← Chapters

အခန်း (၁၆၃၃-၁၆၃၈)

Vol. 103 Ch. 1633-1638

အခန်း (၁၆၃၃-၁၆၃၈)

Vol. 103 Ch. 1633-1638

အခန်း ၁၆‌၃၃ ပြီးပြည့်စုံသော ပဟေဠိ

“ရှင် ကျွန်မအတွက် အလုပ်လုပ်ဖို့ ရွေးချယ်လိုက်‌တာဖြစ်လို့ အခုချိန်ကစပြီး ကျွန်မတို့က တစ်လှေထဲစီးနေတဲ့ သူတွေပဲ။ ရှင်အကူအညီလိုရင် ကျွန်မကို အားမနာပဲပြောလို့ရပါတယ်” ဟု ကုနင်းကပြောသည်။ သူ့ကို အပြည့်အဝ မယုံကြည်သေးသော်လည်း၊ သူမအပေါ် သစ္စာစောင့်သိရန် အတွက် သူ့အား ကာကွယ်လိုသော ဆန္ဒကို ပြသသင့်သည်။

ထို့ကြောင့် ကုနင်းသည် ဟွမ်းဟိုင်ဟောက်အတွက် တစ်ခုခုလုပ်ပေးရန် ဆန္ဒရှိသည်။

“ငါ‌‌ပြောပါမယ်”

"ကောင်းပြီ ရှင်အခုထွက်သွားလို့ရပြီ"

“ဟုတ်ပြီ” ဟွမ်းဟိုင်ဟောက် လှည့်ပြီး ထွက်သွားသည်။

"အိုး၊ ခဏလေး" ကုနင်း ရုတ်တရက် ပြောလိုက်သည်။

"ရှင် ဖုန်းနံပါတ် မပြောရသေးဘူး" ဒါကိုကြားတော့ ဟွမ်းဟိုင်ဟောက်နဲ့ "ထန်အိုက်နင်း" တို့ဟာ တစ်ယောက်နဲ့တစ်ယောက် နံပါတ်တွေ မဖလှယ်ကြသေးဘူးဆိုတာ သိလိုက်ရသည်။ ကုနင်းသည် သူမနာမည်ကဒ်ကို ပေးလိုက်သည်။

“အော် ဒါနဲ့ မြေအောက်ခန်းထဲမှာ သိမ်းထားတဲ့ ငွေစက္ကူတွေနဲ့ ရွှေချောင်းတွေကို ကျွန်မယူထားတယ်။ အခု ကျွန်မတို့က တစ်ဖက်ထဲဆိုတော့ ကျွန်မ သူတို့ကို ရှင့်ဆီကနေ မယူသွားသင့်ဘူး။ လိပ်စာပေးပါ၊ အဲဒါတွေကို ရှင့်ဆီပြန်ပို့ပေးမယ်"

ထျန်းယင်ဂိုဏ်းတစ်ခုလုံးသည် ယခု သူမနှင့် သက်ဆိုင်ပါသည်။ သို့သော် သေနတ်များနှင့် ဗုံးများကို ပြန်ပေးမည်မဟုတ်သလို သိမ်းသွားသည့်အကြောင်းကိုလည်း ပြောမည်မဟုတ်ပေ။

ဟွမ်းဟိုင်ဟောက်သည် မြေအောက်ခန်းရှိ ငွေစက္ကူများနှင့် ရွှေချောင်းများသည် အလွန်လေးလံသောကြောင့် “ထန်အိုက်နင်း” သည် ၎င်းတို့ကို ထုတ်ယူသွားကြောင်း သိလိုက်ရသောအခါ အလွန်အံ့သြသွားသည်။ သို့သော် ချက်ချင်းပင် "ထန်အိုက်နင်း" သည် အံ့သြစရာများပြည့်နေသော အမျိုးသမီးတစ်ဦးဟု လက်ခံလိုက်သည်။

"မစ္စထန် မင်း သူတို့ကို လိုချင်ရင် ယူသွားလို့ရပါတယ်။ ရုတ်တရက် ပြန်ပေးလိုက်ရင် တခြားအဖွဲ့ဝင်တွေကို ဘယ်လိုရှင်းပြရမှန်းမသိဘူး။” ဟု ဟွမ်းဟိုင်ဟောက်က ပြောသည်။

ကုနင်းက သူတို့ကို မယူလျှင် ထန်ပင်းစန် ကို ပေးရမည်ဖြစ်သည်။ ပိုက်ဆံတွေက သူ့ပိုက်ဆံမဟုတ်တဲ့အတွက် သူ သိပ်ဂရုမစိုက်‌ပါ။ ပိုက်ဆံ‌တွေကအများကြီးဆိုပေမယ့် ထျန်းယင်ဂိုဏ်းအတွက်တော့ သိပ်မများ‌ပေ။

ထျန်းယင်ဂိုဏ်းသည် သူတို့၏တရားဝင်စီးပွားရေးလုပ်ငန်းများမှတစ်ဆင့် နှစ်စဉ်ငွေအများအပြားရနေသောကြောင့် သူတို့အတွက်ငွေပြတ်သည်ရယ်လို့ လုံးဝမရှိပေ။

"ကောင်းပြီ ဒါဆို ကျွန်မ အဲဒါတွေကို သိမ်းထားလိုက်မယ်။" ဟု ကုနင်းက ပြောသည်။ သူမသည် ၎င်းတို့ကို သူမအတွက် သိမ်းဆည်းထားမည်မဟုတ်သည့်အပြင် နောင်တစ်ချိန်တွင် ၎င်းတို့ကို ဟွမ်းဟိုင်ဟောက် လိုအပ်လာပါက ပြန်လည်ပေးအပ်‌မည်ဖြစ်သည်။

ရွှေချောင်းနှစ်ပုံးနဲ့ စက္ကူငွေပုံးနှစ်ပုံးက များပေမယ့် သူမသည် အလွန်ချမ်းသာနေပြီဖြစ်သည်။

“ဟုတ်ပြီ” ဟု ဟွမ်းဟိုင်ဟောက်က ပြောသည်။ သူလည်း မလိုအပ်၍ ၎င်းတို့ကိုပြန်ပေးရန် ကုနင်းထံ မေးမည်မဟုတ်ပေ။

ထို့နောက် ဟွမ်းဟိုင်ဟောက်သည် ထွက်ခွာသွား‌တော့သည်။

"ချောင်ယ မင်းနဲ့ ကောင်းယိက ဟွမ်းဟိုင်ဟောက် ကို ခဏလောက် အာရုံစိုက်ဖို့ Cမြို့မှာ နေခဲ့လိုက်ပါ။ မင်းသူ့အကြောင်းတွေ့သမျှ ငါ့ကိုပြန်ပြောပြပေး။ ငါ မင်းထက်အရင် မြို့တော်ကို ပြန်လိုက်မယ်" လို့ ကုနင်းက ပြောသည်။

သူမသည် မြို့တော်မှာ ထန်ပင်းစန်နှင့် ဖုန်းချီလဲ့အကြောင်း ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည်။

သူမသည် ဖုန်းချီလဲ့ကိုထိခိုက်စေမှာ မဟုတ်ပေမယ့် သူ့ကို မြို့တော်ကနေ ထွက်ခွာခိုင်းကာ ထန်မိသားစုနှင့် လုံး၀ပတ်သက်ရတော့မည်မဟုတ်ပါ။ ထန်ပင်းစန်ကိုတော့ သတ်မှာမဟုတ်ပေမယ့် ထန်အဖွဲ့အစည်းရဲ့ ရာထူးကနေ ဖယ်ရှားမည်ဖြစ်သည်။

“ဟုတ်ကဲ့” ကုနင်းသည် ထွက်သွားပြီး ချောင်ယက ကောင်းယိကို သွားတွေ့သည်။

တစ်ချိန်တည်းမှာပင် ထန်းလုံဝိုင်စက်ရုံ ၏တရားဝင် Weibo အကောင့်မှ ထန်းလုံ ဝိုင်စက်ရုံနှင့်ပတ်သက်သော ဓာတ်ပုံအားလုံးသည် အတုဖြစ်ကြောင်း ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။

သို့သော် လူအများက မယုံကြည်ခဲ့ကြပါ။

ကံမကောင်းစွာဖြင့် ထျန်းယင်ဂိုဏ်း၏ နောက်ကွယ်တွင် အင်အားကြီး ပံ့ပိုးကူညီမှုများရှိသောကြောင့် အင်တာနက်အသုံးပြုသူများသည် ၎င်းအား အပြစ်ပေးရန်အတွက် ဘာမှမလုပ်ဆောင်နိုင်ပေ။ အချိန်တွေကြာလာတာနဲ့အမျှ လူတွေသည် ထို သတင်းကို မေ့သွားကြ‌‌ပေမည်။ ထန်းလုံဝိုင်စက်ရုံသည် ကောင်းမွန်သောဝိုင်များထုတ်၍ နှစ်ပေါင်းများစွာ နာမည်ကောင်းရထားသည်။ ဝိုင်ချစ်သူ အများအပြားက ထန်းလုံဝိုင်စက်ရုံမှ ထုတ်လုပ်သော ဝိုင်များကို ၀ယ်ယူခြင်း ရပ်တန့်သွားလိမ့်မည်မဟုတ်ပေ။

ထန်းလုံဝိုင်စက်ရုံပေါက်ကွဲသွားသော်လည်း ၎င်း၏မြေအောက်ခန်းမှာ ကျန်ရှိဆဲဖြစ်သည်။

အကြီးတန်းမန်နေဂျာက ရဲတွေ မရောက်လာခင် သူ့လူတွေကို မြေအောက်ခန်းထဲ ခေါ်သွားပေမယ့် ကုနင်းက အဖိုးတန်ပစ္စည်းတွေကိုယူသွားတဲ့အတွက် ထိုနေရာကအလွတ်ဖြစ်နေပါပြီ။

သို့သော် အဖိုးတန်အရာအများစုကို ကုနင်းက ယူသွားပြီဖြစ်ကြောင်း သူတို့မသိကြသဖြင့် မြေအောက်ခန်းထဲတွင် မည်သည့်အရာမျှကိုမတွေ့‌တော့သည်ကို အံ့သြသွားကြသည်။

အရေးကြီးဆုံးကတော့ ရွှေချောင်းတွေ အကုန်ပျောက်ကုန်ပြီ။ ထို့အပြင် မြေအောက်ခန်းထဲတွင် ဗုံးအများအပြား ကျန်ရှိနေသော်လည်း ပေါက်ကွဲမှုသည် ဖြစ်သင့်သလောက် မပြင်းထန်ပေ။

အရာအားလုံးက ပြီးပြည့်စုံတဲ့ ပဟေဠိဖြစ်နေသည်။

ထို့နောက်တွင် အကြီးတန်းမန်နေဂျာက ဒုခေါင်းဆောင်ကို သတင်းပို့ပြီး ဒုခေါင်းဆောင်လည်း အံ့သြသွားသည်။ မြေအောက်ခန်းထဲမှာ ဘာတစ်ခုမှ မကျန်ခဲ့ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် ဘာကြောင့်လဲဆိုတာကိုတော့ မသိ‌ေပ။

ရဲတွေရောက်လာပေမယ့် အသုံးဝင်တာ ဘာမှမတွေ့ကြပါ။ ထျန်းယင်ဂိုဏ်းသည် တရားမဝင်ဂိုဏ်းဖြစ်သည်ကို ရဲများက သိသော်လည်း သက်သေမရှိဘဲ အပြစ်ပေး၍မရပေ။

ဟွမ်းဟိုင်ဟောက်မှာ ဖုန်းမရှိပေမယ့် ကံကောင်းထောက်မစွာဖြင့် သူ့အိတ်ကပ်ထဲမှာ ပိုက်ဆံတချို့ရှိနေတာကြောင့် ထန်းလုံဝိုင်စက်ရုံကို တက္ကစီစီးကာ သွားလိုက်သည်။

***

အခန်း ၁၆၃၄ ကျောက်လီချန်း

ထန်းလုံဝိုင်စက်ရုံသည် ပြင်ပလူများ၏အမြင်တွင် တရားဝင်စီးပွားရေးတစ်ခုဖြစ်ပြီး ဘဏ္ဍာရေးမန်နေဂျာ ကျောက်လီချန်းသည်လည်း ၎င်း၏အထွေထွေမန်နေဂျာဖြစ်သောကြောင့် ဟွမ်းဟိုင်ဟောက် မရှိတော့သည့်အခါ ၎င်းကို တာဝန်ယူခဲ့သည်။

ထျန်းယင်ဂိုဏ်း၏အကြီးတန်းမန်နေဂျာအများစုသည် ရည်မှန်းချက်ကြီးမားသော်လည်း ၎င်းတို့ထဲမှ နှစ်ဦး သို့မဟုတ် သုံးဦးသည် ဟွမ်းဟိုင်ဟောက်ကို လေးစားဆဲဖြစ်သည်။ ဟွမ်းဟိုင်ဟောက် ဂိုဏ်းထဲတွင် ရှိနေသရွေ့ သူတို့ စည်းမကျော်နိုင်ကြပေ။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဘဏ္ဍာရေးမန်နေဂျာ ကျောက်လီချန်း ဖြစ်သည်။

ဟွမ်းဟိုင်ဟောက်သည် ထျန်းယင်ဂိုဏ်းအတွက် ကျောက်လီချန်းကို ယုံကြည်နိုင်သည်ကို သိသောကြောင့် သူ့ကို ဘဏ္ဍာရေးမန်နေဂျာအဖြစ် တာဝန်ပေးအပ်ခဲ့သည်။

ကျောက်လီချန်းသည် ဟွမ်းဟိုင်ဟောက်ကိုတွေ့လိုက်ရသောအခါ အံ့ဩသွားသည်။

"မင်္ဂလာပါ ဥက္ကဌဟွမ်း ပြန်လာတာကို ကြိုဆိုပါတယ်" ကျောက်လီချန်းသည် ဟွမ်းဟိုင်ဟောက်အား စိတ်လှုပ်ရှားစွာ ကြိုဆိုခဲ့သည်။

ရဲတွေရှိနေတုန်းမို့ ကျောက်လီချန်းက သူ့ကိုဂိုဏ်းခေါင်းဆောင်အစား ဥက္ကဌဟု ခေါ်သည်။ ဟွမ်းဟိုင်ဟောက်သည် ထျန်းယင်ဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သည်ကို လူတိုင်းသိသော်လည်း ထန်းလုံအဖွဲ့အစည်း၏ ဥက္ကဌလည်းဖြစ်သည်။

ရဲတွေတောင် သူ့ကို ဥက္ကဌဟွမ်း ဟုခေါ်သည်။

ဟွမ်းဟိုင်ဟောက် ပြန်ရောက်တဲ့အခါ ရဲတွေက သူ့ကို ပြန်ပေးဆွဲမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မေးမြန်းသည်။

ပြန်ပေးဆွဲမခံရခင်မှာ ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်က သူ့ကိုသတိ‌မေ့အာင် ရိုက်ခဲ့တာဟု ဟွမ်းဟိုင်ဟောက်ကပြောပြီး ဒီနေ့မနက်အထိ သူနိုးမလာသေးဘူးလို့ ဆိုသည်။ သူဘာဖြစ်သွားမှန်း မသိပေမယ့် ထွက်ပြေးဖို့ အခွင့်အရေးရတာနဲ့ ထွက်ပြေးလာတာဟု ပြောပြသည်။

ထိုမိန်းမသည် မည်မျှ သန်မာသည်ကို မသိသောကြောင့် ဟွမ်းဟိုင်ဟောက်၏ စကားကို လက်ခံလိုက်ကြသည်။ ရဲများသည် ထန်းလုံ ဝိုင်စက်ရုံတွင် အသုံးဝင်သော အထောက်အထား မတွေ့ခဲ့ရ၍ ၎င်းတို့သည် တရားမ၀င် ဂိုဏ်းအား သွားရှုပ်ရန် ဆန္ဒမရှိကြပေ။

သူတို့သည် တရားမျှတမှုအတွက် ရပ်တည်ကြသော်လည်း သေခြင်းကို ကြောက်ကြသည်။ အရေးအကြီးဆုံးကတော့ ထျန်းယင်ဂိုဏ်းသည် အစိုးရနဲ့ ဆက်ဆံရေးရှိတာကြောင့် သူတို့ကို မျက်ကွယ်ပြုထားရမည်။

ဟွမ်းဟိုင်ဟောက် ပြန်ရောက်ကတည်းက ကျောက်လီချန်းက သူ့လူတွေကို ရှာနေတာကို ရပ်ဖို့ ပြောခဲ့သည်။

သို့သော် ဟွမ်းဟိုင်ဟောက် ဘေးကင်းစွာ ပြန်ရောက်နေပြီဟု ကြားသိရသောအခါ ဒုခေါင်းဆောင်နှင့် ထောက်လှမ်းရေးမန်နေဂျာက လက်မခံနိုင်ပေ။ သူတို့သည် ထျန်းယင်ဂိုဏ်းရှိ အကြီးတန်းအဖွဲ့၀င်များအကြားတွင် ရည်မှန်းချက်အရှိဆုံး အဖွဲ့ဝင်များဖြစ်သည်။

ထောက်လှမ်းရေးမန်နေဂျာသည် ဒုခေါင်းဆောင်ကို သတ်ရန် ကြိုးပမ်းခဲ့ပြီး ဒုခေါင်းဆောင်သည် ဟွမ်းဟိုင်ဟောက်အား ဘယ်တော့မှ ပြန်မလာစေရန် ဆန္ဒရှိခဲ့သည်။

အခြားသော အကြီးတန်းအဖွဲ့ဝင်အချို့လည်း စိတ်ပျက်မိသော်လည်း ဟွမ်းဟိုင်ဟောက်သည် သူ့ကိုယ်သူ ကယ်တင်နိုင်စွမ်းရှိသည်ဟု ယုံကြည်သောကြောင့် လက်ခံနိုင်ခဲ့ကြသည်။ တကယ်တော့ ဟွမ်းဟိုင်ဟောက် ပြန်မလာနိုင်လျှင်တောင် သူ့နေရာကို သူတို့ယူဖို့ မဖြစ်နိုင်‌ပေ။

ဒီအချိန်မှာ ဒုခေါင်းဆောင်နဲ့ ထောက်လှမ်းရေး မန်နေဂျာတို့သည် မည်သို့ပင် ခံစားနေရပါစေ အမှန်တရားကို ရင်ဆိုင်ရမည်ဖြစ်သည်။ အခုချိန်မှာ သူတို့အဖို့ တခြားလုပ်နိုင်တာ ဘာမှမရှိသောကြောင့် ဟွမ်းဟိုင်ဟောက် ကို ဆန့်ကျင်ရန် မဖြစ်နိုင်ပေ။

အမှန်တော့ ဟွမ်းဟိုင်ဟောက်ကိုသာ လွယ်လွယ်နဲ့ အနိုင်ယူနိုင်မည်ဆိုလျှင် သူတို့ ဒီလောက်ထိ အကြာကြီးစောင့်မှာ မဟုတ်ပေ။

…

ဟွမ်းဟိုင်ဟောက် ပြန်ရောက်ပြီးပြီးချင်း အကြီးတန်း စီမံခန့်ခွဲရေး အစည်းအဝေး‌ခေါ်လိုက်သည်။

အစည်းအဝေးမစခင် ဟွမ်းဟိုင်ဟောက်သည် ထန်ပင်းစန်ကိုဖုန်းဆက်လိုက်သည်။ ထန်ပင်းစန်ဆီမှ ထွက်ခွာရန် စိတ်ပိုင်းဖြတ်ထားသော်လည်း ယခုအချိန်တွင် ထိုအကြောင်းကို သိလို့မဖြစ်ပေ။ ထို့ကြောင့် သူသည် ယခုအချိန်တွင် ဘေးကင်းကြောင်း ထန်ပင်းစန်အား ပြောရမည်ဖြစ်သည်။

ထန်ပင်းစန်သည် ဟွမ်းဟိုင်ဟောက် အောင်မြင်စွာ လွတ်မြောက်သွားကြောင်းကို ကြားလိုက်ရသောအခါ စိတ်သက်သာရာရသွားသည်။ တကယ်တော့ သူကထျန်းယင်ဂိုဏ်းမှာ ဟွမ်းဟိုင်ဟောက် ထက်ပိုကောင်းတဲ့ ခေါင်းဆောင်ဆိုတာ ဘယ်သူမှ မရှိသောကြောင့် ဟွမ်းဟိုင်ဟောက် အသတ်ခံရတာကို မဖြစ်‌စေချင်ပေ။

သို့သော် ဟွမ်းဟိုင်ဟောက်ကို လွတ်မြောက်ရန်အတွက် ယွမ်ငါးဘီလီယံ ပေးချေဖို့တော့ ဝန်လေးခဲ့သည်။

ဟွမ်းဟိုင်ဟောက်နှင့် ထန်ပင်းစန်တို့သည် "ထန်အိုက်နင်း" နှင့် သူတို့ စကား‌ပြောခဲ့တဲ့ အကြောင်းကို မပြောကြဘဲ ကိုယ့်အလုပ်ကိုယ်သာလုပ်ခဲ့ကြသည်။

တစ်နာရီခန့်အကြာတွင် ထျန်းယင်ဂိုဏ်းမှ အကြီးတန်း မန်နေဂျာများသည် ထန်းလုံဟိုတယ်၏ အစည်းအဝေးခန်းတွင် စုဝေးလာကြသည်။

ဟွမ်းဟိုင်ဟောက် ပြန်ရောက်လာသည့်သတင်းကို မကျေမနပ်ဖြစ်နေသူတွေက သူတို့ရဲ့ခံစားချက်အစစ်အမှန်ကို ဖုံးကွယ်ထားကြသည်။ ဟွမ်းဟိုင်ဟောက်က ဒါကို ကောင်းကောင်းသိပေမယ့် ဘာမှ မပြော‌ပေ။

ဟွမ်းဟိုင်ဟောက်သည် “ထန်အိုက်နင်း” နှင့် သဘောတူထားသည့် သဘောတူညီချက်အကြောင်း သူတို့အား မပြော‌သေးဘဲ သူတို့၏ အလုပ်များကိုသာ အာရုံစိုက်နေခဲ့သည်။

သူတို့၏သံသယကိုမနှိုးဆွရန်အတွက် ဟွမ်းဟိုင်ဟောက်သည် ပြန်ပေးဆွဲမှုနှင့် ပတ်သက်၍ သူ၏ဒေါတတရားကိုပြသပြီး "ထန်အိုက်နင်း" ကိုဖမ်းရန် အမိန့်ပေးခဲ့သည်။

ဟွမ်းဟိုင်ဟောက် နေထိုင်သည့်အိမ်သည် ပေါက်ကွဲသွားသော်လည်း သူ့တွင် အခြားအိမ်များရှိသည်။ သာမာန်အားဖြင့် သူသည် သူ၏လူယုံတော်များနှင့် သက်တော်စောင့်များနှင့်အတူ နေထိုင်သည်။ သူ့တွင် မိသားစုမရှိသောကြောင့် သူ၏ လူယုံတော်များနှင့် သက်တော်စောင့်များက သူ့ကိုကာကွယ်ရန် နေ့ရောညပါ သူ့ဘေးနားတွင် ရှိနေကြသည်။ သူတစ်ယောက်ထဲရှိလျှင် မလုံခြုံဟု ခံစားရသည်။ သို့သော် ထန်အိုက်နင်း ကဲ့သို့ ပြင်းထန်သောရန်သူနှင့် ရင်ဆိုင်ရသောအခါတွင် ဘာမှ အသုံးမဝင်‌တော့ပေ။

အိမ်နှင့် ရုံးအဆောက်အအုံ ပေါက်ကွဲသွားသောကြောင့် ၎င်းတို့ကို ပြန်လည်တည်ဆောက်ရန် လိုအပ်သည်။ ကံကောင်းစွာပဲ၊ ရုံးအဆောက်အဦးအောက်ရှိ ဂိုဒေါင်မှာ သိုလှောင်ထားတဲ့ ဝိုင်အများစုကတော့ အဆင်ပြေသည်။ ဒါကြောင့် တစ်ချို့ကို ငွေရှာရန်အတွက် ရောင်းစားလို့ ရသေးသည်။ သူတို့လုပ်စရာရှိတာက သူတို့လုပ်ငန်းဆက်လုပ်ဖို့အတွက် ယာယီစက်ရုံကို အမြန်ဆုံးငှားရမ်းဖို့ပါပဲ။ ဗုံးပေါက်ကွဲမှုကြောင့် သူတို့ရဲ့လုပ်ငန်းကို အကြီးအကျယ် ထိခိုက်ခဲ့ရပေမယ့် သူတို့အတွက် အဆင်‌တော့ပြေပါသေးသည်။

…

နောက်ပိုင်းတွင် ကုနင်းသည် သူမတစ်‌ေယာက်ထဲ မြို့တော်သို့ ပြန်သွားသည်။

***

အခန်း ၁၆၃၅ ကားရပ်နားရန်နေရာအတွက် ယှဉ်ပြိုင်ခြင်း

ထျန်းယင်ဂိုဏ်းအကြောင်း သတင်းသည် အင်တာနက်ပေါ်တွင် ရေပန်းစားနေသေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ အာရုံစိုက်မှုများ မရှိ‌တော့ပေ။

ကုနင်း မြို့တော်ကို ရောက်တော့ ညနေ ၅ နာရီထိုးခါနီးနေပြီဖြစ်သည်။ ဒီနေ့ သူမတစ်ယောက်တည်းမို့ အပြင်မှာစားမည်။ ထို့နောက် သူမ၏ကားကို လေဆိပ်ရဲ့ ကားရပ်နားရာနေရာမှာ ရပ်ထားတာကြောင့် ဒီတစ်ကြိမ်တော့ သူမကိုယ်တိုင် မောင်းရပါ‌တော့သည်။

သို့သော် သူမပြန်ရောက်ပြီး မကြာမီမှာပင် ဒုက္ခနှင့်‌တွေ့ရ တော့သည်။

ကုနင်းသည် အကင်စားချင်‌သောကြောင့် အနောက်တိုင်း စားသောက်ဆိုင်ကို သွားခဲ့သည်။ စားသောက်ဆိုင်အပြင်ဘက်တွင် ကားရပ်နားရန်နေရာများ ကန့်သတ်ထားသောကြောင့် ကုနင်း ရောက်သွားသောအခါ ကားပါကင်‌နေရာတစ်ခုသာကျန်တော့သည်။ သူမကားကို ပါကင်ထိုးရန် နောက်ဆုတ်ခါနီးတွင် လူလတ်ပိုင်းအမျိုးသမီးတစ်ဦးက သူမကို လမ်းမှာ ရုတ်တရက်တားလိုက်၍ သူမသည် ကားကို အတွင်းသို့ မ၀င်ပဲ ရပ်လိုက်ရသည်။

“ဟေး ဒီနေရာက လူရှိပြီးသား။ တခြားနေရာသွားတော့!" လူလတ်ပိုင်းအမျိုးသမီးက ကုနင်း အား အလွန် မောက်မာသောလေသံဖြင့် အော်လိုက်သည်။ ကုနင်းသည် ဒေါသထွက်သွားကာ တော်တော်ပင်စိတ်တိုသွားသည်။

လူလတ်ပိုင်းအမျိုးသမီးက သူမအ‌ပေါ် ကောင်းကောင်းသာ ပြောခဲ့လျှင် သူမစိတ်ဆိုးမည်မဟုတ်ပေ။ သို့သော် ထိုအမျိုးသမီးသည် ရိုင်းစိုင်းပြီး မကြင်နာတတ်သူဖြစ်သည်။

ကုနင်းသည် ကားတံခါးကိုဖွင့်ပြီး ကားထဲက ဆင်းလာကာ အေးစက်သောအမူအရာဖြင့် သက်လတ်ပိုင်းအမျိုးသမီးဆီသို့ လျှောက်လာခဲ့သည်။ “မဒမ် ဒီကားပါကင်နေရာက ဘယ်လို နေရာယူထားပြီးသားလဲ နားမလည်ဘူး။ ကျွန်မရှင့်ထက်အရင် ဒီနေရာကို ရောက်တာပါ"

သူနှင့် မနီးမဝေးတွင် ကားတစ်စီး ရပ်လိုက်ပြီး လူလတ်ပိုင်း အမျိုးသမီးတစ်ဦး ထွက်လာသည်။ အဆိုပါကားသည် ဇိမ်ခံကားဖြစ်ပြီး ယွမ်နှစ်သန်းခန့် တန်ကြေးရှိသည်။ လူလတ်ပိုင်းအမျိုးသမီးသည် ချမ်းသာကြောင်း သိသာထင်ရှားသော်လည်း သူမသည် လူရိုင်းတစ်ယောက်လို ပြုမူနေခြင်းကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။

ကုနင်း၏ကားက သူ့လောက်ဈေးမကြီးဘူးလို့ သူမထင်တာကြောင့် ကုနင်းကို အနိုင်ကျင့်ဖို့ ဒီအမျိုးသမီးက စီစဉ်ခဲ့တာ ဖြစ်နိုင်သည်။ သို့သော်လည်း ကျိကျိတက်ချမ်းသာသူတိုင်းသည် ဇိမ်ခံကားကို မောင်းနှင်ကြသည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ကျိကျိတက်ချမ်းသာသူအများစုသည် သိုသိုသိပ်သိပ်နေတတ်ကြသောကြောင့်ဖြစ်သည်။

ထို့အပြင် ကုနင်း၏ကားသည် စျေးသက်သက်သာသာ‌တော့မဟုတ်ပေ။ ယွမ်တစ်သန်းကျော်ကုန်ကျခဲ့သော Hummer ကားဖြစ်သည်။ ဒါပေမယ့် သူ့ကားက သက်လတ်ပိုင်း အမျိုးသမီးရဲ့ ကားလောက် ဈေးမကြီး‌ပေ။

ကံမကောင်းစွာပဲ ကုနင်း၏မျက်လုံးထဲတွင် ၎င်းသည် အသုံးမဝင်ပေ။

"ဒီနေရာက လူရှိတယ်လို့ မင်းကို ငါပြောပြီးပြီ။ မင်းရဲ့ကားကို တခြားနေရာမှာ သွားရပ်လိုက်ပါ!" လူလတ်ပိုင်း အမျိုးသမီးသည် အလွန်ရိုင်းစိုင်းနေဆဲပင်။

"ရှင့်ရဲ့ ကားကိုပဲ တခြားနေရာမှာ သွားရပ်လိုက်ပါလား။" ကုနင်း ဒေါသထွက်သွားသည်။

"မင်းမှာ ယဉ်ကျေးမှုမရှိဘူးလား?" လူလတ်ပိုင်းအမျိုးသမီးက ကုနင်းကို ဝေဖန်သည်။

လူများစွာက သူတို့အနားကနေ ဖြတ်လျှောက်သွားကြပြီး လူလတ်ပိုင်း အမျိုးသမီးကြီး၏ ကျယ်လောင်သော အသံကို ကြားလိုက်ရသည်။

"ဘာလဲ? ဟာသပဲ! ရှင်က ကျွန်မကို အရင် ရိုင်းရိုင်းစိုင်းစိုင်း လုပ်ခဲ့တာ‌လေ အဲ့တာကြောင့် ရှင့်ကို ယဉ်ကျေး‌နေစရာ‌လိုတယ်လို့‌တော့ ကျွန်မမထင်ဘူး" လို့ ကုနင်း က ပြောသည်။ "ရှင်သာ ကျွန်မကို ကောင်းကောင်းပြောခဲ့ရင် ရှင့်ကို ကားနေရာယူခွင့့်‌ပေးမှာပဲ ဒါပေမယ့် ရှင့်ရဲ့ကြောက်စရာကောင်းတဲ့ သဘောထားက အရာအားလုံးကို ဖျက်ဆီးလိုက်တာပဲ"

“မင်း…” သက်လတ်ပိုင်း အမျိုးသမီးက ဘာပြောရမှန်းမသိ ဖြစ်နေသည်။ ကြည့်ရှုသူများကလည်း သက်လတ်ပိုင်းအမျိုးသမီးကို အထင်အမြင်သေးစွာ ကြည့်နေကြသည် ။

"အရှက်မရှိလိုက်တာ"

"ဒီမိန်းကလေးက အဲ့မိန်းမထက်အရင် ဒီကိုရောက်လာတာ သိသာတယ်။"

"ဟုတ်တယ် သဘောတူတယ်"

“…”

"ပါးစပ်ပိတ်ထား! ငါဘယ်သူလဲဆိုတာ မင်းသိလား?" လူလတ်ပိုင်းမိန်းမသည် အရှက်တရားကြောင့် ဒေါသထွက်သွားသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် အခြားအရာများကို မပြောမီတွင် တခြား အမျိုးသမီးတစ်‌ယောက်၏အသံက သူမကို အနှောင့်အယှက်ပေးလာသည်။

"အမေ!" ထို့နောက် အမျိုးသမီးငယ်တစ်ဦးသည် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးထံသို့ လျှောက်လာခဲ့သည်။ ထို့နောက် သူမသည် ကုနင်းကို လှည့်ကြည့်လိုက်သည်။ သူမသည် လူလတ်ပိုင်းအမျိုးသမီးကဲ့သို့ မာနကြီးရန်လိုခြင်းမရှိ‌ဘဲ နူးညံ့သိမ်မွေ့သည်။ ကံမကောင်းစွာပဲ ကုနင်းသည် သူမ၏မျက်လုံးထဲတွင် မနာလိုမှုများကို မြင်လိုက်ရသည်။

“ကျွန်မ တောင်းပန်ပါတယ်။ အမေက သူ့သူငယ်ချင်းနဲ့ ချိန်းထားတာ နောက်ကျနေ‌တော့ အမြန်ဆုံးတွေ့ချင်‌လို့‌လောနေတာပါ” ဟု အမျိုးသမီးငယ်က ပြောသည်။

ဒီအမျိုးသမီးက တကယ်တော့ ရှန်းကျီလင်း ဖြစ်ပြီး လူလတ်ပိုင်းအမျိုးသမီးကတော့ သူ့အမေ ချန်ချိုးယင်း ဖြစ်သည်။ ရှန်းကျီလင်းသည် လင်ရှောင်းထင်တွင် အလွန်ချောမောလှပသော ရည်းစားရှိသည်ကို သိသော်လည်း ယခု သူမရှေ့တွင် ရပ်နေသော ရင်သပ်ရှုမောဖွယ် မိန်းကလေးမှာ လင်ရှောင်းထင်၏ ချစ်သူဖြစ်သည်ကို သူမ မသိပေ။ ဒါကို သူမသိရင် ငြိမ်နေမှာမဟုတ်‌ပေ။

"မင်း အလျင်လိုနေတယ်ဆိုတိုင်း တခြားသူတွေရဲ့ ကားပါကင်နေရာတွေကို ခိုးလို့မရဘူးလေ" ဟု ကုနင်းက ဆိုသည်။

ရှန်းကျီလင်းသည် ကောင်းကောင်း ပြုမူသော်လည်း ကုနင်းသည် သူမ လူကောင်းမဟုတ်ကြောင်း မြင်‌နေရသည်။ သူမသည် သူမအမေလိုပင် ဖြစ်ရမည်။ မဟုတ်လျှင် သူ့အမေကို ကူညီဖို့ လာမှာမဟုတ်‌ပေ။ ထို့အပြင် ဤအခြေအနေသည် သူမအတွက် အကျိုးမရှိကြောင်း သူမသတိပြုမိသောကြောင့် ကုနင်းအား ရိုးရိုးရှင်းရှင်းတောင်းပန်‌နေခြင်းဖြစ်သည်။

“မင်းပြောတာ မှန်ပါတယ်၊ ငါ့ရဲ့ ရိုးသားတဲ့ တောင်းပန်တာကို လက်ခံ‌ပေးပါ။ မစ္စ ဒီတစ်ခါတော့ ခွင့်လွှတ်‌ပေးပါ” ဟု ရှန်းကျီလင်းက ပြောသည်။ တကယ်တော့ သူမသည် ယခုအချိန်တွင် ကုနင်းအပေါ် ဒေါသနှင့် မုန်းတီးမှုများ ပြည့်နှက်နေသော်လည်း သူမသည် သဘောကောင်းချင်ယောင်ဟန်ဆောင်ရမည်ဖြစ်သည်။ တကယ်တော့ ဒါက သူတို့အပြစ်ပင်။ အရေးကြီးဆုံးကတော့ သူတို့ဟာ အများသူငှာ နေရာမှာ ရှိနေတာဖြစ်သည်။

"ကျီလင်း" ချန်ချိုးယင်းသည် ရှန်းကျီလင်း၏အပြုအမူကို မကျေမနပ်ဖြစ်နေသည်။ တောင်းပန်စရာလိုမည်ဟုမထင်‌ပေ။

"ကောင်းပြီ၊ မေ့လိုက်ပါတော့" လို့ ကုနင်းက ပြောသည်။ သူမသည် သူတို့နှင့် ငြင်းခုံရန် အချိန်မဖြုန်းချင်ပေ။

ထို့နောက် ရှန်းကျီလင်းသည် ချန်ချိုးယင်းကို ဆွဲ‌ခေါ်သွားကာ ကုနင်းအတွက် ကားရပ်နားရာနေရာ ပေးလိုက်သည်။

ထို့နောက် ကုနင်းသည် သူမ၏ ကားပေါ်သို့ တက်လာပြီး ကားနောက်ဆုတ်ကာ ပါကင်ထိုးလိုက်သည်။

"ကျီလင်း၊ ကားပါကင်နေရာကို မင်းဘာလို့ ပေးလိုက်လဲ?" ချန်ချိုးယင်းက စိတ်တိုတိုနဲ့ ပြောလိုက်သည်။

ရှန်းကျီလင်း မကျေမနပ်ဖြစ်သွားသည်။

“မေမေ၊ မေမေ့ရဲ့ အကျင့်စရိုက်ကို တခြားလူတွေနဲ့ လိုက်ညှိပြီး‌နေသင့်တယ်။ လူတိုင်းက မေမေ့ကို အပြစ်တင်နေတာ မမြင်ဘူးလား? အရမ်းရှက်ဖို့ကောင်းတာပဲ။ သမီးတို့ကို လူတွေကြားထဲ ရယ်စရာဖြစ်အောင် မလုပ်ပါနဲ့။"

***

အခန်း ၁၆၃၆ ရှန်းကျီလင်းနဲ့ လင်ရှောင်းထင်တို့ရဲ့ ဆက်ဆံရေး

ရှန်းကျီလင်းသည် ချန်ချိုးယင်းကို ကားရပ်နားရန်နေရာ လုယူရန် ထောက်ခံခဲ့သော်လည်း သူမသည် အခြားလူများ၏ လှောင်ပြောင်ခြင်းကို မခံချင်ပေ။ ရှန်းကျီလင်းသည် သူ့ထက်နိမ့်ကျသော သူများကို အနိုင်ကျင့်သော်လည်း သူမ၏ပုံရိပ်ကိုလည်းဂရုစိုက်သည်။

ချန်ချိုးယင်းက ရှန်းကျီလင်း ပြောတာအဓိပ္ပါယ်ရှိတယ်လို့ ထင်တဲ့အတွက် ကုနင်းကို စိတ်ဆိုးနေသေးပေမယ့် ဒီကိစ္စကို သူမ စိတ်လျော့လိုက်တော့သည်။

"ကောင်းပြီ၊ သမီးတို့ကားကို ဟိုမှာရပ်ရအောင်" ရှန်းကျီလင်းကပြောပြီး သူတို့ကားဆီသို့ လျှောက်သွားသည်။

ကားကိုရပ်ပြီးနောက် ချန်ချိုးယင်းနှင့် သူ့သမီးတို့သည် ကုနင်းကဲ့သို့ အနောက်တိုင်း စားသောက်ဆိုင်သို့ လျှောက်သွားကြသည်။ ကုနင်းက ပြတင်းပေါက်နားက ခုံမှာထိုင်ပြီး အကင်နဲ့ သစ်သီးသုပ်ကို မှာသည်။ စားပွဲထိုးက သူ့စားပွဲကထွက်သွားပြီး ချက်ချင်းပဲ ကုနင်းက ချန်ချိုးယင်း နဲ့ သူ့သမီးအထဲသို့ လျှောက်လာတာကို တွေ့လိုက်ပေမယ့် သူတို့ကို လျစ်လျူရှုလိုက်သည်။

ရှန်းကျီလင်း၏ မျက်နှာပေါ်တွင် တည်ငြိမ်နေပုံပေါ်သော်လည်း ချန်ချိုးယင်း သည် ကုနင်းအပေါ် မကျေနပ်နေမှုကို မဖုံးကွယ်နိုင်ပေ။ တိုက်ဆိုင်စွာပင် သူတို့သည် ကုနင်းနှင့် မနီးမဝေးတွင် ထိုင်ကြသည်။

"ဟိုင်း ကတော်ရှန်းနဲ့ မစ္စရှန်းတွေ့ရတာ ဝမ်းသာပါတယ်။" စားပွဲဘေးက အမျိုးသမီးနှစ်ယောက်က ချန်ချိုးယင်းနဲ့ သူ့သမီးကို တပြိုင်နက်ထဲ နှုတ်ဆက်သည်။

“တွေ့ရတာဝမ်းသာပါတယ် ကတော်ထုန် နဲ့ မစ္စထုန်” ချန်ချိုးယင်း နှင့် ရှန်းကျီလင်းတို့သည် ယဉ်ကျေးသောပုံပေါက်သော်လည်း သူတို့ကိုယ်သူတို့ ပိုကောင်းသည်ဟု သူတို့ထင်‌နေကြသည်မှာ ထင်ရှားသည်။

“ထိုင်ပါဦး” မစ္စထုန်က ပြောသည်။

အဲဒီနောက် သူတို့ စားစရာများမှာလိုက်သည်။

ထို့နောက် ချန်ချိုးယင်း က သူမရဲ့ လက်ကိုင်အိတ်ထဲက ဖိတ်စာတစ်စောင်ကို ထုတ်ပြီး မစ္စထုန်ကို ပေးလိုက်သည်။ "ဒီမှာ ငါ မင်းအတွက် စာပါ"

"ကျေးဇူးအများကြီးတင်ပါတယ်!" မစ္စထုန်၏ မျက်နှာသည် ချက်ချင်းပင် တောက်ပလာသည်။

"ကိစ္စကြီးတော့မဟုတ်ပေမယ့် ဧည့်သည်တွေအားလုံးက အရေးကြီးတဲ့ လူတွေပဲ အဲ့တာကြောင့် ဂရုတစိုက်နဲ့ သူတို့ကိုမစော်ကားမိဖို့ သတိထားရမယ်" ဟု ချန်ချိုးယင်းက ပြောသည်။

ကုနင်းသည် သူတို့၏စကားများကို ခိုးနားထောင်ရန် ရည်ရွယ်ချက်မရှိသော်လည်း သူမ၏ အကြားစွမ်းရည်သည် ကောင်းမွန်ပြီး သူတို့၏ပြောဆိုမှုကို အလွယ်တကူကြားနိုင်‌ေနသည်။

ထို့ကြောင့် ကုနင်းက သူတို့လုပ်နေတာတွေကို သဘောပေါက်သွားသည်။

မစ္စထုန်သည် ပွဲတစ်ခုတက်ချင်သော်လည်း ဖိတ်ကြားခံရလောက်အောင် အရေးမကြီးသောကြောင့် ဖိတ်စာရရန်အတွက် ချန်ချိုးယင်းကို အကူအညီတောင်းပုံရသည်။ သူမသည် တစ်စုံတစ်ယောက်၏ ကျော်ကြားမှုကို ရယူရန် ကြံစည်‌နေသောကြောင့် ပါတီထဲသို့ ဝင်နိုင်ရန် အရာအားလုံးကို သူမလုပ်မည့်ပုံရသည်။

ကုနင်းအထင်က မှန်သည်။ ချမ်းသာသော ဒုတိယမျိုးဆက် အမွေဆက်ခံသူများ တွေ့ဆုံပွဲသို့ ကတော်ထုန်နှင့် မစ္စထုန်တို့ တက်ရောက်ချင်ကြကြသည်။ ထုန်မိသားစုက ချမ်းသာပေမယ့်လည်း ဒီထက် ပိုလိုချင်‌သော လောဘရှိသည်။

“သေချာတာပေါ့၊ ကျွန်မတို့သတိထားပါ့မယ်” လို့ မစ္စထုန်က ချက်ချင်းပြောသည်။

"အိုး မစ္စရှန်းနဲ့ သခင်လေးလင်က ဘယ်တော့ စေ့စပ်ပွဲလုပ်မှာလဲ။ ကျွန်မအားလုံး စောင့်မျှော်နေတယ်‌နော်၊” ဟု မစ္စထုန်က မေးမြန်းသည်။

ထိုစကားကိုကြားတော့ ချန်ချိုးယင်းနှင့် ရှန်းကျီလင်း အနည်းငယ် ရှက်ရွံ့သွားသော်လည်း မကြာမီတွင် သူတို့ကိုယ်သူတို့ ကိုယ်ဟန်ဖို့လိုက်ကြသည်။

သို့သော် ကုနင်းသည် ချက်ချင်းသတိထားမိလိုက်သည်။ သခင်လေးလင်သည် လင်ရှောင်းထင် ဖြစ်ရမည်။ မြို့တော်တွင် အင်အားကြီးမားသော လင်မိသားစု တစ်ခုတည်းသာရှိသည်။ ချန်ချိုးယင်းက ဘာမှပြန်မပြောမီ မစ္စထုန် က ဆက်ပြောသည်။

"မစ္စရှန်း သခင်လေးလင်ရဲ့နှလုံးသားကို ရတာ အရမ်းကံကောင်းတယ်။ သူက မြို့တော်မှာ အရမ်းရှားပါးတဲ့ အရည်အချင်းရှိတဲ့သူလေ။ သူ့လို ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်ဗိုလ်ချုပ်ကြီး ဖြစ်လာနိုင်တဲ့ လူဆိုလို့ တခြားဘယ်သူမှ မကြားဖူး‌သေးဘူး။”

ကုနင်း ထိုစကားကိုကြားလိုက်သည်နှင့် စိတ်ဆိုးသွားသည်။ သူမသည် လင်ရှောင်းထင် အကြောင်းပြောနေသည်မှာ သေချာနေပြီဖြစ်သည်။

တခြားစားပွဲတွေမှာ ထိုင်နေကြတဲ့လူတွေလည်း အံ့သြသွားပြီး ချန်ချိုးယင်း နဲ့ သူ့သမီးကို တအံ့တသြ လှည့်ကြည့်လိုက်သည်။ သခင်လေးလင်သည် မည်သူဖြစ်သည်ကို မသိကြသော်လည်း ဗိုလ်ချုပ်ကြီးတစ်ဦးဆိုတာနဲ့တင် မယုံနိုင်စရာပင်။

ရှန်းကျီလင်းနှင့် လင်ရှောင်းထင်၏ စေ့စပ်ပွဲသို့ တက်ရောက်ရန် မျှော်လင့်နေကြောင်း မစ္စထုန်က ပြောသောကြောင့် ရှန်းကျီလင်းသည် လင်ရှောင်းထင်၏ စေ့စပ်ထားသူဖြစ်ကြောင်း လူတိုင်းက ထင်သွားကြသည်။ အကယ်၍ မစ္စထုန်သာ စောစောက ပြောခဲ့လျှင် ချန်ချိုးယင်းသည် အလွန်ဂုဏ်ယူနေမည်မှာ သေချာသော်လည်း ယခုအခါ သူမသည် လုံးဝမတူသော ခံစားချက်ဖြင့် ဖြစ်နေသည်။

"အင်း ရှောင်းထင်က အရမ်းအလုပ်များနေတော့ အခုချက်ချင်း လုပ်ဖြစ်ဖို့တော့အစီအစဉ်မရှိသေးဘူး" ဟု ချန်ချိုးယင်းက ပြောသည်။ သူ့စကားတွေကို သူမကိုယ်တိုင်တောင် မယုံပေမယ့် မျက်နှာ‌ပေါ်မှာ‌တော့ ကြော့ရှင်း‌နေသည်။

ယခင်က ရှန်းကျီလင်းသည် ရှန်းမိသားစုနှင့် လင်မိသားစု၏ ဆက်ဆံရေးကြောင့် သူတို့ လက်ထပ်ရမည်ဟု အမြဲယုံကြည်ခဲ့ပြီး သူမသည် သူမ၏သူငယ်ချင်းများရှေ့တွင် မကြာခဏထုတ်ကြွား‌ေလ့ရှိသည်။

တကယ်တော့ သခင်ကြီးလင်ကလည်း သူတို့ကို နေရာချထားပေးဖို့ ရည်ရွယ်ချက်ရှိတာကြောင့် သေချာတဲ့ အလောင်းအစားတစ်ခုလို့ပဲ သူမ ယုံကြည်ခဲ့သည်။ မထင်မှတ်ပဲ လင်ရှောင်းထင်ဟာ နောက်ပိုင်းမှာ ရည်းစားရသွားပြီး ထိုအခြေအနေတွင် ရှန်းကျီလင်းသည် လင်မိသားစုတွင် လက်ထပ်ရန် မဖြစ်နိုင်‌တော့ပေ။

"ကျွန်မနားလည်ပါတယ်။ သခင်လေးလင်က စစ်တပ်မှာ အရမ်းအရေးကြီးတဲ့ ရာထူးရှိတာပဲ” ဟု မစ္စထုန်က ပြောသည်။

သို့သော် ကုနင်းက ရယ်မောလိုက်သည်။ ရှန်းကျီလင်းသည် လင်ရှောင်းထင် နှင့် အချစ်ရေး ဆက်ဆံရေး ရှိနိုင်မည်ဟု သူမမထင်ဘဲ သူတို့သည် အသိအကျွမ်းများသာ ဖြစ်နိုင်သည်။

ကုနင်းသည် ချန်ချိုးယင်းနှင့် ရှန်းကျီလင်းတို့၏ စားပွဲဘက်သို့ မျက်နှာချင်းဆိုင်လိုက်တဲ့အခါ သူတို့၏ အမူအရာများကို သူမမြင်နိုင်တော့သည်။ ချန်ချိုးယင်း လိမ်နေမှန်း သူမသိသည်။ မည်သို့ပင်ဆိုစေကာမူ အခြားအမျိုးသမီးသည် သူမလူအကြောင်းကို ထင်ယောင်ထင်မှားဖြစ်ကာ‌ပြော‌နေသည်ကို မကျေနပ်သဖြင့် မတ်တပ်ထရပ်ကာ သူတို့ဆီသို့ လျှောက်သွားလိုက်သည်။

ကုနင်း လျှောက်လာနေတာမြင်တော့ ချန်ချိုးယင်းက စိတ်ဆိုးသွားသည်။ "မင်းဘာလုပ်ချင်လို့လဲ?"

"အင်း ကျွန်မ ဒီက မဒမ်နှစ်ယောက်ကို မေးချင်တာ‌လေးရှိလို့ပါ။ သခင်လေးလင်ဆိုတဲ့ မယုံနိုင်စရာကောင်းတဲ့ စစ်ဗိုလ်ချုပ်ကြီးက မဟုတ်မှ လင်ရှောင်းထင်လား?"ကုနင်းက မေးသည်။

ဒီမိန်းကလေးဆီကနေ လင်ရှောင်းထင်၏ နာမည်ကို ကြားလိုက်ရတော့ အံ့ဩသွားကြတော့သည်။

***

အခန်း ၁၆၃၇ ရှင်ကိုယ်တိုင် ဖြေရှင်းသင့်တယ်

"လင်ရှောင်းထင်ကို သိလို့လား?" ချန်ချိုးယင်းက မေးလိုက်သည်။

လင်ရှောင်းထင်သည် အမြဲတမ်းသိုသိုသိပ်သိပ်နေပြီးလူ့အဖွဲ့အစည်းတွင် ရှိနေသူ အနည်းငယ်မျှသာ သူ့ကို တွေ့ဖူးသောကြောင့် ချန်ချိုးယင်းသည် ကုနင်းထံမှ လင်ရှောင်းထင်ကို ကြားသိရသည်ကို အံ့သြသွားသည်။

"ဟုတ်တယ် ကျွန်မတို့ကတော်တော်ရင်းနှီးပါတယ်" ဟု ကုနင်း ကဆိုသည်။

"ဘာလဲဟ? မဖြစ်နိုင်တာ!" ချန်ချိုးယင်းက ပြောသည်။

"ဘာလို့လဲ? လင်ရှောင်းထင်ရဲ့ ချစ်သူကိုလည်း ကျွန်မသိတယ်လေ"

အဲဒါကိုကြားတော့ မစ္စထုန်က ရှန်းကျီလင်းကို သံသယနဲ့ လှည့်ကြည့်လိုက်သည်။ ကုနင်း ပြောတဲ့ ပုံအရဆို ရှန်းကျီလင်းအကြောင်း ဟုတ်ပုံမရပေ။ ရှန်းကျီလင်းသည် လင်ရှောင်းထင်၏ ချစ်သူဖြစ်မည်ဟု မစ္စထုန်က ထင်ခဲ့သော်လည်း ယခုအခါ သူမ မှားသွားပုံရသည်။

ချန်ချိုးယင်းနှင့် ရှန်းကျီလင်းတို့သည် ထိတ်လန့်သွားကြသည်။ ကုနင်းသည် လင်ရှောင်းထင်၏ ချစ်သူရည်းစားဖြစ်နိုင်သည်ဟု သူတို့ထင်ကြသည်။

"လင်ရှောင်းထင်ရဲ့ ချစ်သူက ဒီမှာ ထိုင်နေတဲ့ မစ္စရှန်း မဟုတ်ဘူးဆိုတာကို‌တော့ ကျွန်မပြောနိုင်တယ်" ကုနင်းက ဆက်ပြောသည်။

အဲဒါကို ကြားတော့ ကြည့်ရှုသူတွေ အံ့သြသွားကြတော့သည်။ ရှန်းကျီလင်းသည် လင်ရှောင်းထင်၏ရည်းစားမဟုတ်ဘဲ ၄င်းနှင့်စေ့စပ်ထားသူမှာ အခြားမိန်းကလေးဖြစ်သည်။ ထိုအခြေအနေမျိုးတွင် ရှန်းကျီလင်းနှင့် လင်ရှောင်းထင်အတွက် စေ့စပ်ပွဲကျင်းပမည့်ရက် မေး‌နေပါက ရယ်စရာဖြစ်လိမ့်မည်။ ထို့ကြောင့် ကြည့်ရှုသူများသည် ချန်ချိုးယင်းနှင့် ရှန်းကျီလင်းကို အထင်အမြင်သေးစွာ ကြည့်နေကြသည်။

"မဟုတ်တရုတ်တွေ ပြောနေတာ!" ချန်ချိုးယင်းက စိတ်ဆိုးသွားပြီး ကုနင်းကို လှမ်းရိုက်လိုက်သည်။

"ကျွန်မ မပြောပါဘူး" ဟု ကုနင်းကပြောသည်။ “မယုံရင် ကျွန်မ…” စကားမဆုံးခင်

မှာ သူမဖုန်းက မြည်လာသည်။ တိုက်ဆိုင်စွာပင် ဖုန်းခေါ်ဆိုသူမှာ လင်ရှောင်းထင် ဖြစ်သည်။

ကုနင်းသည် တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားပြီး လင်ရှောင်းထင်သည် သူမကို မကောင်းမှုတစ်ခုခုလုပ်နေသည်ကို ဖမ်းမိသွားသလို ခံစားလိုက်ရသည်။ မနှောင့်နှေးဘဲ လူတိုင်းရှေ့မှာ ကောက်ကိုင်လိုက်သည်။

ချန်ချိုးယင်းနှင့် ရှန်းကျီလင်းသည် အနည်းငယ် စိတ်လျှော့လိုက်သည်။ ကုနင်းက ဖုန်းလက်ခံပြီးရင် ထွက်သွားမယ်လို့ သူတို့ထင်‌နေသည်။

"နင်းနင်း၊ အခု ဘာလုပ်နေတာလဲ?"

"ကျွန်မ ညစာစားဖို့လုပ်နေတာ ရှင်ရော?"

“ကိုယ် မြို့တော်ကို ပြန်လာ‌နေတာ။ ည ၈း၃၀ လောက် ရောက်မယ်” ဟု လင်ရှောင်းထင်က ပြောသည်။ သူ ကုနင်းကို တွေ့ဖို့ မစောင့်နိုင်တော့ပေ။ သို့သော် မြို့တော်မှာ တစ်ညလောက်သာ နေနိုင်မည်ဖြစ်ပြီး မနက်ဖြန်တွင် သူတို့၏ စစ်စခန်းကို ပြန်သွားရ‌ပေမည်။ ကံကောင်းစွာဖြင့် ၎င်းသည် မြို့တော်နှင့် မဝေးလှပါ။

"ဟုတ်ပြီ ကျွန်မ ရှင့်ကို တစ်ခုလောက်မေးချင်တာရှိလို့။" လို့ ကုနင်း က ပြောသည်။

"ဘာကိုလဲ?" လင်ရှောင်းထင် က မေးသည်။

"ကျွန်မ ရှန်းဆိုတဲ့ မျိုးရိုးနာမည်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ သူက ရှင်တို့ နှစ်ယောက် စေ့စပ်ပွဲလုပ်တော့မယ်လို့ ပြောလို့ အဲ့တာတကယ်ပဲလား?" ကုနင်းက မေးသည်။

ထိုစကားကိုကြားသောအခါ ချန်ချိုးယင်းနှင့် ရှန်းကျီလင်းတို့နှစ်ယောက်လုံး တုန်လှုပ်သွားပြီး သူတို့နားကို သူတို့ မယုံနိုင်ဖြစ်နေကြသည်။ ကုနင်းသည် လင်ရှောင်းထင်နှင့် အခု စကားပြောနေတာဖြစ်ရမည်။ ကုနင်းသည် လင်ရှောင်းထင်နှင့် စကားပြောနိုင်သည်ကို မယုံနိုင်ကြပေ။

ကတော်ထုန်နှင့် မစ္စထုန်တို့လည်း ထိတ်လန့်သွားကြသည်။

လင်ရှောင်းထင်သည် ကုနင်းက ဘယ်သူ့အကြောင်းပြောနေသလဲဆိုတာကို မျိုးရိုးနာမည်ကြားလိုက်ရုံနဲ့ သိသည်။ "ဟာသပဲ! သေချာပေါက် မဟုတိဘူးပေါ့။ စေ့စပ်ပွဲလုပ်တော့မယ်ဆိုရင်တောင် အဲဒါ မင်းနဲ့ကိုယ်အကြောင်းပဲဖြစ်ရမယ်။"

ကုနင်း ကျေနပ်သွားသည်။

"မသိဘူးလေ။ ဒါပေမယ့် အဲ့တာကို ရှင့်ကိုယ်တိုင် ဖြေရှင်းသင့်တယ်နော်။"

"သေချာတာပေါ့၊ ကိုယ်လုပ်လိုက်ပါမယ်။" လင်ရှောင်းထင်က ချက်ချင်းပြောသည်။ ကုနင်းက သူ့ကို တကယ်စိတ်မဆိုးဘူးဆိုတာ သူသိပေမယ့် ဒီလိုနောက်တစ်ခါ ထပ်မဖြစ်ဖို့ သူမျှော်လင့်သည်။

ချန်ချိုးယင်းနှင့် ရှန်းကျီလင်းတို့သည် ယခုအချိန်တွင် လုံးဝ အံ့သြသွားကြသည်။ ကုနင်းသည် အမှန်တကယ် လင်ရှောင်းထင်၏ ချစ်သူဖြစ်သည်ကို ပို၍ ရှင်းရှင်းလင်းလင်း သိသွားကြသည်။

"ကောင်းပြီ ကျွန်မတို့ ညကျမှ ပြောကြရအောင်"

“ဟုတ်ပြီ” ထို့နောက် လင်ရှောင်းထင် ဖုန်းချလိုက်သည်။

“မင်း…”

ချန်ချိုးယင်းက အခု ဘာပြန်ပြောရမှန်း မသိပေမယ့် ကုနင်းဟာ လင်ရှောင်းထင်၏ချစ်သူဖြစ်တယ်ဆိုတာကို သူမ လက်မခံချင်ပေ။ ရှန်းကျီလင်းသည် တစ်ချိန်တည်းတွင် သူမ၏မျက်နှာပေါ်တွင် သိသာထင်ရှားသော မနာလိုမှုများကို ပြသခဲ့သည်။ သူမသည် ကုနင်းကို မနာလို‌ဖြစ်မိသည်။ သူမသည် လင်ရှောင်းထင်၏ရည်းစားဖြစ်ရန် အမြဲစိတ်ကူးယဉ်ခဲ့သော်လည်း သူမအမြဲတမ်း စိတ်ပျက်နေရသည်။

ရှန်းကျီလင်းသည် ဒေါသနှင့် မနာလိုမှုများ ပြည့်နှက်နေသော်လည်း ထထွက်သွားလျှင် ပို၍ ရှက်စရာကောင်းသောကြောင့် အခုချက်ချင်း ထမထွက်သွားနိုင်ပေ။

"မင်းမှာ အရည်အချင်းရှိရင် ငါ့ရည်းစားကို ခိုးယူဖို့ ကြိုးစားနိုင်ပေမယ့် မင်းမှာ အရည်အချင်းမရှိရင်တော့ မင်းရဲ့စကားတွေကို ပိုသတိထားပြောသင့်တယ်။" ကုနင်းက သတိပေးလိုက်သည်။ သူမသည်လည်း မနာလိုသောရည်းစားဖြစ်ပါသည်။

ထို့နောက် ကုနင်းသည် သူမ၏ ထိုင်ခုံဆီသို့ ပြန်သွားကာ သူမ၏ ညစာကို စတင်စားသုံးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ချန်ချိုးယင်းနဲ့ ရှန်းကျီလင်းတို့ဟာ အခုအချိန်မှာ လူရယ်ချင်စရာဖြစ်နေပါပြီ။ ကတော်ထုန်နှင့် မစ္စထုန်တို့သည် သူတို့ ကံဆိုးခြင်းအတွက် ပျော်နေကြသည်။

ချန်ချိုးယင်းနဲ့ ရှန်းကျီလင်း ထွက်သွားတဲ့အခါ မစ္စထုန်ကမေးလိုက်သည်။ "ဒါဆို ရှန်းကျီလင်းက လင်ရှောင်းထင်နဲ့လက်ထပ်တော့မယ်ဆိုပြီး လုံးဝလိမ်‌နေခဲ့တာပေါ့"

***

အခန်း ၁၆၃၈ လင်မိသားစုနဲ့ ရှန်းမိသားစုရဲ့ ဆက်ဆံရေး

"မသိဘူး ဒါပေမယ့် ရှန်းမိသားစုက လင်မိသားစုနဲ့ ဆွေမျိုးရင်းချာလိုနေတာ သခင်ကြီးလင်ကလည်း ရှန်းကျီလင်းကို အရမ်းသဘောကျတယ်လို့‌တော့ ကတော်ရှန်းက ပြောဖူးတယ်။ လင်ရှောင်းထင်အတွက်လည်း ရှန်းကျီလင်းက သင့်တော်တယ်လို့ သူတို့ထင်ကြတယ်‌လေ။” ဟု ကတော်ထုန်ကပြောသည်။ ရိုးရိုးသားသားပြောရရင် သူမဟာ အနာဂတ်မှာ ချန်ချိုးယင်းကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိ‌တော့‌ပေ။

ချန်ချိုးယင်းသည် ကြွားလုံးထုတ်ခြင်းကို နှစ်သက်သော်လည်း ရှန်းမိသားစုသည် လင်မိသားစုထံမှ အကူအညီများစွာကို ရရှိခဲ့သည်။ လင်မိသားစု၏ အကူအညီမပါဘဲ ရှန်းမိသားစုသည် ဤမျှအထိ အောင်မြင်လာမည်မဟုတ်ပေ။ ရှန်းမိသားစုသည် မြို့တော်တွင် သြဇာအာဏာ ကြီးကြီးမားမားမရှိသော်လည်း ပုံမှန်အားဖြင့် လင်မိသားစုကြောင့် မည်သူမျှ သူတို့နှင့် မရှုပ်ဝံ့ပေ။

ကုနင်းသည် အရင်က သခင်ကြီးလင်က ရှန်းကျီလင်းကို အထင်ကြီးတာဟာ အရေးမကြီးမှန်း သူမသိသောကြောင့် ထိုစကားကိုကြားသောအခါ စိတ်အနှောက်အယှက်မဖြစ်‌ပေ။ ထို့အပြင် ရှန်းကျီလင်းသည် အပေါ်ယံတွင် အလွန်နူးညံ့သိမ်မွေ့ပုံပေါက်နေသဖြင့် သခင်ကြီးလင်သည် သူမအပေါ် သဘောကျနိုင်ကြောင်း နားလည်နိုင်ပေသည်။

မစ္စထုန်သည် ကုနင်းကို ခဏခဏ စိုက်ကြည့်‌ေနသည်။

"အင်း ဒီကောင်မလေးက ရှန်းကျီလင်းထက် အများကြီး ပိုလှတယ်လို့ သမီးထင်တယ်။ သဘောလည်းကောင်းမယ့်ပုံလေး။ ရှန်းကျီလင်းက ထင်သလောက် ကြင်နာတတ်တဲ့သူမဟုတ်ဘူး။” ဟု မစ္စထုန် ကပြောသည်။

မစ္စထုန်သည် ရှန်းကျီလင်းနှင့် သိပ်မရင်းနှီးသော်လည်း အချင်းချင်းတွင် အပြန်အလှန် ခင်မင်သော သူငယ်ချင်းများ ရှိသောကြောင့် ရှန်းကျီလင်း၏ ဆိုးရွားသော အပြုအမူကို သူမကြားသိခဲ့ရဖူးသည်။ ရှန်းကျီလင်းနှင့်လည်း အကြိမ်အနည်းငယ် ဆက်သွယ်ဖူးပြီး ရှန်းကျီလင်းသည် အပေါ်ယံမြင်ရသလောက် ကြင်နာတတ်သူမဟုတ်ပေ။

“ကောင်းပြီ၊ သူများတွေရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဆက်မပြောသင့်တော့ဘူး”

မစ္စထုန်လည်း ခေါင်းညိတ်လိုက်ပြီး ပြောနေတာကို ရပ်လိုက်တော့သည်။

…

ချန်ချိုးယင်းနှင့် ရှန်းကျီလင်းတို့သည် စားသောက်ဆိုင်မှ ထွက်လာသည်နှင့် ချန်ချိုးယင်းသည် စတင်ပေါက်ကွဲ‌တော့သည်။

"အဲ့ဒီ ဟာမ! သူက ဘယ်လိုလုပ် လင်ရှောင်းထင်ရဲ့ရည်းစားဖြစ်နေတာလဲ!" ချန်ချိုးယင်းနှင့် ရှန်းကျီလင်းတို့သည် စားသောက်ဆိုင်မှ ထွက်လာပြီးဖြစ်သော်လည်း ၎င်းတို့အနီးတွင် ဖြတ်သွားဖြတ်လာများ ရှိသောကြောင့် လူအများက ချန်ချိုးယင်းကို အံ့အားသင့်စွာ လှည့်ကြည့်ကြသည်။

ချန်ချိုးယင်းသည် ဒေါသအပြည့်ဖြင့် အခြားသူများ၏အကြည့်ကို လျစ်လျူရှုထားသည်။

ရှန်းကျီလင်းလည်း ဒေါသထွက်နေသော်လည်း သူမသည် လူရှေ့သူရှေ့တွင် သူ့မကိုယ်သူမ ထိန်းချုပ်ထားသည်။ ကားပေါ်မရောက်မချင်း သူမ မအော်သေးပေ။

“မဟုတ်ဘူး!”

လင်ရှောင်းထင်မှာ ချစ်သူရှိနေပြီဆိုတာ သူတို့သိပြီးသားဖြစ်ပေမယ့်လည်း ကုနင်းကို လက်တွေ့မှာ မြင်လိုက်ရတဲ့အခါမှာ ဒေါသထွက်ဆဲပင်။ အထူးသဖြင့် ကုနင်းသည် လင်ရှောင်းထင်နှင့်ဖုန်း‌ပြောသောအခါ ရှန်းကျီလင်းသည် ယခင်ကထက် ပို၍ မနာလိုဖြစ်မိသည်။ သူမအတွက် လင်ရှောင်းထင် ကို တစ်ကြိမ်တွေ့ရန်ပင် အလွန်ခက်ခဲခဲ့ပြီး သူနှင့် စကားပြောရသည်မှာ အလွန်ရှားပါးသည်။

ဒါ့အပြင် ကုနင်းနဲ့ လင်ရှောင်းထင်တို့ဟာ ချစ်သူရည်းစားတွေဖြစ်တာကြောင့် အတူတူ အိပ်ဖူးကြလောက်သည်။ ရှန်းကျီလင်း အဲဒါကိုတွေးမိရုံနဲ့တင် ရူးမတတ်ဖြစ်သွားသည်။

ရှန်းကျီလင်းသည် စိတ်အခြေအနေအဆင်မပြေသောကြောင့် အိမ်ပြန်ရာလမ်းတွင် ကားမတော်တဆမှု ဖြစ်ပွားခဲ့သည်။ ကံကောင်းစွာဖြင့် ၎င်းသည် မပြင်းထန်ပါ။

…

ရာစုနှစ်မြို့တော်တွင် ပိုင်လီကျုံးယန် နှင့် ပိုင်လီကျုံးရွှယ်တို့ရှိနေသောကြောင့် ကုနင်းသည် လင်ရှောင်းထင်၏အိမ်သို့ ပြန်သွားလိုက်သည်။ ကုနင်းသည် လင်ရှောင်းထင်ကို သူတို့ ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်သည်။

လင်ရှောင်းထင်၏အိမ်သို့ သူမရောက်ရှိချိန်တွကိ ည ၈ နာရီခန့်ရှိပြီဖြစ်ပြီး နာရီဝက်အကြာတွင် လင်ရှောင်းထင် ပြန်‌ရောက်လာသည်။

ထို့နောက် လင်ရှောင်းထင် သည် ကုနင်း ကိုတွေ့သောအခါ တင်းတင်းကျပ်ကျပ်ပွေ့ဖက်လိုက်ကာ နမ်းချင်ပေမယ့် ကုနင်းက သူ့ကို တွန်းဖယ်လိုက်သည်။

"ပြော မစ္စရှန်းဆိုတာ ဘယ်သူလဲ?"

လင်ရှောင်းထင်သည် မစ္စရှန်းနှင့် ထွေထွေထူးထူးဆက်ဆံရေးမရှိသည်ကို ကုနင်း သိသော်လည်း သူမအကြောင်းပိုမိုသိရှိလိုသေးသည်။ လင်ရှောင်းထင်သည် ကုနင်း စိတ်တိုနေသည်ဟု ထင်တာကြောင့် စိတ်ပူသွားသည်။

"နင်းနင်း၊ ကိုယ်နဲ့ သူနဲ့ ဘာဆက်ဆံရေးမရှိဘူးလို့ ကတိ‌ပေးပါတယ်။ သူက ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေထဲက တစ်ယောက်သာဖြစ်ပြီးတော့ သူ့ကိုလည်း ကိုယ်တွေ့ရခဲပါတယ်။”

"သူ့နာမည်ဘယ်လိုခေါ်လဲ?" ကုနင်း က မေးသည်။

"ရှန်းကျီလင်း လို့ထင်တာပဲ။" လင်ရှောင်းထင်ကပြောပေမယ့် သူသေချာ‌တော့မသိ‌ပေ။

လင်ရှောင်းထင်သည် သူမ၏ နာမည်ကိုပင် မမှတ်မိတော့ကြောင်း ရှန်းကျီလင်း ကြားလျှင် သူမ ဒေါသထွက်ကာ တော်တော် စိတ်ပျက်သွားလိမ့်မည်။ သူမကတော့ သူ့ကို အရမ်းကြိုက်လိုက်ရတာ သူ‌က‌တော့ သူမနာမည်ကိုပင် မမှတ်မိ‌တော့‌ေချ။

“ရှန်းမိသားစုက ကိုယ့်မိသားစုနဲ့ဆွေမျိုးသားချင်းဖြစ်ပေမယ့် သူတို့ဟာ မကောင်းတာ‌တွေ လုပ်ခဲ့ကြလို့ အဘိုးနဲ့ ကိုယ်နဲ့ စုံစမ်းစစ်ဆေးနေတယ်။ လုံလောက်တဲ့ အထောက်အထားတွေ့တာနဲ့ အရေးယူသွားမှာ။ ရှန်းယန်ဖန့် ရဲ့ ဇနီးက ချန်ချိုးယင်း ဖြစ်ပြီး တော့ သူမရဲ့အစ်ကိုတစ်၀မ်းကွဲက ချန်းကျင်းဖန်း ဖြစ်တယ်။ ချန်းကျင်းဖန်းက Hမြို့ရဲ့ လက်ထောက်မြို့တော်ဝန် ဖြစ်‌ေပမယ့်လည်းလွန်ခဲ့တဲ့ သုံးနှစ်က ကားမတော်တဆမှုနဲ့ရုတ်တရက် ဆုံးသွားခဲ့တာ။ လူတိုင်းက သူသေသွားပြီလို့ ထင်နေကြပေမယ့် ကိုယ် မကြာသေးခင်ကတင် မြန်မာပြည်မှာ သူ့ကိုတွေ့လိုက်ရတယ်။ ကိုယ်သိတဲ့အချိန်တုန်းက သူက ကီရင်းဂိုဏ်းရဲ့အကြီးတန်းမန်နေဂျာဖြစ်လာပြီး လုံထျန်းဟူလို့တောင် နာမည်ပြောင်းထားပြီ။ လွန်ခဲ့တဲ့ သုံးနှစ်ခန့်က ယာဉ်မတော်တဆမှုကလည်း သူ့အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းပဲ။ သူတို့ တစ်ခုခုကို ဖုံးကွယ်တာဖြစ်ရမယ်”

“အဲ့တာအပြင်ကို ရှန်းယန်ဖန့်က ယွမ်မိသားစုရဲ့ တတိယသား ယွမ်ဝမ်ယွေ့နဲ့လည်း လျှို့ဝှက်ဆက်ဆံရေး ‌ရှိသေးတယ်။ ရှန်းမိသားစုက ကိုယ်တို့မိသားစုကို အသုံးချပြီး ပိုမြင့်မားတဲ့ လူမှုအဆင့်အတန်းနဲ့ အောင်မြင်မှုကို လိုချင်ပေမယ့်လည်း ကိုယ်တို့နဲ့ အဆင်မပြေမှန်းသိသွားတော့ ယွမ်မိသားစုဘက်ကို လှည့်သွားတော့တာ။”

"မြို့တော်မှာရှိတဲ့ အင်အားကြီးမိသားစုလေးခုက တစ်ယောက်ကိုတစ်ယောက် ကြင်နာပုံပေါ်ပေမယ့် တကယ်တော့ ပြိုင်ဆိုင်နေကြတာပါပဲ"

ကုနင်း သိထားလျှင် မလိုလားအပ်တဲ့ဒုက္ခ‌တွေကို ရှောင်နိုင်တာကြောင့် ကုနင်းကို လျှို့ဝှက်ထားဖို့ ရည်ရွယ်ချက်မရှိ‌ပေ။ ကုနင်း၏ လူမှုအဆင့်အတန်းကြောင့် သူမသည် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသောအခါ သတိထားသင့်သည်။ မြို့တော်ရှိ အင်အားကြီးမိသားစုများသည် တစ်ဦးနှင့်တစ်ဦး ရှုပ်ထွေးသောဆက်ဆံရေးရှိသောကြောင့် ကုနင်းသည် လင်မိသားစု၏ရန်သူများနှင့် မိတ်မဖွဲ့သင့်ပေ။

"အခုထိရော ဘာတွေ့ပြီးပြီလဲ?"

“အများကြီး‌တော့ မတွေ့သေးဘူး၊ ဒါပေမယ့် ပိုသိလာရရင်‌တော့ အရေးယူသွားမှာပါ” ဟု လင်ရှောင်းထင်က ပြောသည်။

"ကျွန်မအကူအညီလိုရင်လည်း ပြောနော်"

All Chapters