အခန်း (၄၄၅-၄၄၇)
Vol. 30 Ch. 445-447
အခန်း(၄၄၅) ကြမ်းတမ်းသော သဲပင်လယ်ဓားပြများ
အားလုံးသည် ဟုရှန်းလင်၏ နံဘေးသို့ အမြန်ပြေးလာကြသောအခါ၊ မြေပြင်ပေါ်တွင် အလောင်းများ ပြန့်ကျဲနေသည်ကို တွေ့လိုက်ရ၏။ အတိအကျပြောရလျှင်၊ ၎င်းတို့သည် မကြာသေးမီကမှ အသတ်ခံခဲ့ရသော အမျိုးသားနှင့် အမျိုးသမီး အလောင်းများဖြစ်ကြသည်။ ၎င်းတို့ စုစုပေါင်းတစ်ဒါဇင်ခန့်မျှရှိသည်ဖြစ်ရာ သေဆုံးသွားကြသောပုံများသည် အလွန်ဝမ်းနည်းဖွယ်ကောင်းလှ၏။
အမျိုးသားများသည် ခြေလက်များ ပြတ်တောက်၍ အမျိုးသမီးများသည် ပို၍ပင် သနားဖွယ်ကောင်းသောအခြေအနေမျိုးတွင် သေဆုံးနေကြသည်။ ၎င်းတို့ မသေခင်တွင် ကြီးမားသော အရှက်ကွဲဖွယ်စော်ကားမှုများကို ခံခဲ့ကြရကြောင်း သိသာထင်ရှား၏။ သို့သော် အဆုံးသတ်တွင်မူ ၎င်းတို့၏ ဦးခေါင်းများ ဖြတ်တောက်ခံထားရသည်။ လတ်ဆတ်သောသွေးများသည် အပြည့်အဝ မခြောက်သေးကြသဖြင့်၊ မကြာသေးမီကမှ အသတ်ခံခဲ့ကြရခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။
အဝေးတွင်မူ၊ သွေးရနံ့ကို ရှုရှုက်နေကြသော မွန်းစတားများရှိနေ၏။
“ဘယ်လောက်တောင် ရက်စက်လိုက်သလဲ”
ချူးယွင်ဖန်းသည် အသက်ရှူကြပ်လာသကဲ့သို့ ခံစားနေရသည်။ သူသည် ယခင်က မည်သူ့ကိုမျှ မသတ်ဖြတ်ဖူးသည့် လူသစ်လေးတစ်ယောက်မဟုတ်သော်လည်း သူသတ်ခဲ့သောသူအများစုသည် သိုင်းကွက်အနည်းငယ်အတွင်းတွင် အသတ်ခံခဲ့ကြရခြင်းဖြစ်သည်။ သို့သော် ဤလူအုပ်သည်မူ၊ သေသည်အထိ ညှင်းပန်းနှိပ်စက်ခံခဲ့ရကြောင်း ထင်ရှား၏။ ဤသို့သော ရက်စက်ကြမ်းကြုတ်မှုမျိုးကို စိတ်ကူး၍ပင် မရနိုင်ပေ။
ရုပ်ရှင်ဇာတ်လမ်းတွဲများမှ ဤနှိပ်စက်ရေးနည်းလမ်းများသည် ငြီးငွေ့ဖွယ်ရိုးစင်းလွန်းလှ၏။ ဤသည်ကား လုံးဝစိတ်ကူးယဥ်၍ မရနိုင်ပေ။
“ဒါက သဲပင်လယ်ဓားပြတွေပဲ၊ အာတိတ်သဲကန္တာရမှာ သဲပင်လယ်ဓားပြတွေကပဲ လူတွေကို ကြမ်းကြမ်းတမ်းတမ်း နှိပ်စက်ညှင်းပန်းသတ်ဖြတ်တတ်တာ” ရှယင်းယင်း၏ မျက်နှာသည် အလွန် ညစ်ညူးလျက်ရှိသည်။ ဤလူများသည် သဲပင်လယ်ဓားပြများ၏ လက်ချက်ကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု သူမ ကောက်ချက်ချထားပြီးဖြစ်သည်။
ဤသေဆုံးသူများ၏ သနားဖွယ်ကောင်းသောအခြေအနေသည် လူသတ်သမားဆိုသည့် အဓိပ္ပါယ်ကို ချူးယွင်ဖန်းကို နက်ရှိုင်းစွာသရုပ်ဖော်ပြခဲ့ခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် လူများစွာကို သတ်ဖူးသော်လည်း ထိုသို့ ပြုလုပ်ရန် ရည်ရွယ်ချက်ရှိခဲ့ခြင်းမဟုတ်ပေ။ သူသည် မိမိကိုယ်မိမိ ခုခံကာကွယ်ရန်အတွက်သာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဤသဲပင်လယ်ဓားပြများသည်မူ လုံးဝခြားနားသော ကိစ္စတစ်ခုဖြစ်၏။ ၎င်းတို့တွင် အသိတရားမရှိသကဲ့သို့ပင်၊ သူတို့အတွက် သတ်ဖြတ်ခြင်းသည် နေ့စဥ်လုပ်ရိုးလုပ်စဥ်တစ်ခုဖြစ်၏။ ထို့အပြင် ၎င်းတို့သည် လူသတ်ခြင်းတွင် ပျော်မွေ့ကြသည်။ ဤလူများသည် သေခြင်း၏အစွန်းတစ်ဖက်ကဲ့သို့သောအခြေအနေမျိုးတွင် အမြဲတစေရှိနေကြသောသူများဖြစ်သဖြင့်၊ ၎င်းတို့၏ စိတ်ဓာတ်များသည်လည်း ကောက်ကျစ်ယုတ်မာလာကြသည်။ ထို့ကြောင့် ၎င်းတို့တွင် ဆင်ခြင်တုံတရားလည်း မရှိကြပေ။
“မှန်တယ်၊ အဲ့လူတွေပဲ ဒီလောက်ယုတ်မာကောက်ကျစ်နိုင်တာ။ ငါတို့ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတွေလည်း သဲပင်လယ်ဓားပြတွေကို တွေ့တဲ့အခါ၊ အမြဲရှင်းပစ်ဖို့ တာဝန်ရှိတယ်” သူ့ရှေ့မှ မြင်ကွင်းကို မြင်၍ ရှဖန်၏ မျက်နှာတစ်ခုလုံး ပြာနှမ်းသွားသည်။
ဤကျောင်းသားများ၏ ခွန်အားသည် သာမန်ကြေးစားစစ်သားများ၊ စူးစမ်းရှာဖွေသူများနှင့် မွန်းစတားမုဆိုးများထက် များစွာသာလွန်သည်။ သို့သော် တိုက်ပွဲအတွေအကြုံအရဆိုလျှင်၊ အလောင်းကောင်များနှင့် သွေးပင်လယ်ကြားမှ တောင်တန်းများကို ဖြတ်၍ တိုက်ခိုက်ခဲ့သော သက်တမ်းရင့် စစ်မှုထမ်းဟောင်းများနှင့် နှိုင်းယှဥ်၍ မရပေ။ ထိုသို့ အရည်အချင်းရှိသော စစ်မှုထမ်းဟောင်းများသည် ဤသို့သော မြင်ကွင်းမျိုးကို မျက်တောင်ပင် ခတ်ကြလိမ့်မည်မဟုတ်ပေ။
“ဒီသဲပင်လယ်ဓားပြတွေက ရက်စက်လွန်းတယ်။ လူတွေကို သတ်ပြီး ဖုံးကွယ်ထားဖို့တောင် စိတ်မဝင်စားတော့ဘူး” လင်းကျုချီက မြေပြင်ပေါ်ရှိ အလောင်းများကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်သည်။
လောင်ဖန်း၏ မျက်နှာသည်ပင်လျှင် အလွန်ရုပ်ပျက်ဆင်းပျက်ဖြစ်နေ၏။ ဤသဲပင်လယ်ဓားပြများ၏ လူသတ်ပုံသည် အလွန်ရက်စက်ကြမ်းကြုတ်လှလွန်းသဖြင့်၊ သူ့နားလည်မှုကို ကျော်လွန်သွားခဲ့သည်။ ဤသည်မှာ ဤကျောင်းသားများဝင်ပါ၍ရသော ပြဿနာမျိုးနှင့် နှိုင်းယှဥ်၍ ရနိုင်မည်မဟုတ်ပေ။
“သူတို့အားလုံးကို ငါတို့ သတ်ကြမယ်” ချူးယွင်ဖန်းက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်ခြင်းဖြစ်သော်လည်း သူ့မျက်လုံးများတွင် ဒေါသမီးတောက်များ ပြည့်နှက်နေသည်။ တောထဲရှိ ကြေးစားအများစုသည် လူများကို သတ်ဖြတ်၍ ၎င်းတို့၏ ကုန်ပစ္စည်းများကို ခိုးယူလေ့ရှိသော်လည်း ဤသဲပင်လယ်ဓားပြများ၏ လုပ်ရပ်နှင့် နှိုင်းယှဥ်လျှင်၊ ၎င်းသည် ကလေးကစားသကဲ့သို့သာထင်ရ၏။
ထို့အပြင် ချူးယွင်ဖန်းသည် ဤသဲပင်လယ်ဓားပြများ လူသားစားသည့်ဓလေ့ရှိကြောင်းကို ဖတ်ရှု့ခဲ့ဖူးသည်။ အစောပိုင်းနှစ်များတွင် ပြည်ထောင်စု၏ ပိတ်ပင်မှုကြောင့် ၎င်းတို့၏ စားနပ်ရိက္ခာအရင်းအမြစ်များ သိသိသာသာ လျော့ကျသွားသောကြောင့် ဤကဲ့သို့ လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ ယခုမူ၊ ယင်းသည် သဲပင်လယ်ဓားပြများ၏ အစဥ်အလာဖြစ်လာ၏။
ဤလူများကို လူသားများဟုခေါ်မည့်အစား၊ လူ့အရေပြားရှိသော မွန်းစတားများစုဆိုခြင်းသည် ပို၍ မှန်ပေလိမ့်မည်။ ချူးယွင်ဖန်းသည် သဲပင်လယ်ဓားပြတိုင်းကို သုတ်သင်ရန်မဖြစ်နိုင်သော်လည်း ယခု ထိုသူတို့နှင့်အတူ၊ လမ်းတစ်ကြောထဲပေါ်သို့ ရောက်နေပြီဖြစ်သောကြောင့် ထိုသူများကို ဤအတိုင်းအလွတ်မပေးလိုက်ချင်ပေ။
“ကောင်းပြီ။ ငါတို့တွေ ဒီသဲပင်လယ်ဓားပြကို သတ်ပစ်ဖို့ ငါအဆိုပြုချင်တယ်၊ ကန့်ကွက်ချင်တဲ့လူရှိလား” ရှယင်းယင်းက မေးလိုက်သည်။ လူတိုင်း၏ ဒေါသမီးများ ဆူပွက်တောက်လောင်နေသဖြင့်၊ မည်သူကမျှ မကန့်ကွက်ကြပေ။
၎င်းတို့အားလုံး စိတ်ပြင်ဆင်ပြီးကြသောအခါ၊ ဤသဲပင်လယ်ဓားပြများ ကျန်ရစ်ခဲ့သော ခြေရာများနောက်သို့ လိုက်လာကြသည် အလောင်းများနှင့် ပတ်သက်၍မူ သူတို့လည်း မဖြေရှင်းနိုင်ခဲ့ကြပေ။ အကယ်၍ ၎င်းတို့သာ အလောင်းများကို မြှုပ်နှံပေးခဲ့လျှင်ပင်၊ မွန်းစတားများက ယင်းတို့ကို လျင်မြန်စွာတူးဖော်၍ စားသောက်ကြပေလိမ့်မည်ဖြစ်၏။ သာမန်သားရဲများကို ကိုင်တွယ်သည့်နည်းလမ်းများသည် ဤမွန်းစတားများနှင့် ရင်ဆိုင်ရာတွင် အသုံးဝင်လိမ့်မည်မဟုတ်ပေ။ သို့သော် ဤသို့လာရန် ရွေးချယ်ခဲ့သော သူမှန်သမျှသည် ဤနေရာတွင်သေရန် အဆင်သင့်ဖြစ်နေကြီပြီးဖြစ်၏။
အဖွဲ့သည် လျင်မြန်စွာလှုပ်ရှား၍ သဲပင်လယ်ဓားပြများ၏နောက်သို့ လိုက်ခဲ့ကြသည်။ ခဏအကြာတွင် ညသည် မှောင်မိုက်လာ၏။ နောက်ဆုံးတွင် ထိုအဖွဲ့သည် တောင်ကုန်းငယ်တစ်ခု၏ နောက်တွင်ရှိသော သဲပင်လယ်ဓားပြများကို အမှီလိုက်နိုင်ခဲ့၏။
သဲပင်လယ်ဓားပြအရေအတွက်သည် လေးဆယ်မှ ငါးဆယ်ခန့်ရှိ၍ ၎င်းတို့အားလုံးမှာ အနည်းဆုံး စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်ရှိနေကြသည်။ ၎င်းတို့၏ ကျင့်ကြံမှုသည် လေးနက်၍ တိုက်ပွဲအတွေ့အကြုံကြွယ်ဝသည်။ ၎င်းတို့တစ်ဦးစီသည် အလွန်ပြင်းထန်သော အရှိန်အဝါများကို သယ်ဆောင်ထားကြသည်။ ဤသဲပင်လယ်ဓားပြခေါင်းဆောင်သည် အသက်သုံးဆယ်မှ လေးဆယ်ခန့်ရှိပြီဖြစ်၍ သူ့ထံမှ ဖြာထွက်လာသော ရောင်ဝါသည် အခြားသူများ၏ရောင်ဝါထက် ပိုမိုပြင်းထန်၍ မရီးဒျန်သန့်စင်ခြင်းအဆင့်တွင်ရှိနေပြီဖြစ်သည်။ သေးငယ်သော စစ်မှုထမ်းဟောင်းအဖွဲ့တစ်ပွဲသည်ပင်လျှင် ဤအဆင့် သဲပင်လယ်ဓားပြနှင့် နှိုင်းယှဥ်နိုင်လိမ့်မည်မဟုတ်ဘဲ၊ ထွက်ပြေးရန်သာတတ်နိုင်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် သဲပင်လယ်ဓားပြများသည် အနှိုင်းမဲ့နေခြင်းဖြစ်သည်။ ၎င်းတို့ကို ဖြတ်ကျော်ရန် လာသူများအားလုံးသည် ၎င်းတို့၏ လက်ချက်ဖြင့် သေဆုံးသွားကြသည်။ ယခုပင်လျှင်၊ ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဆွေးနွေးနေကြတုန်းဖြစ်သည်။
“ဒီနေ့ငါတို့ ကောင်းကောင်းအညှာခြွေနိုင်ခဲ့တာပဲ၊ အဲ့ခွေးမက တကယ်ကို သတ္တိရှိရှိ ခုခံရဲတယ်။ ကျစ်…ကျစ်”
“ဒေါသထွက်နေတဲ့ မိန်းမတွေက စိတ်ဝင်စားဖို့ အကောင်းဆုံးပဲ။ နူးညံ့တဲ့အသားအရည်နဲ့ ချောမွတ်တဲ့အသားရှိတဲ့ နိုင်ငံခြားမိန်းမတွေက အာတိတ်သဲကန္တာရမှာကြီးလာတဲ့လူတွေထက် အများကြီးသာတယ်”
“သူတို့ကို မြန်မြန်သတ်လိုက်မိတာ နှမျောဖို့ကောင်းတယ်။ နောက်ထပ်ရက်နည်းနည်းလောက် စကားဖို့ ပြန်ခေါ်ခဲ့ရမှာ။ စားစရာမရှိရင်လည်း ငါတို့သူတို့ကို စားလိုက်လို့ရတယ်”
သဲပင်လယ်ဓားပြများ၏ စကားသံများဖြစ်သည်။
“မင်းတို့ အရူးတွေ၊ ခေတ်တွေပြောင်းသွားပြီကွ ပြည်ထောင်စုက မြို့ကြီးတစ်မြို့က မကြာသေးခင်ကမှ တိုက်ခိုက်ခံရပြီးတော့ လူပေါင်းတစ်သန်းကျော်လောက် မွန်းစတားတွေစားတာခံလိုက်ရတယ်။ ပြည်ထောင်စုအကြောင်း သိထားသလောက်၊ သူတို့တွေ ဒီကိစ္စကို သေချာပေါက်လက်စားချေဖို့လုပ်မှာပဲ” သဲပင်လယ်ဓားပြခေါင်းဆော်က အေးစက်ကွဲအက်နေသောအသံဖြင့် ပြောလိုက်သည်။
“ချီးပဲ၊ သူတို့ လက်စားချေဖို့လုပ်တိုင်း ပထမဆုံးသွားမယ့်နေရာက အာတိတ်သဲကန္တာရပဲ။ ပြီးခဲ့တဲ့ ရက်တွေထဲမှာ တပ်ဖွဲ့ဝင်တော်တော်များများက ဒီဧရိယာကို ပြန်သိမ်းယူဖို့ အာတိတ်သဲကန္တာရကို ရောက်လာကြတယ်လို့ သတင်းရထားသေးတယ်။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတွေကလည်း အဖွဲ့တွေဖွဲ့ပြီး ဝင်လာကြတယ်။ အင်အားကြီးလူထုခေါင်းဆောင်တဲ့အဖွဲ့ကြီးတွေတောင်မှ ငါတို့ကို လိုက်ဖမ်းဖို့ လူတွေလွှတ်ထားတယ်။
“အခြေအနေက အခု အန္တရာယ်များနေပြီ၊ ဒီကိစ္စပြီးရင် ငါတို့ မြို့တော်ကို ပြန်ပြီး ခဏလောက်ပုန်းနေပြီး သူတို့သေတဲ့သတင်းကြားမှ ပြန်ထွက်လာတာပိုကောင်းလိမ့်မယ်”
“ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသားတွေဟုတ်လား။ ဟားဟားဟား အဲ့တာ မကောင်းဘူး။ ငါ ထိပ်တန်းတက္ကသိုလ်ဆယ်ခုက ကျောင်းသားတွေနဲ့ ကစားဖူးပေမယ့် သူတို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ပြည်ထောင်စုတက္ကသိုလ်ရဲ့ ကျောင်းသူတွေနဲ့တော့ မကစားဖူးဘူး။ သူတို့ တော်တော်ကောင်းတယ်လို့ ခံစားရမှာသေချာတယ်” သဲပင်လယ်ဓားပြများထဲမှ တစ်ယောက်က မျက်နှာမာဖြင့်ပြောလိုက်သည်။
“ပြည်ထောင်စုတက္ကသိုလ်က ကျောင်းသူတွေက ကိုင်တွယ်ရတာ မလွယ်ဘူး။ ငါ နည်းနည်းပဲသတ်နိုင်ခဲ့တဲ့ အခြားထိပ်တန်းတက္ကသိုလ် ဆယ်ခုက ကျောင်းသားတွေနဲ့မတူဘူး။ ဒီကိစ္စတွေပြီးရင် ငါသေချာပေါက် အခြားအလုပ်တစ်ခုရှာမယ်” အခြား သဲပင်လယ်ဓားပြတစ်ဦးက ပြောသည်။
“အခြားအလုပ်ဟုတ်လား၊ မင်းမှာ အခွင့်အရေးရှိမယ်ထင်လို့လား”
ရုတ်တရက် အေးစက်သောအသံတစ်ခုနှင့်အတူ၊ တောင်ကုန်း၏ အခြားတစ်ဖက်မှ ပုံရိပ်အချို့ပေါ်လာသည်။ ၎င်းတို့သည် ချူးယွင်ဖန်းနှင့် အခြားသူများသာဖြစ်၏။
“ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတွေ”
ဤသဲပင်လယ်ဓားပြများသည် အဖွဲ့၏ အဝတ်အစားများပေါ်မှ သင်္ကေတများကို ၎င်းတို့၏ ရှာဖွေရေးမီးများဖြင့် မြင်လိုက်ကြရသည်။ ၎င်းသည် ပြည်ထောင်စုတက္ကသိုလ်၏ သင်္ကေတဖြစ်ကြောင်း မြင်လိုက်ရသဖြင့်၊ သူတို့အားလုံး ထိတ်လန့်ကုန်ကြ၏။
ကျောင်းသားများအားလုံးထဲတွင် ပြဿနာအများဆုံးမှာ ပြည်ထောင်စုတက္ကသိုလ်မှ ကျောင်းသားများပင်ဖြစ်သည်။
အခန်း(၄၄၆) တစ်ချက်တည်း ချက်ချင်းသတ်ခြင်း
သဲပင်လယ်ဓားပြများသည် ချူးယွင်ဖန်းနှင့် သူ၏ အဖွဲ့သားများကို မြင်လိုက်ရသောအခါ၊ ၎င်းတို့၏ မျက်နှာထက်တွင်ပူပန်မှုများဖြင့် ပြည့်နှက်သွားကြသည်။ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများသည် ဤနေရာသို့ လာရောက်ကြမည့် ကျောင်းသားများအနက်မှ ပြဿနာအများဆုံး ကျောင်းသားများဖြစ်သည်။
ချူးယွင်ဖန်း၏ အဖွဲ့တွင် လူအနည်းငယ်သာ ပါဝင်ကြောင်းသိလိုက်ရသောအခါတွင်မူ၊ ၎င်းတို့ ပို၍ လွယ်ကူလိမ့်မည်ဟု ခံစားလိုက်ကြရသည်။ မိမိတို့အဖွဲ့တွင် ချူးယွင်ဖန်းတို့ထက် ဆယ်ဆပိုများသော ပမာဏ၊ စုစုပေါင်း ဒါဇင်ပေါင်းများစွာရှိနေ၏။ ၎င်းတို့တွင် ကဏ္ဍပေါင်းစုံ၌ အားသာမှရှိသည်။
“သူတို့ကို ဖမ်းစမ်း၊ ဒီလောက်လူလေးနဲ့ ငါတို့ကို ရန်စရဲတယ်ပေါ့၊အကုန်လုံးကို သတ်ပစ်လိုက်”
ချူးယွင်ဖန်း၏ အဖွဲ့တွင် လူဒါဇင်ဝက်မျှသာရှိကြောင်း ပင်လယ်ဓားပြများက မြင်လိုက်သောအခါတွင် ရက်စက်ကြမ်းကြုတ်သော အမူအရာများ ချက်ချင်း ပေါ်ထွက်လာသည်။ ဟုရှန်းလင်ကို မြင်လိုက်ရသောအခါတွင် ၎င်းတို့၏ အမူအရာများမှာ အထူးရိုင်းစိုင်းလာကြသည်။
“ဒီမှာသေရမှာ မင်းတို့တွေပဲကွ” ချူးယွင်ဖန်းက အံကြိတ်၍ တစ်လုံးချင်းစီပြောလိုက်သည်။ သူသည် သဲပင်လယ်ဓားပြများ၏ အလယ်တွင်ရပ်နေသော သဲပင်လယ်ဓားပြခေါင်းဆောင်ကို စူးရဲစွာစိုက်ကြည့်နေသည်။ ထိုအချိန်တွင် သူ၏ အဖွဲ့သားများက ရှေ့သို့တစ်ရှိန်ထိုး ပြေးလာကြရာ၊ တောင်ပေါ်မှ ဆင်းသက်လာသော ရက်စက်ကြမ်းကြုတ်သည့် ကြားများကဲ့သို့ ချီတက်လာသည်။
သဲပင်လယ်ဓားပြများသည် ၎င်းတို့၏ အရေအတွက်ကို အားကိုးခြင်းဖြင့် ဤကျောင်းသားများကို အလွယ်တကူ အနိုင်ရနိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ ၎င်းတို့သည် အလောင်းတောင်များနှင့် သွေးပင်လယ်များ အကြားတွင် တိုက်ခိုက်ခဲ့ကြဖူးသည်။ သို့သော် တိုက်ခိုက်ပြီးပြီးချင်း၊ ၎င်းတို့ မည်မျှ မှားယွင်းနေကြောင်း သိလိုက်ရသည်။ ဤကျောင်းသားများအားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့်ကျွမ်းကျင်သူများဖြစ်ကြသည်။ သဲပင်လယ်ဓားပြများသည် ၎င်းတို့ထက် အရေအတွက်များသော်လည်း အသာစီးမရနိုင်ခဲ့ပေ။ သို့သော် ထိုသဲပင်လယ်ဓားပြများသည် ၎င်းတို့၏ ဓားသွားပေါ်မှသွေးများကို လျှာဖြင့်လျက်ခဲ့ရသည့် နေ့များကိုပင် ဖြတ်သန်းခဲ့ကြဖူးသည်ဖြစ်ရာ၊ အသာစီးမရနိုင်ခဲ့သော်လည်း စိတ်ဓာတ်မကျပေ။ ယင်းက ပို၍ပင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်မှုကို နှိုးဆွနိုင်ခဲ့ရာ၊ ချူးယွင်ဖန်းနှင့် သူ့အဖွဲ့ကို ကြိမ်းဝါး၍ ချီတက်လာကြသည်။
ချူးယွင်ဖန်းသည် သဲပင်လယ်ဓားပြများကြားတွင် အေးအေးလူလူ လမ်းလျှောက်နေသကဲ့သို့ သူ့လှုပ်ရှားမှုများသည် နှေးကွေးနေပုံရသော်လည်း အမှန်တကယ်မှာမူ၊ အလွန်လျင်မြန်လှသည်။ အချိန်တိုအတွင်းတွင် သူသည် သဲပင်လယ်ဓားပြများ၏ အလယ်ဗဟိုသို့ ရောက်ရှိသွား၏။ မျက်စိတစ်မှိတ်အတွင်း၌ပင် ဓားချက်ဒါဇင်ဝက်ခန့် သည် ချူးယွင်ဖန်းထံသို့ ဦးတည်လာ၏။
“ကလေး မင်း သေချင်နေတာလား၊ မင်း ချပ်တတ်တန်ဆာမပါဘဲ ဒီကို လာရဲတာ ငါမယုံနိုင်ဘူး” သဲပင်လယ်ဓားပြတစ်ဦးက ချူးယွင်ဖန်း၏ သေဆုံးမှုကြီးကို မြင်လိုက်ရသကဲ့သို့ သူ့မျက်နှာထက်တွင် ရက်စက်သောအပြုံးတစ်ခု ပေါ်လာသည်။
ချူးယွင်ဖန်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်သည်။ သူ့နောက်ကျောပေါ်မှ ကျူးချွဲ့ကို ချက်ချင်းပင် ဓားအိမ်ထဲမှ ထုတ်လိုက်သည်။ ဤမျှကြီးမားလေးလံသော ဓားကြီးသည် ချူးယွင်ဖန်း၏ လက်ထဲတွင်မူ မည်သည့်အလေးချိန်မျှ ရှိသည့် ပုံမပေါ်လှပေ။
ဓားသံများအဆက်မပြတ်ပေါ်ထွက်လာပြီးနောက်၊ ဤဓားချက်များသည် ကျူးချွဲ့ထံသို့ တိုက်ရိုက်သက်ဆင်းသွားကြသော်လည်း ကြီးမားလှသော ဓားကြီးသည် တစ်လက်မမျှပင် မလှုပ်သွးပေ။ ချူးယွင်ဖန်းက ကျူးချွဲ့ကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားခြင်းဖြစ်သော်လည်း တောင်ကဲ့သို့ တည်ငြိမ်နေသည်။ ၎င်းကို မည်သူမျှ မလှုပ်ယမ်းသွားစေနိုင်ပေ။
“သေချင်နေတာ မင်းတို့ကွ” ချူးယွင်ဖန်းက ရယ်မောလိုက်သည်နှင့် တစ်ပြိုင်နက် ကျူးချွဲ့ကို မြှောက်လိုက်သည်။
“ဓားသခင်”
ချူးယွင်ဖန်းက ကြုံးဝါး၍ ကျူးချွဲ့ကို ဧရာမနဂါးကြီးတစ်ကောင်ကဲ့သို့ ခုတ်ပိုင်းချလိုက်သည်။ ဓားအလင်းသည် ရှေ့တည့်တည့်သို့ စူးစူးစိုက်စိုက် ထိုးဖောက်ဝင်ရောက်ကာ၊ အမြောက်ကျည်တစ်စင်းကဲ့သို့ ကျယ်လောင်စွာ ပေါက်ကွဲသွားသည်။
ကျူးချွဲ့သည် သဲပင်လယ်ဓားပြများထဲမှ တစ်ဦးကို တိုက်ရိုက်ဦးတည်သွားရာ၊ ကြောက်မက်ဖွယ်ကောင်းသော လေလှိုင်းများ ပျံ့လွင့်လာသည်။
“လာ ငါ့ဆီလာ” ဤသဲပင်လယ်ဓားပြက အော်ဟစ်ဟောက်ဟိန်း၍ သူ့ဓားသည် ချူးယွင်ဖန်း ခုတ်ပိုင်းလိုက်သည့် ကျူးချွဲ့ကို တန်ပြန်ခုတ်လှဲလိုက်သည်။
ဘမ်း
ကြီးမားသော အရှိန်အဟုန်ဖြင့် ဤသဲပင်လယ်ဓားပြ၏လက်ထဲမှ ဓားသည် ချက်ချင်း လွင့်ထွက်သွား၏။ သူ၏ လက်ဖဝါသည် ထိုပြင်းထန်သော ထိုးနက်မှုကိုခံစားရ၍ သွေးများ စိုရွဲသွားရသည်။ ချူးယွင်ဖန်း၏ လက်ထဲမှ ကျူးချွဲ့၏ အရှိန်အဟုန်သည် လျော့ကျမသွားသေးဘဲ၊ သဲပင်လယ်ဓားပြ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။
ဘွန်း
သဲပင်လယ်ဓားပြသည် ကြီးမားသော ကျောက်တုံးကြီးတစ်တုံးနှင့် ထိမှန်သွားသကဲ့သို့ ကျယ်လောင်သောအသံကြီးတစ်ခု ပေါ်ထွက်လာသည်။ သူလွင့်ထွက်သွားပြီးနောက်၊ မြေပြင်ပေါ်သို့ လဲကျ၍ မလှုပ်နိုင်တော့ပေ။ သူ့ရင်ဘတ်တစ်ခုလုံးသည် ကြီးမားသောတွန်းအားတစ်ခုဖြင့် ထိမှန်သွားသကဲ့သို့ ထင်ရကာ၊ ဤထိုးနှက်ချက်ကြောင့် သူ၏ အတွင်းအင်္ဂါများ ကြေမွသွားခဲ့သည်။
ဤသဲပင်လယ်ဓားပြများ၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်တွေ့ရပြီးနောက်၊ ချူးယွင်ဖန်းသည် အနည်းငယ်မျှပင် ချူပ်တည်းမထားပေ။ သူ၏ ခွန်အားဖြင့်၊ စွမ်းအင်သန့်စင်ခြင်းအဆင့် သဲပင်လယ်ဓားပြများမဆိုနှင့် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် အခက်တွေ့ရမည်ဖြစ်သည်။
၎င်းတို့ထဲမှ တစ်ဦးကို သတ်ဖြတ်ပြီးနောက်၊ ချူးယွင်ဖန်းသည် မရပ်တန့်ခဲ့ဘဲ၊ ထိုသဲပင်လယ်ဓားပြများအုပ်စုထဲသို့ ပြေးဝင်သွားသည်။ သူ့လက်ထဲမှ ကျူးချွဲ့သည် ကြီးမားသော ရေတံခွန်ကြီးတစ်ခုကဲ့သို့ ဆင်းသက်လာ၏။
သဲပင်လယ်ဓားပြများသည် တုံ့ပြန်ရန်အချိန်ပင်မရှိလိုက်ဘဲ၊ ကျူးချွဲ့ဖြင့် တိုက်ရိုက်ထိမှန်သွားသည်။ သဲပင်လယ်ဓားပြများအားလုံး ချက်ချင်း လွင့်ထွက်သွားကြသည်။ ကျိုးပြတ်သွားသော စွန်တစ်စင်းနှယ် လွင့်ထွက်ကာ၊ မြေပြင်ပေါ်သို့ ကျ၍ သူတို့အားလုံး မလှုပ်နိုင်ကြတော့ပေ။
ဓားချက်တစ်ချက်တည်းဖြင့် နောက်တစ်ကြိမ် ချက်ချင်းသတ်ပစ်လိုက်ခြင်းဖြစ်သည်။
စက္ကန့်အနည်းငယ်အတွင်း၌ ချူးယွင်ဖန်းသည် သဲပင်လယ်ဓားပြခေါင်းဆောင်ရှေ့သို့ရောက်လာ၏။ ခေါင်းဆောင်သည် ချူးယွင်ဖန်းကို ကြည့်ပြီးနောက်၊ သူ၏ လက်အောက်ငယ်သားများကို ကြည့်လိုက်သည်။ သူ၏ လက်အောက်ငယ်သားများအားလုံးသည် စွမ်းအင်သန့်စင်ခြင်းအဆင့်တွင်ရှိနေကြသော်လည်း တိုက်ပွဲပေါင်း ရာနှင့်ချီ၍ ဖြတ်သန်းခဲ့ကြသူများဖြစ်သည်။ အဆင့်တစ်ခုတည်းတွင်ရှိနေသော ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများသည်ပင် ၎င်းတို့ကို ဆန့်ကျင်နိုင်မည်မဟုတ်ပေ။ ယခုမူကား ၎င်းတို့အားလုံးသည် လွယ်ကူစွာဖြင့် သုတ်သင်ခံခဲ့ရသည်။
ဤလူများကို ကြည့်လျှင် ၎င်းတို့၏ အရိုးများထက်ဝက်နီးပါး ကျိုးကြေကုန်၍ အတွင်းအင်္ဂါများအားလုံး ကြေမွသွားသည့်ပုံပေါ်သည်။ ခေါင်းဆောင်ရှေ့တွင် ရပ်နေသူမှာ သိမ်မွေ့နူးညံ့လိမ့်မည်ဟု ထင်ရသော်လည်း သူတိုက်ခိုက်လိုက်သောအခါတွင်မူ၊ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သို့သော် ခေါင်းဆောင်က သူ၏ နောက်ထပ်လှုပ်ရှားမှုကို စဥ်းစားရန်အချခိန်ပင် မရခဲ့ပေ။ ချူးယွင်ဖန်းက သူ့ရှေ့သို့ ရောက်နေပြီဖြစ်၏။ ချူးယွင်ဖန်း၏ လက်ထဲမှ ကျူးချွဲ့သည် ကြီးမားလှသောနဂါးတစ်ကောင်နှင့်တူသည်။ ချူးယွင်ဖန်းသည် ဤတိုက်ခိုက်မှုကို ခေါင်းဆောင်ကို တိုက်ရိုက်ရည်ရွယ်လိုက်ခြင်းဖြစ်သည်။ ချူးယွင်ဖန်း၏ မျက်လုံးများထဲမှ အကြည့်ကို သူခံစားမိနိုင်၏။ သူလွတ်မြောက်နိုင်သော နည်းလမ်းမရှိပေ။ သူသည် အားခဲ၍ သူ့ဓားကိုထုတ်ကာ၊ ကျူးချွဲ့ကို တိုက်ရိုက်ရင်ဆိုင်ရန်သာ တတ်နိုင်တော့သည်။
ချွင်
ဓားနှစ်စင်းထိပ်တိုက်တွေ့ကြရာ၊ တစ်ခဏအတွင်း၌ပင် မီးပွားများပေါ်ထွက်လာသည်။ ခေါင်းဆောင်သည် တောရိုင်းဒီရေလှိုင်းတစ်ခုနှယ် ကြောက်မက်ဖွယ်ကြီးမားလှသော အင်းအားတစ်ခု သူ့လက်ထဲသို့ ဖြတ်ဝင်လာသည်ကို ခံစားလိုက်ရသည်။
ဘမ်း
ခေါင်းဆောင်က အာခေါင်ခြစ်၍ အော်ဟစ်လိုက်သည်။ ချူးယွင်ဖန်း၏ ဓားရှည်ကြီးကြောင့် သူ့လက်၏ ကြွက်သားများ ပေါက်ကွဲထွက်လာသည်။ ချူးယွင်ဖန်း၏ ထိုးနှက်ချက်စတ်ချက်တည်းကိုပင် သူ၏ လက်အောက်ငယ်သားများ အဘယ်ကြောင့် မခံနိုင်ခဲ့သည်ကို နောက်ဆုံးတွင် သူနားလည်သဘောပေါက်လိုက်သည်။
ခေါင်းဆောင်က အရှိန်အဟုန်ဖြင့် ဆုတ်ခွာသွားသည်။ ချူးယွင်ဖန်း မည်မျှ ကြောက်မက်ဖွယ်ကောင်းလှသည်ကို သူနားလည်၍ ထွက်ပြေးလွတ်မြောက်ချင်ခဲ့သော်လည်း ချူးယွင်ဖန်းက သူ့ကို ထိုကဲ့သို့ အခွင့်အရေးမပေးပေ။
ချူးယွင်ဖန်း၏ လက်ထဲမှ ကျူးချွဲ့သည် နှေးကွေးခြင်းအလျင်းမရှိပေ။ ၎င်းသက်ဆင်းသွားပြီးနောက်၊ သွေးများအပြည့် ပန်းထွက်လာသည်။ ခေါင်းဆောင်က နာကျင်စွာအော်ဟစ်လိုက်သည်။ ချူးယွင်ဖန်းက သူ၏ ဘယ်ဘက်လက်မောင်းကို ခုတ်ပိုင်းဖြတ်လိုက်သဖြင့်၊ ဒဏ်ရာမှ သွေးများ ပန်းထွက်လာခြင်းဖြစ်သည်။
သို့သော် ခေါင်းဆောင်က အချိန်မှီတုံ့ပြန်ခဲ့သည်။ သူသည် အနောက်သို့ အရူးအမူးဆုတ်ခွာ၍ မရပ်တန့်ရဲပေ။ သို့သော် သူသည် ချူးယွင်ဖန်း၏ အရှိန်ကို လျှော့တွက်ခဲ့၏။ ဤမျှလေးသော ဓားကို ကိုင်ထားသည့် ချူးယွင်ဖန်းသည် အလွန်လျင်မြန်စွာ ပြေးနိုင်လိမ့်မည်မဟုတ်ဟု သူထင်ခဲ့သည်။
မကြာမီ၌ပင် ချူးယွင်ဖန်းသည် မိမိထက်ပိုမြန်ကြောင်း ခေါင်းဆောင်သိလိုက်ရသည်။ ချူးယွင်ဖန်းသည် ပုံရိပ်ကိုးသွယ်အသွင်ပြောင်းနည်းစနစ်ကို အသုံးပြု၍ ခေါင်းဆောင်နောက်သို့လိုက်ခဲ့သည်။ ထို့နောက်၊ သူသည် လက်ထဲမှ ကျူးချွဲ့ကို ခုတ်ပိုင်းချလိုက်၍ ခေါင်းဆောင်၏ နောက်ပြန်ဆုတ်ခြင်းကို တားဆီးလိုက်သည်။
ဘမ်း
သဲပင်လယ်ဓားပြခေါင်းဆောင်ကို ကျူးချွဲ့က ချက်ချင်း ခုတ်ပစ်လိုက်သည်။ သူသည် နောက်သို့ လွင့်ထွက်၍ မြေပြင်ပေါ်သို့ လဲကျသွား၏။ အချိန်အတော်ကြာ ရုန်းကန်နေပြီးသည့်နောက်၊ လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။
နောက်ထပ် ချက်ချင်း သတ်ဖြတ်မှု။
အခန်း(၄၄၇) သုံးရက်ဆက်တိုက် သတ်ဖြတ်ခြင်း
၎င်းတို့၏ ခေါင်းဆောင် အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရသောအခါ၊ သဲပင်လယ်ဓားပြများအားလုံး ထိတ်လန့်ကုန်ကြသည်။ ထို့နောက်၊ ၎င်းတို့၏စိတ်ဓာတ်များလည်း ကျဆင်းသွားရ၏။ သို့ထိတိုင်၊ သဲပင်လယ်ဓားပြများသည် အရှုံးပေးလိုသည့် ရည်ရွယ်ချက်မရှိပေ။ ဤကျောင်းသားများက သူတို့ကို ချောင်ပိတ်တိုက်ခိုက်ခဲ့သည့်အတွက် ၎င်းတို့ ပို၍ ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့ သေရပါက၊ ထိုကျောင်းသားများထဲမှ အချို့ကိုပါ မိမိတို့နှင့်အတူ၊ ဆွဲချသွားမည်ဖြစ်သည်။
သဲပင်လယ်ဓားပြများသည် အစွမ်းကုန်တိုက်ခိုက်ခဲ့ကြရာ၊ မိမိတို့ဘက်မှ လူများကို ထိမိလျှင်ပင် ဂရုမစိုက်ခဲ့ပေ။ နောက်ဆုံးတွင် အလွန်များပြားသော သဲပင်လယ်ဓားပြများရှိနေသည်ဖြစ်ရာ၊ ကိုယ့်ကိုယ်ကိုယ်ကယ်တင်ရန် အားသွန်ခွန်စိုက်တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့အားလုံး အလွန်ပျာယာခတ်နေကြသော်လည်း နောက်ဆုံးရလဒ်သည်မူ၊ မျှော်လင့်ထားသည့်အတိုင်းပင်ဖြစ်၏။
ဤကျောင်းသားများသည် ပြည်ထောင်စုတက္ကသိုလ်မှ အထူးပြုလုပ်ထားသည့် အထူးချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်ဖြစ်ရာ၊ ဤချပ်ဝတ်တန်ဆာများကို တက္ကသိုလ်ပြင်ပတွင်ထက် စျေးသက်သာစွာရောင်းချပေးသော်လည်း အရည်အသွေးသည်မူ ပို၍ကောင်းလှသည်။ ဤသည်ကား ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားများ၏ လျှို့ဝှက်အကျိုးကျေးဇူးတစ်ခုဖြစ်သည်။ သဲပင်လယ်ဓားပြအများစုသည် ချပ်ဝတ်တန်ဆာများ မဝတ်ဆင်ထားသည်ထင်ရသော ချူးယွင်ဖန်းထံသို့ ပြေးသွားကြသည်။ သူ့ကို ၎င်းတို့နှင့်အတူ၊ ငရဲသို့ ဆွဲချသွားချင်ခဲ့ကြသော်လည်း ရလဒ်သည်မူ ထင်ရှားလှ၏။ ချူးယွင်ဖန်းသည် အညံ့ဆုံးမဟုတ်သကဲ့သို့ အင်အားအနည်းဆုံးလူလည်းမဟုတ်ပေ။
တစ်ရှိန်ထိုးပြေးသွားကြသော သဲပင်လယ်ဓားပြများသည် အရည်သွေး၏ရှေ့၌ ပမာဏသည် အသုံးမဝင်ကြောင်း သဘောပေါက်နားလည်သွားကြရသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ကို တစ်ချက်တည်း သုတ်သင်ပစ်လိုက်ရာ၊ ခေါင်းတည့်တည့်သို့ ထိမှန်သွားသူများသည် ချက်ချင်းပင်သေဆုံးသွား၏။ ဓားဖြင့် ထိမှန်သွားသောသူများသည်မူ၊ ချက်ချင်းပင် ဒဏ်ရာရသွားသည်။
ကျူးချွဲ့သည် အလွန်အမင်းကြောက်မက်ဖွယ်ကောင်းလှသည်။ လေးလံသောဓားသည် ယခုအချိန်တွင် ကြီးစွာသော အားသာချက်တစ်ခုဖြစ်ကြောင်း သက်သေပြနိုင်၏။ ခဏအကြာတွင် သဲပင်လယ်ဓားပြအားလုံးသေဆုံးသွားခဲ့ရာ၊ ထက်ဝက်နည်းပါးသည် ချူးယွင်ဖန်း၏ လက်ထဲ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။
ချူးယွင်ဖန်း၏အသင်းဖော်များသည် ၎င်း သတ်နည်းများကို ပထမဆုံးအကြိမ်မြင်ဖူးကြခြင်းဖြစ်ရာ၊ ၎င်းတို့သည် မိမိတို့၏သတ်ဖြတ်ပုံများနှင့် အလွန်ကွာခြားကြောင်း သိလိုက်ရသည်။ ချူးယွင်ဖန်းသည် ဤကဲ့သို့ ရဲရင့်သောသိုင်းကွက်များကို ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ချူးယွင်ဖန်းသည် အရိပ်မဲ့ဓားကို အသုံးပြုခဲ့ချိန်က၊ သူ၏ ခွန်အားကို ကန့်သတ်ခံထားရသည်။ ယခု သူ့တွင် ကျူးချွဲ့ရှိနေပြီဖြစ်သဖြင့်၊ အရာအားလုံးသည် မတူညီတော့ပေ။ သူ၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုများကို အပြည့်အဝ ထုတ်ဖော်ပြသနိုင်သည်။ မည်သို့နည်းကို သုံးစေကာမူ၊ ချူးယွင်ဖန်း၏ ပြိုင်ဘက်များက မည်သို့ပင် မိမိတို့အသက်ကို စွန့်စားစေကာမူ၊ ၎င်းတို့အားလုံးကို သူအလွယ်တကူ သုတ်သင်နိုင်၏။ ၎င်းတို့သည် ကျူးချွဲ့ကို မတားဆီးနိုင်ကြသဖြင့်၊ ချက်ချင်းသေဆုံးသွားကြသည်။
ထိုအချိန်တွင် ချူးယွင်ဖန်းအပေါ်ရှိ လောင်ဖန်း၏ သံသယများအားလုံး ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ တကယ့်ဟာသတစ်ခုအလားဖြစ်၏။ ချူးယွင်ဖန်းသည် စစ်မှန်သော လူသတ်နတ်ဘုရားတစ်ပါးဖြစ်သည်။ ယခင်က သူသည် ချူးယွင်ဖန်းနှင့် အစောပိုင်းလက်ဗလာတိုက်ပွဲတွင် မယှဥ်နိုင်ခဲ့ပေ။ ချူးယွင်ဖန်းသည်သာ ကျူးချွဲ့ကို အသုံးပြုခဲ့ပါက၊ သူသည်လည်း ဓားချက်တစ်ချက်ကိုပင် တားနိုင်လိမ့်မည်မဟုတ်ဘဲ၊ ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည်မှာသေချာ၏။ မသေလျှင်ပင် ကံကောင်းပေလိမ့်မည်ဖြစ်သည်။
လောင်ဖန်းသည် ချူးယွင်ဖန်းမှာ မရီးဒျန်သန့်စင်ခြင်း ဒုတိယအဆင့်၌သာရှိနေသေးသည်ကို မြင်နိုင်၏။ ၎င်းတို့ နှစ်ဦးလုံးသည် တူညီသောအဆင့်တွင်ရှိကြသော်လည်း ၎င်းတို့ကြားထဲမှ ကွာခြားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်ဖြစ်၏။ မရီးဒျန်သန့်စင်ခြင်းအဆင့်၏ တတိယအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သူများပင်လျှင်၊ ချူးယွင်ဖန်းထက် အဆပေါင်းများစွာ နိမ့်ကျ၏။
ချူးယွင်ဖန်းသည် ၎င်းတို့အားလုံးနှင့် တန်းတူရည်တူဖြစ်သည်။
ထို့အပြင် ချူးယွင်ဖန်းသည် သူ၏ ခွန်အားကို အပြည့်အဝ အသုံးပြုနေခြင်းမဟုတ်ကြောင်း လူတိုင်းသိနိုင်သည်။ သူသည် ဓားသိုင်းကိုပင် အသုံးမပြုခဲ့သော်လည်း သူ၏ တိုက်ခိုက်မှုတိုင်းသည် တိကျ၍ ရက်စက်လှသည်။ သိုင်းပညာအားလုံးသည် မြန်ဆန်၊ တိကျ၍ ရက်စက်လှသော်လည်း တကယ်တမ်းတွင်မူ၊ ထိုမျှထိသာ ရိုးရှင်းလှပါက မည်သူမျှ သိုင်းပညာသင်ယူနိုင်လိမ့်မည်မဟုတ်ပေ။
လောင်ဖန်းသည် ချူးယွင်ဖန်းနှင့် ယှဥ်ပြိုင်မည့် အတွေးများအားလုံးကို ရပ်တန့်လိုက်သည်။ ထို့အပြင်၊ သူနှင့် ချူးယွင်ဖန်းအကြားတွင် ပဋိပက္ခလည်းမရှိပေ။ ချူးယွင်ဖန်းသည် ဟုရှန်းလင်ကို သဘောကျနေခြင်းမဟုတ်သောကြောင့် ဆက်လက်၍ ပစ်မှတ်ထားရန်အကြောင်းပြချက်မရှိပေ။
လောင်ဖန်းသည် မာန်မာနကြီးသော်လည်း မတုံးအပေ။
ထိုအချိန်တွင် ရှယင်းယင်းသည် သူမ၏ မောက်မာသော မောင်တော်က အဘယ်ကြောင့် ချူးယွင်ဖန်းကို လက်အောက်ခံခဲ့ကြောင်း နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ သူသည် အမှန်တကယ်ပင်သန်မာလှခြင်းဖြစ်ရာ၊ ကျန်းလင်းရှောင်ကို စိန်ခေါ်ခဲ့သည်ဟူသော ကောလဟာလများလည်း ထွက်ပေါ်နေ၏။ ချူးယွင်ဖန်းသည် ရူးနှမ်းနေခြင်းမဟုတ်သည်မှာ သေချာ၏။ သူသည် လူသစ်တစ်ဦးသာဖြစ်သော်လည်း ထိုသို့သော လေ့ကျင့်မှုနှင့် တိုက်ခိုက်ရေးစွမ်းအင်များ ရှိထားနှင့်ပြီးဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် မွေးဖွားခြင်းနယ်မြေအဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်မှာ အသေအချာပင်ဖြစ်၏။ သံသယကင်းစွာပင်၊ သူဤသို့ လုပ်နိုင်သော အလားအလာမြင့်မား၏။
သာမန်လူတစ်ဦးသာဆိုလျှင် ဤသို့သောလူမျိုးကို အရည်အသွေးမြင့်စတော့ရှယ်ယာတစ်ခုဟု သတ်မှတ်ထားမည်မှာ သေချာ၏။ ၎င်းတို့၏ အနာဂတ်သည် အကန့်အသတ်မရှိပေ။ တစ်ခုတည်းသော ပြဿနာမှာ ချူးယွင်ဖန်းသည် သေခြင်းတရားကို ရစ်ပတ်ထားခြင်းဖြစ်သည်။ ကျန်းလင်းရှောင်နှင့်ပတ်သက်၍ သူ၏ စိန်ခေါ်မှုသည် သာမန်စိန်ခေါ်မှုတစ်ခုမဟုတ်၊ သူသေကိုယ်သေတိုက်ရမည့် တိုက်ပွဲပင်ဖြစ်၏။
ရှယင်းယင်းသည် ကျန်းလင်းေရှာင်ကို ယခင်က မမြင်ခဲ့ဖူးသော်လည်း သူသည် လူကောင်းတစ်ယောက်မဟုတ်ကြောင်း သေချာနေသည်။ သူမ၏ ခြေချောင်းများကိုပါ ထည့်သွင်း၍ တွက်ချက်လျှင်ပင်၊ စိန်ခေါ်မှုကို ကျန်းလင်းရှောင်မှလက်ခံခဲ့သည့်အကြောင်းအရင်း၏ ၈၀ ရာခိုင်နှုန်းခန့်သည် ချူးယွင်ဖန်းကို သတ်ပစ်ရန်ဖြစ်ကြောင်း သူမသိသည်။
ရှယင်းယင်းသည် ပြည်ထောင်စုတက္ကသိုလ်သို့ တက်နိုင်ခဲ့သူသည် အရူးတစ်ယောက်ဖြစ်လိမ့်မည်မဟုတ်ကြောင်း ယုံကြည်ခဲ့သည်။ သူမကဲ့ကဲ့သို့ အပြင်လူပင်လျှင် ဤအချက်ကို သိနိုင်သည်ဖြစ်သော်လည်း ချူးယွင်ဖန်းသည် ထိုသို့ပြုလုပ်ခဲ့သေး၏။ သူအမှန်တကယ်ပင် ရူးနှမ်းနေခြင်းလော၊ သို့မဟုတ် သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေခြင်းလော။
အချိန်များစွာကြာပြီးနောက်၊ ရှယင်းယင်းက သက်ပြင်းချလိုက်သည်။ ချူးယွင်ဖန်း၏ နောက်သို့ လိုက်မည့် သူမ၏ အတွေးကို စွန့်လွှတ်လိုက်သည်။ ထိုသို့သောသူတွင် တောက်ပသော အနာဂတ်ရှိရာ၊ သူ၏အနာဂတ်သည်အကန့်အသတ်လည်းမရှိပေ။ သူ၏ အနာဂတ်တစ်လျှောက်တွင် အမြင့်တွင်သာ ရပ်တည်နေမည့်သူမျိုးဖြစ်သည်မှာ သေချာလှသည်။ သူမသည် ထိုသို့သော အနာဂတ်ကို အလောင်းအစားပြုရန် မတတ်နိုင်သကဲ့သို့ သူမ၏ မိသားစုသည်လည်း မတတ်နိုင်ပေ။
ထိုသို့သောအနာဂတ်မျိုးမရှိသဖြင့် သူမ၏ ပခုံးမှ ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုအလေးချိန်ကျဆင်းသွားသည်ကို ခံစားခဲ့ရသည်။ သူမသည် အနာဂတ်ကို အလောင်းအစားမပြုနိုင်သော်လည်း ချူးယွင်ဖန်းနှင့် မိတ်ဖွဲ့ရန်မူ ကောင်းစွာလုပ်ဆောင်လိမ့်မည်ဖြစ်သည်။
အတုန်လှုပ်ဆုံးသူမှာ ရှဖန်ဖြစ်၏။ သူသည် ယခင်က ချူးယွင်ဖန်း၏စွမ်းအားကို မျက်မြင်တွေ့ခဲ့ဖူးသည်။ ရှဖန်သည် သန်မာလှသော်လည်း ယခုမူ၊ ချူးယွင်ဖန်းနှင့်သူ့အကြားရှိ ကွာဟချက်သည် ပို၍ပို၍ ကျယ်ပြန့်လာသည်။ သူအဆင့်တက်လာလေလေ၊ သူနှင့်သူ့ခေါင်းဆောင်အကြားမှ ကွာဟချက်က ပို၍ ကြီးမားလာလေလေဖြစ်၏။
အရာအားလုံးကို ချေမှုန်းပစ်နိုင်သော ဤတိုက်ခိုက်ရေးစွမ်းအားသည် အလွန်အမင်းကြောက်စဖွယ်ကောင်းလှသည်။ ဤတိုတောင်းသော ကာလအတွင်းတွင် ချူးယွင်ဖန်းသည် ပြန်လည်မွေးဖွားလာခဲ့၏။
သူတကယ်ပြောချင်နေသည်မှာ ‘လခွီးတဲ့မှ ခေါင်းဆောင် မင်းတိုးတက်တာ အရမ်းမမြန်လွန်းဘူးလား’ ဟူ၍ပင်ဖြစ်သည်။
ချူးယွင်ဖန်းသည် ဤအချိန်တိုအတွင်းတွင် လူတိုင်း၏ အတွေးအမြင်များ ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ပေ။ မည်သို့ပင်ဆိုစေကာမူ သူဂရုမစိုက်လှပေ။ သဲပင်လယ်ဓားပြများကို သတ်ပြီးနောက်တွင် သူသည် ပို၍ ခံစားချက်ကောင်းမွန်လာ၏။
ဤသဲပင်လယ်ဓားပြများ၏ သတ်ဖြတ်ခြင်းနည်းလမ်းများသည် အလွန်ရက်စက်လွန်းလှသည်။ အကယ်၍ ချူးယွင်ဖန်းသာ ဤမကောင်းမှုကို အပြစ်ပေးအရေးယူခြင်းမရှိပါက၊ ချူးယွင်ဖန်းသည် စိတ်ချမ်းသာရလိမ့်မည်မဟုတ်ပေ။
ဤသဲပင်လယ်ဓားပြများကို သက်ပြီးနောက်၊ ချူးယွင်ဖန်း များစွာပို၍ ခံစားချက်ကောင်းလာခဲ့သည်။
“ကောင်းပြီ၊ အခု ငါတို့ အဲ့ဆန်ကုန်မြေလေးတွေကို ဖြေရှင်းပြီးပြီ၊ ဆက်သွားကြရအောင်၊ အာတိတ်သဲကန္တာရက ညဘက်မှာ အရမ်းအန္တရာယ်များပေမယ့် ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါတို့အားလုံး သံချပ်ကာတွေဝတ်ထားတာမို့လို့ ကြီးကြီးမားမားပြဿနာတော့ မရှိလောက်ပါဘူး။ ချူးယွင်ဖန်း၊ မင်း ဆက်သွားနိုင်သေးလား” ရှယင်းယင်းက မေးသည်။
“ပြဿနာမရှိပါဘူး” ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ အာတိတ်သဲကန္တာရ၏ အပူချိန်သည် အလွန်အလျင်အမြန်ကျဆင်းလာ၍ ခန္ဓာကိုယ်၏ အပူချိန်ကို ထိန်းသိမ်းရန်အတွက် ချီစွမ်းအင်များစွာလိုအပ်သော်လည်း ၎င်းသည် သူ့အတွက် ပြဿနာတစ်ခုမဟုတ်ပေ။
ယခုမူ ၎င်းတို့ အားလုံး စိတ်ပိုင်းဖြတ်ပြီးသွားသောအခါ၊ နောက်ထပ်တစ်ကြိမ် ဆက်လက် ထွက်ခွာကြသည်။ ထို့အပြင် ၎င်းတို့ ရောက်နေသည့်နေရာသည် တိုက်ပွဲဖြစ်ပျက်ခဲ့သဖြင့် သွေးနံ့များဖြင့် ဖုံးလွှမ်းနေသည် ၎င်းသည် မကြာမီတွင် မွန်းစတားများကို ဆွဲဆောင်နိုင်တော့မည်ဖြစ်သောကြောင့် ၎င်းတို့ အမြန်ဆက်သွားသင့်သည်။
မျက်စိတစ်မှိတ်အတွင်း၌ပင် သုံးရက်ကုန်ဆုံးသွားသည်။ ကုလန်ကိုရှာဖွေရန် ချူးယွင်ဖန်းနှင့်အခြားသူများသည် အာတိတ်သဲကန္တာရကို သုံးရက်တိုင်တိုင် ခရီးနှင်ခဲ့ကြ၏။ ဤသုံးရက်အတွင်းတွင် ချူးယွင်ဖန်းနှင့် အခြားသူများသည် သဲပင်လယ်ဓားပြအဖွဲ့ဒါဇင်ဝက်ခန့်ကို အလွယ်တကူ ဖြေရှင်းကိုင်တွယ်ခဲ့ကြသည် အာတိတ်သဲကန္တာရတွင် သဲပင်လယ်ဓားပြများ အလွန်များပြားလှ၏။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့ လုံးဝ ပြဿနာမများခဲ့ကြပေ။ ချူးယွင်ဖန်းနှင့် အခြားသူများသည် ၎င်းတို့ကို အေးဆေးစွာကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ကြ၏။ ထို့နောက်၊ နောက်ဆုံးတွင် သဲပင်လယ်ဓားပြအုပ်စုတစ်ခုနောက်သို့လိုက်ဖမ်းရာ၊ တောင်ကုန်းတစ်ခုဆီအရောက်တွင် ကုလန်ကို တွေ့ရှိခဲ့သည်။