← Chapters

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း(၃၇၃) ထိပ်တန်း၈ယောက်စာရင်းသို့ ဝင်ရောက်ခြင်း

ယွမ်ဖေးကို အနိုင်ယူပြီးနောက် ချူးယွင်ဖန်းသည် ချက်ချင်းပင် ကွင်းထဲမှ ထွက်သွားခဲ့သည်။

ယွမ်ဖေးပြောခဲ့သည့်အတိုင်းပင်၊ ဤမှစ၍ စစ်မှန်သော တိုက်ပွဲများ စတင်လာမည်ဖြစ်ရာ၊ ချူးယွင်ဖန်း ရင်ဆိုင်ရမည့် ပြိုင်ဘက်များည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်ရှိ လက်ရွေးစင်ကျောင်းသားများဖြစ်ကြသည်။ အဠမအဆင့်‌ကျောင်းသားများအားလုံးကို ဖယ်ထုတ်နှင့်ပြီးဖြစ်၏။

ချူးယွင်ဖန်းသည် လက်ရှိအချိန်ထိ ကျန်ရှိနေသော စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်ရှိ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ အမှန်တွင် အဆင့်မြင့်သူများကို တိုက်ရန် မလွယ်ကူပေ။ ဤလူများသည် ထက်မြက်ကာ၊ ၎င်းတို့၏ အဆင့်တူသော နယ်ပယ်တွင် အကောင်းဆုံးသူများဖြစ်ကြသည်။

ချူးယွင်ဖန်းသည်သာ ဤတိုက်ပွဲကို အောင်မြင်နိုင်၏။

ယွမ်ဖေးရှုံးနိမ့်ပြီးနောက်၊ ချူးယွင်ဖန်းသည် ဆရာများထံမှ အီးမေးလ်အသစ်များစွာကို လက်ခံရရှိခဲ့သည်။ ဤဆရာများသည် ယခင်က ဆရာများထက် အဆင့်မြင့်သည်။ သို့သော် ၎င်းတို့သည် ချူးယွင်ဖန်း ခန့်မှန်းထားသည်ထက် များစွာ နိမ့်ကျနေသေးသဖြင့် ဆုံးဖြတ်ချက်ချရန် အလျင်မလိုခဲ့ပေ။

နောက်ပိုင်းတိုက်ပွဲများသည် ချူးယွင်ဖန်း မျှော်လင့်ထားသည့်အတွက်ပင် ဖြစ်လာခဲ့သည်။ တိုက်ပွဲတိုင်းသည် ယခင်ထက် ပို၍ ပြင်းထန်လာ၏။

၂၂ ချီ

၂၃ ချီ

၂၄ ချီ

သုံးကြိမ်ဆက်တိုက်တွင် ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်၏ ကျောင်းသားများ နှင့်ရင်ဆိုင်ခဲ့ရသည်။ နောက်ပိုင်းတိုက်ပွဲများသည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်တွင်ဖြစ်ကြောင်း ထင်ရှား၏။

အဆက်မပြတ်တိုက်ပွဲများ အပြီးတွင် ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်တွင်ရှိသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သောကြောင့်၊ ဤ နဝမအဆင့်ကျောင်းသားများကြားတွင် ဒဏ္ဍာရီဆန်ဆန် ထူးချွန်သော သူတစ်ဦးဖြစ်လာခဲ့သည်။ ချူးယွင်ဖန်းသည် တိုက်ပွဲတိုင်းကို အောင်မြင်ခဲ့၏။

ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်ရှိ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရသောအခါ၌ပင် အရေးမနိမ့်ခဲ့ပေ။ အကြိမ်တိုင်းတွင် တိုက်ပွဲများအားလုံးကို ရင်သပ်ရှု့မောဖွယ်ကောင်းသော စွမ်းဆောင်ရည်ဖြင့် အဆုံးသတ်ခဲ့သည်။

သာမန်အခြေအနေအရ၊ ဆရာများအတွက် ပြိုင်ပွဲတွင် ထိပ်တန်းကျောင်းသားအများအပြား မပါဝင်သင့်ပေ။ သို့သော်လည်း ယခုနှစ်သည် ယခင်နှစ်များဖြင့် သိသာစွာကွဲပြားလျက်ရှိသည်။ ချန်ပီယံဖြစ်လာပြီးမှသာ မြင်တွေ့နိုင်သည့် တိုက်ပွဲများ အဆတ်မပြတ်ဖြစ်ပွားလျက်ရှိ၏။ အဆုံးတွင် တိုက်ပွဲအားလုံးသည် အတိတ်မှ ချန်ပီယံဖြစ်လာနိုင်သည့်လူများအကြားမှ တိုက်ပွဲအဆင့်သို့ ရောက်ရှိသွားသည်။

ပြင်းထန်သော တိုက်ပွဲမျိုးစုံဖြစ်လျက်ရှိရာ၊ စောင့်ကြသည့်သူများသည် ကျေနပ်စွာအော်ငေါက်နေကြသည်။

ပြည်ထောင်စုတက္ကသိုလ် ဒုတိယနှစ်နှင့် တတိယနှစ်ကျောင်းသားများပင် လာရောက်ကြည့်ရှု့ခဲ့ကြသည်။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်း‌သော ကျင့်ကြံနှုန်းသည် လူတိုင်းတွင် မရှိပေ။ သာမန်အားဖြင့် ပြောရလျှင် ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများသည် သန့်စင်ခြင်း အဆင့်သို့ရောက်ရန် အခြေခံလိုအပ်ချက်များနှင့် ကိုက်ညီမှသာ ဘွဲ့ရနိုင်မ်ညဖြစ်သည်။ ထိုထဲတွင် အနည်းဆုံး ကျောင်းသားတစ်ဝက်ခန့်သည် စတုတ္ထနှစ်ရောက်သည်အထိ ဘွဲ့ရရန် အခြေခံအဆင့်ကို မရောက်နိုင်ကြပေ။

ထို့အပြင် ကျင့်ကြံရေးလမ်းကြောင်း ပို၍ တိုးတက်လာလေလေ၊ ၎င်းသည် ပိုမိုခက်ခဲလာလေလေဖြစ်၏။ ဤစည်းမျဥ်းသည် ပြည်ထောင်စုတက္ကသိုလ်မှ ကောျင်းသားတိုင်းအတွက်ဖြစ်ကာ၊ အခြားသော တက္ကသိုလ်များနှင့် နှိုင်းယှဥ်လျှင် ပြည်ထောင်စုတက္ကသိုလ်၏ ဘွဲ့ရရန် အခြေခံလိုအပ်ချက်သည် ပြင်းထန်၏။

သာမန် အထူးတက္ကသိုလ်များသည် ဘွဲ့ရရန်အတွက် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့ရောက်ရန်သာလိုအပ်သည်။ ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှ ကျောင်းသားများထဲတွင် သန့်စင်ခြင်းအဆင့် ဘွဲ့ရသူများသည် အထူးချွန်ဆုံးဖြစ်၏။

လူများကို အဆင့်အမျိုးမျိုး ခွဲခြားထားသည်။

ဒုတိယနှစ်နှင့် ပထမနှစ်ကျောင်းသားများကြားတွင် သူ၏ ကျင့်ကြံရေးအဆင့်မနိမ့်ကြောင်း ချူးယွင်ဖန်း ခံစားမိသည်။ သို့သော် သုန်ဖန်းဟောက်နှင့် ကျန်းဖန်ဖေတို့ကဲ့သို့သာ သူ၏ စံနှုန်းအဖြစ်သတ်မှတ်ထား၏။

သို့သော် လက်တွေ့တွင်မူ ပြည်ထောင်စုတက္ကသိုလ်တွင် ဤသို့သော လူအများအပြားမရှိပေ။ ကျောင်းသားများအားလုံးပေါင်းလိုက်လျှင်ပင် ရာဂဏန်းမျှသာရှိမည်ဖြစ်သည်။ ဤနှစ်ဆယ်သည် ပြည်ထောင်စုတက္ကသိုလ်၏ သန်းနှင့်ချီသော စစ်ဆေးမှုများမှ အကောင်းတကာ့အကောင်းဆုံးကျောင်းသားများဖြစ်သည်။ ဤတက္ကသိုလ်များ၏ အခြားဘွဲ့ရများသည် ထူးချွန်သော်လည်း ဤလူများနှင့် ၎င်းတို့အကြားတွင်ကြီးမားသော ကွာဟချက်ရှိနေသည်မှာ ထင်ရှား၏။

ချူးယွင်ဖန်းသည် ဤလူများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်သဖြင့် ပထမနှစ်ကျောင်းသားများ၏ ကျင့်ကြံရေးသည် သူ၏ လက်ရှိအဆင့်ကဲ့သို့ပင် မမြင့်မားသည်ကို သတိပြုမိရန်မှာ ခက်ခဲ၏။

ဤကျောင်းသားသစ်များကိုကြည့်ကာ၊ ပထမနှစ်ကျောင်းသားများသည် အလွန် ဝမ်းနည်းနေမိကြသည်။ ဤသည်မှာ အလွန်ရိုးရှင်းသော ထိုးနှက်ချက်တစ်ခုပင်ဖြစ်သည်။ သူတို့သည် တစ်နှစ်သာကြီးသော်လည်း ဤထက်ပို၍ ဆိုးရွားသော အခြားအရာမရှိပေ။

ထိုလူများထဲတွင် ချူးယွင်ဖန်းသည် အထူးခြားဆုံးပင်ဖြစ်သည်။ သူသည်စွမ်းအင်သန့်စင်ခြင်းအဠမအဆင့်တွင်ရှိသော ကျောင်းသားဖြစ်သော်လည်း စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်ခွန်အားမျိုးရှိသည်ဟု လူအများကယုံကြည်ကြသည်။ ၎င်းတို့သည် သူအမှန်စင်စစ်မည်မျှ သန်မာကြောင်း သူမသိခဲ့ပေ။

ယခုချိန်အထိ မည်သူမျှ ချူးယွင်ဖန်းကို ချောင်ပိတ်မတိုက်ခိုက်နေသေးသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော အပိုင်းပင်ဖြစ်သည်။

ချူးယွင်ဖန်းသည် မည်သူနှင့်တွေ့သည်ဖြစ်စေ၊ အခြားတစ်ဖက်ကို လွယ်ကူစွာအနိုင်ယူနိုင်၏။ သူမည်မျှသန်မာကြောင်း မည်သူမျှမသိကြပေ။

ထို့ကြောင့် ချူးယွင်ဖန်း ရှုံးနိမ့်သွားပါက ကျော်ကြားသော သတင်းတစ်ပုဒ်ဖြစ်လာပေလိမ့်မည်ဖြစ်သည်။ အကယ်၍ အတိတ်သာဖြစ်ခဲ့လျှင် ချူးယွင်ဖန်း ချန်ပီယံဖြစ်ရန် လွယ်ကူလိမ့်မည်မဟုတ်ပေ။ သို့သော် ယခုနှစ်တွင် စွမ်းအားကြီးသူများ များပြားလွန်းသောကြောင့် ချူးယွင်ဖန်း ချန်ပီယံမဖြစ်နိုင်လောက်ကြောင်း အများစုကခံစားမိသည်။ သူသည် ဤမျှထိ ရောက်လာနိုင်ခဲ့သော်လည်း သူ၏ ကျင့်ကြံရေးအဆင့်၏ အားနည်းချက်သည် အရာအားလုံးကို ရှင်းပြနိုင်ရန် လုံလောက်၏။

ထိုကဲ့သို့ပင် ထောင်ပေါင်းများစွာသော အကြည့်များအောက်တွင် ချူးယွင်ဖန်းသည် ကွာတားဖိုင်နယ်သို့ရောက်ရှိလာခဲ့သည်။

သိုင်းပညာတန်းမှ ကျောင်းသားထောင်ပေါင်းများစွာသည် ပွဲတစ်ပွဲစီအပြီးတွင် ဖယ်ရှားခံခဲ့ရကာ၊ နောက်ဆုံးတွင် လူရှစ်ဦးသာ ကျန်ရှိတော့သည်။

ထို့အပြင် ဤတစ်ကြိမ်တွင် ၎င်းတို့သည် တစ်ဦးချင်းတိုက်ပွဲများဆီသို့ မရောက်ရှိသွားတော့ပေ။ ၎င်းတို့ရှစ်ဦးလုံး ကွင်းထဲတွင် တစ်ပြိုင်နက်ပေါ်လာ၏။ မရေမတွက်နိုင်သော မျက်လုံးများသည် ၎င်းတို့ကို ငေးကြည့်လျက်ရှိသည်။ ထိုတိုက်ပွဲကြီးကိုကြည့်နေသော လူအနည်းဆုံးတစ်သိန်းကျော်ခန့်ထဲတွင် ဆရာများလည်းပါ၏။

ဤသည်မှာ ၎င်းတို့ ရှစ်ဦး ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုသူများကို လေ့လာကြည့်ကာ၊ ထင်မျှော်လင့်ထားသည့်အတိုင်းပင် ကျန်သူများသည် စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်တွင်ရှိနေ၏။

ချူးယွင်ဖန်းအပါအဝင် ယောက်ျားလေးငါးဦးနှင့် မိန်းကလေးသုံးဦးရှိသည်။ ဤလူတိုင်းသည် အလွန်ပြင်းထန်သော ကိုယ်ရောင်ကိုယ်ဝါများကိုပိုင်ဆိုင်ထား၏။

ချူးယွင်ဖန်းသည် ဤလူများကို လေ့လာနေချိန်တွင် ဤလူများသည်လည်း ချူးယွင်ဖန်းကို လေ့လာနေကြသည်။ အခြားသူများနှ့င်နှိုင်းယှဥ်လျှင် ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်သည် အနိမ့်ဆုံးဖြစ်သည်မှာ ထင်ရှား၏။ သို့သော် ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ကျောင်းသားအများစုကို အနိုင်ယူခဲ့သောကြောင့်၊ စွမ်းအားအနည်းဆုံးဟု မထင်ကြပေ။

ဤလက်ရွေးစင်ကျောင်းသားများ၏ အကြည့်ကို ကြည့်ကာ၊ ချူးယွင်ဖန်းက ပြုံးရုံသာပြုံးလိုက်သည်။ ဤလူများ၏ ခွန်အားကို အကဲဖြတ်ပြီးဖြစ်ရာ၊ သူ့အား အံ့အားအသင့်စေဆုံးအရာမှာဦ ဤလူများအကြားတွင် အသန်မာဆုံးပုဂ္ဂိုလ်သည် မိန်းကလေးဖြစ်၏။

ဤမိန်းကလေးသည် အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ၊ မီးတောက်လောင်သည်ဟု ထင်ရသည်။ နှင်းကဲ့သို့ ဖြူစွတ်သော အသားအရည်တွင် မျက်လုံးကလေးများသည် လှိုင်းလုံးများသဖွယ် ကော့စင်းနေသည်။ သူမ၏ ထူထဲသော မျက်ခုံးမွှေးများသည် အဝေးမှ ကြည့်လျှင် တောင်တန်းများကဲ့သို့ ထင်ရ၏။ သူမသည် တရုတ်ဂန္တဝင်အလှကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သော်လည်း ထိုဂန္တဝင်အလှပဂေးများတွင်မမြင်နိုင်သည့် ရဲရင့်သော အသွင်ကို ဆောင်လျက်ရှိသည်။ သူမလက်ထဲတွင်မူ ဓားနှစ်ချောင်းကို ကိုင်ထား၏။

ဤလူများအားလုံးသည် အလွန်သန်မာသော်လည်း ချူးယွင်ဖန်းသည် ဤမိန်းကလေးမှာ အသန်မာဆုံးဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည်။ ချူးယွင်ဖန်းတွင် ထိပ်တန်းရှစ်ယောက်နှင့်ပတ်သက်သော အချက်အလက်အားလုံးရှိသည်။ ဤအမျိုးသမီးကို ပိုင်ပင်းဝူဟု ခေါ်သည်။ သူမသည် အထက်တန်းစားမိသားစုတစ်စုဖြစ်သည့် ပိုင်မိသားစုမှ ဆင်းသက်လာခြင်းဖြစ်သော်လည်း တိုက်ရိုက်မျိုးဆက်မှ ဆင်းသက်လာသူမဟုတ်ပေ။

ပိုင်ပင်းဝူသာ တိုက်ရိုက်ဆင်းသက်လာသော မျိုးဆက်ဖြစ်လျှင် သူမသည် ဤဆရာပြိုင်ပွဲတွင် ပါဝင်ရန် မလိုအပ်တော့ပေ။ သူမမိသားစုမှ သူမအတွက် အကောင်းဆုံးဆရာများကို စီစဥ်ပေးမည့်နည်းလမ်းများကိုသာ စဥ်းစားရန် လိုအပ်မည်ဖြစ်သည်။ ဥပမာ၊ ချူးရွှယ်လန်ဖြ်စသည်။ သူမ၏ စွမ်းအားသည် ချူးယွင်ဖန်းကဲ့သို့ မကောင်းလှသော်လည်း မိသားစုမှ စီစဥ်ပေးထားသော ထိပ်တန်းဆရာများသည် သူမကို စောင့်ဆိုင်းလျက်ရှိသည်။

အခန်း(၃၇၄) ကွာတားဖိုင်နယ်တိုက်ပွဲ

တိုက်ရိုက်မျိုးဆက်များနှင့် မျိုးဆက်ခွဲများအားဆက်ဆံပုံတွင် တိကျသော ကွဲပြားခြားနာမှုများရှိခဲ့သည်။ ဥပမာအားဖြင့် ချူးယွင်ဖန်းသည် ချူးယွင်ရှင်းနှင့် တစ်ဖက်တည်းတွင်ရှိလျှင် ချူးမိသားစုသည် သူ့အတွက် နည်းပြကောင်းတစ်ဦးစီစဥ်ပေးမည်မှာ သေချာ၏။ သို့သော် ချူးယွင်ဖန်းနှင့် ချူးရွှယ်လန်ကြားတွင် ကွာဟချက်တစ်ခုရှိသည်။

ထို့ကြောင့် ချူးယွင်ဖန်းသည် ဤကိစ္စအတွက် ချူးမိသားစု၏ အကူအညီကို လက်မခံခချင်ခဲ့ပေ။ သူသည်မိမိကိုယ်ကိုယ်အားကိုးနိုင်သဖြင့် အခြားသူများ၏ အကူအညီမလိုအပ်ပေ။ သူ့အတွက်၊ ချူးမိသားစုသည် လေနှင့် မိုးဒဏ်ကို ခိုအောင်းနိုင်သည့် နေရာတစ်ခုဖြစ်သော်လည်း ထိုသူတို့ဖြင့် မပတ်သက်ချင်ခဲ့ပေ။ မိသားစုကြီးတစ်ခုတွင် မိသားစုကြီးတစ်ခု၏ အားသာချက်များရှိသော်လည်း အလှည့်အပြောင်းများများစွာရှိသည်။

ထို့ကြောင့် ချူးယွင်ဖန်းသည် ၎င်းတို့နှင့် မရေရာသော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုသည်။ ချူးမိသားစု၏ အမည်ကိုလည်း အသုံးပြုနိုင်သဖြင့် ဤသည်ကအကောင်းဆုံးဖြစ်သည်။

ပြည်ထောင်စုတက္ကသိုလ်သို့မရောက်မီ၊ ချူးယွင်ဖန်းသည် ကျန်းမိသားစုမှ သူ့အတွက်ထုတ်ထားသည့် ဆုကြေးကို ဖယ်ရှားလိုက်ကြောင်း ကြားလိုက်ရသည်။ ဤသည်မှာ ချူးမိသားစု၏ ဖိအားကြောင့်ဖြစ်ရာ၊ သူသည် ကျန်းမိသားစု၏ ဝရမ်းကို မကြောက်တော့သော်လည်း သူ့အတွက် ဆုကြေးထုတ်ထားနိုင်သည့်အခြားသူများရှိသေးသည်။ ဤသည်မှာ ဆက်လက်၍ ပြဿနာတက်နိုင်သည့် ကိစ္စဖြစ်သည်။

ထို့အပြင် ရှန်ဟဲမိသားစုသည် တည်ငြိမ်သမုဒ္ဒရာမြို့ရှိ ချူးမိသားစု၏ တပ်ဖွဲ့များမှ အကူအညီတချို့ကိုလည်းလက်ခံခဲ့သည်။ အရာအားလုံးသည် ပို၍ ချောမွတ်လာခဲ့ရာ၊ အစိုးရဆိုင်ရာဌာနအားလုံးသည် မီးစိမ်းပြနေပြီဟု ဆို၍ရနိုင်၏။ ဤအရာများသည် ချူးမိသားစုမှ သူ့ကို ပေးစွမ်းနိုင်သော အရိပ်၏ အကျိုးအမြတ်များပင်ဖြစ်သည်။

မှန်သည်။ ဤကမ္ဘာပေါ်တွင် အခမဲ့စားရသော နေ့လယ်စာဟူ၍ မရှိပေ။ ဤအကျိုးအမြတ်များကိုယူပြီးနောက် အနာဂတ်တွင် ချူးယွင်ဖန်းသည် ၎င်းတို့ကို ပြန်လည် ပေးဆပ်ရမည်ဖြစ်သည်။ သို့သော် သူလက်ရှိဖွံ့ဖြိုးမှုအဆင့်တွင်ရရှိထားသော စောင့်ရှောက်မှုများနှင့်ယှဥ်လျှင် ၎င်းတို့သည် မည်သို့မျှမဟုတ်ပေ။

“ကျောင်းသားတို့”

ကျယ်လောင်သော အသံတစ်ခုနှင့်အတူ၊ ကွင်းထဲ၌ လူတစ်ယောက်ပေါ်လာသည်။ အားကစားကွင်းထဲရှိ ကျောင်းသားများအားလုံး မတ်တပ်ရပ်ကာ၊ ကိုယ်ကိုကိုင်းညွတ်၍ ပြိုင်တူပြောလိုက်ကြသည်။

“မင်္ဂလာပါ၊ အဓိပတိ”

ချူးယွင်ဖန်းနှင့် အခြားခုနှစ်ယောက်သည် ကိုယ်ကိုကိုင်းညွတ်၍ ထိုလူကြီးကို နှုတ်ဆက်လိုက်ကြသည်။

ဤလူသည် ပြည်ထောင်စုတက္ကသိုလ် အဓိပတိ ကျန်းဝူကျီမှတပါးအခြားသူမဟုတ်ပေ။

ပြီးခဲ့သော တစ်ကြိမ်နှင့် ကွဲပြားစွာ၊ ကျန်းဝူကျီ၏ အကြည့်သည် ဘေးအိမ်မှသာမန်အဘိုးအိုတစ်ယောက်နှင့်တူသည်ဟု ချူးယွင်ဖန်း ခံစားမိသည်။ သို့သော် ဤသည်မှာ အဓိပတိသည် ထူးခြားသည်ဟု ယူဆသောကြောင့် ချူးယွင်ဖန်း ခံစားမိသောကြောင့်ဖြစ်၏။

လက်တွေ့ကမ္ဘာရှိ လူတစ်ဦး၏အစွမ်းသတ္တိအားလုံးကို virtual world တွင် ပြသနိုင်မည်ဖြစ်ကာ၊ ကျန်းဝူကျီသည် လူ့အသိုင်းအတိုင်းတစ်ခုလုံး၏ ထိပ်တန်းကျွမ်းကျင်သူများအနက် တစ်ဦးဖြစ်သည်။ သူသည် နံပါတ်တစ်ဖြစ်ကြောင်း မပြောဝံ့သော်လည်း အနည်းဆုံး သူသည် ထိပ်တန်းဆယ်ဦးတွင် အဆင့်သတ်မှတ်ခံရကြောင်း လူတိုင်းက အသိအမှတ်ပြုထားကြသည်။ ဤအဆင့်ရှိသော လူတစ်ဦးသည် မည်ကဲ့သို့ သာမန်အဘိုးကြီးတစ်ယောက်ဖြစ်လိမ့်မည်နည်း။ ဤသည်က အဓိပ္ပါယ်မရှိပေ။

ချူးယွင်ဖန်း၏ လက်ရှိ သိမြင်နိုင်စွမ်းနှင့်ပင် ချီစွမ်းအင်အတက်အကျ အနည်းငယ်ကိုပင် နားမလည်နိုင်ပေ။ ကျန်းဝူကျီ၏ ခွန်အားသည် မိုးကုပ်စက်ဝိုင်းကို ဖြတ်ကျော်ကာ၊ မွေးဖွားခြင်းနယ်မြေအဆင့်တွင်ရှိနေပေလိမ့်မည်။ သူသည် သဘာဝလွန်စွမ်းအားများရှိသည့် ကျွမ်းကျင်သူဖြစ်သည်။

“အားလုံးပဲ ထိုင်ကြပါ။ ဒီနေ့ ငါ ပြည်ထောင်စုတက္ကသိုလ်ကကျောင်းသားတွေကို လေ့လာဖို့ရောက်လာတာပါ။ မျိုးဆက်တစ်ခုစီက ရှေ့မျိုးဆက်တွေထက် ပိုစွမ်းအားကြီးလာတယ်။ ဒီနေ့တော့ ဒီနေရာကို ရောက်နိုင်ခဲ့ကြလို့ မင်းတို့ ဂုဏ်ယူလို့ရပါတယ်။ မနက်ဖြန်ဆိုရင်တော့ မင်းတို့လိုကျောင်းသားတွေ အများကြီးရှိတဲ့အတွက် တက္ကသိုလ်က ဂုဏ်ယူနေမှာပါ”

ကျန်းဝူကျီသည် ကျောင်းသားများကို ဆက်လက်အားပေးခဲ့သော်လည်း ကြာမြင့်စွာမနေခဲ့ပေ။ နောက်ဆုံးတွင် သူသည် ပြည်ထောင်စုတက္ကသိုလ်၏ အဓိပတိဖြစ်ကာ၊ ရာထူးမြင့် အာဏာရှိသူတစ်ဦးလည်းဖြစ်သည်။ သူ့ရာထူးတွင်အဓိပ္ပါယ်များစွာပါနှင့်ပြီးဖြစ်သဖြင့် ဤနေရာတွင် ခပ်ကြာကြာမနေတော့ပေ။

ကျန်းဝူကျီ၏ စကားအဆုံးတွင် ဆရာများအတွက် ပြိုင်ပွဲမှ ထိပ်တန်းရှစ်ဦး၏ တိုက်ပွဲစတင်ခဲ့သည်။

ရှစ်ယောက်ကို ၎င်းတို့၏ ကိုယ်စီတိုက်ပွဲများသို့ ပို့ဆောင်ပေးလိုက်သည်။ ချူးယွင်ဖန်း၏ အမြင်အာရုံများဝေဝါးသွားပြီးနောက်၊ ကွင်းတစ်ခုထဲ၌ ပြန်ပေါ်လာရာ၊ ချက်ချင်းဆိုသလိုပင် ပြိုင်ဘက်သည်လည်း သူ့ရှေ့တွင်ပေါ်လာ၏။ သူသည်လည်း ဓားရှည်ကို ကိုင်ဆောင်ထားကာ၊ အနက်ရောင်ဝတ်စုံဝတ်ထားသည်။ အသက်အားဖြင့် ဆယ့်ရှစ်သို့မဟုတ် ဆယ့်ကိုးခန့်ရှိမည်ဖြစ်ကာ၊ ချူးယွင်ဖန်းထက် အရပ်အနည်းငယ်ပိုမြင့်၏။

“ငါ့နာမည်က ဝမ်လင်ပါ။ မင်းက ချူးယွင်ဖန်းမလား” ဓားသမားက လက်ကိုရှေ့သို့ထုတ်လျက်နှုတ်ဆက်လိုက်သည်။

“ဟုတ်တယ်” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။

“မင်းအကြောင်း ငါကြားဖူးတယ်။ ဒီအဆင့်ကို စွမ်းအင်သန့်စင်ခြင်း အဠမအဆင့် ကျင့်ကြံသူတစ်ယောက် ရောက်လာဖို့ မလွယ်ဘူး။ အံ့သြဖို့ကောင်းတယ်။ ဒါပေမယ့် မင်းရဲ့ အံ့ဖွယ်စွမ်းဆောင်ချက်က ငါ့လက်ထဲမှာ ဆုံးတော့မယ်ကွ။ သနားစရာပဲ” ဝမ်လင်ကပြောသည်။ သူ့စကားလုံးများသည် ချူးယွင်ဖန်းအား သနားစိတ်အပြည့်ဖြစ်နေ၏။

“လူတွေအများကြီးက ဒီလို တစ်ပုံစံတည်းပြောခဲ့ပေမယ့် သူတို့အားလုံး ငါ့လက်ထဲမှာ ရှုံးခဲ့ကြတာပဲ” ချူးယွင်ဖန်းက ခပ်ပါးပါးပြုံး၍ပြောသည်။

“ငါကသူတို့နဲ့ မတူဘူး” ဝမ်လင်က ခေါင်းခါလိုက်၏။

“ငါကတော့ မင်းနဲ့ သူတို့ကြား ဘာကွာခြားချက်မှမရှိဘူးလို့ထင်တယ်”

“မင်း စောက်ရမ်း စိတ်ကြီးဝင်နေတာပဲ။ သနားဖို့ကောင်းလိုက်တာ။ ငါ့ရှေ့မှာတော့၊ မင်းရဲ့ စိတ်ကြီးဝင်မှုတွေအကုန်လုံးက အဓိပ္ပါယ်မရှိဘူးကွ” ဝမ်လင်က ချူးယွင်ဖန်းကို ဓားနှင့်ရွယ်၍ ပြောလိုက်သည်။

“မင်းက သိုင်းသမားတစ်ယောက်ပဲ၊ ဓားသမားမဟုတ်ဘူး။ ဓားသမားမဟုတ်ဘဲ၊ ဓားကို သုံးနေတော့၊ မင်း ဓားရေးစနစ်တွေရဲ့ ပရိယာယ်တွေကို နားလည်မှာမဟုတ်ဘူး”

“တကယ်ပဲ ငါက ဓားသမားမဟုတ်ဘူး။ ငါ့အတွက်တော့၊ ဓားရေးစနစ်တွေက သိုင်းပညာကို လေ့လာဖို့ နည်းလမ်းတစ်ခုပဲ။ သူတို့က ကိရိယာတွေပဲ” ချူးယွင်ဖန်းက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။

“လူသားတွေက ကိရိယာတွေကို အသုံးပြုနိုင်တဲ့အတွက် တိရိစ္ဆာန်တွေနဲ့ ကွာခြားတယ်”

ဝမ်လင်က ချူးယွင်ဖန်း၏ စကားလုံးများကို ကြားသောအခါ၊ မျက်မှောင်ကြုတ်လိုက်မိသည်။

“သနားစရာပဲ။ မင်းရဲ့ တိုက်ပွဲတွေကို ငါကြည့်ပြီးပြီကွ။ မင်းက ဓားသိုင်းမှာ ထူးချွန်ပေမယ့် ဓားမားတစ်ယောက်မဟုတ်ဘူး။ သနားစရာကောင်းလိုက်တာ၊ သနားစရာပဲ”

“သနားစရာ ဘာမှမရှိဘူး။ စလိုက်ကြရအောင်” ချူးယွင်ဖန်းကပြောသည်။ စကားများဆက်ပြောနေခြင်းသည် အသုံးမဝင်ကြောင်း သူသိသည်။ ၎င်းတို့နှစ်ဦးကြားတွင် မည်သည့်စကားမျှ ပြောရန် မရှိပေ။

ဘါန်း

ဝမ်လင်၏ ခန္ဓာကိုယ်မှ တောင် သို့မဟုတ် ပင်လယ်တမျှ ကြောက်မက်ဖွယ်ကောင်းစွာ ပြင်းထန်သောအရောင်အဝါများ ထွက်ပေါ်လာသည်။ သူ့လက်ထဲမှ ဓားရှည်ကို ချက်ချင်းဝှေ့ယမ်းလိုက်ကာ၊ ဤအခိုက်အတန့်တွင် သူသည် ဓားတစ်စင်းကဲ့သို့ ပြောင်းလဲသွားကာ၊ လူသားမဟုတ်တော့ပေ။

ဓားသမားများ၏ လမ်းကြောင်းသည် သာမန်သိုင်းသမားများနှင့် မတူပေ။ သာမန်သိုင်းပညာရှင်များသည် ၎င်းတို့၏ဓားများကို လက်နက်ကိရိယာများအဖြစ်သာ သဘောထားကြသော်လည်း ဤဓားသမားများသည်မူ ၎င်းတို့၏ ဓားများကို ကမ္ဘာတစ်ခုကဲ့သို့ သဘောထားကြသည်။ သူတို့သည် ၎င်းတို့၏ ဓားသိုင်းတွင် ရိုးသားမှုရှိသောကြောင့် ကျင့်ကြံရေးအဆင့်တူများထက် ကျော်လွန်သော စွမ်းအင်ကို ထုတ်လွှတ်နိုင်သည်။

ဝမ်လင်သည် ဓားပညာကို သင်ယူခဲ့သော ပါရမီရှင်တစ်ဦးဖြစ်သည်မှာ သေချာ၏။ သူ၏ စွမ်းအားသည် ချူးယွင်ဖန်း ယခင်က အနိုင်ယူခဲ့သော ယွမ်ဖေးနှင့် ယှဥ်လျှင် ပို၍ ကြောက်မက်ဖွယ်ကောင်းသည်။ ဝမ်လင်သည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် အထွဋ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။

ဝမ်လင်၏ဓားသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ထိုးဖောက်ရန် နီးကပ်လာသောအခါ၊ ချူးယွင်ဖန်းက စတင်လှုပ်ရှားလိုက်သည်။ သူ၏ ဓားကို ထုတ်ကာ၊ ဝမ်လင်၏ တိုက်ခိုက်မှုကို ချက်ချင်း တုံ့ပြန်တားဆီးလိုက်သည်။

ချလန်

ကျယ်လောင်သော အသံနှင့်အတူ၊ ချူးယွင်ဖန်းသည် ဝမ်လင်၏ဓားကို တားဆီးလိုက်သည်။ သို့သော် ဝမ်လင်သည် ယခင်က ရန်သူများကဲ့သို့ ချူးယွင်ဖန်း၏ ပြင်းထန်သော စွမ်းအားအောက်တွင် ဖိနှိပ်မခံခဲ့ရပေ။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်စွမ်းအင်များကို သူ့ကို ချက်ချင်း မရပ်တန့်သွားစေခဲ့သဖြင့် ချူးယွင်ဖန်း အသာစီးမရခဲ့ပေ။

“ငါ သူတို့နဲ့ မတူဘူးလို့ ပြောခဲ့သားပဲ။ မင်းရဲ့ မွန်းစတားဆန်တဲ့ ခွန်အားက တကယ်ကြောက်ဖို့ ကောင်းပါတယ်။ သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတောင် မင်းနဲ့ ရင်ဆိုင်ဖို့ ခက်မှာပဲ။ ဒါပေမယ့် ငါက မတူဘူး။ မင်း ဒီအဆင့် ခွန်အားတစ်ခုတည်းနဲ့ ငါ့ကို အနိုင်ယူလို့မရဘူး”

ဝမ်လင်က ကြုံးဝါးလိုက်သည်။ ဤအခိုက်အတန့်တွင် သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် အလွန်မြင့်တက်ကာ အမြင့်ဆုံးဖြစ်လာသည်။ သူသည် ကွင်းတစ်ခုလုံးကို လွှမ်းမိုးထားရာ၊ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ကျွမ်းကျင်သူများအနက် အကောင်းဆုံးများထဲမှ တစ်ဦးဖြစ်သည်မှာ သေချာ၏။

အခန်း(၃၇၅) စစ်မှန်တဲ့ ခွန်အားက ဝမ်လင်ကို သုံးချက်တည်းနဲ့ ဖျက်ဆီးပစ်လိုက်တယ်

“အဲ့တာ ဝမ်လင်ပဲ။ ဝမ်လင်နဲ့ ချူးယွင်ဖန်းတို့ကြားတိုက်ပွဲကွ။ ဒီတစ်ကြိမ်တော့ ချူးယွင်ဖန်း ဒုက္ခရောက်နေပုံပေါ်တယ်”

“ဓီကျောင်းသားတွေထဲမှာ ဝမ်လင်က အသန်မာဆုံးဖြစ်လောက်တယ်”

“ချူးယွင်ဖန်းရဲ့ ကျင့်ကြံရေးအဆင့်က အရမ်းနိမ့်တယ်။ ပိုမြင့်လာရင် ဝမ်လင်က သူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး”

“ဒါပေမယ့် ချူးယွင်ဖန်းကတော်တော် တော်ပါတယ်။ သူ သေချာပေါက် ဝမ်လင်ထက် အဆင့်နိမ့်မှာမဟုတ်ဘူး”

ဤတိုက်ပွဲသည် ဆရာများစွာ၏ အာရုံစိုက်မှူကို ခံရလျက်ရှိသည်။ သို့သော် ယခုပြိုင်ပွဲသည် ကွာတားဖိုင်နယ်ကို ရောက်ခဲ့ပြီဖြစ်သဖြင့် ဆရာအများစုသည် ဤကျောင်းသားများကို ခေါ်ယူနိုင်မည်မဟုတ်ကြောင်း သဘောပေါက်နားလည်သိရှိသွားကြသည်။ အမှန်တကယ်ထူးချွန်သော ကျောင်းသားများသည် ၎င်းတို့ လက်လှမ်းမှီနိုင်မည့်အရာမဟုတ်ပေ။ သူတို့သည် အစပိုင်းတွင် ချူးယွင်ဖန်းကို ကြားဖြတ်လုယူရန် ကြိုးစားခဲ့ကြသော်လည်း သူတို့အားလုံးလျစ်လျူရှု့ခံခဲ့ကြရကာ၊ ကူကယ်ရာမဲ့ဖြစ်ခဲ့ကြသည်။

သို့သော် ၎င်းတို့နှစ်ဦးကြားမှ တိုက်ပွဲတွင်မူ၊ ဝမ်လင်၏ ထူးခြားချက်များကို ပို၍ အကောင်းမြင်ကြသည်။ ချူးယွင်ဖန်းအလွန်ဂုဏ်ယူနေသော ထူးဆန်းသည့် ခွန်အားသည် မိမိ၏ကိုယ်ခန္ဓာအရည်အသွေးအားနည်းချက်ကို ပယ်ဖျောက်ထားနိုင်သည့် နက်နဲသော ကျင့်ကြံရေးရှိသည့် ဝမ်လင်ရှေ့တွင်မူ၊ ထင်ရှားပေါ်လွင်ခြင်းမရှိတော့ပေ။

ဝမ်လင် ဤမျှထိ လုပ်နိုင်ခဲ့ခြင်းသည် တိုက်ဆိုင်မှုတစ်ခုမဟုတ်ပေ။ သူ၏ ခွန်အားသည် အခြားသူများ စိတ်ကူးယဥ်နိုင်သည်ထက် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ဝမ်လင်ပြောပြီးသည်နှင့် အကြိမ်ပေါင်းတစ်ဒါဇင်ခန့် အဆက်မပြတ် တိုက်ခိုက်ရာ၊ လှုပ်ရှားမှုတိုင်းသည် လျှပ်စီးတမျှ လျင်မြန်၏။ သူ့လက်ထဲမှ ဓားသည် ကြောက်မက်ဖွယ်ကောင်းရုံသာမက၊ အလွန်လျင်မြန်သည်။

ချူးယွင်ဖန်းသည် တည်ငြိမ်စွာဖြင့် ဝမ်လင်၏ တိုက်ခိုက်မှုအားလုံးကို သူ့လက်ထဲမှ အရိပ်မဲ့ဓားဖြင့် တားဆီးလိုက်သည်။ သူထုတ်လိုက်သည့် ဓားအလင်းသည် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ကာ၊ ကာကွယ်ထားသည်။ ဝမ်လင်၏ တိုက်ခိုက်မှုများသည် မည်မျှပင် ပြင်းထန်နေစေကာမူ၊ ချူးယွင်ဖန်း၏ ခုခံမှုကို မကျော်ဖြတ်နိုင်ခဲ့ပေ။

ဝမ်လင်၏တိုက်ခိုက်မှုများ ပို၍ ပြင်းထန်လာကာ၊ မည်မျှပင် ခွန်အားများရှိနေစေကာမူ၊ ချူးယွင်ဖန်း၏ ခွန်အားကို လိုက်မမှီနိုင်ခဲ့ပေ။

သို့‌သော် ဝမ်လင်သည် စိုးရိမ်ခြင်းအလျင်းမရှိပေ။ ချူးယွင်ဖန်းသည် ထိခိုက်မှုရှိပုံမပေါ်သော်လည်း ၎င်းမှာ ကျင့်ကြံရေးမြင့်မားမှု၏ အားသာချက်ဖြစ်သည်။ ဝမ်လင်သာ အဆက်မပြတ်တိုက်ခိုက်လျှင် ချူးယွင်ဖန်းကို နုတ်နုတ်စင်းကာ အသေသတ်ပစ်နိုင်၏။ စွမ်းအင်သန့်စင်ခြင်း အဠမအဆင့် သိုင်းသမားတစ်ယောက်သည် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်သိုင်းသမားသာဖြစ်သည်။ ချူးယွင်ဖန်းနှင့် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် သိုင်းသမားအကြားတွင် ကြီးမားသော ကွာဟချက်ရှိ၏။

ချလန်

ချူးယွင်ဖန်းက ဓားကို ဝှေ့ယမ်းကာ၊ ဝမ်လင်ကို နောက်သို့လွင့်ထွက်သွားစေလိုက်သည်။ ထို့နောက်၊ အသက်ပြင်းပြင်းတစ်ချက်ရှုကာ၊ ပြောလိုက်၏။

“တကယ်ပဲ မင်းနဲ့ သူတို့ကြားမှာ ကွာခြားချက်ရှိတယ်။ ဒီအဆင့်မှာ ငါ့ခွန်အားကို ဆက်ပြီးဖုံးကွယ်ထားရင် မင်းကို အနိုင်ယူဖို့ မလွယ်မှာစိုးတယ်”

“ဘာ ချူးယွင်ဖန်းက သူ့ခွန်အားအစစ်ကို ဖုံးထားတာလား”

လူအုပ်ကြီးတစ်ခုလုံးသည် ချက်ချင်း ထိတ်လန့်အံ့သြကုန်ကြသည်။ ကျောင်းသားပေါင်းများစွာသည် ချူးယွင်ဖန်း၏ စကားလုံးများကြောင့် ထိတ်လန့်သွားကြသည်။ ချူးယွင်ဖန်းသည် ယခုပင် ကြောက်မက်ဖွယ်ကောင်းနှင့်ပြီးဖြစ်နေပြီဖြစ်ရာ၊ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့် ကျွမ်းကျင်သူတစ်ဦးကို ထမင်းစား၊ ရေသောက်သကဲ့သို့ အနိုင်ယူနိုင်၏။ ထို့ကြောင့် အကယ်၍ ၎င်းမှာ သူ၏ စစ်မှန်သော ခွန်အားမဟုတ်ပါက၊ သူမည်မျှ သန်မာသနည်း။

ဆရာများသည် မယုံကြည်နိုင်သော အရိပ်အယောင်များဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်နေကြသည်။ ချူးယွင်ဖန်းသာ ထိုမျှထိ အမှန်တကယ်သန်မာလျှင် ၎င်းတို့သူ့ကို အထင်မှားခဲ့ကြသည်ဟု ဆိုလိုခြင်းပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် အလွန်အတွေ့အကြုံရှိသော်လည်း ဝမ်လင်နှင့် အခြားသူများနှင့် တူညီလုနီးပါးဖြစ်သည်။ သို့သော် သူ၏ စစ်မှန်သော စွမ်းအားကို ဖုံးကွယ်ထားလျှင်မူ အရာအားလုံး ကွဲပြားသွားပေလိမ့်မည်ဖြစ်သည်။

ဝမ်လင်သည် ချူးယွင်ဖန်းကို မယုံကြည်နိုင်ပေ။

“ဟား ဟား ဟား မင်း ငါ့ကို ခြောက်ဖို့ ကြိုးစားနေတာလား။ စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်က စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်ပဲကွ၊ အဲ့လို တိုက်ပွဲခွန်အားကို ထုတ်ပြီး စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်ကို မင်းအနိုင်ယူဖို့ဆိုတာ အကန့်အသတ်ရှိပြီးသား။ မင်းမှာ ဖုံးကွယ်ထားတဲ့ စွမ်းအားတွေရှိမနေနိုင်ဘူး”

ဝမ်လင်က ဤကိစ္စကို အသေအချာ အခိုင်အမာပြောနိုင်သည်။ ချူးယွင်ဖန်းတွင် ဖုံးကွယ်ထားသည့် ခွန်အားများရှိနေဦးလိမ့်မည်ဖြစ်ကြောင်း သူမယုံကြည်ပေ။

“မင်းပြောနေတာ သာမန်လူအကြောင်းလေ” ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

“ဒီအခြေအနေထိရောက်လာပြီဆိုတော့ ငါမင်းကို စွမ်းအားအပြည့်နဲ့ တိုက်ရတော့မယ်။ မင်း စွမ်းအင်ပြန်ဖြည့်ဖို့ ဆယ်စက္ကန့်လောက်အချိန်ပေးမယ်။ မဟုတ်ရင် မင်းငါ့ဆီက ဓားချက် သုံးချက်တောင် မခံနိုင်မှာစိုးတယ်”

“ဟား ဟား ဟား မင်းဆီက ဓားချက်သုံးချက်ကို ငါမခံနိုင်ဘူးဟုတ်လား။ ဒီလောက်တောင် မောက်မာလှချည်လား” ချူးယွင်ဖန်းသည် သူ့အား အထင်သေးနေသောကြောင့်၊ ဝမ်လင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ဝမ်လင်က စတင်တိုက်ခိုက်သည်။ ချူးယွင်ဖန်းထံသို့ချီတက်သွားသည်နှင့် သူ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသော ရောင်ဝါတစ်ခု ပေါ်ထွက်လာ၏။

ချူးယွင်ဖန်းသည်လည်း လှုပ်ရှားလိုက်သည်။ သူ၏ ဓားသည် လျှပ်စီးကဲ့သို့ လျင်မြန်လွန်းသောကြောင့် အနက်ရောင်လျှပ်စီးကြောင်းများကိုသာ မြင်နိုင်၏။ ချူးယွင်ဖန်း ပျောက်သွားကာ၊ ဝမ်လင်၏ ရှေ့တွင် ချက်ချင်းပြန်ပေါ်လာသည်။

ချူးယွင်ဖန်း၏ ကိုယ်ရောင်ကိုယ်ဝါများလည်း ပေါက်ကွဲထွက်လာသည်။ အလေးစီးဝတ်စုံဖြင့် ဖိနှိပ်ခံထားရသော ခွန်အားသည် ဆွဲငင်အားနှစ်ဆကို ဖယ်ရှားပြီးသည်နှင့် ပေါက်ကွဲလာ၏။ အမြန်နှုန်း၊ ခွန်အား၊ သို့မဟုတ် ချီစွမ်းအင် အစရှိသည့် အရာမှန်သမျှကို အကုန်ထုတ်လွှတ်လိုက်သည်။

ချူးယွင်ဖန်းသည် လှောင်အိမ်ထဲမှ သမိုင်းဝင်သားရဲတစ်ကောင် လွတ်မြောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

နှစ်ဖက်လုံး၏ဓားသွားများ ပြင်းထန်စွာ တိုက်မိကြရာ၊ ယခုတစ်ကြိမ်တွင် ဝမ်လင်သည် ချူးယွင်ဖန်းကို သရေကျသည်အထိ မတိုက်နိုင်ခဲ့ပေ။

ဝမ်လင်သည် ကြိုးပြတ်သွားသော စွန်တစ်စင်းကဲ့သို့ နောက်သို့ လွင့်ထွက်သွားကာ၊ အကြိမ်ပေါင်းများစွာ လေထဲတွင်ကျွမ်းထိုးပြီးမှ မြေပြင်ပေါ်သို့ ပြန်ဆင်းနိုင်ခဲ့သည်။ ချူးယွင်ဖန်း၏ ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲလာသော စွ၎်းအင်ကို လက်မခံနိုင်ခဲ့သဖြင့် သူ့မျက်လုံးထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ပေါ်လာသည်။ သူ၏ လက်မောင်းတစ်ခုလုံး သုန်ယင်နေသည်ကို နောက်ဆုံးတွင် သတိထားမိခဲ့သည်။ သူ့လက်ဖဝါးမှ သွေးများစီးကျလျက်၊ လက်ချောင်းရိုးများ ကျိုးကြေကုန်သည်။

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက်၊ ဝမ်လင်သည် သူ့အား ဇောက်ထိုး လွင့်ပျံသွားစေသည့်၊ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ဖယ်ရှားရန် ခြေလှမ်းပေါင်းများစွာ နောက်သို့ ဆုတ်ခဲ့ရသည်။

သို့သော် ယခုအချိန်တွင် ချူးယွင်ဖန်းသည် ဝမ်လင်နောက်သို့ လိုက်လာခဲ့ရာ၊ သူ၏ လျှို့ဝှက်ဆန်းကြယ်သော ခြေကွက်များဖြင့် ပြိုင်ဘက်၏ရှေ့သို့ ချက်ချင်းရောက်ရှိလာနိုင်ခဲ့သည်။

“ဒုတိယဓားချက်”

“ဒါ မဖြစ်နိုင်ဘူး”

ဝမ်လင်တွင် စဥ်းစားရန် အချိန်အမြောက်အများမရှိပေ။ ချူးယွင်ဖန်းသည် သူ့ရှေ့တွင်ရပ်နေပြီဖြစ်ကာ၊ ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် လျှပ်စီး၏အရှိန်ဖြင့် သူ့ဆီသို့ ဦးတည်လာ၏။

ဝမ်လင်သည် ဓားချက်ကို တားဆီးရန် သူ၏ရှိသမျှသော ခွန်အားကို အသုံးပြုခဲ့သော်လည်း အသုံးမဝင်ခဲ့ပေ။ သူ့လက်ထဲမှ ဓားသည် ကွင်းထဲသို့ ချက်ချင်း ထွက်လာ၏။

“သေစမ်း”

ဝမ်လင်သည် အလျင်အမြန်နောက်သို့ဆုတ်လိုက်သည်။ သူသည် ချူးယွင်ဖန်းနှင့် ဆက်လက်တိုက်ခိုက်ရန် မဝံ့ရဲတော့ပေ။ သို့သော် ၎င်းသည် လုံးဝအသုံးမဝင်တော့ကြောင်း သူသဘောပေါက်နားလည်သည်။ သူမည်မျှပင်နောက်သို့ ဆုတ်သွားခဲ့စေကာမူ၊ ချူးယွင်ဖန်းထံမှမလွတ်မြောက်နိုင်ခဲ့ပေ။

နောက်တစ်စက္ကန့်တွင် ချူးယွင်ဖန်း၏ဓားအလင်းသည် ဝမ်လင်၏ ကိုယ်ပေါ်သို့ ကျရောက်လာသည်။

ဝမ်လင်သည် အလင်းလုံးတစ်ခုအဖြစ်ပြောင်းလဲကာ ကွင်းထဲမှ ပျောက်ကွယ်သွား၏။ အနိုင်နှင့် အရှုံးကို ဆုံးဖြတ်၍ရနိုင်ပြီဖြစ်သည်။

ဤအခိုက်အတန့်တွင် လူတိုင်း ထိတ်လန့်ကုန်ကြသည်။ ဤအရာအားလုံးသည် အချိန်တိုအတွင်းတွင်ဖြစ်ပျက်သွားခြင်းပင်ဖြစ်၏။

All Chapters