← Chapters

တစ်မူထူးခြားသောနည်းလမ်းများ

Vol. 183 Ch. 2739

တစ်မူထူးခြားသောနည်းလမ်းများ

Vol. 183 Ch. 2739

လိုဏ်ဂူခန်းဝါ၏ အပြင်ဘက်မှာ ရစ်ဝဲနေသော ဓားကျင့်ကြံသူတစ်အုပ်စုသည် သူတို့၏ လှုပ်ရှားမှုများကို ရပ်တန့်ပြီး လှည့်ကြည့်လိုက်ကြ၏။

အစက ဆူညံပွက်လောက်ရိုက်နေသောအသံများက တဖြည်းဖြည်းစဲသွားသည်။

ပေမင်ရွှယ်က ပုံမှန်အတိုင်းပင်ရှိနေ၏။ သူမက အပြင်ဘက်မှာစုဝေးရောက်ရှိနေသည့် ဓားကျင့်ကြံသူများစွာကို တွေ့မြင်သောအခါ သူမက မျက်မှောင်အနည်းငယ်ကြုတ်ပြီးမေးလိုက်၏။

“ရှင်တို့တွေ ဒီမှာဘာလာလုပ်နေကြတာလဲ”

“ငါတို့...”

ဓားကျင့်ကြံသူများစွာက အိုးတိုးအမ်းတမ်းအမူအရာများနှင့်အတူ အကြည့်ချင်းဖလှယ်ပြီးနောက် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ တွေဝေတုံ့ဆိုင်းနေကြ၏။

ပေမင်ရွှယ်ကို သူ့ဆရာက အနိုင်ကျင့်မှာ သူတို့က စိုးရိမ်နေပြီး သူမကိုကယ်တင်ရန် ရောက်ရှိလာသည်ဟု ပြောဖို့ဖြစ်နိုင်ပါ့မလား”

လူအုပ်ကြားထဲမှာ ကျန့်ချန်က ရှေ့သို့ထွက်ရပ်လာ၏။

မည်သို့ပင်ဆိုစေ ဆူဇီမိုကို အပြင်ဘက်ကနေ ဓားကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သည့်သူက သူဖြစ်လေသည်။ ပေမင်ရွှယ်က ထိခိုက်ဒဏ်ရာရရှိမည်ဆိုလျှင် သူက အလုံမလဲခံစားရပေလိမ့်မည်။

ကျန့်ချန်က ရှင်းပြလိုက်၏။

“မင်းနဲ့ တာအိုရောင်းရင်းဆူက အပြင်ဘက်ကိုထွက်မလာဘဲ သုံးရက်သုံးည လိုဏ်ဂူခန်းဝါထဲမှာရှိနေတော့ ငါတို့စီနီယာအစ်ကိုတွေ စီနီယာအစ်မတွေအားလုံးက မင်းကိုစိုးရိမ်နေကြတာ”

“ဘာစိုးရိမ်စရာရှိလို့လဲ”

ပေမင်ရွှယ်က မေးလိုက်၏။

“အမ်..”

ကျန့်ချန်က ညင်သာစွာချောင်းဟန့်ကာ ပြောလိုက်၏။

“ဘာပဲပြောပြော ငါတို့တွေက တာအိုရောင်းရင်းဆူအကြောင်းကို ကောင်းကောင်းသိတာမဟုတ်ဘူး... သူက မင်းနဲ့လည်းမတွေ့ရတာအရမ်းကိုကြာသွားပြီ... ဂျူနီယာညီမပေမင်... အဲဒါကြောင့် ငါတို့တွေက တာအိုရောင်းရင်းဆူ နင့်ကိုတစ်ခုခု ထိခိုက်အောင်လုပ်မှာစိုးရိမ်နေကြတာ”

“သူက ​ ကျွန်မ ဆရာလေ... သူက ကျွန်မကို ဘာလို့ထိခိုက်အောင်လုပ်မှာလဲ”

ပေမင်ရွှယ်က တည်ကြည်ခိုင်မာစွာ ပြောလိုက်၏။

“တစ်လောကလုံးမှာရှိတဲ့လူတိုင်းက ကျွန်မရဲ့ရန်သူတွေဖြစ်လာမယ်ဆိုရင်တောင် သူက ကျွန်မရှေ့မှာရပ်ပြီး ကာကွယ်ပေးလိမ့်မယ်”

ထျန်ဟွမ်ကုန်းမြေတိုက်၏ တောင်ပိုင်းဒေသမှာတုန်းက သူမကို ကာကွယ်ပေးပြီး ရှေးတော်ဝင်မိသားစုသုံးစုနှင့်ပင် ဆန့်ကျင်တိုက်ခိုက်ပေးခဲ့သူက ဆူဇီမို ဖြစ်လေသည်။

ထိုစကားကိုကြားသောအခါ ဓားကျင့်ကြံသူများမှာ ​တေံဝေရှုပ်ထွေးသော အမူအရာများရှိလာကြသည်။

သူတို့က ရှက်ရွံ့၍ အားကျမိနေ၏။

ဂျူနီယာညီမပေမင်၏ ဤမျှအထိ ယုံကြည်မှုကို ရရှိရန် တာအိုရောင်းရင်းဆူက ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။

ကျန့်ချန်က ကြိတ်၍သက်ပြင်းချလိုက်၏။

ထိုစဥ်မှာပင် ဆူဇီမိုက လိုဏ်ဂူခန်းဝါထဲကနေ လျှောက်လှမ်းထွက်လာသည်။

ချက်ချင်းပင် ဓားကျင့်ကြံသူများစွာ၏ အကြည့်များက ဆူဇီမိုပေါ်သို့ ဆင်းသက်ရောက်ရှိလာကြ၏။

လူတိုင်းသည် ပေမင်ရွှယ်၏ ဆရာဖြစ်သူကို တွေ့မြင်လိုပြီး စူးစမ်းလိုစိတ်ဖြင့် အဆက်မပြတ်အကဲခတ်ကြည့်နေကြ၏။

ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး ဤကဲ့သို့သောအကြည့်များဖြင့် အသားကျနေပြီးသားဖြစ်သည်။

ကျန့်ချန်က ခဏမျှတွေဝေတုံ့ဆိုင်းပြီးနောက် ဆူဇီမိုကို နှုတ်ဆက်လိုက်၏။

ဆူဇီမိုက ညင်သာစွာခေါင်းညိတ်ပြပြီး သူနှင့် အလ္လာပသလ္လာပပြောဆိုနေခြင်းမရှိပေ။ သူက ပေမင်ရွှယ်ကို ပြောလိုက်၏။

“ဓားသန့်စင်ကန်ကို သွားပြီးကျင့်ကြံရအောင်”

“ဟုတ်ကဲ့”

ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။

ဓားကျင့်ကြံသူများ၏ အကြည့်များအောက်မှာ သူတို့နှစ်ယောက်က ဓားသန့်စင်ကန်ရှိရာသို့ လျှောက်လှမ်းသွားကြသည်။

“ဟမ်... အဲဒီလူမှာ ပြောင်မြောက်တဲ့ ဓမ္မအစီအရင်တချို့ရှိမယ်လို့ ငါတွေးနေတာ... နောက်ဆုံးတော့ သူက ဓားသန့်စင်ကန်ဘေးမှာ ကျင့်ကြံဖို့ ရွေးချယ်ရုံပဲမလား... အဲဒါက ဂျူနီယာညိမပေမင်ရဲ့ ခါတိုင်းကျင့်ကြံမှုနဲ့ ဘာများကွာခြားလို့လဲ”

“သူက ပေါင်းစည်းခြင်းပကတိအင်မော်တယ်တစ်ယောက်ပဲ... ငါ့အထင်တော့ သူက ဂျူနီယာညီမပေမင်ကို တာအိုသင်ကြားပေးဖို့ အဆင့်မမီဘူး”

“အမှန်ပဲ.. အခုချိန်မှာ ငါစိုးရိမ်နေမိတာက ဂျူနီယာညီမပေမင်က အဲဒီလူနဲ့ သိုင်းတာအိုကိုကျင့်ကြံပြီး အချိန်ဖြုန်းမိရုံတင်မကဘူး သူ့ရဲ့ ဓားတာအိုပါရမီကိုပါ ဖြုန်းတီးနေရာကျလာလိမ့်မယ်”

“ငါတို့လည်း တစ်ချက်လောက်သွားကြည့်ရတာပေါ့”

ဓားကျင့်ကြံသူတစ်အုပ်စုက ဆွေးနွေးပြောဆိုပြီး သူတို့ကလည်း ဓားသန့်စင်ကန်ရှိရာသို့ လျှောက်လှမ်းလာကြ၏။

ပြီးခဲ့သည့်သုံးရက်မှာ ဆူဇီမိုသည် ပေမင်ရွှယ်၏ ကျင့်ကြံရေးလမ်းကြောင်းကို ပုံဖော်ရန် ကူညီပေးထားခဲ့ပြီဖြစ်သည်။

လူတစ်ယောက်၏ ကိုယ်ကာယနှင့်မျိုးဆက်သွေးကို မီးဆေးဖို့အတွက် အသင့်လျော်ဆုံးနေရာမှာ အနိဋ္ဌာရုံ​ဓားတောင်ထွတ်၏ ခြေရင်းရှိ ဓားသန့်စင်ကန်ပင်ဖြစ်လေသည်။

သည့်ယခင်က ပေမင်ရွှယ်သည် ဓားသန့်စင်ကန်၏ ဘေးမှာသာ ကျင့်ကြံခဲ့သည်။

ဆူဇီမိုကတော့ သူသည် ပေမင်ရွှယ်ကို ဓားသန့်စင်ကန်ထဲသို့ ဝင်ရောက်ခိုင်းဖို့ ပြင်ထားလေသည်။ ထိုသို့ဖြင့်သာ သူမသည် ပြင်းထန်ကြမ်းတမ်းသော ဓားချီနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ ကျူးကျော်ဝင်ရောက်မှုကို တောင့်ခံရမည်ဖြစ်လေသည်။

ဤကျင့်ကြံရေးနည်းလမ်းသည် အလွန်တရာအန္တရာယ်များသော်လည်း အဲဒါသည် ပေမင်ရွှယ်၏ ကိုယ်ကာယနှင့် မျိုးဆက်သွေး၏ အသွင်ပြောင်းလဲမှုကို အမြင့်ဆုံးထိမြင့်တင်ပေးနိုင်လေသည်။ ဒါ့အပြင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒ၏ အဆက်မပြတ် ကျူးကျော်ဝင်ရောက်မှုအောက်မှာ ပေမင်ရွှယ်၏ သိုင်းစိတ်ဆန္ဒနှင့် တာအိုနှလုံးသားသည် နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ရပ်ကို တွေ့ကြုံဖြတ်ကျော်ရပေလိမ့်မည်။

တကယ်တော့ ဖြစ်စဥ်တစ်ခုလုံးမှာ အလွန်တရာနာကျင်စွာ ခံစားရပေလိမ့်မည်။

ဓားသန့်စင်ကန်ကို လက်နက်များ သန့်သင်မွန်းမံဖို့အတွက်သာ အသုံးပြုကြသည်။

သို့သော် ယခု ဆူဇီမိုသည် ဓားသန့်စင်ကန်ထဲမှာ ပေမင်ရွှယ်ကို ကျင့်ကြံစေလိုသည်။ အဲဒါသည် ပေမင်ရွှယ်၏ အသွေးအသားကို လက်နက်မီးဆေးသလို ပြုမူနေခြင်းနှင့်တူလေသည်။

ဓားကျင့်ကြံသူများစွာက ဓားသန့်စင်ကန်သို့ ရောက်ရှိလာသည့်ခဏမှာပင် သူတို့က ထိုအထဲသို့ခုန်ချသွားသော ပေမင်ရွှယ်ကို တွေ့မြင်လိုက်ရ၏။

“အား...”

တစ်စုံတစ်ယောက်က အံအားတသင့်ပြောလိုက်၏။

“စီနီယာအစ်မပေမင်... ခင်ဗျားဘာလုပ်နေတာလဲ... ခင်ဗျားသေချင်လို့လား”

ကျင့်ကြံသူများစွာကလည်း တုန်လှုပ်သွားကြ၏။

ကျန့်ချန်၊ ချူးရွှမ်နှင့် အခြားသောပကတိအင်မော်တယ်တချို့က ဓားသန့်စင်ကန်ရှိရာဘက်သို့ အလောတကြီး ပြေးလာပြီး ပေမင်ရွှယ်ကို ကယ်တင်ဖို့ သူတို့၏ ဓမ္မတာအိုများကို ထုတ်ဖော်ရန်ပြင်လိုက်ကြ၏။

သို့သော်လည်း ကျန့်ချန်နှင့် အခြားသူများ မလှုပ်ရှားနိုင်ခင်မှာပင် ဆူဇီမိုက လူတိုင်းကိုတားဆီးပြီး အံ့အားသင့်စွာဖြင့်မေးလိုက်၏။

“ခင်ဗျားတို့တွေ ဘာလုပ်နေကြတာလဲ”

သူက သူ့တပည့်ကို ဤနေရာမှာ သင်ကြားပေးနေခြင်းကို ဤဓားကျင့်ကြံသူတစ်အုပ်စုက ဘာ့ကြောင့်စိုးရိမ်ကြောင့်ကြနေသလဲ ဆူဇီမိုက တကယ်ပင် နားမလည်ပေ။

ပကတိအင်မော်တယ်တစ်ဦးက မျက်မှောက်ကြုတ်ကာ လေးနက်သောအသံဖြင် ပြောလိုက်၏။

“ဓားသန့်စင်ကန်ထဲမှာရှိတဲ့ဓားချီက အရမ်းကိုပြင်းထန်ကြမ်းတမ်းပြီး ထက်ရှတယ်... အသွေးအသားခန္ဓာကိုယ်တစ်ခုက အဲဒါကို ဘယ်လိုလုပ်ခံနိုင်ရည်ရှိပါ့မလဲ”

“ဓားသန့်စင်ကန်ကို လက်နက်တွေသန့်စင်မွန်းမံဖို့အတွက်ပဲ အသုံးပြုကြတာ”

“လူကြီးမင်းဆူ... ဂျူနီယာညီမပေမင်ကို အဲဒီထဲ ခုန်ဝင်ခိုင်းခဲ့တာ ခင်ဗျားလား”

ဓားကျင့်ကြံသူများစွာက ဆူဇီမိုကို ခပ်စိမ်းစိမ်းစိုက်ကြည့်ပြီး စိမ်းသက်သောလေသံဖြင့် မေးခွန်းထုတ်လိုက်ကြ၏။

ထိုအခိုက်အတန့်မှာ ပေမင်ရွှယ်သည် ဓားသန့်စင်ကန်ထဲမှာ ရောက်ရှိနေပြီဖြစ်ပြီး ပြင်းထန်ကြမ်းတမ်းသော ဓားချီ၏ အဆက်မပြတ်ထိတွေ့ရိုက်ခတ်မှုကို တောင့်ခံနေရ၏။

အဲဒီမှာ အဆက်မပြတ် ကျူးကျော်ဝင်ရောက်လာသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကလည်းရှိနေပြီး သူမသည် စိတ်အာရုံပျံလွင့်မခံနိုင်ဘဲ အပြင်ဘက်မှာ ဖြစ်ပျက်နေသည့်အရာကို မသိရှိပေ။

ဆူဇီမိုက ပြောလိုက်၏။

“အားလုံးပဲ... ဒီနေရာမှာ သူ့ကို ကျုပ်စောင့်ကြည့်ပေးနေတယ်... ဘာမှမပူနဲ့”

ထိုစကားလုံးများသည် ဓားကျင့်ကြံသူများ၏ အမျက်ဒေါသကို လုံးဝမငြိမ်သက်စေနိုင်ပေ။

ကျန့်ချန်က ဒဏ်ရာများဖြင့်ပြည့်နှက်၍ သွေးများဖြင့်စိုရွှဲလာသော ဓားသန့်စင်ကန်ထဲမှ ပေမင်ရွှယ်ကို ကြည့်ပြီး ရင်ထဲမှာ နာကျင်ကိုက်ခဲလာ၏။

ပကတိအင်မော်တယ်ပညာရှင်တချို့ပင်လျှင် ဓားသန့်စင်ကန်ထဲသို့ အလွယ်တကူ သာမန်ကာလျှံကာ ခြေချရဲလိမ့်မည်မဟုတ်ပေ။

သူက သူ့ရင်ထဲရှိ အမျက်ဒေါသကို အတင်းအကျပ်ဖိနှိမ်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။

“တာအိုရောင်းရင်းဆူ... ဒါက ခင်ဗျားပြောနေတဲ့ သိုင်းတာအိုလား”

ဆူဇီမိုက နှုတ်ဆိတ်နေ၏။

သူသည် သူ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးကို မီးဆေးလိုသည်ဆိုလျှင် တစ်မူထူးခြားသော နည်းလမ်းများနှင့် သာမန်လူများနှင့် ကွဲပြားခြားနားသော မခံမရပ်နိုင်သည့်နာကျင်မှုမရှိဘဲ သူက ပြီးပြည့်စုံသည့် အခြေခံအုတ်မြစ်တစ်ခုကို ဘယ်လိုလုပ် တည်ဆောက်နိုင်ပါ့မလဲ။

သိုင်းတာအိုပင်မခန္ဓာသည် အစစ်အမှန်သိုင်းနယ်ပယ်ကို တက်လှမ်းစဥ်က သူသည် ငရဲမီး၏ ညှင်းပန်းနှိပ်စက်မှုနှင့် အစစ်အမှန်နာကျင်ခြင်းစိတ်ဆန္ဒ၏ အတောမသတ်ဖိစီးနှိပ်စက်မှုကို ကြိတ်မှိတ်ခံစားခဲ့ရလေသည်။

ယခုအချိန်မှာ ပေမင်ရွှယ်တွေ့ကြုံခံစားနေရသည့်အရာသည် အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာ ခံစားခဲ့ရသောအရာ၏ တစ်စိတ်တစ်ဒေသမျှသာဖြစ်သည်။

သူမသည် ဤနာကျင်မှုကိုပင် တောင့်မခံနိုင်ဘူးဆိုလျှင် သူမအနေဖြင့် သိုင်းတာအိုကိုဆက်လက်၍ ကျင့်ကြံနေစရာမလိုတော့ပေ။

ဓားကျင့်ကြံသူများက စေတနာကောင်းနှင့်ဖြစ်ပြီး ဆူဇီမို၏ ဘေးကင်းလုံခြုံမှုကို စိုးရိမ်နေကြ၏။

ဆူဇီမိုသည် သူတို့နှင့် ငြင်းခုံလိုခြင်း သို့မဟုတ် အတိုက်အခံဖြစ်လိုခြင်း မရှိပေ။

ဆူဇီမိုက နှုတ်ဆိတ်နေသည်ကို ကျန့်ချန်တွေ့မြင်သောအခါ သူသည် ပို၍ပင် ဒေါသထွက်လာ၏။ သူက လက်သီးနှစ်ဖက်ကို အနည်းငယ်ဆုပ်ပြီး လေးနက်စွာပြောလိုက်၏။

“တာအိုရောင်းရင်းဆူ... ဒီဓားသန့်စင်ကန်က ဘယ်လောက်ကြောက်စရာကောင်းသလဲ ခင်ဗျားမသိသေးဘူးလို့ကျုပ်ယုံတယ်... ဘာလို့ ခင်ဗျားကိုယ်တိုင် အဲဒီထဲကိုခုန်ချပြီး ကိုယ်တိုင်မခံစားကြည့်တာလဲ”

“အဲဒါအမှန်ပဲ... ပေမင်ရွှယ်ရဲ့ဆရာအနေနဲ့ ခင်ဗျားက အရင်ဆုံးခုန်ချပြီး နမူနာပြသင့်တယ်”

ခင်ဗျားက ကိုယ်တိုင်ခုန်ချရမယ့်အစား ကိုယ့်တပည့်ကို ထိခိုက်နာကျင်အောင်လုပ်နေတာပဲ... ခင်ဗျားက ပေမင်ရွှယ်ရဲ့ဆရာဖြစ်ဖို့ တကယ်ပဲထိုက်တန်မှုရှိရဲ့လား”

အခြားသောဓားကျင့်ကြံသူများက တဖြည်းဖြည်း တင်းမာလာသောလေသံများဖြင့် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်ပြောဆိုလာကြသည်။

ဆူဇီမိုက မှင်သေသေအမူအရာဖြင့် မလှုပ်မယှက်ရှိနေဆဲဖြစ်သည်။

ဆူဇီမိုသည် ကြောက်ရွံ့နေသည်ဟု ကျန့်ချန်က တွေးပြီး လှောင်ရယ်လိုက်၏။

“ပေမင်ရွှယ်ရဲ့ဆရာအနေနဲ့ ခင်ဗျားကတောင် ဓားသန့်စင်ကန်ရဲ့ထိတွေ့ရိုက်ခတ်မှုကို ကိုယ်တိုင်မခံစားနိုင်ဘဲ ဂျူနီယာညီမပေမင်ကို ဘာလို့ထိခိုက်ခံစားစေချင်ရတာလဲ”

ဆူဇီမိုက ပြန်မဖြေပေ။ ရုတ်တရက် သူက ပန်းကန်လုံးတစ်လုံးကို ထုတ်ယူပြီး အနိဋ္ဌာရုံဓားတောင်ထွတ်၏ ရေတံခွန်မှ ကျဆင်းလာသည့် ဓားချီရေကို ပန်းကန်လုံးထဲ ဖြည့်လိုက်လေသည်။

ရေကကြည်လင်နေပြီး မည်သည့်အညစ်အကြေးမှမရှိဘဲ အောက်ခြေကိုပင်တွေ့မြင်နိုင်သည်။ ဆူဇီမိုက ပြောလိုက်သည်။

“ဒီရေက တော်တော်သန့်တာပဲ”

ကျန့်ချန်နှင့် အခြားသူများသည် သူဘာလုပ်ချင်သည်ကို နမလည်နိုင်ဘဲ တွေဝေရှုပ်ထွေးစွာဖြင့် ကြည့်နေကြ၏။

ထိုစဥ်မှာပင် ဆူဇီမိုက ပန်းကန်လုံးကို ကောက်ယူပြီး ပြင်းထန်ကြမ်းတမ်းသောဓားချီနှင့် ကြောက်စရာကောင်းသောစိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည့် ဓားချီရေကို တစ်ကျိုက်တည်းမော့သောက်ချလိုက်၏။

“ဟာ...”

ကျန့်ချန်နှင့် အခြားသောဓားကျင့်ကြံသူများက ပင့်သက်ကိုရှိုက်ပြီး သူတို့၏ မျက်လုံးများက တုန်လှုပ်စွာဖြင့် ပြူးကျယ်သွားကြသည်။

စောစောက စွပ်စွဲပြောဆိုမှုများနှင့် မေးခွန်းထုတ်သံများက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။

ကျန့်ချန်၏ ကျင့်ကြံမှုအရ သူသည် ဓားသန့်စင်ကန်ထဲသို့ ဝင်ရောက်မည်ဆိုလျှင် အဲဒါကို အနိုင်နိုင်တောင့်ခံထားနိုင်ပေလိမ့်မည်။

သို့သော်လည်း သူသည် ဓားချီရေကို သေချာပေါက်တိုက်ရိုက်မျိုမချရဲပေ။

ဤလုပ်ရပ်သည် ပြင်းထန်ကြမ်းတမ်းသည့် ဓားချီပေါင်းများစွာကို သူ၏ ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲစေလိုက်ခြင်းနှင့် တူလေသည်။ သူက အဲဒါကို ခံနိုင်ရည်မရှိလျှင် သူ၏ ခန္ဓာကိုယ်က ဓားချီဖြင့် အပိုင်းပိုင်းဆုတ်ဖြဲခံရပေလိမ့်မည်။

ထိုစဥ်မှာပင် ဆူဇီမိုက ကျန့်ချန်နှင့်အခြားသူများဘက်ကိုလှည့်ကြည့်ပြီး ပြုံး၍မေးလိုက်၏။

“အားလုံးပဲ... ခင်ဗျားတို့တွေက စကားတွေအများကြီးပြောထားတော့ ရေဆာနေကြမှာပေါ့... ခင်ဗျားတို့ကော ရေတစ်ပန်းကန်လုံးလောက် မသောက်ချင်ကြဘူးလား။”

All Chapters