← Chapters

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း(၄၄၂) တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်

ထိုအကြည့်များကိုကြည့်၍ ချူးယွင်ဖန်းသည် အေးဆေးတည်ငြိမ်လျက်ရှိသည်။ သူသည ဤလူများ၏ အကြည်များကို စိတ်ထဲမသွင်းခဲ့ပေ။

“မင်းက ရှဖန်ရဲ့အသင်းဖော်လား” ချောမောသောလူငယ်က ရှေ့သို့ ခြေတစ်လှမ်းတိုး၍ မေးလိုက်သည်။

“အတိအကျပြောရမယ်ဆို ငါက သူ့အဖွဲ့ခေါင်းဆောင်ပါ”

ချူးယွင်ဖန်း၏ စကားများကိုကြားသောအခါ၊ ချူးယွင်ဖန်းကို အံ့အားသင့်စွာကြည့်လိုက်ကြသည်။ ရှဖန် မည်မျှထူးချွန်သည်ကို သူတို့အားလုံးသိကြသည်ဖြစ်ရာ၊ ဤသို့မျှမဟုတ်လျှင်၊ ရှဖန်ကို သူတို့အဖွဲ့ထဲသို့ အဘယ်ကြောင့် လက်ခံနိုင်လိမ့်မည်နည်း။

၎င်းတို့သည် ၎င်းတို့၏ ဒုတိယနှစ်မှသာ မရီးဒျန်သန့်စင်ခြင်းအဆင့်သို့တက်လှမ်းနိုင်ခဲ့ကြသည်။ ပြည်ထောင်စုတက္ကသိုလ်တွင် အယောက်တစ်ရာ၌ တစ်ယောက်သာဖြစ်နိုင်သော်လည်း ရှဖန်ကဲ့သို့ ပထမနှစ်တွင် မရီးဒျန်သန့်စင်ခြင်းအဆင့်သို့တက်လှမ်းနိုင်ခဲ့သူများသည်မူ အယောက်တစ်ထောင်တွင် တစ်ယောက်ဖြစ်သည်။

‘အဲ့တာကို ချူးယွင်ဖန်းက ရှဖန်ရဲ့ ခေါင်းဆောင်တဲ့လား’

ဤသည်မှာ သံသယဖြစ်ဖွယ်မလိုအောင်ပင် ပေါက်ကွဲသွားစေနိုင်သည့် သတင်းတစ်ပုဒ်ဖြစ်သည်။ ရှဖန်က သူ၏ အသင်းဖော်ကိုသာ ဖိတ်ခဲ့သည်ဟု သူတို့ ထင်ခဲ့ကြရာ၊ အသင်းဖော်နှင့် ခေါင်းဆောင်ခြားမှ ကွားခြားချက်သည် ကမ္ဘာတစ်ခုစာရှိ၏။

တက္ကသိုလ်ကျောင်းသားများအကြားတွင် အဖွဲ့ဖွဲ့သည်မှာ သာမန်သာဖြစ်သော်လည်း အသင်းခေါင်းဆောင်ဖြစ်လာရန်မှာမူ၊ ထိုသူသည် အကောင်းတကာ့အကောင်းဆုံးဖြစ်နေရမည်ဖြစ်သည်။ အသင်းခေါင်းဆောင်အများစုသည် အသင်းတစ်သင်းတွင် အသန်မာဆုံးဖြစ်ကြသည်။

ရှဖန်၏ မျက်နှာထက်သို့ လှမ်းကြည့်လိုက်ကြသောအခါ၊ သူ့မျက်နှာထက်တွင် တိတ်တဆိတ်သဘောတူညီမှုအရိပ်အယောင်များရှိနေသည်။ ယခုမူ၊ အဖွဲ့သည် ချူးယွင်ဖန်းကို မတူညီသော အကြည့်များဖြင့် ကြည့်နေကြပြီဖြစ်သည်။

“ခေါင်းဆောင် မင်းကို မိတ်ဆက်ပေးမယ်၊ ဒါက ငါ့အစ်မကြီး ရှယင်းယင်း၊ ဒီက ချစ်စရာအမျိုးသမီးလေးက စီနီယာ ဟူရှန်းလင်ပဲ၊ သူတို့နှစ်ယောက်ကတော့ စီနီယာ လောင်ဖန်းနဲ့ စီနီယာလင်းကျို့ချီတို့ပါ”

“အစ်မ ဒါကကျွန်တော့်ခေါင်းဆောင် ချူးယွင်ဖန်းပါ၊ ကျွန်တော် အစ်မတို့ကို ပြောထားတဲ့တစ်ယောက်” ရှဖန်က နှစ်ဖက်လုံးကို မိတ်ဆက်ပေးလိုက်သည်။

ချူးယွင်ဖန်းသည် အာရုံစူးစိုက်မှုရှိသူဖြစ်ရာ၊ လူတိုင်း၏ အမူအရာမျှကို ချက်ချင်းနားလည်လိုက်ကြသည်။ ရှဖန်သည် သူ့အစ်မဖြစ်သူနှင့် မိတ်ဆက်ပေးသောအခါတွင် စကားအများအပြား မပြောသော်လည်း အခြားအမျိုးသမီး ဟုရှန်းလင်နှင့် မိတ်ဆက်ပေးရာတွင် ပို၍ စိတ်အားထက်သန်နေပုံရသည်။ သို့မဟုတ် ပို၍ သတိထားနေခြင်းလည်းဖြစ်နိုင်သည်။

ရှဖန်သည် ဤအမျိုးသမီးကို ပိုးပန်းနေခြင်းဖြစ်နိုင်ကြောင်း ချူးယွင်ဖန်း ချက်ချင်းသိလိုက်သည်။

တစ်ဖက်တွင်မူ၊ ချောမောသော လောင်ဖန်း၏ ရှဖန်ကိုကြည့်သောအကြည့်များသည် အနည်းငယ်ဖော်ရွေမှုမရှိပေ။ အထူးသဖြင့် ရှဖန်က ဟုရှန်းလင်ကို လွန်ကဲစွာညွှန်းဆိုမိတ်ဆက်ခဲ့သောအချိန်တွင်ဖြစ်၏။

တစ်ဖက်တွင်မူ၊ လင်ကျို့ချီသည် ရှယင်းယင်းကို အာရုံစိုက်နေသည်။ ချူးယွင်ဖန်းသည် တစ်ချက်ကြည့်ရုံဖြင့် ဤလူများကြားမှ ဆက်နွယ်မှုကို နားလည်သဘောပေါက်သွားသည်။

“ချူးယွင်ဖန်းလား၊ ဘာလို့ဒီနာမည်က အရမ်းရင်းနှီးနေတာလဲ” လင်းကျို့ချီက မျက်မှောင်ကြုတ်လိုက်သည်။

ပြည်ထောင်စုတက္ကသိုလ်တွင် ကျောင်းသားပေါင်းများစွာရှိသည်ဖြစ်ရာ၊ ၎င်းတို့ တစ်ဦဂစီသည် ကောင်းကင်ဘုံမှ ပါရမီရှင်များဟု ပြော၍ရသည်ဖြစ်သဖြင့်၊ တက္ကသိုလ်တစ်လျှောက်လုံးတွင် ကျော်ကြားလာသူ အများအပြားမရှိပေ။

“အိုး အခုမှမှတ်မိတယ်။ ကျန်းလင်းရှောင်ကို နောက်တစ်နှစ်နေရင် မရဏသတ်ကွင်းမှာ တိုက်ဖို့ စိန်ခေါ်ထားတာ မင်းမလား။ ဒါမင်းပဲမလား” ဟုရှန်းလင်၏ မျက်လုံးများ ရုတ်တရက် တောက်ပလာ၍ ပြောလိုက်သည်။

ချက်ချင်းဆိုသကဲ့သို့ပင် ချူးယွင်ဖန်းထံသို့ ဦးတည်နေသော အကြည့်များအားလုံး ပြောင်းလဲသွား၏။ ဤကိစ္စသည် ပြီးခဲ့သော နှစ်ပါတ်တာကာလအတွင်းတွင် ငြိမ်သက်သွားခဲ့သော်လည်း ပြည်ထောင်စုတက္ကသိုလ်တွင် လူပေါင်း ထောင်နှင့် ချီ၍ ရှိသဖြင့် တက္ကသိုလ်တစ်ခုလုံးရှိသူများကို စိတ်ဝင်စားလာစေသည့် ကိစ္စရပ် အများအပြားမရှိပေ။

ကျန်းလင်းရှောင်ကို စိန်ခေါ်နေသော ချူးယွင်ဖန်း၏ ကိစ္စကို လူတိုင်းသိထားကြပြီးဖြစ်သည်။

လူတိုင်း၏ အကြည့်များ ပြောင်းလဲသွားပြန်သည်။

“မင်းက ကျန်းလင်းရှောင်ကို စိန်ခေါ်ရဲတယ်‌ပေါ့၊ မင်းတော်တော် ရဲရင့်တာပဲ၊ အခြားသူတွေကတော့ မင်း စိတ်ဖောက်ပြန်သွားတယ်လို့ ပြောကြပေမယ့် ငါတော့ မထင်ဘူး။ ကျန်းလင်းရှောင်က ဒီလောက်လည်း အံ့သြဖို့ မကောင်းဘူးလို့ ငါလည်းထင်တယ်” ဟုရှန်းလင်က ချူးယွင်ဖန်းကို ယခင်ကနှင့် လုံးဝကွဲပြားလှသောအကြည့်ဖြင့် ကြည့်၍ ပြောလိုက်သည်။

ကျန်းလင်းရှောင်ကို လူတိုင်းအထင်ကြီးကြခြင်းမဟုတ်ပေ။

“ရှဖန်က မင်းကို ဒီခေါ်လာပေမယ့် ငါတို့က အမှိုက်တွေကို လက်မခံဘူး။ မင်း ငါတို့နဲ့ ပူးပေါင်းချင်ရင် ငါတို့ရဲ့ စမ်းသပ်ချက်ကို အောင်မြင်ရမယ်” ဟုရှန်းလင်က ချူးယွင်ဖန်းကို စိတ်ဝင်စားနေပုံပေါ်ကြောင်း လောင်ဖန်းက သတိထားလိုက်မိသောအခါ၊ သူမျက်နှာထက်တွင် မကျေမနပ်ဖြစ်၍ နီရဲလာသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ချူးယွင်ဖန်းကို စိန်‌ခေါ်၍ ကြည့်လိုက်သည်။

“ချူးယွင်ဖန်း စိတ်မဆိုးပါနဲ့၊ ဒါက ငါတို့ လုပ်နေကျပါ။ ရှဖန်က မင်းကို မိတ်ဆက်ပေးခဲ့ပေမယ့် ငါတို့က မင်းရဲ့ ခွန်အားအဆင့်ကို မသိသေးဘူးလေ၊အဲ့တာကြောင့်ငါတို့ မင်းကို အရင် စမ်းသပ်ကြည့်ချင်တယ်” ရှဖန်၏ အစ်မ ရှယင်းယင်းက ရှေ့သို့ တိုးလာ၍ ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး၊ အစ်မတို့ ကျွန်တော့်ကို စိတ်တိုင်းကျ စမ်းသပ်နိုင်ပါတယ်” ချူးယွင်ဖန်းက ဘာသိဘာသာပြောလိုက်သည်။ ဤသို့သောအရာများသည် ပုံမှန်ဖြစ်ထရှသော အရာများသာဖြစ်သဖြင့် ဤစစ်ဆေးချက်များကို သူဂရုမစိုက်လှပေ။

“ကောင်းတယ်၊ တည့်တိုးပြောတတ်တာပဲ၊ ရိုးသားတဲ့လူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်ချင်တာကြာပြီ” လင်ကျို့ချီက ပြောသည်။

“ငါတို့ရဲ့ စမ်းသပ်ချက်ကို အောင်မြင်ပြီးသမျှ ကာလပတ်လုံး မင်း ငါတို့နဲ့ပူးပေါင်းပြီး ငါတို့အဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာနိုင်တယ်”

“ကောင်းပြီ” ချူးယွင်ဖန်းက ရိုးရှင်းစွာ ပြန်ဖြေသည်။

“ကောင်းတယ်၊ ဒါဆို ခွင့်ပြုပါဦး”

“မင်း ငါ့ကို ဘယ်လိုစမ်းသပ်ချင်လဲ” ချူးယွင်ဖန်းက မျက်ခုံးပင့်၍ ပြောလိုက်သည်။

“ဒီလိုမျိုး”

စကားတစ်ခွန်းမျှထပ်မပြောဘဲ လောင်ဖန်းက စတင်လှုပ်ရှားလိုက်သည်။ အဆိပ်ပြင်းသော နဂါးတစ်ကောင်ကဲ့သို့ ရှေ့သို့ ခုန်တက်၍ မျက်စိတစ်မှိတ်အတွင်း၌ပင် ချူးယွင်ဖန်း၏ မျက်နှာတည့်တည့်သို့ လက်သီးတစ်လုံးပစ်ကျွေးလိုက်သည်။

ကျယ်လောင်သောအသံတစ်ခုထွက်ပေါ်လာကာ၊ လောင်ဖန်း၏လက်သီးသည် ချူးယွင်ဖန်းထံသို့ဦးတည်နေသော လှံတစ်စင်းနှင့်တူသည်။

ချူးယွင်ဖန်းသည် မျက်မှောင်ပင် မကြုတ်ဘဲ၊ လက်ကိုရိုးရှင်းစွာမြှောက်၍ ဝရဇိန်ကဲ့သို့ တစ်ရှိန်ထိုးဝင်လာသော လက်သီးချက်ကို တားဆီးလိုက်သည်။ ထို့နောက်၊ သူက တစ်ချက် ကန်ထုတ်လိုက်၏။

လောင်ဖန်းသည် သူ၏ တိုက်ခိုက်မှု လုံးလုံးလျားလျား မထိရောက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ချူးယွင်ဖန်းသည် အနည်းငယ်မျှပင် တုံ့ဆိုင်းမနေဘဲ၊ ကန်ချက်သည်လည်း အလွန်လျင်မြန်လှ၏။ ထို့ကြောင့် တစ်ခဏအတွင်း၌ပင် ထိုတိုက်ခိုက်မှုသည် လောင်ဖန်းထံသို့ သက်ဆင်းသွား၏။

ဘမ်း

လောင်ဖန်းသည် ကြိုးပြတ်သွားသောစွန်တစ်စင်းကဲ့သို့ နောက်သို့ လွင့်စင်သွားကာ၊ ပါးစပ်အပြည့် သွေးများ အန်ထွက်လာသည်။ အရာအားလုံးသည် လျင်မြန်စွာဖြစ်ပျက်သွားခြင်းဖြစ်သော်လည်း ချူးယွင်ဖန်းသည် မပျော်ရွှင်လှပေ။

ရှဖန်က ချူးယွင်ဖန်း၏ အမူအရာကို မြင်သောအခါ၊ ချူးယွင်ဖန်း ကျေနပ်အားရခြင်းမရှိကြောင်း သူချက်ချင်းသိလိုက်သည်။ သူက ရှေ့သို့ ခြေတစ်လှမ်း ကမန်းကတမ်းတိုး၍ ပြောလိုက်သည်။

‘ငါက ခေါင်းဆောင်ချူးကို ငါတို့နဲ့ပူးပေါင်းဖို့ ခေါ်ခဲ့တဲ့လူပါ၊ မင်းတို့ ဘာလို့ ငါ့ဆုံးဖြတ်ချက်ကို မယုံကြတာလဲ”

“ငါတို့ နင့်ကို မယုံတာမဟုတ်ပါဘူး။ ဒါပေမယ့် နတ်ဆိုးဂိုဏ်းရဲ့အဖွဲ့ဝင်တွေကို လိုက်ဖမ်းရတာက အန္တရာယ်ရှိတဲ့အလုပ်လေ။ ဂိုဏ်းရဲ့လက်ရွေးစင်အဖွဲ့ဝင်တွေက ငါတို့တက္ကသိုလ်က လက်ရွေးစင်ကျောင်းသားတွေထက် အဆင့်မနိမ့်ဘူး။ သာမန်လူတစ်ယောက်က ငါတို့ အဖွဲ့ထဲကို ဝင်ချင်ရင် သူတို့က ငါတို့ကို ဆွဲချရုံပဲဆွဲချနိုင်လိမ့်မယ်” ရှယင်းယင်းက လေးနက်သောအသံဖြင့်ပြောလိုက်သည်။ သူမသည် မျက်မှောင်ကြုတ်၍ ချူးယွင်ဖန်းကို ပြောလိုက်၏။

“မင်းဘာလို့ ဒီလောက်တောင် အားသုံးလိုက်တာလဲ”

“ဒါက ဒီတိုင်းတုံ့ပြန်လိုက်တာပါပဲ၊ အချက်မပြဘဲရုတ်တရက်တိုက်ခိုက်ဖို့ သူကို ဘယ်သူကတောင်းဆိုလို့လဲ” ချူးယွင်ဖန်းက ပြောသည်။

“မင်းတို့က ငါ့ကို မင်းရဲ့အသင်းဖော်ဖြစ်ဖို့ အရည်အချင်းရှိမရှိ စမ်းသပ်ချင်နေတာမလား။ အဲ့တာ စကားတစ်ခွန်းမှမပြောဘဲ တိုက်ခိုက်စရာလိုလို့လား။ ငါသာထိသွားရင် ဘာဖြစ်သွားမလဲ၊ အကျိုးဆက်တွေကို မင်းတို့တွေးထားလား”

ချူးယွင်ဖန်း၏ စကားလုံးများသည် ရှယင်းယင်းနှင့် အခြားသူများကို အလွန်အရှက်ရစေသည်။ ၎င်းတို့သည် အမှားအမှန် မခွဲခြားတတ်သူများ မဟုတ်ကြပေ။ ရုတ်တရက်တိုက်ခိုက်လိုက်ခြင်းသည် ကျိုးကြောင်း မစီလျော်လှပေ။ လောင်ဖန်းသာ အနိုင်ရခဲ့လျှင် ၎င်းသည် အဆင်ပြေပေလိမ့်မည်ဖြစ်သော်လည်း ချူးယွင်ဖန်း၏လက်ထဲတွင် မျက်စိတစ်မှိတ်အတွင်း သူရှုံးနိမ့်သွားခဲ့၏။

အခန်း(၄၄၃) အပြည့်အဝ ယုံကြည်သွားပြီ

အရေးအကြီးဆုံးသည် ဤတိုက်ပွဲ၌ ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို ထုတ်ဖော်ပြသခဲ့ခြင်းပင်ဖြစ်သည်။ အချိန်တိုအတွင်းတိုက်ခိုက်မှုတစ်ခုသာဖြစ်၍ နှစ်ဖက်စလုံးသည် မိမိတို့၏ ခွန်အားကို အပြည့်အဝမသုံးခဲံကြသော်လည်း ထိုသို့သော အလွန်လျင်မြန်လှသည့် အခြေအနေမျိုးတွင် ချူးယွင်ဖန်း ပြသခဲ့သော ခွန်အားသည် တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသည်။

လင်ကျို့ချီသည် လောင်ဖန်း၏ အနာကို အနာကျက်ဆေးဖြန်းပေးလိုက်သည်။ ကံကောင်းစွာဖြင့် လျို့ဖန်း၏ ဒဏ်ရာများသည် လျင်မြန်စွာပျောက်ကင်းသွားခဲ့၏။ ချူးယွင်ဖန်းသည် လောင်ဖန်းကို သတ်ပစ်ချင်ခဲ့ခြင်းမဟုတ်၊ သင်ခန်းစာတစ်ခုသာ သင်ပေးချင်ခဲ့ခြင်းဖြစ်သည်။

ချူးယွင်ဖန်းသည် ဤလူများ၏ ကျင့်ကြံရေးအဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ ၎င်းတို့အနက်၊ အသန်မာဆုံးမှာ ရှယင်းယင်းဖြစ်သည်။ သူမသည် သန့်စင်ခြင်းတတိယအဆင့်တွင်ရှိသော်လည်း မကြာသေးမီကမှ ဖြတ်ကျော်နိုင်ခဲ့ခြင်းဖြစ်သည်။ ကျန်သူများသည်မူ၊ သန့်စင်ခြင်း ဒုတိယအဆင့်၌သာရှိနေကြသေးသည်။ ရှဖန်၏ ကျင့်ကြံရေးအဆင့်သည် အနိမ့်ဆုံးဖြစ်၍ အဆင့်တစ်၏အထွဋ်အထိပ်၌သာရှိသည်။ သို့သော် ရှဖန်သည် အခြားသူများထက် တစ်နှစ်ငယ်သည့်အချက်ကို ထည့်သွင်းစဥ်းစားပါက၊ သူသည် အလားအလာအကောင်းဆုံးသူဖြစ်သည်။

“ငါတို့ ဆက်ပြီး စစ်ဆေးဖို့ လိုသေးလား” ချူးယွင်ဖန်းက လေသံခပ်ဖျော့ဖျော့ဖြင့်ပြောသည်။

“မလိုတော့ပါဘူး။ မင်းလောင်ဖန်းကို အနိုင်ယူခဲ့တဲ့အတွက် ဆိုလိုတာက၊ မင်းမှာ ငါတို့နဲ့ပူးပေါင်းဖို့ လိုအပ်တဲ့အရည်အချင်းတွေရှိတယ်” ရှယင်းယင်းက ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ပြောလိုက်သည်။

အမှန်တွင် ရှဖန်မှ ချူးယွင်ဖန်းသည် သူ၏ ခေါင်းဆောင်ဖြစ်ကြောင်း ကြေညာခဲ့စဥ်ကတည်းက ရှယင်းယင်းသည် ချူးယွင်ဖန်းကို အသိအမှတ်ပြုခဲ့ပြီးဖြစ်သည်။ နောက်ဆုံးတွင်မူ သူမသည် သူမ၏ ပါရမီရှင်မောင်လေး၏ စရိုက်ကို ကောင်းစွာသိထားသည်။ ရှယင်းယင်းသည် ရှဖန်ကို မယုံကြည်ပါက ချူးယွင်ဖန်း၏အကြောင်းကို ယုံကြည်ရန် ခက်ခဲပေလိမ့်မည်ဖြစ်သည်။

ရှမိသားစုသည် ပြည်ထောင်စုတက္ကသိုလ်သို့ ၎င်းတို့လူနှစ်ဦးကို စေလွှတ်နိုင်ခဲ့သည်ဖြစ်ရာ၊ အပြင်လူများ၏ မျက်လုံးထဲတွင် ဤအရာသည် အနှိုင်းမဲ့ အထင်ကြီးဖွယ်ပင်ဖြစ်သည်။ သို့သော် ရှယင်းယင်းသည် ၎င်းတို့နှစ်ဦးလုံး ဝင်ခွင့်ရခဲ့ကြောင်းသိသော်လည်း သူမနှင့် သူမ၏မောင်ကြားတွင် ကြီးမားသော ခြားနားချက်တစ်ခုရှိသည်ကို သိသည်။ ပုံမှန်အခြေအနေအရ၊ မွေးဖွားခြင်းအခြေအနေသို့ရောက်ရန် သူမအတွက် အလွန်ခက်ခဲပေလိမ့်မည်ဖြစ်သည်။

ပြည်ထောင်စုတက္ကသိုလ်မှ ဆရာအများစုသည်ပင် မွေးဖွားခြင်းနယ်မြေအဆင့်တွင်မရှိကြပေ။ မရီးဒျန်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူတစ်ဦးသည် သာမန် အထက်တန်းကျောင်းတွင် ကျောင်းအုပ် သို့မဟုတ်၊ ပညာရေး ဒါရိုက်တာတစ်ဦး စသည်ရာထူးကို ထမ်းဆောင်ရန် လုံလောက်၏။

ရှဖန်သည် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်သည့် အခွင့်အလမ်းမြင့်မားသည်။ မွေးဖွားခြင်းနယ်မြေအဆင့်သည် မရီးဒျန်သန့်စင်ခြင်းအဆင့်နှင့် လုံးလုံးလျားလျားကွဲပြားခြားနားသည်။ မွေးဖွားခြင်းနယ်မြေအဆင့် ကျင့်ကြံသူတစ်ဦးသည် မိသားစုကြီးတစ်ခုကို ထောက်ပံ့နိုင်၍ ၎င်းတို့ကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးနိုင်သည်။

ရှယင်းယင်းက ဤအချက်ကို ကောင်းစွာသိထားသူဖြစ်၍ သူမ၏မောင်၏ နှလုံးသားထဲမှ မာနကိုလည်း ကောင်းစွာသိသည်။ ရှဖနမှ ချူးယွင်ဖန်းကို စိတ်ပါလက်ပါ “ခေါင်းဆောင်” ဟုခေါ်ခြင်းကိုကြည့်လျှင်၊ ချူးယွင်ဖန်းသည် သာမန်လူတစ်ဦးမဟုတ်သိမှာ သေချာလှ၏။

စမ်းသပ်ချက်ဟု ခေါ်သောအရာသည် စံလုပ်ထုံးလုပ်နည်းတစ်ခုသာဖြစ်သဖြင့်၊ လောင်ဖန်းသည် ဤသို့သောအခြေအနေမျိုးတွင် အဆုံးသတ်ရလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။ ယခုမူ၊ နှစ်ဖက်စလုံးသည် မည်သည့်ရလဒ်ကိုမျှမရနိုင်ခဲ့ပေ။ ရှယင်းယင်းသည် ချူးယွင်ဖန်း၏ အင်အားနှင့်ပတ်သက်၍ သိပ်မသေချာလှပေ။ ပြင်ပကမ္ဘာရှိ ချူးယွင်ဖန်းနှင့် ပတ်သက်သော ကောလဟာလအများစုသည် ကျန်းလင်းရှောင်ကို စိန်ခေါ်ခြင်းနှင့်၊ ဘဝင်မြင့်ကာ၊ မာန်တက်သောသူ၏ လုပ်ရပ်များအကြောင်းသာဖြစ်သည်။

သို့သော် ထိုကောလဟာလများသည် ချူးယွင်ဖန်း၏ အစွမ်းသတ္တိကို ဖော်ပြခြင်းမရှိခဲ့ပေ။ တစ်ခုတည်းသော ဖော်ပြချက်မှာ သူသည် ကျန်းလင်းရှောင်၏ လက်ထဲတွင် ချက်ချင်းရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤသည်က သင့်လျော်သော ကိုးကားမှဒတစ်ခု မဟုတ်ခဲ့ပေ။ ကျန်းလင်းရှောင်၏ ခွန်အားဖြင့် တက္ကသိုလ်ရှိ ၉၀ ရာခိုင်နှုန်းသောသူတို့သည် စက္ကန့်ပိုင်းအတွင်းတွင် ဒူးထောက်ရပေလိမ့်မည်ဖြစ်သည်။

အကယ်၍ ကျန်းလင်းရှောင်တွင် ထိုကဲ့သို့သော အင်အားမျိုးမရှိပါက၊ သူသည် ကျောင်းသား ကောင်စီဥက္ကဌဖြစ်ရန်လည်း ထိုက်တန်လိမ့်မည်မဟုတ်ပေ။ အကယ်၍ ချူးယွင်ဖန်းနေရာတွင် အခြားသူများသာဖြစ်ခဲ့လျှင်၊ နောက်ဆုံးရလဒ်သည် အတူတူပင်ဖြစ်ပေလိမ့်မည်ဖြစ်သည်။

ရှယင်းယင်းသည် ချူးယွင်ဖန်း ရပ်နေသည့်နေရာကိုအတိအကျသိနိုင်ရန် စမ်းသပ်ချက်ကို အသုံးပြုလိုခဲ့သည်။ ချူးယွင်ဖန်းက လျင်မြန်စွာတုံ့ပြန်ခဲ့ခြင်းသည် နှမျောဖွယ်ကောင်း၏။ ထိုသို့သောအခြေအနေမျိုးတွင် ချူးယွင်ဖန်းက အလွန်သန်မာကြောင်း ရလဒ်များက ပြသနေသော်လည်း သူမည်မျှ သန်မာသည်ကိုမူ မည်သူမျှ မသိနိုင်ပေ။

“ကျွန်တော် ပြောသားပဲ၊ သူ့ခွန်အားနဲ့ ကျွန်တော်တို့ ခေါင်းဆောင်က ပူးပေါင်းဖို့ အရည်အချင်းမပြည့်မီဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ တစ်ယောက်ယောက်က ကိုယ်ကိုယ်ကိုယ်အရှက်မခွဲမိအောင်လို့ ကျွန်တော် အစောကြီးတည်းက သတိပေးထားသားပဲ၊ ဒါပေမယ့် တစ်ယောက်ကတော့ နားမထောင်ခဲ့ဘူးလေ” ရှဖန်က အေးစက်စွာပြုံး၍ ပြောလိုက်သည်။

ရှဖန်သည် ငတုံးငအတစ်ယောက်မဟုတ်ပေ။ လောင်ဖန်းက ချူးယွင်ဖန်းကို ပစ်မှတ်ထားနေသည်ဟု ဆိုသော်လည်း သူသည် တကယ်တမ်းတွင် ရှဖန်ကို ပစ်မှတ်ထားနေခြင်းဖြစ်သည်။ လောင်ဖန်သည် ရှဖန်ကို တိုက်ခိုက်ရန် ချူးယွင်ဖန်းကို အနိုင်ယူချင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ့ထက်ပို၍ စွမ်းအားကြီးသောသူနှင့် တွေ့ခဲ့ရကာ၊ ခေါင်းတည့်တည့်သို့ထိ၍ နှဖုးမှ တွေးများ စီးကျလာသည်။

ရှဖန်နှင့် လောင်ဖန်းတို့သည် အပြိုင်အဆိုင်ဆက်ဆံရေးရှိနေခြင်းဖြစ်သောကြောင့် ပြောစရာစကားမရှိလှပေ။

ရှဖန်၏ ကဲ့ရဲ့သံကို ကြားသောအခါ၊ လောင်ဖန်း၏သွေးများ ဆူပွက်လာသည်။

“လုံလောက်ပြီ လောင်ဖန်း နင်အဆင်ပြေရဲ့လား” ရှယင်းက ပြောသည်။

“ငါတို့ တတ်နိုင်သလောက် မြန်မြန်သွားရမယ် ကုလန်ထွက်ပြေးသွားရင် ငါတို့ ကြိုးစားအားထုတ်ထားသမျှ အလကားဖြစ်ကုန်လိမ့်မယ်”

“ကုလန်ဟုတ်လား၊ ဘယ်သူလဲ” ချူးယွင်ဖန်းက မေးသည်။

“ကျွန်တော် ဒီကို အမြန်ပြေးလာခဲ့ရတော့ နတ်ဆိုးဂိုဏ်းသားတွေကို လိုက်ဖမ်းမယ်ဆိုတာပဲသိလိုက်တာ၊ ဘယ်သူလဲဆိုတာ အတိအကျမသိဘူး”

“မင်းက လူသစ်မို့လို့ မသိတာ မထူးဆန်းဘူး။ ကုလန်က တက္ကသိုလ်ကျောင်းသားဟောင်းတစ်ယောက်ပဲ၊ သူသာ ဒီမှာရှိနေသေးရင် ငါတို့နဲ့ အတူတူပဲ၊ ဒုတိယနှစ်လေ။ တကယ်‌တော့ ကုလန်က နတ်ဆိုးဂိုဏ်းရဲ့ သူလျှိုတစ်ယောက်ပဲ။ သူ့အကြောင်းတွေပေါ်လာပြီးတော့၊ သူလည်း ထွက်ပြေးသွားတာ။ အဲ့ကတည်းက သူက ပြည်ထောင်စုတက္ကသိုလ်က အလိုရှိတဲ့စာရင်းထဲမှာ ပါတယ်”

ရှယင်းယင်းက ဆက်ပြောသည်။

“ပြည်ထောင်စုတက္ကသိုလ်က သစ္စာဖောက်တွေကို အရမ်းမုန်းတဘ်။ သူက တက္ကသိုလ်ကျောင်းသားဘဝမှာ လျှို့ဝှက်ချက်အများကြီးကို ထုတ်ဖော်ခဲ့လို့ ကျောင်းဘက်က တော်တော်လေး ဆုံးရှုံးခဲ့ရတယ်။ ဒါ့ကြောင့် သူ့အတွက်ဆုကြေးက အရမ်းကြီးတယ်။ ဆုငွေနှစ်ဆကို ထည့်တွက်ရင် သူက အမှတ်ငါးသန်းတန်တယ်။ ငါတို့ရဲ့ ခွန်အားအဆင့်နဲ့ဆိုရင် သူက ငါတို့ ကိုင်တွယ်နိုင်တဲ့သူတွေထဲမှ တန်ကြေးအကြီးဆုံးတစ်ယောက်ပဲ”

ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ ဤသည်ကား ပုံမှန်သာဖြစ်သည်။ ပြည်ထောင်စုတက္ကသိုလ်၏အလိုရှိစာရင်းတွင် အမှန်သန်းတစ်ရာကျော်တန်ဖိုးရှိသော မွေးဖွားခြင်းနယ်မြေအဆင့်ကျွမ်းကျင်သူများပင်ရှိသည်။ သို့သော် ထိုအဆင့်သည် ၎င်းတို့ ယခုအချိန် ထည့်သွင်းစဥ်းစားနုင်သောအရာတစ်ခုမဟုတ်ပေ။ ထိုသို့သော ပညာရှင်များနှင့် တွေ့ပါက သူတို့ မည်သို့လုပ်ရမည်ကို မသိခင်၌ပင် သေသွားနိုင်၏။

“ကုလန်က သူ့အကြောင်းပေါ်သွားပြီးတည်းက ပုန်းနေတာ။ သာမန်လူတွေဆို သူ့နေရာကို ရှာလို့မရဘူး။ ကုလန်ရဲ့တည်နေရာကို ရှာဖို့ နက္ခတ်ဂိုဏ်း ကနေ ကုလန်ရဲ့တည်နေရာအချက်အလက်ကို ဝယ်ဖို့ အမှတ်ငါးသိန်းသုံးခဲ့ရတယ်။ ဒါပေမယ့် ဒီအချက်အလက်တွေက အဆက်မပြတ် ပြောင်းလဲနေတာ ငါတို့ အလျင်စလိုမလုပ်ရင် ကုလန်ထွက်ပြေးသွားလိမ့်မယ်။ ငါတို့ အမှတ်ငါးသိန်းလည်း အလကားဖြစ်သွားလိမ့်မယ်” ရှယင်းယင်းက ပြောသည်။

နက္ခတ်ဂိုဏ်းပြည်ထောင်စုတက္ကသိုလ် မတက်မီက ချူးယွင်ဖန်းသည် ထိုသို့သော ထောက်လှမ်းရေးအဖွဲ့အစည်းမျိုးရှိနေကြောင်း မသိခဲ့ပေ။ သို့သော် ကျင့်ကြံရေး စွယ်စုံကျမ်းကို ဖတ်ကြည့်ပြီးနောက်၊ ချူးယွင်ဖန်းသည် ၎င်းနှင့် ပတ်သက်သည့် အကြောင်းအရာတစ်ခုကို ဖတ်ခဲ့ရသည်။

နက္ခတ်ဂိုဏ်း သည် အလွန် လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းတစ်ခု ဖြစ်သည်။ ဤဂိုဏ်းကို တည်ထောင်ခြင်းသည် ရှေးဟောင်းလူသားများကာလရှိ နက္ခတ်ဂိုဏ်း ဟုခေါ်သော ဂိုဏ်းတစ်ခုနှင့် များစွာသက်ဆိုင်၏။ ၎င်းသည် နက္ခတ်ဂိုဏ်းအပျက်အစီးများပေါ်တွင် တည်ဆောက်ထားသော ဂိုဏ်းတစ်ခုဖြစ်သည်။ ၎င်းတို့သည် သာမန်လူများ မသိနိုင်သည့် အချက်အလက်များကို ရှာဖွေနိုင်သော အထူးနည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားသည်။

နက္ခတ်ဂိုဏ်းသည် အရာအားလုံးကိုသိသည်ဟုပင် ဆို၍ရနိုင်၏။

မှန်သည်။ ဤဂိုဏ်းနှင့် ပတ်သက်သောအချက်အလက်များကို ပြင်ပကမ္ဘာတွင်ရနိုင်သည်။ သို့သော် စွယ်စုံကျမ်းတွင် နက္ခတ်ဂိုဏ်း ၏ ထောက်လှမ်းရေးကွန်ရက်သည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားကြောင်းမှတ်တမ်းတင်ထားသည်။ သို့သော် စွယ်စုံကျမ်းတွင်၊ နက္ခတ်ဂိုဏ်း ၏ ထောက်လှမ်းရေးကွန်ရက်သည် တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့နေကြောင်း မှတ်တမ်းတင်ထားသည်။ လူသူကင်းမဲ့၍ နက်ရှိုင်းသော တောနက်ထဲသို့ပင် ထောက်လှမ်းနိုင်ရာ၊ မြို့တွင်းမှ ထူးခြားသောလူတစ်ဦးသည်နက္ခတ်ဂိုဏ်း ၏ ထောက်လှမ်းရေးအရာရှိ သို့မဟုတ် ၎င်းတို့၏ သတင်းပေးသူလည်းဖြစ်နိုင်သည်။

ထို့အပြင် နက္ခတ်ဂိုဏ်း တွင် တစ်ကမ္ဘာလုံးကို စောင့်ကြည့်နေသော ၎င်း၏ ကိုယ်ပိုင်ဂြိုလ်ထုကွန်ရက်ရှိသည်ဟုပြော၍ ရ၏။ ၎င်းသည် ထိုအဖွဲ့အစည်းကို အလွန် အစွမ်းထက်၍ ကြောက်မက်ဖွယ်ကောင်းစေသည်။

အခန်း (၄၄၄) အာတစ်ကန္တာရ

ပြည်ထောင်စုတက္ကသိုလ်၏ ကျင့်ကြံရေးစွယ်စုံကျမ်း၌ပင် နက္ခတ်ဂိုဏ်းကို သတိထား၍ဖော်ပြထားခဲ့သည်။ တကယ်တမ်းတွင် နက္ခတ်ဂိုဏ်း သည် ပွဲဦးထွက်ထွက်ချင်း နှစ်အနည်းငယ်အတွင်းတွင် ပြည်ထောင်စုတစ်ခုလုံးကို တုန်လှုပ်စေခဲ့သော အရေးကြီးအချက်အလက်အချို့ကို ပေါက်ကြားစေခဲ့သည်။

၎င်းသည် ပြည်ထောင်စု၏ အဓိကဂိုဏ်းခွဲများကို အင်အားစုများသို့ စုပေါင်းစေ၍ နက္ခတ်ဂိုဏ်းကို တိုက်ခိုက်စေခဲ့သည်။ သို့သော် ဤတိုက်ခိုက်မှုသည် နောက်ဆုံးတွင် အရှုံးနှင့် အဆုံးသတ်ခဲ့ရသည်။ အဆုံးတွင်အမည်မသိ သဘောတူညီချက်အချို့ကို ပြုလုပ်ခဲ့ကြကာ၊ ပြည်ထောင်စု၏ အဓိကအင်အားစုအသီးသီးက ထိုအဖွဲ့ကို အသိအမှတ်ပြုခဲ့ကြသည်။ သဘောတူညီချက်အရ၊ နက္ခတ်ဂိုဏ်းသည် ပြည်ထောင်စုတက္ကသိုလ်၏ အဓိကနည်းပညာများနှင့် ပတ်သက်သော မည်သည့်အချက်အလက်ကိုမျှ ရောင်းချ၍ မရတော့ပေ။ အရာအားလုံးကို ခြုံငုံသုံးသပ်၍ အပေးအယူလုပ်ခဲ့ရာ၊ နောက်ဆုံးရလဒ်သည် နက္ခတ်ဂိုဏ်းက ပြည်ထောင်စုသို့ ဦးညွတ်၍ လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေမည့် အချက်အလက်များကို ရောင်းချခြင်းမပြုသော်လည်း ၎င်းသည် အပေးအယူတစ်ခုဖြစ်နေဆဲဖြစ်သည်။

ပြည်ထောင်စုနှင့် အပေးအယူလုပ်ခြင်းအပါအဝင်၊ ၎င်း၏ တည်ရှိမှုကို နားလည်သဘောပေါက်စေနိုင်သည့် စွမ်းအားရှိခြင်းသည် နက္ခတ်ဂိုဏ်းမည်မျှ အာဏာကြီးကြောင်း၊ စွမ်းအားကြီးကြောင်း ညွှန်ပြနေသည်။ ရှယင်းယင်းက ဤသို့ပြောပြီးနောက်၊ သူမ၏ နှလုံးသား အနည်းငယ်နာကျင်သွားရသကဲ့သို့ ခံစားလိုက်ရသည်။ အမှတ်ငါးသိန်းသည် ၎င်းတို့အတွက် အလွန်များပြားလှသော ပမာဏတစ်ခုဖြစ်သည်။ သို့သော် ကုလန်ကို သတ်နိုင်ခဲ့ပါက၊ ယင်း၏ ဆယ်ဆကို အကျိုးအမြတ်ပြန်ရမည်ဖြစ်၏။

ဤနှုန်းထားသည် လုပ်ငန်းအားဖြင့် အကျိုးအမြတ်အလွန်များပြားသည်ဟု ဆိုရပေလိမ့်မည်ဖြစ်သည်။

“ငါအဆင်ပြေတယ်၊ ငါတို့ အချိန်မရွေးသွားလို့ရတယ်” လောင်ဖန်းက သူ့ကို ကြည့်နေသော သူများအားလုံးကို သတိထားမိခဲ့သည်။ သူ၏ အားနည်းချက်ကို သူမပြချင်သဖြင့်၊ ချူးယွင်ဖန်းကို ပြင်းပြင်းထန်ထန်သာ စိုက်ကြည့်နေ၏။

အေးစက်သောလေထုသည် သဲများနှင့်အတူ၊ စပါးစေ့များကိုပါ သယ်ဆောင်လာသည်။ ဤသည်မှာ အနှိုင်းမဲ့ကြီးမားလှသော သဲကန္တာရကြီးတစ်ခုဖြစ်သည်။ မြေပြင်ထက်တွင် အဝါရေရာင် သဲထူထူများဖုံးအုပ်ထား၏။ လေနှင့်သဲများကြားတွင် ရေခဲတုံးအချို့ရောထွေးပါဝင်နေသည်။ ဤနေရာသည် ရာသီဥတု မည်မျှအေး၍ ပတ်ဝန်းကျင်က မည်မျှ ကြမ်းတမ်းနေသည်ကို တွေးကြည့်၍ရနိုင်၏။

မျက်စိဖြင့် မြင်နိုင်ရသလောက်အတိုင်းအတာအကွာအဝေးအတွင်းတွင် သဲကန္တာရသည် နေရာတိုင်း၌ လူဆိတ်ညံနေ၏။ ရံဖန်ရံခါတွင် သစ်ပင်အချို့နှင့် မြေဆီလွှာများကို တွေံရတတ်သည်။ အေးစက်သောလပြင်းတိုက်ခိုက်မှုအောက်တွင် ၎င်းတို့အားလုံး တုန်ယင်နေကြ၏။ သစ်ပင်များပေါ်တွင် တွဲလောင်းကျနေသော ရေခဲများကိုပင် ဝိုးတဝါးမြင်တွေ့နိုင်သည်။

ဤအခိုက်အတန့်တွင် လူခြောက်ယောက် ပေါ်လာသည်။ ၎င်းတို့ထဲမှ ငါးဦးသည် အနက်ရောင် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထား၍ တစ်ယောက်သည်မူ၊ တိုက်ပွဲဝတ်ရုံကို ဝတ်ဆင်ထားသည်။ တိုက်ပွဲဝတ်လုံကို ဝတ်ဆင်ထားသော သူ၏ နောက်ကြောတွင် သူ့တမျှကြီးမားသော ဓားရှည်ကြီးတစ်ချောင်းရှိသည်။

ဤလူများသည် ချူးယွင်ဖန်းနှင့် သူ့အဖွဲ့မှလွဲ၍ အခြားမဟုတ်ပေ။

“ဒီအာတိတ်သဲကန္တာရက အေးခဲနေတယ်၊ ငါဒီကို အကြိမ်ပေါင်းများစွာရောက်ဖူးပေမယ့် အမြဲတမ်း ဒီမှာအေးခဲပြီးသေရတော့မယ်လို့ ခံစားရတယ်” လင်းကျို့ချီက အော်လိုက်သည်။ သူ့စကားများသည် မြူခိုးဖြူများအောက်တွင် ဖုံးလွှမ်းသွား၏။ ဤနေရာရှိ ရာသီဥတုသည် အလွန်အေးခဲလှသည်ဖြစ်ရာ၊ ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ ဝတ်ဆင်ထားသော ချပ်ဝတ်တန်ဆာသည် အဆင့်မြင့်နည်းပညာသုံး သလင်းကျောက်ဖြင့် ပြုလုပ်ထားသည်ဖြစ်၍ ၎င်း၏ အပူချိန်ကို ချိန်ညှိနိုင်သည်။ သို့ထိတိုင်၊ အေးစက်သောလေသည် ၎င်းတို့၏ ခန္ဓာကိုယ်သို့ တိုက်ခတ်လျက်ရှိရာ၊ မသာယာလှပေ”

လင်းကျို့ချီက ဤသို့ပြော၍ ချူးယွင်ဖန်းကို လှမ်းကြည့်လိုက်သည်။ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားသော အခြားလူတိုင်းသည် အလွန်အေးစက်နေသော်လည်း ချူးယွင်ဖန်းသည်မူ၊ တိုက်ပွဲဝတ်ရုံကိုသာဝတ်ဆင်ထားသည့်တိုင် ရာသီဥတုက သူ့အပေါ်သို့ မည်သို့မျှ သက်ရောက်မှ မရှိပုံပေါ်၏။

ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အအေးဓာတ်ကို တွန်းလှန်ရန်အတွက် မှိန်ဖျော့သော စွမ်းအင်စက်ဝန်းတစ်ခု ထုတ်ပေးနေကြောင်း မြင်နိုင်၏။ မှန်သည်။ ၎င်းတို့သည်လည်း ဤသို့လုပ်နိုင်ကြသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းသည် စွမ်းအင်ကို အလွန်အကျွံကုန်ဆုံးစေသဖြင့်၊ မရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူတစ်ဦး၏ စွမ်းအင် ပြန်လည် ဖြည့်တင်းနှုန်းဖြင့်ပင်လျှင်၊ ၎င်းတို့ အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် ခက်ခဲလိမ့်မည်ဖြစ်၏။

အလွန်အန္တရာယ်များသော ပတ်ဝန်းကျင်တွင် လူတစ်ယောက်၏ စစ်မှန်သော စွမ်းအင်ကို အချိန်မီ ပြန်လည်မရရှိနိုင်ပါက၊ အချိန်မရွေး အန္တရာယ်ရှိသော အခြေအနေတွင် အဆုံးသတ်သွားနိုင်သည်။

သို့သော် ချူးယွင်ဖန်းသည်မူ ကွဲပြားလှ၏။ သူ၏ ပြန်လည်ကောင်းမွန်လာမှုအရှိန်သည် အံ့မခန်းပင်ဖြစ်သည်။ သူကျင့်ကြံခဲ့သော နတ်ဘုရားကျင့်စဥ် သို့မဟုတ်၊ ဧကရာဇ်ခန္ဓာနည်းစနစ် ၏ ပြန်လည်ကောင်းမွန်မှုအရှိန်ကြောင့် ချူးယွင်ဖန်းသည် အမြဲတည်ငြိမ်နေ၍ စိတ်အနှောက်အယှက်ဖြစ်ခြင်းမရှိကြောင်း သူတို့ပြောနိုင်ကြသည်။ သူသည် ချီစွမ်းအင်အနည်းငယ်မျှ လျော့နည်းသွားသည့်ပုံမပေါ်ပေ။

လူအုပ်သည် ချူးယွင်ဖန်း၏ ကျင့်ကြံမှုနှင့် ပတ်သက်၍ စူးစမ်းလိုစိတ်တစ်ခု ဖြစ်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

“ချူးယွင်ဖန်း မင်းက အရမ်းတည်ငြိမ်လွန်းတယ်။ မင်းရဲ့ ချီစွမ်းအင်တွေ ကုန်သွားမှာ မင်းမကြောက်ဘူးလား။ မင်းရဲ့ကျင့်ကြံရေးက ငါတို့ထက်အများကြီး ပိုသာတာပဲ” ဟုရှန်းလင်ကပြောသည်။ သူမ၏ မျက်လုံးများသည် မနာလိုမှုများဖြင့် ပြည့်နေ၏။ သူတို့၏ ချပ်ဝတ်တန်ဆာများသည် အပူချိန်ကို ချိန်ညှိနိုင်ကြသော်လည်း ချီစွမ်းအင်ဖြင့်ထိန်းညှိထားသော ချူးယွင်ဖန်းကဲ့သို့ မနွေးထွေးပေ။ သူသည် မအေးနိုင်ရုံသာမက၊ လေနှင့် သဲများကိုလည်း ခုခံနိုင်သည်။

ကျန်သောသူများသည် စိတ်မကောင်းဖြစ်နေကြသည်။ ချူးယွင်ဖန်းသည် ပြစ်ချက်ကင်း၍ ၎င်းတို့နှင့် သိသာစွာကွာခြားသော တစ်ဦးတည်းသောသူဖြစ်သည်။

“ဒီလောက်လေးနက်တဲ့ ကျင့်ကြံရေးခွန်အားမျိုးရှိတော့ရော ဘာထူးလဲ။ ဒီလိုနေရာမျိုးမှာ အန္တရာယ်အများကြီးရှိတယ်။ မင်းရဲ့ ချပ်ဝတ်တန်ဆာကို မဝတ်လာရင် တစ်ယောက်ယောက် ထိုးသတ်တာ ခံရလိမ့်မယ်။ အဲ့ကျမှ မင်းကို သတိမပေးဘူးဆိုပြီး ငါတို့ကို အပြစ်မတင်နဲ့” လောင်ဖန်းက ဤသည်ကို မြင်သောအခါ၊ မျက်နှာထက်တွင် မနာလိုစိတ်အငွေ့အသက်များ ပြည့်နှက်စွာဖြင့် ပြောလိုက်သည်။

“ဒီမှာ ရာသီဥတု အရမ်းအေးရုံတင်မကဘူး။ အဝါရောင်သဲအောက်မှဦ ကန္တာရ ကင်းမြီးကောက်တွေလည်းရှိတယ်။ ကင်းမြီးကောက်တွေ ကိုက်ခံရရင် နတ်ဘုရားတောင် အသုံးမဝင်ဘူး။ မိုက်ချင်ရောင်ဆောင်နေတော့ရော ဘာအသုံးဝင်မှာလဲ”

လူတိုင်းက ချူးယွင်ဖန်းကို အနည်းငယ်ထူးဆန်းစွာကြည့်လိုက်ကြသည်။ နောက်ဆုံးတွင်မူ၊ သံချပ်ကာဝတ်ဆင်ခြင်း၍ ၎င်းတို့ ခန္တာကိုယ်၏ အပူချိန်ကို ထိန်းညှိခြင်းသည် အသေးအမွှားကိစ္စတစ်ခုသာဖြစ်သည်။

ချူးယွင်ဖန်းက ပြုံးရုံသာပြုံး၍ လောင်ဖန်း၏ မှတ်ချက်ကို လျစ်လျူရှု့လိုက်သည်။ သူသည် သူအချက်အလက်စနစ်တွင် အာတိတ်သဲကန္တာရအကြောင်း အချက်အလက်အချို့ကို ရှာဖွေလျက်ရှိသည်။ အာတိတ်သဲကန္တာရသည် လူသားတို့သိမ်းပိုက်ထားသော နယ်မြေ၏ အနောက်မြောက်ဘက်တွင်တည်ရှိသည်။ ဤနေရာ၏ ပတ်ဝန်းကျင်သည် အလွန်ကြမ်းတမ်းလှသည်ဖြစ်ကာ၊ ဤသဲကန္တာရသည် မိုင်ပေါင်း ရာထောင်ချီ၍ ကျယ်ဝန်း၏။

ဤနေရာသည် ပြည်ထောင်စု၏တပ်ဖွဲ့များ အပြည့်အဝမသိမ်းပိုက်နိုင်သေးသော နေရာဖြစ်သည်။ ထို့ကြောင့် ဤနေရာသည် အန္တရာယ်ရှိသူများ စုဝေးနေသည့်နေရာတစ်ခုဖြစ်၏။ ဤနေရာတွင် အခိုင်အမာရှိနေ‌သောအများအပြားမှာ နတ်ဆိုးဂိုဏ်းမှလူများသာမကပေ။ နတ်ဆိုးဂိုဏ်းအပြင်၊ ဤနေရာတွင် အခြေစိုက်နေသော ပြည်ထောင်စုကို ဆန့်ကျင်သည့် နတ်ဆိုးဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းများစွာရှိသည်။

ထိုဂိုဏ်းများမှလွဲ၍ မရေမတွက်နိုင်အောင် များပြားလှသော သံပင်လယ်ဓားပြများကိုလည်း မဖယ်ရှားနိုင်ကြသေးပေ။ ဤသဲပင်လယ်ဓားပြများသည် ၎င်းတို့၏ အင်အားအရှိဆုံးအခြေအနေတွင်ရှိနေကြခြင်းဖြစ်ရာ၊ ၎င်းတို့၏ လူဦးရေသည် ဆယ်သန်းကျော်ရှိ၍ သဲပင်လယ်ဓားပြနိုင်ငံတော်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ၎င်းတို့သည် ပြည်ထောင်စုတစ်ခုလုံးကို ချေမှုန်း၍ လူ့အဖွဲ့အစည်းကို အုပ်ချုပ်ရန် စိတ်ကူးယဥ်ခဲံကြသည်။

မှန်သည်။ ၎င်းတို့သည် ပြည်ထောင်စု၏ မြန်ဆန်စွာ ကိုင်တွယ်ခြင်းခံရ၍ ကြမ်းတမ်းသော သင်ခန်းစာကို သင်ကြားခံခဲ့ရသည်။ ကြီးမားသော သဲပင်လယ်ဓားပြနိုင်ငံသည် နေ့ချင်းညချင်း ပြိုကွဲသွား၍ အဖွဲပေါင်းများစွာ ကွဲသွားခဲ့သည်။ သို့သော် သဲပင်လယ်ဓားပြများသည် အာတိတ်သဲကန္တာရတစ်ခုလုံးတွင် စွမ်းအားအရှိဆုံး အင်အားစုတစ်ခုဖြစ်သည်။ ပြည်ထောင်စုကပင် ၎င်းတို့ကို အပြည့်အဝရှင်းလင်းပစ်ရန် ခက်ခဲလျက်ရှိသဖြင့်၊ အာတိတ်သဲကန္တာရမပျက်စီးသရွေ့၊ ၎င်းတို့ကို မျက်နှာလွှဲထား၍သာရနိုင်၏။

ဤအန္တရာယ်များအပြင် အာတိတ်သဲကန္တာရ၏ ပတ်ဝန်းကျင်သည် အလွန် အန္တရာယ်ရှိသည်။ ကြောက်မက်ဖွယ်ကောင်းသော မွန်းစတားမျိုးစုံနှင့် မရေမတွက်နိုင်အောင် များပြားလှသော အဆိပ်ရှိ အင်းဆက်များစွာသည်လည်း လှည့်လည်သွားလာနေကြ၏။ အကိုက်ခံရပါက၊ လက်တစ်ဖက်လုံး ယောင်ကိုင်းယားယံလာပေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် အာတိတ်သဲကန္တာရသို့ ဝင်ရောက်လာသူအများစုသည် ဤသို့သော ပြဿနာများကို ရှောင်ရှားနိုင်ရန် ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကြရသည်။ သို့သော် ချူးယွင်ဖန်းသည်မူ ကွဲပြား၏။ သူ၏ ချီစွမ်းအင် ပြန်လည်ဖြည့်တင်းနှုန်းသည် အလွန်လျင်မြန်လှသည်။ ဤကဲ့သို့ တိုက်ပွဲမဖြစ်နေသော အခြေအနေမျိုးတွင် အလွန်လျင်မြန်စွာပြန်လည် ကောင်းမွန်လာ၏။ ထို့ကြောင့် သူသည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်းမရှိပေ။

လောင်ဖန်းသည် ချူးယွင်ဖန်းက သူ့ကို လျစ်လျူရှု့ထားသည်ကို တွေ့လိုက်ရသောကြောင့် တဆတ်ဆတ်တုန်ယင်လျက်ရှိသည်။ လူတိုင်းသည် ရှေ့သို့ ဆက်လျှောက်သွားကြကာ၊ ရုတ်တရက် သူတို့ရှေ့တွင် ကင်းထောက်နေသည့် ဟုရှန်းလင်ထံမှ အော်သံထွက်ပေါ်လာ၏။

All Chapters