← Chapters

စိန်ခေါ်ခြင်း

Vol. 183 Ch. 2741

စိန်ခေါ်ခြင်း

Vol. 183 Ch. 2741

ဓားသန့်စင်ကန်သည် ပေမင်ရွှယ်ကို ပျက်စီးထိခိုက်မှုများစွာ ဆက်လက်ပြီး မဖြစ်စေနိုင်တော့ပေ။

သို့သော်လည်း ဤနေ့မှာ ပေမင်ရွှယ်သည် သူမ၏ နည်းလမ်းကို ပြောင်းလဲပြီး အနိဋ္ဌာရုံဓားတောင်ထွတ်၏ ဓားချီရေတံခွန်အောက်မှာ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်သည်။

ဤလုပ်ရပ်သည် ဓားသန့်စင်ကန်မှာ ကျင့်ကြံခြင်းထက် အဆများစွာ ပိုမိုအန္တရာယ်များလေသည်။

အနိဋ္ဌာရုံ ဓားတောင်ထွတ်သည် တိမ်စိုင်များကြားအထိ မြင့်မားပြီး တောင်ထွတ်ကနေ ကျဆင်းလာသော ဓားချီရေတံခွန်က အဖျက်စွမ်းအား အလွန်တရာမြင့်မားလေသည်။

ပေမင်ရွှယ်က ဓားချီရေတံခွန်အောက်သို့ ပထမဆုံး သွားရောက်ကျင့်ကြံသည့်နေ့မှာ သူမသည် ဓားချီရေတံခွန်ကြောင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး နာရီဝက်မပြည့်ခင်မှာပင် သတိလစ်သွားခဲ့လေသည်။

ဆူဇီမိုက အချိန်မီ နောက်တစ်ဖန်ပေါ်ထွက်လာပြီး ပေမင်ရွှယ်ကို သူမ၏ လိုဏ်ဂူခန်းဝါသို့ ပြန်ခေါ်သွားလေသည်။

“အား… ဂျူနီယာညီပေမင်က စိတ်လွတ်သွားတာ ဖြစ်ရမယ်”

“တာအိုကို ကျင့်ကြံတယ်ဆိုတာ အစကတည်းက အောင်မြင်ဖို့ အသည်းအသန်လုပ်ယူလို့မရဘူး… ဘယ်လိုလူက ဂျူနီယာညီမပေမင်လို သူတို့ကိုယ်သူတို့ ညှင်းပန်းနှိပ်စက်နိုင်မှာလဲ”

“ဂျူနီယာညီမပေမင်က ဒီလိုမျိုး လူမဆန်တဲ့ ကျင့်ကြံရေးနည်းလမ်းတစ်ခုကို စဉ်းစားမိမှာ မဟုတ်ဘူး… အဲဒါ ဟိုဆူဆိုတဲ့လူက သူ့ကို ဖိအားပေးခဲ့တာဖြစ်မယ်”

အနိဋ္ဌာရုံဓားတောင်ထွတ်၏ ဓားကျင့်ကြံသူများက ဆူဇီမိုအပေါ် ပို၍ပင် မကျေမနပ်ဖြစ်လာကြ၏။

အနိဋ္ဌာရုံဓားတောင်ထွတ်၏ အစည်းအဝေးခန်းမမှာ...

“အဲဒါက အရမ်းကို ရယ်စရာကောင်းလွန်းတယ်”

ပကတိဧကနယ်ပယ် ဓားကျင့်ကြံသူတစ်ယောက်က မတ်တတ်ထရပ်ပြီး စောဒကတက်လိုက်၏။

“ဆူဆိုတဲ့လူက ဓားကမ္ဘာကို ရောက်လာပြီးကတည်းက သူ့ကြောင့် ဂျူနီယာညီမပေမင်က ဘယ်လောက်တောင် ညှင်းပန်းနှိပ်စက်ခံနေရပြီလဲ”

“အဲဒီဆူဆိုတဲ့လူက သူက ဓားကမ္ဘာကို လာလည်တာလို့ပြောတယ်… ဒါပေမဲ့ ပြီးခဲ့တဲ့တစ်လလုံးလုံး သူက ဂျူနီယာညီမပေမင်ရဲ့ လိုဏ်ဂူခန်းဝါထဲမှာ ပုန်းနေပြီး အပြင်ဘက်မှာ ပေါ်ထွက်လာလေ့မရှိဘူး… သူက ကျုပ်တို့ ဓားကမ္ဘာကလူတွေကို ကြောက်နေတာဖြစ်ရမယ်”

“တောင်ထွတ်သခင်က ဂျူနီယာညီမပေမင်ကို အတော်လေးတန်ဖိုးထားတယ်… သူက ဘာမှဝင်မပြောဘူးလား”

အစည်းအဝေးခန်းမထဲမှာ ဓားကျင့်ကြံသူများစွာသည် စုဝေးရောက်ရှိနေပြီး စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးပြောဆိုနေကြ၏။ သူတို့ထဲမှ များစွာသည် အလယ်မှာထိုင်နေသော အနိဋ္ဌာရုံဓားတောင်ထွတ်၏ နံပါတ်တစ် ဝမ်တုန်ကို ကြည့်နေကြ၏။

ဝမ်တုန်က ပြောလိုက်၏။

“ဆရာကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်နေမှာပဲ… ဒါပေမဲ့ သူက ငါတို့ အနိဋ္ဌာရုံဓားတောင်ထွတ်ရဲ့ တောင်ထွတ်သခင်ဖြစ်ရုံတင်မကဘူး… သူက ကောင်းကင်လိုဏ်ဂူနယ်ပယ် ပညာရှင်တစ်ဦးလည်း ဟုတ်တယ်… သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်အရဆို သူ့အနေနဲ့ ဒီကိစ္စမှာ ဝင်ပါဖို့က မသင့်လျော်ဘူး”

“ငါတို့က ဒီကိစ္စကို ငါတို့ဘာသာငါတို့ ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှာရမယ်”

ဝမ်တုန်က ပေမင်ရွှယ်ကို အမြဲတမ်း နှစ်သက်သဘောကျနေခဲ့၏။ သို့သော်လည်း သူက အဲဒါကို ပေါ်ပေါ်တင်တင် ဘယ်တုန်းကမှ ထုတ်ဖော်မပြသခဲ့ပေ။

ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ပေမင်ရွှယ်၏ ထိခိုက်ခံစားရမှုများကို တွေ့မြင်သောအခါ သူက ရင်ထဲမှာ နာကျင်နေရ၏။

သို့သော်လည်း သူသည် အနိဋ္ဌာရုံဓားတောင်ထွတ်၏ နံပါတ်တစ်ဖြစ်သလို သုခဘုံလေဟာနယ်ပကတိအင်မော်တယ်နယ်ပယ်အထိ ရောက်ရှိနေခဲ့လေပြီ။ သူ့ကို အထွတ်အထိပ်ပကတိအင်မော်တယ်တစ်ဦးဟု သတ်မှတ်နိုင်၏။ သူက ဆူဇီမိုကို သွားရောက်စိန်ခေါ်မည်ဆိုလျှင် အဲဒါက အားနည်းသူကို အနိုင်ကျင့်ရာကျနေပေလိမ့်မည်။

ဓားကမ္ဘာမှာ အရေးကြီးဆုံးက မျှတမှုရှိဖို့ ဖြစ်သည်။

အလွန်တရာထူးခြားသော အခြေအနေမှာ ရှိမနေသရွေ့ ကျင့်ကြံမှုနယ်ပယ်တူမှာရှိသော ကျင့်ကြံသူများကသာ ဓားကမ္ဘာတွင် လက်ရည်စမ်းနိုင်သည်ဟု အလိုအလျောက် သဘောတူလက်ခံထားကြ၏။

တစ်ယောက်ယောက်က တစ်ဖက်လူထက် ပိုမိုမြင့်မားသော သူတို့၏ ကျင့်ကြံမှုနယ်ပယ်အပေါ် မှီခိုမည်ဆိုလျှင် သူတို့က အနိုင်ရခဲ့မည်ဆိုလျှင်တောင် သူတို့သည် ဓားကျင့်ကြံသူများ၏ လေးစားမှုကို ရရှိလိမ့်မည်မဟုတ်ဘဲ လှောင်ပြောင်ထေ့ငေါ့မှုနှင့် ပြစ်တင်ပြောဆိုမှုများကိုပင် ရရှိပေလိမ့်မည်။

ဥပမာအားဖြင့် ဆူဇီမိုသည် ယခုအချိန်မှာ ပေါင်းစည်းခြင်းပကတိအင်မော်တယ်တစ်ဦးဖြစ်သည်။ ဓားကမ္ဘာမှာ ပေါင်းစည်းခြင်းပကတိအင်မော်တယ်များကသာ သူနှင့်လက်ရည်စမ်းနိုင်လေသည်။

တစ်ယောက်ယောက်က သူ့ထက်တစ်ဆင့်ပိုမြင့်သော အာကာသသက်ရှိနယ်ပယ်မှာ ရှိနေမည်ဆိုလျှင်တောင် ဓားကျင့်ကြံသူများစွာ၏ မျက်လုံးထဲမှာ ထိုတိုက်ပွဲက မျှတမှုရှိလိမ့်မည် မဟုတ်ပေ။

“စီနီယာအစ်ကိုဝမ်... နည်းလမ်းတစ်ခုကြံပါဦး”

ဓားကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။

“ဒီအတိုင်းသာ ဆက်သွားရင် ဂျူနီယာညီမပေမင်က အဲဒီဆူဆိုတဲ့လူကြောင့် ဒုက္ခိတဖြစ်သွားနိုင်တယ်”

“အမှန်ပဲ… တောင်ထွတ်သခင်ကတောင် ဓားတာအိုမှာ ဂျူနီယာညီမပေမင်ရဲ့ ပါရမီအရည်အချင်းကို ချီးကျူးရတယ်… ကျုပ်တို့တွေက သူ့ကို တခြားသူရဲ့လက်ထဲမှာ ဒီလိုမျိုးပျက်စီးခွင့်မပေးနိုင်ဘူး”

ဝမ်တုန်က အတန်ကြာစဉ်းစားတွေးတောနေပြီးနောက် သူက ဆုံးဖြတ်ချက်ချလိုက်သည့်အလား သူ၏ မျက်လုံးထဲတွင် ဓားအလင်းတစ်ခု ဖျတ်ခနဲလတ်သွား၏။

“ကြည့်ရတာ ဒီနည်းလမ်းတစ်ခုပဲရှိတော့တယ်နဲ့တူတယ်”

“ငါတို့ အနိဋ္ဌာရုံဓားတောင်ထွတ်က တာအိုရောင်းရင်းဆူနဲ့ လက်ရည်စမ်းဖို့အတွက် အသန်မာဆုံး ပေါင်းစည်းခြင်းပကတိအင်မော်တယ်ကို ရွေးချယ်ရလိမ့်မယ်”

“ငါတို့က သူ့ကိုအနိုင်ရမယ်ဆိုရင် ငါတို့က အဲဒါကိုအသုံးချပြီး သူ့ကို နောက်ဆုတ်ဖို့ ဖျောင်းဖျရမယ်”

“တာအိုရောင်းရင်းဆူက ဂျူနီယာညီမပေမင်ရဲ့ဆရာအနေနဲ့ လူတိုင်းရဲ့ရှေ့မှာ ရှုံးနိမ့်သွားမယ်ဆိုရင် သူက အရမ်းကို ရှက်သွားမှာပဲ”

ချူးရွှမ်က ခေါင်းညိတ်ပြလိုက်၏။

“အဲဒါအမှန်ပဲ… သူက ကျမတို့ကိုတောင် အနိုင်မရနိုင်ဘူးဆိုရင် ဂျူနီယာညီမပေမင်ရဲ့ ဆရာဖြစ်ဖို့ ထိုက်တန်မှုမရှိတော့ဘူး”

“အဲဒါကို ကျမလုပ်လိုက်မယ်”

ချူးရွှမ်က အရင်ဆုံး ရှေ့သို့ထွက်လာခဲ့၏။

“ဘာပဲဖြစ်ဖြစ် တာအိုရောင်းရင်းဆူကို ခေါ်လာခဲ့တာက ကျမတို့ပဲ… ဒီကိစ္စကို ကျမက တာဝန်ယူရမယ်”

“မင်းက...”

ဝမ်တုန်က တိတ်တဆိတ်စဉ်းစားတွေးတောရင်း တွေဝေတုံ့ဆိုင်းနေ၏။

ချူးရွှမ်က ပေါင်းစည်းခြင်းပကတိအင်မော်တယ်တစ်ဦးဖြစ်သည်။ သို့သော်လည်း သူမ၏ တိုက်ခိုက်ရည်ခွန်အားသည် ဤအဆင့်တွင် ထိပ်တန်းအဆင့်မှာသာရှိသည်ဟုဆိုနိုင်ပြီး အသန်မာဆုံးမဟုတ်ပေ။

ဝမ်တုန်က ဖြည်းဖြည်းချင်းပြောလိုက်၏။

“ဒီတိုက်ပွဲက အရမ်းကိုအရေးပါတယ်… အဲဒါက အနိုင်ရလဒ်ကို သေချာနေစေဖို့လိုတယ်… တစ်ဖက်မှာ အဲဒါက ဂျူနီယာညီမပေမင်ကို သူ့ရဲ့အန္တရာယ်ကနေ ကယ်တင်ပေးဖို့ပဲ… တစ်ဖက်မှာတော့ အဲဒါက ငါတို့ဓားကမ္ဘာရဲ့ နာမည်ဂုဏ်သတင်းနဲ့ သက်ဆိုင်နေတယ်”

“အဲဒါကို ကျုပ်လုပ်လိုက်မယ်”

ထိုစဉ်မှာပင် ဓားကျင့်ကြံသူတစ်ယောက်က ရှေ့သို့ထွက်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“နီချန်”

သူသည် အနိဋ္ဌာရုံဓားတောင်ထွတ်၏ အကျော်ကြားဆုံးပြိုင်စံရှားများထဲမှာ တစ်ဦးဖြစ်သည်။

သူသည် ကောင်းကင်ဘုံကပ်ဘေးကို ဖြတ်ကျော်ပြီး တက်လှမ်းခဲ့စဉ်က သူသည် ကောင်းကင်ဘုံကပ်ဘေးကိုးခုထဲမှ ခုနှစ်ခုကို ဆွဲဆောင်နိုင်ခဲ့လေသည်။

နီချန်က ရှေ့သို့ထွက်လာသည်ကို တွေ့မြင်သောအခါ ဝမ်တုန်က စိတ်သက်သာရာရပြီး ခေါင်းညိတ်ပြလိုက်၏။

“ဂျူနီယာညီနီနဲ့ဆိုရင် ဒီတိုက်ပွဲရဲ့ရလဒ်ကို သံသယရှိစရာ မလိုတော့ဘူး”

“ဒါပေမဲ့ ငါ မင်းကို သတိပေးစရာရှိတယ်”

ဝမ်တုန်က ခဏမျှတွေးတောပြီး ပြောလိုက်၏။

“အဲဒီလူမှာ စွမ်းအားကြီးမားတဲ့ ဝှက်ဖဲတချို့ရှိနေတယ်လို့ ငါခံစားနေရတယ်… ဂျူနီယာညီနီ... သူနဲ့တိုက်ခိုက်တဲ့အခါ မင်း ပေါ့ပေါ့ဆဆမလုပ်နဲ့”

“စီနီယာအစ်ကို ဘာမှမပူပါနဲ့”

နီချန်က ပြောလိုက်၏။

“ကျုပ်တိုက်ခိုက်တဲ့အခါ ကျုပ်ရဲ့ပြိုင်ဘက်က ဘယ်သူပဲဖြစ်ဖြစ်… ရှိသမျှအကုန် ထုတ်သုံးမှာပဲ… ကျုပ်က ကျုပ်ရဲ့ပြိုင်ဘက်ကို အထင်သေးနေမှာ မဟုတ်ဘူး”

ဝမ်တုန်က ထပ်မံ၍ ပြုံးပြလိုက်၏။

“ဒါပေမဲ့ ဂျူနီယာညီနီ… မင်းက မင်းရဲ့အကန့်အသတ်ကိုလည်း သိထားရမယ်… ဘာပဲပြောပြော တစ်ဖက်လူက အဝေးကလာတဲ့ ဧည့်သည်တစ်ဦးဖြစ်တယ်… သူက တစ်ခါတုန်းက ဂျူနီယာညီမပေမင်ရဲ့ ဆရာလည်းဖြစ်တယ်… မင်းက သူ့ကို အလွယ်တကူအနိုင်ရနိုင်မယ်ဆိုရင် သူ့ကို သင်ခန်းစာတစ်ခုလောက်ပဲပေးပြီး ရပ်လိုက်တော့… သိပ်ပြီးတော့ ရိုင်းရိုင်းပျပျမလုပ်နဲ့”

နီချန်က နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်၏။

“ကျုပ်က သူ့အသက်ကို ရန်မရှာပါဘူး… အချိန်ကျလာရင် ကျုပ်က သူ့ကို မှတ်လောက်သားလောက် သင်ခန်းစာတစ်ခုတော့ပေးရမယ်”

“အမ်း… အဲဒါကောင်းတယ်”

ဝမ်တုန်က စိတ်သက်သာရာရပြီး ပြုံး၍ပြောလိုက်၏။

“တာအိုရောင်းရင်းဆူ ဖိအားသိပ်ဝင်မသွားအောင်လို့ ငါတော့မလိုက်တော့ဘူး… ငါက ဝိုင်ကောင်းကောင်းပြင်ထားပြီး မင်းတို့တွေ အောင်ပွဲနဲ့ပြန်လာတာကို စောင့်မျှော်နေမယ်”

နီချန်က သူ၏ ခေါင်းကို အနည်းငယ်မော့ပြီး ဝင်ကြွားစွာပြောလိုက်၏။

“စီနီယာအစ်ကို... အဲဒါဆိုရင်တော့ ခင်ဗျားပြင်ဆင်စရာရှိတာ မြန်မြန်ပြင်ထားဖို့လိုမယ်… ကျုပ်တို့က သိပ်မကြာဘူး ပြန်လာမှာ”

အခြားသောကျင့်ကြံသူများက ထိုစကားကိုကြားသောအခါ အော်ဟစ်အားပေးလိုက်ပြီး သူတို့က နီချန်နှင့်အတူ ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါရှိရာသို့ ချီတက်သွားကြလေသည်။

သိပ်မကြာခင် နီချန်တို့အုပ်စုသည် ပေမင်ရွှယ်၏ လိုဏ်ဂူခန်းဝါရှေ့သို့ ရောက်ရှိလာကြသည်။

လမ်းမှာ သူတို့အုပ်စုသည် တိုက်ပွဲကိုစောင့်ကြည့်မည့် ဓားကျင့်ကြံသူများစွာကို ဆွဲဆောင်မိခဲ့ပြီး အတော်လေးကြီးမားသည့် လူစုလူဝေးတစ်ခုဖြစ်လာခဲ့သည်။ သူတို့က လိုဏ်ဂူခန်းဝါသို့ ရောက်ရှိလာသည့်အချိန်မှာ အနိဋ္ဌာရုံဓားတောင်ထွတ်၏ ဓားကျင့်ကြံသူထက်ဝက်ကျော်က ဤနေရာကို အာရုံစိုက်၍ ကြည့်ရှုလာကြလေသည်။

ဓားကမ္ဘာကနေ စီစဉ်ပေးသည့် အဆင့်သတ်မှတ်ချက်တိုက်ပွဲတချို့ကလွဲလျှင် အနိဋ္ဌာရုံဓားတောင်ထွတ်သည် ဤမျှထိ စည်းကားမှုမရှိတော့သည်မှာ ကြာခဲ့ပြီဖြစ်လေသည်။

နီချန်က အော်မပြောရသေးခင်မှာပင် ဓားကျင့်ကြံသူတစ်ယောက်က ဆက်လက်၍ မချုပ်တည်းနိုင်တော့ဘဲ တံခါးခေါက်ရန် ရှေ့သို့တက်လှမ်းသွား၏။

ဆူဇီမိုက လိုဏ်ဂူခန်းဝါထဲမှာ ပေမင်ရွှယ်ကို ကုသပေးနေပြီး အပြင်ဘက်မှ ရုတ်ရုတ်သဲသဲအခြေအနေကို အာရုံခံမိသောအခါ မျက်မှောင်ကြုတ်လိုက်၏။

“အပြင်ဘက်မှာ ဘာတွေဖြစ်နေတာလဲ”

ပေမင်ရွှယ်သည် ယခုတင် ကုသမှုကို ခံယူနေခါစဖြစ်ပြီး သူမ၏ အမြုတေစိတ်ဝိညာဉ်က အားနည်းနေ၏။ သူမသည် အပြင်ဘက်မှာရှိသော အခြေအနေကို မထောက်လှမ်းနိုင်ဘဲ ညင်သာစွာ မေးလိုက်၏။

“ခဏလောက်စောင့်… ငါတစ်ချက်လောက် သွားကြည့်လိုက်မယ်”

ရိပ်ခနဲဆို ဆူဇီမိုက လိုဏ်ဂူခန်းဝါရှေ့သို့ ရောက်ရှိလာပြီး တံခါးကို တွန်းဖွင့်လိုက်၏။

ဆူဇီမိုထွက်လာသည်ကို တွေ့မြင်သောအခါ အပြင်ဘက်ရှိ လူအုပ်ကြီးက ငြိမ်သက်သွားကြလေသည်။

ပြီးခဲ့သည့်တစ်လမှာ ဆူဇီမိုသည် ငရဲကန့်သတ်မဲ့စိမ့်စမ်းကို အသုံးပြုပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ ကျိန်စာနှစ်ခုကို ဖယ်ရှားရှင်းလင်းပစ်ခဲ့ပြီဖြစ်ကာ သူ၏ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်သည်။

“ခင်ဗျားတို့တွေ ဒီကို ဘာလို့ရောက်လာကြတာလဲ”

ဆူဇီမိုက မေးလိုက်သည်။

နီချန်က သူ့လက်ထဲမှာ ဓားတစ်လက်ကိုကိုင်ပြီး ဆူဇီမိုထံသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။

“တာအိုရောင်းရင်း... ခင်ဗျားက ကောင်းကင်ဘုံကမ္ဘာက လာတယ်လို့ ကျုပ်ကြားတယ်… ကျုပ်က နီချန်ပါ… ပေါင်းစည်းခြင်းပကတိအင်မော်တယ်တစ်ဦးပဲ… ကျုပ်က ခင်ဗျားနဲ့ လက်ရည်စမ်းလိုတယ်။”

All Chapters