← Chapters

သိုင်းတာအိုအမွေအနှစ်

Vol. 183 Ch. 2735

သိုင်းတာအိုအမွေအနှစ်

Vol. 183 Ch. 2735

အမျိုးသမီးကလည်း ခေါင်းညိတ်ပြလိုက်၏။

“အမှန်ပဲ… ဂျူနီယာညီမပေမင် တက်လှမ်းလာပြီးကတည်းက တောင်ထွတ်သခင်က သူ့ကို အရမ်းကို အလေးပေးခဲ့တယ်… ကြိုးစားအားထုတ်မှုတွေ အများကြီးလည်း ပြုလုပ်ပေးခဲ့တယ်… အမျိုးမျိုးသော ကျင့်ကြံရေးအရင်းအမြစ်တွေရဲ့ အထောက်အပံ့ကိုလည်း ဘယ်တုန်းကမှ မရပ်တန့်ခဲ့ဘူး”

“အဲဒါကြောင့်မဟုတ်ရင် ဂျူနီယာညီမပေမင်ရဲ့ ကျင့်ကြံမှုက ဒီလောက်ထိ မြန်မြန်ဆန်ဆန် မြင့်တက်လာမှာ မဟုတ်ဘူး… အဲဒါက ဓားကမ္ဘာမှာ တကယ့်ကို မကြုံစဖူး ထူးခြားအံ့မခန်းနီးပါးပဲ”

“ဂျူနီယာညီမပေမင်ရဲ့ဆရာက အထက်ဘုံလောကကို တက်လှမ်းလာတယ်ဆိုပေမဲ့ သူက ကျင့်ကြံမှုမှာ လိုက်မီဖို့နေနေသာ အထက်ဘုံလောကရဲ့ ရက်စက်ကြမ်းတမ်းတဲ့ ကျင့်ကြံရေးပတ်ဝန်းကျင်နဲ့ဆို သူက အသက်ရှင်နိုင်ပါ့မလားတောင် မသိရဘူး”

ထိုစကားကိုကြားသောအခါ ဆူဇီမိုက ပြုံးလိုက်၏။

အမျိုးသမီးပြောသည်မှာ မှန်လေသည်။ သူတက်လှမ်းလာစဉ်ကတည်းက သူသည် သေရမည့်ဘေးနှင့် အကြိမ်ကြိမ်ကြုံတွေ့ခဲ့ရသည်။ သူ၏ ဝိညာဉ်ကပင် တမလွန်ဘုံသို့ ဝင်ရောက်ပြီး မရဏတံခါးနှင့် အဝါရောင်စိမ့်စမ်းလမ်းမှာ ဖြတ်လျှောက်ခဲ့ရလေသည်။

ဆူဇီမိုသည် သူတို့၏ အထင်အမြင်သေးမှုကို ဂရုမစိုက်ပေ။

သူ့ကို စိတ်ကျေနပ်မိစေသည့်အရာမှာ ဓားကမ္ဘာမှ ပေမင်ရွှယ်၏ အခြေအနေဖြစ်လေသည်။

ပကတိအင်မော်တယ်နှစ်ဦး၏ အပြန်အလှန်ပြောဆိုစကားအရ ပေမင်ရွှယ်သည် ဓားကမ္ဘာမှာ အဆင်ပြေပြေနေထိုင်ပြီး မြင့်မားသောအဆင့်အတန်းတစ်ခု ရှိနေပုံရသည်ကို အကြမ်းဖျင်း ခန့်မှန်းမိနိုင်သည်။

ပကတိအင်မော်တယ်နှစ်ဦးသည် ကျင့်ကြံမှုနယ်ပယ်မှာ ပေမင်ရွှယ်ထက် သာလွန်လေသည်။

သို့သော်လည်း သူတို့နှစ်ယောက်သည် ပေမင်ရွှယ်ကို လုံးဝအထင်သေးခြင်းမရှိပေ။ ထိုအစား သူတို့က သူမကို သနားကရုဏာသက်နေ၏။

သူတက်လှမ်းလာစဉ်ကတည်းက ဆူဇီမိုသည် ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်း အနည်းအကျဉ်းနှင့်သာ ဆုံတွေ့ခဲ့ရသည်။

အတိတ်ကာလတုန်းက မိုးကြိုးဧကရာဇ်နှင့် လူသားဧကရာဇ်ဖြစ်စေ၊ သူ့မျိုးဆက်မှ နတ်ဆိုးမကျိ၊ ယန်ပေးချန်နှင့် အခြားသူများဖြစ်စေ၊ သူတို့သည် အထက်ဘုံမှာ စဉ်းစားကြည့်၍မရနိုင်သော ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့ခဲ့ရ၏။

သူပင်လျှင် ကောင်းကင်ဘုံကမ္ဘာကနေ ထွက်ခွာဖို့ ဖိအားပေးခံခဲ့ရသည်။

ယခု.. သူမက အထက်ဘုံသို့ တက်လှမ်းလာပြီးနောက် တရားမမျှတမှု သို့မဟုတ် ဆင်းရဲဒုက္ခတစ်ခုခုနှင့် မကြုံတွေ့ရရုံသာမက အထက်ဘုံမှ ပညာရှင်များ၏ တန်ဖိုးထားခြင်းကိုပင် ခံရသော ထျန်ဟွမ်ကုန်းမြေတိုက်မှ မိတ်ဆွေဟောင်းတစ်ယောက်အဖြစ် ဆူဇီမိုက ပထမဆုံးအကြိမ် ကြားဖူးရလေသည်။

ဆူဇီမိုက ပေမင်ရွှယ်အတွက် ဝမ်းသာပျော်ရွှင်မိသည်။

ဆူဇီမိုက မေးလိုက်၏။

“ခင်ဗျားတို့နှစ်ယောက် ပြောပုံအရဆိုရင် ဓားကမ္ဘာက အောက်ဘုံလောကက တက်လှမ်းလာတဲ့ ကျင့်ကြံသူတွေကို အထင်အမြင်သေးပုံမရဘူးပဲ”

“ဟုတ်တာပေါ့”

အမျိုးသမီးက ပြန်ပြောလိုက်၏။

“အောက်ဘုံက တက်လှမ်းလာတဲ့သူတွေပဲဖြစ်ဖြစ်၊ အထက်ဘုံက လူတွေပဲဖြစ်ဖြစ်၊ သူတို့တွေက ဓားကမ္ဘာမှာရှိနေသ၍ ညီတူမျှတူဆက်ဆံခံရလိမ့်မယ်”

“ဓားကမ္ဘာမှာ ကျွန်မတို့ တန်ဖိုးထားတာက ဓားကျင့်ကြံသူတိုင်းရဲ့ ပါရမီအရည်အချင်းနဲ့ ဇွဲလုံ့လပဲ”

ကျန့်ချန်က ဆူဇီမိုကိုကြည့်ပြီး ပြုံးစစဖြင့် ပြောလိုက်၏။

“အဲဒါက ခင်ဗျားနေတဲ့ ကောင်းကင်ဘုံကမ္ဘာနဲ့တော့ မတူဘူးပေါ့… တာအိုရောင်းရင်း… ခင်ဗျားတို့ ကောင်းကင်ဘုံကမ္ဘာကလူတွေက အောက်ဘုံလောကက တက်လှမ်းလာတဲ့လူတွေအပေါ် အရမ်းကို ဖော်ရွေမှုမရှိဘူးလို့ ကျုပ်ကြားဖူးတယ်”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“ကျုပ်က ကောင်းကင်ဘုံကမ္ဘာက မဟုတ်ဘူး… ကျုပ်က အောက်ဘုံလောကကနေ တက်လှမ်းပြီး ကောင်းကင်ဘုံကမ္ဘာကို ရောက်လာခဲ့တာပဲ”

“အို…”

ကျန့်ချန်နှင့် အခြားသော ဓားကျင့်ကြံသူများက အံ့အားသင့်သော အမူအရာများကို ထုတ်ဖော်လာကြ၏။

ကျန့်ချန်က လက်နှစ်ဖက်ကို နောက်တစ်ဖန်ယှက်ပြီး တည်ကြည်လေးနက်စွာဖြင့် ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ… ခင်ဗျားကလည်း အောက်ဘုံလောကက လာတဲ့လူဖြစ်လိမ့်မယ်လို့ ကျုပ်ထင်မထားခဲ့ဘူး… ခင်ဗျားအနေနဲ့ ကောင်းကင်ဘုံကမ္ဘာလို ရက်စက်ကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်မှာ ပကတိဧကနယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့တာ တကယ့်ကို ရှားရှားပါးပါးပဲ”

သူ၏ နောက်ခံကို ကြားရပြီးတာတောင် ကျန့်ချန်နှင့် ဓားကျင့်ကြံသူများက သူ့ကို လုံးဝအထင်အမြင်သေးမလာခဲ့ပေ။

ဆူဇီမိုသည် ကျန့်ချန်နှင့် အခြားသူများအပေါ် ကောင်းမွန်သော ထင်မြင်ချက်တစ်ခုရှိပြီး ဓားကမ္ဘာအပေါ်မှာလည်း လေးစားမှုရှိလာသည်။

“ဒါနဲ့…”

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

“စောစောက ခင်ဗျားတို့တွေ ဆွေးနွေးနေတဲ့ သိုင်းတာအိုအပေါ် ကျုပ်မှာ နားလည်မှုတချို့ရှိတယ်… သိုင်းတာအိုကို ကျင့်ကြံတဲ့ ဓားကျင့်ကြံသူတစ်ယောက်နဲ့ ဆုံတွေ့ဖို့ ခင်ဗျားတို့ ကျုပ်ကို ခေါ်သွားပေးနိုင်မလားမသိဘူး”

“တာအိုရောင်းရင်းဆူ… ခင်ဗျားလည်း သိုင်းတာအိုကို ကြားဖူးတာလား”

ကျန့်ချန်က အနည်းငယ် အံ့အားသင့်သွားသည်။

ဆူဇီမိုက ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။

အမျိုးသမီးက ပြောလိုက်သည်။

“တကယ်တော့ အဲ့ဒီသိုင်းတာအိုက လုံးဝကို သုံးစားမရတော့ပါဘူး… အောက်ဘုံလောကက သက်ရှိအားလုံးကို ကျင့်ကြံပြီး အင်မော်တယ်တွေဖြစ်လာစေဖို့အတွက် သူ့ဆရာက သိုင်းတာအိုကို တည်ထောင်ခဲ့တာလို့ ဂျူနီယာညီမပေမင်ရွှယ်ပြောတာ ကျွန်မ ကြားဖူးတယ်… အဲဒီလုပ်ရပ်က တကယ့်ကို ချီးကျူးထိုက်ပါပေတယ်… အဲဒါက မဟာအကျိုးဆောင်မှုတစ်ရပ်ပဲ”

“ဒါပေမဲ့ အထက်ဘုံလောကမှာ ဓမ္မတာအိုအဆင့်အတန်း ကွာဟချက်ကြောင့် သိုင်းတာအိုက နိမ့်ကျနေခဲ့ပြီ… အဲဒါက ဘာပဲပြောပြော မပြီးပြည့်စုံတဲ့ ဓမ္မအစီအရင်တစ်ခုပဲ… သူ့ရဲ့ အောင်မြင်ပေါက်မြောက်နိုင်မှု အတိုင်းအတာကလည်း အကန့်အသတ်ရှိတယ်”

ဆူဇီမိုက တစ်စုံတစ်ရာ ပြောဆိုခြင်း သို့မဟုတ် ငြင်းဆန်ခြင်းမရှိဘဲ ပြုံးနေ၏။

“ကောင်းပြီလေ… ကျုပ် ခင်ဗျားကို ဂျူနီယာညီမပေမင်ဆီ အရင်ဆုံးခေါ်သွားပေးမယ်… အခုချိန်လောက်ဆို သူက ဓားသန့်စင်ရေကန်မှာ ကျင့်ကြံနေလောက်တယ်”

ကျန့်ချန်က စနောက်လိုက်လေသည်။

“ခင်ဗျားတို့နှစ်ယောက်စလုံးက သိုင်းတာအိုကို ကြားဖူးထားပြီး အောက်ဘုံလောကကနေ လာကြတာဆိုတော့ ဘယ်ပြောရမလဲ… ခင်ဗျားတို့တွေက တစ်ယောက်နဲ့တစ်ယောက်တောင် သိချင်သိနေမှာ”

တကယ်တော့ ကျန့်ချန်က ထိုစကားကို သာမန်ကာလျှံကာ ပြောလိုက်ခြင်းမျှသာဖြစ်သည်။ မည်သို့ပင်ဆိုစေ… အောက်ဘုံလောကမှ ကမ္ဘာများသည် ဂင်္ဂါမြစ်ထဲမှ သဲပွင့်များကဲ့သို့ ဘီလီယံနှင့်ချီပြီး ရှိနေလေသည်။

တက်လှမ်းလာသော လူနှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းနေရလောက်အောင် ဤကဲ့သို့ တိုက်ဆိုင်မှုတစ်ခု ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ။

လူတိုင်းက သူတို့၏ ဦးတည်ဘက်ကို ပြောင်းလဲပြီး နောက်ထပ်အရပ်တစ်ဖက်သို့ ဦးတည်လိုက်ကြ၏။

လမ်းတစ်လျှောက်မှာ ကျန့်ချန်နှင့် ချူးရွှမ်ဟုခေါ်သောအမျိုးသမီးက ဓားကမ္ဘာ၏ အခြေအနေကို ဆူဇီမိုအား မိတ်ဆက်ပေးနေ၏။

ဆူဇီမိုကလည်း ကောင်းကင်ဘုံကမ္ဘာမှ ဓလေ့ထုံးတမ်းနှင့် အကြောင်းအရာတချို့ကို ပြန်ပြောပြနေ၏။

ဓားကမ္ဘာနှင့် ကောင်းကင်ဘုံကမ္ဘာက အရမ်းကို ကွာဝေးကြလေသည်။ ကျန့်ချန်နှင့် အခြားသူများသည် ကောင်းကင်ဘုံကမ္ဘာသို့ ဘယ်တုန်းကမှ မရောက်ခဲ့ဖူးပေ။ သူတို့သည် အဲဒါကို အကြမ်းဖျင်း နားလည်ထားရုံသာဖြစ်သည်။

ဤသည်မှာ ကျန့်ချန်နှင့် အခြားသူများသည် ကောင်းကင်ဘုံကမ္ဘာနှင့်ပတ်သက်သည့် အရာများစွာကို ပထမဆုံးအကြိမ် ကြားဖူးခြင်းဖြစ်ပြီး သူတို့က အရမ်းကို သိချင်စိတ်ပြင်းပြနေ၏။

ကောင်းကင်ဘုံကမ္ဘာနှင့် ဓားကမ္ဘာကြားမှာ ဆင်တူမှုများနှင့် ကွာခြားမှုများ အတော်များများရှိလေသည်။

ဥပမာအားဖြင့် ဓားကမ္ဘာမှာ ကျင့်ကြံသူများကြား အတန်းအစားကို နှစ်မျိုးသာ ခွဲခြားထားသည်။ သာမန်တပည့်များနှင့် အမွေခံတပည့်များ…။

မဟူရာ၊ ကမ္ဘာမြေနှင့် ကောင်းကင်အမြုတေနယ်ပယ်မှာရှိသော ကျင့်ကြံသူများအားလုံးက သာမန်တပည့်များ ဖြစ်ကြသည်။

ပကတိဧကနယ်ပယ်သို့ ဝင်ရောက်၍ တာအိုသီးတစ်လုံးကို စုဖွဲ့ပြီးမှသာ ဓားကမ္ဘာ၏ အမွေခံတပည့်တစ်ယောက်ဖြစ်လာသည်ဟု ဆိုနိုင်မည်ဖြစ်သည်။ ထိုအခါမှသာ သူတို့သည် ပိုမိုကောင်းမွန်သော ဓားတာအို လျှို့ဝှက်အတတ်တစ်ခုကို ကျင့်ကြံရန် အသင်္ချေဓားနန်းတော်သို့ ဝင်ရောက်နိုင်မည်ဖြစ်လေသည်။

အနိဋ္ဌာရုံဓားတောင်ထွတ်ထိပ်မှာ ဓားချီက လွန်ကဲစွာ သိပ်သည်းစုဖွဲ့ပြီး ကျဆင်းလာသော ဓားချီရေတံခွန်တစ်ခုကို ဖြစ်ပေါ်နေစေ၏။

ထိုသို့ဖြင့် အနိဋ္ဌာရုံဓားတောင်ထွတ်၏ ခြေရင်းမှာ ဧရာမရေကန်တစ်ကန် ဖြစ်ပေါ်နေသည်။

ဓားသန့်စင်ရေကန်မှာ ဓားချီက အထက်ရှဆုံးဖြစ်လေသည်။

ဒါ့အပြင် ၎င်းမှာ အနိဋ္ဌာရုံဓားတောင်ထွတ်၏ အနိဋ္ဌာရုံဓားစိတ်ဆန္ဒပါဝင်ပြီး ဓားကျင့်ကြံသူများကို မီးဆေးကာ သူတို့၏ နတ်ဓားများကို ပြုစုပျိုးထောင်ပေးနိုင်လေသည်။

ယေဘုယျအားဖြင့်ပြောရလျှင် ကျင့်ကြံသူများ ကိုယ်နှင့်မကွာဆောင်ထားသည့် နတ်ဓားများ၏ စွမ်းအားကို ဓားသန့်စင်ကန်ထဲမှာ ဆေးကြောသန့်စင်ပြီးမှသာ ကြီးမားစွာ မြှင့်တင်နိုင်မည်ဖြစ်လေသည်။

သိပ်မကြာခင် လူတိုင်းက အနိဋ္ဌာရုံဓားတောင်ထွတ်သို့ ရောက်ရှိလာကြ၏။

အဝေးကနေကြည့်လျှင် မြင့်မားသော အနိဋ္ဌာရုံဓားတောင်ထွတ်ကနေ မြူခိုးများက တလိပ်လိပ်ထိုးထွက်နေပြီး ဧရာမရေတံခွန်တစ်ခုက ကျဆင်းကာ ဆူပွက်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ မနှိုင်းယှဉ်သာအောင် ပြင်းထန်ကြမ်းတမ်းသော ဓားချီများကို ထွက်ပေါ်နေစေသည်။

ဓားချီက ကောင်းကင်ထက်ကနေ ဆင်းသက်၍ မြေပြင်ပေါ်သို့ ကျဆင်းပြီး တုန်လှုပ်စရာကောင်းသော မြည်ဟည်းသံများကို ထွက်ပေါ်နေစေ၏။

ကျန့်ချန်က ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ… ရှေ့မှာရှိတဲ့ ဓားချီက အရမ်းကို သန်မာတယ်… ဓားစိတ်ဆန္ဒကလည်း အရမ်းကို ပြင်းထန်ကြမ်းတမ်းတယ်… ကျုပ်တို့က ဒီမှာနေပြီး တစ်ယောက်ယောက်ကိုလွှတ်ပြီး ဂျူနီယာညီမပေမင်ကို ခေါ်ခိုင်းလိုက်မယ်”

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် အနိဋ္ဌာရုံဓားတောင်ထွတ်ကနေ ဖြာထွက်နေသည့် ဓားစိတ်ဆန္ဒကို အာရုံခံရင်း သူ့မှာ ထူးဆန်းသော ခံစားချက်တစ်ခု ရှိလာ၏။

ဤဓားစိတ်ဆန္ဒသည် သူကျင့်ကြံထားသော မဟာဓားပညာရပ်သုံးခုနှင့် အလွန်တရာဆင်တူနေသည်။

သူ့အတွက်တော့ ဤဓားစိတ်ဆန္ဒသည် အလွန်တရာ ရင်းနှီးမှုရှိပြီး မှုစရာဘာမှမရှိပေ။

“ရပါတယ်… ကျုပ်တစ်ချက်သွားကြည့်လိုက်မယ်”

ဆူဇီမိုက ခပ်ယဲ့ယဲ့ပြုံးပြလိုက်၏။

ကျန့်ချန်က ခဏမျှတုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

ချူးရွှမ်က ပြောလိုက်၏။

“တကယ်တော့ ကျင့်ကြံသူတွေက ဓားသန့်စင်ကန်မှာ သူတို့ရဲ့လက်နက်တွေကို သန့်စင်ဆေးကြောလေ့ရှိတယ်… ဂျူနီယာညီမပေမင်ကလည်း အဲဒီနေရာမှာ ကျင့်ကြံဖို့ ရွေးချယ်တယ်… အဲဒါက သိုင်းတာအိုအတွက်လို့ သူက ပြောတယ်”

“ဒီမှာရှိတဲ့ ဓားချီက ပြင်းထန်ကြမ်းတမ်းပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရမ်းကို သန်မာလွန်းတယ်… ကျင့်ကြံသူတွေက အဲဒါကို စုပ်ယူမိတာနဲ့ သူတို့ရဲ့ခန္ဓာကိုယ်အပေါ် ပျက်စီးထိခိုက်မှု ဖြစ်လာနိုင်တယ်… အဲဒါက ကောင်းကျိုး ဘာမှမရှိဘူး”

ဆူဇီမိုက အသိအမှတ်ပြု ခေါင်းညိတ်ပြလိုက်၏။

သူက သူမအပေါ် တကယ်ပဲ အကဲဖြတ်မမှားခဲ့ပေ။

ပေမင်ရွှယ်သည် သိုင်းတာအိုကို ကျင့်ကြံဖို့နှင့် အမွေဆက်ခံဖို့ အသင့်လျော်ဆုံးလူဖြစ်သည််။

သူမသည် သိုင်းတာအိုပင်မခန္ဓာနှင့် မတူပေ။ သိုင်းတာအိုပင်မခန္ဓာသည် အဆင့်မြင့်ကျင့်ကြံရေးနည်းစနစ်များစွာကို ဖတ်ရှုခွင့်ရပြီး သိုင်းတာအို၏ ဓမ္မအစီအရင်ကို နားလည်ဆင်ခြင်ကာ ထုတ်နုတ်ရန် မရေမတွက်နိုင်သော သုတ္တန်များနှင့် လျှို့ဝှက်အတတ်များကို အရည်ဖျော်ချနိုင်ခဲ့သည်။

သို့သော်လည်း သူမသည် သိုင်းတာအို၏ လမ်းကြောင်းပေါ်ကနေ သွေဖည်မသွားခဲ့ပေ။

သိုင်းတာအို၏ အခြေခံအုတ်မြစ်က ကိုယ်ကာယဖြစ်သည််။

ဤကဲ့သို့သော ကျင့်ကြံရေးပတ်ဝန်းကျင်တစ်ခုကသာ စွမ်းအားကြီးမားသော ကိုယ်ကာယနှင့်မျိုးဆက်သွေးကို သန့်စင်မွမ်းမံပေးနိုင်ပေမည်။

All Chapters