← Chapters

အခန်း (၁၆၃၉-၁၆၄၄)

Vol. 103 Ch. 1639-1644

အခန်း (၁၆၃၉-၁၆၄၄)

Vol. 103 Ch. 1639-1644

အခန်း ၁၆၃၉ ဖုန်းလင်ကို မြို့တော်ကနေ ထွက်ခွာရန်ပြောခြင်း

"အင်း အဲ့တာဆို ကိုယ်အခု မင်းအကူအညီလိုနေပြီ" လင်ရှောင်းထင်က လေးနက်သောအမူအရာဖြင့်ပြောသည်။

"ကျွန်မဘာလုပ်ပေးရမလဲ?" ကုနင်း ကလည်း လေးနက်သော မျက်နှာထားနှင့် မေးလိုက်သည်။

"ကိုယ့်ဆန္ဒကို ဖြည့်ဆည်းပေးပါလား?" လင်ရှောင်းထင်က ကုနင်းကို ချက်ချင်း‌ကောက်ပွေ့လိုက်သည်။ ဒီတစ်ကြိမ်‌တော့ သူ့ကို တွန်းထုတ်ဖို့ အခွင့်အရေးမပေး‌တော့ဘဲ တန်းနမ်းလိုက်သည်။ သူမကို ဆိုးဆိုးရွားရွား လိုချင်နေပြီ။

ကုနင်းသည် တစ်စက္ကန့်မျှ ကြောင်အသွားပြီး မျက်နှာနီမြန်းသွား‌တော့သည်။ တကယ်အရေးကြီးတဲ့အရာလို့ သူမထင်ခဲ့တာဖြစ်‌ပေသည်။

နှစ်ယောက်သား တူတူအိပ်ကြပြီးနောက် အိပ်ယာပေါ်တွင် ပွေ့ဖက်‌လို်က်ကြသည်။

"စားပြီးပြီလား" ကုနင်း ရုတ်တရက် မေးလိုက်သည်။

“မစားရသေးဘူး” သူ မြန်မြန်ပြန်လာတဲ့အတွက် စားဖို့တောင် အချိန်မရှိ‌ပေ။

"ခေါက်ဆွဲစားချင်လား?"

“အလုပ်ရှုပ်မခံပါနဲ့ ကိုယ်ဗိုက်မဆာ‌သေးပါဘူး၊ နောက်မှ ကိုယ်ဘာသာလုပ်စားလိုက်မယ်” ဟု လင်ရှောင်းထင်က ပြောသည်။ ကုနင်းကို ပိုအနားယူ‌စေချင်သည်။

ကုနင်းက "အဘိုးရှမ့်ကွမ်ရော ရှင်ပြန်လာတာကို သိလား?"

"မသိဘူး။ ကိုယ်ပြန်လာတယ်ဆိုတာသိတာနဲ့လေ့ကျင့်ခိုင်းလိမ့်မယ်။ ဒါပေမယ့် မနက်ဖြန်နေ့လည်တော့ စစ်စခန်းပြန်ရမှာ။"

သူပို၍ လုံ့လဝီရိယထားကာ လေ့ကျင့်ရန် လိုအပ်ကြောင်း သူသိသော်လည်း ယခုအချိန်တွင် အရာအားလုံးထက် ကုနင်း ကိုပို၍ လိုချင်နေသည်။

အဲဒါကိုကြားတော့ ကုနင်းက အံ့သြသွားသည်။ လင်ရှောင်းထင်က တစ်ရက်‌လောက်ပဲ အချိန်ရလျှင်တောင် သူမအဆင်ပြေပါသည်။ သို့သော်လည်း ကုနင်းသည် လင်ရှောင်းထင် မနက်ဖြန် အလုပ်အတွက် ထပ်ထွက်ခွာရအုံးမည်ဖြစ်၍ အနည်းငယ် ဝမ်းနည်းမိသွားသည်။

ခဏလောက် အနားယူပြီးနောက် လင်ရှောင်းထင် သည် သူ့ဘာသာသူချက်ရန် ထသွားသည်။

ဗိုက်ပြည့်သွားသည်နှင့် တစ်ခဏမျှ အနားယူပြီးနောက် ကုနင်းကို ထပ်မံနမ်းပြန်သည်။

လင်ရှောင်းထင် ပြန်ရောက်နေသည်မို့ ကုနင်းသည် ဒီည သူနဲ့သာ အချိန်ဖြုန်းရန် ဆုံးဖြတ်လိုက်သည်။

…

နောက်တစ်နေ့တွင် လင်ရှောင်းထင်သည် ကုနင်းနှင့် နံနက်စာစားပြီးနောက် ထွက်ခွာသွားခဲ့ပြီး ကုနင်းသည်လည်း ဖုန်းချီလဲ့ တက်နေသည့် ဆေးရုံသို့ သွားသည်။

ဖုန်းချီလဲ့သည် ဒဏ်ရာအပြင်းအထန်ရထားတာကြောင့် အချိန်အတော်ကြာအောင် ဆေးရုံတက်နေရပြီး ဖုန်းလင်သည် သူ့ကို ပြုစုစောင့်ရှောက်‌ပေးနေသည်။

ထန်ပင်းစန်က ဖုန်းချီလဲ့သည် သူ၏ တရားမဝင်သားဖြစ်၍ သူ့ကို အရမ်းဂရုစိုက်သည်။ သူက ဖုန်းလင်ကို ဆေးရုံမှာနေပြီး ဖုန်းချီလဲ့အား ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ရန်အတွက် သူမအား အချိန်အကြာကြီး ခွင့်ရက်ရှည်ပေးခဲ့သည်။

အခြားသူများ၏ အမြင်တွင် ထန်ပင်းစန်က ဖုန်းလင်၏ သူဌေးဖြစ်တာကြောင့် အားလပ်ရက်လျှောက်ထားရန် လိုအပ်သည်ဟု မြင်သည်။

အခြားသူများ သံသယမ၀င်ရန်အတွက် ထန်ပင်းစန်သည် ဖုန်းချီလဲ့ကိုဆေးရုံတင်ပြီးနောက် တစ်ကြိမ်သာသွားရောက်ကြည့်ရှုခဲ့သည်။

ဖုန်းလင်သည် ထန်အဖွဲ့အစည်းမှ အကြီးတန်းမန်နေဂျာဖြစ်သောကြောင့် ထန်ပင်းစန်သည် ဖုန်းချီလဲ့ဆီသို့သွားရောက်လည်ပတ်သည်မှာ အလွန်ပုံမှန်ပင်ဖြစ်သည်။

ထို့နောက် ဖုန်းခေါ်ဆိုမှုမှတစ်ဆင့်သာ ဖုန်းချီလဲ့၏ အခြေအနေကို မေးမြန်းတော့သည်။

ဖုန်းလင်သည် သူမဟာ မယားငယ်တစ်ဦးသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိသောကြောင့် ၎င်းနှင့်ပတ်သက်၍ လုံးဝမညည်းညူခဲ့ပေ။ ထန်ပင်းစန်သည် အခြားအမျိုးသမီးများစွာနှင့် အတူအိပ်‌ခဲ့ကြောင်းလည်း သူမသိသော်လည်း သူမသည် ထန်ပင်းစန်၏သားကို မွေးဖွားပေးထားသောကြောင့် သူမသည် တခြားသူတို့ထက် ပို၍ အရေးကြီးသည်။

ထန်ပင်းစန်သည် အခြားအမျိုးသမီးများနှင့် ပွေရှုပ်ခြင်းကို ဘယ်သောအခါမှ မရပ်တန့်ခဲ့သလို သူမသည်လည်း ၎င်းကို မကျေနပ်ကြောင်း မပြသခဲ့‌ပေ။

သူမသည် ငွေကိုသာ လိုချင်သည်။ ထို့ကြောင့် သူကြွယ်အဘိုးကြီး၏ အငယ်အနှောင်းဖြစ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ တကယ်တော့ ထန်ပင်းစန်နဲ့ သူမဟာ နှစ်ယောက်စလုံးက ကိုယ်လိုချင်တာကို ရယူ‌နေကြတဲ့ ရိုးရိုးရှင်းရှင်း ဆက်ဆံရေးပင်ဖြစ်သည်။ ထို့ကြောင့် ဖုန်းလင် သည် သူတို့၏သား ထန်မိသားစုသို့ဝင်ရောက်ပြီးနောက် ထန်ပင်းစန်သည် ကျီယီယင်းနှင့်ကွာရှင်းမည်ကို သူမဂရုမစိုက်ပေ။ သူ့သားသာ ထန်မိသားစုရဲ့ ကြွယ်ဝမှုကို အမွေဆက်ခံတဲ့အခါ သူမလိုချင်တာမှန်သမျှ ရလိမ့်မည်။

ဖုန်းချီလဲ့သည် ဗီအိုင်ပီလူနာဆောင်တစ်ခုတွင် နေသောကြောင့် သူတို့နှစ်ဦးသာ အခန်းထဲတွင် ရှိနေသည်။

ကုနင်းသည် သူမမရောက်မီ “ထန်အိုက်နင်း” အဖြစ် အသွင်ပြောင်းလိုက်သည်။

ဖုန်းလင်နှင့် ဖုန်းချီလဲ့တို့သာ လူနာဆောင်ထဲတွင် ရှိနေသည်ကို တွေ့ပြီးနောက် သူမ တံခါးခေါက်လိုက်သည်။ ထိုအချိန်တွင် ဖုန်းချီလဲ့ အိပ်ပျော်နေပြီး ဖုန်းလင်သည် ဧည့်ခန်းထဲတွင် တီဗီကြည့်နေသည်။

ဖုန်းချီလဲ့သည် အပြည့်အဝပြန်လည်ကောင်းမွန်လုနီးပါးဖြစ်သောကြောင့်၊ ဖုန်းလင်သည် သူ့အိပ်ရာဘေးတွင် တစ်ချိန်လုံးရှိနေရန် မလိုအပ်ပေ။ တံခါးခေါက်သံကြားသောအခါ ဖုန်းလင်သည် ဆရာဝန်လို့ထင်တဲ့အတွက် သူမက တန်းပြောလိုက်သည်။

“ကျေးဇူးပြုပြီး ဝင်လာပါ"

နေ့ခင်းဘက်မို့ တံခါးကို သော့မခတ်ထားတဲ့အတွက် ကုနင်းက တွန်းဖွင့်ပြီး အထဲကို ဝင်လိုက်သည်။

ထို့နောက် ဖုန်းလင်က "ထန်အိုက်နင်း" ကိုမြင်တော့ ကြောက်လန့်တကြား ထရပ်လိုက်သည်။

“မင်း…” ဖုန်းလင်သည် ထန်ယရှင်း၏ မင်္ဂလာပွဲကို မတက်ရောက်ခဲ့သော်လည်း အင်တာနက်ပေါ်ရှိ အရာအားလုံးကို ဖတ်ရှုခဲ့သဖြင့် ထန်အိုက်နင်းကို မြင်လိုက်သည်နှင့် တန်းမှတ်မိသွားသည်။ သူမ အခုထိ ထိတ်လန့်‌နေဆဲပင်။

ကုနင်းသည် ဖုန်းလင်၏ တုံ့ပြန်မှုကို ကြည့်ပြီး ဖုန်းလင်က သူမကို သိရှိ‌ကြောင်း သိလိုက်ရသည်။

“မကြောက်ပါနဲ့၊ ရှင့်ကို ဒုက္ခမပေးပါဘူး။ ကျွန်မရှင်နဲ့စကားပြောဖို့လာခဲ့တာပါ" ဟု ကုနင်းက သူမကို နှစ်သိမ့်စကားဆိုလိုက်သည်။ ဖုန်းလင် အား နောက်ထပ်လူတွေလာရန် မခေါ်စေချင်‌ပေ။

"မင်းငါ့ကို ဘာပြောချင်လို့လဲ?" ဖုန်းလင် သတိနဲ့နေလိုက်သည်။ "ထန်အိုက်နင်း" သည် သူတို့ကို ဒေါသထွက်ပြီး ထိခိုက်စေမှာဆိုးတဲ့အတွက် သူမသည် အော်ဟစ်ပြီး အကူအညီမတောင်းရဲပေ။

"ရှင် ကျွန်မကိုသိတယ်ဆိုတော့ ကျွန်မရဲ့ ထန်ပင်းစန် အပေါ်ထားတဲ့ ရန်ငြိုးတွေကိုလည်း သိမှာပါ၊ သူနဲ့ ရှင့်ရဲ့ဆက်ဆံရေးကိုလည်း ကျွန်မသိတာကြောင့် ဒီကိုလာခဲ့တာပါ" လို့ ကုနင်းကပြောသည်။

"ရှင့်ကို ရိုးရိုးသားသားပြောပါမယ် ကျွန်မက ထန်မိသားစုရဲ့ အကြီးဆုံးသမီးဖြစ်တဲ့အတွက် သူ့ရဲ့ စည်းစိမ်တွေက ကျွန်မအတွက်ပဲ ဖြစ်သင့်တယ်။ ရှင်နဲ့ ရှင့်သားသာ မပတ်သက်ချင်ဘူးဆိုရင် ရှင့်ကို ကျွန်မ ယွမ်သန်းတစ်ရာ ပေးနိုင်တယ်။မြို့တော်က ထွက်သွားပြီး ဘယ်တော့မှ ပြန်မလာပါနဲ့”

"ဘာ?" ဖုန်းလင်က ထိတ်လန့်တကြားဖြင့် မျက်လုံးပြူးသွားသည်။ "ထန်အိုက်နင်း"သည် သူမအား မြို့တော်နှင့် ထန်ပင်းစန်ဆီကနေ ထွက်ခွာစေလိုသည်။ မဖြစ်နိုင်ဘူး! သူမသာ ထန်ပင်းစန်ဆီကနေ ထွက်သွားလိုက်လျှင် သူမမှာ ဘာမှ ရှိတော့မည် မဟုတ်ပေ။

***

အခန်း ၁၆၄၀ အမေ ကျွန်တော်တို့ သဘောတူသင့်တယ်

ယွမ်သန်းတစ်ရာသည် များသည်။ ထန်ပင်းစန်ပင်လျှင် သူမကို ထိုမျှလောက် ပိုက်ဆံမပေးရ‌သေး‌ပေ။ သို့သော်လည်း သူမ၏သားသည် ထန်မိသားစုထဲသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် သူမတွင် ယွမ်ငွေဘီလီယံကျော် ရရှိနိုင်သည်။

"ငါ သဘောတူမယ်လို့ မင်းဘာလို့ထင်တာလဲ။ ငါ့သားက ထန်မိသားစုထဲဝင်ပြီးရင် ငါပိုက်ဆံအများကြီးပိုရနိုင်တာပဲ” ဟု ဖုန်းလင် က ပြောသည်။

ကုနင်းသည် ကဲ့ရဲ့လိုက်ပြီး ရှင်းရှင်းလင်းလင်း အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ "ရှင့်ရဲ့သားက သူ့ရဲ့သရုပ်မှန်ကို ဖော်ထုတ်ပြီးရင် ထန်မိသားစုထဲကို အောင်‌အောင်မြင်မြင်နဲ့ ဝင်ရောက်နိုင်မယ်လို့ ရှင်ထင်နေတာလား? ကျီယီယင်းသာသိသွားရင် သူကရှင့်သားကို သတ်မယ့် ပထမဆုံးသူ ဖြစ်လောက်တယ်။ သူက ရှင့်အပေါ်မှာ ကျွန်မလို ကောင်းမှာ မဟုတ်ဘူး"

“မင်း…” ဖုန်းလင်သည် ကြောက်ရွံ့သွားသည်။ ကျီယီယင်းသည် ဖုန်းချီလဲ့ကို ကောင်းမွန်စွာနေထိုင်ခွင့်မပြု‌လောက်ကြောင်း သူမသိသည်။

"မင်းသူ့ကိုပြောမှာလား?" ဖုန်းလင် က မေးသည်။

"သူက အနှေးနဲ့အမြန်တော့ သိသွားလိမ့်မှာပဲ။ ပြီးတော့ ကျွန်မလုပ်ရမယ့်အရာက ထန်မိသားစုရဲ့ စည်းစိမ်ကို ပြန်ယူဖို့ပဲ။ ကျွန်မလမ်းကို ဘယ်သူမှ ပိတ်လို့မရစေရဘူး။ ဒီနေ့ ဒီကိုရောက်လာတာကလည်း ဖုန်းချီလဲ့က အပြစ်မရှိဘူးလို့ ထင်လို့ပဲ။ ဒါပေမယ့် ရှင်လည်း ပါ၀င်ပတ်သတ်ချင်တယ်ဆိုရင်တော့ ရှင်လည်း အပြစ်ကင်းမှာ မဟုတ်‌တော့ဘူးပေါ့။ ရှင့်ရဲ့ရည်မှန်းချက်အတွက် ထိုက်သင့်တဲ့တန်ဖိုးကို ရှင်ပြန်ပေးဆပ်ရလိမ့်မယ်" လို့ ကုနင်းကပြောသည်။

ဖုန်းလင် အံ့သြသွားပြီး အခု ဘာပြန်ပြောရမှန်းတောင် မသိတော့‌ပေ။ မည်သူမျှ ကျီယီယင်းကို မပြောလျှင်‌တောင် ကျီယီယင်းသည် အနှေးနှင့်အမြန်ဆိုသလို သိလာလောက်ပြီး "ထန်အိုက်နင်း" သည်လည်း ထန်မိသားစု၏ စည်းစိမ်ကို သိမ်းပိုက်ရန် စိတ်ပိုင်းဖြတ်ထားပုံရသည်။

ထန်ယရှင်း၏မင်္ဂလာပွဲသတင်းကို သူမမြင်မချင်း ထန်ပင်းစန်တွင် သမီးကြီးတစ်ယောက်ရှိနေကြောင်း ဖုန်းလင် မသိခဲ့ပေ။

"ထန်အိုက်နင်း" သည် သူတို့ထင်ထားသည်ထက် များစွာပို၍ အစွမ်းထက်သောကြောင့် သူမအလိုရှိရာကို လုပ်ဆောင်ရန် ခက်ခဲမည်မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ သူမနှင့် သူ့သားတို့သည် ကြီးစွာသော အန္တရာယ်ရှိပေလိမ့်မည်။ သူမသည် သူမကိုယ်တိုင်နှင့်သူမ၏သားကို ကာကွယ်ရန်အလွန်အားနည်းသည်။

“ထန်ယရှင်းနဲ့ ချီကျီယွဲ့တို့ဟာ ကျွန်မရဲ့ ရန်သူတွေပါပဲ၊ ဒါပေမယ့် သူတို့နှစ်ယောက်လုံး အခုအချိန်မှာ နာကျင်မှုကို ခံစားနေကြရပြီ။ ရှင်ရော သူတို့လို သနားစရာကောင်းတဲ့ အခြေအနေမှာ နေချင်လို့လား?" ကုနင်း က မေးသည်။

“မ… မဟုတ်ပါဘူး” ဖုန်းလင်က ထိတ်လန့်တကြားဖြင့် မျက်လုံးများပြူးသွားသည်။

ချီကျီယွဲ့သည် ယခု ထန်ပင်းစန်၏လက်ထဲတွင်ရှိနေပြီး သူအသက်ရှင်နေသေးလားဆိုတာကို မည်သူမျှမသိနိုင်‌ပေ။ ထန်ယရှင်းကမူ သူမ၏ဦးနှောက်သည် အပြီးတိုင်ပျက်စီးသွားကာ သူမ၏ဘဝသည် လုံးဝပျက်စီးသွားခဲ့သည်။

"ရှင် ကျွန်မကို ငြင်းနိုင်တယ်၊ ဒါမှမဟုတ် ကျွန်မဒီကိုလာတယ်လို့ ထန်ပင်းစန်ကို ပြောနိုင်ပေမယ့် ရှင့်ဆုံးဖြတ်ချက်ရဲ့ တန်ဖိုးကိုတော့ ရှင်သိထားရမယ်။"

“ငါ…” ဖုန်းလင် ဘာလုပ်ရမှန်းမသိ‌ပေ။ ငွေကိုချစ်သော်လည်း သားဖြစ်သူကို ပိုချစ်သည်။ တကယ်တော့ ယွမ်သန်းတစ်ရာဟာ သူတို့ဘဝကောင်းကောင်းနေထိုင်ဖို့ လုံလောက်သည်။

ထိုအချိန်တွင် အိပ်ခန်းတံခါး ပွင့်လာပြီး ဖုန်းချီလဲ့ ထွက်လာခဲ့သည်။

တကယ်တော့ ဖုန်းချီလဲ့က သူတို့စကားဝိုင်းကို တံခါးနားက ခိုးနားထောင်နေတာဖြစ်သည်။

"ချီလဲ့၊ မင်း ဘာလို့ ထွက်လာတာလဲ?" ဖုန်းလင် လန့်သွားလေသည်။

ဖုန်းချီလဲ့က ဖုန်းလင်ကို တောင်းဆိုလိုက်သည်။ "မေမေ ကျွန်တော်တို့ သဘောတူပြီး မြို့တော်က‌နေ ထွက်သွားရအောင်"

ဖုန်းချီလဲ့သည် ထန်ပင်းစန်၏တရားမ၀င်သားဖြစ်ကြောင်း သိခဲ့ရသော်လည်း ၎င်းအတွက် လုံးဝ မပျော်ရွှင်ပေ။ ဆန့်ကျင်ဘက်အနေနဲ့ အမှန်တရားကိုသိပြီးနောက်မှာ သူတော်တော် စိတ်မကောင်းဖြစ်သွားခဲ့ရသည်။ တစ်စုံတစ်ယောက်ရဲ့ အငယ်အနှောင်းနဲ့တရားမ၀င်သားကို ဘယ်နေရာမှာမှ မကြိုဆိုမှန်သိ‌သောကြောင့်ပင်။ သူသည် သူ့မိခင်ကို အခြားသူ၏မိသားစုကို ပျက်စီးစေလိုခြင်းမရှိသလို သူသည်လည်း ထာဝရတရားမ၀င်သား ဖြစ်လိုစိတ်လည်းမရှိပေ။ ထန်ပင်းစန်သည် အလွန်ချမ်းသာသော်လည်း အဲ့တာကို ဂရုမစိုက်ပါ။ ထို့အပြင် ထန်ပင်းစန်သည် သူ့ဇနီးကို လှည့်စားပြီး မယားငယ်တစ်ဦးထက်ပိုရှိသော ကြောက်မက်ဖွယ်ကောင်းသော အမျိုးသားတစ်ဦးဖြစ်သည်။ ဖုန်းချီလဲ့သည် ထန်ပင်းစန်သည် အမျိုးသမီးတစ်ဦးနှင့် ပရောပရည်လုပ်နေသည်ကို မတော်တဆ ဖမ်းမိဖူးသည်။ သူတို့သည် ပုံမှန်ဆက်ဆံရေးပဲဆိုလျှင် တစ်ယောက်နဲ့တစ်ယောက် ပရောပရည်လုပ်မှာ မဟုတ်‌ပေ။ သူဌေး‌တွေအတွက် မယားငယ်တွေ မရှိဖို့ ခက်တယ်ဆိုတာ သူလည်းသိပါသည်။

တခါတရံ တရားမ၀င် သားရဖြစ်ခြင်းအတွက် သူ့ကိုယ်သူတောင် မုန်းတီးမိသည်။

“မေမေ သားတရားမ၀င်သားဖြစ်ရတာကို မုန်းတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အမြဲတမ်းလည်း စိတ်ဆင်းရဲ‌နေရတယ်။ အမေ့ကို ဘယ်လိုပြောရမလဲ ကျွန်တော်မသိခဲ့ဘူး။ သူချမ်းသာပေမယ့် သူ့ပိုက်ဆံကို ကျွန်တော် မလိုချင်ဘူး။ သူက ကြောက်စရာကောင်းတဲ့လူဖြစ်ပြီး‌တော့ကျွန်တော်သူ့ကိုမုန်းတယ်” ဟု ဖုန်းချီလဲ့က ပြောသည်။

ထိုစကားကိုကြားတော့ ဖုန်းလင်၏ ခန္ဓာကိုယ်သည် ဝမ်းနည်းမှုနှင့်အတူ တုန်ရီနေခဲ့သည်။ သူမသားသည် ထန်ပင်းစန်နဲ့ သူတို့၏ ပုံမှန်မဟုတ်တဲ့ ဆက်ဆံရေးအကြောင်း သိထားခြင်း‌ကြောင့် အံ့ဩသွားမိသည်။

သို့သော် ကုနင်းသည် ဖုန်းချီလဲ့၏တုံ့ပြန်မှုကို မအံ့သြပေ။ ယင်းအစား ကုနင်းသည် သူ့အပေါ် အထင်ကြီးမိသွားသည်။

"ချီလဲ့၊ သား တကယ်ထွက်သွားချင်တာလား?" ဖုန်းလင်က မေးလိုက်သည်။

သူ့သားနဲ့ နှိုင်းယှဉ်လျှင် ထန်ပင်းစန်နှင့် သူ့ပိုက်ဆံတွေက သူမမျက်လုံးထဲမှာ ဘာမှမဟုတ်ပေ။

"ဟုတ် မေမေ၊ ကျွန်တော်တို့ ထွက်သွားသင့်တယ်" ဖုန်းချီလဲ့က လေးနက်သော အမူအရာဖြင့် ပြောသည်။

ဖုန်းလင်က ချက်ချင်း ငိုချလိုက်သည်။ "ဟုတ်ပါတယ်၊ သားပြောတာမှန်တယ်။ မေမေတို့ထွက်သွားသင့်တယ်။ မေမေတို့ ဒီကနေ ထွက်သွားရမယ်” ထို့နောက် ဖုန်းလင်သည် ကုနင်းကို လှမ်းကြည့်လိုက်သည်။

"မင်းရဲ့ကမ်းလှမ်းမှုကို ငါလက်ခံတယ်၊ ဒါပေမယ့် မင်းရဲ့ကတိကို တည်မယ်လို့ ငါမျှော်လင့်တယ်။"

***

အခန်း ၁၆၄၁ မင်းက မယုံနိုင်စရာပဲ

ကုနင်းသည် အံ့ဩသွားသော်လည်း ဖုန်းလင်၏ အမြန်သဘောတူချက်ကို လွန်စွာတော့ မအံ့သြပေ။ ဘာပဲဖြစ်ဖြစ် သူသဘောတူလို့ ဝမ်းသာမိသည်။

ဖုန်းလင်၏ဘဏ်အကောင့်နံပါတ်ကိုရပြီးနောက် ကုနင်းသည် ထွက်သွားပြီး ဖုန်းလင်သည် သူမ၏ကတိအတိုင်း ထန်ပင်းစန်ကို သူတို့ကြားတွင် ဖြစ်ပျက်ခဲ့သည်များကိုပြောပြခြင်းမရှိပေ။

ကုနင်းသည် ဖုန်းလင်ထံသို့ ပိုက်ဆံလွှဲဖို့ ဘဏ်ကိုသွားသည်။ ပုံမှန်အားဖြင့် ဘဏ်ငွေလွှဲမှုတစ်ခုအတွက် ၂၄ နာရီကြာသော်လည်း ကုနင်းသည် ဗီအိုင်ပီဖောက်သည်ဖြစ်သောကြောင့် သူမစောင့်စရာမလိုပါ။ သူ့လိုအပ်ချက်ကို ပြောပြီးတာနဲ့ မိနစ်ပိုင်းအတွင်း ပြီးသွားသည်။

ဖုန်းလင်သည် မကြာမီအချိန်အတွင်း ငွေလက်ခံရရှိသည့်အတွက် ထိတ်လန့်သွားသည်။

"ချီလဲ့၊ အမေတို့ အခုချက်ချင်း ထွက်သွားသင့်လား? မနက်ဖြန်မှ သွားမလား?" ဖုန်းလင်က မေးသည်။

"ကျွန်တော် အခုချက်ချင်းထွက်သွားချင်တယ်။" ဖုန်းချီလဲ့ကပြောသည်။ သူဒီမှာဆက်နေဖို့ ဆန္ဒမရှိပေ။

“ကောင်းပြီ၊ အခု ဆရာဝန်ကို မေးကြည့်ရအောင်”

ဖုန်းချီလဲ့က အခုနေကောင်းနေပြီဖြစ်၍ ဆေးရုံကနေ ဆင်းနိုင်ပြီဖြစ်သည်။

“ဟုတ်ကဲ့” ဖုန်းချီလဲ့ ပျော်ရွှင်သွားသည်။

သူ၏ ရွှင်လန်းနေသော မျက်နှာကို မြင်လိုက်ရသောအခါ ဖုန်းလင်သည် အလွန်ဝမ်းနည်းမိသွားသည်။

…

ကုနင်း သည် ဖုန်းလင်ကို ယွမ်ငွေ သန်းတစ်ရာ ပေးခဲ့သော်လည်း သူမကိုယ်တိုင် ငွေပေးချေရန် မလိုလားသဖြင့် ထန်ချင်းယန်ထံ ဖုန်းဆက်လိုက်သည်။

"ဟိုင်း ကုနင်း" ထန်ချင်းယန်သည် သူမဖုန်းကို ကိုင်လိုက်သည်။

"ဟိုင်း ချင်းယန်၊ ထန်ပင်းစန်ရဲ့ မယားငယ်နဲ့ တရားမ၀င်သားက မြို့တော်ကနေ ထွက်သွားဖို့ သဘောတူပြီးပြီ အဲဒါအတွက် ယွမ်သန်းတစ်ရာ ပေးလိုက်တယ်။ သူတို့တကယ်ထွက်သွားရင် နောင်တစ်ချိန် ရှင် ထန်အဖွဲ့အစည်းရဲ့ဥက္ကဌဖြစ်လာတဲ့အခါ ရှင်ကျွန်မကို ပိုက်ဆံပြန်ပေးသင့်တယ်"

ကုနင်းသည် ထန်ချင်းယန်ကို ငွေပေးချေ‌စေလိုသည်။ ထန်အဖွဲ့သည် အနှေးနှင့်အမြန်ဆိုသလို သူ့ပိုင်ဆိုင်မှု ဖြစ်လာမည်ဖြစ်သောကြောင့် ယွမ်သန်းတစ်ရာသည် ဘာမှမဟုတ်‌ပေ။

ထန်ချင်းယန်သည် ထန်အဖွဲ့အစည်း၏ ဥက္ကဌရာထူးကို အောင်မြင်စွာရရှိသည်အထိ သူမ စောင့်ဆိုင်းမည်။

ထန်ချင်းယန်သည် သတင်းကြောင့် စက္ကန့်ပိုင်းမျှ တုန်လှုပ်သွားသည်။

"ပြဿနာမရှိပါဘူး။" သစ္စာတရားနှင့် သဘောတူလိုက်သည်။ ကုနင်းကို ကျေးဇူးအများကြီးတင်တဲ့အတွက် သူမက ယွမ်ငွေ ဘီလီယံချီ လိုချင်ရင်တောင် ပေးနိုင်ပါသည်။

“အိုး ထန်ပင်းစန်ရဲ့တရားမဝင်ဂိုဏ်းကလည်း သူ့ကို စွန့်ခွာသွားတော့မယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ရဲ့ခေါင်းဆောင်နဲ့ ကျွန်မသဘောတူညီချက်တစ်ခု လုပ်ခဲ့တယ်။ သူတို့ ကျွန်မတို့ကို သစ္စာမဖောက်ဘူးဆိုတာကိုတော့ အခု‌မသေချာ‌သေးပေမယ့် ကျွန်မတို့ စိတ်ပူစရာ‌တော့ မလိုဘူးလို့ထင်တယ်”

အမှန်တော့ ထျန်းယင်ဂိုဏ်းက ကုနင်း ထင်ထားသလို အစွမ်းထက်သည်တော့ မဟုတ်ပေ။

"တကယ်?" ထန်ချင်းယန် စိတ်လှုပ်ရှား‌နေတော့သည်။

"တကယ်ပါ" ကုနင်းကပြောသည်။

"မင်းက မယုံနိုင်စရာပဲ!"

“ကျေးဇူးတင်ပါတယ်။” ကုနင်း ပြုံးလိုက်သည်။

"ဒီရက်တွေ အရမ်းအလုပ်များနေပေမယ့် တစ်နေ့နေ့တော့ အတူတူထမင်းစားရအောင်" ဟု ထန်ချင်းယန်ကပြောသည်။

“ကောင်းပြီ” ကုနင်း သဘောတူလိုက်သည်။

ထို့နောက် ဖုန်းခေါ်ဆိုမှုကို အဆုံးသတ်ခဲ့သည်။

ထို့နောက် ကုနင်းသည် ရာစုနှစ်မြို့တော် သို့ပြန်သွားကာ သူမ၏ကိုယ်ပိုင်အဝတ်အစားများကို ၀တ်ဆင်လိုက်သည်။

သူမ ခဏ အနားယူပြီး မကြာခင်မှာ ညစာ စားချိန် ရောက်ပြီ။ ဒီညဘာလုပ်ရမလဲစဉ်းစားနေတဲ့အချိန်မှာ ရှန်းယောင် ဖုန်းဆက်တာကိုလက်ခံရရှိခဲ့သည်။

ရှန်းယောင်က သူမကို အခုမြို့တော်မှာ‌ရောက်နေ၍ အတူတူထမင်းစားလို့ရလားဟု မေးသည်။

ကုနင်းသည် ရှန်းယောင်၏ မျက်နှာအစစ်ကို မြင်လိုသောကြောင့် သူမ၏ ဖိတ်ကြားချက်ကို လက်ခံခဲ့သည်။

ရှန်းယောင်သည် မြို့တော်နှင့် မရင်းနှီးသောကြောင့် ကုနင်းကို အကြံပြုချက်တောင်းခဲ့သည်။ ကုနင်းသည် ဇီဇာကြောင်သူမဟုတ်သောကြောင့် ရှန်းယောင်ကိုသာ ဆုံးဖြတ်ချက်ချခွင့်ပေးလိုက်သည်။

ထို့နောက် ရှန်းယောင်သည် နေရာကောင်းတစ်ခုကို ရွေးချယ်ခဲ့သည်။ သူမသည် ယခု အရှေ့ပိုင်းခရိုင်တွင်ရှိတဲ့အတွက် တောင်ပေါ်ဗီလာတစ်ခုတွင် တွေ့ဆုံရန်စီစဥ်လိုက်သည်။

တောင်ပေါ်ဗီလာကြီးသည် ရှုခင်းကောင်းပြီးပတ်ဝန်းကျင်သည် အမြဲဆိတ်ငြိမ်သောကြောင့် ရှန်းယောင် သဘောကျသည်။ ရှန်းယောင် ဆုံးဖြတ်ချက်ချလိုက်သောကြောင့် ကုနင်းသည် သူမ၏ စကားကို နားထောင်ခဲ့သည်။

ထို့ကြောင့် ကုနင်းသည် သူ့အိမ်မှ ထွက်သွားပြီး ရှန်းယောင် ကို သွားတွေ့သည်။

ညနေ ၅ နာရီထိုးခါနီးနေပြီ အရှေ့ဘက်ခရိုင်ကို ကားနဲ့ရောက်ဖို့က မိနစ် ၄၀ လောက်ကြာသည်။ ယာဉ်ကြောပိတ်ဆို့မှုဖြစ်လျှင် ပိုကြာနိုင်သည်။

ကံကောင်းစွာဖြင့် ကုနင်းသည် မြို့တော်တွင် နှစ်အတော်ကြာ နေထိုင်ခဲ့သော်လည်း မြို့တော်သည် အလွန်ကြီးမား၍ ၎င်းရှိ အစိတ်အပိုင်းတိုင်းနှင့် မရင်းနှီးသောကြောင့် အိမ်မှစောထွက်ခဲ့သည်။ သူမသည် ယခင်က နာမည်ကြီးနေရာအချို့ကိုသာ ရောက်ဖူးသည်။

ရှန်းယောင်သည် တောင်ပေါ်ဗီလာနှင့် ပိုနီးသောကြောင့် သူမသည် ကုနင်းထက် စောပြီး ထိုနေရာသို့ ရောက်ရှိလာသည်။

သူမတစ်ယောက်တည်းလာတာဖြစ်ပြီး ကောမြို့မှာရှိတဲ့ သူ့အလုပ်‌တွေကိုလည်း ကိုင်တွယ်ပြီးသွားပြီဖြစ်သည်။ ရှန်းယောင်ဟာ မြို့တော်ကို အမြဲလာချင်နေပြီး ဒီမြို့နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ပြန်သတိရဖို့ ကြိုးစားနေချင်‌ပေမယ့် အရာအားလုံးက သူမထင်ထားတာထက် ပိုရှုပ်ထွေးနေတာကို ‌တွေ့ရှိခဲ့ရသည်။

မြို့တော်ကြီးသည် သူမအတွက် လုံးဝစိမ်းသက်နေသည်။

…

ရှန်းယောင်သည် သူမရောက်သည်နှင့် သီးသန့်အခန်းကို ကြိုတင်မှာလိုက်သည်။

သူတို့နှစ်ဦးသာရှိသော်လည်း ရှန်းယောင်သည် တိတ်ဆိတ်သောနေရာကို နှစ်သက်သောကြောင့် သူမသည် သီးသန့်အခန်းကို ကြိုတင်မှာယူခြင်းဖြစ်သည်။ ထို့အပြင် ခန်းမထဲတွင် သူမ၏ဧည့်သည်ကို စားသောက်တည်ခင်းခြင်းသည် မယဉ်ကျေးပေ။

သို့သော် ရှန်းယောင်သည် သီးသန့်အခန်းကို ကြိုတင်မှာယူပြီးနောက်တွင် လူငါးဦး‌ရောက်လာသည်။ သူတို့သည် သီးသန့်အခန်းကို လိုချင်သော်လည်း နောက်ဆုံးအခန်းကို ရှန်းယောင်က ကြိုတင်မှာထားပြီးဖြစ်သည်။ ရှန်းယောင်သည် လူနှစ်ယောက်အတွက် သီးသန့်အခန်းကို ကြိုတင်မှာထားသည်ကို သိလိုက်သည်နှင့် မကျေမနပ်ဖြစ်သွားပြီး သူတို့အား သီးသန့်အခန်းပေးရန် သူမအား ပြောသည်။

“မင်းမှာ လူနှစ်ယောက်ပဲရှိတာပဲ သီးသန့်အခန်း မလိုဘူးထင်ပါတယ်။ ခန်းမထဲမှာပဲ ထမင်းစားလို့ရတာပဲ"

သူတို့၏ အပြုအမူက အရမ်းကြောက်စရာကောင်းသည်။

***

အခန်း ၁၆၄၂ ရှန်းယောင်၏ တကယ့်မျက်နှာ

ရှန်းယောင်သည် ပျော့ညံ့သောမိန်းမမဟုတ်သလို ဒေါသလည်းမြန်သောကြောင့် ဒေါသတကြီးငြင်းခုံလိုက်သည်။

"ဘာလို့ လူနှစ်ယောက်က သီးသန့်ခန်းမှာ ထမင်းစားလို့မရရတာလဲ? ရှင်တို့ထက် အရင် ကျွန်မလာပြီးတော့ နောက်ဆုံးသီးသန့်အခန်းကို ကြိုတင်မှာထားတာ‌လေ။ ရှင်တို့မှာ လူများတယ်ဆိုတိုင်း ကျွန်မက ဘာလို့ ပေးလိုက်ရမှာလဲ?"

"မင်းရဲ့ အပြုအမူကို ဆင်ခြင်ပါ။ မရိုင်းစိုင်းပါနဲ့!" လူတစ်ယောက်က ရှန်းယောင်ကို လှမ်း‌ပြောသည်။ သူသည် မာနကြီးပြီး ချမ်းသာကြွယ်ဝသော အမွေဆက်ခံသူဖြစ်ကြောင်း ထင်ရှားသည်။

"ရှင့်ကိုယ်ရှင်ဘယ်သူလို့ထင်‌နေတာလဲ?" ရှန်းယောင်က သူ့ကို စိုက်ကြည့်လိုက်သည်။

“မင်း…” ထိုလူက သူမ၏ လေသံကြောင့် ဒေါသထွက်သွားသည်။ "ငါဘယ်သူလဲဆိုတာ မင်းသိလား?"

ထိုသူသည် ရှန်းယောင်ကို သူ့မိသားစု၏ သြဇာအာဏာနှင့် ကြွယ်ဝမှုဖြင့် အနိုင်ကျင့်ချင်သည်။ သို့သော် ရှန်းယောင်သည် သူ့ကို လုံးဝ မကြောက်ပေ။ သူမသည် ဧည့်ခံသူကို လှည့်ကြည့်လိုက်သည်။ "ဒါက မင်းတို့ရဲ့ဖောက်သည်တွေကို ဝန်ဆောင်မှုပေးတဲ့နည်းလမ်းလား? အခု တစ်ခုခုလုပ်‌ပေးသင့်တယ် မထင်ဘူးလား?"

ဧည့်ခံသူက ချက်ချင်းပြောလိုက်သည်။

"သခင်လေးယွီ တောင်းပန်ပါတယ်။ ဒီအမျိုးသမီးက သီးသန့်အခန်းကို ကြိုတင်မှာထားပြီးသားပါ။ ခန်းမထဲမှာ ထမင်းစားလို့ရမလား?"

သခင်‌လေးယွီကစိတ်ဆိုးသွားသည်။ "ဘာလဲ? ငါဘယ်သူလဲဆိုတာ မင်းသိလား? ငါ့ကို ဘယ်လိုလုပ် ဒီလို ပြောရဲတာလဲ။"

“သခင်လေးယွီ ကျေးဇူးပြုပြီး ကျွန်မကို ခက်ခဲအောင် မလုပ်ပါနဲ့” ဟု ဧည့်ခံဝန်ထမ်းက ပြောသည်။ သူတို့၏ သူဌေးက ဖောက်သည်တိုင်းကို မျှမျှတတဆက်ဆံဖို့ ပြောထားသည်။ အရင်လာတဲ့သူကို အရင်ဦးစားပေး ရမည်ဖြစ်သည်။

"အဲ့တော့ ဘာဖြစ်လဲ?" သခင်‌လေးယွီက အလွန်‌မောက်မာသော လေသံဖြင့် ပြောသည်။ ဒီအချိန်မှာ သူတို့၏ နောက်ကနေ မကျေနပ်တဲ့ အမျိုးသားအသံတစ်ခု ထွက်ပေါ်လာတယ်။

"သခင်လေးယွီ မင်းက ဘာလို့ ငါ့ဝန်ထမ်းကို ဒေါသထွက်နေရတာလဲ?" အသံကိုကြားတော့ သခင်‌လေးယွီသည် အံ့သြသွားပြီး သူ့သဘောထားကို ချက်ချင်းပြောင်းလိုက်သည်။

“အန်ကယ်လီ တောင်းပန်ပါတယ်။ ကျွန်တော်က ဒီတိုင်း…”

ထိုသူမှာ လီမင်လန် ဖြစ်ပြီး၊ သူသည် ဤတောင်ပေါ်ဗီလာကြီး၏ ပိုင်ရှင်ဖြစ်သည်။ ဒီနှစ်ထဲမှာ အသက်ငါးဆယ်ကျော်ရှိပြီဖြစ်သည်။

"ဒါဆို မင်းဒီမှာ ဘာလုပ်နေတာလဲ သခင်လေးယွီ?" လီမင်လန်က သူ့ကို အနှောင့်အယှက်ပေးသည်။

“ကျွန်တော်…” သခင်လေးယွီ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်။ လီမင်လန်သည် သူ့ထက် အရေးကြီးသော အနေအထားတွင်ရှိပြီး သူ့ထက်လည်း အသက်ကြီးသောကြောင့် သူသည် လီမင်လန်ကို အနည်းငယ်ကြောက်သည်။ သူ့အဖေက လီမင်လန်ကို အန်ကယ်လီလို့လည်း ခေါ်ပြီး သူ့အဖေနဲ့ လီမင်လန်က ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့အတွက်ကြောင့် ဤနေရာတွင် အော်ကြီးဟစ်ကျယ်လုပ်ရဲခြင်းလည်းဖြစ်သည်။

“သခင်လေးယွီ ကျေးဇူးပြု၍ ငါ့ရဲ့နေရာမှာ ကျွန်တော်တို့ စည်းကမ်းကို လိုက်နာပေးပါ။ ပထမဆုံး လာတဲ့သူကို အရင်ဆုံးဦးစားပေးရမှာဖြစ်ပါတယ်” ဟု လီမင်လန်က ပြောသည်။

“ဟုတ်ကဲ့ပါ”

လီမင်လန်သည် သခင်လေးယွီကို လျစ်လျူရှုပြီး ရှန်းယောင်ကို တောင်းပန်သည်။ “မစ္စ တောင်းပန်ပါတယ်။ စိတ်မရှိဖို့ မျှော်လင့်ပါတယ်"

"ရပါတယ်" ရှန်းယောင်က ပြောလိုက်ပြီး သီးသန့်ခန်းဆီသို့ လျှောက်သွားလိုက်သည်။

သခင်လေးယွီနှင့် သူ၏လူများသည် ရှက်ရွံ့သွားကြပြီး နေရာမှ ချက်ချင်း ထွက်သွားကြသည်။ သခင်လေးယွီသည် မကျေနပ်သေးသော်လည်း လီမင်လန်ကို မဆန့်ကျင်ရဲပေ။ လီမိသားစုသည် သူ့မိသားစု၏ အရေးကြီးဆုံးသော စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်ပြီး ၎င်း၏ ပူးပေါင်းဆောင်ရွက်မှုကို ပျက်ပြားစေပါက သူ့ဖခင်က သူ့ကို ရိုက်နှက်နိုင်သည်။

…

ရှန်းယောင်သည် သီးသန့်ခန်းတွင်ထိုင်ကာ ကုနင်း ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေသည်။

ထိုအချိန်တွင် ရှန်းယောင်သည် မြို့တော်အကြောင်း သတင်းဖတ်ရန် သူမ၏ဖုန်းကို ထုတ်လိုက်သည်။

စက္ကန့်အနည်းငယ်အတွင်း သူမသည် ကုနင်းအကြောင်း သတင်းများစွာကို ဖတ်လိုက်ရသည်။ ရှန်းယောင်သည် ကုနင်း၏ ကျော်ကြားကို မသိ‌သေးသောကြောင့် သူမအံ့အားသင့်သွားရသည်။

မနှောင့်နှေးဘဲ၊ ကုနင်းနဲ့ ပတ်သက်တဲ့ သတင်းတိုင်းကို သူမဖတ်သည်။ သူမ ဖတ်သော ပထမဆုံးသတင်းမှာ ကုဖန်း အကြောင်းဖြစ်ပြီး ရှန်းယောင်သည် ကုနင်းက စီးပွားရေးသမားဖြစ်ကြောင်း သိလိုက်ရသည်။

ရှန်းယောင်သည် ကုနင်း နှင့်ပတ်သက်သည့် မှတ်ချက်များစွာကို ဖတ်ပြီးနောက် သူမအကြောင်းကို ပိုသိချင်လာသည်။ ကုနင်းသည် အင်တာနက်ပေါ်ရှိ လူအများ၏ ချစ်ခင်လေးစားမှုကို ရရှိထား‌သော ကျော်ကြားသူတစ်ဦးဖြစ်ကြောင်း ထင်ရှားသည်။

သူမသည် ကုနင်း၏အမည်ကို ရိုက်နှိပ်ပြီး သူမနှင့်ပတ်သက်သည့် နောက်ထပ်အချက်အလက်များကို ရှာဖွေခဲ့သည်။ ထို့နောက် သူမ လုံးဝ အံ့အားသင့်သွားသည်။

ကုနင်းက ၁၉ နှစ်ပဲရှိသေးပေမယ့် သူမဟာ ဘီလီယံနာဖြစ်နေပြီဖြစ်သည်။ တော်တော် အံ့ဩတုန်လှုပ်စရာကောင်းသည်။

နာရီဝက်လောက်ကြာတော့ ကုနင်း ရောက်လာသည်။

ကုနင်းသည် ရှန်းယောင် ကိုတွေ့သောအခါ ရှန်းယောင်သည် မျက်နှာဖုံးဝတ်ထားဆဲဖြစ်သည်။ ကုနင်းသည် ရှန်းယောင်၏မျက်နှာကို မျက်နှာဖုံးအောက်တွင်မြင်ရန် သူမ၏ ကျောက်စိမ်းမျက်၀န်းကို မသုံး‌တော့‌ပေ။ အဘယ်ကြောင့်ဆိုသော် သူမတို့အတူထမင်းစားလျှင် သူမမျက်နှာကိုမြင်နိုင်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အပြင် ရှန်းယောင်သည် အကြီးတန်း ကျင့်ကြံသူဖြစ်ပြီး ကုနင်းသည် သူမအား မစော်ကားချင်ပေ။

"ဟိုင်း မစ္စကု" ရှန်းယောင်သည် ကုနင်းကို ပြုံးပြသည်။

"ဟိုင်း မစ္စရှန်း" ကုနင်းက ပြောသည်။

“ထိုင်ပါဦး” ရှန်းယောင်က ပြောသည်။ “ဒီမှာ မီနူးပါ။ ကျေးဇူးပြု၍ စားချင်တာ မှန်သမျှကို မှာလိုက်ပါ။"

ထို့နောက် ရှန်းယောင်သည် ဝန်ဆောင်မှုခေါင်းလောင်းကို တီးခတ်လိုက်သည်။

"ကျေးဇူးတင်ပါတယ်" လို့ ကုနင်းက ပြုံးပြီး ပြောလိုက်တယ်။ မီနူးကိုယူကာ စတင်ဖတ်သည်။ သိပ်မကြာခင်မှာပဲ စားပွဲထိုးတစ်ယောက်ရောက်လာပြီး ရှန်းယောင်နဲ့ ကုနင်း နှစ်ယောက်စလုံးက ဟင်းနှစ်ပန်းကန်ကို မှာလိုက်ကြသည်။

စားပွဲထိုးထွက်သွားသောအခါ ရှန်းယောင် က "မစ္စကု၊ ငါဘာလို့ maskတပ်ထားရလဲဆိုတာ မင်းသိချင်နေတာ ငါသိပါတယ်။ ရိုးရိုးသားသား ပြောရရင် ငါ့မျက်နှာမှာ ရုပ်ဆိုးတဲ့ အမာရွတ်တွေ ရှိနေပြီး တခြားသူတွေကို မကြောက်‌သွား‌စေချင်ဘူး။ အခု ငါတို့အတူတူထမင်းစားရတော့မှာဆိုတော့ maskကိုချွတ်ရတော့မှာ မင်း မကြောက်သွားဖို့‌တော့ မျှော်လင့်ပါတယ်"

"ဒါပေါ့ ကျွန်မ မကြောက်ပါဘူး" လို့ ကုနင်းကပြောသည်။ သူမသည် ယခင်က ကြောက်စရာကောင်းသည့် မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရဖူးပြီး အမာရွတ်ကို လုံးဝ‌ ကြောက်မည်မဟုတ်ပေ။

ရှန်းယောင်က ခေါင်းညိတ်လိုက်ပြီး စိတ်လျှော့လိုက်သည်။ ကုနင်းသည် သာမန်မိန်းကလေးမဟုတ်ကြောင်း သူမသိသည်။ ထို့နောက် ရှန်းယောင်သည် သူမ၏maskကို ဖယ်ရှားပြီး ကုနင်းအား သူမ၏ မျက်နှာကို ပြသလိုက်သည်။

***

အခန်း ၁၆၄၃ ကုနင်း လန့်သွားခြင်း

သို့သော် ကုနင်းသည် ရှန်းယောင်၏ မျက်နှာအစစ်ကို မြင်လိုက်ရပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် မျက်လုံးများပြူးသွားကာ ကြည့်‌နေမိသည်။

“အန်တီ…” ကုနင်းက အခု ဘာပြန်ပြောရမှန်းမသိပေ။

"ဘာလဲ? ကြောက်သွားတာလား?" ကုနင်း၏ တုံ့ပြန်မှုကို သူမမြင်လိုက်ရသောအခါ ရှန်းယောင်သည် စိတ်မကောင်းဖြစ်မိသည်။

"မဟုတ်ဘူး သေချာပေါက် မဟုတ်ပါဘူး" ကုနင်းက ချက်ချင်းငြင်းဆိုသော်လည်း ယခုအချိန်တွင် မည်သို့ရှင်းပြရမည်ကို မသိ‌ေပ။

ရှန်းယောင်သည် သူမ၏ တုံ့ပြန်မှုကို သတိပြုမိပြီး ရုတ်တရက် ထိတ်လန့်သွားသည်။ "မင်း ငါ့ကိုသိလို့လား?" ကုနင်းက သူမကို သိနေသလိုမျိုး ခံစားချက်ရသည်။

“အင်း ကျွန်မ…” ကုနင်းက တဆတ်ဆတ် တုန်လှုပ်သွားသည်။

ကုနင်းသည် ရှန်းယောင်၏မျက်နှာကို ဓာတပုံထဲတွင်မြင်ဖူးပြီး ထိုသူမှာ လင်ရှောင်းထင်၏မိခင် ယွင်ယောင် ဖြစ်သည်။ ရှန်းယောင်သည် ယွင်ယောင်နှင့် တော်တော်ရုပ်တူသည်။

ကုနင်းသည် သူတို့ နှစ်ယောက်လုံးဟာ ကျင့်ကြံသူတွေ ဖြစ်လို့ ရှန်းယောင်ဟာ ယွင်ယောင် ဖြစ်ဖို့ ဖြစ်နိုင်ချေများသည်ဟုထင်မိသည်။ ရှန်းယောင်သည် ယခုအချိန်တွင် အသက်ငယ်သော်လည်း ကျင့်ကြံသူသည် သေသူထက် အသက်ပိုရှည်နိုင်သည်။ သို့သော် ရှန်းယောင်သည် ယွင်ယောင် ဖြစ်ပါက လွန်ခဲ့သည့်နှစ်များအတွင်း သူမသည် လင်ရှောင်းထင်ကို တွေ့ဆုံရန် မြို့တော်သို့ ဘာကြောင့် မလာတာလဲ။

"ပြောပြပါ မင်း ငါ့ကိုသိလား? ငါ့အကြောင်း တစ်ခုခု မှတ်မိလို့လား?" ရှန်းယောင် စိတ်ပူသွားသည်။

"အမ် အန်တီက အတိတ်မေ့နေတာလား?" ကုနင်း တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

ရှန်းယောင်က ကုနင်းကို မြို့တော်မှာ ပထမဆုံးအကြိမ် ရောက်တာလို့ ပြောခဲ့ပေမယ့် ယွင်ယောင်က မြို့တော်မှာ ခုနစ်နှစ်လောက်နေခဲ့ဖူးသည်။ တကယ်လို့ ရှန်းယောင်သာ ယွင်ယောင် ဖြစ်ပါက သူမ ပျောက်ကွယ်သွားသည်မှာ နှစ်ပေါင်းဒါဇင်ကျော်ရှိပြီး လင်ရှောင်းထင်ကိုလည်း တွေ့ရန် မလာပေ။ ထို့အပြင် ရှန်းယောင်သည် သူ့ကိုယ်သူ ပိုမိုသိရှိရန် ကြိုးစား‌နေပုံရသည်။

ရှန်းယောင်သည် တစ်စုံတစ်ခုနှင့် ပတ်သတ်၍ မှတ်ဉာဏ်များ ပျောက်ဆုံးနေပေလိမ့်မည်။ ယွင်ယောင်သည် လွန်ခဲ့သောနှစ်များက ဒဏ်ရာပြင်းထန်စွာရရှိခဲ့သောကြောင့်သူမသည် မှတ်ဉာဏ်အချို့ပျောက်ဆုံးသွားတယ်ဆိုလျှင် နားလည်နိုင်‌ပေမည်ဖြစ်သည်။

ရှန်းယောင်က "ဟုတ်တယ်။ ငါက လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က ဒဏ်ရာရခဲ့ပြီး မှတ်ဉာဏ်တချို့ ပျောက်ဆုံးသွားခဲ့ရတယ်"

ကုနင်း အထင် မှန်သည်။ ထိုအခြေအနေတွင် ရှန်းယောင်သည် ယွင်ယောင် ဖြစ်နိုင်သည်။

"အန်တီရဲ့ မှတ်ဉာဏ်တွေ အားလုံးကို ဆုံးရှုံးသွားတာလား? ဒါမှမဟုတ် တစ်ချို့တွေပဲလား?" ကုနင်းက ဆက်ပြောသည်။

“တချို့ကိုပါပဲ ငါ့ရဲ့ မူရင်းအထောက်အထားကို‌တော့ မမေ့ခဲ့ဘူး။” လို့ ရှန်းယောင် က ပြောသည်။

"ရှန်းယောင်ဆိုတာ နာမည်အရင်းလား " ကုနင်း က မေးသည်။

အဲဒါကိုကြားတော့ ရှန်းယောင် အံ့သြသွားသည်။ "အင်း ရှန်းယောင်က ငါနာမည်အရင်းမဟုတ်ဘူး ငါ့နာမည်အရင်းက ကျင်းယွင်ယောင် ပါ" ရှန်းယောင်ကပြောသည်။

"ကျင်းယွင်ယောင်" ကုနင်းသည် ရှန်းယောင်က ယွင်ယောင်ဆိုတာကို သေချာသွားပြီ။

"မင်း ငါ့ကိုသိတယ်မလား?" ကျင်းယွင်ယောင် က စိုးရိမ်စိတ်ဖြင့် မေးသည်။

"ယွင်ယောင် ဆိုတဲ့ အမျိုးသမီးကို ကျွန်မသိတယ်၊ သူက အန်တီနဲ့ မျက်နှာတူတယ်။ သူမကလည်း လွန်ခဲ့တဲ့ ၁၅ နှစ်က ပျောက်ဆုံးသွားခဲ့တာဖြစ်လို့ အန်တီက သူပဲလို့ ထင်တာပဲ" ဟု ကုနင်းက ပြောသည်။

ကျင်းယွင်ယောင် စိတ်လှုပ်ရှားသွားသည်။ သူမ ပျောက်ဆုံးသွားသော မှတ်ဉာဏ်များကို ပြန်လည်ရယူလိုပြီး ယခုနောက်ဆုံးတွင် သဲလွန်စတစ်ခုကို ရှာဖွေတွေ့ရှိလိုက်ရသည်။

"သူ့အကြောင်း ငါ့ကို ပိုပြောပြ‌ပေးနိုင်မလား?" ကျင်းယွင်ယောင်က မေးသည်။

ကုနင်း သည် ထိုမေးခွန်းကို ချက်ချင်းမဖြေသော်လည်း ကျင်းယွင်ယောင်အား သူ့ဖုန်းထဲမှ ဓာတ်ပုံတစ်ပုံကို ပြလိုက်သည်။

လင်ရှောင်းထင်၏ ဓာတ်ပုံဖြစ်သည်။

“သူ့ကိုကြည့် အန်တီတစ်ခုခု ခံစားရတာမျိုးရှိလား?" ယွင်ယောင် မတော်တဆမှုဖြစ်ချိန်၌ လင်ရှောင်းထင်သည် ၁၁ နှစ်သာရှိသေးသည်။ ကံကောင်းစွာပဲ လင်ရှောင်းထင် သည် သူ့အဖေ လင်ယွင်ဟန်နှင့် ဆင်တူသောကြောင့် ကျင်းယွင်ယောင် သည် သူ့မျက်နှာနှင့် ရင်းနှီးသည်ဟု ခံစားရပေ‌လောက်မည်။ သူ့မျက်နှာကို သူမရင်းနှီးသည်ဟု မခံစားမိလျှင်တောင် သူတို့သည် သွေးချင်း ဆက်စပ်နေတာဖြစ်၍ တခြားကွဲပြားသည့်အရာတစ်ခုခုကို‌တော့ သူမခံစားရ‌လောက်မည်ဖြစ်သည်။

ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏ ဓာတ်ပုံကို မြင်လိုက်ရသည့်နောက် ခံစားချက်များ ရောထွေးနေသည်။

"သူနဲ့ ငါ့ရဲ့ဆက်ဆံရေးကဘာလဲ?" ကျင်းယွင်ယောင် က မေးသည်။

"သူ့နာမည်က လင်ရှောင်းထင် ဖြစ်ပြီးတော့ ယွင်ယောင်ရဲ့သားပါ" ကုနင်းက ပြောသည်။

ထိုစကားကိုကြားတော့ ကျင်းယွင်ယောင် လန့်သွားသည်။ ထိုသို့ဆိုလျှင် သူမသည် လူ့လောကတွင် လက်ထပ်ခဲ့ပြီး မိသားစုတစ်ခုပင်ရှိခဲ့သည်။

ကျင်းယွင်ယောင် ရုတ်တရက်မျက်ရည်ကျလာသည်။

"ငါ့သား၊ သူက ငါ့သား။ အဲ့တာကြောင့် သူ့ကိုပထမဆုံးအကြိမ်တွေ့တုန်းက သူအရမ်းရင်းနှီးတယ်လို့ခံစားရတာ မအံ့ဩတော့ပါဘူး။ ဒါပေမယ့် သူ့ကိုဘယ်မှာတွေ့ဖူးလဲဆိုတာတော့ မမှတ်မိခဲ့ဘူး"

တကယ်တော့ ကုနင်းဟာ အခုအချိန်မှာ ကျင်းယွင်ယောင်ရဲ့ သရုပ်မှန်နှင့် ပတ်သက်ပြီး သံသယမရှိပေ။

"သူအခုဘယ်မှာလဲ?" ကျင်းယွင်ယောင်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူမ သူ့ကိုတွေ့ချင်သည်။

***

အခန်း ၁၆၄၄ လင်ရှောင်းထင်၏အမေ

"သူက အခု အလုပ်ကိစ္စနဲ့ ထွက်သွားလို့ မြို့တော်မှာ မရှိတော့ဘူး" ဟု ကုနင်းက ပြောသည်။ "ကျွန်မသူ့ကို ဖုန်းဆက်ပြီး အခုချက်ချင်း ပြန်လာပါလို့ ပြောလို့ရပါတယ်"

ကျင်းယွင်ယောင် ပြန်ရောက်လာတာက ကြီးမားတဲ့အရာဖြစ်ပြီး ကုနင်းက လင်ရှောင်းထင်ကို သတင်းကောင်းတတ်နိုင်သမျှအမြန်ဆုံးပြောပြချင်သည်။

ဒီလိုပြောပြီး ကုနင်းက သူ့ဖုန်းကို ထုတ်လိုက်ပြီး လင်ရှောင်းထင်ကို ဖုန်းခေါ်ရန်လုပ်လိုက်သည်။

“ခန‌‌လေး” ကျင်းယွင်ယောင်က ကုနင်းကို တားလိုက်သည်။

“ငါ့စိတ်ကို မပြင်ဆင်ရသေးဘူး။ အရင်က နေခဲ့တဲ့နေရာကို ခေါ်သွားလို့ရလား? ငါတစ်ခုခု မှတ်မိနိုင်မလား ကြည့်ချင်တယ်။”

"ပြဿနာမရှိပါဘူး" ကုနင်းသည် ကျင်းယွင်ယောင်၏ ဆုံးဖြတ်ချက်ကို လေးစားသည်။

"ကျွန်မတို့ လင်မိသားစုရဲ့ အိမ်ဟောင်းကို သွားလို့ရတယ် အန်တီ့ကို မသိသွား‌စေချင်ရင်မျက်နှာဖုံးတပ်သွားလို့ရတာပဲ" လင်မိသားစုရဲ့ အိမ်ဟောင်းကို သွားလည်ရန် ကုနင်းက သူ့ကိုယ်ပိုင် အကြံဉာဏ်ကို ပေးလိုက်သည်။

“ကောင်းတယ်” ကျင်းယွင်ယောင် ခေါင်းညိတ်လိုက်သည်။

"ကျွန်မ အခု ရှောင်းထင်ကို ဖုန်းခေါ်ဖို့ လိုသေးပေမယ့် အန်တီ့အကြောင်းကို မပြောပဲ‌နေမှာမလို့ စိတ်ပူဖို့ မလိုပါဘူး” လို့ ကုနင်း က ပြောသည်။

“ကောင်းပါပြီ” ကျင်းယွင်ယောင် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ကုနင်းသည် လင်ရှောင်းထင်ကိုဖုန်းခေါ်သည်။

"နင်းနင်း ဘာဖြစ်လို့လဲ?" လင်ရှောင်းထင်က သူမဖုန်းကို လက်ခံပြီးတာနဲ့ မေးသည်။ သာမာန်အားဖြင့် ကုနင်းသည် သူ့ကို အရေးကြီးကိစ္စရှိမှပဲ ဖုန်းခေါ်‌လေ့ရှိတာ‌ကြောင့်ဖြစ်သည်။

ကျင်းယွင်ယောင်သည် အကြီးတန်း ကျင့်ကြံသူတစ်ဦးဖြစ်သောကြောင့် သူမသည် အကြားအာရုံကောင်းမွန်၍ လင်ရှောင်းထင်၏အသံကို ကြားလိုက်ရသည်နှင့် ငိုလိုက်သည်။ သူမသည် မှတ်ဉာဏ်များ ပျောက်ဆုံးသွားသော်လည်း လင်ရှောင်းထင်သည် ယခုအခါ သူမ၏သားဖြစ်‌ကြောင်း သိပြီးနောက် သူမ၏ခံစားချက်များကို မထိန်းချုပ်နိုင်တော့ပေ။

ကုနင်းသည် ထိုအတွက် စိတ်မကောင်းဖြစ်မိသော်လည်း ၎င်းနှင့်ပတ်သက်၍ သူမဘာမျှမတတ်နိုင်ပေ။

“ရှောင်းထင် ကျွန်မအရင်က ရှင့်မိဘတွေရဲ့ အခန်းထဲမှာ စာအုပ်တွေ တွေ့ခဲ့တယ်။ အဲ့တာကို အခု ဖတ်ချင်လို့ အဘိုးလင်ကို ကျွန်မလာလည်မယ်လို့ ပြော‌ပေးလို့ရမလား?” လို့ ကုနင်း က ပြောသည်။

လင်ရှောင်းထင်သည် ကုနင်း သူ၏မိဘများအခန်းသို့သွားခြင်းကို စိတ်မရှိနိုင်‌သော်လည်း ယခုသူမရှိတော့သောကြောင့် သခင်ကြီးလင်၏ခွင့်ပြုချက်ကို တောင်းရသည်။

“ရတယ်‌လေ” လင်ရှောင်းထင်က သူ့မိဘအခန်းမှာ စာအုပ်ကောင်းတွေ အများကြီးရှိလို့ သဘောတူလိုက်သည်။

နောက်တော့ လင်ရှောင်းထင်က သူ့အဘိုးကို ဖုန်းခေါ်သည်။

သခင်ကြီးလင်ကလည်း ကိစ္စကြီးလို့ မထင်တာကြောင့် သဘောတူလိုက်သည်။

လင်ရှောင်းထင်နှင့် ဖုန်းပြောပြီးတဲ့အခါ သူသည် ကုနင်းထံ ဖုန်းဆက်ပြီး "နင်းနင်း နောက်ဆိုမလာခင် အဘိုးခွင့်ပြုချက်တောင်းနေစရာ မလိုပါဘူး။ ငါတို့က မိသားစုတစ်ခုဖြစ်ပြီး မင်းအဘိုးကိုတွေ့ချင်တဲ့အချိန်တိုင်း လာ‌တွေ့လို့ရပါတယ်။"

ကုနင်းသည် ယဉ်ကျေးမှုအရလုပ်ခဲ့ပေမဲ့လည်း သူက သူမကို မြေး‌ချွေးမအဖြစ် သဘောထားပါသည်။

ကျင်းယွင်ယောင်သည် သခင်ကြီးလင်၏ အသံကိုလည်း ကြားလိုက်ရပြီး သူ့အသံကိုလည်း ရင်းနှီးသလို ခံစားလိုက်ရသည်။

"ကျေးဇူးတင်ပါတယ် အဘိုး" ကုနင်း က ပြောသည်။

"ကောင်းပြီ ဒါဆို စောစောလာလိုက်ပါလား? ညစာအတူတူစားကြတာပေါ့။" သခင်ကြီးလင်က ပြောသည်။

"ဟုတ်ကဲ့ အဲ့လိုလုပ်လိုက်ပါမယ်" ဟု ကုနင်းက ပြောလိုက်သည်။

"ကောင်းပြီ အဲ့တာဆို အခုလာတွေ့လိုက်လေ" သခင်ကြီးလင်ကပြောသည်။

"ဟုတ်ကဲ့ ကျွန်မထွက်လာတော့ပါမယ်" ဟု ကုနင်းကဆိုသည်။

ထို့နောက် ဖုန်းချလိုက်သည်။

ပန်းကန်များကို စားပွဲပေါ်တွင် ချထားပြီးဖြစ်သောကြောင့် ကုနင်းသည် အစားအသောက်များကို စား‌သောက်လိုက်သည်။

သို့သော်လည်း ကျင်းယွင်ယောင်ကတော့ အစာစားချင်စိတ် ပျောက်ဆုံးသွားသည်။ ကုနင်းက သူမကို အစာစားဖို့ တိုက်တွန်းခဲ့ပေမယ့် ကျင်းယွင်ယောင် မစားနိုင်ခဲ့‌ပေ။ ကုနင်းသည် သူမ လင်မိသားစု၏အိမ်ဟောင်းကိုသွားချင်‌နေပြီဖြစ်ကြောင်း သဘောပေါက်သောကြောင့် ထမင်းကို အမြန်စားလိုက်သည်။

ကျင်းယွင်ယောင်သည် ကုနင်း၏အစာစားချင်စိတ်ကိုထိခိုက်စေကြောင်း သူမသိပြီး ကုနင်းအား တောင်းပန်ခဲ့သော်လည်း ကုနင်းသည် လုံးဝစိတ်မရှိခဲ့ပေ။

တကယ်တော့ ကုနင်းသည်လည်း ကျင်းယွင်ယောင်၏ အမှတ်တရတွေ ပြန်ရလာအောင် ကူညီပေးချင်ပြီဖြစ်သည်။

သူတို့ထွက်သွားသောအခါ ကုနင်းသည် ကျင်းယွင်ယောင်ထက်အရင် ငွေပေးချေလိုက်သည်။ ကျင်းယွင်ယောင်သည် လင်ရှောင်းထင်၏မိခင်ဖြစ်ကြောင်း သူမသိသောကြောင့် သူမအား ငွေပေးချေရန် ခွင့်မပြုသင့်ပေ။ ကျင်းယွင်ယောင်က သူ့ဘာသာသူ ပေးချေချင်ပေမယ့် ကုနင်းက အရင်‌ပေးလိုက်တဲ့အတွက် လက်လျော့လိုက်ရသည်။

ထို့နောက် လင်မိသားစု၏ အိမ်ဟောင်းသို့ အတူတူသွားကြသည်။ ကျင်းယွင်ယောင်သည် ယခင်က သူမနေထိုင်ခဲ့သည့်နေရာကို သွားမည်ဟု တွေးကာ စိတ်ပူသွားသည်။

"လင်မိသားစုနဲ့ အန်တီ့ရဲ့ဆက်ဆံရေးကို ကျွန်မတို့သေချာမသိသေးပေမယ့် အန်တီက ရှောင်းထင်ရဲ့အမေပဲလို့ ကျွန်မယုံကြည်တယ်။ ကျွန်မက ရှောင်းထင်ရဲ့ရည်းစားဖြစ်ပြီးတော့ တစ်ခုခုသာမဖြစ်ခဲ့ရင် ကျွန်မတို့အမြဲတမ်းအတူတူရှိနေရတော့မှာပါ။ အဲ့တာဆိုရင် အန်တီက ကျွန်မယောက္ခမ ဖြစ်လိမ့်မယ်။ အမေလို့ ခေါ်လို့ရမလား?" ဟု ကုနင်း က မေးသည်။

“ရတာ‌ပေါ့” ကျင်းယွင်ယောင် သဘောတူသည်။

ကုနင်းနှင့် လင်ရှောင်းထင် တို့သည် နှစ်ယောက်ထဲ ခရီးတူတူထွက်ခဲ့တဲ့အတွက် သူတို့နှစ်ယောက်က ချစ်သူတွေ‌ဆိုတာ သူမ မအံ့သြပေ။ ကုနင်း နှင့် လင်ရှောင်းထင် တို့၏ ခွန်းလွန်တောင်သို့ ခရီးသွားခြင်း၏ ရည်ရွယ်ချက်ကို သူမ မသိသောကြောင့် အပျော်ခရီးထွက်ခဲ့ကြသည်ဟုသာ သူမထင်ခဲ့သည်။

ယောက္ခမအများစုသည် ၎င်းတို့၏ချွေးမများအတွက် စံနှုန်းများစွာရှိသော်လည်း ကျင်းယွင်ယောင်သည် ခြွင်းချက်ဖြစ်သည်။ သူမသည်လည်း လင်ရှောင်းထင်ကို နှစ်အတော်ကြာ မတွေ့ခဲ့ရဘဲ မိခင်တာ၀န်ကို နှစ်ပေါင်းများစွာ ပျက်ကွက်ခဲ့ရသည်။

ရုတ်တရက် ကျင်းယွင်ယောင်သည် အရေးကြီးသောမေးခွန်းတစ်ခုကို တွေးမိပြီး ကုနင်းကိုမေးလိုက်သည်။

"ဘာလို့ ငါ့ကို ယွင်ယောင်လို့ ယုံကြည်တာလဲ?"

All Chapters