ဝင်လာ၍ ချူးယွင်ဖန်း၏ ပြိုင်ဘက်ကို တွေ့ကြသောအခါ အလွန်အံ့သြသွားကြသည်။ ယခုခေတ်လူများသည် ယခင်ကထက် ပို၍ အရပ်မြင့်သော်လည်း ခြောက်ပေခွဲခန့်ရှိသည့် အမျိုးသမီးတစ်ယောက်သည်မူ ရှားပါးသည်။

ထို့ကြောင့် ဤမြင်ကွင်းကို မြင်သောအခါ လူအများ သုန်လှုပ်ခြောက်ခြားသွားကြသည်။

“ဟားဟား ဝမ်ဝမ်က အဲ့ကောင်ရဲ့ ခေါင်းကို ခွဲပစ်တော့မယ်”

အမျိုးသမီးကို ထောက်ခံသူအများအပြားသည် လူအုပ်ကြီးထဲသို့ ဝင်ရောက်လာကြသည်။ ချူးယွင်ဖန်း၏ ပိန်ပါးသော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ထိန်းမနိုင်သိမ်းမရအော်ဟစ်ပစ်လိုက်ကြသည်။ ဝမ်ဝမ်ဟုအမည်ရသော ဤအမျိုးသမီးမှ ပြိုင်ဘက်၏ ဦးခေါင်းကို တင်းပုတ်ဖြင့်ရိုက်လိုက်သည့် မြင်ကွင်းကို မြင်နေကြပြီဖြစ်၏။

“သေစမ်း ဒါက အမြန်နှုန်းနဲ့ ခွန်အားကို ပြိုင်တဲ့ ပြိုင်ပွဲလား။ အရင်ပွဲသုန်းက ချူးယွင်ဖန်းရဲ့ ကြောက်ခမန်းလိလိအရှိန်အဟုန်ကို ငါမြင်ခဲ့တယ်။ ဒါပေမယ့် ဒီ လူသန်မိန်းမကို တိုက်ဖို့ မလွယ်မှာစိုးတယ်။ ချူးယွင်ဖန်းက သူကို အရမ်းမြန်တဲ့အရှိန်နဲ့ပဲ အနိုင်ယူလို့ရလိမ့်မယ်”

ချူးယွင်ဖန်းအကြာင်းကောင်းစွာသိနေကြပြီဟု ထင်နေကြသော ကျောင်းသားများစွာသည် ဤ လူသန်ကြီး ကို အရှိန်အဟုန်ဖြင့် အနိုင်ယူနေသည့် ချူးယွင်ဖန်းကို စိတ်ကူးကြည့်နေကြပြီဖြစ်သည်။

“ခစ်ခစ်… ကောင်လေး၊ နင်အရှုံးပေးလိုက်တာပိုကောင်းမယ်။ ငါ့စွမ်းအင်တွေကို မဖြုန်းတီးပစ်ချင်ဘူး”

ဝမ်ဝမ်က ပြုံး၍ ပြောလိူက်သော်လည်း သူမ၏ မျက်လုံးများသည် စူးရဲစွာ တောက်လောင်နေ၏။ သူမသည် အပေါ်ယံထင်ရသလောက် မဆင်မခြင်ဖြစ်မနေပေ။ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်နိုင်သူများသည် လက်ရွေးစင်များဖြစ်ကြသည်။ ဤကျောင်းသာများထဲမှ တစ်ယောက်သည်မှ ငတုံးငအများမဟုတ်ကြပေ။

ချူးယွင်ဖန်းနှင့် ရင်ဆိုင်ရန် မလွယ်ကူလောက်ကြောင်း ဝမ်ဝမ်သိထားသည်။ ချူးယွင်ဖန်းကို ဦးစွာ ခြောက်လှန့်၍ တိုက်ခိုက်ရန်မလိုအပ်ဘဲ၊ အနိုင်ယူနိုင်မည်လားဆိုသည်ကို သူမသိချင်ခဲ့ရုံသာဖြစ်သည်။

ချူးယွင်ဖန်း အနည်းငယ် ထိတ်လန့်သွားသည်။ အနည်းဆုံး အရပ်ခြောက်ပေရှိကာ၊ သွယ်လျသော အသွင်အပြင်ကို ပိုင်ဆိုင်ထားသူတစ်ယောက်အနေဖြင့်ပင်၊ ဤ အရပ်ခြောက်ပေခွဲမြင့်သော လူသန်မိန်းမ နှင့် နှိုင်းယှဥ်ကြည့်ပါက၊ သူသည် အမှန်တကယ်ပင် အလွန်သေးငယ်သော သူတစ်ဦးဖြစ်နေ၏။ သူမနှင့် နှိုင်းယှဥ်ပါက သူသည် မည်သို့မျှမဟုတ်ပေ။

‘နှိုင်းယှဥ်နေတာက စိတ်တိုစရာပဲ’

“တစ်ခါတစ်လေမှာ အရပ်ရှည်တာက အကြောင်းမဟုတ်ဘူး။ အရပ်ရှည်တဲ့လူတွေက သန်မာရုံပဲသန်မာကြတာ” ချူးယွင်ဖန်းက ဝမ်ဝမ်ကိုကြည့်ကာပြောသည်။

“ကောင်လေး မင်းက တော်တော် ခေါင်းမာတာပဲ။ ဒီတင်းပုတ်နဲ့ ငါ လူတွေအများကြီးကို ချေမှုန်းခဲ့ပြီးပြီ။ သူတို့အားလုံးက မင်းလိုပဲ အမှန်တရားကိုမယုံကြည်ကြဘူး။ ဒါပေမယ့် အဆုံးသတ်မှာတော့ သူတို့အားလုံး ဒူးထောက်ကျခဲ့ရတာပဲ” ဝမ်ဝမ်က လှောင်ရယ်၍ ပြောသည်။

“ဝမ်ဝမ်လား”

ချူးယွင်ဖန်းသည် သူ၏မျက်နှာချင်းဆိုင်ရှိ အမျိုးသမီး၏ အမည်ကို တစ်စုံတစ်ယောက်မှ အော်ခေါ်သံကြားသောအခါအံ့သြမိသွားသည်။ ဤအရပ်ရှည်ကာ၊ သန်မာသောအမျိုးသမီးတွင် ဤကဲ့သို့ သိမ်မွေ့သော အမည်မျိုးရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ချူးယွင်ဖန်း၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်လိုက်ရသောအခါ ဝမ်ဝမ်သည် ချက်ချင်းပင် ချူးယွင်ဖန်း၏အတွေးကို နားလည်သဘောပေါက်သွားသည်။ သူမ ဒေါသဖြင့် ချက်ချင်းတောက်လောင်သွားသည်။ ချူးယွင်ဖန်း’ မျက်နှာပေါ်မှ အမူအရာကဲ့သို့ အလားတူအမူအရာများစွာကို သူမငယ်စဥ်တည်းက မြင်တွေ့ခဲ့ရဖူးသည်။

ဝမ်ဝမ်သည် သူမဒေါသကို မထိန်းနိုင်တော့ပေ။ ချူးယွင်ဖန်းထံသို့ လှမ်းကြည့်ကာ၊ ရက်စက်ကြမ်းကြုတ်သော အမူအရာပေါ်လာပြီးနောက်၊ စတင်တိုက်ခိုက်တော့သည်။

“ငရဲကိုသွားစမ်း”

ဝမ်ဝမ်သည် အလွန်အရပ်ရှည်သော်လည်း အလွန်သွက်လက်သည်။ သူမအသွင်အပြင်နှင့် လက်နက်နှင့် လုံးဝကွဲပြားနေသည်။

အချိန်တိုအတွင်းတွင် သူမသည် ချူးယွင်ဖန်းရှေ့သို့ရောက်လာကာ၊ သူမလက်ထဲမှ တင်းပုတ်သည်လည်း ချူးယွင်ဖန်းထံသို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ချလန်

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ သူမ၏ တင်းပုတ်သည် ချူးယွင်ဖန်းကို မထိမှန်ခဲ့‌ပေ။ ထိုတင်းပုတ်ကျလာသည့်အခိုက်အတန့်တွင် ချူးယွင်ဖန်း၏ နောက်ကျော်ရှိ အရိပ်မဲ့ဓားသည် တင်းပုတ်ကြီးကို တားဆီးလိုက်နိုင်၏။

ချူးယွင်ဖန်းသည် ဓားရှည်ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသော်လည်း လက်နှစ်ဖက်ဖြင့် ကိုင်ထားသည့် ဝမ်ဝမ်၏ ကြောက်မက်ဖွယ်စွမ်းအားကို တားဆီးလိုက်သည်။

“ဆိုတော့၊ မင်းအရပ်ရှည်တာ အရေးမကြီးဘူး” ချူးယွင်ဖန်းက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။

အခန်း(၃၆၈) သန့်စင်တဲ့ မွန်းစတားဆန်ဆန် စွမ်းအား

“သေစမ်း၊ ငါ့မျက်လုံးတွေ တစ်ခုခုများမှားနေလား။ သူက ဝမ်ဝမ်ရဲ့ တင်းပုတ်ကြီဂကို လက်တစ်ဖက်တည်းနဲ့ တားလိုက်နိုင်တာလား”

လူတိုင်းအံ့သြသွားကြသည်။ ၎င်းတို့၏ ရှေ့မှ မြင်ကွင်းကို ကြည့်ကာ၊ ဝမ်ဝမ့်ထက် သေးငယ်သည့် ချူးယွင်ဖန်းသည် ဤ လူသန်မိန်းမ၏ စွမ်းအားအပြည့်ဖြင့်တိုက်ခိုက်မှုကို တားဆီးနိုင်လိုက်သည်။

“သူ အေးခဲသွားတာလား။ ဒီတိုက်ခိုက်မှုရဲ့ စွမ်းအားက သူ့ခန္ဓဦကိုယ်တစ်ဝက်ကို အေးခဲသွားစေတာလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဝမ်ဝမ်ရဲ့ ခွန်အားနဲ့ သူ သူ တောင့်ခဲသွားရုံတင်ဘယ်ဟုတ်မလဲ။ ပုံမှန်ဆိုရင် လက်တစ်ဖက်တည်းမပြောနဲ့ နှစ်ဖက်လုံး ကျိုးသွားလောက်ပြီ”

“ဘုရား‌ရေ၊ သူ့လက်တစ်ဖက်တည်းမှာဘယ်လောက်တောင် စွမ်းအားရှိနေတာလဲ”

“အရင်ကရခဲ့တဲ့ အချက်တွေက မှားများမှားနေတာလား။ သူ့အားသာချက်က အမြန်နှုန်းမဟုတ်ဘူးလား” ကျောင်းသားတစ်ယောက်က သံသယဖြင့်ပြောသည်။

နယ်ပယ်တစ်ခုတွင် အထူးကျွမ်းကျင်မှုတစ်ခုရှိရုံဖြင့် ဤထူးချွန်သော ကျောင်းသားများ၏ အလယ်တွင် ထူးချွန်သည်ဟု ယူဆရန် ခက်ခဲလှသည်။ ချူးယွင်ဖန်းကဲ့သို့ တစ်စုံတစ်ယောက်သည် ရိုးရှင်းစွာပင် အံ့ဖွယ်ကောင်းသူတစ်ဦးဖြစ်၏။

“ဒါ…” အစောပိုင်းကမှ မျက်နှာထက်တွင် ရက်စက်သောအပြုံးတစ်ခုရှိခဲ့သည့် သူမသည် မယုံကြည်နိုင်ဖွယ်ကောင်းသော ခံစားချက်ကို ခံစားခဲ့ရသည်။ ခွန်အားကို အပြည့်အဝအသုံးပြုလိုက်သည့်အခါတွင် သူမတွင် ခွန်အားမည်မျှရှိကြောင်း ရှင်းလင်းစွာသိသည်။

သိုင်းပညာရှင်များအတွက် ခွန်အားသည် ၎င်းတို့စွမ်းအား၏ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်သည်။ လူတစ်ယောက်၏ စွမ်းအားသည် ထိုကဲ့သို့သော အဆင့်သို့ရောက်သောအခါ၊ ၎င်းတို့၏ အခြားစွမ်းအင်များနှင့် အရှိန်သည် မျောလွင့်နေသော တိမ်တိုက်များကဲ့သို့ဖြစ်လာသည်။

သူမ၏ ရက်စက်ကြမ်းကြုတ်သော ခွန်အားကို အားကိုးရုံဖြင့်ပင် ဝမ်ဝမ်သည် သူမ၏ ပြိုင်ဘက်များအားလုံးကို သုတ်သင်နိုင်ခဲ့သည်။ ဤနည်းလမ်းသည် တိုက်ပွဲအမျိုးမျိုးကို ခွန်အားဖြင့် ဖြတ်ကျော်ရန် အကြိမ်ကြိမ် ကြိုးစားစမ်းသပ်ထားခဲ့ဖူးသည့် နည်းလမ်းဖြစ်သော်လည်း ဤနည်းလမ်းသည် ချူးယွင်ဖန်းနှင့်မူ မအောင်မြင်ခဲ့ပေ။

သို့မဟုတ်၊ လုံးဝအသုံးမဝင်ခဲ့ပေ။

နောက်ဆုံးတွင် ဝမ်ဝမ်သည် သူမ၏ မွေးရာပါ စွမ်းအားထက်ပင် ပို၍ စွမ်းအားကြီးသော နတ်ဆိုးတစ်ကောင်ကို တွေ့ခဲ့ရသည်။

“တကယ်တော့၊ ခွန်အားနဲ့ပတ်သက်ရင် ငါလည်း ယုံကြည်ချက်ရှိတယ်” ချူးယွင်ဖန်းက ပြုံး၍ပြောလိုက်သည်။ သူသည် အသွင်အပြင်များကို ကြည့်၍ ဆုံးဖြတ်တတ်သူမဟုတ်သဖြင့် ဤ ဝမ်ဝမ်ခေါ် လူသန်မိန်းမကို သူအထင်မကြီးခဲ့ပေ။ သူမ၏အမူအကျင့်သည် ကြာမြင့်စဥ်တည်းက၊ လှည့်စားတတ်သည်မှာ သိသာထင်ရှား၍ ယခုအခါတွင် သူမသည် အနည်းငယ်ကောက်ကျစ်လာခဲ့သည်။

ဝမ်ဝမ်သည် မိမိကိုယ်မိမိ ယုံကြည်ချက်လွန်ကဲနေသည်ဖြစ်ရာ၊ သူမအတွက် မျှော်လင့်ချက်မရှိတော့ပေ။

“ငါ မင်းရဲ့ တိုက်ခိုက်မှုကို လက်ခံပြီးပြီ။ အခု မင်း ငါ့ဟာကို လက်ခံတော့” ချူးယွင်ဖန်းအော်လိုက်သည်နှင့် အရိပ်မဲ့ဓားသည် ချက်ချင်း ထွက်ပေါ်လာ၏။

ဓားသည် အနက်ရောင်အလင်းတန်းတစ်ခုအဖြစ်သို့ပြောင်းလဲကာ၊ တခဏအတွင်းတွင်ပင် သူမ၏

ရှေ့သို့ရောက်ရှိသွားသည်။

ဝမ်ဝမ်က မြန်ဆန်စွာ တုံ့ပြန်လိုက်သည်။ ကနဦးထိတ်လန့်ပြီးနောက်၊ သူမသည် ချူးယွင်ဖန်း၏ ဝင်လာသော ဓားချက်ကို အမြန်တားဆီးလိုက်သည်။

ဘမ်း

သတ္တုများထိတိုက်ပေါက်ကွဲသွားသကဲ့သို့ အသံကြီးတစ်သံထွက်ပေါ်လာသည်။ ချူးယွင်ဖန်း၏ ဓားချက်သည် အလွန်ကြောက်မက်ဖွယ်ကောင်းလောက်သည်အထိ ပြင်းထန်၏။ ဝမ်ဝမ် သည် ချူးယွင်ဖန်းနှင့် ထိပ်တိုက်ရင်ဆိုင်မိသောအခါ၊ ၎င်းတို့ကြားမှ ခြားနားချက်ကို ချက်ချင်းခံစားလိုက်မိသည်။

ကျစ်

ဝမ်ဝမ်သည် သူမလက်ထဲမှ တင်းပုတ်တစ်ခုလုံး ပြင်းထန်စွာ သုန်လှုပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤအခိုက်အတန့်တွင် သူမသည် မိမိထက် သာလွန်သူတစ်ဦး လောက၌ အမြဲတစေရှိနေကြောင်း နားလည်လာခဲ့သည်။

သူမက တိုက်ခိုက်မှုကို တားဆီးရန် ခြေလှမ်းအနည်းငယ် နောက်သို့ဆုတ်လိုက်သည်။ သို့သော် ချူးယွင်ဖန်းသည် ထိုအခွင့်ကောင်းကို မည်သို့ လက်လွှတ်နိုင်လိမ့်မည်နည်း။ မျက်စိတစ်မှိတ်အတွင်းတွင်ပင် သူ၏ ဒုတိယဓားချက်ပေါ်ထွက်လာသည်။

ဘမ်း

နောက်ထပ် ကျယ်လောင်သောပေါက်ကွဲသံတစ်ခု။

ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်လုံးပေါ်ထွက်လာကာ၊ ကွင်း၏ အရပ်ရပ်အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။

ဘမ်း

ဘမ်း

ဘမ်း

ချူးယွင်ဖန်း၏ဓားသည် အဆက်မပြတ် တစ်ချက်ပြီးတစ်ချက်ပေါ်ထွက်လာရာ၊ ချက်ချင်းပင် လူသန်မိန်းမ သည် ကွင်းထောင့်သိ့ တွန်းပို့ခံနေရသည်။

လူသန်မိန်းမ ဝမ်ဝမ်၏ ထောက်ခံသူများသည် သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာသုန်လှုပ်သွားကြသည်။ ဤသည်မှာ မယုံကြည်နိုင်ဖွယ်ရာပင်ဖြစ်၏။

လူသန်မိန်းမ ရှုံးမည်ဟု သူတို့ ထင်ကောင်းထင်ခဲ့ကြသော်လည်း ဤသို့ ဆုံးရှုံးရလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ကြပေ။ သူမအကောင်းမွန်ဆုံးနယ်ပယ်တွင် ချူးယွင်ဖန်းကို ရှုံးနိမ့်ခဲ့ရ၏။

ဤအချိန်တွင် လူသန်မိန်းမသည် ချူးယွင်ဖန်း၏ ခွန်အားဖြင့် လုံးလုံးရှုံးနိမ့်သွားသည်ကို လူတိုင်းမြင်နိုင်၏။ သူမသည် ချူးယွင်ဖန်းကို လုံးလုံးလျားလျားမယှဥ်နိုင်ပေ။ လူသန်မိန်းမ သည် ချွေးများဖြင့်ရွဲနစ်နေကာ၊ သူမလက်နှစ်ဖက်လုံး သုန်ယင်နေ၍ မျက်နှာများလည်းနီရဲလျက်ရှိသည်။ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် သူမ၏ရှိသမျှစွမ်းအားများကို အသုံးပြုခဲ့ကြောင်း ထင်ရှား၏။

သို့သော် သူမနှင့်တိုက်ခိုက်နေသော ချူးယွင်ဖန်းသည်မူ၊ ဓားကို ကိုင်ဆောင်ထားကာ၊ လူသန်မိန်းမ ကို ပေါ့ပါးလွယ်ကူစွာ အနိုင်ယူထားသည်။ လူအုပ်ကြီးသည် ယခင်ပွဲများတွင် သူ၏ ထိတ်လန့်ဖွယ်အရှိန်ကိုမြင်ခဲ့ရကာ၊ ယခုမူသူ၏ ကြောက်မက်ဖွယ်ကောင်းသော ထရိုင်နိုဆောရက်စ်ကဲ့သို့ ပြင်းထန်သည့် ခွန်အားကို မြင်တွေ့ကြရပြီဖြစ်သည်။

“ဒီကောင်က လူ့အရေခွံခြုံထားတဲ့ ထရိုင်နိုဆောရက်စ်ပဲ”

“မွန်းစတား… သူက မွန်းစတားတစ်ကောင်ပဲ”

“မွန်းစတားတစ်ကောင်က အခြားမွန်းစတားတစ်ကောင်ကို အနိုင်ယူဖို့ လိုတယ်ဆိုတာ တကယ်ပဲလား”

“ချူးယွင်ဖန်းကဘယ်သူလဲ။ သူက ဘာလို့ ဒီလောက်ကြောက်ဖို့ကောင်းနေတာလဲ”

“ဘုရားရေ၊ အဲ့လိုလူမျိုးကို ဘာလို့ ဆရာတွေက အရင်မရွေးထားကြတာလဲ။ သူဘာလို့ ပြိုင်ပွဲမှာ ဝင်ပြိုင်နေသေးတာလဲ”

ကျောင်းသားများစွာသည် တက်ကြွစွာဆွေးနွေးနေကြသည်။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏တိုက်ပွဲကို ကြည့်နေကြသော ဆရာများသည်လည်း အလွန်ထိတ်လန့်သွားကြသည်။

ယခင်တိုက်ပွဲအပြီးတွင် ချူးယွင်ဖန်းသည် အမြန်နှုန်းတွင် ကောင်းမွန်ကြောင်း ၎င်းတို့ အသေအချာသိရှိခဲ့ကြသည်။ ထိုပကတိအမြန်နှုန်းဖြင့် ပြိုင်ဘက်တိုင်းကို အနိုင်ယူနိုင်မည်ဖြစ်သည်။ သွေးသောက်သိုင်းတွင် ကောင်းမွန်သော ထောင်ရှန်ဟန်သည်ပင် ဤအမြန်နှုန်းကြောင့်ကျရှုံးခဲ့ရသည်။

သို့သော် ဆရာများသည် မိမိတို့အလွန် နုံအကြကြောင်း သဘောပေါက်နားလည်သွားကြသည်။ ချူးယွင်ဖန်း၏ အကန့်အသတ်သည် ဤထက် များစွာသာလွန်၏။

“ချူးယွင်ဖန်းက ကျင့်ကြံရေးသိုင်းတွင်မှာတင်တော်တာမဟုတ်ဘူး။ သူက အဲ့ထက်ပိုအရည်အချင်းရှိတယ်”

“မှန်တယ်။ အဲ့ ကြောက်စရာ စွမ်းအားကို သန့်စင်ခြင်းအဆင့် စစ်သည်တစ်ယောက်နဲ့ပဲ နှိုင်းယှဥ်လို့ ရလိမ့်မယ္။ ဒီလို အံ့ဖွယ်စွမ်းအားနဲ့ ဒီနှစ် နည်းပြပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့အခွင့်အလမ်းရှိတယ်”

အခြားဆရာတစ်ယောက်က ခေါင်းတညိတ်ညိတ်ဖြင့် စကားပြောလိုက်ကာ၊ ချူးယွင်ဖန်းထံသို့ ကြည့်နေသော သူ့အကြည့်များ ပို၍တောက်ပလာသည်။ ဆရာများအားလုံးသည် ထိုကဲ့သို့ အရည်အချင်းမြင့်မားသည့် ကျောင်းသားကို တပည့်အဖြစ်ခေါ်ယူချင်ကြသည်။

သို့သော ်ဆရာများ ပိုများလေလေ၊ ပိုဆိုးသောအရာများ ရလေလေဖြစ်ပေလိမ့်မည်။ ချူးယွင်ဖန်း၏ စွမ်းဆောင်မှု ပို၍ ထူးချွန်လေလေ၊ ဆရာများစွာက သူ့ကို ပို၍ အာရုံစိုက်လာလေလေဖြစ်မည်ဖြစ်ကာ၊ ပြိုင်ဆိုင်မှုများသည် အချိန်နှင့်အမျှ ပို၍ ပြင်းထန်လာ၏။

ရလဒ်အနေဖြင် ချူးယွင်ဖန်းကို အာရုံစိုက်နေကြသော ဆရာများအပြင်၊ လူသန်မိန်းမ ကို အာရုံစိူက်ခဲ့ကြသည့် ဆရာများသည်လည်း ချူးယွင်ဖန်း၏ အံ့ဖွယ်ခွန်အားကို မြင်တွေ့ပြီးနောက်၊ ချူးယွင်ဖန်းကို အထူးအာရုံစိုက်လာကြသည်။

လူတိုင်းသည် ချူးယွင်ဖန်း၏ ခွန်အားကြောင့် ထိတ်န့်ကုန်ကြကာ၊ မျှော်လင့်ချက်မြင့်မြင့်ထားခဲ့ကြသော ကျောင်းသားများသည် ဤလူ၏ရှေ့မှောက်တွင် မတောင့်ခံနိုင်ကြတော့ပေ။ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်ဖြင့် နှစ်ဦးကြားမှ ကွာခြားချက်ကို မြင်နေရပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် လူသန်မိန်းမ ကို ကွင်းထောင့်သို့ တွန်းပို့ခဲ့သော ချူးယွင်ဖန်းသည် သူမကို အေးစက်စွာကြည့်လိုက်သည်။ ထို့နောက်၊ သူ့လက်ထဲမှ အရိပ်မဲ့ဓားကို ဝှေ့ယမ်းလိုက်ရာ၊ ကျယ်လောင်သော မိုးခြိမ်းသံတစ်ခုနှင့်အတူ ဓားချက်တစ်ခု ပေါ်ထွက်လာ၏။ တစ်ချိန်တည်းတွင်ပင် ကြောက်မက်ဖွယ်ဓားအလင်းထွက်လာကာ၊ လူသန်မိန်းမ ၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းလိုက်သည်။

လူသန်မိန်းမ ၏ လက်မောင်းမျာသည် ထုံကြင်နှင့်ပြီးသားဖြစ်သဖြင့် ပြန်လည်မခုခံနိုင်တော့ပေ။ ဓားချက်ထိမှန်ပြီးနောက်၊ အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ၊ သူမက ကွင်းထဲမှ ပျောက်ကွယ်သွားသည်”

အခန်း(၃၆၉) လမ်းတစ်လျှောက် ချေမှုန်းခြင်း

ချူးယွင်ဖန်းသည် လူသန်မိန်းမ ကို ဓားချက်တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ရုံသာမက၊ တုံ့ဆိုင်းခြင်းအလျင်းမရှိ၊ သန့်ရှင်းသပ်ရပ်စွာပြုလုပ်ခဲ့သည်။

ဤရလဒ်ကို လူတိုင်းကမျှော်လင့်ခဲ့ကြသော်လည်း လူသန်မိန်းမ သည် သူမ၏ ခွန်အားကြောင့် လူသိများသည်။ သို့သော်၊ ဤနယ်ပယ်၌ ချူးယွင်ဖန်းလက်ထဲတွင် အပြတ်အသတ်ဖိနှိပ်ခံခဲ့ရကာ၊ သူမအရှုံးပေးခဲ့ရသည်။

ဝမ်ဝမ်၏ အားသာချက်များနှင့် အားနည်းချက်များသည် ထင်ရှားလွန်းလှသည်။ သိသာထင်ရှားသော အားနည်းချက်များရှိသည့် သူမကဲ့သို့တစ်စုံတစ်ဦးကို အနိုင်ယူရန် လွယ်ကူလွန်းလှသည်။ ယခင်က သူတွေ့ဖူးသမျှလူအားလုံးသည် သူမ၏ ခွန်အားကြောင့် ဒူးထောက်ကာ၊ ရှုံးနိမ့်ခဲ့ကြသည်။ သူမ၏ အားနည်းချက်များကို ပစ်မှတ်ထားရန် ၎င်းတို့တွင် အခွင့်အရေးမရှိခဲ့ပေ။

သို့သော် ချူးယွင်ဖန်းသည်မူ ကွဲပြားသည်။ ဝမ်ဝမ်၏ အားသာချက်မြင့်သော နယ်ပယ်တွင် ချူးယွင်ဖန်းသည် မည်သူမျှမ အပြစ်မရှာနိုင်လောက်သော အတိုင်းအတာအထိ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် မည်သည့် အသာစီးရနိုင်မည့်နည်းလမ်းကိုမျှ အသုံးမပြုခဲ့သောကြောင့် ဖြစ်ရာ၊ ဤသို့ဖြင့် သူမကို ဒူးထောက်ကျသည်အထိ တိုက်ခိုက်ခဲ့သည်။

“ဒီကျောင်းသားက ဘယ်သူလဲ။ သူ့အချက်အလက်တွေ မြန်မြန်ယူလာခဲ့စမ်း”

မကြာခင်တွင် ယခင်ကဖြစ်ပျက်ခဲ့သည့် ဆရာများကြားမှ တိုက်ပွဲသည် ပြန်လည်စတင်လာခဲ့သည်။ ဤသို့သော ပျိုးပင်ကောင်းမျိုးကို ကြည့်ကာ၊ ဤသို့သော တပည့်ကောင်းကို ရရှိရန် အခွင့်အရေးကို လက်လွှတ်မခံချင်ကြပေ။

“သေစမ်း၊ ဒီလိုတိုက်ပွဲမျိုးက ကြည့်လို့အရမ်းပျော်ဖို့ကောင်းတယ်။ မယုံရင် မင်းပြန်ကြည့်ကြည့်။ မင်း မယုံတဲ့အထိကြည့်ကြည့်” ကျောင်းသားတစ်ယောက်က ရုတ်တရက်ထအော်လိုက်သည်။ ပြောင်မြောက်သောသိုင်းကွက်များပြသနိုင်သည့် တိုက်ပွဲများနှင့် နှိုင်းယှဥ်ပါက၊ ဤစစ်မှန်သော ခွန်အားတိုက်ပွဲမျိုးသည် လူများ၏ သွေးကို ပို၍ ဆူပွက်စေသည်။

၎င်းတို့ အရိုးများကြားရှိ သွေးပူကာ၊ တိုက်သွေးကြွနေသည့် ဗီဇများ နိုးထလာသကဲ့သို့ပင်ဖြစ်သည်။

“ဟားဟား၊ ချူးယွင်ဖန်းက သေချာပေါက် ငါ့အာရုံကို ဖမ်းစားနိုင်တာပဲ။ သူ့တိုက်ပွဲတွေက ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ သူဘယ်လောက်ထိ သွားနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်”

“သူ ထိပ်တန်း တစ်ရာထဲကို ဝင်နိုင်သင့်တယ်”

“ထိပ်တန်း ၁၀၀က ပြဿနာကြီးတစ်ခုမဟုတ်ဘူးမလား”

ကျောင်းသားများစွာသည် စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသည်။ ၎င်းတို့၏ အမြင်တွင် ထိပ်တန်း အယောက်တစ်ရာသို့ ဝင်ရောက်နိုင်သော ကျောင်းသားများသည် အံ့ဖွယ်အကောင်းဆုံးဖြစ်ကြသည်။ ဤကျောင်းသည် အခြားကျောင်းများကဲ့သို့ အဆင့်နိမ့်ကျောင်းတစ်ကျောင်းမဟုတ်ပေ။ ပြည်ထောင်စုတက္ကသိုလ်ဖြစ်သည်။ ထို့ကြောင့် ထိပ်တန်းအယောက် တစ်ရာသည် ကျောင်းသားထောင်ပေါင်းများစွာအကြားတွင် ထင်ရှားပေါ်လွင်သော၊ လူတစ်သောင်းကြားတွင် တစ်ကြိမ်သာတွေ့နိုင်သော ဖြစ်တည်မှုမျိုးဖြစ်သည်။

ချူးယွင်ဖန်း ကွင်းထဲမှ ထွက်လာပြီးနောက်၊ ဆရာများထံမှ ဒါဇင်ချီသော မက်ဆေ့ချ်များစွာကို လက်ခံရရှိခဲ့သည်။ ချူးယွင်ဖန်း၏ အရည်အချင်းကို အတည်ပြုပြီးနောက်၊ ဆရာများသည် မိမိတို့ကိုယ်မိမိ မထိန်းနိုင်ကြတော့ဘဲ၊ ဆက်လက်မစောင့်ဆိုင်းချင်ကြတော့ပေ။ ၎င်းတို့ ဆက်လက်စောင့်ဆိုင်းလေ၊ ချူးယွင်ဖန်းသည် နာမည်ကြီးဆရာများ၏ အာရုံကို ဆွဲဆောင်နိုင်လေလေဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အသာစီးရရန် ဦးစွာ ကြံစည်ခဲ့ကြသည်။

ကျောင်းသာများကို ရွေးချယ်သူသည် ဆရာများဖြစ်သော်လည်း ကျောင်းသားများ၏ ဆန္ဒသည်လည်း အရေးကြီးသောကိစ္စတစ်ခုဖြစ်သည်။ ၎င်းတို့၏ ခံစားချက်များကို ထည့်သွင်းမစဥ်းစား၍ မကောင်းပေ။ တက္ကသိုလ်မှ ကျောင်းသားများကို ၎င်းတို့၏ဆရာများ ရွေးချယ်ရာတွင် မလိုချင်သော ဆရာကို အတင်းအကြပ်ရွေးချယ်ခိုင်းလိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ဤဆရာများသည် ချူးယွင်ဖန်းအား လူအများအပြားမသိသေးသဖြင့် လက်ဦးမှုရရန် ကြံစည်ထားကြသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ကတိအမျိုးမျိုးနှင့် အကျိုးရလဒ်အမျိုးမျိုးဖြင့် ကမ်းလှမ်းကြသည်။ လေ့ကျင့်ရေးကွင်းများ၊ အရင်းအမြစ်များနှင့် အထောက်အပံ့အချိတ်အဆက်များကဲ့သို့ ၎င်းတို့တွင်ရှိသမျှ အရာများအားလုံးကို ပေးခဲ့ကြသည်။ ဤကောင်းမွန်သော အခြေအနေများသည် သာမန်ကျောင်းသားများထံမှ အထင်ကြီးမှုကို ရရှိရန်လုံလောက်၏။

ချူးယွင်ဖန်းသည် ဤဆရာများ ကမ်းလှမ်းလာသည့် အခြေအနေများ မည်မျှကောင်းနေသည်ဖြစ်စေ သူ့အတွက် မလုံလောက်သေးကြောင်း သူသိသောကြောင့် ၎င်းတို့ကို ချူးယွင်ဖန်းမှ စဥ်းပင်မစဥ်းစားခဲ့ပေ။ သာမန်ကျောင်းသားများသည် ဤနည်းပြများနှင့် လိုက်ရောညီထွေရှိရန်လိုအပ်သော်လည်း ထူးချွန်ကျောင်းသားများသည်မူ ပြိုင်ပွဲ၏ပစ်မှတ်သာဖြစ်ပေလိမ့်မည်။ ချူးယွင်ဖန်းသည် ထူးချွန်သူများထဲမှ တစ်ဦးဖြစ်သည်မှာ သေချာ၏။

ချူးယွင်ဖန်း အတွက် ဤနည်းပြများ၏ အခြေအနေများသည် ရှု့ထောင့်တစ်မျိုးတည်းသာဖြစ်သည်။ အရေးအကြီးဆုံးအချက်မှာ ထိုဆရာများကိုယ်တိုင်သည် အရင်းအမြစ်တစ်မျိုးဖြစ်ကာ၊ သန့်စင်ခြင်းအဆင့် အထွဋ်အထိပ် ဆရာနှင့်၊ မွေးဖွားခြင်းနယ်မြေအဆင့် အထွဋ်အထိပ်ဆရာတို့ရှိကြသည်။ လက်ရှိချူးယွင်ဖန်းအတွက် ၎င်းတို့သည် အလွန်စွမ်းအားကြီးသော်လည်း အမှန်တကယ်ပင် တူညီသည်ဟု ယူဆ၍ ရလိမ့်မည်လော။

သိသာစွာပင် ဤသို့ယူဆ၍ မရပေ။

ထို့ကြောင့် ချူးယွင်ဖန်းသည် စောင့်နေလိုက်သည်။ သူရသင့်သည့် တန်ရာတန်ကြေးအတွက် ဆက်လက်စောင့်ဆိုင်းရမည်။ သုန်ဖန်းဟောက်၊ ချန်းဖန်ဖေနှင့် ကောလိပ်ဝင်ခွင့်စာမေးပွဲအတွင်း သန့်စင်ခြင်းအဆင့်သို့ရောက်ရှိခဲ့သော အခြားသူများ၏ ဆရာများသည် ပြည်ထောင်စုတက္ကသိုလ်၏ အကောင်းဆုံး ဆရာများဖြစ်ကြသည်။ ၎င်းတို့ ရရှိမည့် အရင်းအမြစ်များသည်လည်း ပြည်ထောင်စုတက္ကသိုလ်တွင် အကောင်းဆုံးဖြစ်ကြသည်။

ချူးယွင်ဖန်းသည် အလားတူ ထိပ်တန်းနည်းပြဆရာများ၏ တပည့်ဖြစ်လာကာ၊ တန်းတူ အဆင့်မြင့်သော အရင်းအမြစ်များကို မခံစားနိုင်ပါက၊ ထိုလူများကို လိုက်မီရန် သို့မဟုတ် ကျော်လွန်နိုင်ရန်မှာ ပို၍ပင် ခက်ခဲမည်မှာ သေချာ၏။

ထို့ကြောင့် ချူးယွင်ဖန်းသည် အလျင်စလိုမဖြစ်ပေ။ ချန်ပီယံဖြစ်လာပြီးလျှင် အမှန်တကယ် ရွေးချယ်မှုလုပ်ရမည်ဖြစ်ကြောင်း သူသိသည်။ ထို့ကြောင့် ယခုအချိန်တွင် ဆရာများ ပေးပို့လာသည့် စာများကို သူလျစ်လျူရှု့ခဲ့သည်။

ချူးယွင်ဖန်းသည် အချိန်မကျသေးကြောင်း သိထားသည်။

တိုက်ပွဲများ တစ်ပွဲပြီးတစ်ပွဲတိုင်းတွင် ချူးယွင်ဖန်း ခပ်ဝေးဝေးလှမ်းနိုင်လေလေ၊ ကျွမ်းကျင်သူများစွာကို ပို၍ ကြုံတွေ့ရလေလေဖြစ်၏။ ကျောင်းသားပေါင်းသောင်းနှင့်ချီ၍ရှိသောကြောင့် တက္ကိသုလ်သည် round-robin စနစ်ကို မကျင့်သုံးခဲ့ပေ။ ပထမဆယ်ချီပြီးလျှင် နောက်ဆယ်ချီသည် ဖယ်ရှားရေးတိုက်ပွဲများဖြစ်သည်။

အကယ်၍ လူတစ်ယောက်သည် ခွန်အားသည်မကောင်းပါက၊ ပထမဆယ်ချီပြီးလျှင် တစ်ဖက်လူမှ မည်သို့သော ခွန်အားမျိုးရှိကြောင်းနားလည်လာမည်ဖြစ်သည်။

ချူးယွင်ဖန်းနှင့် တန်စီယုအတွက် ဤဆယ်ချီလုံးသည် အစမျှသာဖြစ်သော်လည်း ဂေါင်ဟုန်ချီအတွက်မူ၊ ဤဆယ်ချီသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းသံသရာနှင့်တူသည်။ ဤဆယ်ချီတွင် သူသည် အလွန်ပြင်းထန်စွာတိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် ငါးပွဲသာ အနိုင်ရခဲ့သည်။

ဂေါင်ဟုန်ချီသည် ယခင်က ချူးယွင်ဖန်းကို တိုက်ခိုက်စဥ်က ဤသို့သော ခံစားချက်မျိုးမခံစားခဲ့ရပေ။ သို့သော် ဤပါရမီရှင်များနှင့် တိုက်ခိုက်သည့်အလှည့်သို့ရောက်သောအခါတွင် ဤကမ္ဘာကြီးကျယ်ပြောလှကြောင်း သူသဘောပေါက်နားလည်လိုက်သည်။ ဤကမ္ဘာကြီးတွင် ပါရမီရှင်များစွာရှိသဖြင့် မည်မျှရှိကြောင်း တွေ့ကြည့်၍ မရနိုင်ပေ။

အခြေအနေအရ ဂေါင်ဟုန်ချီကို ပျမ်းမျှအဆင့်ဟုယူဆနိုင်မည်ဖြစ်သည်။ သို့သော် သူသည် အလွန် ပွင့်လင်းမြင်သာရှိကာ၊ အောက်ခြေသို့ရောက်မနေခြင်းကပင် အလွန်ကောင်းမွန်လှပြီဖြစ်သည်။

ဤဆယ်ကြိမ်လုံးတွင် ချူးယွင်ဖန်းသည် ယခင်ကဲ့သို့ပင်ဖြစ်သည်။ မည်မျှပင် ပြင်းထန်သော ပြိုင်ဘက်နှင့်ရင်ဆိုင်ရစေကာမူ၊ ၎င်းတို့သည် သူနှင့် မယှဥ်နိုင်ကြပေ။ တစ်ခုတည်းသောခြားနားချက်မှာ ၎င်းတို့ သူ၏သိုင်းကွက် တစ်ကွက်ကို ခံနိုင်ရည်ရှိခြင်းမရှိခြင်းပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် သူ၏ စွမ်းအားကို အပြည့်အဝအသုံးမပြုရသေးပေ။ သူဝတ်ထားသော အလေးစီးဝတ်စုံ၏ အကျိုးသက်ရောက်မှုသည် အသက်ဝင်နေဆဲပင်ဖြစ်သည်။ သို့ထိတိုင်၊ ဆွဲငင်အားနှစ်ဆတိုးစေသည့် အလေးမဝတ်စုံကို ဝတ်ထားသော ချူးယွင်ဖန်းသည် ၎င်းတို့ ခုခံနိုင်မည့်လူတစ်ယောက်မဟုတ်သေးပေ။

ချူးယွင်ဖန်းအတွက် ဤဆယ်ကြိမ်လုံးသည် အလွန်လွယ်ကူလွန်းလှသည်။ သို့သော် ၎င်းတို့ အဆုံးထိတိုးလာသည်နှင့်အမျှ၊ ပထမအချီများသည် ဖယ်ရှားရေးစနစ်ကို အခြေခံထားသောကြောင့် ချူးယွင်ဖန်း ရင်ဆိုင်ရသည့် ရန်သူများသည် ပို၍ ပို၍ သန်မာလာသည်။ ဂေါင်ဟုန်ချီကဲ့သို့ လူများသည် အစောပိုင်းတည်းက ဖယ်ရှားခံခဲ့ရပြီးဖြစ်ကာ၊ တန်စီယုကဲ့သို့ လက်ရွေးစင်ကျောင်းသားများသည်ပင် စတင်ရုန်းကန်လာကြသည်။

ထောင်ချီ‌သော ကျောင်းသားများအနက်၊ စွမ်းအင်သန့်စင်ခြင်းအဠမအဆင့်သို့ ကျင့်ကြံထားကြသော ကျောင်းသားများစွာ ရှိရာ ၊ တန်စီယုသည်လည်း အဠမအဆင့်၌သာရှိနေသေးသဖြင့် သူမဤလူများနှင့် ရင်ဆိုင်ရသောအခါ ၎င်းသည် ပို၍ ပို၍ ခက်ခဲလာသည်။ စွမ်းအင်သန့်စင်ခြင်းအဠမအဆင့် ကျွမ်းကျင်သူအချို့ကို အနိုင်ယူပြီးနောက်၊ သူမ၏ နှစ်ဆယ်ကြိမ်မြောက်အချီတွင် သိုင်းကွက်သုံးကွက်အောက်တွင် သူမရှုံးနိမ့်ခဲ့ရသည်။

“နင့်စွမ်းအားနဲ့၊ သုံးကွက်နဲ့ရှုံးသွားတယ်ဟုတ်လား” ဂေါင်ဟုန်ချီက တန်စီယုကို မယုံမကြည်နိုင်ဖြစ်၍ ကြည့်လိုက်သည်။

တန်စီယု၏ စွမ်းအားဖြင့် စွမ်းအင်သန့်စင်ခြင်းအဠမအဆင့် ကျွမ်းကျင်သူများကို တိုက်ခိုက်နိုင်သည်။ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ကျွမ်းကျင်သူများနှင့်ရင်ဆိုင်ရလျှင်ပင် သူမ ဆိုးဆိုးရွားရွားရှုံးနိမ့်လိမ့်မည်မဟုတ်ပေ။

“သူ့နာမည်က တန်ကျောက်ရှင်း။ သူက ငါတို့ တန်မိသားစုခွဲက တပည့်တွေကြားမှာ အထူးချွန်ဆုံးတစ်ယောက်ပဲ။ အရင်က သူ့အကြောင်း သိပ်မကြားဖူးပေမယ့်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သူရုတ်တရက်နာမည်ရလာတာ။ သူက အရမ်းသန်မာတယ်။ ငါ့အဒေါ်က ဒီနှစ်မှာ သူချန်ပီယံဖြစ်လောက်တယ်လို့ ပြောဖူးတယ်” တန်စီယုက အနည်းငယ် မနာလိုဝန်တိုဖြစ်ကာ ပြောလိုက်သည်။

All Chapters