အခန်း (၁၆၁၅-၁၆၂၀)
Vol. 102 Ch. 1615-1620
အခန်း ၁၆၁၅ ရှင်တို့ပြောနေတာကို ကျွန်မကြားတယ်
သူတို့တွေထဲက ဘယ်သူမှ ဒီလူ့အဖွဲ့အစည်းမှာ ကူအန်းနာလောက် အရေးမကြီးပေမယ့် သူတို့ဟာ သူမကို ဆန့်ကျင်ဖို့ သတ္တိရှိနေတုန်းပေ။ သူတို့က ရည်မှန်းချက်ကြီးသည်။
ဖန်းကျီသည် ကူအန်းနာနှင့် သူမ၏ မိသားစုနောက်ခံကို သဘောကျသောကြောင့် သူမနှင့် လေးနက်သော ဆက်ဆံရေးရှိချင်နေသည်။ ကူအန်းနာရဲ့မိသားစုက သူနဲ့ သူ့မိသားစုကို အများကြီး ကူညီပေးနိုင်ပြီး ကူအန်းနာကတစ်ဆင့် မြင့်မားတဲ့လူ့အဖွဲ့အစည်းမှာ ပါဝင်နိုင်ပေမည်။ ကူအန်းနာကို မူးယစ်ဆေးခပ်ခြင်းသာ မအောင်မြင်လျှင် ရလဒ်ဆိုးကို သူစဉ်းစားထားတာကြောင့် သူတွန့်ဆုတ်နေမိသည်။
"ငါတို့ ဘာလို့ ဆက်သောက်ဖို့ ဘားကို မသွားတာလဲ? ဒီအရက်က အရမ်းပြင်းတယ်။” ဟု ဖန်းကျီ က ပြောသည်။
"ဘား? ကျွန်မတို့မှာ နောက်ထပ်ချိန်းထားတာရှိလို့ ရှင်တို့နဲ့မလိုက်တော့ဘူး။” ဟု ကုနင်းက ပြောသည်။ သူမက ဖန်းကျီကို စိုက်ကြည့်နေသည်။ "အရက်သောက် ပြိုင်ချင်ရင် အရက်ပြင်းက အကောင်းဆုံး ရွေးချယ်မှုပဲ။"
ဖန်းကျီနှင့် အခန်းတွင်းရှိ အခြားလူများသည် ကုနင်းက သူတို့နှင့်အတူ ဘားကို မသွားကြောင်းကြားသောအခါတွင် သူတို့၏ အမူအရာ ပြောင်းလဲသွားသည်။
"ဒီနေ့ ဘာချိန်းထားတာလဲ? ကျောင်းနေဖက်တွေ ပြန်ဆုံတဲ့ပွဲပဲဟာ ငါတို့နဲ့ ပျော်ရမှာပေါ့။” ဖန်းကျီက ပြောသည်။ သူ့အစီအစဉ်ကို အကောင်အထည်ဖော်ချင်သေးသည်။
“ရှင်လုပ်ချင်တာကိုပဲ လုပ်လို့မရဘူးလေ? ရှင်က ကျွန်မကို ရှင်နဲ့ အတင်းသောက်ခိုင်းလို့ ကျွန်မ သဘောတူလိုက်တာလေ။ လမ်းတစ်ဝက်မှာ ထွက်သွားလို့ မရဘူးလို့ ရှင့်ကိုပြောခဲ့ပြီးသားမလား? အခုတော့ ရှင်ကထွက်သွားမယ်တဲ့လား? မဖြစ်နိုင်ဘူး!" ကုနင်းက ဒေါသတကြီး ပြောသည်။
အဲဒါကိုကြားတော့ ရှက်သွားကြသည်။ တကယ်တော့ သူတို့ဟာ သူတို့ရဲ့ ခံစားချက်ကိုပဲ ဂရုစိုက်ကြသည်။
"နင်းနင်း ပြောတာမှန်တယ်။ နင်သူ့ကို အခွင့်ကောင်းမယူနဲ့ ပြီးတော့ နင်တို့တွေအားလုံးကို ဆန့်ကျင်ပြီး သူတစ်ယောက်တည်းသောက်နေရတာ။" လို့ ကူအန်းနာက ပြောသည်။
သူမသည် ကုနင်းကို အခိုင်အမာ ထောက်ခံခဲ့သည်။ သူတို့သည် သူမ၏ ကျောင်းနေဖက် သူငယ်ချင်းများပင်ဖြစ်သော်ငြား ကုနင်းက သူမကို ကူညီနေမှန်း သူမ သိသည်။
"အန်းနာ အလှလေးကုက အရက်သောက်တာ အရမ်းကျွမ်းတယ်ဆိုတာ ငါတို့မသိလိုက်ဘူး" လို့ ကူအန်းနာရဲ့ အမျိုးသားသူငယ်ချင်းဘီက ပြောသည်။ သူတို့သိခဲ့ရင် သူမကို စိန်ခေါ်မည် မဟုတ်ပေ။
"ရှင် မသိလို့ဟုတ်လား? ရယ်စရာပဲ။ ဒါဆို ရှင်တို့က ကျွန်မ ကို ဟာသလုပ်ချင်လို့ထင်တယ်။" ကုနင်းက ငြင်းသည်။ သူမကျေနပ်တဲ့အထိ ဒီဂိမ်းကို အဆုံးသတ်ဖို့ ဆန္ဒမရှိပေ။
“မင်း…” အဲဒီလူက ဘာပြောရမှန်းတောင် မသိတော့ပေ။
"တော်ပြီ!" ကူအန်းနာ၏ အမျိုးသမီး သူငယ်ချင်းအေသည် စားပွဲကို ပြင်းပြင်းထန်ထန် ထုလိုက်ပြီး ဒေါသကြီးစွာဖြင့် ထရပ်လိုက်သည်။
"နင့်ကိုယ်နင် ဘယ်သူလို့ထင်နေတာလဲ? သေအောင်သောက်ချင်ရင် နင့်ဘာသာသောက် ငါတို့ကို လွှတ်ပေး!”
"လုရှီယန် နင်ဘာဖြစ်နေတာလဲ?" ကူအန်းနာက သူ့ကို မေးခွန်းထုတ်လိုက်သည်။
“ငါ…” လုရှီယန်သည် ကူအန်းနာကို ကြောက်သောကြောင့် သူမသည် ချက်ချင်းပင် သဘောထားပြောင်းသွားသည်။
ကုနင်းက လုရှီယန်ကို အေးစက်စွာ "မင်းငါ့ကို မင်းနဲ့အရင်သောက်ခိုင်းတယ်၊ ဒါကြောင့် မင်းဂိမ်းမှာပါဝင်ဖို့ဆုံးဖြတ်ရင် မင်းစည်းမျဥ်းတွေကို လိုက်နာရမယ်" ကုနင်းသည် သူမကို တည့်တည့်စိုက်ကြည့်သောအခါတွင် လုရှီယန်သည် အတော်လေး စိတ်ဖိစီးနေတော့သည်။
“ကောင်းပြီ၊ ငြင်းခုံနေတာ ရပ်လိုက်။ ဒါဟာ ကိစ္စကြီးကြီးမားမား မဟုတ်ပါဘူး။ မစ္စကု၊ ငါတို့လုပ်ခဲ့တာအတွက် တောင်းပန်ပါတယ်၊ ဒီတစ်ခါတော့ ခွင့်လွှတ်ပါ။ ငါ့ရဲ့ရိုးသားမှုကိုပြသဖို့ ဒီအရက်ခွက်ကို ငါသောက်နိုင်တယ်” လို့ ဖန်းကျီက ပြောသည်။ ကုနင်းသည် သူတို့နဲ့ ငြင်းခုံတာကို ရပ်လိုက်မယ်လို့ သူယုံကြည်သည်။
ကုနင်းသည် အမှန်ပင် သူတို့နှင့် ငြင်းခုံရန် ဆန္ဒမရှိသော်လည်း သူမ မကြိုက်သောကြောင့်သာ ဖြစ်သည်။
ဖန်းကျီက နောက်မှဆက်ပြောသည်။ “ကဲ ဘားသွားကြရအောင်။ ပြိုင်ပွဲအတွက်မဟုတ်ဘဲ အပျော်သက်သက် ဘီယာသောက်ကြတာပေါ့”
ရုတ်တရက် ကုနင်းသည် လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် ဖန်းကျီဆီသို့ လျှောက်လာတဲ့ အတွက် သူကြောက်ရွံ့သွားသည်။
ကုနင်း လုပ်ချင်တာကို သူမသိပေ။ ကုနင်းက ကူအန်းနာ ထက်ပိုလှပေမယ့် သူ့အနာဂတ်အတွက် ကူအန်းနာကို ရွေးနေတုန်းပါပဲ။ သူသည် တကယ်ကို လိမ္မာပါးနပ်သူဖြစ်သည်။
"ဟင့်အင်း။ ကျွန်မတို့ ရှင်တို့နဲ့ အချိန်ပိုမဖြုန်းချင်တော့ဘူး။" ကုနင်းက သူ့အပေါ် အထင်အမြင်သေးပြီး မကြိုက်တာကို ဖုံးကွယ်ဖို့ စိတ်မ၀င်စားတော့ပေ။ “မလုပ်ခင်မှာ ရှင့်ရဲ့အစီအစဉ်ကို စွန့်လွှတ်လိုက်ရင် ပိုကောင်းမယ်နော်။ မဟုတ်ရင် အပြစ်ပေးခံရလိမ့်မယ်။ စောစောက အခန်းအပြင်မှာတုန်းက ကျွန်မ ရှင်တို့စကားပြောတာကို ကြားလိုက်တယ်လေ။ အဲ့ဒါကြောင့် အစတုန်းက ရှင်နဲ့မသောက်ဖို့ ငြင်းတာပဲ။"
အဲဒါကိုကြားတော့ လူတိုင်း အံ့သြသွားသည်။
"ဘာစကားပြောနေကြလို့လဲ?" ကူအန်းနာ ရှုပ်သွားသည်။ သူမဝင်လာခင်မှာ သူတို့ဘာတွပြောနေကြလဲ သူမမသိပေမယ့် ကုနင်းရဲ့ လေသံအရ ကောင်းသောစကားမဖြစ်နိုင်ဟု သူမခံစားမိလိုက်သည် ။
***
အခန်း ၁၆၁၆ ရှင်တို့ရဲ့ ဆက်ဆံရေးကမှ တကယ်ရယ်စရာပဲ
"မစ္စကု ကျွန်တော်တို့ နောက်နေတာလေ။ အဲ့လောက် အလေးအနက်မထားပါနဲ့။ နားလည်မှုလွဲတာပါ” ဖန်းကျီသည် ကူအန်းနာက သူ့ကို စိတ်ဆိုးသွားမည်ဆိုး၍ ချက်ချင်းရှင်းပြသည်။
ကူအန်းနာကို မရနိုင်ရင်တောင်မှ သူမကို မဆုံးရှုံးစေချင်ပါဘူး။ ကူအန်းနာဟာ အလွန်ကြင်နာတတ်တဲ့ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သည်။
"နောက်နေတာ? ရှင်တို့ရဲ့ဆက်ဆံရေးကမှ တကယ်ရယ်စရာပဲ။” လို့ ကုနင်းက ပြောသည်။
ရယ်စရာမဟုတ်ကြောင်း သူမသိပြီး ကူအန်းနာကို အနှေးအမြန်ဆိုသလို နာကျင်အောင်လုပ်ဆောင်နိုင်သည် ။
“ကောင်းပြီ လုံလောက်ပြီ။ အန်းနာ၊ ငါတို့ အခုသွားကြမယ်" ကုနင်းသည် မနှောင့်နှေးဘဲ သူ့ထိုင်ခုံဆီသို့ ပြန်သွားသည်။
“ဟုတ်ပြီ” ကူအန်းနာက ချက်ချင်းထရပ်လိုက်သည်။ ကုနင်းက သူ့ကို နောက်မှရှင်းပြမယ်ဆိုတာ သူမသိသည်။
"အန်းနာ၊ ခနလေး!" ဖန်းကျီက ကူအန်းနာကို ချက်ချင်းတားလိုက်သည်။
ကုနင်းသည် ဘေးနားတွင် ရပ်လိုက်ပြီး သူတို့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။
"ဘာလဲ?" ကူအန်းနာက ဖန်းကျီကို အေးစက်သောအမူအရာဖြင့် မေးသည်။
“အင်း…” ဖန်းကျီက သူ့ကိုယ်သူ ခုခံပြောဆိုချင်သော်လည်း ဘာပြောရမှန်းမသိပေ။
“အခု ရုပ်ရှင်သွားကြည့်တော့မှာ ရုပ်ရှင်ချိန်စတော့မယ်။ နင့်မှာ ဘာမှ ပြောစရာ မရှိဘူးဆိုရင် ငါတို့ကို လွှတ်လိုက်။” လို့ ကူအန်းနာက ပြောသည်။
“ငါသူတို့နဲ့ နောက်နေတာကို မစ္စကု ကြားသွားတာပါ။ မင်းငါ့ကို နားလည်မှုလွဲသွားမှာကို ငါကြောက်တယ်…” ဖန်းကျီက ပြောသည်။သူက ငြင်းသည်။
"အဲ့တာက ဟာသဖြစ်လို့ နင့်ကိုငါနားလည်မှုလွဲမှာမဟုတ်ပါဘူး။" လို့ ကူအန်းနာကပြောသည်။
သူမသည် ကုနင်းကို ယုံကြည်ပြီး ကုနင်းသည် သူမကို မထိခိုက်စေကြောင်း ယုံကြည်သည်။
“ငါ…” ဖန်းကျီ ထိတ်လန့်သွားသည်။
"အခု ငါတို့ကို ခွင့်ပြုပါအုံး။" ကူအန်းနာကပြောပြီး ကုနင်းနဲ့ ထွက်သွားတော့သည်။
ဖန်းကျီသည် ဤတစ်ကြိမ်တွင် ၎င်းတို့အား ဘာပြောရမှန်းမသိသောကြောင့် မတားတော့ပေ။
"ငါတို့ပြောနေတာကို သူဘယ်လိုကြားသွားတာလဲ?" ကူအန်းနာနဲ့ ကုနင်း ထွက်သွားတုန်းချိန်တွင် တစ်ယောက်ယောက်က အံ့သြစွာပြောသည်။
သီးသန့်ခန်းတွင် အသံအကာများပါရှိသောကြောင့် ကုနင်းသည် သူတို့၏စကားကို မည်သို့ကြားနိုင်သည်ကို သူတို့မသိပေ။
ထို့အပြင် ကူအန်းနာသည် ကုနင်းနှင့် အတူရှိခဲ့သော်လည်း သူတို့၏ ပြောဆိုမှုကို သူမ မကြားခဲ့ရပေ။
“ဖြစ်နိုင်တာက သူ့ရဲ့ အကြားအာရုံက ကောင်းလို့နေမယ်။”
"ကူအန်းနာက သူ့ကိုယုံမှာလား?"
“သူ့ သဘောထားက ချက်ချင်းပြောင်းသွားတယ်လေ။ သူ ကုနင်း ကို ယုံလိမ့်မယ်ထင်တယ်” ဖန်းကျီက ကုနင်းကို မုန်းတီးစွာနှင့် ပြောလိုက်သည်။
သူသည် တစ်ကိုယ်ကောင်းဆန်ပြီး သူ့အမှားအတွက် အခြားသူကိုသာ အပြစ်တင်နေသည်။
…
ကုနင်းသည် အပြင်သို့ထွက်ရင်း အခြားသူများ သူတို့၏ ပြောဆိုမှုကို ကြားမည်ဆို၍ ကူအန်းနာကို ထိုအကြောင်း ပြောပြရန် အလျင်စလိုမလုပ်ပေ။
ဟိုတယ်ကထွက်လာတော့ ကုနင်းက သူ့ကားဆီကို တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။
"နင်းနင်း ကားမောင်းမလို့လား?" ကူအန်းနာ အံ့သြသွားသည်။
"ဟုတ်တယ်လေ" ကုနင်း က ဖြေသည်။
"နင်အများကြီးသောက်ခဲ့တာလေ!" ကူအန်းနာက ပြောသည်။
ကုနင်းကို အရက်သောက်၍ ကားမောင်းခြင်းကို ဖမ်းမိမည်ကို သူမကြောက်သည်။
ကုနင်း အဖမ်းခံရရင်တောင် သူမကိုင်တွယ်နိုင်ပေမယ့် ကုနင်း ရဲ့ လုပ်ငန်းတွေကို ထိခိုက်နိုင်သည်။ ကုနင်းက နာမည်ကြီးတစ်ယောက်လေ။
“ငါမောင်းလိုက်ပါမယ်။” လို့ ကူအန်းနာက ပြောသည်။
ကုနင်းသည် ကူအန်းနာ၏ စိုးရိမ်မှုကို နားလည်သည်။ “အဆင်ပြပေါတယ်။ ငါ့ခန္ဓာကိုယ်ဆီကနေ အရက်နံ့ရလို့လား?" ကုနင်း ပြုံးလိုက်သည်။ သူမသည် သူမ၏ မှော်အစွမ်းဖြင့် အရက်နံ့ကို ဖယ်ရှားပြီးသားဖြစ်သည်။
"လုံး၀မရဘူး!" ကူအန်းနာက ထိတ်လန့်တကြားနှင့် မျက်လုံးပြူးသွားပြီး ကုနင်း ပတ်ပတ်လည်ကို အနံ့ခံဖို့ ပြေးလိုက်သည်။ သူမသည် ဘာအရက်နံ့မှ မရပေ။
"အိုး၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? နင် အများကြီးသောက်ထားတာလေ!"
“အရက်ကို တိတ်တိတ်လေး သွန်ဖို့ ငါ့မှာ နည်းလမ်းရှိတယ်။ ငါအများကြီးမသောက်ခဲ့ပါဘူး။” ဟု ကုနင်း ကပြောသည်။
"အိုး ငါနားလည်ပြီ။" ကူအန်းနာ ကရယ်သည်။ သူတို့သတိမထားမိဘဲ ကုနင်းက အရက်ကို ဘယ်လိုသွန်လဲဆိုတာကိုတော့ သူမမမေးပေ။
ထို့နောက် ကူအန်းနာသည် ကုနင်း၏ ကားပေါ်သို့ တက်ခဲ့သည်။ ကားပေါ်ရောက်တာနဲ့ ကုနင်းက ကူအန်းနာအား သူမကြားသမျှကို ပြန်ပြောပြသည်။
“သူတို့က နောက်နေတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ရယ်ရလို့လားဆိုတာတော့ ငါမသိဘူး။ သူတို့က မင်းရဲ့သူငယ်ချင်းတွေမို့ မင်းက ငါ့ထက် သူတို့ကို ပိုသိမှာပါ။ မင်းကိုယ်တိုင် ဆုံးဖြတ်လို့ရတယ်။” ဟု ကုနင်းက ပြောသည်။
ကူအန်းနာသည် သူမ၏နောက်ကွယ်တွင် သူမ၏သူငယ်ချင်းများပြောသည်ကို သိပြီးနောက် စိတ်ဆိုးသွားသည်။ ဟာသတစ်ခုသာဖြစ်ကြောင်း သူမ မယုံပါ။
"ဒါက ဟာသတစ်ခုဆိုရင်တောင် အရမ်းဆိုးရွားလွန်းတယ်!"
***
အခန်း ၁၆၁၇ ချွဲပစ်နေတာပဲ
“သူတို့က ငါ့ကျောင်းနေဖက်တွေဆိုပေမယ့် ငါတို့က မရင်းနှီးဘူး။ ဖန်းကျီကသာ ငါနဲ့ဆက်ဆံရေးကောင်းပေမယ့်လည်း သူက ခုလိုအရမ်း ရွံဖို့ကောင်းတဲ့ လူဖြစ်နေတာကို အံ့ဩတယ်။ တကယ်တော့ သူ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ငါ့ကို ချစ်ကြောင်း ဝန်ခံခဲ့ပေမယ့် ငါသူ့ကို ငြင်းခဲ့တာ။ အဲဒီကတည်းက ငါတို့က သူငယ်ချင်းကောင်းတွေပဲလို့ ငါထင်ခဲ့ပေမဲ့ ငါမှားသွားပြီဆိုတာ သိလိုက်ရပြီ။ ဘာပဲဖြစ်ဖြစ် အဲဒါက ဟာသသက်သက်လို့ မယုံဘူး၊ လုံးဝလက်မခံနိုင်ဘူး။” ကူအန်းနာသည် ခံစားချက်အလွန်ပြင်းထန်နေသည်။
ဒီနေ့ သူမကို နာကျင်အောင်လုပ်ဖို့ ကြံစည်တာကို အရေးယူချင်စိတ်တောင် ပေါက်သွားသည်။
ဒီနေ့ သူမသာ ကုနင်း နဲ့ မဆုံဖြစ်ခဲ့လျှင် သို့မဟုတ် ရှုချင်ယင်းနဲ့သာ ချိန်းထားတာမရှိလျှင် သူမထောင်ချောက်ထဲ ကျရောက်သွားနိုင်သည်။ ကူအန်းနာက ပြန်စဉ်းစားကြည့်ကြည့်တော့ ကြောက်လန့်သွားသည်။
"နင်းနင်း ဒီနေ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။" ကူအန်းနာက ကုနင်းကို ရိုးသားစွာ ကျေးဇူးတင်စကားဆိုသည်။
"ရပါတယ်။ ငါလုပ်လိုက်တာက သူတို့နဲ့ မင်းရဲ့ဆက်ဆံရေးကို ထိခိုက်သွားမှာ စိုးတာပါ။ အဲဒါက ကောင်းရဲ့လားတောင် ငါမသိဘူး။"
ကူအန်းနာနှင့် သူမ၏ ကျောင်းနေဖက်များ၏ ဆက်ဆံရေးသည် နောက်ပိုင်းတွင် အဆုံးသတ်သွားမည်ကို သူမ သိသည်။
“သူတို့ကို ငါဂရုမစိုက်ဘူး၊ အဲ့သူငယ်ချင်းတွလေည်း မရှိတော့ဘူး။”
ဖန်းကျီကို သူမ တော်တော် စိတ်ပျက်သွားသည်။
"အိုး ချင်ယင်းက အခု လက်မှတ်တွေနဲ့ ရုပ်ရှင်ရုံထဲ ရောက်နေပြီ။" ကူအန်းနာ သည် WeChat တွင် ရှုချင်ယင်းထံမှ မက်ဆေ့ချ်ကို လက်ခံရရှိခဲ့သည်။
"ကောင်းပြီ ငါတို့အဲဒီကို ၁၀ မိနစ်အတွင်းရောက်မှာပါ။"
၁၀ မိနစ်ခန့်အကြာတွင် ကူအန်းနာနှင့် ကုနင်းတို့သည် ရုပ်ရှင်ရုံသို့ရောက်ရှိလာပြီး နာရီဝက်အကြာတွင် ရုပ်ရှင်စတင်မည်ဖြစ်သည်။
"နင်းနင်း!" ရှုချင်ယင်းသည် ကုနင်းကိုတွေ့လိုက်ရသောအခါ စိတ်လှုပ်ရှားသွားသည်။
"ဟေး ငါရော နင်ငါ့ကိုရောမတွေ့ဘူးလား?" ကူအန်းနာက စောဒကတက်လိုက်သည်။
"ငါတို့က တစ်ယောက်ကို တစ်ယောက် ခဏခဏ တွေ့ဖူးနေတာပဲ နင့်ကို ငါ မြင်နေကြ လေ။ နင်းနင်းကိုသာ တွေ့ဖို့ ခက်တာ” ဟု ရှုချင်ယင်းက ပြောသည်။
"တကယ်လား? ကောင်းပြီ နောက်ဆို ရုပ်ရှင်ကြည့်ဖို့တွေ အတူတူထမင်းစားဖို့တွေ လာမတောင်းဆိုနဲ့!" ကူအန်းနာက နှုတ်ခမ်းစူလိုက်သည်။
"နင်းနင်းက ငါနဲ့အတူ ဒီကိုလာခဲ့တာဆိုတော့ နင်မပါဘဲ ငါတို့ရုပ်ရှင်သွားကြည့်တော့မယ်။"
ထိုသို့ပြောရင်း၊ သူမသည် ကုနင်း၏လက်ကို ဆွဲယူသွားသည်။
ရှုချင်ယင်းသည် သူမ၏သဘောထားကို ချက်ချင်းပြောင်းလိုက်ပြီး ကူအန်းနာကို တားလိုက်သည်။
“လာပါ ငါ့ကို စိတ်မဆိုးပါနဲ့။ ငါနောက်တာပါ။ မင်းက ငါ့ရဲ့ ထာဝရအကောင်းဆုံးသူငယ်ချင်းပဲဟာ နင်မရှိရင် ငါမနေနိုင်ဘူးဆိုတာ နင်သိပါတယ်။"
“အီး… ချွဲပစ်နေတာပဲ။” ကူအန်းနာက ပြုံး၍ ပြောလိုက်သည်။
"ငါ့ကို ဖက်ထားပေး" ရှုချင်ယင်းက ကူအန်းနာဆီကို မှီလိုက်သည်။
“ကောင်းပါပြီ၊ ကောင်းပါပြီ။” ကူအန်းနာက ဖက်လိုက်သည်။
ကူအန်းနာသည် အလွန်သွက်လက်ပြီး နောက်ပြောင်ခြင်းကို နှစ်သက်သော်လည်း သူမအား လိင်တူချစ်သူဟု အခြားသူများကို မတွေးစေချင်သောကြောင့် ရှုချင်ယင်း၏ ချစ်ဖို့ကောင်းသည့် အမူအကျင့်တွေကို သူမမကြိုက်ပါ။
ရှုချင်ယင်းဟာ ဒါကို ရှင်းရှင်းလင်းလင်း သိထားတာကြောင့် ကူအန်းနာကို အတင်းအကြပ် တွန်းအားပေးဖို့ သူမဟာ အမြဲတမ်း ဒီလှည့်ကွက်ကို အသုံးပြုခဲ့သည်။
"ဟားဟားဟားဟား" ရှုချင်ယင်း ဂုဏ်ယူစွာ ရယ်မောလိုက်သည်။
သူတို့ သုံးယောက်က အရမ်းလှပကြသည်။ ကုနင်းသည် ဖြူစင်သော နတ်သမီးလေးကဲ့သို့ ၊ ရှုချင်ယင်းသည် ကြော့ရှင်းသော မိန်းကလေးကဲ့သို့ဖြစ်ပြီး ကူအန်းနာသည် ဆွဲဆောင်မှုမရှိသော မိန်းကလေးကဲ့သို့ ဖြစ်သောကြောင့် သူတို့တွေဟာ ဖြတ်သွားဖြတ်လာတွေရဲ့ အာရုံစိုက်ခြင်းကို အလွန်ခံရသည်။
ရုပ်ရည်ချောမောသော အမျိုးသားနှစ်ဦးသည် သူတို့နှင့် စကားပြောဆိုရန် ကြိုးစားခဲ့သော်လည်း ငြင်းပယ်လိုက်သည်။ သို့သော် သူတို့နှစ်ဦးသည် အနည်းငယ် ထူးဆန်းနေပုံရသည်ဟု သူတို့ ခံစားမိသည်။ သာမာန် အမျိုးသမီးများသည် ရုပ်ရှင်အတူကြည့်ရန် လာရောက်ကြသော်လည်း အမျိုးသားများက ထိုသို့ပြုလုပ်သည်ကို တွေ့ရခဲသည်။ အဲ့တာက အမျိုးသမီးတွေဟာ ဈေးတူတူ၀ယ်ထွက်ကြပြီး မိန်းကလေးအ၀တ်လဲခန်းကို တူတူ၀င်ကြပေမယ့် အမျိုးသားတွေကတော့ အဲ့လို မလုပ်တာမျိုးနှင့် တူသည်။
ရုပ်ရှင်စခါနီးမှာ သူတို့အထဲကို ဝင်သွားကြသည်။
ရိုမန့်တစ်ဇာတ်ကားဖြစ်ပြီး အထူးအဆန်းတော့မဟုတ်ပေ။ အခုရက်ပိုင်းမှာ နာမည်ကြီးတဲ့ဇာတ်ကားတွေ မရှိတာကြောင့် အချိန်ကုန်ဖို့သာကြည့်ခဲ့ကြခြင်းဖြစ်သည်။
ရုပ်ရှင်ပြီးသွားတော့ ည ၁၁ နာရီထိုးနေပေပြီ။
"အိမ်မပြန်ခင် ညစာစားချင်လား?" ရှုချင်ယင်း မေးသည်။
ကုနင်းက "သဘောလေ"
"သွားစားရအောင်! ငါနည်းနည်းဗိုက်ဆာတယ်" ဟု ကူအန်းနာကပြောလိုက်သည်။
ထို့နောက် ညစာစားရန် သွားကြသည်။ သရစောလမ်းက မဝေးတော့တာကြောင့် အဲဒီကို တိုက်ရိုက်လမ်းလျှောက်ပြီး ပင်လယ်စာစားဖို့ သွားကြတယ်။ ညစာ အဆာပြစေားပြီးချိန်မှာတော့ ၁၂ နာရီထိုးနေပြီဖြစ်သည်။
ကူအန်းနာက ရှုချင်ယင်းရဲ့ တိုက်ခန်းမှာ ဒီည အိပ်မှာဖြစ်၍ ကူအန်းနာက ရှုချင်ယင်းနဲ့ ထွက်သွားပြီး ကုနင်းက ရာစုနှစ်မြို့တော် ကို တစ်ယောက်တည်း ပြန်မောင်းသွားသည်။
ရာစုနှစ်မြို့တော်သို့ သူမသွားသောလမ်းတွင် သူမ လင်ရှောင်းထင်ဆီဖုန်းခေါ်လိုက်သည်။ လင်ရှောင်းထင်က ကုနင်း ဇာတ်ကားကြည့်တုန်းက ဖုန်းခေါ်တဲ့အတွက် သူ့ကို မက်ဆေ့ခ်ျသာပြန်ပို့လိုက်တဲ့အတွက် လင်ရှောင်းထင်က ကုနင်းကို အိမ်ပြန်ရောက်ချိန်မှာ ပြန်ခေါ်ဖို့ ပြောထားသည်။
***
အခန်း ၁၆၁၈ သူ့အတွက် ကျင့်ကြံသူဖြစ်လာခြင်း
အရမ်းနောက်ကျနေပေမယ့် လင်ရှောင်းထင်က ကုနင်း ၏ ဖုန်းကိုစောင့်နေခဲ့တယ်။ သူတို့ မတွေ့တာ နေ့တစ်ဝက်ပဲရှိပေမယ့် သူကတော့ သူမကို လွမ်းနေပြီလေ။ သူမအသံလေးကိုကြားချင်နေပြီး သူမနှင့် စကားပြောချင်သည်။ သို့သော် ကုနင်းသည် ကားမောင်းနေကြောင်း လင်ရှောင်းထင်က သိသောကြောင့် သူမနှင့် အကြာကြီး စကားမပြောဖြစ်တော့ပေ။
ကုနင်း အိမ်ပြန်ရောက်ပြီးနောက် အိပ်ယာဝင်ခဲ့သည်။
နောက်နေ့ မိုးရွာနေတော့ မနက်ပိုင်း မပြေးတော့ဘဲ ချောင်ယကိုဖုန်းဆက်ကာ အပြင်မှာစားမည်ဖြစ်၍ မနက်စာပြင်ဆင်မထားဖို့ ပြောလိုက်သည်။
ချောင်ယသည် ကုနင်းနှင့် အတူတူ အလုပ်သွားသည်။
ကုနင်းက သူ့မှာ တခြားအရေးကြီးကိစ္စမရှိတာကြောင့် ဒီမနက်မှာ စာအုပ်တစ်အုပ်ပြန်ဖတ်နေသည်။
နေ့ခင်းဘက်တွင် ကုနင်းသည် ရှမ့်ကွမ်ယန်ကိုဖုန်းဆက်ပြီး စစ်ဟယ်ယွမ်တွင်နေထိုင်ရတာ အဆင်ပြေရဲ့လားဟုမေးသည်။ လင်ရှောင်းထင်သည် ကျောက်တုံးကို ရှမ့်ကွမ်ယန် လိုချင်တာမှန်သမျှ ဖြည့်ဆည်းပေးဖို့ ဘဏ်ကတ်ကို ပေးခဲ့ပေမဲ့ ကုနင်းကတော့ သူ့ကို ဂရုစိုက်ဖို့ လိုအပ်နေသေးတယ်ဟုထင်သည်။
ကျောက်တုံးနှင့် ရှမ့်ကွမ်ယန်သည် တစ်ယောက်နှင့်တစ်ယောက် သိပ်မရင်းနှီးသေးသောကြောင့် ရှမ့်ကွမ်ယန်သည် သူလိုချင်သောအရာကို တောင်းဆိုရန် တွန့်ဆုတ်နေမည်ကို ကုနင်းက စိုးရိမ်သည်။
လင်ရှောင်းထင် မရှိသောကြောင့် ကုနင်းသည် ရှမ့်ကွမ်ယန်ကို ကောင်းမွန်စွာ ဂရုစိုက်သင့်သည်။ ကံကောင်းထောက်မစွာ၊ ရှမ့်ကွမ်ယန်သည် လိုက်လျောညီထွေရှိနေပြီး ယခု သူ့ဘဝကို သူပျော်နေသည်။
ကုနင်းသည် ထိုနေ့မွန်းလွဲပိုင်းတွင် သူ့ထံလာလည်မည်ဟု ရှမ့်ကွမ်ယန် အားပြောလိုက်သည်။ သို့သော် သူနှင့်ဖုန်းဆက်ပြီးနောက် အနည်းငယ်ဝမ်းနည်းသွားခဲ့သည်။
သူမအမြဲမေးလိုသောမေးခွန်းကို ရှမ့်ကွမ်ယန်ကိုမေးရန်စီစဉ်ထားပြီး အပျက်သဘောဆောင်သောအဖြေကို ကြားရမည်ကို သူမကြောက်သည်။
ညနေ ၅ နာရီထိုးတော့ ကုနင်းသည်ကုမ္ပဏီကနေ ထွက်လာသည်။ သူမကိုယ်တိုင် စစ်ဟယ်ယွမ်ကို ကားမောင်းသွားပြီး ညနေ ၆ နာရီခန့်တွင် သူမရောက်လာသည်။ လောင်ကျန်းက သူတို့အတွက် ညစာ ပြင်ထားပြီးသားဖြစ်ပြီး ရှမ့်ကွမ်ယန်က သူမကို စောင့်နေသည်။
ရှမ့်ကွမ်ယန် တစ်ယောက်တည်း နေရတာ မပျင်းပေမယ့် ကုနင်းကိုတွေ့ရတော့ အရမ်းပျော်နေသည်။
ကုနင်းသည် မကြာမီတွင် ဗိုက်ပြည့်သွားသော်လည်း ရှမ့်ကွမ်ယန်သည် နှစ်ပေါင်းများစွာ ဗိုက်ဆာနေသကဲ့သို့ သူ့ပါးစပ်ထဲသို့ အစာများကို သွတ်သွင်းနေဆဲဖြစ်သည်။ သာမာန်အားဖြင့် ရှမ့်ကွမ်ယန်သည် အရွယ်ရောက်ပြီးသူ ငါးယောက် ခြောက်ယောက်စာလောက် စားနိုင်သည်။
လောင်ကျန်းနှင့် ကျောက်တုံးတို့သည် စစ်ဟယ်ယွမ်တွင် ထမင်းစားကြသော်လည်း ညစာကို မီးဖိုချောင်တွင်သာ စားကြသည်။ ရှမ့်ကွမ်ယန်က သူတို့ထက် ပိုမြင့်သော အနေအထားဖြစ်၍ သူနဲ့ စားပွဲတစ်ခုတည်းမှာ အတူတူ မစားကြပေ။
လင်ရှောင်းထင်သည် သူတို့ကို ကောင်းကောင်းဆက်ဆံ၍ သူတို့ လိုချင်တာ မှန်သမျှ စားနိုင်သည်။ သူတို့တာ၀န်မှာ ရှမ့်ကွမ်ယန်ကို အစွမ်းကုန် ပြုစုစောင့်ရှောက်ပေးရန်သာ လိုအပ်သည်။
ညစာစားပြီးနောက် ရှမ့်ကွမ်ယန်က ကုနင်းကို မနေ့က သူသင်ပေးခဲ့သော ကွန်ဖူးစွမ်းရည်အသစ် နှစ်ခုကို ပြသရန် ပြောသည်။ တစ်ရက်ကြာပြီးနောက် ကုနင်းက သူတို့ကို ရှင်းရှင်းလင်းလင်း မှတ်မိနိုင်ပါ့မလားဟု သူသိချင်သည်။ အံ့အားသင့်ဖို့ ကောင်းစွာဖြင့် ကုနင်းသည် အားလုံးကို သူမစိတ်ထဲတွင် မှတ်မိနေဆဲဖြစ်သည်။ သူမက တကယ်ကို ဓာတ်ပုံမှတ်ဉာဏ်ပိုင်ဆိုင်ထားသောသူပင်!
တကယ်တော့ ကုနင်းသည် လှုပ်ရှားမှုများကိုသာ မှတ်မိနေခဲ့ပြီး ပိုမိုကျွမ်းကျင်ရန် အချိန်နှင့် လေ့ကျင့်မှုများစွာ လိုအပ်နေသေးသည်။
နောက်တနာရီလောက်မှာတော့ ရှမ့်ကွမ်ယန်သည် ကုနင်းကို သူမ၏ ခွန်အားနဲ့ အရှိန်ကို ဘယ်လိုထိန်းရမလဲ သင်ပေးသည်။
ကုနင်းသည် အလွန်ထက်မြက်ပြီး လျင်မြန်စွာ သင်ယူတတ်သူဖြစ်သည်။
"အရမ်းကောင်းတယ်!" ရှမ့်ကွမ်ယန်က သူမ၏ စွမ်းဆောင်ရည်ကို ကျေနပ်မိသည်။
အချိန်အတော်ကြာ လေ့ကျင့်ပြီးနောက် အနားယူရန် ရပ်နားလိုက်ကြသည်။
"အဘိုးရှမ့်ကွမ် ကျွန်မ အဘိုးကို တစ်ခုလောက်မေးလို့ရမလား?" ကုနင်း ရုတ်တရက်ပြောလိုက်သည်။
“ရတယ်လေ” ရှန်ဂွမ်ယန် ပြုံးလိုက်သည်။
“သေမျိုးတွေက ကျင့်ကြံသူ ဖြစ်လာနိုင်လား?” ကုနင်း က လေးနက်သော အမူအရာဖြင့် မေးသည်။
ထိုစကားကိုကြားတော့ ရှမ့်ကွမ်ယန်က သူမကို စိုက်ကြည့်နေသည်။
"ဘာလို့ ဒီမေးခွန်းကို မေးတာလဲ? ကျင့်ကြံသူ ဖြစ်ချင်လို့လား?" တကယ်တော့ ရှမ့်ကွမ်ယန်မှာ အဖြေရှိပြီးသားဖြစ်ပေမယ့် ကုနင်းရဲ့ပါးစပ်က ကိုယ်တိုင်ကြားချင်၍ မေးလိုက်သည်။
“ဟုတ် ကျွန်မ ရှောင်းထင်အတွက် ကျင့်ကြံသူ ဖြစ်ချင်တယ်။ ကျွန်မသူ့ထက်အရင်သေပြီး သူ့ကို ဒီကမ္ဘာမှာ တစ်ယောက်တည်း မထားခဲ့ချင်ဘူး။”
"မင်းက သူ့အတွက် ကျင့်ကြံသူ ဖြစ်ချင်တာလား?" ရှမ့်ကွမ်ယန်က မေးသည်။
“ဟုတ်ကဲ့” ကုနင်းက စိတ်ဓာတ်ခိုင်မာစွာဖြင့် ခေါင်းညိတ်လိုက်သည်။
ရှမ့်ကွမ်ယန်က ခဏလောက် နှုတ်ဆိတ်နေပြီး
“ကောင်းပြီ သူလည်း ငါ့ကို ဒီလိုမေးခွန်းမျိုးတစ်ပုံစံထဲ မေးတယ်။”
"ရှင်? ရှောင်းထင်က အဘိုးကို ဒီလိုမေးခဲ့တာလား?" ကုနင်း အံ့သြသွားသည်။ ထို့နောက် အဖြေသည် မကောင်းတဲ့ သဘောဆောင်သည်ဖြစ်ကြောင်း သူမသဘောပေါက်လိုက်သည်။ မဟုတ်လျှင် လင်ရှောင်းထင်သည် ထိုအကြောင်းကို သူမနှင့်ပြောလိမ့်မည်။
"ဟုတ်တယ်" ရှမ့်ကွမ်ယန်က ပြန်ပြောသည်။
"သေမျိုးတွေက ကျင့်ကြံသူ ဖြစ်လာနိုင်ပေမယ့်လည်း အဲ့တာက အရမ်းအန္တရာယ်များပြီးတော့လုပ်ငန်းစဉ်မှာပဲ သေဆုံးကြတဲ့သူတွေလည်းများတယ်။ ကျင့်ကြံရေးလောကက လူသားအားလုံးက ကျင့်ကြံသူကောင်းတစ်ယောက် ဖြစ်လာနိုင်မယ့် အရည်အချင်းတွေနဲ့ မွေးဖွားလာကြတာ။
ဒါပေမယ့် သာမာန်လူတွေမှာ အဲ့လိုအရည်အချင်းမရှိဘူး။”
ကုနင်းသည် လင်ရှောင်းထင်က သူ့အတွက် သူမအသက်စွန့်ရန် မလိုလားကြောင်း သဘောပေါက်လိုက်သည်။
ဖြစ်စဉ်အတွင်း သူမလည်း သေဆုံးနိုင်သည်။
သူမ၏ဘ၀က ယခုချိန်မှာ လုံး၀ကွဲပြားသွားပါပြီ။ သူမမှာ ချစ်ရတဲ့ မိသားစုရှိပြီး ကျန်ဘဝတစ်လျှောက်လုံး အတူနေလိုသော ယောက်ျားကိုလည်း ရှာတွေ့ပြီဖြစ်သည်။ သူမ မသေနိုင်ပါ။
***
အခန်း ၁၆၁၉ ထျန်းယင်ဂိုဏ်း
သူမသည် သူတို့ကို ချန်ထား၍မရပေ။ သူမအတွက် တကယ်ကြောက်စရာကောင်းတဲ့ အရာတစ်ခုခုဖြစ်သွားလျှင် သူတို့ရင်ကွဲကြလိမ့်မည်။ ကုနင်းသည် အလွန်စိတ်ဓာတ်ခိုင်မာပြီး ယုံကြည်မှုရှိသော်လည်း လုပ်ငန်းစဉ်အတွင်း ဘာမဆိုဖြစ်သွားနိုင်ပေသည်။
ရှမ့်ကွမ်ယန်သည် ကုနင်း အတွေးထဲနစ်မြောနေသည်ကို မနှောက်ယှက်ပေ။ သူသည် အပြင်လူဖြစ်ပြီး ဤကိစ္စသည် သူမဘဝနှင့် ပတ်သတ်သောကိစ္စဖြစ်သည်။
ထိုအချိန်တွင် ကုနင်း၏ဖုန်းက မြည်လာ၍ သူမ၏ အတွေးကမ္ဘာထဲက ပြန်ထွက်လိုက်သည်။
သူမ ဖုန်းကို ထုတ်လိုက်ပြီး ခေါ်ဆိုသူမှာ ချောင်ယ ဖြစ်သည်။
"ဘော့စ်၊ ထန်ပင်းစန်ရဲ့တရားမ၀င် ထောက်ပံ့တဲ့ဟာကိုတွေ့ပြီ။ သူ့ရဲ့အခြေစိုက်စခန်းက Cမြို့မှာရှိတယ်။ ငါတို့ အခု ဘာလုပ်ရမလဲ?" ချောင်ယ က မေးသည်။
"အရင်ဆုံး ပြင်ဆင်ထားလိုက်။ ငါတို့ Cမြို့ကိုသွားကြမယ်။ ငါဆုံးဖြတ်ချက်ချပြီးရင် အချိန်အတိအကျပြန်ပြောပေးမယ်" ဟု ကုနင်းက လေးနက်တဲ့အမူအရာနဲ့ပြောလိုက်သည်။
ထန်ပင်းစန်၏တရားမ၀င်ထောက်ပံ့ရေးကို သူတို့တွေ့ရှိပြီဖြစ်သောကြောင့် ၎င်းတို့ကို တတ်နိုင်သမျှအမြန်ဆုံးဖယ်ရှားပစ်ရမည်ဖြစ်သည်။
“ဟုတ်ကဲ့ပါ”
ကုနင်းသည် ရနိုင်သော လေယာဉ်လက်မှတ်များကို စစ်ဆေးပြီး ချောင်ယကို ဖုန်းပြန်မခေါ်မီ ထွက်ခွာမည့်အချိန်ကို သေချာစစ်လိုက်သည်။
မနက် ၉ နာရီ ၂၀ မိနစ်မှာ ထွက်ခွာမယ့် လေယာဉ်စီးဖို့ ချောင်ယကိုပြောပြီး လက်မှတ်ကို သူ့ဘာသာသူ ကြိုတင်မှာလိုက်သည်။
ကုနင်းက သူ့ကိုယ်သူ "ထန်အိုက်နင်း" အဖြစ် အသွင်ပြောင်းပြီး သွားရမှာဖြစ်တဲ့အတွက် ချောင်ယမှာ သူမ၏ မှတ်ပုံတင် အချက်အလက်တွေ မရှိသောကြောင့် ကုနင်း သူ့ဘာသာသူ လုပ်ရမှာ ဖြစ်သည်။ ထို့အပြင် ချောင်ယကို "ထန်အိုက်နင်း" နှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ ပတ်သတ်မှု မရှိစေချင်ပေ။ သူတို့ကိုင်တွယ်ရမည့်ကိစ္စက စုံစမ်းခံနေရတော့ သတိထားမည်ဖြစ်သည်။
ကုနင်းသည် ချောင်ယကို Cမြို့ မရောက်ခင်အထိ သူမကို မဆက်သွယ်ဖို့ သတိပေးလိုက်သည်။
ချောင်ယသည် သူမ၏ အမိန့်ကို နာခံသည်။
ကုနင်းက ရှမ့်ကွမ်ယန်ဆီကို ပြန်လာခဲ့ပြီး "အဘိုး ရှမ့်ကွမ် ကျွန်မ ဒီနေ့ မြို့တော်ကနေ ထွက်သွားရမယ် အဘိုးလုပ်ချင်တာတွေကို ကျောက်တုံးကို ပြောလို့ရပါတယ်။ ကျွန်မအဘိုးဆီ အဲ့ကိစ္စမေးတာကို ရှောင်းထင်ဆီမပြောပါနဲ့နော်” လင်ရှောင်းထင် မပျော်မရွှင်ဖြစ်မည်ကို သူမစိုးရိမ်သည်။
ယခု ကျင့်ကြံသူဖြစ်လာရန် စိန်ခေါ်မှုကို လက်ခံဖို့ ဆုံးဖြတ်ချက်ချရန်က သူမအတွက် ခက်ခဲပြီး ၎င်းကို စဉ်းစားရန်အချိန်ပိုလိုအပ်သည်။
သူမသည် ခက်ခဲသော လုပ်ငန်းစဉ်ကို မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ဖြတ်သန်းရမည်ဖြစ်သော်လည်း သူမသည် အပြည့်အဝပြင်ဆင်ထားရမည်ဖြစ်သည်။ မတော်တဆကိစ္စတစ်ခုခု ဖြစ်တတ်တာမို့ သတိထားရပါမည်။
သူမသာ ကြောက်စရာကောင်းတာ တစ်ခုခုဖြစ်သွားလျှင် သူမကို ဂရုစိုက်တဲ့သူတွေအဖို့ ရင်နာစေနိုင်တာဖြစ်နိုင်တဲ့အတွက် ဒီရွေးချယ်မှုက တစ်ကိုယ်ကောင်းဆန်မှန်း သူမသိပါသည်။ သို့သော်လည်း လင်ရှောင်းထင်ထက်အရင် သေဆုံးရန် ဝန်လေးမိသည်။ သူမစမ်းကြည့်ချင်ပြီး ရှင်သန်နိုင်မည်ဟုလည်း မျှော်လင့်သည်။
“ဟုတ်ပြီ” ရှမ့်ကွမ်ယန်က သဘောတူလိုက်သည်။
ထို့နောက် ကုနင်း လေဆိပ်သို့ သွားခဲ့သည်။ ချောင်ယလည်း ရာစုနှစ်မြို့တော်ကနေ လေဆိပ်အထိ တက္ကစီနှင့် သွားသည်။
လမ်းမှာ ကုနင်းသည် ကောင်းယိကို ဖုန်းခေါ်လိုက်သည်။
ကောင်းယိက “ဘော့စ် ဂိုဏ်းက ထျန်းယင်ဂိုဏ်းလို့ခေါ်တယ်။ ချင်ဂိုဏ်းနဲ့ မယှဉ်နိုင်ပေမယ့်လည်း သူက Cမြို့ မှာတော့ အရမ်းသြဇာကြီးတယ်။ သူ့အခြေစိုက်စခန်းက ဝိုင်စက်ရုံပါ။ ဘားနဲ့ဟိုတယ်တွေလည်း ပိုင်ပြီးတော့ ထျန်းယင်ဂိုဏ်းသားတော်တော်များများက ညဘက်ဆိုရင် ဝိုင်ဘားမှာ အလုပ်လုပ်ကြတယ်။”
“ကောင်းပြီ ငါတို့ သူတို့ခေါင်းဆောင်ကို အရင်ဖမ်းရမယ်။ သူတို့ခေါင်းဆောင်က ငါတို့လက်ထဲမှာ ရှိနေသရွေ့ တခြားဂိုဏ်းသားတွေက ခြိမ်းခြောက်ရဲမှာ မဟုတ်ဘူး” ဟု ကုနင်းက ဆိုသည်။ “သူတို့ရဲ့ခေါင်းဆောင်နဲ့ အကြီးတန်းစီမံခန့်ခွဲမှုကို ပိုအာရုံစိုက်ပါ”
“ဟုတ်ကဲ့ သူတို့နဲ့ပတ်သက်တဲ့ အချက်အလက်တချို့တော့ ရှိတယ်။ ငါ အခုပဲ အီးမေးလ်ပို့လိုက်ပါမယ်" လို့ ကောင်းယိက ပြောသည်။
တရားမဝင်ဂိုဏ်း၏ ဂိုဏ်းသားများသည် အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်ပြီး ၎င်းတို့တွင် ၎င်းတို့၏လုပ်ငန်းကို ဖုံးကွယ်ရန် မတူညီသော အထောက်အထားများရှိသောကြောင့် ခေါင်းဆောင်နှင့် တရားမဝင်ဂိုဏ်း၏ အကြီးတန်းစီမံခန့်ခွဲမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို သိရှိရန် မလွယ်ကူပါ။ ကောင်းယိသည် ရက်အနည်းငယ်အတွင်း အစွမ်းကုန်လုပ်ဆောင်ခဲ့သည်။
"ကောင်းပြီ" ကုနင်းကပြောလိုက်သည်။ အခု ကားမောင်းနေသည်ဖြစ်၍ လေဆိပ်မှာ ဖတ်ရန်ဆုံးဖြတ်လိုက်သည်။ သူမသည် မြို့လယ်မှထွက်ခွာပြီး မိနစ် ၅၀ ခန့်အကြာတွင် လေဆိပ်သို့ရောက်ရှိခဲ့သည်။ သူမရောက်တာနဲ့ သူမဟာ အမျိုးသမီးသန့်စင်ခန်းသို့သွားပြီး “ထန်အိုက်နင်း” အဖြစ် အသွင်ပြောင်းလိုက်သည်။
ထို့နောက် သူမသည် check in ဝင်လိုက်သည်။
ချောင်ယသည် ကုနင်းထက် ၁၀ မိနစ်နောက်ကျသည်။ လုံခြုံရေးစစ်ဆေးမှုမှာ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြပေမယ့် တစ်ယောက်ကို တစ်ယောက် တစ်ချက်မှ မကြည့်ခဲ့ကြပေ။
…
သူတို့ လေယာဉ်ကို စောင့်နေချိန်တွက် ကောင်းယိ ပေးပို့လိုက်သော အီးမေးလ်ကို ကုနင်းက ဖတ်နေသည်။
အီးမေးလ်ထဲတွင် ဓာတ်ပုံနှင့် အထောက်အထား အချက်အလက်များ ပါရှိသည်။
ထျန်းယင် ဂိုဏ်း၏ခေါင်းဆောင်မှာ ဟွမ်းဟိုင်ဟောက်ဖြစ်ပြီး သူသည် အသက်လေးဆယ်ကျော်အရွယ်သာ ရှိသေးသည်။ ဟွမ်းဟိုင်ဟောက်သည် လူရှေ့သူရှေ့တွင် ပေါ်လာသည်မှာ ရှားပါးသော်လည်း သူသည် ဝိုင်စက်ရုံတွင်သာ အမြဲနေသောကြောင့် အပြင်လူများက သူ့ကို ဝိုင်စက်ရုံပိုင်ရှင်ဟုသာ ထင်ကြသည်။ ဝိုင်စက်ရုံကို ထန်းလုံဝိုင်စက်ရုံဟု အမည်ပေးထားသည်။
ထျန်းယင်ဂိုဏ်း၏ အကြီးတန်း မန်နေဂျာနှစ်ဦးသည် ထန်းလုံဘားနှင့် ထန်းလုံဟိုတယ်၏ အထွေထွေ မန်နေဂျာများ ဖြစ်သည်။
ကောင်းယိသည် ထျန်းယင်ဂိုဏ်းရှိ အထက်တန်းစားများအကြောင်း အချက်အလက်များကို စုဆောင်းထားသည်။
***
အခန်း ၁၆၂၀ ထန်းလုံဝိုင်စက်ရုံ
ကုနင်းသည် တရားမ၀င်ဂိုဏ်းအား ကိုင်တွယ်ဖြေရှင်းရန် ဥပဒေကို အသုံးပြုခြင်းသည် လက်တွေ့မကျကြောင်း သူမ သိသောကြောင့် ဥပဒေနှင့်ဖြေရှင်းရန် အစီအစဉ်မရှိပေ။
ထျန်းယင်ဂိုဏ်းသည် Cမြို့ တွင် သြဇာကြီးမားသောကြောင့် သူမသည် ၎င်း၏ တရားမဝင်လှုပ်ရှားမှုများကို ဒေသန္တရအစိုးရထံ သတင်းပို့လျှင်ပင် အသုံးမဝင်ပေ။
ထို့ကြောင့် ကုနင်းသည် ဤပြဿနာကို အကြမ်းဖက်နည်းဖြင့် ဖြေရှင်းရန် ရွေးချယ်လိုက်သည်။
အီးမေးလ်ကိုဖတ်ပြီးနောက် ကုနင်းသည် ကောင်းယိကို မက်ဆေ့ချ်ပို့ပြီး ဟွမ်းဟိုင်ဟောက် ရှိမရှိကို သိရှိရန် စပျစ်ခြံတွင် စောင့်ကြည့်ရန် ပြောလိုက်သည်။
အဖွဲ့လိုက်လုပ်ဆောင်ရန် လိုအပ်သောကြောင့် ကောင်းယိကို သူ့ဘာသာသူ လှုပ်ရှားခွင့်မပြုပါ။
ထို့အပြင် ကောင်းယိသည် သူရှာဖွေနိုင်သော စောင့်ကြည့်ကင်မရာအားလုံးကို ပျက်စီးစေရန်လိုအပ်သည်။ ကောင်းယိသည် ကျွမ်းကျင်လူသတ်သမားဖြစ်သောကြောင့် ၎င်းကိုပြုလုပ်ရန် အလွန်လွယ်ကူသည်။
ကုနင်းသည် ချောင်ယကို မက်ဆေ့ပို့ပြီး သူတို့သွားရမည့်နေရာကို ပြောပြလိုက်သည်။ အဲဒီကို သွားဖို့ သူတို့ တက္ကစီ သီးသန့်စီ စီးသွားမည်ဖြစ်သည်။
ထန်းလုံဝိုင်စက်ရုံသည် ဆင်ခြေဖုံးရပ်ကွက်တွင် တည်ရှိသော်လည်း ၎င်းကို အဝေးကနေထိန်းချုပ်ပြီး စက်ရုံထဲမှာ လှုပ်ရှားမှုမရှိသည်မဟုတ်ပေ။ သူတို့က မြို့လယ်ခေါင်ထက် တိတ်ဆိတ်နေတာပဲရှိသည်။
ကုနင်းနှင့် ချောင်ယတို့သည် အနီးနားရှိ ဟိုတယ်တွင် တွေ့ဆုံကြလိမ့်မည်။
…
သူမမှာ အချိန်အနည်းငယ်ရှိသေးတာကြောင့် ကုနင်းက ကုမန့်ကိုဖုန်းဆက်ပြီး သူမ၏ မိသားစုကို နှုတ်ဆက်လိုက်သည်။ လေယာဉ်မတက်မီ WeChat အဖွဲ့ရှိ သူမ၏သူငယ်ချင်းများနှင့်လည်း ခဏတာ စကားပြောဆိုသည်။
ဒီတစ်ခါ သူမသည် သူတို့နှင့် စကားပြောဖူးတာ အကြာဆုံးဖြစ်သည်။
ကုနင်းသည် အမှန်တကယ်ပင် ကျင့်ကြံသူဖြစ်လာရန် စွန့်စားလိုစိတ်ရှိပြီး သူမ၏ အတွေးများသည် ယခုအခါတွင် ပြောင်းလဲလာသည်။ သူမသည်သူမ၏မိသားစုနှင့်သူငယ်ချင်းများကို ယခင်ကထက် ပိုမိုမြတ်နိုးလာသည်။ သူမသည် စွန့်စားမှုမှ လွတ်မြောက်နိုင်မည်ဟု မျှော်လင့်သော်လည်း အဆိုးဆုံးရလဒ်အတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရမည်လည်းဖြစ်သည်။
…
မြို့တော်သည် Cမြို့ အနီးတွင်မဟုတ်သောကြောင့် လေယာဉ်ပျံသန်းချိန် နှစ်နာရီနီးပါးကြာခဲ့သည်။
ကုနင်းနှင့် ချောင်ယ လေဆိပ်သို့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ရောက်ရှိသည်။ သူတို့ လေယာဉ်ပေါ်မှ ဆင်းပြီးသည်နှင့် လေဆိပ်မှ ထွက်ခွာသွားကာ ကုနင်းသည် ဝိုင်စက်ရုံအနီးရှိ ဟိုတယ်သို့ တက္ကစီတိုက်ရိုက်စီးလိုက်သည်။
ချောင်ယသည်တော့ ဟိုတယ်တွင် ကုနင်းနှင့် မတွေ့ဆုံမီ သူမအဝတ်အစားများကို အရင်ပြောင်းလိုက်သည်။
သူတို့နှစ်ယောက်၏ ဆက်ဆံရေးကို လျှို့ဝှက်ထားရမည်။
နာရီဝက်ခန့်အကြာတွင် ကုနင်းသည် ဟိုတယ်အပြင်ဘက်သို့ ရောက်ရှိလာပြီး ၁၀ မိနစ်ခန့်အကြာတွင် ချောင်ယ ရောက်ရှိလာသည်။ တစ်ယောက်နှင့် တစ်ယောက် တွေ့ဆုံပြီးနောက် ထန်းလုံဝိုင်စက်ရုံသို့ အတူတူ လမ်းလျှောက်ခဲ့ကြသည်။
ထန်းလုံဝိုင်စက်ရုံသည် အလွန်ကြီးမားပြီး ဗီလာဧရိယာ၊ ရုံးခန်းဧရိယာနှင့် ခြံဧရိယာဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားထားသည်။
ဗီလာအကျယ်အဝန်းသည် ဘယ်ဘက်ပိုင်းတွင် စတုရန်းမီတာ နှစ်ထောင်ကျော် ကျယ်ဝန်းပြီး စတုရန်းမီတာ တစ်ထောင်ကျော်ရှိသော ဥယျာဉ်တစ်ခုနှင့် စတုရန်းမီတာ တစ်ထောင်ခန့်ကျယ်ဝန်းသော အိမ်ကြီးတစ်လုံးတို့ ပါဝင်သည်။
အိမ်ကြီးသည် ဥရောပရဲတိုက်ကဲ့သို့ဖြစ်ပြီး သုံးထပ်ရှိသည်။ ဗီလာဧရိယာတွက် နှစ်မီတာမြင့်သော ခြံစည်းရိုးဖြင့် ဝန်းရံထားသည်။
ခြံစည်းရိုးအစွန်းတလျှောက်တွင် စိမ်းလန်းစိုပြေသော အကိုင်းအခက်များနှင့် အရွက်များရှိသည့် တရုတ်ထီးပင်များ၀န်းရံထားသည်။ အပြင်ကနေကြည့်လျှင် အတွင်းကိုမည်သူမှ မမြင်နိုင်ပေ။
ဗီလာဧရိယာနှင့် ရုံးခန်းကြားတွင် နံရံတစ်ခုသာရှိသည်။ စက်ရုံနှင့်ပေါင်းစပ်ထားသောကြောင့် ရုံးခန်းဧရိယာသည် ဗီလာဧရိယာထက် များစွာပိုကြီးသည်။
ဗီလာဧရိယာနှင့် ရုံးခန်းနောက်ဘက်ရှိ လယ်မြေဧရိယာသည် ပိုကျယ်သည်။ စပျစ်သီး၊ ဘလူးဘယ်ရီ၊ စတော်ဘယ်ရီနှင့် အခြားအသီးအနှံများဖြင့် စတုရန်းမီတာ သောင်းနှင့်ချီသော ဧရိယာကို လွှမ်းခြုံထားသည်။
ဝိုင်လုပ်ရန် စတုရန်းမီတာ ထောင်ပေါင်းများစွာရှိသော ဤခြံတွင် အသီးအနှံများ လုံလောက်စွာ စိုက်ပျိုးရန် ဝိုင်စက်ရုံအတွက် မဖြစ်နိုင်သောကြောင့် ၎င်းတို့သည် အခြားတစ်နေရာတွင် သီးခြားဥယျာဉ်ခြံတစ်ခု ရှိသေးသည်။
ထျန်းယင်ဂိုဏ်းသည် ဤဝိုင်စက်ရုံကို ကာဗာအဖြစ် အသုံးပြုပေမယ့် သူတို့သည် အလေးအနက်ထားပြီး စီးပွားရေးလုပ်နေတာဖြစ်ပါသည်။ သူတို့ဂိုဏ်းထဲမှာ လူရာနဲ့ချီရှိတဲ့အတွက် ဂိုဏ်းတစ်ခုလုံးကို ထောက်ပံ့ဖို့ သူတို့ ပိုက်ဆံအများကြီးရှာရမည်ဖြစ်သည်။
…
ခြံစည်းရိုးတစ်ဝိုက်ရှိ သစ်ပင်များသည် စိမ်းလန်းစိုပြေစွာပေါက်နေသောကြောင့် ပတ်ဝန်းကျင်ရှိ စောင့်ကြည့်ကင်မရာများသည် အလွန်ရှင်းလင်းခြင်းမရှိသည့်အပြင် ကင်မရာအများအပြားကို သစ်ရွက်များဖြင့် ပိတ်ဆို့ထားသည်။ ထို့အပြင် ကောင်းယိသည် နံရံဘေးရှိ စောင့်ကြည့်ကင်မရာများကို ဖယ်ရှားထားသောကြောင့် နောက်ပိုင်းကိစ္စများတွင် သူတို့အတွက် ပိုမိုအဆင်ပြေစေမည်ဖြစ်သည်။
ကုနင်းနှင့် ချောင်ယလာကြောင်းကို ကောင်းယိ ကြားလိုက်ရသောအခါ နံရံဘေးတွင် စောင့်ရန်သွားလိုက်သည်။
သူတို့ဆုံပြီးသွားတာနဲ့ ကောင်းယိက ကုနင်းအား "ဘော့စ် ဒီနံရံက စောင့်ကြည့်ကင်မရာတွေ အကုန်ဖြုတ်ပြီးပါပြီ ဒါပေမယ့် အိမ်အပြင်ဘက်မှာ ရှိတဲ့ စောင့်ကြည့်ကင်မရာတွေက အရမ်းဝေးတယ်။ ဟွမ်းဟိုင်ဟောက်က ဝိုင်စက်ရုံမှာ ရှိတယ်။ လွန်ခဲ့တဲ့တစ်နာရီခန့်က သူပြန်လာတာကို ငါတွေ့လိုက်ပေမယ့် သူ့တည်နေရာအတိအကျကိုတော့ မသိဘူး။"
"ကောင်းပြီ ငါတို့နောက်ထပ်အစီအစဉ်ကို စဉ်းစားထားဖို့တော့လိုတယ်" ဟု ကုနင်းက ပြောသည်။
၎င်းသည် တရားမဝင်ဂိုဏ်း၏ အခြေစိုက်စခန်းဖြစ်သောကြောင့်၊ ဤအိမ်ကြီးသည် မရိုးရှင်းနိုင်ပါ။ တကယ်တော့ လုံခြုံရေးအစောင့်များက သေနတ်တွေကိုင်ပြီး ဗီလာကို လှည့်ပတ်သွားလာနေကြတာဖြစ်သည်။
သာမန်လူများအတွက် အိမ်ထဲသို့ ဖောက်ဝင်ဖို့ဆိုတာ မလွယ်ကူပေ။ သို့သော် ကုနင်းသည် ထိုအရာကို ပြဿနာတစ်ခုဟု မထင်ပေ။
ထို့အပြင် အိမ်ရာဝန်းရှိ ပြတင်းပေါက်များတွင် ကျည်ကာမှန်များပါရှိသောကြောင့် ၎င်းတို့ကို သေနတ်ဖြင့်လည်း မခွဲနိုင်ပေ။
ဟွမ်းဟိုင်ဟောက်၏အခန်းသည် တတိယထပ်အလယ်ခန်းတွင်ရှိပြီး ပြတင်းပေါက်သည် အိမ်နောက်ဖေးသို့ မျက်နှာမူထားသည်။ ကံကောင်းစွာဖြင့် ပြတင်းပေါက်မပိတ်သောကြောင့် ကုနင်းသည် သူ့အခန်းထဲသို့ဝင်ရန် ခက်ခဲမည်မဟုတ်ပေ။ ဖြစ်နိုင်လျှင်ကုနင်းက ဟွမ်းဟိုင်ဟောက်ကို အသံမထွက်ဘဲ ဖမ်းဆီးသွားချင်နေသည်။
ကုနင်းသည် ဗီလာကိုကြည့်ရန် သူမ၏ ကျောက်စိမ်းမျက်ဝန်းကိုအသုံးပြုပြီးနောက် ကျယ်ဝန်းသော မြေအောက်ခန်းကို သူမမြင်လိုက်ရသည်။
သေနတ်များကဲ့သို့သော တရားမဝင် ပစ္စည်းများ အများအပြားကို ထိုနေရာတွင် သိမ်းဆည်းထားသည်။
တရားမဝင်ဂိုဏ်းတစ်ခုတွင် မတူညီသောသေနတ်များ ရှိနေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။