← Chapters

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း(၄၀၉) The ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်, တိုက်ပွဲ စွမ်းရည်မြင့်မားလာခြင်း

နာကျင်မှုသည် လွန်စွာကြီးမားလှသည်။ ဓားပေါင်းများစွာဖြင့် ထိုးစိုက်ခံနေရသကဲ့သို့ ခံစားနေရသည့်အပြင် ခန္ဓာကိုယ်တစ်ခုလုံးကို အရေခွံစုတ်ခံနေရသကဲ့သို့ပါ ခံစားနေရသည်။ သူ​၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်မှုများ မခံစားရသောနေရာဟု၍ မရှိပေ။ နာကျင်မှုသည် ချူးယွင်ဖန်း​၏ ဆဲလ်များအတွင်းသို့ မခံမရက်နိုင်အောင် ထိုးဖောက်နေခြင်းဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံးနာကျင်၍ စုတ်ဖြဲခံရသကဲ့သိုဖြစ်လာကာ အသက်ရှူခြင်းသည်ပင် ပင်ပန်းခက်ခဲလာရသည်။

ဤနာကျင်မှုကို သည်းမခံနိုင်တော့ကြောင်းသိသော်လည်း ဤသို့မျှမဟုတ်ရင် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကို တတ်မြောက်နိုင်မည်မဟုတ်ကြောင်း သိရှိပြီးဖြစ်သဖြင့် ချူးယွင်ဖန်းက လေအေးများကို အပြင်းအထန်ရှသွင်းလိုက်သည်။

ထိုအချိန်တွင် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကျင့်စဉ်ကို ဧကရာဇ်အဓိပတိမှတစ်ပါး အခြားလူများ အဘယ်ကြောင့် မတတ်ကျွမ်းနိုင်ခြင်းကို သိရှိသွားလေသည်။ ဤအရာသည် ပုံမှန်မဟုတ်လှပေ။

မည်သို့သောသာမန်လူသားတစ်ဦးသည် ဤသို့ နာကျင်များကို ခံနိုင်ရည်ရှိမည်နည်း။ ခွန်အားနှင့် သက်ဆိုင်မှုမရှိလှပေ။ မွေးဖွားခြင်းနယ်မြေအဆင့် ကျွမ်းကျင်သူတစ်ယောက်လျှင်ပင် ထိုနာကျင်ခြင်း​၏ ဒဏ်အားခံနိုင်ရည်ရှိရန် ခက်ခဲမည်ဖြစ်သည်။

လက်လျှော့အရှုံးပေးခါနီးအချိန်တွင် သန့်စင်ကြည်လင်သောစွမ်းအားတစ်ခုသည် ချူးယွင်ဖန်း​၏ ခန္ဓာကိုယ်ထဲလို့ ဝင်လာခဲ့ရာ၊ ချူးယွင်ဖန်း၏ မျက်နှာသည်လည်း ပြန်လည်တည်ငြိမ်သွားလေသည်။ ကြောက်ခမန်းလိလိ နာကျင်မှုသည် သူ​၏ ခံနိုင်ရည်နှင့် စိတ်ကိုပင် မထိခိုက်နိုင်သည့်အတွက် အနည်းငယ် ကျေနပ်မိသွားသည်။ ဒဏ္ဍာရီများမှဘုရားများသကဲ့သို့ ငရဲ၌ရောက်ရှိနေသော်လည်း သက်ညှာသောအပြုံးဖြင့် ကြည့်ရှုစောင်မပေးနိုင်သော စိတ်ထားမှာ စိတ်ကူး၍မရနိုင်သော စိတ်အခြေအနေအဆင့်သို့ ရောက်ရှိနေသောကြောင့်သာဖြစ်​၏

လူတစ်ဦးသည် အသားနှင့်အရိုးအိတ်များသာဖြစ်သော မိမိ​၏ရုပ်ခန္ဓာကို လိုချင်ခြင်းမရှိဘဲနေနိုင်ကောင်း နေနိုင်လိမ့်မည်။ မိမိခံစားရသော နာကျင်မှုများသည် ရုပ်ဝတ္ထုကမ္ဘာကြီး၏ လှည့်စားမှုများသာဖြစ်၍ နာမ်ဝိညာဉ်လောကမှ အသိဉာဏ်ကို သက်ရောက်နိုင်မည် မဟုတ်ပေ။

ရှင်းလင်းစွာပင် ချူးယွင်ဖန်းသည် သူရရှိခဲ့သော နာကျင်မှုများကို ပုံရိပ်ယောင်အဖြစ်သတ်မှတ်ရန် ထိုသို့ စိတ်ပိုင်းဆိုင်ရာ(နာမ်ဝိညာဉ်) အဆင့်သို့ မရောက်ရှိနိုင်သေးပေ။ ထောင်ပေါင်းများစွာသော ဘေးဒုက္ခများနှင့် ဆင်းရဲဒုက္ခများ တွေ့ကြုံပြီးနောက်မှာသာလျှင် လူတစ်ဦးတစ်ယောက်သည် မှားယွင်းသော အသိဉာဏ်များမှ လွတ်မြောက်စေလိမ့်မည် ဖြစ်သည်။ ကျင့်ကြံခြင်းအဆင့် မမြင့်မားခဲ့လျှင်ပင် မိမိ​၏စိတ်ဝိညာဉ်ကို ကျင့်ကြံပြီးပါက ရှိရှိသမျှအရာအားလုံးသည် မယုံကြည်နိုင်လောက်အောင် လျင်မြန်လာမည်ဖြစ်သည်။ ၎င်းသည် တစ်ညတာအတွင်းအမြင့်သို့ရောက်ရှိနိုင်ခဲ့သည့် အရာမျိုးမဟုတ်ပေ။

သို့သော် ချူးယွင်ဖန်းအတွက် ရရှိနိုင်သောရလဒ်မှာ တစ်မျိုးတည်းပင်ဖြစ်သည်။ ချူးယွင်ဖန်းသည် အပြစ်ဒဏ်များကို ဆေးကြောနေသကဲ့သို့ ကြည်လင်သော စီးကြောင်းတစ်ခု သူ​၏ ခန္ဓာကိုယ်တစ်လျှောက်စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။ ယိုယွင်းခါနီးအချိန်တိုင်းတွင် ကြည်လင်သော လျှပ်စီးကြောင်းသည် သူ​၏အတိုင်းမသိ နာကျင်ခံစားမှုများကို သက်သာပြေပျောက်စေသည်။

ချူးယွင်ဖန်းသည် ထိုအခွင့်အရေးကို ဆုတ်ကိုင်၍ နတ်ဘုရားကျင့်စဥ်ကို သူ​၏ ခန္ဓာကိုယ်အတွင်းသို့ လှည့်ပတ်သွားလာစေလျက် ဆေးဖက်ဝင်ဆေးရည်အတွင်းမှ ဆေးဖက်ဝင်စွမ်းအင်များကို ပြင်းပြင်းထန်ထန် စုပ်ယူခဲ့သည်။ ချူးယွင်ဖန်းသည် သူ​၏ခန္ဓာကိုယ်ဆုတ်ဖြဲခံရသည်ဟု ခံစားရသည့်အခါတိုင်း ဆေးဖက်ဝင်စွမ်းအင်များသည် ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပေါင်းစပ်နေခြင်းကိုပါ ခံစားမိခဲ့သည်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် သည်လည်း သူ​၏ခန္ဓာကိုယ်​ဆုတ်ဖြဲခြင်းနှင့် ပြန်လည်စုစည်းခြင်းကို အဆက်မပြတ် လုပ်ဆောင်လျက်ရှိရာ၊ အလွန်အမင်း နာကျင်ခံစားရသော ဖြစ်စဉ်တစ်ခုပင်ဖြစ်၏။

တစ်ရက်နှင့် တစ်ညကုန်ဆုံးပြီး နောက်တွင် ချူးယွင်ဖန်းသည် အသိစိတ်ပြန်ဝင်လာခဲ့သည်။ ဆေးဖက်ဝင် ရေချိုးကန်တစ်ခုလုံးသည် ကြည်လင်သောရေများ ဖြစ်လာခဲ့သည်။ ၎င်း၏ ဆေးဖက်ဝင် အာနိသင်များကို ချူးယွင်ဖန်းမှအနည်းငယ်မျှပင် မကျန်တော့အောင် စုပ်ယူခဲ့ပြီးဖြစ်သည်။

ချူးယွင်ဖန်းသည် ဆေးဖက်ဝင်ရေချိုးကန်ထဲမှ ထွက်လာပြီး ဆေးဖက်ဝင်ချိုးရေ နောက်တစ်ခုကို ပြင်ဆင်လိုက်သည်။ ထို့နောက် သူသည် ရေချိုးကန်ထဲသို့ ဝင်ကာ နောက်တစ်ကြိမ်ထပ်မှန်၍ ကျင့်ကြံခဲ့သည်။ ထိုနောက်ပိုင်းကာလများတွင် အချိန်တိုမျှ စားသောက်ခြင်းနှင့် အိပ်ခြင်းမှလွဲ၍ ချူးယွင်ဖန်းသည် သူ၏အချိန်များကို ကျင့်ကြံခြင်းဖြင့်သာကုန်ဆုံးစေခဲ့သည်။ ကျင့်ကြံချိန်တိုင်းတွင် လွန်စွာ မခံမရပ်နိုင်ဖြစ်မိသည်။ နောက်ဆုံးတွင် သူသည် ဆေးဖက်ဝင်ချိုးရေ၏ ဆေးအာနိသင်အားလုံးကို စုပ်ယူပြီးသောအခါ ကြည်လင်သောရေအဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ထို့နောက် ၎င်းကို ပြောင်းလဲဖြည့်တင်း၍ ဆက်လက် ကျင့်ကြံခဲ့သည်။

အချိန်သည် တဖြည်းဖြည်းကုန်လွန်လာကာ ချူးယွင်ဖန်း​၏ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် သည်လည်း တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ပုံပေါ်လာသည်နှင့်အမျှ သူ၏စုပ်ယူနိုင်စွမ်းသည်လည်း လွန်စွာတိုးတက်လာကာ တစ်နေ့လျှင် ဆေးဖက်ဝင်ချိုးရေ ပုံးတစ်ပုံးမှ နှစ်ပုံးဖြစ်လာပြီးနောက် နောက်ဆုံးရက်အနည်းငယ်တွင် သုံးပုံးအထိတိုးတက်လာခဲ့သည်။

ချူးယွင်ဖန်းသည် နောက်ဆုံးဆေးဘက်ဝင်ချိုးရေ၏ ဆေးစွမ်းအင်ကို စုစုပေါင်း ၄၉ ရက်ကြာ စုပ်ယူခဲ့ရသည်။ ချူးယွင်ဖန်းသည် ပန်းပုရုပ်တစ်ခုကဲ့သို့ ပြီးပြည့်စုံ၍ ပြေပြစ်သော ကြွက်သားများကို လှစ်ဟကာ ကြည်လင်သောရေအဖြစ်ပြောင်းလဲသွားသော ဆေးဖက်ဝင်ချိုးရေကန်အတွင်းမှ တွားသွား၍ထွက်လာခဲ့သည်။

'နောက်ဆုံးတော့ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ရဲ့ ပထမအဆင့်ကို ပြီးမြောက်ခဲ့ပြီ'

ချူးယွင်ဖန်းမှ တစ်ယောက်တည်းတွေးနေမိသည်။ ခန္ဓာကိုယ်ထဲတွင် ဖုံးကွယ်ထားသည့် ပြင်ထန်သောစွမ်းအင်များကို သူခံစားမိနေခဲ့သည်။ အကယ်၍ မိမိတို့​၏ခန္ဓာကိုယ်သည် ချီစွမ်းအင်တစ်ပုလင်းလောက်သာ သိုလှောင်ထားနိုင်သည်ဟုဆိုပါက ချူးယွင်ဖန်းသည် ယခုတွင် ချီစွမ်းအင် တိုင်ကီတစ်ခုခန့်မျှ သိုလှောင်ထားနိုင်မည်ဖြစ်သည်။ သူ၏ ခွန်အားသည် ခုန်ပျံကျော်လွှားလာခဲ့သကဲ့သို့ တိုးတတ်လာခဲ့သည်။ချူးယွင်ဖန်းသည် ကျင့်ကြံခြင်းအဆင့်တွင် ပြောင်းလဲလာခြင်းမရှိသော်လည်း၊ ယခုအခါတွင် သူ​၏ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ်ဖြင့် မရီးဒျန်သန့်စင်ခြင်း တတိယအဆင့်ကျွမ်းကျင်သူနှင့်ပင် ယှဉ်ပြိုင်နိုင်မည်ဟု ခံစားမိသည်။

ချူးယွင်ဖန်းသည် သူ့၏ချီစွမ်းအင်များကို ဖြန့်ကျက်လိုက်သောအခါ သူ၏အရေပြားမှ စိုပြေသော ဂုဏ်ရောင်ဖျော့ဖျော့ထွက်လာခဲ့သည်။ ဤသည်မှာ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ၏ ခွန်အားဖြစ်သည်။ ချူးယွင်ဖန်းမှ စမ်းသပ်ကြည့်ရာ၊ သူ၏ခုခံရေးကျင့်စဥ်ကို လည်ပတ်ထားစေသောအခြေအနေတွင် အရိပ်မဲ့ဓားကိုအသုံးပြု၍ သူ့​၏လက်ကိုဖြတ်လိုက်သောအခါ အဖြူရောင် အမှတ်အသားတစ်ခုသာ ချန်ထားနိုင်ခဲ့သည်။

အင်အားကြီးသော လက်နက်ကြီးနှင့် မထိုးနှက်ခံရသရွေ့၊ ပြိုင်ဘက်သည် သူ​၏ခံစစ်ကိုချိုးဖျက်နိုင်မည် မဟုတ်ပေ။

တစ်နည်းဆိုရလျှင် ချူးယွင်ဖန်သည် ပေါ့ပါးသော ချပ်ဝတ်တန်ဆာအလွှာတစ်ခုကို ဝတ်ဆင်ထားသကဲ့သို့ပင် ဖြစ်နေသည်။ ရှုံးနိမ့်ခြင်းနှင့်ကြုံနေရသော အရေးကြီးသည့်အခိုက်အတန့်မျိုးကိုပင် အောင်ပွဲအဖြစ်သို့ပင် ပြောင်းလဲနိုင်ဖွယ်ရှိသည်ဖြစ်ရာ၊ ဘဝအပိုတစ်ခု ရရှိခဲ့သလိုပင်ဖြစ်သည်။

သို့ရာတွင် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် နှင့် ပတ်သက်လျှင် ဤသည်မှာ ပထမအဆင့်မျှသာ ဖြစ်သည်။ ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ​၏ ကျင့်ကြံခြင်းသည် အရေပြား၊ အသားနှင့် အရိုးဟူ၍ အဆင့်သုံးဆင့် ခွဲထားသည်။ ယခုဆိုလျှင် ချူးယွင်ဖန်းသည် အရေပြားအဆင့်ကို ပြီးမြောက်ရုံမျှသာရှိသေးသည်။

အသားအဆင့်တွင် ချူးယွင်ဖန်း၏ ခုခံကာကွယ်မှုသည် ပိုမိုတိုးတက်လာမည်ဖြစ်သည်။ တစ်စုံတစ်ဦးမှ သူ့ကို အင်အားကြီးသော လက်နက်ဖြင့် ထိုးသတ်လျှင်ပင် သေဖို့ဖြစ်နိုင်မည် မဟုတ်ပေ။ အရိုးအဆင့်တွင် သူသည် ပိုလို့ပင် သန်မာလာလိမ့်မည် ဖြစ်သည်။ ထိုသည်ကား ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ​၏ စစ်မှန်သော ခွန်အားသာဖြစ်သည်။ ထိုအချိန်တွင် သူ၏ခုခံနိုင်စွမ်းကို မြှင့်တင်ပေးရုံသာမက သူ၏ခန္ဓာကိုယ် တစ်ခုလုံးကိုလည်း တိုးမြှင့်နိုင်ပေလိမ့်မည်။ အရေးအကြီးဆုံးမှာ သူသည် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ကို ကျွမ်းကျင်တတ်မြောက်ခဲ့ပြီဖြစ်သည်။ သူ​၏ အတွင်းစွမ်းအင်ကို မဖြန့်ကျက်ထားလျှင်ပင် ထိုသိုင်းပညာ​၏ စွမ်းအင်ကို ထုတ်လွှတ်ပေးနိုင်မည် ဖြစ်သည်။

သို့သော် ချူးယွင်ဖန်းသည် နောက်ဆုံးနှစ်ဆင့်ကို မပြီးမြောက်နိုင်ခဲ့ပေ။ ယခုအချိန်တွင် သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်သာ ရှိသေးသည်။ ဤအဆင့်ကို ပြီးမြောက်နိုင်ခြင်းသည် သူ​၏ အကန့်အသတ်သာဖြစ်သည်။ ဆက်၍သွားခဲ့မည်ဆိုလျှင် သူသည် နေရာ၌တင် ပြိုလဲကျသွားနိုင်သည်။ ထို့ကြောင့် ချူးယွင်ဖန်းသည် လွန်လွန်ကဲကဲ လုပ်ရန် မသင့်တော်ကြောင်း သိထားပြီးဖြစ်သည်။

မွေးဖွားခြင်းနယ်မြေအဆင့် သို့ရောက်ရှိမှသာလျှင် ဧကရာဇ်ရဲ့ခန္ဓာကိုယ်နည်းစနစ် ၏ အသားအဆင့်ကို ပြီးမြောက်နိုင်မည်ဖြစ်၍၊ နတ်ဘုရားစွမ်းရည်များရရှိမှသာ အရိုးအဆင့်ကိုပြီးမြောက်နိုင်မည်ဖြစ်သည်။

ထိုအရာများသည် အလျင်စလိုလုပ်ရန် မဖြစ်နိုင်သည့် အရာများဖြစ်သည်။ လူတစ်ယောက်သည် တစ်ကြိမ်လျှင် တစ်လုတ်သာစားရကာ၊ တစ်ကြိမ်လျှင် ခြေတစ်လှမ်းသာ လှမ်းရန်သင့်သည်။

ဘုံး

ချူးယွင်ဖန်းသည် သူ​၏ခန္ဓာကိုယ်ရှိ အတွင်းစွမ်းအင်များကို ဖြန့်ကျက်လိုက်ရာတွင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ချီစွမ်းအင်များသည် ရုပ်ဝတ္ထုမုန်တိုင်းတစ်ခုဖြစ်လာလုနီးပါး အပြင်းအထန် လွင့်ထွက်လာသည်။

" မဆိုးပါဘူး။ အချိန်နှစ်လဖြုန်းခဲ့ပေမယ့် အလကားမဖြစ်ခဲ့ဘူးပေါ့"

သူ​၏ ခန္ဓာကိုယ်အတွင်းတွင်ရှိနေသော စွမ်းအားများကို ခံစားမိသော ချူးယွင်ဖန်းသည် အနည်းငယ်မျှ ပြုံးလိုက်မိသည်။

"သွေးရောင်လည်ဆံမျောက်ဝံခေါင်းဆောင်ရဲ့ အကူအညီကို ရှာရမယ့် အချိန်ရောက်ပြီ"

ချူးယွင်ဖန်းသည် ယခင်က ခေါင်းဆောင်နှင့်တိုက်ခိုက်ခဲ့စဥ်က သူသည် အရေးနိမ့်နေခဲ့သောကြောင့် ခေါင်းဆောင်ကိုမသတ်နိုင်ခဲ့ပေ။ ထို့ကြောင့် ၎င်းကို ဓါးသွေးကျောက်အဖြစ်သာ သတ်မှတ်ခဲ့သည်။ သို့သော် ယခုမည်ကား အဆုံးသတ်နိုင်ပြီဖြစ်သည်။

ထိုသို့တွေးမိသော ချူးယွင်ဖန်းသည် သိုင်းပညာဝတ်စုံသို့ ချက်ချင်းပြောင်းလဲဝတ်ဆင်ကာ သူ​၏ ချပ်ဝတ်တန်ဆာကို တပ်ဆင်၍ အပြင်သို့ထွက်သွားခဲ့သည်။

အခန်း(၄၁၀) မင်းကိုရှင်းဖို့ လက်သီးတစ်ချက်နဲ့တင်လုံလောက်တယ်။

သို့သော်လည်း ချူးယွင်ဖန်းမှ တောင်တန်းသို့ မသွားမီတွင် ပြဿနာများသည် သူ​၏ တံခါးကို တံခါးခေါက်လာခဲ့သည်။

"ချူးယွင်ဖန်းဆိုတာ မင်းလား"

ဗီလာမှ ချူးယွင်ဖန်းထွက်လာသည်နှင့် လူနှစ်ယောက်သည် အချိန်အကြာကြီးစောင့်ဆိုင်းနေသကဲ့သို့ သူ​၏ရှေ့တွင် ပေါ်လာခဲ့သည်။ ၎င်းတို့တွင် အင်အားကြီးသော ကိုယ်ရောင်ကိုယ်ဝါများရှိကြကာ၊ ဂရုတစိုက်ပြုမှုခြင်းမရှိသော ကျောင်းသားအများစုနှင့် ယှဉ်လျှင် ၎င်းတို့နှစ်ဦးသည် ပို၍အရပ်ရှည်ပြီကာ ပို၍သန်မာသည်။

မရီးဒျန်သန့်စင်ခြင်းအဆင့်

ဒုတိယနှစ်ကျောင်းသားများထဲတွင်ပင် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်သည့်လူများကို အကောင်းဆုံးဟု သတ်မှတ်ကြရပေလိမ့်မည်ဖြစ်သည်။ မရီးဒျန်သန့်စင်ခြင်းအဆင့်ကို အကြီးတန်းကျောင်းသားများကြား၌သာ တွေ့ရလေ့ရှိသည်ဖြစ်၏။ ချူးယွင်ဖန်းသည် ၎င်းတို့၏ချပ်ဝတ်တန်ဆာ အင်္ကျီပခုံးပေါ်မှ သင်္ကေတကို တွေ့လိုက်ရသည်။ ထိုအရာသည် ကျောင်းသားကောင်စီ၏ သင်္ကေတအမှတ်အသားဖြစ်သည်။ သူတို့သည် ကျောင်းသားကောင်စီ အဖွဲ့ဝင်များကြသည်။

ထိုသူနှစ်ဦးသည် မကောင်းသောရည်ရွယ်ချက်ဖြင့် လာခဲ့ကြသူများဖြစ်သည်။

ချူးယွင်ဖန်းသည် သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ ကိုယ်ရောင်ကိုယ်ဝါမှ လူသတ်အငွေ့အသက်ကို ခံစားသဖြင့် မကောင်းသော ရည်ရွယ်ချက်ဖြင့် လာခဲ့ကြခြင်းဖြစ်ကြောင်း ပြောနိုင်သည်။ သူ့ကို အဘယ်ကြောင့် ဤမျှ ရန်လိုနေသည်ကို မသိသော်လည်း သူတို့နှင့်ပတ်သက်၍ ကောင်းမွန်သောခံစားချက်များ မခံစားမိပေ။

"ဟုတ်တယ် ကျွန်တော်ပဲ။" ချူးယွင်ဖန်းမှ အေးစက်စွာ ပြန်ဖြေလိုက်သည်။

“ငါတို့ဥက္ကဌက မင်းကို တွေ့ချင်လို့တဲ့။ ငါတို့နောက်ကို လိုက်ခဲ့တာ ကောင်းလိမ့်မယ်။ ကောင်ကောင်းမလိုက်ရင်တော့ ငါတို့ မင်းကို သင်ခန်းစာပေးရလိမ့်မယ်”

အရပ်ခပ်မြင့်မြင့် ကျောင်းကောင်စီအဖွဲ့ဝင်တစ်ဦးမှ ပြတ်ပြတ်သားသားပြောခဲ့သည်။

သူတို့သည် ချူးယွင်ဖန်းကို အလွန်စိတ်ဆိုး ဒေါသထွက်လျက်ရှိကြသည်။ ဤအမိန့်ကို ၎င်းတို့လက်ခံထားသည်မှာ ကြာမြင့်လှပြီဖြစ်ရာ၊ သူ့ကိုဖမ်းရခြင်းမှာ လွယ်ကူရိုးရှင်းသော ကိစ္စဖြစ်ပေလိမ့်မည်။ သို့သော် သူသည်သီးသန့်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားသောကြောင့် သူ​၏အိမ်ရှေ့တံခါးအပြင်ဘက်တွင် နှစ်လကြာအောင် စောင့်ဆိုင်းနေခဲ့ရသည်။

သူတို့​၏စိတ်ထဲတွင် မည်သို့ နာကြည်းမှုမရှိဘဲနေနိုင်မည်နည်။

အကယ်၍ သူတို့သာ အိမ်ထဲသို့ဖောက်ဝင်နိုင်ခဲ့လျှင် ချူးယွင်ဖန်း၏ စံအိမ်သည် ကမောက်ကမဖြစ်နေမည်မှာ ကြာပေပြီ။ ချူးယွင်ဖန်းသည် ကောင်စီဝင်နှစ်ဦးကို မျက်စိတစ်ချက်ဝေ့ကြည့်လိုက်ပြီး စိတ်မဝင်စားသည့်ဟန်ဖြင့်ပြောခဲ့သည်။

"သွားစမ်းပါ "

ကျောင်းကောင်စီဝင်နှစ်ဦးသည် ချူးယွင်ဖန်းကို ရုတ်တရက် အံ့အားသင့်စွာကြည့်နေခဲ့သည်။ ရှင်းလင်စွာပင် ချူးယွင်ဖန်းမှ သူတို့ကိုဤမျှ ရိုင်းစိုင်းစွာဆက်ဆံလိမ့်မည်ဟု မထင်မှတ်ထားသောကြောင့်ဖြစ်သည်။ ကျောင်းသားကောင်စီသည် ပြည်ထောင်စုတက္ကသိုလ်တွင် အကြီးမားဆုံး ကျောင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့အပြင် တရားဝင်အသိအမှတ်ပြုခြင်း ခံထားရသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ပြည်ထောင်စု​၏ အထက်စီးဆန်၍ ဂုဏ်မောက်သော ထိပ်တန်းကျောင်းသားများပင်လျှင် ကြီးမြတ်သောအခွင့်အာဏာကို ပိုင်ဆိုင်ထားသော ကျောင်းသားကောင်စီ​၏အရှေ့တွင် အရိုအသေကင်းစွာ မပြုမူရဲကြပေ။

ထိုအကြောင်းကြောင့်သာလျှင် ကျောင်းကောင်စီသို့ လူတိုင်းဝင်ချင်ကြခြင်းဖြစ်သည်။ ကောင်စီအဖွဲ့ဝင်များသည် ကောင်စီ၏အမည်ကို အားကိုးခြင်းဖြင့် လုပ်သမျှ အောင်မြင်ဖြစ်ထွန်းနိုင်လိမ့်မည်။ သို့သော်ယနေ့တွင် ဤလူနှစ်ယောက်သည် ကြီးမားသော အဆင်မပြေမှုများကို ခံစားလိုက်ရလေသည်။

"ဘာ မင်းက ကောင်စီက ဆင့်ခေါ်တာကို ငြင်းပယ်ရဲတယ်ပေါ့လေ။ စိတ်ကြီးဝင်ချက်ကတော့” အရပ်မရှည်လှသောကျောင်းကောင်စီဝင်တစ်ဦးမှ ဒေါသတကြီးပြောလိုက်သည်။

ကောင်စီကို ဤကဲ့သို့ ဆန့်ကျင်ရဲသော ကျောင်းသားတစ်ဦးနှင့် မကြုံရသည်မှာ ကြာခဲ့ပြီပင်ဖြစ်သည်။

“ငါထင်တာ မမှားရင် ကျောင်းကောင်စီက စေတနာ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခုမဟုတ်ဘူးလား။ အဲ့ဒါကို ဘာလို့ ကျောင်းကောင်စီက ငါ့ကိုဆင့်ခေါ်ချင်ရတာလဲ။ ကျန်းလင်းရှောင်က သူ့ကိုသူ ဘာထင်နေတာလဲ။" ဤကိစ္စသည် ကျန်းလင်းရှောင်​၏လုပ်ရပ်ဖြစ်ကြောင်းကို ချူးယွင်ဖန်းမှ ချက်ချင်းသတိပြုမိသွားသည်။

ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်​၏ မြင်ကွင်းရှေ့သို့ သိသိသာသာ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ ဤအရာသည် ကောင်းမွန်သည့်ကိစ္စတစ်ခု မဟုတ်သော်လည်း ချူးယွင်ဖန်းမှ ကြောက်ရွံ့ခြင်းမရှိပေ။ ကြောက်ရွံ့နေခြင်းဖြင့် လွတ်မြောက်နိုင်လိမ့်မည်မဟုတ်ကြောင်း သူကောင်းစွာသိထား၏။ ဤတောင်သည် မဖြစ်မနေဖြတ်ကျော်ရမည့် တောင်တစ်ခုဖြစ်သည်။ အနှေးနှင့်အမြန်၊ ရင်ဆိုင်ရမည်အရာဖြစ်ကာ၊ အနှေးနှင့်အမြန် ဖြစ်လာမည့်အရာဖြစ်သည်။

ကျောင်းသားနှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ သီအိုရီအရပြောရမည်ဆိုလျှင် ကျောင်းသားကောင်စီသည် အမှန်တကယ် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းတစ်ခုသာဖြစ်သည်။ မည်သူ့ကိုမျှ ထိန်းချုပ်ရန် တရားဝင်အာဏာမရှိခဲ့သော်လည်း ထိုအရာသည် သီအိုရီမျှသာဖြစ်သည်။ ယခုနှစ်များစွာကြာခဲ့ပြီးနောက်၊ ကျောင်းကောင်စီ​၏အင်အားသည် ပထမဆုံးတည်ထောင်ခဲ့သည့်အချိန်နှင့် နှိုင်းယှဉ်၍မရတော့ပေ။ ယခုအချိန်တွင် ပြည်ထောင်စုတက္ကသိုလ်နှင့် ပတ်သက်သည့် ကိစ္စတိုင်းလိုလိုသည် ကျောင်းကောင်စီ​၏လက်ထဲတွင်ရှိနေခဲ့သည်။

ထို့အပြင် ဤကိစ္စသည် ဥက္ကဌ၊ ကျန်းလင်းရှောင်မှ ချူးယွင်ဖန်းကို ပုဂ္ဂိုလ်ရေးအရ ဆင့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် ယင်းကို ကြောက်ရွံ့ခြင်းမရှိသည့်အပြင် ၎င်းတို့ကို ဤသို့ဆန်ကျင့်ရန်ပင်သတ္တိရှိခဲ့သည်။

"မင်းကများ" အရပ်ခပ်ရှည်ရှည် ကျောင်းကောင်စီဝင်တစ်ဦးမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။

“အခု ငါ့မှာ မင်းတို့နဲ့ အဓိပ္ပာယ်မရှိတာတွေပြောဖို့ အချိန်မရှိဘူး။ ထွက်သွားစမ်း၊ ပြီးတော့မှ ငါ့ကို ရိုင်းတယ်ဆိုပြီး အပြစ်မတင်နဲ့။" ချူးယွင်ဖန်းမှ သရော်ပြု၍ပြောလိုက်သည်။

“မင်းကများအတင့်ရဲလို့။ အထက်လူကြီးတွေက မင်းက ဒီလောက်ရိုင်းစိုင်းပြီး အထိန်းအကွပ်မဲ့နေတယ်လို့ ပြောမထားကြဘူး။ မင်းဘက်က ကောင်းကောင်းမွန်မွန်မလိုက်ရင် ငါတို့ဘက်က အင်အားသုံးပြီးခေါ်ရလိမ့်မယ်။ အဲ့ကျမှ ငါ့တို့အဆိုးမဆိုနဲ့ကွ" အရပ်ပုသောအဖွဲ့ဝင်မှ ချူးယွင်ဖန်းကို အေးစက်သော မျက်လုံးများဖြင့် ကြည့်၍ပြောခဲ့သည်။

"ငါ့ကို အင်အားသုံးပြီးခေါ်သွားမယ်တဲ့လား။ မင်းတို့က တကယ်ရောလုပ်နိုင်ပါ့လား ကြည့်ကြတာပေါ့။" ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်မှ သူ့ကို အဘယ်ကြောင့် ရှာနေသည်ကို မသိသော်လည်း ကောင်းသောရလဒ် မထွက်ပေါ်လာမည်မှာ အသေအချာပင်ဖြစ်သည်။ ထောင်ချောက်ထဲသို့ သူ အဘယ်ကြောင့် ခြေစုံပစ်ဝင်လိမ့်မည်နည်း။

"မင်းကများ အတင့်ရဲ့လို့" အရပ်ပိုရှည်သောအဖွဲ့ဝင်သည် ချူးယွင်ဖန်းကို ရုတ်တရက် တစ်ဟုန်ထိုးတိုက်ခိုက်လိုက်သည်။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ချူးယွင်ဖန်းထံသို့ ပစ်သွင်းလိုက်သည်။

ဤလက်သီးသည် လေကို အလွယ်တကူ ခွင်း၍ ခွဲထွက်သွားခဲ့ကာ၊ ယင်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများသာပိုင်ဆိုင်သော ခွန်အားတစ်ခုဖြစ်သည်။ ဤသို့သော ခွန်အားဖြင့် သူသည် ပြည်ထောင်စုတက္ကသိုလ်​၏ လက်ရွေးစင်ကျောင်းသားအဖြစ် သတ်မှတ်ခံရနိုင်မည်ဖြစ်သည်။ သူသည် ကျောင်းသားသစ်အများစုကိုပင် အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မည့်သူဖြစ်သည်။ နှမျောဖွယ်အကောင်းဆုံးသောအရာမှာ၊ သူသည် ချူးယွင်ဖန်းနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ထိုတိုက်ခိုက်မှုကို အလွယ်တကူ ဟန့်တားခဲ့သည်။

"ဘာလဲ မင်းက မရီးဒျန်သန့်စင်ခြင်းအဆင့်ကိုဖြတ်ကျော်ပြီးပြီလား"

အရပ်ပိုရှည်သောအဖွဲ့ဝင်၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွားခဲ့သည်။ ချူးယွင်ဖန်း သည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ဖြတ်ကျော် နိုင်ခဲ့ပြီးဖြစ်ရာ၊ ထိုအရာသည် ယခင်က ၎င်းတို့ ချူးယွင်ဖန်းကိုမျှော်မှန်းထားသည်ထက် များစွာ ကျော်လွန်သွား၏။ ဆရာများအတွက် ပြိုင်ပွဲကို လူတိုင်းမကြည့်ခဲ့ရပေ။ ထို့အပြင် ထိုအချိန်တွင် ချူးယွင်ဖန်းသည် မရီးဒျန်စွမ်းအင်သန့်စင်ခြင်းအဆင့်၏ အထွတ်အထိပ်၌သာရှိသေးသည်။ နှစ်လအကြာတွင် သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ ကျော်ဖြတ်သွားခဲ့သည်။ အရပ်ပိုရှည်သောအဖွဲ့ဝင်သည် ပြည်ထောင်စု တက္ကသိုလ်တွင် တစ်နှစ်ကြာမျှနေခဲ့ပြီးမှသာ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ရောက်ရှိခဲ့ခြင်းဖြစ်သည်။

"အခုမှ သတိထားမိတာဆိုရင်တော့ အရမ်းနောက်ကျသွားပြီ" ချူးယွင်ဖန်းမှ ပေါ့ပါးစွာပြောလိုက်သည်။

"မင်းက မရီးဒျန်သန့်စင်ခြင်းအဆင့်ဆိုတော့ရော ဘာဖြစ်လဲ။ ဥက္ကဌရဲ့ ဆင့်ခေါ်ချက်ကိုတောင် ငြင်းဆန်ရဲတယ်ဆိုတော့၊ မရီးဒျန်သန့်စင်ခြင်းအဆင့်ဖြစ်နေရင်တောင် အသုံးဝင်မယ်မထင်နဲ့။"

အရပ်ပိုရှည်သောအဖွဲ့ဝင်က ဟိန်းဟောက်ကာ ချူးယွင်ဖန်းကို ထပ်မံတိုက်ခိုက်ခဲ့သည်။ တစ်ဖက်တွင်၊ အရပ်ပိုပုသောအဖွဲ့ဝင်သည် ၎င်း၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားအားလုံးကို စုဆောင်းထားကာ အချိန်မရွေး တိုက်ခိုက်နိုင်ရန် အသင့်ပြင်နေခဲ့သည်။ အကယ်၍ သူ့အဖော်သည်သာ ရှုံးနိမ့်မည့်အရိပ်အယောင် အနည်းငယ်ပြခဲ့ပါက၊ သူချက်ချင်း တိုက်ခိုက်လိမ့်မည်ဖြစ်သည်။

ထိုကျောင်းသားသည် အမှန်တကယ်ပင် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူအဖြစ်ထိုက်သူ ဖြစ်ပေသည်။ သူ၏ တိုက်ခိုက်မှုများသည် မုန်တိုင်းတစ်ခုကဲ့သို့ ပြင်းထန်လျက်ရှိ၏။ သူ​၏လှုပ်ရှားမှုတိုင်းသည် ချူးယွင်ဖန်း၏ အဓိကအချက်အချာကြသောနေရာများဆီသို့ ဆက်တိုက်ဦးတည်နေခဲ့သည်။

"တော်တော်ဆန်းတဲ့ အကွက်ပဲ။ ဒါပေမယ့် ငါ့လက်သီးတစ်ချက်နဲ့တင် မင်းကိုရှင်းဖို့လုံလောက်တယ်"

ချူးယွင်ဖန်းသည် အရပ်ပိုမြင့်သောအဖွဲ့ဝင်၏ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင် အနည်းငယ်မျှထိတ်လန့်ခြင်းမရှိခဲ့ပေ။ အလေးအနက် တွေးတောမနေဘဲ သူသည်လက်သီးကို ခပ်တင်းတင်းဆုပ်ကာ နောက်သို့ အနည်းငယ်ဆုတ်၍ အရှိန်ယူလိုက်သည်။ နောက်ဆုံးတွင် သူ​၏လက်သီးကို ဝှေ့ယမ်းခဲ့၏။

ချူးယွင်ဖန်း​၏ လက်သီးချက်သည် ချက်ချင်းပင် လေထုထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ကာ၊ ကြောက်မက်ဖွယ်ကောင်းသော အသံကြီးတစ်ခုထွက်ပေါ်လာစေခဲ့သည်။ ထို့နောက် ထိုလက်သီးနှင့်အတူ၊ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော လက်သီးရိပ်များပေါ်လာသည်။

ကျယ်လောင်သောအသံကြီးတစ်ခုပေါ်ထွက်လာပြီးနောက်၊ ချူးယွင်ဖန်း၏ လက်သီးချက်သည် ကောင်းကင်ယံတွင် ပြည့်နေသော လက်သီးအရိပ်များကို ဖြတ်ကျော်သွားခဲ့သည်။ အရပ်ပိုရှည်သောအဖွဲ့ဝင်သည် ဆက်လက်၍တောင့်ခံနိုင်ခြင်းမရှိတော့ပေ။ သူသည် လက်သီးတစ်ချက်ဖြင့်ပင် လွင့်ထွက်သွား၏။

အခန်း(၄၁၀) ထောင်ပေါင်းများစွာသော သွေးရောင်လည်ဆံမျောက်ဝံများ​၏ ဝန်းရံခြင်းကို ခံထားရသည်။

လက်သီးချက်သည် အရပ်ပိုရှည်သော အဖွဲ့ဝင်​၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ သူသည် ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်​၏ ထိုးနှက်ခြင်းကို ခံခဲ့ရသကဲ့သို့ ခံစားခဲ့ရသည်။ သူ​၏ ခန္ဓာကိုယ်ရှိအရိုးများအားလုံး ကျိုးကြေလုမတတ်ဖြစ်နေသည်။ ထိုခံစားချက်သည် လွန်စွာကြောက်မက်ဖွယ်ကောင်းသည်။ ပြင်းထန်သော နာကျင်မှုသည် သူ​၏အသိအာရုံကို နစ်မွန်းစေခဲ့သည်။ မြေပြင်ပေါ်တွင် အချိန်အတော်အတန်ကြာ ရုံးကန်နေသော်လည်း မတ်တတ်မရပ်နိုင်ခဲ့ပေ။

အရပ်ပိုပုသောအဖွဲ့ဝင်သည် တုံ့ပြန်ချိန်မရခဲ့ပေ။ အရာအားလုံးသည် လျင်မြန်စွာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ စက္ကန့်ဝက်အတွင်းတွင် အောင်နိုင်သူကို ဆုံးဖြတ်၍ ရနိုင်ခဲ့ပြီဖြစ်သည်။ ချူးယွင်ဖန်းသည် သူ​၏အဖော်ကို လွယ်ကူစွာ အနိုင်ယူခဲ့၏။ ထို့အပြင် ယင်းသည် သိုင်းကွက်တစ်ခုစာသာ ကြာမြင့်ခဲ့သည်။ ချူးယွင်ဖန်းသည် သူ​၏အဖော်ကို မထနိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းစွာ ထိုးနှက်ခဲ့သည်။

"အခု မင်းအလှည့်ပဲ"

ချူးယွင်ဖန်၏ အေးစက်သောအသံ ထွက်ပေါ်လာပြီးနောက်၊ ချူးယွင်ဖန်းသည် အရပ်ပို၍ပုသောအဖွဲ့ဝင်ရှေ့သို့ ရုတ်ချည်းရောက်ရှိသွား၏။

"သေစမ်း"

အရပ်ပို၍ပုသောအဖွဲ့ဝင်မှ ကျိန်ဆဲလိုက်ပြီးနောက်၊ ပြန်လည်တုံ့ပြန်ခဲ့သည်။ သူ​၏လက်သည် ကျရောက်လာမည့် တိုက်ခိုက်မှုကို ခုခံရန်ကြက်ခြေခတ်သဏ္ဌာန် ပုံဖော်ခဲ့သည်။ သို့သော်လည်း ချူးယွင်ဖန်း​၏ လက်သီးချက်သည် ရှည်လျားသောလှံတံ​၏ထိုးချက်များကဲ့သို့ဖြစ်နေခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် ထိုလက်သီးချက်သည် အရပ်ပို၍ပုသောအဖွဲ့ဝင်​၏ အရှေ့သို့ရောက်သွားခဲ့​၏။

ဘမ်း

အရပ်ပို၍ပုသောအဖွဲ့ဝင်မှ ဤလက်သီးကို တားဆီးနိုင်ခဲ့သော်လည်း သူ​၏ခန္ဓာကိုယ်သည်လည်း လွင့်ပြန်ထွက်ကာ မြေပြင်သို့လှိမ့်သွားခဲ့သည်။ ဤအခိုက်အတန့်တွင် သူသည် အပေါင်းအဖော်၏ ခံစားချက်များကို နားလည်သဘောပေါက်သွားရ၏။ ၎င်းတို့ရှေ့၌ရှိနေသောသူသည် လူသားမဟုတ်ဘဲ လူအသားအရေခွံ ခြုံထားသော မွန်းစတားတစ်ကောင်သာဖြစ်သည်။ သူ​၏တိုက်ခိုက်မှုခံရခြင်းသည် ထရပ်ကားတစ်စင်းမှ သာမန်လူတစ်ယောက်ကို လွင့်ထွက်သွားသည်အထိ ဝင်တိုက်ခဲ့ခြင်းနှင့် ဆင်တူ၏။

ချူယွင်ဖန်းမှ သူတို့ကို နှစ်ခါမျှလှည့်မကြည့်ဘဲ ထွက်သွားခဲ့စဉ် သူတို့နှစ်ဦးတွင် တိုက်ခိုက်ရေးစွမ်းအင်များလုံးလုံးလျားလျား ကုန်ဆုံးသွားခဲ့ပြီဖြစ်၏။ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ တတ်လှမ်းကာစဖြစ်သော ချူးယွင်ဖန်းသည် ဤမျှလောက် သန်မာမည်ဟု အဖွဲ့ဝင်နှစ်ဦးမှ မထင်မှတ်ထားခဲ့ပေ။

ကောင်စီဝင်နှစ်ဦး​၏ ဆိုက်ရောက်လာမှုသည် ချူးယွင်ဖန်းကို သတိပေးခေါင်းလောင်း တီးခေါက်လာခဲ့ခြင်းနှင့်တူသည်။ ကျန်းလင်းရှောင်သည် သူ​၏ဖြစ်တည်မှုကို သတိပြုမိနေပြီဟု သတ်မှတ်နိုင်သည်။ ပြည်ထောင်စုတက္ကသိုလ်၌ရှိနေစဉ်တွင် သူ့ကိုဖမ်းဆီးရန်လူများကို ပေါ်ပေါ်တင်တင် စေလွှတ်ရဲခဲ့သည်။ တက္ကသိုလ်​၏အပြင်ဘက်တွင်သာဆိုပါက၊ မည်မျှအန္တရာယ်များနိုင်မည်ကို တွေးကြည့်ရုံဖြင့်သိနိုင်သည်။

ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများ၏ စိတ်ထဲတွင် ကျန်းလင်းရှောင်သည် ဒဏ္ဍာရီဆန်သူတစ်ဦးဖြစ်သည်။ သို့သော် ကျန်းလင်းရှောင်သည် ကြင်နာတတ်သူမဟုတ်သည်မှာ အသေအချာပင်ဖြစ်သည်။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ရက်စက်ကြမ်းကြုတ်၍ သနားညှာတာမှုကင်းသူသာဖြစ်သည်။ ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်မှ ထွက်သွားပြီးနောက် သွေးရောင်လည်ဆံမျောက်ဝံများ စုဝေးရာနေရာဆီသို့ အမြန်သွားခဲ့သည်။ ယခင်က သိမ်းငှက်နက်တိုက်လေယာဉ်ကို စီးနင်းကာ၊ မိနစ်ပိုင်းအတွင်း ရောက်ရှိနိုင်ခဲ့သော်လည်း ယခုမည်ကား၊ သူသည်ခြေလျင်ခရီးနှင်နေရသောကြောင့် အချိန်တော်တော်ကြာမည် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် စွယ်စုံကျမ်းရှိမြေပုံကို အသုံးပြုနိုင်သောကြောင့် လမ်းပျောက်ခဲ့ခြင်းမရှိခဲ့ပေ။

ပြည်ထောင်စုတက္ကသိုလ်၏ စွယ်စုံကျမ်းတွင်ရှိသော မြေပုံများသည် လွန်စွာပြည့်စုံလှသည်။ ထို့အပြင် တက္ကသိုလ်တွင် ကိုယ်ပိုင်ဂြိုလ်တု ရှိသည်ဟုလည်း ဆိုကြသည်။ အမျိုးမျိုးသောမြေပုံများနှင့် မြေမျက်နှာသွင်ပြင်များကို အချိန်နှင့်တပြေးညီ အပ်ဒိတ်လုပ်နေသောကြောင့် လွဲမှားနေမည်ကို စိုးရိမ်နေရန် မလိုအပ်ပေ။

အန္တရာယ်ရှိသော မွန်းစတားများ ထွက်ပေါ်လာနိုင်သည့်နေရာနှင့် မွေးဖွားခြင်းနယ်မြေအဆင့် မွန်းစတားများရှိနိုင်သည့် နေရာများကိုလည်း မြေပုံပေါ်တွင် အမှတ်အသားပြုထား၍ မည်သည့်အချိန်မဆို ကြည့်ရှုနိုင်သည်။ သို့သော် ထိုအမှတ်အသားပြုလုပ်မှုများကိုမူ၊ အမှတ်များသုံး၍ လဲလှယ်ရမည်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အမြဲတစေ အမှတ်အသားပြုရန် အမှတ် တစ်ထောင်ခန့်သာ လိုအပ်သဖြင့် ဤအရာသည် အကျိုးအမြတ် အသေးအဖွဲလေးတစ်ခုဟု ယူဆနိုင်သည်။

ချူးယွင်ဖန်းသည် ပြည်ထောင်စုတက္ကသိုလ်မှ ထွက်ခွာပြီးနောက် မိုးကြိုးတောင်ပံသားရဲကို နှောင်နှေးခြင်းမရှိ၊ လွှတ်ပေးခဲ့သည်။ သူသည် တခြားလူများ​၏ အာရုံစိုက်မှုခံရမည်ကို စိုးရိမ်နေရန် မလိုအပ်တော့ပေ။ မိုးကြိုးတောင်ပံသားရဲသည် အလွန်အဖိုးတန်သော်လည်း၊ ပြည်ထောင်စုတက္ကသိုလ်၏ ထိပ်တန်းကျောင်းသားတစ်ဦးအနေဖြင့် သူသည် ၎င်းကို ပိုင်ဆိုင်ရန် အရည်အချင်းများ ပြည့်မီထားသည်။ တစ်ခြားလူများမှ အားကျခြင်း သို့မဟုတ် မနာလိုခြင်းရှိလျှင်ပင် ၎င်းတို့ မည်သို့မျှတတ်နိုင်မည်မဟုတ်ပေ။

ဤသည်မှာ ပြည်ထောင်စုတက္ကသိုလ်​၏ ကျောင်းသားဖြစ်ရခြင်း၏ အကျိုးကျေးဇူးများစွာထဲမှ တစ်ခုပင်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်၏ ဆိုင်းဘုတ်သည်ပင် ချူးယွင်ဖန်းကို လွန်စွာအစွမ်းထက်သော ကာကွယ်မှုပေးနိုင်မည်ဖြစ်သည်။ ဤသည်မှာ ချူးယွင်ဖန်းမှ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ရန် သက်စွန့်ကြိုးစားခဲ့ရသော အဓိကအကြောင်းရင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ကောင်းကင်မိုးကြိုးသားရဲပေါ်တွင်ထိုင်၍ သွေးရောင်လည်ဆံမျောက်ဝံ၏ပိုင်နက်ဆီသို့ ဦးတည်ပျံသန်းသွားခဲ့သည်။ လမ်းတစ်လျှောက်တွင် မွေးဖွားခြင်းနယ်မြေအဆင့်မွန်းစတားများရှိနိုင်သည့် နေရာများကို အကောင်းဆုံးကြိုးစား၍ ရှောင်တိမ်းခဲ့သည်။ သို့သော်လည်း ဤနေရာတွင် မိုးကြိုးတောင်ပံသားရဲ၏ လေစွမ်းအင်များကို အပြည့်အဝပြသနိုင်မည် ဖြစ်သည်။

မိုးကြိုးတောင်ပံသားရဲသည် လေဟုန်စီးနေသကဲ့သို့ မြန်သည်ထက်မြန်လာခဲ့သည်။ အမှန်တကယ်မှာ မိုးကြိုးတောင်ပံသားရဲသာ မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်လျှင်၊ လေအတောင်ပံများပေါက်လာကာ အမှန်တကယ် လေဟုန်စီးနိုင်မည်ဖြစ်သည်။ နေ့တစ်ဝက်အတွင်း၌ပင် ချူးယွင်ဖန်းသည် မိုးကြိုးတောင်ပံသားရဲ၏ အကူအညီဖြင့်၊ သွေးရောင်လည်ဆံမျောက်ဝံများ၏ပိုင်နက်သို့ ရောက်ရှိလာခဲ့သည်။ တောစပ်သို့ရောက်သောအခါတွင် သူသည် သွေးရောင်လည်ဆံမျောက်ဝံများ၏ ကျယ်လောင်သော ဟိန်းဟောက်သံကို ကြားလိုက်၏။

"ဒါက သွေးရောင်လည်ဆံမျောက်ဝံတွေ တိုက်ခိုက်နေတယ်ဆိုတဲ့ အချက်ပေးသံမလား။ ကြည့်ရတာ မျိုးနွယ်စုတစ်ခုထပ်ပိုပြီး ရှိနေတဲ့ပုံပဲ"

ချူးယွင်ဖန်း၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သွေးရောင်လည်ဆံမျောက်ဝံများနှင့် တိုက်ခိုက်ခဲ့ဖူးသော ထိုလဝက်တွင် သွေးရောင်လည်ဆံမျောက်ဝံ၏ ဟိန်းဟောက်သံမှာ မည်သည်ကိုကိုယ်စားပြုကြောင်း အတိုင်းအတာတစ်ခုအထိ နားလည်နိုင်စွမ်းရှိခဲ့သည်။

ယခင်အချိန် သွေးရောင်လည်ဆံမျောက်ဝံများမှ သူ့ကို ဝိုင်းအုံထားချိန်တွင် ၎င်းတို့သည် ဤကဲ့သို့ ဟိန်းဟောက်နေခဲ့သည်။ ထို့အပြင်၊ ဟိန်းဟောက်သည့် မျောက်ဝံအရေအတွက်သည် အနည်းဆုံး အကောင်တစ်ထောင်မျှရှိမည်ဖြစ်သည်။

"သွားကြရအောင်"

သူ​၏အောက်တွင်ရှိသော မိုးကြိုးတောင်ပံသားရဲနှင့် ချူးယွင်ဖန်းတို့သည် မနောနှင့်ဆက်သွယ်မှုရှိနေသည်။ ချက်ချင်းဆိုသလိုပင် သူတို့သည် မှောင်မည်းနက်နဲသော တောအုပ်ထဲသို့ ပြေးဝင်သွားကြသည်။ ခဏအကြာတွင် ချူးယွင်ဖန်းသည် မြင်ကွင်းတစ်ခုကိုမြင်လိုက်ရသည်။ သူ ထင်ထားခဲ့သည့်အတိုင်း သွေးရောင်လည်ဆံမျောက်ဝံများမှ ဝိုင်းရံနေခြင်းပင်ဖြစ်ရာ၊ ဂူတစ်ဝိုက်တွင် သွေးရောင်လည်ဆံမျောက်ဝံစုစုပေါင်း တစ်ထောင်ကျော်မျှ ဝန်းရံလျက်ရှိနေသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်ခုခုကို တိုက်ခိုက်နေကြသည်မှာ ထင်ရှား၏။

ချူးယွင်ဖန်သည် အဖြစ်အပျက်များကို ယောင်ယောင်ဝါးဝါးသာ မြင်နေရသော်လည်း ဤမြင်ကွင်းနှင့် ရင်းနှီးနေ၏။ ချူးယွင်ဖန်းကို ယခင်က ဝိုင်းရံ၍ တိုက်ခိုက်ခဲ့ချိန်တွင် သွေးရောင်လည်ဆံမျောက်ဝံများသည် ဤကဲ့သို့သာ ပြုမူခဲ့ကြသည်။ ပုံမှန်အားဖြင့်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်ခေါင်းဆောင်မှ ဦးဆောင်သော သွေးရောင်လည်ဆံမျောက်ဝံများ​၏ တပ်အင်အားမှာ ရာဂဏန်းမျှသာ ရှိမည်ဖြစ်သည်။ သို့သော်၊ ဤနေရာတွင် သွေးရောင်လည်ဆံမျောက်ဝံတစ်ထောင်ကျော်မျှ စုရုံးရောက်ရှိနေသဖြင့်၊ ရှင်းလင်းစွာပင် ၎င်းတို့သည် အုပ်စုတစ်ခုတည်းရောက်ရှိနေခြင်း မဖြစ်နိုင်ပေ။

ချူးယွင်ဖန်းသည် ဤနေရာနှင့် ရင်းနှီနှင့်ပြီးဖြစ်သည်။ ဤနေရာသည် သူနှင့်သူ​၏အသင်းဖော်များ ယခင်က ပုန်းကွယ်ခဲ့ဖူးသော လှိုဏ်ဂူပင် မဟုတ်သလော။ ဂူအတွင်းတွင် ရှိနေသောသူများမှာ မည်သူများဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤသည်မှာ ရှဖန်နှင့်တခြားသူများဖြစ်သည်။

ချူးယွင်ဖန်းမှ ထူးဆန်းသည်ဟု ခံစားမိသည်။ သွေးရောင်လည်ဆံမျောက်ဝံ ထောင်ပေါင်းများစွာသည် အလွန်အန္တရာယ်များလွန်းသည်။ ကျန်းယွမ်ပင်မှ အဘယ်ကြောင့်များ ၎င်းတို့ကို မတားခဲ့သနည်း။ ထို့အပြင် ယခု သူဝင်ရောက်လာခဲ့ချိန်တွင် ကျန်းယွမ်ပင်၏ ဂျက်လေယာဉ်ကို တွေ့ရှိခဲ့ခြင်းမရှိပေ။

"ထားလိုက်ပါလေ။ သူတို့ကိုအရင်ကယ်မှပဲ"

ချူးယွင်ဖန်းမှ ဟိန်းဟောက်လိုက်သည်။ သူ​၏အောက်တွင်ရှိသော မိုးကြိုးတောင်ပံသားရဲသည် ချက်ချင်းပင် ချီတက်သွား၏။

ဘမ်း

ဘမ်း

ဘမ်း

မိုးကြိုးတောင်ပံသားရဲသည် အလွန်လျင်မြန်ကာ၊ ၎င်းဖန်တီးခဲ့သော သက်ရောက်မှုသည် ရက်စက်ကြမ်းကြုတ်ကာ၊ အလွန်ကြီးမားခဲ့သည်။ ၎င်းသည် သွေးရောင်လည်ဆံမျောက်ဝံများကို ချီတတ်တိုက်ခိုက်ခဲ့ပြီး တစ်ခဏလေးအတွင်းမှာပင် မျောက်ဝံတချို့ကို ချေမှုန်းပစ်လိုက်၏။ ပြီးနောက် မျောက်ဝံများ၏ အလယ်သို့ ခြေစုံပစ်ချီတတ်ခဲ့သည်။ မျောက်ဝံများမှ လျင်မြန်စွာတုံ့ပြန်ခဲ့ကြသည်။ တစ်စုံတစ်ယောက်မှ ဝင်ရောက်တိုက်ခိုက်လာကြောင်း သိလိုက်ရသောအခါ သူတို့သည် ချူးယွင်ဖန်းကို နှောင်နှေးခြင်းမရှိဘဲ ဝိုင်းရံလိုက်ကြသည်။

All Chapters