ရွှမ်ကမ္ဘာမြေ၏ အင်မော်တယ်
Vol. 119 Ch. 1815
နတ်ဧကရာဇ်၏ အလောင်းပေါ်တွင် အပြာရောင်ပိုးကောင်များ၏ ရူးသွပ်မှုက ပိုပြီးတိုးပွားလာသည်နှင့်အမျှ ကိုက်စားဝါးမျိုသံက တဖြည်းဖြည်း ပိုကျယ်လောင်လာသည်။
ယင်းက ဧရာမနတ်ဘုရားအလောင်းကို ချောက်ချားဖွယ်ကောင်းသော အပြာရောင်အလင်းဖြင့် အပြည့်ဖုံးလွှမ်းသွားစေသည်။
ထိုမြင်ကွင်းကို မြင်သွားသောအခါ ရွှီချင်းက အံ့ဩသွားသည်။ စီနီယာအကိုကြီး၏ ထူးခြားမှုများက သူ့အား အမှန်တကယ် အံ့အားသင့်စေသည်။
အားညို၏ အောင်ပွဲရသော အသံက ကုန်းမြေတစ်လျှောက် ပဲ့တင်ထပ်သွားသည်။
“ ဘယ်လိုလဲ… ငါပြောခဲ့တယ် မဟုတ်ဘူးလား ”
သတ္တမသခင်ကြီးက အောက်ဘက်မှ အလောင်းကို စူးစမ်းလေ့လာလိုက်သည့်အခါ သူ၏ အမူအရာက ထူးဆန်းသွားသည်။ ထို့နောက် သူက ဖြည်းညင်းစွာ မျက်မှောင်ကြုတ်လိုက်ပြီး အားညိုကို ကြည့်လိုက်သည်။
“ ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ် ပြန်ရှင်သန်လာမှာကို တားဆီးဖို့အတွက် အတိတ်မှာ ငါတို့က သူ့ကို အပိုင်းပိုင်းအစစ ခွဲထုတ်ခဲ့ကြတယ်… သူ့ရဲ့ ဦးခေါင်းကို နွေဦးအင်မော်တယ်နန်းတော်ဆီ သယ်သွားပြီး သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဟွမ်ကောင်းကင်ဘုံထဲက ဒေသကြီးအသီးသီးမှာ ချိပ်ပိတ်ခဲ့ကြတယ်… ”
“ မင်းက… အဲ့ဒီအစိတ်အပိုင်းအားလုံးကို ပြန်စုစည်းခဲ့တာလား ”
အားညိုက ပိုပြီးစိတ်ဓာတ်တတ်ကြွသွားသည်။ ယင်းက သူစောင့်ဆိုင်းနေသော အခိုက်အတန့် ဖြစ်သည်။
“ ဒါပေါ့ ”
“ အဖိုးကြီး… နှစ်တွေ ဒီလောက်ကြာမှတော့ ချိပ်တံဆိပ်တွေက အားနည်းကုန်ပြီ… ငါသာ အဲ့ဒါကို အချိန်မီ ရှာမတွေ့ခဲ့ဘူးဆိုရင် ဒီနတ်ဧကရာဇ်အိုကြီးက အစောကြီးကတည်းက ပြန်ရှင်သန်နေလောက်ပြီ ”
“ ကံကြမ္မာက ငါ့ကို သူ့ဆီ တွန်းပို့ပေးခဲ့တယ်… ဒါကြောင့် ဒီမဟာအစီအစဉ်ကို ငါလုပ်ဆောင်ခဲ့တာပဲ ”
“ မင်းတို့ရဲ့ ချိပ်တံဆိပ်တွေကို နည်းနည်းချင်းစီ ငါကိုက်ဝါးပြီး ဖွင့်လှစ်ခဲ့တယ်… ပြီးတော့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဒီနတ်ဘုရားသွေးပင်လယ်ဆီ သယ်ဆောင်လာပြီး ပြန်ပေါင်းစည်းစေခဲ့တယ် ”
“ အဲ့ဒီနောက် ငါက နတ်ဘုရားသွေးကို အာဟာရဖြည့်ဖို့နဲ့ အသွေးအသားအမျှင်တွေ ပြန်တည်ဆောက်ဖို့အတွက် အသုံးပြုခဲ့တယ်… တစ်ချိန်တည်းမှာ ငါ့ရဲ့ ခန္ဓာကိုယ်က မရေမတွက်နိုင်တဲ့ ပိုးကောင်တွေအဖြစ် ခွဲထွက်သွားပြီး သူ့ကို နေ့ရော ညပါ စားသောက်လိမ့်မယ် ”
“ ဘယ်လိုလဲ ချင်းလေး… မင်းရဲ့ စီနီယာအကိုကြီးရဲ့ ကိစ္စကြီးက မခမ်းနားဘူးလား ”
အားညိုက ဂုဏ်ယူဝင့်ကြွားစွာ ရယ်လိုက်သည်။
သတ္တမသခင်ကြီးက နက်နဲစွာ တွေးတောလိုက်ပြီး ရွှီချင်းကို လှည့်ကြည့်လိုက်သည်။
ရွှီချင်းက ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ စီနီယာအကိုကြီးရဲ့ အစီအစဉ်တွေက အမြဲတမ်း ခမ်းနားပြီးသားပါ… ဒါပေမဲ့ ဒီတစ်ခေါက်ကိစ္စကြီးက အခုလိုဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ ငါမစဉ်းစားမိခဲ့ဘူး ”
“ ဒီဟာက ဟွမ်ကောင်းကင်ဘုံကို ပေါင်းစည်းဖို့ တကယ် ခြေတစ်လှမ်းပဲ လိုတော့တာပါ ”
သူ၏ လေသံနှင့် သူ၏ မျက်နှာပေါ်မှ ချီးမွမ်းသော အမူအရာကြောင့် အားညိုက အတိုင်းမသိ စိတ်ကျေနပ်သွားသည်။ ဤအခိုက်အတန့်မှာ သူက လေပေါ်သို့ပင် မြောက်ကြွသွားတော့မည့်ဟန် ရသည်။
“ ဒါပေါ့ကွ… ငါက ဘယ်သူမို့လို့လဲ… မင်းရဲ့ စီနီယာအကိုကြီးလေ ”
သူ၏ ရယ်သံက ပိုပြီးကျယ်လောင်လာသည်။
ရွှီချင်းက ဆက်လက် ပြုံးထားပြီး သတ္တမသခင်ကြီးဘက်သို့ လှည့်လိုက်သည်။
“ ဆရာ… စီနီယာအကိုကြီးရဲ့ စားသောက်မှုကို ငါတို့ အရှိန်မြှင့်တင်ပေးသင့်လား ”
သတ္တမသခင်ကြီးက သက်ပြင်းချလိုက်ပြီး မြေအောက်ဆီသို့ လက်ညှိုးညွှန်လိုက်သည်။ တစ်ချိန်တည်းမှာ ကောင်းကင်ဘုံအခွင့်အာဏာကို ပဲ့တင်ပြန်စေမည့် သူ၏ အသံက ပျံ့လွင့်သွားသည်။
“ မင်းက သူ့ကို အရမ်းအလိုလိုက်လွန်းတယ်… ကောင်းပြီ… မင်းတို့အရှေ့မှာ ငါ့ရဲ့ အင်မော်တယ်တာအိုကို တစ်ခါမှ အသုံးမပြုဖူးဘူး… ဒီအခွင့်အရေးကို ငါအသုံးချပြီး မင်းတို့ကို ဉာဏ်အလင်းပြမယ် ”
“ အင်မော်တယ်ရာထူးက ထာဝရ ဖြစ်တယ်… ဒါပေမဲ့ လမ်းစဉ်က တစ်ခုတည်း မဟုတ်ဘူး ”
သူ၏ စကားလုံးတစ်လုံးစီက ကောင်းကင်ဘုံနှင့် မြေပြင်ကြားမှာ မိုးခြိမ်းသံသဖွယ် ပဲ့တင်ထပ်သွားသည်။
အရင်ဦးဆုံး ခပ်အုပ်အုပ်ပေါက်ကွဲသံက ထွက်ပေါ်လာသည်။ ထို့နောက် ကုန်းမြေတစ်ခုလုံးကို အပြင်းအထန် တုန်ယင်သွားစေမည့် ပေါက်ကွဲသံက ကျယ်လောင်စွာ မြည်ဟိန်းသွားသည်။
ဤသည်မှာ မြေကြီးက ပြိုကျပျက်စီးသွားနေသည့်အလား သို့မဟုတ် ဟွမ်ကောင်းကင်ဘုံအောက်မှာ ပုန်းအောင်းနေသော တည်ရှိမှုတချို့က နိုးထလာနေသည့်အလားပင်။
ရွှီချင်းက သတ္တမသခင်ကြီးကို စူးစမ်းလေ့လာလိုက်သည့်အခါ သူ၏ မျက်လုံးက ဝင်းလက်သွားသည်။ သူ့ဆရာ၏ ကျင့်ကြံခြင်းနယ်ပယ်နှင့် တိုက်ပွဲစွမ်းအားက ဆက်တိုက် မြင့်တတ်သွားနေကြောင်း သူအာရုံခံမိသည်။
သို့တိုင် သူ့ဆရာဆီမှာ အာဏာစက်ဥပဒေသ၏ အရှိန်အဝါ တစ်စွန်းတစ်စမှ မရှိပေ။
ဤသည်မှာ သတ္တမသခင်ကြီးက အင်မော်တယ်တစ်ပါးဖြစ်သော်လည်း အာဏာစက်ကို မပိုင်ဆိုင်ထားသည့်အလားပင်။
ရွှီချင်း၏ ဇဝေဇဝါဖြစ်မှုကို သတိပြုမိသောအခါ သတ္တမသခင်ကြီး၏ အသံက ပျံ့လွင့်သွားသည်။
“ စတုတ္ထတပည့်… မင်း ခရီးထွက်သွားခဲ့တဲ့ ကြယ်တာရာစက်ဝန်းအကြောင်းနဲ့ အဲ့ဒီမှာ ကျင့်ကြံသူအများကြီးကို မင်းတွေ့ဆုံခဲ့တဲ့အကြောင်း ငါသိတယ်… မင်းလျှောက်လှမ်းတဲ့ အင်မော်တယ်လမ်းစဉ်မှာ မင်းရဲ့ ကိုယ်ပိုင်တာအို ပါရှိတယ်… အပြင်လူတွေက အဲ့ဒါကို ‘ အာဏာစက် ’လို့ ခေါ်ကြတယ် ”
“ အာဏာစက်က နတ်ဘုရားအခွင့်အာဏာနဲ့ ဆင်တူတယ်… အဲ့ဒါကို အသုံးပြုဖို့အတွက် အထက်ကြယ်တာရာစက်ဝန်းတစ်ခုရဲ့ အရင်းအမြစ်ကို လိုအပ်တယ်… အဲ့ဒါကို အထက်ကြယ်တာရာစက်ဝန်းတွေထဲက နတ်ဘုရားတွေပဲ အသုံးပြုနိုင်ကြတယ် ”
“ ဝမ်ကူးကုန်းမြေက အင်မော်တယ်တွေကျတော့… ရှေးဘုရင်ရွှမ်ယုံပဲဖြစ်ဖြစ် ရှေးဟောင်းဝိညာဉ်အင်ပါယာပဲဖြစ်ဖြစ် သူတို့လျှောက်လှမ်းတဲ့ အင်မော်တယ်လမ်းစဉ်က ဝမ်ကူးကုန်းမြေရဲ့ စိတ်ဆန္ဒ၊ နိယာမတွေနဲ့ ပေါင်းစပ်ခြင်းပဲ ”
“ အဲ့ဒီချဉ်းကပ်နည်းနှစ်ခုကို အုပ်စုတစ်ခုတည်းလို့ သတ်မှတ်နိုင်တယ်… ”
“ အဲ့ဒါက အထက်ကြယ်တာရာစက်ဝန်းရဲ့ နိယာမတွေကနေ ဖြစ်ပေါ်လာတဲ့ သိမြင်နားလည်ခြင်း ဖြစ်တယ် ”
ထိုသို့ပြောပြီးနောက် သတ္တမသခင်ကြီးက သူ၏ လက်ချောင်းကို အပေါ်သို့ အနည်းငယ် မြှောက်လိုက်သည်။
ထိုအခါ မြေပြင်တုန်လှုပ်မှုက ပိုပြီးအားကောင်းလာသည်။ နားကွဲလုမတတ် ကျယ်လောင်သော မြည်ဟိန်းသံများက ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါသွားစေသည်။
နောက်အခိုက်အတန့်မှာ မရင်းနှီးသော အထူးအဆန်းအရှိန်အဝါတစ်ခုက ဟွမ်ကောင်းကင်ဘုံ၏ အနက်ပိုင်းထဲမှ ပေါ်လျှိုးလာပြီး ကြယ်တာရာစက်ဝန်းပေါ်သို့ မြှောက်တတ်လာသည်။
ယင်းက ရှေးကျပြီး ဖရိုဖရဲဖြစ်သည်။
ထိုအရှိန်အဝါ ထွက်ပေါ်လာသည့်အခိုက် ရွှီချင်းက ယင်းကို ချက်ချင်း အာရုံခံမိသွားပြီး နှလုံးတုန်ယင်သွားသည်။ ထို့နောက် နားလည်သဘောပေါက်မှုက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။
“ အဲ့ဒါက… ”
သတ္တမသခင်ကြီး၏ အသံက အမှန်ကို ထုတ်ဖော်လိုက်သည်။
“ ဒါပေမဲ့ မင်းရဲ့ ဆရာရယ်… အတိတ်မှာ ရွှမ်ကမ္ဘာမြေကနေ တတ်လှမ်းလာကြတဲ့ အကြီးအကဲတွေက မတူကွဲပြားတဲ့ အင်မော်တယ်လမ်းစဉ်ကို လျှောက်လှမ်းကြတယ် ”
“ ငါတို့ဆီမှာ အာဏာစက်ဆိုတာ မရှိဘူး… ဘာလို့လဲဆိုတော့ ငါတို့ရဲ့ စံနှုန်းက ဟွမ်ကောင်းကင်ဘုံနဲ့ ဘယ်တော့မှ သဟဇာတမဖြစ်လို့ မဟုတ်ဘူး… အဲ့ဒီအစား ရွှမ်ကမ္ဘာမြေကို မြှင့်တင်ပေးဖို့ ဖြစ်တယ် ”
“ ငါတို့က ဝမ်ကူးကုန်းမြေနဲ့ မပေါင်းစပ်ကြဘူး… ဘာလို့လဲဆိုတော့ ငါတို့ရဲ့ အစီအစဉ်အရ ဝမ်ကူးကုန်းမြေက ငါတို့ရဲ့ ပထမမှတ်တိုင်ပဲ ဖြစ်တယ် ”
“ ဒါကြောင့် ငါတို့က ကိန်းသေမဟုတ်တဲ့ ဥပဒေသတွေနဲ့ နိယာမတွေကို လိုက်နာကြတယ်… ငါတို့က ရွှမ်ကမ္ဘာမြေရဲ့ ဇစ်မြစ်နဲ့ ရွှမ်ကမ္ဘာမြေရဲ့ နိယာမတွေကနေ ဖြစ်ပေါ်လာကြတဲ့ ပြင်ပအမှတ်သင်္ကေတတွေကို ဆင်ခြင်နားလည်ကြတယ်… ငါတို့က ရွှမ်ကမ္ဘာမြေရဲ့ မြင့်တတ်မှုကနေတဆင့် အနှိုင်းမဲ့စွမ်းအားကို စုဆောင်းကြတဲ့ တမန်တော်တွေ ဖြစ်ကြတယ် ”
“ ဒါကြောင့်… ငါတို့က ရွှမ်ကမ္ဘာမြေရဲ့ အင်မော်တယ်တွေ ဖြစ်လာကြတယ် ”
ထိုသို့ပြောပြီးနောက် သတ္တမသခင်ကြီးက သူ၏ လက်ချောင်းကို လက်ဖဝါးအဖြစ် ပြောင်းလိုက်ပြီး အောက်ဘက်သို့ အကြမ်းပတမ်း ဖိချလိုက်သည်။
ဟွမ်ကောင်းကင်ဘုံတစ်ခုလုံး၏ အခြေခံအုတ်မြစ်က လှုပ်ခါသွားသည့်အလား မြေပြင်က ပရမ်းပတာ တုန်လှုပ်သွားသည်။ သို့သော်လည်း ထိုသို့တုန်လှုပ်နေစဉ် အထူးအဆန်းအရှိန်အဝါက မြေကြီးထဲမှ ပိုမိုပေါ်လျှိုးလာသည်။
စွမ်းအင်အမျှင်တန်းများက အစတွင် ဒြပ်ထည်မဲ့သော်လည်း ယင်းတို့က အရပ်မျက်နှာအသီးသီးမှ မြှောက်တတ်လာကြပြီး ဒြပ်ထည်ရှိသော မြူခိုးထုအဖြစ် သိပ်သည်းသွားသည်။
ရွှီချင်း၏ မျက်စိအရှေ့တွင် မြူခိုးက ကြေးမုံမြင်ကွင်းတစ်ခုအဖြစ် စုစည်းသွားပြီး ကောင်းကင်ပေါ်မှာ ပျံ့နှံ့သွားသည်။
ယင်းက အတိတ်မှာ နွေဦးအင်မော်တယ်နန်းတော်ထဲတွင် သူမြင်ခဲ့ဖူးသော မြင်ကွင်းနှင့် အတော်လေး ဆင်တူသည်။
ရွှမ်ကမ္ဘာမြေကြယ်တာရာစက်ဝန်း…
ယင်းက အာကာသဟင်းလင်းပြင်တစ်ခုလုံး၊ ကြယ်တာရာနယ်မြေတစ်ခုလုံး ဖြစ်သည်။
ရွှမ်ကမ္ဘာမြေမြင်ကွင်းက သတ္တမသခင်ကြီးဆီသို့ တိုးဝင်လာပြီး သူနှင့် ပေါင်းစပ်သွားသည်။ ယင်းက သူ၏ အရှိန်အဝါကို ကြောက်မက်ဖွယ်ကောင်းသော အမြင့်သို့ တိုးမြှင့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာ ကောင်းချီးမင်္ဂလာအလင်းက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
သို့တိုင် ထိုအစွမ်းမြှင့်တင်ပေးမှုက လေထဲမှာ အိမ်ဆောက်ခြင်းသာဖြစ်ကြောင်း ရွှီချင်း ရှင်းလင်းစွာ မြင်နိုင်သည်။ ယင်းက ကိုယ်ပိုင်အစစ်အမှန် မဟုတ်ပေ။
ထိုကြေးမုံမြင်ကွင်းက ပုံရိပ်ယောင်မဟုတ်ဘဲ အစစ်အမှန်ဖြစ်လာမှသာလျှင် အစွမ်းတိုးမြှင့်မှုက တကယ်ဖြစ်လာလိမ့်မည်။
သို့မဟုတ်လျှင် ယင်းက ယာယီသာ ဖြစ်လိမ့်မည်။
“ အဲ့ဒါက… ရွှမ်ကမ္ဘာမြေရဲ့ အင်မော်တယ်ပဲ ”
သတ္တမသခင်ကြီးက ရွှီချင်းကို ကြည့်လိုက်ပြီး နူးညံ့စွာ သက်ပြင်းချလိုက်သည်။
“ ဒါပေမဲ့ စိတ်မကောင်းစရာပဲ… ငါတို့ရဲ့ ဗဟုသုတက ပိုပြီးတိုးပွားလာတာနဲ့ အထက်ကြယ်တာရာစက်ဝန်းတွေက ဘယ်လောက် ကြောက်စရာကောင်းလဲ ပိုပြီးနားလည်လာတယ်… ဟွမ်ကောင်းကင်ဘုံက ပင်လယ်ထဲက ရေတစ်စက်ပဲ ဖြစ်တယ် ”
“ အထက်နယ်မြေက နတ်ဘုရားတွေရဲ့ လောကပဲ… ရွှမ်ကမ္ဘာမြေက ဘယ်တော့မှ အပေါ်မတတ်နိုင်ဘူး… ပြီးတော့ ငါတို့ရဲ့ လမ်းစဉ်က ရပ်တန့်သွားတယ် ”
“ ဒါကြောင့် ငါ့ရဲ့ ဆရာနဲ့ သူ့ရဲ့ ရဲဘော်ရဲဘက်တွေက အပြင်ဘက်မှာ စူးစမ်းလေ့လာဖို့ ခရီးထွက်သွားကြတယ် ”
“ သူတို့က အထက်ကြယ်တာရာစက်ဝန်းတွေကို စူးစမ်းလေ့လာပြီး အရှေ့ဆက်ဖို့ လမ်းစဉ်ကို ရှာဖွေကြတယ်… ငါကတော့ ဝမ်ကူးကုန်းမြေမှာ ကျန်နေခဲ့တယ် ”
သတ္တမသခင်ကြီး၏ အသံထဲမှာ အတိတ်ကို လွမ်းဆွေးသော အရိပ်အမြွက်က ကိန်းအောင်းနေသည်။
“ ဖြစ်နိုင်တာက… ငါက ရွှမ်ကမ္ဘာမြေရဲ့ နောက်ဆုံးအင်မော်တယ် ဖြစ်လောက်တယ် ”
“ ဟွမ်ကောင်းကင်ဘုံက ရွှမ်ကမ္ဘာမြေနဲ့ နီးကပ်တာကြောင့် ဒီနေရာမှာဆိုရင် ငါ့ရဲ့ တိုက်ပွဲစွမ်းအားက အထွတ်အထိပ်ကို ရောက်ရှိသွားလိမ့်မယ် ”
“ ပြီးတော့… ဒီနေရာက အဲ့ဒီတည်ရှိမှုနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကို ဆင်နွှဲဖို့ အစက ငါစီစဉ်ထားခဲ့တဲ့ နေရာပဲ ”
“ အခု… ဒီစွမ်းအားကို ဟွမ်ကောင်းကင်ဘုံနတ်ဧကရာဇ်ပေါ်မှာ အသုံးပြုလိုက်တာက… အလဟဿ မဖြစ်တော့ဘူး ”
သတ္တမသခင်ကြီး၏ စကားဆုံးသွားသည်နှင့် ရွှမ်ကမ္ဘာမြေအတွင်းမှ ဂလက်စီပုံရိပ်များက သူ၏ မျက်လုံးများထဲမှာ ဝဲကတော့သဖွယ် လှည့်ပတ်သွားကြသည်။ နောက်အခိုက်အတန့်မှာ သူ၏ ညာလက်က နတ်ဧကရာဇ်အလောင်းကို ဖုံးလွှမ်းထားသော အပြာရောင်ပိုးကောင်များပေါ်သို့ ကျဆင်းသွားသည်။