← Chapters

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း (၄၀၀-၄၀၂)

Vol. 27 Ch. 400-402

အခန်း(၄၀၀) စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်

ဤလဝက်အတွင်းတွင် ၎င်းတို့ ငါးဦး၏ ခွန်အားများ အလွန်တိုးမြင့်လာကြသည့်အပြင် စွမ်းအင်သန့်စင်ခြင်း အထွဋ်အထိပ်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။ ဤလူငါးဦးသည် စွမ်းအင်သန့်စင်ခြင်း နဝမအဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သော်လည်း ၎င်းတို့၏ ကျင့်ကြံရေးသည်မူ အပြည့်အဝမသန့်စင်သေးပေ။

ယခု၊ တစ်လခွဲအကြာ ပြင်းထန်သော တိုက်ပွဲပြီးနောက်၊ ချူးယွင်ဖန်းနှင့် အခြားသူများသည် စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်သို့ တက်လှမ်းလာခဲ့ကြရာ၊ ၎င်းတို့၏ စွမ်းအင်သန့်စင်ခြင်းအဆင့်ကျင့်ကြံရေး ပြီးစီးသွားပြီဖြစ်၏။ ၎င်းတို့သည် အချိန်မရွေး မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ပြည်ထောင်စုတက္ကသိုလ်ရှိ ဒုတိယနှစ်ကျောင်းသားအချို့နှင့် အငယ်တန်းကျောင်းသားများထက် ပိုမို စွမ်းအားကြီးနှင့်နေပြီဖြစ်သည်။

တကယ်တမ်းတွင်၊ ပြည်ထောင်စုတက္ကသိုလ်ရှိ ထောင်သောင်းမကသော သိုင်းပညာကျောင်းသားသစ်များကြားတွင်၊ ၎င်းတို့ ငါးဦးသည် အမှန်တကယ်ပင် လက်ရွေးစင်များဖြစ်ကြသည်။ ၎င်းတို့၏ ကျင့်ကြံရေး အမြန်အဆန်တိုးတက်လာသည်မှာ သဘာဝပင်ဖြစ်သည်။

ထို့သို့ဆိုလျှင်ပင် ရှဖန်နှင့်အခြားသုံးဦးသည် ချူးယွင်ဖန်းကို ချူးယွင်ဖန်းကို အလွန်အမင်းယုံကြည်နေကြဆဲဖြစ်သည်။ လွန်ခဲ့သော တစ်လခွဲခန့်နှင့် နှိုင်းယှဥ်ပါက၊ ၎င်းတို့၏ အင်အားသည် ယခုအခါ ပိုမို ရက်စက်ကြမ်းကြုတ်လာသည်။ ၎င်းတို့သည် အတိတ်မှ မိမိတို့ကိုယ်တိုင်ကို အနိုင်ယူရန် ခက်ခဲကြလိမ့်မည်မဟုတ်ပေ။ ထိုစဥ် သူတို့ စုပေါင်းတိုက်ခိုက်ခဲ့စဥ်ကပင် သွေးရောင်လည်ဆံမျောက်ဝံများကို အနိုင်ယူနိုင်ခဲ့ခြင်းဖြစ်ရာ၊ အစပိုင်းတွင် ချူးယွင်ဖန်း၏ အကူအညီကို လိုအပ်ခဲ့ကြသော်လည်း ယခုမူ၊ သွေးရောင်လည်ဆံမျောက်ဝံကို သူတို့ကိုယ်တိုင် အနိုင်ယူနိုင်ခဲ့ကြပြီပင်ဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းတို့သည် သွေးရောင်လည်ဆံမျောက်ဝံများ၏ စားကျက်မြေ၌ပင် လှည့်လည်၍ တစ်ကောင်တည်းဖြစ်နေသည့် မျောက်ဝံများကို ဇီဝိန်ချုပ်ပစ်နိုင်ပြီဖြစ်သည်။

သို့သော် ဤအဆင့်တွင်ပင် ၎င်းတို့သည် စွမ်းအင်သန့်စင်ခြင်း အထွဋ်အထိပ်အဆင့်သို့ ကျင့်ကြံခဲ့သော ချူးယွင်ဖန်းနှင့် အလှမ်းဝေးနေသေးကြောင်း သူတို့သိကြသည်။ လွန်ခဲ့သော လဝက်ခန့်က စွမ်းအင်သန့်စင်ခြင်းအဋ္ဌမအဆင့် အထွဋ်အထိပ်တွင်ရောက်နေသည့် ချူးယွင်ဖန်းနှင့် နှိုင်းယှဥ်ကြည့်လျှင်ပင် သူနှင့် ၎င်းတို့ကြား ကွာခြားချက်သည် အလွန်ကြီးမားလှသည်။

ဤသည်က မိမိကိုယ်ကို နှိမ်ချခြင်းမဟုတ်သော်လည်း အမှန်တရားသာဖြစ်သည်။ ယခုအချိန်တွင်‌ သွေးရောင်လည်ဆံမျောက်ဝံကို သတ်နိုင်သော်လည်း ကြိုးစားအားထုတ်ရန်လိုသေးသည်။ ၎င်းတို့မျက်စိရှေ့တွင် ချူးယွင်ဖန်းမှ သွေးရောင်လည်ဆံမျောက်ဝံတစ်ကောင်ကို အချိန်တိုအတွင်းသတ်ပစ်ခဲ့သည့် မြင်ကွင်းမှာ လောလောလတ်လတ်ပင်ရှိသေးသည့်အတွက်၊ ၎င်းကို အချိန်ကြာသည်အထိ မေ့နိုင်ကြလိမ့်မည်မဟုတ်ပေ။

ထိုအချိန်ကတည်းက ချူးယွင်ဖန်းသည် အလွန်ကြောက်မက်ခြောက်ခြားဖွယ်ကောင်းနေဆဲဖြစ်ရာ၊ ယခုချူးယွင်ဖန်းသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမို သန်မာ၏။ သွေးရောင်လည်ဆံမျောက်ဝံများကို သူတို့ကိုယ်တိုင်ကိုင်တွယ်ဖြေရှင်းနိုင်လာသည့် ယခုအချိန်တွင် ချူးယွင်ဖန်း အမှန်စင်စစ်မည်မျှသန်မာကြောင်း မသိကြပေ။ ညစဥ်ညတိုင်း ၎င်းတို့ သွေးရောင်လည်ဆံမျောက်ဝံအုပ်ကို ရင်ဆိုင်နေကြစဥ်တွင် ချူးယွင်ဖန်းသည် သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်နှင့် ရင်ဆိုင်နေ၏။ နေ့တိုင်း ချူးယွင်ဖန်းသည် မျောက်ဝံခေါင်းဆောင်ကို သုံး၍ သူ့ကိုယ်သူ လေ့ကျင့်ပေးလျက်ရှိနေသဖြင့် သူ၏ တိုးတက်မှုနှုန်းသည် အလွန်လျင်မြန်လှသည်။

ချူးယွင်ဖန်းသည် မျောက်ဝံခေါင်းဆောင်နှင့် ရင်ဆိုင်ရာတွင် အရေးနိမ့်နေသေးသော်လည်း ဤဂူထဲတွင် မျောက်ဝံသည် သူ့ကို မည်သို့မျှ ဒုက္ခမပေးနိုင်ပေ။ ထို့ကြောင့် ချူးယွင်ဖန်းက ၎င်းကို ဓားသွေးကျောက်တစ်ခုအဖြစ်သာ ဆက်ဆံလျက်ရှိ၏။

ချူးယွင်ဖန်းကို မုန်းတီးသော မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ မျောက်ဝံခေါင်းဆောင်ကြောင့်သာမဟုတ်လျှင် ချူးယွင်ဖန်း၏ တိုးတက်မှုသည် ဤမျှ လျင်မြန်ပေလိမ့်မည်မဟုတ်ပေ။ တစ်လခွဲကျော်ကြာပြီးနောက်၊ ချူးယွင်ဖန်းသည် သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆွဲငင်အားလေးဆ၏ ချုပ်နှောင်မှုကို အသားကျလာခဲ့သည်။ ဤချုပ်နှောင်မှုဖြင့်ပင် ချူးယွင်ဖန်းသည် ရှဖန်နှင့် အခြားသူများကို ၎င်းတို့၏ စွမ်းအားအမြင့်ဆုံးအခြေအနေများ၌ပင် အနိုင်ယူနိုင်နေဆဲဖြစ်၏။ သူသာ ထိုချုပ်နှောင်မှုကို ဖယ်ရှားလိုက်မည်ဆိုပါက၊ ချူးယွင်ဖန်းသည် သာမန် မရီးဒျန်စွမ်းအင်သန့်စင်ခြင်း ပထမအဆင့်ပညာရှင်များသည်ပင် သူ့ကို ယှဥ်နိုင်လိမ့်မည်မဟုတ်ပေ။ လွန်ခဲ့သည့်လဝက်နှင့် နှိုင်းယှဥ်ပါက သူ၏ ခွန်အားသည် အရှေ့သို့ ခုန်တက်သွားခဲ့၏။

ရှဖန်နှင့် အခြားသူများသည် မဆိုးလှသော်လည်း ၎င်းတို့သည် ပြည်ထောင်စုတက္ကသိုလ်တွင် ထိပ်တန်းအဆင့်ရှိသူများဖြစ်ရန် အမှန်တကယ်ပင် ထိုက်တန်ကြသည်။ တစ်လခွဲခန့်အကြာတွင် ၎င်းတို့သည်လည်း ဆွဲငင်အား ၀.၅ ဆကို ကျင့်သားရနေကြပြီဖြစ်သည်။ သာမန်တက္ကသိုလ်ကျောင်းသားသာဆိုလျှင် ၎င်းတို့သည် ယင်းကို အချိန်ကြာသည်အထိ အသားကျနိုင်ကြလိမ့်မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်၏ ခွန်အားသည် ဆွဲငင်အား ၀.၅ဆကို လိုက်ရောညီထွေရန် ထိန်းညိနိုင်မည်မဟုတ်ပေ။ ဤဆွဲငင်အားမျိုးသည် ခန္ဓာကိုယ်ကို ကျင့်ကြံ‌ပေးနိုင်သော်လည်း ခန္ဓဦကိုယ်ရှိ ဝန်ထုပ်ဝန်ပိုးပမာဏကိုမူ စိတ်ကူး၍ပင်ရနိုင်လိမ့်မည်မဟုတ်ပေ။

ဤသို့သော ဆွဲငင်အားမျိုးကို အချိန်အတော်ကြာ ထိန်းချုပ်ထားရသည့် သာမန်လူတစ်ယောက်သည် မိမိတို့၏ ခန္ဓာကိုယ်တွင် အလွန်ပြင်းထန်သော ပြောင်းလဲမှုများကို ခံစားရမည်ဖြစ်သည်။ ၎င်းတို့သည် တူညီသော အဆင့်တွင်ရှိကြသော်လည်း ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် အခြားသူများထက် အဆပေါင်းများစွာ ပို၍ သာလွန်၏။ ဤနည်းဖြင့်သာ သူသည် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ခံနိုင်ရည်ရှိခဲ့ခြင်းဖြစ်သည်။

ထို့အတွက်ကြောင့် ချမ်းသာသော မိသားစုများမှ ကလေးအများအပြားသည် သာမန်အလေးစီးဝတ်စုံများကိုသာ အသုံးပြုကြသည်။ သာမန်အလေးစီးဝတ်စုံများသည် ခန္ဓာကိုယ်တစ်ခုလုံး၏ ကြွက်သားများကို လေ့ကျင့်ပေးသော်လည်း ဆွဲငင်အား တိုးမြင့်စေသည့် အလေးစီးဝတ်စုံများသည်မူ၊ ခန္ဓာကိုယ်တစ်ခုလုံးအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။ ၎င်းတို့၏ အသုံးဝင်ပုံသည် မတူကြပေ။

သို့သော် ဆွဲငင်အားကို မြှင့်တင်ပေးနိုင်သည့် အလေးချိန်စီးဝတ်စုံကို ဝတ်၍ မှောင်မိုက်သော တောထဲတွင်ပင်၊ ချူးယွင်ဖန်းသည် မွန်းစတားတစ်ကောင်ကို ဓားချက်တစ်ချက်ဖြင့် သတ်ပစ်လိုက်နိုင်၏။ ဤအခိုက်အတန့်တွင် မြေပြင်ပေါ်၌ သတ္တဝါများအားလုံး၏ အလောင်းများပြည့်နှက်နေသည်။ ဤတောသည် သွေးရောင်လည်ဆံမျောက်ဝံများ၏ နယ်မြေဖြစ်သော်လည်း ဤနေရာတွင် အခြားသော သားရဲများစွာရှိနေသေးသည်။ ချူးယွင်ဖန်းသည် ဤမွန်းစတားများကို ချေမှုန်း၍ လှုပ်ရှားရေးသိုင်းပညာများကို လေ့ကျင့်ခဲ့သည်။ နောက်ဆုံးတွင် သူသည် ၎င်းတို့အားလုံးကို သတ်ပစ်နိုင်ခဲ့ကြ၏။

တစ်ချိန်တည်းတွင်ပင် ရှဖန်နှင့် အခြားသူများသည် ၎င်းတို့ရှေ့မှ မွန်းစတားများကို အပြီးသတ်လိုက်ကြသည်။ ချ

ချူးယွင်ဖန်း၏ အမူအရာသည် တည်ငြိမ်လျက်ရှိရာ၊ သူ၏ အသက်ရှုသံသည်လည်း ပုံမှန်အတိုင်းပင်ဖြစ်နေ၏။ ဤအကောင်များကို သတ်ဖြတ်ရသည်မှာ အလွန်လွယ်ကူလှသည်။ မရီးဒျန်သန့်စင်ခြင်းအဆင့် တိုက်ခိုက်ရေးစွမ်းအားသည် ယခင်ကနှင့် လုံးလုံးလျားလျားမတူညီတော့ပေ။ ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းသည် ထိုစဥ်က ကျို့ဝမ်ဘင်ကို သတ်ခဲ့သည်မှာ အမှန်တကယ်ပင် အံ့ဖွယ်တစ်ခုဖြစ်ခဲ့သည်။ ကျို့ဝမ်ဘင် ထိုစဥ်က သတိမထားမိခဲ့ခြင်းမှာ ကံကောင်းလှသည်။ ချူးယွင်ဖန်းမှ သူ့ကို ဖြုတ်ချရန် နည်းလမ်းရှာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ထို့အပြင်၊ ချူးယွင်ဖန်းသည် သူ့ကိုအဆိပ်ခတ်ထားပြီးနောက်၊ သတိလက်လွတ်မဖြစ်ခဲ့ပေ။ ကျို့ဝမ်ပင်ကို သတ်ပစ်ရန်သာ အာရုံစုစည်းထားခဲ့၏။ နောက်ဆုံးတွင် ချူးယွင်ဖန်းသည် ကျို့ဝမ်ပင်ကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သည်။

“ပြန်ချိန်တန်ပြီ၊ ငါတို့ အခုကျင့်ကြံရေးနဲ့ဆိုရင် စွမ်းအင်သန့်စင်ခြင်းအဆင့် အထွဋ်အထိပ်ကို ရောက်နေကြပြီ၊ နောက်တစ်ဆင့်က ငါတို့ ခန္ဓာကိုယ်ထဲက မရီးဒျန်တွေကို ဖွင့်ပေးဖို့ပဲ။ ငါတို့ သီးသန့်ကျင့်ကြံဖို့ လုံခြုံတဲ့နေရာကို ရှာကြရမယ်။ တကယ်လို့ ခြေတစ်လှမ်းမှားသွားတာနဲ့၊ ငါတို့အားလုံးပြီးသွားလိမ့်မယ်” ချူးယွင်ဖန်းက သူ၏ အဖွဲ့သားများကိုကြည့်၍ ပြောလိုက်သည်။

ရှဖန်နှင့် အခြားသူများသည် ထိုစကားကို မကန့်ကွက်ကြပေ။ သူတို့သည် ချူးယွင်ဖန်း၏ ဦးဆောင်မှုနောက်သို့ လိုက်ပါနေကြပြီဖြစ်သည့်အပြင် ချူးယွင်ဖန်းပြောသည်မှာလည်း မှန်ကန်သည်။ ၎င်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်နှင့် ကွဲပြား၏။ မရီးဒျန်သန့်စင်ခြင်းအဆင့်၏ အကြီးမားဆုံးသော လက္ခဏာမှာ ခန္ဓာကိုယ်အတွင်းရှိ မရီးဒျန်များကို ဖွင့်ထုတ်ပေးရန်ဖြစ်သည်။ ၎င်းသည် သေးငယ်သော စက်ဝန်းတစ်ခုအဖြစ်ဖြစ်ပေါ်လာ၍ အချိန်ကျလာသောအခါ၊ ၎င်းတို့သည် စစ်မှန်သော စွမ်းအင်၏ အဆုံးမဲ့အထောက်အပံ့များကို ရနိုင်မည်ဖြစ်သည်။ ထို့အပြင်၊ ပို၍ အချိန်ကြာမြင့်စွာလည်း တိုက်ပွဲဝင်နိုင်ပေလိမ့်မည်ဖြစ်သည်။ ၎င်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိသူများ စိတ်ကူးယဥ်နိုင်မည့်အရာမဟုတ်ပေ။

ထို့အပြင် ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် စက်ဝန်းငယ်တစ်ခု ဖြစ်ပေါ်လာပြီးနောက်၊ မရီးဒျန်များ ပိုမို ပွင့်လာမည်ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့ တိုက်ခိုက်စဥ်နှင့် တိုက်ခိုက်တိုင်းတွင် မိမိတို့၏ ချီစွမ်းအင်များကို အပြည့်အဝအသုံးပြုနိုင်မည်ဖြစ်သည်။

မရီးဒျန်များ ပိုမို ပွင့်လာသည်နှင့်အမျှ ဤစက်ဝန်းငယ်သည် နောက်ဆုံးတွင် ယန်နှင့် တုမရီးဒျန်များ ပွင့်သည်အထိ ပိုမို၍ ကြီးမားလာမည်ဖြစ်သည်။ ထို့နောက်၊ ၎င်းတို့သည် မွေးဖွားခြင်းနယ်မြေအဆင့်ဟုခေါ်သော အဆင့်သို့ရောက်ရှိသွားမည်ဖြစ်သည်။

သိပ်မကြာခင်တွင်၊ ၎င်းတို့အားလုံး သိမ်းငှက်နက်ဆီသို့ ပြန်လာခဲ့ကြသည်။

“ဆရာ၊ ကျွန်တော်တို့ ပြန်ရမယ့်အချိန်ရောက်ပြီထင်တယ်” ချူးယွင်ဖန်းကပြောသည်။

“မဆိုးပါဘူး။ မင်းတို့ရဲ့ တိုးတက်မှုက ငါမျှော်လင့်ထားတာထက် ပိုမြန်တယ်။ ဒီအဆင့်အထိရောက်ဖို့ တစ်လလောက် လိုလိမ့်မယ်လို့ ငါထင်ထားခဲ့တာ၊ မင်းတို့ လဝက်လောက်နဲ့ ဒီလောက်ထိရောက်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ မင်းတို့အတွက် ငါသုံးခဲ့တဲ့ အရင်းအမြစ်တွေက နောက်ဆုံးတော့လည်း အချည်းအနှီးမဖြစ်သွားဘူးပဲ” ကျန်းယွမ်ပင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

ကျန်းယွမ်ပင်က ဤသည်ကို ပေါ့ပေါ့ပါးပါးပြောနေခြင်းဖြစ်သော်လည်း ချူးယွင်ဖန်းနှင့် အခြားသူများသည် တစ်လခွဲခန့်အတွင်းတွင် ငွေဆယ်သန်းကျော် တန်ဖိုးရှိသော ဆေးလုံးများနှင့် စွမ်းအင်ဆေးများကို စားသုံးခဲ့ရကြောင်း သိကြသည်။ မှန်သည်၊ ချူးယွင်ဖန်းနှင့် အခြားသူများသည် ဤလအတွင်းတွင် မွန်းစတားများစွာကို သတ်ခဲ့ကြသဖြင့် ကျမ်းယွမ်ပင်အတွက်လည်း အရှုံးမရှိခဲ့ပေ။

“မြို့တော်ကို ပြန်ကြရအောင်၊ အထူးလေ့ကျင့်မှု ပထမအဆင့်ပြီးပါပြီ”

အခန်း(၄၀၁) ဆေးဖက်ဝင်အပင်များ ရောက်ရှိလာမှု

ချူးယွင်ဖန်းနှင့် ကျန်သူများသည် သိမ်းငှက်နက်ကို စီး၍ တက္ကသိုလ်သို့ ပြန်လာခဲ့ကြသည်။ ယာဥ်ပေါ်မှ ဆင်းသက်ပြီးသောအခါ၊ ချူးယွင်ဖန်းသည် မရပ်တန့်ခဲ့ပေ။ ကျန်သူများကို အမြန်နှုတ်ဆက်၍ အိမ်သို့သာ ပြန်လာခဲ့သည်။ သိပ်မကြာခင်တွင်ပင် သူအစောပိုင်းက မှာယူထားခဲ့သည့် ဆေးဖက်ဝင်အပင်များ ရောက်ရှိလာသည်။ သို့သော် လုချင်းရွှမ် ကိုယ်တိုင်ကိုယ်ကျ လာရောက် ပို့ဆောင်ပေးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

“ခင်ဗျား ဘာလို့ ဒီရောက်နေတာလဲ” ချူးယွင်ဖန်းက လုချင်းရွှမ်ကို အံ့အားသင့်စွာကြည့်၍ပြောလိုက်သည်။ ဤအတောအတွင်း လုချင်းရွှမ်သည် အလွန်အလုပ်များနေခဲ့ခြင်းဖြစ်သည်။ လက်ရှိရှန်ဟဲကုမ္ပဏီ၏ တိုးတက်မှုနှုန်းသည် အလွန်လျင်မြန်၏။ မိနစ်တိုင်း စက္ကန့်တိုင်းသည် အရေးကြီးသည့် သော့ချက်တစ်ခုပင်ဖြစ်သည်။

“ရှင့်ဆီ ဆေးဖက်ဝင်အပင်တွေပို့ပေးဖို့ လာခဲ့တာ”

လုချင်းရွှမ်က ပြုံး၍ ပြောလိုက်သည်။ သူမသည် စီးပွားရေးဝတ်စုံကို ဝတ်ဆင်ထားကာ၊ သပ်ရပ်စွာ ပြင်ဆင်ထား၏။ သူမသည် ဤသို့ပြောပြီးသည်နှင့် စက်ရုပ်တစ်ကောင်ကို ညွှန်ကြား၍ ပစ္စည်းများကို ဗီလာထဲသို့ ပို့ခိုင်းလိုက်သည်။

“ခင်ဗျား ကုမ္ပဏီအတွက်စီစဥ်ပေးတဲ့ ဒလီဗာရီနဲ့ပဲ ပို့ပေးသင့်တာမလား” ချူးယွင်ဖန်းကပြောသည်။

“ဘယ်ဟုတ်ပါ့မလဲ၊ ဒါက ရှင်ကိုယ်တိုင် တောင်းထားတဲ့အရာလေ” လုချင်းရွှမ်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြော၏။

“ဒါ့အပြင် ဒီဆေးဖက်ဝင်အပင်တွေက စုစုပေါင်းတစ်ဘီလီယံတောင် တန်ကြေးရှိတယ်လေ။ အခုအချိန်မှာ ကျွန်မတို့ ကုမ္ပဏီထကတောင် တန်ကြေးရှိတယ်။ အဲ့တာတွေသာ ပျောက်သွားရင် ကြောက်စရာပဲ။ အဲ့အတွက် အာမခံကုမ္ပဏီက ပေးမှာဆိုပေမယ့် ဒီထဲက ဆေးဖက်ဝင်တချို့က ရဖို့မလွယ်ဘူး”

လုချင်းရွှမ်က ဆက်ပြောသည်။

“ရှင့်ဒီကိစ္စကြောင့် လွန်ခဲ့တဲ့ တစ်လခွဲ‌လောက် ကျွန်မနေရာတော်‌တော်များများကို ခရီးထွက်ခဲ့ရတယ်။ အဲ့မှာ ဆေးဖက်ဝင်အပင်တွေအများကြီးပဲ။ ကျွန်မမြင်နေရတဲ့ထဲက တစ်ဝက်လောက်ကိုတောင် ကောင်းကောင်းမသိဘူး။ မစ္စတာချူး။ ရှင်ဒါတွေအားလုံးကို ဘယ်ကသိလာတာလဲ”

“ဉာဏ်ကြီးရှင်ဆိုတာ ဘာလဲသိလား။ ကျုပ်က ဉာဏ်ကြီးရှင်ပဲဗျ” ချူးယွင်ဖန်းက ရယ်မောလျက်ပြောသည်။

“ယွမ်တစ်ဘီလီယံလောက်ချေးလိုက်တာ ကုမ္ပဏီကို မထိခိုက်စေဘူးမလား”

“လုံးဝပဲ။ ကျွန်မတို့ကုမ္ပဏီမှာ လက်ရှိ ကျော်ကြားနေတဲ့ ဆေးလုံးဖော်မြူလာရှိနေတယ်ဆိုတာ ဘယ်သူမသိလို့လဲ။ ဘဏ်တွေ ဘယ်လောက် ကျွန်မတို့ကို ပိုက်ဆံချေးပေးချင်နေကြလဲ သိလား” လုချင်းရွှမ်၏ အသံသည် တုန်ယင်လျက်ရှိ၏။ ကုမ္ပဏီ ရေမြောင်းထဲသို့ ရောက်ခဲ့စဥ်က ချေးငွေ တစ်သန်းပင် မရခဲ့ကြောင်း သူမသတိရမိသည်။

ယခုမူ စာရွက်မူပိုင်ခွင့်ကို အပေါင်ပစ္စည်းအဖြစ်ထားထားရုံဖြင့်ပင် လိုလိုလျားလျားကူညီပေးမည့် ဘဏ်များစွာ ရှိသည်။

ဤသည်က ကွာခြားချက်တစ်ခုပင်ဖြစ်သည်။ စစ်မှန်သော သူဌေးနှင့်အတူ အားလုံးသော လမ်းကြောင်းများပွင့်လာပေလိမ့်မည်ဖြစ်သည်။ အတိတ်မှ အခက်အခဲအားလုံးသည် ယခု ဟာသတစ်ခုနှင့်တူ၏။

ယခုမှသာလျှင် လုချင်းရွှမ်သည် ကျောထောက်နောက်ခံရှိရန် မည်မျှအရေးကြီးကြောင်း အမှန်တကယ်သိလာရသည်။ အတိတ်တွင် ဤသို့သော ကိစ္စမျိုးကို သူရွံရှာခဲံသည်။ သူမ၏ ကိုယ်ပိုင်အစွမ်းသတ္တိကို မှီခိုအားထား၍ အရာရာအထမြောက်နိုင်မည်ဟု ထင်ခဲ့သော်လည်း အမှန်တရားများက သူမမှားယွင်နေကြောင်း သက်သေပြခဲ့သည်။ ကုမ္ပဏီကြီးများ ကမ္ဘာကို အုပ်စိုးသောခေတ်တွင် ကျောထောက်နောက်ခံမရှိသူများ အမြင့်သို့တက်လှမ်းရင် ဆယ်ဆ သို့မဟုတ် အဆတစ်ရာခန့်ပင် ပိုမိုကြိုးစားရန် လိုအပ်၏။

ရွှေငန်းအကောင်ကြီးတစ်ကောင်ဟုပင် သတ်မှတ်၍ မရသော ချူးယွင်ဖန်းသည် လုချင်းရွှမ်ကို သူမ ယခင်ကမခံစားခဲ့ရဖူးသည့် အဆင်ပြေမှုနှင့် တိုးတက်မှုတို့ကို ခံစားခွင့်ပေးထားပြီးသားဖြစ်သည်။

“ဟုတ်တယ်၊ အရာအားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ဖြစ်သွားတာ ကောင်းတယ်။ ဒီဆေးဖက်ဝင်အပင်တွေကို ငါတကယ်လိုအပ်လို့သာမဟုတ်ရင် ကုမ္ပဏီရဲ့ နာမည်နဲ့ ချေးငွေမတောင်းခိုင်းပါဘူး” ချူးယွင်ဖန်းက ပြောသည်။ ဤသည်မှာ ရှန်ဟဲကုမ္ပဏီအတွက် အလွန်အရေးကြီးသော ကာလဖြစ်ကြောင်းသူသိသည်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် သည် အလွန်အရေးကြီးသောကြောင့်သာမဟုတ်လျှင် သူဤသို့လုပ်ခဲ့လိမ့်မည်မဟုတ်ပေ။

ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကို ကျွမ်းကျင်သည်အထိ ကျင့်ကြံခြင်းသည် ယခုအချိန်တွင် အရေးအကြီးဆုံးသော အလုပ်တစ်ခုဖြစ်သည်။ ထို့ကြောင့် အကယ်၍ ကုမ္ပဏီကို ရောင်းချလိုက်ရလျှင်ပင် ကြီးကြီးမားမားဖြစ်မည်မဟုတ်ပေ။ ချူးယွင်ဖန်းသည် ဤကုမ္ပဏီကို တည်ထောင်ရသည့် အကြောင်းအရင်းမှာ သူ၏ ကျင့်ကြံရေးတွင် အထောက်အကူဖြစ်ရန်သာဖြစ်သည်။ ၎င်းသည်ကား သူ၏ စစ်မှန်သော ပန်းတိုင်ပင်ဖြစ်၏။

“ကုမ္ပဏီအတွက် အလိုအပ်ဆုံးက တည်ငြိမ်မှုပဲ။ ချဲ့ထွင်ဖို့ အလျင်စလိုမလုပ်နဲ့၊ ရှန်ဟဲကုမ္ပဏီက နာမည်ကြီးလာဖို့ လောနေစရာမလိုဘူး” ချူးယွင်ဖန်းက တည်ငြိမ်စွာ‌ပြောလိုက်သည်။

“ဟုတ် ကျွန်မနားလည်ပါပြီ” လုချင်းရွှမ်က ခေါင်းညိတ်သည်။

“ကောင်းပြီ၊ ခင်ဗျားလည်း သက်တော်စောင့်ငှားသင့်တယ်။ ခင်ဗျားရဲ့ ကျင့်ကြံရေးအဆင့်က ပျမ်းမျှလောက်ပဲရှိတယ်၊ အဲ့ကုမ္ပဏီတွေကသာ ယုတ်မာတဲ့ အစီအစဥ်တွေချလိုက်ရင် ခင်ဗျားကို အန္တရာယ်ဖြစ်စေလိမ့်မယ်” ချူးယွင်ဖန်းက လုချင်းရွှမ်ကို သတိပေးလိုက်သည်။

“ကျွန်မနားလည်ပါတယ်” လုချင်းရွှမ်သည်လည်း ပြဿနာကို နားလည်ထားသဖြင့် သူမ၏ အမူအရာသည် လေးနက်နေသည်။ ယွမ်ဆယ်သန်းကျော်တန်ဖိုးရှိသော ကုမ္ပဏီကို တာဝန်ယူထားရသည်ကို သူမစဥ်းစားလျှင်၊ သူမသည် ယခင်ကကဲ့သို့ သေးငယ်သော ဖြစ်တည်မှုတစ်ခုမဖြစ်သင့်တော့ပေ။

ပြည်ထောင်စု၏ ဥပဒေများသည်အလွန် တင်းကြပ်လှသည်။ ဤသည်ကား အမှန်တရားပင်ဖြစ်၏။ ပုံမှန်အားဖြင့် သာမန်လူတစ်ဦးကို သတ်ခြင်းအတွက် ပေးရသည့်စျေးနှုန်းသည် ၎င်းတို့ တွေးနိုင်သည်ထက် အဆပေါင်းများစွာ ကျော်လွန်နေ၏။

သို့သော် အကျိုးခံစားခွင့်များသည် ကြီးမားနေပါက၊ တစ်စုံတစ်ဦးသည် ၎င်းကို စွန့်စားပေလိမ့်မည်ဖြစ်သည်။ ချူးယွင်ဖန်းပေးခဲ့သော ဖော်မြူလာဖြင့်ပင် အနာဂတ်တွင် အမြတ်ငွေ ယွမ်ဘီလီယံနှင့် ချီ၍ ရရှိနိုင်မည်ဖြစ်၏။ ဤသည်ကား ချဲ့ကားခြင်းမဟုတ်ပေ။ ဒေါ်လာဘီလီယံနှင့် ချီသော ငွေများ၏ ရှေ့ မှောက်တွင် လူတစ်ဦး၏ အသက်သည် မည်သည့်အဆင့်မျှမရှိပေ။

ထို့ကြောင့် လုချင်းရွှမ်သည် သူမ၏ လုံခြုံရေးကို သေချာစေရမည်ဖြစ်သည်။ ငွေကြေးအုပ်စုအထွေထွေမန်နေဂျာသည် လုချင်းရွှမ်ထက် ပို၍သာလွန်သော အခြေအနေတွင် ရှိနေမည်ဖြစ်သည်။ အကြောင်းအရင်းသည်ကား၊ ၎င်းတို့တွင် ကျောထောက်နောက်ခံကြီးတစ်ခုရှိနေသောကြောင့်ဖြစ်သည်။ မိသားစုကြီးတစ်ခု၏ အထောက်အပံ့ကိုရထားသော ငွေကြေးအဖွဲ့ကြီးတစ်ဖွဲ့မှ လက်စားချေမှုကို မည်သူမျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ချူးယွင်ဖန်း၏ လက်စားချေခြင်းနည်းလမ်းသည် အကန့်အသတ်ရှိ၏။

ချူးယွင်ဖန်းဖြစ်စေ ရှန်ဟဲကုမ္ပဏီပဲဖြစ်စေ၊ ၎င်းတို့သည် ဆက်လက်ကြီးထွားနေဆဲဖြစ်သည်။ အခြားသူများကို တုန်လှုပ်ခြောက်ခြားစေရန် များစွာ လိုအပ်သေးသည်။

“ရှင့်ကို ဆေးဖက်ဝင်အပင်တွေ ပို့ပေးတာအပြင် ကုမ္ပဏီရဲ့ မကြာသေးခင်က တိုးတက်မှုတွေအကြောင်း ရှင့်သကို သတင်းပေးဖို့လည်း ရောက်လာတာ။ ရှင်နဲ့ တွေ့ချင်တဲ့လူတွေ အများကြီးရှိသေးတယ်။ တော်တော်များများက ပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးချင်နေကြတာ။ တချို့တွေဆိုရင် ငြင်းလို့မရလောက်တဲ့ အကောင်ကြီးကြီးတွေပဲ” လုချင်းရွှမ်က ချူးယွင်ဖန်း၏ တုံ့ပြန်မှုကို သတိပြုမိသဖြင့် ပြောလိုက်ကြသည်။

“သူတို့နဲ့ ခင်ဗျား စကားပြောလို့ရပါတယ်။ ကျွန်တော် ခင်ဗျားကို အကုန်အပ်ထားမယ်။ ခင်ဗျားလုပ်ချင်တာလုပ်လို့ရတယ်” ချူးယွင်ဖန်းက ပြောသည်။

“အရေးကြီးတယ်ဆိုတဲ့လူတွေအအတွက်တော့ စိတ်ပူမနေပါနဲ့၊ ခင်ဗျားနဲ့စကားမပြောချင်တဲ့လူတွေကို ကျွန်တော့်ကို လာရှာဖို့ပြောလိုက်ပါ။ ကျွန်တော် ပြည်ထောင်စုတက္ကသိုလ်မှာ အလုပ်များနေဦးမှာမို့ ဒီကို လာရှာခိုင်းလိုက်ပါ”

လုချင်းရွှမ်သည် ချူးယွင်ဖန်း၏ ဆိုလိုရင်းကို ချက်ချင်းနားလည်သဘောပေါက်လိုက်သည်။ ယခုအချိန်တွင် ချူးယွင်ဖန်းနှင့် ရှန်ဟဲကုမ္ပဏီအတွက် ပြည်ထောင်စုတက္ကသိုလ်သည် အကောင်းဆုံးသော ကာကွယ်မှုတစ်ခုဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်သည် ၎င်းတို့ကျောင်းသားများ စီးပွားရေးလုပ်ငန်းစတင်သောအခါတွင် ကူညီပေးရာ၌ ကျော်ကြားသောကြောင့် မူဝါဒအမျိုးမျိုးကို ခွင့်ပြုပေးခဲ့သည်။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများသည် အပြင်လောကတွင် ၎င်းတို့ လုပ်ချင်သည့်အရာမှန်သမျှကို လုပ်နိုင်သည်။ ဤသည်က ၎င်းတို့၏ သဘောထားကိုရှင်းလင်းစွာပြသလိုက်ခြင်းပင်ဖြစ်သည်။ မှန်သည်၊ ဤကြီးမားသော ပုဂ္ဂိုလ်ကြီးများသည် ချူးယွင်ဖန်းကို ရှာရန် ပြည်ထောင်စုတက္ကသိုလ်ကို ရောက်လာကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် လုချင်းရွှမ်ကို ဖိအားပေးရန်သာ ကြိုးစားနေကြခြင်းဖြစ်၏။

ချူးယွင်ဖန်း၏ အာမခံချက်ကြောင့် လုချင်းရွှမ်သည် ပို၍ သက်တောင့်သက်သာရှိသွားရသည်။ နောက်ဆုံး ဖွံ့ဖြိုးတိုးတက်မှုအကြောင်း သူ့အား သတင်းပို့ပေးပြီးနောက်၊ သူမသည် ကမ္ဘာမြေပေါ်သို့ လွန်းပျံယာဥ်ဖြင့် ပြန်သွားခဲ့သည်။ ယခု ကုမ္ပဏီ၏ အုပ်ချုပ်ရေးရာကိစ္စများအတွက် သူမကို လိုအပ်နေပြီဖြစ်သည်။

လုချင်းရွှမ်ထွက်သွားပြီးနောက် ချူးယွင်ဖန်းသည် စက်ရုပ်များကို အသုံးပြု၍ ဆေးဖက်ဝင်အပင်များကို တောင်မြစ်ပန်းချီကားထဲသို့ ရွှေ့ပြောင်းခဲ့သည်။ အနားမယူမီတွင် ရှဖန်ထံမှ မက်ဆေ့ချ်တစ်ခု လက်ခံရရှိခဲ့သည်။

“မြန်မြန်လာ” ဟူသော စကားလုံးနှစ်လုံးသာပါရှိ၍ ၎င်းနှင့်အတူ လိပ်စာတစ်ခုကို ပေးပို့ခဲ့သည်။

ချူးယွင်ဖန်းသည် တွေးတောမနေဘဲ၊ ရှဖန်ပေးပို့လာသည့် လိပ်စာသို့ ချက်ချင်းပြေးသွားခဲ့သည်။ ချူးယွင်ဖန်း‌ရောက်ရှိလာသောအခါ၊ သူ့မိဘဆရာ ကျန်းယွမ်ပင်နှင့် တပည့်များနှင့် ထိပ်တိုက်တွေ့နေသော လူအုပ်တစ်စုကို တွေ့လိုက်ရသည်။

၎င်းတို့နှင့် မျက်နှာချင်းဆိုင်၊ ခပ်ဝေးဝေးတွင် လူတစ်စု ရပ်နေ၏။

အခန်း(၄၀၂) ထိပ်တန်းတက္ကသိုလ် ကျောင်းသား

ကျန်းယွမ်ပင်နှင့် အခြားသူများသည် လူတစ်စုနှင့် မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းတွင် မတ်တပ်ရပ်နေကြသည်။ ၎င်းတို့ကို ပိန်ပိန်ပါးပါးလူတစ်ဦးက ဦးဆောင်လျက်ရှိသည်။ သူသည် ၎င်းတို့အားလုံး၏ ရှေ့တွင်ထင်ထင်ရှားရှား ရပ်နေခြင်းဖြစ်သော်လည်း သာမန်မျက်စိဖြင့် မမြင်နိုင်သည့် အရောင်အဝါများ ထွက်ပေါ်လျက်ရှိသည်။

‘နောက်ထပ် မွေးဖွားခြင်းနယ်မြေအဆင့်ဆရာ’

ထိုလူ၏ နောက်တွင် အခြားကျောင်းသားတချို့ရပ်နေရာ၊ ယောကျ်ားသုံးယောက်နှင့် မိန်းမသုံးယောက်ဖြစ်၏။ ၎င်းတို့သည် ချူးယွင်ဖန်း၏ အဖွဲ့သားများနှင့် အဆင့်တူခန့်မျှရှိသည်။ သို့သော် အဖွဲ့ခေါင်း‌ဆောင်သည် ထက်မြက်သော လူငယ်တစ်ဦးပင်ဖြစ်ရာ၊ သူသည် ဓားအိမ်မပါသော ဓားတစ်လတ်နှယ် ထက်မြက်သည်။ ဤလူများအားလုံးအကြားတွင် သူ၏ ပြင်းထန်သော အရောင်အဝါကို ခံစားမိနိုင်၏။

ဤသူသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူဖြစ်ကြောင်း ထင်ရှားသိသာ၏။

အခြားအဖွဲ့မှ ခေါင်းဆောင်က အဖွဲ့နှစ်ဦးကြားသို့လမ်းလျှောက်လာ၍ ပြောလိုက်သည်။

“မင်းမှာ ရှိတာ ဒါအကုန်ပဲလား။ မင်းတော်တော် စိတ်ပျက်စရာကောင်းတယ်။ ဒါဆိုရင်ရော ဘယ်လိုလဲ။ မင်းတို့အားလုံးကို တိုက်ခွင့်ပြုမယ်၊ ငါ့သိုင်းကွက်သုံးကွက်ကို တောင့်ခံနိုင်ရန် မင်းတို့ကို အနိုင်ပေးမယ်။ ဘယ်လိုသဘောရလဲ”သူ၏ အမူအရာတွင် အေးစက်မှုနှင့် မာန်မာနတို့ ထင်ဟပ်နေ၏။

ချူးယွင်ဖန်း၏ အဖွဲ့ဝင်များသည် တစ်ယောက်ကိုယ်တစ်ယောက်ကြည့်လိုက်ကြ‌သော်လည်း ၎င်းတို့၏ ပုံမှန်သတ္တိခဲကြီးသည်မူ ဤနေရာ၌မရှိပေ။ ဤလူငယ်လေးထံတွင် ခြေမှုန်းခံခဲ့ရသည့် ခယ့်ယွေ့၏ မြင်ကွင်းသည် ၎င်းတို့၏ စိတ်ထဲတွင် ကွက်ကွက်ကွင်းကွင်းရှိနေဆဲဖြစ်၏။

“ဘာလဲ၊ ဘယ်သူမှ ရှေ့မတိုးရဲကြဘူးလား။ မင်းတို့အားလုံးက ပြည်ထောင်စုတက္ကသိုလ်ရဲ့ ကျောင်းသားတွေပဲလေ၊ ဒီစိန်ခေါ်မှုကို တောင် လက်မခံရဲကြဘူးလား။” လူငယ်က လှောင်ပြောင်ပြောဆိုလိုက်သည်။

ချူးယွင်ဖန်း၏ အဖွဲ့ဝင်များ၏ မျက်နှာထက်မှ အမူအရာများသည် အလွန်ကြည့်မကောင်းဖြစ်လျက်ရှိ၏။ ထိုအခိုက်အတန့်တွင် တစ်ဖက်ရှိ လူလတ်ပိုင်းနည်းပြဆရာက ပြောလိုက်သည်။

“ဘာလဲ ကျန်းယွမ်ပင်၊ မင်းရဲ့ ကျောင်းသားတွေက ဒီလောက် အဆင့်ပဲရှိကြတာလား။ မြင်ရတာကိုက အရမ်းစိတ်ပျက်ဖို့ကောင်းတယ်။ ငါတို့ လောင်းကြေးက တစ်ဘီလီယံက ငါ့ဟာဖြစ်မှာ သေချာတယ်”

ကျန်းယွမ်ပင်၏သည် မျက်နှာချင်းဆိုင်ရှိ နည်းပြကို အမူအရာကင်းမဲ့နေသော မျက်နှာဖြင့်ကြည့်လိုက်သည်။

“အောင်ပွဲခံဖို့ အရမ်းစောမနေလွန်းဘူးလား။ ဟွမ်ပိုင်ချင်း၊ ဒါက မင်းလက်ခံထားတဲ့ ကျောင်းသားနှစ်ယောက်ထဲက တစ်ယောက်လား၊ ရှန်းကွမ်ရှန်ယုလား ဒီနှစ်ရဲ့ ထိပ်တန်းကျောင်းသား စာရင်းမှာ သူက အဆင့်သုံးဆယ်ပဲရှိတယ်လို့ကြားတယ်။”

ငယ်ရွှယ်သော ရှန်းကွမ်ရှန်ယု၏ နဂိုက မောက်မာနေသော မျက်နှာသည် မည်းမှောင်သွားသည်။

“အဆင့်သုံးဆယ်ပဲရှိတယ်ဟုတ်လား။ သူက အဆင့်သုံးဆယ်ကွ”

ပြည်ထောင်စုတက္ကသိုလ် တစ်ခုတည်းတွင် ကျောင်းသားပေါင်း ထောင်သောင်းချီရှိနေသဖြင့် အခြားကျောင်းများမှ စာမေးပွဲဖြေဆိုသူများနှင့် ပေါင်းလျှင်၊ ယခုနှစ်ဖြေဆိုသူပေါင်း သန်းဆယ်ဂဏန်းနှင့် ချီ၏။ ၎င်းတို့ထဲမှ အဆင့်သုံးဆယ်နေရာသို့ရောက်နိုင်ခြင်းသည် ကောင်းကင်ဘုံကို အံတုနိုင်ခြင်းပင်ဖြစ်၏။

သို့သော် ရှန်းကွမ်ရှန်ယုသည် သူ၏ မျက်နှာချင်းဆိုင်မှ နည်းပြဆရာသည် ၎င်းတို့အသုတ်တွင် နံပါတ်တစ်ဖြစ်သောကြောင့် ထိုစကားများကို မပြောနိုင်ပေ။ သူ၏ နည်းပြဆရာ ဟွမ်ပိုင်ချင်းသည်ပင် ကျန်းယွမ်ပင်ကို ရှုံးနိမ့်ခဲ့ရသည်။ အမှတ်အများဆုံး ကျောင်းသားဟောင်းတစ်ဦး၏ ရှေ့တွင် သူသည်လည်း အမှတ်အများဆုံးမဟုတ်ပါက၊ အမောက်ထောင်ပြရန် အရည်အချင်းမပြည့်မီပေ။

ကျန်းယွမ်ပင်နှင့် ဟွမ်ပိုင်ချင်းတို့အကြားရှိ တည်မြဲနေသည့် ရန်ငြှိုးသည် ၎င်းတို့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ကတည်းက ဖြစ်သည်။ ကျန်းယွမ်ပင်သည် အမှတ်အများဆုံး ကျောင်းသားဖြစ်ကာ၊ ဟွမ်ပိုင်ချင်းသည် ထိပ်တန်းဆယ်ယောက်တွင်ပါဝင်ခဲ့သည်။ သို့သော် လူအများသည် အနိုင်ရရှိသူကိုသာ မှတ်မိကြသည်မှာ သဘာဝကျ၏။

နှစ်ဖက်ကြားမှ ရန်ငြှိုးသည် ဆယ်စုနှင့်ပေါင်းများစွာ တည်မြဲနေခဲ့သည်။ ရှန်းကွမ်ရှန်ယုသည် ခွန်းတုံ့ပြန်၍ ပြန်ပြောနိုင်ခြင်းမရှိပေ။ နောက်ဆုံးတွင် သူသည် အဆင့်သုံးဆယ်မျှသာ ရှိသေး၏။ ကျန်းယွမ်ပင်ကို အတုံ့ပြန်နိုင်သဖြင့် ချူးယွင်ဖန်း၏ အဖွဲ့သားများကို ပြင်းပြင်းထန်ထန်ကြည့်လိုက်သည်။ သူ့မျက်လုံးများကြားမှ အမုန်းတရားများနှင့် အထင်းသေးမှုများသည် ပို၍ပင်ထင်ရှားလာ၏။

“သုံးဆယ်ပဲ ဟုတ်လား၊ ဟားဟားဟား ကျန်းယွမ်ပင် မင်းဘယ်တုန်းက ဒီလိုမျိုး အာချောင်တတ်တာလဲ။ ထိပ်တန်းအယောက်သုံးဆယ်စာရင်းဝင်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို မင်းသိမယ်ထင်တယ်။ ဒါအပြင် အယောက်သုံးဆယ်စာရင်းပဲဝင်တယ်ဆိုရင်တောင် မင်းရဲ့‌ကျောင်းသားတွေထဲက တစ်ယောက်ကမှ ဒီအဆင့်မှာ မရှိနေဘူးလေ” ဟွမ်ပိုင်ချင်းက လှောင်ရယ်လိုက်သည်။

“အိုး ဟုတ်သားပဲ၊ နည်းပြဆရာအတွက် တိုက်ပွဲမှာ ချန်ပီယံဖြစ်ဖို့တိုက်ပွဲဝင်ခဲ့တဲ့ကျောင်းသားကိုလည်း မင်းခေါ်ထားတယ်လို့ကြားတယ်။ သူအခုဘယ်မှာလဲ”

“ဒီမှာပဲ” အေးစက်သောအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ချူးယွင်ဖန်းသည် နောက်ဆုံးတွင် ရောက်ရှိလာ၏။

ချူးယွင်ဖန်း၏ အဖွဲ့သားများသည် သူ၏ ရောက်ရှိလာမှုကို အလွန် ပျော်နေပုံရသည်။ ဟွမ်ပိုင်ချင်း၏ အမူအရာသည် အစပိုင်းတွင် လေးနက်နေကာ၊ ချူးယွင်ဖန်းကို သတိထားမိချိန်တွင် သူ့မျက်နှာထက်တွင် အေးစက်သောအပြုံးတစ်ခု ပေါ်လာ၏။ သူ၏ ကျင့်ကြံရေးအဆင့်ဖြင့် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ရှိ မရီးဒျန်များ လုံးလုံးလျားလျားမပွင့်သေးကြောင့်နှင့် စက်ဝန်းငယ်တစ်ခု မဖြစ်လာသေးကြောင်းကို သူမြင်နိုင်သည်။

ချူးယွင်ဖန်းသည် စွမ်းအင်မရီးဒျန်သန့်စင်ခြင်းအဆင့် ကျောင်းသားတစ်ဦးမျှသာဖြစ်သည်။ သူ၏အဖွဲ့ဝင်များထက် ပို၍ သန်မာနေသော်လည်း အသုံးမဝင်ပေ။

ရှန်းကွမ်ရှန်ယုသည် ချူးယွင်ဖန်းရောက်ရှိလာသည်ကို သတိပြုမိသော်လည်း တစ်ချိန်တည်းတွင် သူသည် သူ့ဆရာ ဝေဖန်သည့်အတိုင်းပင် ဝေဖန်လိုက်သည်။ ချူးယွင်ဖန်းထံမှ မရီးဒျန်သန့်စင်ခြင်းအဆင့် တိုက်ခိုက်ရေးစွမ်းအားကို သူ အာရုံမခံနိုင်ခဲ့ပေ။

ချူးယွင်ဖန်းသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာ ရှိနေသေးသဖြင့် ရှန်းကွမ်ရှန်ယုမှ စိတ်မပူခဲ့ပေ။

“နောက်ထပ် သေဖို့ တောင့်တနေတဲ့လူတစ်ယောက်ပဲ” ရှန်းကွမ်ရှန်ယုက ရယ်မော၍ ပြောလိုက်သည်။

“ခေါင်းဆောင်ချူး၊ နောက်ဆုံးတော့ မင်း ဒီကို ရောက်လာပြီပေါ့” ခယ့်ယွေ့က ဤသို့ပြော၍ ချောင်းတစ်ချက်ဆိုးလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ဒဏ်ရာများသည် မပေါ့ပါးကြောင်း ထင်ရှား၏။

“မင်းကို ဘယ်သူဒဏ်ရာရအောင်လုပ်တာလဲ။ ဒီကောင်လား” ချူးယွင်င်ဖန်းက မေးသည်။

“ဟုတ်တယ်၊ သူပဲ၊ ခေါင်းဆောင်ချူး သတိထားပါ၊ သူ့နာမည်က ရှန်းကွမ်ရှန်ယုပဲ။ သူက တက္ကသိုလ်ကျောင်းသားတွေထဲမှာ အဆင့်သုံးဆယ်ရှိတယ်” ခယ့်ယွေ့က ခေါင်းညိတ်လျက်၊ လေးနက်စွာပြောသည်။

“ထိပ်တန်းအဆင့်တွေကို ဆုံးဖြတ်ပြီးသွားပြီလား” ချူးယွင်ဖန်းက ခယ့်ယွေ့စကားကို ကြားသည်နှင့် အခြားအရာတစ်ခုကို ချက်ချင်းသဘောပေါက်သွားသည်။

“ဟုတ်တယ်၊ ပြီးသွားပြီ” ကျီရှိချင်းက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ပြော၏။

“ပြီးတော့ ဘယ်သူတွေက အမှတ်အများဆုံးလဲ” ချူးယွင်ဖန်းက မေးသည်။

“ပထမနေရာက မေဟိုက်ယွင်၊ ဒုတိယက သုန်န်ဖန်းဟောက်၊ တတိယက ကျန်းပိုင်‌ေဖး” ခယ့်ယွေ့က ပြန်ဖြေ၏။

ချူးယွင်ဖန်းသည် မေဟိုက်ယွင်ဟူသော အမည်မှတပါးအခြားနာမည်များကို သိနေသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ သုန်ဖန်းဟောက်နှင့် ကျန်ပိုင်ဖေးတို့သည် သူ၏ အဖော်ဟောင်းများဖြစ်ကြသည်။

ချူးယွင်ဖန်းသည် သုန်ဖန်းဟောက်နှင့် ကျန်းပိုင်ဖေးတို့၏ ခွန်အားကို မြင်တွေ့ခဲ့ရသည်။ ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့်ကို ကျော်ဖြတ်၍ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ကိုသာ အောင်မြင်စွာ မကျင့်ကြံနိုင်ပါက၊ ၎င်းတို့ကို အနိုင်ယူနိုင်မည်မဟုတ်ကြောင်း ချူးယွင်ဖန်းသိသည်။ ယခုလည်း မေဟောက်ယွင်သည် သုန်ဖန်းဟောက်နှင့် ကျန်းပိုင်ဖေးတို့ကို အနိုင်ယူနိုင်ခဲ့သဖြင့် သာမန်လူမဟုတ်သည်မှာ သိသာ၏။

သို့သော် ချူးယွင်ဖန်းသည် အလျင်လိုခြင်းအလျင်းမရှိပေ။ ယခုပြိုင်ပွဲသည် ကျောင်းသားသစ်များကြားတွင် နံပါတ်တစ်ဖြစ်ရန် ပထမဆုံးအကြိမ်ယှဥ်ပြိုင်ခြင်းဖြစ်သဖြင့်၊ အနှေးနှင့် အမြန်ဆိုသလိုပင် ဤလူများကို ကျော်သွားနိုင်လိမ့်မည်မှာ သေချာ၏။ သူတစ်ခုတည်းသော လိုအပ်သောအရာမှာ အချိန်ဖြစ်သည်။

ချူးယွင်ဖန်းသည် ယခုနှစ် အမှတ်အများဆုံးကျောင်းသားများပြိုင်ပွဲ၏ ရလဒ်အကြောင်း မေးသည်ကို ကြားသောအခါ ရှန်းကွမ်ရှန်ယုက ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည်။ သူသည် ချူးယွင်ဖန်း၏ လည်ပင်းကို တည့်တည့်ချိန်ရွယ်၍ တိုက်ခိုက်ခဲ့သည်။

ဤသည်မှာ လူတစ်ယောက်ကို တိုက်ခိုက်ရာတွင် အလွန် စက်ဆုပ်ဖွယ်ကောင်းသော နည်းလမ်းတစ်ခုဖြစ်သည်။

ဤအခိုက်အတန့်တွင် ရှန်းကွမ်ရှန်ယု၏ လက်သီး ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ဖြတ်သွား၏။ ထိုမှသာ ချူးယွင်ဖန်းသည် ခြေလှမ်းအနည်းငယ်လှမ်းသွားပြီဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။

“မင်းရဲ့ တုံ့ပြန်မှုက တော်တော်ကောင်းတာပဲ” ရှန်းကွမ်ရှန်ယုက ရပ်လိုက်သည်။ ထိုတိုက်ကွက်တစ်ခုဖြင့်ပင်လုံလောက်၏။ အကယ်၍ သူသာ ဆက်လက်တိုက်ခိုက်ပါက အနည်းငယ်အရုပ်ဆိုးပေလိမ့်မည်ဖြစ်သည်။

“မင်းကိုယ့်သေတွင်းကိုယ်တူးဖို့ အဆင်သင့်ဖြစ်နေပြီနဲ့တူတယ်။ ငါ မင်းကိုအရင်ဖြေရှင်းလိုက်မယ်” ချူးယွင်ဖန်းက အေးစက်စွာပြောလိုက်သည်။

မျက်စိတစ်မှိတ်အတွင်း၌ပင် နှစ်ဦးသား အပြန်အလှန် ထိုးနှက်ခဲ့ကြသည်။ ထို့အပြင်၊ ဤသည်ကား ပြင်းထန်သော တိုက်ခိုက်မှုကြီးတစ်ခုပင်ဖြစ်၏။

“ဒါ မင်းရဲ့ အခြားကျောင်းသားလား။ ဟားဟားဟား နောက်ထပ် စွမ်းအင်သန့်စင်ခြင်းအဆင့် ကျောင်းသားကို လက်ခံလို့ အကျိုးရှိမယ်ထင်နေတာလား။ ငါ အမှတ်တစ်ဘီလီယံကို ပျော်ပျော်ကြီးလက်ခံရတော့မှာပဲ” ဟွမ်ပိုင်ချင်းက ချူးယွင်ဖန်းကို လက်ညှိုးထိုးပြ၍ ကြွေးကြော်လိုက်သည်။

All Chapters