← Chapters

အခန်း (၁၆၂၇-၁၆၃၂)

Vol. 102 Ch. 1627-1632

အခန်း (၁၆၂၇-၁၆၃၂)

Vol. 102 Ch. 1627-1632

အခန်း ၁၆၂၇ လျှို့ဝှက်ပံ့ပိုးမှု

ထန်ယရှင်းသည် ဆိုးရွားသော အခြေအနတွေင် ရှိနေသော်လည်း ထန်မိသားစုက သူမအား အရှုံးမပေးပေ။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံတတ်နိုင်ကြသည်။ ထန်ပင်းစန်သည် ကျီယီယင်းကို ထန်ယရှင်းအား နိုင်ငံခြား ခေါ်သွားခိုင်းဖို့ ဆုံးဖြတ်ချက်ချထားသည်။ သူတို့မိသားစုဟာ အခုအချိန်မှာ အန္တရာယ်ရှိ‌သော အခြေအနေရောက်နေ၍ ချက်ချင်း‌တော့ မပြောင်းနိုင်ပေ။

ထန်ပင်းစန်၏ အတွင်းရေးမှုးသည် သူ့အိပ်ခန်းတံခါးကို ခေါက်သော်လည်း မည်သူမျှ ပြန်မဖြေပေ။ သူ့အတွင်းရေးမှူးက ခဏစောင့်ပြီးမှ အိမ်ထိန်းကို ခေါ်လိုက်သည်။ အိမ်ထိန်းသည်လည်း ထန်ပင်းစန် ကို စိုးရိမ်တဲ့အတွက် အခန်းထဲသို့ ဖျက်ဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။

တံခါးဖွင့် ၀င်လိုက်သောအခါတွင် ထန်ပင်းစန်သည် သူ့ခန္ဓာကိုယ်အောက်တွင် သွေးအိုင်နှင့်အတူ စောင်ပေါ်တွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားကြပြီး ထန်ပင်းစန်ကို ဆေးရုံကို ချက်ချင်း ပို့လိုက်ကြသည်။ ထန်ပင်းစန်သည် သတိမရမီ အချိန်အတော်ကြာအောင် မေ့မြောနေခဲ့သည်။

သူ့အတွင်းရေးမှူးသည် ဖြစ်ကြောင်းကုန်စင်ကို မေးသည်။

ထန်ပင်းစန်၏အတွင်းရေးမှူးသည် သူ၏လူယုံဖြစ်သဖြင့် ထျန်းယင်ဂိုဏ်းနှင့် သူ၏ဆက်ဆံရေးကို သိရှိထားပြီးဖြစ်‌‌သော‌ကြောင့် ထန်ပင်းစန်သည် သူ့ကို အရာအားလုံးကို ပြောပြလိုက်သည်။

ဖြစ်ပျက်ခဲ့တာကို သိလိုက်ရတော့ သူ့အတွင်းရေးမှူးလည်း အံ့သြသွားသည်။ ဤတစ်ကြိမ်တွင် "ထန်အိုက်နင်း" ကြောင့် ထန်မိသားစု ပျက်သုဉ်းသွားနိုင်ကြောင်း သူရိပ်မိလိုက်သော်လည်း ထုတ်မပြောရဲပေ။

ထို့နောက်တွင် ထန်ပင်းစန်က သူ၏အတွင်းရေးမှူးအား ‌ဒုခေါင်းဆောင်ထံ ထိုအမျိုးသမီးမှာ "ထန်အိုက်နင်း" ဖြစ်ကြောင်း စာတိုပေးပို့ခိုင်းလိုက်သည်။

နံနက် ၉း၃၀ အချိန်တွင် ဒုခေါင်းဆောင်သည် Cမြို့တွင် လေယာဉ်ဆိုက်လာကာ ထန်ပင်းစန်၏သတင်းစကားကို တွေ့လိုက်ရသည်။

ထိုအမျိုးသမီးသည် "ထန်အိုက်နင်း" ဖြစ်သည်ကို သိလိုက်ရသောအခါ သူ အံ့ဩသွားသည်။ "ထန်အိုက်နင်း"နှင့် ထန်မိသားစုအပေါ် ရန်ငြိုးထားမှုများကို သူသိသော်လည်း သူမ၏ မယုံနိုင်စရာစွမ်းရည်ကြောင့် အံ့အားသင့်နေဆဲဖြစ်သည်။

"ထန်အိုက်နင်း" သည် မည်မျှ အစွမ်းထက်သည်ကို အတိအကျ သိသောကြောင့် သူမကို ဖမ်းရန် အလွန်ခက်ခဲမည်ကို သူသိသည်။

တကယ်တော့သူသည် ဟွမ်းဟိုင်ဟောက်ကို သိပ်ဂရုမစိုက်ပါ။ ဟွမ်းဟိုင်ဟောက်ကို ဘယ်တော့မှ ပြန်မလာနိုင်‌တော့ဘူးလို့တောင် မျှော်လင့်ထားသည်။ အဲဒီအခါမှာသာ သူသည် သူတို့ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်လာနိုင်လိမ့်မယ်။ ကျားနှစ်ကောင်က ဂူတစ်ခုထဲမှာ အောင်းရိုးထုံးစံမရှိ‌ပေ။ သူသည် ဟွမ်းဟိုင်ဟောက်ကို အမြဲတမ်း အစားထိုးချင်ခဲ့သည်။ သို့သော် ဟွမ်းဟိုင်ဟောက် သည် သူ့ထက်ထူးချွန်သောကြောင့် သူ့ရည်မှန်းချက်ကို ကန့်သတ်ထားရမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ဟွမ်းဟိုင်ဟောက်ကို ပြန်ပေးဆွဲခံရသည့် ယခုအချိန်တွင် သူ့အတွက် အခွင့်အ‌ရေးဖြစ်သည်။ ဟွမ်းဟိုင်ဟောက် အသက်ရှင်နေသေးသော်လည်း ဟွမ်းဟိုင်ဟောက်ကို တိတ်တဆိတ်သတ်ရန် သူ့လူများကို စေလွှတ်နိုင်သေးသည်။

အကြီးတန်းမန်နေဂျာတိုင်းတွင် သူတို့၏ သစ္စာရှိ လက်အောက်ငယ်သားများ ရှိသောကြောင့် ဒုခေါင်းဆောင်သည် လုံးဝမကြောက်ပေ။

ထျန်းယင်ဂိုဏ်းသည် "ထန်အိုက်နင်း" ကြောင့် အကြီးအကျယ် ပျက်စီးသွားသော်လည်း ဒုခေါင်းဆောင်၏ အမြင်တွင် လုံလောက်သော ကြွယ်ဝမှုများစွာ ရှိနေသေးသည်။ ခေါင်းဆောင်ဖြစ်လာသည်နှင့် သူသည် ကြီးမားသော အာဏာရှိလာလိမ့်မည်။ ဒုခေါင်းဆောင်က လေဆိပ်ကထွက်လာသောအခါ တစ်စုံတစ်ယောက်က သူ့ကိုစောင့်နေပြီး သူတို့သည် ဟိုတယ်သို့ အမြန်မောင်းလိုက်သည်။

ထန်းလုံ ဝိုင်စက်ရုံပေါက်ကွဲသွား‌သောကြောင့် ဟိုတယ်မှာသာ အစည်းအဝေး ပြုလုပ်နိုင်သည်။ တကယ်တော့ ထျန်းယင်ဂိုဏ်း၏ အကြီးတန်း စီမံခန့်ခွဲရေးမှူးသည် ယခုတွင် "ထန်အိုက်နင်း" ကို တော်တော်ကြောက်နေသည်။ သူမ ပေါ်လာပြီး ချက်ချင်းပျောက်ကွယ်သွားနိုင်သည်။

ဒုခေါင်းဆောင်သည် ဟိုတယ်သို့ အပြေးအလွှားသွားနစေဉ်မှာပဲ ကုနင်း၏ ပို့စ်သည် အင်တာနက်ပေါ်တွင် အာရုံစိုက်မှုများစွာကို ရခဲ့သည်။

ထျန်းယင်ဂိုဏ်း၏ ဩဇာကြောင့် အချို့သော မီဒီယာများက ၎င်းအား သတင်းအဖြစ်တင်ရန် မဝံ့ရဲကြသော်လည်း အချို့သော သြဇာလွှမ်းမိုးသူများသည် ၎င်းကို လုံးဝ ဂရုမစိုက်ပေ။

ထိုသြဇာရှိသူများက ထိုသတင်းပြန်တင်လိုက်သည့်အခိုက်တွင် အင်တာနက်အသုံးပြုသူအများအပြား ပိုမို ဖတ်လာကြသည်။

သာမာန်နိုင်ငံသားများသည် ဒုစရိုက်သမားများက အမြဲဒုစရိုက်များကို ပြုကြသောကြောင့် တရားမ၀င်ဂိုဏ်းများကို မုန်းတီးကြသည်။ လူအများအပြား ထိခိုက်ဒဏ်ရာရပြီး မိသားစုအများအပြားသည် တရားမဝင် ဂိုဏ်းများ၏ ဒဏ်ကို ခံခဲ့ကြရသည်။

ရလဒ်အနေဖြင့် ထျန်းယင်ဂိုဏ်းသည် အချိန်တိုအတွင်း ဆိုရှယ်မီဒီယာပေါ်တွင် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။

"အိုး ထန်းလုံ ဝိုင်စက်ရုံကို ဖောက်ကွဲခဲ့တဲ့ လူက အရမ်းသတ္တိရှိတာပဲ။"

"ထန်းလုံ ဝိုင်စက်ရုံမှာ ဘာလို့ ဒီတရားမဝင်ပစ္စည်းတွေ အများကြီးကို ဖွက်ထားကြတာလဲ?"

"ထျန်းယင်ဂိုဏ်းရဲ့ အခြေစိုက်စခန်းများလား?"

“ဖြစ်နိုင်တယ်။ သာမန်လူတွေက သေနတ်နဲ့ မူးယစ်ဆေးဝါးတွေကို သူတို့နေရာတွေမှာ ဝှက်ထားမှာ မဟုတ်‌လောက်ဘူး။”

"ထျန်းယင်ဂိုဏ်းရဲ့ အခြေစိုက်စခန်း ပေါက်ကွဲသွားတာကို သိလိုက်ရလို့ ဝမ်းသာတယ်။"

"ငါရောပဲ ဒါပေမယ့် ဒီလူက ဘာလို့ဒီလိုလုပ်ရတာလဲ?"

"မသိဘူး။ ဒါပေမယ့် ထျန်းယင်ဂိုဏ်းက မကောင်းမှုတွေ အများကြီးလုပ်ခဲ့တာတော့ အမှန်ပဲ။"

“မှန်တယ်၊ ထျန်းယင်ဂိုဏ်းကို လုံးဝဖျက်ဆီးပစ်သင့်တယ်။ ရှိမနေသင့်ဘူး!"

"ထျန်းယင်ဂိုဏ်းမှာ ပြင်းထန်တဲ့ရန်သူရှိတယ်လို့ ငါထင်တယ်။"

"ဘာတွေဆက်ဖြစ်မလဲဆိုတာ စောင့်ကြည့်ရအောင်။"

"ငါလည်း ထျန်းယင်ဂိုဏ်းကို မုန်းတယ်။"

“…”

ထျန်းယင်ဂိုဏ်း၏ အခြေစိုက်စခန်း ပေါက်ကွဲသွားသည်ကို သိလိုက်ရသဖြင့် လူများစွာသည် စိတ်လှုပ်ရှားနေကြသည်။ အကြောင်းမှာ သူတို့သည် တရားမဝင် ဂိုဏ်းများကို ကြောက်မက်ဖွယ်ကောင်းသလို မြင်ကြသောကြောင့် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထျန်းယင်ဂိုဏ်း၏ တည်ရှိမှုသည် သူတို့၏ စူးစမ်းလိုစိတ်ကို နှိုးဆွခဲ့သည်။

ယခင်က တရားမဝင်ဂိုဏ်းများအကြောင်း လူများစွာသည် ကြားသိခဲ့ရသော်လည်း လက်တွေ့ဘဝတွင် တစ်ခါမျှမတွေ့ဖူးခဲ့ကြပေ။ ထျန်းယင်ဂိုဏ်းသည် ဤတစ်ကြိမ်တွင် ကျော်ကြားလာသောကြောင့် သူတို့ဘာလုပ်ကြသလဲဟု တွေးလာမိကြသည်။

အချို့လူများသည် ထျန်းယင်ဂိုဏ်း၏တည်ရှိမှုကို အစိုးရက သိရှိထားသည်ဟု ထင်ကြသောကြောင့် Cမြို့ ရှိအစိုးရကိုပင် မေးခွန်းထုတ်လာကြသည်။ ထျန်းယင်ဂိုဏ်း လုပ်နေတာတွေကို အစိုးရက သတိပြုမိလျှင် သူတို့ဥပဒေချိုးဖောက်‌နေတာကို ရပ်တန့်သင့်သည်။ သို့သော် ထျန်းယင်ဂိုဏ်းသည် အချိန်ကြာမြင့်စွာ တည်ရှိလာပုံရသည်။

ထျန်းယင်ဂိုဏ်းသည် လွန်ခဲ့သည့်နှစ်များအတွင်း အပြစ်ပေးခံရခြင်းမရှိဘဲ တရားမဝင်သောအရာများကို လုပ်ဆောင်နိုင်ခဲ့သည်။ ထိုအခြေအနေမျိုးတွင် ထျန်းယင်ဂိုဏ်းသည် ၎င်း၏ နောက်ကွယ်တွင် လျှို့ဝှက်ပံ့ပိုးမှုများရှိရမည် မဟုတ်ပါက ၎င်းသည် လုံခြုံနေနိုင်မည်မဟုတ်ပေ။

***

အခန်း ၁၆၂၈ ခြေရာတောင် မကျန်ဘဲ ထွက်သွားတာ

ကြီးလေးတဲ့အမှားသာ မလုပ်လျှင် တရားမဝင်ဂိုဏ်း‌တွေကို ဖယ်ရှားဖို့ဆိုတာ မဖြစ်နိုင်ဘူးဟု ထင်ရသည်။

အင်တာနက်အသုံးပြုသူအများအပြားက အဆိုပါပုဂ္ဂိုလ်သည် ထျန်းယင်ဂိုဏ်း၏အခြေစိုက်စခန်းအား မီဒီယာများမှ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ရန် ထုတ်ဖော်ခဲ့သည်ဟု ထင်ကြေးပေးကြသည်။

ညစ်ပတ်သော လျှို့ဝှက်ချက်များကို လူသိရှင်ကြား ဖော်ထုတ်မှသာ တရားမ၀င် ဂိုဏ်းအား ဥပဒေနှင့်အညီ အရေးယူနိုင်မည်ဖြစ်သည်။ ကြီးမားသောဖိအားပေးမှုအောက်တွင် အစိုးရနှင့် ရဲတပ်ဖွဲ့တို့သည် အဆိုပါပြဿနာကို ဖြေရှင်းရန် လုပ်ဆောင်ကြလိမ့်မည်။ အစိုးရသည် ၎င်း၏ဂုဏ်သိက္ခာကို ကာကွယ်ရမည်ဖြစ်သည်။ ညစ်ပတ်သောလျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီးသောအခါတွင် သူတို့သည် ဘာမှမလုပ်ပါက၊ ပြည်သူများ၏ ထောက်ခံမှုကို ဆုံးရှုံးသွားမည်ဖြစ်သည်။

အမှန်တော့ နိုင်ငံသားအများစုသည် တရားမဝင်ဂိုဏ်းများ၏ တည်ရှိမှုကို လက်မခံနိုင်‌ပေ။ ထျန်းယင်ဂိုဏ်း၏ အခြေစိုက်စခန်းနဲ့ ဘားနှစ်ခု ဖျက်ဆီးခံခဲ့ရပေမယ့် Cမြို့ မှာ သြဇာလွှမ်းမိုးမှု ကြီးကြီးမားမား ရှိနေဆဲမို့ ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်သေးပေ။

သို့သော် ဆိုရှယ်မီဒီယာသည် ထျန်းယင်ဂိုဏ်းအား ထိုရည်မှန်းချက်မှ လွတ်မြောက်‌စေခဲ့သည်။ ထို့အပြင် အဆိုပါ ပို့စ်နှင့် သတင်းများသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့နေပြီဖြစ်သည်။

…

ဒုခေါင်းဆောင်၏ကားသည် မြို့လယ်ခေါင်သို့ ဝင်လာပြီး မီးပွိုင့်ရှေ့တွင် ရပ်လိုက်သည့်အခိုက်တွင် အနောက်မှ ကုန်တင်ကားကြီးတစ်စီးက ၎င်းတို့ဆီသို့ တည့်တည့်မောင်းချလာသည်။

ဒုခေါင်းဆောင်ကား၏ အခြားသုံးဘက်ခြမ်းတွင် ကားများရှိနေ၍ လွတ်မြောက်ရန် လမ်းမရှိပေ။

ကုန်တင်ကားကြီးသည် သူ့ကားကို ဝင်တိုက်ခါနီးတွင် သူနှင့် ကားမောင်းသူ နှစ်ဦးစလုံး ခုန်ချကာထွက်ပြေးလိုက်သည်။ နှစ်ယောက်စလုံးက တိုက်ခိုက်ရေးအားကောင်းတဲ့အတွက် ထရပ်ကားကြီးကို ရှောင်ဖို့ မခက်ပေမယ့် သူတို့ပတ်ဝန်းကျင်က အပြစ်မဲ့သူတွေကတော့ ကြီးကြီးမားမား ဒုက္ခရောက်ကြလိမ့်မည်။

သူတို့သည် တရားမဝင်ဂိုဏ်းသားများဖြစ်၍ အခြားသူများကို ကြင်နာမှုနှင့် စာနာစိတ်‌တွေမရှိကြပေ။ ထို့နောက်တွင် ထရပ်ကားကြီးသည် ဒုခေါင်းဆောင်၏ကားနှင့်အတူ အခြားကားများကိုလည်း တိုက်မိသွားသည်။ ကံကောင်းစွာဖြင့် ကုန်တင်ကားကြီးသည် မကြာမီ ရပ်တန့်သွားပြီး ပိုမိုပြင်းထန်သော ယာဉ်မတော်တဆမှု မဖြစ်ပွားခဲ့ပေ။

အခင်းဖြစ်ရာကို တွေ့တော့ ဒုခေါင်းဆောင်က မျက်‌မှောင်ကြုံ့လိုက်သည်။ ဒါဟာ မတော်တဆမှုတစ်ခုလို့ သူ မထင်ပေ။ တစ်ယောက်ယောက်က သူ့ကို ဂိုဏ်းသို့ ပြန်မရောက်စေချင်တာဖြစ်နိုင်သည်။ ထျန်းယင်ဂိုဏ်းအတွင်းမှာ သဟဇာတ မရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိထားလို့ သူ့မှာ ဂိုဏ်းအတွင်းကလူရဲ့ လက်ချက်မှန်း သိလိုက်သည်။

ဟွမ်းဟိုင်ဟောက်သည် ပြန်ပေးဆွဲခံ‌နေပြီး ဤအရေးကြီးသောအခိုက်အတန့်တွင် သူပါ ဒုက္ခရောက်ပါက အခြားအကြီးတန်းမန်နေဂျာများသည် အခွင့်ကောင်းရနိုင်သည်။

ဒုခေါင်းဆောင်သည် ယခုအချိန်တွင် ထျန်းယင် ဂိုဏ်းတွင်ရှိနေသည့် အရေးပေါ်အခြေအနေအတွက် ပြန်သွားရမည်ဖြစ်သောကြောင့် တက္ကစီကို အမြန်စီးကာ ချက်ချင်းထွက်ခွာသွားခဲ့သည်။

ဤကားမတော်တဆမှုရဲ့ အမှန်တရားကို ရှာဖွေဖို့ ကားဒရိုက်ဘာကို နေဖို့ ပြောလိုက်သည်။ သူ့ဒရိုက်ဘာက သူ့နောက်လိုက်ဖြစ်တာကြောင့် သူ့ကိုယုံကြည်သည်။

သိပ်မကြာခင်မှာပဲ ယာဉ်ထိန်းရဲတွေ လူနာတင်ယာဉ်တစ်စီးနဲ့ ရောက်လာသည်။ ကံကောင်းစွာနဲ့ပဲ လူအများအပြား ဒဏ်ရာရခဲ့ပေမယ့် ဘယ်သူမှ မသေ‌ခဲ့‌ပေ။ ကုန်တင်ကားကြီး၏ ယာဉ်မောင်းက မောပန်းလွန်းသဖြင့် ဘရိတ်အစား လီဗာကို မှားနင်းမိသည်ဟု ဆိုသည်။

ကုန်တင်ကားကြီး၏ ယာဉ်မောင်းက စိတ်ရင်းမှန်ဖြင့် တောင်းပန်ပြီး တာဝန်ယူရန် ဆန္ဒရှိသောကြောင့် အခြားလူများက တရားရုံးတွင် ထွက်ဆိုရန် သဘောတူခဲ့ကြသည်။

ဒုခေါင်းဆောင်၏ ကားမောင်းသူက သဘောတူလိုက်သော်လည်း ယာဉ်မောင်းကို အထူးသတိထား‌နေသည်။

…

ဒုခေါင်းဆောင်သည် ဟိုတယ်သို့ရောက်ရှိပြီး နောက်ဆုံးတွင် အခြားအကြီးတန်းမန်နေဂျာများနှင့်တွေ့ဆုံသောအခါတွင် ၎င်းတို့၏တုံ့ပြန်မှုများကို သတိပြုမိပြီးနောက် ထောက်လှမ်းရေးမန်နေဂျာ၏မျက်နှာတွင် အံ့သြတကြီးအကြည့်တစ်ချက်ကိုတွေ့လိုက်ရသည်။ ကားမတော်တဆမှုမှာ ထောက်လှမ်းရေး မန်နေဂျာနဲ့ တစ်ခုခုဆိုင်မည်ဆိုတာ သေချာသည်။

သူ့အထင်ကမှန်သည်။ ထောက်လှမ်းရေး မန်နေဂျာက ကားမတော်တဆမှုနဲ့ သူ့ကိုသတ်ရန် တကယ် စီစဉ်ခဲ့တာဖြစ်သည်။ သူ့အကြံအစည်ပျက်သွားတဲ့အခါ ထောက်လှမ်းရေးမန်နေဂျာက စိတ်ပျက်သွားပေမယ့် သူ့မျက်နှာမှာ ခံစားချက်ကိုထုတ်မပြခဲ့ပါ။ ဒုခေါင်းဆောင်က သူ့တုံ့ပြန်မှုကို သတိထားမိပြီးသားဆိုတာ သူ မသိလိုက်‌ပေ။ ဘာပဲဖြစ်ဖြစ် ခိုင်လုံတဲ့ အထောက်အထား မရှိသရွေ့တော့ သူ အဆင်ပြေမှာပါ။

သူတို့ထဲက တော်တော်များများဟာ ထျန်းယင်ဂိုဏ်းမှာ တစ်ယောက်နဲ့တစ်ယောက် ရန်စဖို့ ကြံစည်ကြသည်။ ကိစ္စတစ်ခုလုပ်တိုင်း သက်သေအထောက်အထား မထားခဲ့ဖို့ဟာ သူတို့ရဲ့ မပြောမဖြစ် စည်းကမ်းတွေထဲက တစ်ခုပင်ဖြစ်‌သည်။

ဒုခေါင်းဆောင်သည် ယခုထက်ပို၍ အရေးကြီးသောအရာကို ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေသောကြောင့် ယခုအချိန်တွင် ထောက်လှမ်းရေးမန်နေဂျာနှင့် ငြင်းခုံမနေတော့‌ပါ။

"ခေါင်းဆောင်အကြောင်း ကြားသေးလား?" ဒုခေါင်းဆောင်က မေးသည်။

“အဲ့ဒီအမျိုးသမီးက သဲလွန်စကို မကျန်တော့ကျွန်တော်တို့ သူ့ကို လုံးဝ မရှာနိုင်ဘူး။ အိမ်ကလည်းပေါက်ကွဲသွားပြီး စောင့်ကြည့်ကင်မရာတွလေည်း ပျက်စီးသွားတယ်။” ဟု အကြီးတန်းမန်နေဂျာက ပြောသည်။

ဒုခေါင်းဆောင်က ဟွမ်းဟိုင်ဟောက် နဲ့ မပြေလည်ပေမဲ့ တခြားသူတွေရှေ့မှာ သူ့ရဲ့စိုးရိမ်မှုကို ပြသရမည်။

“ကောင်းပြီ၊ မင်းသိသင့်တယ်လို့ ငါထင်တာတစ်ခုရှိတယ်” လို့ ဘဏ္ဍာရေးမန်နေဂျာက ပြောပြီး ဒုခေါင်းဆောင်ကို သူ့ဖုန်းကို ပေးလိုက်သည်။ ထန်းလုံဝိုင်စက်ရုံပေါက်ကွဲမှုနှင့်ပတ်သက်သည့် သတင်းကို ဖန်သားပြင်ပေါ်တွင် ပြသထားသည်။ ဒုခေါင်းဆောင်က သတင်းကိုဖတ်ပြီး ဒေါသထွက်သွားတယ်။ သူတို့ ရဲတွေကိုပါ ခေါ်ထားတယ်ဆိုတာ သိလိုက်ရတော့ သူက ပိုဒေါသဖြစ်သွားသည်။

"အရူးတွေ!"

ဒုခေါင်းဆောင်က အခု ဘာပြန်ပြောရမှန်း မသိတော့‌‌ပေ။ သူတို့ရဲကိုခေါ်ထားရင်တောင် အသုံးမ၀င်‌တော့‌ပေ။ "ထန်အိုက်နင်း" သည် သူတို့၏ ညစ်ညမ်းသောလျှို့ဝှက်ချက်များကို လူမှုမီဒီယာတွင် ဖော်ထုတ်ခဲ့ပြီး ရဲတပ်ဖွဲ့ကပါ အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်တော့မည်။

သိပ်မကြာခင်မှာပဲ ဒုခေါင်းဆောင်က အကြံတစ်ခုရပြီး “ထန်းလုံ ဝိုင်စက်ရုံရဲ့ Weibo အကောင့်မှာ တရားဝင်ရှင်းပြချက်ကို ထုတ်ပြန်လိုက်။ ထန်းလုံဝိုင်စက်ရုံကနေ ပိုင်တဲ့ အိမ်မြေအောက်ခန်းထဲမှာ သေနတ်နှင့် မူးယစ်ဆေးဝါးတွေ တရားမဝင် ပစ္စည်းတွေ ဝှက်ထားတယ်ဆိုတာ ကောလာဟလဆိုပြီး ငြင်းလိုက်။ ပေါက်ကွဲသွား‌တော့ သတင်းက အမှန် ဟုတ်မဟုတ် ဘယ်သူမှ မသိနိုင်ဘူး။”

"ပြဿနာမရှိပါဘူး။" ဘဏ္ဍာရေးမန်နေဂျာက အဲဒါကို ချက်ချင်းလုပ်သည်။ သူသည် ထျန်းယင်ဂိုဏ်း၏ စီးပွားရေးလုပ်ငန်းများ၏ အထွေထွေမန်နေဂျာဖြစ်သောကြောင့် အကျပ်အတည်းကို လူကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရသည်။

“မန်နေဂျာကြီး၊ လူတချို့ကို မြေအောက်ခန်းမှာ သက်သေတစ်ခုခု ကျန်ခဲ့လား စစ်ခိုင်းလိုက် ရှိရင် ချက်ခြင်းဖယ်လိုက်ပါ။” ဒုခေါင်းဆောင်က နောက်ထပ်အမိန့်ပေးသည်။

***

အခန်း ၁၆၂၉ လောဘကြီးလွန်းတယ်

“ဟုတ်ကဲ့” အထက်တန်းမန်နေဂျာက အမိန့်နာခံလိုက်သည်။

အကြီးတန်းမန်နေဂျာများအားလုံးသည် ဂိုဏ်းခေါင်းဆောင်ဖြစ်လာရန် ရည်မှန်းချက်ရှိကြသော်လည်း သူတို့မှာ ကောင်းမွန်သော ခေါင်းဆောင်မှုစွမ်းရည်နှင့် ထက်မြက်သောဦးဏှောက်မရှိကြသောကြောင့် သူတို့သည် လက်ရှိအချိန်တွင် သူတို့၏က သက်ဆိုင်ရာအလုပ်များကိုသာ ကောင်းစွာလုပ်ဆောင်ရဆဲဖြစ်သည်။

ဒုခေါင်းဆောင် မ‌ရောက်လာမချင်း အကြံဉာဏ်ကောင်းတွေ မပေးနိုင်ကြပေမယ့် အားလုံးအလိုလိုက ပိုကြီးတဲ့ အာဏာကို လိုချင်ကြသည်။ အခုချိန်မှာ အားလုံးလက်တွဲလုပ်ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် ရန်‌ထောင်နေကြတာကို‌တော့ မရပ်တန့်နိုင်ကြပေ။

ထောက်လှမ်းရေးမန်နေဂျာနှင့် အလုပ်သမားမန်နေဂျာသည် ဟွမ်းဟိုင်ဟောက်ကို ဆက်လက်ရှာဖွေခဲ့သည်။ ထို့နောက် ဒုခေါင်းဆောင်သည် ထန်ပင်းစန် အား နောက်ဆက်တွဲသတင်းကို သတင်းပို့ခဲ့ပြီး ထန်ပင်းစန်သည် နောက်တစ်ကြိမ်ထပ်မံ ဒေါသထွက်ရပြန်တော့သည်။

ထို့နောက် မနှောင့်နှေးဘဲ ထန်အိုက်နင်း ကိုဖုန်းခေါ်လိုက်သည်။

ထိုအချိန်တွင် ကုနင်းနှင့် ချောင်ယသည် ဟွမ်းဟိုင်ဟောက်နှင့်အတူ စွန့်ပစ်ထားသော ကုန်လှောင်ရုံတစ်ခုတွင် စောင့်ဆိုင်းနေပြီး ကောင်းယိသည် ထျန်းယင်ဂိုဏ်းနောက်သို့ လိုက်ရန် ထွက်သွား‌သည်။

ဤအချိန်တွင် ဟွမ်းဟိုင်ဟောက် သတိရနေသော်လည်း မလှုပ်ရှားနိုင်သလို စကားလည်းမပြောနိုင်၍ စိတ်ပျက်လက်ပျက်ကြီးစွာနေ‌နေသည်။

ကုနင်း က သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ထန်းလုံဝိုင်စက်ရုံနဲ့ ထန်းလုံဘားမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြောပြလိုက်သည်။ သူ ဒေါသထွက်နေပေမယ့် အခုချိန်မှာတော့ ဘာမှ မလုပ်နိုင်သေး‌ပေ။

ကုနင်းသည် သူမ၏ ဖုန်းကို စိတ်စွမ်းအင်အာကာပြင်တွင် မထားခဲ့သောကြောင့် ထန်ပင်းစန်၏ခေါ်ဆိုမှုကို သူမမြင်လိုက်ရသည်။ ထို့နောက် သူတို့၏ ဖုန်းပြောဆိုမှုကို ဟွမ်းဟိုင်ဟောက် ကြားစေရန် စပီကာ ဖွင့်လိုက်သည်။

"ဟိုင်း မစ္စတာထန်" လို့ ကုနင်းက သူတို့နှစ်ယောက်ကြား ငြီးငြူစရာအကြောင်းလုံးဝမရှိသလို ပျင်းရိစွာနဲ့ ထူးလိုက်သည်။

ထန်ပင်းစန်သည် ဖုန်းထဲတွင် "ထန်အိုက်နင်း" ၏ အသံကို ကြားလိုက်ရသောအခါတွင် စိတ်ဆိုးသွားပြန်သည်။ ဖြစ်နိုင်လျှင် သူမကို အပိုင်းပိုင်း ဖြတ်ပစ်ချင်သည်။ ကံမကောင်းစွာပဲ မဖြစ်နိုင်‌ပေ။

"မင်းလိုချင်တာဘာလဲ?" ထန်ပင်းစန် က သူ့သွားတွေကို တင်းတင်းကြပ်ကြပ်အံ့ကြိတ်ထားသည်။

"မစ္စတာထန် ကျွန်မကို သိပ်စိတ်မဆိုးပါနဲ့။ ကျွန်မတို့က မိတ်ဆွေဟောင်းတွပေဲလေ" ကုနင်း က နောက်ပြောင်သည်။

“မင်း…” ထန်ပင်းစန် ဘာပြန်ပြောရမှန်းမသိ။ "မင်းလုပ်ရပ်တွေကို ဘယ်အချိန်ရပ်မှာလဲပြော"

"ကျွန်မ အဲဒါကို စဉ်းစားရအုံးမယ်" ကုနင်းက ပြောသည်။

ထန်ပင်းစန်သည် "မင်းအခုချက်ချင်းသာ ရပ်တန်းက ရပ်မယ်ဆိုရင် ငါ‌လျော်ကြေးပေးမယ်။ မဟုတ်ရင် မင်း‌လျော်ကြေးတောင်ရမှာ မဟုတ်ဘူး"

"လျော်ကြေး? အဲဒါဘာလဲ?" ကုနင်း က မေးသည်။

"ငါ မင်းကို ယွမ်တစ်ဘီလီယံ ပေးနိုင်တယ်" ဟု ထန်ပင်းစန် က ဆိုသည်။ ဒီလို ရက်ရောတဲ့ ကမ်းလှမ်းမှုကို လုပ်ဖို့ဆိုတာ သူ့အတွက် မလွယ်‌ပေ။

"ယွမ်တစ်ဘီလီယံ? ကျွန်မကိုယ်တိုင်က ဘီလီယံနာတစ်ယောက်ပဲလေ ရှင့်ရဲ့ပိုက်ဆံကို ကျွန်မမလိုချင်ပါဘူး" ဟု ကုနင်းက အထင်အမြင်သေးစွာ ပြောလိုက်သည်။ သူမပိုက်ဆံလုံး၀မလိုအပ်‌ပေ။

"ဘာ?" ထန်ပင်းစန် အံ့သြသွားသည်။ "ထန်အိုက်နင်း" သည် သူ့ထက် ချမ်းသာတယ်တဲ့လား။

"ဒါဆို မင်းဘာလိုချင်တာလဲ" သူက ထပ်မေးသည်။

"ကျွန်မမသိသေးဘူး ဒါပေမယ့် အခု‌တော့ ထန်အဖွဲ့အစည်းကို လိုချင်‌နေတယ်" ဟု ကုနင်းက ပြောသည်။ “ထန်အဖွဲ့အစည်း‌ ဒီနေ့လို အောင်မြင်လာတာ ဘယ်သူ့ကြောင့်ဆိုတာ ကျွန်မတို့ နှစ်ယောက်လုံး ရှင်းရှင်းလင်းလင်း သိပါတယ်” ထန်အိုက်နင်း၏ ကြိုးစားအားထုတ်မှုကြောင့် ထန်လုပ်ငန်းစုသည် အလွန်အောင်မြင်ခဲ့သည်။ ထန်အိုက်နင်း သည် လုပ်ငန်းလည်ပတ်ရာတွင် ပါဝင်ခြင်းမရှိသော်လည်း ထန်လုပ်ငန်းစုသည် သူမ၏အကူအညီမပါဘဲ လျင်မြန်ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်လာမည်မဟုတ်ပေ။

"ရယ်ချင်စရာကောင်း‌လိုက်တာ မင်းက လောဘကြီးလွန်းတယ်!" ထန်ပင်းစန် ဒေါသထွက်သွားသည်။

"ဟုတ်ပါတယ်၊ ရှင့်မှာရွေးချယ်ပိုင်ခွင့်ရှိပါတယ်၊ ဒါပေမယ့် ရှင်ကျွန်မကို အခုချက်ချင်းမပေးဘူးဆိုရင် ကျွန်မဘာသာခိုးယူလိုက်မှာပေါ့" လို့ ကုနင်းက ယုံကြည်မှုအပြည့်နဲ့ ဂုဏ်ယူစွာပြောလိုက်သည်။

“မင်း…” ထန်ပင်းစန်သည် သူမနှင့် တစ်စက္ကန့်တောင် စကားမပြောချင်တော့သောကြောင့် သူမ၏ ဖုန်းကို ချလိုက်သည်။ ဟွမ်းဟိုင်ဟောက်၏ အခြေအနေကို မေးဖို့တောင် မေ့သွားသည်။

ထန်ပင်းစန်သည် "ထန်အိုက်နင်း" ၏ ယခုအချိန်အထိ လုပ်ဆောင်ခဲ့သည့်အရာများကြောင့် သူမသည် ထန်အဖွဲ့အစည်းကို သူ့ထံမှ ခိုးယူနိုင်စွမ်းရှိသည်ကို သူယုံသည်။ သို့သော် ယခုအချိန်တွင် သူမအား ပေးရန် မဖြစ်နိုင်ပေ။

ထန်ပင်းစန်က သူမ၏ ဖုန်းကို ချလိုက်ချိန်တွင် ကုနင်းက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ခေါင်းဆောင်ဟွမ်း သူပြောတာကို ရှင်ကြားလား။ သူက သူ့အလုပ်ကိုပဲ ဂရုစိုက်တာ ရှင့်အကြောင်းတောင် ဘာမှမမေးသွားဘူး။ ဒါတောင်မှ ရှင်သူ့ကိုသစ္စာရှိချင်သေးလား?"

အစမှအဆုံး ဟွမ်းဟိုင်ဟောက်သည် သူတို့၏စကားများကို တိတ်တိတ်ဆိတ်ဆိတ် နားထောင်ခဲ့ပြီး သူတို့၏ခေါ်ဆိုမှု ပြီးဆုံးသောအခါတွင် သူ အတော်လေး စိတ်မသက်မသာ ခံစားလိုက်ရသည်။

"ထန်အိုက်နင်းနဲ့ ထန်ပင်းစန်ရဲ့ ဆက်ဆံရေးကို ရှင်သိတယ်မလား? သူ့သမီးအရင်းဖြစ်တဲ့ ထန်အိုက်နင်းက မွေးပြီးပြီးချင်းထဲက တစ်ခါမှ ကောင်းကောင်းမွန်မွန် မနေခဲ့ရဘူး။ သူက ထန်ပင်းစန်ရဲ့မျက်လုံးထဲမှာ အသုံး၀င်တဲ့ လက်နက်တစ်ခုသာသာပဲ။ အသုံးမဝင်‌တော့တဲ့အချိန်မှာ စွန့်ပစ်လိုက်တာပဲ‌လေ။ ထန်ပင်းစန်ကရက်စက်ပြီး သွေးအေးတယ်။ ရှင်က သူ့အတွက် အပေါင်ပစ္စည်းသက်သက်ပဲ။ ရှင်မရှိတဲ့အချိန် ရှင့်ဂိုဏ်းမှာ ရှင့်ရဲ့ရာထူးအတွက် ရှင့်ရဲ့လူတွေ အချင်းချင်းရန်ဖြစ်နေကြတယ်လို့ ကျွန်မပြောရင် ရှင်အံ့သြမှာ‌တောင် မဟုတ်ဘူးဆိုတာ သေချာတယ်။" ကုနင်းက သူတို့ကို ရည်ရွယ်ချက်ရှိရှိ နှိုးဆော်နေပေမယ့် ဒါဟာ အမှန်တရားတစ်ခုပါပဲ။

ဟွမ်းဟိုင်ဟောက်သည် ထျန်းယင်ဂိုဏ်းတွင် သူ၏သစ္စာရှိ‌နောက်လိုက်များရှိသော်လည်း ဂိုဏ်းသားအများစုမှာ သူ့ကို ဂရုမစိုက်ကြပေ။ ထို့အပြင် ကုနင်းက ဟွမ်းဟိုင်ဟောက်ကို ဝှက်ထားချင်သရွေ့ သူ့ကို ရှာတွေ့ဖို့ မဖြစ်နိုင်ပေ။

ဟွမ်းဟိုင်ဟောက်သည် နှုတ်ဆိတ်နေပေမယ့် ကုနင်းက အမှန်တရား‌တွေပြောနေတာဆိုတာ သူသိသည်။

***

အခန်း ၁၆၃၀ သူက အစားထိုးလို့ရတယ်

သူသည် ထျန်းယင်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်တဲ့အတွကိ သူ့ထက် မည်သူမျှ အဲ့တာကိုရှင်းရှင်းလင်းလင်း မသိပေ။

ဟွမ်းဟိုင်ဟောက်က တစ်ခုခုပြောဖို့ ကြိုးစားလိုက်ပေမယ့် သူ့ပါးစပ်ကို ပိတ်ထားသည်။

ကုနင်းသည် ချောင်ယကို

“သူ့ပါးစပ်က တိပ်ကို ဖယ်‌ပေးလိုက်"

ကုနင်းက သူ့ကို နှိုးဆွဖို့ စီစဉ်လိုက်ကတည်းက သူမမှာ သူ့အစီအစဉ်နဲ့သူရှိပြီး ဟွမ်းဟိုင်ဟောက်နှင့် စကားပြောဖို့ လိုအပ်သည်။ ဒီကနေ မီတာရာနှင့်ချီအတွင်း၌ အခြားမည်သူမျှမရှိသောကြောင့် အကူအညီတောင်းရန် မဖြစ်နိုင်ပေ။ ထို့အပြင် သူမသည် သူမ၏ ကျောက်စိမ်းမျက်၀န်းကို လှည့်ပတ်ကြည့်ရှုရန် အသုံးပြုထားတဲ့အတွက် ဤနေရာသို့ သူစိမ်း‌ရောက်လာပါက ရှာတွေ့နိုင်မည်ဖြစ်သည်။

ချောင်ယသည် သူမ၏ အမိန့်ကို နာခံပြီး ဟွမ်းဟိုင်ဟောက်၏ ပါးစပ်ရှိ တိပ်ကို ဆွဲခွာလိုက်သည်။

ဟွမ်းဟိုင်ဟောက်က ကုနင်းကို ချက်ချင်းမေးလိုက်သည် "ငါ့ရဲ့လုံခြုံရေးကို ဘယ်သူမှဂရုမစိုက်ဘူးဆိုတာ မင်း‌သိ‌နေတာပဲ။ မင်း ဘာလို့ငါ့ကိုခေါ်ထားတာလဲ? မင်း နှစ်တွေအကြာကြီးအာဃာတရှိတာက ငါမဟုတ်ဘဲ ထန်ပင်းစန်လေ။" ဟွမ်းဟိုင်ဟောက်သည် ကုနင်းက သူ့ကို လွှတ်ပေးဖို့ မျှော်လင့်သည်။

"ရှင်ပြောတာမှန်ပေမယ့် ရှင်က ထန်ပင်းစန်ရဲ့လူလေ။" လို့ ကုနင်းက ပြောသည်။

"ကျွန်မသာ ထန်းလုံဝိုင်စက်ရုံကို ဖောက်ခွဲပြီး ကျွန်မရဲ့ အရည်အချင်းကို သက်သေမပြခဲ့ရင် ရှင် သူနဲ့‌ပေါင်းပြီး ကျွန်မကို ဆန့်ကျင်မှာမလား?"

"မင်းမှန်ပါတယ်" ဟွမ်းဟိုင်ဟောက်က တော်တော်ရိုးသားသည်။ တကယ်လို့ "ထန်အိုက်နင်း" ကသာ သူ့ကို ပြန်‌ပေးမဆွဲသွားခဲ့ရင် ထန်ပင်းစန်ကို သူမကိုဖယ်ရှားဖို့ သေချာပေါက် ကူညီပေးပါလိမ့်မည်။

ထန်ပင်းစန်သည် ဤမျှ‌လောက်ရက်စက်ကြမ်းကြုတ်နေမည်ကို သူယနေ့အဖမ်းခံရချိန်အထိ မယုံခဲ့ပေ။ ယခုတော့ ထန်ပင်းစန်သည် သူ့ဘဝအတွက် လုံးဝဂရုမစိုက်ကြောင်း သိလိုက်ရသည်။ ထန်ပင်းစန်သည် သူ့ကို ဒီတိုင်း အပြည့်အ၀ အသုံးချနေခြင်းဖြစ်ပြီး အသုံးမဝင်တော့ပါက စွန့်ပစ်‌နိုင်‌ပေသည်။ တကယ်တော့ ထျန်းယင်ဂိုဏ်းက ထန်ပင်းစန်ကို အများကြီး ကူညီပေးခဲ့ပေမယ့် ထန်ပင်းစန်က ဘာမှ မလုပ်ခဲ့‌ပေ။

"ရှင့်ရဲ့ ရိုးသားမှုကိုတော့ ကျွန်မ သဘောကျတယ်။" ကုနင်းက ပြုံးလိုက်သည်။ ဟွမ်းဟိုင်ဟောက်သည် ထန်ပင်းစန်ကိုကူညီပြီး သူမကို ထိခိုက်နာကျင်အောင် လုပ်မယ်ပြောတာကို သူမစိတ်မဆိုးပေ။

"ဒါဆို ရှင်က ကျွန်မရန်သူပဲ၊ ဒါကြောင့် ရှင့်ကို ကျွန်မ သေချာပေါက် ဖမ်းထားရမယ်။"

သူသာ "ထန်အိုက်နင်း" ဖြစ်လျှင်လည်း ထိုသို့ပဲလုပ်မည်ဖြစ်၍ ဟွမ်းဟိုင်ဟောက်သည် တိတ်တိတ်ဆိတ်ဆိတ်ပင်နေလိုက်သည်။

“ရှင့်ကို နောက်ထပ်မေးခွန်းတစ်ခု မေးပါရစေ။ သူက ရှင့်ကို လွယ်လွယ်နဲ့ စွန့်လွှတ်နိုင်တယ်ဆိုတာ သိပြီးတောင်မှ ရှင့်ရဲ့အသက်ကို ထန်ပင်းစန်အတွက် စွန့်အုံးမှာလား။" ကုနင်းက ပြောသည်။

ဟွမ်းဟိုင်ဟောက်သည် အဖြေကို မသိ၍ ဘာမှပြန်မဖြေပေ။ ထန်ပင်းစန်သည် ထိုအချိန်က သူ့အခြေအနေအကြောင်း ဘာမှမမေးခဲ့သော်လည်း ထန်ပင်းစန်ကို ချက်ချင်းကျောမခိုင်းနိုင်ပေ။ ထန်ပင်းစန်သည် သူ့အကြောင်းမေးရန် အလွန်ဒေါသထွက်နေပေမည်။

ထန်ပင်းစန်သည် ဖုန်းခေါ်ဆိုစဉ်တွင် အမှန်တကယ် ဒေါသထွက်နေသောကြောင့် ၎င်းသည်သာမန်ထင်မြင်ချက်တစ်ခုမျှသာဖြစ်သည်။

“ကောင်းပြီ ကျွန်မ ထန်ပင်းစန်ကို နောက်တစ်ကြိမ် ဖုန်းခေါ်ပြီး သူနဲ့ ညှိနှိုင်းဖို့ ကြိုးစား‌ပေးမယ်။ ရှင့်ကိုပြန်ရဖို့အတွက် ယွမ်ငါးဘီလီယံ ပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ရှင့်ကို ကျွန်မလွှတ်လိုက်မယ်။ ရှင်က သူ့အတွက် ဒီ့ထက် ပိုက်ဆံအများကြီး ပိုရှာထားတာဆို‌တော့ ရှင့်ကို ကာကွယ်ဖို့ ဆန္ဒရှိသင့်‌လောက်ပါတယ် ဟုတ်တယ်မလား?" ကုနင်းက ပြောသည်။ "တကယ်လို့ သူသာငြင်းလိုက်ရင်‌တော့ ရှင်ကျွန်မနဲ့ သဘောတူညီချက်တစ်ခုလုပ်တာပေါ့ ဘယ်လိုလဲ?" ထန်ပင်းစန်က သူမကို ယွမ်ငါးဘီလီယံပေးဖို့ ဆန္ဒရှိတယ်ဆိုရင် ကုနင်းက ဟွမ်းဟိုင်ဟောက်ကို တကယ်လွှတ်လိုက်မှာပင်။ မဟုတ်လျှင် သူမစိတ်ထဲက အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော်မှာပါ။

"ဘာကိစ္စလဲ?" ဟွမ်းဟိုင်ဟောက်က မေးသည်။ ထန်ပင်းစန်အတွက် ယွမ်ငါးဘီလီယံကျော်ထက်မကတဲ့ ငွေတွေေကို သူတကယ်ရှာ‌ပေးခဲ့တာဖြစ်လို့ ဒါဟာ ကြီးကြီးမားမားကြီးဟုမထင်‌ပေ။ အဲဒီအစား ကုနင်းက သူနဲ့ လုပ်ချင်တဲ့ သဘောတူညီချက်ကို သိချင်နေသည်။

"ရှင်သိလာပါလိမ့်မယ်"

ကုနင်းက ထန်ပင်းစန်ကိုဖုန်း‌ခေါ်လိုက်သည်။ ထန်ပင်းစန်သည် စက္ကန့်အနည်းငယ်အကြာတွင် ဖုန်းကိုင်သည်။ "ထန်အိုက်နင်း" က သူ့ကို ဘာကြောင့် ခေါ်မှန်း မသိသော်လည်း အဖြေရှာကြည့်ချင်သည်။ "မစ္စတာထန် ကျွန်မ ရှင်နဲ့ သဘောတူညီချက်တစ်ခုလုပ်ချင်ပါတယ်။” ဟု ကုနင်း က ပြောသည်။

"ဘာကိုလဲ?" ထန်ပင်းစန် က မေးသည်။

"ဟွမ်းဟိုင်ဟောက်က အခု ကျွန်မလက်ထဲမှာ ရှိနေတယ်။ သူနေကောင်းပြီး ဘေးကင်း‌နေဆဲပါပဲ။ ဒါပေမယ့် သူ့အတွက် ယွမ်ငါးဘီလီယံ လိုချင်တယ်။ ရှင်ဘယ်လိုထင်လဲ?" ကုနင်း က မေးသည်။

"ဘာ? ယွမ်ငါးဘီလီယံ?" ထန်ပင်းစန် အံ့သြသွားသည်။ ယွမ်ငွေငါးဘီလီယံသည် သူ့မျက်လုံးထဲတွင် အများကြီးမဟုတ်သော်လည်း နည်းနည်းလေးလည်းမဟုတ်ပေ။ သူသည် “ထန်အိုက်နင်း”ကြောင့် လောလောလတ်လတ်ပင် ဆုံးရှုံးမှုကြီးကြီးမားမားကို ခံစားခဲ့ရသောကြောင့် သူမကို ပိုက်ဆံများစွာ ပေးရန် တွန့်ဆုတ်နေသည်။

"ဟွမ်းဟိုင်ဟောက်က ရှင့်မျက်လုံးထဲမှာ ယွမ်ငါးဘီလီယံတန်တယ်မဟုတ်ဘူးလား? ရှင့်အတွက်သူ ဒီထက်မကတဲ့ ပိုက်ဆံ‌တွေအများကြီးရှာ‌ပေးခဲ့တာလို့ ကြားတယ်။” လို့ ကုနင်းက တမင်ရည်ရွယ်ပြီး ပြောလိုက်သည်။

"သူကငါ့အတွက်အလုပ်လုပ်တာ ငါ့အတွက်ငွေရှာဖို့ကသူ့အလုပ်ပဲ။" ထန်ပင်းစန်ကပြောလိုက်သည်။

ထိုစကားကိုကြားတော့ ဟွမ်းဟိုင်ဟောက် စိတ်ပျက်သွားသည်။ ထန်ပင်းစန်ဆီမှာ အလုပ်လုပ်ပြီး သူ့အတွက် ငွေရှာပေးရတာက အမှန်ဆိုပေမယ့် ထန်ပင်းစန်က သူ့ကို ထိုသို့ သဘောထားတာသိလိုက်ရတဲ့အခါ စိတ်မသက်မသာဖြစ်မိသည်။

"ရှင် ယွမ်ငါးဘီလီယံ ပေးမှာလား?" ကုနင်း က ထပ်မေးသည်။

ထန်ပင်းစန် တိတ်ဆိတ်နေသည်။ ဒီအချိန်မှာ သူ့အတွက် ဆုံးဖြတ်ချက်ချရန် မလွယ်ကူပေ။

သို့သော် သူ၏ တိတ်ဆိတ်မှုသည် ဟွမ်းဟိုင်ဟောက်၏ နှလုံးသားကို ရိုက်ခတ်သွားခဲ့သည်။ တကယ်တော့ ထန်ပင်းစန်က သူ့အတွက် ယွမ်ငါးဘီလီယံ ပေးချေဖို့သာ ဆန္ဒရှိနေလျှင် သူသစ္စာရှိလိမ့်မည်။

“ဟာသပဲ သူက အစားထိုးလို့ရတယ်။ နောက်ပြီးတော့ ယွမ်ငါးဘီလီယံ‌လောက် လုံးဝတန်ဖိုးမရှိဘူး။ ငါ့အတွက် အလုပ်လုပ်ဖို့ မရေမတွက်နိုင်တဲ့ အသုံးဝင်တဲ့ ယောက်ျားတွေ အများကြီးရှိတယ်။ ငါ သူ့ကို မလိုအပ်ဘူး" ဟု ထန်ပင်းစန်က ပြောလိုက်ပြီးနောက် "ထန်အိုက်နင်း" ၏ ဖုန်းကို နောက်တစ်ကြိမ် ထပ်ချသည်။ တကယ်ကို သွေးအေးစွာပင်။

တကယ်‌တော့ ထန်ပင်းစန်ဟာ ဟွမ်းဟိုင်ဟောက်ကို လွတ်မြောက်ဖို့အတွက် ယွမ်ငါးဘီလီယံကို ပေးဖို့ ဆန္ဒမရှိပေမယ့် ပြန်ရွေးနိုင်မယ့် တန်ဖိုးကိုလျှော့ချနိုင်ရန်အတွက် တမင် ရည်ရွယ်ချက်ရှိရှိနဲ့ ပြောလိုက်ခြင်းဖြစ်သည်။

***

အခန်း ၁၆၃၁ ဟွမ်းဟိုင်ဟောက် အလျှော့ပေးလိုက်သည်

ဘာပဲဖြစ်ဖြစ် ဟွမ်းဟိုင်ဟောက်က သူ့ကို တော်တော်စိတ်ပျက်သွားသည်။

"ထန်ပင်းစန်!" ဟွမ်းဟိုင်ဟောက်သည် ဒေါသနှင့် စိတ်ပျက်လက်ပျက်ဖြင့် ကြိမ်းဝါးလိုက်သည်။

ကုနင်းသည် ဟွမ်းဟိုင်ဟောက်ကို စိုက်ကြည့်နေသည်။

"အခု ဘယ်လိုခံစား‌နေရလဲ? အံ့သြသွားလား?"

"ဟုတ်တယ် ငါအံ့သြတယ်" ဟု ဟွမ်းဟိုင်ဟောက်က‌ ပြောသည်။

"ကောင်းပြီ၊ စိတ်မပူပါနဲ့ ရှင်ကျွန်မနဲ့ သဘောတူညီချက်လုပ်လို့ ရသေးပါတယ်" လို့ ကုနင်းက ပြောသည်။

"အဲ့‌တာက ဘာလဲဆိုတာ ငါ့ကို အရင်ပြောပါ။ ငါသဘောတူမယ်ဆိုတာ သေချာပါတယ်"

"ထန်ပင်းစန်ဆီကနေ ထွက်လာပြီး ထျန်းယင်ဂိုဏ်းကို ကျွန်မအတွက် အလုပ်လုပ်ပေးဖို့ ခေါ်ခဲ့" ဟု ကုနင်းက ပြောလိုက်သည်။

သူမသည် ထျန်းယင်ဂိုဏ်းကို သူမအတွက် အလုပ်လုပ်စေချင်သည်။ ထို့အပြင် သူမသည် ထျန်းယင်ဂိုဏ်းကို တရားဝင်စီးပွားရေးလုပ်ရန်နှင့် ဥပဒေကို ထပ်မံမချိုးဖောက်ရန်အတွက် ဦးဆောင်မည်ဖြစ်သည်။

ကုနင်းသည် လိုအပ်သည့်အခါ မကောင်းမှုပြုရန် တုံ့ဆိုင်းမနေသော်လည်း အပြစ်မဲ့သူများကို မထိခိုက်စေပေ။ ဥပမာအားဖြင့် သူမသည် အတိုင်းအတာတစ်ခုအထိ ကောင်းမွန်သောလုပ်ဆောင်ချက်မဟုတ်သည့် ထန်းလုံ ဝိုင်စက်ရုံကို ဖောက်ခွဲခဲ့ပေမယ့် အကြောင်းပြချက်တစ်ခုကြောင့်သာ သူမလုပ်ခဲ့ခြင်းဖြစ်သည်။

ဘာပဲဖြစ်ဖြစ် သူမမှာ သူမ၏ ကိုယ်ပိုင်ကိုယ်ကျင့်တရားစံနှုန်းတွေရှိသည်။ ထျန်းယင်ဂိုဏ်း အဖွဲ့ဝင်အများစုသည် ယခင်က ပြစ်မှုကျူးလွန်ခဲ့ဖူးသော်လည်း ကုနင်း သည် သူတို့အား ကူညီပေးနိုင်သည်။ သူတို့ အတိတ်ကို အတိတ်မှာထားခဲ့ပြီး ဘဝသစ်မှာ ရှင်သန်နိုင်‌စေမည်။

"ထန်အိုက်နင်း" အဆိုပြုသောအခါ ဟွမ်းဟိုင်ဟောက် အံ့သြသွားသည်။

"မင်းက ထျန်းယင်ဂိုဏ်းကိုကူညီချင်တာလား?" ဟွမ်းဟိုင်ဟောက် က မေးသည်။ "ငါက ထျန်းယင်ဂိုဏ်းမှာ နောက်ဆုံး ဆုံးဖြတ်ချက်ချတဲ့သူ မဟုတ်ဘူး။ တခြား အကြီးတန်းအဖွဲ့ဝင်တွေရဲ့ ထင်မြင်ချက်တွေကို တောင်းဖို့ လို‌သေးတယ်။ နောက်ပြီး နောက်ကျရင် ငါ မင်းကို သစ္စာဖောက်မှာကို မကြောက်ဘူးလား?"

သူသည်ချက်ချင်းမငြင်းဘဲ အဲဒါကို စဉ်းစားနေတယ်ဆိုတာ သက်သေပြခဲ့သည်။ ထန်ပင်းစန်က သူ့ကို စွန့်ပစ်ခဲ့တာကြောင့် အဲ့တာကို လက်ခံဖို့ ဝန်လေး‌နေသည်။ လက်စားချေရန်လည်း ဆုံးဖြတ်ထားသည်။ သူသည် ထန်ပင်းစန်အတွက် အများကြီးလုပ်ပေးခဲ့သည်။ အရေးကြီးဆုံးကတော့ ယွမ်ငါးဘီလီယံက ထန်ပင်းစန်အတွက် အများကြီးမဟုတ်ပဲ၊ ထျန်းယင်ဂိုဏ်းကတောင် ထိုငွေပမာဏကို တတ်နိုင်သေးသည်။ ထန်ပင်းစန် အတွက် ယခုအချိန်အထိ သူတို့သည် ယွမ်ငွေ ငါးဘီလီယံထက် များစွာပို၍ ရှာ‌ပေးခဲ့သည်။

"ကျွန်မသာ ကြောက်‌ နေ ရင် ဒီလိုသဘောတူညီချက်ကို ကမ်းလှမ်းမှာ မဟုတ်ဘူး။" လို့ ကုနင်းက ပြောသည်။ "တကယ်တော့ ရှင် ကျွန်မကို သစ္စာဖောက်နိုင်‌စွမ်း ရှိမယ်လို့‌လည်း ကျွန်မ,မထင်ပါဘူး။" သူမသည် ဟွမ်းဟိုင်ဟောက်ကို အထင်‌သေးတာကြောင့် မဟုတ်ဘဲ ဒါဟာ အမှန်တရားဖြစ်‌ပြီး ဟွမ်းဟိုင်ဟောက်ကလည်း အဲ့တာကို လက်ခံပါသည်။

ကုနင်းက ဆက်ပြောသည် "ထျန်းယင်ဂိုဏ်းရဲ့ တခြားဂိုဏ်းသားတွေအနေနဲ့လည်း ကျွန်မအတွက် အလုပ်လုပ်ဖို့ ဆန္ဒရှိရင် သူတို့နေနိုင်သလို ကျွန်မရဲ့ဦးဆောင်မှုကို မလိုက်နာနိုင်ရင် ထွက်သွားလို့ရပါတယ်။ ရှင်လည်းရွေးချယ်လို့ရတယ်။"

ဟွမ်းဟိုင်ဟောက်က သူမအတွက် အလုပ်လုပ်ဖို့ ငြင်းဆိုရင်တောင်မှ သူ့ကို သတ်မှာ မဟုတ်ပေ။ သို့သော်လည်း ဟွမ်းဟိုင်ဟောက်သည် သူမ၏ အဆိုပြုချက်ကို သဘောတူလိမ့်မည်ဟု သူမ ခံစားမိသည်။

ဟွမ်းဟိုင်ဟောက်က ကုနင်း ကို ချက်ချင်းပြန်မဖြေပေမယ့် အဲဒါကို သေချာစဉ်းစား‌နေသည်။ "ထန်အိုက်နင်း" သည် ရိုးရိုးရှင်းရှင်း မိန်းမမဟုတ်ကြောင်း သူသိပြီး သူမနှင့် မရှုပ်သင့်ပေ။

ထို့အပြင် သူသည် ထန်ပင်းစန်အတွက် နောက်ထပ် အလုပ်မလုပ်ချင်တော့ဘဲ သူ့ဘဝအတွက် ပိုမိုကောင်းမွန်စွာ နေထိုင်ရန် လမ်းတစ်ခု လိုအပ်နေသည်။

သူ့အမြင်တွင် "ထန်အိုက်နင်း" သည် ထန်ပင်းစန်ထက်ပင် ပို၍ အစွမ်းထက်သောကြောင့် သူမ နောက်ကိုလိုက်လျှင် ပိုမိုတောက်ပသော အနာဂတ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထျန်းယင်ဂိုဏ်းကို ထန်ပင်းစန်အတွက် တည်ဆောက်ထားသော်လည်း သူသည် ဤနှစ်များတွင် ၎င်းကို စီမံခန့်ခွဲနေခဲ့သည်။ ထန်ပင်းစန်ဆီမှ ထွက်လာပြီး ထျန်းယင်ဂိုဏ်းကို ယူရန် သူ့အတွက် ခက်ခဲမည်မဟုတ်ပေ။

"စကားမစပ်၊ ရှင် ကျွန်မအတွက်အလုပ်လုပ်ဖို့ရွေးချယ်လိုက်ရင် ရှင့်ကိုကာကွယ်ဖို့ ကျွန်မအတတ်နိုင်ဆုံးကြိုးစားမှာဖြစ်ပြီးတော့ အနာဂတ်မှာ ဒီ‌နေ့ဖြစ်သလိုထပ်ဖြစ်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး ဒါပေမယ့် ရှင့်ရဲ့သစ္စာစောင့်သိမှုကိုတော့ ကျွန်မလိုချင်တယ်"

ဟွမ်းဟိုင်ဟောက်သည် သူမ၏စကားများကို နားထောင်ပြီး "ထန်အိုက်နင်း" သည် ထန်ပင်းစန်ထက် ပိုမိုယုံကြည်စိတ်ချရသည်ဟု ခံစားမိသည်။

"ကောင်းပြီ ငါသဘောတူတယ်" ဟု ဟွမ်းဟိုင်ဟောက်က အဆုံးတွင်ပြောလိုက်သည်။

"အရမ်းကောင်းတယ်" ကုနင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“အခု သူ့ကို ကြိုးဖြည်ပေးလိုက်ပါ” ကုနင်းက ချောင်ယကို ပြောလိုက်သည်။

"ဟုတ်" ချောင်ယက ပြန်ဖြေလိုက်ကာ ဟွမ်းဟိုင်ဟောက်ထံသို့ ချက်ချင်းသွားသည်။

ဟွမ်းဟိုင်ဟောက်သည် တစ်ညနှင့်တစ်မနက် ချည်နှောင်ခံရပြီးနောက် ကြီးစွာသော နာကျင်မှုကို ခံစားရသည်။ ထို့နောက် မတ်တပ်ထရပ်ကာ ကြွက်သားများကို ပြေလျော့စေရန် ခန္ဓာကိုယ်ကို ဆန့်ထုတ်လိုက်သည်။ သူ့လွတ်လပ်မှု ပြန်ရလာသောအခါတွင် ကုနင်းကို တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမကို အလွန်လေးစားကြောင်း ပြသခဲ့သည်။ သူမသည် ထန်းလုံ ဝိုင်စက်ရုံကို ပေါက်ကွဲ‌စေပြီး ထျန်းယင်ဂိုဏ်း ပိုင်ဆိုင်သော ဘားနှစ်ခု ပျက်စီးသွားသော်လည်း သူသည် သူမကို လုံးဝမုန်းတီးခြင်းမရှိပေ။

သူအာဏာလွှဲပေးနိုင်သည်။ "ထန်အိုက်နင်း" သည် သူ့ထက် အစွမ်းထက်သောကြောင့် သူမစကားကို နားထောင်လိုစိတ်ရှိသည်။

ကုနင်းက သူ့ကို စိုက်ကြည့်လာတဲ့အခါ စိတ်ဖိစီးသလို ခံစားလိုက်ရသည်။

"ထျန်းယင်ဂိုဏ်းက အခု ကျွန်မပိုင်သွားတဲ့အတွက် ရှင်တရားမ၀င်စီးပွားရေးလုပ်လို့ မရတော့သလို အပြစ်မဲ့သူတွေကို အခုချိန်ကစပြီး ထိခိုက်အောင် မလုပ်ရတော့ဘူး"

***

အခန်း ၁၆၃၂ မွေးစားသား

ဟွမ်းဟိုင်ဟောက်က ကုနင်းကိုကြည့်ရင်း ထိတ်လန့်သွားသည်။

"ထန်အိုက်နင်း" သည် လူဆိုးတစ်ယောက်မဟုတ်ဟု ထင်ရသည်။ သူမကို ပိုလို့‌တောင်ချီးကျူးမိတော့သည်။

သူသည် လူကောင်းမဟုတ်သော်လည်း မကောင်းမှုပြုခြင်းကို နှစ်သက်သည်မဟုတ်ပါ။ အမှန်တော့ အချိန်အများစုမှာ သူလုပ်ရမည့်ဟာတွေကို အတင်းအကြပ်လုပ်ခဲ့တာဖြစ်သည်။ ယခင်က သူသည် အပြစ်မဲ့သူများကို မထိခိုက်စေခဲ့သော်လည်း သူ၏လက်အောက်ငယ်သားများက ထိုသို့ပြုခြင်းရှိမရှိကိုမူ သေချာမသိပါ။

ထို့ကြောင့် သူသည် နောင်တွင် မကောင်းမှုများကို လုပ်ရန် မလိုအပ်တော့သောကြောင့် စိတ်သက်သာရာ ရသွားသည်။ သူမကောင်းတာလုပ်တဲ့အခါတိုင်း ခံစားချက်မကောင်းခဲ့ပေ။

“ဟုတ်ပြီ ငါနားလည်ပါတယ်” ဟု ဟွမ်းဟိုင်ဟောက်က ပြောသည်။ သူသည် "ထန်အိုက်နင်း" ကို သစ္စာရှိရန် ဆန္ဒရှိသည်။

"ကျွန်မက များသောအားဖြင့် မြို့တော်မှာပဲနေတော့ ရှင်ဒီမှာပဲ ထျန်းယင်ဂိုဏ်းကို အပြည့်အဝ ထိန်းချုပ်ရလိမ့်မယ် ဒါပေမယ့် ကျွန်မအချိန်ရတိုင်းလာခဲ့မယ်။ လူကိုယ်တိုင်မလာရင်တောင် လူလွှတ်လိုက်မှာပါ။ ကျွန်မ ရှင့်ကိုယုံချင်ပေမယ့် တစ်ယောက်နဲ့တစ်ယောက်ယုံကြည်ဖို့ အချိန်ယူရမယ်‌လေ။”

ဒါသူတို့ရဲ့ပထမဆုံးတွေ့ဆုံမှုဖြစ်လို့ ကုနင်းက သူ့ကို အပြည့်အဝယုံကြည်ဖို့ မဖြစ်နိုင်ပေ။ ထို့ကြောင့် နှစ်ယောက်စလုံး အချိန်လိုအပ်သည်။ ဟွမ်းဟိုင်ဟောက်သည် လူမိုက်မဟုတ်သလို ကုနင်းကို သစ္စာဖောက်မည့်ပုံမပေါ်သော်လည်း ကုနင်းသည် သတိထားရန်လိုသေးသည်။

“ဟုတ်ပါတယ်” ဟု ဟွမ်းဟိုင်ဟောက်က ပြောသည်။ ထန်အိုက်နင်းက ဘာကြောင့် ဒီလိုပြောတယ်ဆိုတာ သူနားလည်သည်။ သူသည် သူမ၏ ဦးဆောင်မှုနောက်ကို လိုက်ရန် ဆန္ဒရှိသောကြောင့် သူမကို သစ္စာမဖောက်ဘဲ သူမ၏ အကာအကွယ်လည်း လိုအပ်သည်။

"အိုး ထျန်းယင်ဂို‌ဏ်းရဲ့ စီးပွားရေးလုပ်ငန်း‌တွေက ဘယ်သူ့နာမည်‌အောက်ကလဲ?" ကုနင်းက မေးလိုက်သည်။ ထျန်းယင်ဂိုဏ်း၏ လုပ်ငန်းများသည် ထန်ပင်းစန်၏ နာမည်အောက်တွင် မဖြစ်နိုင်ကြောင်း သူမ သိသည်။ အကြောင်းမှာ ထိုသို့ဆိုလျှင် သူတို့၏ ဆက်ဆံရေးကို ထင်ရှားစေသွားမည်ဖြစ်သည်။

သူမအထင်မှန်သည်။

"ထန်ပင်းစန်က ထျန်းယင်ဂိုဏ်းနဲ့ အဆက်အသွယ်မလုပ်ချင်တဲ့အတွက်ကြောင့် ထျန်းယင်ဂိုဏ်းရဲ့ လုပ်ငန်းတွေက ငါ့နာမည်အောက်မှာပါ" ဟု ဟွမ်းဟိုင်ဟောက်က ပြောသည်။

ထျန်းယင်ဂိုဏ်းသည် သေးငယ်သောဂိုဏ်းဖြစ်ခဲ့ဖူးပြီး ခေါင်းဆောင်မှာ အစကတည်းက ဟွမ်းဟိုင်ဟောက် ဖြစ်သော်လည်း ထန်ပင်းစန်သည် ၎င်း၏ တကယ့်သူဌေးဖြစ်လာသည်အထိ ဂိုဏ်းအတွက် ငွေအမြောက်အမြားမရရှိခဲ့ပေ။ ထို့ကြောင့် အစပိုင်းတွင် ထန်ပင်းစန်၏ပိုက်ဆံတွေကိုသာ ဂိုဏ်းဖွံ့ဖြိုးတိုးတက်စေရန် အတွက် အားကိုးခဲ့ရသည်။

ထန်ပင်းစန်သည် ဟွမ်းဟိုင်ဟောက်၏ နာမည်အောက်တွင် ထျန်းယင်ဂိုဏ်း၏ လုပ်ငန်းများကို မှတ်ပုံတင်ခဲ့သည်။ သူသည် ဟွမ်းဟိုင်ဟောက်ကို အပြည့်အဝယုံကြည်သောကြောင့်မဟုတ်ဘဲ ရွေးချယ်စရာမရှိသောကြောင့်ဖြစ်သည်။ သူသည် ထျန်းယင်ဂိုဏ်းကို ကူညီစီမံရန် ဟွမ်းဟိုင်ဟောက်ကိုလိုအပ်သည်။

တကယ်တော့ ထန်ပင်းစန်ဟာ ဟွမ်းဟိုင်ဟောက်ကို အပြည့်အဝယုံကြည်ဖို့အတွက် အချိန်အတော်ကြာခဲ့သည်။

ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးက အခု‌တော့ပြီးဆုံးသွား‌လေပြီ။

"ထျန်းယင်ဂိုဏ်းရဲ့ လုပ်ငန်းတွေက ရှင့်နာမည်အောက်ကဆိုတော့ ရှင့်ဆီမှာ ကြောက်စရာ‌ကောင်းတာ တစ်ခုခုဖြစ်သွားရင် သူဘယ်လိုလုပ်မလဲ? ရှင့်ကိုလွှတ်ပေးဖို့ ယွမ်ငါးဘီလီယံတောင် မပေးချင်ဘူး”

“ငါ့နာမည်အောက်မှာ မွေးစားသားတစ်ယောက်ရှိ‌တယ်။ ငါက သေတမ်းစာလည်းရေးထားပြီးသား။ အဲ့တာ‌ကြောင့် ငါ့မှာ ဆိုးဆိုးရွားရွားတစ်ခုခုဖြစ်သွားရင် ထျန်းယင်ဂိုဏ်းရဲ့လုပ်ငန်းတွေက သူ့ဟာဖြစ်လိမ့်မယ်။ သားက တကယ်တော့ ထန်ပင်းစန်ရဲ့တရားမဝင်သားဖြစ်လို့ သူ့ပိုင်ဆိုင်မှုကို ဒီနည်းနဲ့ ပြန်ရနိုင်ပါတယ်။ ဒါလည်း သူက ငါ့ရဲ့ လုံခြုံရေးကို ဂရုမစိုက်တဲ့ အကြောင်းရင်းပဲ” ဟု ဟွမ်းဟိုင်ဟောက် က ပြောသည်။ “ငါတို့က သူ့အတွက် အမြတ် ၅၀ ရာခိုင်နှုန်းကို နှစ်စဉ်ပေးရတယ်၊ ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကို အကြီးတန်းမန်နေဂျာတွေကြား ခွဲယူရတယ်။”

"သူ့တရားမဝင်သား? ရှင် ဖုန်းချီလဲ့ကိုဆိုလိုတာလား?"

“ဟုတ်တယ် ဖုန်းချီလဲ့ ပဲ”

"ထန်အိုက်နင်း" က ဖုန်းချီလဲ့ အကြောင်း သိ‌တာကို သူ မအံ့သြ‌ပေ။

"ကောင်းပြီ၊ ရှင့်ရဲ့‌သေတမ်းစာကို တတ်နိုင်သမျှ အမြန်ဆုံးပြောင်းလဲသင့်တယ်လို့ ကျွန်မထင်တယ်" လို့ ကုနင်းက ပြောသည်။

“ဟုတ်ပြီ” ဟွမ်းဟိုင်ဟောက် ခေါင်းညိတ်လိုက်သည်။ ထန်ပင်းစန်သည် သူ၏လုံခြုံရေးကို လုံးဝဂရုမစိုက်သောကြောင့် သူ့ကို မကူညီချင်တော့ပါ။

"အနာဂတ်မှာ ထန်ပင်းစန်မှာ ဘာတွေပဲဖြစ်နေပါစေ ထျန်းယင်ဂိုဏ်းက မပါဝင်သင့်ဘူး။ အခုအချိန်ကစပြီး ထျန်းယင်ဂိုဏ်းက ထန်ပင်းစန်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ အခြားသူတွေကို မပြောပါနဲ့။ ကျွန်မ ထန်ပင်းစန် နဲ့ ဖြေရှင်းဖို့ အချိန်တစ်ခု‌တော့ လိုတယ်”

“နားလည်ပါတယ်” ဟု ဟွမ်းဟိုင်ဟောက်က ပြောသည်။

"ဒါဖြင့် ငါမင်းကို ဘယ်လို ခေါ်ရမှာလဲ?"

"မစ္စထန် လို့ပဲခေါ်ပါ"

“ကောင်းပါပြီ မစ္စထန်”

***

All Chapters