← Chapters

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း (၃၉၇-၃၉၉)

Vol. 27 Ch. 397-399

အခန်း(၃၉၇) မရီးဒျန်သန့်စင်ခြင်းအဆင့်

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ ကိုယ်ရောင်ကိုယ်ဝါများ ရုတ်ချည်းပေါက်ကွဲထွက်လာကာ၊ သူ၏ ယခင်ကန့်သတ်ချက်များကို ကျော်လွန်သွား၍ အဆင့်အသစ်တစ်ခုသို့ ရောက်ရှိလာသည်။ သူသည် စွမ်းအင်သန့်စင်ခြ်ငးအဆင့်တစ်ခုလုံးကို ကျော်ဖြတ်၍ မရီးဒျန်သန့်စင်ခြင်းအဆင့်ထိပ်တန်းသို့ ရောက်ရှိလာသည်ဟုပင်ဆိုနိုင်၏။

မှန်သည်၊ ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် စွမ်းအင်သန့်စင်ခြင်းအထွဋ်အထိပ် ကျွမ်းကျင်သူများကို အနိုင်ယူရန် လုံလောက်သည်။ ယခုမူ၊ သွေးရောင်လည်ဆံမျောက်ဝံ၏ ဖိအားအောက်တွင် ချူးယွင်ဖန်း နောက်ဆုံး၌ အဆင့်တက်လှမ်းနိုင်ခဲ့ပြီဖြစ်သည်။

(မရီးဒျန်သန့်စင်ခြင်းအဆင့်ကိုမှ မူရင်း Eမှာ စွမ်းအားသန့်စင်ခြင်းနဲ့ သန့်စင်ခြင်း အဆင့်ဆိုပြီး တူတယ်ထင်ပြီး ရောနေသလို ဖြစ်တာပါ အမှန်တကယ် စွမ်းအားသန့်စင်ခြင်းပြီးချိန်မှာ မရီးဒျန်တွေဖွင့်တဲ့ သန့်စင်ခြင်း အဆင့်တခုကျန်ရှိပါသေးတယ်၊ အဲ့တာပြီးမှ မွေးဖွားခြင်းနယ်မြေအဆင့်သို့ ရောက်ရှိမှာပါ အစပိုင်းမှာ တချို့နေရာတွေ သန့်စင်ခြင်းနှစ်ခုကို ဖော်ပြရာမှာ နဲနဲရောနှောရှုပ်သွားလို့ သေချာထပ်ရှင်းပြလိုက်ရပါတယ်)

ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့ ကျော်ဖြတ်တက်လှမ်းနိုင်ခဲ့ပြီးနောက်၊ ယခု သူ၏ ခွန်အားသည် မရီးဒျန်သန့်စင်ခြင်းပထမအဆင့်ကျွမ်းကျင်သူတစ်ဦးမျှ ကြီးမားနေပြီဖြစ်သည်။

ဤသည်ကား အရည်အသွေးဆိုင်ရာ ပြောင်းလဲမှုတစ်ခုဖြစ်သည်။ စွမ်းအင်သန့်စင်ခြင်း အထွဋ်အထိပ်အဆင့် ကျွမ်းကျင်သူများသည် ပြည်ထောင်စုတက္ကသိုလ်တွင် ဒုတိယတန်းစား ကျောင်းသားများအဖြစ်သာ သတ်မှတ်ခံရနိုင်သော်လည်း မရီးဒျန်သန့်စင်ခြင်းအဆင့် ကျောင်းသားများသည်မူ မတူပေ။ ကျောင်းသားအသစ်များအနက်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်ကျောင်းသားများကို ပြည်ထောင်စုတက္ကသိုလ်တွင် ပထမတန်းစားကျောင်းသားများအဖြစ်သတ်မှတ်ထားသည်။

ဤကွာခြားချက်သည် အဆင့်တစ်ခုမျှသာ ဖြစ်သော်လည်း ဤအဆင့်တွင် လူများစွာ ပိတ်မိနေကြသည်။ ဥပမာအားဖြင့်၊ ရှဖန်နှင့် အခြားသူများဖြစ်သည်။ ထိုအဆင့်သို့ တက်လှမ်းနိုင်ပါက ကောင်းကင်ဘုံသို့ရောက်ရန် ခြေတစ်လှမ်းလိုတော့သည်ဟုပင် ပြော၍ ရသည်။

ပြည်ထောင်စုတက္ကသိုလ်တွင် ‌ကျောင်းသားပေါင်း ထောင်သောင်းချီ၍ ရှိရာ၊ တက္ကသိုလ်တစ်ခုလုံးတွင် စွမ်းအင်သန့်စင်ခြင်းအဆင့် ကျောင်းသားနှစ်ရာမှ သုံးရာအထိရှိ၏။ သို့သော် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သောသူများမှာမူ၊ အယောက်နှစ်ဆယ် သုံးဆယ်မျှသာ ရှိသည်။

တစ်နည်းဆိုရလျှင် ရှဖန်နှင့် အခြားသူများကဲ့သို့ ထူးချွန်‌သောသူ ဆယ်ဦးအနက်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သူ တစ်ဦးသာရှိ၏။

“ချူးယွင်ဖန်းအောင်မြင်သွားပြီ၊ သူထပ်ပြီး အဆင့်တက်နိုင်သွားပြီ”

ရှဖန်နှင့်အခြားသူများသည် တိုက်ပွဲအလယ်တွင်အဆင့်တက်သွားသည် ချူးယွင်ဖန်းကို ပါးစပ်အဟောင်းသားဖြင့် ကြည်‌နေကြ၏။

မှန်သည်။ ၎င်းတို့သည် ဤအောင်မြင်မှု၏ အဓိပ္ပါယ်ကို နားလည်ကြသည်။ ဆိုလိုသည်မှာ ၎င်းတို့နှင့် တူညီသော အဆင့်တွင်ရှိနေခဲ့သည့် ချူးယွင်ဖန်းသည် ၎င်းတို့ကို ကျော်တက်၍ အခြားအဆင့်သို့ ရောက်ရှိသွားပြီဟူ၍ပင်ဖြစ်၏။

ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်သည် အပြည့်အဝမကျော်ဖြတ်သွားသေးသော်လည်း ခွန်အားသည်မူသိသိသာသာ ကြီးမားလာ၏။

အခြားအချိန်များသာဆိုပါက၊ ၎င်းတို့ စိတ်ဓာတ်ကျနေကြလိမ့်မည်မှာ သေချာသော်လည်း ချူးယွင်ဖန်းသည် ယခုအချိန်တွင် အဆင့်ကျော်ဖြတ်နိုင်ခဲ့ခြင်းမှာမူ၊ ကောင်းမွန်သော အရာတစ်ခုဟု ယူဆ၍ ရမည်ဖြစ်သည်။ ချူးယွင်ဖန်း၏ ခွန်အားသည် မရီးဒျန်သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်သွားပြီဖြစ်သောကြောင့် သွေးရောင်လည်ဆံမျောက်ဝံကို အနိုင်ယူနိုင်မည့် အခွင့်အလမ်းပိုများ၏။ ဤနည်းအားဖြင့် ဤညကို အသက်ရှင်လျက် ကျော်ဖြတ်နိုင်ခြေပိုမို မြင့်မားလာမည်ဖြစ်သည်။

“ကောင်းလိုက်တာ၊ ငါတို့မှာ မျှော်လင့်ချက်ရှိသေးတယ်” ရှဖန်က ‌အော်ပြော၍ လူတိုင်း၏ စိတ်ဓာတ်ကို မြှင့်တင်ပေးလိုက်သည်။

ဤအခိုက်အတန့်တွင်၊ တောင်တန်းများအကြားမှ၊ ချူးယွင်ဖန်းတို့အဖွဲ့ကို ကင်မရာများမှတစ်ဆင့်ကြည့်နေသည့် ကျန်းယွမ်ပင်သည်လည်း စိတ်ဝိဉာဥ်များ တက်ကြွလာသကဲ့သို့ ခံစားလိုက်ရသည်။ ကျန်းယွမ်ပင်သည် သူ၏ကင်မရာကို ပစ်ချ၍ ၎င်းတို့ရှိရာနေရာသို့ အပြေးလာခဲ့သည်။ နောက်ဆုံးတွင်မူ၊ ချူးယွင်ဖန်း မျှော်လင့်ထားသည့်အတိုင်းပင်၊ သူသည် ဤကျောင်းသားများကို လေ့ကျင့်ပေးလိုခြင်းသာဖြစ်၍ သေစေချင်နေခြင်းမဟုတ်ပေ။

ကျန်းယွမ်ပင်သည် ချူးယွင်ဖန်း၏ စွမ်းဆောင်ရည်ကို အလွန် ကျေနပ်လျက်ရှိသည်။ ချူးယွင်ဖန်းသည် အချိန်မရွေးအဆင့်ကျော်ဖြတ်သွားနိုင်ကြောင်း သူသိထားသော်လည်း ဤမျှ မြန်မြန်ဆန်ဆန် အောင်မြင်နိုင်လိမ့်မည်ဟု ဘယ်သောအခါကမျှ သူမခန့်မှန်းထားပေ။

ထို့အပြင်၊ ချူးယွင်ဖန်းသည် အလွန်ခက်ခဲသော တိုက်ပွဲတစ်ခုကြားတွင် အဆင့်ကျော်ဖြတ်နိုင်ခဲ့၏။ တိုက်ပွဲအတွင်း အဆင့်ကျော်ဖြတ်ခြင်းသည် အလွန်အန္တရာယ်များသောအရာတစ်ခုဖြစ်သည့်အပြင် ဖြစ်နိုင်ခြေလည်းမရှိလှပေ။ လူတစ်ဦး၏ ကျင့်ကြံရေးသည် ကန့်သတ်ချက်တစ်ခုသို့ ရောက်သွားပြီးနောက်၊ ထိုကန့်သတ်ချက်ကို ကျော်ဖြတ်သွားပြီးလျှင် နောက်ထပ်တစ်ဆင့်သို့ ဖြတ်ကျော်သွားရလိမ့်မည်ဖြစ်သည်။

ဗီဒီယိုမှတစ်ဆင့်၊ ချူးယွင်ဖန်း ထုတ်လွှတ်လျက်ရှိသောအရောင်အဝါသည် အလွန် ကြောက်မက်ဖွယ်ကောင်းလှကြောင်း ကျန်းယွမ်ပင်သတိထားမိခဲ့သည်။ သေချာသည်မှာ၊ သူ၏ ခွန်အားသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီပင်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ချူးယွင်ဖန်းသည် သူခေါ်ယူထားသည့် ဤအသုတ်တပည့်များအနက်၊ ထိုအဆင့်သို့တက်လှမ်းနိုင်ခဲ့သည့် ပထမဦးဆုံးကျောင်းသားဖြစ်သည်။

“ဟားဟား ဟွမ်ပိုင်ချင်း မင်းဒီတစ်ခေါက် မရီးဒျန်သန့်စင်ခြင်းအဆင့် တပည့်နှစ်ယောက် ခေါ်နိုင်တော့ရောဘာဖြစ်လဲ။ မင်းငါ့ကို မနိုင်နိုင်ပါဘူး။ မင်းတပည့်တွေက ငါ့တပည့်ကို နိုင်မှာမဟုတ်ဘူး” ကျန်းယွမ်ပင်က ရယ်မောလိုက်သည်။ ဤလူအကြောင်းတွေးကာ၊ သူ၏ မျက်လုံးများ အေးစက်လျက်ရှိသည်။

ဂူထဲတွင်မူ ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်များ ပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရသည်။ ဤသည်မှာ စွမ်းအင်မရီးဒျန်သန့်စင်ခြင်းအဆင့်ကို သိသိသာသာ ကျော်လွန်သွားသည့် ကြောက်မက်ဖွယ်စွမ်းအားတစ်ခုရှိသည်။

သူ၏မျက်နှာချင်းဆိုင်ရှိ သွေးရောင်လည်ဆံမျောက်ဝံသည် လူသား၏ တိုးတက်မှုကို သတိပြုမိသဖြင့် မျက်လုံးများသည် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေ၏။ အခြားသော သွေးရောင်လည်ဆံမျောက်ဝံများနှင့် နှိုင်းယှဥ်ပါက သူ၏ ဉာဏ်ရည်သည် သိသိသာသာ မြင့်မားသဖြင့် ချူးယွင်ဖန်း၏ စွမ်းအား ပို၍ မြင့်မားလာသည်ကို ခံစားမိသည်။ ချူးယွင်ဖန်းသည် ယခု သူ၏ ဖြစ်တည်မှုကို ခြိမ်းခြောက်နိုင်ပြီပင်ဖြစ်၏။

ထို့ကြောင့် ၎င်းသည် ၎င်း၏ သံမဏိခက်ရင်းသဖွယ်လက်သည်းများဖြင့် ချူးယွင်ဖန်းကို တိုက်ခိုက်လိုက်သည်။

“ကောင်းကင်မိုးကြိုး” ချူးယွင်ဖန်းသည် ဓားကို အပြင်းအထန် ခုတ်ပိုင်းချလိုက်သည်။

ချွင်

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ၊ နှစ်ဖက်စလုံးသည် နောက်ထပ်တစ်ကြိမ် ထပ်မံတိုက်ခိုက်ကြပြန်သည်။ ၎င်းတို့နှစ်ဦးကြားမှ လေလှိုင်းများသည် ယခင်ကထက်ပို၍ ပြင်းထန်ကာ၊ ခြောက်ခြားဖွယ်ကောင်းလှ၏။

အစောပိုင်းနှင့် နှိုင်းယှဥ်ပါက နှစ်ဖက်စလုံး၏ အင်အားသည် ယခင်အဆင့်ထက် သိသိသာသာ ကျော်လွန်လာခဲ့သည်။ အစောပိုင်းတွင် မရီးဒျန်သန့်စင်ခြင်းအဆင့်၌ သွေးရောင်လည်ဆံမျောက်ဝံသာ ရှိခဲ့သော်လည်း၊ ယခုမူ၊ ချူးယွင်ဖန်းသည်လည်း မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

နှစ်ဖက်ထိပ်တိုက်တွေ့သည့်အခါတိုင်းတွင် စစ်မှန်သော စွမ်းအင်များသည် ရေစီးကြောင်းကြီးတစ်ခုနှယ်ပေါက်ကွဲထွက်လာကာ၊ နှစ်ဖက်လုံး နောက်ပြန်ဆုတ်ကြရသည်။ သူတို့နှစ်ဦးကြားမှတိုက်ပွဲသည် ဂူပေါက်တစ်ခုလုံးနှင့်တကွ အဝင်လမ်းကိုပါပိတ်ဆို့ထားသဖြင့် အခြား သွေးရောင်လည်ဆံများ ဝင်ရောက်လာ၍ မရရုံသာမက၊ ရှဖန်နှင့်အခြားသူများလည်း အနားကပ်လာရန်မဖြစ်နိုင်ပေ။

“တကယ့် မရီးဒျန်သန့်စင်ခြင်းအဆင့်တိုက်ပွဲကြီးလား၊ အရမ်းကြောက်ဖို့ကောင်းတယ်”

ရှဖန်နှင့် အခြားသူများ၏ မျက်လုံးများတွင် ထိတ်လန့်မှုအရောင်အဝါများ ထင်ဟပ်လျက်ရှိသည်။ ဤအနီးကပ်အကွာအဝေးမှတစ်ဆင့်၊ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူနှစ်ဦး ရင်ဆိုင်တိုက်ခိုက်ကြရာမှ ထွက်ပေါ်လာသည့် စွမ်းအားများကို ခံစားမိနိုင်သည်။

ချူးယွင်ဖန်း၏ လက်ရှိခွန်အားနှင့် သွေးရောင်လည်ဆံမျောက်ဝံ၏အကြားတွင် ကွာဟချက်ကြီးကြီးမားမားရှိနေသေးသော်လည်း ချူးယွင်ဖန်းသည် ယခင်ကကဲ့သို့ အရေးနိမ့်နေခြင်းမဟုတ်တော့ပေ။

“သူတို့ကအရမ်းသန်မာကြတာပဲ၊ ဒီလိုမျိုး မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတွေကြားက တိုက်ပွဲမှာ ငါတိုအရမ်းနီးကပ်နေရင်၊ ခိုက်မိနိုင်တယ်” ခယ့်ယွေ့က တုန်လှုပ်ခြောက်ခြားစွာဖြင့် ပြောလိုက်သည်။

“အခုတော့ ကျောင်းက ဒီမရီးဒျန်သန့်စင်ခြင်းအဆင့်ကျောင်းသားတွေအပေါ် ဘာလို့ အရမ်း ပစားပေးထားလဲဆိုတာ ငါ နောက်ဆုံးနားလည်သွားပြီ၊ အဆင့်တစ်ခုတည်း ကွာဟနေပေမယ့်၊ ငါတို့ ထင်ထားတာထက် အရမ်းကြီးမားတယ်”

“မှန်တယ်၊ အဲ့တာအမှန်ပဲ၊ ငါတို့စွမ်းအားတွေနဲ့ သူတို့စွမ်းအားတွေကြားမှာ ကွာဟချက်ရှိနေတယ်။ ဒါပေမယ့် ငါတို့ အတွက်ကတော့၊ အဲ့တာ တွန်းအားတစ်ခုပဲမလား။ ငါတို့ မရီးဒျန်သန့်စင်ခြင်းအဆင့်ကို ရောက်သွားရင်လည်း အဲ့လိုမျိုး ခွန်အားမျိုးရှိလာမှာပဲ” ရှဖန်က ကျယ်လောင်စွာပြောသည်။

“ဟုတ်တယ်၊ ငါတို့ သတိထားရမယ်၊ အခြားသွေးရောင်လည်ဆံမျောက်ဝံတွေကို အခုပိတ်ထားလို့ မဝင်နိုင်ကြသေးပေမယ့်၊ ငါတို့ သတိထားဖို့လိုသေးတယ်။ တကယ်လို့ သူတို့ထဲက နည်းနည်းပြေးဝင်လာရင်၊ ငါတို့ အမှုန့်ဖြစ်သွားလိမ့်မယ်” ကျီရှိချင်းက လက်ထဲမှ လက်နက်ကို မြှောက်၍ အလေးအနက်ပြောလိုက်သည်။

ယခု သူတို့အားလုံးသည် အောင်ပွဲကို အမှန်တကယ်မြင်နေကြရပြီဖြစ်သည်။ သူတို့အားလုံး၏ ခွန်အားများဖြ်င့ နောက်နေ့မနက်အထိ တောင့်ခံထားနိုင်မည့်ပုံပေါ်၏။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ဤအရာတစ်ခုတစ်လေကိုမျှ သတိမထားမိပေ။ သူသည် ဤသွေးပွက်ပွက်ဆူစေသော တိုက်ပွဲတွင် စိတ်ကို လုံးလုံးနှစ်မြုပ်ထားသည်ဖြစ်ရာ၊ ယခုလေးတင် အဆင့်ကျော်ဖြတ်နိုင်ခဲ့ပြီးနောက်၊ သူ၏ ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ချီစွမ်းအင်များ မြင့်တက်လာသည်။

ဤတိုက်ပွဲသည် ချူးယွင်ဖန်း၏ သွေးများကို ဆူပွက်လာစေသည်။ သူသည် ဤတိုက်ပွဲကို ခုခံကာကွယ်နိုင်ရုံမျှသာ တတ်နိုင်သော်လည်း၊ သူများများတိုက်လေလေ၊ ပို၍ ရဲရင့်လာလေလေဖြစ်လျက်ရှိ၏။

အခန်း(၃၉၈) သွေးရောင်လည်ဆံမျောက်ဝံများကို မောင်းထုတ်ခြင်း

ချူးယွင်ဖန်း တိုက်ခိုက်လေလေ၊ ပို၍ စိတ်လှုပ်ရှားလေလေဖြစ်နေသည်။ လက်ရှိတွင် ချူးယွင်ဖန်းသည် ခွန်အားအရ၊ အသာစီမးရနေသော်လည်း နှစ်ဦးကြားမှ တိုက်ပွဲပို၍ ပြင်းထန်လာသည်ကိုသာ အာရုံစိုက်လျက်ရှိသည်။ ချူးယွင်ဖန်းက သွေးရောင်လည်ဆံမျောက်ဝံများအကြားသို့ ချီတက်သွားသည်။

မျောက်ဝံများသည် ချူးယွင်ဖန်းကို သတ်လိုစိတ်ပြင်းပျစွာဖြင့် ဝိုင်းရံထားကြသော်လည်း ကျဥ်းမြောင်းသော ဂူဝင်လမ်းကြောင့် အနည်းငယ်ကသာ တကယ်တမ်း ဝိုင်းရံထားကြနိုင်သည်။ အကယ်၍ ယခင်ကသာဆိုလျှင် ဤပမာဏသည် ချူးယွင်ဖန်းကို အခြေအနေတစ်ခုအထိ ခြိမ်းခြောက်နိုင်လိမ့်မည်ဖြစ်သော်လည်း ယခု၊ ချူးယွင်ဖန်း၏ ခွန်အားသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်သဖြင့်၊ ဤသွေးရောင်လည်ဆံမျောက်ဝံများသည် ချူးယွင်ဖန်းကို မည်သို့မျှ မခြိမ်းခြောက်နိုင်တော့ပေ။ ချူးယွင်ဖန်း ဖန်တီးလိုက်သော တိုက်ပွဲအရှိန်သည် ၎င်းတို့အားလုံးကို လွင့်ထွက်သွားစေနိုင်၏။ ထို့အပြင် သူသည် ရံဖန်ရံခါ၊ မျောက်ဝံတစ်ကောင်ကို ဓားဖြင့် ခုတ်ပိုင်းပစ်ပေလိမ့်မည်ဖြစ်သည်။

လက်ရှိတွင် ချူးယွင်ဖန်း၏ စွမ်းအားသည် ဤသွေးရောင်လည်ဆံမျောက်ဝံထက် သိသိသာသာ သာလွနလျက်ရှိသည်။ မျောက်ဝံခေါင်းဆောင်သည် ရှဖန်၏ တိုက်ခိုက်မှုများကို အလွယ်တကူ တွန်းလှန်နိုင်သကဲ့သို့၊ ချူးယွင်ဖန်းသည်လည်း ဤသာမန်သွေးရောင်လည်ဆံမျောက်ဝံများကို အလွယ်တကူ ချေမှုန်းပစ်နိုင်သည်။

ချူးယွင်ဖန်းသည် မျောက်ဝံခေါင်းဆောင်ထက် ခွန်အားနည်း၍ တိုက်ခိုက်မှုတိုင်းကို မတားနိုင်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ၊ ချူးယွင်ဖန်း၏ လက်ထဲတွင် သားရဲတစ်ကောင်ပြီးတစ်ကောင် လဲကျသေဆုံးကုန်သည်။

တဖြည်းဖြည်းနှင့် မျောက်ဝံအသေကောင်များ အရေအတွက်သည် ဆယ်ကောင်သို့ ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းသည် ၎င်း၏ ညီအစ်ကို ဆယ်‌ကောင်ကို သတ်ခဲ့ကြောင်း မျောက်ဝံခေါင်းဆောင်က မြင်လိုက်ရသောအခါ၊ ဒေါသဖြင့် အော်ဟိန်း၍ ချူးယွင်ဖန်းကို ခုန်အုပ်လိုက်သည်။

ချူးယွင်ဖန်းက နောက်သို့ ပြန်လှည့်ကာ၊ မျောက်ဝံခေါင်းဆောင်ဖြင့် ထပ်မံတိုက်ခိုက်ပြန်၏။ သို့သော် သူ မျောက်ဝံခေါင်းဆောင်ကို တစ်ချက်တွန်းလှန်နိုင်လိုက်သည့်အခါတိုင်း၊ အနောက်သို့ ပြန်လှည့်၍ အနားရှိ သွေးရောင်လည်ဆံမျောက်ဝံများထဲမှ တစ်ကောင်ကို ထပ်မံသတ်ပစ်ပေလိမ့်မည်ဖြစ်သည်။

ချူးယွင်ဖန်းသည် နောက်ဆုံးတွင် သွေးရောင်လည်ဆံမျောက်ဝံများကို ညနှောင်းပိုင်း၌ မောင်းထုတ်နိုင်ခဲ့ရာ၊ ပြင်းထန်သော တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့ကြရသည်။ ရိုးရိုးသားသားပြောရလျှင်၊ တကယ်တမ်းတွင် သူတို့ မောင်းထုတ်နိုင်ခဲ့လိုက်ခြင်းမဟုတ်ပေ။ ခေါင်းဆောင်က ချူးယွင်ဖန်းကို သတ်ပစ်မည့်အစီအစဥ်ကို စွန့်လွှတ်လိုက်ခြင်းသာဖြစ်သည်။ ၎င်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၊ နတ်ဆိုးစွမ်းအင်ကို အသုံးပြု၍ ချူးယွင်ဖန်းကို သေသည်အထိ တိုက်ခိုက်ချင်ခဲ့သော်လည်း၊ ချူးယွင်ဖန်း၏ ကျင့်ကြံရေးသည် စွမ်းအင်သန့်စင်ခြင်းအထွဋ်အထိပ်အဆင့်ထက် များစွာနက်နဲနေလိမ့်မည်ဟု မည်သူက ခန့်မှန်းထားလိမ့်မည်နည်း။ ထို့အပြင်၊ ချူးယွင်ဖန်းသည် မွန်းစတားတစ်ကောင်မဟုတ်ပေ။ သူခန္ဓာကိုယ်ပြန်လည် ကောင်းမွန်လာစေရန် ဆေးဝါးများကို အားကိုးနိုင်ရုံသာမက၊ ချီဖြည့်တင်းဆေးနှင့် စွမ်းအင်ဖြည့်ဆေးရည်များကိုလည်း သောက်သုံးခဲ့သည်။

ဤသို့ နည်းလမ်းမျိုးစုံကို အသုံးပြု၍ ချူးယွင်ဖန်းသည် တစ်ညတာမျှတိုက်ပွဲဝင်ခဲ့သည့်တိုင် ပင်ပန်းခြင်းအလျင်းမျှမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူ များများတိုက်လေ၊ ပို၍ ရူးရူးမိုက်မိုက်ဖြစ်လာလေဖြစ်နေသည်။ မျောက်ဝံခေါင်းဆောင်သည် ဉာဏ်ရည်ထက်မြက်သည်။ ချူးယွင်ဖန်းကို သတ်ပစ်ရန်မဖြစ်နိုင်သော်လည်း သူ့ညီနောင် အကောင်နှစ်ဆယ်ကျော်ခန့် တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခံနေရသည်ကို မြင်သောအခါ၊ လက်လျှော့ခဲ့ရသည်။ ထို့အပြင်၊ ရှဖန်နှင့်အခြားသူများပါ သတ်ဖြတ်ခဲ့သော သွေးရောင်လည်ဆံမျောက်ဝံအရေအတွက်ပါ ထည့်တွက်လျှင်၊ အကောင် သုံးဆယ်ကျော်ခန့် သေဆုံးခဲ့သည်။

အဆုံးသတ်တွင်မူ၊ မျောက်ဝံခေါင်းဆောင်သည် သူ၏ မျောက်ဝံအုပ်ကို ပြန်ဆုတ်ခွာရန် ပြောခဲ့၏။ အကယ်၍ ထိုတိုက်ပွဲသာ ဆက်သွားလျှင်၊ မျောက်ဝံခေါင်းဆောင်မှ ချူးယွင်ဖန်းကို သတ်နိုင်မည်၊ မသတ်နိုင်မည် မသေချာသော်လည်း ၎င်း၏ ညီနောင်များအားလုံးကို ချူးယွင်ဖန်း သတ်ပစ်မည်မှာ သေချာ၏။

သွေးရောင်လည်ဆံမျောက်ဝံများ ဆုတ်ခွာသွားသောအခါ၊ ချူးယွင်ဖန်းနှင့် အခြားသူများက သက်ပြင်းတစ်ချက်ချလိုက်ကြသည်။ ရှဖန်နှင့်ကျန်သူများသည် မိမိတို့၏ ပုံရိပ်ကို ဂရုမစိုက်ကြတော့ဘဲ၊ မြေပြင်ပေါ်သို့ လှဲချလိုက်ကြသည်။

“နောက်ဆုံးတော့ ငါတို့ အဲ့စောက်ကျိုးနည်း သွေးရောင်လည်ဆံမျောက်ဝံတွေကို မောင်းထုတ်နိုင်ခဲ့တယ်။ အရမ်းကြောက်ဖို့ကောင်းတယ်၊ ငါတို့ ဂူထဲရောက်နေလို့ပေါ့၊ မဟုတ်ရင် မိနစ်ပိုင်းအတွင်း သေကုန်မှာသေချာတယ်” ရှဖန်က အမောတကြီးအသက်ရှုကာ၊ ပြောလိုက်သည်။

ယနေ့ည ရှဖန်သည် သွေးရောင်လည်ဆံမျောက်ဝံအချို့ကို လက်တစ်ဖက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။ ဤပြင်းထန်သော ပြသမှုအပြီးတွင် ဖော်မပြနိုင်သော ပြောင်းလဲမှုတ်စ်ခုကို သူ့ခန္ဓာကိုယ်မှ ခံစားရသည်။ အသွင်ပြောင်းမှုပြီးသွာသည်နှင့် သူ ပို၍ သန်မာလာလိမ့်မည်ကို သူသိသည်။

“မပြီးသေးဘူး၊ ခေါင်းဆောင်ရဲ့ မျက်လုံးထဲမှာ အမုန်းတရားတွေမြင်လိုက်ရတယ်။ သူပြန်လာမယ်လို့ ငါထင်တယ်။ အဲ့အချိန်ကျရင် တိုက်ပွဲတွေအများကြီး ထပ်ဖြစ်ဦးမယ်။ ဟားဟားဟား အခုကစပြီး ငါတို့ ညဆို အထီးမကျန်လောက်တော့ဘူး” ချူးယွင်ဖန်းက ရယ်မောလိုက်သည်။ သူသည်ကား၊ လှဲလျောင်းခြင်းမရှိ၊ တင်ပျဥ်ခွေသာထိုင်နေ၏။

ချူးယွင်ဖန်းသည် ယနေ့ များစွာ ရရှိနိုင်ခဲ့သည်။ သူသည် စွမ်းအင်သန့်စင်ခြင်းနဝမအဆင့်သို့ တက်လှမ်းနိုင်သွားပြီဖြစ်သည့်အပြင်၊ သူ၏ ခွန်အားသည်လည်း မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်၏။ ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ မတက်လှမ်းရသေးသော်လည်း သူ၏ ခွန်အားသည်မူ၊ မရီးဒျန်သန့်စင်ခြင်းအဆင့်တွင် အခိုင်အမာရှိနေ၏။ မူလက ထိုသွေးရောင်လည်ဆံမျောက်ဝံကို မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။ သေသည်အထိ တိုက်ပွဲဝင်ရန်သာဆုံးဖြတ်၍ ချပ်ဝတ်တန်ဆာကို အားကိုးခဲ့သည်။ သို့သော်၊ သူ၏ တိုက်ခိုက်ရေးခွန်အားများ အဆင့်တက်လာပြီးနောက်၊ သွေးရောင်လည်ဆံမျောက်ဝံကို ခုခံနိုင်ခဲ့ကာ၊ အခြားသော မျောက်ဝံများကိုပင် သတ်ရန် အချိန်ရခဲံ၏။

တိုက်ပွဲတစ်ညအပြီးတွင် ချူးယွင်ဖန်းသည် သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်မှာ မရီးဒျန်သန့်စင်ခြင်းတတိယအဆင့်တွင် ရှိနေနိုင်ကြောင်း နားလည်သဘောပေါက်သွားသည်။ ခွန်အားအရဆိုလျှင်၊ မိုးကြိုးတောင်ပံသားရဲထက်သာလွန်သည်။ နောက်ဆုံးတွင်မူ၊ သွေးရောင်လည်ဆံမျောက်ဝံ၏ အလားအလာသည် မိုးကြိုးတောင်ပံသားရဲနှင့် မတူ၊ အတိုင်းအတာတစ်ခုအထိ ရောက်ရှိနိုင်ခဲ့သည်။ မိုးကြိုးတောင်ပံသားရဲများသည်၊ ကြီးထွားရန် နေရာနှင့် အချိန်ရှိနေပါက၊ မြင့်မြတ်သော နတ်စွမ်းအင်များ ပိုင်ဆိုင်သည့် ဖြစ်တည်မှုများအထိ ဖြစ်လာနိုင်၏။

“ဒီညတိုက်ပွဲအပြီးမှာ ဒီသွေးရောင်လည်ဆံမျောက်ဝံတွေလည်း သာမန်ပါပဲဆိုတာ သဘောပေါက်လာတယ်” ခယ့်ယွေ့က ရယ်မောလျက်ပြောသည်။ “သူတို့က ငါတို့ထက် နည်းနည်း ပိုသန်မာပေမယ့် ငါတို့ လူသားတွေက ဉာဏ်ရည်ပိုမြင့်ပါတယ်”

“ငါတို့ ဒီနေ့ ကိုင်တွယ်နိုင်ခဲ့လို့ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ချူး။ နင်သာမရှိရင် ငါတို့ ဒီနေ့ ဘယ်လိုမှ ရုန်းထွက်ဖို့ မဖြစ်နိုင်လောက်ဘူး” ကျီရှိချင်းကပြောသည်။

“ဟုတ်တယ်။ မှန်တယ်။ အခုတော့ လုံးလုံးနားလည်သွားပြီ။ ငါတို့က မရီးဒျန်သန့်စင်ခြင်းအဆင့်ကျောင်းသားတွေနဲ့ ဝေးကွာပါတယ်။ နင့်ကို အမှီလိုက်နိုင်ဖို့ ငါတို့ ကြိုးစားရမယ်” လွမ်ရင်းယွီကပြောသည်.

“ကြိုးစားချင်စိတ်ရှိတာကောင်းပါမယ္၊ ငါတို့ အကုန်လုံးက အချင်းချင်းရဲ့ ‌ခေါင်းဆောင်တွေဖြစ်သလို တပည့်တွေလည်းဖြစ်တယ်။ ဒါ့ထက်၊ ငါတို့ ကအဖွဲ့လေ။ အနာဂတ်မှာ တစ်ယောက်ကိုတစ်ယောက် ပိုဂရုစိုက်ဖို့ လိုလိမ်မယ်။ မင်းတို့ ပိုသန်မာလေလေ၊ ငါတို့အားလုံးအတွက် ပိုကောင်းလေလေပဲ” ချူးယွင်ဖန်းကပြောသည်။

တစ်ရက်အကြာတွင် ကမ္ဘာအရပ်ရပ်မှလာသော ဤပါရမီရှင်များနှင့် လက်ရွေးစင်များသည် ချူးယွင်ဖန်းးကို အသိအမှတ်ပြုလာကြသည်။ ပိုအတိအကျဆိုရလျှင်၊ ၎င်းတို့သည် အခုအခါ၊ ချူးယွင်ဖန်းကို ၎င်းတို့၏ အဖွဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုလိုက်ပြီဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်၏ ခွန်အားကို မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ရပြီးနောက်၊ ၎င်းတို့၏ သွေးများပို၍ ဆူပွက်လာသည်။

“တစ်နှစ်ခွဲကြာရင် တာအိုညီလာခံမှာ ငါတို့ အားလုံး ငါတို့ရဲ့ အစွမ်းအစကို ပြသကြရလိမ့်မယ်” ရှဖန်က ကြေညာသည်။

“ဟုတ်တယ်၊ အချိန်ရှိတုန်း မြန်မြန်တရားထိုင်ပြီး မြန်မြန်ပြန်ကောင်းအောင်လုပ်ကြရအောင်၊ မနက်ဖြန်ကျရင် မွန်းစတားတွေအမဲလိုက်ဖို့ ထပ်ထွက်လာကြလိမ့်မယ်။ ငါတို့ အခုထိ အန္တရာယ်ရှိတဲ့အခြေအနေမှာပဲရှိသေးတယ်” ချူးယွင်ဖန်းက သတိပေးသည်။

လူတိုင်းဤသည်ကို စဥ်းစားမိကြသည်။ ဤနေရာကို သွေးရောင်လည်ဆံမျောက်ဝံများသာ သိမ်းပိုက်ထားခြင်းမဟုတ်ပေ။ သွေးရောင်လည်ဆံမျောက်ဝံက အစွမ်းအရှိဆုံးသာဖြစ်ရာ၊ အခြားမွန်းစတားများသည် အန္တရာယ်မရှိဟု ဆိုလိုခြင်းမဟုတ်ပေ။

ဤသို့တွေးကာ လူတိုင်းသည် တင်ပျဥ်ခွေထိုင်၍ တရားစထိုင်လိုက်ကြသည်။

ချူးယွင်ဖန်းသည် တင်ပျဥ်ခွေထိုင်ကာ၊ သူ့ခန္ဓာကိုယ်ထဲမှ ချီစွမ်းအင်များကို လည်ပတ်စေလိုက်သော်လည်း သူ့စိတ်သည်မူ၊ အခြားအရာများဖြင့် ပြည့်နေ၏။ နောက်ဆုံးတွင် သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်၏ တံခါးဝသို့ ရောက်ရှိနိုင်ခဲ့ပေသည်။ ရှေးဟောင်းလူသားများကာလတွင်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်သည် ကျင့်ကြံရေး၏ ပထမအစသာဖြစ်သည်။ ထို့ကြောင့် အစွမ်းထက်သော သိုင်းပညာနှင့် ကျင့်ကြံရေးလမ်းစဥ်အချို့သည်၊ ဤမရီးဒျန်သန့်စင်ခြင်းအဆင့်တွင် စ၏။

ဆိုလိုသည်မှာ၊ ချူးယွင်ဖန်းသည် သူ့အား ပိုမိုသန်မာလာစေနိုင်မည့်၊ ထိုလျှို့ဝှက်စာအုပ်များကို စတင်ကျင့်ကြံရန် လုံလောက်သော အရည်အချင်းများရှိလာပြီဟူ၍ပင်ဖြစ်၏။

အခန်း(၃၉၉) တစ်လခွဲခန့်အကြာ၊

တကယ်တမ်းတွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်ထဲရှိသည့် စွမ်းအားကြီး ကျင့်ကြံရေးနည်းလမ်းများစွာရှိရာ၊ စီးဆင်းမှုကို ဖြတ်တောက်ခြင်း ဓားသိုင်းသည် ၎င်းတို့အနက် တစ်ခုအပါအဝင်ပင်ဖြစ်သည်။ သို့သော် ဤကျင့်စဥ်များအနက်၊ စွမ်းအားအပြင်းဆုံးမှာ ဆေးဧကရာဇ် လက်ဝယ်ပိုင်ဆိုင်ထားခဲ့သည့် ဧကရာဇ်အဓိပတိမှ လွှဲပြောင်းပေးအပ်ခဲ့သော စစ်နတ်ဘုရားကျင့်ကြံခြင်းစာအုပ်မှတပါးအခြားမဟုတ်ပေ။

စစ်နတ်ဘုရားနည်းလမ်း စာအုပ်တွင် သာလွန်ကောင်းမွန်သော ကျင့်ကြံရေးနည်းလမ်းများပါဝင်သည်။ စစ်နတ်ဘုရားနည်းလမ်းစာအုပ်ထဲတွင် ၎င်းအပြင်၊ အခြားသော တိုက်ပွဲနည်းပညာများနှင့်၊ များစွာသော ကျင့်ကြံရေးနည်းလမ်းများလည်းပါသည်။ ဤသည်ကား၊ ဧကရာဇ်အဓိပတိ၏ ဘဝတစ်ခုလုံးမှ သွေးများ ချွေးများဖြင့် ရေးထားခဲ့ခြင်းဖြစ်သည်။

ဤကျင့်ကြံရေးနည်းလမ်းများကို ယခုအသုံးပြုမည်ဆိုပါက၊ စွမ်းအားကို တိုင်းတာ၍ပင်ရနိုင်လိမ့်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို ကျော်လွန်၍ အဆိုပါ ကျင့်ကြံရေးလမ်းစဥ်များထဲမှ တစ်ခုသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းခြင်းအတွက် လိုအပ်ချက်များနှင့် ကိုက်ညီကြောင်း တွေ့ရှိခဲ့ရသည်။ ၎င်းသည် သူ၏ တိုက်ပွဲစွမ်းရည်ကို မြှင့်တင်ရန် လိုအပ်သောအရာတစ်ခုလည်းဖြစ်သည်။

ဧကရာဇ်ခန္ဓာကိုယ်ဟုခေါ်သောအရာသည် အလွန်အစွမ်းထက်သည့် တိုက်ခိုက်ရေး ကိုယ်လုံးကိုယ်ထည်တစ်မျိုးလည်းဖြစ်သည်။ ဤသို့သော ကိုယ်လုံးကိုယ်ထည်မျိုးသည် သန်မာသော ကိုယ်လုံးကိုယ်ပေါက်ဖြင့် သဘာဝအတိုင်းမွေးဖွားလာသူများနှင့် ကွဲပြားသည်။ ဤအရာကို မရီးဒျန်သန့်စင်ခြင်းအဆင့်၌သာ ကျင့်ကြံနိုင်သောကျင့်စဥ်လည်းဖြစ်၏။

ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကို ကျင့်ကြံထားသော လူတစ်ဦး၏ ချီစွမ်းအင်သည် အခြားသူများထက် အဆပေါင်းများစွဦ သာလွန်ပေလိမ့်မည်ဖြစ်သည်။ ကိုယ်ခန္ဓာအရည်အသွေးသည် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို ကျင့်ကြံရာတွင် အခြေခံအုတ်မြစ်တစ်ခုလည်းဖြစ်သည်။ ဤသိုင်းပညာသည် အလွန်အစွမ်းထက်သဖြင့် အလွန်အကျွံ ကျင့်ကြံလိုက်သောအခါ၊ ဧကရာဇ်အဓိပတိအဆင့်သို့ ရောက်ရှိသွားနိုင်မည်ဖြစ်သည်။ ဖိအားအနည်းငယ်မျှပင် မခံစားရဘဲ၊၊ လူတစ်ဒါဇင်ခန့်ကို ချေမှုန်းနိုင်လိမ့်မည်ပင်ဖြစ်၏။

ကြီးမြတ်သော ဧကရာဇ်တိုက်ပွဲစာအုပ်တွင် နတ်ဘုရားကျင့်စဥ်သည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်။ နတ်ဘုရာကျင့်စဥ်ကို ကျင့်ကြံထားသူတစ်ဦးသာလျှင် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကို ကျင့်ကြံနိုင်မည်ဖြစ်သည်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို ကျင့်ကြံခြင်းဖြင့် ကြီးမြတ်သော ဧကရာဇ်တိုက်ပွဲစာအုပ်မှ အခြားသော စွမ်းအားကြီး တိုက်ခိုက်ရေးနည်းလမ်းများစွာကိုလည်း ကျင့်ကြံနိုင်မည်ဖြစ်သည်။ ကျင့်ကြံရေးအတွက်၊ ခန္ဓာကိုယ်သည် အခြေခံအုတ်မြစ်ဖြစ်ရာ၊ သိုင်းပညာများကို ကျင့်ကြံခြင်းနှင့် အတူတူပင်ဖြစ်သည်။ တိုက်ပွဲနည်းပညာ ပို၍ စွမ်းအားကြီးလေလေ၊ အသုံးပြုမည့်သူအတွက် လိုအပ်ချက် မြင့်မားလေလေဖြစ်၏။

ထို့ကြောင့် ဧကရာဇ်အဓိပတိသည် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို မကျင့်ကြံပါက၊ အရာအားလုံးသည် အချည်းအနှီးပင်ဖြစ်ပေလိမ့်မည်ဖြစ်သည်။

ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်၏ အဦးဆုံးအပိုင်းမှာ မရီးဒျန်သန့်စင်ခြင်းအပိုင်းပင်ဖြစ်သည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် မင်းကို မကျင့်ကြံခဲ့ခြင်းဖြစ်သည်။ သူအဆင့်မမြင့်သေးသောအချိန်တွင် အတင်းအကြပ်ကျင့်ကြံခဲ့ပါက၊ နောက်ဆုံးတွင် ဒုက္ခရောက်ရမည့်သူမှာ သူဖြစ်နေမည်မှာ သေချာ၏။ ယခုမူ၊ သူတစ်နှစ်ကျော် ဝီရိယစိုက်ထုတ်ပြီးနောက်၊ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို ကျင့်ကြံနိုင်မည့်လိုအပ်ချက်များ၊ နောက်ဆုံးတွင် ပြည့်ဝလာပြီဖြစ်သည်။

သို့သော် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကို အောင်မြင်စွာ ကျင့်ကြံရန် မလွယ်ကူလှပေ။ နတ်ဘုရားကျင့်စဥ် ကျင့်ကြံထားသော သူတစ်ဦးသည်၊ များစွာသော ဆေးဖက်ဝင်အပင်များကို ပြင်ဆင်၍ ရက်ပေါင်းများစွာ၊ ဆေးဖက်ဝင်ရေချိုးသန့်စင်ခြင်းကို ပြုလုပ်ရပေလိမ့်မည်။ ပြင်ပမှ အတွင်းသို့ ပြောင်းလဲခြင်းဖြစ်စဥ်သည် အလွန်အမင်း၊ နာကျင်ရပေလိမ့်မည်ဖြစ်သည်။

ထိုစဥ်ကဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကို တည်ဆောက်ပြီးနောက်၊ ဧကရာဇ်အဓိပတိသည် ၎င်းကို သူ၏ သားစဥ်မြေးဆက်များထံ လက်ဆင့်ကမ်းပေးခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ တကယ်တမ်း မကျင့်ကြံနိုင်ခဲ့ကြပေ။ တစ်ဖက်တွင်၊ ဆေးဖက်ဝင်ရေချိုးသန့်စင်ခြင်းအတွက် လိုအပ်သည့် ဆေးဖက်ဝင်အပင်များကို ရှာဖွေရန် အလွန်ခက်ခဲသည်။ အခြားတစ်ဖက်တွင်၊မူ၊ အသွင်ကူးပြောင်းခြင်းဖြစ်စဥ်သည် အလွန်နာကျင်ပေလိမ့်မည်ဖြစ်သည်။ လူ့ဘဝသည် ကွဲပျက်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း၊ ထပ်မံကွဲပျက်ခြင်း၊ ထပ်မံပြန်လည် တည်ဆောက်ခြင်းဟူသည့် ဖြစ်စဥ်များ အထပ်ထပ်အခါခါ ဖြစ်ပျက်နေခြင်းသာဖြစ်သဖြင့်၊ ရက်များစွာကြာသည်အထိ တည်မြဲနေမည်ဖြစ်ရာ၊ အများစုသည် ဆုံးခန်းတိုင်သည်အထိ ရပ်တည်နိုင်လိမ့်မည်မဟုတ်ပေ။

ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိနေသော ချူးယွင်ဖန်းသည် ၎င်း မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သိ၏။ သို့သော် ဤအဆင့်ကိုရှောင်လွဲ၍ မရနိုင်ပေ။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို မကျွမ်းကျင်ပါက၊ အရာအားလုံးသည် အချည်းအနှီးပင်ဖြစ်ပေလိမ့်မည်။

ချူးယွင်ဖန်းသည် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို ကျွမ်းကျင်သည်နှင့် တစ်ပြိုင်နက်၊ သူသည် မရီးဒျန်သန်စင်ခြင်းအဆင့်သို့ ဝင်ရောက်ကာစ၊ မရီးဒျန်သန့်စင်ခြင်းပထမအဆင့် ကျွမ်းကျင်သူပင်ဖြစ်လင့်ကစား၊ မရီးဒျန်သန့်စင်ခြင်းတတိယအဆင့် ကျွမ်းကျင်သူကို အလွယ်တကူ အနိုင်လိမ့်မည်ဖြစ်သည်။ အစောပိုင်းက သူ ရင်ဆိုင်ရန် နည်းလမ်းမရှိခဲ့သော သွေးရောင်လည်ဆံမျောက်ဝံကို အလွယ်တကူ အနိုင်ယူနိုင်ပေလိမ့်မည်ဖြစ်သည်။

အကယ်၍ ချူးယွင်ဖန်းသည် စစ်နတ်ဘုရားစာအုပ်မှ အခြားသော အစွမ်းထက် တိုက်ခိုက်ရေးသိုင်းပညာများကိုပါ ပူးတွဲကျင့်ကြံပါက၊ သူ၏ တိုက်ခိုက်ရေး စွမ်းရည်သည် တစ်လှမ်းချင်းတိုးလာကာ၊ ပို၍ပင် ကြောက်မက်‌ခြောက်ခြားဖွယ်ဖြစ်လာလိမ့်မည်ဖြစ်သည်။

ကျင့်ကြံရေးသမားတစ်ဦးအတွက် ဥစ္စာဓနအပါအဝင်၊ ဥပဒေနှင့် မြေယာလည်းရှိရမည်ဖြစ်သည်။ ချူးယွင်ဖန်းသည် သူ့ဘဝ၏ အမြင့်ဆုံးသို့ ရောက်ရှိလိုပါက၊ စစ်နတ်ဘုရားစာအုပ်သည်သာလျှင် တစ်ခုတည်းသော နည်းလမ်းဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အလွန်ခက်ခဲလှမည်ကို သိသော်လည်း သူ လက်လျှော့လိမ့်မည်မဟုတ်ပေ။ သို့သော်ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို ကျွမ်းကျင်ရန်မှာ အလွန်ရှုပ်ထွေးသော ဆေးဖက်ဝင်အပင် များကို ရှာရန်သာ အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။ ထိုအချိန်က ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို ကျွမ်းကျင်ရန် အဓိပတိဧကရာဇ်သည် ကမ္ဘာအရပ်ရပ်သို့ ခရီးလှည့်လည်၍ ဤဆေးပင်များကို သုံးနှစ်ကြာ စုဆောင်းခဲ့ရသည်။ သို့သော် ယင်းသည် ရှေးဟောင်းလူသားများကာလ၏ နည်းလမ်းဖြစ်သည်။ ခေတ်သစ်လူ့အဖွဲ့အစည်းသည် ထိုခေတ်ကာလနှင့် နှိုင်းယှဥ်ပါက၊ ပိုမိုအင်အားကြီးမားသော အုပ်ချုပ်ရေးအာဏာများရှိသည်။ ထို့ကြောင့် ပိုက်ဆံရှိနေသရွေ့ ဤဆေးဖက်ဝင်အပင်အများစုကို ရှာတွေ့နိုင်လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် လာမည့်လသည် ချူးယွင်ဖန်းအတွက် အလွန်အလုပ်များရမည့် လတစ်လဖြစ်ပေလိမ့်မည်ဖြစ်သည်။ နေ့ခင်းပိုင်းတွင် ချူးယွင်ဖန်းသည် ဆွဲငင်အားလေးဆကို တောင့်ခံ၍ မွန်းစတားများကို ရှာဖွေ၊ အမဲလိုက်ရမည်။ တစ်ခါတစ်ရံတွင် သူသည် သွေးရောင်လည်ဆံမျောက်ဝံများ၏ နယ်မြေအစွန်းသို့လှည့်လည်၍ တစ်ကောင်တည်းရှိသော မျောက်ဝံများကိုချေမှုန်းပစ်တတ်သည်။

ဆွဲငင်အားလေးဆအောက်တွင် ချူးယွင်ဖန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့ ပြန်လည်ကျဆင်းသွားသည်။ ရှဖန်နှင့် အခြားသူများသည်လည်း အလားတူလုပ်ဆောင်နေကြသည့်တိုင်၊ ၎င်းတို့သည်ကား ဆွဲငင်အား ၀.၅ဆ ကို တောင့်ခံထားကြရခြင်းဖြစ်၏။ ညပိုင်းတွင်မူ သွေးရောင်လည်ဆံမျောက်ဝံများ၏ လက်စားချေမှုကို ရင်ဆိုင်ကြရမည်ပင်ဖြစ်သည်။ ပြင်းထန်သော တိုက်ပွဲများ အထပ်ထပ်ဖြစ်ပွားခဲ့ရာ၊ သွေးရောင်လည်ဆံမျောက်ဝံများသည် ညပိုင်းတွင်ရောက်လာကြ၍ မိုးလင်းခါနီးအထိ တိုက်ခိုက်ကြရသည်။ ၎င်းတို့၏ ညီနောင်များစွာ ကျဆုံးသွားပြီးနောက်၊ ပြန်လည်ထွက်ခွာသွားကြလေ့ရှိသည်။

ထို့အပြင်၊ အဖွဲ့သည် ၎င်းတို့၏ စာပေပညာအတန်းများကို တက်ရောက်ရန် အချိန်လည်း ဖယ်ကြရသေးသည်။ အချိန်သည် အလွန်တင်းကြပ်နေသော်လည်း ချူးယွင်ဖန်းသည် ဆေးဖက်ဝင်အပင်များကို မှတ်တမ်းတင်ထားသည် ကျင့်ကြံရေးစွယ်စုံကျမ်းအရလည်း လုပ်ရန်ရှိသောအရာများ လုပ်ဆောင်နေရဆဲဖြစ်သည်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ဆေးဖက်ဝင်ရေချိုးသန့်စင်ခြင်းအတွက် လိုအပ်သော ဆေးဖက်ဝင်အပင်များကို ခွဲခြားစုဆောင်းရမည်ဖြစ်သည်။

ရှေးခေတ်နှင့် ယခုခေတ်ကြားတွင် ကွာခြားချက် များစွာရှိသောကြောင့် ချူးယွင်ဖန်းသည် ၎င်းတို့ကို အချိန်တိုင်း အာရုံစိုက်နေရသည်။ ပါဝင်ပစ္စည်းအချို့ကိုမူ စွယ်စုံကျမ်း၌ပင် ရှာမတွေ့သဖြင့်၊ ချူးယွင်ဖန်းသည် ထိုအရာတို့ကို အစားထိုနိုင်မည့် အခြားတစ်ခုကို တွေးနေရသည်။

အကယ်၍ ၎င်းသည် အခြားသူသာဖြစ်လျှင် မဖြစ်နိုင်သော စွမ်းဆောင်မှုတစ်ခုဖြစ်ပေလိမ့်မည်ဖြစ်သော်လည်း ဆေးဧကရာဇ်၏ မှတ်ဉာဏ်များကို အမွေဆက်ခံခဲ့သော ချူးယွင်ဖန်းအတွက်မူ၊ ၎င်းသည် ဖြစ်နိုင်ခြေရှိ၏။ ဆေးဧကရာဇ်သည် ဆေးပညာကို အလွန်ကျွမ်းကျင်သူဖြစ်ရာ၊ ဆေးဖက်ဝက်အပင်များ၏ အစွမ်းသတ္တိအမျိုးမျိုးကို သိရှိနေခြင်းသည် မကြုံစဖူးအလွန်ထူးဆန်းသော အရာပင်ဖြစ်၏။ ထို့ကြောင့် ချူးယွင်ဖန်းသည် သူ၏ ဦးနှောက်ကို ထိန်းချုပ်၍ နောက်ဆုံးတွင်ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကို အောင်မြင်စေနိုင်မည့် ဆေးဖက်ဝင်ချိုးရေကို တီထွင်နိုင်‌တော့မည်ဖြစ်သည်။

ပါဝင်ပစ္စည်းများကို ဆုံးဖြတ်ပြီးနောက်၊ ချူးယွင်ဖန်းသည် စာရင်းကို လုချင်းရွှမ်ထံသို့ ပေးပို၍ ၎င်းတို့ကို စုဆောင်းပေးရန် သူမအားတောင်းဆိုခဲ့သည်။ ၎င်းသည် အလွန်ရှည်လျားသော စာရင်းတစ်ခုဖြစ်၍ ထိုဆေးဖက်ဝင်အပင်များအားလုံးသည် အလွန်ရှားပါးလှသည်။ မကြာခင်တွင်ပင် လုချင်းရွှမ်က အကြောင်း ပြန်ခဲ့၏။ ချူးယွင်ဖန်းသည် အဆိုပါ ဆေးဖက်ဝင်အပင်များအားလုံးကို ဝယ်ယူလိုပါက၊ အနည်းဆုံးယွမ်တစ်ဘီလီယံခန့်ကုန်ကျမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် ၎င်းအတွက်ကြိုတင်ပြင်ဆင်ခဲ့ပြီးဖြစ်သော်လည်း ငွေမည်မျှလိုအပ်နေကြောင်း မြင်လိုက်ရသောအခါ၊ ကျောရိုးတစ်လျှောက်အေးစက်သွားရသည်။

ကမ္ဘာပေါ်မှ ပညာရှင်အနည်းငယ်ခန့်သည် ၎င်းတို့၏ ကိုယ်ပိုင်ကုမ္ပဏီကို တည်ထောင်ခဲ့ကြသည်မှာ အံ့သြဖွယ်ရာတော့မရှိလှပေ။ ကျင့်ကြံခြင်းသည် အလွန်ပင် အရင်းအမြစ်သုံးစွဲရသည့်အရာတစ်ခုဖြစ်သည်။ ကျင့်ကြံရေး၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းတွင် အရင်းအမြစ်များစွာ သုံးစွဲရသည်ဖြစ်ရာ၊ ဤအရာများအားလုံးကို သူငွေမပါဘဲ၊ ပြီးမြောက်သည်အထိ လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ပေ။

ယခင်က ချူးယွင်ဖန်းသည် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ဆေးဖက်ဝင်ချိုးရေဖော်မြူလာကို ရရှိခဲ့သော်လည်း ယွမ်တစ်ဘီလီယံပေးချေရန်မဖြစ်နိုင်သောကြောင့် အသုံးမဝင်လှပေ။ ယွမ်တစ်သိန်းဂဏန်းသည်ပင် သူမတတ်နိုင်သော ကိန်းဂဏန်းတစ်ခုဖြစ်၏။

လူတစ်ယောက်သည် ပို၍ စွမ်းအားကြီးလေလေ၊ အဆင့်မြင့် သိုင်းစွမ်းအင်များနှင့်၊ တိုက်ခိုက်ရေးနည်းပညာများရရှိရန် အခွင့်အရေးမြင့်မားလေလေပင်ဖြစ်၏။ ၎င်းတို့သည် အခြားသူများထက်သာလွန်သော အရည်အချင်းများရှိလျှင်ရှိ၊ မရှိလျှင် ၎င်းတို့ကို လုံလောက်စွာထောက်ပံ့ပေးနိုင်သည့် ငွေအရင်းအမြစ်များရှိရမည်ဖြစ်သည်။ အတိုချုံးပြောရလျှင်၊ လျှို့ဝှက်လက်စွဲစာအုပ်သည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာရန် မဖြစ်နိုင်သကဲ့သို့၊ လူတစ်ယောက်သည်လည်း အဆင့်မြင့်သည်အထိ ပေါ့ပေါးပါးပါးကျင့်ကြံရန် မဖြစ်နိုင်ပေ။

ကံကောင်းထောက်မစွာဖြင့် ရှန်ဟဲကုမ္ပဏီ၏ လက်ရှိ အရှိန်အဟုန်ဖြင့် ၎င်းသည် ယခုထက်ပိုမို တိုးတက်လာလိမ့်မည်ကို လူတိုင်းသိကြသည်။ ဘဏ်မှ ငွေသန်းယွမ်တစ်ဘီလီယံချေးယူရန် ချူးယွင်ဖန်းအတွက် ခက်ခဲလိမ့်မည်မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်းတွင် လတစ်ဝက်ခန့်ကုန်ဆုံးသွား၏။

All Chapters