အခန်း (၃၇၉-၃၈၁)
Vol. 26 Ch. 379-381
အခန်း(၃၇၉) နားလည်ရခက်တဲ့ တိုက်ခိုက်ရေးပုံစံ
မှတ်ချက်။ ။ ဤအပိုဒ်တွဲပါ အကြောင်းအရာများသည် ယခင်အပိုင်းနှင့် ဆင်တူနေနိုင်ပါသည်။
ချူးယွင်ဖန်းသည် ထိုစကားကို စိတ်ချလက်ချပြောခဲ့ခြင်းဖြစ်သည်။ ထိပ်တန်းရှစ်ယောက်ကို တွေ့လိုက်ရသည့်အချိန်မှစ၍ သူပိုင်ပင်းဝူကို တိုက်ခိုက်ရလိမ့်မည်ဖြစ်ကြောင်း သေချာနေ၏။ ရလဒ်သည်လူတစ်ဦး၏ ကျင့်ကြံမှုအဆင့်နှင့် ကျွမ်းကျင်မှုအပေါ်တွင် လုံးလုံးမမူတည်သော်လည်း လူတစ်ဦး၏ ကိုယ်ခံအားနှင့် ကျွမ်းကျင်မှုသည် ရလဒ်ကိုအဆုံးအဖြတ်ပေးရာတွင်အရေးပါသော အကြောင်းအရင်းတစ်ခုဖြစ်သည်။
ချူးယွင်ဖန်းတွင် ထိုကဲ့သို့သော ပင်ကိုယ်အသိဉာဏ်မျိုးကြောင်းနှင့်၊ သူ၏ ခန့်မှန်းချက်သည်မှန်ကန်ကြောင်း ဤအချက်များက သက်သေပြခဲ့သည်။ သူနှင့်ရင်ဆိုင်ရသည့်ပြိုင်ဘက်သည် ပိုင်ပင်းဝူမှတပါးအခြားသူမဟုတ်ပေ။
ပိုင်ပင်းဝူ၏ လက်ထဲမှ ဓားနှစ်စင်းသည် လေထဲတွင်ကခုန်နေသကဲ့သို့ ဝှေ့ယမ်းလျက်ရှိသည်။
“နင့်ရဲ့ ပင်ကိုယ်အသိဉာဏ်က အရမ်းမှန်တယ်၊ ဒီတစ်ကြိမ်တော့၊ ငါသေချာပေါက် ချန်ပီယံဖြစ်တော့မှာ”
ချူးယွင်ဖန်းက အပြုံးမပျက် ပြောလိုက်သည်။
“ကံမကောင်းစွာနဲ့ပဲ၊ ငါလည်း ဒီကို ချန်ပီယံဖြစ်ဖို့ရောက်လာတာ၊ နင်အခွင့်အရေးရမှာမဟုတ်ဘူး”
ပိုင်ပင်းဝူကလည်း အလွန်လှပစွာပြုံး၍ ဘာသိဘာသာပြောလိုက်သည်။
“ဒီအဆင့်ကိုရောက်ဖို့ နင့်အတွက်လွယ်မှာတော့မဟုတ်ဘူး။ ဒါပေမယ့် ငါချန်ပီယံဖြစ်ချင်တဲ့အတွက်ကြောင့် နင်ချန်ပီယံဖြစ်မလာနိုင်တော့ဘူး”
“ဒါဆို ငါတို့ စောင့်ပြီး ရလဒ်ကို ကြည့်ကြတာပေါ့၊ မဟုတ်ဘူးလား” ချူးယွင်ဖန်းက ပြုံး၍ပြောသည်။
ပိုင်ပင်းဝူသည် ရှေ့သို့ဖြည်းညှင်းစွာ လျှောက်လာသည်။ သူမ၏ခန္ဓာကိုယ်သည် အလွန်ပြင်းထန်သော အရှိန်အဝါများကိုထုတ်လွှတ်လျက်ရှိရာ၊ သူခန္ဓာကိုယ်မှ ချီစွမ်းအင်များ တဖြည်းဖြည်း ထွက်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လူအများထံသို့ ပြင်းထန်သော ဖိအားတစ်ခုကို ပေးစွမ်းနိုင်၏။
ပိုင်ပင်းဝူသည် စွမ်းအင်သန့်စင်ခြင်း အထွဋ်အထိပ်သို့ အမှန်တကယ်တက်လှမ်းနိုင်ခဲ့သော စစ်မှန်သည့်ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ သူမ၏အရှိန်အဝါသည် နူးညံ့သိမ်မွေ့ကာ၊ သန့်စင်ခြင်းအဆင့်သို့တက်လှမ်းနိုင်ရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။
ထို့ကြောင့် ပိုင်ပင်းဝူသည်နောက်ဆုံးဗိုလ်လုပွဲသို့ တက်လှမ်းနိုင်မည်ဟု ချူးယွင်ဖန်းယုံကြည်နေခဲ့ခြင်းဖြစ်သည်။
အခြားသူများသည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်တွင်ရှိကြသော်လည်း ၎င်းတို့၏ အရှိန်အဝါကို နူးညံ့သိမ်မွေ့သောအခြေအနေသို့ ရောက်သည်အထိ မကျင့်ကြံနိုင်သေးကြသည့်အပြင်၊ အဆင့်ဖြတ်ကျော်လုနီးပါးအခြေအနေသို့လည်းမရောက်သေးပေ။ ပိုင်ပင်းဝူက ပြုံးကာ၊ စတင်တိုက်ခိုက်လိုက်သည်။
လရောင်အောက်မှ နတ်သမီးတပါးသဖွယ် ရင်သပ်ရှု့မောဖွယ်ကောင်းသော ခြေကွက်နည်းစနစ်အချို့ကို စတင်အသုံးပြုလိုက်ရာ၊ ချူးယွင်ဖန်းရှေ့သို့ မရောက်ခင်အချိန်ထိ လရောင်သည် သူမခန္ဓာကိုယ်ကို ဖုံးအုပ်ထား၏။
ဤစွမ်းဆောင်ချက်သည် မျက်စိကျိန်းစပ်လောက်သည်အထိ ဝင်းလက်တောက်ပြောင်လွန်းလှသော်လည်း ကြည့်ရှု့သူအများ၏ နှလုံးသားထဲတွင် ရုတ်တရက် အေးခဲသွားရသည်။ ဓားနှစ်စင်းသည် ချူးယွင်ဖန်းကို ပိုက်ကွန်တစ်ခုကဲ့သို့ ဖောက်ချလိုက်သည်။ သူမလက်ထဲမှ ဓားနှစ်စင်းသည် ရေကူးနေသော နဂါးများနှယ်၊ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ အားနည်းသောနေရာများကို တိုက်ရိုက်တိုက်ခိုက်လျက်၊ သူလွတ်မြောက်နိုင်မည့် လမ်းများအားလုံးကို ပိတ်ဆို့ပစ်လိုက်သည်။
တိုက်ခိုက်မှုများအားလုံးသည် အလွန်လျင်မြန်လှသည်။
“ချီးပဲ၊ ချူးယွင်ဖန်းရှုံးတော့မှာပဲ၊ ပိုင်ပင်းဝူကလည်း သူ့ခွန်အားအစစ်ကို ဖုံးကွယ်ထားတာ”
“ပြီးခဲ့တဲ့ တိုက်ပွဲတွေမှာ၊ သူ ဒီလိုမျိုး အရှိန်နဲ့ ခွန်အားကို မထုတ်သုံးခဲ့ဘူး”
“ဒါက ပိုင်ပင်ဝူအတွက် ချူးယွင်ဖန်းကပဲ ထိုက်တန်တဲ့ပြိုင်ဘက်လို့ ဆိုလိုတာလား”
လူအများက အံ့အားသင့်စွာ အော်ဟစ်လျက်ရှိကြသည်။ ပိုင်ပင်းဝူ၊ အနိုင်ရတော့မည်ဖြစ်၏။
“ပြီးပြီ” ပိုင်ပင်းဝူက အေးစက်စွာပြောလိုက်သည်။
ဓားသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အနှံ့ကို ဖြတ်သန်းသွားပြီးနောက်၊ ချက်ချင်းပင် သူ့ကို ဖြိုခွဲချေမှုန်းပစ်လိုက်သည်။
သာမန်လူတစ်ဦးသာဆိုလျှင် ဤဓားပိုက်ကွန်ကို ရှောင်တိမ်းနိုင်လိမ့်မည်မဟုတ်သော်လည်း ယခုအချိန်တွင် ချူးယွင်ဖန်းသည် ဓားပိုက်ကွန်နှင့်အတူ ရွေ့လျားသွားသည်ကို တွေ့လိုက်ရသည်။ ဤဓားပိုက်ကွန် မည်မျှပင် တင်းကြပ်နေစေကာမူ၊ ချူးယွင်ဖန်းသည် အလွယ်တကူရှောင်တိမ်းနိုင်ခဲ့၏။ ပိုင်ပင်းဝူ၏ ဓားများသည် မည်သည့်နေရာသို့စိုက်ရောက်လာမည်ကို သူခန့်မှန်းနိုင်သည့်အပြင်၊ ၎င်းတို့ကိုလည်း အလွယ်တကူရှောင်တိမ်းနိုင်ခဲ့သည်။
ဤသည်ကား၊ ကမ္ဘာအဆင့်ရှစ်ရထားသည့် ရွေ့လျားရေးနည်းစနစ်တစ်ခုဖြစ်သည့် လေပြင်းတိုက်ခတ်ခြင်းသိုင်းပင်ဖြစ်သည်။
ဤရွေ့လျားရေးနည်းစနစ်သည် ချူးယွင်ဖန်း၏ လက်ထဲတွင် အံ့အားသင့်ဖွယ်ပေါက်ကွဲထွက်လျက်ရှိသည်။ ပိုင်ပင်းဝူ၏ တိုက်ခိုက်မှုများမည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေစေကာမူ ၎င်းတို့သည် သူ့ကို မထိခိုက်စေနိုင်ပေ။
ပိုင်ပင်းဝူသည် ခဏတာမျှ အံ့အားသင့်ကာ၊ ရပ်တန့်သွားရသည်။ ချူးယွင်ဖန်းမှ လေပြင်းတိုက်ခတ်ခြင်းသိုင်းကို အသုံးပြုသည်ကို သူမမမြင်ဖူးခဲ့ပေ။ သူသည် Nine Cyclone Phantoms ကိုသာ မကြာခဏအသုံးပြုလေ့ရှိသဖြင့် သူမပြင်ဆင်ထားခြင်းမရှိပေ။
သို့သော် ပိုင်ပင်းဝူသည် တိုက်ပွဲအတွေ့အကြုံအလွန်ရှိလှသဖြင့်၊ သူမ၏ ဓားချက်များလွဲချော်သွားခဲ့သော်လည်း စိတ်အနှောက်အယှက်မဖြစ်ပေ။ သူမလက်ထဲမှ ဓားချက်များ ပို၍ လျင်မြန်လာသည်။ တစ်ခဏအတွင်းတွင်ပင်၊ ဓားကွန်ရက်တစ်ခု ထပ်မံပေါ်ထွက်လာကာ၊ ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။
ဤအခိုက်အတန့်တွင် ပိုင်ပင်းဝူသည် ချူးယွင်ဖန်းမည်သို့တွေးခေါ်နေသည်ကို ဂရုမစိုက်ပေ။ သူမည်ကဲ့သို့ရှောင်တိမ်းနေစေကာမူ၊ သူမသည် သူမ၏ ကိုယ်ပိုင်စည်းချက်အတိုင်းဆက်လက်တိုက်ခိုက်၍ ချူးယွင်ဖန်း၏ လွတ်လမ်းများကို လိုက်လံပိတ်ဆို့ထားသည်။ ချူးယွင်ဖန်း မည်သည့်နေရာတွင်ပုန်းကွယ်နေပါစေ၊ ဓားဖြင့် ထိုးခံရမည်ဖြစ်၏။
ချူးယွင်ဖန်းသည် ဤသည်ကို သဘောပေါက်နားလည်သည့်တိုင် စိုးရိမ်ခြင်းအလျင်းမရှိပေ။ ခဏတာမျှ တိုက်ခိုက်ပြီးနောက်၊ ပိုင်ပင်းဝူသည် အမြန်နှုန်းနှင့်၊ သိုင်းပညာလမ်းကြောင်းကို လျှောက်သူတစ်ဦးဖြစ်ကြောင်း သူတွေ့ရှိလိုက်ပြီဖြစ်၏။ သူမသည် လျှပ်စီးတမျှ လျင်မြန်ကာ၊ သူမ၏ သိုင်းပညာသည်လည်း ပြစ်ချက်ကင်းလှသည်။ ဤသည်ကား ကြောက်မက်ဖွယ်အကောင်းဆုံးသောအပိုင်းဖြစ်သည်။
“ငါ မင်းရဲ့သိုင်းကွက်တွေကို မရှောင်နိုင်ဘူးဆိုမှတော့၊ ထိပ်တိုက်ပဲရင်ဆိုင်ရတော့မှာပေါ့” ချူးယွင်ဖန်းကပြုံးလိုက်သည်။
ချွင်
ချူးယွင်ဖန်း၏ နောက်ကျောဘက်ရှိ အရိပ်မဲ့ဓားသည် ရုတ်တရက် ပေါ်ထွက်လာ၏။ ထိုအသံသည် နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ပင်အလွန်ကျယ်လောင်လှကာ၊ အရိပ်မဲ့ဓားသည် ချက်ချင်းပင် ပိုင်ပင်းဝူကို ရက်စက်စွာ ခုတ်ပိုင်းပစ်လိုက်သည်။
ထိတ်လန့်ဖွယ်ရာ၊ ထိတိုက်မှုတစ်ခု ဖြစ်ပျက်သွာားသည်။ ဓားနှစ်စင်းဖြင့် ဖွဲစည်းထားသော ဓားကွန်ရက်ကို ဓားအလင်းတစ်ခုက ဖြတ်တောက်ပစ်လိုက်ရာ၊ ထို ဓားကွန်ရက်ကြီးတစ်ခုလုံး လုံးလုံးပျောက်ကွယ်သွား၏။ ဓားသိုင်းပညာသည် မည်မျှပင် ကြောက်မက်ဖွယ်ကောင်းနေစေကာမူ၊ ၎င်းကို ထိပ်တိုက်ရင်ဆိုင်နိုင်ပါက၊ ၎င်းသည် လုံးဝအသုံးဝင်လိမ့်မည်မဟုတ်ပေ။
ဓားသည် တိုက်ခိုက်မှုများအားလုံးကို ကျော်ဖြတ်၍ ၎င်းနှင့်အတူ၊ ဓားရိပ်များအားလုံးပျောက်ကွယ်သွားသည်။
ပိုင်ပင်းဝူသည် ထိုထိပ်တိုက်တွေ့မှုကြောင့် သူမ၏ လက်နှစ်ဖက်လုံး ဒဏ်ရာရသွားသည်ကို ခံစားလိုက်ရသည်။ ချူးယွင်ဖန်း၏ ခွန်အားကို ခံစားသိရှိပြီးနောက်၊ သူမ၏ အမူအရာသည် အလွန်ပြင်းထန်လာ၏။ နားလည်ရခက်သော တိုက်ခိုက်ရေးပုံစံသည် သူမအတွက် အလွန်ဆိုးရွားလွန်းလှသည်။ လူတစ်ယောက်၏ ခွန်းအားသည် အတိုင်းအတာတစ်ခုအထိရောက်၍ အတားအဆီးများအားလုံးကို ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်ကျော်နိုင်ခြင်းသည် ဟာသမဟုတ်သည်မှာ သေချာသည်။ အစောပိုင်းက ပိုင်ပင်းဝူ၏ လှပကျောရှင်းသော ဓားပိုက်ကွန်ကို ချူးယွင်ဖန်းသည် ဓားချက်တစ်ချက်တည်းဖြင့် ချိုးဖောက်ပစ်လိုက်သည်။
သို့သော် ဤအရာများကို စဥ်းစားရမည့်အချိန်မဟုတ်သည်မှာ ထင်ရှားသည်။ ပိုင်ပင်းဝူသည် မြေပြင်ပေါ်သို့ ဖနောင့်တစ်ချက်ပေါက်၍ ပျောက်ကွယ်သွားသည်။ သူမပြန်ပေါ်လာသောအခိုက်အတန့်တွင်၊ ချူးယွင်ဖန်းဘေးသို့ရောက်ရှိနေပြီဖြစ်၏။ သူမသည် တိုက်ရိုက်တိုက်ခိုက်မှုကို မကျော်ဖြတ်နိုင်သဖြင့် ဘေးဘက်မှ တိုက်ခိုက်ရန်စီစဥ်လိုက်ခြင်းဖြစ်သည်။
မျက်စိတစ်မှိတ်အတွင်းတွင် ပိုင်ပင်းဝူသည် ချူးယွင်ဖန်း၏ဘေးတွင် မတ်တပ်ရပ်နှင့်နေပြီဖြစ်၏။ သာမန်လူများသည် ထိုကဲ့သို့သော အရှိန်အဟုန်ဖြင့် လိုက်နိုင်လိမ့်မည်မဟုတ်ပေ။
သို့သော် ခွန်အားဖြစ်စေ၊ အမြန်နှုန်းဖြစ်စေ၊ အဆင့်တစ်ခုသို့ရောက်သောအခါတွင် အရာအားလုံးကို ချေမှုန်းနိုင်လိမ့်မည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းသည်လည်း အလွန်လျင်မြန်လှသဖြင့် ထိုချေမှုန်းခံရမည့်ထဲတွင် ချူးယွင်ဖန်း မပါဝင်ပေ။
ပိုင်ပင်းဝူသည် သူမကိုယ်သူမထိန်း၍ ချူးယွင်ဖန်းကို ပြောင်းလဲတိုက်ခိုက်တော့မည့်အချိန်တွင် ချူးယွင်ဖန်းသည် ရုတ်တရက် သူမဘက်သို့လှည့်လာ၍ လက်ထဲမှ ဓားဖြင့်ခုတ်ပိုင်းချလိုက်သည်ကို မြင်လိုက်ရသည်။
ဓားရှည်သည် လေကို ခွင်း၍ ပြင်းထန်သောအသံဖြင့် ပေါက်ကွဲသွားကာ၊ သူမထံသို့တိုက်ရိုက်သက်ဆင်းလာ၏။
ယခုလေးတင် ပိုင်ပင်းဝူရပ်နေသော နေရာကို ဓားအလင်းရိုက်ခတ်သွားသဖြင့် ပိုင်ပင်းဝူသည် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးအကွာအဝေးအတွင်းမှ ခုန်ထွက်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်ခြောက်ခြားသောအမူအရာတစ်ခု ပေါ်လာ၏။ သူမ၏ ကျောပြင်ထက်တွင် ချွေးများ စိုရွှဲလာသည်။ ထိုတိုက်ခိုက်မှုသည် စက္ကန့်ပိုင်းမျှသာကြာမြင့်သော်လည်း နှစ်ဖက်စလုံး၏ တိုက်စစ်နှင့် ခံစစ်အနေအထားများ လုံးဝပြောင်းလဲသွားခဲ့သည်။
‘ဘာလို့ သူအရမ်းမြန်နေတာလဲ’ ပိုင်ပင်းဝူ၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်မှုဖြင့် ဖြူဖျော့သွားသည်။ ချူးယွင်ဖန်း၏ အရှိန်သည် သူမခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်သွားခဲ့သည်။ ချူးယွင်ဖန်းသည် သူ၏ ပစ်မှတ်ကို လွတ်သွားပြီးနောက်၊ တစ်စက္ကန့်မျှပင် ထပ်တွေးခြင်းမရှိ ထပ်မံတိုက်ခိုက်လိုက်သည်။
“ မိုးကြိုးဓားသိုင်း”
ချီစွမ်းအင်များအားလုံးသည် အရိပ်မဲ့ဓားရှည်၏ အနက်ရောင်ကိုယ်ထည်ထဲသို့ တိုးဝင်ကာ၊ ပိုင်ပင်းဝူထံသို့ ဦးတည်သွားသည်။
အခန်း(၃၈၀) ဗိုလ်လုပွဲ
ဤအချိန်တွင် အခြေအအနေသည် ပြောင်းပြန်ဖြစ်သွားသည်။ ချူးယွင်ဖန်းသည် ပိုင်ပင်းဝူ၏ နောက်သို့ ဆက်လက်လိုက်နေရာ၊ ပိုင်ပင်းဝူသည် ယခင်က သူမအနိုင်ယူခဲ့သည့် ပြိုင်ဘက်များနှင့်ရင်ဆိုင်ခဲ့ရသကဲ့သို့ စိတ်အေးလက်အေးမဖြစ်တော့ပေ။
“ဒါ .. ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ပိုင်ပင်းဝူမရှုံးနိုင်ဘူးမလား။ ငါသူနိုင်မယ်လို့ ငါးသိန်းဖိုးလောင်းထားတယ်ကွ၊ ငါလိုးတဲ့မှ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ယွမ်ငါးသိန်းဟုတ်လား၊ ညီကို မင်း သူ့ကို အရမ်းအထင်ကြီးလွန်းတယ်”
“ချန်ပီယံဖြစ်လာနိုင်ချေအရှိဆုံးက အမြဲသူပဲဖြစ်ခဲ့တာမဟုတ်ဘူးလား။ သူပြိုင်ပွဲအားလုံးကို အနိုင်ယူခဲ့တယ်လေ အား ငါ့ပိုက်ဆံပြန်မရနိုင်ဘူးလား”
ပိုင်ပင်းဝူသည် ဤကဲ့သို့ နောက်မှ လိုက်ခံနေရသည့်အချက်ကို ကျောင်းသားအများအပြားက လက်မခံနိုင်ကြပုံရသည်။
“ဒါဘယ်လိုဖြစ်နိုင်မှာလဲ၊ ပိုင်ပင်းဝူက သူ့ကို ပြန်မတိုက်ဘူးလား”
“ငတုံး သူပြန်မတိုက်တာမဟုတ်ဘူးကွ၊ ပြန်မတိုက်နိုင်တာ၊ ချူးယွင်ဖန်းရဲ့ခွန်အားက ကြောက်စရာကောင်းလွန်းတယ်။ သူ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် ပိုင်ပင်းဝူအရေးနိမ့်သွားနိုင်တယ်။ သူနဲ့ထိပ်တိုက်ရင်ဆိုင်ရင် ပင်းဝူ သိုင်းသုံးကွက်အတွင်းရှုံးသွားမှာတောင်စိုးတယ်”
ဒုတိယနှစ်ကျောင်းသားတစ်ယောက်က ပြတ်သားစွာပြောလိုက်သည်။ ဤကျောင်းသားသည် သာမန်ဒုတိယနှစ်ကျောင်းသားတစ်ဦးထက် သိသိသာသာ သန်မာလျက်ရှိသဖြင့် သူသည် ကွင်းထဲရှိ ဖြစ်ပျက်နေသော အပြောင်းအလဲများကို ကောင်းစွာသိမြင်နိုင်၏။
ဒုတိယနှစ်ကျောင်းသားက ထိုသို့ပြောလိုက်သော်လည်း သူသည် သရဲတစ္ဆေမြင်လိုက်ရသကဲ့သို့ ကြောင်အစွာကြည့်နေမိသည်။ ပိုင်ပင်းဝူသည် မြန်ဆန်သော်လည်း သူမ၏ ခွန်အားသည် ချူးယွင်ဖန်းတမျှ မကောင်းလှပေ။ သာမန်အခြေအနေများအရ သူမသည် ဤကဲ့သို့ အဆုံးသတ်သွားလိမ့်မည်မဟုတ်ပေ။
ဤဒုတိယနှစ်ကျောင်းသား၏ အမြင်တွင် တစ်ဦးသည် အလွန်မြန်ဆန်၍ တစ်ဦး၏ ခွန်အားသည်မူ အကန့်အသတ်မဲ့၏။ ၎င်းတို့နှစ်ဦးအကြားမှတိုက်ပွဲသည် အလွန်ပြင်းထန်လှသည်။ ထို့ကြောင့် ဤသည်က အလွန် စိတ်ဝင်စားဖွယ်ကောင်းလှ၏။ သို့သော် လက်တွေ့တွင် ထိုသူနှစ်ဦး၏ တိုက်ပွဲကိုကြည့်၍ ငိုချင်သကဲ့သို့ဖြစ်လာကြသည်။ ချူးယွင်ဖန်းသည် အလွန်သန်မာရုံမျှမက၊ သူ၏ အမြန်နှုန်းသည်လည်း ပိုင်ပင်းဝူထက်မနှေးလှပေ။ ထို့ကြောင့် ပိုင်ပင်းဝူက ချူးယွင်ဖန်းကို ထိပ်တိုက်မတိုက်ရဲရသည့်အကြောင်းပင်ဖြစ်၏။
ဤသည်က ပြီးပြည့်စုံသော အရေးနိမ့်မှုတစ်ခုဖြစ်ကြောင်း ထင်ရှားသည်။ အထူးဆန်းဆုံးမှာ ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ ကျွမ်းကျင်မှုသည် ပိုင်ပင်းဝူထက် အနည်းငယ်လေးမျှပင် နိမ့်ကျနေခြင်းမရှိပေ။ ဤအတိုင်းအတာအထိ ချူးယွင်ဖန်း ရောက်ရှိလာနိုင်ခြင်းသည် အနည်းငယ်ထူးဆန်းရုံသာမက၊ မြောက်များစွာထူးဆန်းနေခြင်းဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ လူများသည် ပိုင်ပင်းဝူက မတိုက်ခိုက်ချင်ခြင်းထက်၊ တိုက်ခိုက်၍မရခြင်းဖြစ်ကြောင်း နားလည်လာကြသည်။ သူမထိပ်တိုက်ရင်ဆိုင်ပါက၊ ကြာကြာတောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။
ပိုင်ပငန်းဝူသည် သန်မာ၍ သူမ၏ ရုပ်ရည်သွင်ပြင်သည်လည်း လှပကျော့ရှင်းသည်။ အချိန်တိုအတွင်းတွင် ပြည်ထောင်စုတက္ကသိုလ်အတွင်း၌ ပရိတ်သတ်များစွာရရှိခဲ့သည်။ ဤအခိုက်အတန့်တွင် ထိုသူတို့အားလုံး အော်ဟစ်နေကြသည်။ ချူးယွင်ဖန်းသည် အမျိုးသမီးများကို မည်သို့ ဂရုစိုက်ပေးရမည်ကို မသိပေ။ နောင်အနာဂတ်တွင် ညပိုင်းလမ်းလျှောက်သည်အခါတွင် သတိထားရန် ချူးယွင်ဖန်းကို အော်ဟစ်နေကြ၏။
မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့သည် ချူးယွင်ဖန်း၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို မကိုင်လှုပ်နိုင်ကြပေ။
“ငါ ချူးယွင်ဖန်း ဒီလောက်ထိ သန်မာနေလိမ့်မယ်လို့ မထင်ထားဘူး”
လူအုပ်အတွင်းမှ ချူးယွင်ဖန်းထက် သိသိသာသာငယ်ရွယ်သော မိန်းကလေးတစ်ယောက်သည် ကွင်းအလယ်ရှိ ခေါင်းမော့ရင်ကော့လျက်ရှိသည့် ချူးယွင်ဖန်းကို ကြည့်လျက်ရှိသည်။ သူမ၏ မျက်လုံးများသည် တုန်လှုပ်ခြောက်ခြားနေပုံပေါ်၏။
အနှီမိန်းကလေးသည် ချူးယွင်ဖန်းသည် ဆေးပညာရပ်တွင်သာ အံ့ဖွယ်စွမ်းရည်များရှိသည်ဟု ထင်ခဲ့သည်။ သို့သော်၊ ယခုအခါမှသာ အမှန်တရားကို သဘောပေါက်နားလည်သွားရသည်။ ချူးယွင်ဖန်းသည် ဆေးပညာရပ်တွင် အံ့အားသင့်ဖွယ်ရာစွမ်းရည်ရှိရုံသာမက၊ တိုက်ပွဲတွင်လည်း ထူးချွန်သူဖြစ်သည်။
ထို့အပြင် ချူးယွင်ဖန်း၏ သိုင်းပညာအရည်အချင်းနှင့် ခွန်အားသည် သူ၏ဆေးပညာထက် မနိမ့်ကျလှပေ။ ဤမိန်းကလေးသည် အသက်ဆယ့်ငါးနှစ်တွင် တရားဝင်ဆေးပညာရှင်ဖြစ်နေပြီဖြစ်သဖြင့် သူမနှင့်ရွယ်တူများကြားတွင် အကောင်းဆုံးဟု ဆို၍ရနိုင်၏။ သို့သော် ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်ကဲ့သို့ ထိပ်တန်းတက္ကသိုလ်ကြီးတွင် ထူးချွန်ပေါ်လွင်စွာရပ်တည်နိုင်ခြင်းသည် သူမ တရားဝင်ဆေးပညာရှင်ဖြစ်လာခြင်းကဲ့သို့ပင် မလွယ်ကူကြောင်း သူမသိသည်။
နှစ်ယောက်စလုံးသည် ရွယ်တူများအားလုံး၏ အထွဋ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် မည်ကဲ့သို့ ဤသို့လုပ်နိုင်သနည်း။ အချို့သောသူများသည် မွေးရာပါပါရမီရှင်များဖြစ်ကြောင်းနှင့် အချို့သည်မူ၊ အမှန်တကယ်ပင် မတူညီကွဲပြားကြကြောင်း ထိုမိန်းကလေး လက်ခံရမည်ဖြစ်သည်။
ဤအချိန်တွင် ချူးယွင်ဖန်းသည် ပိုင်ပင်းဝူကို ကွင်းထောင့်သို့ ချောင်ပိတ်မိစေရန် တဖြည်းဖြည်းခြင်းဖိအားပေးနိုင်ခဲ့သဖြင့် ယခု ချူးယွင်ဖန်းသည် လွတ်လပ်စွာတိုက်ခိုက်နိုင်ပြီဖြစ်သည်။
ပိုင်ပင်းဝူက သူ့ကို ထိပ်တိုက် မတိုက်ခိုက်ဝံ့ခြင်းသည် သူမအတွက် အလွန်နစ်နာသွားနိုင်လွန်းသောကြောင့်ဖြစ်ရာ၊ ချူးယွင်ဖန်းသည် သူမ သူ့ကို ထိပ်တိုက်ရင်ဆိုင်လာစေရန် ချောင်ပိတ်မိစေလိုက်ခြင်းဖြစ်သည်။
နောက်ဆုံးတွင် တိုက်ပွဲသည် ထိုသို့သော အတိုင်းအတာအထိ ရောက်ရှိလာခဲ့ပြီဖြစ်သဖြင့် ပိုင်ပင်းဝူတွင် အခြားရွေးချယ်ရာလမ်းမရှိပေ။ သူမသည် ချူးယွင်ဖန်းကို အေးစက်စွာလှည့်ကြည့်လိုက်သည်။ သူမတွင်ရွေးချယ်စရာ ခပ်များများမကျန်တော့သည်ကို သူမသိထားသည်။ တကယ်တမ်းတွင် သူမတွင် ရွေးချယ်စရာတစ်ခုမျှပင်မရှိတော့ပေ။
ပိုင်ပင်းဝူ၏ လက်ထဲမှ ဓားနှစ်ချောင်းသည် ဓားမုန်တိုင်းများကို ဖန်တီးပစ်လိုက်သည်။ ဤသည်ကား သူမ မသုံးချင်ခဲ့သော သူမ၏ ဝှက်ဖဲတစ်ခုဖြစ်သည်။ သူမ၏ အမြင်တွင် ဤသိုင်းကွက်ကို အသုံးပြု၍ တိုက်ခိုက်ရန် မည်သူမျှ မထိုက်တန်ဟု ထင်ထားခဲ့သော်လည်း ချူးယွင်ဖန်းသည် သူမအား ဤအတိုင်းအတာအထိဖြစ်စေနိုင်ခဲ့သည်။
ဓားသွားများည် အရာအားလုံးကို ဝါးမြိုတော့မည့် မုန်တိုင်းတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။ ချီစွမ်းအင်များအားလုံးပျံ့နှံ့သွားပြီးနောက် တစ်ခဏအတွင်းတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဓားချက်တစ်ခု ပေါ်ထွက်လာသည်။
ချူးယွင်ဖန်းသည် ဤအရာမှာ ပိုင်ပင်းဝူ၏ ဝှက်ဖဲဖြစ်ကြောင်းသိလိုက်သည်။ သူဤတိုက်ခိုက်မှုကို ချိုးဖျက်နိုင်ပါက ချန်ပီယံဆုသည် သူ့အိတ်ထဲသို့ရောက်လာလိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းသည် ထိုအကြောင်းကို တွေးပင်မတွေးဘဲ၊ သူ့လက်ထဲက ဓားကို ရုတ်တရက် ခုတ်ပိုင်းပစ်လိုက်သည်။
“ကောင်းကင်မိုးကြိုး”
ဓားသည် သတ်ဖြတ်ရန် စွမ်းအင်များဖြင့် ပေါက်ကွဲသွားကာ၊ ဓားသွားသည် အရာအားလုံးကို ချိုးဖျက်နိုင်သကဲ့သို့ ပြောင်းလဲသွားပြီးနောက်၊ ပိုင်ပင်းဝူ၏ ဓားမုန်တိုင်းကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။
ချွင်
ချွင်
ချွင်
ပိုင်ပင်းဝူ နောက်သို့ပြန်ဆုတ်သွားကာ၊ သူမမျက်နှာထက်တွင် ညိုမှိုင်းသောအမူအရာတစ်ခုပေါ်လာသည်။ ချူးယွင်ဖန်းထက်ပို၍ ကိုင်တွယ်ရခက်သော ပြိုင်ဘက်မျိုးကို သူမတစ်သက်တာတွင် တစ်ခါမျှ မကြုံဖူးသကဲ့သို့၊ တစ်ခါမျှလည်း မကြောက်လန့်ဖူးပေ။
ချူးယွင်ဖန်း၏ နားလည်ရခက်သောတိုက်ခိုက်ရေးပုံစံသည် သူမပြေးမလွတ်နိုင်သော ဝဋ်တစ်ခုကဲ့သို့ ကူကယ်ရာမဲ့စေသည်။ သို့သော် ချူးယွင်ဖန်းသည် မိန်းကလေးတစ်ဦးအတွက် အနည်းငယ်မျှပင် သနားညှာတာလိုစိတ်မရှိနေပေ။ သူ့လက်ထဲမှ ဓားဖြင့် ချက်ချင်းခုတ်ပိုင်းချလိုက်၏။
ပိုင်ပင်းဝူသည် ချက်ချင်းပင် ခုတ်ပိုင်းခံလိုက်ရကာ၊ အလင်းဘောလုံးတစ်လုံးအဖြစ်ပြောင်းလဲ၍ ကွင်းထဲမှ ပျောက်ကွယ်သွားသည်။
ကနဦးတိတ်ဆိတ်သွားကြပြီးနောက်၊ အားကစားကွင်းတစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ တိုက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးခဲ့ပြီဖြစ်သည်။ ယခုနှစ် ဆရာရွေးချယ်ခြင်းတိုက်ပွဲအတွက် ချန်ပီယံသည် ချူးယွင်ဖန်းပင်ဖြစ်သည်။
“ဘုရားရေ၊ ချန်ပီယံကို ဆုံးဖြတ်ပေးလိုက်ပြီလား။ ငါဘာလို့ ဒီလောက် မယုံမကြည်နိုင်ဖြစ်နေရတာလဲ”
“ပိုင်ပင်းဝူ ရှုံးသွားတယ်၊ သူတကယ်ရှုံးသွားတယ်၊ ငါ့ပိုက်ဆံတွေ၊ ငါ့ပိုက်ဆံတွေ ပြန်မရတော့ဘူး”
“ဘယ်သူမှ စွမ်းအင်သန့်စင်ခြင်းအဠမအဆင့်ပဲရှိသေးတဲံချူးယွင်ဖန်းကို မြင်းနက်တစ်ကောင်ဖြစ်နေပြီး၊ နောက်ဆုံးနိုင်တဲ့သူဖြစ်လာလိမ့်မယ်လို့ မထင်ထားကြဘူး”
“ချူးယွင်ဖန်းက မိန်းကလေးတစ်ယောက်ကို ဘယ်လိုကရုဏာပြရမလဲဆိုတာ တကယ်မသိဘူး။ ငါတို့နတ်ဘုရားမက အရမ်းလှတာကိုတောင် သူက အဲ့လိုမျိုးကြီးတိုက်ခိုက်လိုက်သေးတယ်”
ခဏတာမျှ၊ ဆွေးနွေးမှုများစွာဖြင့် ပြယာခတ်သွားကြသော်လည်း ဤတိုက်ပွဲအပြီးတွင် ထောင်သောင်းချီသော ကျောင်းသားများအကြား၌ ချူးယွင်ဖန်းပေါ်လွင်လာကာ၊ သူ့နာမည်သည်လည်း ကျော်ကြားလာ၏။ သူ၏ ကျော်ကြားမှုသည် သန့်စင်ခြင်းအဆင့်ရှိ ကျောင်းသားများကိုပင် ကျော်လွန်သွားနိုင်သည်။
ကနဦးထိတ်လန့်မှုအပြီးတွင် လူအများက ဤအရာကို လက်မခံနိုင်ဖွယ်မရှိဟု ယူဆလာကြသည်။ နောက်ဆုံးတွင်မူ ချူးယွင်ဖန်းသည် ပြိုင်ပွဲတစ်ခုလုံး၌ ကြီးစိုးနေခဲ့သည်ပင်ဖြစ်၏။
အခန်း(၃၈၁) ဆရာ ကျန်းယွမ်ပင်
ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းအဠမအဆင့်တွင်သာ ရှိနေခြင်းမဟုတ်လျှင် မည်သူကမျှ သူ့ကို မြင်းနက်တစ်ကောင်နှင့်တင်စားပြောဆိုကြလိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ကျင့်ကြံရေးအဆင့်တွင် အခြားသူများနှင့်တန်းတူမဟုတ်သောကြောင့် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ သူ့ထက်သာလွန်သူများ၊ သိပ်မကျော်ကြားသူများမှသည်၊ အကောင်းဆုံးသော လက်ရွေးစင်များအထိ၊ သူနှင့်တူညီသောကျင့်ကြံရေးအဆင့်ရှိသူများကို အနိုင်ယူရန်ပင်အလွန်ခက်ခဲလှပြီဖြစ်သည်။ သို့သော်၊ ၎င်းတို့ ဝန်ခံလိုသည်ဖြစ်စေ၊ မဝန်ခံလိုသည်ဖြစ်စေ၊ ချူးယွင်ဖန်းသည် ချန်ပီယံဖြစ်လာခဲ့သည်။
ချူးယွင်ဖန်းသည် ကမ္ဘာအတုမှ ထွက်ခွာလာခဲ့ပြီးနောက်၊ သူ၏တာဝန်ကျရာ၊ ဗီလာ၌ပင်ရှိနေသေး၏။ သူ၏နောက်ဆုံးဆရာ မည်သူမည်ဝါဖြစ်ကြောင်း သိရှိရန် အလျင်စလိုပြုမူခြင်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ၊ အဆုံးသတ်တွင် စိတ်ကျေနပ်ဖွယ်ရလဒ်တစ်ခုရရှိခဲ့သည်။
ချူးယွင်ဖန်း ကမ္ဘာအတုမှ ထွက်လာသည်နှင့်တစ်ပြိုင်နက်၊ ဂုဏ်ပြုအီးမေးလ်များစွာသည် သူ၏စာဝင်ပုံးထဲသို့ နှင်းပွင့်များကဲ့သို့ ဝင်ရောက်လာသည်။ ပြည်ထောင်စုတက္ကသိုလ်မှလူများစွာနှင့် မသိသေးသော်လည်း စွန့်ပစ်မြေ ၆၆တွင် သူတွေ့ဖူးသူအချို့ရှိသည်။ ၎င်းတို့ကို တစ်ယောက်ပြီးတစ်ယောက်စာပြန်ပြီးနောက်၊ ချူးယွင်ဖန်းသည် ပိုင်လင်အာထံမှလည်း ဂုဏ်ပြုစာရရှိခဲ့သည်ကို တွေ့ရှိခဲ့ရသဖြင့် ပြုံးလိုက်မိသည်။
ရုတ်တရက် ချူးယွင်ဖန်းသည် လုံးလုံးမသိသောအီးမေးလ်တစ်စောင်လည်း လက်ခံရရှိခဲ့သည်။
[ငါက မင်းရဲ့ဆရာပါ ဒီကိုလာခဲ့ပါ]
ဤစာနှင့်အတူ၊ လိပ်စာတစ်ခုလည်းပါဝင်သည်။ ဤမေးလ်သည် ပြည်ထောင်စုတက္ကသိုလ်၏ တရားဝင်စနစ်ဖြင့်ပေးပို့လာခြင်းဖြစ်သဖြင့် ၎င်းကို သံသယမဝင်ခဲ့ပေ။ အကယ်၍ သူ၏ နည်းပြဆရာအစစ်မဟုတ်ပါက၊ ပြည်ထောင်စုတက္ကသိုလ်အမည်ဖြင့် ဤစာကိုပေးပို့ရန် မဖြစ်နိုင်ပေ။
စုရပ်သည် ပြည်ထောင်စုတက္ကသိုလ်၏ မြို့လယ်ရှိ သင်ကြားရေးအဆောက်အဦ၏ ခေါင်မိုးပေါ်တွင်ဖြစ်သည်။ နေရောင်ခြည်သည် တောက်ပစွာထွန်းပွင့်၍ နွေးထွေးစွာ ဖြာကျလျက်ရှိသည်။ တက္ကသိုလ်တွင် အတိုးတက်ဆုံးသော ဂေဟစနစ်အချို့ရှိသဖြင့် တစ်နှစ်ပတ်လုံးသည် နွေဦးရာသီကဲ့သို့ဖြစ်နေ၏။
နေရာင်ခြည်သည် သူ့ခန္ဓာကိုယ်ပေါ်သို့ ဖြာကျလျက်၊ နွေးထွေးသော နွေဦးလေပြည်များက သူ့ကို ရိုက်ခတ်သွားသည်။ ချူးယွင်ဖန်းသည် ထိုကဲ့သို့သော အတွေ့အကြုံမျိုးကို မခံစားခဲ့ရသည်မှာ ကြာပြီဖြစ်သဖြင့် မူးဝေလာသကဲ့သို့ခံစားလိုက်ရသည်။
ရှပ် ရှပ် ရှပ်
ခြေသံများအစီအရီကြားရပြီးနောက်၊ လှေကားထိပ်တွင် ပုဂ္ဂိုလ်တစ်ဦးပေါ်လာသည်။ ပြတ်သားသောအသွင်အပြင်နှင့် အသက်သုံးဆယ်ကျော်ဝန်းကျင်ရှိမည့် လူလတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။ သူသည် ကောင်းကင်ယံသို့ထိုးဖောက်နိုင်သည့် လှံရှည်တစ်စင်းကဲ့သို့ ရှည်လျား၍ တောင့်ဖြောင့်ရာ၊ ကောင်းကင်ကို ထောက်ထားသော ကျောက်တိုင်တစ်ခုကဲ့သို့ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။
သူက ချူးယွင်ဖန်းထံသို့ ဖြည်းညှင်းစွာလမ်းလျှောက်သွား၍ ပြောလိုက်သည်။
“ငါ့နာမည်က ကျန်းယွမ်ပင်ပါ၊ ငါက မင်းရဲ့ဆရာပဲ”
“ခင်ဗျားက ကျုပ်ဆရာလား” ချူးယွင်ဖန်းသည် လူလတ်ပိုင်းအရွယ်အမျိုးသားကို သံသယအကြည့်ဖြင့်ကြည့်လိုက်သည်။
“ဘာလို့လဲ၊ ငါ့အရည်အချင်းတွေကိုသံသယရှိနေတာလား” လူလတ်ပိုင်းအရွယ် ကျန်းယွမ်ပင်က ပြုံး၍ပြောသည်။
“မဟုတ်ပါဘူး။ ကျုပ်က နည်းပြဆရာရွေးချယ်တဲ့ပြိုင်ပွဲမှာ ချန်ပီယံပဲလေ။ ကျုပ်ကို ခေါ်ယူချင်တဲ့ ဆရာတွေအများကြီးရှိလောက်တယ်၊ အဲ့လူတွေထဲ ခင်ဗျားက ထိုးထွက်နေတာဆိုတော့၊ ခင်ဗျားမှာ သာမန်ထက်လွန်ကဲတဲ့တစ်ခုခုတော့ရှိရမှာပါ့” ခူျးယွင်ဖန်းသည် ဤသို့ပြော၍ ခေါင်းခါလိုက်သည်။ သူ ဤကိစ္စကို သံသယမရှိပေ။
“မင်းကကောင်းကောင်းအကဲခတ်တတ်တာပဲ၊ မှန်တယ် အဲ့ကောင်တွေက ငါနဲ့ပြိုင်ပြီး မင်းကို ခေါ်ချင်ကြတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူး” ကျန်းယွမ်ပင်းက ဘာသိဘာသာပြောလိုက်သည်။ “ဒါက ငါဆရာစဖြစ်တဲ့ ပထမဆုံးနှစ်ပဲ၊ ငါအမြဲတန်း လူသားနဲ့မွန်းစတားကြားက တိုက်ပွဲရဲ့ ရှေ့တန်းမှာ အမြဲတိုက်ခိုက်ခဲ့ရတယ်။ ဒီနှစ်မှ ဆရာလုပ်ဖို့ပြန်လာခဲ့တာ၊။ ငါ့ရဲ့ ပထမဆုံးအသုတ်ကျောင်းသားဖြစ်ရတာ မင်းအရမ်းကံကောင်းပါတယ်’
“ပထမဆုံးအသုတ်…” ချူးယွင်ဖန်း၏မျက်နှာသည် ရုတ်တရက် မည်းမှောင်သွား၏။
ချူးယွင်ဖန်း၏ သံသယအကြည့်ကို မြင်သောအခါ၊ ကျန်းယွမ်ပင်က ပြောလိုက်သည်။
“မင်းတို့က ငါ့ရဲ့ ပထမအသုတ်ဆိုတော့၊ ငါ့အရင်းအမြစ်တွေအားလုံးကို မင်းပေါ်မှာ ထားရလိမ့်မယ်။ မင်းအကောင်းဆုံး ခံစားခွင့်ရမှာပါ။ နည်းပြတော်တော်များများမှာ သာမန်ပထမနှစ်ကျောင်းသားတွေမရှိဘူးဆိုတာ မင်းသိလာရမှာပါ။ နည်းပြအများစုမှာ အဆင့်တိုင်းကကျောင်းသားတွေရှိတယ်။ ောနက်ဆုံးတော့လည်း ပြည်ထောင်စုတက္ကသိုလ်မှာ ဆရာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကျောင်းသားထောင်သောင်းချီရှိတာဆိုတော့၊ ဆရာတစ်ယောက်စီမှာ ကျောင်းသားနည်းနည်းတော့ ရှိတာပေါ့”
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ဤသည်ကို တွေးပြီးသည့်နောက်၊ ဆရာယွမ်ဘင်၏ ပြောစကားများသည် အဓိပ္ပါယ်ရှိသည်။
“ဒီတစ်ခေါက်၊ မင်းအပါအဝင် ကျောင်းသား ငါးယောက်ကို ငါစုဆောင်းထားတယ်။ သူတို့အားလုံးကို ဒီမှာ စုကြဖို့ ငါပြောထားပြီးသား၊ အခုကစပြီး မင်းတို့အားလုံး ငါ့တပည့်အရင်းတွေဖြစ်လာလိမ့်မယ်”
နည်းပြနှင့် ဆရာသည် မတူညီပေ။ ခေတ်သစ်နည်းပြများသည် ရှေးဆရာကြီးများ၏ အယူအဆနှင့်ပို၍ ဆူသည်။ ၎င်းတို့၏ အသိပညာများကို ကျောင်းသားများထံသို့ ပြန်လည် ဖြန့်ဝေပေးရသည်၊ ၎င်းတို့၏ တိုးတက်မှုအတွက် တာဝန်ရှိကြသည်။ နည်းပြများသည် ၎င်းတို့၏ ဘဝတန်ဖိုးများကို မြှင့်တင်ပေးရန်လည်း တာဝန်ရှိကြ၏။ ဤသည်မှာ ရှေးယခင်ခေတ်များက ဆရာတစ်ဦး၏ အယူအဆနှင့်ကွဲပြားသည်။
များမကြာမီတွင် အခြားလေးဦးသည်လည်း လှေကားထစ်၌ ပေါ်လာ၏။ ၎င်းမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးဖြစ်သည်။ ယောက်ျားနှစ်ယောက်ထဲမှ တစ်ယောက်သည် အရပ်ရှည်၍ ပြတ်သားသော မျက်နှာမျိုးရှိသည်။ ကျန်တစ်ဦးသည်မူ၊ ကြွက်သားတောင့်ခိုင်သော ကိုယ်ခန္ဓာမျိုးရှိသည်။ သူသည် ချူးယွင်ဖန်းနှင့် အရပ်အမောင်းဆင်တူမျှသာရှိ၍ သာမန်အသွင်အပြင်မျိုးရှိသည်။ မိန်းကလေးနှစ်ယောက်ထဲမှ တစ်ယောက်သည် အရပ် ငါးပေခြောက် မြင့်၍၊ သူ့မျက်နှာသည် ထူးထူးခြားခြားမလှပသော်လည်း လှပသည်ဟု ယူဆ၍ရသည်။ အခြားတစ်ဦးသည်မူ၊ အနည်းငယ်ပို၍ အရပ်ပုသော်လည်း ပို၍ ပြင်းထန်သော အရှိန်အဝါမျိုးရှိသည်။
၎င်းတို့ေလးဦးသားသည် ခရီးသွားပန်းနေသည့်ပုံပေါ်ရာ၊ အပြင်မှ ပြန်လာကြခြင်းဖြစ်ကြောင်း ထင်ရှား၏။
“ဆရာ၊ ဘာလို့ ကျွန်တော်တို့ကို ပြန်ခေါ်တာလဲဗျ” အရပ်ရှည်သောကျောင်းသားက မေးလိုက်သည်။
“မင်းတို့ကို ကျောင်းသားအသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ၊ ဒါက ဆရာအသစ်ခန့်အပ်လိုက်တဲ့ တပည့် ချူးယွင်ဖန်းပါ၊ အခုချိန်ကစပြီး သူက မင်းတို့ရဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်လာလိမ့်မယ်”
“ဘာ”
ကျန်းယွမ်ပင်၏ ကြေညာချက်သည် လေးယောက်ကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။ ကျန်းယွမ်ပင်မှ မိမိတို့ကို ပြန်ခေါ်ရခြင်းသည် အဖွဲ့ခေါင်းဆောင်အသစ်ခန့်အပ်မှုကို ကြေညာရန်ဖြစ်လိမ့်မည်ဟု ၎င်းတို့ မမျှော်လင့်ထားကြပေ။
“မှန်တယ်၊ ခေါင်းမရှိတဲ့မြွေက အသက်မရှင်နိုင်ဘူးဆိုတဲ့ ဆိုရိုးစကားအတိုင်း၊ ငါ ဒီအချိန်ကို စောင့်နေတာကြောင့် စောစောက မင်းတို့ကို ခေါင်းဆောင်မခန့်ပေးလိုက်တာပဲ” ကျန်းယွမ်ပင်က ခပ်ပါးပါးပြောသည်။
“ဘာအခြေခံနဲ့လဲ”
“သူ့ကိုယ်သူဘာထင်နေလို့ သူက ကျွန်တော်တို့အထက်မှာ နေချင်နေရတာလဲ”
“ဒီလူက ဘယ်သူလဲ၊ သူက ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်ဖြစ်နိုင်တယ်လို့ ဘယ်လိုထင်လိုက်တာလဲ”
ကျောင်းသားလေးယောက်သည် မတရားသော ကြေညာချက်ကြောင့် ဒေါသတကြီး ပေါက်ကွဲလာကြသည်။ ၎င်းတို့လေးယောက်ကိုမူ ကျန်းယွမ်ပင်မှ လွန်ခဲ့သော တစ်နှစ်ခွဲခန့်တည်းက ရွေးချယ်ခဲ့ခြင်းဖြစ်သဖြင့် ဆရာများရွေးချယ်ခြင်းပြိုင်ပွဲတွင် မပါဝင်ခဲ့ကြပေ။ ၎င်းတို့သည် သတ်မှတ်ချိန်ထက် တစ်လခန့်စော၍ ပြည်ထောင်စုတက္ကသိုလ်သို့ရောက်ရှိလာကြကာ၊ ထိုအချိန်မှစ၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။
သို့သော် ကျန်းယွမ်ပင်သည် ၎င်းတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ အဖွဲ့ခေါင်းဆောင်အဖြစ်မခန့်အပ်ခဲ့ပေ။ ထို့ကြောင့် ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်ဖြစ်လာနိုင်ရန် တစ်ဦးနှင့်တစ်ဦး အမြဲတစေ ပြိုင်ဆိုင်နေခဲ့ကြသည်။ ကျန်းယွမ်ပင်က ၎င်းတို့ကို စမ်းသပ်နေသည်ဟု သူတို့ထင်ကြသည်။ ၎င်းတို့၏ နည်းပြဆရာမှ အခြားသူတ်စဦးကို ရှာ၍ ထိုသူကို ခေါင်းဆောင်အဖြစ်ခန့်အပ်လိမ့်မည်ဟု မမျှော်လင့်ထားကြပေ။
ဤသည်မှာ သူတို့၏ ဆရာအမိန့်ဖြစ်သော်လည်း ၎င်းတို့ မည်သို့မျှ လက်မခံနိုင်ကြပေ။
ဘဝသည် ထိုသို့သော ကမောက်ကမများနှင့်ပြည့်နေ၏။
ချူးယွင်ဖန်းသည်လည်း ကျန်းယွမ်ပင်မှ အဖွဲ့ခေါင်းဆောင်အဖြစ် သူ့ကို ခန့်အပ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“ဒါတွေက မင်းရဲ့ အတန်းဖော်တွေပဲ၊ အရပ်ရှည်တဲ့တစ်ယောက်က ရှဖန် လို့ခေါ်ပြီး၊ နောက်တစ်ယောက်က ခယ့်ယွေ့တဲ့၊ ဒီမိန်းကလေးကတော့၊ လွမ်ရင်းယွီနဲ့ ကျီရှိချင်းပါ၊” ကျန်းယွမ်ပင်သည် ကျောင်းသားများ၏ ဒေါသတကြီးမေးခွန်းများကိုဂရုမစိုက်ပေ။
“မင်းတို့ရဲ့ခေါင်းဆောင်အသစ်က ဒီနှစ်ပြိုင်ပွဲရဲ့ ချန်ပီယံ ချူးယွင်ဖန်းပါ”
ဤစကားကိုကြားလိုက်ကြသည့်တိုင် ကျောင်းသားများသည် ထိတ်လန့်မသွားကြပေ။ ၎င်းတို့လုံးလုံးလျားလျား လက်မခံနိုင်ကြသေးပေ။
ချူးယွင်ဖန်းချန်ပီယံဖြစ်လျှင်လည်း မည်သို့ထူးမည်နည်း။ ယခင်နှစ်များတွင် ချန်ပီယံများသည် သူတို့နှင့် အဆင့်အတူတူမျှသာဖြစ်သည်။ သူသည် မည်သည့်နေရာမှ ရုတ်တရက်ထွက်ပေါ်လာ၍ အခြားသူများ၏ အထက်တွင်ရပ်တည်ချင်နေရသနည်း။