← Chapters

အခန်း (၁၆၀၃-၁၆၀၈)

Vol. 101 Ch. 1603-1608

အခန်း (၁၆၀၃-၁၆၀၈)

Vol. 101 Ch. 1603-1608

အခန်း ၁၆၀၃ စိတ်ရှုပ်နေသော သခင်ကြီးလင်

လင်ချန်းကျီသည် လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့ကို ကုနင်းနှင့်လင်ရှောင်းထင် ပြန်လာကြောင်းပြောပြီးသည်နှင့် သူတို့သည် ဂိမ်းမကစားတော့ဘဲ အောက်ထပ်သို့ အမြန်ပြေးဆင်းသွားကြသည်။

"ဟိုင်း!" လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည် လင်ရှောင်းထင်နှင့် ကုနင်းတို့ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။

"ဟိုင်း မင်းတို့နှစ်ယောက်လုံးအတွက် ငါ့တံဆိပ်အသစ်ကနေ လက်ဆောင်တစ်ခုရှိတယ်"။ ကုနင်းကပြောပြီး အိတ်နှစ်လုံးကို ထုတ်လိုက်သည်။

"ဒါက ကုဖန်းမလား? ငါအရမ်းကြိုက်တယ်!"

"ကျေးဇူးတင်ပါတယ်! တကယ်တော့ မနေ့တုန်းကတည်းက ကိုယ်တိုင်ဝယ်ချင်နေတာ"

လင်ရှောက်ရွှမ်းနှင့် လင်ရှောက်ရှီတို့သည် လက်ဆောင်ကိုရရှိသည့်အတွက် အလွန်ပျော်ရွှင်‌နေကြသည်။ ကုဖန်းသည် အမှတ်တံဆိပ်အသစ်ဖြစ်သော်လည်း မကြာမီ လူကြိုက်များပြီး ကျော်ကြားလာမည်ဟု ယုံကြည်ကြသည်။ ကုနင်းထံမှ လက်ဆောင်ကို ယူလိုက်သောအခါတွင် ကျယ်ပြောသော အပြုံးများဖြင့် သူမကို ကျေးဇူးတင်လိုက်ကြသည်။

သခင်ကြီးလင်သည် စာကြည့်ခန်း၌ ဂနာမငြိမ်ဖြစ်နေသည်။ သူသည် သူတို့နားသွားချင်သော်လည်း သူ့ကိုယ်သူ အရှက်ရမည်ဆိုး၍ တွန့်ဆုတ်နေမိသည်။

"ကြိုက်ရင်ပဲ ၀မ်းသာပါတယ်" ကုနင်းကပြောသည်။

လင်ရှောက်ရွှမ်း သည် တစ်စက္ကန့်မျှ မစောင့်နိုင်တော့ဘဲ သူ့အဝတ်အစားအသစ်ကို ချက်ချင်းဝတ်လိုက်သည်။ “ဝိုး ငါ အရမ်း သဘောကျတယ်။ ငါနဲ့လည်း အရမ်းလိုက်တာပဲ!”

လင်ရှောင်းထင်သည် ယခုအချိန်တွင် ကုနင်းအတွက် အလွန်ဂုဏ်ယူမိသည်။ သူ့မျက်လုံးထဲမှာတော့ ကုနင်းက အရာအားလုံးကို ကောင်းမွန်စွာ လုပ်‌ဆောင်နိုင်သည်။

"ငါ့အင်္ကျီကိုလည်း ကြိုက်တယ်!" လင်ရှောက်ရှီက ပြောသည်။ ကုဖန်းရဲ့ အဝတ်အစားအသစ်များစွာကို သူမ အမှန်တကယ် နှစ်သက်ပြီး ကုနင်းသည် ၎င်းတို့ထဲမှ သူမအကြိုက်ဆုံးဖြစ်သည့်တစ်ခုကို တိုက်ဆိုင်စွာ ပေးခဲ့သည်။

အထည်အမှတ်တံဆိပ်တစ်ခုအနေနဲ့ ထွက်သမျှ အဝတ်အစားတိုင်းကို လူကြိုက်များကြသည်မှာ မဖြစ်နိုင်ပေမယ့် ကုဖန်းကထွက်တဲ့ အ၀တ်အစားတိုင်းကိုတော့ လူအများစုက သဘောကျကြသည်။ ထို့ကြောင့် ကုနင်းသည် လင်ရှောက်ရှီအတွက် လူငယ်များကြားတွင် ရေပန်းအစားဆုံးဖြစ်သည့် အဝတ်အစားကို ရွေးချယ်ခဲ့သည်။ လင်ရှောက်ရှီ ကြိုက်မယ်ဆိုတာ သူမသိသည်။

"အဘိုး ဘယ်မှာလဲ အိမ်မှာမဟုတ်ဘူးလား?" လင်ရှောက်ရွှမ်းက မေးသည်။

“အခု စာဖတ်နေတယ်” ဟု ယွီယင်က ပြောသည်။

"ဟင် ဘာလုပ်နေတာလဲ? ရှောင်းထင်နဲ့ နင်းနင်းကို သူ အမြဲတမ်း လာလည်စေချင်နေတာ မဟုတ်လား ? အခုဘာလို့ထွက်မလာတာလဲ?" လင်ရှောက်ရွှမ်း စိတ်‌ထွေပြားသွားသည်။

"မင်းအဘိုးကို အစားအသောက်အဆင့်သင့်ဖြစ်ပြီဆိုပြီး ညစာစားဖို့ သွားခေါ်လိုက်ပါလား” ဟု ယွီယင်က ပြောသည်။

"ဟုတ်ကဲ့ပါ" လင်ရှောက်ရွှမ်းက သဘောတူပြီးနောက် သခင်ကြီးလင်၏ အခန်းသို့ သွားလိုက်သည်။

လင်ရှောက်ရွှမ်း လာနေပြီဆိုတာကို သခင်ကြီးလင် ကြား‌သောအခါ သူ့စားပွဲဆီကို အမြန်ပြန်သွားပြီး တံခါးပိတ်ဖို့တောင် မေ့သွားသည်။ ထို့ကြောင့် လင်ရှောက်ရွှမ်းသည် တံခါးခေါက်မနေတော့ဘဲ အတွင်းသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။

"အဘိုး ဘာ‌တွေအလုပ်များနေတာလဲ။ ရှောင်းထင် နှင့် နင်းနင်း အခု အိမ်ပြန်ရောက်နေပြီလေ။ သူတို့ကိုဘာလို့ထွက်မတွေ့တာလဲ?"

"အင်း အခုပြီးပြီ။" သခင်ကြီးလင်က အခွင့်အရေးကို ဆုပ်ကိုင်လိုက်ပြီး သူ့စာဖတ်ပြီးပြီဟု အကြောင်းပြချက် ပေးလိုက်သည်။ သူ မတ်တပ်ထရပ်ပြီး လင်ရှောက်ရွှမ်းနှင့်အတူ ထွက်လာသည်။

ဧည့်ခန်းထဲမှာ လင်ရှောင်းထင်နဲ့ ကုနင်းကိုတွေ့တော့ သူ သူတို့ကို စမနှုတ်ဆက်သေး‌‌ပေ။

လင်ရှောင်းထင်နှင့် ကုနင်းတို့သည် လူငယ်များဖြစ်သောကြောင့် သခင်ကြီးလင်ကို ဦးစွာ နှုတ်ဆက်ရမည်ဖြစ်သည်။

"ဟိုင်း အဘိုး!"

"ကျွန်တော်တို့ အိမ်ပြန်‌လာတာပါအဘိုး။" လင်ရှောင်းထင်နှင့် ကုနင်းတို့က သခင်ကြီးလင် ကို နှုတ်ဆက်ကြသည်။

“ကောင်းပါတယ်” သခင်ကြီးလင်သည် သူ့မျက်နှာတွင် ပျော်ရွှင်မှုများစွာကို မပြဘဲ ထူးဆန်း‌နေသည်။

လင်ရှောင်းထင်နှင့် ကုနင်းတို့သည် အကြောင်းရင်းကို သိသော်လည်း ထိုအကြောင်းကို ဘာမှ မပြောပေ။

“အဘိုး၊ အဘိုးအတွက်လည်း လက်ဆောင်တစ်ခုရှိတယ်။ ဒါက ကျွန်မရဲ့ အဝတ်အစားအမှတ်တံဆိပ်အသစ်ပါ။ ကြိုက်လား မကြိုက်လားတော့ မသိဘူး။ အဘိုးဆီ စောစော ပို့ပေးသင့်ပေမယ့် ဟိုနေ့က အလုပ်ရှုပ်နေတာနဲ့ ဒီနေ့မှ မြို့တော်ကို ပြန်ရောက်တာမလို့ပါ။ အဘိုးဆီကို အရင်လာလည်ချင်ပေမယ့် ရှောင်းထင်ရဲ့ဆရာက ကျွန်မတို့နဲ့အတူ ဒီကိုလာခဲ့တာ။ ကျွန်မတို့က သူ့ကို ဒီခေါ်လာလို့လည်း မရတော့ ဒီမလာခင် တခြားနေရာမှာ စီစဉ်ထားပေးနေလို့ပါ အဲ့တာကြောင့် အဘိုး ကျွန်မတို့ကို စိတ်မဆိုးပါနဲ့။”

"အဓိပ္ပာယ်မရှိတာ ငါလုံးဝစိတ်မဆိုးပါဘူး။" သခင်ကြီးလင်က ငြင်းလေသည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့" ကုနင်း ပြုံးလိုက်သည်။

"သူက ရှောင်းထင် ရဲ့သီးသန့်ဆရာဖြစ်လို့ ရှောင်းထင်က သူ့ကို ကောင်းကောင်း ဂရုစိုက်ရမှာပေါ့။" ဟု သခင်ကြီးလင် က ဆက်ပြောသည်။ အမှန်တော့ သခင်ကြီးလင်သည် အနည်းငယ် မနာလိုသော်လည်း လင်ရှောင်းထင်သည် အလွန်အရေးကြီးသောအရာများကို သူ၏ဆရာထံမှ များစွာသင်ယူရသည်ကို သူသိသည်။

"ဟုတ်ကဲ့ ကျွန်မတို့ ဂရုစိုက်လိုက်ပါမယ်" လို့ ကုနင်းကပြောသည်။

အဲဒီနောက်မှာတော့ သခင်ကြီးလင်၏ စိတ်အနှောက်အယှက်များ ပျောက်ကွယ်သွားပြီး ပြုံးရွှင်ကာ ကုနင်းနဲ့ သူမရဲ့ အဝတ်အစားအမှတ်တံဆိပ်အသစ်အကြောင်း ပြောပါတော့သည်။ ကုနင်း၏လက်ဆောင်နှင့် သူမ၏ကြင်နာမှုကို သူသဘောကျသည်။

မကြာခင်မှာပဲ လင်ယွမ်ကျန်းနဲ့ လင်ယွမ်ချန်တို့လည်း အိမ်ပြန်ရောက်ကြပြီး ကုနင်းသည် သူတို့ကိုလည်းလက်ဆောင်များ ပေးခဲ့သည်။

လင်ယွမ်ကျန်းသည် ပျော်ရွှင်စွာဖြင့် လက်ဆောင်ကို ယူခဲ့သော်လည်း လင်ယွမ်ချန်ကတော့ ကုနင်းထံမှ လက်ဆောင်ရလိုက်‌သောအခါ အံ့သြသွားသည်။

ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့သည် ယနေ့တွင် ဆေးရုံ၌ ရှိနေသောကြောင့် အိမ်ပြန်မလာ‌ပေ။

သခင်ကြီးလင်မှလွဲ၍ ကျန်လူများသည် ကုနင်းကို သတ်ရန် လင်ရှောက်ကျားမှ ကြေးစားလူသတ်သမား ငှားရမ်းခဲ့ကြောင်း မသိကြပေ။ ကုနင်းက အဲဒါကို ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်လို့ သခင်ကြီးလင်က အဲဒါကို ထုတ်‌ပြောမနေတော့ပင်။

ကျန်းရှူးယွမ်နှင့် လင်ရှောက်ကျားတို့သည် သခင်ကြီးလင် ဘာလုပ်မည်ကို စိုးရိမ်နေကြသည်။

လင်ရှောက်ကျားက ကုနင်းအား လုပ်ခဲ့တာကို တွေးလိုက်တာနဲ့ သခင်ကြီးလင်သည် အနည်းငယ် စိတ်မသက်မသာ ခံစားရသည်။

***

အခန်း ၁၆၀၄ မကျေနပ်‌ပေ

ကုနင်းက ထိုကိစ္စကို ကျော်ဖြတ်နိုင်ပြီဆိုပေမယ့် သခင်ကြီးလင်က အပြစ်ရှိတယ်လို့ ခံစားနေရဆဲပင်။

ကုနင်းသည် သခင်ကြီးလင်၏ ရုတ်တရက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သတိပြုမိသော်လည်း သူမ ဘာမှ မပြောပါ။ သူမသည်လည်း ၎င်းကို ထုတ်ပြောရန် ရည်ရွယ်ချက်မရှိပေ။

ညစာစားပြီးသောအခါ သခင်ကြီးလင်သည် လင်ရှောင်းထင်ကို စာကြည့်ခန်းတွင် သူနှင့် သီးသန့်စကားပြောရန် ပြောသည်။ လင်ရှောက်ရွှမ်းကလည်း ကုနင်းကို တိုက်ခိုက်‌ရေးနည်းများအား ပိုသင်ပေးရန် တောင်းဆို‌တော့သည်။

လင်ရှောက်ရွှမ်းသည် သူ ကုနင်းနဲ့ မယှဉ်နိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားတာကြောင့် သူမဆီကနေ သင်ယူချင်တာပင်။

"ငါတို့ အခုမှ ညစာစားပြီးတာ နင်နင်းကို ဘာလို့ အနားယူခွင့်မပေးတာလဲ?" ယွီယင် ထိုကိစ္စကို မကြိုက်ပေ။

"အန်တီယင် ကျွန်မအဆင်ပြပေါတယ်" ကုနင်း စိတ်ထဲလုံး၀မထားပါ။

လင်ရှောက်ရွှမ်းသည် သူ့အမေက သူ့ကို ဆူသောအခါ အနည်းငယ် အရှက်ကွဲသလိုခံစားရသော်လည်း ကုနင်းက စိတ်မရှိကြောင်း သိလိုက်ပြီးနောက်တွင် သူ အဆင်ပြေသွားသည်။

"နင်းနင်းက စိတ်မဆိုးဘူးတဲ့!" လင်ရှောက်ရွှမ်းက ပြန်တောင်ပြောလိုက်သေးသည်။

“ဟုတ်ပါပြီ” ယွီယင်က ဘာမှ ဆက်မပြော‌ပေ။

ကုနင်းနှင့် လင်ရှောက်ရွှမ်းတို့သည် အပြင်သို့ ထွက်လာကြပြီး စိတ်ဝင်စားသော လင်ရှောက်ရှီက နောက်မှ လိုက်လာသည်။

"နင်းနင်း မင်းနဲ့ ရှောင်းထင်ကြားမှာ ဘယ်သူက ပို‌တော်လဲ?" လင်ရှောက်ရွှမ်းက ရုတ်တရက် ပြောလိုက်သည်။ လင်ရှောင်းထင်သည် ကုနင်းထက် သာလွန်သည်ဟု သူယုံကြည်သော်လည်း ကုနင်းသည်လည်း အလွန်ထူးချွန်‌ပေသည်။

ကုနင်း က "ရှောင်းထင်က ငါ့ထက်ပို‌တော်တယ်။"

ကုနင်းသည် မှော်စွမ်းအင်နှင့် ကျောင်းလုံ၏အကူအညီဖြင့် လင်ရှောင်းထင်ကို အနိုင်ယူနိုင်သော်လည်း သူမကိုယ်တိုင်က အဲ့လောက်မသန်မာ‌ပေ။ နောင်တစ်ချိန်တွင် လင်ရှောင်းထင်သည် စီနီယာကျင့်ကြံသူ ဖြစ်လာသောအခါတွင် သူမသည် မှော်စွမ်းအင်နှင့် ကျောင်းလုံ၏ အကူအညီနှင့်ဆိုလည်း သူ့ကို ယှဉ်နိုင်‌တော့မည်မဟုတ်ပေ။

လင်ရှောင်းထင်သည် အခြေခံတည်ဆောက်ခြင်းကာလမှ ဂျိဒန်အဆင့်အထိ မြင့်မားသောအဆင့်သို့ ရောက်နိုင်သရွေ့ သူသည် ရပ်တန့်‌နေမည်မဟုတ်‌ပေ။

ရှမ့်ကွမ်ယန်သည် အလွန်မြင့်မားသောအဆင့်တွင် ရှိသောကြောင့် ကျောင်းလုံသည် ရှမ့်ကွမ်ယန်ကို ကြောက်သည်။ ကျောင်းလုံကို နဂါးအဖြစ်သို့ ပြောင်းလဲလိုက်လျှင်လည်း လွတ်လပ်သော စိတ်ဓာတ်ရှိသူ စီနီယာကျင့်ကြံသူသာလျှင် ၎င်းကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ ကျင့်ကြံသူသည် လွတ်လပ်သောစိတ်ဓာတ်ရှိရန် ခက်ခဲပြီး ကျင့်ကြံသူအနည်းငယ်သာလျှင် အောင်မြင်နိုင်သည်။

လင်ရှောက်ရွှမ်းသည် လင်ရှောင်းထင်က ကုနင်းထက်တောင် ပို‌တော်ကြောင်း ကြားသိရသောအခါ လင်ရှောင်းထင်သည် သူ၏ အိုင်ဒေါဖြစ်ပြီး သူ့ အိုင်ဒေါကို မပျော့ညံ့စေချင်သောကြောင့် ဝမ်းသာမိသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် မိသားစုတစ်စုဖြစ်ပြီး ကုနင်းနှင့် လင်ရှောင်းထင်တို့ထံမှ သူသင်ယူနိုင်သည်။

…

လင်ရှောင်းထင်သည် သခင်ကြီးလင်နှင့် တိုတိုတုတ်တုတ် စကားစမြည်ပြောခဲ့ပြီး ထို့နောက် ကုနင်းနှင့် လင်ရှောက်ရွှမ်းတို့ကို သွားရောက်တွေ့ဆုံခဲ့သည်။

ကုနင်းသည် လင်ရှောက်ရွှမ်း၏ ပထမအတတ်ပညာကို သင်ကြားရန် လိုအပ်၍ ခန္ဓာကိုယ် အချင်းချင်းထိရန် ရှောင်လွှဲလို့မရသောကြောင့် လင်ရှောင်းထင်က သိပ်မကျေနပ်ပေ။

“သူ့ကို ကိုယ်သင်ပေးလိုက်မယ်။” လို့ လင်ရှောင်းထင်က ပြောသည်။

ကုနင်းသည် ရှောင်းထင်၏ စိတ်မချမ်းသာမှုကို သတိပြုမိသောကြောင့် သူမသည် သူ့စကားကို နားထောင်ခဲ့သည်။

လင်ရှောက်ရွှမ်းသည် ကုနင်းကဲ့သို့ စူးရှသော အာရုံ မရှိသောကြောင့် ၎င်းအကြောင်းကို မတွေးမိချေ။ သို့သော်လည်း လင်ရှောင်းထင်သည် လင်ရှောက်ရွှမ်းကို မြေပြင်ပေါ်သို့ လျင်မြန်စွာ လဲချအနိုင်ယူခဲ့လေသည်။

"ရှောင်းထင် မင်းငါ့ကို ပညာတစ်ခုခု သင်ပေးသင့်တာ မဟုတ်ဘူးလား?" လင်ရှောက်ရွှမ်းသည် စိတ်‌ရှုပ်သွားပြီး နာကျင်စွာ‌ပြောသည်။

"ငါတို့ အခု တခြားကိစ္စလုပ်စရာရှိ‌သေးတယ် သွားပြီ။"

လင်ရှောက်ရွှမ်းက နှုတ်ခမ်းစူလိုက်သော်လည်း မတားနိုင်။

ထို့နောက် ကုနင်းနှင့် လင်ရှောင်းထင်တို့သည် အိမ်ရှိလူများကို နှုတ်ဆက်ပြီး ထွက်သွားကြသည်။

ကုနင်းနဲ့ လင်ရှောင်းထင် နှစ်ယောက်စလုံးဟာ အမြဲတမ်း အလုပ်တွေရှုပ်နေကြတယ်ဆိုတာ လျှို့ဝှက်ချက်မဟုတ်တာကြောင့် တခြားသူတွေက သူတို့ကို ကောင်းကောင်းနားလည်ပါသည်။ သူတို့သည် ကုနင်းနှင့် လင်ရှောင်းထင်၏ ကျန်းမာရေးအတွက်သာ စိုးရိမ်မိကြသည်။

"ဘယ်သွားနေတာလဲ?" ကုနင်းက လင်မိသားစုရဲ့ အိမ်ဟောင်းကနေ ထွက်သွားပြီးတာနဲ့ မေးသည်။ လင်ရှောင်းထင် စောစောက မနာလိုဖြစ်ရတဲ့အကြောင်း သူမ ဘာမှ မပြော‌တော့‌ပေ။

"အခု အိမ်ပြန်ရအောင်" လင်ရှောင်းထင်က ပြောသည်။

”တခြားကိစ္စရှိသေးတာလား? ရှင်အလုပ်များရင် ကျွန်မကိုယ့်ဘာသာအိမ်ပြန်လို့ရပါတယ်။"

သခင်ကြီးလင်က သူနဲ့ သီးသန့်စကားပြောနေတာကြောင့် လင်ရှောင်းထင်က ကိစ္စတစ်ခုခုနဲ့ အလုပ်ရှုပ်နေလိမ့်မည်ဟု ကုနင်း ထင်နေသည်။

“ဘာကိစ္စမှ မရှိပါဘူး။”

"ဒါဆို ဘာလို့အိမ်အစောကြီးပြန်ချင်တာလဲ?" ကုနင်း စိတ်ရှုပ်သွားသည်။

"အိမ်မှာ တစ်ခုခုလုပ်ရမှာမို့လို့" လင်ရှောင်းထင်က ကုနင်း ကို အဓိပ္ပါယ်ရှိသော အကြည့်တစ်ချက်ပေးလိုက်သည်။

“ကောင်းပြီ” ကုနင်းက ခေါင်းညိတ်လိုက်‌သော်လည်း လင်ရှောင်းထင်က သူမကို အိမ်မှာ ဘာလုပ်မည်ဆိုတာ မသိသေး‌ပေ။

ကုနင်းသည် သူဘာလုပ်ချင်မှန်း မသိသေးသည်ကို သတိပြုမိသောအခါ လင်ရှောင်းထင်သည် ညစ်ကျယ်သော အပြုံးဖြင့် ပြုံးလိုက်သည်။ တကယ်တော့ သူမကို နမ်းပြီး ထိ‌တွေ့ဖို့ မစောင့်နိုင်တော့‌ပေ။

လင်ရှောင်းထင်သည် သူ့အိမ်သို့ မောင်းလာပြီး အိမ်ထဲသို့၀င်လာစဉ် ကုနင်းကိုနံရံဘက် ဖိကပ်လိုက်သည်။ မနှောင့်နှေးဘဲ သူမကို အရိုင်းဆန်စွာ နမ်းလိုက်သည်။

သူတို့သည် အချိန်အကြာကြီး မနီးစပ်ခဲ့ကြသောကြောင့် ကုနင်းက သူ့ကို မတွန်းထုတ်ဘဲ စိတ်အားထက်သန်စွာဖြင့် ပြန်နမ်းလိုက်သည်။

အနမ်းတွေ ပိုနက်လာတာနဲ့အမျှ သူတို့ ပိုလိုချင်လာကြတော့သည်။

"အိုး ခဏ‌လေး" ကုနင်း ရုတ်တရက် တစ်ခုခုကို တွေးမိပြီး လင်ရှောင်းထင်ကို တွန်းထုတ်လိုက်သည်။

"ဘာဖြစ်လို့လဲ?" လင်ရှောင်းထင် စိတ်ဆိုးသွားသည်။

"အိမ်မှာ တစ်ခုခုလုပ်ရမယ်လို့ ပြောတာမဟုတ်ဘူးလား? ရှင့်ကိစ္စကို အရင်ပြီးအောင်လုပ်လေ။" ကုနင်းက လေးနက်သောအမူအရာဖြင့်ပြောလိုက်သည်။

အဲဒါကိုကြားတော့ လင်ရှောင်းထင်က ရယ်လိုက်တာကြောင့်

"ဘာလို့လဲ?" ကုနင်း နားမလည်နိုင်ဖြစ်သွားတော့သည်။

"ကိုယ်လုပ်ချင်တာကို လုပ်နေပြီလေ" လင်ရှောင်းထင်က ခပ်ညစ်ညစ် ပြုံးပြသည်။

ကုနင်းသည် စက္ကန့်အနည်းငယ်မျှ တုန်လှုပ်သွားပြီး လင်ရှောင်းထင်က သူမကို စကားတစ်ခွန်းမှ မပြောနိုင်မီ ထပ်မံနမ်းလိုက်သည်။ နောက်တစ်နာရီလောက်မှာတော့ သူတို့ ခွန်အားတွေ မကုန်မချင်း ထပ်ခါထပ်ခါ ချစ်ခဲ့ကြသည်။

ည ၁၁ နာရီခန့်တွင် လင်ရှောင်းထင်သည် သူ၏ စစ်ဟယ်ယွမ်သို့ ပြန်ရန် ကုနင်းကို နမ်းကာ နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။

***

အခန်း ၁၆၀၅ ထန်ယရှင်း တဖန်ကြောက်လန့်ခြင်း

ကုနင်းက လင်ရှောင်းထင် ထွက်သွားပြီးနောက် မအိပ်ဘဲ "ထန်အိုက်နင်း" အဖြစ် ရုပ်ဖျက်ပြီး ချီကျီယွဲ့နှင့် ထန်ယရှင်းကို သွားတွေ့သည်။

ချီကျီယွဲ့သည် ထန်ပင်းစန်၏ ဖမ်းဆီးခြင်းကို ခံရကြောင်း သူမ မသိဘဲ ဆေးရုံတွင် မရှိတော့‌သောကြောင့် ချီကျီယွဲ့ ဆေးရုံက ဆင်းသွားပြီဟု သူမထင်ခဲ့သည်။

ချီကျီယွဲ့ကို ရှာမတွေ့သောကြောင့် ထန်ယရှင်းကို သွားတွေ့သည်။

ထန်ယရှင်းသည် အရင်လူနာအဆောင်မှာပင် နေဆဲပင်ဖြစ်သည်။ ထန်ယရှင်းသည် သူမအတွက် ဆိုးရွားသည့်အရာများစွာ ဖြစ်ပွားခဲ့သော်လည်း ထန်ယရှင်းသည် "ထန်အိုက်နင်း" က သူမကို နောက်ကလိုက်နေကြောင်းကို သိသောကြောင့် အခြားအဆောင် သို့မဟုတ် အခြားဆေးရုံသို့ မပြောင်းရွှေ့ခဲ့ပေ။

ကျီယီယင်းသည် ထန်ယရှင်းကို နိုင်ငံခြားတွင် ပြန်လည်ကုသ‌ပေးရန် စိတ်ကူးထားသော်လည်း ထန်ပင်းစန်သည် ဆိုးရွားသည့်အရာများ ထပ်မံဖြစ်ခဲ့ပါက သူမတို့ကို သူမကူညီနိုင်တော့မည်ကို စိုးရိမ်သည်။

အဓိပ္ပါယ်ရှိ၍ ကျီယီယင်းသည် အကြံကို စွန့်လွှတ်လိုက်ရသည်။

ထန်ပင်းစန်က ထန်ယရှင်းကို သူတို့၏ မိသားစုစီးပွားရေးကို လွှဲပြောင်းရယူရန် ဘယ်တုန်းကမှ မလိုလားသော်လည်း သူမကို မကြိုက်ဟု မဆိုလိုပါ။ ထန်ယရှင်းသည် သူ့သမီးဖြစ်ပြီး သူမကို ဂရုစိုက်ပါသည်။ သူ့လုပ်ငန်းကို သူ၏ တရားမ၀င်သားအားပေးလိုသော်လည်း ထန်ယရှင်းတွင် သူ့ပိုင်ဆိုင်မှု၏ သုံးပုံတစ်ပုံအထိ ရှိနေသေးသည်။ ထို့ကြောင့် ထန်ယရှင်းအား ဘေးကင်းရန် လိုလားဆဲဖြစ်သည်။

ထန်ယရှင်း ၏လူနာ‌ဆောင်သည် ယခုတစ်ကြိမ်တွင် လုံခြုံရေး တိုးမြှင့်ထားပြီး ပြတင်းပေါက်များအားလုံးကို ပိတ်ထားသည်။ သို့သော်လည်း သူတို့သည် ကုနင်း အတွင်းသို့ ဝင်လာခြင်းကို မတားဆီးနိုင်ပြန်ပေ။

ထန်ယရှင်းသည် အဆောင်ပြတင်းပေါက်များကို ပိတ်ထားပြီး ကန့်လန့်ကာများပါမရှိသဖြင့် ကုနင်းသည် ထန်ယရှင်းကို ခြောက်လန့်ရန် မလွယ်ကူသေးပေ။

ထိုအချိန်တွင် ထန်ယရှင်း အိပ်မပျော်‌သေး‌ပေ။ သူမသည် မျက်နှာကျက်ကို တိတ်ဆိတ်စွာ ငေးကြည့်နေမိသည်။ ယခု သူမသည် ယခင်ကထက် ပို၍ ခါးသီးလာသည်။ သူမဟာ ကိုယ်အလေးချိန် အများကြီးကျလာပြီး အသက်ကြီးရင့်လာခဲ့သည်။ မျက်လုံးမှိတ်ပြီးတာနဲ့ အိပ်မက်ဆိုးတွေ ကြုံလာရတာကြောင့် အိပ်ပျော်ရန် ခက်ခဲပါသည်။

ကျီယီယင်းက သူမသည် ပစ်မှတ်မဟုတ်သောကြောင့် အိပ်‌ပျော်နိုင်ပြီး အနားယူနိုင်သည်။

ကုနင်း လှည့်ကြည့်လိုက်သောအခါ ထန်ယရှင်း၏ အောက်က အဆောင်ထဲမှာ ဘယ်သူမှ မရှိတာကို တွေ့လိုက်ရတဲ့အတွက် သူမ အထဲကို လျှောက်သွားလိုက်သည်။

အားထုတ်မှု များများစားစားမရှိဘဲ ကုနင်းသည် အဆောင်ထဲသို့ ဝင်ကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။

ထို့နောက် သူမသည် သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲမှ သေနတ်တစ်လက်ကို ထုတ်ယူလိုက်သည်။ Gမြို့ တွင် ဓားပြထံမှ ရရှိခဲ့ပြီး အတွင်း၌ ကျည်နှစ်တောင့် ကျန်‌သေးသည်။

ကုနင်းက သနေတ်အတွင်းက ကျည်ဆန်တွေကို ထုတ်လိုက်သည်။ ထို့နောက် အဖြူ‌ရောင်ပိတ်စပေါ်တွင် စာကြောင်းများ ချ‌ရေးခဲ့သည်။

ထန်ယရှင်း ငါ့ခန္ဓာကိုယ်အပေါ်က ‌အပေါက်နှစ်ခုကို နင်မှတ်မိသေးလား? နင်လည်း အဲ့လိုပဲ ဖြစ်လာလိမ့်မယ်။

ကုနင်းသည် သူတို့ သနေတ်ကို မမြင်မည်ဆိုး၍ အ၀တ်ကိုသာ သေနတ်၌ချည်လိုက်ပြီး သေနတ်တစ်ခုလုံးကို မပတ်လိုက်ပေ။

ထန်ယရှင်းသည် သူမ၏ခန္ဓာကိုယ်ထဲသို့ ကျည်ဆံနှစ်တောင့်ကို မပစ်ခတ်ခဲ့သော်လည်း ထန်ယရှင်းသည် ထိုရာဇ၀တ်မှုတွင် ပါဝင်ခဲ့သည်။

အရာအားလုံးလုပ်ပြီးသွားသောအခါ ကုနင်းသည် ထန်ယရှင်း၏ အဆောင်ပြတင်းပေါက်ဆီသို့ အပြင်းအထန် ပစ်ချလိုက်သည်။

ပုံမှန်အားဖြင့် သေနတ်က ပြတင်းပေါက်ကို ခွဲဖို့ဆိုတာ မဖြစ်နိုင်‌ပေ။ ပြတင်းပေါက်က ထူခြင်းမဟုတ်ပဲ ပြဿနာက ပစ်သည့် ထောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကုနင်းသည် သူမ၏ မှော်အစွမ်းကို သေမတ်ထဲသို့ ထည့်ထားသောကြောင့် ပြတင်းပေါက်ကို ခွဲလိုက်သောအခါ ရလဒ်မှာ ကွဲပြားသွားခဲ့သည်။

ကျယ်လောင်စွာ တိုက်မိပြီး ပြတင်းပေါက်သည် အပိုင်းပိုင်းကွဲသွား‌တော့သည်။

ထန်ယရှင်းသည် ကြောက်လန့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ကျီယီယင်း နိုးလာပြီး လုံခြုံရေးအစောင့်များနှင့်အတူ ကြေးစားလူမိုက်များ ချက်ခြင်းပြေးဝင်လာကြသည်။

ကုနင်းသည် သူမကိုမတွေ့မီ မဆိုင်းမတွ ထွက်ခွာသွားသည်။ သူတို့ ရူးသွပ်ပြီး ဒေါသထွက်နေခြင်းကို သူမ နှစ်သက်သည်။ သို့သော် သူမကို ဖမ်းမိနိုင်မည်မဟုတ်ပါ။ အဲဒီအခါမှာတော့ သူတို့ဟာ နေ့ရောညပါ သတိနှင့်နေရတော့မည်။

သနေတ်က ထန်ယရှင်း ကုတင်ပေါ် မတော်တဆ ပြုတ်ကျပြီး ထန်ယရှင်း ကြောက်ရွံ့တုန်လှုပ်သွားသည်။

"အဲဒါ သေနတ်ပဲ!" ကျီယီယင်းက အော်လိုက်သည်။

လုံခြုံရေးအစောင့်တစ်ဦးမှ သနေတ်ကို ကောက်ကိုင်ကာ အစောင့်တစ်ဦးသည် ပျက်စီးနေသော ပြတင်းပေါက်ဆီသို့ အမြန်သွားခဲ့သည်။ ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း သံသယဖြစ်ဖွယ်မရှိပေ။

လုံခြုံရေးအစောင့်သည် သနေတ်ပတ်ပတ်လည်တွင်ရှိသော အဖြူပိတ်စကို ဖြည်လိုက်သောကြောင့် ထန်ယရှင်းသည် စာကြောင်းများကို ဖတ်နိုင်ခဲ့သည်။

ထန်ယရှင်း ငါ့ခန္ဓာကိုယ်အပေါ်က ‌အပေါက်နှစ်ခုကို နင်မှတ်မိသေးလား? နင်လည်း အဲ့လိုပဲ ဖြစ်လာလိမ့်မယ်။

"မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး!" ထန်ယရှင်း အော်ဟစ်ပြန်သည်။ ဤခြိမ်းခြောက်မှုသည် "ထန်အိုက်နင်း" မှဖြစ်ကြောင်း သူမသိပြီး အန္တရာယ်မှကာကွယ်ရန် ကြိုးစားရင်း ခေါင်းကိုလက်ဖြင့်အုပ်ထားသည်။ သူမသည် ယခု စကားတစ်ခွန်းမှကို မပြောဝံ့လောက်အောင်ပင်။

ကျီယီယင်းသည် ထန်ယရှင်းကို နှစ်သိမ့်ရန် အချိန်မရှိသလို ပိတ်စပေါ်ရှိ စာကြောင်းများကိုလည်း ဖတ်ရန် အချိန်မရှိပေ။

"ထန်အိုက်နင်း ဒီခွေးမ! မပြီးနိုင်သေးဘူးလား?" ကျီယီယင်း ဒေါသတကြီးအော်လိုက်သည်။

မပြီးသေးပါဘူး၊ တကယ်တော့ အဆုံးနှင့် အဝေးကြီးကိုလိုသေးတယ်။ ကုနင်းက သူမလုပ်ချင်စိတ်ရှိသရွေ့ ဤဂိမ်းကို ဆက်ကစားဖို့ ဆုံးဖြတ်ထားသည်။

ထန်ယရှင်း လူနာအဆောင်ရှိ ဆူညံသံများသည် အခြားလူနာအဆောင်ရှိ လူနာများကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ အရမ်းနောက်ကျနေပြီဖြစ်၍ ထန်ယရှင်း အဆောင်ထဲမှာ ဘာဖြစ်သည်ကို တခြားလူများ မမြင်နိုင်ကြပေ။

***

အခန်း ၁၆၀၆ မင်းကို သတ်ဖို့ အခကြေးငွေရထားတယ်

ကျီယီယင်းသည် ဖြစ်ပျက်ခဲ့သမျှကိစ္စအားလုံးကို ထန်ပင်းစန်အား ပြောပြလိုက်သည်။

"ထန်အိုက်နင်း" သည် ထန်ယရှင်းကို ဆက်လက်နှောက်ယှက်နေတာကြောင့် ထန်ပင်းစန် ဒေါသထွက်သွားသည်။ "ထန်အိုက်နင်း" က ဒီလို ဆက်လုပ်နေတာကို သူ မအံ့သြ‌တော့ပေမယ့် ဒေါသတော့ အတော်ထွက်မိသည်။

သူ့လူများက သူမကို လုံးဝရှာမတွေ့သော်လည်း သူမအလိုရှိ‌သောအချိန်တိုင်း ရုတ်တရက် ပေါ်လာပြီး ရုတ်တရက်ပျောက်ကွယ်သွား‌လေ့ရှိသည်။

ထန်ပင်းစန် ခဏလောက် စဉ်းစားပြီးနောက် ကျီယီယင်းကို မနက်ဖြန် ထန်ယရှင်းအား အိမ်သို့ ခေါ်လာရန် ပြောလိုက်သည်။ သူမကို ပြုစုစောင့်ရှောက်ဖို့ မိသားစုဆရာဝန်ကို ငှားပေးမည်။

သူတို့အိမ်က ဆေးရုံထက် ပိုလုံခြုံသည်။ ထန်အိုက်နင်း လာ‌နေသရွေ့ သူ “ထန်အိုက်နင်း”ကို ဖမ်းဖို့ သူယုံကြည်ချက်ရှိသည်။ သူသည် ယခုအချိန်အထိ ဤအကြံအစည်ကို မစဉ်းစားမိသေး သို့မဟုတ်လျှင် စောစောကတည်းကပင် ဤအကြံအစည်ကို အကောင်အထည်ဖော်ခဲ့ပေလိမ့်မည်။ ဤသို့ အကြံကောင်းတစ်ခုကို စဉ်းစားထွက်ရန်အတွက် မကြာသေးမီက သူသည် အလုပ်များလွန်းနေခဲ့သည်။

ဒီညက အရမ်းနောက်ကျနေပြီဖြစ်၍ ထန်ယရှင်းက မနက်ဖြန်အထိ ဆေးရုံမှာ ဆက်နေရသည်။

လူနာဆောင်က ပျက်စီးသွား၍ တခြားအဆောင်သို့ ပြောင်းရသည်။ "ထန်အိုက်နင်း" ကို မဖမ်းမိသောကြောင့် ထန်မိသားစုသည် အဆောင်ပျက်စီးမှုအတွက် လျော်ကြေးပေးဆောင်ရမည်ဖြစ်သည်။ ထန်မိသားစုအတွက် ဤငွပေမာဏလောက်ကမပြောပလောက်ပေမယ့် သူတို့စိတ်‌တော့မကြည်ဖြူ‌ပေ။

…

ကုနင်းသည် တက္ကစီစီးကာ လင်ရှောင်းထင်၏အိမ်သို့ ပြန်သွားသော်လည်း တစ်စုံတစ်ယောက်သည် သူမနောက်သို့ လိုက်လာနေသည်ကို ရုတ်တရက် သတိပြုမိသည်။ ထို့ကြောင့် သူမသည် ခဏမျှ လမ်းလျှောက်ရန် ဆုံးဖြတ်လိုက်သည်။ သူမ လမ်းလျှောက်လာသောအခါတွင် ထိုလူက သူမနောက်သို့ လိုက်နေသေးသည်ဟု ခံစားမိသည်။

ကုနင်းက ရုတ်တရက် တက္ကစီမစီးတော့တာကြောင့် ထို့‌ယောက်ျားက သူ့ကို ရိပ်မိသွားကြောင်း သဘောပေါက်ပေမယ့် သူမနောက်လိုက်ခြင်းကို မရပ်တန့်လိုက်ပေ။

မြို့တော်သည် လူစည်ကားသော အဆင့်မြင့်မြို့ဖြစ်သော်လည်း နေရာတိုင်းတွင် တောက်ပပြီး လူများနှင့် ပြည့်နေခြင်း မဟုတ်ပေ။ မှောင်မိုက်သောလမ်းများလည်း ရှိသည်။ ကုနင်းသည် အတွင်း၌မည်သူမျှမရှိသော မှောင်မိုက်ကျဉ်းမြောင်းသော လမ်းကြားကိုတွေ့ပြီးနောက် ထိုလမ်းထဲသို့ တည့်တည့်လျှောက်သွားသည်။ သူမသည် အဝေးသို့ မသွားဘဲ ဝင်ပေါက်မှ သုံးမီတာတွင် ရပ်တန့်လိုက်သည်။

ထိုလူသည် သူမနောက်မှလိုက်ကာ လမ်းကြားထဲသို့ လျှောက်သွားလိုက်သည်နှင့် သူ့ကိုစိုက်ကြည့်နေသည့် ကုနင်း၏ မျက်လုံးများနှင့် တွေ့လိုက်ရသည်။

သူသည် အသက် ၃၀ ခန့်ရှိ ကြွက်သားများနှင့် သန်မာသူတစ်ဦးဖြစ်ပြီး ၎င်း၏ တိုက်ခိုက်ရေးစွမ်းရည်ကို လေ့ကျင့်လေ့ရှိကြောင်း ထင်ရှားသည်။ ထို့အပြင် ကုနင်း သည် လူသတ် သမားဖြစ်နိုင်သည်ဟု ခံစားခဲ့ရသည်။

"မင်းဘယ်သူလဲ? မင်းဘာလို့ငါ့နောက်လိုက်နေတာလဲ" ကုနင်းက မေးလိုက်သည်။ သူမမှာ အဖြေရှိနေပြီဖြစ်သော်လည်း ထိုယောက်ျား၏ပါးစပ်မှ ကြားချင်သေးသည်။

“မင်းကို သတ်ဖို့ ငါ အခကြေးငွေ ရထားတယ်” ဟု ထိုလူက ပြောသည်။ ထို့နောက် သူသည် ကုနင်းကို တိုက်ခိုက်ရန် ရှေ့သို့ ပြေးသွားကာ ကုနင်းသည် ချက်ချင်းပင် ပြန်လည်တိုက်ခိုက်လိုက်သည်။

ကုနင်းကိုသတ်ပစ်ရန် စိတ်အားထက်သန်နေသောကြောင့် သူ၏လှုပ်ရှားမှုတိုင်းသည် သူမကို ဆိုးရွားစွာနာကျင်စေရန် ရည်ရွယ်‌နေသည်။ သို့သော် ကုနင်းကို နာကျင်အောင်လုပ်ဖို့ လုံးဝ မလွယ်ကူ‌ပေ။ စက္ကန့်ပိုင်းအတွင်း ကုနင်းသည် အခြေအနေကို ထိန်းချုပ်လိုက်နိုင်သည်။

ကုနင်း၏စွမ်းရည်ကို သတိပြုမိသောကြောင့် ၎င်းသည် သူ့အတွက် အံ့ဩစရာရလဒ်မဟုတ်ပေ။ သို့သော် သူလုပ်ရမည့်အလုပ်ဖြစ်သည်။ သူ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ကုနင်းကို ဖမ်းမမိသေးပါ။ အဆုံးမှာတော့ သူမကို အခုဖမ်းဖို့ မဖြစ်နိုင်ဘူးဆိုတာကို သူသဘောပေါက်သွားပြီး အချိန်ကောင်းမှာ လစ်ပြေးရန်ပြင်သည်။ သို့သော်လည်း ကုနင်းက သူ့ကို အလွတ်မပေးပေ။

"ပြော မင်းကိုဘယ်သူပို့လိုက်တာလဲ?"

ကုနင်းသည် ထိုလူသည် ထန်ပင်းစန် သို့မဟုတ် ချီကျီယွဲ့မှ လွှတ်လိုက်သည်ဟုထင်သည်၊ အကြောင်းမှာ သူမသည် မကြာသေးမီကမှ ၎င်းတို့နှင့် ဆန့်ကျင်ဖြစ်ခဲ့‌သောကြောင့်ဖြစ်သည်။

အဲဒီလူက သူမကို မပြော‌ပေ။

ကုနင်း က သူ့စိတ်ထဲမှာ အဖြေရှိပြီးသားမို့ သူ့ကို အတင်းအကျပ်‌ပြောခိုင်းဖို့ စိတ်မ၀င်စားပါ။ အဲဒီလူက ထန်ပင်းစန် ဖြစ်စေ ဒါမှမဟုတ် ချီကျီယွဲ့ ဖြစ်စေ သူမဟာ သူတို့ကို အလွတ်ပေးမှာမဟုတ်ပေ။

မဆိုင်းမတွဘဲ ကုနင်းက ထိုလူကို အဆစ်ဖြုတ်လိုက်သည်။ သူမကို သတ်ပစ်ချင်နေတော့ သင်ခန်းစာတစ်ခု ပေးရမည်။

သူမကိုကံဆိုးစေနိုင်တဲ့အတွက် လူတစ်ယောက်ကို သူမလက္နှင့် ကိုယ်တိုင်သတ်မည်မဟုတ်ပါ။

ကုနင်းသည် ထိုလူအား အဆစ်ဖြုတ်ပြီးနောက် ထွက်သွား‌တော့သည်။

…

နံနက် ၅ နာရီတွင် လင်ရှောင်းထင်နှင့် ရှမ့်ကွမ်ယန်တို့သည် အိပ်ရာမှထကာ ဆင်ခြေဖုံးရပ်ကွက်တစ်ခုသို့ ကားဖြင့်သွားကြသည်။

ကုနင်း လည်း အစောကြီးထပြေးတယ်။ သူမသည် ထိုနေ့နံနက်တွင် သူမပြေးနစေဉ် ကျန်းယွေ့ချင်နှင့် ထန်ချင်းယန်တို့နှင့် တွေ့သည်။

"ဟိုင်း ကုနင်း တိုက်ဆိုင်လိုက်တာ!" ကျန်းယွေ့ချင်နှင့် ထန်ချင်းယန် နှစ်ယောက်စလုံး ကုနင်းကိုတွေ့ရတော့ ဝမ်းသာသွားကြသည်။

ကျန်းယွေ့ချင်သည် ကုနင်း၏ နှလုံးသားကို အနိုင်မရခဲ့နိုင်ခဲ့သော်ငြားလည်း သူသည် ၎င်းကို ကျော်ဖြတ်ခဲ့ပြီးဖြစ်သောကြောင့် သူတို့သည် သူငယ်ချင်းအဖြစ် ဆက်ရှိနေနိုင်ခဲ့သည်။ ထို့အပြင် လင်ရှောင်းထင်သည် အလွန်ထူးချွန်သော လူငယ်တစ်ဦးဖြစ်သောကြောင့် သူ့ကိုရှုံးရခြင်းမှာ အရှက်ရစရာမဟုတ်ပေ။ သူတို့သူငယ်ချင်းအနေနဲ့ သူကုနင်းကို တွေ့နိုင်ပြီး သူမကို ဂရုစိုက်ပါသည်။

"ဟိုင်း ကောင်းသော မနက်ခင်း!" ကုနင်းက သူတို့ကို ပြုံးပြသည်။

ထို့နောက် အတူတူ ပြေးကြသည်။

"ကုနင်း၊ မနေ့က မင်းအကြောင်း သတင်းကြီးတစ်ခု ငါကြားတယ်။" ကျန်းယွေ့ချင်က ပြောသည်။ ကုဖန်း အကြောင်းပြောနေတာ‌ပင်။

သူက ကုနင်းကို အများကြီး အာရုံစိုက်ထားတာကြောင့် ဒီရက်တွေမှာ သူမဘာတွေလုပ်နေတယ်ဆိုတာကို သူသိပြီး ကုဖန်း ဖွင့်ပွဲအခမ်းအနားမှာ သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မက်ဆေ့ချ်ပို့ခဲ့သည်။

“အင်း အဲဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။” ဟု ကုနင်းက ဆိုသည်။ သူမသည် ကျိုးနွံသူဖြစ်ပြီး အဝတ်အစားအမှတ်တံဆိပ်အသစ်သည် သူမ၏မျက်လုံးထဲတွင် ဘာမျှမရှိ‌သေးပေ။

ကုဖန်းသည် အသစ်တည်ထောင်ထားသော အဝတ်အစားအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကုနင်း၏လွှမ်းမိုးမှုကြောင့် ရက်အနည်းငယ်အတွင်း ကျော်ကြားမှုများစွာရရှိခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ၊ ကုဖန်းသည် အခြားအဝတ်အစားအမှတ်တံဆိပ်များကြားတွင် အရည်အသွေးမြင့်မားပြီး ၎င်းတို့နှင့် အဆင့်ချင်းတူသည်။

အဝတ်အထည်လုပ်ငန်းတွင် စီးပွားရေးလုပ်ငန်းရှင်များသည် အရည်အသွေးထက် အမြတ်အစွန်းများကို ပို၍တန်ဖိုးထားကြသည်။ ထို့ကြောင့် အရည်အသွေးကောင်းပြီး သင့်တော်သောစျေးနှုန်းရှိသော အထည်အမှတ်တံဆိပ်ကို ဝယ်ယူသူများ တွေရှိရန် မလွယ်ကူ‌ပေ။

“မဟုတ်တာ ဒါက ကိစ္စအကြီးကြီးပဲ ကျိုးနွံနေဖို့ မလိုပါဘူး။ မင်းလို အောင်မြင်‌အောင် လုပ်နိုင်တဲ့လူ မရှိဘူး” ဟု ကျန်းယွေ့ချင် က ဆိုသည်။ ကုနင်း၏ အရည်အချင်းနှင့် ရည်မှန်းချက်ကို သူ ရိုးသားစွာ လေးစားမိသည်။

ကုနင်းက ပြုံးလိုက်ပြီး ဒီအကြောင်းကို ဘာမှဆက် မပြောတော့ပေ။

"အိုး ချင်းယန်၊ ရှင့် အလုပ်‌ရောဘယ်လိုနေလဲ?" ကုနင်းက ထန်ချင်းယန် ကို ရုတ်တရက် မေးလိုက်တယ်။

"မဆိုးပါဘူး ငါအခုမှ ပရောဂျက်အသစ်တစ်ခုရဲ့ ခေါင်းဆောင်ဖြစ်လာပြီး ဒါရိုက်တာ‌တွေရဲ့ ပံ့ပိုးကူညီတာကိုလည်း ရ‌နေတယ်" ဟု ထန်ချင်းယန်မှ ပြောသည်။

ကျန်းယွေ့ချင်သည် အလွန်ထက်မြက်၍ ကုနင်းနှင့် ထန်ချင်းယန်ကို အထူးဆက်ဆံရေးရှိသည်ဟု ခံစားမိလိုက်သည်။

***

အခန်း ၁၆၀၇ ထန်မိသားစုအပေါ် သူမ၏ အာဃာတ

"ရှင် ကျွန်မအကူအညီလိုရင် ပြောနော်" ဟု ကုနင်းကပြောသည်။

"ငါပြောပါမယ်" ထန်ချင်းယန်အနေနှင့်လည်း ထန်အဖွဲ့အစည်းနှင့် ဆက်ဆံရာတွင် ပြဿနာကြုံပါက ကုနင်းထံ အကူအညီတောင်းရန် သူတွန့်ဆုတ်မည်မဟုတ်ပါ။ ထန်မိသားစုကို တိုက်ခိုက်ရာတွင် သူနှင့်အတူ သူမတစ်ယောက်တည်း ရှိကြောင်း သူသိသည်။

သူတို့စကားစမြည်‌‌ပြော‌တာကို ကြားပြီးနောက် ကျန်းယွေ့ချင်သည် ကုနင်းနှင့် ထန်ချင်းယန်သည် တစ်စုံတစ်ခုအတွက် အချင်းချင်း လက်တွဲလုပ်ဆောင်‌နေသည်ကို ပို၍သေချာသိသွားသည်။

သူတို့သည် နောက်တခေါက်ပြေးသော်လည်း ကျန်းယွေ့ချင်နှင့် ထန်ချင်းယန် နှစ်ယောက်စလုံး ကုနင်း နောက်မလိုက်နိုင်ပေ။ သူတို့ ရပ်လိုက်ကြပြီး ကုနင်းက ရှေ့သို့ ဆက်ပြေးသွားသည်။

"ချင်းယန်၊ ကုနင်းက ထန်မိသားစုနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေတယ်ဆိုတာ မင်းသိလား?" ကျန်းယွေ့ချင်က မေးသည်။

ထန်ချင်းယန်က ခဏလောက် နှုတ်ဆိတ်နေပြီး "ငါ မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ် တခြားဘယ်သူကိုမှ မပြောနဲ့‌နော် ကုနင်းက ထန်မိသားစုကို ဒီဒုက္ခတွေ အားလုံး‌ရောက်‌စေခဲ့တဲ့သူပဲ။”

ကျန်းယွေ့ချင်သည် ထန်ချင်းယန်၏ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သောကြောင့် သူနှင့် သူ၏လျှို့ဝှက်ချက်ကို မျှဝေလိုစိတ်ရှိသည်။ ဘာပဲဖြစ်ဖြစ် ကျန်းယွေ့ချင်က သူ့အကြောင်း လျှို့ဝှက်ချက်များစွာကို သိထားပြီးသားဖြစ်ပြီး သူပိုသိလာမယ်ဆိုရင် ကြီးကြီးမားမားတော့ မဟုတ်‌ပေ။ အရေးအကြီးဆုံးကတော့ သူက ကျန်းယွေ့ချင်ကို ယုံကြည်သည်။

"ဘာ?" ကျန်းယွေ့ချင်သည် ထိတ်လန့်စွာ မျက်လုံးဝိုင်းစက်ကာ သူ့နားကိုပင် မယုံနိုင်‌ပေ။ အံ့ဩစရာကောင်းသည်မှာ ထန်မိသားစုကို ဒီလောက်ဒုက္ခတွေပေးတာက ကုနင်းတဲ့လား?

"ထန်မိသားစုနဲ့ ရန်ငြိုးရှိလို့လား? ဒါမှမဟုတ် သူက ဒီတိုင်းမင်းကိုပဲ ကူညီနေတာလား?" ကျန်းယွေ့ချင်က ထပ်မေးသည်။

“ငါ့ရဲ့အမဝမ်းကွဲ ထန်အိုက်နင်းက သူ့ရဲ့ဆရာလေ အဲ့တာကြောင့် ထန်မိသားစုကို နှစ်ရှည်လမျှ အငြိုးထားခဲ့တာ။ ထန်မိသားစုက ထန်အိုက်နင်းကို သေဆုံးစေခဲ့တဲ့အတွက် ကုနင်းက သူ့ဆရာအတွက် လက်စားချေချင်တာပါ။” လို့ ထန်ချင်းယန်က ပြောသည်။

ကျန်းယွေ့ချင်သည် ထန်ချင်းယန်ထံမှ ထန်အိုက်နင်း အကြောင်း ကြားဖူးသော်လည်း သူမအကြောင်း သိပ်မသိပါ။

ထန်အိုက်နင်းသည် အလွန်ချမ်းသာသော မိသားစုတွင် မွေးဖွားလာသော်လည်း သူမသည် လူရှေ့သူရှေ့တွင် ရှားရှားပါးပါး ပေါ်လာသောကြောင့် လူအများစုက ထန်ယရှင်းသာလျှင် ထန်မိသားစု၏ တစ်ဦးတည်းသောသမီးဟု ထင်ကြသည်။

"ထန်အိုက်နင်းက ကုနင်း ရဲ့ဆရာလား?" ကျန်းယွေ့ချင်သည် ထန်အိုက်နင်းနှင့် ကုနင်း၏ဆက်ဆံရေးကြောင့် ထပ်မံအံ့သြသွားသည်။ "အရင်တုန်းက ထန်အိုက်နင်း ဘာလုပ်လုပ်တာလဲ?"

ထန်အိုက်နင်းသည် ကုနင်း၏ ဆရာဖြစ်သောကြောင့် ထန်အိုက်နင်းသည် မရိုးရှင်းနိုင်ပေ။

“သူက ထန်မိသားစုရဲ့ သူလျှိုဖြစ်ပြီး လူသတ်သမားဖြစ်ဖို့ လေ့ကျင့်ခံခဲ့ရတယ်။” ဟု ထန်ချင်းယန်မှ ပြောသည်။

ဒါကိုသိလိုက်ရတော့ ကျန်းယွေ့ချင် အံ့အားသင့်သွားသည်။ ထန်အိုက်နင်းကို ထန်မိသားစုမှ ပရော်ဖက်ရှင်နယ်လူသတ်သမားဖြစ်အောင် လေ့ကျင့်ပေးခဲ့လျှင် ထန်မိသားစုသည် သူမအား လူသိရှင်ကြား ထုတ်ဖော်ပြသမည်မဟုတ်ပေ။

အင်အားကြီးသောမိသားစုကြီးတွင် သူတို့ရဲ့ အမိန့်ကို နာခံရန် လူသတ်သမားများနှင့် သူလျှိုများရှိသည်မှာ မထူးဆန်းပေ။ ထို့ကြောင့် ကျန်းယွေ့ချင်သည် ထိုကိစ္စနှင့်ပတ်သက်၍ မအံ့သြပေ။ သို့သော်လည်း ထန်ပင်းစန်သည် ရက်စက်ကြမ်းကြုတ်သောဖခင်တစ်ဦးဖြစ်ပြီး သူ့သမီးကို လူသတ်သမားဖြစ်အောင် လေ့ကျင့်ပေးကာ နောက်ဆုံးတွင် သူမကို သေဆုံးစေခဲ့သည်။ ထိုအခြေအနတွေင်၊ ကျန်းယွေ့ချင်သည် ယခု ထန်ချင်းယန်နှင့် ဘာကြောင့် ကုနင်း တွဲလုပ်ရသည်ကို နားလည်သွား‌တော့သည်။

"ကောင်းပြီ မင်းလည်း သူနဲ့တူတူ ထန်မိသားစုကို ပြိုလဲချင်တာပေါ့။" ကျန်းယွေ့ချင်က မေးသည်။

"ဟုတ်တယ်၊ ကုနင်းက ငါ့ကို ဥက္ကဌရာထူးရအောင် ကူညီပေးချင်တာ။"

ထိုစကားကိုကြားတော့ ကျန်းယွေ့ချင် ပြုံးလိုက်သည်။ "သူ့အကူအညီနဲ့သာဆို မင်းဒါကို အနှေးနဲ့အမြန်ဆိုသလို လုပ်နိုင်မယ်လို့ ငါယုံကြည်တယ်။"

ကျန်းယွေ့ချင်သည် ကုနင်းက ထန်ချင်းယန်ကို လျှို့ဝှက်ကူညီနေမှန်း သိလိုက်ရတဲ့အတွက် ထန်ချင်းယန်ကို စိတ်မပူတော့ပေ။

“ငါ‌ရောပဲ” ထန်ချင်းယန်ကလည်း ယုံကြည်မှုအပြည့်နဲ့ ပြုံးသည်။ ကုနင်းသည် အလွန်သြဇာရှိပြီး သူမသည် လင်ရှောင်းထင်၏ ထောက်ပံ့မှုကိုလည်း ရရှိထားသည်။ သူမကိုယ်တိုင် ကလဲ့စားချေရန် စိတ်ပိုင်းဖြတ်ထားသောကြောင့် ကျရှုံးမည်ကိုလည်း ခွင့်ပြုမည်မဟုတ်ပေ။

…

မနက်မိုးလင်းလို့ အပြေး‌လေ့ကျင့်ပြီးနောက် ကုနင်းက သူ့ကုမ္ပဏီကို သွားသည်။

လင်ရှောင်းထင်က မနေ့ညက ကားယူသွားတဲ့အတွက် ကုနင်းက ဒီနေ့ တက္ကစီစီးဖို့ ဆုံးဖြတ်လိုက်သည်။ သူမ၏ စိတ်စွမ်းအင်အာကာပြင်ထဲရှိ Lamborghini သည် သိသာလွန်းသောကြောင့် သူမ မမောင်းချင်တော့ပါ။

…

မနက်စောစောတွင် ထန်ပင်းစန်သည် သူငှားရမ်းထားသော လူသတ်သမားသည် "ထန်အိုက်နင်း" ကို သတ်ရန် ကျရှုံးခဲ့ကြောင်းသိသွားသောအခါ ထန်ပင်းစန်သည်ဒေါသများနှင့် ပြည့်နှက်သွားသည်။ "ထန်အိုက်နင်း" သည် အားမနည်းမှန်း သူသိသော်လည်း ကျရှုံးသည့်သတင်းကို သူကြားတိုင်း စိတ်ပျက်နေမိသည်။

"ထန်အိုက်နင်း" မသေပါက၊ သူသည် ကြီးစွာသောအန္တရာယ်ရှိလာလိမ့်မည်။ "ထန်အိုက်နင်း" သည် ယခုအချိန်တွင် သူ့ကို ထိခိုက်စေရန် မည်သည့်လုပ်ဆောင်မှုမျှ မလုပ်ခဲ့သော်လည်း မဝေးတော့သော အနာဂတ်တွင် ဖြစ်လာမည်ကို သူသိသည်။

ထန်ယရှင်းသည် ယခု ညှဉ်းပန်းနှိပ်စက်ခြင်း ခံနေရပြီး သူသည် သူမ၏ နောက်ထပ်ပစ်မှတ် ဖြစ်လာနိုင်သည်။ သူဒီလိုမဖြစ်စေချင်ခဲ့တာ သေချာသည်။

ထန်ပင်းစန်သည် သူ၏လူမှုရေးအဆင့်အတန်းအရ သူ့ကိုမည်သူမျှ မထိခိုက်စေနိုင်ဟု အမြဲယုံကြည်ခဲ့သော်လည်း "ထန်အိုက်နင်း" သည် သူ့ဘဝကို ပြောင်းလဲစေခဲ့သည်။ သူမကြောင့် မစားနိုင်၊ မအိပ်နိုင်၊ ပုံမှန်အလုပ် မလုပ်နိုင်တော့‌ပေ။

သူသည် "ထန်အိုက်နင်း" ကိုသတ်ခြင်းဟာ ယခုတစ်ကြိမ်တွင် မအောင်မြင်သော်လည်း ၎င်းကို ဆက်လက်ကြိုးစားနေဦးမည်ဖြစ်သည်။

ထိုသတင်းဆိုးကို ကြားပြီး မကြာမီတွင် ထန်ပင်းစန်သည် ကျီယီယင်းထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိခဲ့ပြီး ထန်ယရှင်းသည် အိပ်ဆေးအမြောက်အမြား မျိုချကာ သတ်သေရန် ကြိုးစားခဲ့ကြောင်း သတင်းရရှိခဲ့သည်။

ထန်ယရှင်းသည် ယခုအသက်ရှင်ရန် ခက်ခဲလွန်းသည်ဟု ခံစားမိသောကြောင့် သူမသည် နာကျင်မှုနှင့် အကြောက်တရားများကို ဖယ်ရှားရန် သူမ၏ဘဝကို အဆုံးသတ်ချင်သည်။ ဒီရက်တွေမှာ သူမအိပ်မပျော်နိုင်တာကြောင့် ဆရာဝန်က သူ့ကို အိပ်ဆေးအချို့ပေးခဲ့ပါတယ်။ ထို့ကြောင့် အိပ်ဆေးတစ်ပုလင်းလုံးကို ပါးစပ်ထဲသို့ လောင်းထည့်လိုက်သည်။

ထန်ပင်းစန်သည် စိတ်တိုသွားပြီး စိုးလည်း စိုးရိမ်နေသည်။ ဆေးရုံမှာ ထန်ယရှင်းကို ကောင်းကောင်း ဂရုမစိုက်တဲ့အတွက် ကျီယီယင်းကို အပြစ်တင်ခဲ့သည်။ ကျီယီယင်းသည် ထန်ယရှင်း၏မိခင်အနေဖြင့် သူမကို သတ်သေခြင်းမပြုရန် တားဆီးသင့်သည်။

ကျီယီယင်းက ငိုပြီး ဘာပြန်ပြောရမှန်းကို မသိတော့သလို ဖြစ်သွားတာကို သူမ မမြင်မိလိုက်တာကြောင့်ပင်။ အဆုံးတွင်၊ ထန်အိုက်နင်းကိုသာ အပြစ်တင်ကြသည်။

တကယ်တော့ ထန်ပင်းစန်ဟာ ထန်အိုက်နင်းရဲ့အမေကို သစ္စာဖောက်ပြီး သူ့မယားငယ် ကျီယီယင်းနဲ့ လက်ထပ်ခဲ့တာကြောင့် ထန်ပင်းစန်၏ အမှားသာဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ကံ၊ကံ၏အကျိုးဆက်ပင်။ အတိတ်က ပြုခဲ့သော ကောင်းမှု မကောင်းမှု မှန်သမျှသည် ထိုလူ၏ အနာဂတ် ဘဝကို အကျိုးသက်ရောက်စေမည်ဖြစ်သည်။

ထန်ယရှင်းအား ခွဲစိတ်ခန်းထဲသို့ ပို့ခဲ့ပြီးနောက် သူမ၏ ဖခင်ဖြစ်သူ ထန်ပင်းစန်သည် သူမထံ သွားရောက်ကြည်ရှုခဲ့သည်။

***

အခန်း ၁၆၀၈ အသရေဖျက်ခြင်း

ကုနင်းသည် သူမ၏ကုမ္ပဏီအပြင်ဘက်သို့ရောက်သောအခါ ပတ်ဝန်းကျင်တွင် ကျင့်ကြံသူ၏လေထုကို သူမခံစားရ‌ခြင်း‌ကြောင့် သုန်းဖန်းကျီယွီ နှင့် ဝူရွှမ်းဟွာတို့ မရှိတော့တာ သူမသိသွားသည်။

သူတို့နှစ်ယောက်လုံး ကျင့်ကြံရေးလောကဆီသို့ ပြန်သွားပြီဖြစ်သည်။ သူတို့သည် ကုနင်းနောက်ကို အချိန်အတော်ကြာ လိုက်ခဲ့သော်လည်း အသုံးမ၀င်သောကြောင့် သူမအ‌ပေါ် အချိန်မဖြုန်းတော့ပေ။ သုန်းဖန်းကျီယွီ သည် သူမ၏ ကျင့်ကြံရေးကို လေ့ကျင့်ရန် လိုအပ်ပြီး ဝူရွှမ်းဟွာလည်း အလားတူပင်။ ဝူရွှမ်းဟွာသည် ကွန်ဖူးပြိုင်ပွဲတွင် မပါဝင်သော်လည်း သူ့ကိုယ်သူ တိုးတက်အောင် ‌လုပ်ရမည်ဖြစ်သည်။

ကျင့်ကြံသူများသည် သေသူများထက် အသက်ပိုရှည်နိုင်သော်လည်း ၎င်းတို့၏ အဆင့်အတန်းပေါ်တွင်လည်း မူတည်သည်။ ကျင့်ကြံသူ၏ အဆင့်သည် မမြင့်မားပါက၊ သူသည် သေမျိုးများထက် အသက်ပိုရှည်မည်မဟုတ်‌ပါ။ ပျော်ရွှင်စွာသာ နေထိုင်နိုင်လျှင် မည်သူမျှ မသေချင်ကြ‌ပေ။

ကုနင်း အိမ်မှ မထွက်ခွာခင် ချောင်ယအား သူမဒီနေ့ သူ့ကုမ္ပဏီကို လာမည်ဟု ပြောထားသောကြောင့် ချောင်ယက သူမရောက်တဲ့အခါ အသင့်စောင့်နေသည်။

ကောင်းယိသည် မြို့တော်တွင်မရှိဘဲ ထန်ပင်းစန်၏နောက်ကွယ်မှ တရားမဝင်ဂိုဏ်းအကြောင်း အသေးစိတ်အချက်အလက်များကို ရှာဖွေနေပါသည်။

ကုနင်း ဝင်လာပြီးတာနဲ့ ချောင်ယက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့တာတွေကို သူမအား ပြောပြသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ကုဖန်းသည် ရောင်းအားအလွန်ကောင်းခဲ့သော်လည်း ပြဿနာအနည်းငယ်တက်သွားခဲ့သည်။ ကံကောင်းစွာနှင့် ထိုကိစ္စသည် အကြီးအကျယ်မဖြစ်သွားပဲ အားလုံးဖြေရှင်းနိုင်ခဲ့သည်။

ပြဿနာမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က ဆိုရှယ်မီဒီယာတွင် ကုဖန်းမှာ အရည်အသွေးပြဿနာရှိသည်ဟု အင်တာနက်အသုံးပြုသူတစ်ဦးက ပို့စ်တစ်ခုတင်ခဲ့သည်။ တကယ်တော့ အရေးမကြီး‌ပေ။ အဘယ်ကြောင့်ဆိုသော် အထည်စက်ရုံတစ်ခုက အထည်အမြောက်အမြားကို ပြုလုပ်ဖို့ လိုအပ်‌သောကြောင့် တစ်ချို့သော အရည်အသွေးလုံလောက်မှု မရှိတာတွေကို ရှောင်လွှဲလို့မရပါ။ သို့သော်လည်း အင်တာနက်အသုံးပြုသူ၏ ပို့စ်သည် မကြာမီ လူမှုကွန်ယက်တွင် ပျံ့နှံ့သွားခဲ့ပြီး သုံးစွဲသူအများအပြားက ကုဖန်းထံမှ တုံ့ပြန်မှုကို တောင်းဆိုခဲ့ကြသည်။

ကုဖန်း သည် နောက်ပိုင်းတွင် တုံ့ပြန်မှုတစ်ခုပြုလုပ်ခဲ့ပြီး အရည်အသွေးညံ့သည့်အဝတ်အစားများအတွက် အင်တာနက်အသုံးပြုသူကို တောင်းပန်ခဲ့သည်။ ကုဖန်းသည် သေချာစေရန်အတွက် အဝတ်အစားများကို တတ်နိုင်သမျှ ပြန်လက်ခံပေးမည်ဖြစ်ပြီး ကုဖန်း၏ ထုတ်လုပ်မှုကို ပိုမိုအာရုံစိုက်မည်ဟု ကတိပြုခဲ့သည်။

မည်သို့ပင်ဖြစ်စေ အရည်အသွေးပြဿနာတွေ တကယ်ကြုံလာ၍ တာဝန်ယူသင့်သည်။

ထူးဆန်းစွာနှင့် ထိုအင်တာနက်အသုံးပြုသူသည် ကုဖန်းဆီက သူဝယ်ထားတဲ့ အဝတ်အစားတွေကို ပြန်ပေးဖို့ ငြင်းဆန်ခဲ့ပြီး ဝေဖန်မှုများသာ ဆက်လက်လုပ်နေခဲ့သည်။

နောက်ရက်များတွင် ဆိုရှယ်မီဒီယာပေါ်၌ ကုဖန်း အရည်အသွေးပြဿနာနှင့် ပတ်သက်၍ ပို့စ်များနှင့် ဓာတ်ပုံများ ပိုများလာတဲ့အတွက် ကောဝေ့ချောင်သည် တမင်အကြံအစည်တစ်ခု ဖြစ်နိုင်ကြောင်း သဘောပေါက်ခဲ့သည်။ အမှန်တရားကိုရှာဖို့ သူတို့အတွက် အချိန်အတော်ကြာနေတော့ ကောဝေ့ချောင်က ကုနင်းကို ဖုန်းခေါ်သည်။

ထိုအချိန်တွင် ကုနင်းသည် ခွန်းလွန် တောင်သို့သွားသောကြောင့် သူ၏ခေါ်ဆိုမှုများကို ချောင်ယ၏ဖုန်းသို့ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ချောင်ယသည် ချန်စန်းယိ၏ ထင်မြင်ချက်ကို တောင်းဆိုခဲ့ပြီး ချန်စန်းယိက ကေကို ကိုင်တွယ်ရန် ပြောခဲ့သည်။

မကြာခင်မှာပင် ကုဖန်းကို ရည်ရွယ်ချက်ရှိရှိ အသရေဖျက်တဲ့အဲဒီပို့စ်တွေနဲ့ ဓာတ်ပုံတွေက တူညီသော အ၀တ်အစား ကုမ္ပဏီတစ်ခုထဲကလာကြောင်း သူတို့ သိလိုက်ရသည်။

ကုနင်း၏ ကုမ္ပဏီတိုင်းနီးပါးသည် ယခင်က အသရေဖျက်ခြင်း ခံခဲ့ရပြီး အသရေဖျက်သူအားလုံးကို အဆုံးတွင် ဥပဒေနှင့်အညီ အပြစ်ပေးခဲ့ကြသော်လည်း ၎င်းကို အရှုံးမပေးသောသူများလည်း ရှိနေသေးသည်။ ကုဖန်းသည် ကုနင်း ပိုင်ဆိုင်ကြောင်း လူအများမသိခဲ့ကြသောကြောင့် အချို့သောလူများသည် စီးပွားရေးတွင် မတရားယှဉ်ပြိုင်ရန် ကြိုးစားဆဲဖြစ်သည်။

ကုဖန်းသည် ၎င်း၏အမည်ကို ရှင်းလင်းရန်အတွက် နောက်ပိုင်းတွင် အဆိုပါ အသရေဖျက်မှု၏ အထောက်အထားများကို လူမှုမီဒီယာတွင် တင်ခဲ့သည်။

အထည်ကုမ္ပဏီအမည်ကို မဖော်ပြသော်လည်း ကုဖန်းအား အသရေဖျက်ခြင်းမှ ရပ်တန့်ရန် သတိပေးထားသည်။ အထည်အလိပ်ကုမ္ပဏီက ထပ်ပြီးလုပ်ရင် ဥပဒနေဲ့အညီ အရေးယူမည် ဖြစ်သည်။

အဆိုပါအထည်ကုမ္ပဏီမှ ဝန်ထမ်းများသည် ထိုပို့စ်ကို မြင်သောအခါ ထိတ်လန့်သွားကြသည်။ သူတို့ အံ့သြသည်မှာ ကုဖန်းဟာ အချိန်တိုလေးအတွင်းမှာပဲ သူတို့ဖြစ်ကြောင်း သိသွားသည်။ ထို့ကြောင့် နှောင့်နှေးမနပေဲ သူတို့ရဲ့ ပို့စ်တွေနဲ့ ဓာတ်ပုံတွေကို ဖျက်ပစ်လိုက်ကြသည်။

ပို့စ်များနှင့် ဓာတ်ပုံများအားလုံးကို ဖျက်လိုက်သည်ကို သတိပြုမိပြီးနောက် ကုဖန်းသည် အမှန်တကယ် အပြစ်မရှိကြောင်း အင်တာနက်အသုံးပြုသူအများအပြားက စတင်ယုံကြည်လာကြသည်။

အစမှအဆုံးအထိ ဤဒရာမာသည် ရက်အနည်းငယ်သာကြာသည်။ ကုဖန်း၏ဂုဏ်သတင်းကို ကြီးလေးစွာမထိခိုက်စေသော်လည်း ချောင်ယသည် ကုနင်းအား သတင်းပို့ရန် လိုအပ်နေသေးသည်ဟု သူမထင်မြင်သည်။ သို့သော်လည်း ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သောကြောင့် ကုနင်းက ၎င်းကို ဂရုမစိုက်ပါ။

ထို့နောက် သူမသည် ကေ့ဆီသွားကာ ချီကျီယွဲ့ကို ရှာဖွေဖို့ ကူညီပေးရန် တောင်းဆိုခဲ့သည်။ ချီကျီယွဲ့သည် ရက်အတော်ကြာ ပျောက်နေခဲ့ပြီး သူမသည် ယခု သူဘယ်မှာရှိနေသည်ကို သိချင်နေသည်။

များမကြာမီပင် ချီကျီယွဲ့အား သန်မာသောလူတစ်စုမှ ခေါ်ဆောင်သွားခဲ့ပြီး မကြာမီတွင် စောင့်ကြည့်ကင်မရာများမှ ပျောက်ကွယ်သွားကြောင်း ကေက ကုနင်း အား ပြောပြသည်။

ချီကျီယွဲ့ကိုဖမ်းပြီး ခေါ်ဆောင်သွားကြောင်း သူမသိလိုက်သည်နှင့် ထန်ပင်းစန်၏ လက်ချက်မှန်း ကုနင်း တွေးမိလိုက်သည်။ ချီကျီယွဲ့သည် ယခု ထန်ပင်းစန်၏လက်ထဲတွင်ရှိနေသောကြောင့် ထန်ပင်းစန် သည် ချီကျီယွဲ့ကို ဆိုးရွားစွာနှိပ်စက်မည်ကို သူမ သိသည်။ ထို့ကြောင့် ကုနင်းသည် သူ့ကို ဂရုမစိုက်‌တော့ပေ။

ထန်ပင်းစန်သည် ချီကျီယွဲ့ကိုချက်ချင်းမသတ်ခဲ့သော်လည်း နေ့တိုင်း သူ့ကို ပုံစံအမျိုးမျိုးဖြင့် ညှဉ်းပန်းနှိပ်စက်နေသည်။

…

ကုနင်းသည် မနက် ၁၀ နာရီ ၃၀ မိနစ်တွင် ကုမ္ပဏီမှ ထွက်ခွာခဲ့ပြီး လင်ရှောင်းထင်နှင့် ရှမ့်ကွမ်ယန်ဆီသို့ သွားရောက်ခဲ့သည်။

ရှမ့်ကွမ်ယန်ကြောင့် လင်ရှောင်းထင်သည် ကုနင်းကို တွေ့ရန် မကြာခဏ အပြင်မထွက်နိုင်ပေ။ ကုနင်းသာ သူ့ကို ဒီနေ့သွားမတွေ့ခဲ့လျှင် လင်ရှောင်းထင်ဟာ ဒီနေ့နေ့လည်တွင် စစ်စခန်းကို ပြန်သွားမည်ဖြစ်၍ သူတို့အချိန်အကြာကြီး ခွဲခွာရ‌ပေလိမ့်မည်။

All Chapters