အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
အပိုင်း(၃၇၆) ထိပ်သီးလေးယောက်
“ဓားချက် သုံးချက်၊ ချူးယွင်ဖန်း တကယ်ကို လုပ်နိုင်ခဲ့တာပဲ၊ ဝမ်လင်းကသူ့တိုက်ကွက် သုံးကွက်ကိုတောင်မှ ခံနိုင်ရည်မရှိဘူး”
ကျောင်းသားတစ်ယောက်သည် မယုံကြည်နိုင်ဖွယ် အံ့ဖွယ်တစ်ခုအား မျက်ဝါးထင်ထင် မြင်လိုက်ရသကဲ့သို့ ပါးစပ်အဟောင်းသားဖြင့်ပြောလိုက်သည်။ အကယ်၍ သူ့၏မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရခြင်းမဟုတ်ပါက ယုံကြည်ရန် အလွန်ခက်ခဲပေလိမ့်မည်။ ချူးယွင်ဖန်းမှ သူ့၏ စစ်မှန်သောစွမ်းအားကို ဖုံးကွယ်ထားသည်ဟုပြောခဲ့ချိန်၌ ဝမ်လင်းအပါအဝင် လူအုပ်ကြီးသည် အယုံအကြည်မရှိခဲ့ကြပေ။ သို့သော် ယခုတွင်မူ သူ့အားယုံကြည်လာခဲ့ရသည်။ ချူးယွင်ဖန်း ဖုံးကွယ်ထားခဲ့သည့် စစ်မှန်သော စွမ်းအားသည် အများသူငှါနှင့် အနည်းငယ်မျှသာ ကွာခြားသောအရာမဟုတ်ပေ။ ချူးယွင်ဖန်းသည် သူ၏ စစ်မှန်သောစွမ်းအားကို ဖုံးကွယ်ထားချိန်တွင်၊ စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်၌ ရောက်ရှိနေသောကျင့်ကြံသူကိုပင် ချေမှုန်းနိုင်သည်။ အကယ်၍ သူ့စွမ်းအားကို ဆက်၍ မလျှိုထားဘဲ ဖွင့်ထုတ်လိုက်မည်ဆိုပါက၊ မည်မျှ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်နည်း။
“ချူးယွင်ဖန်းက လူရေခြုံထားတဲ့ မွန်းစတားများလားပဲ”
“ဘယ်လိုကျင့်ကြံရေး နည်းပညာကိုများ သူကျင့်သုံးနေတာလဲ။ ဘာဖြစ်လို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ မသိဘူး။”
“ဘုရားရေ၊ သူက တကယ့်ကို အားကြီးတာပဲ။ ငါ ဒီလောက် အစွမ်းကြီးတဲ့သူကို တစ်ခါမှ မတွေ့ဖူးဘူး။”
ဤအခိုက်အတန့်အတွင်း၊ ဆရာအဝန်းအဝိုင်းတစ်ခုလုံးသည် အံ့ဩမှုအတိဖြင့် စိတ်လှုပ်ရှားလျက်ရှိနေကြသည်။ အများစုသည် သူတို့ကိုယ်သူတို့ အသုံးမကျသူများဟူ၍ပင် ခံစားခဲ့ကြရသည်။ ချူးယွင်ဖန်းသည် မှန်းချက်နှင့် နှမ်းထွက်မကိုက်သကဲ့သို့ပင်၊ သူတို့၏ ခန့်မှန်းချက်များထက် တစ်ကြိမ်ပြီး တစ်ကြိမ် ကျော်လွန်ခဲ့ပေသည်။ တစ်စုံတစ်ယောက်၏ လက်ဖြင့် သူတို့၏ လည်ပင်းအား အတင်းအကြပ် ဆုပ်ထားကာ၊ အသက်မရှူနိုင်စေရန် တားဆီးထားသကဲ့သို့ပင်ဖြစ်သည်။ လူအများသည် လွန်ခဲ့သော တဒင်္ဂအတွင်းတွင် ချူးယွင်ဖန်းက သူကိုင်တွယ်နိုင်သည့် အတိုင်းအတာအလွန်သို့ ရောက်နေပြီဟူ၍ပင် ပြောခဲ့ကြသည်။
ကွာတားဖိုင်နယ်သို့ပင် တက်လှမ်းနိုင်လိမ့်မည်မဟုတ်ဟု မှန်းထားခဲ့ကြသော်လည်း ချူးယွင်ဖန်းသည် အံ့ဖွယ်များစွာကို ဖန်တီးပြသနိုင်ခဲ့သည်။ ထိပ်သီးပြိုင်ပွဲဝင် ရှစ်ယောက်အတွင်း၌၊ ချူးယွင်ဖန်းမှ လွဲ၍ အခြားသူများသည် ဆရာများ၏ သတိထားမှုကို ခံကြရပြီးဖြစ်ကာ၊ ပထမအဆင့်ဖြင့် ကျောင်းတက်ရောက်ခွင့်ရလိမ့်မည်ဟု ထင်ကြေးပေးခံရသူများ ဖြစ်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုတက္ကသိုလ်အသီးသီးဝင်ရောက် သွားကြသော်လည်း ၎င်းတို့၏ အမည်များသည် ဆရာများကြား၌ မိုးကြိုးများသကဲ့သို့ ပဲ့တင်ထပ်နေပေသည်။
အထူးသဖြင့် ဝမ်လင်းသည် ထိုကဲ့သို့သော ကျောင်းသားဖြစ်သည်။ ဆရာများစွာ၏ ဦးတည်ချက်ထားခြင်း ခံထားရသူလည်း ဖြစ်သည်။ အကယ်၍ ဝမ်လင်းသာ စိတ်မကျေနပ်သောကြောင့်မဟုတ်လှင် သူသည် ဆရာများအတွက် ပြိုင်ပွဲသို့ လာရောက်ယှဉ်ပြိုင်ရန်ပင် မလိုပေ။ ပြောင်မြောက်လှသည့် အရည်အချင်းများနှင့်ပြည့်စုံသော ဆရာ၏ သင်ကြားပြသမှုများအောက်တွင်ပင် သာသာယာယာ ခံယူကျော်ဖြတ်နိုင်ပေလိမ့်မည်။
၎င်းတို့အနက်၊ ထူးခြားပြောင်မြောက်သည့်တိုင် မည်သူမျှ သတိမထားမိသော စွမ်းအားရှင်မှာ ချူးယွင်ဖန်းဖြစ်သည်။ ယခုတွင်မူ ချူးယွင်ဖန်းသည် သူ့၏ လျှို့ဝှက်စွမ်းအားကို ဖွင့်ထုတ်လိုက်ပြီဖြစ်ကာ၊ သူသည် ထိပ်သီး ရှစ်ယောက်အတွင်းဖြစ်စေ၊ အတော်ဆုံး လေးယောက်အဆင့်အတွင်းသို့ဖြစ်စေ ဝင်ရောက်လိုစိတ် မရှိကြောင်း အများထံသို့ အတိအလင်း ဖော်ပြခဲ့သည်။ သူ့၏ ပန်းတိုင်သည် အောင်နိုင်သူတစ်ယောက်ဖြစ်လာရန်ပင်ဖြစ်၏။ အဘယ်ကြောင့်မဖြစ်နိုင်သောအရာများ ဖြစ်ပျက်နေရသနည်း။
လူအများသည်လည်း ယုံကြည်လက်ခံရန် ခက်ခဲကြောင်း တွေ့ရှိခဲ့ကြသည်။ စွမ်းအင်သန့်စင်ခြင်း အဠမမြောက်အဆင့်ရှိ ကျင့်ကြံသူသည် စွမ်းအင်သန့်စင်ခြင်း နဝမမြောက်အဆင့် ကျင့်ကြံသူအစုလိုက်အား အနိုင်ပိုင်း၍ နောက်ဆုံးတွင် အောင်နိုင်သူဖြစ်လာနိုင်ခြေရှိခြင်းမှာ ရုတ်တရက် ပါးအရိုက်ခံလိုက်ရသည်နှင့်ပင် ခံစားချက်ချင်းတူပေသည်။
နောက်ဆုံးဖြစ်သော တဒင်္ဂအခိုက်အတန့်လေးအတွင်းရှိ အဖြစ်အပျက်အား မမြင်တွေ့ခဲ့ရသည်ရှိသော်၊ မည်သူမျှ ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ပေ။
“အံ့ဖွယ်ပဲ၊ ချူးယွင်ဖန်းက တကယ့်ကို တစ်ခုခုတော့ တစ်ခုခုပဲ။ ထိပ်တန်းဆရာတွေကိုတောင် ဆွဲဆောင်နိုင်မယ်လို့ ထင်တယ်”
“ငါလည်းထင်တယ်။ မွေးဖွားခြင်းနယ်မြေအဆင့် ဆရာတွေတောင် သူ့ကို သင်ကြားပေးနိုင်မှာ။”
“သူ့ခွန်အားနဲ့သာဆို သန့်စင်ခြင်းအဆင့်ရောက်နေတဲ့ သူဆိုရင်တောင် ကိုင်တွယ်နိုင်ဖို့ အတော်ခက်လိမ့်မယ်။ နောက်ပြီး သန့်စင်ခြင်းအဆင့်ကို ရောက်ဖို့ဆိုတာကလည်း သူ့အတွက် အချိန်တစ်ခုလောက်ပဲ လိုလိမ့်မယ်။”
“ဒါပေါ့၊ သူက တုန်ဖန်းဟောက်၊ လျန်ဟောက်ယွီနဲ့ ၊ ကျန်းဖန်ဖေတို့နဲ့ အတော်လေး ဆင်တူတယ်လို့ထင်မိတယ်။ ဒီ့အပြင် ကျောင်းမပြီးခင် မွေးဖွားခြင်းနယ်မြေအဆင့်ကိုရောက်ဖို့ အလားအလာရှိတဲ့ သူတွေနဲ့လည်း တူတူပဲလို့ ထင်မိတယ်။”
ဤကဲ့သို့ သုံးသပ်ချက်များ၏ အလွန်၌ ဆရာများ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်။ ဆရာများသည် သန့်စင်ခြင်းအဆင့်တွင် ရောက်ရှိနေကြသူများပင်ဖြစ်လင့်ကစား ပြည်ထောင်စုတက္ကသိုလ်အတွင်းမှ ပညာသင် ကျောင်းသားတစ်ယောက်မှာ သူတို့ထက်ပင် သာလွန်သွားနိုင်ခြေရှိနေပေသည်။ ဤသည်ကား မျက်နှာတည့်တည့်သို့ အားပြင်းပြင်းနှင့် ရိုက်ချခံလိုက်ရသကဲ့သို့ပင်ဖြစ်သည်။ သို့သော်လည်း ကံကောင်းသည်က ယခုအခြေအနေသည် တစ်နှစ်ပြီးတစ်နှစ် ဖြစ်လေ့ဖြစ်ထရှိခြင်းပင်ဖြစ်၍ သူတို့အသားကျနေပြီဖြစ်၏။ လွန်ခဲ့သော နှစ်များတောက်လျှောက်တွင်လည်း ပြည်ထောင်စုတက္ကသိုလ်၌ မွန်းစတားများ ပိုပို၍ တိုးလာခဲ့သည်။ ထို့ကြောင့် ဤသည်မှာ ၎င်းတို့နားမလည်နိုင်ခြင်းမဟုတ်၊ လောကကြီး၏ အလှည့်အပြောင်းသည် မြန်ဆန်လွန်းနေခြင်းပင်ဖြစ်သည်။
ဤသည်ကား လူသားမျိုးနွယ်၏ အဘက်ဘက်မှ စွမ်းရည်တိုးတက်လာကြောင်း သက်သေသာဓကလည်းဖြစ်သည်။
“ထိပ်သီးလေးယောက်၊ ထိပ်သီးလေးယောက်”
သတိမထားမိလိုက်ခင်တွင် တိုက်ပွဲအား ကြည့်ရှူ့နေကြသော ကျောင်းသားများထံမှ ချူးယွင်ဖန်းအတွက် အားပေးသံများ ထွက်ပေါ်လာခဲ့သည်။ သူတို့သည် သေးငယ်သည့် ဖြစ်တန်စွမ်းတစ်ခုမှန်း သိကြသော်လည်း၊ မထင်မရှားတည်ရှိခဲ့သော ချူးယွင်ဖန်းမှ အဆင့်မြင့်၍ နာမည်ကြီးကျောင်းသားများအား အလဲထိုးနိုင်လိမ့်မည်ဟု တွေးထားကြသည်။ ထိုအတွေးက သူတို့အား တုန်လှုပ်စေရုံသာမက စိတ်လည်း လှုပ်ရှားစေသည်။
သာမာန်ထက် ထူးခြားလှသည့် စွမ်းအင်သန့်စင်ခြင်း အဋ္ဌမအဆင့်ကျောင်းသား ချူးယွင်ဖန်းသည် မည်သည့်အဆင့်သို့ တက်ရောက်နိုင်လိမ့်မည်နည်း။
ဤအချက်သည် လူတိုင်း စိတ်ဝင်စားနေသော အကြောင်းအရာတစ်ခုဖြစ်သည်။
“ အကြိုဗိုလ်လုပွဲအပြီး၊ နောက်ဆုံးဗိုလ်လုပွဲပဲ။ သူအောင်နိုင်သူတစ်ယောက်ဖြစ်နိုင်ပါ့မလား။”
လူတိုင်းသည် တူညီသော အတွေးကို တွေးနေကြပေသည်။ ယခုအချိန်တွင်ဖြင့် ချူးယွင်ဖန်း၌ အောင်နိုင်သူ ဖြစ်နိုင်ချေရှိခြင်းအား လက်မခံ၍ မရတော့ပေ။ ချူးယွင်ဖန်း ကွင်းထဲမှ ထွက်ခွာပြီးနောက် မကြာမီတွင် တန်စီယုနှင့် ဂေါင်ဟုန်ချီတို့သည် သူ့နံဘေးသို့ ရောက်ရှိလာကြသည်။
ချူးယွင်ဖန်း စွမ်းအင်လောင်ကျွမ်းမှုအား ခံစားနေရသေးသည်။ သူသည် အလေးစီးဝတ်စုံဝတ်လေ့ရှိရာ အလေးစီးဝတ်စုံမှ ချုပ်တည်းချက်များကို ထုတ်လွှတ်ရခြင်းသည် အလွန်ကောင်းလှသည်။ ဆင့်ချိုးဖျက်ရခြင်းနှင့်ပင် အနည်းငယ် ဆင်တူပေသည်။ သူ ရုတ်တရက် အနန္တတန်ခိုးရှင်ဖြစ်သွားသကဲ့သို့ ခံစားနေရကာ၊ သူ့၏ ခွန်အားများသည် အတားအဆီးမဲ့လျက် ကောင်းကင်အထိပင် ဆန်ထွက်ပျံတက်သွားနိုင်လောက်ပေသည်။ စိတ်ကူးစိတ်သန်းသာသာမျှသာဖြစ်ကြောင်းကိုလည်း ချူးယွင်ဖန်းသိသဖြင့် သူ စိတ်ကို လျှော့ချလိုက်သည်။
“ဟားဟားဟား၊ ဒါက အရမ်း ထူးခြားနေတယ်ဆိုတာလား၊ ဝမ်လင်းကတော်တော် မာနကြီးတဲ့သူပဲ။ မင်းသူ့ကို သင်ခန်းစာရောသေချာပေးလိုက်တယ်မလား။ သုံးကွက်လောက်နဲ့ မင်း သူ့ကို အလဲသိပ်ခဲ့တာ။ ဒါက တကယ့်ကို ပြောစမှတ်တွင်လောက်စရာ အောင်နိုင်ခြင်းပဲ။”
ဂေါင်ဟုန်ချီသည် ရယ်နေခဲ့သည်။ သူ့၏ သူငယ်ချင်းကောင်းမှ အနိုင်ရရှိခြင်းအား အလွန်တရာပင် အားရကျေနပ်နေသည်။ ချူးယွင်ဖန်းထက်ပင် ပို၍ ပျော်ရွှင်နေသည်။ အကြောင်းအရင်းအား ဂဃနဏမသိသူ၏ အမြင်တွင် အောင်နိုင်သူမှာ ချူးယွင်ဖန်းမဟုတ်၊ ဂေါင်ဟုန်ချီဟုပင် အထင်လွဲမှားသွားနိုင်သည်အထိ။
“ဂုဏ်ယူပါတယ်။” တန်စီယုကပြုံး၍ ပြောလိုက်သည်။ သူမ၏ ချောမောလှပသော မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအချို့ ထင်ဟပ်နေသော်လည်း၊ ဂေါင်ဟုန်ချီနှင့်ယှဥ်လျှင် ထိန်းချုပ်နိုင်သေးသည့် အခြေအနေတွင်ရှိနေသေး၏။
“မင်းရဲ့ နောက်ပြိုင်ပွဲအတွက် ပြိုင်ဘက်က အခုကတည်းက ပေါ်လာပြီ။ အဲ့ဒါတန်ကျိုက်ရှင်းပဲ။”
ကြိုတင်သတင်းရရှိထားသော ဂေါင်ဟုန်ချီမှ ချူးယွင်ဖန်းကို ပြောပြခဲ့သည်။
တန်ကျိုက်ရှင်းဟု ပြောလိုက်သော်လည်း တန်စီယု၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ သူမသည် တန်ကျိုက်ရှင်း၏ တိုက်ကွက်သုံးကွက်အောက်၌ အနိုင်ပိုင်းခံထားရသော်လည်း၊ အရှုံးမှာဖြင့် အရှုံးပင်ဖြစ်သည်။ သူမသည်တန်ကျိုက်ရှင်းတမျှ အရည်အချင်းမပြည့်ဝသေး၍ဖြစ်သည်။ များများစားစား တွေးနေရန်ရှိမနေပေ။
“သူလား။ ကောင်းတာပေါ့!”
ချူးယွင်ဖန်း ဟပ်ဟပ်ပက်ပက်ပြုံး၍ တန်စီယု၏ ပုခုံးအား ပုတ်၍ ပြောလိုက်သည်။
“ငါနင့်အတွက် လက်စား ပြန်ချေပေးမှာပေါ့။”
တန်စီယု၏ ချောမွေ့သော ပါးပြင်သည် အနည်းငယ် နီမြန်းသွားရသည်။
“သူက အရမ်းသန်မာတာမို့ သတိထားပါဦး”
“စိတ်မပူပါနဲ့၊ ယွင်ဖန်းရဲ့ ခွန်အားနဲ့ဆို သိပ်တော့ ပြဿနာမရှိလောက်ပါဘူး။”
ချူးယွင်ဖန်း စကားမပြောခင်လေးတွင် ဂေါင်ဟုန်ချီကအရင် ဖြတ်ပြောလိုက်သည်။ အားလုံးထဲတွင် သူသည် ချူးယွင်ဖန်းအား ယုံကြည်အားအထားဆုံးသူဖြစ်သည်။ တန်စီယုသည်မူ ချူးယွင်ဖန်း၏ အရည်အချင်းနှင့်ပတ်သတ်၍ သံသယဖြစ်နေခြင်းမဟုတ်ပေ။ မျှော်မှန်းမထားသောရှုပ်ထွေးမှုများ ဖြစ်လာမည်ကို စိုးရိမ်ခြင်းသာဖြစ်သည်။ ထိုအချိန်၌ ပြိုင်ပွဲနောက်တစ်ဆင့် စတင်တော့မည်ဖြစ်ကြောင်း အသိပေးသံအား ချူးယွင်ဖန်း ကြားလိုက်ရသည်။
“ငါသွားရတော့မယ်။ သေချာကြည့်နေ၊ ငါမင်းတို့အတွက် လက်စားသွားချေပြတော့မှာ”
ချူးယွင်ဖန်းသည် စကားပြောပြီးနောက် အလျင်အမြန် ပျောက်ကွယ်သွားခဲ့သည်။ တန်စီယုနှင့် ဂေါင်ဟုန်ချီတို့သည်လည်း အလင်းလုံးများအဖြစ်ပြောင်းလဲ ပျောက်ကွယ်သွားကြသည်။
နောက်ဆုံးတွင် ဗိုလ်လုပြိုင်ပွဲသည် အမှန်တကယ်ကို စတင်ပြီဖြစ်၏။
အခန်း(၃၇၇) တန်ကျိုက်ရှင်း
ကွင်းထဲသို့ ချူးယွင်ဖန်းရောက်လာသောအခါတွင် သူ့အားစောင့်နေသောသူတစ်ဦး ရှိနှင့်နေပြီဖြစ်၏။ ချူးယွင်ဖန်းနှင့် သုံးမီတာ အကွာတွင် လှပသော ဝတ်လုံရှည်ကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးရပ်နေ၏။ သူ့လက်ထဲတွင် လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားကာ၊ ချူးယွင်ဖန်းကို စူးရဲရဲစိုက်ကြည့်လျက်ရှိသည်။
“တန်ကျိုက်ရှင်း”
“မှန်တယ် ငါက တန်ကျိုက်ရှင်းပဲ ကွာတားဖိုင်နယ်မှာ ငါ့ပြိုင်ဘက်က ဝမ်လင်းမဟုတ်ဘဲ မင်းဖြစ်နေမယ်လို့မထင်ထားဘူး” တန်ကျိုက်ရှင်းက ချူးယွင်ဖန်းကို ဂုဏ်ယူသောအမူအရာဖြင့်ပြောလိုက်သည်။
တန်ကျိုက်ရှင်းသည် တန်မိသားခွဲမှ ဆင်းသက်လာသူဖြစ်ရာ၊ ဤအဆင့်သို့ ရောက်ရှိ၍ တန်မိသားစု၏ တိုက်ရိုက်မျိုးဆက်များကို ဖိနှိပ်ကျော်တက်နိုင်ခဲ့ခြင်းသည် သူ၏ အရည်အချင်းနှင့် ဉာဏ်ပညာကြီးမှု၏ သက်သေများပင်ဖြစ်သည်။ သူမည်သို့ ဂုဏ်မယူဘဲလျက် နေလိမ့်မည်နည်း။
“သူနဲ့တိုက်ရရင်တောင် မင်းနိုင်ဖို့အခွင့်အရေးရှိရင် ရှိဦးမယ်။ ဒါပေမယ့် အခုမင်း ငါနဲ့ရင်ဆိုင်နေရပြီဆိုတော့ မင်းမှာ နိုင်ဖို့အခွင့်အရေး လုံးဝမရှိဘူး” ချူးယွင်ဖန်းက တန်ကျိုက်ရှင်းကို စိုက်ကြည့်၍ ပြောလိုက်သည်။
“ဟားဟားဟား ဟာသပဲ မင်းအဲ့လိုထင်နေတာလား” တန်ကျိုက်ရှင်းက လှောင်ရယ်လိုက်သည်။ “ငါ ဒီအချိန်ကို စောင့်နေခဲ့လို့ နည်းပြကို ရည်ရွယ်ချက်ရှိရှိမရွေးခဲ့တာပဲကွ၊ ငါ ချန်ပီယံဖြစ်လာချင်လို့လေ၊ မင်းက ငါ့ကို တားမလို့လား”
“ချန်ပီယံဖြစ်ချင်တယ်ဟုတ်လား၊ စိတ်မကောင်းပါဘူး ဒါပေမယ့် မင်းမှာ အခွင့်အရေးရှိမယ် မထင်ဘူးနော်” ချူးယွင်ဖန်းက လှောင်ရယ်လိုက်၏။
“ဟားဟား မင်း တော်တော်စိတ်ကြီးဝင်နေတာပဲ။ မင်းဝမ်လင်းကို ကောင်းကောင်းချေမှုန်းနိုင်လိုက်တာနဲ့ ငါ့ပြိုင်ဘက်ဖြစ်လာနိုင်မယ်လို့ထင်နေတာလား” တန်ကျိုက်ရှင်းက ရယ်လိုက်သည်။
“အရေးမပါတာတွေမပြောနဲ့ ငါမင်းနဲ့အချိန်မဖြုန်းချင်ဘူး” ချူးယွင်ဖန်းက ရိုးရိုးရှင်းရှင်းပြောလိုက်သည်။
ချူးယွင်ဖန်ူက လက်သုံးချောင်းထောင်၍ ပြောသည်။
“သုံးကွက် ငါဝမ်လင်းကို နိုင်ဖို့ သိုင်းကွက်သုံးကွက်ပဲသုံးခဲ့တာ။ မင်းအတွက်လည်း အတူတူပဲ၊ ငါ့အတွက်တော့ မင်းက သူနဲ့ဘာမှမကွာဘူး”
“ချူးယွင်ဖန်းက အရမ်းစိတ်ကြီးဝင်နေတယ်။ တန်ကျိုက်ရှင်းက ကျုပ်တို့ တန်မိသားစုရဲ့ ထူးချွန်သူပဲ။ သူကများ တန်ကျိုက်ရှင်းကို သိုင်းကွက်သုံးကွက်အတွင်း အနိုင်ယူမယ်လို့ ပြောရဲတယ်ပေါ့။ သူရူးနေတာလား”
ကျောင်းသားအများအပြားကြားတွင် ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။ ဝမ်လင်းသည် မိသားစုကြီးတစ်ခုမှ ဆင်းသက်လာသူမဟုတ်သောကြောင့် လူများစွာက သူ့ဘက်မှ ပြောဆိုပေးခြင်းမရှိကြသော်လည်း တန်ကျိုက်ရှင်းသည်မူ တန်မိသားစုဝင်တစ်ဦးဖြစ်သည်။ သူသည် မိသားစုခွဲမှဆင်းသက်လာသူဖြစ်သော်လည်း သာမန်လူတစ်ဦးနှင့်တော့ နှိုင်းယှဉ်၍မရပေ။
“မဖြစ်နိုင်ဘူးထင်တယ်။ ဝမ်လင်းက ကောင်းကင်တစ်ခုလုံးကို ကိုင်လှုပ်နိုင်တယ်ဆိုပြီး ကြွားနေတာ။ နောက်ဆုံးတော့ သူရှုံးသွားတာပဲ” စာပေကျောင်းသားတစ်ယောက်ကပြောသည်။
“ဝမ်လင်းက ကြွားတာမဟုတ်ဘူး။ သူ့မှာ တကယ် အဲ့လိုခွန်အားတွေရှိတယ်။ အရင်နှစ်တွေတုန်းက သူပိုင်ဆိုင်ထားတဲ့ ခွန်အားတွေနဲ့ဆိုရင် ချန်ပီယံဖြစ်လာဖို့ အလွယ်လေးပဲ။ ဒါပေမယ့် ဒီနှစ်တော့ ပြိုင်ဘက်တွေအရမ်းများတယ်။ အထူးသဖြင့် ချူးယွင်ဖန်းပေါ့။ သူက အရမ်းသန်မာလွန်းတယ်လေ” သိုင်းပညာကျောင်းသားတစ်ယောက်က ရှင်းပြသည်။
စာပေပညာကျောင်းသားသည် သိုင်းပညာအထူးပြုမဟုတ်သဖြင့် အမျှော်အမြင်ပိုင်းတွင် သိုင်းပညာကျောင်းသားများနှင့် မယှဉ်နိုင်ပေ။
“မှန်တယ် ဝမ်လင်းက အားအရမ်းနည်းလို့မဟုတ်ဘူး။ ချူးယွင်ဖန်းက အရမ်းသန်မာနေလို့ပဲ။ သူဘယ်ကလာတာလဲ။ ဘာလို့အရမ်းကြောက်ဖို့ကောင်းနေတာလဲ သူက”
ကျောင်းသားများစွာသည် စိတ်အားထက်သန်စွာဆွေးနွေးလျက်ရှိကြသည်။ ချူးယွင်ဖန်း၏ “ကြွားဝါမှု”ကြောင့် ၎င်းတို့အားလုံး ထိတ်လန့်သွားကြသည်မှာ ထင်ရှား၏။
“သုံးချက် ဟုတ်လား။ ဒီလိုစကားမျိုးကို မင်းမို့လို့ ပြောရဲတယ်။ မင်းစောက်ရမ်း စိတ်ကြီးဝင်နေတာပဲ” တန်ကျိုက်ရှင်းသည် ချူးယွင်ဖန်း၏ စကားကြောင့် အလွန်ဒေါသထွက်လျက်ရှိသည်။ တန်မိသားစုထဲတွင် တန်ကျိုက်ရှင်း အဆင့်တက်လာသည့် အချိန်မီစ၍ သူ့ကို နှိမ်ချဆက်ဆံသူ မည်သူတစ်ဦးတစ်ယောက်မျှမရှိခဲ့ပေ။ တန်မိသားစုထဲတွင် ဤသို့စော အထူးစွမ်းအားကြီးသည့် ဖြစ်တည်မှုမျိုးမရှိခဲ့ဖူးပေ။ သူသည် ယခု တန်မိသားစုမျိုးဆက်များအနက် အထူးချွန်ဆုံးသူဖြစ်၏။
တန်ကျိုက်ရှင်းသည် တန်မိသားစုတစ်ခုလုံး၏ မျှော်လင့်ချက်များကို သူ့ပခုံးပေါ်တင်ထားရသည်။ မကြာသေးမီမှစ၍ တန်မိသားစု၏ မျှော်လင့်ချက်များကို မိသားစုခွဲမှမျိုးဆက်ဖြစ်သည့် သူ့အပေါ်တွင် ပုံအပ်ထားခဲ့ကြသည်။ ဤသို့တွေးကာ သူ ဂုဏ်ယူမဆုံးနိုင်ဖြစ်နေရခြင်းဖြစ်၏။ ချူးယွင်ဖန်းသည် သူ၏ မာနကို နင်းချေလိုက်ခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် တန်ကျိုက်ရှင်းကို အေးစက်စွာ စိုက်ကြည့်နေ၏။ သူသည် ပုံမှန်အားဖြင့် ရန်လိုတတ်သူမဟုတ်သော်ညား တန်ကျိုက်ရှင်းမှ တန်စီယုအား လက်ပုန်းနည်းများသုံး၍ တိုက်ခိုက်ခဲ့သည်ကိုတွေးမိသောအခါ သူ့အကြည့်များ ပို၍ အေးစက်လာသည်။
ချူးယွင်ဖန်းသည် ၎င်းတို့နှစ်ဦးကြား မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မသိပေ။ တန်စီယုသည် ဤအကြောင်း အကျဉ်းချုပ်သာပြောခဲ့သော်လည်း ချူးယွင်ဖန်းသည် တန်စီယု၏ ပင်ကိုယ်စရိုက်ကို ကောင်းစွာသိထားသည်။ သူမသည် အလွယ်တကူ ရှုံးနိမ့်မည်သူမဟုတ်ပေ။ အကယ်၍ သူမ ပုံမှန်အတိုင်းရှုံးနိမ့်ခဲ့ခြင်းဖြစ်လျှင် ထိုသို့သော မျက်နှာထားမျိုးရှိနေခဲ့လိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် မည်သို့ဖြစ်ပျက်ခဲ့ကြောင်း မသိသည့်တိုင် သိလည်းမသိချင်ပေ။ တန်ကျိုက်ရှင်းငည် ချန်ပီယံဖြစ်လာရန် စိတ်အားထက်သန်လှသဖြင့် သူ၏မျှော်လင့်ချက်ကို ကိုယ်တိုင် အဆုံးသန်ပေးလိုက်တော့မည်ဖြစ်သည်။
ဘွန်း
တန်ကျိုက်ရှင်းသည် ရုတ်တရက် စတင်တိုက်ခိုက်၍ လက်ထဲမှလှံရှည်ကိုဝှေ့ယမ်းပစ်လိုက်သည်။ လေကိုခွင်းဖောက်သွားသော လှံ၏ အသံသည် အမြှောက်သံကဲ့သို့ ပေါ်ထွက်လာ၏။ ဤကြမ်းတမ်းပြင်းထန်သောအသံသည် မပြင်ဆင်ထားသူတစ်ဦးကို ခြောက်လှန့်စေနိုင်လောက်၏။
မျက်စိတစ်မှိတ်အတွင်းတွင်ပင် တန်ကျိုက်ကျင်း၏ လှံရှည်သည် ချူးယွင်ဖန်း၏ မျက်နှာရှေ့သို့ရောက်လာသည်အထိ၊ အလွန်လျင်မြန်ကာ၊ ခြောက်ခြားဖွယ်ကောင်းသည်။ ချူးယွင်ဖန်းသည် တန်ကျိုက်ရှင်း၏ လှံချက်ကို မတုံ့ပြန်နိုင်ခင်တွင် ရှုံးနိမ့်ရလိမ့်မည်ဟု လူတိုင်းက ထင်မှတ်လျက်ရှိကြသည်။ ဤတိုက်ခိုက်မှုသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သို့ တိုက်ရိုက်ထွင်းဖောက်ဝင်ရောက်သွားသည်ကို မြင်လိုက်ကြရသဖြင့် ယခင်က ချူးယွင်ဖန်း၏ မောက်မာစွာပြောဆိုခဲ့မှုများကို သတိရကာ၊ တိတ်တဆိတ်နောင်တရနေကြသည်။ သို့သော် ၎င်းသည် ချူးယွင်ဖန်းကို လုံးလုံးလျားလျားမထိခိုက်နိုင်စေခဲ့ပေ။
ချူးယွင်ဖန်းသည် အလင်းတန်းအတွင်းသို့ ထိုးဖောက်၍ ပျောက်ကွယ်သွားလိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။ ချူးယွင်ဖန်သည် ရုပ်ခန္ဓာသုံးပိုင်းကွဲသွား၏။ တိုက်ခိုက်မှုသည် ထိုရုပ်ခန္ဓာသုံးခုအနက်၊ တစ်ခုသို့ ဝင်ရောက်ဖောက်ထွင်းသွားသော်လည်း ၎င်းသည် ပုံရိပ်ယောင်တစ်ခုမျှသာဖြစ်သည်။
ထိုအချိန်တွင် ချူးယွင်ဖန်းသည် တန်ကျိုက်ရှင်း၏ရှေ့သို့ရောက်ရှိနေပြီဖြစ်သည်။
“ဘယ်လိုတောင်မြန်တာလဲ” ချူးယွင်ဖန်းသည် သူ့ရှေ့တွင် လျှပ်တပျက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် တန်ကျိုက်ရှင်း၏ မျက်စံများအနည်းငယ်ကျုံ့သွားသည်။
ချူးယွင်ဖန်း၏ အရိပ်မဲ့ဓား ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ၎င်းသည် အလွန်မြန်ဆန်သောအလျင်ဖြင့် တန်ကျိုက်ရှင်း၏ အရှေ့သို့ ရောက်ရှိလာသည်။
ချွင်
ထိုအခိုက်အတန့်တွင်၊ တန်ကျိုက်ရှင်းသည် သူ၏လှံကို ပြန်ရုတ်၍ ချူးယွင်ဖန်း၏တိုက်ခိုက်မှုကို တားဆီးလိုက်၏။ သို့သော် ထိုသို့ လက်နက်နှစ်စင်းထိတွေ့စဥ်ခဏတာအချိန်အတွင်းတွင် သူ့လက်များ တုန်ယင်လျက်၊ လှံတစ်စင်းလုံးလွင့်ထွက်လုနီးပါးဖြစ်သွားရသည်။
တန်ကျိုက်ရှင်းသည် အလျင်စလိုပြန်ဆုတ်ခွာကာ၊ အလွန်တုန်လှုပ်လျက်ရှိသည်။ ချူးယွင်ဖန်း၏ ပြင်းထန်သော ခွန်အားသည် အမှန်တကယ်ပင် ကြောက်မက်ခြောက်ခြားဖွယ်ကောင်းသည်။
‘ဒီကောင်က မွန်းစတားလား’
ဤစကားသည် တန်ကျိုက်ရှင်း၏ စိတ်ထဲတွင် ပေါ်လာ၏။ သို့သော် ချူးယွင်ဖန်း၏ တိုက်ခိုက်မှုသည် လွယ်လင့်တကူပြီးဆုံးမသွာားခဲ့ပေ။ ပထမဆုံးဓားချက်နောက်တွင် ဒုတိယဓားချက်လိုက်ပါလာ၏။ တန်ကျိုက်ရှင်းတွင် တုံ့ပြန်ရန် အချိန်ပင်မရှိ၊ ဓားချက်ကို လှံဖြင့်အဆက်မပြတ်တားဆီးနေရသည်။ ဒုတိယဓားချက်သည် တန်ကျိုက်ရှင်း၏ လက်များကိုပင် ကျိုးကြေသွားစေခဲ့သည်။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားသည် သူ၏အရိုးများအားလုံးကို ကျိုးကြေသွားစေနိုင်သည်အထိ ပြင်းထန်လှ၏။
တန်ကျိုက်ရှင်းသည် အာခေါင်ခြစ်၍ အော်ပစ်လိုက်သည်။ ပြင်းထန်သော နာကျင်မှုကို ဦးနှောက်ထဲအထိ ထိုးဖောက်ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင်ပင် ချူးယွင်ဖန်းသည် လက်ထဲမှ ဓားကို ဝှေ့ယမ်းပစ်လိုက်ရာ၊ အနက်ရောင်အလင်းတန်းတစ်ခုပေါ်ထွက်လာ၏။
တန်ကျိုက်ရှင်းသည် မိမိနောက်ကျောကို မိမိပြန်မြင်လိုက်ရသည်။ သူ့ခေါင်းတစ်ခုလုံးပြတ်ထွက်သွားကာ၊ ကွင်းအပြင်ထွက်သို့ လွင့်ထွက်သွား၏။
အခန်း(၃၇၈) ဖိုင်နယ်သို့ တက်လှမ်းခြင်း
ချူးယွင်ဖန်းသည် ထိုစကားကို စိတ်ချလက်ချပြောခဲ့ခြင်းဖြစ်သည်။ ထိပ်တန်းရှစ်ယောက်ကို တွေ့လိုက်ရသည့်အချိန်မှစ၍ သူပိုင်ပင်းဝူကို တိုက်ခိုက်ရလိမ့်မည်ဖြစ်ကြောင်း သေချာနေ၏။ ရလဒ်သည်လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်နှင့် ကျွမ်းကျင်မှုအပေါ်တွင် လုံးလုံးမမူတည်သော်လည်း လူတစ်ဦး၏ ကိုယ်ခံအားနှင့် ကျွမ်းကျင်မှုသည် ရလဒ်ကိုအဆုံးအဖြတ်ပေးရာတွင်အရေးပါသော အကြောင်းအရင်းတစ်ခုဖြစ်သည်။
ချူးယွင်ဖန်းတွင် ထိုကဲ့သို့သော ပင်ကိုယ်အသိဉာဏ်မျိုးကြောင်းနှင့်၊ သူ၏ ခန့်မှန်းချက်သည်မှန်ကန်ကြောင်း ဤအချက်များက သက်သေပြခဲ့သည်။ သူနှင့်ရင်ဆိုင်ရသည့်ပြိုင်ဘက်သည် ပိုင်ပင်းဝူမှတပါးအခြားသူမဟုတ်ပေ။
ပိုင်ပင်းဝူ၏ လက်ထဲမှ ဓားနှစ်စင်းသည် လေထဲတွင်ကခုန်နေသကဲ့သို့ ဝှေ့ယမ်းလျက်ရှိသည်။
“နင့်ရဲ့ ပင်ကိုယ်အသိဉာဏ်က အရမ်းမှန်တယ်၊ ဒီတစ်ကြိမ်တော့၊ ငါသေချာပေါက် ချန်ပီယံဖြစ်တော့မှာ”
ချူးယွင်ဖန်းက အပြုံးမပျက် ပြောလိုက်သည်။
“ကံမကောင်းစွာနဲ့ပဲ၊ ငါလည်း ဒီကို ချန်ပီယံဖြစ်ဖို့ရောက်လာတာ၊ နင်အခွင့်အရေးရမှာမဟုတ်ဘူး”
ပိုင်ပင်းဝူကလည်း အလွန်လှပစွာပြုံး၍ ဘာသိဘာသာပြောလိုက်သည်။
“ဒီအဆင့်ကိုရောက်ဖို့ နင့်အတွက်လွယ်မှာတော့မဟုတ်ဘူး။ ဒါပေမယ့် ငါချန်ပီယံဖြစ်ချင်တဲ့အတွက်ကြောင့် နင်ချန်ပီယံဖြစ်မလာနိုင်တော့ဘူး”
“ဒါဆို ငါတို့ စောင့်ပြီး ရလဒ်ကို ကြည့်ကြတာပေါ့၊ မဟုတ်ဘူးလား” ချူးယွင်ဖန်းက ပြုံး၍ပြောသည်။
ပိုင်ပင်းဝူသည် ရှေ့သို့ဖြည်းညှင်းစွာ လျှောက်လာသည်။ သူမ၏ခန္ဓာကိုယ်သည် အလွန်ပြင်းထန်သော အရှိန်အဝါများကိုထုတ်လွှတ်လျက်ရှိရာ၊ သူခန္ဓာကိုယ်မှ ချီစွမ်းအင်များ တဖြည်းဖြည်း ထွက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လူအများထံသို့ ပြင်းထန်သော ဖိအားတစ်ခုကို ပေးစွမ်းနိုင်၏။
ပိုင်ပင်းဝူသည် စွမ်းအင်သန့်စင်ခြင်း အထွဋ်အထိပ်သို့ အမှန်တကယ်တက်လှမ်းနိုင်ခဲ့သော စစ်မှန်သည့်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူမ၏အရှိန်အဝါသည် နူးညံ့သိမ်မွေ့ကာ၊ သန့်စင်ခြင်းအဆင့်သို့တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။
ထို့ကြောင့် ပိုင်ပင်းဝူသည်နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်မည်ဟု ချူးယွင်ဖန်းယုံကြည်နေခဲ့ခြင်းဖြစ်သည်။
အခြားသူများသည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်တွင်ရှိကြသော်လည်း ၎င်းတို့၏ အရှိန်အဝါကို နူးညံ့သိမ်မွေ့သောအခြေအနေသို့ ရောက်သည်အထိ မကျင့်ကြံနိုင်သေးကြသည့်အပြင်၊ အဆင့်ဖြတ်ကျော်လုနီးပါးအခြေအနေသို့လည်းမရောက်သေးပေ။ ပိုင်ပင်းဝူက ပြုံးကာ၊ စတင်တိုက်ခိုက်လိုက်သည်။
လရောင်အောက်မှ နတ်သမီးတပါးသဖွယ် ရင်သပ်ရှု့မောဖွယ်ကောင်းသော ခြေကွက်နည်းစနစ်အချို့ကို စတင်အသုံးပြုလိုက်ရာ၊ ချူးယွင်ဖန်းရှေ့သို့ မရောက်ခင်အချိန်ထိ လရောင်သည် သူမခန္ဓာကိုယ်ကို ဖုံးအုပ်ထား၏။
ဤစွမ်းဆောင်ချက်သည် မျက်စိကျိန်းစပ်လောက်သည်အထိ ဝင်းလက်တောက်ပြောင်လွန်းလှသော်လည်း ကြည့်ရှု့သူအများ၏ နှလုံးသားထဲတွင် ရုတ်တရက် အေးခဲသွားရသည်။ ဓားနှစ်စင်းသည် ချူးယွင်ဖန်းကို ပိုက်ကွန်တစ်ခုကဲ့သို့ ဖောက်ချလိုက်သည်။ သူမလက်ထဲမှ ဓားနှစ်စင်းသည် ရေကူးနေသော နဂါးများနှယ်၊ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ အားနည်းသောနေရာများကို တိုက်ရိုက်တိုက်ခိုက်လျက်၊ သူလွတ်မြောက်နိုင်မည့် လမ်းများအားလုံးကို ပိတ်ဆို့ပစ်လိုက်သည်။
တိုက်ခိုက်မှုများအားလုံးသည် အလွန်လျင်မြန်လှသည်။
“ချီးပဲ၊ ချူးယွင်ဖန်းရှုံးတော့မှာပဲ၊ ပိုင်ပင်းဝူကလည်း သူ့ခွန်အားအစစ်ကို ဖုံးကွယ်ထားတာ”
“ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ၊ သူ ဒီလိုမျိုး အရှိန်နဲ့ ခွန်အားကို မထုတ်သုံးခဲ့ဘူး”
“ဒါက ပိုင်ပင်ဝူအတွက် ချူးယွင်ဖန်းကပဲ ထိုက်တန်တဲ့ပြိုင်ဘက်လို့ ဆိုလိုတာလား”
လူအများက အံ့အားသင့်စွာ အော်ဟစ်လျက်ရှိကြသည်။ ပိုင်ပင်းဝူ၊ အနိုင်ရတော့မည်ဖြစ်၏။
“ပြီးပြီ” ပိုင်ပင်းဝူက အေးစက်စွာပြောလိုက်သည်။
ဓားသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အနှံ့ကို ဖြတ်သန်းသွားပြီးနောက်၊ ချက်ချင်းပင် သူ့ကို ဖြိုခွဲချေမှုန်းပစ်လိုက်သည်။
သာမန်လူတစ်ဦးသာဆိုလျှင် ဤဓားပိုက်ကွန်ကို ရှောင်တိမ်းနိုင်လိမ့်မည်မဟုတ်သော်လည်း ယခုအချိန်တွင် ချူးယွင်ဖန်းသည် ဓားပိုက်ကွန်နှင့်အတူ ရွေ့လျားသွားသည်ကို တွေ့လိုက်ရသည်။ ဤဓားပိုက်ကွန် မည်မျှပင် တင်းကြပ်နေစေကာမူ၊ ချူးယွင်ဖန်းသည် အလွယ်တကူရှောင်တိမ်းနိုင်ခဲ့၏။ ပိုင်ပင်းဝူ၏ ဓားများသည် မည်သည့်နေရာသို့စိုက်ရောက်လာမည်ကို သူခန့်မှန်းနိုင်သည့်အပြင်၊ ၎င်းတို့ကိုလည်း အလွယ်တကူရှောင်တိမ်းနိုင်ခဲ့သည်။
ဤသည်ကား၊ ကမ္ဘာအဆင့်ရှစ်ရထားသည့် ရွေ့လျားရေးနည်းစနစ်တစ်ခုဖြစ်သည့် လေပြင်းတိုက်ခတ်ခြင်းသိုင်းပင်ဖြစ်သည်။
ဤရွေ့လျားရေးနည်းစနစ်သည် ချူးယွင်ဖန်း၏ လက်ထဲတွင် အံ့အားသင့်ဖွယ်ပေါက်ကွဲထွက်လျက်ရှိသည်။ ပိုင်ပင်းဝူ၏ တိုက်ခိုက်မှုများမည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေစေကာမူ ၎င်းတို့သည် သူ့ကို မထိခိုက်စေနိုင်ပေ။
ပိုင်ပင်းဝူသည် ခဏတာမျှ အံ့အားသင့်ကာ၊ ရပ်တန့်သွားရသည်။ ချူးယွင်ဖန်းမှ လေပြင်းတိုက်ခတ်ခြင်းသိုင်းကို အသုံးပြုသည်ကို သူမမမြင်ဖူးခဲ့ပေ။ သူသည် ပုံရိပ်ကိုးသွယ်နည်းစနစ်ကိုသာ မကြာခဏအသုံးပြုလေ့ရှိသဖြင့် သူမပြင်ဆင်ထားခြင်းမရှိပေ။
သို့သော် ပိုင်ပင်းဝူသည် တိုက်ပွဲအတွေ့အကြုံအလွန်ရှိလှသဖြင့်၊ သူမ၏ ဓားချက်များလွဲချော်သွားခဲ့သော်လည်း စိတ်အနှောက်အယှက်မဖြစ်ပေ။ သူမလက်ထဲမှ ဓားချက်များ ပို၍ လျင်မြန်လာသည်။ တစ်ခဏအတွင်းတွင်ပင်၊ ဓားကွန်ရက်တစ်ခု ထပ်မံပေါ်ထွက်လာကာ၊ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
ဤအခိုက်အတန့်တွင် ပိုင်ပင်းဝူသည် ချူးယွင်ဖန်းမည်သို့တွေးခေါ်နေသည်ကို ဂရုမစိုက်ပေ။ သူမည်ကဲ့သို့ရှောင်တိမ်းနေစေကာမူ၊ သူမသည် သူမ၏ ကိုယ်ပိုင်စည်းချက်အတိုင်းဆက်လက်တိုက်ခိုက်၍ ချူးယွင်ဖန်း၏ လွတ်လမ်းများကို လိုက်လံပိတ်ဆို့ထားသည်။ ချူးယွင်ဖန်း မည်သည့်နေရာတွင်ပုန်းကွယ်နေပါစေ၊ ဓားဖြင့် ထိုးခံရမည်ဖြစ်၏။
ချူးယွင်ဖန်းသည် ဤသည်ကို သဘောပေါက်နားလည်သည့်တိုင် စိုးရိမ်ခြင်းအလျင်းမရှိပေ။ ခဏတာမျှ တိုက်ခိုက်ပြီးနောက်၊ ပိုင်ပင်းဝူသည် အမြန်နှုန်းနှင့်၊ သိုင်းပညာလမ်းကြောင်းကို လျှောက်သူတစ်ဦးဖြစ်ကြောင်း သူတွေ့ရှိလိုက်ပြီဖြစ်၏။ သူမသည် လျှပ်စီးတမျှ လျင်မြန်ကာ၊ သူမ၏ သိုင်းပညာသည်လည်း ပြစ်ချက်ကင်းလှသည်။ ဤသည်ကား ကြောက်မက်ဖွယ်အကောင်းဆုံးသောအပိုင်းဖြစ်သည်။
“ငါ မင်းရဲ့သိုင်းကွက်တွေကို မရှောင်နိုင်ဘူးဆိုမှတော့၊ ထိပ်တိုက်ပဲရင်ဆိုင်ရတော့မှာပေါ့” ချူးယွင်ဖန်းကပြုံးလိုက်သည်။
ချွင်
ချူးယွင်ဖန်း၏ နောက်ကျောဘက်ရှိ အရိပ်မဲ့ဓားသည် ရုတ်တရက် ပေါ်ထွက်လာ၏။ ထိုအသံသည် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ပင်အလွန်ကျယ်လောင်လှကာ၊ အရိပ်မဲ့ဓားသည် ချက်ချင်းပင် ပိုင်ပင်းဝူကို ရက်စက်စွာ ခုတ်ပိုင်းပစ်လိုက်သည်။
ထိတ်လန့်ဖွယ်ရာ၊ ထိတိုက်မှုတစ်ခု ဖြစ်ပျက်သွာားသည်။ ဓားနှစ်စင်းဖြင့် ဖွဲစည်းထားသော ဓားကွန်ရက်ကို ဓားအလင်းတစ်ခုက ဖြတ်တောက်ပစ်လိုက်ရာ၊ ထို ဓားကွန်ရက်ကြီးတစ်ခုလုံး လုံးလုံးပျောက်ကွယ်သွား၏။ ဓားသိုင်းပညာသည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေစေကာမူ၊ ၎င်းကို ထိပ်တိုက်ရင်ဆိုင်နိုင်ပါက၊ ၎င်းသည် လုံးဝအသုံးဝင်လိမ့်မည်မဟုတ်ပေ။
ဓားသည် တိုက်ခိုက်မှုများအားလုံးကို ကျော်ဖြတ်၍ ၎င်းနှင့်အတူ၊ ဓားရိပ်များအားလုံးပျောက်ကွယ်သွားသည်။
ပိုင်ပင်းဝူသည် ထိုထိပ်တိုက်တွေ့မှုကြောင့် သူမ၏ လက်နှစ်ဖက်လုံး ဒဏ်ရာရသွားသည်ကို ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ ခွန်အားကို ခံစားသိရှိပြီးနောက်၊ သူမ၏ အမူအရာသည် အလွန်ပြင်းထန်လာ၏။ နားလည်ရခက်သော တိုက်ခိုက်ရေးပုံစံသည် သူမအတွက် အလွန်ဆိုးရွားလွန်းလှသည်။ လူတစ်ယောက်၏ ခွန်းအားသည် အတိုင်းအတာတစ်ခုအထိရောက်၍ အတားအဆီးများအားလုံးကို ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်ကျော်နိုင်ခြင်းသည် ဟာသမဟုတ်သည်မှာ သေချာသည်။ အစောပိုင်းက ပိုင်ပင်းဝူ၏ လှပကျောရှင်းသော ဓားပိုက်ကွန်ကို ချူးယွင်ဖန်းသည် ဓားချက်တစ်ချက်တည်းဖြင့် ချိုးဖောက်ပစ်လိုက်သည်။
သို့သော် ဤအရာများကို စဥ်းစားရမည့်အချိန်မဟုတ်သည်မှာ ထင်ရှားသည်။ ပိုင်ပင်းဝူသည် မြေပြင်ပေါ်သို့ ဖနောင့်တစ်ချက်ပေါက်၍ ပျောက်ကွယ်သွားသည်။ သူမပြန်ပေါ်လာသောအခိုက်အတန့်တွင်၊ ချူးယွင်ဖန်းဘေးသို့ရောက်ရှိနေပြီဖြစ်၏။ သူမသည် တိုက်ရိုက်တိုက်ခိုက်မှုကို မကျော်ဖြတ်နိုင်သဖြင့် ဘေးဘက်မှ တိုက်ခိုက်ရန်စီစဥ်လိုက်ခြင်းဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ပိုင်ပင်းဝူသည် ချူးယွင်ဖန်း၏ဘေးတွင် မတ်တပ်ရပ်နှင့်နေပြီဖြစ်၏။ သာမန်လူများသည် ထိုကဲ့သို့သော အရှိန်အဟုန်ဖြင့် လိုက်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် ခွန်အားဖြစ်စေ၊ အမြန်နှုန်းဖြစ်စေ၊ အဆင့်တစ်ခုသို့ရောက်သောအခါတွင် အရာအားလုံးကို ချေမှုန်းနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည်လည်း အလွန်လျင်မြန်လှသဖြင့် ထိုချေမှုန်းခံရမည့်ထဲတွင် ချူးယွင်ဖန်း မပါဝင်ပေ။
ပိုင်ပင်းဝူသည် သူမကိုယ်သူမထိန်း၍ ချူးယွင်ဖန်းကို ပြောင်းလဲတိုက်ခိုက်တော့မည့်အချိန်တွင် ချူးယွင်ဖန်းသည် ရုတ်တရက် သူမဘက်သို့လှည့်လာ၍ လက်ထဲမှ ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်ကို မြင်လိုက်ရသည်။
ဓားရှည်သည် လေကို ခွင်း၍ ပြင်းထန်သောအသံဖြင့် ပေါက်ကွဲသွားကာ၊ သူမထံသို့တိုက်ရိုက်သက်ဆင်းလာ၏။
ယခုလေးတင် ပိုင်ပင်းဝူရပ်နေသော နေရာကို ဓားအလင်းရိုက်ခတ်သွားသဖြင့် ပိုင်ပင်းဝူသည် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအကွာအဝေးအတွင်းမှ ခုန်ထွက်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်ခြောက်ခြားသောအမူအရာတစ်ခု ပေါ်လာ၏။ သူမ၏ ကျောပြင်ထက်တွင် ချွေးများ စိုရွှဲလာသည်။ ထိုတိုက်ခိုက်မှုသည် စက္ကန့်ပိုင်းမျှသာကြာမြင့်သော်လည်း နှစ်ဖက်စလုံး၏ တိုက်စစ်နှင့် ခံစစ်အနေအထားများ လုံးဝပြောင်းလဲသွားခဲ့သည်။
‘ဘာလို့ သူအရမ်းမြန်နေတာလဲ’ ပိုင်ပင်းဝူ၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်မှုဖြင့် ဖြူဖျော့သွားသည်။ ချူးယွင်ဖန်း၏ အရှိန်သည် သူမခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်သွားခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ ပစ်မှတ်ကို လွတ်သွားပြီးနောက်၊ တစ်စက္ကန့်မျှပင် ထပ်တွေးခြင်းမရှိ ထပ်မံတိုက်ခိုက်လိုက်သည်။
“ကောင်းကင်မိုးကြိုး”
ချီစွမ်းအင်များအားလုံးသည် အရိပ်မဲ့ဓားရှည်၏ အနက်ရောင်ကိုယ်ထည်ထဲသို့ တိုးဝင်ကာ၊ ပိုင်ပင်းဝူထံသို့ ဦးတည်သွားသည်။