အခန်း (၄၃၀-၄၃၂)
Vol. 29 Ch. 430-432
အခန်း(၄၃၀) အတန်းတက်ရန် တက္ကသိုလ်သို့ပြန်လာခြင်း
အကယ်၍ အခြားသူသာဖြစ်ခဲ့လျှင်၊ ၎င်းတို့သည် တစ်နှစ်အတွင်း မွေးဖွားခြင်းနယ်မြေအဆင့်သို့ရောက်ရှိနိုင်ရန် အလန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်၏ အစွမ်းအစဖြင့် ပံ့ပိုးပေးမှသာလျှင်၊ ထိုအရာအောင်မြင်နိုင်မည်ဖြစ်၏။
ချူးယွင်ဖန်းသည် ထိုသို့သော အခွင့်အရးကို ရရှိရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း သိထားသော်လည်း သူ့အတွက်မူ၊ မဖြစ်နိုင်သောအရာဟူ၍ မရှိပေ။ သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိထားသည်။ ဤအရာသည် ကြီးမားသော ရတနာသိုက်တစ်ခုလည်းဖြစ်၏။ တစ်နှစ်အတွင်းတွင်၊ ယင်း၏အကူအညီဖြင့်၊ ကိုယ်ခန္ဓာအဆင့်မှ၊ ချီပင်လယ်အဆင့်သို့၊ ထို့နောက် စွမ်းအင်မရီးဒျန်သန့်စင်ခြင်းအဆင့်၊ နောက်ဆုံးတွင် မရီးဒျန်သန့်စင်ခြင်းအဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ နောက်ထပ်တစ်နှစ်အကြာတွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်ခြင်းသည် သူ့အတွက် မဖြစ်နိုင်သောအရာမဟုတ်ပေ။
ထို့အပြင်၊ သူပြောခဲ့သည့်အတိုင်း၊ သူ့တွင် အခြားရွေးချယ်စရာမရှိပေ။
ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို ငတုံးငအအဖြစ်မှတ်ယူထားခြင်းမဟုတ်သဖြင့်၊ ကျန်းလင်းရှောင် မည်သို့စီစဥ်နေကြောင်း သိထားသည်။ ကျန်းလင်းရှောင်သည် သူ့ကို သတ်ဖြတ်နိုင်မည့် အခွင့်အရေးကို စောင့်မျှော်နေခြင်းဖြစ်၏။ သူသည်လည်း ကျန်းလင်းရှောင်ကို သတ်နိုင်ရန် ဤအခွင့်အရေးကို စောင့်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဤကိစ္စသည် ကျန်းလင်းရှောင်ကို အနိုင်ယူနိုင်ရုံဖြင့် အဆုံးသတ်ရန် မဖြစ်နိုင်ပေ။ သူ့ကို သတ်လိုက်မှသာလျှင်၊ အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်ဖြစ်သည်။
ကျန်းလင်းရှောင်သည် ချူးယွင်ဖန်းကို လျှော့တွက်ထားနိုင်သော်လည်း ချူးယွင်ဖန်းသည် မိမိကိုယ်မိမိ ယုံကြည်ချက် ပြင်းပျသည်။ တစ်နှစ်အကြာတွင် မည်သူက အောင်နိုင်သူဖြစ်လာမည်ကို ၎င်းတို့အားလုံး မြင်ကြရမည်ဖြစ်သည်။
“ငါသွားရတော့မယ်။ နောက်တစ်နှစ်ကြာလောက် ငါတို့ တစ်ယောက်နဲ့တစ်ယောက်တွေ့ရတော့မှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ” တန်စီယုသည် ချူးယွင်ဖန်းကို မျက်ရည်ဝဲနေသော မျက်လုံးကြီးများဖြင့်ကြည့်၍ပြောပြီးနောက်၊ လှည့်ထွက်သွားသည်။ သူမ လှည့်ထွက်သွားသောအခါတွင်၊ မျက်ရည်စီးကြောင်း နှစ်ကြောင်းသည် သူမ၏ ပါးပြင်ထက်သို့ စီးကျလာ၏။
“အဲ့မိန်းကလေးက တော်တော်လေးကို ထက်မြက်တယ်။ အရေးကြီးတဲ့အချိန်မှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချဖို့ သေချာသိတယ်။ ကျန်းလင်းရှောင်နဲ့ သူ့မိသားစုကို ရင်ဆိုင်ရတာနဲ့တင် မင်းလုံလောက်နေပါပြီ။ တန်မိသားစုကသာ မင်းကို ပြဿနာရှာရင် ငါမင်းကိုကာကွယ်ဖို့ ခက်ခဲလိမ့်မယ်” ကျန်းယွမ်ပင်က ပြောသည်။
“ကျွန်တော်နားလည်ပါတယ်” ချူးယွင်ဖန်းက သူလက်များကို တင်းကြပ်စွာဆုပ်၍ ပြောလိုက်သည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး မင်းဘယ်လိုထင်လဲ” ကျန်းယွမ်ပင်က မေးသည်။
“ပျော့ညံ့နေတာက မူလအစစ်အမှန်ပြစ်ချက်ပဲ” ချူးယွင်ဖန်းက ဖြည်းညှင်းစွာ၊ ခိုင်မာစွာပြောသည်။
“မှန်တယ်၊ ပျော့ညံ့နေတာက၊ မူလပြစ်ချက်ပဲ။ ဒီနိယာမကို မင်းနားလည်ဖို့ ဘယ်လောက်ကြာမလဲလို့ တွေးနေခဲ့တာ၊ ဒီလောက်မြန်မြန်နားလည်လာလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး” ကျန်းယွမ်ပင်က မတ်တပ်ရပ်ကာ၊ လက်နှစ်ဖက်ကို နောက်ကျောတွင်ယှက်၍ ပြောသည်။
“နိယာမ၊ နိယာမှဆိုတာဘာလဲ။ လက်သီးက နိယာမတစ်ခုပဲ။ တကယ်လို့မင်းသာ ဒီနေ့ မွေးဖွားခြင်းနယ်မြေအဆင့်မှာ ရှိနေရင် အဲ့လို အရှက်ကွဲတာမျိုးကြုံရမှာမဟုတ်ဘူး”
“သာမန်လူတွေက တစ်နှစ်အတွင်း မွေးဖွားခြင်းနယ်မြေအဆင့်ကို မရောက်နိုင်ပေမယ့် မင်းကတော့၊ ငါ့တပည့်အနေနဲ့ လုပ်နိုင်မယ်ဆိုတာ သေချာတယ်” ကျန်းယွမ်ပင်က ပြောသည်။
“လူတွေက မာန်မတက်သင့်ပေမယ့် မာနကင်းလို့တော့မရဘူး။ မင်းမကြိုးစားကြည့်ဘဲ ဘယ်လိုလုပ် သိနိုင်မှာလဲ”
“ဆရာ့ရဲ့နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် ဆရာကျန်း” ချူးယွင်ဖန်းက ပြောသည်။
“မင်းအခု အနားယူပါ၊ ငါတိုက်ပွဲအပြီးကိစ္စရပ်တွေ ကိုင်တွယ်ရဦးမယ်” ကျန်းယွမ်ပင်က ပြောသည်။
တိုက်ပွဲအပြီး ပြန်လည်တည်ဆောက်ရေးစတင်လာသည်နှင့်အမျှ၊ ပြည်ထောင်စုတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော တိုက်ပွဲ၊ စိမ်းလန်းမြို့တော်ပြိုလဲခြင်းသည် နောက်ဆုံးတွင်ပြီးဆုံးသွားခဲ့သည်။ လူသန်းပေါင်းတစ်ရာကျော်ခန့်သည် မွန်းစတားများ၏ ပါးစပ်ကြီးများထဲတွင် မြှုပ်နှံခံလိုက်ရသည်။ ထောင်နှင့် ချီသော အရာရှိများနှင့် စစ်သည်များ ကျဆုံးခဲ့ရသည်။ ကျဆုံးသူများထဲတွင် မွေးဖွားခြင်းနယ်မြေအဆင့် ဗိုလ်ချုပ်နှစ်ဦးပင်ပါဝင်ခဲ့သည်။ ဤတိုက်ပွဲတွင် လူသားများအတွက် ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရသည်။ ၎င်းတို့သည် မရေမတွက်နိုင်အောင်များပြားလှသော မွန်းစတားများကို သတ်ခဲ့ကြသော်လည်း သဘာဝတရားအောက်တွင်ကြီးပြင်းလာသော သတ္တဝါများအတွက်မူ၊ ရေတစ်ပုံးလုံးမှ ရေတစ်စက်ပမာဏသာဖြစ်သည်။ ဤသည်ကား ကြီးမားသော ဆုံးရှုံးမှုတစ်ခုမဟုတ်ပေ။
လူသားများနှင့် ကွဲပြားသည်မှာ မွန်းစတားများသည် ၎င်းတို့ ကြီးထွားနိုင်သည့် အခွင့်အရေးရှိနေသရွေ့ အလွန်အစွမ်းထက်မည်ဖြစ်ရာ၊ အပိုသင်တန်းများ တက်ရန်မလိုအပ်ပေ။ ဤကျယ်ပြန့်သော မြေအများစုကို မွန်းစတားများက သိမ်းပိုက်ထားကြသည်။ လူသားများသည် ကမ္ဘာမြေ၏ သေးငယ်သော ထောင့်တစ်နေရာကိုသာ သိမ်းပိုက်နိုင်ခဲ့ကြသည်။
လာမည့်ရက်အနည်းငယ်အတွင်းတွင် လူ့အဖွဲ့အစည်းသည် အောက်မေ့ဖွယ်အခမ်းအနားများစွာကို ကျင်းပခဲ့ကြသည်။ အခမ်းအနားများသို့ ပြည်ထောင်၏ အမြင့်ဆုံးအဆင့်ဖြစ်သည့် သမ္မတကိုယ်တိုင် တက်ရောက်၍ နိုင်ငံတော်၏ အလံကို ခုနှစ်ရက်တိုင်တိုင် နှိမ့်ချ၍ အလှူငွေများ အဘက်ဘက်မှ ရရှိခဲ့ကြသည်။
ချူးယွင်ဖန်းအတွက် ဤသည်မှာ အစသစ်တစ်ခုဖြစ်သည်။ တက္ကသိုလ်သို့ ပြန်ရောက်လာပြီးနောက်၊ တစ်ရက်တာခန့်အနားယူပြီးသောအခါ၊ အပြည့်အဝပြန်လည်ကျန်းမာလာခဲ့သည်။ ရှဖန်နှင့် အခြားသူများမှလွဲ၍ ဂေါင်ဟုန်ချီ တစ်ဦးတည်းသာ သတင်းရရှိ၍ သူ့ထံလာလည်ခဲ့သည်။ ပိုင်လင်အာသည် သူမည်သို့မည်ပုံနေကြောင်းမေးရန် စာတစ်ကြောင်းပေးပို့ခဲ့သည်။
သို့သော် ဤတစ်နေ့တွင်၊ ချူးယွင်ဖန်း၏နာမည်သည် ပြည်ထောင်စုတက္ကသိုလ်တစ်ခုလုံးသို့ တောမီးကဲ့သို့ ပျံ့နှံ့သွားခဲ့သည်။ ကျောင်းသားကောင်စီဥက္ကဌ ကျန်းလင်းရှောင်ကို လူတစ်ဦးက ရန်စရဲခဲ့သည်။ ဤသည်မှဦ ပြည်ထောင်စုတက္ကသိုလ်တစ်ခုလုံးကို ပေါက်ကွဲစေနိုင်သည့် သတင်းတစ်ပုဒ်ပင်ဖြစ်၏။
တစ်ယောက်သည် ကျောင်းသားသစ်တစ်ဦးဖြစ်ကာ၊ နောက်တစ်ဦးသည်မူ ဒုတိယနှစ်ကျောင်းသားဖြစ်သည်။ ယခုနှစ်တွင်မှ ကျောင်းသားကောင်စီရာထူးကို လွှဲပြောင်းရယူခဲ့သော်လည်း ၎င်း၏ အမည်သည် လွန်ခဲ့သော နှစ်နှစ်မှစ၍ ပြည်ထောင်စုတက္ကသိုလ်တစ်ခွင်သို့ပျံ့နှံ့နေခဲ့ခြင်းဖြစ်သည်။
တကယ်၍ သူသည်သာ ကျန်းမိသားစု၏ နောက်ထပ်ဆက်ခံမည့် မိသားစုအကြီးအကဲမဟုတ်ပါက၊ ကျန်းမိသားစုမှ သူ့ကို အထောက်အပံ့များစွာထောက်ပံ့၍ မပျိုးထောင်ခဲ့ပါက၊ မရေမတွက်နိုင်အောင်များပြားလှသော စီးပွားရေးအဖွဲ့များ၏ ကြိုးကိုင်မှုကို ခံရပေလိမ့်မည်ဖြစ်သည်။ ဤနှစ်နှစ်တာကာလအတွင်းတွင် ကျောင်းအတွင်း၌ ကျန်းလင်းရှောင်၏ ဂုဏ်သတင်းသည် ကြီးထွားလာခဲ့သည်။
ချူးယွင်ဖန်းသည်မူ ထိုဆရာပြိုင်ပွဲဖြင့် လူတိုင်းကို အထင်မကြီးစေနိုင်ခဲ့ပေ။ သို့သော် ဤတစ်ကြိမ်တွင် တစ်က္ကသိုလ်တစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်ခဲ့၏။
မာနကြီး၍ ယုတ်မာရိုင်းစိုင်းသော ကောင်လေးတစ်ယောက်ရှိနေကြောင်း လူတိုင်းသိကြသည်။
ဆေးပညာဌာန၊ အဆောက်အဦအတွင်းတွင်၊ မရေမတွက်နိုင်အောင်များပြားလှသော ကျောငးသားများ သွားလာနေကြသည်။ ယနေ့သည်ဆေးပညာဌာန၏ အတန်းကြီးတစ်တန်းစတင်မည့်နေ့ဖြစ်သည်။
ဆေးပညာဌာနသည် ပြည်ထောင်စုတ္ကသိုလ်အတွင်းရှိ ကြီးမားသော ဌာနကြီးတစ်ခုဖြစ်သည်။ ဆေးပညာသည် သိုင်းပညာကျင့်ကြံရေးအတွက် အလွန်အရေးကြီးသောကြောင့် မည်သည့်တက္ကသိုလ်ပင်ဖြစ်စေကာမူ၊ ဆေးပညာဌာနသည် အမှန်စင်စစ်ကြီးမားလှသော ဌာနကြီးတစ်ခုဖြစ်သည်။ ၎င်းသည် အကြီးဆုံးဌာနပင်ဖြစ်နိုင်၏။
ယခုနှစ်တစ်နှစ်တည်း၌ပင် ပြည်ထောင်စုတ္ကသိုလ်၏ ဆေးပညာဌာနတွင် ကျောင်းသားပေါင်း ငါးထောင်ကျော်ခန့်ရှိသည်။ အကယ်၍ ဤတက္ကသိုလ်များသည် ဆေးပညာရှင်အမြောက်အများကို အဆက်မပြတ် ပျိုးထောင်ပေးနေသည့်အတွက်ကြောင့်သာမဟုတ်လျှင်၊ နိုင်ငံ၏ လက်ရှိ ကျင့်ကြံရေးဖွဲ့စည်းပုံကို ထောက်ပံ့ပံ့ပိုးပေးရန်လည်းမဖြစ်နိုင်ပေ။
ကျင့်ကြံခြင်းသည် ငွေကြေးဥပဒေနှင့် မြေယာဥပဒေတို့ကို အလေးထားသည်။ ဤသည်ကား ပြည်ထောင်စုတစ်ခုလုံး၏ စံနှုန်းပင်ဖြစ်သည်။ ယင်းကို ထောက်ပံ့ရန် လိုအပ်သော ဆေးဝါးများမရှိလျှင်၊ နိုင်ငံတော်အတွက် ကျင့်ကြံရေးသည် ဟာသတစ်ခုဖြစ်ပေလိမ့်မည်ဖြစ်သည်။
ယနေ့၊ ချူးယွင်ဖန်းသည် အတန်းတက်ရန်အတွက် စောစောနိုးနေခဲ့သည်။ သူသည် ပြည်ထောင်စုတ္ကသိုလ်သို့ ဝင်ခွင့်ရခဲ့သည်မှာ နှစ်လကျော်ခဲ့ပြီဖြစ်သော်လည်း ဤသည်ကား ပထမဆုံးအကြိမ် အတန်းတက်ခြင်းပင်ဖြစ်သည်။ သို့သော် သူနောက်ကျမကျန်နေခဲ့ပေ။ သူ၏ ဓာတ်ပုံမှတ်ဉာဏ်ြင့် မြင်သမျှကို မှတ်မိသည်။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲမှ သူသိထားနှင့်ပြီးသော အရာများစွာရှိနေသဖြင့် ၎င်းတို့ကို ပြန်လေ့လာရန် မလိုအပ်တော့ပေ။ သူအာရုံစိုက်ရန်လိုအပ်သည့် တစ်ခုတည်းသောအရာမှာ ရှေးဟောင်းလူသားများကာလနှင့် နှိုင်းယှဥ်လျှင်၊ ကွဲပြားနေသော အရာများဖြစ်၏။
ချူးယွင်ဖန်း သက်ပြင်းချလိုက်သည်။ ခေတ်သစ်လူ့အဖွဲံအစည်းသာ ဆက်လက်ထွန်းကားလာလျှင်၊ ရှေးဟောင်းလူသားများကာလထက် အသေချာအပင် နိမ့်ကျလိမ့်မည်မဟုတ်ပေ။ ၎င်းသည် သစ်ပင်တစ်ပင်မှ ပေါက်လာသည့် တူညီသော ပန်းနှစ်ပွင့်နှင့် တူသည်။ ၎င်းတို့သည် တူညီသောအရင်းအမြစ်မှ ဆင်းသက်လာကြသည့်အရာများဖြစ်သော်လည်း လုံးဝကွဲပြားခြားနားသည့်အရာနှစ်ခုဖြစ်လာခဲ့သည်။
အတန်းတစ်တန်းလုံး မတက်ရောက်ခဲ့ကြသည့်တိုင်း အတန်းထဲတွင် ကျောင်းသားပေါင်းရာဂဏန်းကျော်ရှိသည်။ ခန်းမနှင့်တူသော စာသင်ခန်းကြီးထဲတွင် အလွန်ဆူညံလျက်ရှိ၏။ ကျောင်းသားများအားလုံး ခပ်စောစော ရောက်လာခဲ့ကြရာ၊ ၎င်းတို့နှင့် ရင်းနှီးကျွမ်းဝင်ကြသူများနှင့် ထိုင်၍ စကားစမြည်ပြောလျက်ရှိကြသည်။
ချူးယွင်ဖန်းသည် ယခင်က အတန်းမတက်ဖူးသောကြောင့် ကျောင်းသားများနှင့် မရင်းနှီးပေ။ ထို့ကြောင့် ကြုံရာခုံကို ဆွဲယူ၍ထိုင်လိုက်သည်။ ထို့နောက်၊ ကျောင်းသားပင်လယ်ကြီးကို လှမ်းကြည့်လိုက်ရာ၊ ရင်းနှီးသော မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။
ကျောင်းသားများစွာသည် ဂုဏ်ယူဖွယ်ရာဒေါင်းနှင့်တူသော သိမ်မွေ့နူးညံ့သည့် ပုဂ္ဂိုလ်တစ်ဦး၏ အနား၌ ဝန်းရံထားကြ၏။
အခန်း(၄၃၁) လိမ္မာပါးနပ်သော ပိုင်လင်အာ
ယင်းသည် ပိုင်လင်အာပင်ဖြစ်သည်။ သူမသည် အခြားကျောင်းသားများထက် နှစ်အနည်းငယ်ငယ်သော်လည်း သူမ၏ခန္ဓာကိုယ်သည်မူ စတင်ဖွံ့ဖြိုးလာခဲ့သည်။ သူမ၏ မျက်နှာသည် အနည်းငယ်နူးညံ့နေသည်မှအပ၊ အခြားသူများနှင့်ယှဥ်လျှင် လွန်စွာကွဲပြားနေသည့်ပုံမပေါ်ပေ။
ယခင်က ပိုင်ဟုန့်သည် ပိုင်လင်အာကို စောင့်ရှောက်ပေးရန် ချူးယွင်ဖန်းကို အကူအညီတောင်းခဲ့သော်လည်း အမှန်တရားမှာမူ၊ ချူးယွင်ဖန်းသည် လအနည်းငယ်ကြာပြီးနောက်၊ ပြဿနာများစွာရင်ဆိုင်ခဲ့ရသည့်တိုင် ပိုင်လင်အာသည်မူ၊ အလွန်ကောင်းမွန်စွာနေထိုင်နေဆဲဖြစ်သည်။ ချူးယွင်ဖန်းသည် ကျောင်းသို့ လအနည်းငယ်ကြာ မရောက်ဖြစ်ခဲ့သော်လည်း ပိုင်လင်အာကိုမူ၊ သင်ကြားရေးမှတ်တမ်းများထဲတွင် မကြာခဏတွေ့ဖူးသည်။ သူမသည် အထူးဝင်ခွင့်ဖြင့် ဝင်ခွင့်ရခဲ့ခြင်းဖြစ်သဖြင့်၊ ဆရာမ၏ အချစ်ဆုံးတပည့်တစ်ယောက်ဖြစ်လာခဲ့သည်။
ဤသည်ကား ပြည်ထောင်စုတက္ကသိုလ်တွင် အလွန်ရှားပါးသည်။ ပြည်ထောင်စုတက္ကသိုလ်သည် ဂုဏ်ယူဖွယ်ရာကောင်းသောနေရာတစ်ခုဖြစ်ကာ၊ အို့ယန်ကဲ့သို့သာမန်ကျောင်းများမှ သာမန်ထူးချွန်သောကျောင်းသားများသည် ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရရန် အသက်နှင့်ရင်း၍ ကြိုးစားကြလျှင်ပင်၊ ယင်းမှာမဖြစ်နိုင်ပေ။
သာမန်လူများမှ ပါရမီရှင်ဟု သတ်မှတ်ထားသောသူများကဲ့သို့ ကျောင်းသားများသည် ပြည်ထောင်စုတက္ကသိုလ်တွင် ထောင်နှင့်ချီ၍ ရှိ၏။ ပြည်ထောင်စုတက္ကသိုလ်သို့ တက်ရောက်ခွင့်ရသော ကျောင်းသားတိုင်းသည် သာမန်ပြည်သူလူထု၏အမြင်တွင် ပါရမီရှင်တစ်ဦးအဖြစ် သတ်မှတ်ခံရ၏။
ဤလူများ မည်မျှ မောက်မာလိမ့်မည်ကို တွေ့ကြည့်၍ပင်ရ၏။ ပိုင်လင်အာသည် ပြည်ထောင်စုတက္ကသိုလ်တွင် အထူးဝင်ခွင့်ရခဲ့ခြင်းဖြစ်ရာ၊ ဤအရာသည် လူအများစု၏ အမြင်တွင် အဆူးတစ်ခုဖြစ်လာခဲ့၏။
အတန်းစခဲ့စဥ်ကတည်းက ပိုင်လင်အာသည် မရပ်မနားစိန်ခေါ်ခြင်းခံခဲ့ရသည်။ ထို့အပြင်၊ ဆေးပညာဌာန၏ စိန်ခေါ်မှုများသည် ဆေးပညာဌာနပေါ်တွင် အခြေခံ၏။ အဆုံးတွင် ကမ္ဘာတစ်ဝှမ်းရှိ ကျော်ကြားသော ပြိုင်ဘက်ကင်းပါရမီရှင်များအားလုံးကို အနိုင်ယူနိုင်ခဲ့သည်။
ပိုင်လင်အာသည် အငယ်တန်းဆေးပညာရှင်တစ်ယောက်ဖြစ်ကြောင်း ဖော်ထုတ်ပြသလိုက်သောအခါ၊ နောက်ဆုံးတွင် ဤစိန်ခေါ်မှုများအားလုံး ငြိမ်သက်သွားခဲ့သည်။ သူမသည် မည်မျှ စွမ်းအားကြီးလှကြောင်း လူတိုင်းနားလည်နိုင်ကြပြီဖြစ်ရာ၊ နောက်ဆုံးတွင်မူ၊ သူမကို အထူးဝင်ခွင့်ပေးခဲ့ရသည့် အကြောင်းအရင်းကိုလည်း နားလည်လာကြသည်။ နောက်ပိုင်းတွင် ဆေးပညာဌာန၌ အငယ်တန်းဆေးပညာရှင်အနည်းငယ်ရှိနေကြောင်း ထင်ရှားသော်လည်း ၎င်းတို့သည် သူမနှင့် နှိုင်းယှဥ်ပါက ၎င်းတို့သည် အငယ်တန်းဆေးပညာရှင်ဖြစ်လာရန် အလွန်နောက်ကျနေခဲ့ကြပြီဖြစ်သည်။
ထို့အပြင်၊ ၎င်းတို့သည် သူမထက် အနည်းငယ်အသက်ကြီး၏။ ဤသည်ကပင် ၎င်းတို့ကြားမှ ခြားနားချက်ကို ပို၍ သိသာစေသည်။
ဆေးပညာကျွမ်းကျင်မှုအရ၊ ပိုင်လင်အာသည် ဌာနတစ်ခုလုံးတွင် ထိပ်တန်းများထဲမှ တစ်ယောက်အပါအဝင်ဖြစ်သည်။ တကယ်တမ်းတွင် ဆေးပညာဌာနရှိ ဒုတိယနှစ်ကျောင်းသားများအကြား၌ပင် အငယ်တန်းဆေးပညာရှင်ဖြစ်လာနိုင်သည့် ကျောင်းသားအယောက်နှစ်ဆယ်မျှသာရှိသေး၏။ ပြည်ထောင်စုတတက္ကသိုလ်တစ်ခုလုံးတွင် ဆေးပညာဌာနမှ အငယ်တန်းဆေးပညာရှင်ဖြစ်လာသော ကျောင်းသားအယောက်တစ်ရာခန့်သာရှိသည်။
ဤသည်ကိုကြည့်လျှင် ဆေးပညာဌာနတွင် ပိုင်လင်အာ၏ အဆင့်ကို တွေးကြည့်နိုင်၏။ သူမသည် ဌာနအတွင်းရှိ ထောင်ပေါင်းများစွာသောလူများစွာ၏ နတ်သမီးတစ်ယောက်ဖြစ်သည်။ သူမသည် ချူးယွင်ဖန်းထက် များစွာကောင်းမွန်စွာရှင်သန်နေခြင်းဖြစ်၏။
ချူးယွင်ဖန်းက ပြုံးလိုက်သည်။ ပိုင်လင်အာသည် အန္တရာယ်ကင်းသောသူတစ်ယောက်ဟုထင်ရသော်လည်း တကယ်တမ်းတွင် သူမသည် လိမ္မာပါးနပ်သူတစ်ဦးဖြစ်သည်။ သူမသည် အငယ်တန်းဆေးပညာရှင်တစ်ယောက်ဖြစ်ကြောင်း အတန်းအစကတည်းက ဖော်ထုတ်ခဲ့သဖြင့်၊ သူမကို မည်သူမျှ စိန်ခေါ်ရန် သတ္တိရှိကြလိမ့်မည်မဟုတ်ပေ။
ဆေးပညာရှင်အစည်းအရုံး၏ အကဲဖြတ်မှုသည် အလွန်တိကျသည်။ နိုင်ငံရပ်ခြားဂိုဏ်းခွဲများမှ ကျောင်းသားများသည်ပင် ဆေးပညာရှင်အစည်းအရုံ၏ အကဲဖြတ်ချက်ကို ၎င်းတို့အခြေခံသတ်မှတ်ချက်အဖြစ် အသုံးပြုကြသည်ဖြစ်သဖြင့်၊ ထိုအကဲဖြတ်မှု၏ တန်ဖိုးကို မည်သူက သံသယဝင်ရဲလိမ့်မည်နည်း။
သို့သော် ပိုင်လင်အာသည် သူမ၏ အထောက်အထားကို ဖုံးကွယ်ထားခဲ့သည်။ လူများစွာမှ မိုက်မဲစွာစကားကျွံလွန်ပြီးနောက်တွင်မှ ၎င်းတို့အားလုံး အချိန်နှောင်းသွားခဲ့ပြီဖြစ်ကြောင်း သိလိုက်ကြရသည်။ ၎င်းသည် သူမကို နာမည်ကြီးစေခဲ့၏။ မိမိတို့၏ခေါင်းများကို လင်ပန်းပေါ်တွင် တင်လျက်၊ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ခြင်းကြောင့်သာမဟုတ်လျှင်၊ ပိုင်လင်အာသည် ဤမျှထိ နာမည်ကောင်းရခဲ့နိုင်လိမ့်မည်မဟုတ်ပေ။
ချူးယွင်ဖန်းသည် ဤအရာနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှားယွင်းနေသည်ဟု မထင်ခဲ့ပေ။ လူတို့သည် အခြားသူများကို တိုက်ခိုက်ရန် မကြံစည်သင့်သော်လည်း နာမည်ကောင်းတစ်ခုရထားခြင်းသည်မူ၊ အမြဲတမ်းအတွက် ကောင်းသည်ဟုသူထင်သည်။ တကယ်တမ်းတွင် ဤနုံအသောမိန်းကလေးများသည် မည်သည့်အရာကိုမျှ ကောင်းစွာမသိထားကြပေ။ အဆုံးသတ်တွင်၊ ၎င်းတို့ချော်လဲ၍ အလွန်ကြီးကြီးတက်ချမ်းသာသော စီအီးအိုတစ်ယောက်ကို လက်ထပ်ခွင့်ရမည်ဟူသည့် ဇာတ်လမ်းမျိုးသည် ဝတ္ထုများထဲ၌သာ ရှိနေလိမ့်မည်ဖြစ်သည်။ သာမန်အခြေအနေအရ၊ ဤသို့သောသူသည် လျင်မြန်စွာပင် သေဆုံးရမည်ဖြစ်၏။
ထိုအချိန်တွင် ပိုင်လင်အာသည် ထူးချွန်သော လူငယ်လူရွယ်များနှင့် မိန်းကလေးများ၏ ဝန်းရံခြင်းခံထားရသည်။ ၎င်းတို့အားလုံးသည် ဆေးပညာဌာနတွင် နာမည်ကြီးသူများဖြစ်ကြရာ၊ ၎င်းတို့စကားပြောနေစဥ်တွင် ပိုင်လင်အာထံမှ လျစ်လျူရှု့သော တုံ့ပြန်မှုများသည် ၎င်းတို့ကို သိသိသာသာစိတ်ထိခိုက်စေ၏။
ယခု ပိုင်လင်အာတွင်၊ သူယခင်က အမြဲမြင်နေခဲ့ရသည့် ကလေးမလေးတစ်ယောက်၏အရိပ်မျိုး မရှိတော့ပေ။
“ပိုင်လင်အာက အရမ်းလှတယ်၊ အရမ်းလည်း ကျက်သရေရှိတယ်။ သေချာတာကတော့ သူက ငါ့နတ်သမီးပဲ”
“နှမျောစရာပဲ။ ပိုင်လင်အာက အရမ်းမောက်မာလွန်းတယ်။ သူအခု တစ်ပါတ်တည်းအတွင်းမှာ ရှစ်ယောက်လောက် ငြင်းခဲ့တယ်။ အဲ့လူတွေက ငါတို့ဌာနကလူတွေတင်မက၊ အခြားဌာနတွေရဲ့ထိပ်တန်းကျောင်းသားတွေလည်းပါတယ်။ စီနီယာတွေတောင်ပါတယ်။ အိုး ဘုရားသခင်၊ သူ့ကို ကြိုက်တဲ့လူတွေစုပြီး ဖန်ကလပ်တောင်ထောင်လို့ရလောက်တယ်”
“သူ သူတို့ကို ငြင်းလိုက်တာကောင်းတယ်။ ပြင်ပကလူတွေကတော့ ဒေါသထွက်ကောင်းထွက်ကြလိမ့်မယ်။ သူတို့က ငါတို့ဌာနကလူကို လုချင်နေကြတာ။ အရှက်မဲ့လိုက်ပုံများ”
အနီးအနားရှိ ကျောင်းသားကျောင်းသူအများအပြားသည် တက်ကြွစွာဆွေးနွေးနေကြသည်။ ၎င်းတို့ဆွေးနွေးနေသောပုဂ္ဂိုလ်မှာ ပိုင်လင်အာမှတပါးအခြားသူမဟုတ်ပေ။
“ဘာမှားလို့လဲ။ ငါက အပြင်လူ၊ မင်းမှာ အရည်အချင်းရှိရင် ထွက်လာပြီး ငါနဲ့တိုက်ကြည့်စမ်းပါ။ မင်းအာပဲချောင်တတ်တာလား။ ဘယ်အချိန်ကစပြီး နတ်သမီးက မင်းတို့ဌာနအတွက် ထူးခြားလာတာလဲ”
ချူးယွင်ဖန်းသည် ထိုသူများ၏ဆွေးနွေးမှုကို ပြုံးရုံသာပြုံဂ၍ တုံ့ပြန်လိုက်သည်။ ၎င်းသည် မည်သည့်အချိန်မှစ၍ စတင်ခဲ့ကြောင်း သူမသိသော်လည်း၊ သူသည် ဤလူများနှင့် အသက်တူသည့်တိုင်၊ ဤသို့သောအရာများကို စိတ်မဝင်စားတော့ပေ။
ရုတ်တရက်၊ အပေါက်ဝတွင် ရုန်းရင်းဆန်ခတ်ဖြစ်လာသည်။ လူတစ်ယောက် လမ်းလျှောက်ဝင်လာခြင်းပင်ဖြစ်၏။ မျက်ခုံးမွှေး ထူထူများနှင့်၊ တောက်ပြောင်သော မျက်လုံးများရှိသည့် လူငယ်တစ်ဦးဖြစ်သည်။ သူသည် အရပ်ရှည်၍ သွယ်လျကာ ဘုန်းကျက်သရေနှင့်ပြည့်စုံသည်။ သူသည် ၎င်းတို့နှင့် အသက်အတူတူပင်ဖြစ်၏။
“အဲ့တာ ဝမ်ရွှမ်ဖုန်းပဲ”
“မျှော်လင့်ထားတဲ့အတိုင်း၊ အဲ့တာသူပဲ။ နတ်သမီးရှိတဲ့နေရာမှန်သမျှမှာ သူပေါ်လာတယ်။ သူက နတ်သမီးကို ကပ်တွယ်နေတဲ့ ပလာစတာကျနေတာပဲ”
“ဘာဖြစ်တာလဲ တကယ်လို့ မင်း ပလာစတာဖြစ်ချင်ရင်တောင်၊ ထိုက်တန်ဖို့လိုတယ်ကွ။ သူက အငယ်တန်းဆေးပညာရှင်လေ။ သူ့စကားအရဆို ပညာရပ်ဖလှယ်တာလို့ခေါ်တယ်။ မင်းနားလည်လား။ ငါတို့က ဆေးသင်တန်းသားစာဖြေပွဲအောင်ဖို့တောင် အနိုင်နိုင်ရုန်းကန်ခဲ့ရာတာ။ ငါတို့နဲ့သူနဲ့ ကမ္ဘာချင်းမတူဘူး”
ဤလူငယ်လေးဝင်လာစဥ်ကတည်းက မရေမတွက်နိုင်အောင်များပြားလှသောလူများ၏ အာရုံကို ချက်ချင်းဖမ်းစားနိုင်လိုက်သည်။
“ဒါဆို သူပေါ့” ချူးယွင်ဖန်းက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ ပြဿနာရှာ၍ တက္ကသိုလ်တစ်ခုလုံးကို သူ့အကြောင်းသိအောင်လုပ်နိုင်ခဲ့သော ချူးယွင်ဖန်းမှလွဲ၍ ပြည်ထောင်စုတ္ကသိုလ်မှ အခြားသောကျောင်းသားများအကြောင်း လူပြောမများကြပေ။ ကျောင်းသားသစ်များကြားတွင် ကျောင်းတစ်ခုလုံးကို တုန်လှုပ်စေသည်အထိ ကျော်ကြားသူ တစ်ဦးတစ်ယောက်မျှမရှိပေ။
ယခုနှစ်တွင် ကိုယ့်နာမည်ကိုယ်ထွင်းနိုင်ခဲ့သောသူများနှင့်၊ ဤဌာနတွင် နာမည်ကြီးသော သူများသည် အလွန်ရှားပါးလှသည်။ ထိုသို့သော သူများသည် ဤဌာနတွင် နာမည်ကြီး၏။
ဝမ်ရွှမ်ဖုန်း ဆေးပညာဌာနတွင် နာမည်အကြီးဆုံးပုဂ္ဂိုလ်ဖြစ်သည်။ သူသည် အငယ်တန်းဆေးပညာရှင်လိုင်စင်ကို ရရှိခဲ့ရုံသာမက၊ ကျင့်ကြံရေးပိုင်းတွင်လည်း အဆင့်မနိမ့်လှပေ။ သူသည် ယခုအချိန်တွင် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်ရာ၊ တစ်နည်းအားဖြင့်၊ စာပေပညာနှင့် သိုင်းပညာနှစ်ခုလုံးကို ကျင့်ကြံခဲ့သည်ဟု ဆိုနိုင်၏။ ထို့အပြင် သူသည် နှစ်ခုလုံးတွင် အလွန်ထူးချွန်သူဖြစ်သဖြင့်၊ အကောင်းတကာ့အကောင်းဆုံးများထဲမှ တစ်ယောက်ဖြစ်သည်။
ဝမ်ရွှမ်ဖုန်းသည် မရေမတွက်နိုင်အောင်များပြားလှသော မိန်းကလေးများ၏ စိတ်ကူးယဥ်ကောင်လေးတစ်ယောက်ဖြစ်သည်။ သူသည် ဆေးဌာနတွင် ပိုင်လင်အာကို ချစ်ခွင့်ပန်ခဲ့သည့် ပထမဆုံးသောသူဖြစ်သည်။ အတန်းမတက်ဖူးသေးသော ချူးယွင်ဖန်းသည်ပင်၊ သူ့အကြောင်းကို ကြားဖူးနားဝရှိသည်။
ဝမ်ရွှမ်ဖုန်း၏ မျက်နှာထက်တွင် တောက်ပသော အပြုံးကို ဝတ်ဆင်လျက်၊ ပိုင်လင်အာဆီသို့ လျှောက်သွားသည်။ သို့သော် ပိုင်လင်အာသည် သူ့ကို မြင်သောအခါတွင်၊ သူမရှိသကဲ့သို့ပြုမူခဲ့သည်။ ထို့နောက် ရုတ်တရက် သူမသည် တစ်ခူခကို တွေ့လိုက်ရသည့်နှယ်၊ မျက်လုံးများတောက်ပလာ၏။
ပိုင်လင်အာသည် မတ်တပ်ထရပ်ကာ၊ ထောင့်တစ်နေရာသို့လျှောက်သွား၏။
အခန်း(၄၃၂) သြဇာရှိသော ချူးယွင်ဖန်း
ပိုင်လင်အာသည် လူတိုင်း၏ အာရုံစိုက်မှုကို ခံရသည်။ သူမလှုပ်ရှားလိုက်သည်နှင့်အမျှ၊ လူတိုင်း၏အကြည့်များသည် စာသင်ခန်း၏ထောင့်တစ်နေရာသို့လှည့်သွားကြသည်။ ထို့ထောင့်တွင် တစ်စုံတစ်ခုကို တွေးတောနေသည့်နှယ်ပြတင်းပေါက်သို့ လကြည့်နေသော လူငယ်တစ်ယောက်ထိုင်နေသည်။
“ဘူး”
ပိုင်လင်အာသည် ချူးယွင်ဖန်းထိတ်လန့်တကြားဖြစ်သွားသည်ကို မျှော်လင့်နေသော အမူအရာမျိုးဖြင့်၊ သူ့ထံသို့ တိုးတိတ်စွာလျှောက်လာ၍ ရုတ်တရက် အော်လိုက်သည်။
မထင်မှတ်ထားစွာပင်၊ ချူးယွင်ဖန်းသည် ပျင်းရိစွာဖြင့် ခေါင်းလှည့်လာ၍ သူမကိုစိုက်ကြည့်နေသည်။
ထို့နောက်၊ သူက စကားတစ်ခွန်းတည်းသာပြောလိုက်၏။
“ကလေးဆန်လိုက်တာ”
ချူးယွင်ဖန်း၏ ကျင့်ကြံရေးအဆင့်ဖြင့် ပိုင်လင်အာနီးကပ်လာသည်ကို သူမည်သို့ သတိမပြုမိဘဲနေလိမ့်မည်နည်း။ ပိုင်လင်အာသည် စွမ်းအင်သန့်စင်ခြင်းအဆင့်သို့သာ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သဖြင့်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်ရှိနေသော ချူးယွင်ဖန်းထံမှ မည်သို့ပုန်းကွယ်နိုင်လိမ့်မည်နည်း။
“ကောင်းပြီ ငါက ကလေးဆန်တယ်၊ နင်က အရမ်းရင့်ကျက်တယ် ဟုတ်ပြီလား” ပိုင်လင်အာသည် ချူးယွင်ဖန်း၏ရှေ့မှ ခုံတွင် မှုန်ကုပ်စွာထိုင်ချလိုက်သည်။ ချူးယွင်ဖန်းကို လုံးဝမခြောက်လှန့်နိုင်ကြောင်း သိထားသော်လည်း ချူးယွင်ဖန်းမှ မည်သည့်တုန့်ပြန်ချက်မျှ မရရှိခဲ့သဖြင့်၊ သူမအလွန်အမင်း ကျရှုံးသွားသကဲ့သို့ခံစားလိုက်ရသည်။
“နင်ဘာလို့ ဒီနေ့အတန်းလာတက်တာလဲ၊ ဒါနင့်စတိုင်မဟုတ်ပါဘူး” ပိုင်လင်အာက မေးသည်။
“ငါ့စတိုင်ကဘာလဲ။ ငါက ဘာလို့ အတန်းထဲမလာနိုင်ရမှာလဲ” ချူးယွင်ဖန်းသည် ပိုင်လင်အာကို စိုက်ကြည့်၍ ပြောလိုက်သည်။
“နင်အခု အရမ်းအထင်ကြီးဖို့ကောင်းနေပြီလေ၊ ကျောင်းသားကောင်စီဥက္ကဌကိုတောင် ဆန့်ကျင်ရဲတယ်။ နင့်အကြောင်း သတင်းတွေအများကြီးကြားခဲ့ရတယ်” ပိုင်လင်အာကပြောသည်။
“ဟဲဟဲ” ချူးယွင်ဖန်းက ဤကိစ္စကို မှတ်ချက်မပေးချင်သောကြောင့် ရယ်မော၍ အကြောင်းအရာကို အဆုံးသတ်လိုက်သည်။
“နင်ငါ့ကို ဂရုစိုက်မယ်လို့ အကြီးအကဲကို ကတိပေးထားတယ်လေ။ ဒါ နင်ငါ့ကို ဂရုစိုက်တဲ့ပုံစံလား။ အတန်းစပြီးတာ တော်တော်ကြာနေပြီ၊ ငါနင့်ကို မမြင်ရဘူး” ပိုင်လင်အာက နှုတ်ခမ်းကိုစူ၍ပြောလိုက်ရာ၊ လှပသော မျက်လုံးလေးများသည် ပြူးကျယ်လာ၏။ သူမသည် အလွန်ဒေါသထွက်နေပုံပေါ်ကာ၊ ချူးယွင်ဖန်းကို ခြောက်လှန့်ချင်နေသည့်ပုံပေါ်၏။ သူ့ဘေးနားမှ ယောကျ်ားလေးများစွာသည် သူမကို မျက်လုံးပြူးကျယ်စွာဖြင့် ကြည့်နေကြသည်။
ပိုင်လင်အာသည် အလွန်ချစ်စဖွယ်ကောင်းလှသည်။
ထို့နောက်၊ ၎င်းတို့အားလုံးသည် ချူးယွင်ဖန်းကို လှည့်ကြည့်လိုက်ကြသည်။ ၎င်းတို့၏ နတ်ဘုရားမကို ၎င်းတို့နှင့် ကွဲပြားစွာဆက်ဆံနိုင်သူမှာ မည်သူဖြစ်သနည်း။ ပိုင်လင်အာသည် နာမည်ကောင်းရထားသော်လည်း အေးစက်၍ ခပ်ခွာခွာနေတတ်သောကြောင့် နာမည်ကြီးသည်။ သာမန်လူများသည် သူမကို စကားပြောရန် ခက်ခဲ၏။
ပြောရန်မလိုအောင်ပင်၊ ဤသည်ကား ပိုင်လင်အာက တစ်ယောက်ယောက်ကို စကားစပြောခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော် ဤစကားဝိုင်းကို နားထောင်လေလေ၊ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ထံစားရလာလေလေဖြစ်သည်။ ဤစကားဝိုင်းအနည်းငယ်မရှင်းမလင်းဖြစ်နေသည်ဟု အဘယ်ကြောင့် ယူဆခဲ့ကြသနည်း။ “ဂရုစိုက်ပေး” ဆိုသော စကား၏ အဓိပ္ပါယ်ကား အဘယ်နည်း။
‘ဘာကိုဂရုစိုက်လဲ’
‘သူက ဘာလို့ သူ(မ)ကိုစောင့်ရှောက်ရမှာလဲ’
“မင်း ကောင်းကောင်းလုပ်နေတာကို ငါက ဂရုစိုက်ပေးဖို့လိုသေးလား။ နောက်မနေနဲ့တော့။ နောက်ပြီး ငါက ပြဿနာကောင်ပဲ။ ငါနဲ့သူငယ်ချင်းဖြစ်လို့ မင်း ဘာကောင်းကျိုးရမှာလဲ။ သေချာတာကတော့ မင်းအတွက် အဆင်ပြေမှာမဟုတ်ဘူး” ချူးယွင်ဖန်းကပြောသည်။
“နင်ပြောတာမှန်တယ်။ နင်တော်တော် ဒုက္ခရောက်နေပြီ” ပိုင်လင်အာက လေးနက်စွာခေါင်းညိတ်လိုက်သည်။
ချူးယွင်ဖန်းက သူ့ကို နောက်ထပ်တစ်ကြိမ် “ဟဲဟဲ” ဟုရယ်ပြချင်ခဲ့သော်လည်း ဤသည်ကို တုံ့ပြန်ရန် မဖြစ်နိုင်ခဲ့ပေ။
“မင်းတကယ်ကို ဘယ်လိုစကားပြောရမလဲဆိုတာ မသိဘူးပဲ။ ငါမင်းနဲ့စကားမပြောချင်တော့ဘူး” ချူးယွင်ဖန်းက ပြတ်သားစွာပြောလိုက်၏။
“ချူးယွင်ဖန်း နောက်တစ်ခေါက် ထပ်ပြိုင်ကြည့်ရအောင်။ ဒီတစ်ကြိမ် ငါနင့်ကို သေချာပေါက်နိုင်မှာ” ပိုင်လင်အာက လေးနက်သောလေသံဖြင့်ပြောလိုက်သည်။ သူမသည် ငယ်စဥ်ကတည်းက ရွယ်တူများကြားတွင် ထူးချွန်သူတစ်ဦးဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ရောက်ပြီးနောက်၊ သူမသည် ပြည်ထောင်စုတက္ကသိုလ်၏ ဆေးပညာဌာနတွင် အထူးချွန်ဆုံးလူတစ်ဦးဖြစ်လာခဲ့သည်။ သူမနှင့် ပခုံးချင်းယှဥ်နိုင်သော ကျောင်းသား အများအပြားမရှိပေ။ သူမကို ကျော်လွန်နိုင်သောသူများကို လက်တစ်ဖက်ဖြင့်ပင် ရေတွက်၍ ရနိုင်၏။ ထို့အပြင် ပိုင်လင်အာသည် ငယ်သေးသည်။ သူမသာ သူတို့နှင့်အသက်တူလာပါက၊ ယခုအထင်ကရဖြစ်နေသော စီနီယာများကိုပင် ယှဥ်နိုင်လိမ့်မည်ဟု အများက ယုံကြည်ထားကြသည်။
ပိုင်လင်အာ ငယ်စက်ကတည်းက ချူးယွင်ဖန်းကဲ့သို့ သူမ၏ ယှဥ်ပြိုင်လိုစိတ်ကို နှိုးဆွပေးနိုင်သူ မည်သူတစ်ဦးတစ်ယောက်မျှ မရှိခဲ့ပေ။ ချူးယွင်ဖန်းကို ရှုံးနိမ့်ပြီးစဥ်တည်းက သူမ ပိုမိုကြိုးစားလုပ်ကိုင်ခဲ့ရာ၊ ချူးယွင်ဖန်းကို အနိုင်ယူနိုင်မည့် အခွင့်အရေးကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။ ပြည်ထောင်စုတ္ကသိုလ်သို့ ဝင်ရောက်ပြီးနောက်၊ ပြည်ထောင်စုတက္ကသိုလ်ရှိ ဆေးပညာနှင့် ပတ်သက်သည့် ဗဟုသူတများစွာသည် ပိုင်လင်အာ၏ ဗဟုသုတအတိုင်းအတာကို သိသိသာသာ ကျယ်ပြန့်လာစေနိုင်ခဲ့သည်။ တိုတောင်းသော လအနည်းငယ်အတွင်းတွင် သူမသည် ယခင်ကထက် အနည်းဆုံး နှစ်ဆပို၍ တိုးတက်ကောင်းမွန်လာသည်ဟု သူမခံစားနိုင်၏။
ချူးယွင်ဖန်းက ပိုင်လင်အာကို တစ်ချက်ကြည့်ပြီးနောက်ပြောလိုက်သည်။
“ဟင့်အင်း မပြိုင်ဘူး။ မင်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ပျောက်ဆုံးသွားမှာ စိုးတယ်”
“ငါက နင့်ထက် မသာဘူးဆိုတာ နင်ဘယ်လိုသိလဲ။ နင်ငါ့အတွက်စိုးရိမ်စရာမလိုဘူးမလား” ပိုင်လင်အာက အားနည်းသောလက္ခဏာတစ်ခုမျှမပြဘဲ ယုံကြည်ချက်ပြင်းပျစွာပြန်ဖြေလိုက်သည်။
ဤအခိုက်အတန့်တွင် အဝေးမှကြည့်နေသော ကျောင်းသားများသည် ၎င်းတို့နှစ်ဦး၏ စကားလုံးများကြောင့်လန့်သွားရသည်။ ပိုင်လင်အာသည် သူတို့ဌာန၏ နတ်သမီးဖြစ်သည်။ သူမ၏ ဆေးပညာအရည်အချင်းကို တက္ကသိုလ်မှ ပါမောက္ခများက ချီးကျူးခဲ့ကြရာ၊ သူမသည် အနာဂတ်တွင် ဆေးပညာရှင်ဖြစ်လာနိုင်ချေအမြင့်မားဆုံးသော ကျောင်းသူတစ်ဦးဖြစ်သည်။
‘ဒါဘယ်လိုအခြေအနေလဲ။ ပြည်ထောင်စုတက္ကသိုလ်မှာ ဒီလိုမျိုးပုဂ္ဂိုလ်များများစားစားမရှိပါဘူး။ ပိုင်လင်အာရဲ့အကြီးအကဲပိုင်ဟုန်ကလည်း ဆေးပညာရှင်တစ်ယောက်ပဲလေ’
တရားဝင်ဆေးပညာရှင်တစ်ဦးသည် ဆေးပညာရှင်ဖြစ်လာရန် ခြေလှမ်းအနည်းငယ်သာ ကျန်ရှိတော့သော်လည်း ၎င်းသည် သဘာဝကျုံးကြီးတစ်ခုနှင့်တူသည်။ ဆေးပညာသည် သိုင်းပညာနှင့် ကွဲပြားလှသည်။ လူတစ်ဦး၏ကျင့်ကြံရေးသည် အတိုင်းအတာတစ်ခုအထိရောက်သွားသောအခါ၊ ၎င်းတို့၏ခွန်အားကို မြှင့်တင်နိုင်လိမ့်မည်ဖြစ်သည်။ သတ္တိရှိရှိ၊ ဝိရိယရှိရှိဖြင့် ကျင့်ကြံခြင်းဖြင့် အဆင်ပြေ၏။
တစ်ဖက်တွင်မူ၊ ဆေးပညာရှင်တစ်ယောက်သည် ၎င်းတို့၏ ခွန်အားကို မြှင့်တင်ရန် မရေမတွက်နိုင်အောင် များပြားလှသော ဗဟုသုတများစွာကိုစုဆောင်းရန် လိုအပ်သည်။ အဆင့်တိုးလာမှုတိုင်းသည် ဆေးပညာလမ်းကြောင်းတွင် လူတစ်ဦး၏ ခွန်အားနှင့်ပတ်သက်၍ ကြီးမားသော ကွဲပြားခြားနားမှုကို ကိုယ်စားပြုသည်။
အတိတ်တွင် ပထမနှစ်နှင့် ဒုတိယနှစ်အတွင်း အငယ်တန်းဆေးပညာရှင်ဖြစ်လာနိုင်သည့် ကျောင်းသားများစွာရှိသည်။ သို့သော် ၎င်းတို့သည် ဘွဲ့ရသည်အထိ အလယ်အလတ်အဆင့် ဆေးပညာရှင်မဖြစ်လာနိုင်ပေ။ ဆေးပညာလောက၌ အလျင်စလိုလုပ်ရမည့်ကိစ္စများများစားစား မရှိလှပေ။ ပိုင်လင်အာသည် ဆေးပညာဌာနတွင် အဆင့်အတန်းတစ်ခုရှိထားသောကြောင့် လူများစွာက သူမကို စိန်ခေါ်ရန်လာခဲ့ကြသည်။ တစ်စုံတစ်ယောက်ကို သူမဘက်မှစတင်စိန်ခေါ်ခဲ့သည်မှာ ဤသည်ကား ပထမဆုံးအကြိမ်ဖြစ်သည်။ အနည်းဆုံးအနေဖြင့်၊ ဤသည်ကား၊ ၎င်းတို့ တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးသောအရာဖြစ်သည်။
“ဒီနေ့ အိပ်ရာထမှားခဲ့တယ်ထင်တယ်။ ဒီမြင်ကွင်းက လုံးဝလွဲနေပြီ”
ပိုင်လင်အာသည် စတင်စိန်ခေါ်ခဲ့သော်လည်း သူမနှင့် မျက်နှာချင်းဆိုင်မှလူငယ်သည် ၎င်းကို လုံးဝဂရုမစိုက်သည့်နှယ်ပြုမူလျက်ရှိသည့်အပြင်၊ ပိုင်လင်အာ၏ ယုံကြည်မှုကျဆင်းသွားမည်ကိုစိုးသည်ဟုပင် ပြောခဲ့၏။ သို့သော် ပိုင်လင်အာသည် စိတ်အနှောက်အယှက်မဖြစ်သည့်နှယ်ပြုမူလျက်၊ ယင်းကို လက်ခံခြင်းမရှိ ဆက်လက်စိန်ခေါ်ခဲ့သည်။
လူများစွာသည် ၎င်းတို့၏ လောကအမြင်များ ပျက်စီးတော့မည်ဟု ခံစားလာကြရသည်။ သို့သော် ဤလူများသည် လျင်မြန်စွာပင် သတိပြန်ဝင်လာကြသည်။ နောက်ဆုံးတွင်မူ၊ ဤနေရာရှိလူများအားလုံးသည် လက်ရွေးစင်များနှင့်၊ ပါရမီရှင်များဖြစ်သည်။ ဤမြင်ကွင်းသည် ၎င်းတို့၏ လောကအမြင်ကို ဖျက်ဆီးပစ်နေသည်ဟု ခံစားမိသော်လည်း ရူးရူးမိုက်မိုက် မပြုမူခဲ့ကြပေ။ ဤကမ္ဘာပေါ်တွင် ပုန်းကွယ်နေသော နဂါးများနှင့် ဝပ်တွားနေသော ကျားများစွာရှိသည်။ ၎င်းတို့သည် အစွမ်းအစမည်မျှရှိလိမ့်မည်ကို မည်သူမျှ မပြောနိုင်ကြပေ။
လူများစွာသည် ချူးယွင်ဖန်းကို လှမ်းကြည့်ပြီးနောက်၊ သူ့အကြောင်းရှာဖွေလာကြသည်။ ဤသူကား အမှန်စင်စစ်မည်သူနည်း။ ပိုင်လင်အာက အဘယ်ကြောင့် သူ့ကို ဤသို့သော အကြည့်မျိုးနှင့် ကြည့်နေရသနည်း။
“အခုမှတ်မိတယ်။ သူက ဆရာပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ချူးယွင်ဖန်းမလား”
“မှန်ပါ့။ အခုမှမှတ်မိတယ်။ မှန်တယ် သူက ချူးယွင်ဖန်းပဲ။ ငါကြားတာတော့၊ ကျောင်းသားကောင်စီဥက္ကဌ ကျန်းလင်းရှောင်နဲ့ နောက်တစ်နှစ်ကြာရင် မရဏသတ်ကွင်းမှာ တိုက်ဖို့ချိန်းထားတယ်တဲ့”
“ငါလည်း အဲ့အကြောင်း ကြားလိုက်ရတယ်”
လူများစွာသည် စတင်၍ သက်ဝင်လှုပ်ရှားစွာဖြင့် ဆွေးနွေးလာကြသည်။ လူများစွာက စတင်၍ ချူးယွင်ဖန်းကို သတိထားမိလာကာ၊ ထူးခြားသော ပုံပန်းသဏ္ဍာန်ရှိသည့် ဤလူငယ်သည် နောက်ခံကောင်းကြောင်း ယခုမှသာ သိရှိနားလည်လာကြသည်။ ၎င်းတို့အတွက်မူ၊ ဆရာပြိုင်ပွဲတွင် အနိုင်ရခဲ့သည့် ချန်ပီယံသည် အလွန်အဆင့်မြင့်၍ အလွန်တန်ဖိုးရှိသော ချန်ပီယံပင်ဖြစ်သည်။