← Chapters

တာအိုဆွေးနွေးခြင်း

Vol. 183 Ch. 2737

တာအိုဆွေးနွေးခြင်း

Vol. 183 Ch. 2737

ထိုအဖြေစကားကို ကြားသောအခါ သူမရှေ့မှမြင်ကွင်းက ထင်ယောင်ထင်မှားမဟုတ်ဘူးဆိုတာကို ပေမင်ရွှယ်က အမှန်တကယ် ယုံကြည်လက်ခံသွားသည်။

ဝမ်တုန်နှင့် အခြားသူများ၏ ရှေ့မှာ ပေမင်ရွှယ်သည် ထုံးကျောက်ပေါ်ကနေခုန်ဆင်းပြီး တစ်ခဏချင်းမှာပင် ဆူဇီမိုရှေ့သို့ ရောက်ရှိလာ၏။

သူတို့နှစ်ယောက်က အရမ်းကိုနီးကပ်နေပြီး ဆူဇီမိုက အနည်းငယ်မှင်တက်သွားသည်။

ပေမင်ရွှယ်သည် ဤအပြုအမူက အနည်းငယ်မသင့်လျော်ဘူးဆိုတာကို နားလည်သွားပုံရပြီး အနည်းငယ် ရှက်ရွံ့သွားလေသည်။

ပေမင်ရွှယ်သည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်၍ သူမ၏ ရင်ထဲရှိ စိတ်လှုပ်ရှားမှုကို ဖိနှိမ်လိုက်၏။ သူမက နောက်သို့ခြေနှစ်လမ်းဆုတ်ပြီး ဆူဇီမိုကို တလေးတစားဦးညွှတ်လိုက်၏။

"မင်္ဂလာပါ ဆရာ"

ဝမ်တုန်၊ ကျန့်ချန်နှင့် အခြားသောဓားအင်မော်တယ်များက ကြောင်အမှင်တက်နေကြသည်။

သူတို့အားလုံးသည် ပေမင်ရွှယ်၏ နီရဲနေသောမျက်လုံးများထဲရှိ စိတ်လှုပ်ရှားမှုနှင့် ဝမ်းသာပျော်ရွှင်မှုကို တွေ့မြင်နေကြရ၏။

သူတို့က အဲဒါကို လုံးဝနားမလည်နိုင်ပေ။

ပေမင်ရွှယ်သည် ဤလူ့ကို တွေ့မြင်သည့်အခါ ဤကဲ့သို့ ပြင်းထန်ကြမ်းတမ်းသော စိတ်ခံစားချက်များကို ဘာ့ကြောင့်ထုတ်ဖော်လာရတာလဲ။

ဤလူက ပေမင်ရွှယ်၏ ဆရာဖြစ်သည်ဆိုလျှင်တောင် သူမအနေဖြင့် ဤကဲ့သို့အပြုအမူကို လိုအပ်ရဲ့လား။

တကာ်တော့ ပေမင်ရွှယ်၏ ရင်ထဲမှာ ဆူဇီမိုသည် သူမအား တာအိုကိုသင်ကြားပေးခဲ့သည့် သူမဆရာဖြစ်ရုံသာမကပေ။

ဆူဇီမိုက သူမ၏ မိသားစုဝင်နှင့် ပိုတူလေသည်။

ကျင့်ကြံရေးလမ်းခရီးက ရှည်လျားလေသည်။ သူမ၏ ကျင့်ကြံမှုနယ်ပယ်က အဆက်မပြတ်မြင့်တက်လာသည်နှင့်အမျှ သူမသည် သူမ၏ မိတ်ဆွေဟောင်းများနှင့် ဝေးသည်ထက်ဝေးကွာလာခဲ့သည်။

ထျန်ဟွမ်ကုန်းမြေတိုက်မှာ သူမ၏ မောင်လေးက တစ်ချိန်လုံးရှိနေခဲ့ပြီး တက်လှမ်းမလာနိုင်ခဲ့ပေ။

ပေမင်ရွှယ်တက်လှမ်းလာပြီးနောက် သူမသည် ဓားကမ္ဘာသို့ ဆင်းသက်ရောက်ရှိလာ၏။ သူမကို ဓားကမ္ဘာက တန်ဖိုးထားပြီး သူမ၏ စီနီယာအစ်ကိုနှင့် စီနီယာအစ်မများက ကောင်းကောင်း ဂရုစိုက်ပေးကြသော်လည်း သူမသည် ရင်ထဲမှာ အမြဲတမ်းအထီးကျန်သလို ခံစားနေခဲ့ရ၏။

သူမသည် ဓားတာအိုမှာ အာရုံစိုက်ထားပြီး အထီးကျန်မှုနှင့် အသားကျနေခဲ့ပြီဖြစ်သည်။

သို့သော်လည်း ရံဖန်ရံခါမှာ တိတ်​ဆိတ်ခြောက်ကပ်သောညများတွင် သူမသည် ထျန်ဟွမ်ကုန်းမြေတိုက် ပေမင်မြို့မှ သူမ၏ အချိန်များကို ပြန်လည်အမှတ်ရနေတတ်သည်။

အဲဒါက သုံးနှစ်သာကြာခဲ့သော်လည်း သူမစတင်ကျင့်ကြံခဲ့ကတည်းက သူမ မမေ့ဖျောက်နိုင်ဆုံး မှတ်ဉာဏ်တစ်ခု ဖြစ်နေခဲ့သည်။

သူမက ဓားကမ္ဘာမှာ နှစ်ထောင်ချီနေခဲ့ရစဥ် ထိုကျင့်ကြံရေးကာလအပိုင်းအခြားကို မကြာခဏပြန်လည်အမှတ်ရပြီး ထိုစဥ်တုန်းကလူကို သတိရနေခဲ့သည်။

ဤအခိုက်အတန့်မှသာ သူမသည် နွေးထွေးမှုတချို့ကို ခံစားရပြီး အထီးကျန်မှုကို ဆက်လက်၍ မခံစားရတော့ပေ။

ထို့ကြောင့် သူမသည် သူမ၏ မှတ်ဉာဏ်များထဲမှာ ထိုလူကို တွေ့မြင်သောအခါ အရမ်းကို စိတ်လှုပ်ရှားနေပြီး သူမ၏ ဣန္ဒြေကိုပင် ဆုံးရှုံးသွားရခြင်းဖြစ်သည်။

ဝမ်တုန်၊ ကျန့်ချန်နှင့်အခြားသူများသည် တဖြည်းဖြည်းတုံ့ပြန်လာပြီး ဆူဇီမိုကို သူတို့ကြည့်ရှုပုံက ပြောင်းလဲလာကြသည်။

ဝမ်တုန်သည် ဆူဇီမိုအပေါ် မည်သည့်ရန်လိုစိတ်မှမရှိသော်လည်း သူ၏ အကြည့်တွင် စူးစမ်းစစ်ဆေးလိုမှုရှိနေ၏။

ကျန့်ချန်၊ ချူးရွှမ်နှင့် အခြားသူများက အိုးတိုးအမ်းတမ်းဖြစ်နေကြ၏။

စောစောက သူတို့သည် ဆူဇီမို၏ ရှေ့မှာ ပေမင်ရွှယ်၏ ဆရာအကြောင်းကို ဆွေးနွေးနေခဲ့ကြသည်။ သူတို့ဆွေးနွေးနေသည့် အဓိက ဇာတ်ကောင်က သူတို့ဘေးမှာ တစ်ချိန်လုံးရှိနေခဲ့လေသည်။

"လက်စသတ်တော့ တာအိုရောင်ရင်းဆူက အောက်ဘုံလောကက ဂျူနီယာညီမပေမင်ရဲ့ ဆရာပဲ... ကျုပ်ခင်ဗျားအကြောင်းကို အများကြီးကြားဖူးပါတယ်"

ဝမ်တုန်က ပြုံး၍ ဆူဇီမိုထံ လက်နှစ်ဖက်ကိုယှက်ပြလိုက်၏။ ထို့နောက်သူက စကားလမ်းကြောင်းပြောင်းလိုက်၏။

"တာအိုရောင်းရင်းဆူ... စောစောက ကျုပ်စကားနဲ့ပတ်သက်ပြီး ခင်ဗျားမှာ စောဒကတက်စရာတချို့ ရှိနေတဲ့ပုံပဲ... ခင်ဗျားအဲဒါကို လက်မခံဘူးမလား"

ဝမ်တုန်က ဤအချက်ကို အမှတ်ရနေဆဲဖြစ်သည်။ သူသည် ပေမင်ရွှယ်ကို သိုင်းတာအိုကိုလက်လျှော့ရန် ယခုတင် ဖျောင်းဖျခဲ့လေသည်။ သူမက တာအိုသစ်သီးတစ်လုံးကို မစုဖွဲ့နိုင်ဘူးဆိုလျှင် သူမသည် တာအိုသစ်သီးကို စုဖွဲ့ထားသည့် ပကတိအင်မော်တယ်များကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်တုန်၏ မျက်လုံးထဲတွင် ထက်ရှသောအလင်းတစ်ခုပါ်ထွက်လာပြီး သူက ခံ့ညားသောအော်ရာတစ်ခုကို အလိုလိုထုတ်ဖော်လိုက်၏။ သူက မေးလိုက်လေသည်။

"တာအိုရောင်းရင်းဆူ... တာအိုသစ်သီးမရှိတဲ့ကျင့်ကြံသူတွေက တာအိုသစ်သီးကို စုဖွဲ့ပြီး ထုတ်ဖော်နိုင်တဲ့ ပကတိအင်မော်တယ်တွေကို အနိုင်ယူနိုင်မယ်လို့ ခင်ဗျားထင်လား"

'သူက ငါနဲ့လာပြီး တာအိုအကြောင်းဆွေးနွေးချင်နေတာပဲ'

ဆူဇီမိုက သူ့ဘာသာသူတွေးလိုက်၏။

တကယ်တော့... သူ၏ လက်ရှိအသိပညာအရ သူ့ရှေ့မှပကတိအင်မော်တယ်တချို့ကိုမပြောနှင့် အင်မော်တယ်ဘုရင်များပင်လျှင် ဓမ္မတာအိုအသိအမြင်မှာ သူ့ကိုယှဥ်နိုင်လိမ့်မည် မဟုတ်ပေ။

ဤနှစ်များမှာ အစစ်အမှန်ခန္ဓာနှစ်ခုသည် တဗူးဂမ္ဘီရကျင့်စဥ်တချို့နှင့် မရေမတွက်နိုင်သော သုတ္တန်များနှင့် လျှို့ဝှက်အတတ်များကို ဖတ်ရှုခဲ့လေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သိုင်းတာအိုနှင့် သိုင်းပိုင်နက်နယ်မြေနယ်ပယ်ကို တည်ဆောက်ပြီး ငရဲကမ္ဘာနှင့် တမလွန်ဘုံတို့ကိုပင် ခရီးသွားနေခဲ့လေသည်။

ထိုအတွေ့အကြုံများနှင့် မှတ်ဉာဏ်များသည် ဓမ္မတာအိုပေါ် ဆူဇီမို၏ နားလည်ဆင်ခြင်နိုင်စွမ်းကို အဆင့်တူများကြားမှာ လူတိုင်းထက် သာလွန်သွားစေလေသည်။

အထက်ဘုံ၏ မျိုးနွယ်စုတစ်သောင်းသက်ရှိများအတွက် ဝမ်တုန်၏ ယူဆချက်က တကယ်ပင် မှန်ကန်လေသည်။ ဤသည်က ငြင်းဆန်၍မရနိုင်သော သာမန်အသိပညာဖြစ်သည်။

အင်မော်တယ်၊ ဗုဒ္ဓနှင့် မိစ္ဆာဂိုဏ်းများ၏ ဓမ္မတာအိုများသာလျှင်မဟုတ်ဘဲ အခြားသောမျိုးနွယ်စုများမှ ဓမ္မတာအိုများမှာလည်း သူတို့အားလုံးနီးပါးသည် တာအိုသစ်သီးများကို စုဖွဲ့ကြရသည်။

အဲဒါက သူတို့၏ အခေါ်အဝေါ်များ ကွာခြားသွားရုံမျှသာဖြစ်လေသည်။

ငရဲကမ္ဘာမှာပင်လျှင် တမလွန်ဗိုလ်တချို့သည် တမလွန်သလင်းလုံးများကို စုဖွဲ့ကြရပေလိမ့်မည်။

တာအိုသစ်သီးသည် ဓမ္မတာအို၏ အနှစ်သာရနှင့် လေးနက်သိမ်မွေ့မှုများကို စုစည်းထားလေသည်။

တာအိုသစ်သီးကို စုဖွဲ့ပြီးသည်နှင့် လူတစ်ယောက်သည် သိသာထင်ရှားသော အသွင်ပြောင်းလဲမှုတစ်ရပ်ကို ရရှိလာပေလိမ့်မည်။

သို့သော်လည်း သိုင်းတာအိုသည် ဤဓမ္မတာအိုများနှင့် ကွဲပြားခြားနားလေသည်။

အစကတည်းက သိုင်းတာအိုသည် ကိုယ်ကာယကို အကြီးမားဆုံးရတနာအဖြစ်ရှုမြင်ပြီး ခန္ဓာကိုယ်နှင့် မျိုးဆက်သွေးကို မီးဆေးရန် ၎င်း၏ အလားအလာကို အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရလေသည်။

ထို့ကြောင့် အစစ်အမှန်သိုင်းနယ်ပယ်မှ သိုင်းတာအိုကျင့်ကြံသူများသည် အစစ်အမှန်သိုင်းတာအိုခန္ဓာကို ပုံသွင်းပြီး သူတို့၏ ဓမ္မတာအိုများကို သူတို့၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးများထဲသို့ ထည့်သွင်းပေါင်းစည်းရလေသည်။ အဲဒါသည် ပကတိဧကနယ်ပယ်သက်ရှိများ၏ တာအိုသစ်သီးများနှင့် ယှဥ်နိုင်လေသည်။

ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။

"ခင်ဗျားက သိုင်းတာအိုကို ကျင့်ကြံမယ်ဆိုရင် ခင်ဗျားက တာအိုသစ်သီတစ်လုံးကိုစုဖွဲ့မထားရင်တောင်မှ ပကတိဧကနယ်ပယ်မှာရှိတဲ့ ပကတိအင်မော်တယ်တွေကို အနိုင်ယူနိုင်တယ်"

"ဟင်းဟင်း.."

ဝမ်တုန်၊ ကျန့်ချန်နှင့် အခြားသောဓားကျင့်ကြံသူများက သူတို့၏ ခေါင်းများကို ခါယမ်းပြီး ရယ်မိလိုက်ကြ၏။

ဆူဇီမို၏ စကားလုံးများသည် လူတိုင်းအတွက် အရမ်းကို ရယ်စရာကောင်းနေ၏။ အဲဒါက တကယ့်ကို အဓိပ္ပါယ်မရှိပေ။

ဆူဇီမိုသည် ပေမင်ရွှယ်၏ ဆရာနှင့် ဧည့်သည်တစ်ဦးဖြစ်နေခြင်းကြောင့်မဟုတ်လျှင် ကျန့်ချန်နှင့် အခြားသူများက သူ့ကို လှောင်ပြောင်ထေ့ငေါ့မိကြပေလိမ့်မည်။

ဝမ်တုန်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

"တာအိုရောင်းရင်း... ခင်ဗျားပြောတာမှားတယ်... မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေအတွက် ဓမ္မအစီအရင်ပေါင်းထောင်နဲ့ချီပြီးရှိတယ်... ဒါပေမဲ့ သူတို့တွေအားလုံးက မဟာတာအိုကို အောင်မြင်ရရှိဖို့အတွက် တာအိုသစ်သီးတွေကို စုဖွဲ့ကြရတယ်"

"အဲဒါအမှန်ပဲ"

အခြားသောဓားကျင့်ကြံသူများကလည်း တစ်ယောက်ပြီးတစ်ယောက် သဘောတူထောက်ခံပြီး ဆူဇီမိုကို အထင်အမြင်သေးစွာ ကြည့်လိုက်ကြ၏။

ဝမ်တုန်က သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။

ဂျူနီယာညီမပေမင်၏ ဆရာသည် သူ၏ ဓမ္မတာအိုအသိအမြင်မှာ အတော်လေးသာမန်မျှသာဖြစ်​သည်။

ဂျူနီယာ​ညီမပေမင်က အနာဂတ်မှာ သူနှင့်အတူကျင့်ကြံမည်ဆိုလျှင် သူမက ဘယ်လိုလုပ် ထင်ရှားပေါ်လွင်လာနိုင်ပါ့မလဲ။

ဝမ်တုန်က ဆူဇီမိုကို လေးနက်စွာကြည့်ပြီး အတည်အတံ့ ပြောလိုက်၏။

"တာအိုရောင်းရင်း... ခင်ဗျားရဲ့ကျင့်ကြံမှုနယ်ပယ်က အကန့်အသတ်ရှိတယ်... ခင်ဗျားက အနာဂတ်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဦးမှာ မဟုတ်လောက်ဘူး"

"တကယ်တော့... တာအိုသစ်သီးဆိုတာ ကျင့်ကြံမှုရဲ့ မဟာတာအိုမှာ အခြေခံအုတ်မြစ်ပဲ.. ပကတိဧကနယ်ပယ်ပြီးတဲ့နောက် ကောင်းကင်လိုဏ်ဂူနယ်ပယ်ရောက်လာမယ်... ကျုပ်က တာအိုသစ်သီးကို စုဖွဲ့မထားဘူးဆိုရင် ကျုပ်က အနာဂတ်မှာ ကောင်းကင်လိုဏ်ဂူတစ်ခုကို ဘယ်လိုလုပ်ပြုစုပျိုးထောင်နိုင်မှာလဲ... ကျုပ်က အင်မော်တယ်ဘုရင်တစ်ပါး ဘယ်လိုလုပ် ဖြစ်လာနိုင်တော့မှာလဲ"

ထိုသို့ပြောလိုက်သောအခါ ဓားကျင့်ကြံသူများက ချက်ချင်းပင် ဉာဏ်အလင်းပွင့်လာသည်ဟုခံစားရသည်။

တာအိုသစ်သီးတစ်လုံးမရှိဘဲ ကောင်းကင်လိုဏ်ဂူတစ်ခုကို ဘယ်လိုလုပ်စုဖွဲ့နိုင်မလဲ"

ထိုစကားကိုကြားသောအခါ ကျန့်ချန်က လက်ခုပ်တီး၍ ချီးကျူးလိုက်၏။

တစ်ခုသောရှုထောင့်ကနေကြည့်မည်ဆိုလျှင် ထိုစကားလုံးများသည် တာအိုသစ်သီးစုဖွဲ့ခြင်း၏ မဖြစ်မနေလိုအပ်မှုနှင့် အရေးပါမှုကို အတည်ပြုပေးနေလေသည်။

ချူးရွှမ်က ဝမ်တုန်၏ စကားကို ပို၍ပင်နှစ်သက်သဘောကျနေ၏။

စီနီယာအစ်ကိုဝမ်သည် ဓမ္မတာအိုအသိအမြင်ကို ဤကဲ့သို့ရိုးရှင်းစွာရှင်းပြနိုင်လေသည်။

တကယ်တော့ ဝမ်တုန်သည် ဤမျှအထိစိတ်ရှည်ပြီး ဆူဇီမိုနှင့် တာအိုကိုဆွေးနွေးနေသည်မှာ သူသည် တစ်ဘက်လူကို အခက်တွေ့ကာ နောက်ဆုတ်သွားစေချင်သောကြောင့်ဖြစ်သည်။

ဆူဇီမိုပင်လျှင် သိုင်းတာအိုကို လက်လျှော့လိုက်မည်ဆိုပါက ပေမင်ရွှယ်အနေဖြင့် ဆက်လက်၍ခေါင်းမာနေစရာ လိုတော့မည် မဟုတ်ပေ။

သို့သော်လည်း သူ၏ ထင်မြင်ချက်ကိုကြားရပြီးနောက် ဆူဇီမို၏ အမူအရာက တည်ငြိမ်နေ၏။ သူက လုံးဝတုန်လှုပ်သွားခြင်းမရှိသလို နားလည်သဘောပေါက်လာသည့်ပုံလည်း မပေါ်ပေ။

ဆူဇီမိုက စကားပြောတော့မည်ပြုစဉ်မှာပင် ဘေးမှာရှိသော ပေမင်ရွှယ်က ဆက်လက်၍သည်းမခံနိုင်တော့ပေ။

သူမက ဆူဇီမိုနှင့် ယခုတင် ပြန်လည်ဆုံစည်းရပြီး သူမမှာ သူနှင့် နှစ်ကိုယ်ကြား ဆွေးနွေးပြောဆိုချင်သော အကြောင်းအရာများစွာရှိနေလေသည်။ သူမပြုလုပ်ချင်စည်မှာ မည်သူကမှ မနှောက်ယှက်နိုင်မည့် နေရာတစ်ခုကိုရှာပြီး ဆူဇီမိုနှင့် စကားစမြ​ည် ပြောဆိုဖို့ဖြစ်လေသည်။

ဤဓားကျင့်ကြံသူများသည် အရမ်းကို အလိုက်တသိမရှိဘဲ မပြီးနိုင်မစီးနိုင် ပြောဆိုနေကြလေသည်။ သူတို့၏ မပြီးနိုင်မစီးနိုင်ပြောဆိုမှုများက သူမအပေါ် စိတ်အနှောက်အယှက်ဖြစ်လာခဲ့သည်။

ပေမင်ရွှယ်က ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ဆူဇီမို၏ဘေးသို့ ရောက်ရှိလာ၏။

"ဆရာ သွားကြရအောင်... အထက်ဘုံက ဒီဓားကျင့်ကြံသူတွေက အသိဉာဏ်နုံချာတယ်... သူတို့က ဘာမှသိတာမဟုတ်ဘူး"

ဝမ်တုန်၊ ကျန့်ချန်နှင့် ချူးရွှမ်တို့က ပြောစရာစကားမဲ့သွားရလေသည်။

ပေမင်ရွှယ်က ထိုသို့ပြောရင်း ဆူဇီမိုကို ဓားသန့်စင်ကန်ကနေ သူမ၏ လိုဏ်ဂူခန်းဝါသို့ ဆွဲခေါ်ထုတ်သွားလေသည်။

သူတို့နှစ်ယောက်က သိပ်မကြာခင် ပျောက်ကွယ်သွားပြီး ဓားကျင့်ကြံသူများက နေရာမှာပင် ငေးမောမှင်တက်၍ ကျန်ရစ်ခဲ့ကြလေသည်။

All Chapters