အခန်း (၃၇၀-၃၇၂)
Vol. 25 Ch. 370-372
အခန်း(၃၇၀) ငါသေချာပေါက် ချန်ပီယံဖြစ်လာလိမ့်မယ်
ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းကို ကြည့်လိုက်သည်။ ချူးယွင်ဖန်းနှင့် တန်ကျောက်ရှင်းတို့သည် အမှန်တကယ်ပင် ဆင်တူသည်။ ချူးယွင်ဖန်းသည် ချူးမိသားစု၏ မျိုးဆက်ခွဲတစ်ခုမှဖြစ်ကာ၊ ၎င်းတို့ကို ယခင်ကမသိကြသော်လည်း ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ရုတ်တရက် ကျော်ကြားလာခဲ့သည်။
ချူးယွင်ဖန်းသည် နေ့ချင်းညချင်း ကျော်ကြားလာကာ၊ လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ထို့ကြောင့် ဂေါင်ဟုန်ချီသည် သူတို့နှစ်ဦးမှာ အမှန်တကယ်ပင် ဆင်တူသည်ဟု ခံစားခဲ့ကြရသည်။ ထိုအချိန်တွင် တန်စီယုသည်လည်း ဤကိစ္စကို တွေးနေခဲ့၏။
“နှစ်စဥ်နှစ်တိုင်း ဒီလိုမျိုးပါရမီရှင်တွေရှိတဲ့ မိသားစုကြီးတွေရှိတယ်။ အမှန်တော့ သူတို့ အရည်အချင်းရှိတဲ့ မျိုးဆက်တွေ ဘယ်လောက် လိုချင်နေပါစေ၊ မျိုးဆက်ခွဲက ကလေးတွေကို အာရုံစိုက်မှုက အရမ်းနည်းလွန်းတယ်”
“အရေးမကြီးပါဘူး။ ချန်ပီယံဖြစ်ဖို့ သူ့မှာ စွမ်းအားရှိတာကြောင့် အဆုံးထိသေချာပေါက် လျှောက်လှမ်းနိုင်ဖို့ အခွင့်အရေးရမှာပါ” ချူးယွင်ဖန်းက တည်ငြိမ်စွာပြောလိုက်သည်။ မည်သို့သော ပြိုင်ဘက်မျိုးနှင့် တွေ့ကြုံနေစေကာမူ၊ သူ့အတွက်မူ အဓိပ္ပါယ်မရှိပေ။
ချူးယွင်ဖန်းတွင် ချန်ပီယံဖြစ်လာရမည်ဟူသော ပန်းတိုင်တစ်ခုသာရှိသည်။
“ဟုတ်တယ်၊ ဒါပေမယ့် နင်သတိထားရမယ်။ ဟုန်ချီနဲ့ ငါနဲ့က ကျရှုံးပြီးသွားပြီ။ ချန်ပီယံဖြစ်ချင်ရင် နင် ပြိုင်ဘက်တွေအများကြီးရင်ဆိုင်ရလိမ့်မယ်။ ငါကြားရသလောက်၊ သန့်စင်ခြင်းအဆင့် ကျောင်းသားတွေရဲ့ ဆရာတွေလိုမျိုး အဆင့်တူဆရာတွေကို လိုချင်တဲ့အတွက်၊ နည်းပြတွေကို တမင်တကာပယ်ချပြီး ဒီပြိုင်ပွဲမှာ လာပြိုင်နေတဲ့လူတွေ အများကြီးရှိတယ်။ အဲ့ကျောင်းသားတွေ အကုန်လုံးက အရမ်း အစွမ်းထက်တာကြောင့် မင်းသတိထားရမယ်” တန်စီယုကပြောသည်။
ချူးယွင်ဖန်း ခေါင်းညိတ်လိုက်သည်။ ပြောရန်ပင်မလိုအောင်ပင် နောက်ပိုင်းအဆင့်များတွင် ကျွမ်းကျင်သူများ ပိုများလာသည်ဟု ခံစားရသည်။ အစပိုင်းတွင် စွမ်းအင်သန့်စင်ခြင်းအဠမအဆင့် ကျွမ်းကျင်သူများ များပြားလာခဲ့သည်။
စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်ရှိကျောင်းသားများသည် သက်ဆိုင်ရာမြို့နယ်များနှင့် ကျောင်းများတွင် ကျော်ကြားနေပြီဖြစ်ရာ၊ ၎င်းတို့ အားလုံးသည် ကျွမ်းကျင်သူများဖြစ်ကြသော်လည်း ၎င်းတို့အားလုံးသည် ပါရမီရှင်များဖြစ်ကြသည်။
ဤလမ်းကြောင်းအရ၊ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်ကျွမ်းကျင်သူများနှင့် မတွေ့ဆုံမီအချိန်တစ်ခုသာကျန်တော့သည်။ နောက်ဆုံးတွင်မူ ချူးယွင်ရှင်းသည် နဝမအဆင့်တွင်သာရှိကာ၊ ချူးမိသားစု၏ လက်ရှိအသုတ်တွင် ဒုတိယအကောင်းဆုံးပင်ဖြစ်သည်။ အကယ်၍ ချူးယွင်ဖန်းသည် မည်သည့်နေရာမှ ထွက်မလာခဲ့လျှင် ချူးယွင်ရှင်းသည် အသေအချာပင် ပထမဖြစ်လာပေလိမ့်မည်။
ချူးယွင်ရှင်းကဲ့သို့သော လူတစ်ယောက်သည် မည်သည့်နေရာတွင်ရှိနေစေကာမူ၊ လူမသိသူမသိဖြစ်ရန် မဖြစ်နိုင်ပေ။ ချူးယွင်ဖန်းကဲ့သို့ ရုတ်တရက်ပေါ်လာသော လူများမှလွဲ၍ အခြားသူများ လျစ်လျူရှု့ခံရနိုင်ချေ အလွန်နည်း၏။
ချူးယွင်ဖန်းကဲ့သို့ လူတစ်ယောက်ပေါ်ပေါက်လာရန် အလွန်ရှားသဖြင့် နောက်တစ်ယောက်မည်သို့ ရုတ်တရက်ပေါ်လာနိုင်လိမ့်မည်နည်း။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် မဖြစ်နိုင်ကြောင်း သိသာ၏။
ထို့ကြောင့် ဤအရာသည် အလွန်ထူးဆန်းသည်။ ချူးယွင်ဖန်းသည် မူလက ထူးဆန်းသည်ဟု ခံစားမိသော်လည်း တန်စီယု ပြောပြသောအခါတွင် ချက်ချင်းနားလည်သွားသည်။ တန်ကျောက်ရှင်း သူ့ကိုယ်သူ ရောင်းရန် စျေးကောင်းတစ်ခုကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ သူသည် ကျောင်းပြိုင်ပွဲရှိ လူတိုင်းကို အံ့အားသင့်စေကာ၊ ပြည်ထောင်စုတက္ကသိုလ်၏ ရာထူးကြီးသူများကို ဆွဲဆောင်ချင်သည်။ အခြားသူများသည်လည်း တူညီသော အတွေးအမြင်များ ရှိသည်မှာ ထင်ရှား၏။
ခေတ်မီလူ့အဖွဲ့အစည်းတွင် လူတိုင်းသည် တိုးတက်နေသော ကမ္ဘာတစ်ခုဖြစ်သဖြင့် အဆင့်နိမ့်သူများကို ဆက်လက်ထားရှိရန် မထောက်ခံပေ။၊ ကောင်းစွာ မစွမ်းဆောင်နိုင်လျှင် အရင်းအမြစ်များကို အခြားသူများက လုယူသွားပေလိမ့်မည်။ သင့်ထက် အဆင့်နိမ့်သော သူသည်ပင် သင့်ထက်ပိုများသော အရင်းအမြစ်များကိုရနိုင်၏။ ဤနည်းလမ်းဖြင့် ထိုသူတို့သည် သင့်ကို အမီလိုက်နိုင်လာမည်ဖြစ်ကာ၊ ကျော်ပင် ကျော်သွားနိုင်၏။
ထိုသို့သော သာဓကများစွာရှိခဲ့သည်။ ထို့ကြောင့် ဉာဏ်ကောင်းသူများသည် ဤသို့ ပြုမူကြမည်မဟုတ်ပေ။ ပြည်ထောင်စုအစိုးရသည် ဤလက်ရွေးစင်ကျောင်းသားများကို အထူးအာရုံစိုက်ထားရာ၊ ၎င်းတို့သည် ပြည်ထောင်စု၏ အနာဂတ်ပင်ဖြစ်သည်။
ထို့အတွက်ကြောင့် စွမ်းဆောင်ရည် ပို၍ ထူးချွန်လေ၊ ရာထူးကြီးသူများထံမှ အာရုံစိုက်ခံရလေဖြစ်ကာ၊ ဤကမ္ဘာကြီးတစ်ခုလုံးသည် လူသားများအတွက် ပြိုင်ဆိုင်မှုကြီးတစ်ခုသာဖြစ်သည်။ အငြင်းအခုံများ၊ ပြိုင်ဆိုင်မှုများရှိနေကြသော်လည်း စည်းလုံးညီညွတ်မှုရှိနေကြဆဲလည်းဖြစ်၏။
“စိတ်ဝင်စားစရာပဲ။ ဒါပေမယ့် အရင်းမကြီးပါဘူး။ ဒီနည်းနဲ့အနိုင်ရတာက ပိုစိတ်ဝင်စားဖို့ကောင်းတယ်။ ရှေ့က ငါ့တိုက်ပွဲတွေက နည်းနည်း ငြီးငွေ့ဖို့ကောင်းတယ်လို့ ခံစားရတယ်။ ရိုးရှင်းတဲ့အောင်ပွဲက ငါ့တန်ဖိုးကို နိမ့်ကျစေလိမ့်မယ်” ချူးယွင်ဖန်းက လျစ်လျူရှု့ကာပြောလိုက်သည်။
ဂေါင်ဟုန်ချီသည် ချူးယွင်ဖန်းကို ကြည့်ကာ၊ သူယုံကြဘ်ချက်ရှိကြောင်းသိလိုက်သည်။ သို့သော် ချူးယွင်ဖန်း ဤမျှထိ ယုံကြည်ချက်ပြင်းပျလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ချူးယွင်ဖန်းသည် ပုန်းကွယ်နေသော ကျွမ်းကျင်သူများစွာရှိကြောင်း သိသော်လည်း ယုံကြည်ချက်ရှိနေဆဲဖြစ်သည်။
“မင်းပြောတာမှန်တယ်” ချူးယွင်ဖန်းက ချက်ချင်းပြုံးကာ၊
“သတိထားရမယ့်သူက မင်းမှမဟုတ်ဘဲ၊ သူတို့လေ။ ဟားဟား ဒီနှစ် သူတို့က မျှော်လင့်ချက်ကြီးနဲ့ ရောက်လာကြတာ။ ခုတော့ မင်းဆီမှာ အနိုင်ယူခံရဖို့ ကံပါလာပြီ”
“ငါ ဒီနှစ်ရဲ့ ချန်ပီယံဖြစ်တော့မှာ” ချူးယွင်ဖန်းကပြောသည်။
ချူးယွင်ဖန်းသည် သူ၏ ၂၁ကြိမ်မြောက် တိုက်ပွဲစတင်ခါနီးဖြစ်သောကြောင့် ခဏအကြာတွင် စကားရပ်သွားသည်။ မကြာခင်တွင်မူ ကွင်းထဲသို့ ပို့ဆောင်ခြင်းခံလိုက်ရ၏။ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့်သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ၊ အလင်းလုံးများအဖြစ်ပျောက်ကွယ်သွားကြသည်။ သူတို့သည် ချူးယွင်ဖန်းကို အထူးအာရုံစိုက်ထားကြသည်။ ၎င်းတို့တို့ တိုက်ခိုက်ရန် တိုက်ပွဲများ မကျန်တော့သဖြင့် သူ့နောက်သို့ လိုက်သွားကြ၏။
ပထမအချီအချို့နှင့် နှိုင်းယှဥ်လျှင် လက်ရှိတိုက်ပွဲသည် အဆင့်မတူညီပေ။ virtual အားကစားရုံသည် ယခုအခါ လူအများဖြင့် စည်ကားနေသည်။ တစ်နေရာလုံးသည် လူများဖြင့်ပြည့်နှက်နေကာ၊ လူပင်လယ်ကြီးတစ်ခုအလားဖြစ်နေ၏။ သိုင်းပညာတန်းမှ ကျောင်းသားအများအပြားကို ဖယ်ရှားခဲ့ပြီးဖြစ်သဖြင့် ၎င်းတို့တွင် မည်သည့်အလုပ်မျှမရှိတော့သောကြောင့် ပြိုင်ပွဲကို လာကြည့်နေကြသည်။
ထို့အပြင် ၂၁ကြိမ်မြောက်အချီတွင် လူအမြောက်အများ မကျန်ပေ။ ကျန်သော သူသည် လက်ရွေးစင်များကြားမှ လက်ရွေးစင်များဖြစ်ကာ၊ အကောင်းတကာ့အကောင်းဆုံးများဖြစ်ကြသည်။ ဤလူများ၏ ခွန်အားသည် လွန်ခဲ့သော ဆယ်စုနှစ်ခန့်မှ လူအများနှင့် နှိုင်းယှဥ်၍ ရ၏။ ဤလူများသည် ကောလိပ်ဝင်ခွင့်စာမေးပွဲတွင် ထိပ်တန်းအမှတ်ရသူများနှင့် နှိုင်းယှဥ်၍ရနိုင်သည်။ ထို့ကြောင့် မည်မျှ စွမ်းအားကြီးကာ၊ ကြောက်မက်ဖွယ်ကောင်းကြောင်းကို တွေးကြည့်၍ရသည်။
ပြိုင်ပွဲသည် ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းလာသည်။ ဤနှစ်ဆရာပြိုင်ပွဲတွင် မည်သူက ချန်ပီယံဖြစ်လာမည်ကို လူတိုင်းသိချင်ကြသည်။ အထူးသဖြင့် ယခုနှစ်တွင်၊ လက်ရွေးစင်ကျောင်းသားအများအပြားသည် လက်ရွေးစင်ဆရာများ၏ ခေါ်ဆိုမှုကို ငြင်းဆိုခဲ့ကြသည်။ ဆရာပြိုင်ပွဲတွင် ပါဝင်ရန် ရွေးချယ်ရခြင်းမှာ ပိုမိုကောင်းမွန်သော ဆရာများနှင့် အရင်းအမြစ်များအတွက် ယှဥ်ပြိုင်ရခြင်းလည်းဖြစ်သဖြင့် ဤပြိုင်ပွဲကို ပို၍ စိတ်လှုပ်ရှားဖွယ်ဖြစ်စေသည်။
“သူလာနေပြီ၊ နောက်တစ်ယောက်လာပြီ။ ကျစ် ကျစ် ယွမ်ဖေးရဲ့ ပြိုင်ဘက်ဖြစ်လာရတဲ့ ကံမကောင်းတာ ဘယ်သူလဲဆိုတာ ကြည့်ရအောင်”
အခြားသူတစ်ဦးအား ပို့ဆောင်လာသည်ကို မြင်လိုက်ရသဖြင့် လူအုပ်ကြီး၏ အော်သံသည် ပို၍ ကျယ်လောင်လာကာ၊ အားကစားကွင်းခေါင်းမိုးကို ပေါက်ကွဲလုနီးပါးဖြစ်နေပြီဖြစ်သည်။ သို့သော် ဤလူများအားလုံးသည် လှောင်ပြောင်ရယ်မောနေကြခြင်းဖြစ်ရာ၊ ဤလူသစ်အတွက် သူတို့ တိတ်တဆိတ် ချွေးထွက်နေကြသည်မှာ ထင်ရှား၏။
ထိုအချိန်တွင် ကွင်းအလယ်တွင်ရပ်နေသော ပုဂ္ဂိုလ်တစ်ယောက်ရှိနေပြီဖြစ်ရာ၊ အနည်းဆုံးခြောက်ပေခွဲခန့်ရှိ၍ အလွန်အရပ်ရှည်၏။ ရှည်လျားသော လက်တံ၊ ခြေတံများကြောင့် သူသည် သိုင်းပညာသင်ယူရန် သင့်လျော်သည့် ခန္ဓာကိုယ်မျိုးရှိထားသည်ဟု ဆိုရပေလိမ့်မည်။
ဤသည်မှာ ပြတ်သားသော အသွင်အပြင်ရှိသည့် လူငယ်တစ်ဦးရှိသည်။ အသက်မကြီးသေးသော်လည်း မျက်နှာသည် တည်ငြိမ်ရင့်ကျက်နေ၏။ ထိုနေရာတွင်ရပ်နေရုံမျှဖြင့် အလွန်စွမ်းအားပြင်းသော ကိုယ်ရောင်ကိုယ်ဝါများကို ထုတ်လွှတ်လျက်ရှိသည်။ ု
လူငယ်၏ ညာဘက်လက်တွင် ရွှေရောင်လှံရှည်တစ်ချောင်းကို ကိုင်ထားရာ၊ လှံတစ်ချောင်းလုံးကို ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ ထင်ရ၏။ ၎င်းသည် အလွန် စွဲမက်ဖွယ်ကောင်းကာ၊ ပန်းပွင့်ပုံစံများ ထွင်းထုထားသည်။ ယခုအချိန်တွင် ဤလှံသည် ဤလူငယ်နှင့် တသားတည်းကျနေပုံပေါ်၏။
အလင်းတန်းတစ်ခုသည် ထိုလူငယ်ကို ဖြတ်သွားကာ လူတိုင်း၏ ရှေ့၌ လူတစ်ယောက်ပေါ်လာ၏။
ဤလူငယ်နှင့် ယှဥ်လျှင် ပေါ်လာသော လူသည် အရပ်သိသာစွာ ပုကာ၊ တူညီသော အဆင့်တွင်မရှိပေ။ အရပ်ရှည်ခြင်းသည် ခွန်အားကို ရည်ညွှန်းခြင်းမဟုတ်သော်လည်း ဤလူငယ်သည် အသာစီးရနှင့်နေပြီဖြစ်၏။
အခန်း(၃၇၁)
ပေါ်လာသော သူသည် ချူးယွင်ဖန်းပင်ဖြစ်သည်။
ချူးယွင်ဖန်းသည် သူ့ရှေ့မှ လူငယ်ကို တစ်ချက်ကြည့်လိုက်သည်။ ဤသူသည် ချီပင်လယ် နဝမအဆင့်တွင် လက်ရှိရှိနေသော်လည်း မကြာသေးခင်ကမှ အဆင့်တက်နိုင်ခဲ့ကြောင်း သူပြောနိုင်သည်။ သူသည် လွန်ခဲ့သော တစ်လခန့်က ချူးယွင်ရှင်းနှင့် အဆင့်တူပင်ဖြစ်၏။
လူငယ် ယွမ်ဖေးသည် ချူးယွင်ဖန်းကို မြင်သောအခါ ချက်ချင်းသတိပြန်ရ၍
“မင်းနာမည်က ချူးယွင်ဖန်း ဟုတ်တယ်ဟုတ်”
“မှန်တယ်၊ ငါ့နာမည်သိလား”ချူးယွင်ဖန်းကမေးသည်။
“ဒါပေါ့၊ ဒီလောက်ထိရောက်နိုင်တဲ့လူ ခပ်များများမရှိဘူး။ နောင်မှာ ဒီလူတွေအားလုံဂက တက္ကသိုလ်အတွင်းပြိုင်ဘက်တွေဖြစ်လာလိမ့်မယ်။ ကိုယ့်လိုလူကို ပိုဂရုစိုက်တာက၊ ငါ့အတွက် မထူးဆန်းပါဘူး။ စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီး စကားတစ်ခုရှိတယ်။ မင်းကိုယ်တိုင်နဲ့ မင်းရန်သူကို သိထားမှ တိုက်ပွဲ တစ်ရာကို အောင်မြင်နိုင်မယ်တဲ့။ မင်းအခု စွမ်းအင်သန့်စင်ခြင်း အဠမအဆင့် အထွဋ်အထိပ်မှာရှိနေတာနော်။ နဝမအဆင့်ထိတောင်မရောက်သေးဘဲ၊ မင်းဒီလောက် အောင်နိုင်နေတာ အံ့သြဖို့ကောင်းတယ်။ ကံမကောင်းစွာနဲ့ပဲ မင်းစွမ်းဆောင်ပြသဖို့နေရာမရှိဘူး။ နောက်တစ်ခုကတော့ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် လက်ရွေးစင်ကျောင်းသားများအတွက် စင်မြင့်တစ်ခုဖြစ်လာမှာပဲ”
ယွမ်ဖေးသည် ချူးယွင်ဖန်းထက် အဆင့်နိမ့်နေသော်လည်း လျှော့မတွက်ခဲ့ပေ။ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်တွင်ရှိနေပြီဖြစ်ရာ၊ ၎င်းတို့ကြားတွင် ကွာခြားချက်အနည်းငယ်မျှသာရှိသည်။ ချူးယွင်ဖန်းသည် နောက်နေ့တွင်ပင် သူ့ကို အမှီလိုက်နိုင်၏။ ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ထိုက်တန်သော ပြိုင်ဘက်ဖြစ်သည်။
ထို့အပြင် ချူးယွင်ဖန်း၏ ရည်မှန်းချက်သည် ထိုနေရာတွင် မရပ်တန့်ခဲ့ပေ။ ပထမဆုံးအနေဖြင့် ဤကျောင်းသားများကို အမှီလိုက်ချင်ခြင်းဖြစ်ကာ၊ ၎င်းတို့အကြားတွင် နံပါတ်တစ်ကျောင်းသားဖြစ်လာချင်ခြင်းဖြစ်သည်။
“သနားဖို့ကောင်းလိုက်တာ။ မနက်ဖြန်လောက်ဆို မင်း ငါ့အဆင့်ကို ရောက်ရင်ရောက်တော့မှာကို၊ ဒါမယ့် တစ်ရက်ကွာခြားချက်က၊ ကောင်းကင်နဲ့ မြေကြီးကြား ကွာခြားချက်လိုပဲကွ၊ မင်း အရင်စတိုက်ပါ။ ငါဒီပွဲကို မြန်မြန်အဆုံးသတ်ချင်တယ်။ ငါ အခြားကျောင်းသားတွေရဲ့ တိုက်ပွဲတွေကို ကြည့်ပြီး ဉာဏ်ပညာလေးဘာလေး စုဆောင်းချင်သေးတယ်”
ယွမ်ဖေးသည် ချူးယွင်ဖန်းကို ပြိုင်ဘက်အဖြစ်ပင် မမှတ်ယူထားလျက်၊ ဤစကားအားလုံးကို အေးဆေးစွာပြောခဲ့သည်။ အနာဂတ်မှ ပြိုင်ဘက်များသည် ပို၍ပို၍သာ စွမ်းအားကြီးလာမည်ဖြစ်ရာ၊ ယွင်ဖန်းသည် အပြည့်အဝပြင်ဆင်ထားရန်လိုအပ်၏။ ပြိုင်ပွဲတစ်ပွဲ ရှုံးခြင်းသည်ပင် အလွန်ခြားနားသွားပေလိမ့်မည်ဖြစ်သဖြင့် သူတစ်ပွဲမျှ အရှုံးမခံနိုင်ပေ။
“မြန်မြန်တိုက်ပြီး မြန်မြန်အဆုံးသတ်မယ်ဟုတ်လား” ချူးယွင်ဖန်းက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။
“စကားတွေပြောနေရုံနဲ့ အလုပ်မဖြစ်ဘူး။ လာစမ်းပါ၊ ငါ့ကို ကြိုစားပြီး တိုက်ကြည့်”
“ကံကောင်းပါစေကွာ၊ မင်းရဲ့ တိုက်ပွဲစိတ်ဓာတ်ကတော့ ခိုင်မာသားပဲ။ ကံမကောင်းစွာနဲ့ မင်း ငါနဲ့ ကြုံရတဲ့အတွက် အနိုင်ရဖို့ အခွင့်အရေးမရှိဘူး” ယွမ်ဖေးက အော်သည်။ သူ့လက်ထဲမှ လှံရှည်သည် လေကိုခွင်းကာ၊ ရေနဂါးတစ်ကောင်ကဲ့သို့ သုန်လှုပ်ခြောက်ခြားဖွယ်အသံတစ်ခုနှင့်အတူ ပေါ်ထွက်လာသည်။ ယင်းမှာ အင်အားကြီးမားသော ရန်သူမှန်သမျှကို အနိုင်ယူရန် လုံလောက်သည့် ကြောက်မက်ဖွယ်စွမ်းအင်တစ်ခုဖြစ်သည်။
“အဲ့တာ ရောက်လာပြီ။ အဲ့တာ ယွမ်ဖေးရဲ့ မူပိုင်လှံသိုင်းပဲ၊ Mighty Vajra Staff။ အဲ့ လှံသိုင်းက ဗုဒ္ဓကျင့်စဥ်တွေထဲက ဆင်းသက်လာတာ၊ ဆိုရိုးစကားအရဆိုရင် မြတ်စွာဘုရားတောင်မှနတ်ဆိုးတွေကို နှိမ်နင်းဖို့ ဒီသိုင်းကို သုံးတယ်။ ဒီသိုင်းပညာက၊ အစောပိုင်းနှစ်တွေမှာ ထိပ်တန်းကျွမ်းကျင်သူတွေကို ဖန်တီးပေးခဲ့တာပဲ”
“ယွမ်ဖေးလက်ထဲမှာ ချူးယွင်ဖန်း ဘယ်နှစ်ကွက်လောက် ခံနိုင်ရည်ရှိမလဲဆိုတာ သိချင်တယ်။ သိုင်းကွက် ဆယ်ကွက်လောက် တောင့်ခံနိုင်ရင်တောင် မဆိုးဘူးလို့ ငါပြောရမယ်။ နောက်ဆုံဂတော့ နှစ်ယောက်ကြား စွမ်းအားမှာ ကွာခြားချက်ရှိတာကိုး”
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ထောက်ခံသူများပင် စိုးရိမ်စပြုလာသည်။ ယွမ်ဖေး၏ ပထမဆုံး သိုင်းကွက်သည် အမှန်တကယ်ပင် ထူးခြားကာ၊ ၎င်း၏ နာမည်ဖြင့် ထိုက်တန်၏။
ချူးယွင်ဖန်းသည် လေသံတစ်သံသာကြားလိုက်ရပြီးနောက်၊ လှံသည် သူ့ထံသို့ တိုးဝင်လာ၏။ လှံသိုင်းများတွင် “ထိုးသွင်းသည်”ဟူသော စကားလုံဂကို အမြောက်အများ အသုံးပြုလေ့မရှိသော်လည်း ထိုသို့ အသုံးမပြုနိုင်ဟု ဆိုလိုခြင်းမဟုတ်ပေ။ အဆင့်တစ်ခုသို့ရောက်ပြီးနောက်၊ ဤသိုင်းကွက်သည် အလွန်အစွမ်းထက်လာ၏။
ချူးယွင်ဖန်း၏ အနီးအနားရှိ လေထုသည် လှံ၏ စွားအားများနှင့်အတူ ချက်ချင်း ပေါက်ကွဲသွားပုံရသည်။ ယင်းသည် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးတစ်ခုအဖြစ်သို့ ပြောင်လဲ၍ အရပ်ရပ်သို့ ပျံနှံ့သွားသည်။ ချူးယွင်ဖန်း၏ ဆံပင်များ လွင့်ပျံကုန်သည်။ ယွမ်ဖေး၏သိုင်းသည် မည်မျှ အစွမ်းထက်ကြောင်း ပြသရန် လုံလောက်၏။
ဤမျှ ထိတ်လန့်သုန်လှုပ်ဖွယ်ကောင်းသော လှံကို ရင်ဆိုင်လိုက်ရသော်လည်း ချူးယွင်ဖန်းသည် တစ်လက်မမျှပင် မရွေးသွားပေ။ သူ့နောက်ကျော်တွင် ထည့်ထားသော အရိပ်မဲ့ဓားကို ထုတ်၍ ဝှေ့ယမ်းလိုက်သည်။ ထိုကြည်လင်ပြတ်သားသော အသံသည် ရေနဂါးတစ်ကောင်၏ မြည်ဟိန်းသံကဲ့သို့၊ ကောင်းကင်ကို ဖြတ်သန်းသွားသည် အနက်ရောင်နဂါးတစ်ကောင်ကဲ့သို့ ထင်ရသည်။
“ကောင်းကင်မိုးကြိုး”
ချူးယွင်ဖန်းသည် ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ကာ၊ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။
ချလန်
လှံနှင့် ဓားသွားတို့ အပြင်းအထန် ထိတိုက်မိကြကာ၊ ချက်ချင်းဆိုသလိုပင် ကြမ်းတမ်းသော လေလှိုင်းလုံးကြီးများ ပေါ်ထွက်လာသည်။ နှစ်ဖက်လုံး၏ ချီစွမ်းအင်များ ထိပ်တိုက်တွေ့ကာ ကြောက်မက်ဖွယ် မြင်ကွင်းတစ်ခုဖြစ်ပေါ်လာ၏။
ယွမ်ဖေးသည် ခြေလှမ်းအနည်းငယ်နောက်သို့ ဆုတ်ကာ၊ သူ့ကိုယ်သူ ဟန်ချက်ထိန်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် အလွန်တည်ငြိမ်လျက်ရှိသည်။ မိမိ၏ စတင်တိုက်ခိုက်မှု ကျရှုံးကာတန်ပြန်တိုက်ခိုက်ခံခဲ့ရသော်လည်း အနည်းငယ်မျှပင် ထိတ်လန့်သွားခြင်းမရှိပေ။
ယွမ်ဖေး၏ မျက်နှာထက်တွင် မည်သည့်အံ့သြမှုမျှရှိမနေပေ။
“ငါ မင်းရဲ့ ခွန်အားကို ခန့်မှန်းခဲ့ပြီးသားပေမယ့် ဒီလောက်စွမ်းအားကြီးနေလိမ့်မယ်လို့တော့မထင်ဘူး”
ယွမ်ဖေးသည် ချူးယွင်ဖန်း၏ အချက်အလက်များကို စုဆောင်းခဲ့ပြီးဖြစ်သဖြင့် ချူးယွင်ဖန်း၏ ခွန်အားကို ခန့်မှန်းခဲ့ပြီးဖြစ်သည်။ ယွမ်ဖေး၏ မျက်နှာထက်တွင် မည်သည့်အရိပ်အယောင်မျှ မပြသော်လည်း နှလုံးသားထဲတွင်မူ ထိတ်လန့်မှု အရိပ်အယောင်များရှိသေး၏။ ဤသို့သော ခွန်အားမျိုးသည် ထူးဆန်းသည်ဟု ယူဆ၍ရသည်။ ချူးယွင်ဖန်းနှင့်သူ ထိပ်တိုက် တွေ့မိသည်နှင့် တစ်ပြိုင်နက်၊ သူသည် မွန်းစတားတစ်ကောင်နှင့် တိုက်မိသွားသကဲ့သို့ခံစားလိုက်ရသည်။
“ဒီနေရာကို ရောက်တာတောင် ငါအရမ်းကံကောင်းနေလို့လို့ မင်းမပြောခဲ့ဘူးလား။ ဒီတိုက်ပွဲကို အမြန်အဆုံးသတ်နိုင်လိမ့်မယ်လို့ မင်းထင်နေသေးလားကွ” ချူးယွင်ဖန်းက အပြုံးမပျက်ပြောလိုက်သည်။
တစ်ဖက်တွင်မူ၊ ယွမ်ဖေး၏အမူအရာသည် ချက်ချင်းပင် လေးနက်လာ၏။
“မင်းပြောတာမှန်တယ်။ ငါလည်း မြန်မြန်အပြီးသတ်ချင်ပြီကွ။ ဒီအရမ်းကြာနေရင် ငါ့အတွက်လည်းမကောင်းဘူး” ချူးယွင်ဖန်းကပြောသည်။
ယွမ်ဖေး၏ အမူအရာသည် နက်မှောင်လာကာ၊
“မင်းဘာပြောလိုက်တယ်”
မြန်မြန်အဆုံးသတ်မည်ဆိုသည့်စကားသည် ချူးယွင်ဖန်းသည့် သူ့အား လုံးလုံးလျားလျား လေးစားမှုမရှိကြောင်း ပြသနေခြင်းပင်ဖြစ်၏။
“မင်း စိတ်ကြီးဝင်လွန်းတယ်”
တိုက်ခိုက်သံနှင့်အတူ ယွမ်ဖေးထံမှ ကြီးမားသော စွမ်းအင်များ ထွက်ပေါ်လာကာ၊ သူ့ခန္ဓာကိုယ်တစ်ဝိုက်တွင် ဝန်းရံနေသည့် ချီစွမ်းအင်များသည်လည်း မြင့်တက်လာသည်။
“ငါ မင်းနဲ့ ပတ်သက်ပြီး အချိန်အများကြီးမဖြုန်းချင်ဘူး။ ဒါပေမယ့် အခုတော့ ငါအဲ့လို မလုပ်နိုင်တော့ဘူးထင်တယ်”
ယွမ်ဖေး ကျင့်ကြံခဲ့သော စိတ်ပိုင်းဆိုင်ရာ ကျင့်စဥ်၏ တိုးတက်မှုအောက်တွင် သူသည် အမှန်တကယ်ပင် ဂေါ်ရီလာတစ်ကောင်၏ ပြင်းထန်သော စွမ်းအားကို အမှန်တကယ်ပင် ထုတ်ဖော်ပြသခဲ့သည်။ တောင်များ၊ ပင်လယ်များကဲ့သို့ ကြောက်မက်ဖွယ်ကိုရောင်ဝါတစ်ခု ထွက်ပေါ်လာကာ၊ အဝေးမှကြည့်နေသော ကြည့်ရှု့သူများသည်ပင် သူ့ထံမှ ထွက်လာသော ကြောက်မက်ဖွယ်ဖိအားကို ခံစားနိုင်၏။
ယွမ်ဖေးသည် ပြည်ထောင်စုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရသည့် လက်ရွေးစင်ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည် အပြင်ဘက်တွင် ကျန်ခဲ့သူများနှင့် လုံးလုံးလျားလျားကွဲပြားသည်။ ထို့အပြင် ထိုသို့သော လက်ရွေးစင်ကျောင်းသားများသည် အလွန်အစွမ်းထက်၏။ သူသည် တိုက်ပွဲအတွေ့အကြုံကြွယ်ဝသူဖြစ်ကာ၊ အဆိုပါ စွမ်းအင်သန့်စင်ခြင်း အထွဋ်အထိပ်အဆင့်ရှိ မွန်းစတားမုဆိုးအဖွဲ့များ၊ တပ်သားစုဆောင်သူများနှင့် စူးစမ်းရှာဖွေအဖွဲ့များမှ ကျွမ်းကျင်သူများသည် ယွမ်ဖေးနှင့်တွေ့ဆုံကြသောအခါ၊၊ အလွယ်တကူရှုံးနိမ့်သွားကြမည်ဖြစ်သည်။ လူတစ်ဦးထပ်ပို၍သော လူများကို တစ်ပြိုင်နက်တိုက်ခိုက်ခြင်းသည် သူ့အတွက် ပြဿနာမရှိပေ။
အကယ်၍ ဤအဆင့်သို့မရောက်နိုင်ပါက၊ ပြည်ထောင်စုတက္ကသိုလ်တွင် တက်ရောက်ရန် မထိုက်တန်ပေ။
ဘွန်း
ယွမ်ဖေးက ဒေါသတကြီးဖြင့် သူ၏ လှံကိုဝှေ့ယမ်းပစ်လိုက်ရာ၊ ကြောက်မက်ဖွယ်ကောင်းသော အရောင်အဝါတစ်ခု ပေါ်ထွက်လာသည်။ ယခင်တိုက်ခိုက်မှုနှင့် နှိုင်းယှဥ်ပါက၊ ဤသည်က ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။
သို့သော် ယွမ်ဖေး၏ အရောင်အဝါသည် အထွတ်အထိပ်သို့ရောက်လာသည်နှင့် တစ်ပြိုင်နက် ချူးယွင်ဖန်းသည်လည်း စတင်တိုက်ခိုက်တော့သည်။
ချလန်
ကျယ်လောင်သော အသံတစ်ခုပေါ်ထွက်လာကာ၊ ချူးယွင်ဖန်း၏ ဓားသည် မိုးခြိမ်းသံတစ်ခုနှင့်အတူ ကျယ်လောင်စွာပေါက်ကွဲထွက်ပေါ်လာ၏။
သန်မာသော ပြိုင်ဘက်တစ်ယောက်။
A sharp needle against an ear of sharp wheat
wunzinnsp
အခန်း (၃၇၂) ယွမ်ဖေးကို အနိုင်ယူခြင်း
ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာကာ၊ အားကစားကွင်းတစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ တောရိုင်းမွန်းစတားနှစ်ကောင်တိုက်မိသကဲ့သို့ နှစ်ဖက်လုံး၏ ပြင်းထန်သော စွမ်းအင်များ ထိပ်တိုက်တွေ့သွားကြသည်။
ပုံမှန်အားဖြင့် မွေးရာပါခွန်အားနှင့် ထူးကဲ့သော အရည်အချင်းရှိသည့် သိုင်းပညာရှင်များသည် အားသာချက်ရှိသော်လည်း သာမန်သိုင်းပညာရှင်များက တန်ပြန်တိုက်ခိုက်န် အချိန်မရှိဟုဆိုလိုခြင်းမဟုတ်ပေ။ အမှန်မှာ၊ အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံရေးလမ်းစဥ်မှ အပိုတန်ကြေးများသည် ပိုမိုစွမ်းအားကောင်းလာမည်ဖြစ်သည်။
သိုင်းပညာကျင့်ကြံခြင်းသည် သတ္တိရှိခြင်းနှင့် ပြင်းထန်ခြင်းဖြစ်စဥ်တစ်ခုမျှသာ မဟုတ်ပေ။ သိုင်းပညာလေ့ကျင့်ခြင်းသည် အနှစ်သာရအားဖြင့် လူတစ်ဦး၏ အသွင်ကူးပြောင်းမှုဖြစ်စဥ်တစ်ခုသာဖြစ်သည်။ သိပ္ပံနည်းကျအရပြောရလျှင် ဤသည်မှာ စဥ်ဆက်မပြတ်သော ဆင်ကဲပြောင်းလဲခြင်းဖြစ်စဥ်တစ်ခုပင်ဖြစ်၏။
ကျင့်ကြံရေးတွင် အောင်မြင်သော သန်မာသည့် တိုက်ခိုက်ရေးသမားများအတွက်မူ ၎င်းတို့တွင် မွေးရာပါမြင့်မြတ်သော ခွန်အားများမရှိခဲ့လျှင်ပင် လက်တစ်ဖက်တည်းတွင် ပေါင်တစ်ထောင်ကျော် ခွန်အားရှိရန်မှာ စိတ်ကူးယဥ်မှုတစ်ခုမျှမဟုတ်ပေ။
ကျင့်ကြံရေးလမ်းကြောင်းသည် လူတစ်ဦး၏ စဥ်ဆက်မပြတ် ပြောင်းလဲနေသည့် ဖြစ်စဥ်တစ်ခုဖြစ်သဖြင့် အဆင့်တစ်ခုတက်လာလေ၊ ပိုသန်မာလာလေလေဖြစ်ပေသည်။
ချူးယွင်ဖန်းသည် ဤကဲ့သို့သော အသွင်ကူးပြောင်းမှု ဖြစ်စဥ်၏ သာမန်ဖြစ်ရပ်တစ်ခုမျှသာဖြစ်ရာ၊ မွေးရာပါပါရမီရှင်တစ်ဦး၏ အမြင်တွင် သူသည် အလွန်စွမ်းအားကြီးသည်တော့မဟုတ်ပေ။ သို့သော် ယခုမူ၊ ထိုမွေးရာပါ ခွန်အားဖြင့် လူများသည်ပင် သူနှင့် မယှဥ်နိုင်ပေ။
ယွမ်ဖေးသည်လည်း ထို့နည်းတူပင်ဖြစ်ကာ၊ ဤအဆင့်ထိ ကျင့်ကြံပြီးသည့်နောက် သူ၏ကိုယ်ခန္ဓာသည်လည်း ညီတူမျှတူ သန်မာ၏။
ဤတစ်ကြိမ် ထိပ်တိုက်တွေ့မှု၏ ရလဒ်သည် အလွန် ထိပ်လန့်ဖွယ်ကောင်းသည်။
ယွမ်ဖေးသည် သူ့ခွန်အားကို အပြည့်အဝအသုံးချလိုက်ပါက အရာအားလုံးကို ဖြတ်ကျော်နိုင်လိမ့်မည်ဟု တွေးထားသည်။ သူ၏ ကျင့်ကြံရေးအဆင့်အောက်တွင် ချူးယွင်ဖန်း၏ မွေးရာပါစွမ်းအင်အချို့ကိုပင် စိတ်ပူရန်မလိုအပ်ပေ။ သို့သော် သူအမှန်တကယ် တိုက်ခိုက်ပြီးသည့်နောက်တွင် အလွန် ရိုးအလွန်းကြောင်း သဘောပေါက်နားလည်သွားသည်။
ယွမ်ဖေး သူ၏ စွမ်းအား အပြည့်အဝကို ထုတ်သုံးလိုက်သောအခါ၊ ချူးယွင်ဖန်းသည်လည်း အပြည့်အဝပင်ထုတ်သုံးလိုက်၏။ တိုက်ခိုက်မှုခြားနားချက်သည် ယခင်ကထပ် ပို၍ပင်သိသာလာ၏။
ကြောက်မက်ဖွယ်တစ်ဟုန်ထိုး လှုပ်ခတ်နေသည့် လှိုင်းများအကြားတွင် ယွမ်ဖေးသည် အဆက်မပြတ် ဆုတ်ခွာနေခဲ့သည်။ သူ့လက်ထဲမှ ရွှေရောင်လှံသည် အဆက်မပြတ် သုန်လှုပ်နေ၏။ နောက်ဆုံးတွင်မူ သူ့မျက်နှာထက်၌ အလွန် သုန်လှုပ်ခြောက်ခြားသောအမူအရာပေါ်လာ၏။ ချူးယွင်ဖန်း၏ စွမ်းအားသည် ထိုမျှသာရှိသည်ဟု သူထင်ခဲ့သော်လည်း ချူးယွင်ဖန်းသည် သူစိတ်ကူးထားသည်ထက် များစွာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်ခဲ့သည်။
ချီစွမ်းအင်ကဲ့သို့ ဇီဝစွမ်းအင် တည်ရှိမှုသည် လူ့ခန္ဓာကိုယ်ကို များစွာ တိုးတက်စေနိုင်သည်။ ဤသည်ကြောင့်လည်း ယွင်ဖန်းသည် ချူးယွင်ဖန်းကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။
သို့သော် ချူးယွင်ဖန်း ကျင့်ကဲံထားသော သိုင်းပညာသည် သူ့ထက်ပို၍ အစွမ်းထက်ကာ၊ ချူးယွင်ဖန်း ခန္ဓာကိုယ်၏ခွန်အားသည်လည်း သူ ခန့်မှန်းထားသည်ထက် များစွာ လွန်ကဲလျက်ရှိသည်။ အကယ်၍ သူတို့သာ အဆင့်တူညီလျှင် ချူးယွင်ဖန်းထံမှ ဓားချက်တစ်ချက်ကိုပင် တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို ချိုးနှိမ်ထားရန် အလေးစီးဝတ်စုံပေါ်တွင် မှီခိုထားခဲ့သည်။ ထိုစဥ်က၊ စွမ်းအင်သန့်စင်ခြင်း သတ္တမအဆင့် အထွဋ်အထိပ်ရှိ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းနဝမအဆင့် ချူးယွင်ရှင်းကို အနိုင်ယူခဲ့နိုင်၏။
ချူးယွင်ဖန်းသည် ယခုမူ ထိုအချိန်နှင့် လုံးလုံးလျားလျား ကွဲပြားသွားခဲ့ပြီဖြစ်သည်။
“ဒီစွမ်းအား…” ယွမ်ဖေးက အံကြိတ်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“အမြန်တိုက်ပြီး အမြန်အဆုံးသတ်မယ်ဟုတ်လား။ တကယ်ပဲ၊ ဒါက အမြန်တိုက်ပြီး အမြန်အဆုံးသတ်တာပဲလေ” ချူးယွင်ဖန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ၊ လျှို့ဝှက်ဆန်းကြယ်သော ခြေကွက်များဖြင့် ယွမ်ဖေးရှေ့သို့ရောက်လာသည်။
“ဒီအရှိန်နဲ့”
ယွမ်ဖေးက သူ့အမြင်အာရုံများ ဝေဝါးသွားသည်ကို ခံစားလိုက်ရကာ၊ မျက်စိတစ်မှိတ်အတွင်းတွင် ချူးယွင်ဖန်းသည် သူ့ရှေ့သို့ရောက်လာ၏။
“သူက စွမ်အား ကြီးတာတင်မဟုတ်ဘူးလား”
ဤအခိုက်အတန့်တွင် ယွမ်ဖေးသည် သူ့ရှေ့မှပုဂ္ဂိုလ်ကို အလွန် အထင်သေးလိုက်မိကြောင်း သဘောပေါက်နားလည်လိုက်သည်။
ချူးယွင်ဖန်း၏ ပြင်းထန်သော စွမ်းအားကို သူ့အဆင့်ဖြင့်ပင် မမြင်နိုင်ပေ။ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့် အထွဋ်အထိပ်၌သာ ရှိသော်လည်း လက်တွေ့တွင်မူ အလေးစီးဝတ်စုံကို ဝတ်ဆင်ထားသည့်တိုင် ချူးယွင်ဖန်း၏ လုပ်နိုင်စွမ်းများသည် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်နှင့် နဝမအဆင့်ကို ကျော်လွန်လျက်ရှိသည်။
“မင်း ငါ့ကို လျှော့တွက်ထားတာပဲ။ ငါ့ရှေ့မှာတော့ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်တောင် မလုံလောက်သေးဘူးကွ”
“ကောင်းကင်မိုးကြိုး”
ချူးယွင်ဖန်း၏ ဓားသည် ကောင်းကင်မှ မိုးကြိုးများ ရိုက်ခတ်သွားသကဲ့သို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်သည်။
“သေစမ်း မင်း ဘယ်သူဖြစ်ဖြစ် ငါ့ကို အထင်မသေးနဲ့ကွ”
ယွမ်ဖေးသည် အလွန်ဒေါသထွက်လျက်ရှိသည်။ ဤအခိုက်အတန့်တွင် သူသည် ယခင်ကသို့ မြင့်မြတ်သော စိတ်ထားမျိုးမရှိတော့ပေ။ သူ့ရှေ့တွင် ချူးယွင်ဖန်းသည် နောက်ဆုံးတိုက်ပွဲများတွင်သာတွေ့ကြုံရလိမ့်မည်ဟု ထင်ခဲ့သည့် ထိပ်တန်းကျွမ်းကျင်သူဖြစ်လာ၏။ ထို့အပြင် ထိုထိပ်တန်းကျောင်းသားများသည် သူ့အား အနိုင်ယူနိုင်လိမ့်မည်မဟုတ်ပေ။
ယွမ်ဖေး၏ လက်ထဲမှ ရွှေရောင်လှံသည် ထပ်မံ၍ ကြောက်မက်ဖွယ်ချီစွမ်းအင်နှင့်အတူ ချူးယွင်ဖန်းထံသို့ တစ်ဟုန်ထိုး တိုးဝင်သွားသည်။
ဘွန်း
ဘွန်း
ဘွန်း
ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ၊ နှစ်ဖက်ကြား တိုက်ပွဲသည် ချက်ချင်း ပေါက်ကွဲထွက်လာသည်။
“ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်တဲ့ တိုက်ပွဲလဲ။ ဒီလိုမျိုး တိုက်ပွဲမျိုးက သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေကြားက တိုက်ပွဲတွေရဲ့ အဆင့်လောက်ရောက်နေပြီ”
“နောက်ဆုံးတိုက်ပွဲတွေလိုမျိုး တိုက်ပွဲတစ်မျိုးကို မြင်ရလိမ့်မယ်လို့ပဲ ငါတွေးထားတာ။ ဒီလိုမျိုး တိုက်ပွဲမျိုးကို မြင်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“အတိတ်က ဆရာတိုက်ပွဲတွေက ဒီလောက်မပြင်းထန်ခဲ့ဘူး။ ဒီအဆင့်တိုက်ပွဲကတင် နောက်ဆုံးအောင်နိုင်သူကို ဆုံးဖြတ်ပေးဖို့လုံလောက်နေပြီ။ အဲ့အပြင် ဒါက ၂၁ကြိမ်မြောက် အချီပဲရှိသေးတယ်”
လူများစွာသည် ဤတိုက်ပွဲကြောင့် အလွန်ထိတ်လန့်သွားကြသည်။ ထို့အပြင် ၎င်းတို့ကို အလွန် သုန်လှုပ်စေသော အရာမှာ၊ ၎င်းတို့ အမြင့်ဆုံးမှန်းထားကြသည့် ယွမ်ဖေးသည် ချူးယွင်ဖန်းလက်ထဲတွင် ရှုံးနိမ့်ခဲ့ရခြင်းပင်ဖြစ်သည်။ ယွမ်ဖေးသည် ချူးယွင်ဖန်းနှင့် မယှဥ်ပြိုင်နိုင်ပေ။
ဤသည်မှာ အပြည့်အဝ ချေမှုန်းခြင်းပင်ဖြစ်သည်။
ဤသည်မှာ ယွမ်ဖေးသည် တိုက်ပွဲတွင် အမှန်တကယ် လုံးလုံးလျားလျား ဖိနှိပ်မှုကို ပထမဆုံး အကြိမ် ခံစားခဲ့ရသည်။ အမြန်နှုန်းဖြစ်စေ၊ ခွန်အားဖြစ်စေ၊ သိုင်းပညာဖြစ်စေ၊ အဘက်ဘက်တွင် သူချေမှုန်းခံနေရပြီဖြစ်၏။
ချူးယွင်ဖန်း၏ အရှိန်အဟုန်နှင့် ခွန်အားသည် အံ့အားသင့်ဖွယ်ကောင်းရုံသာမက၊ သူ၏သိုင်းပညာနည်းစနစ်များသည်လည်း ချို့ယွင်းချက်မရှိပေ။ ချူးယွင်ဖန်း တိုက်ခိုက်လိုက်တိုင်းတွင် သူသည် ယွမ်ဖေး၏ ပျော့ကွက်ကို ထိမှန်၏။ ၎င်းသည် အားနည်းသည့်နေရာမုတ်သော်လည်း ချူးယွင်ဖန်း၏ ခွန်အားနှင့် အရှိန်အောက်တွင် အားနည်းချက်၊ ပျော့ကွက်တစ်ခုဖြစ်လာမည်ဖြစ်သည်။
ဘမ်း
ဘမ်း
ဘမ်း
ချူးယွင်ဖန်း၏ တိုက်ပွဲပုံစံသည် ပေါ့ပါးသွက်လက်သည်ဟု ယူဆ၍ရသော်လည်း အလွန် ကြမ်းတမ်းလွန်းလှသည်။
ချူးယွင်ဖန်း၏ ကောင်းကင်မိုးကြိုး ဓားသိုင်းသည် သူ၏ အလွန်လွန်ကဲသော အမြန်နှဒန်းကို ပြဿလျက်ရှိသည်။ တစ်ချိန်တည်းတွင်ပင် သူ၏ ခွန်အားသည်လည်း ထွက်ပေါ်လာ၏။
“ပြီးပါပြီ” ချူးယွင်ဖန်းက အော်ဟစ်ကာ၊ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ အားလုံး ပြင်းထန်စွာ ပေါက်ကွဲထွက်လာသည်။
ယွမ်ဖေးသည် သူ့လက်ထဲမှရွှေရောင်လှံကို ကိုင်မြှောက်ရန် ခွန်အားပင်မရှိပေ။ ချူးယွင်ဖန်း၏ ဓားအလင်းပေါ်ထွက်လာကာ၊ သူ့ကိုယ်အား ဖြတ်သွား၍ အလင်းရောင်အလုံးအဖြစ် ပြောင်းလဲသွားသည်ကို ကူကယ်ရာမဲ့စွာ ရပ်ကြည့်နေရုံသာ တတ်နိုင်တော့၏။
ဖြစ်စဥ်တစ်ခုလုံးတွင် ချူးယွင်ဖန်း၏ အသက်ရှုသံသည် အနည်းငယ်မျှပင် ပြောင်းလဲမသွားခဲ့ပေ။ လွန်ခဲ့သော တစ်လခန့်က ချူးယွင်ရှင်းနှင့် တိုက်ခိုက်သောအခါ ချူးယွင်ရှင်းကို အနိုင်ယူရန် သူ၏ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။ ထိုတိုက်ပွဲအလယ်တွင် သူသည် အန္တရာယ်ရှိသော အခြေအနေ၌ ရှိနေခဲ့သဖြင့် သတိမထားခဲ့ပါက၊ ရှုံးနိမ့်သွားနိုင်၏။
ယခုမူ၊ ချူးယွင်ဖန်းသည် သူ၏ အလေးစီးဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်သော်လည်း ယွမ်ဖေးသည် သူနှင့် လုံးဝမယှဥ်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် ထိုစဥ်က၊ ချေမှုန်းခံရလုနီးဖြစ်ကာ၊ ရှုံးနိမ့်နိုင်ခဲ့သည်။ သို့သော် ယခုမူ လက်ရှိ အခြေအနေသည် အပြည့်အဝကွာခြား၏။
ချူးယွင်ဖန်းသည် သူအမှန်တကယ် ပို၍ သန်မာလာသည်ကို ခံစားသိရှိနိုင်သည်။ လွန်ခဲ့သော တစ်လခန့်ကနှင့်ယှဥ်လျှင် ယခုအခါ သူသည် ယခင်ကထက် ပိုမို စွမ်းအားကြီးလာ၏။
ပွဲကြည့်ပရိတ်သတ်များထဲမှ ချူးယွင်ရှင်းသည် လူအားလုံးကို အနိုင်ယူခဲ့သည့် ချူးယွင်ဖန်းကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်လျက်ရှိသည်။
“သူ ပိုသန်မာလာတာပဲ”
ချူးယွင်ရှင်း၏ ဘေး၌ မတ်တပ်ရပ်နေသည်မှာ ချူးရွှယ်လန်ပင်ဖြစ်သည်။
“သူတကယ် ပိုသန်မာလာတယ်။ ဒါတောင် သူ့ခွန်အား အပြည့်မဟုတ်သေးဘူး။ ဒီလိုမျိုး တိုက်ပွဲမျိုးက သူ့ခွန်အားအစစ်ကို ထုတ်သုံးအောင် မလုပ်နိုင်ဘူးထင်တယ်။ ဆက်ကြည့်ဖို့အကြောင်းမရှိတော့ဘူး။ နောက်ဆုံးပွဲအထိစောင့်ရအောင်”
ချူးရွှယ်လန်သည် သူမ၏ ခန္ဓာကိုယ်သည် အလင်းရောင်တစ်ခုအဖြစ်ပြောင်းလဲ၍ ပျောက်ကွယ်သွားခဲ့သည်။