ဓားပညာအမွေအနှစ်
Vol. 183 Ch. 2745
သူ့ကိုစိန်ခေါ်ဖို့ ယခုတင်ရောက်ရှိလာသော ဓားကျင့်ကြံသူငါးဦးကို ကိုင်တွယ်ပြီးနောက် ဆူဇီမိုက သူ၏ လိုဏ်ဂူခန်းဝါထဲသို့ ပြန်လည်ရောက်ရှိလာသည်။
ပေမင်ရွှယ်က သူမ၏ ကျင့်ကြံမှုကနေ ယခုတင်နိုးထလာလေသည်။
“ဆရာ.... အဲဒီလူတွေ ရှင့်ကိုထပ်ပြီး နှောက်ယှက်ပြန်ပြီလား”
ပေမင်ရွှယ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
ဆူဇီမိုက ပြုံးပြလိုက်သည်။
“သူတို့တွေက တခြားတောင်ထွတ်တွေက ပြိုင်စံရှားတွေလို့ ငါကြားတယ်... ငါက မင်းကို ဓားတာအိုသင်ကြားပေးရင်းနဲ့ ဓားကမ္ဘာမှာအတော်လေး ရုတ်ရုတ်သဲသဲဖြစ်စေခဲ့ပြီထင်တယ်”
ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဆူဇီမိုက တဖြည်းဖြည်း နားလည်သဘောပေါက်လာသည်။
ဤဓားကျင့်ကြံသူအုပ်စုသည် သူ့ကိုစိန်ခေါ်ဖို့တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာသည်မှာ သူက ပေမင်ရွှယ်ကို တာအိုသင်ကြားပေး၍ သူမက ရက်စက်ကြမ်းတမ်းသာ ညှင်းပန်းနှိပ်စက်မှုများခံစားရသည်ကို သူတို့က မကြည့်ရက်နိုင်သောကြောင့်ဖြစ်လေသည်။
“ဆရာ... ကျွန်မတောင်းပန်ပါတယ်”
ပေမင်ရွှယ်က ပြောလိုက်သည်။
“ကျွန်မ... အခုပဲ တောင်ထွတ်သခင်ကိုသွားရှာပြီး အနိဋ္ဌာရုံဓားတောင်ထွတ်က အမွေခံတပည့်တွေကို ထိန်းသိမ်းထားဖို့ပြောလိုက်မယ်...အဲဒါဆိုရင် သူတို့တွေ ရှင့်ကိုလာပြီး နှောက်ယှက်မှာ မဟုတ်တော့ဘူး”
“အဲဒါ ရပါတယ်”
ဆူဇီမိုက လက်ကာ၍ပြုံးပြလိုက်၏။
“ဒီလူတွေက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်... အဲဒါက ငါ့အပေါ်မှာ တကယ်ပဲသက်ရောက်မှုမရှိဘူး”
“စိတ်ဝင်စားဖို့ကောင်းတာလား”
ပေမင်ရွှယ်က တွေဝေရှုပ်ထွေးစွာဖြင့် သူမ၏ မျက်လုံးကို ပုတ်ခတ်လိုက်၏။
ဆူဇီမိုက ပြုံး၍ရှင်းပြလိုက်သည်။
“ဓားကမ္ဘာရဲ့ ကျင့်ကြံရးပတ်ဝန်းကျင်က အတော်လေးကောင်းမွန်တယ်... မင်းက တက်လှမ်းလာပြီးတဲ့နောက် ဓားကမ္ဘာကိုရောက်လာတာ တော်တော်ကံကောင်းတယ်”
ထိုစကားလုံးများသည် သူ၏ ရင်ထဲအသည်းထဲကနေ လာခြင်းဖြစ်သည်။
သူသည် ကောင်းကင်ဘုံကမ္ဘာမှာ ယခင်ကကျင့်ကြံခဲ့သော်လည်း သူသည် အထက်ဘုံက မှတ်တမ်းတချို့ကို ဖတ်ရှုခဲ့ရသည်။
အထက်ဘုံလောက၏ ပတ်ဝန်းကျင်အများစုက ရက်စက်ကြမ်းတမ်း၍ သွေးလွှမ်းနေလေသည်။ သန်မာသောသူများက လေးစားခံရပြီး ရှင်သန်နေထိုင်သူအများစုက အလိုက်သင့်နေထိုင်တတ်သူများဖြစ်ကြလေသည်။
ကောင်းကင်ဘုံကမ္ဘာ၏ မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေပင်လျှင် အတူတူဖြစ်လေသည်။
သို့သော်လည်း ဓားကမ္ဘာက သိသိသာသာကွဲပြားခြားနားနေသည်။
ဓားကမ္ဘာမှာ အကောက်ကြံမှုများနှင့် အကွက်ချကြံစည်မှုများက မရှိသလောက်နည်းပါးသည်။ သူတို့က အောက်ဘုံလောကက တက်လှမ်းလာသူများကိုလည်း အထင်မသေးတတ်ကြပေ။
ဓားကမ္ဘာမှာ မျှတမှုက အလွန်တရာအရေးပါလေသည်။
ထိုဓားကျင့်ကြံသူများသည် သူနှင့်ရင်ဆိုင်ရာမှာ တစ်ချီပင် မခံနိုင်ခဲ့ပေ။ တကယ်ဆို သူတို့အများစုက သူတို့၏ ဓားများကိုပင် ဆွဲထုတ်ဖို့ အခွင့်အရေးမရခဲ့ပေ။
နှစ်ဦးနှစ်ဘက်ကြား တိုက်ခိုက်ရည်ခွန်အားမှာ ဤကဲ့သို့ ကြီးမားသောကွာဟချက်တစ်ခုရှိနေသော်လည်း ဓားကမ္ဘာသည် သူ့ကိုဖိနှိမ်ဖို့အတွက် ပိုမိုမြင့်မားသော ကျင့်ကြံမှုနယ်ပယ်နှင့် ပကတိအင်မော်တယ်တစ်ဦးကို စေလွှတ်ခဲ့ခြင်းမရှိပေ။
သူတို့သည် တစ်ချိန်တည်းမှာ သူနှင့် တစ်ပြိုင်နက်တည်း နှစ်ယောက်တိုက်ခိုက်ခြင်းပင် မရှိပေ။
ဓားကမ္ဘာမှလူများသည် အရာရာတိုင်းမှာ မျှတမှုရှိသည်ဟု ဆိုရပေမည်။ သူ့လိုမျိုးအပြင်လူတစ်ယောက်အတွက်ပင်လျှင် နက်ရှိုင်းသောအမုန်းတရားမရှိသရွေ့ ဤကျင့်ကြံသူများသည် လူအများနှင့် အနိုင်ကျင့်လိုခြင်းမရှိကြပေ။
ဤသည်က ဓားကမ္ဘာမှလူများ ထိန်းသိမ်းစောင့်ရှောက်၍ လက်ခံယုံကြည်ထားသော စိတ်ဝိညာဥ်တစ်ခုဖြစ်သည်။
လူအများစု၏ မျက်လုံးထဲမှာ ထိုစိတ်ဝိညာဥ်သည် လိုအပ်မှုမရှိဘဲ ရိုးအရာကျသည်ဟု ထင်ကောင်းထင်ကြပေလိမ့်မည်။
သို့သော်လည်း ဆူဇီမို၏ ထင်မြင်ချက်အရ ဤသည်မှာ အထင်ကြီးလေးစားထိုက်သော လူ့ယဥ်ကျေးမှုတစ်ရပ်ဖြစ်သည်။
ထို့ကြောင့် ဓားကမ္ဘာမှလူတိုင်းက ပြီးခဲ့သည့်နှစ်ရက်အတွင်း သူ့ကိုစိန်ခေါ်ဖို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာခဲ့လျှင်တောင် သူက လွန်လွန်ကျူးကျူးမပြူမူဘဲ သူတို့ကို ချိုးနှိမ်ပြီးနောက် ရပ်တန့်ခဲ့လေသည်။
“ဒါနဲ့...”
ရုတ်တရက် ဆူဇီမိုက တစ်စုံတစ်ရာကို အမှတ်ရသွား၏။
“အနိဋ္ဌာရုံဓားတောင်ထွတ်က ဓားကျင့်ကြံသူတွေရဲ့ ဓားတာအိုတချို့ကို ငါလေ့လာခဲ့တယ်... သူတို့မှာ ပြင်းထန်ကြမ်းတမ်းတဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပါဝင်နေတယ်... အဲဒါက မဟာဓားပညာရပ်သုံးခုကနေ အရင်းခံလာတာဖြစ်မယ်”
“အနိဋ္ဌာရုံဓားတောင်ထွတ်နဲ့ အရင်တုန်းက မဟာဓားပညာရပ်သုံးခုကို ဖန်တီးခဲ့တဲ့ ဓားကျင့်ကြံသူကြား ဘယ်လိုပတ်သက်ဆက်စပ်မှုရှိလဲ”
ပေမင်ရွှယ်က ခေါင်းညိတ်ပြလိုက်၏။
“အဲဒီလူက ဓားကမ္ဘာရဲ့စီနီယာတစ်ဦးပဲ... သူ့ရဲ့နာမည်က ဧကရာဇ်အင်မော်တယ်နှိမ်နင်း... ဒီအနိဋ္ဌာရုံဓားတောင်ထွတ်ကို သူတည်ဆောက်ထားခဲ့တာပဲ”
ဓားကမ္ဘာ၏ ပိုင်နက်နယ်မြေသည် ကောင်းကင်ဘုံကမ္ဘာလောက် မကျယ်ဝန်းပေ။
အနိဋ္ဌာရုံဓားတောင်ထွတ်၏ ကုန်းမြေတိုက်သည် ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေလောက်ပင် မကျယ်ဝန်းပေ။ သို့သော်လည်း အနိဋ္ဌာရုံဓားတောင်ထွတ်၏ ခွန်အားနှင့် အခြေခံအုတ်မြစ်ကို လျှော့တွက်လို့မရပေ။
အနိဋ္ဌာရုံဓားတောင်ထွတ်သည် အနိဋ္ဌာရုံဓားတာအိုပေါ်မှာ အာရုံစူးစိုက်ထားလေသည်။ ဆူဇီမိုက မေးလိုက်၏။
“ကမ္ဘာမြေသတ်ဖြတ်ခြင်းနဲ့ ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်အပေါ် မင်းရဲ့ကျင့်ကြံမှုက ဘယ်လိုရှိလဲ”
ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ဆူဇီမိုသည် မဟာဓားပညာရပ်နှစ်ခုကို ပေမင်ရွှယ်အား သက်ကြားပေးခဲ့ပြီဖြစ်သည်။
ပေမင်ရွှယ်သည် မဟာဓားပညာရပ်နှစ်ခုကို ဆူဇီမိုရှေ့မှာ ထုတ်ဖော်ပြသလိုက်၏။
အထဲမှာပါဝင်သော ဓားစိတ်ဆန္ဒနှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အာရုံခံရင်း ဆူဇီမိုက ညင်သာစွာခေါင်းညိတ်လိုက်၏။
ဓားတာအိုမှာ ပေမင်ရွှယ်၏ ပါရီအရည်အချင်းက တကယ့်ကို တုန်လှုပ်စရာကောင်းလေသည်။
ဤနှစ်များမှာ သူ၏ လမ်းညွှန်မှုမရှိလျှင်ဆောင် သူမသည် မဟာဓားပညာရပ်နှစ်ခုကို အဆင့်မြင့်ကျွမ်းကျင်မှုရရှိသည်အထိ ကျင့်ကြံထားခဲ့ပြီဖြစ်သည်။
ပေမင်ရွှယ်သည် မဟာဓားပညာရပ်နှစ်ခုကို ပိုင်ဆိုင်ထားသောကြောင့်လည်း သူမက ဓားကမ္ဘာသို့ တက်လှမ်းပြီးနောက် အနိဋ္ဌာရုံဓားတောင်ထွတ်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။
အနိဋ္ဌာရုံဓားတောင်ထွတ်မှာ သူမသည် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်ကိုပင် ကျင့်ကြံဖို့ အခွင့်အရေးရလေသည်။
သို့သော်လည်း သူမသည် မဟာဓားပညာရပ်သုံးခုကို တစ်ခုတည်းအဖြစ်ပေါင်းစည်းခြင်းနှင့် အနှိုင်းမဲ့နတ်ဘုရားစွမ်းအား အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်နိုင်ခြင်း မရှိသေးပေ။
ဧကရာဇ်အင်မော်တယ်နှိမ်နင်း၏ သေဆုံးမှုကြောင့် မဟာဓားပညာရပ်သုံးခုကို မှတ်တမ်းတင်ထားသည့် ရှေးဟောင်းစာလိပ်များက ပျောက်ဆုံးသွားခဲ့သည်။
မဟာဓားပညာရပ်သုံးခု၏ ဓမ္မအစီအရင်များကို လက်ဆင့်ကမ်းလာခဲ့သော်လည်း အင်မော်တယ်နှိမ်နင်းဓား၏ ဓားစိတ်ဆန္ဒကို လက်ဆင့်မကမ်းနိုင်ခဲ့ပေ။
ထိုဓားစိတ်ဆန္ဒကိုတော့ ရှေးဟောင်းစာလိပ်သုံးခုထဲမှာ ချိပ်ပိတ်ထားပြီး သူတို့က ယခု ဆူဇီမို၏ လက်ထဲမှာ ရောက်ရှိနေသည်။
ရှေးဟောင်းစာလိပ်များထဲရှိ ဓားစိတ်ဆန္ဒကို ကိုယ်တိုင်မြင်တွေ့အာရုံခံပြီးမှသာ သူတို့က မဟာဓားပညာရပ်သုံးခုကို ပေါင်းစည်းဖို့ ဖြစ်နိုင်ပေလိမ့်မည်။
ဆူဇီမိုသည် မဟာဓားပညာရပ်သုံးခု၏ ရှေးဟောင်းစာလိပ်များကို ထုတ်ယူပြီး ပေမင်ရွှယ်အား ကမ်းပေးလိုက်၏။
“ဒီနေ့ကစပြီး မင်းက မင်းရဲ့ကိုယ်ကာယနဲ့ မျိုးဆက်သွေးကို မီးဆေးဖို့အတွက် ဓားသန့်စင်ကန်ရဲ့ ရေတံခွန်ကိုသွားရရုံတင်မကဘူး... မင်းက မဟာဓပညာရပ်သုံးခုကို ဆက်လက်ကျင့်ကြံပြီး အထဲမှာရှိတဲ့ ဓားစိတ်ဆန္ဒကို နားလည်ဆင်ခြင်ဖို့လည်း ကြိုးစားရမယ်”
ပေမင်ရွှယ်သည် ရှေးဟောင်းစာလိပ်သုံးခုကို တွေ့မြင်သောအခါ သူမ၏ မျက်လုံးက ဝင်းလက်သွားလေသည်။
ဓားကမ္ဘာမှ ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် ထိုရှေးဟောင်းစာလိပ်သုံးခုက သူမအတွက် ဘယ်လောက်တန်ဖိုးကြီးမားသလဲ ကောင်းကောင်းသိလေသည်။
“ကျေးဇူးတင်ပါတယ်ဆရာ”
ပေမင်ရွှယ်သည် ဓားပညာရပ်သုံးခုကို တရိုတသေလက်ခံယူပြီး သူမ၏ လိုဏ်ဂူခန်းဝါထဲမှာ စတင်ကျင့်ကြံလိုက်၏။
ဆူဇီမိုသည် ပေမင်ရွှယ်အား တာအိုကို သင်ကြားပေးနေသော်လည်း တကယ်တမ်းမှာ သူသည် ပေမင်ရွှယ်၏ အနိဋ္ဌာရုံဓားတာအိုကနေတစ်ဆင့် မဟာဓားပညာရပ်သုံးခုကို နားလည်ဆင်ခြင်နေလေသည်။
ယခုအချိန်မှာ သူသည် မဟာဓားပညာရပ်သုံးခုကို ပေါင်းစည်းထားခဲ့ပြီဖြစ်ပြီး သူသည် အင်မော်တယ်နှိမ်နင်းဓား၏ ကနဦးပုံစံကို ဖန်တီးနိုင်ပြီဖြစ်သည်။
သို့သော်လည်း သူသည် ထိုအနှိုင်းမဲ့နတ်ဘုရားစွမ်းအားကို အပြည့်အဝနားလည်ဆင်ခြင်နိုင်ခြင်း မရှိသေးပေ။
အနိဋ္ဌာရုံဓားတောင်ထွတ်မှာ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း ဆူဇီမိုသည် အနိဋ္ဌာရုံဓားတောင်ထွတ်ကနေ ဖြာထွက်နေသည့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို စုပ်ယူသန့်စင်ခြင်းနှင့် ဓားပညာရပ်သုံးခုကို နားလည်ဆင်ခြင်းဖြင့် အကျိုးအမြတ်အတော်များများရရှိခဲ့သည်။
သူသည် ဓားပညာရပ်သုံးခုကို ပေါင်းစည်းကာ အနိဋ္ဌာရုံဓားတောင်ထွတ်၏ အင်မော်တယ်နှိမ်နင်းဓားကို နားလည်ဆင်ခြင်နိုင်ဖို့ အခွင့်အရေးပိုများလာလေသည်။
ရက်အနည်းငယ်ကြာပြီးနောက် အနိဋ္ဌာရုံဓားတောင်ထွတ်၏ အစည်းအဝေးခန်းမထဲမှာ...။
ဝမ်တုန်၊ ကုန်းစွန်းယွီ၊ ဓားအင်မော်တယ်ထိုက်လိုင်၊ ရှန်းယွဲ့၊ ချင်ကျုံးနှင့် ကိုယ်တော်ကြွယ်ကျန့်တို့အပြင် အဲဒီမှာ နောက်ထပ်အထွတ်အထိပ် သုခဘုံလေဟာနယ်ပကတိအင်မော်တယ်နှစ်ဦးရှိနေသည်။
သူတို့ထဲမှတစ်ယောက်က အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ထံမှ အေးစက်နေသောအော်ရာတစ်ခုဖြာထွက်နေ၏။ သူ၏ မျက်နှာက ခပ်ပါးပါးဖြစ်ပြီး သူ၏ မျက်တွင်းအိမ်က ချိုင့်ဝင်နေ၏။
ဤလူ၏ နာမည်က လီရွှယ်ဖြစ်ပြီး သူက မိစ္ဆာဓားတောင်ထွတ်ကနေလာခဲ့လေသည်။
အခြားတစ်ယောက်မှာ အေးစက်၍ မထီတရီအမူအရာတစ်ခုရှိနေ၏။ သူ၏ နက်မှောင်နေသောမျက်လုံးများက သူ့လက်ထဲရှိဓားလောက် မည်သည့်အရာကမှ မစွမ်းဟုထင်နေပုံရသည်။
ဤလူက ဖြတ်တောက်ဓားလိုဏ်ဂူမှ ယဲ့ဝူချန်းဖြစ်လေသည်။
ဖြတ်တောက်ဓားတောင်ထွတ်၏ နံပါတ်တစ်ဓားသမားနှင့် ဓားကမ္ဘာ၏ နံပါတ်တစ်အချောအလှလည်းဖြစ်သူက လင်းရွှင်ကျန်းဖြစ်သည်။
ယဲ့ဝူချန်း၏ ဓားသည် ဖြတ်တောက်ဓားတောင်ထွတ်မှ လင်းရွှင်ကျန်းပြီးလျှင် ဒုတိယနေရာမှာ ရှိလေသည်။
ဖြတ်တောက်ဓားတောင်ထွတ်မှ ဓားကျင့်ကြံသူအများစု၏ စိတ်နေစရိုက်က သိပ်မကွာကြပေ။ သူတို့သည် သူတို့၏ စိတ်ခံစားချက်များနှင့် အာရုံများကို ဖြတ်တောက်ထားပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ဂရုမစိုက်သည့်အလား လူတိုင်းအပေါ် အေးစက်စွာ ပြုမူဆက်ဆံတတ်လေသည်။
ဖြတ်တောက်ဓားတောင်ထွတ်နှင့် မိစ္ဆာဓားတောင်ထွတ်၏ ဓားတာအိုတို့က မိစ္ဆာဒိဋ္ဌိလမ်းစဥ်ဖြစ်ပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှာ အနိဋ္ဌာရုံဓားတောင်ထွတ်ထက် သေချာပေါက်မနိမ့်ကျပေ။
ဥပမာအားဖြင့် မိစ္ဆာဓားတောင်ထွတ်မှ ဓားကျင့်ကြံသူများသည် သူတို့၏ ဓားတာအိုမှာ ကျဆင်းသွားမည်ဆိုလျှင် သူတို့၏ ဆင်ခြင်တုံတရားကို ဆုံးရှုံးသွားပေလိမ့်မည်။
မိစ္ဆာနည်းစနစ်၏ ဖောက်ပြန်တတ်၍ ကြမ်းကြုတ်ခက်ထန်သော သဘာဝနှင့်အတူ သူတို့က သူတို့ကိုယ်သူတို့ ချုပ်ထိန်းဖို့ ခက်ခဲလာပေလိမ့်မည်။
ဖြတ်တောက်ဓားတောင်ထွတ်၏ ဓားကျင့်ကြံသူများက ပို၍ပင်ကြောက်စရာကောင်းလေသည်။ သူတို့သည် သူတို့၏ စိတ်ခံစားချက်ခုနှစ်မျိုးနှင့် အာရုံခြောက်ပါးကို ဖြတ်တောက်ရန် ဖြတ်တောက်ဓားတာအိုကို ကျင့်ကြံထားပြီး ထူးခြားသောအခြေအနေတစ်ရပ်သို့ အချိန်မရွေး ဝင်ရောက်သွားနိုင်သည်။
ထိုအချိန်တွင် သူတို့မှာ ကျန်ခဲ့မည့်အရာမှာ သူတို့လက်ထဲရှိဓားနှင့် သူတို့ပြိုင်ဘက်၏ သွေးသာဖြစ်လေသည်။
ထိုတောင်ထွတ်နှစ်ခုမှ ဓားကျင့်ကြံသူများ တိုက်ခိုက်သည်နှင့် သူတို့ကိုယ်သူတို့ ထိန်းချုပ်ဖို့ ခက်ခဲပေလိမ့်မည်။
ဝမ်တုန်က အနည်းငယ်အကြံအိုက်နေ၏။
“ဒီကိစ္စက မင်းတို့ဓားတောင်ထွတ်နှစ်ခုကိုတောင်မှ ဆွဲဆောင်နိုင်ခဲ့ပြီပဲ”
လီရွှယ်က မှင်သေသေဖြင့် ပြောလိုက်၏။
“မင်းတို့ဓားတောင်ထွတ်က ဓားကျင့်ကြံသူတွေက သုံးစားမရတာကြောင့်မဟုတ်ရင် ငါတို့တွေက ပေါ်လာမှာမဟုတ်ဘူး... အဲဒီအပြင်လူက ဓားကမ္ဘာရဲ့နာမည်ဂုဏ်သတင်းကို နင်းချေဖျက်ဆီးမှာ ငါတို့က ခွင့်ပြုမပေးနိုင်ဘူး”
ဝမ်တုန်က တစ်စုံတစ်ရာပြောချင်သော်လည်း တွေဝေတုံ့ဆိုင်းနေ၏။ သူက သက်ပြင်းချပြီး စိုးရိမ်ပူပန်စွာဖြင့် မတ်တတ်ထရပ်ကာ ခန်းမထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေ၏။
သူက လေးငါးခေါက်လျှောက်ပြီးနောက် ယဲ့ဝူချန်းက စိတ်တိုလာပုံရလေသည်။ ရုတ်တရက် သူကအေးစက်သောအသံဖြင့် ပြောလိုက်သည်။
“မင်း... ရပ်လို့မရဘူးလား... အဲဒီလူက အပြင်လူတစ်ယောက်ပဲ... မင်းက အဲလောက်ထိ စိုးရိမ်ပူပန်နေစရာလိုလို့လား”
ဝမ်တုန်က ယဲ့ဝူချန်းကို လှည့်ကြည့်ပြီး မေးလိုက်၏။
“ငါက... တာအိုရောင်းရင်းဆူကို စိုးရိမ်ပူပန်နေတယ်လို့ မင်းထင်နေလို့လား”
“ဒါဆိုမင်းက ဘာကိုစိုးရိမ်နေတာလဲ”
ယဲ့ဝူချန်းက မေးလိုက်၏။
ဝမ်တုန်က ပြောလိုက်သည်။
“ဖြတ်တောက်ဓားတောင်ထွတ်နဲ့ မိစ္ဆာဓားတောင်ထွတ်ရဲ့ကျင့်ကြံသူတွေက သူတို့ရဲ့အကန့်အသတ်ကို သူတို့သိကြတာမဟုတ်ဘူး... အဲဒီလူက ပိုပြီးတော့ပြင်းထန်ကြမ်းတမ်းတဲ့ တန်ပြန်တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်မိပြီး မင်းတို့ဓားတောင်ထွတ်နှစ်ခုက ဂျူနီယာညီတွေကို ထိခိုက်ဒဏ်ရာရစေမှာကို ငါကစိုးရိမ်နေတာပဲ။”