အခန်း (၁၆၀၉-၁၆၁၄)
Vol. 101 Ch. 1609-1614
အခန်း ၁၆၀၉ ကုနင်း၏စွမ်းရည်ကို စမ်းသပ်ခြင်း
လင်ရှောင်းထင်၏ စစ်ဟယ်ယွမ်သို့ သူမသွားရာလမ်းတွင်၊ ကုနင်းသည် ထန်ချင်းယန်ထံမှ ဖုန်းလက်ခံရရှိသည်။ ထန်ယရှင်းသည် အိပ်ဆေးမျိုချပြီး သတ်သေဖို့ ကြိုးစားခဲ့သည်ဟု ထန်ချင်းယန်က ပြောပြသည်။ ထန်ယရှင်းကို ဆေးရုံတွင် ကယ်တင်နိုင်ခဲ့သော်လည်း သူမ၏ ဦးနှောက်သည် ထာဝရ ပျက်စီးသွားခဲ့ပြီ။
ထန်ယရှင်း ခွဲစိတ်ကုသတဲ့ ဆေးရုံမှာ ထန်ချင်းယန်၏ သူငယ်ချင်းတွေထဲက တစ်ယောက် အလုပ်လုပ်နေတာကြောင့် သူက ဒီသတင်းကို ကြားခဲ့ရသည်။
ထန်ယရှင်း အဖြစ်အပျက်ကို သူမကြားသောအခါ ကုနင်းက ပြုံးလိုက်သည်။ သူမကို သနားစိတ်မရှိပါ။
"ကောင်းပြီ၊ သူနဲ့ ချီကျီယွဲ့ နှစ်ယောက်စလုံးကို အခု အပြစ်ပေးလိုက်ပြီးပြီ ထန်ပင်းစန်ရဲ့လက်ထဲမှာ ချီကျီယွဲ့ရှိတော့ ချီကျီယွဲ့ အေးအေးဆေးဆေးနေနိုင်စရာအကြောင်းတော့မရှိဘူး။ ထန်ပင်းစန်အတွက် သူ့ကို အချိန်မကြာအောင်လို့ သူ့ရဲ့တရားမဝင်အထောက်အပံ့ကိုအရင်ဖယ်ရှားဖို့လိုတယ်။” ဟု ကုနင်းမှပြောကြားသည်။
“ဟုတ်တယ်” ထန်ချင်းယန်က သဘောတူသည်။ သူသည် ကုနင်းကို တကယ်ယုံကြည်ပြီး သူမစကားကို နားထောင်လိုစိတ်ရှိသည်။
…
လင်ရှောင်းထင်နှင့် ရှမ့်ကွမ်ယန်တို့သည် နံနက်စောစောတွင် ၎င်းတို့၏နေ့စဉ်အလေ့အကျင့်ကို လုပ်ဆောင်ခဲ့ကြပြီး နေ့လည်စာ အဆင်သင့်မဖြစ်မီအထိ ပြန်မလာကြပေ။
ကုနင်းသည် လင်ရှောင်းထင်နှင့် ရှမ့်ကွမ်ယန် ပြန်မရောက်မီ ၁၀ မိနစ်အလိုတွင် စစ်ဟယ်ယွမ် ထံရောက်ရှိလာသည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ယနေ့ ရှမ့်ကွမ်ယန်နှင့် အတူစားမည်ဖြစ်သောကြောင့် လောင်ကျန်းသည် သူတို့အတွက် အစားအစာများကို ထပ်မံပြင်ဆင်ပေးသည်။
သူတို့သုံးယောက် နေ့လည်စာအတူတူစားကြပြီး ရှမ့်ကွမ်ယန်က လင်ရှောင်းထင်အား ခေတ္တအနားယူပြီးနောက် သူ့လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ရန် ပြောသည်။
စစ်ဟယ်ယွမ်၏ အရှေ့ဘက်ခြံသည် သူ့ကွန်ဖူးကျွမ်းကျင်မှုကို လေ့ကျင့်ရန် လုံလောက်သည်။
ထိုအခြေအနတွေင် ကုနင်းသည် အထီးကျန်သော်လည်း သူမစိတ်ထဲမထားပါ။
လင်ရှောင်းထင်သည် ရှမ့်ကွမ်ယန်ထံမှ ရှေးကွန်ဖူးကျွမ်းကျင်မှုကို သင်ယူခဲ့ပြီး ၎င်းသည် သူသိထားသည့် ခေတ်ပထမအဆင့် ပထမကျွမ်းကျင်မှုထက် ပိုမိုခက်ခဲပြီး ရှုပ်ထွေးသည်။ ဒါကြောင့် ကျွမ်းကျင်မှုအသစ်တွေနဲ့ ရင်းနှီးဖို့ အချိန်အတော်ကြာပါသည်။
ရှမ့်ကွမ်ယန်သည် လင်ရှောင်းထင်အား ရှေးကွန်ဖူးအတတ်ပညာကို တစ်ကြိမ်ပြသခဲ့ပြီး လင်ရှောင်းထင်က နောက်ကနေလိုက်လုပ်သည်။
လင်ရှောင်းထင်သည် ကုနင်းကဲ့သို့ မှတ်ဉာဏ် မကောင်းသော်လည်း သူ၏မှတ်ဉာဏ်မှာလည်း မဆိုးပေ။
ထို့ကြောင့် ရှမ့်ကွမ်ယန်သည် လင်ရှောင်းထင်၏ စွမ်းဆောင်မှုကို အလွန်ကျေနပ်နေသည်။
လင်ရှောင်းထင်သည် လှုပ်ရှားမှုအသစ်များနှင့် ရင်းနှီးလာသောအခါတွင် သူ၏ မှော်စွမ်းအားကို သူ၏လှုပ်ရှားမှုများတွင် ထည့်သွင်းသင်ယူနိုင်ခဲ့သည်။
"နင်နင်း မင်းက ကျင့်ကြံသူမဟုတ်ပေမယ့် မင်းလည်း သူနဲ့အတူ သင်လို့ရတာပဲ။" လို့ ရှမ့်ကွမ်ယန်က ကုနင်းကို ပြောသည်။
“ဟုတ်ကဲ့!” ကုနင်း စိတ်ဝင်စားသွားသည်။
“ကောင်းပြီ မင်း ငါနဲ့ အရင် ကွန်ဖူးပြိုင်ပွဲ လုပ်ရမယ်၊ မင်းရဲ့အရည်အချင်းကို ငါစမ်းသပ်ဖို့လိုတယ်။" ဟု ရှမ့်ကွမ်ယန်က ပြောသည်။ သေမျိုးများသည် ကျင့်ကြံသူ ဖြစ်လာနိုင်မလားဟု လင်ရှောင်းထင်က သူ့ကို မေးခြင်းဟာ ကုနင်းကြောင့်မှန်း သူသိသည်။ လင်ရှောင်းထင်သည် ထိုအကြောင်းကို မပြောခြင်းဟာ လင်ရှောင်းထင်သည် ကုနင်း၏ လုံခြုံရေးနှင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေကြောင်း သူနားလည်သည်။
ကုနင်းသည် လင်ရှောင်းထင်နှင့် ရှမ့်ကွမ်ယန်တို့ ထိုအကြောင်းကို ပြောထားပြီးဖြစ်သည်ကို မသိပေ။
ရှမ့်ကွမ်ယန်သည် လင်ရှောင်းထင်က ၎င်းကို နောက်တစ်ကြိမ် ပြန်လည်ရရှိခြင်း ရှိမရှိကို မသေချာသောကြောင့် ကုနင်း၏စွမ်းရည်ကို ဦးစွာစမ်းသပ်ရန် လိုအပ်သည်။
ကျင့်ကြံသူဖြစ်လိုလျှင် သူမဖြတ်သန်းရမည့် ပုံမှန်မဟုတ်သောဝေဒနာကို ခံနိုင်ရည်ရှိမရှိ သူကြည့်ချင်သည်။
"ပြဿနာမရှိပါဘူး" ကုနင်းက ပြုံးပြီး သဘောတူလိုက်သည်။ ရှမ့်ကွမ်ယန်နှင့် ပြိုင်ရမည်ကို သူမ စိတ်လှုပ်ရှားနေသည်။
ရှမ့်ကွမ်ယန်သည် သူ၏ မှော်ပညာကို မသုံးပေ။ ကုနင်းသည် သူ့ကို မယှဉ်နိုင်၍ သူမကို ထိခိုက်စေလိုသော ဆန္ဒမရှိသောကြောင့် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ကုနင်း၏ အရည်အချင်းကို စမ်းသပ်ဖို့သာ လိုအပ်သည်။
ထို့နောက် ကုနင်းသည် ရှမ့်ကွမ်ယန်ကို စတင်တိုက်ခိုက်ခဲ့သည်။
ရှမ့်ကွမ်ယန်က ကုနင်းဟာ သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူးလို့ ယုံကြည်ပေမယ့် သူ ပြိုင်ပွဲကိုတော့ အလေးအနက်ထားဆဲပင်။
ကုနင်းသည် ရှမ့်ကွမ်ယန် တွေးထင်ထားသည်ထက် များစွာ သန်မာပြီး သူ့ကို အံ့အားသင့်စေသည်။ ရိုးရိုးသားသားပြောရရင် ကုနင်းကိုအနိုင်ယူဖို့က သူ့အတွက် မလွယ်ပေ။
"နင်းနင်း တကယ်တော်တာပဲ!" ရှမ့်ကွမ်ယန်က သူမကို ချီးကျူးသည်။
"အဘိုးရှမ့်ကွမ် ကျွန်မက ရှင်နဲ့ မယှဉ်နိုင်ပါဘူး။" လို့ ကုနင်း က ပြောသည်။
"မင်းလို မိန်းကလေးငယ်လေးက ဒီလောက်ကွန်ဖူးပညာမှာထူးချွန်နေတာ မယုံနိုင်စရာပဲ။ မင်းသာ ကျင့်ကြံသူသာဆိုရင် အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်မှာ သေချာတယ်” လို့ ရှမ့်ကွမ်ယန်က ပြောသည်။ ကုနင်းသည် ကျင့်ကြံသူမဟုတ်သည့်အတွက် နှမြောစရာပင်။
ကုနင်းက ပြုံးပြီး ဘာမှ မပြောပါ။ တကယ်တော့ သူမသည်လည်း ကျင့်ကြံသူဖြစ်ရန် ဆန္ဒရှိပြီး ရှမ့်ကွမ်ယန်ကို ဖြစ်နိုင်လားဟု အမြဲမေးချင်သည်။ သို့သော် လင်ရှောင်းထင်သည် ယခု ဤနေရာတွင်ရှိနေပြီး အဖြေမှာ မကောင်းပါက စိတ်ပျက်သွားမည်ကို သူမစိုးရိမ်သောကြောင့် လင်ရှောင်းထင် မရှိတော့သည့်နောက်တွင် ရှမ့်ကွမ်ယန်ကိုမေးရန် ဆုံးဖြတ်လိုက်သည်။
လင်ရှောင်းထင်သည်လည်း ရှမ့်ကွမ်ယန်ကို အလားတူမေးခွန်းကို မေးထားပြီးဖြစ်သည်ကို သူမမသိပါ။ လင်ရှောင်းထင်သည် ကုနင်းက သူ့အတွက် အရာအားလုံးကို စွန့်စားရမည်ဆိုတာ သူသိနေတာကြောင့် ကုနင်းအား အဖြေကို မပြောဝံ့ပါ။ သို့သော် ၎င်းကို လျှို့ဝှက်ထားရန်လည်း မလွယ်ကူလှပေ။
***
အခန်း ၁၆၁၀ ဓာတ်ပုံမှတ်ဉာဏ်
ကုနင်းနဲ့ ရှမ့်ကွမ်ယန်တို့ရဲ့ ကွန်ဖူးပြိုင်ပွဲမှာ ရှမ့်ကွမ်ယန်က ကုနင်းကို အနိုင်ယူနိုင်ရန် နာရီဝက်နီးပါးကြာမြင့်ခဲ့ပြီး ရှမ့်ကွမ်ယန်ကို အံ့အားသင့်စေခဲ့သည်။
ကုနင်းတွင် အံ့အားသင့်စရာကောင်းသော ဆုံးဖြတ်ချက်တစ်ခုရှိပြီး သူမ လုံးဝရှုံးသည်အထိ ဘယ်တော့မှ လက်မလျှော့ပါ။ တကယ့်စစ်ပွဲဖြစ်ရင် နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်လောက်သည်။ သူမသည် ကျင့်ကြံသူအဖြစ် ပြောင်းလဲသောအခါ ပြင်းထန်သောနာကျင်မှုကို လက်ခံနိုင်သူတစ်ဦးဖြစ်သည်မှာ သေချာသော်လည်း သူမအောင်မြင်နိုင်ခြင်းရှိ၊မရှိကို မသိရသေးပေ။
"အရမ်းကောင်းတယ်!" ရှမ့်ကွမ်ယန်က သူမကို ချီးမွမ်းပြန်သည်။
ကုနင်းသည် သေမျိုးအနေနဲ့ ပိုလို့တောင်ထူးကဲလှသည်။
"ခဏလောက် နားလိုက်> ပြီးရင် ကွန်ဖူးကျွမ်းကျင်မှုအစုံကို ငါသင်ပေးမယ်>" ရှမ့်ကွမ်ယန်က စိတ်ဝင်တစားနဲ့ ပြောလိုက်သည်။
“ဟုတ်ကဲ့!”
ရှမ့်ကွမ်ယန် ရှေ့မှာ ကုနင်းရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖယ်ရှားဖို့ သူမအတွက် အဆင်မပြေတာကြောင့် သူမကို အနားယူခိုင်းရုံပါပဲ။ မိနစ်အနည်းငယ်ကြာ အနားယူပြီးနောက် ကုနင်းသည် သူမ၏အတန်းအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ရှမ့်ကွမ်ယန်သည် ကုနင်းအား လှုပ်ရှားမှုပုံစံကို ပြသသည်။
“ဒါကို 'ကြယ်တာရာလှုပ်ရှားမှု' လို့ခေါ်တယ်။ 'ကြယ်တာရာလှုပ်ရှားမှု' က ခွန်အားကို မြှင့်တင်ပေးသည့် ကျွမ်းကျင်မှုတစ်ခုပဲ။ မင်းရဲ့ပြိုင်ဘက်က ဘယ်လိုကွန်ဖူးကျွမ်းကျင်မှုမျိုးရှိပါစေ၊ မင်းသူ့ကိုယ်သူ တန်ပြန်တိုက်ခိုက်ဖို့ သူ့ရဲ့ခွန်အားကို အသုံးချနိုင်တယ်။ သူ့အဆင့်မြင့်လေ တစ်ဖက်သူသေတာ မြန်လေပဲ။ တကယ့် ကွန်ဖူးဆိုတာ ရန်သူကို သူ့လက်နဲ့ သတ်နိုင်ဖို့ပဲ။"
ရှမ့်ကွမ်ယန် သရုပ်ပြပြီးသည်နှင့် ကုနင်းက စိတ်ထဲတွင် လိုကါမှတ်သားသည်က သူ့ကို အံ့အားသင့်စေသည်။ လင်ရှောင်းထင်သည် အရည်အချင်းရှိသော ကျင့်ကြံသူဟု သူထင်ခဲ့သော်လည်း ကုနင်းသည် လင်ရှောင်းထင် ထက်ပင် သာလွန်သည်။ သို့သော် ကုနင်းသည် ယခု သေမျိုးဖြစ်နေဆဲဖြစ်တဲ့အတွက် ကျင့်ကြံသူဖြစ်တဲ့ လင်ရှောင်းထင် ထက်သာလွန်သည်ဟု မဆိုလိုပါ။ ကုနင်းသည် အတတ်ပညာများကို သင်ယူနိုင်သော်လည်း သူမသည် သေမျိုးများနှင့်သာ ရင်ဆိုင်နိုင်သည်။
ကုနင်းမှာလည်း မှော်အစွမ်းရှိမှန်း ရှမ့်ကွမ်ယန်က မသိပေ။ ထိုအစွမ်းနှင့်သာဆိုလျှင် ကျင့်ကြံသူများကို ပျမ်းမျှအားဖြင့် အနိုင်ယူရန် ကူညီပေးနိုင်သည်။
"ရှောင်းထင်က မင်းကို ငါ့နောက်ကွယ်မှာ တိတ်တိတ်လေး သင်ပေးခဲ့တာလား?" ရှမ့်ကွမ်ယန်က မေးသည်။ ကုနင်းသည် အချိန်တိုလေးအတွင်း ကျွမ်းကျင်မှုအသစ်များနှင့် အကျွမ်းတဝင်ရှိနိုင်သည်ကို သူမယုံနိုင်ပေ။
လင်ရှောင်းထင်သည် ခဏလေ့ကျင့်ရန် လိုအပ်သော်လည်း ကုနင်းသည် အချိန်များစွာ မလိုအပ်ပေ။
"မဟုတ်ပါဘူး၊ ကျွန်မမှာ ဓာတ်ပုံမှတ်ဉာဏ် ရှိလို့ပါ။" လို့ ကုနင်းက ပြောလိုက်သည်။
"ဘာ? ဓာတ်ပုံမှတ်ဉာဏ်?" ရှမ့်ကွမ်ယန်က ထိတ်လန့်စွာဖြင့် မျက်လုံးများဝိုင်းစက်သွားသည်။
"မင်းဆိုလိုတာက?"
ရှမ့်ကွမ်ယန်က ကုနင်းသည် သူ့ကို လိမ်နေသည်ဟု မထင်ထားပေမယ့် တကယ်သာဆိုလျှင် အံ့သြဖို့ကောင်းလွန်းသည်။ လင်ရှောင်းထင်ကဲ့သို့ လူများစွာသည် မှတ်ဉာဏ်ကောင်းကြောင်း သူသိသော်လည်း ဓာတ်ပုံမှတ်ဉာဏ် ရှိသူသည် အလွန်ရှားပါးလှသည်။
"ဟုတ်ပါတယ်။ ကျွန်မဆိုလိုတာက ကျွန်မမြင်တာ ဒါမှမဟုတ် ကြားတာ မှန်သမျှကို မှတ်မိနိုင်တယ်။” လို့ ကုနင်းက တည်ငြိမ်တဲ့မျက်နှာနဲ့ ပြောသည်။
ထိုစကားကိုကြားတော့ ရှမ့်ကွမ်ယန် အံ့ဩသွားသည်။ တစ်စုံတစ်ဦးကို ဓာတ်ပုံမှတ်ဉာဏ် ရှိကြောင်း သူပထမဆုံးကြားလိုက်ရခြင်းပင်။ သူက အဲဒါကို စမ်းသပ်ချင်တဲ့အတွက် “ကျွမ်းကျင်မှုအသစ်အကြောင်း ငါရှင်းပြခဲ့တာကို မှတ်မိလား?” လို့ မေးလိုက်သည်။
“မှတ်မိပါတယ်” လို့ ကုနင်း က ပြောသည်။
“ကောင်းပြီ၊ အခုပြန်လုပ်ကြည့်” ဟု ရှမ့်ကွမ်ယန် က ပြောသည်။
“ဒါကို 'ကြယ်တာရာလှုပ်ရှားမှု' လို့ခေါ်တယ်။ 'ကြယ်တာရာလှုပ်ရှားမှု' က ခွန်အားကို မြှင့်တင်ပေးသည့် ကျွမ်းကျင်မှုတစ်ခုပဲ။ မင်းရဲ့ပြိုင်ဘက်က ဘယ်လိုကွန်ဖူးကျွမ်းကျင်မှုမျိုးရှိပါစေ၊ မင်းသူ့ကိုယ်သူ တန်ပြန်တိုက်ခိုက်ဖို့ သူ့ရဲ့ခွန်အားကို အသုံးချနိုင်ပါတယ်။ သူ့အဆင့်မြင့်လေ တစ်ဖက်သူသေတာ မြန်လေပဲ။ တကယ့် ကွန်ဖူးဆိုတာ ရန်သူကို သူ့လက်နဲ့ သတ်နိုင်ဖို့ပဲ။"
ကုနင်းသည် မည်သည့်အမှားမှမလုပ်ဘဲ ထပ်ခါတလဲလဲပြောခဲ့သည်။ သူမသည် ရှမ့်ကွမ်ယန်၏ လေသံကိုပင် အတုခိုးကာပြောသည်။
ရှမ့်ကွမ်ယန်သည် စက္ကန့်အနည်းငယ်မျှ တုန်လှုပ်သွားပြီး သူ့မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
လင်ရှောင်းထင်သည် သူ၏ကွန်ဖူးစွမ်းရည်ကို လေ့ကျင့်နေသော်လည်း သူတို့ကို အာရုံစိုက်လိုက်ကာ ကုနင်းသည် သူ့ထက် သင်ယူမှု ကျွမ်းကျင်သူဖြစ်သည်ကို မအံ့သြပေ။ တကယ်တော့ သူသည် သူမအတွက် ဂုဏ်ယူမိသည်။
"ကောင်းပြီ ငါမင်းကို နောက်ထပ် ကျွမ်းကျင်မှု တစ်ခုကိုပြမယ် ငါ့ရဲ့ ရှင်းပြချက်အတိုင်း မင်း ပြန်လုပ်ပေး။"ဟု ရှမ့်ကွမ်ယန်က ပြောသည်။
"ပြဿနာမရှိပါဘူး။" ကုနင်းက ယုံကြည်မှုအပြည့်နဲ့ ခေါင်းညိတ်လိုက်သည်။
ရှမ့်ကွမ်ယန်က ဆက်ပြောပြီး၊
“ဒီဟာကို 'မြွေဖြူက လျှာထုတ်တယ်' လို့ခေါ်ပြီး ရန်သူရဲ့ ဦးခေါင်း၊ မျက်နှာ၊ ပခုံး၊ မေးရိုးအောက်၊ ရင်ဘတ်နဲ့ လည်ချောင်းတွေကို တိုက်ခိုက်ဖို့ အသုံးပြုနိုင်တယ်။ လျှပ်စီးကြောင်းလို ဖြစ်သွားတဲ့အတွက် မင်းရဲ့ရန်သူက မင်းကို တားဆီးဖို့ ခက်တယ်"
" Stick B ၏ အဆုံးတစ်ဖက်ကို မင်းညာဖက်လက်ဖဝါးနဲ့ ညှပ်ပြီး အခြား Stick A ကို ညာလက်ဖြင့် ကိုင်ထားပါ။ ပြီးတော့ မင်းလက်မောင်းကို ရှေ့ကိုဆန့်လိုက်ပြီးတော့ Stick B ကို ညာဘက်လက်ကောက်ဝတ်နဲ့ လွှဲလိုက်ပါ။ မင်းလက်မောင်းကို အမြန်ပြန်ဆွဲထုတ်ဖို့အတွက် မင်းလက်မောင်းရဲ့ ခွန်အားကို အသုံးပြုပါ။ ဘယ်လက်နဲ့ ညာလက်နှစ်ဘက်လုံးနဲ့ အတူတူ လေ့ကျင့်သင့်တယ်။ တုတ်ကို ဖယ်လိုက်ရင်း မင်းရဲ့ပခုံး၊ လက်၊ တံတောင်ဆစ်၊ လက်ဖျံတွေနှင့် မင်းခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကို တစ်ချိန်တည်း ရြှေကိုဆန့်ထုတ်သင့်တယ်။ တုတ်ကို နောက်ပြန်ဆွဲလိုက်တဲ့အခါ တံတောင်ဆစ်က မင်းခန္ဓာကိုယ်ကနေ အနည်းငယ်ရွေ့သွားလိမ့်မယ်။”
ရှမ့်ကွမ်ယန်သည် သရုပ်ပြမှုကို ပြီးဆုံးပြီးနောက်၊ ကုနင်းသည် အမှားမပြုလုပ်ဘဲ သူ၏ ရှင်းပြချက်နှင့်အတူ ၎င်းကို ထပ်ခါတလဲလဲ ပြုလုပ်ပြသည်။
"အံ့ဩစရာ! မင်းက ဉာဏ်ကြီးရှင်ပဲ!" ရှမ့်ကွမ်ယန်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ကောင်းပြီ၊ မင်းသူတို့နဲ့ ပိုရင်းနှီးဖို့ ဒီကျွမ်းကျင်မှုနှစ်ခုကို လေ့ကျင့်သင့်တယ်" ဟု ရှမ့်ကွမ်ယန်ကပြောလိုက်သည်။ ကုနင်းမှာ ဓာတ်ပုံမှတ်ဉာဏ်ရှိပေမယ့်လည်း လေ့ကျင့်ခြင်းကသာလျှင် ပြီးပြည့်စုံစေတဲ့အတွက် ဖြစ်သည်။
***
အခန်း ၁၆၁၁ အပျက်မ
အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ညနေ ၅ နာရီ ထိုးပြီဖြစ်သည်။
ကုနင်းနှင့် လင်ရှောင်းထင်တို့သည် ညစာစားပြီးနောက် စစ်ဟယ်ယွမ်မှ ထွက်ခွာလာကြသည်။
ကုနင်းသည် ရာစုနှစ်မြို့တော်သို့ပြန်မောင်းပြီး လင်ရှောင်းထင်သည်တော့ သူ၏ စစ်အခြေစိုက်စခန်းသို့ ပြန်သွားရန် လိုအပ်သည်။
လင်ရှောင်းထင်က ကုနင်းကို အိမ်ပြန်ပို့ပေးချင်ပေမယ့် ကုနင်း ကားယူလာတဲ့အတွက်ကြောင့် သူတို့နှစ်ယောက် တံခါးဝမှာပဲ လမ်းခွဲလိုက်ကြမည်။
ရက်အနည်းငယ်ကြာလျှင် ပြန်ဆုံတွေ့နိုင်သော်လည်း နှစ်ယောက်စလုံး တစ်ယောက်ကိုတစ်ယောက် မခွဲခွာချင်ကြပေ။
“အခုအချိန်ဆို ကျင့်ကြံသူသူရဲ့ လေထုကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်တော့တဲ့အတွက် အရမ်းသတိထားရမယ်နော်။ ရှင့်ထက် သန်မာတဲ့ ကျင့်ကြံသူနဲ့တွေ့ရင် အကူအညီတောင်းဖို့ အဘိုး ရှမ့်ကွမ်ဆီလှည့်ပြန်နော်။” လို့ ကုနင်းက ပြောသည်။
"ကိုယ်နားလည်ပါပြီ" ကုနင်းက သူ့ကိုဂရုစိုက်တာကို လင်ရှောင်းထင် ခံစားလိုက်ရသည်။ ကုနင်းသည် သူ့ကို ဂရုတစိုက်သောကြောင့်သာ သတိထားဖို့ ထပ်ခါသတိပေးနေခြင်းဖြစ်သည်။
ထို့နောက် လမ်းခွဲလိုက်ကြသည်။
သို့သော် ကုနင်းသည် ဟိုတယ်တစ်ခုမှ ဖြတ်သွားသောအခါ သူမသည် ကူအန်းနာကို တိုက်ဆိုင်စွာတွေ့လိုက်ရပြီး အသက် ၃၀ ဝန်းကျင် အမျိုးသမီး နှစ်ယောက်က သူမအား ကြမ်းတမ်းစွာ ဆွဲခေါ်သွားသည်ကို တွေ့လိုက်ရသည်။ ကူအန်းနာဟာ ရုန်းကန်နေပေမယ့် အမျိုးသမီးနှစ်ယောက်နဲ့ယှဥ်လျှင် သူမဟာ အားနည်းလွန်းသည်။
ဘေးမှာကြည့်ရှုသူများရှိသော်လည်း ကူအန်းနာကို မည်သူမျှ မကူညီကြပါ။ ဟိုတယ်လုံခြုံရေး အစောင့်တွေက အမျိုးသမီး နှစ်ယောက်ကို တားဆီးဖို့ ကြိုးစားပေမယ့် အသုံးမဝင်ပေ။
ကူအန်းနာက ကုနင်းရဲ့ သူငယ်ချင်းမို့လို့ ဒီအချိန်မှာ တစ်ခုခုလုပ်ပေးရမှာပေါ့။ မနှောင့်နှေးဘဲ ကုနင်းသည် ဟိုတယ်တံခါးဆီသို့ မောင်းသွားလိုက်သည်။ ကားပေါ်မှ ဆင်းပြီးသည်နှင့် အဆင်မပြေသော စကားများကို ကြားလိုက်ရသည်။
"နင်က အရှက်မရှိတဲ့ အပျက်မပဲ! ငါ့ယောက်ျားကို ဖျားယောင်းရဲတယ်ပေါ့!"
"ခွေးမ!"
အမျိုးသမီး နှစ်ဦးသည် ကူအန်းနာကို စော်ကား အော်ဟစ်နေသည်။
ကုနင်းသည် မျက်မှောင်ကြုတ်ကာ ကူအန်းနာသည် အိမ်ထောင်သည်ယောက်ျားကို သွေးဆောင်မည်ဟု မယုံပေ။ ကူအန်းနာသည် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးကဲ့သို့ ၀တ်ဆင်တတ်သော်လည်း သူမသည် အလွန်ချမ်းသာသော မိသားစုတွင် မွေးဖွားလာ၍ သူမ၏ ခန္ဓာကိုယ်ကို ပိုက်ဆံဖြင့် ရောင်းချရန် မလိုအပ်ပေ။ ကုနင်းသည် ကူအန်းနာအကြောင်း သိပ်မသိသော်လည်း ကူအန်းနာသည် မကောင်းသောမိန်းမမဟုတ်ကြောင်းတော့ သူမသိသည်။
"ငါ့ကိုလွှတ်! ရူးနေတာလား? ဘာလားဟ? နင့်ယောကျာ်းကို ငါမဖျားယောင်းခဲ့ဘူး၊ နင့်ယောက်ျားကသာ ငါ့ကို နှောင့်ယှက်နေတာ။ ဒီလောက် ရုပ်ဆိုးပြီး ရွံရှာစရာကောင်းတဲ့လူ!” ကူအန်းနာက ဒေါသထွက်သွားသည်။
တခြားလူတွေက သူမစကားတွေကို မယုံကြပေမယ့် ကုနင်းကတော့ယုံသည်။ သူမသည် သူတို့ဆီသို့ တည့်တည့်လျှောက်သွားကာ အမျိုးသမီးနှစ်ဦးကို ကူအန်းနာနှင့် ဝေးရာသို့ ဆွဲထုတ်လိုက်သည်။
ကူအန်းနာသည် သူမ၏သူငယ်ချင်းဖြစ်သောကြောင့် ကုနင်းသည် ထိုမိန်းမနှစ်ယောက်ကို ဆွဲထုတ်နေစဉ် တိတ်တဆိတ်ဆွဲဆိတ်လိုက်၍ ထိုမိန်းမနှစ်ယောက်သည် နာကျင်စွာအော်ဟစ်နေကြသည်။
"နင်းနင်း!" ကူအန်းနာက ကုနင်းကိုတွေ့တော့ အံ့သြသွားသည်။ ကုနင်းသည် သူမ၏ ကယ်တင်ရှင်ပင်။ မည်သူမျှ သူမအား ကူညီရန် ဆန္ဒမရှိဘဲ ကုနင်းသာ မရောက်လာပါက သူမ အလွန်အရှက်ရလိမ့်မည်။
"နင်ဘယ်သူလဲ?"
"နင်နဲ့ဘာဆိုင်လို့လဲ!"
"သူ့မျက်နှာကိုကြည့်။ သူတို့က အရှက်မရှိတဲ့ မိန်းမမျိုးတွေ ဖြစ်ရမယ်!”
မိန်းမနှစ်ယောက်က ကုနင်းကို မနာလိုစိတ်အပြည့်နဲ့ ကြည့်ကာပြောနေကြသည်။ သူတို့၏မျက်လုံးထဲတွင် လှပသောမိန်းကလေးအားလုံးသည် အရှက်တရားကင်းမဲ့ပြီး သူတို့၏ခင်ပွန်းများကို ဖျားယောင်းတတ်ကြသည်ဟုမြင်သည်။
ကုနင်းက သူတို့ကို ငြိမ်သက်အေးစက်စွာ စိုက်ကြည့်နေပေမယ့် အမျိုးသမီးနှစ်ယောက်ကတော့ စိတ်ဆိုးနေကြသည်။
"ဘာလဲ? အပျက်မတွေဖြစ်ပြီး အပြစ်ကင်းသလို ဟန်ဆောင်မနေနဲ့။"
"နင်ကများ ရာရာစစ!" မိန်းမနှစ်ယောက် ကုနင်းကို အရှက်ခွဲလာသောအခါ ကူအန်းနာက ဒေါသထွက်သွားသည်။
ကုနင်းဟာ သူမကြောင့် ဒုက္ခရောက်ရတဲ့အတွက် သူမကိုယ်သူမ အပြစ်ရှိသလို ခံစားရသည်။ အံ့အားသင့်စရာကောင်းအောင် ကုနင်းသည် သူမထက် ပိုလျင်စွာနဲ့ အမျိုးသမီးနှစ်ယောက်ကို အားပြင်းပြင်းဖြင့် ပါးရိုက်လိုက်သည်။
ထိုမြင်ကွင်းကြောင့် ကြည့်ရှုသူများအားလုံး အံ့အားသင့်သွားကြသည်။ ကုနင်းက အရမ်းရက်စက်သည်။
မည်သို့ပင်ဆိုစေကာမူ အမျိုးသမီးနှစ်ဦးသည် ရန်လိုပြီး မောက်မာလွန်းသောကြောင့် နားလည်နိုင်သည်။ ကုနင်းသည် လှပလွန်းတဲ့အတွက်ယုတ္တိမရှိသော အပျက်သဘောဖြင့် သူမကို အကဲဖြတ်ခဲ့ကြသည်။ ထို့အပြင် ကူအန်းနာက သူမသည် ထိုအမျိုးသမီး၏ခင်ပွန်းကို သွေးဆောင်ခြင်းမဟုတ်ကြောင်းပြောသော်လည်း ထိုအမျိုးသမီးများက သူမကို အလွှတ် မပေးပေ။
"လူတစ်ယောက်ကို မင်းတို့လိုချင်သလိုလျှောက်ပြောပြီး လူရှေ့သူရှေ့မှာ အရှက်မခွဲပါနဲ့" ကုနင်းက ပြောသည်။ ထိုမိန်းမနှစ်ယောက်ကို လုံးဝ မကြောက်ပေ။
“နင်…” အမျိုးသမီး နှစ်ယောက်က ကုနင်းကို ဒေါသတကြီး လက်ညှိုးထိုးပြသော်လည်း သူမနှင့် ရန်မဖြစ်ရဲ။
"ငါဘယ်သူလဲဆိုတာ နင်သိလား?" အမျိုးသမီးတစ်ဦးက လှမ်းအော်သည်။
"အဲ့တော့? ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။” လို့ ကုနင်းက ပြောသည်။ မည်သို့ပင်ဆိုစေကာမူ သူမအပြစ်မဟုတ်သလို ထိုအမျိုးသမီးနှစ်ယောက်က သူမကို ထိခိုက်စေနိုင်သည်ဟု သူမထင်ပေ။
ကူအန်းနာက သူ့နှုတ်ခမ်းတွေကို ဆူထုတ်လိုက်ကာ “ရယ်ဖို့တောင်ကောင်းသေးတယ် နင်ရော ငါဘယ်သူလဲဆိုတာသိလား?"
ထိုအမျိုးသမီးက အံသြပြီး ဘာပြန်ပြောရမှန်းကို မသိတော့ပေ။ ကူအန်းနာသည် သူမထက် သြဇာပိုကြီးနိုင်သော်လည်း သူမသည် ၎င်းကို မယုံချင်ပေ။ ကူအန်းနာသည် သူ့ခင်ပွန်းကို ဖြားယောင်းခဲ့တာကို ကူအန်းနာက ငြင်းဆိုထားပေမယ့်လည်း ထိုအရာကိုတော့ သူမယုံကြည်သည်။
***
အခန်း ၁၆၁၂ မိုက်မဲသော အမျိုးသမီး
"နင်က ဘယ်သူမလို့လဲ?" အမျိုးသမီးက မေးသည်။
"ငါဘယ်သူလဲဆိုတာကိုမသိပဲ ငါ့ကို လူမြင်ကွင်းမှာ အရှက်တကွဲဖြစ်အောင် ဘယ်လိုလုပ် လုပ်ရဲတာလဲ? မရှုပ်သင့်တဲ့သူကို ရှုပ်မိပြီးပြသနာတက်မှာ မကြောက်ဘူးလားဟမ်? တော်တော်ကို မိုက်မဲတဲ့ မိန်းမပဲ” လို့ ကူအန်းနာက စိတ်တိုတိုနဲ့ ပြောလိုက်သည်။
သူ့ခင်ပွန်းသည်တွင် အငယ်အနှောင်းတကယ်ရှိလျှင်တောင် သူ့ခင်ပွန်းကို အပြစ်တင်သင့်သည်။ သူမသည် ခင်ပွန်းဖြစ်သူကို ပြသနာမရှာရဲ၍ အခြားအမျိုးသမီးကို တိုက်ခိုက်ရန် လှည့်လာသည်။ တကယ်တော့ သူမခင်ပွန်းသည်က သူမအပေါ် သစ္စာမရှိဘူးဆိုလျှင် သူမ၏ အိမ်ထောင်ရေးတစ်လျှောက်မှာ အဆုံးမဲ့ရန်သူတွေရှိလာမှာပါပဲ။ သစ္စာမဲ့သူသည် သာယာသောအိမ်ထောင်ရေး၏ အဓိကပြဿနာဖြစ်သည်။
ပြီးတော့ အမျိုးသမီးက ခင်ပွန်းဖြစ်သူရဲ့ အပြုအမူကို သည်းခံခဲ့တယ်၊ ဆိုလိုသည်မှာ သူမသည် စာနာစိတ်နှင့် မထိုက်တန်ပေ။
“နင်…” အမျိုးသမီးက ဒေါသထွက်နေပြီး သူမ စကားကို ပြီးအောင် မပြောနိုင်ခင်မှာ ကူအန်းနာက သူ့ကို ဖြတ်ပြောလိုက်သည်။
"နင်အခုချက်ချင်း နင့်ယောကျာ်းကို ဖုန်းခေါ်ပြီး ကူအန်းနာက ဘယ်သူလဲလို့ မေးလိုက်ပါလား?"
ထိုအမျိုးသမီး၏ခင်ပွန်းသည် ကူအန်းနာ၏ ချောမောသောရုပ်ရည်ကြောင့် ကူအန်းနာကို သွေးဆောင်ဖျားယောင်းရန် အမှန်တကယ်ကြိုးစားခဲ့သော်လည်း ကူအန်းနာ၏မိသားစုနောက်ခံကို သိလိုက်သည်နှင့် ကြောက်ရွံ့ပြီး သူ၏ အကြံအစည်ကို စွန့်လွှတ်ခဲ့သည်။
ကူအန်းနာသည် ထိုမိန်းမကို စောစောကတည်းက သူ့ခင်ပွန်းကို ဖုန်းခေါ်စေချင်ပေမယ့် ထိုမိန်းမသည် သူ့စကားကို နားထောင်ရန်အတွက် ဒေါသထွက်လွန်းနေသည်။ ကုနင်းသာ သူမကို မကူညီခဲ့ဘူးဆိုရင် အခု သူဘာလုပ်ရမယ်ဆိုတာ သိမှာမဟုတ်ပေ။
ကူအန်းနာသည် သူမထက် ပို၍ သြဇာညောင်းသည်ဟု ထင်ရသောကြောင့် အမျိုးသမီးသည် ရုတ်တရက် ထိတ်လန့်သွားသည်။
ကြည့်ရှုသူများကလည်း သိချင်ကြသည်။
ထို့နောက် အမျိုးသမီးက သူ့ခင်ပွန်းကို ဖုန်းဆက်ပြီး ကူအန်းနာက ဘယ်သူလဲဟု မေးလိုက်သည်။
"ကူအန်းနာ? မင်းဘာလို့သူ့အကြောင်းမေးတာလဲ?" ကူအန်းနာ၏အမည်ကို ကြားသောအခါ အမျိုးသမီး၏ခင်ပွန်းသည် ထိတ်လန့်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့ဇနီးသည်က ကူအန်းနာအကြောင်းကို ရုတ်တရက် မေးလိုက်သည်မှာ ထူးဆန်းသလို ခံစားလိုက်ရသည်။
"ကူအန်းနာကို မင်းဘယ်လိုလုပ်သိတာလဲ? မင်း သူ့ကို ဘာလုပ်လိုက်လို့လဲ?" သူချက်ချင်းမေးသည်။
"ကူအန်းနာက ဘယ်သူလဲ ပြောပြစမ်းပါ။" မိန်းမက သည်းမခံနိုင်တော့ပေ။
"မြို့တော်က ကူမိသားစုကို သိတယ်မလား။ အရမ်းချမ်းသာတဲ့ မိသားစုလေ ကူအန်းနာက ကူမိသားစု၀င်ပဲ” ဟု အမျိုးသမီး၏ခင်ပွန်းက ပြောကြားသည်။
"ဘ..ဘာ?" အမျိုးသမီးက အံ့သြသွားသည်။ ယုံကြည်ဖို့ခက်သည်။ သူမသည် ကူအန်းနာကို လှည့်ကြည့်ကာ စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။
ခင်ပွန်းသည် တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရပြီး “မင်း သူ့ကို အမှားလုပ်မိလို့လား?” ဟု စိတ်လှုပ်ရှားစွာ မေးသည်။
အမျိုးသမီးက တိတ်ဆိတ်နေပြီး ခင်ပွန်းသည်က ပိုလို့တောင် စိုးရိမ်နေသည်။
"တစ်ခုခုပြောလေ!"
“ကျွန်မ...ကျွန်မ...ကျွန်မ…” အမျိုးသမီးက ခင်ပွန်းဖြစ်သူအား သူမ ဘာလုပ်ခဲ့လဲဆိုတာကို ပြောပြဖို့ တုံ့ဆိုင်းနေသည်။
သူမရဲ့ တုံ့ပြန်မှုကို ကြည့်ပြီး၊ ကြည့်ရှုသူတွေက သူမဟာ ကူအန်းနာနှင့် ယှဉ်နိုင်တဲ့သူ မဟုတ်ဘူးဆိုတာ သေချာသိသွားသည်။
အဲဒီနောက်မှာတော့ ကူအန်းနာက သူမရဲ့ ဖုန်းကို ကောက်ကိုင်လိုက်ပြီး အမျိုးသမီးဟာ ထိတ်လန့်တုန်လှုပ်စွာ ရပ်နေသည်။
"မစ္စတာလျှို့၊ ရှင်ရဲ့ဇနီးက ကျွန်မကို အပျက်မလို့ ပြောပြီး ရှင့်ကို ဖျားယောင်းဖို့ ကြိုးစားတယ်ဆိုပြီး လူမြင်ကွင်းမှာ အရှက်ခွဲတယ်။ ကျွန်မအခု လုံး၀အရှက်ကွဲသလိုခံစားနေရပြီ။ ကျွန်မ တစ်ခုခု မလုပ်သင့်ဘူးလား?" ကူအန်းနာက ပြောသည်။
အမျိုးသမီး၏ခင်ပွန်းက ချက်ချင်းတောင်းပန်ခဲ့သည်။ "မစ္စကူ ကျွန်တော် တကယ်တောင်းပန်ပါတယ်။ ဒါတွေအားလုံးက ကျွန်တော့်မိန်းမရဲ့အမှားပါပဲ။ ဒီတစ်ခါတော့ သူမကို ခွင့်လွှတ်ပေးပါ။ သူမထပ်မလုပ်တော့ပါဘူးလို့ ကတိပေးတယ်!”
အမျိုးသမီး၏ခင်ပွန်းသည် ဖုန်းပြောရာတွင် ယဉ်ကျေးသိမ်မွေ့စွာပြောနေသော်လည်း၊ အမှန်တကယ်တွင် သူ့ဇနီးကို တော်တော် ဒေါသထွက်နေသည်။ ဒီအချိန်မှာ သူ့မိန်းမက သူ့ရှေ့မှာရှိနေရင် ပါးရိုက်ပြီး မဆိုင်းမတွ ငေါက်ပစ်လိမ့်မည်။
သို့သော် ထိုအမျိုးသမီးသည် သူ၏ဇနီးဖြစ်ပြီး သူ့လုပ်ငန်းထိခိုက်ပါလာမည်ဆိုး၍ ဤပြဿနာကို ဖြေရှင်းရန် တစ်ခုခုလုပ်ရမည်ဖြစ်သည်။
"သူမကို ခွင့်လွှတ်ရမှာလား? ကျွန်မရဲ့ နာမည်ကပျက်သွားပြီလေ!”
“အင်း…” အဲဒီလူက အခု ဘာပြောရမှန်းတောင် မသိတော့ပေ။ ဘာဖြစ်လို့လဲဆိုတော့ ကူအန်းနာက အလွန်ချမ်းသာတဲ့ မိသားစုမှာ မွေးဖွားတဲ့အတွက် သူမရဲ့ နာမည်ဂုဏ်သတင်းက အရမ်းအရေးပါတာကြောင့်ဖြစ်သည်။ သူ့မိန်းမမိုက်မဲကာ မရှုပ်သင့်တဲ့သူကို စော်ကားမိတာကိုသာ အပြစ်တင်နိုင်တော့သည်။ သို့သော် ကူအန်းနာကို အရင်ဆုံး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့သူမှာ သူဖြစ်ကြောင်းလုံးဝ မေ့သွားသည်။ သူသည် အရှက်တရားကင်းမဲ့ပြီး တစ်ကိုယ်ကောင်းဆန်သူဖြစ်သည်။
“ကျွန်မ သူ့ကို ခွင့်လွှတ်နိုင်တယ် ဒါပေမယ့် သူကျွန်မကို လူသိရှင်ကြား ၁၀ ကြိမ်တောင်းပန်ရမယ်။”
ဒါဟာ ကြီးလေးတဲ့ ပြဿနာမဟုတ်သလို ကူအန်းနာက သူတို့အတွက် အချိန်ဖြုန်းဖို့ ဆန္ဒမရှိပေ။ သူမမှာ ပိုအရေးကြီးတာတွေ လုပ်စရာရှိသေးသည်။
"ဟုတ်ပါတယ် သူလုပ်သင့်တယ်!"
ထိုလူက ပြောသည်။ ကူအန်းနာက သူ့မိန်းမကို လူသိရှင်ကြား အကြိမ် ၁၀၀ တောင်းပန်စေချင်ရင်တောင် သူသဘောတူမှာပါ။ ကူမိသားစုက သူ့လုပ်ငန်းကို ဖျက်ဆီးကာ သူ့ကို အပြစ်ပေးမှာ မဟုတ်ဘူးလို့ပဲ သူမျှော်လင့်သည်။
ကူအန်းနာသည် ထိုယောက်ျားနှင့် စကားပြောရန် စိတ်မ၀င်စားတော့ဘဲ အမျိုးသမီးထံ ဖုန်းပြန်ပေးလိုက်သည်။ အမျိုးသမီးက ဖုန်းကို ယူပြီးနောက် ခင်ပွန်းဖြစ်သူက ဖုန်းနဲ့ အော်ပြောနေတာကို ကြားလိုက်ရသည်။
"မစ္စကူ ပြောတာကို မင်းကြားလား"
***
အခန်း ၁၆၁၃ တောင်းပန်ပါတယ် မစ္စကူ
“ဟုတ်...ဟုတ်ကဲ့” အမျိုးသမီးက ပြောသည်။
"မစ္စကူ ပြောသလိုလုပ်ရင်လုပ် မဟုတ်ရင် ငါ မင်းနဲ့ကွာရှင်းမယ်!" ထိုအမျိုးသမီးရဲ့ခင်ပွန်းက ခြိမ်းခြောက်လိုက်သည်။
အမျိုးသမီး၏ခင်ပွန်းသည် သူမ၏ဖခင်သြဇာကြောင့် သူမကို အနည်းငယ်ကြောက်သော်လည်း ကူအန်းနာ၏မိသားစုသည် သူမတို့ထက်ပိုမိုအားကောင်းသည်။ ကူအန်းနာသာ မကျေနပ်ရင် သူတို့ရဲ့ မိသားစုစီးပွားရေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက်နိုင်သည်။ ခင်ပွန်းဖြစ်သူက ကွာရှင်းဖို့ ခြိမ်းခြောက်တဲ့အခါ အမျိုးသမီးက ကြောက်ရွံ့သွားသည်။ မနှောင့်နှေးဘဲ၊ သူမသည် လူတိုင်းရှေ့မှာ ကူအန်းနာကို တောင်းပန်လိုက်သည်။
"တောင်းပန်ပါတယ် မစ္စကူ ဒါတွေအားလုံး ကျွန်မအမှားပါ ကျေးဇူးပြုပြီး ကျွန်မကိုခွင့်လွှတ်ပေးပါ။"
"တောင်းပန်ပါတယ် မစ္စကူ ဒါတွေအားလုံး ကျွန်မအမှားပါ ကျေးဇူးပြုပြီး ကျွန်မကိုခွင့်လွှတ်ပေးပါ။"
"တောင်းပန်ပါတယ် မစ္စကူ ဒါတွေအားလုံး ကျွန်မအမှားပါ ကျေးဇူးပြုပြီး ကျွန်မကိုခွင့်လွှတ်ပေးပါ။"
“…”
ထိုအမျိုးသမီးက သူမကို ၁၀ ကြိမ်တိုင်တိုင် လူသိရှင်ကြား တောင်းပန်ပြီးတဲ့အခါ ကူအန်းနာက ထွက်သွားဖို့ ပြောလိုက်သည်။
"ကုနင်း မင်းရဲ့အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ်" ကူအန်းနာက ပြဿနာကိုအဆုံးသတ်ပြီးချိန်မှာ ကုနင်းကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
ကုနင်းသာ အချိန်မှီ မရောက်လာရင် သူမဘာလုပ်မယ်ဆိုတာ သိမှာမဟုတ်ပေ။
"ရပါတယ်" ကုနင်း ကပြောသည်။ "ဒါဆို ငါအခု ပြန်တော့မယ်နော်"
"နေပါအုံး ဒီနေ့ တိုက်တိုက်ဆိုင်ဆိုင်စွာ တွေ့မှတော့ ဒီညအတူတူလည်ကြတာပေါ့။ ချင်ယင်းနဲ့ ငါရုပ်ရှင်သွားကြည့်ကြဖို့လုပ်ထားတယ်။” ဟု ကူအန်းနာက ပြောသည်။ သူမက ကုနင်းကို အခုချက်ချင်း သွားခွင့်မပြုချင်ပေ။
တကယ်တော့ ကုနင်းက ကူအန်းနာရဲ့အိုင်ဒေါဖြစ်ပြီး ဖြစ်နိုင်ရင် ကုနင်း န့ အမြဲတမ်း အပြင်ထွက်လည်ချင်ခဲ့တာပါ။
ကုနင်း ခဏလောက်စဉ်းစားပြီး သဘောတူလိုက်တယ်။ “ဟုတ်ပြီလေ”
"ကောင်းလိုက်တာ ဒါပေမယ့် ငါနဲ့အတူ ငါရဲ့သူငယ်ချင်းတွေနဲ့ ခဏလောက်တော့ လိုက်တွေ့ပေးပါအုံး။ ဒီနေ့ နိုင်ငံခြားကပြန်လာတဲ့ သူငယ်ချင်းတစ်ယောက်က အခုထမင်စားနေကြတာ။ ဒီနေ့နေ့လည်တုန်းက ချိန်းထားတာရှိတာနဲသူတို့နဲ့မလည်နိုင်လိုက်လို့ သူတို့ကို အခုခနပဲ တွေ့ဖို့လာခဲ့တာ” လို့ ကူအန်းနာကပြောသည်။
ကုနင်းကို သူမအားစောင့်ဖို့ တစ်ယောက်တည်း ထားခဲ့ရင် မယဉ်ကျေးဘူးလို့ သူမ တွေးသည်။
“ရပါတယ်” ကုနင်းက ဒါကို ဂရုမစိုက်ပေ။
ထို့နောက် ကုနင်းသည် ကူအန်းနာနဲ့အတူ အပေါ်ထပ်ကို တက်သွားသည်။ သို့သော်လည်း သီးသန့်အခန်းတံခါးနားသို့ ချဉ်းကပ်လာသောအခါ အတွင်းမှ အမျိုးသားတစ်ဦး၏ အသံကို ကုနင်း ကြားလိုက်ရသည်။
"ဖန်းကျီရာ ကူအန်းနာကို မင်းအိပ်ရာပေါ်တင်ဖို့ဆိုတာ လွယ်လွယ်လေးပါ။ သူ့ကို ဆေးခတ်လိုက်ရင် ရနေပြီ။ စိတ်မပူနဲ့၊ ငါတို့ ဒီကိစ္စကို ဘာမှ မပြောဘူး။” ထို့နောက် လူတစ်စုက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
ကုနင်းက ချက်ချင်းရပ်လိုက်ပြီး ကူအန်းနာကို ဆွဲလိုက်သည်။ ကူအန်းနာက ဘာမှမကြားရတာကြောင့် ကုနင်းကို ကြောင်ကြည့်နေသည်။
"မင်း အခုထွက်သွားလို့ရပြီ" ဟု ဤနေရာကိုလမ်းညွှန်ပေးသော စားပွဲထိုးအား ကုနင်းက ပြောသည်။
“ဟုတ်ကဲ့” စားပွဲထိုးက ထွက်သွားသည်။
အဲဒီနောက် ကုနင်းက ကူအန်းနာကို အသံတိုးတိုးလေးနဲ့ ခဏစောင့်ခိုင်းပြီး သီးသန့်ခန်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကို အသုံးပြုလိုက်သည်။ ဟာသတစ်ခုလိုထင်ရသော်လည်း ကုနင်းက အလေးအနက်ထားသည်။
ကူအန်းနာက ကုနင်း ဘာလုပ်နေမှန်း မသိပေမယ့် သူမပြောတာကို နားထောင်သည်။
ကုနင်းသည် သီးသန့်ခန်းထဲတွင် အမျိုးသား သုံးယောက်နှင့် အမျိုးသမီး နှစ်ယောက်ကို တွေ့လိုက်ရသည်။
ရယ်မောပြီးနောက် ချောမောသော အမျိုးသားက "ကောင်းပြီ နောက်ကျရင် ငါတို့ ဘားကို အတူတူ သွားကြမယ်။ အဲ့ကျရင် ငါ မင်းကိုပဲ အပ်လိုက်တော့မယ် ဒါပေမယ့် မင်းဒီကိစ္စကိုလျှို့ဝှက်ထားနော်။"
"ပြဿနာမရှိဘူး!" အခြားလူက ပြောသည်။
တခြားသူတွေကလည်း ချက်ခြင်းသဘာတူလိုက်သည်။
"ငါတို့လည်း ဘာမှ မပြောဘူး"
ကုနင်းက ကူအန်းနာကို အပြင်မှာ မေးလိုက်သည် "သူတို့နဲ့ မင်းရဲ့ဆက်ဆံရေးက ဘယ်လိုလဲ?"
“ငါတို့က အထက်တန်းကျောင်းတူတူတက်ခဲ့တာဆိုတော့ အရင်ထဲက သိခဲ့တာ။ တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖြစ်တာ နှစ်တော်တော်ကြာပေမယ့် အဆက်အသွယ်မပြတ်သေးလို့ သူငယ်ချင်းဖြစ်နေတုန်းပဲ။”
"အခု အထဲဝင်ရအောင်" ကုနင်းက ပြောသည် ။ သူတို့ထွက်သွားမှ ကူအန်းနာကို ပြောပြရန် ဆုံးဖြတ်လိုက်တယ်။ သူမသည် ကူအန်းနာ အကြောင်းကိုသိပြီး သူမ၏သူငယ်ချင်းများက သူမနောက်ကွယ်တွင် မကောင်းတာကြံစည်နေသည်ကိုသိပါက ကူအန်းနာ ဒေါသပေါက်ကွဲမည်ကို ဆိုးရသည်။
“ဟုတ်ပြီ” ကူအန်းနာသည် ကုနင်း၏ထူးဆန်းသောမေးခွန်းများကြောင့် စိတ်ရှုပ်ထွေးနေသေးသော်လည်း ၎င်းနှင့်ပတ်သက်ပြီး နောက်ထပ်မမေးပေ။
"ဝင်လာခဲ့!" အခန်းထဲက တစ်ယောက်ယောက်က ပြောလိုက်တော့ ကူအန်းနာက တံခါးဖွင့်ပြီး အထဲကို ဝင်သွားသည်။
“ကြိုဆိုပါတယ် အလှလေးကူ။ နောက်ကျလို့ ဒဏ်ကြေးအနေနဲ့ သုံးခွက်သောက်သင့်တယ်။” ဟု အမျိုးသားတစ်ဦးက ပြောသည်။
"ငါ အလုပ်ရှုပ်နေလို့ နောက်ကျသွားတာ တောင်းပန်ပါတယ်။" ကူအန်းနာက သူတို့ကို တောင်းပန်ပြီး သောက်လိုက်သည်။
သူမက အများကြီးသောက်နိုင်တာမို့ အရက်သုံးခွက်လောက်ကို ဂရုမစိုက်ပါ။
ထို့နောက်တွင် သူမ၏သူငယ်ချင်းများက ကုနင်းကို သတိပြုမိပြီး အမျိုးသားတစ်ဦးက "အို ဒီနေ့ နောက်ထပ် လှပတဲ့ အမျိုးသမီးတစ်ယောက်ရှိသေးတာပဲ!"
ယောက်ျား သုံးယောက်က ကုနင်းကို မြင်လိုက်သောအခါတွင် သူမ၏ လှပသောအသွင်အပြင်ကြောင့် အားလုံး အံ့သြသွားကြပြီး အမျိုးသမီး နှစ်ယောက်က သူမကို မနာလို ဖြစ်နေကြသည်။
ကုနင်းသည် သူတို့၏အကြည့်များကို လျစ်လျူရှုလိုက်သည်။
"ဒါ ငါ့သူငယ်ချင်း ကုနင်း။" ကူအန်းနာက ကုနင်းကို သူ့သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးသည်။
"တွေ့ရတာဝမ်းသာပါတယ်" လို့ ကုနင်းကပြောလိုက်သည်။ အခန်းအပြင်မှာကြားလိုက်ရတဲ့စကားတွေကြောင့် သူတို့ကို သူမတကယ်မုန်းတီးပေမဲ့ သူမမျက်နှာမှာ ခံစားချက်ကို ထုတ်မပြခဲ့ပေ။
"တွေ့ရတာဝမ်းသာပါတယ် မစ္စကု!" လူသုံးယောက်က ကုနင်း အား အားတက်သရော နှုတ်ဆက်သော်လည်း အမျိုးသမီး နှစ်ယောက်က နှုတ်ဆိတ်နေသည်။
"လာ ဒီကိုလာထိုင်!" လူတစ်ယောက်က ကူအန်းနာနဲ့ ကုနင်းကို စားပွဲဘေးမှာ ထိုင်ဖို့ ဖိတ်လိုက်သည်။
***
အခန်း ၁၆၁၄ ထိန်းချုပ်မှုလွတ်သွား
အခြားလူက ကုနင်းနှင့် ကူအန်းနာတို့ကို တစ်ခွက်စီ ပေးလိုက်သော်လည်း ကုနင်းက ငြင်းဆိုလိုက်သည်။
"တောင်းပန်ပါတယ် ကျွန်မသောက်တော့ပါဘူး။" ကုနင်းသည် စောစောက သူတို့ပြောနေတာကြားပြီးနောက် သူတို့နှင့် အတူသောက်ရန် တွန့်ဆုတ်နေသည်။
သူတို့၏ပစ်မှတ်မှာ ကူအန်းနာ ဖြစ်သည်။ သို့သော် ကူအန်းနာသည် သူမ၏သူငယ်ချင်းဖြစ်သောကြောင့် သူမသည် သူတို့ကို ဒေါသထွက်နေသည်။
ကုနင်းက မသောက်တဲ့အတွက် ယောက်ျားက မကျေမနပ် ဖြစ်နပေုံရသည်။
"နည်းနည်းလောက်တော့သောက်ပါ။ လုံးဝမသောက်ရင် ပျင်းဖို့ကောင်းမှာပေါ့။"
"ဖန်းကျီ ငါ့သူငယ်ချင်း မသောက်ဘူးတဲ့လေ နင်သူ့ကို အတင်းမသောက်ခိုင်းနဲ့။ ငါ နင်နဲ့အတူတူ သောက်ပေးမယ်။” ဟု ကူအန်းနာက ပြောသည်။ ကုနင်းကို ကာကွယ်သင့်တယ်လို့ သူမထင်သည်။
“အန်းနာ ဒါက သောက်စရာလေးတစ်ခုပဲလေ။ ကြီးကြီးမားမားမှမဟုတ်တာ” ဟု ကူအန်းနာရဲ့ အမျိုးသမီး သူငယ်ချင်းအေက ပြောသည်။
"ဟုတ်တယ် ငါတို့က အပျော်သောက်တာလေ အရမ်းစပ်စပ်ထိမခံဖြစ်မနပေါနဲ့ !" သူမ၏ သူငယ်ချင်းဘီသည်လည်း ၀င်ပြောသည်။
"ကောင်းပြီ ဒါဆို ငါ့သူငယ်ချင်းကိုယ်စား ငါသောက်ပေးရင်ရော ရတယ်မလား?" ကူအန်းနာက ပြောသည်။ သူမသည် မပြောလျှင်တောင် သူမ၏ သူငယ်ချင်း နှစ်ယောက်သည် ကုနင်းကို ထိခိုက်စေရန် ရည်မှန်းထားသည်ကို သူမ မြင်နိုင်သည်။ ကုနင်းက သူတို့ထက် အများကြီး ပိုလှ၍ ကုနင်းကို မနာလိုနေကြောင်းသိသာသည်။
"ဟင့်အင်း နင်သောက်လို့မရဘူး။ နင်တစ်ယောက်ထဲဆိုရင် ပျင်းဖို့ကောင်းနေမှာပေါ့။” ဟု ကူအန်းနာ၏ အမျိုးသားသူငယ်ချင်းအေက ပြောသည်။
"ကောင်းပြီ ကျွန်မလည်း ရှင်တို့နဲ့ အတူသောက်မယ်။"
သူမကို အရက်သောက်ဖို့ ဖြားယောင်းသွေးဆောင်တာကို အရှုံးမပေးတဲ့အတွက် ကုနင်းက သောက်ရန် သဘောတူလိုက်သည်။ ဒါပေမယ့် သူတို့လုပ်ချင်တာကို လုပ်ခွင့်ပေးမည်မဟုတ်ပါ။
“အပျော်သောက်တာဆိုတော့ အားလုံး ကျေနပ်တဲ့အထိ ဘယ်သူမှ မရပ်သင့်ဘူး။ ရိုးရိုးသားသားပြောရရင် ကျွန်မက အရက်သောက်တဲ့အခါ ၀အောင် မသောက်ရရင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မှု ပျောက်သွားလေ့ရှိတယ်။”
ကုနင်းက သူတို့ကို သင်ခန်းစာတစ်ခုပေးဖို့ ရည်ရွယ်လိုက်သည်။ သူမသည် မိမိကိုယ်ကို ကာကွယ်ရန် မှော်အစွမ်းရှိသောကြောင့် သူမဘယ်လောက်ပဲ သောက်နေပါစေ သူမ အဆင်ပြေလိမ့်မည်။
အခန်းတွင်းရှိ အခြားလူများက ကုနင်းသည် အလွန်သောက်နိုင်သည်ဟု မထင်ထားသောကြောင့် အလွန်လွယ်ကူသည်ဟု ထင်မြင်ကြသည်။
"ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဒီအရက်က တော်တော်ပြင်းတယ်နော် မင်းသတိထားသင့်တယ်။" ကူအန်းနာရဲ့ အမျိုးသားသူငယ်ချင်းဘီက ပြောသည်။
"နင်းနင်း" ကူအန်းနာက ကုနင်းအတွက် နည်းနည်း စိတ်ပူသွားသည်။
"အေးဆေးပါ ငါရပါတယ်။" ကုနင်းက ကူအန်းနာကို နှစ်သိမ့်လိုက်သည်။
ကုနင်း ပြောလိုက်ကတည်းက ကူအန်းနာက သူမပါးစပ်ကို ပိတ်လိုက်သည်။ ကုနင်းသည် ထက်မြက်သော မိန်းကလေးဖြစ်သောကြောင့် သူမကိုယုံကြည်သည်။
"မစ္စကု ကိုယ့်ကိုကိုယ် အရမ်းတွန်းအားပေးမနေပါနဲ့။ မဟုတ်ရင် အရှက်ကွဲသွားအုံးမယ်။" ကူအန်းနာရဲ့ အမျိုးသမီး သူငယ်ချင်းအေက ပြောသည်။
"မင်းငါ့ကို စိန်ခေါ်ချင်ရင် ငါတို့ဘာလို့ အရင်မသောက်တာလဲ?" ကုနင်း က ပြောသည်။
"ရတယ်လေ!" အမျိုးသမီးက ကုနင်းရဲ့ စိန်ခေါ်မှုကို လက်ခံပြီး မဆိုင်းမတွ အရက်တစ်ခွက် သောက်လိုက်သည်။
ကုနင်းလည်း တစ်ခွက်ရပြီး တခြားလူတွေနဲ့ သောက်သည်။ ထို့နောက် သူမသည် ၎င်းတို့အား အနားယူရန် အချိန်မပေးဘဲ ဇွဲရှိရှိဖြင့် ဆက်တိုက်သောက်သည်။
ကူအန်းနာက ကုနင်းကို တားချင်ပေမယ့် ကုနင်းက သူ့စကားကို နားမထောင်ပေ။ ကူအန်းနာ၏ သူငယ်ချင်းများကလည်း သူမအား သူတို့ကို မနှောက်ယှက်ရန် ပြောသည်။ ကုနင်း၏ ရန်လိုမောက်မာသော သဘောထားကြောင့် သူတို့ စိတ်လှုပ်ရှားနေပြီး ကုနင်းကို အနိုင်ယူရန် ဆုံးဖြတ်ထားကြသည်။
ကူအန်းနာက ဘေးနားမှာ ထိုင်ပြီး သူတို့ သောက်တာကို စောင့်ကြည့်နေသည်။
အစပိုင်းတွင် လူတိုင်းက ကုနင်းသည် မကြာမီ မူးတော့မည်ဟု ယုံကြည်ခဲ့သော်လည်း ကုနင်းသည် တစ်ချိန်လုံး ပုံမှန်အတိုင်းပင်။
ဆန့်ကျင်ဘက်အနေနှင့် သူတို့သာ စတင် မူးလာတော့သည်။
“အိုး ငါ့ခေါင်းတွေ မူးနေပြီ။ ငါထပ်မသောက်နိုင်တော့ဘူး။” ဟု ကူအန်းနာ၏အမျိုးသမီးသူငယ်ချင်းဘီက ပြောသည်။ သူမသည်အခြားသူများရှေ့တွင် ကောင်းမွန်သောပုံရိပ်ကို ဆက်လက်ထိန်းသိမ်းထားရန်လိုသေးသည်။
"ဘာလဲ? အဲ့လိုလုပ်လို့ဘယ်ရမလဲ! လမ်းတစ်ဝက်မှာ လက်လျော့ချင်နေပြီလား?" ကုနင်း မကျေမနပ်ဟန်ဆောင်လိုက်သည်။
“ငါ…” အမျိုးသမီးသည် စက္ကန့်ပိုင်းမျှ ထုံထိုင်းသွားပြီး သူမ၏ ဆုံးဖြတ်ချက်ကို ပြင်လိုက်သည်။ "ကောင်းပြီ၊ သောက်ရအောင်!"
အဲဒီနောက် ကုနင်းနဲ့ ထိုမိန်းမက အတူတူ အရက်တစ်ခွက်သောက်သည်။ သူတို့ အရက်ဆက်သောက်နေကြပြီး ဘယ်သူမှ လမ်းတစ်ဝက်မှာ အရှုံးမပေးရဲကြပေ။
အရက်အလွန်အကျွံသောက်ပြီးနောက် ကုနင်းသည် ခေါင်းကြည်နေသေးကြောင်း ကူအန်းနာတွေ့ရှိသောအခါတွင် သူမသည် ကုနင်းအတွက် စိတ်မပူတော့ပေ။
အမျိုးသမီးနှစ်ဦးသည် လက်လျော့ရန် ကြိုးစားကြသော်လည်း ကူအန်းနာနှင့် ကုနင်းတို့က ရပ်ခွင့်မပြုပေ။ ကူအန်းနာက ဒီနေ့ ကုနင်းနဲ့ အတူသူတို့ကို သင်ခန်းစာပေးဖို့ ဆုံးဖြတ်ခဲ့သည်။
“မစ္စကု၊ မင်း အရက်သောက်တာ အရမ်းကျွမ်းတာပဲ ဒါပေမယ့် ဒီနေ့အတွက် လုံလောက်ပြီထင်တယ်။” ဟု ကူအန်းနာ ၏ အမျိုးသား သူငယ်ချင်းအေက ပြောသည်။
“ဘယ်သူမှ သောက်နေတာကို မတားရဘူးလို့ကျွန်မပြောခဲ့တယ်လေ။ အရက်သောက်ရတာ မ၀ရင် ကျွန်မ ဒေါသထွက်လာမိလိမ့်မယ်။” လို့ ကုနင်းက ပြောသည်။
“မင်း…” ထိုလူက အနည်းငယ် စိတ်ဆိုးသွားသော်လည်း ကုနင်းကို အပြစ်မတင်နိုင်ပေ။
"ဘာလဲ? နင်းနင်း ကို စိန်ခေါ်ခဲ့တာ နောင်တရ နေပြီလား? နင်းနင်း မကျေနပ်မချင်း ဒီနေ့ ဒီကနေထွက်သွားလို့ မရဘူး။” ဟု ကူအန်းနာကပါ ဝင်ပြောလိုက်သည်။ သူမသည် သူမ၏သူငယ်ချင်းများထက် လူမှုအဆင့်အတန်းမြင့်မားသောကြောင့် ဘယ်သူမှ သူမကို ပြန်မပြောရဲကြပေ။