← Chapters

သရုပ်သကန်ကို သိရှိသွားခြင်း

Vol. 183 Ch. 2731

သရုပ်သကန်ကို သိရှိသွားခြင်း

Vol. 183 Ch. 2731

ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်၊ အမွေခံကုန်းမြေမှာ..

သေသပ်ရိုးရှင်းသော လိုဏ်ဂူခန်းဝါတစ်ခုထဲတွင်။

မွှေးရနံ့တစ်ခုက ထုံသင်းနေ၏။

ချောမောလှပသောအမျိုးသမီးတစ်ဦးက သူမ၏ မျက်လုံးများကို မှိတ်ထားပြီး စုတ်တံတစ်ချောင်းကိုကိုင်ကာ စက္ကူတစ်ရွက်ပေါ်တွင် အဆက်မပြတ်ရေးဆွဲနေသည်။

အမျိုးသမီး၏ ပခုံးပေါ်မှာ နှင်းဖြူရောင်လိပ်ပြာတစ်ကောင်ကရပ်ပြီး ၎င်း၏ တောင်ပံများကို ညင်သာစွာခတ်ကာ အမျိုးသမီးရေးဆွဲနေသည့် ပန်းချီကားကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေ၏။

ပုန်းချီအင်မော်တယ်မိုချင်...။

မကြာသေးခင်က သူမသည် ပန်းချီမှာ နစ်မျောသားခဲ့ပြီး တစ်လနီးပါးကြာလာခဲ့ပြီဖြစ်သည်။ သူမသည် ​လုံးလုံးလျားလျားအာရုံစူးစိုက်ထားပြီး သူမ၏ မျက်လုံးများကို ဖွင့်ကြည့်မလာခဲ့ပေ။

သူမသည် ပန်းချီဆွဲခြင်းဖြစ်စဥ်ကို ဟန့်တားနှောက်ယှက်မိမည်စိုးပြီး အနားယူခြင်းပင် မရှိခဲ့ပေ။

ပုံဆွဲစက္ကူပေါ်မှာ အမျိုးသားတစ်ယောက်၏ ရုပ်ပုံသာလျှင် ရှိနေ၏။

ထိုမတိုင်ခင်က ပန်းချီကား၏ ထက်ဝက်ကျော်ကို ရေးဆွဲပြီးသွားခဲ့ပြီဖြစ်သည်။

လစ်လပ်နေသော မျက်နှာနေရာကလွဲလျှင် ထိုရုပ်ပုံ၏ ကိုယ်နေဟန်ထား၊ အပြုအမူနှင့် ခရမ်းရောင်မီးတောက်များဖြင့် လောင်ကျွမ်းနေသော သူ၏ မျက်လုံးများကိုပင် ပုံဖော်ရေးဆွဲထားပြီလေပြီ။

မိုချင်ကတော့ သူမသည် နတ်ဘုရားတစ္ဆေ အင်မော်တယ်မိစ္ဆာပန်းချီကား၏ မိစ္ဆာရုပ်ပုံဓမ္မတာအိုကို အသုံးချကာ အထီးကျန်သိုင်းသခင်၏ အစစ်အမှန်ရုပ်ရည်သွင်ပြင်ကို အာရုံခံပြီး ပန်းချီကားကိုပြီးမြောက်ဖို့ ကြိုးပမ်းနေသည်။

အတန်ကြာပြီးနောက် မိုချင်သည် ရေးဆွဲနေခြင်းကို တဖြည်းဖြည်းရပ်တန့်ပြီး စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။

ပန်းချီကားက နောက်ဆုံးမှာပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူမသည် သူမ၏ မျက်လုံးနှစ်ဖက်ကို ဖွင့်ကြည့်မလာသေးပေ။

သူမက မျှော်လင့်စောင့်စားစွာဖြင့် စိုးရိမ်ကြောင့်ကြနေပြီး တွေဝေရှုပ်ထွေးသော စိတ်ခံစားချက်များနှင့် ပြည့်နှက်နေ၏။

ပန်းချီကားကို အဆက်မပြတ်ရေးဆွဲရခြင်းသည် သူမ၏ စိတ်ပိုင်းဆိုင်ရာအပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေခဲ့သည်။

မိုချင်သည် သူမ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို သက်သာစေဖို့အတွက် မျက်လုံးနှစ်ဖက်ကို မှိတ်ထားပြီး သူမ၏ သေးသွယ်သော လက်ချောင်းဖြင့် သူမ၏ နှာရောင်ကို ပွတ်သပ်နေ၏။

“လိပ်ပြာလေး... နင်ဘာလို့ ဘာမှမပြောတာလဲ”

မိုချင်က ပြောလိုက်၏။

သူမ၏ ပခုံးပေါ်ရှိ နှင်းဖြူရောင်လိပ်ပြာက သူမရှေ့မှာရှိသော ပန်းချီကားကိုကြည့်ပြီး တိတ်တဆိတ်ဆွံ့အကာ မည်သည့်စကားမှ ဆိုမလာခဲ့ပေ။

မိုချင်ကပြုံး၍ ကျီစယ်လိုက်၏။

“အဲဒါက အရင် နင်ခန့်မှန်းတဲ့အတိုင်းဖြစ်နေလို့လား... အထီးကျန်သိုင်းသခင်က စိမ်း​ဖန့်ဖန့်မျက်နှာနဲ့ သွားစွယ်တွေရှိနေလို့ နင်ကသူ့ရဲ့ခက်ထန်ကြမ်းတမ်းမှုမှာ တုန်လှုပ်နေတာလား”

မည်သို့ပင်ဆိုစေ ပန်းချီကားကို ပြီးမြောက်စေခဲ့ပြီးနောက် သူမက စိတ်သက်သာရာရနေ၏။

“ငါတကယ်ပဲ တုန်လှုပ်နေပြီ”

နှင်းဖြူရောင်လိပ်ပြာက တတွတ်တွတ်ပြောလိုက်၏။

“ဒါပေမယ့် အဲဒါက သူက အရမ်းကိုကြောက်ဖို့ကောင်းလို့ မဟုတ်ဘူး”

“အို... အဲဒါဆိုရင် ဘာလို့လဲ”

မိုချင်က မေးလိုက်၏။

နင့်ဘာသာနင်ကြည့်တော့”

ရေခဲလိပ်ပြာက ပြောလိုက်သည်။

ရေခဲလိပ်ပြာ၏ စကားကိုကြားရပြီးနောက် မိုချင်က ပို၍ပင် စူးစမ်းလိုစိတ်ဖြစ်ပေါ်လာ၏။

သူမက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အတန်ကြာရပ်နားပြိးနောက် သူမ၏ သတ္တိကိုစုစည်းလိုက်သည်။ သူမက ​မျက်လုံးနှစ်ဖက်ကိုဖွင့်ပြီး ရှေ့တည့်တည့်မှာရှိသော ပန်းချီကားကိုကြည့်လိုက်လေသည်။

မိုချင်က နေရာမှာပင်အံ့အားသင့် မှင်တက်သွား၏။

ပန်းချီကားထဲမှ လူက...။

သူမသည် သူနှင့်အရမ်းကို ရင်းနှီးမှုရှိလေသည်။

တက္ကသိုလ်မှ သူမ၏ ဂျူနီယာမောင်ဆူ...။

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ပန်းချီကားပေါ်မှာ အမျိုးသားတစ်ယောက်က အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်နေသည်။

သူ၏ မျက်လုံးများက မီးတောက်များဖြင့် တောက်လောင်နေပြီး သူနှင့်ပတ်သက်သည့် အရာရာတိုင်းက အထီးကျန်သိုင်းသခင်၏ သွင်ပြင်ဟန်ပန်ဖြစ်လေသည်။

သို့သော်လည်း သူ့မျက်နှာကတော့ ဂျူနီယာမောင်ဆူ၏ မျက်နှာဖြစ်နေသည်။

ပို၍ပြောစရာဖြစ်သည်မှာ ဂျူနီယာမောင်ဆူ၏ မျက်နှာသည် အထီးကျန်သိုင်းသခင်နှင့်ပတ်သက်သည့် အရာရာတိုင်းနှင့် ကွဲလွဲဆန့်ကျင်နေခြင်းမရှိပေ။ သူက အထီးကျန်သိုင်းသခင်ဖြစ်သည့်အလား ပြီးပြည့်စုံလုနီးပါး ​လိုက်ဖက်ညီနေ၏။

“ဆူဇီမိုမှာ သူနဲ့အရမ်းကိုရုပ်ချင်းဆင်တဲ့ အမြွှာအစ်ကိုတစ်ယောက်ရှိတာများလား”

ရေခဲလိပ်ပြာက ညင်သာစွာမေးလိုက်၏။

မိုချင်က နှုတ်ဆိတ်သွား၏။

ရုတ်တရက် သူမသည် ဂမ္ဘီရမိုးကောင်းကင်နန်းတော်၏ အခန်းထဲတွင်... စစ်တုရင်အင်မော်တယ်ကျွင်းယုနှင့်အတူ စစ်တုရင်ကစား​ခဲ့စဥ်က ဂျူနီယာမောင်ဆူ၏ မျက်လုံးထဲရှိ ခရမ်းရောင်မီးတောက်များကို ပြန်လည်အမှတ်ရလာ၏။

သူမသည် အဝီစိမှာတုန်းက ဂျူနီယာမောင်ဆူနှင့် အထီးကျန်သိုင်းသခင်ကြား အပြန်အလှန်ဆက်သွယ်ပြောဆိုမှုများကို အမှတ်ရလာ၏။

သူမအပေါ် ဂျူနီယာမောင်ဆူ၏ ထူးဆန်းသောစိတ်နေသဘောထားကိုလည်း သူမက ပြန်လည်အမှတ်ရလာ၏။

အဲဒါတွေအတွက် ဖြစ်နိုင်ခြေတစ်ခုသာလျှင် ရှိလေသည်။

မိုချင်က သူမ၏ လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ပြီး သူမ၏ ရင်ထဲမှာ အမျက်ဒေါသက ရုတ်တရက်ပေါ်ထွက်လာ၏။ သူမက ရှေ့မှာရှိသောပန်းချီကားကို ဒေါသတကြီးစိုက်ကြည့်ပြီး ပန်းချီကားကို လှမ်းဆွဲယူကာ သူမ ကြိုးစားပမ်းစားအားထုတ်ခဲ့သည့် ထိုပန်းချီကားကို အပိုင်းပိုင်းဆုတ်ဖြဲပစ်လိုက်၏။

“ဂျူနီယာမောင်ဆူ... နင်ဘယ်လိုတောင် လုပ်ရဲတာလဲ”

မိုချင်က ဒေါသထွက်၍ ရှက်ရွံ့နေပြီး အံကိုတင်းတင်းကြိတ်ထားသည်။

“ငါက နင့်ကိုအရမ်းယုံကြည်ခဲ့လို့ အဲဒီပန်းချီကားကို အထီးကျန်သိုင်းသခင်ဆီ ပေးပေးဖို့ တောင်းဆိုခဲ့တယ်... ဒါပေမဲ့ နင်ကတကယ်တော့...”

သို့သော်လည်း မိုချင်က အဲဒါနှင့်ပတ်သက်၍ ပြန်လည်စဥ်းစားတွေးတောကြည့်လိုက်၏။

ဤသည်မှာ ဂျူနီယာမောင်ဆူ၏ လျှို့ဝှက်ချက်ဖြစ်နေ၏။

ထိုလျှို့ဝှက်ချက်ပေါက်ကြားသွားသည်နှင့် ဂျူနီယာမောင်ဆူက အသက်အန္တရာယ်ရှိလာလိမ့်မည်ဖြစ်ပြီး သူသည် ကောင်းကင်နှင့်မြေကြီးတက္ကသိုလ်မှာပင် နေနိုင်တော့မည်မဟုတ်ပေ။

ဂျူနီယာမောင်ဆူအနေဖြင့် ဤကဲ့သို့သောလျှို့ဝှက်ချက်တစ်ခုကို သူမထံ ပြောမပြသည်မှာ နားလည်လက်ခံ၍ရနိုင်သည်။

မိုချင်က အဲဒါကို ထပ်မံ၍စဥ်းစားတွေးတောကြည့်လိုက်၏။

'နင်ငါ့ကို ပြောပြမယ်ဆိုရင်တောင် ငါက လျှို့ဝှက်ချက်ကို ပေါက်ကြားစေမှာလား'

'ငါက နင့်အတွက် မယုံကြည်ရတဲ့လူလား'

အဲဒါကိုစဥ်းစားတွေးတောပြီးနောက် မိုချင်သည် အနည်းငယ်မကျေမနပ်ဖြစ်နေသေးကာ ယခုတင်သူမဆုတ်ဖြဲထားသည့် စက္ကူအပိုင်းအစများကို မီးရှို့ပြာချပစ်လိုက်၏။

“နင်က အဲဒါကို ဒီလိုပဲ မီးရှို့ပြာချပစ်လိုက်တာလား”

ရေခဲလိပ်ပြာက အဲဒါကို နှမြောစရာကောင်းသည်ဟု ခံစားနေပုံရ၏။

“ဟမ့်..”

မိုချင်က ပြောလိုက်၏။

“အဲလူနဲ့ပတ်သက်ပြီး ဘာများကြည့်စရာရှိလို့လဲ... နင်သူ့ကိုကြည့်ချင်ရင် သူ့ကိုနေ့တိုင်းသွားကြည့်လို့ရတာပဲ”

ထိုသို့​ပြောပြီးနောက် မိုချင်က သူမ၏ အဝတ်အစားကို သေသပ်အောင်ပြင်ဆင်လိုက်၏။

“သူ့ကိုသွားရှာကြမယ်... သူဘယ်လောက်ထိဆက်ပြီ ဟန်ဆောင်နိုင်မလဲကြည့်ရသေးတာပေါ့”

မိုချင်က လိုဏ်ဂူခန်းဝါထဲကနေထွက်ခွာပြီး တက္ကသိုလ်၏ အတွင်းဂိုဏ်းရှိရာသို့ ဦးတည်လိုက်လေသည်။

တစ်လကျော်ကြာအောင် အခန်းအောင်းနေခဲ့ပြီးနောက် တက္ကသိုလ်၏ ပတ်ဝန်းကျင်က အနည်းငယ်ထူးဆန်းလာပုံရသည်။

မိုချင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ပုံမှန်အ​ခြေအနေမှာဆို သူမသည် ဆယ်နှစ် သို့မဟုတ် နှစ်တစ်ရာ တံခါးပိတ်ကျင့်ကြံမည်ဆိုလျှင်တောင် တက္ကသိုလ်က များစွာပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။

သို့သော်ယခု တက္ကသိုလ်မှာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပုံရသည်။

မိုချင်သည် အဲဒါနှင့်ပတ်သက်၍ များစွာစဥ်းစားတွေးတောမနေဘဲ တက္ကသိုလ်၏ အတွင်းဂိုဏ်းရှိရာဘက်သို့ ဆက်လက်၍ လျှောက်လှမ်းလာ၏။ သိပ်မကြာခင် သူမက ဆူဇီမို၏ လိုဏ်ဂူခန်းဝါသို့ ရောက်ရှိလာခဲ့လေပြီ။

အစက ဆူဇီမို၏ လိုဏ်ဂူခန်းဝါဖြစ်ခဲ့သောနေရာသည် အပျက်အစီးပုံများဖြစ်နေလေပြီ။ အဲဒါက လဲပြိုကျနေပြီဖြစ်ပြီး ဘေးပတ်လည်မှာရှိသော စိတ်ဝိညာဥ်စိုက်ခင်းများနှင့် ဆေးဥယျာဥ်များကလည်း ဖျက်ဆီးခံထားရပြီဖြစ်သည်။

“ဘာတွေဖြစ်နေတာလဲ”

မိုချင်က မျက်မှောင်ကြုတ်လိုက်၏။

ထိုစဥ်မှာပင် တက္ကသိုလ်၏ အတွင်းဂိုဏ်းတပည့်တစ်ယောက်က မလှမ်းမကမ်းမှာဖြတ်လျှောက်သွား၏။ သို့သော်လည်း သူက တစ်စုံတစ်ရာကို စိုးရိမ်နေသည့်အလား ဤနေရာကို အဝေးကနေ ရှောင်ကွင်းသွားလေသည်။

တစ်ခဏချင်းမှာပင် မိုချင်က အတွင်းဂိုဏ်းတပည့်ရှေ့သို့ ရောက်ရှိသွားပြီး သူ့ကို ဟန့်တားလိုက်၏။

“အမ်..”

အတွင်းဂိုဏ်းတပည့်က မိုချင်ကို တွေ့မြင်သောအခါ သူက ခဏမျှမှင်တက်သွားပြီးနောက် အလောတကြီး ဦးညွှတ်လိုက်၏။

“မင်္ဂလာပါ စီနီယာအစ်မမိုချင်”

“အင်း..”

မိုချင်က မလှမ်းမကမ်းရှိ အပျက်အစီးပုံကိုလက်ညှိုးထိုးပြီး မေးလိုက်သည်။

“ဘာဖြစ်သွားတာလဲ”

အတွင်းဂိုဏ်းတပည့်က တစ်ချက်လှမ်းကြည့်ပြီးနောက် မိုချင်ကို ပြန်ကြည့်လိုက်၏။

သူသည် ဤဖြစ်ရပ်မတိုင်ခင်က စီနီယာအစ်မမိုချင်နှင့် ထိုလူနှင့်ပတ်သက်သည့် ကောလာဟလများကို ပြန်လည်အမှတ်ရလိုက်၏။ ထူးဆန်းသောအမူအရာနှင့်အတူ သူက အကဲစမ်းမေးမြန်းလိုက်၏။

“စီနီယာအစ်မမိုချင်... ခင်ဗျားအဲဒါကို အခုထိ မသိသေးဘူးလား”

“ဘာဖြစ်ခဲ့လို့လဲ”

မိုချင်က မှင်သေသေဖြင့်ပြန်မေးလိုက်၏။

အတွင်းဂိုဏ်းတပည့်က ပြောလိုက်သည်။

“အဲဒါက တက္ကသိုလ်က သစ္စာဖောက်ရဲ့ လိုဏ်ဂူခန်းဝါပဲ... အဲဒါကြောင့် ကျုပ်တို့တွေက တခြားသူတွေကို သတိပေးတဲ့အနေနဲ့ အဲဒီနေရာကို ဖျက်ဆီးရှင်းလင်းပစ်ပေးရတယ်”

“အဓိပ္ပါယ်မရှိတာ”

မိုချင်က အော်ငေါက်ပြီး မျက်မှောင်ကြုတ်လိုက်၏။

“ဒါက... ဂျူနီယာမောင်ဆူရဲ့ လိုဏ်ဂူခန်းဝါပဲ... ဂျူနီယာမောင်ဆူက ကမ္ဘာ​မြေအဆင့်သတ်မှတ်ချက်နဲ့ ကောင်းကင်အဆင့်သတ်မှတ်ချက်ရဲ့ နံပါတ်တစ်ပဲ... သူက တက္ကသိုလ်ကို ဘယ်လောက်တောင်ဂုဏ်ဆောင်ပေးခဲ့သလဲ”

“သူက တာအိုနှလုံးသားလှေခါးမှာ ဒသမမြောက်ကျောက်လှေခါးထစ်ကို စုဖွဲ့ပြီး တက္ကသိုလ်ဂိုဏ်းချုပ်ရဲ့ အမည်ခံတပည့်ဖြစ်လာခဲ့တယ်... သူက တက္ကသိုလ်ရဲ့သစ္စာဖောက်တစ်ယောက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

အတွင်းဂိုဏ်းတပည့်က သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီးနောက် လက်မခံသည့်ဟန်ဖြင့် ပြောလိုက်၏။

“သူက ဘယ်လောက်ပဲ ဂုဏ်ဆောင်ခဲ့ ဂုဏ်ဆောင်ခဲ့... တက္ကသိုလ်နဲ့ သူ့ဆရာအပေါ် သူ့ရဲ့သစ္စာဖောက်မှုကို အဲဒါက ဖုံးကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

“နင်ဘယ်လို ပေါက်တတ်ကရစကားကို လာပြောနေတာလဲ”

အတွင်းဂိုဏ်းတပည့်သည် ဆူဇီမိုကို အဆက်မပြတ်စွပ်စွဲပုတ်ခတ်ပြော​ဆိုနေသည်ကို မိုချင်က တွေ့ရသောအခါ သူမက ဒေါသထွက်လာပြီး အေးစက်နေသောအကြည့်နှင့်အတူ ပကတိအင်မော်တယ်တစ်ယောက်၏ စွမ်းပကားကို အလိုလိုထုတ်ဖော်ကာ ထိုလူ့ပေါ်ကို လွှမ်းခြုံစေလိုက်၏။

အတွင်းဂိုဏ်းတပည့်က ဆတ်ခနဲတုန်ယင်သွားပြီး အသက်ရှုဖို့ပင်ခက်ခဲလာလေသည်။ သူ၏ မျက်နှာက နီမြန်းလာပြီး သူက အလွန်တရာသက်တောင့်သက်သာမရှိ ခံစားလာရလေသည်။

“စီနီယာအစ်မမိုချင်... ကျေးဇူးပြုပြီး စိတ်လျှော့ပါ”

အတွင်းဂိုဏ်းတပည့်က ခက်ခက်ခဲခဲနှင့် ပြောလိုက်၏။

“ဒီကိစ္စက ကျုပ်နဲ့ဘာမှမဆိုင်ပါဘူး... ဂိုဏ်းချုပ်က အဲဒါကို ကိုယ်တိုင်ပြောခဲ့တာပဲ... တစ်လောကလုံးက အဲဒီအကြောင်းကို သိပြီးသွားပြီ”

“စီနီယာအစ်မမိုချင်... ခင်ဗျားကျုပ်ကို မယုံဘူးဆိုရင် ခင်ဗျားဂိုဏ်းချုပ်ကို သွားမေးလို့ရတယ်”

ထိုစကားကို ကြားသောအခါ မိုချင်က မအီမသာခံစားလာရပြီး သူမ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်လာ၏။

ခဏမျှတိတ်ဆိတ်ငြိမ်သက်နေပြီးနောက် မိုချင်က ထိုလူကို လွှတ်ပေးကာ အံကိုကြိတ်ပြီးပြောလိုက်၏။

“ငါအခုပဲ သွားမေးမယ်... နင်လိမ်နေမယ်ဆိုရင် တက္ကသိုလ်ရဲ့စည်းမျဥ်းစည်းကမ်းတွေအရ သေချာပေါက် အပြင်းအထန်အပြစ်ပေးခံမယ်မှတ်။”

All Chapters