အခန်း (၃၈၅-၃၈၇)
Vol. 26 Ch. 385-387
အခန်း(၃၈၅) ကျန်းယွမ်ပင်၏ ထိတ်လန့်မှု
ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်၏ အဓိပတိတစ်ဦးဖြစ်သူ ကျန်းဝူကျီကို တွေးမိသည်။ ဤစနစ်ကို ကြည့်ရုံဖြင့် ကျန်းဝူကျီ မည်မျှ ပညာရှိကြောင်း သူခံစားနိုင်သည်။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ သူတို့အားလုံးသည် သူ့ကျောင်းသားများသာဖြစ်သည်။
ကျန်းဝူကျီသည် သူ့ကျောင်းသာများကို ပိုမိုကောင်းမွန်သော ကျင့်ကြံရေးပတ်ဝန်းကျင်ကို ပေးနိုင်စေရန် အကောင်းဆုံးကြိုးစားထားသည်။ ချမ်းသာသော ကျောင်းသားများနှင့် ဆင်းရဲသော ကျောင်းသားများအားလုံး တန်းတူညီမျှကျင့်ကြံ၍ရနိုင်ရန် သူအစွမ်းကုန်ကြိုးစားခဲ့သည်။
မှန်သည်၊ ဤကမ္ဘာကြီးထဲတွင် လုံးလုံးလျားလျားတရားမျှတမှုရှိရန် မဖြစ်နိုင်ပေ။ သို့သော် ဤသို့သော အဆင့်အထိ အောင်မြင်နိုင်ခဲ့ခြင်းကပင် လေးစားချင်စဖွယ်ကောင်းလှပြီဖြစ်သည်။
“ဒါပေမယ့် ကျွန်တော်တို့ အမှတ်တွေဘယ်လို ရနိုင်မလဲ”
“နည်းလမ်းတွေအများကြီးရှိတယ်။ ပြည်ထောင်စုတက္ကသိုလ်က ချမှတ်ပေးထားတဲ့ မစ်ရှင်တွေကို ပြီးအောင်လုပ်ပြီးတော့ မင်းအမှတ်တွေရနိုင်တယ်။ အဲ့အမှတ်တွေကို ရှေးဟောင်းလူသားကာလက အမွေအနှစ်တွေ၊ ပြည်ထောင်စုတက္ကသိုလ်မှာမရှိတဲ့ သိုင်းပညာတွေနဲ့ မွန်းစစားတွေ အစရှိတဲ့ အရာတွေအကုန်လုံးနဲ့ လဲလှယ်လို့ရနိုင်တယ်” ကျန်းယွမ်ပင်ကပြောသည်။
ဤသို့ကြားသောအခါ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်၏ အမှတ်ပေးစနစ်ကို ပိုမိုနားလည်လာခဲ့သည်။ လူတစ်ဦးသည် အမှတ်များကိုအသုံးပြု၍ အထောက်အပံ့အမျိုးမျိုးကို လဲလှယ်နိုင်သည်။ ထို့အပြင် ဤအမှတ်များကိုအသုံးပြု၍ ၎င်းတို့၏ ခွန်အားတိုးမြင့်လာစေနိုင်သည့် အမျိုးမျိုးသော အရာများကိုလည်း ရယူနိုင်သည်။
ဤသည်ကား နှစ်ဦးနှစ်ဖက်အကျိုးရှိစေသော ဖြစ်စဥ်တစ်ခုဖြစ်သည်။ ဤလုပ်ငန်းစဥ်မှ တစ်ဆင့် ကျောင်းသားများသည် မိမိတို့ကိုယ်ကိုပိုမိုစွမ်းအားကြီးလာစေရန် အရင်းအမြစ်များကိုရယူနိုင်သည့်အပြင် ပြည်ထောင်စုတက္ကသိုလ်သည်လည်း ကျောင်းသားများစွာ၏ အကူအညီကို ရယူနိုင်သည်။ နှစ်ဖက်လုံး အကျိုးအမြတ်ရရှိနိုင်ကာ၊ မိမိတို့၏ ခွန်အားကို မြှင့်တင်နိုင်မည်ဖြစ်သည်။
အကယ်၍ တစ်ဖက်တည်းမှ ရင်းနှီးမြှုပ်နှံခြင်းဖြစ်လျှင်မူ ၎င်းသည် ဟန်ချက်မညီသော အခြေအနေတစ်ခုကို ဖြစ်လာစေလိမ့်မည်။ ထိုနည်းသည် ကြာရှည်တည်တံ့နိုင်မည်မဟုတ်ပေ။ ဤသို့သော နှစ်ဦးနှစ်ဖက်အကျိုးရှိသည့်အနေအထားမျိုးဖြင့်သာ ဆက်လည်တည်တံ့နိုင်၏။
“ဒါပေမယ့် ပြည်ထောင်စုတက္ကသိုလ်ရဲ့စည်းမျဥ်းအရ၊ အမှတ်တွေသုံပြီး လဲထားတဲ့ပစ္စည်းတွေကို အပြင်မှာ ရောင်းခွင့်မရှိဘူး။ ပြည်ထောင်စုတက္ကသိုလ်မှာ ကန့်သတ်နည်းပညာတွေအများကြီးရှိတယ်။ တကယ်လို့ အဲ့တာကို ပြင်ပကမ္ဘာကို ပေးလိုက်မယ်ဆိုရင် အကျိုးဆက်တွေကို မှန်းလို့တောင်ရမှာမဟုတ်ဘူး။ မှန်ပါတယ်။ မင်းရဲ့လက်ရှိအဆင့်နဲ့ဆိုရင် ကန့်သတ်ထားတဲ့နည်းပညာတွေကို လှဲလှယ်ဖို့ မဖြစ်နိုင်ဘူး။ လုပ်ရင်တောင် တိတ်တဆိတ်လုပ်ပါ၊ တကယ်လို့ တစ်ယောက်ယောက်က မင်းကို မိသွားရင် ငါမင်းကို ကာကွယ်နိုင်မှာမဟုတ်ဘူး”
ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်၏ မျက်နှာထက်မှ အလွန်လေးနက်မှုကို မြင်လိုက်ရသောအခါ၊ ချက်ချင်း သဘောပေါက်နားလည်သွားသည်။ ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်၏ အဓိကအချက်ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားများအပေါ် စီမံခန့်ခွဲမှုသည် အလွန် ပေါ့လျော့သော်လည်း စည်းမျဥ်းမရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ ထိုစည်းမျဥ်းကို ကိုကျော်လိုက်သည်နှင့် ပြစ်ဒဏ်မှ ရှောင်လွှဲရန် ခက်ခဲပေလိမ့်မည်။
“သွားနှင့်၊ သွာားနားတော့” ကျန်းယွမ်ပင်သည် လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်၍ မည်သည့်စကားမျှမပြောတော့ပေ။
ချူးယွင်ဖန်းသည် စွယ်စုံကျမ်းကို ဖွင့်ကြည့်လိုက်ပြီးနောက်၊ သူ၏ ဗဟုသုတများကျယ်ပြန့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိသောကြောင့် စာအုပ်ထဲမှ ဆေးများကို သိထားသော်လည်း အခြားအပိုင်းများသည်မူ၊ သူသိသည်ထက် များစွာပို၏။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်များသည် လွန်ခဲ့သော နှစ်ပေါင်းမြောက်များစွာ၊ ရှေးဟောင်းလူသားများကာလမှဖြစ်ရာ၊ နှစ်ပေါင်းများစွာကုန်ဆုံးခဲ့ပြီးဖြစ်သဖြင့် မှတ်ဉာဏ်အများစုကို အကိုးအကားအသုံးပြု၍မရနိုင်တော့ပေ။ ဥပမာအားဖြင့် ခွန်းလွန်ဒေသရှိ ပထဝီဝင်အခြေအနေများဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ, ကြယ်များလည်း ပြောင်းလဲလာကာ၊ အရာများစွာသည် ကွဲပြားနေခဲ့ပြီဖြစ်သည်။ ၎င်းတို့သည် ယေဘုယျအားဖြင့် တူညီသော်လည်း အသေးစိတ်အချက်အလက်များမှာမူ၊ ယခု ကွဲပြားသွားပြီဖြစ်သည်။
ချူးယွင်ဖန်းသည် ဆက်ဖတ်နေရင်းဖြင့် စာအုပ်သည် အမှန်တကယ်ပင် မျက်လုံးပွင့်စေသည်ဟု ခံစားလိုက်ရသည်။ ကျင့်ကြံရေးစွယ်စုံကျမ်းကိုသာ သာပြုစုရပါက၊ သူနှစ်ပေါင်းမည်မျှ ကြာလိမ့်မည်ကို သူမသိပေ။ မဖြစ်နိုင်ခြင်းပင်ဖြစ်နိုင်၏။
ပြည်ထောင်စုတက္ကသိုလ်၏ ခွန်အားကို စိတ်ကူး၍ပင်မရပေ။
ချူးယွင်ဖန်းသည် ဤစွယ်စုံကျမ်းတွင် ခေတ်မီလက်နက်များဖြစ်သည့် မက်ချာများ၊ စစ်သင်္ဘောများနှင့် ဂန္တဝင်ကြယ်ဖျက်သင်္ဘောများအကြောင်း မှတ်တမ်းများစွာပါရှိသည်ကို သတိပြုမိသည်။ ၎င်းသည် ပါရာမီတာများကိုပင် ထောက်ပံ့ပေး၏။ မှန်သည်၊ ၎င်းတို့သည် ပါရာမီတာများသာဖြစ်သည်။ အတိအကျမပါပေ။
သို့သော် ထိုသို့ဆိုလျှင်ပင် ဤအရာသည် ချူးယွင်ဖန်းအတွက် စိတ်ကူးမယဥ်နိုင်ဖွယ်ဖြစ်ရသည်။ အထူးသဖြင့် ဒဏ္ဍာရလာ ကြယ်ဖျက်ယာဥ်ဖြစ်သည်။ ဤသို့သော ဂြိုလ်အဆင့် သတ္တဝါများကို ချေမှုန်းပစ်ရန် ရည်ရွယ်၍ တည်ဆောက်ထားသည့် ဒဏ္ဍာရီဆန်သော စစ်သေင်္ဘာအကြောင်း သူ များများစားစားမသိလှပေ။
ဤသည်ကား လူသားမျိုးနွယ်တိုက်ခိုက်ရေးစွမ်းအား၏ အထွဋ်အထိပ်ဖြစ်သည်။ ကြယ်ဖျက်ယာဥ်သည် မရေမတွက်နိုင်သော မွန်းစတားများ၏ အံ့အားသင့်ဖွယ်တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် လူသားများခိုင်မာစွာ ရပ်တည်တောင့်ခံနိုင်ရန်အတွက် အလွန်အသုံးဝင်သည်။
စွယ်စုံကျမ်းထဲတွင် ၎င်း၏ အလျားနှင့် အမြန်နှုန်းအပါအဝင်၊ ကန့်သတ်ချက်ဆိုင်ရာ မှတ်တမ်းအချို့ပင်ရှိသည်။ အခြေခံအချက်အလက်များမျှသာ ဖြစ်သော်လည်း ထိုအရာများသည် အလွန် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသည်။
သာမန်လူများသည် ဤအချက်အလက်များဖြင့် ထိတွေ့ရန် မဖြစ်နိုင်ပေ။ ကျန်းယွမ်ပင်ပြောခဲ့သည့် စကားအရ၊ ချူးယွင်ဖန်းသည် အမှတ်အလုံအလောက်စုဆောင်းနိုင်မှသာလျှင် ပါရာမီတာများ၏ တိကျသော အချက်အလက်များကိုရရှိနိုင်မည်ဖြစ်သည်။ ယခု ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်၏ သဘောတရားကို နားလည်လာသည်။ ဤသည်မှာ လူသားမျိုးနွယ်၏ စစ်မှန်သော လက်ရွေးစင်များအတွက်သာဖြစ်သည်။ ဤလူများသည် လူသားမျိုးနွယ်၏ အနာဂတ်လက်ရွေးစင်များဖြစ်ကြ၍ ၎င်းတို့ရရှိသော အထောက်အပံ့ပစ္စည်းများသည် သာမန်လူများနှင့် မတူညီပေ။
ကျင့်ကြံရေးစွယ်စုံကျမ်းသည် ပိုမိုကြီးမားသော စာကြည့်တိုက်တစ်ခု၏ စာရင်းမျှသာဖြစ်သဖြင့် ကျင့်ကြံရေးလောက၏ အရာအားလုံးကို ထည့်သွင်းဖော်ပြရန် မဖြစ်နိုင်ပေ။ အကယ်၍ ချူးယွင်ဖန်းသာ စွယ်စုံကျမ်းတစ်ခုလုံးကို အပြည့်အစုံဖတ်လိုပါက၊ သူ့အတွက် အချိန်များစွာကြာလိမ့်မည်ဖြစ်သည်။ ကံကောင်းစွာဖြင့် ၎င်းကို သူ၏ ကိုယ်ပိုင်ဌာနသို့ပေးပို့ထားပြီဖြစ်၍ အချိန်မရွေးစစ်ဆေးဖတ်ရှ့နိုင်သည်။
စာအုပ်တစ်အုပ်လုံးကို ဖတ်ပြီးမှသာ ပြည်ထောင်စုတက္ကသိုလ်မှ အပြည့်အဝပြင်ဆင်ပေးထားသည့် လက်ရွေးစင်ကျောင်းသားတစ်ဦးဖြစ်လာလိမ့်မည်ဖြစ်သည်။ နက္ခတ္တဗေဒ၊ ပထဝီဝင်နှင့် အကြားရှိ အရာအားလုံးကိုသူသိမှသာ၊ လက်ရွေးစင်ဖြစ်လာမည်ဖြစ်သည်။ အချိန်ကျလာလျှင် မြင့်မားသော ကျင့်ကြံရေးအဆင့်သို့ရောက်ရှိနေရုံသာမက၊ ဗဟုသုတများစွာကိုလည်း ပိုင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည်။
ဤအခိုက်အတန့်တွင် ချူးယွင်ဖန်း၏ ဓာတ်ပုံမှတ်ဉာဏ်သည် လွန်ကဲစွာအလုပလုပ်နေ၏။ သူသည် တစ်ချက်ကြည့်ရုံဖြင့် စာဆယ်ကြောင်းကို ဖတ်ရှု့နိုင်ကာ၊ အချက်အလက်အားလုံးကို လျင်မြန်စွာ မှတ်သားနိုင်သည်။ သူဖတ်ဖူးသမျှအကြောင်းအရာများကို သူမှတ်မိသဖြင့်၊ သတင်းအချက်အလက်လိုအပ်လာသောအခါတွင် ၎င်းသည် သူ့စိတ်ထဲတွင်ပေါ်လာပေလိမ့်မည်ဖြစ်သည်။
ချူးယွင်ဖန်းသည် စာအုပ်ကို အမြန်လှန်ကြည့်နေကြောင်း ကျန်းယွမ်ပင်သတိပြုမိသည်။ ချူးယွင်ဖန်းသည် စာများကို အကြမ်းဖျင်းဖတ်နေခြင်း သို့မဟုတ်၊ အချို့သော နယ်ပယ်များ၏အကြောင်းအရာများကို စိတ်မဝင်စားသဖြင့် မဖတ်ရှု့ခြင်းဟုသာ သူတွေးထင်မိသည်။ သို့သော် ချူးယွင်ဖန်းသည် စာအုပ်များကို ပေါ့ပေါ့ဆဆ လှန်လှောတတ်သူမဟုတ်ကြောင်း မကြာမီတွင် ကျန်းယွမ်ပင်သိရှိသွား၏။ ချူးယွင်ဖန်းသည် အရာအားလုံးကို မှတ်မိသည်။ စက္ကန့်အနည်းငယ်ကြာဖတ်ရုံဖြင့် တစ်မျက်နှာလုံးကို အလွတ်မှတ်မိနိုင်၏။
ဤသည်ကို ကျန်းယွမ်ပင်သိရှိသွားသောအခါ၊ အံ့အားသင့်သွားရသည်။ လူတစ်ဦး၏ ကျင့်ကြံမှုပိုမိုလေးနက်လာသည်နှင့်အမျှ၊ လူ့ဦးနှောက်သည်လည်း အဆက်မပြတ်ဖွံ့ဖြိုးလာလိမ့်မည်ဖြစ်သည်။ ဥပမာအားဖြင့် လူတစ်ဦးသည် စာတစ်မျက်နှာကို အာရုံစိုက်ဖတ်ပါက၊ အကြောင်းအရာတစ်ဝက်ကျော်ခန့်ကို မှတ်မိနိုင်မည်ဖြစ်သည်။ အကြိမ်အနည်းငယ်ဖတ်ရှု့ပြီးနောက်၊ စကားလုံးထောင်ပေါင်းများစွာ၏ အကြောင်းအရာကို မှတ်မိနိုင်မည်ဖြစ်သည်။
ဤသည်ကား၊ အချိန်ကြာသည်နှင့်ရရှိလာမည့်၊ စွမ်းရည်တစ်ခုပင်ဖြစ်သည်။ ချူးယွင်ဖန်းသည်မူ ကွဲပြားသည်။ သူသည်ကား စကန်နာတစ်ခုနှင့်ပင်ပို၍ ဆင်တူသည်။ သူစကန်ဖတ်ထားသည့် အချက်အလက်မှန်သမျှကို မှတ်မိနေလိမ့်မည်ဖြစ်ရာ၊ ဤသည်ကားအလွန်ခြောက်ခြားဖွယ်ကောင်းသည့် စွမ်းရည်တစ်ခုဖြစ်သည်။ ဤစွမ်းရည်ကို ကြားပင်မကြားဖူးခဲ့ပေ။ သမိုင်းစာအုပ်များတွင် ထိုသို့သော ဓာတ်ပုံမှတ်ဉာဏ်ရှိသူများအကြောင်း ဖတ်ရှု့နိုင်သည်။ ဤသည်ကား ကြီးကြီးမားမားဖြစ်ပုံမပေါ်သော်လည်း အလွန်အဆင်ပြေလှသည်။ တစ်ချိန်တည်းတွင် ချူးယွင်ဖန်း၏ မွေးရာပါအရည်အချင်းသည် အလွန်မြင့်မားကြောင်း သက်သေပြလိုက်ခြင်းလည်းဖြစ်၏။ ဓာတ်ပုံမှတ်ဉာဏ်တစ်ခုသည် သာမန်အားဖြင့် မြင့်မားသော မွေးရာပါစွမ်းရည်နှင့် ဉာဏ်ရည်တို့နှင့်အတူ ပေါင်းစပ်ထားခြင်းဖြစ်သည်။
သို့သော် ထိုအရာများကို အားကျ၍မရနိုင်ပေ။ အကယ်၍ လူတစ်ယောက်သည် ချူးယွင်ဖန်း၏အဆင့်သို့ မနက်ဖြန် သို့မဟုတ် သဘက်ခါတွင်ရောက်လိုပါက၊ ထိုသူသည် သဘာဝလွန်စွမ်းအားများရှိနေသည့် ဒဏ္ဍာရီလာအဆင့်အထိရောက်ရှိမှသာဖြစ်နိုင်မည်ဖြစ်သည်။
မွေးရာပါ အရည်အချင်းဆိုသည်မှာ အဘယ်နည်း။ အခြားတစ်ယောာက်မှ လိုက်တုရန် မဖြစ်နိုင်သောအရာကို ပြုလုပ်နိုင်ခြင်းသည် မွေးရာပါအရည်အချင်းပင်ဖြစ်သည်။
ချူးယွင်ဖန်းသည် နတ်ဘုရားစိတ်ဝိဉာဥ်အသွင်ပြောင်းနေပြီဖြစ်ကြောင်းကိုမူ ကျန်းယွမ်ပင်မသိပေ။
နာရီဝက်ကြာသောအခါတွင် ရှဖန်နှင့် အခြားသူများ ပြန်ရောက်လာကြသည်။
အခန်း(၂၈၆) မွေးဖွားခြင်းနယ်မြေအဆင့် နည်းပြဆရာ
မကြာမီတွင် ရှဖန်နှင့် အခြားသုံးဦးပြန်ရောက်လာကြသည်။ ဒဏ်ရာအပြင်းအထန်မရရှိခဲ့သဖြင့် ဆေးကုသမှုခံယူပြီးနောက်၊ ၎င်းတို့သည် ပုံမှန်အတိုင်းပြန်လည်ကောင်းမွန်လာကြ၏။ ထိုအချိန်တွင် ချူးယွင်ဖန်းသည် စွယ်စုံကျမ်း၏ ၁၀ ရာခိုင်နှုန်းခန့်ကို ဖတ်ရှု့ပြီးခဲ့ပြီဖြစ်၏။ နတ်ဘုရာားစိတ်ဝိဉာဥ်မှ ပြုပြင်မွမ်းမံပြီးနောက်တွင်ပင် ချူးယွင်ဖန်းသည် သူ၏ ဓာတ်ပုံမှတ်ဉာဏ်မှ မမှတ်မိနိုင်ခင် ဖတ်ရှု့ရမည်ဖြစ်သည်။ ဤသို့သော သန့်စင်သည့် အသိပညာပုံစံမျိုးသည် မှတ်မိရန် အလွယ်ကူဆုံးဖြစ်သည်။ လုပ်ရမည့်တစ်ခုတည်းသောအရာမှာ ၎င်းကို မှတ်သားရန်သာဖြစ်သည်။
သို့သော် ၎င်းသည် လျှို့ဝှက်လက်စွဲတစ်အုပ်သာဖြစ်လျှင်မူ၊ မှတ်သားရုံမျှဖြင့် အသုံးမဝင်ပေ။ ချူးယွင်ဖန်းသည် ၎င်းကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန်၊ လေ့ကျင့်ရန်လိုအပ်သည်။ ၎င်းသည် လျှို့ဝှက်လက်စွဲတစ်အုပ်သာဖြစ်ပါက၊ ဓာတ်ပုံမှတ်ဉာဏ်အနည်းငယ်ခန့်ကိုသာ လိုအပ်မည်ဖြစ်သည်။
လူတိုင်းပြန်ရောက်လာပြီဖြစ်ကြောင်း ကျန်းယွမ်ပင်မြင်သောအခါ စကားစပြောလိုက်သည်။
“မင်းတို့အားလုံး ပြန်ရောက်လာကြပြီဆိုတော့ ငါမင်းတို့ကို ကြေညာစရာတစ်ခုရှိတယ်။ ချူးယွင်ဖန်းက လူသစ်တစ်ယောက်ဆိုတော့ ငါ့အကြောင်းသေချာမသိသေးဘူး။ မင်းတို့လည်း အတူတူပဲ၊ ငါ့နာမည်ကလွဲပြီး ငါ့အကြောင်းမသိကြဘူး။ အခု မင်းတို့နည်းပြဖြစ်လာပြီဆိုတော့၊ ငါ့အကြောင်း ပိုပြောပြပေးမယ်”
ချူးယွင်ဖန်းနှင့်အခြားသူများက ဂရုတစိုက်နားထောင်လိုက်ကြသည်။
“ငါ့နာမည် ကျန်းယွမ်ပင်ပါ၊ ငါမင်းတို့ကို နောက်လေးနှစ်တာအထိ သွန်သင်လမ်းပြပေးမှာ။ မင်းတို့မတိုင်ခင်၊ ငါက စစ်မြေပြင်မှာ တာဝန်ကျနေရတော့၊ ကျောင်းသားတွေကို ညွှန်ကြားတဲ့အတွေ့အကြုံမျိုးတော့မရှိဘူး။ ငါ့အကြောင်း ပြောစရာရယ်လို့ တစ်ချိန်က ကောလိပ်စာမေးပွဲမှာ အမှတ်အများဆုံးရဖူးတာကလွဲလို့ များများစားစားမရှိပါဘူး။ အခု ငါက ပြည်ထောင်စုတက္ကသိုလ်မှာ နည်းပြဆရာနဲ့ ပါမေက္ခအဖြစ်လုပ်နေတယ်”
ကျန်းယွမ်ပင်က ခဏရပ်ပြီးကာမှ ဆက်ပြောသည်။
“ဒါပါပဲ၊ မင်းတို့မှာ မေးခွန်းရှိရင် မေးလို့ရပါတယ်”
“ကျွန်တော် ဆရာ့ကို ကိုယ်ရေးကိုယ်တာ မေးခွန်းတစ်ခု မေးလို့ရမလား” ချူးယွင်ဖန်းက လက်ကိုမြှောက်၍ မေးလိုက်သည်။
“ဆက်ပြောပါ၊ ငါမပြောနိုင်တဲ့ဟာဆိုရင်တော့ ငါမဖြေဘူး။ မဟုတ်ရင်တော့၊ အားမနာပါနဲ့” ကျန်းယွမ်ပင်က မေးသည်။
“ဆရာ့ ကျင့်ကြံရေးအဆင့်လေးသိချင်လို့ပါ ဆရာ။ ကျွန်တော်တို့အားလုံးက ထူးချွန်ကျောင်းသားတွေဆိုတော့၊ ကျွန်တော်တို့ရဲ့ နည်းပြဆရာကို အကောင်းဆုံးဖြစ်နေတာမျိုးလိုချင်ပါတယ်” ချူးယွင်ဖန်းက လက်ကို မချသေးဘဲ မေးလိုက်သည်။
မှန်သည်။ ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်မည်မျှ ကြောက်စဖွယ်ကောင်းသည်ကို ခံစားနိုင်သည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျင့်ကြံသူကို ဆိုနှင့်၊ သန့်စင်ခြင်းအထွဋ်အထိပ်အဆင့်နည်းပြတစ်ဦးသည်ပင် ချူးယွင်ဖန်း၏ လက်ရှိ ကျင့်ကြံရေးအဆင့်အတွက် ကြောက်မက်ဖွယ်ကောင်းနေမည်ဖြစ်သည်။ ဤသည်ကား သူလက်ရှိ ရင်ဆိုင်နိုင်သောသူမျိုးမဟုတ်ပေ။
“အဲ့တာ လျှို့ဝှက်ချက်မဟုတ်ပါဘူး။ ငါက မွေးဖွားခြင်းနယ်မြေ အထွဋ်အထိပ်အဆင့်ကိုရောက်နေပြီးတော့၊ နတ်စွမ်းအင်တွေကို ကျင့်ကြံဖို့ ခြေတစ်လှမ်းပဲလိုတော့တယ်” ကျန်းယွမ်ပင်က ခဏတာစဥ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
ကျန်းယွမ်ပင်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်လိုစိတ်မရှိ၊ ပွင့်ပွင့်လင်းလင်းသာပြောလိုက်သည်။
“ဆရာတော်တော်များများက ဒီအချက်ကို သိကြပါတယ်၊ ဒါက သူတို့အတွက် လျှို့ဝှက်ချက်မဟုတ်ပါဘူး။ ငါ ရှေံတန်းကနေအနားယူလိုက်တာက၊ ငါ့ကျင့်ကြံရေးမှာ အတားအဆီးတွေရှိနေလို့ပဲ။ အခြားနည်းနဲ့ အဆင့်ဖြတ်ကျော်နိုင်မလားဆိုတာသိရဖို့ အခြားနည်းတွေစမ်းကြည့်ချင်သေးတယ်”
ရှဖန်နှင့်အခြားသူများ အံ့အားသင့်ကုန်ကြသည်။ ကျန်းယွမ်ပင်သည် စွမ်းအားကြီး၍ မွေးဖွားခြင်းနယ်မြေအဆင့်အထက်တွင်ရှိသင့်သည်ကို သူတို့သိကြသည်။ သို့သော် သူ၏ ကျင့်ကြံရေးအဆင့်ကိုမူ မည်သူမျှမသိကြပေ။
သူတို့၏ နည်းပြဆရာသည် မွေးဖွားခြင်းနယ်မြေအဆင့် အထွဋ်အထိပ်တွင်ရှိနေလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ ထိုအဆင့်သည် မြင့်မြတ်သော နတ်စွမ်းအင်များရှိသည့် ကျွမ်းကျင်သူများ၏ နောက်တွင်ရှိသည်။ ၎င်းတို့သာ စစ်တပ်ထဲသို့ဝင်ပါက၊ လျင်မြန်စွာပင် သြဇာအာဏာကြီးမားသော ပုဂ္ဂိုလ်ကြီးများဖြစ်လာပေလိမ့်မည်။ အကယ်၍ ဤလူများသည် နိုင်ငံရေးသမားများဖြစ်လျှင် ပြည်ထောင်စုသမ္မတဖြစ်ရန် အလားအလာပင်ရှိသည်။ စီးပွားရေးသမားတစ်ယောက်ဖြစ်လာလျှင်လည်း ၎င်းတို့အတွက် ငွေကြေးများစွာရနိုင်သည့် သူဌေးကြီးတစ်ဦးဖြစ်လာရန် ခက်ခဲမည်မဟုတ်ပေ။ ထိုသူများ၏ လွှမ်းမိုးမှုကို စိတ်ကူး၍ပင်မရနိုင်ပေ။
အကယ်၍ ပြည်ထောင်စုတက္ကသိုလ်မှကျောင်းသားများသည် လူသားမျိုးနွယ်၏ လက်ရွေးစင်မဏ္ဍိုင်များ ဖြစ်လာရန် အခွင့်အလမ်းရှိပါက၊ ကျန်းယွမ်ပင်ကဲ့သို့ စွမ်းအားကြီးလာရန်မှာ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများ၏ ရည်မှန်းချက်ဖြစ်လာနိုင်၏။
ဥပမာအားဖြင့် ကျန်းဖန်ဖေနှင့် အခြားသူများသာ လမ်းလွဲ၍ မသေခဲ့လျှင် ကျန်းယွမ်ပင်ကဲ့သို့ ဖြစ်လာနိုင်သည်။
ကျန်လေးဦးသည် ကျန်းယွမ်ပင်မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကိုသာ စိတ်ကူးကြည့်နိုင်ကြသည်။ ၎င်းတို့သည် လွန်ခဲ့သော တစ်လကတည်းက ပြည်ထောင်စုတက္ကသိုလ်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သဖြင့် ချူးယွင်ဖန်းထက် များစွာပိုသိသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျောင်းဆရာတစ်ဦး၏ အယူအဆသည်ကား မည်သို့နည်း။ ဌာနတစ်ခု၏ ဌာနမှုး သို့မဟုတ်၊ ပြည်ထောင်စုတက္ကသိုလ်၏ ဌာနမှုးသည် မွေးဖွားခြင်းနယ်မြေ အထွဋ်အထိပ်အဆင့်ကျွမ်းကျင်သူများဖြစ်ကြရာ၊ ၎င်းတို့သည် သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ဆရာများထက် များစွာသာလွန်၏။
မွေးဖွားခြင်းနယ်မြေအဆင့်သည် ခြေတစ်လှမ်းတည်းဖြင့် ကောင်းကင်ဘုံသို့ရောက်ရှိနိုင်သောကြောင့် ၎င်းတို့ နှစ်ခုလုံးသည် ကွဲပြားသည်။ မွေးဖွားခြင်းနယ်မြေအဆင့် တက်လှမ်းနိုင်ခဲ့သော ဆရာများအားလုံးသည် အထွဋ်အထိပ်အဆင့်သို့မရောက်နိုင်ပေ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူအများစုသည် ၎င်းတို့၏ဘဝတွင် အထွဋ်အထိပ်အဆင့်သို့ရောက်ရှိရန် အခွင့်အလမ်းကို ဘယ်သောအခါမျှ ရရှိနိုင်လိမ့်မည်မဟုတ်ပေ။
ထို့အပြင် ကျန်းယွမ်ပင်သည် ငယ်ရွယ်ပုံပေါ်၏။ ကျောင်းသားတစ်ဦး၏ရှု့ထောင့်မှကြည့်လျှင် ၎င်းတို့တွင်အရည်အချင်းရှိသော ဆရာတစ်ဦးရှိနေ၍ ကံကောင်းသည်။ လူတိုင်းသိထားကြသည့်အတိုင်း မိမိဆရာသည် ပို၍သန်မာလေလေ၊ မိမိအနာဂတ်သည်လည်း ပို၍ ခိုင်မာလေလေပင်ဖြစ်သည်။
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ သူ့ဆရာသည်သူ့မျှော်လင့်ချက်များနှင့် ကိုက်ညီသည်။ သူသည် ပြည်ထောင်စုတက္ကသိုလ်၏ နည်းပြပြိုင်ပွဲတွင် ပကတိသာလွန်သောမြင်းနက်တစ်ကောင်ဖြစ်လာခဲ့ကာ၊ သူ့ပတ်ဝန်းကျင်တွင် ပြိုင်ဆိုင်မှုများရှိခဲ့သော်လည်း နည်းပြများထံမှအသိအမှတ်ပြုမှုကို ခံခဲ့ရသည်။ နည်းပြကောင်းတစ်ဦးရရှိရန် ကျောင်းသားများသည် ၎င်းတို့၏ နေရာများအတွက် တိုက်ခိုက်ခဲ့ကြရသကဲ့သို့ နည်းပြများသည်လည်း ထို့နည်းတူပင်ဖြစ်သည်။ အခြားနည်းပြများထက် ထင်ရှားစေရန် စိန်ခေါ်မှုများသည် ချူးယွင်ဖန်းကြုံခဲ့ရသည်များနှင့် ကွာခြားခြင်းမရှိပေ။ ထို့ကြောင့် ကျန်းယွမ်ပင်သည်လည်း အလွန်အစွမ်းထက်ခြင်းဖြစ်ရာ၊ မွေးဖွားခြင်းနယ်မြေအထွဋ်အထိပ်အဆင့်တွင်ရှိနေသည်မှာ အံ့သြဖွယ်တစ်ခုမဟုတ်ပေ။ သို့သော် ချူးယွင်ဖန်းသည် ကျန်းယွမ်ပင်မှာ ဝင်ခွင့်စာမေးပွဲ၌ အမှတ်အများဆုံးဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရသည်။ ကျန်းယွမ်ပင်၏ စစ်မှန်သော ယုံကြည်မှု အခြေတည်သောနေရာမှာ ထိုနေရာပင်ဖြစ်သည်။
ကောလိပ်ဝင်ခွင့်စာမေးပွဲများတွင် အမှတ်အများဆုံးရခြင်းသည် ၎င်းတို့၏ အလားအလာမှာ အကန့်အသတ်မဲ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် မရေမတွက်နိုင်သောကျောင်းသားများအနက်၊ ထင်ရှားသူများဖြစ်ကြသည်။ ထိုအချိန်က ကျန်းယွမ်ပင်သည် ယခု ချူးယွင်ဖန်းထက်ပင် ပို၍ ကျော်ကြားကာ၊ စွမ်းအားကြီးနေမည်ကို တွေးကြည့်၍ရနိုင်၏။
ကျန်းယွမ်ပင်သည် နည်းပြဆရာရာထူးကို များများစားစားမစဥ်းစားသည်မှာ အံ့သြဖွယ်မဟုတ်ပေ။ ထိုစဥ်က သူသည် အမှတ်အများဆုံးကျောင်းသားတစ်ယောက်ဖြစ်ခဲ့သည်။ ချူးယွင်ဖန်းနှင့် ရှဖန်တို့သည် အလားတူအတွေးများရှိကြသည်။ သူတို့နှစ်ဦးလုံးသည် ကျန်းယွမ်ပင်ကို ကျေနပ်ကြသည်။ ဤကဲ့သို့သော မီးရှုးတန်ဆောင်အဖြစ်၊ သြဇာကြီးသည့် ဆရာသည် ဖြတ်လမ်းအများစုကို ဖန်တီးပေးနိုင်လိမ့်မည်ဖြစ်သည်။
“မင်းတို့ဆရာဖြစ်လာတဲ့အတွက် ငါ့ကို ကန့်ကွက်ချင်ကြသေးလား” ကျန်းယွမ်ပင်က ပြောသည်။
“မရှိပါဘူးဆရာ၊ ကျွန်တော်တို့ ဝမ်းသာပါတယ်” ရှဖန်ကပြောသည်။
“မင်းတို့ကျေနပ်ပြီဆိုတော့ ငါပြောရမယ့်အလှည့်ပဲ။ ကျန်ရှိတဲ့နှစ်တစ်လျှောက်လုံး ငါ မင်းတို့ကို အထူးလေ့ကျင့်သင်ကြားပေးမယ်။ အခုမင်းတို့က ထိပ်တန်းကျောင်းသားတွေဖြစ်လာဖို့ အရမ်းနောက်ကျနေပြီ။ သေချာပေါက်အခြားသူတစ်ယောက်ဖြစ်လိမ့်မယ်”
“မင်းတို့ကောင်တွေနဲ့ သန့်စင်ခြင်းအဆင့်ကျောင်းသားတွေကြားမှာ တော်တော်ကွာဟနေသေးတယ်။ ဒါပေမယ့် ကိစ္စမရှိပါဘူး။ မင်းက ငါ့ရဲ့ကျောင်းသားတွေမို့ သိပ်မကြာခင်မှာ၊ ဒါမှမဟုတ် နောက်ပိုင်းမှာ မင်းတို့က ဒီအဖွဲ့အစည်းထဲ အထူးချွန်ဆုံးဖြစ်လာလိမ့်မယ်”
“အခုက စပြီး တစ်နှစ်ခွဲလောက်မှာ တက္ကသိုလ်တိုင်းမှ တာအိုဆွေးနွေးပွဲ ဆွေးနွေးပွဲ လုပ်လိမ့်မယ်။ အဲ့ဆွေးနွေးပွဲမှာ မင်းတို့ အခြားသူတွေကို အနိုင်ယူတာမြင်ချင်တယ်။ ငါက အတိတ်မှာ အသန်မာဆုံးထဲကတစ်ယောက်ဖြစ်ပြီး၊ အခု အသန်မာဆုံးကျောင်းသားတွေကို သင်ပေးနေတဲ့ ကျန်းယွမ်ပင်ဆိုတာ လူတိုင်းကိုသိစေချင်တယ်”
အခန်း(၃၈၇) တာအိုဆွေးနွေးပွဲ
“ဆရာ၊ ဒီတာအိုဆွေးနွေးပွဲက ဘာလဲ” ရှဖန်က မေးသည်။
၎င်းတို့အားလုံးသည် ကျန်းယွမ်ပင်ကို သိချင်စိတ်ပြင်းပျစွာဖြင့် ကြည့်နေကြသည်။
“နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်တိုင်းက ဒီလိုမျိုး ဆွေးနွေးပွဲ တွေ လုပ်တယ်။ ပါဝင်ဖို့ အသက်ကန့်သတ်ချက်မရှိပေမယ့် အရင်စီမံခန့်ခွဲချက်အရ၊ ဒုတိယနှစ်ကျောင်းသားတွေ၊၊ အငယ်တန်းတွေနဲ့ စီနီယာတွေ မပါလောက်ဘူး။ ပထမနှစ်ကျောင်းသားတွေကြားက ပြိုင်ပွဲတစ်ခုပဲ” ကျန်းယွမ်ပင်က ပြန်လည်ဖြေကြားသည်။
“ဘာကြောင့် မပါဝင်ကြတာလဲ။ သူတို့နာမည်ရမယ့် အခွင့်အရေးပဲ မဟုတ်လား" ခယ့်ယွေ့ကမေးသည်။
ခယ့်ယွေ့သည် ထိုဆွေးနွေးပွဲများသည် မည်မျှထိ ကြီးမားလိမ့်မည်ကို စိတ်ကူးကြည့်နိုင်၏။ ကောင်းမွန်စွာစွမ်းဆောင်နိုင်စေရန်၊ ယှဥ်ပြိုင်သူသည် စွမ်းဆောင်ချက်တစ်ခုတည်းဖြင့် အခြားသူများကို အံ့အားသင့်စေရမည်ဖြစ်သည်။
“အဲဒီလို ဆွေးနွေးပွဲတစ်ခုပဲ ရှိတယ်လို့ မင်းထင်လား။ သူတို့ပါဝင်နိုင်တဲ့ အခြားဆွေးနွေးပွဲတွေ အများကြီးရှိတယ်။ ပါဝင်သင့်တဲ့ အဓိကအကြောင်းရင်းက ကိုယ့်ကိုယ်ထည့်စဥ်းစားတာခံချင်ကြလို့ပဲ။ အကြီးတန်းကျောင်းသားအများစုက အလုပ်သင် ဒါမှမဟုတ် လုပ်ငန်းစနေပြီမို့လို့ ကျောင်းကပွဲတွေတွေမှာ ပါဖို့အချိန်မရှိကြဘူး”
"ဒုတိယနှစ်နဲ့ ဂျူနီယာတွေက မင်းတို့ထက် တစ်နှစ်၊ နှစ်နှစ်လောက်ပဲ ပိုကြီးပေမယ့် သူတို့က မင်းကိုတို့ကို ချေမှုန်းနိုင်သေးတယ်" ကျန်းယွမ်ပင်က ခပ်ဖျော့ဖျော့ ပြုံးပြသည်။
ခယ့်ယွေ့နှင့် အခြားသူများ အနည်းငယ်တုန်လှုပ်သွားကြသည်။ သူတို့သည် မည်သည့်ကိုမျှ မကြောက်ရွံ့ဟု အခိုင်အမာပြောနိုင်ကြသော်လည်း မိမိတို့၏ကန့်သတ်ချက်များကို မိမိတို့သိထားသည်။ ဒုတိယနှစ်နှင့် ဂျူနီယာများ၏ အရည်အချင်းများသည် ၎င်းတို့နှင့် ပြိုင်ဆိုင်နိုင်၏။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က သူတို့ မည်မျှသန်မာခဲ့ကြောင်းကို ယခုမြင်နိုင်ပြီဖြစ်သည်။ ကျောင်းသားများကို ဤနည်းဖြင့် ခွဲခြားထားခြင်းမပြုသဖြင့် အသက်အရွယ်မရွေး စုစည်းလိုက်ပါက ၎င်းတို့ ဆိုးရွားစွာ ဆုံးရှုံးနိုင်ဖွယ်ရှိသည်။
"ဒါပေမယ့်၊ တာအိုဆွေးနွေးပွဲက ကျွန်မတို့ကျောင်းရဲ့ ကျောင်းတွင်းပြိုင်ဆိုင်မှုလောက် အရေးမကြီးဘူးလို့ ခံစားရတယ်" လို့ ကျီရှိချင်းကပြောသည်။ သူမစိတ်ထဲတွင် အထူးချွန်ဆုံးကျောင်းသားများသည် ပြည်ထောင်စုတက္ကသိုလ်မှလာသည်ဟု တွေးထားသည်။ ထို့ကြောင့် ဤသို့ ကျောင်းအချင်းချင်းပြိုင်ဆိုင်မှုမျိုးသည် အဓိပ္ပါယ်မရှိလှဟု သူမတွေးမိ၏။
ရှဖန်နှင့် အခြားသူများကလည်း သဘောတူပုံရသည်။ ဤသည်မှာ၎င်းတို့ မောက်မာနေကြခြင်းမဟုတ်ပေ၊ ဤသို့တွေးခေါ်မိကြစေရန် သင်ကြားခံခဲ့ကြရခြင်းဖြစ်သည်။ အထူးချွန်ဆုံး ကျောင်းသားများသည် ပြည်ထောင်စုတက္ကသိုလ်ကို တက်ရောက်ကြ၍ ဒုတိယအကောင်းဆုံးကျောင်းသားများသည် အခြားတက္ကသိုလ်များကို တက်ရောက်မည်ဟု ယုံကြည်ထားကြသည်။
ချူးယွင်ဖန်းက ဤအကြောင်းကို မယုံကြည်သဖြင့မယုံကြည်သဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့ဆိုလျှင် အဆင့်အားလုံးကို ပြည်ထောင်စုတက္ကသိုလ်မှ ယူနိုင်လိမ့်မည်ဖြစ်သောကြောင့် ကျောင်းအချင်းချင်း ပြိုင်ဆိုင်မှုမျိုးသည် အဓိပ္ပာယ်မရှိပေ။ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများသည် ဤအရာကို အဓိပ္ပါယ်မဲ့သည်ဟု မထင်ကြလျှင်ပင် အခြားသော တက္ကသိုလ်များမှ ကျောင်းသားများသည် ပြည်ထောင်စုတက္ကသိုလ်အတွက် မီးစာဖြစ်လာရန် ဆန္ဒရှိမည်မဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ်နှိပ်စက်မည့်သူ မည်သူမျှမရှိပေ။ သို့သော် တာအိုဆွေးနွေးပွဲကဲ့သို့ အရာမျိုးရှိသောကြောင့် ပြည်ထောင်စုတက္ကသိုလ်သည် တက္ကသိုလ်အသီးသီးနှင့် နှိုင်းယှဉ်ပါက ထူးထူးခြားခြားမဟုတ်ဟု အဓိပ္ပါယ်သက်ရောက်ပေလိမ့်မည်။ အနည်းဆုံးအနေဖြင့် ၎င်းတို့၏ ခွန်အားများသည် သိသိသာသာ ကွာခြားချက်မရှိဟု ထင်ရပေလိမ့်မည်ဖြစ်သည်။
"ကွာခြားမှုမရှိဘူးလို့ တကယ်ထင်နေတာလား။ ထိပ်တန်းကျောင်းသားတွေကို ချက်ချင်းမဖော်ထုတ်ဘဲ ဘာလို့ နောက်မှ နှိုင်းယှဥ်ဖို့ စောင့်နေတာလဲဆိုတာမင်းသိလား” ကျန်းယွမ်ပင်က မေးသည်။
ကျန်းယွမ်ပင်မှ ဤသို့ပြောလိုက်သောအခါ ရှဖန်နှင့်အခြားသူများသည် ချက်ချင်းနားလည်သဘောပေါက်သွားကြသည်။ အမှန်စင်စစ် ၎င်းတို့သည် အကောင်းဆုံး စာပေပညာကျောင်းသားကိုကြေညာခဲ့ပြီးဖြစ်သော်လည်း သိုင်းပညာကျောင်းသားကိုမူ မဆုံးဖြတ်ပေးကြရသေးသည်မှာ အကျိုးအကြောင်း မဆီလျော်လှပေ။
“ပထမအနေနဲ့၊ သိုင်းပညာစာမေးပွဲက အမှတ်များများရစေပြီး တတ်နိုင်သလောက် စာဖြေလို့ရတဲ့ စာပေပညာနဲ့ ကွဲပြားတယ်။ ဒုတိယအနေနဲ့ ရိုးရှင်းစွာပါဝင်တဲ့လူ အရမ်းများလို့ စာမေးပွဲနည်းလမ်းတွေက ကွဲပြားတယ်။ ဓမ္မဓိဋ္ဌာန်ကျကျ တိုင်းတာဖို့ ခက်ခဲတယ်လေ။ အဲ့အပြင် ထိပ်တန်းတက္ကသိုလ်ဆယ်ခုက ကျောင်းသားတွေကို လွတ်လွတ်လပ်လပ်ခေါ်တယ်။ ပုံမှန် တက္ကသိုလ်ကျောင်းသား အဆင့်နဲ့ လုံးဝ မတူဘူး”
“ဒါကြောင့် တက္ကသိုလ်တစ်ခုချင်းစီရဲ့ စာရင်းသွင်းမှု ပြီးမြောက်တဲ့အထိ ကျွန်တော်တို့ကအသန်မာဆုံး တက္ကသိုလ်ကျောင်းသားတွေကို ထိပ်တန်းကျောင်းသားတွေအဖြစ် မရွေးချယ်ခင်အထိ စောင့်ရမယ်။ ဟုတ်ပါတယ်၊ ဒါက မင်းတို့နဲ့ မဆိုင်ပါဘူး။ ဒီရွေးချယ်မှုနည်းလမ်းက အကောင်းဆုံးမဟုတ်ပေမယ့်၊ မှားလည်းမမှားဘူး။ ရည်ရွယ်ချက်က အကောင်းဆုံးကျောင်းသားတွေကို ရွေးချယ်ဖို့ပဲလို့ စဥ်းစားရင်တော့ အဆင်ပြေပါတယ်။ ကျောင်းတစ်ခုစီက အကောင်းဆုံးကျောင်းသားတွေက အဲ့နှစ်ရဲ့ အသန်မာဆုံးကျောင်းသားတွေအဖြစ်စာရင်းဝင်လိမ့်မယ်”
“အဲဒါက ကျောင်းတွေကြားက ဆွေးနွေးပွဲကို ပြည်တွင်းစစ်သဘောမျိုးမဖြစ်သွားစေဘူးလား” ရှဖန်က မေးသည်။ ရှဖန်သည် ထိုသန့်စင်ခြင်းအဆင့်ကျောင်းသားများကို မြင်ခဲ့ဖူးကာ၊ တစ်ယောက်စီတိုင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိုကျောင်းသားများကို လူအများကြားမှ နဂါးများဟု တင်စားခေါ်ဝေါ်နိုင်လိမ့်မည်ဖြစ်သည်။ အကယ်၍ သူမယုံကြည်လျှင်ပင်၊ သူနှင့်ထိုသူများအကြားမှ ကွာဟချက်ကို ဝန်ခံရပေလိမ့်မည်ဖြစ်သည်။
အကယ်၍ ပြည်ထောင်စုတက္ကသိုလ်မှ လက်ရွေးစင်ကျောင်းသားများသာ ဤသို့ဖြစ်နေလျှင် အခြားကျောင်းများမှ ကျောင်းသားများကို မြင်ယောင်ကြည့်နိုင်သည်။
“ဒီလိုတွေးတာ မှားတယ်၊ ထိပ်တန်းတက္ကသိုလ်ဆယ်ခုမှာ လှည့်ကွက်တွေမရှိဘူးလို့ မင်းတို့ထင်လား။ ပြည်ထောင်စုတက္ကသိုလ် ပါမောက္ခတွေတောင် တက္ကသိုလ်ရဲ့ အထူးချွန်ဆုံး ကျောင်းသားတွေကို ကြိုတင်ဆက်သွယ်နေတာဆိုတော့၊ အခြားတက္ကသိုလ်တွေလည်း အတူတူပဲ၊ သူတို့က ငါတို့ထက်တောင် ပိုစောပြီး လှုပ်ရှားနိုင်လောက်တယ်။ သူတို့ကို အထင်မသေးနဲ့ သူတို့ရဲ့ အလုံးစုံအရည်အသွေးက ငါတို့ကိုမယှဥ်နိုင်ပေမယ့် အလားအလာရှိတဲ့ကျောင်းသားတွေကို မထောက်ပံ့နိုင်ဘူးလို့မဆိုလိုဘူး”
“ထူးချွန်ထက်မြက်ပြီး အမှတ်အများဆုံးရမယ့်ကျောင်းသားဖြစ်လာနိုင်တဲ့လူတွေအများကြီးရှိနေမှာပဲ။ အမှတ်အများဆုံးနေရာကို အခြားတက္ကသိုလ်တွေက မရနိုင်တာမျိုးမဟုတ်ဘူး” ကျန်းယွမ်ပင်က လှောင်ရယ်၍ပြောလိုက်သည်။
ကျန်းယွမ်ပင်၏ ဆိုလိုရင်းကို နားလည်သွားသောအခါ၊ ချူးယွင်ဖန်း၏ အမူအရာသည် ပိုမိုလေးနက်လာသည်။ ထိပ်တန်းတက္ကသိုလ်ဆယ်ခုနှင့် ပြည်ထောင်စုတက္ကသိုလ်ကြားတွင် ဖြတ်ကျော်၍ မရနိုင်လောက်သည်အထိ သာလွန်သော ကွာဟချက်တစ်ခုရှိသည်။ သို့သော်လည်း ထိပ်တန်းတက္ကသိုလ်ဆယ်ခု၏ စွမ်းဆောင်ရည်များသည် ၎င်းတို့ထဲမှ အချို့အတွက် အထောက်အပြုဖြစ်စေနိုင်သည်။ ကျောင်းသားတစ်ဒါဇင်မျှကို ထင်ပေါ်စေရန် ပျိုးထောင်ပေးခြင်းသည် ၎င်းတို့အတွက် ခက်ခဲမည်မဟုတ်ပေ။ ဤသည်ကား ၎င်းတို့အတွက် အခြေခံဟုပင်ဆိုရပေလိမ့်မည်။
အခြားတက္ကသိုလ်များသည် ပြည်ထောင်စုတက္ကသိုလ်နှင့်နှိုင်းယှဥ်ပါက၊ အရင်းအမြစ်နည်းပါးသော်လည်း ကွာဟချက်သည် အလွန်မကြီးမားလှပေ။ ၎င်းတို့သည် အလွှာပေါင်းစုံမှ လူများစွာ၏ ကျယ်ပြန့်သော ကွန်ရက်သို့ ဝင်ရောက်နိုင်ကြသေးသည်။ ထင်ရှားကျော်ကြားသောတက္ကသိုလ်တစ်ခုဖြစ်သည့်အလျောက်၊ ပြည်ထောင်စုတက္ကသိုလ်ကဲ့သို့ မြင့်မားလာနိုင်သည့်အလားအလာရှိသည်။
ထို့ကြောင့် ထိပ်တန်းကျောင်းသားရွေးချယ်ခြင်းသည် ပြည်ထောင်စုတက္ကသိုလ်၏ ကျောင်းတွင်းပြိုင်ပွဲနှင့် ကွာခြားသည်။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသာများကို ခြိမ်းခြောက်နိုင်မည့် အခြားကျောင်းမှ ကျောင်းသားများရှိနေမည်မှာ အသေအချာပင်ဖြစ်သည်။ နောက်ဆုံးတွင်မူ၊ ပြည်ထောင်စုတက္ကသိုလ်သည် ၎င်းတို့ကို နှစ်ပေါင်းများစွာ ဖိနှိပ်ထားခဲ့ခြင်းဖြစ်သဖြင့် ပြည်ထောင်စုတက္ကသိုလ်ကို မကျော်နိုင်လျှင်ပင် တစ်ကျော့ပြန်တိုးတက်လာစေနိုင်သည့် ရေရှည်ရည်မှန်းချက်တစ်ခုတော့ရှိကြသေးသည်။
“ကျွန်တော်တို့က အမှတ်အများဆုံးနေရာအတွက် တိုက်နှင့်နေပြီဆိုတော့၊ တာအိုဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်က ဘာများလဲ” ချူးယွင်ဖန်းကမေးသည်။
“ဒါလည်းမှန်ပါတယ်။ အဲ့ထိပ်တန်းတက္ကသိုလ်တွေက ကျောင်းသားတွေက အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပေမယ့် တက္ကသိုလ်အများကတော့ လူသားမျိုးနွယ်ရဲ့ လက်ရွေးစင်တွေကို ပျိုးထောင်စု ပြင်ဆင်မထားဘူး။ လူသားမျိုးနွယ်ကု သူတို့ရဲ့ ရှင်သန်မှုကို သေချာပေါက်လိုလားရင် လူတစ်ယောက်နှစ်ယောက်ကို အားကိုးနေရုံနဲ့ မလုံလောက်ဘူး။ လူသားမျိုးနွယ်တစ်ခုလုံးကို တိုးတက်အောင်လုပ်နိုင်မှပဲ၊ ဖြစ်နိုင်လိမ့်မယ်။ ထိပ်တန်းတက္ကသိုလ်ဆယ်ခုက ကျောင်းသားတွေအပြင် တာအိုဆွေးနွေးပွဲကို အခြားသူတွေလည်း ပါဝင်ကြလိမ့်မယ်။ ဂိုဏ်းတွေအကြောင်း ကြားဖူးကြလား”