← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း(၄၄၈) ပထမဆုံး နည်းဥပဒေသ - ခေါင်းဆောင်ကို အရင်ဖမ်းပါ

ထိုနေ့တွင်၊ ချူးယွင်ဖန်းနှင့် အခြားသူများသည် သဲပင်လယ်ဓားပြအုပ်စုတစ်စုနောက်သို့ လိုက်သွားခဲ့ရာ တောင်ကုန်းတစ်ခုဆီသို့ ရောက်ရှိသွားကြသည်။ ထိုမှသာ ၎င်းတို့သည် ဝိုင်းရံခံထားရကြောင်း သိလိုက်ကြရ၏။

၎င်းသည် ထောင်ချောက်တစ်ခုသာဖြစ်၍ ချူးယွင်ဖန်း၏အဖွဲ့သည် အဘက်ဘက်မှ ဝိုင်းရံခံထားရ၏။

မြေပြင်မှ သဲပင်လယ်ဓားပြအယောက် ၂၀၀ ကျော် ထွက်ပေါ်လာသည်။ သူတို့အားလုံး၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော သွေးနံ့များ လှိုင်လှိုင်ထလျက်ရှိရာ၊ ရာနှင့်ချီသော တိုက်ပွဲများကို ဖြတ်သန်းခဲ့ရပြီးနောက် ဤကဲ့သို့ အလွန်ကြောက်မက်ဖွယ်ကောင်းလာခဲ့ကြသည်။ ဤလူများသည် ချူးယွင်ဖန်းနှင့် သူ၏အသင်းဖော်များကို ဝိုင်းရံထားသည်။ သဲပင်လယ်ဓားပြများထဲတွင် သဲပင်လယ်ဓားပြခေါင်းဆောင် ခြောက်ဦးရပ်နေ၏။ ၎င်းတို့အားလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့်ကို ဖြတ်ကျော်ခဲ့ကြပြီးဖြစ်၍ ဤအဆင့်သို့ရောက်အောင် ငွေအမြောက်အမြားသုံးခဲ့ကြောင်း သေချာသည်။

တန်ဒါအဖွဲ့သည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို ပျိုးထောင်ရန်သာတတ်နိုင်ခဲ့သည်။ ချူးယွင်ဖန်းသည် နှစ်စဉ် သန်းဆယ်နှင့်ချီအကုန်အကျခံ၍ မရီးဒျန်သန့်စင်ခြင်းအဆင့် ကိုယ်ရံတော်များငှါးရမ်းခဲ့သည်။ ဤအဆင့်မှ ကျွမ်းကျင်သူသည် သာမန်လူများ စိတ်ရှိတိုင်း အလုပ်အပ်နိုင်သည့် လူမဟုတ်သည်မှာသေချာလှသည်။ ပြည်ထောင်စုတက္ကသိုလ်တွင် ကျောင်းသားအများအပြားသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြသော်လည်း သာမန်စီးပွါးရေးလုပ်ငန်းများမှ ထိုသူများကိုငှါးရမ်းနိုင်ရန်မူ ကောင်းကင်ဘုံသို့တက်ခြင်းကဲ့သို့ ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူများထဲမှ တစ်ဦးစီသည် ရွေးချယ်ခံထားရသူများဖြစ်သဖြင့်၊ မည်သူကမျှ ခေါင်းငုံ့၍ အလုပ်ငယ်များကို လက်ခံကြလိမ့်မည်မဟုတ်ပေ။

“သေစမ်း သူတို့ ပိုက်ဆံဘယ်လောက်တောင်သုံးထားတာလဲ" ချူးယွင်ဖန်းက ဤစကားများကို ထုတ်မပြောဘဲမနေနိုင်တော့ပေ။ သူ့အသင်းဖော်များသည်လည်း သိသိသာသာ လေးနက်လာကြ၏။ ၎င်းတို့သည် မိမိတို့ကိုယ် မိမိတို့ မုဆိုးများဟု ထင်ခဲ့ကြသဖြင့် ဤသဲပင်လယ်ဓားပြများမှ ထောင်ချောက်တစ်ခု ထောင်ထားလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားကြပေ။

သဲပင်လယ်ဓားပြများသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ဤကျောင်းသားများကို အနိုင်ယူရန် မလုံလောက်ပေ။ ၎င်းတို့အရေအတွက်သည် အယောက် ၂၀၀ ကျော်မျှသာရှိသည်ဖြစ်ရာ ဤထောင်ချောက်မှ ရုန်းထွက်ချင်ပါက ၎င်းတို့ အလွယ်တကူလုပ်နိုင်၏။ တစ်ခုတည်းသော ပြဿနာမှာ ခေါင်းဆောင် ခြောက်ဦးဖြစ်သည်။ ဤခေါင်းဆောင်ခြောက်ဦးစလုံးသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူများဖြစ်သဖြင့်၊ ၎င်းတို့နှင့် ရောယှက်မိပါက လွတ်မြောက်ရန် ပို၍ ခက်ခဲပေလိမ့်မည်။

"ထွက်တော့၊ အခုချက်ချင်း" ရှယင်းယင်းက ပြတ်ပြတ်သားသား ဆုံးဖြတ်၍ ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။

“ရှယင်းယင်း မင်း ဒီ​လောက်​ထိ​ရောက်​လာမှတော့ ဘာလို့ ခဏ​လောက်ဆက်​​မ​နေတာလဲ"

ရုတ်​တရက်​ သိမ်​​မွေ့​သော အသံတစ်​ခု ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် တောင်ကုန်းအနောက်မှ လူတစ်ယောက် တဖြည်းဖြည်းချင်းလမ်းလျှောက် ထွက်လာ၏။ ၎င်းမှာ အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးဖြစ်၍ အလွန်အေးသော သဲကန္တာရတွင် အလွန်မျက်စိကျစေနိုင်သော အပြာရောင် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည်။ ဤလူသည် အလွန်အေးဆေးပုံပေါ်၍ မောက်မာသည်ထင်ရ၏။ ဤလူကိုမြင်သောအခါ ရှယင်းယင်း၏မျက်လုံးများတွင် အမုန်းတရားများပြည့်နှက်လာသည်။

"ဘာဖြစ်တာလဲ။ အတန်းဖော်ဟောင်းနဲ့တွေ့တာကို စကားနည်းနည်းပြောရမယ် မဟုတ်ဘူးလား" ထိုလူက ခပ်ပါးပါးပြုံး၍ ပြောလိုက်သည်။ ဒီအပြုံးသည် အရာအားလုံးကို ရှင်းပြလိုက်၏။

တခြားသူများသည်လည်း ဤလူကို ဒေါသဖြင့် ကြည့်နေကြသည်ဖြစ်၍ သူတို့သည်လည်း ကုလန်နှင့် သိကျွမ်းကြကြောင်း ချူးယွင်ဖန်းချက်ချင်းနားလည်လိုက်သည်။ ချူးယွင်ဖန်းသည် ဤအရာကိုမြင်ပြီးနောက် အချို့သောအရာများကို နားလည်လာသည်။ ကုလန်သည် ဖက်ဒရေးရှင်းတက္ကသိုလ်မှ ကျောင်းသားတစ်ဦးဖြစ်ဖူးခဲ့ကြောင်းပြန်သတိရသွားသောအခါ၊ လက်ရှိ မည့်သို့ဖြစ်ပျက်နေကြောင်းခန့်မှန်းရန် မခက်ခဲပေ။

“နင် မသေသေးဘူးပဲ။ အရမ်းကောင်းတယ်” ဟု ရှယင်းယင်းက အေးစက်စွာ ပြုံး၍ပြောလိုက်သည်။

"ငါကဘာလို့​သေရမှာလဲ။ ဟားဟား" ကုလန်က ရယ်မောလိုက်သည်။

“လွန်ခဲ့တဲ့ တစ်နှစ်ခွဲအတွင်းမှာ လူတော်တော်များများက ငါ့ကို လိုက်ဖမ်းကြတာ ပြည်ထောင်စုတက္ကသိုလ်ပြည်တွင်းရေးရာဌာနက လူတချို့တောင် ရောက်လာတယ်။ ဒါပေမယ့် မင်းတို့ ငါ့ကိုလိုက်ဖမ်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ နောက်ဆုံးခင်မင်မှုလေးကို ဖြတ်တောက်ရတော့မယ့်ပုံပဲ”

"ကုလန် မင်းက ခင်မင်ရင်းနှီးမှုအကြောင်း ငါတို့ကိုပြောရဲသေးတယ်ပေါ့။ မင်း လူတွေအများကြီးကို သတ်ပစ်ခဲ့တာ။ ငါလည်း မင်းကို နတ်ဆိုးဂိုဏ်းရဲ့ သူလျှိုဖြစ်နေမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားဘူး"

“လောင်ဖန်း မင်းက အမြဲလျှာစောင်းထက်နေတာပဲ။ ဒါပေမယ့် အဲ့တာက ဘာအသုံးဝင်မှာလဲ" ကုလန်က အေးစက်သောအပြုံးဖြင့် ပြောသည်။

“မင်းက ငါ့အတန်းဖော်ဆိုတော့ မင်းကို တစ်ခုခုလုပ်ခွင့်ပေးမယ်။ ငါ မင်းကို အသက်နည်းနည်း ဆက်ရှည်ခွင့်ပေးမယ်။" ကုလန်၏ မျက်နှာပေါ်တွင် အေးစက်သော အမူအရာ ပေါ်လာသည်။

"သူတို့ကိုဖမ်းလိုက်၊ သတ်တော့မသတ်နဲ့ ဒါပေမယ့် မင်းတို့ကြိုက်သလောက် နှိပ်စက်နိုင်တယ်။ ငါ့ဓာတ်ခွဲခန်းမှာ စမ်းသပ်ခံတွေမရှိဘူးဖြစ်နေတာ။ သူတို့ ကောင်းကောင်းလုပ်ကြမှာပါ”

"ဟုတ်ကဲ့ပါဆရာ"

သဲပင်လယ်ဓားပြခေါင်းဆောင်များက တယောက်ပြီးတယောက် တုံ့ပြန်ကြသည်။ ၎င်းတို့သည် ကုလန်ကို အလွန်လေးစားနေကြသည်ကိုကြည့်လျှင် ကုလန်၏လက်အောက်ခံများဖြစ်ကြောင်း ထင်ရှား၏။

“ငါ သူတို့ကို ထိန်းထားမယ်။ မင်းတို့တွေ နောက်ဆုတ်လိုက်ကြ” ရှယင်ယင်းက လေးနက်သောလေသံဖြင့် ပြောသည်။

"ဘယ်လိုမျှမဖြစ်နိုင်ဘူး" ပထမဆုံး ကန့်ကွက်သူမှာ သဘာဝကျစွာပင် ရှဖန်ဖြစ်သည်။ "အစ်မရူးနေလား"

“ငါ မရူးပါဘူး။ ကုလန်ရဲ့ ပုံစံကို ငါသိတယ်။ ဒီထောင်ချောက်ကို ထောင်ပြီးတည်းက သူ့မှာ အနိုင်ရဖို့ ယုံကြည်မှုရှိနေပြီးသား။ နင်သာဆက်နေမယ်ဆိုရင် သေတာကလွဲလို့ တခြားဖြစ်နိုင်ချေမရှိဘူး”

"ဟားဟား ဒီလောက်အချိန်တွေကြာပြီးတာတောင် ငါ့အကြောင်းအသိဆုံးက မင်းပဲ။ မှန်တယ်။ ဒီအတွက် ငါပြင်ဆင်ထားပြီးပြီမို့ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ငါ့ကို လူတွေပစ်မှတ်ထားရင် အရမ်းမုန်းတာမို့လို့ ပစ်မှတ်ထားတဲ့လူတွေအကုန် သေရမှာပဲ။ မင်းတို့လည်း ဒီလိုပဲ” ကုလန်က ရက်စက်စွာပြောသည်။

သူ့တွင် အတန်းဖော်တစ်ယောက်၏ နက်နဲသော ခံစားချက်များဟု ခေါ်သောအရာမျိုး မရှိပေ။

"မင်းထွက်သွားချင်တာလား။ ဒီနေ့တော့ မရဘူး။ နင်တို့အားလုံး ငါ့စမ်းသပ်ခံတွေ ဖြစ်လာလိမ့်မယ်။ ငါ့အဖွဲ့ထဲကို မရီးဒျန်သန့်စင်ခြင်းအဆင့် စစ်သည်တော်နည်းနည်းလောက် ထပ်ထည့်ဖို့ လိုသေးတယ်”

“ညှိနှိုင်းမှု ပျက်သွားပုံရတယ်။ စီနီယာရှ၊ မင်း ဒီကုဘာဆိုလားကို သိပုံရတယ်။ ကျွန်တော်သူ့ကို သတ်ရင် မင်းအဆင်ပြေမှာသေချာလား" ချူးယွင်ဖန်းက ရှေ့တိုးလာ၍ မေးသည်။

"ချူးယွင်ဖန်း၊ မင်းအရမ်းသန်မာတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် အခုပြရမယ့်အချိန်မဟုတ်သေးဘူး။ ကုလန်က ငါ့ထက်သန်မာပေမယ့် သူက တစ်ယောက်တည်းပဲ။ ငါတို့ သူ့ကိုဝိုင်းပြီး သတ်ပစ်လို့ရတယ်”

ရှယင်းယင်းသည် ချူးယွင်ဖန်းကိုကြည့်၍ ပြောလိုက်သည်။

“ငါတို့ ဒီကနေ ရုန်းထွက်ဖို့ အခွင့်အရေးရှိတယ်၊ ဒါပေမယ့် ကုလန်က သူ စိတ်မချတဲ့အရာတွေကို မလုပ်ဘူး။ သူ ပေါ်လာပြီး ဝိုင်းရံဖို့ သတ္တိရှိနေမှတော့ သူအကုန် ပြင်ဆင်ထားပြီးလို့ပဲ။ ငါတို့အားလုံး ဒီမှာ ပိတ်မိနေတာထက် ငါနောက်တန်းမှာနေခဲ့ပြီး ကာကွယ်ပေးတာက ပိုကောင်းတယ်”

ရှယင်းယင်း အံကြိတ်နေသည်ကို ကြည့်၍ ချူးယွင်ဖန်းက သူမ အဘယ်ကြောင့် ဤအဖွဲ့၏ ခေါင်းဆောင်ဖြစ်နေရသည့်အကြောင်းအရင်းကို နားလည်သွားသည်။ ဤသည်မှာ သူမ၏ ကြံ့ခိုင်မှုကြောင့်သာမက၊ သူမတွင် တာဝန်ယူစိတ်ရှိသောကြောင့်လည်း ဖြစ်သည်။ သူမတွင် အခြားသူများကို ဆွဲဆောင်နိုင်သော သဘာဝ အရည်အချင်းတစ်ခုရှိသည်။

နောက်တန်းတွင် ကျန်ရစ်ခဲ့ခြင်းသည် ရှယင်းယင်း၏ ကံကြမ္မာကို ချုပ်နှောင်ထားမည်မှာ သေချာသဖြင့်၊ သတ္တိရှိရုံဖြင့်လုပ်နိုင်မည့်အရာ မဟုတ်ပေ။

“ထွက်ပြေးဖို့ အရမ်းနောက်ကျသွားပြီ။ သူက ငါတို့ကို ဒီလိုလုပ်ခွင့်ပေးမှာ သေချာတယ်။ ခေါင်းဆောင်ကို အရင်ဖမ်းပြီး ဖြုတ်လိုက်တာ ပိုကောင်းမယ်ထင်တယ်။ ကျန်တာတွေက အသုံးမဝင်တဲ့ ကြက်တွေနဲ့ ခွေးတွေပဲ” ချူးယွင်ဖန်းက ရှယင်းယင်းကို သဘောမတူပေ။ သူသည် ကုလန်ကို မျက်လုံးများစူးရဲတောက်ပစွာဖြင့်ကြည့်နေသည်။

"ဟားဟား၊ မင်းမှာ အမြော်အမြင်ရော သတ္တိရောရှိတာပဲ။ ချူးယွင်ဖန်း၊ မင်းက ငါတို့ရဲ့ မြင့်မြတ်တဲ့ဂိုဏ်းက အရမ်းအထင်ကြီးတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ ဒါပေမယ့် တစ်နှစ်နေရင် မင်း မရဏသတ်ကွင်းမှာ ကျန်းလင်းရှောင်သတ်တာခံရမှာကတော့ နှမျောစရာပဲ”

“မင်းရဲ့အနာဂတ်က သူ့လိုပဲ တောက်ပနေတယ်။ မင်းသူ့အပေါ် ဘာလို့ အငြိုးထားမှန်း ငါမသိပေမယ့်၊ မင်းသာ ငါတို့ရဲ့ မြင့်မြတ်တဲ့ဂိုဏ်းမှာ စိတ်ပါလက်ပါ ပါဝင်ခဲ့မယ်ဆိုရင် သူ့ကို ငါးနှစ်အတွင်း သတ်နိုင်တဲ့စွမ်းအားကို ရပြီး ဆယ်နှစ်အတွင်းမှာ သူ့ကို လုံးဝ ကျော်တက်သွားနိုင်လိမ့်မယ်လို့ ငါအာမခံတယ်။ မင်းမှာ အရည်အချင်းရှိလို့ ငါမင်းကို ဒီအခွင့်အရေးပေးမယ်” ကုလန်က ရယ်မော၍ပြောသည်။

"မင်းကိုယ်မင်း ဘာကောင်ထင်နေတာလဲ။ မင်းက နတ်ဆိုးဂိုဏ်းထဲက ပမွှားလေးတစ်ကောင်ပဲကို၊ ငါ့ကိုအနာဂတ်ပေးမယ်ဆိုပြီး ခြိမ်းခြောက်ရဲတယ်ပေါ့" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

အခန်း(၄၄၉) ရန်သူတစ်ထောင်ကို လက်တစ်ဖက်နည်းဖြင့် ချေမှုန်းခြင်း

ချူးယွင်ဖန်း၏စကားများသည် မိမိကို အလေးအနက်မထားကြောင်း သက်သေပြနေသဖြင့် ကုလန်၏ မျက်နှာသည် ချက်ချင်းပင် မှောင်ကျသွားသည်။

"ချူးယွင်ဖန်း၊ ဒါဘယ်လိုနေရာလို့ မင်းထင်လဲ။ မင်းက မာနကြီးတယ်လို့ ငါကြားဖူးတာကြာပြီ။ ကျန်းလင်းရှောင်ကို စိန်ခေါ်ဖို့တောင် သတ္တိရှိသေးတယ် သေခါနီးအချိန်ထိ မင်းဘယ်လိုနောင်တရရမယ်မှန်းမသိလောက်ဘူးလို့ ငါမမျှော်လင့်ထားဘူး။ ငါ မင်းကို အခွင့်အရေး ပေးခဲ့တယ်။ မင်းမလုပ်ချင်ဘူးဆိုမှတော့ နောက်ဖြစ်လာမယ့်အရာအတွက် ငါ့အဆိုးမဆိုပါနဲ့" ကုလန်က ချူးယွင်ဖန်းကို အေးစက်စွာပြုံးကြည့်လျက်ပြောလိုက်သည်။

"ဟားဟားဟား တကယ်လား။ အာချောင်တာရပ်လိုက်တော့” ချူးယွင်ဖန်းက ရယ်သည်။ ကုလန်၏ ကမ်းလှမ်းချက်သည် သူ့ကို အနည်းငယ်မျှပင် မဆွဲဆောင်နိုင်ခဲ့ပေ။ အကယ်၍ သူသည် နတ်ဆိုးဂိုဏ်းသို့ဝင်ရောက်ခဲ့မည်ဆိုပါက၊ သူသည် အကြိမ်ပေါင်းများစွာ ဦးနှောက်ဆေးကြောခြင်းခံရမည်မှာ သေချာသည်။ ထို့နောက်တွင် ထွက်ပေါ်လာသောလူသည် ချူးယွင်ဖန်းဖြစ်တော့မည် မဟုတ်ပေ။

ချူးယွင်ဖန်းက ရုတ်တရက် ခြေဆောင့်၍ခုန်ကာ၊ ကုလန်၏ ဦးတည်ရာသို့ ချက်ချင်း ပြေးသွားသည်။ ကုလန်သည် လူများစုဝေးရာအဝိုင်းထဲတွင် တည်ရှိရာ၊ ထိုလမ်းကြောင်း၌ သဲပင်လယ်ဓားပြခေါင်းဆောင် နှစ်ဦးပင်ရှိနေသည်။

“မင်းကိုယ်မင်း အထင်တော်တော်ကြီးနေတာပဲ” ကုလန်က မျက်နှာထက်တွင်လှောင်ပြုံးတစ်ခုကို ဆင်မြန်း၍ပြောလိုက်သည်။

“ငါ စိတ်ပြောင်းသွားပြီ။ သူတို့အသက်မရှင်စေနဲ့၊ အားလုံးကို သတ်ပစ်”

သဲပင်လယ်ဓားပြများသည် ရှေ့သို့ အရှိန်ပြင်းဟွာ ချီတက်လာကြသည်။ ပြောရလျှင် သဲပင်လယ်ဓားပြများသည် လွတ်လပ်၍ စည်းကမ်းမဲ့ကြသည်။ သူ့အမိန့်ကို ၎င်းတို့ အပြည့်အဝနာခံကြခြင်းသည် ၎င်းတို့၏ အရိုးထဲတွင် အမြစ်တွယ်နေသည့် သူ့အပေါ်လေးစားမှုကြောင့်သာဖြစ်ကြောင်း သိသာ၏။

မျက်စိတစ်မှိတ်အတွင်း၌ ချူးယွင်ဖန်း၏ရှေ့တွင် သဲပင်လယ်ဓားပြ တစ်ဒါဇင်ခန့် ရပ်နေပြီဖြစ်သည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ငွေလင်ပန်းပေါ်တွင်တင်ထားသော စားတော်ပွဲတစ်နှယ် ကြည့်၍ သွားဖြဲလျက် ပြုံးလိုက်ကြသည်။

"မင်းက မင်းခွန်အားကို အရမ်းတွက်ထားတာပဲ"

ချူးယွင်ဖန်းသည် ကျယ်လောင်စွာ ကြုံးဝါးလျက် သူ့ခန္ဓာကိုယ်မှ ချီစွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ ပြင်းထန်စွာ တိုက်ခတ်လာသော လေသည်သဲပင်လယ်ဓားပြများကို ချက်ချင်း တားဆီးပစ်လိုက်သည်။ သူတို့ရပ်တန့်သွားသည့်အခိုက်တွင် ချူးယွင်ဖန်းသည် ကျူးချွဲ့ကို သူ၏နောက်ကျောမှ ဆွဲထုတ်လိုက်ရာ၊ ကြီးမားသောဓားသည် ကောင်းကင်ယံကို ခုတ်ပိုင်းလိုက်၏။

ဘမ်း

ဘမ်း

ဘမ်း

ဓားသံများအဆက်မပြတ်ထွက်ပေါ်လာပြီးနောက် ဒါဇင် သို့မဟုတ် ထို့ထက်မကသော သဲပင်လယ်ဓားပြများသည် အရှိန်အဟုန်ဖြင့် ချက်ချင်း လွင့်စင်သွားကြသည်။ ထို့နောက် ၎င်းတို့အားလုံး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားကာ ပြန်မထနိုင်တော့ပေ။ ကျူးချွဲ့၏ စွမ်းအားကို တွေးကြည့်၍ရနိုင်၏။ ဤကြီးမားလှသောဓားဖြင့် ထိမှန်ပါက ၎င်းတို့အတွက် တစ်ခုတည်းသော ရလဒ်မှာ သေခြင်းတရားသာဖြစ်လိမ့်မည်မှာ သေချာ၏။

ဤသဲပင်လယ်ဓားပြများသည် ချူးယွင်ဖန်း၏ ချီတက်လာမှုကိုမရပ်တန့်နိုင်ခဲ့ကြပေ။

ချူးယွင်ဖန်းက ရှေ့သို့တိုးလာသောမခါ ဧရာမစေတီတော်များနှင့်တူသော လူနှစ်ယောက်သည် သူ့ရှေ့တွင် ပေါ်လာသည်။ ၎င်းတို့နှစ်ဦးမှာ မရီးဒျန်သန့်စင်ခြင်းအဆင့် သဲပင်လယ်ဓားပြခေါင်းဆောင်များဖြစ်ကြသည်။ သူတို့၏ မျက်လုံးများသည် ကြေးခေါင်းလောင်းများကဲ့သို့ ကျယ်ဝန်း၍၊ ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုစိတ်များ တောက်လောင်နေသည်။

ခေါင်းဆောင်နှစ်ဦးသည် တပြိုင်နက်တည်း လှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။ တစ်ယောက်က ချူးယွင်ဖန်း၏ ဘယ်ဘက်မှလာ၍ ကျန်တစ်ယောက်သည် ညာဘက်မှရောက်လာသည်။ ၎င်းတို့သည် သူ့ကို ချောင်ပိတ်တိုက်ခိုက်ခဲ့ကြရာ၊ ၎င်းတို့ထဲမှ တစ်ယောက်သည် သွေးစွန်းနေသော လှံရှည်ကို ကိုင်ဆောင်ထား၍ ကျန်တစ်ယောက်သည်မူ ဓားရှည်ကို ကိုင်ဆောင်ထား၏။

"သတိထား”

ခပ်လှမ်းလှမ်းမှ ရှယင်းယင်းသည် ဤမြင်ကွင်းကိုမြင်၍ အော်ဟစ်လိုက်သော်လည်း သူမသည် ထိန်းထားနိုင်သည်ဆိုရုံမျှသော အခြေအနေတွင်ရှိနေ၏။ ပင်လယ်ဓားပြ တစ်ဒါဇင်ကျော်နှင့်အတူ ခေါင်းဆောင်တစ်ဦးသည်လည်း သူမကို ဝိုင်းရံထားသည်။ ၎င်းတို့၏ တိုက်ခိုက်မှုပေါင်းများစွာသည် သူမကိုယ်ပေါ်ကို ထိမှန်လျက်ရှိရာ၊ အကယ်၍ သူမသာ ချပ်ဝတ်တန်ဆာမ၀တ်ထားပါက အသတ်ခံလိုက်ရမည်မှာ ကြာနှင့်ပြီဖြစ်၏။

လက်လေးချောင်းကို မတိုက်နိုင်သော လက်သီးနှစ်လုံး၏ နိယာမကို ဤနေရာတွင် မျက်ဝါးထင်ထင်မြင်တွေ့နိုင်၏။

အခြားသူများသည်လည်း အလားတူအခြေအနေမျိုးတွင် ရှိနေသည်။ ရှဖန်တစ်ဦးတည်းသာ သဲပင်လယ်ဓားပြခေါင်းဆောင်နှင့် မကြုံခဲ့ရသော်လည်း သူ့ကို သဲပင်လယ်ဓားပြ တစ်ဒါဇင်ကျော်ခန့်က ဝိုင်းရံထားဆဲဖြစ်သည်။ ဤအချိန်တွင် ကျောင်းသားများ၌ ရွေးချယ်စရာလမ်းမရှိပေ။ ချူးယွင်ဖန်းသည် ကုလန်ကို သတ်ရန်အတွက် ချီတက်သွားပြီဖြစ်သဖြင့်၊ ၎င်းတို့သည်လည်း လျစ်လလျူမရှု့နိုင်ကြပေ။ ၎င်းတို့အတွက်ကျရှိသော တစ်ခုတည်းသော ရွေးချယ်မှုမှာ ဆက်လက်ရပ်တည်၍ တိုက်ပွဲဝင်ရန်ဖြစ်သည်။

“အားလုံးပဲ တောင့်ခံထားကြပါ၊ ငါ အချက်ပြမီးပစ်ပြီးသွားပြီ၊ အနီးနားမှာရှိတဲ့ ပြည်ထောင်စုတက္ကသိုလ်ကျောင်းသားတွေအားလုံး ငါတို့အချက်ပြမီးကို မြင်ကြလိမ့်မယ်။ အဲ့အချိန်အထိ ငါတု့ိ ဆက်ပြီး တောင့်ခံထားရမယ်” ရှဖန်က သူ ဓားဖြင့် ခုတ်ထားသည့် သဲပင်လယ်ဓားပြတစ်ဦးကို လွင့်ထွက်သွားစေပြီးနောက်၊ ကျယ်လောင်စွာပြောလိုက်သည်။

“ဟားဟားဟား မင်းတို့ ဒီလိုအခွင့်အရေးမျိုးရမယ်လို့ တကယ်ထင်နေတာလား။ မင်းတို့ဝင်လာတုန်းက အချက်ပြစနစ်ကို ပိတ်ထားတာ မင်းသတိမထားမိဘူးလား” ကုလန်က ရယ်မောလိုက်သည်။ သူသည် အမြဲတစေလိမ္မာပါးနပ်၍ ကိစ္စများစွာကို သတိကြီးစွာထား၍လုပ်ဆောင်တတ်သူဖြစ်သည်။ ထိုကဲ့သို့ ချို့ယွင်းချက်မျိုးကို သူမည်သို့ ခွင့်ပြုထားလိမ့်မည်နည်း။

တစ်ချိန်တည်း၌ပင် ချူးယွင်ဖန်းမရောက်ခင် သဲပင်လယ်ဓားပြခေါင်းဆောင်နှစ်ဦးသည် ချူးယွင်ဖန်း၏ လက်ဝဲဘက်သို့ ခုန်ဆင်းလာကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာများကို ရှင်းလင်းစွာမြင်နိုင်၏။ သူတို့သည် အလွန်အတွေ့အကြုံရှိပုဂ္ဂိုလ်များဖြစ်ကြောင်း ထင်ရှားလှကာ၊ ချူးယွင်ဖန်းကို တုံ့ပြန်ရန်ပင် အချိန်မပေးဘဲ၊ တစ်ချိန်တည်းနီးပါးတိုက်ခိုက်ခဲ့ကြသည်။

လှံကိုင်ထားသော ခေါင်းဆောင်သည် သူ့လက်ထဲမှ လှံကို ဝှေ့ယမ်းလိုက်ရာ၊ ကြောက်မက်ဖွယ်လေလှိုင်းကြီးတစ်ခု ပေါ်ထွက်လာသည်။ သို့သော် ထိုလှံက ချူးယွင်ဖန်းကို ထိုးဖောက်ခါနီးသောအခိုက်အတန့်တွင် ၎င်းမှာ ချူးယွင်ဖန်းသို့ လုံးဝထိမှန်သွားခြင်းမရှိကြောင်း သိလိုက်ရသည်။ ၎င်းသည် နောက်ဆက်တွဲပုံရိပ်တစ်ခုသာဖြစ်၏။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် အသွင်အမျိုးမျိုး ကွဲထွက်သွား၏။

“ဒါဘယ်လို ရွေ့လျားရေးသိုင်းပညာမျိုးလဲ”

ခေါင်းဆောင်၏ မျက်လုံးများအားလုံး ထိတ်လန့်မှုကြောင့် ချက်ချင်းပင်ပြူးကျယ်သွားသည်။ ၎င်းသည်လှုပ်ရှားမှုနည်းပညာတစ်ခုဖြစ်ကြောင်း သူသတိထားမိလိုက်သော်လည်း မည်သို့သော လှုပ်ရှားမှုနည်းပညာသည် ထိုမျှထိအံ့ဖွယ်အကျိုးသက်ရောက်မှုရှိသည်ကို သူမသိပေ။

အခြားခေါင်းဆောင်၏ ဓားရှည်က ချူးယွင်ဖန်းကို ခုတ်မည့်တော့မည့်ဆဲဆဲတွင် သူ့လက်နက်၏ အောက်၌ ဓားကြီးတစ်စင်းပေါ်လာသည်ကို မြင်လိုက်ရ၏။

ချွင်

ပြတ်သားကျယ်လောင်သော အသံကြီးတစ်ခုပေါ်ထွက်လာပြီးနောက်၊ ခေါင်းဆောင်၏ လက်နက်အတွင်းသို့ ကြောက်မက်ဖွယ်စွမ်းအင်များ တန်ပြန်စီးဝင်သွားသည်။ ခေါင်းဆောင်က သူ့လက်တစ်ချောင်းလုံး ထုံကြင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဓားကိုင်ထားသော ခေါင်းဆောင်သည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်၍ သူ့ဟန်ချက်ကို ပြန်ထိန်းလိုက်သော်လည်း ကျူးချွဲ့သည် အရိပ်တစ်ခုကဲ့သို့ သူ့နောက်သို့ လိုက်လာ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း၌ပင် ခုတ်ပိုင်းကျလာသည်။

ချွင်

ခေါင်းဆောင်သည် ဝင်လာသောဓားကို တားဆီးရန် သူ၏ ဓားကို မြှောက်ချိန် ရှိသည်ဆိုရုံမျှသာရခဲ့၍ မရှောင်တိမ်းနိုင်ခဲ့ပေ။ သို့သော် မကြာမီတွင် သူ၏ လုပ်ရပ်မှာ မှားယွင်းသွားကြောင်း နားလည်သွား၏။ ဓားကို တားဆီလိုက်သောအခါ၊ သူ့လက်ဖဝါးသည် ချက်ချင်းကွဲထွက်၍ သွေးများပန်းထွက်လာသည်။ သူ၏ဓားသည် ဤကြီးမားသော စွမ်းအားကို မတားဆီးနိုင်ခဲ့သည့်အပြင်၊ ထိုဓား၏အရှိန်သည်လည်း လျော့သွားခြင်းမရှိပေ။ ၎င်းသည် ခေါင်းဆောင်ကို တည့်တည့်ထိမှန်သွား၏။

ခေါင်းဆောင်သည် သူ့ခန္ဓာကိုယ်တစ်ခုလုံး နှစ်ပိုင်းမပိုင်းခံလိုက်ရခင်၊ နာကျင်စွာအော်ဟစ်ညည်းညူလိုက်သည်။ သွေးချင်းချင်းနီနေသော အရိုးအပိုင်းအစများသည် အာတိတ်သဲကန္တာရကြမ်းပြင်တစ်ခုလုံးသို့ ပြန့်ကျဲသွားသည်။ အနီရောင်ရှိသော မြေပြင်သည် သွေးရောင်ကြောင့် ပို၍နီရဲသွား၏။

ချူးယွင်ဖန်းထံသို့ ချီတက်လာနေသော လှံကိုင်ထားသည့် ခေါင်းဆောင်သည် ရပ်တန်သွားသည်။ သူသည် အခြားခေါင်းဆောင်တစ်ဦးနှင့် ပူးပေါင်း၍ တိုက်ခိုက်ချင်ခဲ့ခြင်းဖြစ်ရာ၊ ဤသို့ ထိတ်လန့်ဖွယ်မြင်ကွင်းမျိုးကို မြင်ရလိမ့်မည်ဟု မည်သူက သိလိမ့်မည်နည်း။

ဓားကို လက်တစ်ဖက်တည်းဖြင့် ကိုင်ထားသော ချူးယွင်ဖန်းသည် သူ့အဖော်ကို နှစ်ပိုင်းပိုင်းပစ်လိုက်၏။

အခန်း (၄၅၀) ကုလန်ကို ထိုးကြိတ်ခြင်း

ထိုးနှက်ချက် နှစ်ချက်တည်းဖြင့် မရီးဒျန်သန့်စင်ခြင်းအဆင့် သဲပင်လယ်ဓားပြခေါင်းဆောင်နှစ်ဦးသည် ချူးယွင်ဖန်း၏လက်ထဲတွင် ဆိုးရွားစွာသေဆုံးသွားခဲ့လေ၏။ ဤဖြစ်စဉ်သည် တခြားသဲပင်လယ်ဓားပြများကို ထိတ်လန့်စေသည်။ ဤသဲပင်လယ်ဓားပြများသည် သေခြင်းနှင့်နီးသော တိုက်ပွဲများကို နှစ်ပေါင်းများစွာ ဖြတ်ကျော်လာခဲ့ရာ၊ ပြဿနာရှာလေ့ရှိသော ကျွမ်းကျင်သူများစွာကို တွေ့ခဲ့ရသော်လည်း ချူးယွင်ဖန်းကဲ့သို့သော လူမျိုးကို တွေ့ခဲ့ရခြင်းမှာမူ မရှိသလောက်နည်းပါးသည်။ သူသည် လူသတ်စက်တစ်ခုဖြစ်လေ၏။

ချူးယွင်ဖန်းသည် ချက်ချင်း သတ်ဖြတ်ခဲ့သည်။ ဤသဲပင်လယ်ဓားပြများ၏ ခေါင်းဆောင်များသည် ၎င်းတို့ထဲတွင် အသန်မာဆုံးဖြစ်သည်။ ခေါင်းဆောင်အဖြစ် ပေးအပ်ခြင်းမခံရမီ များစွာသော တိုက်ပွဲများကို ဖြတ်သန်းခဲ့သည်။ သို့သော်လည်း ချူးယွင်ဖန်း၏ တိုက်ခိုက်မှုတစ်ခုကိုပင် ခံနိုင်ခဲ့ခြင်းမရှိသည့်အတွက်၊ ချူးယွင်ဖန်းသည် ၎င်းတို့အတွက် မည်မျှဘေးအန္တရာယ်ဖြစ်သည်ကို တွေးကြည့်နိုင်သည်။

“အမှိုက်။ မင်းတို့တွေ အကုန် အမှိုက်တွေ"

ကုလန်သည် အငြိမ်မနေနိုင်တော့ပေ။ သူသည် အောင်ပွဲခံရမည်ကို သေချာသည်ဟု ထင်နေသော်လည်း၊ ချူးယွင်ဖန်းက ဤသဲပင်လယ်ဓားပြခေါင်းဆောင်နှစ်ဦးကို သိုင်းကွက်နှစ်ခုဖြင့် အလွယ်တကူသတ်ပစ်မည်ဟု မည်သူသိမည်နည်း။ ချူးယွင်ဖန်းသည် အခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့သည်။ ဤသဲပင်လယ်ဓားပြများသည် ကုလန်အတွက် အမြောက်စာမျှသာဖြစ်သော်လည်း ၎င်းတို့ကို လက်အောက်ခံအဖြစ်ပြုလုပ်ရခြင်းသည် သူ့အတွက် မလွယ်ကူခဲ့ပေ။ သူသည် သည်းခံနိုင်ခြင်းမရှိတော့ဘဲ စတင်တိုက်ခိုက်တော့သည်။

ကုလန်သည် ချူးယွင်ဖန်းကို ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သူသည် မရီးဒျန်သန့်စင်ခြင်းအဆင့် ခေါင်းဆောင်နှစ်ဦးထက် များစွာမြန်ဆန်သည်။

မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်။

ရှယင်းယင်းပြောခဲ့သည့်အတိုင်းပင် ကုလန်က ၎င်းတို့ထက် ပို၍သန်မာသည်။ ချူးယွင်ဖန်း၏အသင်းဖော်များထဲတွင် မရီးဒျန်သန့်စင်ခြင်း တတိယအဆင့်သို့ရောက်ရှိခဲ့သော ရှယင်းယင်းသည် အသန်မာဆုံးဖြစ်သည်။ နှိုင်းယှဉ်ကြည့်လျှင် ကုလန်သည် မရီးဒျန်သန့်စင်ခြင်း စတုတ္ထအဆင့်သို့ တက်လှမ်းခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သုန်ဖန်းဟောက်၊ ကျန်းပိုင်‌ေဖးနှင့် အခြားသူများနှင့် မနှိုင်းယှဉ်နိုင်သေးသော်လည်း ရှယင်းယင်းနှင့် အခြားသူများထက် သိသိသာသာ သာလွန်နေပြီဖြစ်သည်။

ဘုံး

ကုလန်သည် မိမိလက်ထဲမှလှံရှည်ကို လှမ်းပစ်လိုက်ရာ၊ စက္ကန့်ပိုင်းလေးအတွင်း၌ပင် ချူးယွင်ဖန်းဆီသို့ ရောက်လာခဲ့သည်။ လေထုထဲသို့ လှံ၏ ထိုးဖောက်မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်ရာ လေလှိုင်းများသည် အသံလှိုင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ချူးယွင်ဖန်း၏ အဝတ်အစားများကို တဖျပ်ဖျပ် လွင့်ပျံနေစေ၏။

ထူထဲသော သွေးနံ့သည် ချူးယွင်ဖန်း၏ အာရုံများကို တားဆီးပစ်လိုက်သည်။

Swish!

ဤလှံသည် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ကို ဖောက်ဝင်သွားသော်လည်း ၎င်းသည် သူ့ကို အန္တရာယ်ဖြစ်ခြင်း မရှိခဲ့ပေ။ အကြောင်းမှာ၊ လှံသည် ချူးယွင်ဖန်း၏ ပုံရိပ်ယောင် ရုပ်အသွင်ကိုသာ တိုက်ရိုက်ထိုးဖောက်သွားခြင်းဖြစ်၏။

" သေစမ်း။ ဒီရွေ့လျားရေးသိုင်းပညာပဲ၊ လာပြန်ပြီ ”

ကုလန်က ကြုံးဝါးလိုက်သည်။ သူ၏ဝှေ့ယမ်းမှုနှင့်အတူ လှံသည် ချက်ချင်းပင် ဘေးဘက်သို့ လွင့်ပျံသွားသည်။ ယင်းသည် ချူးယွင်ဖန်း၏ အခြားပုံရိပ်ယောင် ရုပ်ပုံများဆီသို့ ထိမှန်သွားသော်လည်း ၎င်းတို့အားလုံးသည် အတုများဖြစ်နေကြောင်း လျင်မြန်စွာ တွေ့ရှိခဲ့သည်။ ၎င်းတို့သည် ပုံရိပ်ယောင် ရုပ်ပုံများသာဖြစ်သည်။ ချူးယွင်ဖန်းပြသခဲ့သည့် အံ့ဖွယ်ကောင်းသော ပုံရိပ်ကိုးသွယ် ကိုယ်ပွါးရွေ့ရှားမှုသိုင်းသည် ကုလန်မှ ကိုင်တွယ်ဖြေရှင်းနိုင်သည့် အတိုင်းအတာကိုကျော်လွန်နေခဲ့သည်။

"ဓါးသခင်"

နောက်ဆုံးတွင် ချူးယွင်ဖန်းက ဟိန်းဟောက်၍ စတင်လှုပ်ရှားခဲ့သည်။ သူ၏လက်ထဲတွင်ရှိနေသော ဓားသည် ကုလန်၏လက်ထဲတွင်ရှိနေသော လှံထက် မတိုတောင်းလှပေ။ သူရှေ့သို့ တစ်ဟုန်ထိုး ချီတက်လာသည်နှင့် တစ်ပြိုင်နက်၊ ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်လာရာ၊ လေကို ဖြိုခွင်းဆုတ်ဖြဲနေသည့်နှယ်ထင်ရ၏။

ဓားရောင်ခြည်သည် နဂါးကြီးတစ်ကောင်ကဲ့သို့ လွှမ်းခြုံကျလာသည်။

ကုလန်သည် အံ့သြသွားသော်လည်း လျင်မြန်စွာတုံ့ပြန်ခဲ့သည်။ သူသည် လှံကို ပြန်ရုပ်သိမ်း၍ သူ့ကိုယ်ကို ကာကွယ်ခဲ့သည်။ လှံမှ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာကာ၊ ချူးယွင်ဖန်း၏ဓားချက်ကို တားဆီးရန် ကြိုးစားခဲ့သည်။ ချူးယွင်ဖန်း၏ ကြောက်မက်ဖွယ်ခွန်အားကို အစောပိုင်းတိုက်ပွဲတွင် အပြည့်အဝပြသခဲ့သော်လည်း၊ ကုလန်ကို မထိတ်လန့်စေခဲ့ပေ။ အစောပိုင်းတိုက်ပွဲတွင် သူသည် ချူးယွင်ဖန်း ကျင့်ကြံခြင်းအဆင့်ကို ဆုံးဖြတ်ခဲ့ရာ၊ ချူးယွင်ဖန်းသည် မရီးဒျန်သန့်စင်ခြင်း ဒုတိယအဆင့်တွင်သာရှိသေးသည်။ သူသည် စတုတ္ထအဆင့်တွင် ရှိနေခဲ့သောကြောင့် ချူးယွင်ဖန်းကို အနိုင်ယူနိုင်မည်ဖြစ်သည်။

ချွင်

လှံနှင့် ကျူးချွဲ့တို့သည် ထိတ်လန့်တုန်လှုပ်ဖွယ် ပေါက်ကွဲသံနှင့်အတူ တိုက်မိသွားကြသည်။

ချက်ချင်းပင်၊ ကုလန်၏ တိုက်ခိုက်မှုအားလုံး ပြိုကျသွားခဲ့သည်။ ချူးယွင်ဖန်းသည် ကုလန်၏ တိုက်ခိုက်မှု အားလုံးကို အပိုင်းပိုင်းဖြိုခွဲပစ်လိုက်သည်။ ကုလန်၏လက်ထဲရှိ လှံသည် ပြင်းထန်စွာ တုန်ခါသွာပြီးနောက်၊ နောက်ဆုံးတွင် သူ့ဘက်မှ မည်မျှမှားခဲ့သည်ကို သူနားလည်သွားခဲ့သည်။ ချူးယွင်ဖန်း၏ အင်အားသည် ကြောက်မက်ဖွယ်အဆင့်တွင် ရှိနေ၏။

ချူးယွင်ဖန်း၏ ရိုက်ချက်တစ်ချက်သည် ကုလန်၏ လက်ဖဝါးကို အစိတ်စိတ်အမြွှာမြွှာကွဲသွားစေခဲ့ရာ၊ သူ၏လက်မနှင့် လက်ညှိုးလျှင်ပင် ကွဲထွက်သွားခဲ့သည်။ ချူးယွင်ဖန်းသည် သူထင်ထားသည်ထက် ပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။ ချူးယွင်ဖန်းသည် အသာစီးရနေချိန်တွင် မည်သူ့ကိုမျှ ခုခံရန်အခွင့်ပေးမည်မဟုတ်သည့်အတွက် တိုက်ခိုက်မှုအောင်မြင်ပြီးနောက်တွင် ရပ်တန့်ခဲ့ခြင်းမရှိခဲ့ပေ။ သူသည် ထပ်မံတိုက်ခိုက်နိုင်မည့် အခွင့်အရေးကို ဆုပ်ကိုင်ထားသည်။

ကောင်းကင်ယံသို့ ဖြတ်ပိုင်းသွားသော ကျူးချွဲ့၏ အသံသည် ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်လှုပ်စေခဲ့သည်။

ဘန်း

ဘန်း

ဘန်း

ချူးယွင်ဖန်းသည် ကျူးချွဲ့နှင့် အထပ်ထပ်အခါခါ ပိုင်းဖြတ်နေခဲ့ရာ၊ ဓား၏ကြီးမားသောကိုယ်ထည်သည် ချူးယွင်ဖန်း၏လက်ထဲတွင် ငှက်မွှေးတစ်မွှေးကဲ့သို့ ပေါ့ပါးနေ၏။ ကျူးချွဲ့သည် အဆက်မပြတ် ရိုက်ခတ်နေသော လေးလံသည့် တူတစ်စင်းနှင့် ဆင်တူသည်။ ထိုကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရသော ကုလန်သည် သူ့ကိုယ်သူ ခုခံကာကွယ်ရုံသာ တတ်နိုင်ခဲ့သည်။ သို့သော်လည်း “ကာကွယ်ဖို့ပဲ လုပ်နေရင် ရှုံးမှာသေချာတယ်” ဟူသော ဆိုးရိုးစကားအတိုင်း နောက်ဆုံးတွင်၊ ကုလန်သည် သူ၏ခြေထောက်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ ချူးယွင်ဖန်း၏ဓားချက်ဖြင့် လွင့်ပျံကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

"မင်းရဲ့ စိတ်ကြီးဝင်တာတွေ ဘယ်ရောက်သွားတာလဲ။ ဒါ အကုန်ပဲလား။" ချူးယွင်ဖန်းသည် ကုလန်ကိုကြည့်၍ သရော်ဟန်ပြုလိုက်သည်။

ကုလန်သည် သူ၏လက်များနှင့် ဒူးများကို အသုံးပြု၍ တွားသွားကာ သူ၏ပါးစပ်ထောင့်တွင် စီးကျနေသေးသည့် သွေးများကို သုတ်လိုက်သည်။

"မင်း ဒီလောက် သန်မာမယ်လို့ မထင်ထားဘူး။ ကျောင်းသားသစ်၊ မင်းကငါ့ကို လုံးဝ ဒေါသထွက်အောင် လုပ်လိုက်တာပဲ"

ကုလန်၏ အရောင်အဝါများ ရုတ်တရက် မြင့်တက်လာခဲ့သည်။ မုန်တိုင်းငယ်တစ်ခု၏ လွှမ်းမိုးခြင်းကြောင့် သူ၏တစ်ကိုယ်လုံး ဖောင်းပွလာသည်။ မူလက အရပ်ခြောက်ပေကျော်ခန့် ရှိသူဖြစ်သည့် ကုလန်သည် ယခု အသက်တစ်ချက်ရှိုက်စာအကြာတွင် ဆယ်ပေကျော်အထိ ကြီးထွားလာခဲ့သည်။

"တခြား အသွင်ကူးပြောင်းမှုပဲ"

ချူးယွင်ဖန်းက ပြောင်းလဲနေသော ကုလန်ကို စိုက်ကြည့်၍ ပြောလိုက်သည်။ ကျင့်ကြံခြင်းသည် လူသားများကို နိမ့်ကျသော သတ္တဝါများမှ မြင့်မားသော စွမ်းအားရှင်များအဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်စေသော်လည်း၊ ဤကဲ့သို့ အသွင်ပြောင်းနည်းမျိုးသည် ချူးယွင်ဖန်းမှ ဘယ်သောအခါမှ မစဉ်းစားမိသော အရာပင်ဖြစ်၏။

ဘုံး

ကုလန်၏ ခွန်အားသည် ချက်ချင်းပင် တိုးလာသည်။ သူ့၏ခွန်အားသည် ယခင်ကနှင့် ယှဉ်လျှင် ငါးဆယ်ရာခိုင်နှုန်းကျော်မျှ တိုးတက်လာသည်။ ကုလန်၏ သွားများသည် ပိုမိုချွန်မြလာ၍ အစွယ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤကြောက်မက်ဖွယ်ကောင်းသော အစွယ်များကို လူအများကမြင်ခဲ့လျှင် ကြောက်ရွံ့ထိတ်လန့်ကြမည်မှာ သေချာသည်။ ဤအခိုက်အတန့်တွင် သူသည် လူသားအသွင်ရှိသော ရက်စက်ကြမ်းကြုတ်သည့် သားရဲတစ်ကောင်နှင့်ဆင်တူသည်။

“ဟီး။ ရှယင်းယင်း၊ လောင်ဖန်း၊ ငါ့ရဲ့ပုံစံအသစ်ကိုကြည့်ကြစမ်း။ ပြည်ထောင်စုတက္ကသိုလ်မှာ ရှိနေတုန်းက ငါ့ရဲ့သရုပ်အမှန် ရှာတွေ့သွားကြမှာစိုးလို့ အသွင်မကူးပြောင်းရဲခဲ့ဘူး။ ဒါပေမယ့် အခုအချိန်မှာ အရာအားလုံးက အရင်ကနဲ့မတူတော့ဘူး။ မင်းတို့ဘယ်တော့မှ စိတ်ကူးယဉ်နိုင်မှာ မဟုတ်တဲ့ အင်အားကြီးမားတဲ့ စွမ်းအင်ကို ငါလက်ခံထားပြီးပြီကွ” ကုလန်က စူးစူးဝါးဝါး ရယ်မောလိုက်သည်။

သို့သော် ကုလန်၏ စကားဆုံးရုံမျှ အချိန်တွင် ဧရာမ ဓားကြီးတစ်စင်းသည် ကောင်းကင်မှ ဆင်းသက်လာ၍ သူ၏ခေါင်းဆီသို့ ချိန်ကိုက်လာခဲ့သည်။

ကုလန်သည် အလွန်အမင်းဒေါသထွက်၍ ချူးယွင်ဖန်းကို မိမိလက်ထဲတွင် ရှိနေသော လှံရှည်ဖြင့် တိုက်ခိုက်လိုက်သည်။ သူ၏ပုံစံကို ပြောင်းလဲပြီးနောက်၊ ကုလန်၏ ခွန်အားနှင့် အရှိန်သည် အလွန်တိုးတက်လာခဲ့သည်။ ယခုမတိုင်မီက သူသည် ချူးယွင်ဖန်း၏တိုက်ခိုက်မှုမုန်တိုင်းအောက်တွင်သာ ခုခံကာကွယ်ခြင်းနှင့် ဆုတ်ခွာမှုများကို လုပ်နိုင်ခဲ့သည်။ သူသည် ယခင်က ချူးယွင်ဖန်းနှင့် လုံးလုံးလျားလျား မယှဉ်နိုင်ခဲ့သော်လည်း ယခုအခါတွင် ချူးယွင်ဖန်းနှင့် တန်းတူယှဉ်ပြိုင်နိုင်ခဲ့သည်။

"ဟားဟား၊ ချူးယွင်ဖန်း ဒီနေ့က မင်းသေရမယ့် နေ့ပဲ” ကုလန်သည် ရယ်မော၍ သူ၏ယခင်က အရေးနိမ့်မှုများကို ဖယ်ရှားပစ်လိုက်သည်။

ဘန်း

ဘန်း

ဘန်း

နှစ်ဘက်စလုံးသည် ၎င်းတို့၏ သိုင်းကွက်များကိုအသုံးပြု၍ စတင်တိုက်ခိုက်ခဲ့ကြရာ၊ တိုက်ပွဲ၏ အကျိုးဆက်သည် အလွန်ကြီးမားပြင်းထန်လှသည်။

All Chapters