← Chapters

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း (၃၉၄-၃၉၆)

Vol. 27 Ch. 394-396

အခန်း(၃၉၄) မုန်တိုင်းတစ်ခုနီးကပ်လာပြီ၊ မိုးသွေးတွေရွာတော့မယ်

သူ၏ ကိုယ်ခံအားကုန်ဆုံးသွားသော ချူးယွင်ဖန်းအပြင် ရှဖန်နှင့် အခြားသူများသည်မူ မိမိတို့၏ ခန္ဓာကိုယ်မှ သွေးများကုန်ဆုံးလုနီးပါးဖြစ်ကာ၊ ဒဏ်ရာအပြင်းအထန်ရခဲ့ကြသည်။

များမကြာမီတွင် ဒရုန်းတစ်စင်းသည် ကျန်မျောက်ဝံအသေကောင်များကို ဂျက်လေယာဥ်ပေါ်သို့ သယ်ဆောင်သွားကြစဥ်၊ ချူးယွင်ဖန်းတို့အဖွဲ့သည် ဂျက်လေယာဥ်ပေါ်သို့ ပြန်လာခဲ့ကြသည်။ တစ်နာရီခန့်အကြာတွင် လူတိုင်း၏ ဒဏ်ရာများသည် စိုးရိမ်ရသောအခြေအနေတွင် မဟုတ်ကြတော့ပေ။ သူတို့၏ စစ်မှန်သော ချီစွမ်းအင်များနှင့် ခွန်အားများအားလုံး အကောင်းဆုံးအခြေအနေသို့ ပြန်လည်ကောင်းမွန်သွား၏။

ကျန်းယွမ်ပင်သည် သူ၏ တပည့်များကို ကြည့်၍ စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ၎င်းတို့သည် ပြည်ထောင်စုတက္ကသိုလ်၏ လက်ရွေးစင်များဖြစ်ကြကာ၊ ထိုရုတ်တရက်တိုက်ပွဲကြောင့် ၎င်းတို့အနည်းငယ်မျှပင်မကြောက်ကြတော့သည့်အပြင် ထိုသို့တိုက်ခိုက်ခဲ့ခြင်းသည် ကျောင်းသားများ၏ ပြိုင်ဆိုင်မှုစိတ်ဓာတ်ကို နှိုးဆွပေးလိုက်သကဲ့သို့ပင်ဖြစ်သည်။

“အဲ့မျောက်ဝံတွေက ကျွန်တော်တို့အတွက် ဘာမှမဟုတ်ပါဘူး ဆရာ” ရှဖန်က ဂုဏ်ယူစွာဖြင့် ပြုံးပြလိုက်သည်။ သူသည် သူ့ထက် ကျင့်ကြံရေးအဆင့်မြင့်သော မွန်းစတားတစ်ကောင်ကို သတ်ပစ်နိုင်ခဲ့ရာ၊ ပုံမှန်အားဖြင့် သူသည် ဤတောရိုင်းထဲတွင် မဆင်မခြင်မမတိုက်ခိုက်ဝံ့မည်မဟုတ်သော်လည်း သိမ်းငှက်နက်ဆီသို့ ပြန်သွားနိုင်ကြောင်း သိထားသဖြင့် ဒဏ်ရာအပြင်းအထန်ရမည်ကို စိတ်ပူရန် မလိုအပ်ပေ။

“အခြားမျောက်ဝံတွေက မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးလိုက်မယ်လို့ ထင်နေလား” ကျန်းယွမ်ပင်က ချူးယွင်ဖန်းကို ကြည့်၍ အေးစက်စွာရယ်မောလိုက်သည်။

“ကျွန်တော်တို့ ဘာဆက်လုပ်ရမှာလဲ” ခယ့်ယွေ့ကမေးသည်။

“ဒီညတကယ့် စမ်းသပ်ချက်စတော့မယ်။ မင်းတို့ အားလုံး မျောက်ခုနှစ်ကောင်ကို သတ်ခဲ့တာက၊ သူတို့အားလုံးတစ်ဖွဲ့တည်းကဆိုတဲ့သက်သေပဲ။ မျောက်ဝံတချို့ပျောက်နေတယ်ဆိုတာ သူတို့ခေါင်းဆောင်က သတိထားမိမှာပဲ။ သူရောက်လာတဲ့အခါကျရင်၊ မင်းတို့ကို လက်စားချေဖို့ လိုက်ရှာမှာပဲ။ အုပ်စုတစ်ခုလုံးရဲ့ ဒေါသကို မင်းကို ရင်ဆိုင်နိုင်ရမယ်။ အဲ့လောက်လွယ်မယ်လို့ မင်းထင်နေလား” ကျ်နးယွမ်ပင်က ဘာသိဘာသာ ပြောလိုက်သည်။ ထို့နောက်၊ ကျောင်းသားများကိုကြည့်၍ သူသည်လည်း တစ်ခါက နုံအဖူးခဲ့ကြောင်း ပြန်တွေးမိသွားသည်။

ရှဖန်နှင့် အခြားသူများသည် မျောက်ဝံ့များကို ထပ်မံတိုက်ခိုက်ရန်တွေးလိုက်မိသောအခါ၊ ကြောက်သွေးဖြန်းသွားသကဲ့သို့ ခံစားလိုက်ကြရသည်။ မင်းတို့သည် မျောက်ဝံအနည်းငယ်မျှကို ရင်ဆိုင်ခဲ့ရာတွင်ပင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ကြရသည်။ အုပ်စုတစ်ခုလုံးကို ရင်ဆိုင်ရမည့် အကျိုးဆက်များကို တွေးကြည့်၍ပင်မရနိုင်ပေ။

“မျောက်ဝံအုပ်တစ်ခုမှာ မျောက်ဝံရာနဲ့ ချီပြီးရှိတယ်။ ကျွန်တော်တို့က သုံးကောင်ပဲသတ်လိုက်တာဆိုတော့၊ ရေတစ်ပုံးစာမှာ တစ်စက်လောက်ပဲဆိုတဲ့ သဘောပါပဲ” ချူးယွင်ဖန်းက လေးနက်စွာပြောလိုက်သည်။

မှန်သည်။ ကျောင်းသားများသည် သိမ်းငှက်နက် တိုက်လေယာဥ်အတွင်း ပုန်းအောင်းနေကြလျှင် ပြဿနာရှိလိမ့်မည်မဟုတ်သော်လည်း ကျန်းယွမ်ပင်က သူတို့ကို ခွင့်ပြုမထားတော့မည်မှာ ထင်ရှား၏။ ယနေ့ညတွင် မျောက်ဝံများ၏ လက်စားချေမှုကို ရင်ဆိုင်ရန်မှတပါးအခြား ရွေးချယ်ရန်လမ်းမရှိပေ။

“အဲ့တာ မင်းတို့အပေါ်ပဲ မူတည်ပါတယ်။ မင်းတို့သာ လုံလုံလောက်လောက် မသန်မာရင် ဒါမှမဟုတ်၊ ဉာဏ်မမီရှင် မင်းရဲ့ မိသားစုတွေက မင်းတို့သေပြီဆိုတဲ့ သတိပေးစာကိုပဲရကြလိမ့်မယ်။ ငါတို့ကျောင်းမှာ ဘာလို့ ညွှန်ကြားရေးစနစ်ရှိတယ်လို့ မင်းတို့ထင်လဲ။ ထူးချွန်ကျောင်းသားတွေကို ရွေးထုတ်၊ ပျိုးထောင်ဖို့ပဲ။. မင်းတို့က ငါ့ရဲ့ ပထမဆုံးအသုတ်ကျောင်းသားတွေမို့ ပိုတင်းကြပ်မှာ အမှန်ပဲ။ မင်းတို့သာ ဒီစစ်ဆေးချက်ကို မအောင်မြင်ရင် ငါအရမ်းစိတ်ပျက်ရလိမ့်မယ်”

“ပြည်ထောင်စုတစ်ခုလုံးမှာ အကောင်းဆုံးလက်ရွေးစင်ကျောင်းသားတွေဖြစ်လာချင်ရင်၊ မင်းတို့ စွန့်လွှတ်စရာတွေတော့ ရှိမှာပဲ။ အခွင့်အ‌ေရးတစ်ခုတည်းရှိရင်တောင် အဲ့အခွင့်အ‌ေရးထဲကို ရယူသွားမယ့်သူအရေအတွက်က ဆယ်သန်းကျော်တယ်ကွ”

“ကျွန်တော် နားလည်ပါပြီ ဆရာ၊ ကျွန်တော်တို့ ရှင်သန်နိုင်မယ့် နည်းလမ်းရှာကြည့်ပါမယ်” ချူးယွင်ဖန်းက ပြောသည်။

ထို့နောက် ချူးယွင်ဖန်းနှင့် အခြားသူများသည် တောထဲသို့ ပြန်ဆင်းလာကြ၏။

“ဒါဆို ငါတို့ ဘာလုပ်သင့်လဲ၊ မျောက်အုပ်တစ်အုပ်မှာ မျောက်အကောင်ရာချီရှိတယ်။ အဲ့အပြင် မျောက်ဝံခေါင်းဆောင်က မရီးဒျန်သန့်စင်ခြင်းအဆင့် မွန်းစတားတစ်ကောင်ပဲ။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတောင်မှ အလန့်တကြားထွက်ပြေးရလိမ့်မယ်” လွမ်ရင်းယွီက မေးသည်။

“ငါတို့ ထွက်မပြေးနိုင်ဘူး။ ပြည်ထောင်စုတက္ကသိုလ်က သူတို့ ပျိုးထောင်ပေးနိုင်လောက်တဲ့အထိ အစွမ်းအစမရှိတဲ့လူတစ်ယောက်အပေါ်ကို အရင်းအမြစ်တွေ ဖြုန်းတီးပစ်မှာမဟုတ်ဘူး။ မွေးဖွားခြင်းနယ်မြေအထွဋ်အထိပ်အဆင့် ဆရာရဲ့ လမ်းညွှန်မှုကိုရတယ်ဆိုတဲ့အဓိပ္ပါယ်ကို မင်းတို့သိလား။ အခြားသူတွေက သာမန်မွေးဖွားခြင်းနယ်မြေအဆင့် ဆရာတွေရဲ့ လမ်းညွှန်မှုကိုပဲရကြတာ။ ငါတို့အခုလက်လျှော့လိုက်မယ်ဆိုရင် အဲ့ဒီ့ မရီးဒျန်သန့်စင်ခြင်းအဆင့်ကောင်တွေကို ဘယ်တော့မှလိုက်မှီနိုင်မှာမဟုတ်တော့ဘူး” ရှဖန်က အနည်းငယ်စဥ်းစားပြီးနောက်ပြောလိုက်သည်။

ဤသည်ကား ပြည်ထောင်စု၏ ကျင့်ဝတ်စည်းကမ်းဟုပင် ပြော၍ရသည်။ လူသားမျိုးနွယ်၏ ရှင်သန်မှုကို အဆက်မပြတ်ခြိမ်းခြောက်ခံနေရသည့် အခြေအနေမျိုးတွင် လူတစ်ဦးသည် အထောက်အကူမပြုနိုင်ပါက၊ အသုံးမဝင်ပေ။ နောက်ဆုံးတွင်မူ၊ ကောင်းကင်မှ လင်းယုန်သည် မြေပြင်ပေါ်မှ ပုရွက်ဆိတ်နှင့် လားလားမျှ သက်ဆိုင်လိမ့်မည်မဟုတ်ပေ။

“အခြေအနေက အန္တရာယ်ရှိပေမယ့် ဆရာကျန်းက ငါတို့ကို သတ်ပစ်ဖို့မဟုတ်ဘဲ၊ ကိုယ်ဘာသာ လေ့ကျင့်ဖို့ ဒီကို ခေါ်လာခဲ့တာလောဒီကိစ္စမှာ ရှင်သန်နိုင်မယ့် နည်းလမ်းတစ်ခုတော့ရှိကိုရှိရမယ်။ သူ ငါတို့ကို ဒီတိုင်း အသေခံမှာမဟုတ်ဘူး” ချူးယွင်ဖန်းက ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဆရာကျန်းက ထက်မြတ်ပြီး သန်မာဖို့ လိုတယ်လို့ ပြောလိူက်တယ်။ ငါတို့ ခွန်အားတစ်ခုတည်းကို အားကိုးနေလို့မရဘူးကွ၊ သူဘာကို ဆိုလိုတယ်ဆိုတာ ငါသိပြီထင်တယ်”

“ဘာကိုဆိုလိုတာလဲ ခေါင်းဆောင်ချူး” လွမ်ရှင်းယွီက မေးလိုက်သည်။ ချူးယွင်ဖန်းသည် သူမ၏ အသက်ကို ကယ်တင်ခဲ့ဖူးသဖြင့် ယခင်ကထက် ပိုမို ယုံကြည်လာခဲ့သည်။

“ငါတို့ရဲ့ ခွန်အားနဲ့ မလုံလောက်ဘူးဆိုတော့၊ အဲ့မျောက်ဝံတွေကို ဉာဏ်သုံးပြီး ချေမှုန်းရမယ်” ချူးယွင်ဖန်းက သူ့ကို လူတိုင်းကြည့်နေကြောင်း သေချာစေပြီးနောက်၊ ဆက်ပြောသည်။ “မျောက်ဝံတွေအကုန်လုံး ငါတို့ကို ဝိုင်းထားရင် ငါတို့ သေလိမ့်မယ်။ ဒါပေမယ့် တစ်ကြိမ်မှာ နည်းနည်းစီပဲ ရင်ဆိုင်နိုင်ရင် ဖိအားနည်းနည်း နည်းသွားလိမ့်မယ်”

“နင်အဲ့သစ်တွေအကြောင်း ပြောနေတာလား” ကျီရှိချင်း၏ မျက်လုံးများ တောက်ပလာသည်။

ချူးယွင်ဖန်းက ခေါင်းခါ၍ ပြန်ဖြေသည်။

“အဲ့တာ အလုပ်မဖြစ်လောက်ဘူး။ သစ်ပင်တွေက တော်တော်ကျယ်ပေမယ့် ရာနဲ့ချီတဲ့ မျောက်ဝံတွေကို တားနိုင်မှာမဟုတ်ဘူး။ အဲ့အစား ငါတို့ ဂူကို ရှာသင့်တယ်။ လှိုင်ဂူရဲ့ အပေါက်က ငါတို့ ဝင်လို့ ရရုံပဲ ကျယ်တယ်ဆိုရင် ရာနဲ့ချီတဲ့မျောက်ဝံတွေအများကြီး တစ်ခါတည်း ဝင်လာလို့မရဘူး။ အဲ့နည်းနဲ့ ငါတို့ အသက်ရှင်နိုင်တယ်။ ငါတို့ ဒီညအသက်ရှန်ကျန်အောင်၊ လှိုဏ်ဂူတစ်ခုကို အမြန်ဆုံး လူဖြန့်ပြီးရှာသင့်တယ်”

ချူးယွင်ဖန်းက အခြားသူများကို ကြည့်၍ အစုလိုက်အပြုံလိုက်သွေးချောင်းစီးတော့မည်ကို သိလိုက်သည်။ သို့သော် ပထမဦးဆုံး ညအချို့သည် အခက်ခဲဆုံး ဖြစ်ပေလိမ့်မည်။ ရှဖန်နှင့် အခြားသူများသည် ကမ္ဘာဆွဲအား ၀.၅ဆနှင့် သူသည်ဆွဲငင်အားလေးဆကို ထိန်းညှိနေရရသည်ဖြစ်ရာ၊ ကြောက်မက်ဖွယ်ကောင်းသည့် တစ်ခုတည်းသောအရာမှာ သွေးရောင်လည်ဆံမျောက်ဝံဖြစ်သည်။

‘ဒါဆိုရင် ပွဲစကြရအောင်၊ ခေါင်း‌ဆောင်က ဘယ်လောက် အစွမ်းထက်နိုင်မှာလဲ’ ချူးယွင်ဖန်းက တွေးလိုက်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူနှင့် တိုက်ရသည်မှာ သူ့အတွက် ပထမဆုံးအကြိမ်မဟုတ်ပေ။ သူ၏ အကြည့်များသည် မှောင်ပိန်းနေသော တောအုပ်တစ်ခုလုံးကို ဖောက်ထွင်းမြင်နေရသကဲ့သို့ လေးနက်နေ၏။

အခန်း(၃၉၅) သွေးရောင်လည်ဆံမျောက်ဝံအုပ်၏ ခေါင်းဆောင်

ကောင်းကင်ကြီးသည် မည်းမှောင်အုံ့မှိုင်းသွား၏။ ဤသို့ မှောင်မိုက်နေသော တောအုပ်အလယ်၌ပင် လူတစ်ဦးသည် အလင်းရောင်၏ ပြောင်းလဲမှုကို ခံစားနိုင်၏။ အမှောင်ထုသည် ကောင်းကင်ကို လွှမ်းခြုံ၍ သစ်ရွက်များကြားမှ လရောင်ဖျော့ဖျော့များ တောက်ပဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ မြေပြင်ပေါ်သို့ ဖြာကျလာ၏။

တောင်စောင်းတစ်ခုရှိ ဂူအလွတ်တစ်ခုတွင် ချူးယွင်ဖန်း၏အဖွဲ့သည် စုပြုံဝင်ရောက်နေ၏။ ၎င်းတို့သည် မီးကို ထွန်းညှိ၍ ဂူအပြင်ဘက်မှ အခြေအနေကို စောင့်ကြည့်နေကြသည်။

ဤဂူ၏ အတွင်းပိုင်းသည် ကျယ်ပြောသော်လည်း ဝင်ပေါက်သည်မူ ကျဥ်းမြောင်းလှသည်။ လူခြောက်ယောက်ခန့်သာ တစ်ပြိုင်နက်ဝင်နိုင်၏။ သွေးရောင်လည်ဆံမျောက်ဝံတစ်ကောင်၏ အရွယ်အစားနှင့်ဆိုပါက၊ တစ်ကြိမ်တွင် သုံး၊ လေးကောင်မျှသာ ဝင်နိုင်လိမ့်မည်ဖြစ်သည်။

ဤသည်ကား အကောင်းဆုံးမဟုတ်လှသော်လည်း ရန်သူရာနှင့်ချီ၍ ရင်ဆိုင်ခြင်းသည် ချူးယွင်ဖန်း စိတ်ကူးနိုင်သည့် အရာမဟုတ်ပေ။ ခယ့်ယွေ့သည် နေဝင်ခါနီးတွင်မှ ဤဂူကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်းနှင့် သူ၏ အဖွဲ့ဝင်များသည် တင်ပျဥ်ခွေထိုင်နေကြသည်။ သွေးရောင်လည်ဆံမျောက်ဝံများ အလာကို စောင့်ဆိုင်းလျက်၊ ၎င်းတို့၏ ခွန်အားကို မြှင့်တင်ရန် တရားထိုင်နေကြ၏။ မြေပြင်ပေါ်တွင် သေတ္တာတစ်လုံးချထားရာ၊ သေတ္တာထဲတွင် ချီပြည့်ဝဆေးများနှင့် စွမ်းအင်ဖြည့်ဆေးရည်များအပြည့်ပါသည်။ ချူးယွင်ဖန်းသည် တစ်ညတာလုံး တိုက်ပွဲဖြစ်လိမ့်မည်ဟု ခန့်မှန်းထားသော်လည်း ပို၍ ကြာသွားနိုင်၏။ ထို့အတွက်ကြောင့် သူတို့ ကြိုတင်ပြင်ဆင်ထားကြခြင်းဖြစ်သည်။

“ငါတို့ ဂူဝင်ပေါက်ကို ကာကွယ်ရမယ်၊ သူတို့သာ ငါတို့ကို ကြီးစိုးသွားနိုင်ရင် ငါတို့ ဘဝတုံးသွားလိမ့်မယ်။ သူတို့အရမ်းများရင်လည်း ငါတို့ သေသွားလိမ့်မယ်။ နားလည်လား” ချူးယွင်ဖန်းကပြောသည်။

“ရှင်းပါတယ် ခေါင်းဆောင်ချူး” ရှဖန်နှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ချူးယွင်ဖန်း၏ ဦးဆောင်မှုနောက်သို့ လိုက်ရန် အဆင်သင့်ဖြစ်နေကြ၏။

“ငါစဥ်းစားပြီးပြီ၊ ရှဖန်၊ ကျီရှိချင်း၊ မင်းတို့နှစ်ယောက်က ငါနဲ့အတူတူ ပထမညတစ်ဝက်ကို တိုက်ခိုက်ကြမယ်။ ပြီးရင် ခယ့်ယွေ့နဲ့ လွမ်ရင်းယွီတို့နဲ့လူလဲပြီး ဆက်တိုက်ကြမယ်။ ညကိုတောင့်ခံဖို့ ခက်လိမ့်မယ်။ ဒါပေမယ့် အဲ့တာ ငါတို့ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာပဲ။ ဒါက ငါတို့အားလုံးအတွက် ပြောင်းလဲမှုကြီးတစ်ခုဖြစ်လိမ့်မယ်” ချူးယွင်ဖန်းကပြောသည်။

“ငါတို့အဲ့လိုမလုပ်ရင်လည်း သေသွားနိုင်တယ်”

ချူးယွင်ဖန်း၏ အသံသည် အလွန်ငြိမ်သက်တည်ငြိမ် အေးဆေးနေ၏။ သူ့တွင် တောင်မြစ်ပန်းချီကားရှိသောကြောင့် ကိစ္စများအဆင်မပြေပါက ထိုနေရာတွင်ပုန်းနေနိုင်သည်။ ထို့အပြင်၊ သူ့တွင် ကောင်းကင်မိုးကြိုးသားရဲလည်းရှိသဖြင့် လိုအပ်လာပါက၊ ဤသားရဲသည် သူ့ကို ကာကွယ်ပေးနိုင်လိမ့်မည်ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် ၎င်းကို နောက်ဆုံးသော နည်းလမ်းအဖြစ်သာ သတ်မှတ်ထားသည်။ ဆုတ်ခွာခြင်းလမ်းဆင်များအားလုံးကို စွန့်လွှတ်ထားမှသာလျှင် မိမိကိုယ်မိမိ သွေးနိုင်လိမ့်မည်ဖြစ်သည်။

ရှဖန်နှင့်အခြားသူများသည် လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ဤညသည် အလွန်အရေးကြီးကြောင်း သူတို့အားလုံး နားလည်ထားကြသည်။ ချူးယွင်ဖန်းက စကားရပ်၍ တင်ပျဥ်ခွေထိုင်ကာ၊ အနားယူရန် မျက်လုံးမှိတ်လိုက်၏။ နောက်ထပ်တစ်နာရီခန့်ကြာသောအခါ အဝေးမှ ဟိန်းဟောက်သံကြီးများ ပေါ်ထွက်လာသည်။ ယင်းမှာ သွေးရောင်လည်ဆံမျောက်ဝံ၏ အော်ဟစ်သံများဖြစ်ကြောင်း ထင်ရှားလှသည်။ ဂူပေါက်ဝမှတစ်ဆင့် ချူးယွင်ဖန်းသည် အပြင်ဘက်ရှိ မြောက်များစွာသော သစ်ပင်ကြီးများ ယိမ်းထိုးနေသည်ကို မြင်လိုက်ရ၏။

ခဏအကြာတွင် ၎င်းတို့အဖွဲ့၏ လှိုဏ်ဂူနေရာသို့ ရောက်ရှိလာကြကာ ထိုမျောက်ဝံအုပ်တစ်အုပ်လုံး ဝိုင်းအုံလာ၏။

“အားလုံးပဲ၊ အသင့်ပြင်ထားကြ၊ သွေးရောင်လည်ဆံမျောက်ဝံတွေ ရောက်လာကြပြီ” ချူးယွင်ဖန်းက အော်လိုက်ရာ၊ ရှဖန်နှင့် အခြားသူများအားလုံး လန့်နိုးသွားကြသဖြင့် လက်နက်များကို ကောက်ကိုင်၍ ဂူပေါက်ဝသို့ စိုက်ကြည့်နေကြသည်။

၎င်းတို့ထဲတွင် အလွန်လျင်မြန်သော သွေးရောင်လည်ဆံမျောက်ဝံတစ်ကောင်ပါရှိရာ၊ ၎င်းသည် လေးမှလွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ တစ်ဟုန်ထိုးပြေးလာ၏။ ညကောင်းကင်၏ အလင်းရောင်မှတစ်ဆင့် လူတိုင်းသည် ၎င်း၏ မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အမူအရာအပြင်၊ ကြီးမားသောအစွယ်များကိုလည်း မြင်နေရ၏။ ၎င်းသည် လူတစ်ယောက်၏ ခေါင်းကို တစ်ချက်တည်းဖြင့် ကိုက်ဖြုတ်နိုင်လောက်သည်။

“တိုက်ခိုက်ကြ” ချူးယွင်ဖန်းက လက်ထဲမှ ဓားကို ဝှေ့ယမ်း၍ အော်လိုက်သည်နှင့် မိုးခြိမ်းသံကဲ့သို့ အသံကြီးတစ်ခု ပေါ်ထွက်လာကာ၊ လှိုဏ်ဂူတစ်ခုလုံး တုန်ခါသွားသည်။ ချူးယွင်ဖန်း၏ လုပ်ဆောင်ချက်များသည် မြန်ဆန်တိကျသည်။ သူ့ဓားသွားကို ဝှေ့ယမ်းလိုက်သည်နှင့် သွေးရောင်လည်ဆံမျောက်ဝံသည်လည်း ချူးယွင်ဖန်း၏ ဓားဆီသို့ တည့်တည့် တိုးဝင်လာ၏။

အသားကို လှီးထုတ်လိုက်သည့်အသံနှင့်တူသော အသံတစ်ခု ပေါ်ထွက်လာကာ၊ ချူးယွင်ဖန်း၏ဓားသည် သွေးရောင်လည်ဆံမျောက်ဝံ၏ ခန္ဓာကိုယ်သို့ ဖြတ်သွားသည်။ သွေးရောင်လည်ဆံမျောက်ဝံသည် နာကျင်စွာ အော်ဟစ်၍ ချူးယွင်ဖန်းကို သတ်ဖြတ်ချင်စိတ်များ ပေါ်ပေါက်လာသည်။ ၎င်းသည် ချူးယွင်ဖန်းကို သွေးရောင်သန်းနေသော မျက်လုံးနီကြီးများဖြင့် စိုက်ကြည့်ကာ၊ အစိတ်စိတ်အမွှာမွှာဖြစ်သွားစေလိုနေသည် ထင်ရ၏။

ထိုအချိန်တွင် ဘေးတွင်စောင့်နေသော ရှဖန်က သူ၏ခွန်အားအပြည့်အဝကိုသုံး၍ ခုတ်ပိုင်းချလိုက်သည်။

ဘမ်း

ဤသွေးရောင်လည်ဆံမျောက်ဝံ၏ ဦးခေါင်းသည် နှစ်ခြမ်းပွင့်ထွက်သွား၏။ ဦးခေါင်းခွံသည် ၎င်း၏ ခန္ဓာကိုယ်ထဲတွင် အမာကြောဆုံးအရိုးတစ်ခုဖြစ်သော်လည်း လူသားများ၏ လက်နက်ကိုမူ မခံနိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည် ထိုမျောက်ဝံမှ ဒုတိယဓားချက်ကို ‌ရှောင်တိမ်းမည်စိုးသဖြင့် ဦးစွာ မဖြတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ဦးနှောက်အစိတ်အပိုင်းများသည် နေရာအနှံ့သို့ ပြန်ကျဲသွားသည်။ ဤသွေးရောင်လည်ဆံမျောက်ဝံသည် ချက်ချင်းပင် ဇီဝိန်ချုပ်သွား၏။

ချူးယွင်ဖန်းနှင့် ရှဖန်တို့ အသက်မရှုနိုင်ခင်တွင်ပင် နောက်ထပ် မျောက်ဝံတစ်ကောင် ခုန်ဝင်လာ၏။

“သူတို့ အများကြီးလာနေတာ၊ သတိထားကြ” ကျီရှိချင်းက အော်လိုက်သည်။ ချူးယွင်ဖန်းနှင့် ခယ့်ယွေ့တို့ နှစ်ဦး ဤသွေးရောင်လည်ဆံမျောက်ဝံကို သတ်ဖြတ်အပြီးမှာတင် အခြား မျောက်ဝံများ ထပ်မံချီတက်လာသည်။ မီးရောင်ကြောင့် မျောက်ဝံများအားလုံးကို မမြင်ရသည်မှန်သော်လည်း ၎င်းတို့၏ ကြမ်းကြုတ်ရက်စက်သော မျက်နှာကြီးများကို မြင်နေရသည်။

ကျီရှိချင်း အော်သံအဆုံးတွင် သူမလက်ထဲမှ ဓားသည် တိုးထွက်လာ၍ သွေးရောင်လည်ဆံမျောက်ဝံ၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။

“သတ်ကြစမ်း” ချူးယွင်ဖန်းက ကြုံးဝါး၍ ရှေ့သို့ ချီတက်သွားသည်။

ကြောက်မက်ဖွယ်တိုက်ပွဲတစ်ခု စတင်ပဖြီဖြစ်ရာ၊ ဒါဇင်ဝက်ထက်မနည်းသော သွေးရောင်လည်ဆံမျောက်ဝံများသည် ဂူဝင်ပေါက်သို့ ရောက်ရှိလာကြကာ၊ ထိုလူသုံးဦး၏ ရှေ့တွင် ရပ်နေကြ၏။

ဤကျဥ်းမြောင်းသော ပတ်ဝန်းကျင်တွင် သွေးရောင်လည်ဆံမျောက်ဝံ၏ သွက်လက်မှုကို အပြည့်အဝပြသနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့သည် ချူးယွင်ဖန်း၏ အဖွဲ့မှ ဖွဲ့စည်းထားသည့် ခံစစ်စည်းကို ဖြိုခွဲရန် ခွန်အားကိုသာ အသုံးပြုနိုင်သည်။ ကံမကောင်းစွာဖြင့် ခွန်အားအရဆိုပါက၊ ချူးယွင်ဖန်းသည် သာမန်သွေးရောင်လည်ဆံမျောက်ဝံများထက် ပို၍ ခြောက်ခြားဖွယ်ကောင်း၏။

ချူးယွင်ဖန်းက ၎င်းတို့ကိုတစ်ချက်ပြီးတစ်ချက် ခုတ်ပိုင်းခဲ့ရာ၊ နောက်သို့ ဆုတ်ခွာသွာားကြရသည်။ သို့သော် ဂူအပြင်ဘက်ရှိ အခြားသော မျောက်ဝံများသည် အတွင်းသို့ ဝင်ရန် တိုးဝှေ့နေကြသဖြင့် ဂူအတွင်းမှ အကောင်များ ဂူအပြင်ဘက်သို့ ဆုတ်ရန်မဖြစ်နိုင်ပေ။

ဤမျောက်ဝံများ ထိပ်တိုက်ရင်ဆိုင်ရန်သာ ရွေးချယ်နိုင်ကြသည်။ ဤအချိန်တွင် ချပ်ဝတ်တန်ဆာ ကောင်းစွာ ဝတ်ဆင်ထားသော ကျောင်းသားများသည် ကောင်းစွာ စွမ်းဆောင်နိုင်ကြရာ၊ အသာစီးပင်ရနိုင်ခဲ့ကြသည်။ ၎င်းတို့သည် ထိပ်တိုက်တိုက်ခိုက်ရခြင်းကို မကြောက်ရွ့ကြပေ။ နှစ်ဖက်စလုံး ဒဏ်ရာများရရှိသွားစေသည့် နည်းလမ်းကသာလျှင် ၎င်းတို့အတွက် အကောင်းဆုံးဖြစ်၏။

နောက်ဆုံးတွင် ၎င်းတို့သည် နောက်ထပ်သော သွေးရောင်လည်ဆံမျောက်ဝံတစ်ကောင်ကို သတ်ဖြတ်ပစ်ခဲ့သည်။ သို့သော် မျောက်ဝံတစ်ကောင်က ၎င်းတို့ဆီသို့ ချက်ချင်း ခုန်ဝင်၍ ကြားထဲသို့ ရောက်လာသည်။

တိုက်ပွဲသည် အချိန်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ချူးယွင်ဖန်းသည် သူ၏ ခွန်အားများ မြန်ဆန်စွာ လျော့ကျလာသည်ကို ခံစားခဲ့ရသည်။ ဤတိုက်ပွဲ မည်မျှကြာခဲံပြီဖြစ်ကြောင်း သူမသိပေ။

ရုတ်တရက်၊ ထိုအခိုက်အတန့်တွင် မထင်မှတ်ထားနိုင်ဖွယ်ကောင်းသော အရှိန်အဝါးများဖြင့် ကြောက်မက်ဖွယ်သတ္တဝါတစ်ကောင် ပေါ်ထွက်လာသည်။ ၎င်းသည် သွေးရောင်လည်ဆံမျောက်ဝံတစ်ကောင်ကို ပင် ထိမှန်၍ လွင့်ထွက်သွားစေခဲ့ကာ၊ ချူးယွင်ဖန်းကိုပင် တိုက်မိလုနီးပါးဖြစ်ခဲ့သည်။

ချူးယွင်ဖန်း၏ အမူအရာများ အေးခဲသွားသည်။

သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင် ရောက်ရှိလာခြင်းပင်ဖြစ်၏။

အခန်း(၃၉၆) စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်သို့ တက်လှမ်းခြင်း

“ချီးပဲ အဲ့တာ ခေါင်းဆောင်” ရှဖန်က ခေါင်းဆောင်ထံသို့ ဓားရှည်ဖြင့်ရွယ်လျက် အော်ပြောလိုက်သည်။ သို့သော် မျောက်ဝံခေါင်းဆောင်သည် သူ့လက်ကို ပေါ့ပေါ့ပါးပါးပင် ဝှေ့ယမ်း၍ ဝင်လာသော ဓားကို တားဆီးလိုက်သည်။

ချွင်

ရှဖန်၏ လက်တစ်ဖက်လုံး တုန်ယင်သွားရသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် သူ့ဓားမှတစ်ဆင့် တိုးဝင်လာကာ၊ ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ခါသွားစေ၏။ သူ့မျက်လုံးများထဲတွင် တုန်လှုပ်ခြောက်ခြားမှုအရိပ်အယောင်များ ထင်ဟပ်လာသည်။ သွေးရောင်လည်ဆံမျောက်ဝံသည် အလွန်သန်မာလှသဖြင့် သူမယှဥ်နိုင်ပေ‌။ သို့သော် ခေါင်းဆောင်သည် ရှဖန်ကို ပစ်မှတ်ထားခြင်းမဟုတ် ချူးယွင်ဖန်းထံသို့သာ တည့်တည့် ဦးတည်သွား၏။

ချူးယွင်ဖန်း၏ အကြည့်များ တင်းမာသွားကာ၊ သူခန္ဓာကိုယ်ပေါ်မှ ဆွဲငင်အား လေးဆကို ဖယ်ထုတ်ပစ်လိုက်သည်။ ချုပ်နှောင်မှုကို ယခု မဖယ်ရှားပါက၊ သူ့သေတွင်း သူတူးခြင်းကဲ့သို့ပင်ဖြစ်ပေလိမ့်မည်ဖြစ်၏။ သူ၏အပြည့်မဝသော အခြေအနေကိုမဆိုနှင့်၊ စွမ်းအားအမြင့်ဆုံးအထိရှိနေသောအခြေအနေဖြင့်ပင် မျောက်ဝံကို ယှဥ်နိုင်သည်ဆိုရုံမျှဖြစ်ပေလိမ့်မည်ဖြစ်၏။

ချုပ်နှောင်မှုကို ဖယ်ရှားပြီးနောက်၊ ချူးယွင်ဖန်းသည် တစ်ကိုယ်လုံး ပြေလျော့သွားသကဲ့သို့ ခံစားလိုက်ရသည်။ အစောပိုင်းတိုက်ပွဲတွင် သူအသုံးပြုခဲ့သော စွမ်းအင်များအားလုံး လျင်မြန်စွာ ပြန်လည်ဝင်ရောက်လာ၏။ သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်သည် သာမန်သွေးရောင်လည်ဆံမျောက်ဝံများထက် ပို၍ ကြီးမားရာ၊ အနည်းဆုံး ရှစ်ပေရှိမည်ထင်ရ၏။ ထို့အပြင်၊ ၎င်း၏ ဦးခေါင်းနောက်ရှိ လည်ဆံ၏အရွယ်အစားသည် သိသာထင်ရှားစွာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများတောက်ပနေ၏။

မျောက်ဝံခေါင်းဆောင်ကို မျက်နှာမူ၍ ချူးယွင်ဖန်းက ကျယ်လောင်စွာ ကြုံးဝါးကာ၊ ကြောက်ရွံ့ခြင်းအလျင်းမရှိ၊ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။

ချွင်

ချူးယွင်ဖန်း၏ ဓားရှည်သည် မျောက်ဝံခေါင်းဆောင်၏ ချွန်ထက်သော ခြေသည်းကြီးများနှင့် တိုက်ရိုက်ထိမှန်သွားကာ၊ မီးပွားများ ခဏတာမျှ ပျံ့နှံ့ထွက်ပေါ်လာသည်။ နှစ်ဖက်စလုံး၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကြောင့် နှစ်ဖက်လုံး နောက်သို့ ပြန်ဆုတ်သွားကြရသည်။

ချူးယွင်ဖန်းသည် မျောက်ဝံခေါင်း‌ဆောင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို ထိန်းညှိနိုင်ရန် နောက်သို့ ခြေလှမ်းများစွာ ပြန်ဆုတ်လိုက်ရသည်။ မျောက်ဝံခေါင်းဆောင်သည်မူ၊ သူ့ကိုယ်သူ ဟန်ချက်ထိန်းရန် နောက်သို့ ခြေနှစ်လှမ်းစာခန့်ဆုတ်လိုက်၏။ ခွန်အားအရ၊ ၎င်းသည် လက်ရှိ ချူးယွင်ဖန်းထက် သာလွန်သည်။

မွန်းစတားများသည် လူသားများထက် များစွာ သန်မာလျက်ရှိရာ၊ ဤမျောက်ဝံအုပ်ခေါင်းဆောင်သည် ချူးယွင်ဖန်းထက် များစွာ သန်မာကြောင်း ထင်ရှား၏။

နောက်သို့ ပြန်ဆုတ်လာကြပြီးနောက်၊ ချူးယွင်ဖန်းသည် မျောက်ဝံ၏ မျက်နှာထက်မှ ဆိုးယုတ်သော အပြုံးကို သတိထားမိလိုက်သည်။ မှန်သည်၊ ဤသည်ကား လူသားနှင့်တူသည့် ဆိုးယုတ်သော အမူအရာတစ်ခုပင်ဖြစ်သည်။

ထိုအမူအရာကြောင့် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစိတ်ဝိဉာဥ်များ ပိုမို နိုးကြားလာသည်။

“လာစမ်းပါ၊ မင်းလိုသားရဲကို ငါက မယှဥ်နိုင်ဘူးထင်လို့လား”

ချူးယွင်ဖန်းက ကြုံးဝါး၍ ရှေ့သို့ ချီတက်ကာ၊ သွေးရောင်လည်ဆံမျောက်ဝံနှင့် ထပ်မံတိုက်ခိုက်ပြန်၏။

ဘမ်း

ဘမ်း

ဘမ်း

ချူးယွင်ဖန်း၏ ကြမ်းတမ်းသော ဓားချက်များကြောင့် ပေါက်ကွဲသံများ ပေါ်ထွက်လာကာ၊ လေထဲတွင် ပျံ့လွင့်နေ၏။ ဓားချက်တစ်ခုစီတိုင်းသည် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေသကဲ့သို့ပင်ဖြစ်၏။

ဤလှိုဏ်ဂူအတွင်းတွင် နှစ်ဖက်လုံးရှောင်တိမ်းနိုင်သည့် နေရာ အများအပြားမရှိသဖြင့် မျောက်ဝံခေါင်းဆောင်သည် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။ လူသားများသည် အရပ်ပု၍ ပိုသေးငယ်သောကြောင့် တိုက်ခိုက်မှုများကို ရှောင်တိမ်းနိုင်သည့် အခွင့်အလမ်းပိုရှိကြသည်။ ပို၍ ကြီးသော မျောက်ဝံခေါင်းဆောင်အတွက်မူ၊ ရှောင်တိမ်းရန် နေရာများများစားစားမရှိသောကြောင့် တိုက်ပွဲသည် ပို၍ ပြင်းထန်ကြမ်းတမ်းလာ၏။

ဤသည်ကား ချူးယွင်ဖန်း၏ အစီအစဥ်အတိုင်းဖြစ်နေခြင်းပင်ဖြစ်သည်။ အကယ်၍ မျောက်ဝံခေါင်းဆောင်သည် မိမိ၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းရန် အခွင့်အရေးများရရှိနိုင်နေပါက၊ ကိုင်တွယ်ရန် ပိုမိုခက်ခဲလာမည်မှာ သေချာ၏။ ဤသွေးရောင်လည်ဆံမျောက်ဝံသည် အရွယ်အစားသေးငယ်သော်လည်း အလွန်လျင်မြန်သည်။ ယခု တိုက်ပွဲသည် ခွန်အားခြင်းယှဥ်ပြိုင်သော တိုက်ပွဲတစ်ခု ဖြစ်လာပြီဖြစ်သည်။

အချိန်များစွာ ကြာပြီးနောက်၊ ပထမဆုံးအကြိမ်အဖြစ် ချူးယွင်ဖန်း၏ လက်များ ထုံကျင်လာသည်။ ဤသွေးရောင်လည်ဆံမျောက်ဝံသည် အလွန်သန်မာလှသည်။

“ထပ်တိုက်” ချူးယွင်ဖန်းသည် အရှုံးကို လက်ခံရန် ငြင်းဆန်လျက်ရှိကာ၊ ဆက်လက်ကြုံးဝါး၍ ဓားကို ဝှေ့ယမ်းလိုက်သည်။

ချူးယွင်ဖန်း၏ လက်ဝါးနှစ်ဖက်လုံး ကွဲအက်၍ သွေးများ ပန်းထွက်လာသည်။ တစ်ဖက်တွင်မူ၊ ခေါင်းဆောင်မျောက်ဝံသည် ဒဏ်ရာအချို့သာ ရရှိခဲ့၏။ သိုင်းပညာအရ၊ ချူးယွင်ဖန်းသည် သူ့ထက် ခြေလှမ်းအနည်းငယ်သာသည်။ ‌ထိုမျောက်ဝံခေါင်းဆောင်သည် ၎င်း၏ အမြန်နှုန်းကို အသုံးမပြုနိုင်သော်လည်း ချူးယွင်ဖန်းသည်မူ၊ သူ၏ သိုင်းပညာကို အပြင်းအထန် အသုံးပြု၍ မျောက်ဝံ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာ ရစေနိုင်ခဲ့သည်။

သို့သော် ထိုဓားချက်တစ်ချက်သည်မျှ မျောက်ဝံကို မသေစေနိုင်ခဲ့ပေ။

မျောက်ဝံခေါင်းဆောင်သည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ဒဏ်ရာအပြင်းအထန်မျှ မရစေနိုင်ခဲ့သကဲ့သို့ ချူးယွင်ဖန်းသည်လည်း မျောက်ဝံကို အပြင်းအထန် ဒဏ်ရာမရစေနိုင်ခဲ့ပေ။ နှစ်ဖက်လုံးတိုက်မိသည့်အချိန်တိုင်းတွင် ၎င်းတို့၏ ချီစွမ်းအင်များ ကြောက်ခမန်းလိလိပျံတက်လာ၏။

မူလက တစ်ချိန်တည်းတွင် သွေးရောင်လည်ဆံမျောက်ဝံ သုံးကောင်မှ လေးကောင်ဝင်၍ရသော်လည်း ယခုမူ၊ တစ်ကြိမ်တွင် တစ်ကောင်သာ ဝင်နိုင်၏။ ဤသည်က ရှဖန်နှင့် အခြားသူများအတွက် သတင်းကောင်းတစ်ပုဒ်ဖြစ်သည်။ ၎င်းတို့သည် သွေးရောင်လည်ဆံမျောက်ဝံများစွာကို တစ်ကြိမ်တည်း မရင်ဆိုင်နိုင်ကြပေ။ ၎င်းတို့အားလုံး တစ်ကောင်တည်းကို ရင်ဆိုင်ရပါက စုပေါင်းတိုက်ခိုက်၍ ချူးယွင်ဖန်းကဲ့သို့ တုပတိုက်ခိုက်နိုင်မည်ဖြစ်သည်။ အလေးစီးဝတ်စုံများ၏ ထိန်းချုပ်နှောင်မှုကို ဖယ်ရှားပြီးနောက်၊ ဝင်လာသော မျောက်ဝံများကို အလျင်အမြန်ရှင်းလင်းနိုင်ခဲ့ကြသည်။

ကျန်းယွမ်ပင်သည် အလေးစီးဝတ်စုံများကို ဝတ်ပြီးလျှင် ပေါ့ပေါ့ဆဆ မဖယ်ရှားကြဖို့ ပြောခဲ့သော်လည်း မဖယ်ရှားနိုင်ခြင်း‌တော့မဟုတ်ပေ။ ဤအခိုက်အတန့်တွင် အသက်ရှင်ရန် ပိုအရေးကြီး၏။

နောက်ဆုံးတွင်မူ၊ အလေးစီးဝတ်စုံသည် ၎င်းတို့၏ ကိုယ်ခန္ဓာကို လေ့ကျင့်ပေးရန်သာဖြစ်သဖြင့်၊ ဤသို့သော တိုက်ပွဲမျိုးတွင် ၎င်းတို့ကို ဝတ်ဆင်ရမည်ဟုမဆိုလိုပေ။

အခြားတစ်ဖက်တွင်မူ၊ ချူးယွင်ဖန်းသည် မျောက်ဝံခေါင်းဆောင်၏ လက်ထဲတွင် ဖိနှိပ်ခံထားရသည်။ သူအပြင်းအထန်တိုက်ခိုက်လျက်ရှိသော်လည်း မျောက်ဝံသည်ပို၍ ကြောက်မက်ဖွယ်ကောင်း၏။ မျောက်ဝံခေါင်းဆောင်၏ တိုက်ခိုက်ရေးပုံစံသည် ပို၍ ရက်စက်ကြမ်းကြုတ်သည်။

ရှဖန်နှင့်အခြားသူများသည် တိုက်ခိုက်နေရာမှ ချူးယွင်ဖန်းကို ထိတ်လန့်စွာကြည့်နေကြသည်။ အကယ်၍ သူတို့သာ ချူးယွင်ဖန်းနေရာတွင် တိုက်ခိုက်နေရမည်ဆိုပါက၊ မျောက်ဝံခေါင်းဆောင်၏ လက်ချက်သုံးချက်အတွင်း ဒူးထောက်ကျသွားပေလိမ့်မည်ဖြစ်သည်။ ၎င်းတို့၏ အတွင်းအင်္ဂါများပင် မျောက်ဝံ၏ ကြောက်မက်ဖွယ်ခွန်အားအောက်တွင် ကြေမွသွားနိုင်သည်။

သို့သော် ချူးယွင်ဖန်းသည် အချိန်အလွန်ကြာမြင့်သည်အထိ ထိန်းထားနိုင်ခဲ့သည်။ လက်ရှိတွင် သူသည် အရေးနိမ့်နေသော်လည်း အရှုံးပေးမည့် ရည်ရွယ်ချက်မရှိပေ။

အကယ်၍ ချူးယွင်ဖန်း၏ မျက်လုံးများကို ယခုအချိန်တွင် ၎င်းတို့ မြင်နိုင်ပါက၊ သူ့မျက်လုံးများ ခံစားချက်များကင်းမဲ့နေသည်ကို ၎င်းတို့ တွေ့ရပေလိမ့်မည်ဖြစ်သည်။ သူ၏ မျက်လုံးများထဲတွင် ဆင်ခြင်တုံတရားနှင့် ဉာဏ်ပညာရှိမှုအလင်းရောင်အချို့သာ ရှိနေ၏။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် လျှို့ဝှက်ဆန်းကြယ်သောအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။ ဤအခြေအနေတွင် သူသည် မျောက်ဝံခေါင်းဆောင်ပြုလုပ်သည့် လှုပ်ရှားမှုတိုင်းကို ပိုင်းခြားစိတ်ဖြာနေ၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်များသည် စွမ်းအင်သန့်စင်ခြင်း နဝမမြောက်အဆင့်သို့ အရူးအမူးခုန်တက်နေ၏။ သူသည် လက်ရှိတွင် စွမ်းအင်သန့်စင်ခြင်း အဠမအဆင့်အထွဋ်အထိပ်တွင်ရှိနေကာ၊ အချိန်မရွေး နဝမအဆင့်သို့ တက်လှမ်းသွားနိုင်ဖြစ်သော်လည်း ဤညမတိုင်မီအထိ သူအဆင့်တက်ရန် မစီစဥ်ထားမိပေ။

သို့သော် ယခုအချိန်တွင်မူ၊ သူ့တွင် အားလပ်ချိန်ရှိလာနိုင်လိမ့်မည်မဟုတ်သဖြင့်၊ တိုက်ပွဲအတွင်းတွင်သာ အဆင့်တက်လှမ်းနိုင်ရန် လုပ်ဆောင်ရုံမှတပါး အခြားရွေးချယ်၍ရမည့် လမ်းမရှိပေ။

ဤလမ်းတွင် သေဆုံးခြင်းနှင့် အောင်မြင်ခြင်းသာရှိသည်ဖြစ်၍ အောင်မြင်လျှင် အောင်မြင်၊ မအောင်မြင်ပါက သေဆုံးရမည်ဖြစ်သည်။

အချိန်မည်မျှ ကုန်သွားသည်ကို မသိသော်လည်း နောက်ဆုံးတွင် ဤအဆင့်သို့ရောက်ရှိလာသည်။ ချူးယွင်ဖန်းသည် လုံးဝအရေးနိမ့်နေသော်လည်း အတားအဆီးကို ကျော်ဖြတ်နိုင်ပြီးသည်နှင့် တစ်ပြိုင်နက်၊ သူ့ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များ မြင့်တက်လာသည်။

ချူးယွင်ဖန်း၏ ကိုယ်ရောင်ကိုယ်ဝါများ ပေါက်ထွက်လာ၏။

စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့ တက်လှမ်းနိုင်ခဲံပြီ။

All Chapters