← Chapters

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

အခန်း (၄၃၃-၄၃၅)

Vol. 29 Ch. 433-435

အခန်း(၄၃၃) မင်းမှာ သတ္တိရှိရင် ငါ့ကို စိန်ခေါ်လိုက်၊ အေး၊ သတ္တိမရှိရင်တော့ မင်းရဲ့ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ရပ်လိုက်ပါ

အခြေအနေများအရ၊ ဆရာပြိုင်ပွဲချန်ပီယံသည် ထိပ်တန်းတက္ကသိုလ်ကျောင်းသားများ၏ ဒုတိယနေရာတွင်ရှိသည်။ ၎င်းတို့သည် အကောင်းဆုံးမဟုတ်သော်လည်း ဤနေရာရှိ သာမန်ကျောင်းသားများအတွက်မူ၊ ချန်ပီယံသည် အလွန်အထင်ကြီးဖွယ်ကောင်း၏။

လူများစွာသည် ယခင်ကကြားခဲ့ရသည့် ကောလဟာလအချို့ကိုပင် မှတ်မိလာကြသည်။ ချူးယွင်ဖန်းသည် ကျောင်းသားကောင်စီဥက္ကဌ ကျန်းလင်းရှောင်ကို စိန်ခေါ်ဝံ့ခဲ့သည်။ ၎င်းတို့ကဲ့သို့ လူသစ်ကလေးများသည်ပင် တက္ကသိုလ်တက်ဝင်စကတည်းက ကျန်းလင်းရှောင်၏ အစွမ်းအစကိုသိ၏။ ချူးယွင်ဖန်းသည် မိမိအရည်အချင်းများနှင့်ပတ်သက်၍ အလွန်ယုံကြည်မှုလွန်ကဲနေသည်ဟု အများက ခံစားမိကြသည်။ သို့ထိတိုင်၊ ချူးယွင်ဖန်းတွင် အားကိုးအားထားပြုနိုင်မည့်အရာတစ်ခု အသေအချာရှိနေသည်ဟု ခံစားနေရသူများလည်းရှိ၏။

မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့အတွက်မူ၊ လက်ရှိ ချူးယွင်ဖန်းသည် သြဇာညောင်းသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်မှာ သေချာ၏။ ယခင်ကသာ အတန်းမှန်မှန်တက်ခဲ့လျှင် သူသည် အထင်ကရပုဂ္ဂိုလ်တစ်ယောက်ဖြစ်လာမည်မှာ သေချာသည်။

“ငါလိုးတဲ့မှ ဆိုတော့ ဒီလိုဖြစ်သွားတယ်ပေါ့။ နတ်ဘုရားမရဲ့ သူငယ်ချင်းတစ်ယောက်က ဘယ်လိုလုပ် သာမန်လူဖြစ်နိုင်မှာလဲ။ နဂါးတွေက မြွေတွေနဲ့မနေသလိုပဲ၊ ကောင်းကင်က သိမ်းငှက်တွေကလည်း မြေပြင်ပေါ်က ပုရွက်ဆိတ်တွေနဲ့ ဆက်ဆံမှာမဟုတ်ဘူး”

လူများစွာသည် စိတ်ကူးယဥ်ကမ္ဘာထဲတွင် နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ကြရသည်။ လူများသည် ၎င်းတို့နှင့် အဆင့်တူသူများနှင့်သာ မိတ်ဖွဲ့ကြ၏။

“မင်းနဲ့ကစားဖို့ အချိန်မရှိသေးဘူး။ မင်း ဆေးပညာရှင်ဖြစ်ပြီဆိုမှ ငါ့ကို စိန်လာခေါ်စမ်းပါ” ချူးယွင်ဖန်းက ပေါ့ပါးသော လေသံဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း အလေးအနက်ပြောနေခြင်းဖြစ်သည်။ သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်အချို့သာရှိထား၍ ဆေးဧကရာဇ်၏ အောင်မြင်မှုများကို အပြည့်အဝ အမွေဆက်ခံခဲ့သည်ဟု ပြော၍ မရသော်လည်း သူ၏ ပြိုင်ဘက်သည် ဆေးပညာရှင်မဟုတ်ပါက၊ ၎င်းတို့ အရှက်ကွဲရုံသာဖြစ်ပေလိမ့်မည်ဖြစ်သည်။

“ဘယ်လိုတောင် စကားကြီးစကားကျယ်တွေပြောနေတာလဲ။ လင်အာ ဒါ မင်းရဲ့သူငယ်ချင်းလား”

ရုတ်တရက် အထင်သေးသော အသံတစ်ခု ပေါ်ထွက်လာပြီးနောက်၊ ဝမ်ရွှမ်ဖုန်းသည် ၎င်းတို့အနားသို့ မည်သည့်အချိန်ကတည်းက ရောက်နေသည်မသိ၊ ရောက်ရှိလာ၏။ ချူးယွင်ဖန်း၏စကားများကို သူကြားလိုက်ရသည်နှင့် ချက်ချင်းပင် အထင်သေးစွာဖြင့် ပြန်ပြောလိုက်သည်။

‘ဆေးပညာရှင်ဟုတ်လား’

ချူးယွင်ဖန်းသည် အမှန်တကယ်ပင် ကြွားဝါနေခြင်းဖြစ်၏။ ဆေးပညာရှင်ဟူသည်ကား အဘယ်နည်း။ ပြည်ထောင်စုတက္ကသိုလ်တွင် လူဦးရေ ဆယ်ဘီလီယံကျော်ရှိသော်လည်း ဆေးပညာရှင်အရေအတွက်သည်မူ၊ တစ်ရာထက်နည်းလှ၏။ ၎င်းတို့အားလုံးသည် ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်စေသည့် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ဆေးပညာဌာန၏ ဌာနမှုးကဲ့သို့သော သူမျိုးသာလျှင်၊ ဆေးပညာရှင်များဖြစ်နိုင်ကြသည်။

ထိပ်တန်းတက္ကသိုလ်ဆယ်ခုသာလျှင် ၎င်းတို့၏ ဆေးပညာဌာနကို ကြီးကြပ်ရန်နှင့် ဆေးဘက်ဝင်ဆေးများ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တာဝန်ယူရန် ရှေးဟောင်းလူသားများကာလ၏ ဆေးပညာလမ်းကြောင်းကို ခွဲခြမ်းစိတ်ဖြာ၍ ပြန်လည်တည်ဆောက်ရန်အတွက်၊ ဆေးပညာရှင်တစ်ဦးကို ငှားရမ်းရန် တတ်နိုင်ကြသည်။

ဤဆေးပညာရှင်တို့သည် ကောင်းကင်ဘုံမှအသံကို နားထောင်နိုင်ကြ၍ အဓိပတိနှင့် တိုက်ရိုက်စကားပြောနိုင်ကြသည်။ ဆေးပညာလမ်းကြောင်းနှင့် ပတ်သက်၍ သဘောထားအမြင်များရှိလာသောအခါ၊ ပြည်ထောင်စုသမ္မတပင်လျှင်၊ ၎င်းတို့ကို အလေးအနက်ထား ဆက်ဆံရလိမ့်မည်ဖြစ်သည်။

ဆေးပညာရှင်တစ်ဦးဖြစ်လာခြင်းသည် ဤဆေးပညာကျောင်းသားများ၏ အိပ်မက်ကြီးတစ်ခုဖြစ်သည်။ ဆေးဘုရင်ဖြစ်လာခြင်းသည် ကြိုးစားအားထုတ်မှုတစ်ခုတည်းဖြင့် အောင်မြင်နိုင်သောအရာမဟုတ်ပေ။ ယခု ချူးယွင်ဖန်းသည် ပိုင်လင်အာမှ ဆေးပညာရှင်ဖြစ်လာပြီးမှသာလျှင် သူ့ကို စိန်ခေါ်ရန် အရည်အချင်းများရှိလိမ့်မည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

ဤသည်ကား မာန်တက်နေခြင်းမဟုတ်ပါက မည်သို့ဖြစ်သနည်း။

အခြားသော ဆေးပညာကျောင်းသားများသည်လည်း ဒေါသအမျက်ထွက်လာကြသည်။ ၎င်းတို့သည် ဆေးပညာကျောင်းသားကျောင်းသူများဖြစ်ခြင်းကြောင့် ဆေးပညာရှင်ဖြစ်ခြင်း၏အဓိပ္ပါယ်ကို နားလည်ကြသည်။ ယင်းသည် ဆေးပညာနယ်ပယ်တွင် အမြင့်မြတ်ဆုံးသော တည်ရှိမှုတစ်ခုဖြစ်သည်။ ချူးယွင်ဖန်း၏ စကားလုံးများသည် ၎င်းတို့၏နှလုံးသားထဲမှ အိပ်မက်ကို ညှိုးနွှမ်းသွားစေ၏။

“မဟုတ်ဘူး” ပိုင်လင်အာက ချူးယွင်ဖန်းကို ရှုံးနိမ့်သွားသောအကြည့်ဖြင့်ကြည့်၍ ပြောလိုက်သည်။

“ဝမ်ရွှမ်ဖုန်း၊ ကျွန်မရှင့်ကို ထပ်ပြီး သတိပေးဖို့လိုသေးလား။ ကျွန်မတို့က မရင်းနှီးဘူးနော်။ ကျွန်မကို မိန်းကလေးပိုင်၊ ဒါမှမဟုတ် ပိုင်လင်အာလို့ ခေါ်ပါ။ ကျွန်မကို ရှင်လင်အာလို့ ခေါ်လို့မရဘူး”

ပိုင်လင်အာက ပြောင်ပြောင်းဘွင်းဘွင်းပြောလိုက်သောလည်း ဝမ်ရွှမ်ဖုန်းသည် ယင်းကို စိတ်ထဲထည့်ပုံမပေါ်ပေ။ ဤသည်ကို သူရှင်းလင်းစွာသိထားသည့်တိုင်၊ ပိုင်လင်အာ၏စကားလုံးများကို စိတ်ထဲမထည့်ခဲ့ပေ။

ချူးယွင်ဖန်းသည် ပိုင်လင်အာနှင့် ဝမ်ရွှမ်ဖုန်းတို့ကိုကြည့်၍ပြုံးလိုက်သည်။ ဝမ်ရွှမ်ဖုန်း၏ အစောပိုင်းက ရိုင်းစိုင်းသောအပြုအမူကို သူစိတ်မဝင်စားပေ။ သာမန်လူများ၏ အမြင်တွင် ချူးယွင်ဖန်းသည် အမှန်တကယ်ပင် မာန်တက်နေသည်ဟု ထင်ရသော်လည်း သူသည် ဖြစ်ပျက်နေသောအရာကို ချက်ချင်းနားလည်လိုက်သည်။

နွေရာသီ၌ မွေးဖွားသော တည်ကောင်များသည် ဆောင်ရာသီအကြောင်း မသိကြပေ။ အကယ်၍ သင်သာ သူတို့ကို ရှင်းပြရန် ကြိုးစားလျှင်လည်း၊ ၎င်းတို့၏ဦးနှောက်ဖြင့် တွေးတောနိုင်မည်မဟုတ်ပေ။ အချို့သော အရာများသည် မှန်ကန်သောလည်း ရာနှုန်းပြည့်မတိကျပေ။

ဝမ်ရွှမ်ဖုန်းက ပြုံးရုံသာပြုံး၍ ခေါင်းယမ်းလိုက်သည်။ ထို့နောက်၊ သူသည် ချူးယွင်ဖန်းကို စူးရှစွာကြည့်လိုက်၏။

“ချူးယွင်ဖန်း မင်းအကြောင်း ငါကြားဖူးတယ်။ မင်းက ဆရာပြိုင်ပွဲမှာ ချန်ပီယံပဲ။ မင်းအဲ့မှာ ကောင်းကောင်းလုပ်နိုင်ခဲ့ပေမယ့် ဒီမှာတော့ ဂုဏ်ဆာနေလို့ မရဘူးလေ။ ငါလည်း ထိပ်တန်းကျောင်းသားစာရင်းမှာ ဝင်ပြိုင်ခဲ့ဖူးတယ်

ဝမ်ရွှမ်ဖုန်းက ဤသည်ကို ဂုဏ်ယူစွာဖြင့် ကြေညာလိုက်သည်။ ဝမ်ရွှမ်ဖုန်းသည် မိမိကိုယ်မိမိ အထင်ကြီးနေသူတစ်ဦးဖြစ်ကြောင်း သိသာထင်ရှား၏။ သူသည် ထိပ်တန်းတက္ကသိုလ်ကျောင်းသား ပြိုင်ပွဲတွင် ပါဝင်ရှင်ပြိုင်ခဲ့သူဖြစ်ရာ၊ ၎င်းသည် ဆရာပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခြင်းထက် များစွာပို၍ အဖိုးတန်၏။

လူများစွာက အံ့အားသင့်စွာအော်ဟစ်လျက်ရှိကြသည်။ ဤသည်ကား အမှန်တကယ်ပင် ကိစ္စကြီးတစ်ခုဖြစ်သည်။ ထိုကဲ့သို့သော ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နိုင်ကြသူများသည် ကောလိပ်ဝင်ခွင့်စာမေးပွဲများ မဖြေဆိုမီကတည်းက သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ကြသူများဖြစ်သည်။ ဝမ်ရွှမ်ဖုန်းသည် အကောင်းတကာ့အကောင်းဆုံးသောသူများဖြစ်ကြ၏။ ပိုင်လင်အာကြောင့်သာမဟုတ်လျှင် ဝမ်ရွှမ်ဖုန်းသည် ဆေးပညာဌာနအတွင် အကျော်ကြားဆုံသူဖြစ်လာနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။

“အဲ့တာ ငါနဲ့ ဘာဆိုင်လို့လဲ” ချူးယွင်ဖန်းက အေးစက်စွာမေးလိုက်သည်။ သူက ဝမ်ရွှမ်ဖုန်းကို ဂရုမစိုက်လှသော်လည်း ဝမ်ရွှမ်ဖုန်းကမူ ယင်းကို သတိထားမိပုံမပေါ်ပေ။

ဝမ်ရွှမ်ဖုန်းသည် ရှေ့သို့ တိုးလာ၏။

“၎င်းက ကောလဟာလတွေထဲကအတိုင်းပဲ၊ မာန်တက်နေတာပဲ။ မှန်တယ်၊ ဒီလိုမှမဟုတ်ရင် စီနီယာကျန်းကိုဘယ်လိုလုပ် ရန်စရဲမှာလဲ” ဝမ်ရွှမ်ဖုန်းက အေးစက်စွာပြော၍ ပြောလိုက်သည်။

“မင်းက ရေတွင်းအောက်ခြေက ဖားတစ်ကောင်သာသာပဲကွ၊ ကောင်းကင်နဲ့မြေကြီးရဲ့ကွာခြားချက်ကို မင်းမသိဘူး။ ပြည်ထောင်စုတက္ကသိုလ်ကို မင်းရဲ့ကစားကွင်းလို့ထင်နေလား။ စီနီယာကျန်းလိုမျိုး လူတစ်ယောက်က ကောင်းကင်ဘုံက နတ်နဂါးတစ်ကောင်လိုပဲ။ မင်းဘယ်လိုလုပ်များ ဒီလိုအတွေးမျိုး တွေးရဲတာလဲ”

ချူးယွင်ဖန်းသည် လက်ပိုက်လျက်၊ ဝမ်ရွှမ်ဖုန်းကို အပြုံးတုဖြင့် ပြုံး၍ ကြည့်လိုက်သည်။

“ကျန်းလင်းရှောင်က အခုဒီမှာတောင်မရှိဘူး၊ မင်းက အရမ်းတွေချီးကျူးနေတာပဲ။ သူမင်းပြောနေတာတွေမကြားနိုင်ပါဘူး။ ဘာလို့ဒီလိုလုပ်နေတာလဲ”

“မင်းက ငါသူ့ကို ဖားနေတယ်လို့ပြောဖို့ ကြိုးစားနေတာလား” ဝမ်ရွှမ်ဖုန်းသည် ချက်ချင်းပင် မျက်စိပျက် မျက်နှာပျက်ဖြစ်သွားရ၏။ ပညာရှင်တိုင်းအတွက်၊ ဤသည်မှာ ရှက်စဖွယ်အကောင်းဆုံးသော အခြေအနေဖြစ်သည်မှာ သေချာ၏။

ကောလိပ်ဝင်ခွင့်စာမေးပွဲမတိုင်ခင် သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ခဲ့ကြသူများတွင် မာနကိုယ်စီရှိကြသည်။ ကျန်းလင်းရှောင်ဖြစ်နေလျှင်ပင်၊ ၎င်းတို့ ပြောင်ပြောင်တင်းတင်းဖော်လံဖားလုပ်ရန် မထိုက်တန်ပေ။

“အဲ့လိုမှမဟုတ်ရင် ဘာဖြစ်နိုင်သေးလို့လဲ” ချူးယွင်ဖန်းက ပြန်မေးလိုက်၏။

“ကျန်းလင်းရှောင်က ငါကို မစော်ကားခဲ့ရင် ငါလည်း သူ့ကို စော်ကားမိစရာအကြောင်းမရှိဘူး။ ဒါမင်းနဲ့ဘာဆိုင်လို့လဲ။ ကိုယ်နဲ့မဆိုင်တာတွေ ဝင်မပါစမ်းနဲ့ကွာ”

ချူးယွင်ဖန်းသည် ဆက်ဆံရလွယ်သောသူမဟုတ်ကြောင်း လူတိုင်း သဘောပေါက်လိုက်ကြသည်။ ဤသည်က ကျိုးကြောင်းဆီလျော်၏။ ကျန်းလင်းရှောင်ကို ဆန့်ကျင်ရဲသောသူတစ်ဦးသည် ရိုးသားကြင်နာတတ်သူတစ်နည်း မည်သို့ဖြစ်နိုင်လိမ့်မည်နည်း။

ထိုအချိန်တွင် ချူးယွင်ဖန်းက မတ်တပ်ထရပ်လိုက်သည်။ လူတိုင်းက သူ့ခန္ဓာကိုယ်မှ အငွေ့အသက်များ ပြောင်းလဲသွားသို့ ခံစားလိုက်ရသည်။ သူလုံးဝခြားနားသွား၏။ မူလက ပျင်းရိနေသော ချူးယွင်ဖန်းသည် ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်လိမ့်မည်ဟုပင်မှတ်ယူ၍ မရနိုင်ပေ။ လက်ရှိ ချူးယွင်ဖန်းသည် ဓားအိမ်မှထွက်လာသော အဖိုးတန်ဓားတစ်လတ်ကဲ့သို့ဖြစ်နေ၏။

“ဝမ်ရွှမ်ဖုန်း၊ ငါ မင်းရဲ့ ရည်ရွယ်ချက်တွေကို ဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းပြဿနာမရှာဖို့တော့ သတိပေးလိုက်မယ်။ ငါမင်းကို သတိမပေးဘူးလို့မပြောနဲ့” ချူးယွင်ဖန်းက လူအုပ်ကို ငေးကြည့်၍ ပြောလိုက်သည်။

“အခုလေးတင် လူတိုင်းပြောနေကြတာကို ငါကြားလိုက်ရတယ်။ ငါ့မှာ မင်းအတွက် စကားတစ်ခွန်းပဲရှိတယ်။ မင်း သတ္တိရှိရင် ငါ့ကို စိန်ခေါ်လိုက်။ ငါလက်ခံပေးမယ်။ မဟုတ်ရင်တော့ အာချောင်နေတာ ရပ်လိုက်တော့”

အခန်း(၄၃၄) ဝမ်ရွှမ်ဖုန်းကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူခြင်း

ချူးယွင်ဖန်၏ ရုတ်တရက် ပေါက်ကွဲမှုသည် ၎င်း၏ ထက်မြက်မှုကို ပြသနေသည့် အဓားတစ်လတ်နှင့်တူလျက်ရှိသဖြင့်၊ အနီးနားရှိလူများအားလုံး ချက်ချင်းအံ့သြကုန်ကြသည်။

သို့သော် ယင်းနောက် ချက်ချင်းပင်၊ လူအုပ်ကြီးသည် စတင်၍စိတ်ဆိုးစွာဖြင့်ဆဲရေးလာကြ၏။

“ဒီလောက်တောင် မာန်တက်နေတာ၊ မင်းကိုယ်မင်း တကယ်အနှိုင်းမဲ့တယ်လို့ထင်နေတာလား”

“ဘယ်လောက်တောင် မာန်တက်နေတာလဲ။ စီနီယာကျန်းကို မိုက်မိုက်မဲမဲ စိန်ခေါ်ရဲတာ အံ့သြစရာတော့မဟုတ်ဘူး”

“မင်းလိုလူတစ်ယောက်က ပြည်ထောင်စုတက္ကသိုလ်ကို ဘယ်လိုရောက်လာတာလဲ”

လူများစွာသည် ချူးယွင်ဖန်းကို အော်ဟစ်ဆိုဆဲနေကြသော်လည်း မည်သူမျှ စိန်မခေါ်ဝံ့ကြပေ။ ချူးယွင်ဖန်းသည် ဆရာပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ရာ၊ တစ်နည်းအားဖြင့်၊ ချူးယွင်ဖန်းနှင့် မတိုက်ခိုက်ခဲ့ရသော ဆေးပညာကျောင်းသားများကို သွယ်ဝိုက်အရှုံးသမားများဟု ယူဆနိုင်၏။ သိုင်းပညာပိုင်းတွင် ချူးယွင်ဖန်းကို ကျော်လွန်နိုင်သောသူ အများအပြားမရှိပေ။ မှန်သည်၊ ၎င်းတို့၏ ဆေးပညာနှင့် ယှဥ်ပြိုင်ရလျှင်မူ၊ ရှုံးလိမ့်မည်ဟု မထင်ထားကြပေ။ ချူးယွင်ဖန်း၏ သိုင်းပညာကျင့်ကြံရေးသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ဆေးပညာတွင်မူ၊ မကျွမ်းကျင်နိုင်ပေ။ ဥပမာအားဖြင့်၊ ဝမ်ရွှမ်ဖုန်းသည် စာပေပညာနှင့် သိုင်းပညာနှစ်မျိုးလုံးကို ကျင့်ကြံခဲ့ရာ၊ နှစ်မျိုးလုံးတွင် ထူးချွန်သောအောင်မြင်မှုများရရှိခဲ့သည်။ ဌာနတစ်ခုလုံးတွင် ထိုကဲ့သို့သောသူတစ်ယောက်သာရှိသည်။ ပိုင်လင်အာသည်ပင်လျှင်၊ ပါရမီပါသည့် ဆေးပညာရှင်တစ်ဦးဖြစ်သော်လည်း တိုက်ခိုက်ရေးစွမ်းရည်ကဲ့သို့သော နယ်ပယ်များတွင်မူ၊ ချို့တဲ့၏။

ထိုအခိုက်အတန့်တွင် လူတိုင်းက ဝမ်ရွှမ်ဖုန်းကို စူးစိုက်၍ ကြည့်နေကြသည်။ မိမိတို့၏ နတ်ဘုရားမ၏အနားတွင် ကပ်တရာစေးကဲ့သို့ကပ်တွယ်နေသည့် ဝမ်ရွှမ်ဖုန်းကို မုန်းတီးလှသော်လည်း ဤလူကိုမူ၊ ဝမ်ရွှမ်ဖုန်းသာ ထိန်းနိုင်မည့်ပုံပေါ်၏။

“မင်းသူနိုင်သွားရင် ဒီ့ထက်ပိုပြီး မာန်တက်လာဖို့ပဲရှိတော့တယ်” ဝမ်ရွှမ်ဖုန်းသည် ဒေါပွစွာဖြင့် ပြော၏။ သူသည် ချူးယွင်ဖန်းကို လူဆိုးတစ်ယောက်အဖြစ် လှောင်ပြောင်နေခြင်းဖြစ်ကြောင်း လူတိုင်းကြားနိုင်သည်။

ဝမ်ရွှမ်ဖုန်းသည် ပိုင်လင်အာကို တစ်ချက်ကြည့်လိုက်သည်။ ချူးယွင်ဖန်းသည် သူမ၏သူငယ်ချင်းဖြစ်သောကြောင့် ဘေးတွင်ထိုင်၍ ငြိမ်ငြိမ်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ပိုင်လင်အာသည် သူမနှင့်လားလားမျှမဆိုင်သကဲ့သို့ ပြုမူနေလိမ့်မည်ဟု မည်သူကထင်လိမ့်မည်နည်း။

ပိုင်လင်အာသည် ဆိုးရွားလှသော ချူးယွင်ဖန်းကို အနည်းငယ်မျှ ဝေဒနာခံစားစေလိုသည်။ မည်သို့ပင်ဆိုစေကာမူ၊ သူမသည် ၎င်းတို့နှစ်ဦးလုံးကို စက်ဆုပ်ရွံရှာသည်။ ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ မဆက်ဆံဖူးသူများသည် မည်မျှရွံရှာဖွယ်ကောင်းသည်ကို နားလည်နိုင်ကြလိမ့်မည်မဟုတ်ပေ။

ပိုင်လင်အာ၏ အမူအရာကို မြင်သည်နှင့်တစ်ပြိုင်နက်၊ သူမမည်သို့ဆိုလိုခြင်းဖြစ်ကြောင်း ဝမ်ရွှမ်ဖုန်း ချက်ချင်းသဘောပေါက်နားလည်သွားသည်။

သူမ၏ အမူအရာသည် ‘နင်တို့လုပ်ချင်တာလုပ်၊ ငါ့ကို ဂရုမစိုက်နဲ့ ငါလည်း နင်တို့ကို ဂရုမစိုက်ဘူး’ ဟုပြောနေသကဲ့သို့ပင်ဖြစ်၏။

“လူတိုင်းကို စိန်ခေါ်ဖို့ မင်းမှာ သတ္တိတွေရှိနေတယ်ပေါ့။ ကောင်းပြီ၊ ငါမင်းကိုစိန်ခေါ်တယ်။ ငါမင်းကို အခုချက်ချင်းစိန်ခေါ်တယ်။ မင်းလက်ခံရဲလား” ဝမ်ရွှမ်ဖုန်းသည် သူ၏ စိန်ခေါ်မှုကို ချူးယွင်ဖန်းမှ လက်ခံမည်မဟုတ်ကြောင်း သေချာနေသကဲ့သို့ ချူးယွင်ဖန်းကို ကြည့်လိုက်သည်။

“ဒါဆို လာလေ၊ လျှောက်လမ်းဆီသွားကြစို့” ချူးယွင်ဖန်းက ဝမ်ရွှမ်ဖုန်းကိုကြည့်၍ ပြောလိုက်သည်။

“ဟားဟား ရဲ့ရင့်လိုက်တာ” ဝမ်ရွှမ်ဖုန်းက အေးစက်စွာရယ်မောလိုက်သည်။ ထို့နောက်၊ နှစ်ယောက်သား လျှောက်လမ်းဆီသို့ ထွက်လာခဲ့ကြသည်။

ဝမ်ရွှမ်ဖုန်းထံမှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ သူ၏စစ်မှန်သော စွမ်းအင်သည် လေထုကို ဖြန့်ကျက်ပျံ့နှံ့သွား၏။ သူ့ပတ်ဝန်းကျင်မှလေထုသည် သူ၏ ချီစွမ်းအင်များနှင့် ရွေ့လျားသွားကာ၊ ထူးဆန်းသော ဖြစ်စဥ်တစ်ခုဖြစ်ပေါ်လာ၏။ ၎င်းသည် ထောင်ပေါင်းများစွာသော မြင်းများနှင့် စစ်သည်များ အရပ်ရပ်သို့ ပြန့်ကျဲသွားသကဲ့သို့ပင်ဖြစ်၏။

မရီးဒျန်သန့်စင်ခြင်းအဆင့်။

ဝမ်ရွှမ်ဖုန်းသည် မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်ရှိနေ၏။ ထို့အပြင်၊ သူ၏ ကျင့်ကြံမှုအဆင့်သည် ချူးယွင်ဖန်း ယခင်က အနိုင်ယူခဲ့သော ရှန်းကွမ်ရှန်ယုထက် မြင့်မားသည်။ ဝမ်ရွှမ်ဖုန်းသည် မရီးဒျန်သန့်စင်ခြင်း တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

“ဝမ်ရွှမ်ဖုန်းက တကယ်ကို အစွမ်းထက်တာပဲ၊ အရင်က ငါဘာလို့ ဒါကို သတိမထားမိရတာလဲ”

“မင်းသတိမထားမိတာ ပုံမှန်ပါပဲ။ ဝမ်ရွှမ်ဖုန်းတိုက်တဲ့တိုက်ပွဲကို ဘယ်တုန်းက မြင်ဖူးလို့လဲ။ သူတိုက်ဖို့မှမလိုတာ။ ဒီဌာနက ဘယ်သူကမှ သူ့ကို မယှဥ်နိုင်ဘူး။ သူ့ပြိုင်ဘက် အစစ်အမှန်တွေက ထိပ်တန်းတက္ကသိုလ်ကျောင်းသားပြိုင်ပွဲမှာ သရဖူဆောင်းရဖို့ တိုက်ပွဲဝင်ခဲ့တဲ့လူတွေလေ။ နောက်ပြီး ဒုတိယနှစ်ကျောင်းသားတွေတောင်ပါတယ်။ ရိုးရိုးသားသားပြောရရင် ဆေးပညာဌာနကလူတွေက သိုင်းပညာပိုင်းမှာ အမြဲအားနည်းနေတယ်”

“ဟားဟား၊ ချူးယွင်ဖန်း ဒုက္ခရောက်တော့မယ်။ ဒီလောက်တောင် မောက်မာတဲ့ကောင်၊ ဒီလောက် မောက်မာတဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး”

ပိုင်လင်အာသည် ၎င်းတို့၏ နောက်သို့ လိုက်လာကာ၊ အဝေးမှ ကြည့်နေသည်။ သူမသည် ချူးယွင်ဖန်းကို တည်ငြိမ်စွာကြည့်လိုက်ပြီးနောက်၊ ချူးယွင်ဖန်း၏ တည်ငြိမ်သောအမူအရာကို သတိပြုမိသည်။ ချူးယွင်ဖန်းသည် အလွန်ဆိုးရွားကြောင်း သူမထက် မည်သူမျှမသိပေ။ ချူးယွင်ဖန်းသည် ပစ်မှတ်မရှိဘဲ၊ မြှားပစ်မည့်သူမျိုးမဟုတ်သည်မှာ သေချာ၏။ ရည်မှန်းချက်များပြည့်မြောက်ခဲ့သဖြင့် မာန်တက်နေကြသူများရှိသော်လည်း ချူးယွင်ဖန်းသည်မူ၊ ထိုသို့သောသူမဟုတ်သည်မှာ သေချာ၏။

ချူးယွင်ဖန်းသည် မိုက်မဲသော မြေခွေးတစ်ကောင်နှင့်တူကာ၊ မလှုပ်ရှားစဥ်ကတည်းက စီစဥ်နှင့်ပြီးသူဖြစ်၏။ ချူးယွင်ဖန်းက စိန်ခေါ်ချက်ကို ထုတ်ပြန်ပြီးခဲ့စဥ်ကတည်းက၊ သူ့ကိုယ်သူအပြည့်အဝယုံကြည်မှုရှိနှင့်ပြီးဖြစ်သည်။ ဝမ်ရွှမ်ဖုန်းက သန်မာသည်ဟုဆိုလျှင်ပင် ဤလူ၏ လက်ထဲတွင် ဝှက်ဖဲတစ်ချပ်ရှိကောင်းရှိနိုင်၏။

“ချူးယွင်ဖန်း မင်းရဲ့လက်နက်က စီနီယာကျန်းကြောင့် ကွဲသွားတယ်လို့ ငါကြားတယ်။ ဘယ်လိုလုပ်မလဲ။ မင်းကို လက်နက်ငှားပေးရမလား” ဝမ်ရွှမ်ဖုန်း၏ မျက်နှာထက်တွင် အထင်သေးသော အမူအရာများထင်ဟပ်နေ၏။

“မလိုအပ်ပါဘူး။ ငါမင်းကို ကိုင်တွယ်ဖို့ လက်နက်မလိုဘူး” ချူးယွင်ဖန်းက ရိုးရှင်းစွာပြောလိုက်သည်။ ဝမ်ရွှမ်ဖုန်းက ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ်ကောင်းသည့်အငွေ့အသက်သည် သူ့အပေါ်သို့ သက်ရောက်မှုကြီးကြီးမားမားမရှိပေ။

“ခေါင်းမာလိုက်တာ” ဝမ်ရွှမ်ဖုန်းက လှောင်ရယ်၍ပြောပြီးနောက်၊ တစ်စက္ကန့်အတွင်းတွင် စတင်တိုက်ခိုက်၏။ သူ့ခါးတစ်ဝိုက်တွင် ပတ်ထားသည့် ဓားတစ်ချောင်းကို ဆွဲထုတ်၍ ချူးယွင်ဖန်းကို ထိုးလိုက်သည်။ ၎င်းသည် အလွန်လျင်မြန်လျက်ရှိရာ၊ လေထဲသို့ ဖောက်ဝင်သွားသော ကြယ်တံခွန်ကဲ့သို့ပင်ဖြစ်၏။ မျက်စိတစ်မှိတ်အတွင်း၌ပင်၊ သူသည် ချူးယွင်ဖန်းရှေ့သို့ရောက်လာ၏။

ဤအခိုက်အတန့်တွင် ချူးယွင်ဖန်းထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ရုတ်တရက် ထွက်ပေါ်လာသည်။ သူ့တစ်ကိုယ်လုံးမှ ခပ်ဖျော့ဖျော့ အလင်းရောင်တစ်ခုကို လွှင့်ထုတ်နေ၏။ သူ၏ခန္ဓာကိုယ်သည် ထွင်းထားသော ကျောက်စိမ်းတစ်တုံးကဲ့သို့ ကြည်လင်ကာ၊ အနည်းငယ်တုန်နေ၏။ ကြီးမားသော စွမ်းအင်ပမာဏများစွာသည် သူ့ခန္ဓာကိုယ်ထဲမှ တဟုန်းဟုန်းစီးနေသော မြစ်ရေကဲ့သို့စီးဆင်းထွက်ပေါ်လာ၏။

မရီးဒျန်သန့်စင်ခြင်းအဆင့်။

လူတိုင်း တုန်လှုပ်သွားကြသည်။ ချူးယွင်ဖန်းထံမှ ကြောက်မက်ဖွယ်ကောင်းစွာ ဖြာထွက်နေသော အငွေ့အသက်အများအပြားကြောင့် ၎င်းတို့အားလုံး ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။

‘ဒီကောင်က မရီးဒျန်သန့်စင်ခြင်းအဆင့်ကိုရောက်နေပြီပဲ’

ချူးယွင်ဖန်းသည် သူ့ကိုယ်သူ အလွန်အမင်းတွက်ဆထားသည်ဟု လူအုပ်က ထင်ခဲ့ကြသဖြင့်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့ရောက်နေလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။ တကယ့်လက်တွေ့တွင်မူ၊ ၎င်းတို့ မျှော်လင့်ထားသည်နှင့် လုံးဝကွဲပြားနေ၏။

မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူနှင့် စွမ်းအင်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူဟူသည် လုံးဝကွဲပြားသောအရာနှစ်ခုဖြစ်သည်။

လအနည်းငယ်ကြာမြင့်ပြီးခဲ့သော်လည်း ဆေးပညာဌာနတွင် မရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူအများအပြားမရှိလှသေးပေ။ ၎င်းတို့အများစုသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်သာ ရှိနေကြသေးသည်။ သို့သော် ဤသည်က ၎င်းတို့တွင် အမြင်မရှိဟု ဆိုလိုခြင်းမဟုတ်ပေ။ ၎င်းတို့အားလုံး၊ ချူးယွင်ဖန်း၏ အပြုအမူများ၏ အဓိပ္ပါယ်ကို ချက်ချင်းနားလည်လိုက်ကြသည်။

ချွင်

ချူးယွင်ဖန်းက လက်ခုပ်တီး၍ သူ့ထံသို့ တစ်ရှိန်ထိုးဝင်လာသော ဝမ်ရွှမ်ဖုန်း၏ ဓားကို ရှောင်လိုက်သည်။

“ချီးပဲ”

ဝမ်ရွှမ်ဖုန်းသည် ချက်ချင်းပင်၊ သူ၏ဝမ်းဗိုက်အတွင်းရှိ ဆိုးရွားသော ခံစားချက်ကို ခံစားလာရသည်။ သူ့ဓားထဲသို့တိုးဝင်လာသည့် ကြီးမားလှသည့်စွမ်းအင်ကြောင့် သူ့ဓားသာမက၊ သူကိုယ်တိုင်သည်လည်း လွင့်ထွက်လုနီးပါးဖြစ်သွား၏။

ထို့နောက်၊ ဝမ်ရွှမ်ဖုန်းက သူ့ဓားကို ပြန်မရုတ်သိမ်းနိုင်ခင်၌ပင်၊ ချူးယွင်ဖန်းသည် နတ်ဖရားတစ်ပါးကဲ့သို့ သူ့ထံသို့ ချီတက်လာကာ၊ လက်သီးဖြင့် ထိုးလိုက်သည်ကို မြင်လိုက်ရ၏။ ထိုတိုက်ခိုက်မှုသည် ဝမ်ရွှမ်ဖုန်း၏ ရင်ဘက်တည့်တည့်သို့ ဦးတည်နေခဲ့သည်။

ဘမ်း

ဝမ်ရွှမ်ဖုန်းသည် သူ့ထံသို့ တည့်တည့် ဦးတည်ဝင်ရောက်လာသည့် တိုက်ခိုက်မှုကို တားဆီးရန် အချိန်ပင်မရှိခဲ့ပေ။ ချက်ချင်းပင် နောက်သို့ လွင့်စင်ထွက်သွား၏။

အခန်း(၄၃၅) မုန်တိုင်း၏ အထွဋ်အထိပ်

ကျယ်လောင်‌သော ပေါက်ကွဲသံနှင့်အတူ၊ ချူးယွင်ဖန်းသည် လျှပ်စီးတစ်စင်းကဲ့သို့ တိုက်ခိုက်လိုက်ရာ၊ အသံအဆုံးတွင် ဝမ်ရွှမ်ဖုန်း လွင့်ထွက်သွားရ၏။

အရာအားလုံးသည် အလွန်လျင်မြန်စွာဖြစ်ပျက်သွားခြင်းဖြစ်သဖြင့်၊ လူတိုင်းခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်နေ၏။ မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများအကြားရှိတိုက်ပွဲတစ်ခုသည် စွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ဆေးပညာကျောင်းသားများအတွက် အလွန်လျင်မြန်လွန်းလှသည်ဖြစ်ရာ၊ အမီမလိုက်နိုင်ကြတော့ပေ။ သူတို့ မသိလိုက်ခင်၌ပင် တိုက်ပွဲပြီးဆုံးသွားရ၏။

ဝမ်ရွှမ်ဖုန်းသည် နောက်သို့ လွင့်စင်သွားသော်လည်း သူ၏ ကျင့်ကြံရေးအဆင့်မှာမူ၊ မနိမ့်လှသဖြင့်၊ သူ့ခန္ဓာကိုယ်ကို လေထုထဲတွင် ထိန်းထားနိုင်ခဲ့ရာ၊ ကျွမ်းပစ်၍ မြေပြင်ပေါ်သို့ ဆင်းသက်နိုင်ခဲ့သည်။ သို့သော် သူ့ပါးစပ်ထဲမှ သွေးအပြည့်အန်ထွက်လာသည်။

ယခုအချိန်တွင် ချူးယွင်ဖန်းသည် ဝမ်ရွှမ်ဖုန်းရှေ့သို့ တစ်ဖန်ပြန်ရောက်နေပြီဖြစ်ရာ၊ ချူးယွင်ဖန်းက လျှပ်စီးကဲ့သို့ လျင်မြန်သော ကန်ချက်ဖြင့် ကန်ထုတ်လိုက်သည်။ ဝမ်ရွှမ်ဖုန်းသည် ခုခံရန် နည်းလမ်းမရှိသဖြင့်၊ ချက်ချင်းလွင့်ထွက်သွားခဲ့ရကာ၊ ဤတစ်ကြိမ်တွင်မူ၊ မြေပြင်ပေါ်သို့ ပြုတ်ကျသွား၏။ သူ့တွင် ခုခုံနိုင်စွမ်းမရှိတော့ပေ။

သိုင်းကွက်နှစ်ကွက်အတွင်းတွင် ဝမ်ရွှမ်ဖုန်းသည် တိုက်ခိုက်ရေးစွမ်းရည်များ ကုန်ဆုံးသွားနှင့်ပြီဖြစ်သည်။

လူတိုင်း အံ့သြထိတ်လန့်ကုန်ကြသည်။ ဤသည်က မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။ ဝမ်ရွှမ်ဖုန်းသည် ဆေးပညာဌာနတွင် နံပါတ်တစ်ကျွမ်းကျင်သူတစ်ဦးဖြစ်ရာ၊ စာပေပညာနှင့် သိုင်းပညာနှစ်ခုလုံးတွင် ကောင်းမွန်ထူးချွန်လှသဖြင့်၊ ဆေးပညာဌာနရှိ မိန်းကလေးများစွာ၏ မျက်လုံးတွင်သာမက၊ အခြားဌာနများမှ မိန်းကလေးများ၏ မျက်လုံးထဲတွင်ပါ တောက်ပနေသော ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်တစ်ပွင့်သည် ကြေကွဲဖွယ်ရှုံးနိမ့်သွားခဲ့သည်။

ဝမ်ရွှမ်ဖုန်းသည် ပြင်းထန်စွာ အနိုင်ယူခြင်းခံခဲ့ရသည်။ လူအများက အဖြစ်အပျက်ကို မတုံ့ပြန်နိုင်ကြသေးသော်လည်း ရလဒ်များကိုမူ မပြောင်းလဲနိုင်ကြပေ။

“ဒါ ငါအိမ်မက်မက်နေတာ သေချာတယ်၊ ဘယ်လိုလုပ်ဒီလိုဖြစ်နိုင်မှာလဲ”

“ဝမ်ရွှမ်ဖုန်းက ချူးယွင်ဖန်းကို တကယ်ပဲ မယှဥ်နိုင်ဘူး။ ဝမ်ရွှမ်ဖုန်းက ထိပ်တန်းတက္ကသိုလ်ပြိုင်ပွဲမှာ မပါခဲ့ဘူးလား၊ ဘယ်လိုပဲကြည့်ကြည့် သူက ချူးယွင်ဖန်းထက် ပိုသန်မာရမှာကို”

“အဲ့အပြင် သူက ရိုးရိုးရှုံးတာမဟုတ်ဘူး၊ အရှုံးကြီးရှုံးသွားတာပဲ။ ဘုရားဘုရား၊ အခု ဆေးပညာဌာနရဲ့အဆင့်တွေကို ပြန်ပြောင်းရတော့မှာလဲ”

အားလုံးက ထိတ်လန့်နေကြပြီးနောက်၊ အတန်ကြာမှ အသိပြန်ဝင်လာကြသည်။ အိုးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်ဖြစ်ရာ၊ ဝန်မခံချင်ကြလျှင်ပင်၊ ယခုဖြစ်ပျက်နေသောအရာသည် အမှန်တရားပင်ဖြစ်၏။ ယခင်က ချူးယွင်ဖန်းသည် ကျန်းလင်းရှောင်ကို မိုက်မဲစွာစိန်ခေါ်ကဲ့သည်ဟု သူတို့ထင်ခဲ့ကြ၍ ရေတွင်းအောက်ခြေမှ ဖားတစ်ကောင်ကဲ့သို့ လျှော့တွက်ထားခဲ့ကြသည်။ သို့သော် ယခုမူ၊ ၎င်းတို့အားလုံး မိမိတို့၏ ယခင်ခန့်မှန်းချက်များကို စတင်၍ သံသယဝင်လာကြသည်။

‘ချူးယွင်ဖန်းက တကယ်ပဲ ရေတွင်းအောက်ခြေက ဖားလား”

ယခုချူးယွင်ဖန်းသည် ဝမ်ရွှမ်ဖုန်းကို အလွယ်တကူအနိုင်ယူနိုင်ခဲ့ရာ၊ နဂါးတစ်ကောင်အဖြစ် မယူဆနိုင်လျှင်ပင်၊ ကောင်းကင်ယံသို့ပျံတက်သွားသည့် လင်းယုန်ငှက်တစ်ကောင်အဖြစ်ယူဆနိုင်၏။ သူသည် နဂါးကြီးကို စိန်ခေါ်သည့် ပုရွက်ဆိတ်မဟုတ်၊ နဂါးကို စိန်ခေါ်သည့် လင်းယုန်တစ်ကောင်ဖြစ်သည်။ ဤသည်မှာ လုံးလုံးလျားလျားခြားနားသောအခြေအနေတစ်ခုဖြစ်၏။

လူအုပ်ထဲတွင် ပိုင်လင်အာတစ်ယောက်သည်သာ အေးဆေးတည်ငြိမ်နေ၏။ သူမသည် ဤရလဒ်ကို ခန့်မှန်းနှင့်ခဲ့ပြီးဖြစ်သည်။ ဤအခိုက်အတန့်တွင် သူမမျက်နှာထက်တွင် “ထင်ထားသလိုပဲ” ဟူသော စကားလုံးတစ်လုံးကို ရေသားထားသကဲ့သို့ ထင်ရ၏။ ချူးယွင်ဖန်းအပေါ် သူမ၏ နားလည်မှုကို အခြေခံ၍ သူသည် ရည်မှန်းချက်များပြီးမြောက်ပြီးပြီးချင်းတွင် မာန်တက်တတ်သောသူမျိုးမဟုတ်သည်မှာ သေချာနေသည်။ သူသည် ငတုံးတစ်ယောက်ဖြစ်‌‌သော်လည်း အမှန်စင်စစ် ကိုင်တွယ်ရခဲယဥ်းမည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ မဟုတ်လျှင်၊ သူမ၏ နှလုံးသားထဲမှ အနိုင်ယူချင်စိတ်ကို နှိုးဆွပေးနိုင်လိမ့်မည်မဟုတ်ပေ။

ချူးယွင်ဖန်းသည် ဆေးပညာကို အလေးအနက်မထားသော်လည်း ဆေးပညာရှင်တစ်ယောက်ဖြစ်လာခြင်းသည် သူ့အတွက် လက်ဖဝါးဖြန့်သကဲ့သို့ လွယ်ကူသော ကိစ္စတစ်ခုဖြစ်လိမ့်မည်ဟု သူမ၏ အကြီးအကဲ ပိုင်ဟုန်က တစ်ချိန်က ပြောခဲ့ဖူးသည်ကို သူမ သတိရသည်။ သူမ၏ အရာအားလုံးကို စိုက်ထုတ်ပြီးမှ၊ သူမသည် အနာဂတ်တွင် ကျွမ်းကျင်သော ဆေးပညာရှင်တစ်ယောက်ဖြစ်လာနိုင်သည်ဟု အကဲဖြတ်မှုတစ်ခုကို ရရှိခဲ့သည်။

သို့သော် ဆေးပညာရပ်ကို အလေးမထားသော ချူးယွင်ဖန်းသည်မူ၊ ဆေးပညာရှင်တစ်ယောက်ဖြစ်လာနိုင်၏။ ပိုင်လင်အာသည် ဤကိစ္စကို မည်သို့ စိတ်မပျက်ဘဲနေလိမ့်မည်နည်း။

ထို့အပြင် ချူးယွင်ဖန်း၏ သိုင်းပညာစွမ်းရည်သည်လည်း ၎င်းနှင့်ထပ်တူညီစွာထူးချွန်နေ၏။ အကယ်၍ ဝမ်ရွှမ်ဖုန်းသည် ဆေးပညာဌာန၏ နံပါတ်တစ်မင်းသားဖြစ်လျှင်၊ ချူးယွင်ဖန်းသည် သူ့ကို အဆင့်မြှင့်ထားသော ပုံစံတစ်ခုနှင့်တူ၏။ ချူးယွင်ဖန်းတွင် မည်သည့်အားနည်းချက်မျှမရှိသည့်အပြင်၊ ဆေးပညာနှင့် သိုင်းပညာနှစ်မျိုးလုံးကို ကျင့်ကြံထားသည်။

“ဘယ်လောက်တောင် ပျင်းဖို့ကောင်းတာလဲ”

ချူးယွင်ဖန်းက အင်္ကျီလက်များကို ဖုန်ခါ၍ ထွက်ခွာသွားသည်။ သူအတန်းဆက်တက်ချင်သော စိတ်မရှိတော့ပေ။ ကျန်းလင်းရှောင်ကို ချူးယွင်ဖန်းမှ စိန်ခေါ်ခဲ့သည့်ကိစ္စသည် အချိန်ကြာလာသည်နှင့်အမျှ၊ တဖြည်းဖြည်း မှေးမှိန်လာသည်။ ဤတိုက်ပွဲသည် တက္ကသိုလ်အပေါ် လွှမ်းမိုးထားသော ကျန်းလင်းရှောင်၏ ကျော်ဇောမှုနှင့် ယှဥ်ပါက၊ ရေပုံးထဲမှ ရေတစ်စက်မျှသာဖြစ်ရာ၊ ပြဿနာသည် သူ့ထံသို့ ပြန်ရောက်လာမည်မှာ သေချာ၏။ ကျန်းလင်းရှောင်က သူ့ကို တမင်တကာ ပစ်မှတ်မထားခဲ့လျှင်ပင်၊ သူ့ကို နင်းချေရန် ကြိုးစားကြည့်ချင်သည့်သူများ ရှိနေဦးမည်ဖြစ်သည်။

ချူးယွင်ဖန်းသည် အထက်လူကြီးများကို မြှောက်ပင့်လေ့ရှိသော လူများစွာနှင့် ကြုံတွေ့ခဲ့သည်။ ဟိုတစ်ချိန်က၊ သူ သာမန်လူတစ်ဦးဖြစ်နေခဲ့စဥ်၊ မည်သူကများ သူ့ကို လေးစားဖူးသနည်း။ သူချနင်းခံခဲ့ရသည့် အကြိမ်အရေအတွက်ကို ရေတွက်နိုင်လိမ့်မည်မဟုတ်ပေ။ နောက်ပိုင်းတွင် အလွန်ထူးချွန်လာကာ၊ ပြည်ထောင်စုတက္ကသိုလ်သို့ ဝင်ခွင့်ရသောအခါတွင် သူတိုင်းက သူ့ရှေ့တွင် မတ်တပ်ရပ်၍ လေးစားပြခဲ့ကြသည်။

ထို့ကြောင့် ချူးယွင်ဖန်းသည် ဤသည်ကို ထူးဆန်းသည်ဟု မထင်ခဲ့ပေ။ လူတစ်ယောက်၏ အဆင့်အတန်းကို မြှင့်တင်၍ အခြားသူများကို ချနင်းရခြင်းသည် လူ့လောက၏ သဘောသဘာဝဖြစ်သည်။ သို့သော် သူသည် ထိုအချိန်က သာမန်လူငယ်လေးတစ်ဦး မဟုတ်တော့သဖြင့် သူ၏မာနကို မျိုသိပ်ထားတော့မည်မဟုတ်ပေ။

ဤအချက်က၊ ကျန်းလင်းရှောင်သည် အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် ကျောင်းသားကောင်စီ၏ အကြီးအကဲတစ်ဦးဖြစ်ကြောင်းကိုလည်း သတိပေးနေခြင်းဖြစ်သည်။ သူ့ကို မည်သူကမဆို လမ်းဖယ်ပေးရမည်ဖြစ်သည်။ တစ်ဖက်တွင်မူ၊ ချူးယွင်ဖန်းသည် တစ်ယောက်တည်းရပ်နေရ၏။ ဤအရာသည် သူ့အတွက်၊ အရေးနိမ့်နေခြင်းဖြစ်သည်မှာလည်း သေချာသည်။

ချူးယွင်ဖန်း၏ မျက်လုံးထဲတွင် စူးရှသော အလင်းတန်းတစ်ခုထွက်ပေါ်လာသည်။ ဤသည်ကား သူ့အဖွဲ့ကို စတင်ထူထောင်ရမည့်အချိန်တန်ပြီပင်ဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်သို့တက်ရောက်နိုင်သူ အားလုံးသည် လက်ရွေးစင်များဖြစ်ကြသည်။ အကယ်၍ သူသည် ၎င်းတို့ထဲမှ အချို့ကို စုဆောင်းနိုင်ပါက၊ နောင်တွင် ရှန်ဟဲဆေးကုမ္ပဏီသို့ပင်စေလွှတ်နိုင်လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ချူးယွင်ဖန်းသည် အတန်းတက်ရမည့်အစား၊ ကျောင်းသားအဖွဲ့အစည်းတစ်ခုကိုတည်ထောင်ရန် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားခဲ့သည်။ ကျောင်းသည် ကျောင်းသားအဖွဲ့အစည်းကို အမြဲတစေ၊ ထောက်ခံအားပေးသဖြင့်၊ ယေဘုယျအားဖြင့်၊ ၎င်းသည် အစွန်းရောက်အဖွဲ့အစည်းတစ်ခုမဟုတ်သရွေ့ လျှောက်လွှာကို အတည်ပြုပေးမည်ဖြစ်သည်။

ပြည်ထောင်စုတက္ကသိုလ်သည် လူ့အဖွဲ့အစည်းအတွက်လိုအပ်သော ပါရမီရှင်များကို မွေးထုတ်ပေးသောနေရာဖြစ်သဖြင့် ခေါင်းဆောင်နိုင်စွမ်းရည်နှင့်၊ စီမံခန့်ခွဲမှုစွမ်းရည်များသည် အဓိကလိုအပ်ချက်များဖြစ်၏။ ဤသို့သောအဖွဲ့အစည်းများကို ထူထောင်ခြင်းဖြင့်၊ ထိုအရည်အချင်းများကို မြှင့်တင်ပေးနိုင်၏။

ပြည်ထောင်စုတက္ကသိုလ်သည် ဤသို့သော ကျောင်းသားအဖွဲ့အစည်းများဖြင့်ပင်၊ ပူးပေါင်းဆောင်ရွက်လေ့ရှိသည်။ စီးပွားရေးမှသည် နိုင်ငံရေးအထိ၊ နောက်ပိုင်းဘွဲ့ရသွားသော ကျောင်းသားများ တည်ထောင်ထားသော အဖွဲ့အစည်းများသည် ပြည်ထောင်စုတစ်ခုလုံးကို အကျိုးသက်ရောက်နိုင်မည့် ဧရာမအရာကြီးများအဖြစ်ပြောင်းလဲသွားပေလိမ့်မည်ဖြစ်သည်။

များစွာသော ကုမ္ပဏီကြီးများ၊ လုပ်ငန်းများနှင့် သြဇာညောင်းသော မိသားစုများစွာသည် အဆိုပါ ကျောင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်လေ့ရှိကြသည်။ များစွာသော ကိစ္စများတွင်၊ ၎င်းတို့သည် အခြားအဖွဲ့အစည်းများနှင့် တန်းတူရည်တူရှိကြ၏။

ဤကျောင်းသားအဖွဲ့အစည်းများကိုလည်း မတူညီသော အဆင့်အတန်းများခွဲနိုင်သည်၊ ၎င်းတို့၏ ပူးပေါင်းဆောင်ရွက်မှုများပေါ်တွင်မူတည်၍ အဆင့် ၁ မှ အဆင့် ၅ အထိ အဆင့်ဆင့်ခွဲခြားထားသည်။ ကျောင်းသားကောင်စီသည် တက္ကသိုလ်တစ်ခုလုံးတွင် အဆင့် ၅ရှိသော၊ တစ်ခုတည်းသောအဖွဲ့အစည်းဖြစ်သည်။ အခြားကျောင်းသားအဖွဲ့အစည်းများ မည်မျှပင်အောင်မြင်စေကာမူ၊ ၎င်းတို့အားလုံးသည် အဆင့် ၄ ရှိသည့် အဖွဲ့အစည်းများဖြစ်ကြသည်။

ချူးယွင်ဖန်းသည် ဧကရာဇ်နန်းတော်ဟု အမည်ရသော ကျောင်းသားအဖွဲ့အစည်းတစ်ခုကို တည်ထောင်ခဲ့သည်။ လက်ရှိတွင် သူသည် တစ်ဦးတည်းသော အဖွဲ့ဝင်ဖြစ်၍ ဤအဖွဲ့အစည်းကို အဆင့် ၀ အဖြစ်သတ်မှတ်ထားသည်။ အရာအားလုံးကို အစမှစတင်၍ တည်ဆောက်ရမည်ဖြစ်သည်။

ကျောင်းသားအဖွဲ့အစည်းတစ်ခုကို တည်ထောင်ရန်မှာ တကယ်တမ်းတွင် အလွန်ရိုးရှင်းလှသော်လည်း ၎င်းသည် ကြီးပွားတိုးတက်လာ၍ အသိအမှတ်ပြုကို မရနိုင်ခင်အထိ ခရီးရှည်တစ်ခုကို ဖြတ်သန်းရမည်ဖြစ်သည်။ သို့သော် ချူးယွင်ဖန်းအတွက် ဤသည်မှာ ကျန်းလင်းရှောင်နှင့် အပြည့်အဝထိပ်တိုက်တွေ့ခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်သည်။

ချူးယွင်ဖန်း ထွက်သွားပြီးနောက်၊ သိုင်းကွက်နှစ်ကွက်တည်းဖြင့် ဝမ်ရွှမ်ဖုန်းကို အနိုင်ယူခဲ့သည့်သတင်းများသည် တောမီးကဲ့သို့ ပျံ့နှံ့သွား၏။ ဤအရာကြောင့် မုန်တိုင်း၏ အထွဋ်အထိပ်သို့ရောက်နေပြီဖြစ်သော ချူးယွင်ဖန်းကို ပို၍ အာရုံစိုက်လာကြသည်။ ဤသို့သောအခြေအနေမျိုးတွင် အဖွဲ့အစည်းတစ်ခုတည်‌ထောင်ရန် လျှောက်ထားသည့်ကိစ္စကိုလည်း ထိန်းချုပ်ထား၍မရပေ။ ထိုတစ်ညတည်းအတွင်း၌ပင်၊ ဧကရာဇ်နန်းတော်ဟူသော စကားလုံးသည် တက္ကသိုလ်တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

All Chapters